Chapter 10. မလိုက်ချင်ဘူး ငါဘာလို့လိုက်ရမှာလဲ
စိတ်မရှိပါနဲ့ ငါ့ ကို စာသာ မြန်မြန်ပေးပါ
Ezio က စာကို လှမ်းပေးလိုက်တယ်
စိတ်ဝင်စားဖို့တော့ကောင်းနေပီ လူကြီးကပြောတယ် ဒီနေ့ည သူတို့ တခုခု လုပ်မယ်ဆိုတာမင်းအဖေကို ပြောလိုက်ပါ အန္တရာယ်ကင်းဖို့ အစီအစဥ်တွေ သူဆွဲသင့်နေပီ
Ezio က ပြန်ယူလိုက်တယ် ဘာ ? မင်း ဘာတွေ ပြောနေတာလဲ
ငါအများကြီး ပြောပီးပီ အိမ်မြန်မြန်ပြန်တော့ ပီးတော့ လူကြီးက အရိပ်တွေ ကြားထဲမှာ ပျောက်ကွယ် သွားတယ်
နေဦး လို့ Ezio က သူ့ကို လိုက်ခေါ်တယ် မင်းဘာကို ဆိုလိုတာလဲ ပြန်လာခဲ့ ဦး
ဒါပေမယ့် အဲ့ လူကြီးကတော့ သွားနှင့်နေပါပီ
Ezio က မီးထွန်းနေတဲ့ လူရှိတဲ့ လမ်းပေါ်ကို မြန်မြန်လမ်းလျှောက်သွားခဲ့တယ်ဘယ်အချိန်ရှိပီလဲ လို့ သူက မေးလိုက်တယ် လူကြီးက မျက်လုံးတွေကို ပင့်ပီး ကောင်းကင်ကို ကြည့်လိုက်တယ် ငါ တာဝန်အရ လာထဲက ဆိုရင် တစ်နာရီလောက်ရှိပီ လို့ သူကပြောတယ် နာရီနှစ်ဆယ် လောက်တော့ရှိပီ ထင်တယ်
Ezio က မြန်မြန်တွက်ချက်လိုက်ပါတယ် သူ palazzo ကို နှစ်နာရီလောက် စောထွက်ရင် သူ့အိမ်ကို မိနစ်နှစ်ဆယ်လောက်စောပီး ရောက်ကောင်းရောက်မှာပါ သူမြန်မြန်ပြေးလိုက်တယ် သူ့စိတ်ထဲမှာ အံ့သြဖို့ကောင်းတံ့ သတိပေးချက် တချို့ဝင်လာတယ်
သူ အိမ်ကို ပြန်ရောက်ရောက်ချင်း တခုခု မှားနေပီ ဆိုတာကို သိလိုက်ပါတယ် ဘယ်နေရာမှာမှ မီးတွေ ထွန်းမထားတော့ဘူး ပီးတော့ အရှေ့တံခါးမကြီးက ပွင့်နေပါတယ် သူ မြန်နိုင်သမျှ မြန်မြန် အရှိန်နဲ့ ပြေးတယ် သူ ပြေးနေပီး ပါးစပ်ကလဲ ရွတ်နေတယ် 'အဖေ Federico ‘
palazzo ရဲ့ ခန်းမကြီးထဲမှာ မှောင်ပီး ဘာမှမရှိတော့ဘူး ဒါပေမယ့် စားပွဲတွေမှောက်နေတာတွေ ထိုင်ခုံတွေ ကြေနေတာတွေ ဖန်ထည်နဲ့ ပန်းကန်တွေ ကွဲနေတာတွေကို မြင်နိုင်ဖို့ အလင်းရောင် လုံလုံလောက်လောက်တော့ရှိပါသေးတယ် တစ်ယောက်ယောက်က Leonardo ရဲ့ ပန်ချီတွေကို ဆုတ်ဖြဲပီး ဓါးတွေနဲ့တောင် စိုက်ထားပါသေးတယ် အမှောင်ထုရဲ့ နောက်ကွယ်ကနေ အမျိုးသမီးတစ်ယောက်ရဲ့
ရှိုက်သံကို ကြားနေရပါတယ် သူ့အမေရဲ့ရှိုက်သံပါ
သူက သူ့နောက်က အမှောင်ရွေ့သွားတဲ့ အတိုင်း အသံနောက်လိုက်ဖို့ကြိုးစားခဲ့ပါတယ် တစ်စုံတစ်ခုက သူ့ခေါင်းပေါ်ရွေ့လာသလိုပါပဲ Ezio က လှည့်ပီး သူ့ခေါင်းပေါ် တစ်ယောက်ယောက်က ရိုက်ခွဲမယ့် လေးလံတဲ့ ဖယောင်းတိုင်ထွန်းတဲ့ ငွေတုတ်ကို ဖမ်းကိုင်လိုက်တယ် သူက ရက်စက်စွာ အားနဲ့ လိမ်ဖဲ့လိုက်တယ် ပီးတော့ သူ့ကို တိုက်ခိုက်တဲ့ လူက အော်သံနက်ကြီးနဲ့ ဖယောင်းတိုင် တုတ်ကို လွှတ်ချလိုက်ရတယ် သူ့ကို ရန်ပြုတဲ့ လူကို လက်မောင်းကြားထဲ ညှပ်ပီး အလင်းရောင်ရှိတဲ့ နေရာကို အဲ့လူကို ဆွဲသွားတယ် သူ့ နှလုံးက ပျက်စီးနေတယ် ဓားမြှောင်ကလဲ အပြင်ကို ထွက်ကျနေတယ်
အော် ဆရာ Ezio မင်းပဲ ကျေးဇူးတင်ပါတယ်
Ezio က အသံကို သတိထာူမိသွားတယ် ပီးတော့ မျက်နှာကိုရောပဲ သူတို့ရဲ့ အိမ်တော်ထိန်း Annetta ဖြစ်တယ် သူတို့ မိသားစုနဲ့ နှစ်ပေါင်းများစွာ အတူရှိခဲ့တဲ့ တက်ကြွတဲ့ မိန်းမကြီးပါ
ဘာတွေ ဖြစ်ခဲ့တာလဲ သူက Annetta ကို မေးတယ် သူမ လက်ကောက်ဝတ်တွေကို ကိုင်ပီး သူမကို လှုပ်ခါပီး စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားစွာနဲ့ မေးလိုက်တယ်
သူတို့လာတယ် မြို့စောင့်တွေပေါ့ သူတို့က မင်းအဖေနဲ့ Federico ကို ဖမ်းသွားတယ် Petruccio လေးကိုတောင် ဖမ်းသွားတယ်သူတို့ သူ့အမေ လက်ထဲက ဆွဲထုတ်ပီး ဖမ်းသွားကြတာ
ငါ့အမေ ဘယ်မှာလဲ Claudia ရော ဘယ်မှာလဲ
ငါတို့ ဒီမှာပါ အရိပ်တွေထဲကနေ အသံ တုန်တုန်ရင်ရင်နဲ့ ထွက်လာတယ် Claudia ရဲ့ လက်ပေါ် သူ့အမေ လှဲနေရင်း ထွက်လာတယ် Ezio က သူ့အမေ ထိုင်ဖို့ ထိုင်ခုံတလုံး အမြန်ဆွဲယူလိုက်တယ် ခပ်မှိန်မှိန်အလင်းရောင်မှာ Claudia သွေးထွက်နေတာကို မြင်ရတယ် သူ့ အဝတ်အစားတွေကလဲ ညစ်ပတ်ပီး ဆုတ်ပြဲနေတယ် Maria က သူ့ကိုဝန်မခံပါဘူး သူမက ကုလားထိုင်ပေါ်မှာထိုင်တယ် သူမလက်ထဲမှာ Petruccio ပေးထားတဲ့ ငှက်မွေတွေ ထည့်ထားတဲ့ သေတ္တာကို ကိုင်ထားပါတယ်
အမလေး Claudia အဆင်ပြေရဲ့လား သူ သူမကို ကြည့်ပီး ဒေါသတွေနဲ့ အော်လိုက်တယ် သူတို့ မင်းကို .......... ?