နေပူပူထဲတွင် မှတ်တိုင်၌ကားရပ်စောင့်နေကြသော လူငါးယောက်ခန့်ရှိသည်။ နေပူထဲရပ်နေရလို့ စိတ်တိုပါသည်ဆို စိတ်ရှုပ်စရာက ထပ်ပေါ်လာပြန်သည်။
"ဝေးဝေးသွား!"
သူ့ရဲ့အော်သံက ကျယ်လောင်သွားသဖြင့် ဘေးနားကလူများက ဝိုင်းကြည့်လာ၏။ အများအမြင်မှာတစ်ဦးထဲပြောနေသယောင်ရှိတာကြောင့် သူ့ကိုအရူးသဖွယ်ကြည့်လာကြပြန်သည်။ အားုံးကိုပြန်ဝေ့ကြည့်လိုက်ရင်း ပြုံးပြလိုက်သည်။ သူ့အတွက် သည်လိုကြည့်ခံရသည်က မထူးဆန်းတော့ပေ။
ဘေးနားက တကျည်ကျည်လိုက်လုပ်နေသော ခေါင်းတစ်ခြမ်းပဲ့ ကိုယ်တော်ျောကို သူတို့ွေမှမမြင်နိုင်ကြဘဲလေ။
ကားစီးရန် သည်မှတ်တိုင်နားလာတိုင်း သည်လူ မဟုတ်သေးဘူး သည်သရဲ သူ့ကိုနားပူနားဆာလုပ်နေသည်က တစ်ပတ်ပင် ရှိနေပြီဖြစ်သည်။ သရဲများတွင်လည်း နယ်နိမိတ်ရှိသည်ကတော်သေးသည်ဟု ပြောရပေမည်။ မဟုတ်လျှင် တစ်နေကုန်သူသွားလေရာ လိုက်ပြီး တကျည်ကျည်နှင့် လုပ်ကြမည့်သရဲများ ဒုနဲ့ဒေးရှိနေလိမ့်မည်။
သူ့အသက် ၁၅ နှစ်မှစလို့ မည်သည်အကြောင်းကြောင့်ရယ်မသိ သရဲတစ္ဆေများ မြင်နိုင်လာသည်။ သူအရမ်းကြောက်ရွံ့ကာ တစ်ခြားသူများအားပြောပြခဲ့ပေသည့် မည်သူကမှမ ုံကြပေ။မိဘများကလည်း သူ့အား အပမှီသည်ဟုထင်ကာ ပယောဂဆရာများနှင့်ကုလို့ကု စိတ်ကျန်းမာရေးဆရာဝန်နှင့်ပြလို့ပြ ဖြစ်ခဲ့ကြသည်။ နောက်တော့ သူ့စိတ်ကိုသူထိန်းချုပ်ကာ မည်သူ့မှမပြောတော့ဘဲ နေလိုက်သည်။ သရဲများကိုမြင်လျှင် မျက်စိမှိတ်ကာပြေးတော့သည်။ သရဲများက သူတို့ကိုမြင်နိုင်မှန်းသိလေတော့ လိုက်ကာစကားပြောကြ အကူအညီပေးရန်တောင်းဆိုကြနှင့်။ သူ့စိတ်ကသနားတက်သဖြင့် အစကကူညီဖြစ်ပေသည့် သူတို့ကလွန်လွန်းလာသည်လေ။ အချို့က မင်္ဂလာဆောင်ပေးရန်ပင် တောင်းဆိုလာတက်ပြီး အချို့က ဗရုတ်ကျကျများ တောင်းဆိုတက်ကြသည်။ နောက်တော့ သရဲရေလည်သွားသည့် သူ တဖြည်းဖြည်းနှင့် မမြင်ဟန်ဆောင်တက်လာသည်။ သို့သော်လည်း အချို့သရဲပါးများကတော့ ရိပ်မိကြကာ နားပူနားဆာလုပ်တက်ကြမြဲပင်။ယခုလည်း သည်ခေါင်းတစ်ခြမ်းပဲ့သရဲက ရိပ်မိသွားကာ သူ့နားကပ်နေခြင်းဖြစ်၏။
"ကောင်လေး မင်းကရုပ်လေးျောရဲ့သားနဲ့ တော်တော်စိတ်ထားပုတ်တာဘဲ"
ထိုသရဲက သူ့မျက်နှာှေ့တည့်တည့်လာကြည့်ကာ ဆိုလေသည်။ မျက်နှာနှစ်ခုက နီးကပ်လွန်းနေပြီး ကြောက်မက်ဖွယ်မြင်နေရပေသည့် စစ်မျက်နှာဆိုသည်က ဤအခြေအနေမျိုးွေ မဖြစ်ဘူးတာမှမဟုတ်ဘဲ။ ထိုသရဲကိုလစ်လျူရှုကာ ထိုးစိုက်လာသော ကားပေါ်သို့အပြေးတက်လိုက်၏။ သရဲကလည်း လိုက်တက်ပေသည့် အရင်နေ့ကအတိုင်း တက်၍မရပေ။ ကားပေါ်မှ ကို့ယို့ကားယား ပြန်ပြုတ်ကျသွားသော ခေါင်းပဲ့သရဲအားကြည့်ကာ သူရယ်လိုက်မိ၏။ မည်သည်မှ မရှိသောအပြင်သို့ ကြည့်ကာ ရယ်နေသော သူ့အားအရူးကဲ့သို့ ဝိုင်းကြည့်ကြပြန်သည်။ သူ့ကိုယ်သူပြန်ထိမ်းကာ ထိုင်စရာနေရာဝေ့ကြည့်မိတော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မျက်ုံးပြူးမိသွားသည်။ ုံလွတ်တစ်လုံးဘေးရှိအမျိုးသမီးတစ်ယောက်၏ ပေါင်ပေါ်တွင်တက်ထိုင်နေသော ကလေးသရဲတစ်ယောက်ကြောင့်ဖြစ်သည်။ သူငေးကြည့်နေတော့ ထိုကလေးသရဲက ထိုင်းမှိုင်းနေသော မျက်နှာနှင့် သူ့အားပြန်ကြည့်လာသည်။ သူအလျှင်အမြန်မျက်နှာလွှဲလိုက်ကာ အပေါ်လက်ကိုင်ကွင်းကိုသာ လှမ်းဆွဲရင်း မတ်တပ်ရပ်လိုက်နေလိုက်တော့သည်။ ရပ်နေရင်း ထိုကလေးသရဲအား ကြည့်မိသည်က အခါခါ။ ကလေးသရဲကတော့ သူ့အားနားပူနားဆာလုပ်ရန် စိတ်ကူးရှိပုံမပေါ်ပေ။ သူထိုင်နေသော အမျိုးသမီး၏ မျက်နှာကိုသာ မော့ကြည့်နေ၏။ သူပါထိုကလေးနည်းတူ လိုက်ကြည့်မိတော့ အမျိုးသမီးက မျက်ရည်တို့ကို ပွတ်သုတ်နေ၏။ ကလေးသရဲက သူ့လက်ကလေးများကို အမျိုးသမီး၏ မျက်နှာထံလှမ်း၍ မျက်ရည်သုတ်ပေးသည့်ဟန် ပြု၏။ ထိုမြင်ကွင်းကြောင့် ဆင်းမည့်မှတ်တိုင်မဆင်းပါဘဲ အမျိုးသမီးကြီးဆင်းမည့်နေရာမှ လိုက်ဆင်းဖြစ်၏။
အမျိုးသမီးဆင်းကားပေါ်မှဆင်းသည်နှင့် ထိုကလေးသရဲကလည်း ထဘီစအားဆွဲကိုင်ကာ နောက်မှပါသွားလေသည်။ အမျိုးသမီးနေသည့် ရပ်ကွက်က လူချမ်းသာများနေသည့်ရပ်ကွက်မဟုတ်ပေသည့် ဆင်းရဲစုတ်ပဲ့သော နေရာတော့မဟုတ်ပေ။ အမျိုးသမီးက ပျဥ်ထောင်အိမ်တစ်လုံးရှိ ခြံဝင်းထဲ ဝင်သွားတာကြောင့် သူဆက်လိုက်၍မဖြစ်တော့ပေ။ ထိုအခါ ကလေးသရဲလေးက ခြံဝကနေ သူ့အာငေးကြည့်နေ၏။ သူ့ကိုယ်သူလက်ညှိုးထိုးပြကာ ထိုကလေးသရဲဆီပြန်ထိုးပြရင်း ' လာရမှာလား' ဟူသည့် အဓိပ္ပါယ်နှင့် မေးလိုက်တော့ ခေါင်းညိမ့်ပြလာသည်။ ခဏမျှစဥ်းစားလိုက်ပြီးမှ ခြံတံခါးနားသွားရပ်ကာ အသံပေးလိုက်၏။ ထိုအခါ ဝင်သွားသည့်အမျိုးသမီးက ပြန်ထွက်လာသည်။
"ဘယ်သူလဲ"
"ကျွန်တော့်နာမည် စစ်မျက်နှာပါခဗျ"
အမျိုးသမီးက စဥ်းစားဟန်ပြုလိုက်ပြီးမှ
"ဘယ်သူနဲ့ွေ့ချင်လို့လဲမသိဘူး"
"အမကို မေးစရာလေးရှိလို့ပါ"
"ဘာမေးချင်တာရှိလို့လဲ"
သူထိုစကားကို မေးသင့်မမေးသင့် အတော်စဥ်းစားသေးသည်။နောက်တော့မှ သက်ပြင်းချလိုက်ကာ
"ဒီအိမ်မှာ ၇ နှစ်အရွယ်ကလေးတစ်ယောက် ရှိသလားလို့ပါ"
သူ၏အမေးကြောင့် အမျိုးသမီးက ချက်ချင်း မျက်ုံးပြူးသွားကာ သူ့ကိုအံ့ဩတကြီးကြည့်လာ၏။
"သားသားကိုွေ့ခဲ့လို့လား ဟင် ဘယ်နားမှာလဲ နေဦးနေဦး အမတံခါးဖွင့်ပေးမယ်"
အမျိုးသမီးက ပြာပြာသလဲဖြစ်သွားကာ ခြံတံခါးဖွင့်နေ၏။ထိုအချိန် သူမအမေဖြစ်ဟန်တူသော အမျိုးသမီးကြီးက ထွက်လာပြန်၏။
'သူ့ကလေးက ျောက်နေတာပေါ့ သေသွားပြီမှန်းမသိဘူးလား'
သူကလေးသရဲရှိရာလှမ်းကြည့်လိုက်တော့ ခေါင်းညိမ့်ပြလာ၏။
"ကျွန်တော်အမကလေးကိုတော့ မြင်ခဲ့ပါတယ်"
"ဘယ်မှာလဲဟင် ဘယ်နားမှာလဲ"
"ဒါပေမယ့်......"
စကားမဆက်ခင် အမျိုးသမီး ၂ ဦးမျက်နှာကိုပြန်ကြည့်မိ၏။ သူမတို့မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ပြည့်နှက်လျှက်ရှိ၏။
"ကျွန်တော်ွေ့ခဲ့တာက အမနောက်လိုက်နေတဲ့ သူ့ဝိဥာဥ်ကိုပါ"
"ဘာ!"
အမျိုးသမီးငယ်အော်လိုက်သည့်အသံမှာ ကျယ်လောင်လှ၏။ အမျိုးသမီးကြီးမှာလည်း သူ့အားလူညာတစ်ယောက်သဖွယ် ကြည့်လာ၏။
"နင် နင် ငါ့သားလေးကို သေပြီလို့ပြောတာလား နင်ဘဲသေ နင်ဘဲသေ ငါ့သားလေးက အသက်ရှင်နေသေးတယ်"
အမျိုးသမီးငယ်က ဒေါသတကြီးအော်ဟစ်နေ၏။
အမျိုးသမီးကြီးက သူ့သမီးအားစိတ်ထိမ်းရန်ပြောရင်း
"ဒီမှာလူလေး အဒေါ်တို့က မြေးလေးျောက်လို့ သောကပွါးနေကြရတာပါ လူလေးက ဒီလိုနောက်ပြောင်တာတော့ မကောင်းဘူးကွယ်"
"မဟုတ်ဘူးဒေါ်ဒေါ် ကျွန်တော်တကယ်ပြောနေတာပါ ကလေးလေးက အင်္ကျီအဝါနဲ့အနက် စပ်ကြားအရောင်ဝတ်ထားပြီးတော့ ဘောင်းဘီအနက်ကလေးဝတ်ထားတာမဟုတ်လား ပြီးတော့ ဆံပင်ကမထူမပါးလေးကို ဘေးခွဲလေးခွဲထားတာလေ နှုတ်ခမ်းနားမှာ မှဲ့လေးရှိတယ် အရပ်ကဒီလောက်"
သူအရစ်ရှည်နေမည်ဆိုးတာကြောင့် မြင်သမျှ အားုံးကိုထုတ်ဖော်ပြောလိုက်၏။ ထိုအခါ အမျိုးသမီးငယ်က
"နင် ငါ့သားကိုဖမ်းသွားတာမဟုတ်လား ပြန်ပေးစမ်း ပြန်ပေးစမ်း"
"သမီး စိတ်ကိုညိမ်ညိမ်ထားလေ"
အမျိုးသမီးကြီးက သမီးဖြစ်သူအားထိမ်းရင်း သူ့ကိုလည်း အံ့ဩစွာကြည့်နေလေ၏။
"လူလေးက ဘယ်လိုလုပ်သိတာလဲ"
"ကျွန်တော့်အဖိုးက ပရောဂဆရာတစ်ယောက်ပါ ကျွန်တော်လည်း အဖိုးဆီက ပညာရထားတာ ကလေးလေးက အကူအညီတောင်းတာအာုံရလို့ပါ"
သူ့မှာအမှန်တစ်ဝက် မုသားတစ်ဝက်နှင့်ပြောရလေ၏။ ယခုချိန် ကျွန်တော် မြင်ရပါတယ်ပြောလျှင် မည်သူက ယုံမည်လဲလေ။
"မြေးလေးက အကူအညီတောင်းတယ်"
"ဟုတ်ကဲ့"
အမျိုးသမီးကြီး အသံမှာ တုန်နေပြီး သမီးဖြစ်သူကတော့ မျက်ရည်များကျနေသည်။ နောက်တော့နှစ်ဦးုံးကို ဖြောင့်ဖျကာ ကလေးအလောင်းရှိသည့်နေရာသို့ ပြရန် ဘာမဆိုင်ညာမဆိုင် အပ်ချည်လုံးတစ်လုံးတောင်းကာ ဟန်ပန်အပြည့်နှင့် ရွတ်ဖတ်ပြရ၏။ ထို့နောက် အပ်ချည်လုံးကို အစဆွဲကာ ကလေးသရဲသွားရာနောက် ပစ်လိုက်၏။ တဖြည်းဖြည်းနှင့် သုံးယောက်သား အပ်ချည်လုံးနောက်လိုက်ခဲ့တာ သစ်သားသေတ္တာငယ်တစ်လုံးနားတွင် ဂိတ်ဆုံး၏။ ကလေးသရဲလေးက ထိုသေတ္တာကို လက်ညှိုးညွှန်ပြလာသည်။ သူ့ခန္ဓာထိုထဲတွင် ရှိသည်ဟူသော အမူအယာနှင့်ဖြစ်သည်။
သေတ္တာကိုကြည့်မိတော့ သော့ခတ်နေရာက သော့ခတ်မထားပေသည့် ချိတ်ကျနေတာကြောင့် ချိတ်ဆက်မိကာ အတွင်းမှဖွင့်လျှင် ဖွင့်ရမည့်ုံမရှိပေ။သေတ္တာကသေးငယ်ပေသည့် ထိုထဲသို့လူဝင်လျှင် ကလေးအရွယ်လေးွေခေါက်နေ၍ ရသောအနေအထားတွင်ရှိ၏။
ထိုသေတ္တာထံအပြေးသွားကာ ဖွင့်ကြည့်လိုက်တော့ အထဲမှအနံ့အနည်းငယ်ပင်ထွက်နေပြီး ညိမ်သက်စွာ လှဲနေသည့် ကလေးငယ်ရှိနေ၏။ ထိုမြင်ကွင်းကြောင့် အမျိုးသမီးငယ်က "အား!" ဟုအော်လိုက်ကာ မေ့ျောသွားလေ၏။ သူမ၏ မိခင်ကလည်း ထိုအလောင်းအားကြည့်ကာ ငိုရင်း သမီးဖြစ်သူအား သတိပြန်လည်လာစေရန် လုပ်ဆောင်ပေးရ၏။ ထို့နောက် သူမတို့အမျိုးသား ဖြစ်သူများကို လှမ်း၍အကြောင်းကြားကြကာ ပြန်လာချိန်တွင်တော့ ဆူညံကာ အလုပ်ရှုပ်ကုန်ကြ၏။
ကလေးအလောင်းရှာွေ့ပြီဖြစ်တာကြောင့် သူ့လုပ်စရာကိစ္စမရှိတော့ပေ။ ထို့ကြောင့် ပြုံး၍သူ့အားကြည့်နေသော ကလေးသရဲလေးကို နှုတ်ဆက်ကာ ပြန်ခဲ့လိုက်တော့သည်။