Chapter 1
ပယ်လက်ဇို ဗက်ဟီကိုနဲ့ ဘာဂယ်လို တာဝါတွေပေါ်မှာ မီးတွေ တလက်လက်တောက်နေတဲ့ မြောက်ဘက်လှမ်းလှမ်းက ဘုန်းကြီးကျောင်းဝန်းထဲမှာ မီးအိမ်အချို့ ပဲ လက်လက်နေခဲ့တယ် မီးအိမ်တချို့ကို မိုးချုပ်တဲ့အခါ လူတွေနေကြတဲ့ မြို့ထဲနဲ့ တချို့ သင်္ဘောသားတွေနဲ့ ကုန်တင်ကုန်ချသမားတွေကို အမှောင်ထဲမှာ မြင်နိုင်ဖို့ အာနို မြစ်ကမ်းပါးတလျှောက် မှာရှိတဲ့ သင်္ဘော ကုန်ချတဲ့နေရာတွေမှာ ထွန်းထားပါတယ် ကုန်တင်ကုန်ချသမားတွေ ပစ္စည်းတွေကို အနီးအနားက သိုလှောင်ရဲတွေဆီသယ်ဖို့ အသည်းအသန်လုပ်နေကြတုန်းမှာ တချို့ သင်္ဘောသားတွေက သင်္ဘောတွေလှေတွေကို သင်္ဘောတွေ လှေတွေကို သင်္ဘောရွက် ထိုင်းကြိုးတွေ ပြင်ဆင်ကြ | ကြိုးတွေကို သပ်သပ်ရပ်ရပ်ချည်နှောင်ကြပီး ကုန်းပတ်တိုက်နေကြတယ်
ဝိုင်သိုလှောင်ဝန်းတွေနဲ့ဆောင်ကြာမြိုင်တွေမှာ မီးထွန်းထားသော်လည်း လမ်းပေါ်မှာ လူနည်းနည်းဘဲ ရှိပါတယ်။အသက် ၂၀ အရွယ်"လိုရန်ဇို ဒီမက်ဒီစီိကို" မြို့ရဲ့ ခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့တာ ၇ နှစ်ကြာခဲ့ပြီဖြစ်သည်။ကမ္ဘာအပေါ်မှာ အချမ်းသာဆုံး မြို့တစ်မြို့ ဖြစ်တဲ့ဖလော်ရက်စင့်ကို တည်ထောင်ခဲ့တဲ့နိုင်ငံတကာ ဘဏ်ခေါင်းဆောင်တွေနဲ့ ကုန်သည်မိသားစုဝင်တွေအကြားငြိမ်သက်စေခဲ့သူဖြစ်သည်။သို့သော်ငြားလည်း ထိုမြို့ဟာငြိမ်သက်သွားခြင်းမရှိဘဲချက်ချင်းဆိုသလိုဒေါသစိတ်များ ထကြွကာ ဂိုဏ်တစ်ဂိုဏ်းချင်းစီသည်အာဏာရယူရန် တိုက်ခိုက်နေကြသည်။ တချို့ဂိုဏ်းများက ဘက်ကူးကြသည်။တချို့ဂိုဏ်းများကမူငြိမ်းချမ်းမှုမရယူနိုင်သောရန်သူများအဖြစ်တည်ရှိလေသည်။
1476 ဖလော်ရက်စင့် စံပယ်နံ့သင်းသော နွေဦးညနေခင်းတခုြဖစ်သည် အာနိုမြစ်တွင် ဖြစ်ပျက်ခဲ့သမျှကို
မေ့လုအဲ့အဲ့ ဖြစ်နေသည် သို့သော် အေးချမ်းတယ်လို့ မဆိုနိုင်သေးပေ
ငွေဖြူရောင် ကောင်းကင်ကြီးတွင် လမင်းကြီးက တောက်ပပီး ကြယ်စုလေးတွေကို မျက်နှာမူနေတယ် လရောင်က မြစ်ရဲ့မြောက်ဘက်မှာရှိတဲ့ ပွန်တီဗက်ချီကို ရဲ့ တိတ်ဆိတ် ငြိမ်သက်တဲ့ စျေးတန်းစု လေးပေါ် ဖြာကျနေတယ် ထိုလရောင်များသည် ဆန်တို ဆတီဖန်နိုအယ်လယ် ပွန်တီး ချာ့ချ်ကျောင်းအမိုးပေါ်မှာရှိတဲ့ အနက်ရောင်ဝတ်ရုုံ တင်ထားတဲ့ ပုံသဏ္ဍာန်ပေါ်မှာ ကျရောက်နေသည် အဲ့တာက အရပ်ရှည်ရှည် အသက် ၁၇ နှစ်အရွယ်ကောင်လေး တယောက်ပင် သူက အနီးအနား ပတ်ဝန်းကျင်ကို စိတ်ပါဝင်စားစွာ လေ့လာရင်း
သူ့လက်ကို နှုတ်ခမ်းပေါ်တင်ပီး စူးရှရှအသံတခု ဖြစ်အောင်လေချွန်လိုက်တယ်
အဲ့ဒီနောက် သူ့လို အနက်ရောင်ဝတ်ဆင်ထားတဲ့ လူတစ်ယောက် ထို့နောက် သုံးယောက် ထို့နောက် ၁၂ ယောက် နောက်ဆုံးမှာတော့ လူအယောက် နှစ်ဆယ်တိတိ ထွက်လာကြသည် အချို့က ကြက်သွေးရောင် နဲ့ အစိမ်းရောင်ဦးထုပ်တွေနဲ့ ခါးပတ်တွေမှာ ဓားရှည်များ ဓားမြှောင်များ နဲ့ ထွက်ကြလာသည် ထို့နောက် ထိုလူငယ်အုပ်စု က လူစုခွဲ သွားကြတယ်
ထိုကောင်လေးက သူ့ရဲ့ စိတ်ပြင်းပြနေသော လူအုပ်ကို ငုံ့ကြည့်လိုက်တယ်
သူ့ရဲ့ အဖွဲ့ သည်လည်း လရောင်ဖြော့ဖြော့
လေးအောက်တွင် သူ့ကို မော့ကြည့်လိုက်တယ် ပီးတော့ သူ့လက်ကို မြှောက်၍ ကြွေးကြော်လိုက်တယ်
ငါတို့ အတူတူ ပူးပေါင်းကြမယ် လို့ဟစ်ကြွေးလိုက်တယ် သူ့ရဲ့ အဖွဲ့သား တချို့က လက်မြှောက်တဲ့ လူကလက်မြှောက် လက်နက်တွေမြှောက်တဲ့ လူတွေက လက်နက်တွေမြှောက်ပီး အတူတူပူးပေါင်းကြမယ် လို့အော်ခဲ့ကြတယ်
အဲ့ဒီနောက် အဲ့ကောင်လေးကကြောင်လို ပြင်မပီးသေးတဲ့ အမိုးရဲ့ မျက်နှာကျက်ကနေ ချာ့ချ်ကျောင်းရဲ့ ဆင်ဝင်ဆောင်ကို တက်သွားကြတယ်
အဲ့ကနေတဆင့် သူ့ရဲ့ ဝတ်ရုံနဲ့ ခုန်ပီး ဝပ်ဆင်းလိုက်တယ် ပီးတော့ သူတို့ စုရုံး သွားကြတယ်
ငြိမ်ငြိမ်နေကြ ငါ့ကောင်တွေ လို့ နောက်ဆုံးစကားကို လက်မြှောက်ပီး တယောကထဲအော်လိုက်တယ် ပီးတော့ မဲ့ပြုံးပြုံးပီး "မင်းတို့ကို ဒီည ငါဘာလို့ခေါ်ရလဲသိကြလား မင်းတို့ကို အကူအညီတောင်းမလို့ အချိန်တွေအကြာကြီး ငါက ငါတို့ရန်သူ ဗီအာရီ ဒီပါဇီ ဒီမြို့မှာ
ငါတို့မိသားစုတွေကို မကောင်းပြော ငါတို့နာမည်တွေကို အိုးမည်းသုတ်ပီး သူ့ရဲ့အောက်တန်းကျတဲ့ နည်းတွေနဲ့ ငါတို့ကို သိက ချခဲ့တယ် ပုံမှန်ဆိုရင် ငါအဲ့လို ယုတ်မာတဲ့ကောင်ကို မနှိမ်နင်းဘဲမနေဘူး ဒါပေမယ့်..... " ဆိုပီး
သူက တံတားအထက်ကနေ ကျောက်တုံးကြီးတတုံးနဲ့ အပစ်ခံလိုက်ရပီး ခြေထောက်ကို ဖိသွားခဲ့တယ်
"မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေတော်လောက်ပီ ဂရူလို" ဆိုပီး အသံတစ်သံက ပြောလိုက်တယ်
လူငယ်နဲ့ သူ့ရဲ့ အဖွဲ့က အသံလာရာဘက်ကို လှည့်ကြည့်လိုက်တယ်
အဲ့အသံက ဘယ်သူ့အသံလဲဆိုတာတော့ လူငယ်ကသိပါတယ် အဲ့ဒီနောက် တံတားရဲ့တောင်ဘက်ခြမ်းကို အုပ်စု တစ်စုတကလာတယ် အဲ့ဒီ အုပ်စုရဲ့ ခေါင်းဆောင်က
ရွှေရောင်လင်းပိုင် ကိရိယာ ညှပ်ထားတဲ့အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားတယ်
သူ့ရဲ့ ကတီပါဝတ်ရုံကိုခြုံထားပီး လက်က ဓားရဲ့ လက်ကိုင်ထုကို ကိုင်ထားတယ် အဲ့ဒီလူက မေးရိုးဖြောင့်ပီး ရုပ်ရည်အသင့်အတင့်ရှိတဲ့ လူတစ်ယောက်ဖြစ်တယ် သူ့ရဲ့ ခြေလက်တွေကတော့ သံသယဖြစ်ဖွယ်မရှိပေ
"ဘူအိုးနားဆီရာ, ဗီအာရီ" လူငယ်လေးကပြောလိုက်တယ် " ငါတို့ခုပဲ မင်းအကြောင်းပြောနေတာကွ" ပီးတော့ အံ့သြနေတဲ့ပုံနဲ့ အပိုလုပ်ပြပီး ဦးညွှတ်လိုက်တယ် " ဒါပေမယ့် မင်းငါ့ကို ခွင့်လွှတ်ပါ
ငါတို့ မင်းကို တွေ့ရလိမ့်မယ်လို့ထင်မထားမိဘူး ပါဇီက သူတို့ရဲ့ ယုတ်ညံ့တဲ့အလုပ်တွေကို လုပ်ဖို့ တခြားလူတွေကိုပဲ ငှားမယ်ထင်ထားတာ “ လို့ လှမ်းပြောလိုက်တယ်
ဗီအာရီ က ပိုနီးကပ်ပီး သူနဲ့သူ့အဖွဲ့ က ကိုက်အနည်းငယ်အကွာမှာတင် ရပ်သွားတယ် အက်ဇီရိအော်ဒီတိုရေး!
"မင်းကပျက်စီးနေတဲ့ အရိုင်းအစိုင်းကောင်လေးဘဲ မင်းမိသားစုက ဒုက္ခရှိရာကို ခေါင်းပြေးထိုးတဲ့သူတွေပဲ ငကြောက်"လို့ပြောလိုက်တယ် အဲ့ဒီနောက် သူ့ဓားလက်ကိုင်ကို ဆွဲထုတ်ပြီး " မင်းက တခုခုလုပ်နေရမှာကို ကြောက်နေတဲ့ ကောင်ပဲ လို့ ငါပြောမယ်" လို့အော်လိုက်တယ်
အင်း.... ငါဘာပြောရမလဲ ဗီအာရီ ဖက်တီးရာ ငါမင်းညီမ ဗီအိုလာ ကိုနောက်ဆုံးတွေ့ခဲ့တုန်းက သူက ငါလုပ်ပေးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အတော်ကျေနပ်ပုံရတယ်။ အက်စီရိုအော်ဒီတိုရဲ့ သူ့နောက်က အပေါင်းအပါတွေနဲ့ ရန်သူကို စိတ်ထိခိုက်စေဖို့ အပြုံးကြီး ပြုံးလိုက်တယ် ဒါမဲ့ သူအများကြီး မလုပ်နိုင်ဘူးလို့သိလိုက်တယ်။ဗီအာရီက အတော်ဒေါသထွက်နေပြီ။"မင်းဆီက စကားတွေတော်လောက်ပြီ အက်စီရို အယုတ်တမာကောင် မင်းလေကြီးသလိုဘဲ တိုက်ရဲလားကြည့်ရအောင်" အဲ့ဒီ့နောက်သူ့လိုတွေဘက်ကို လှည့်ပြီး ဒီမျိုးမစစ်တွေကို သတ်ကြစမ်းလို့ သူအော်ပြောလိုက်တယ်။
ချက်ချင်းဆိုသလို တခြားကျောက်တုံး တတုံးကို ပစ်ထည့်လိုက်တယ် သို့ပေမယ့် စိန်ခေါ်မှုတခုအနေနဲ့ မဟုတ်ပေ ထိုကျောက်တုံးသည် အက်ဇီရို ရဲ့ နဖူးကို မှန်ပီး နှဖူးကွဲသွားတယ် အက်ဇီရိက ဗီအာရီရဲ့ နောက်လိုက်တွေပေါက်လိုက်တဲ့ ကျောက်တုံးများ မှန်သောကြောင့်
အနည်းငယ် မူးဝေသွားတယ် သူ့ရဲ့ လူတေက တံတားကို ဖြတ်ပီး "အက်ဇီရို" တို့ အုပ်စု ဆီ သွားနေတဲ့ ပက်ဇီတို့အုပ်စု သူတို့ဆီမရောက်ခင် လူပြန်စုကြဖို့ အချိန်
နဲနဲပဲရှိခဲ့ကြတယ် ချက်ချင်းပဲ တိုက်ပွဲ က ဓားရှည်တွေ ဓားမြောင်နွေထုတ်ဖို့အချိန် မရတော့ဘဲ နှစ်ဖက်စလုံးလလက်ဗလာနဲ့
တိုက်ခိုက်ကြတဲ့အထိ မြန်မြန်ဆန်ဆန် ဖြစ်ပျက်ခဲ့တယ်
တိုက်ပွဲက ပြင်းထန်လျက်ရှိတယ်ကြမ်းတမ်းတဲ့ ကန်ချက်များ လက်သီးထိုးသံများကြောင့် အရိုးကျိုးပဲ့သံ တွေကိုတောင် ကြားရတယ် ခဏကြာကြာ
ထိုသို့ဖြစ်ပျက်ပီးနောက် "အက်ဇီအို" ရဲ့ အမြင်အာရုံ က နှဖူးဒဏ်ရာကသွေးတွေကြောင့် ယိုယွင်းလာကာ သူ၏ လူတော်နှစ်ဦးကို ပက်ဇီ၏ လူသတ်သမားများ ခြေထောက်ကို နင်းလိုက်သဖြင့် ချော်လဲတာကို မြင်လိုက်ရတယ် ဗီအာရီ က ရီမောပီး အက်ဇီအို အနားကပ်သွားတယ် ထို့နောက် ကျောက်တုံးဖြင့် ခေါင်းကိုရိုက်ချလိုက်တယ်
ထို့နောက် အက်ဇီအို သတိရတဲ့ အခါ ပတ်ပတ်လည်ကို ကြည့်ရှုလျက် ပက်ဇီ တွင်အကုန်ရှိနေပီး သူ့လူများ ဝိုင်းနေတယ် သူ့ခြေထောက်များ ရုတ်တရက် သက်သာလာကာ သူ့ရဲ့ အဖွဲ့ဆီကို ပြေးသွားတယ် ပက်ဇီရဲ့ လူယုံတော်တဦးရဲ့ တံဇဥ်ခုတ်ချက် ကို ငုံ့ရှောင်ကာ ထိုလူရဲ့
မေးရိုးကိုထိုးလိုက်သောကြောင့် ထိုလူရဲ့ သွားများ ကျွတ်ထွက်ကာ ဒူးထောက်က်ကျလျက် မူးဝေသွားသည် ထို့နောက် သူဧ။် လူများကို အားတက်စေရန်အော်လိုက်သည်။သို့သော် သူ့၏စိတ်ထဲတွင်တပ်ဆုတ်ချင်နေသည်။ ထို့နောက် ခဏ အကြာတွင် နောက်မှ အသံ တစ်သံသည် သူ့အား လှမ်းခေါ်လိုက်သည်။ လာ ဘာလုပ်မလို့လဲ အက်စီရိုသည် စိတ်သက်သာရာရ၍ မောပန်းသော လေသံဖြင့် ဟဲ့ ဖက်ဒါရီကို မင်းဒီမှာ ဘာလုပ်နေတာလဲ ငါမင်းကို အရင်ကလိုဘဲ သောက်စားနေမယ် ထင်နေတာ
အဲ့ဒီ အချိန်မှာ ......