book

Index 5

ဒန်ဆေးနတ်ဘုရားချန်ရှန် စာစဉ် - ၅ (အပိုင်း 81 to 100)

  • Author : Translator - #MC
  • Genres : Adventure, Action
  • Original Author : Solitary Little Thief

Chapter – 81

#ညီတူညီမျှ


ကြီးမားလှသော မီး ပုံဆောင်ခဲ ကြီး တစ်ခု ပေါ်လာပြီး လူတိုင်း ဟာ အရမ်းကို အံ့အားသင့်နေကြပါတယ်။ ရှောင်ဒို ၏ ပုံစံမှာလည်း လှုပ်လှုပ်ရှားရှားဖြစ်ကာ သူ၏ တိမ်ပုံရိပ် အကွက်ကို ပြုလုပ်ပြီး ကောင်းကင်ဆီသို့ ပစ်လွှတ်လိုက်ပြီး မီးပုံဆောင်ခဲကြီး ကို ကာကွယ်လိုက်ပါတယ်။ 

ယန်ရှောင်ဒို ၏ တိမ်ပုံရိပ် ဟာလည်း ကြီးလာကာ ပေ ၃၀ လောက်ထိကို ဖြစ်သွားပါတယ်။ အဆင့် ၁၀ ပညာရှင်၏ စစ်မှန် သော ချီဓာတ်တွေ ပါဝင်လျက် ပစ်လွှတ်လိုက်တာပါပဲ။ ကြီးမား လှသော အားကြောင့် ၎င်းဟာ ချန်ရှန်၏ ပုံဆောင်ခဲကြီးကိုပင် တွန်းတင်နေပါတော့တယ်။ 

ချန်ရှန် ၏ ရယ်သံ ကို ကြားလိုက်ကြရပြီး မိုးပြာရောင် ချီဓာတ်တွေဟာ လင်းလတ်သွားကာ သူ၏ ပုံဆောင်ခဲကြီးမှ လိုက်ထွက်လာပါတော့တယ်။ လျှပ်စီးများဟာလည်း ကြောက်မက်ဖွယ် ပါလာလျက်ပါ။ ဒီလို လုပ်နေရာမှ ကြီးမားလှသော မိုး ပြာရောင် ပုံဆောင်ခဲကြီးပါ ထပ်ပေါ်လာကာ ထိုအရာက ခုနက မီး ပုံဆောင်ခဲအား ထပ်လျက် ဖိချလိုက်ပါတယ်။

မီးနဲ့ လျှပ်စီး ချီဓာတ်တွေဟာ ပိုမို အားကောင်းလာပြီး ပေါင်းစပ်သွားကြပါတယ်။ ရှောင်ဒို၏ တိမ်ပုံရိပ်မှာ ချန်ရှန်၏ ပုံဆောင်ခဲကြီးများကို မတွန်းလှန် နိုင်တော့ပဲ ၎င်းအပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပါတော့တယ်။

“ဘုန်းးး ….. ဘုန်း ….. ဘုန်း”

ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ကာ ကြီးမားလှသော ပုံဆောင်ခဲကြီး၏ ပုံရိပ်မှာ လေးထောင့်စပ်စပ် ဝန်းရဲ့ အလယ်မှာ ပေါ်လာပြီး ချီလှိုင်းများဟာ အရပ်မျက်နာမျိုးစုံကို လွင့်ထွက်ကုန် ကြပါတယ်။ လမ်းကြောင်းမှာ ရှိတဲ့ ကျောက်တုံးများအကုန် ကွဲကြေကုန်ကာ မြေကြီးပေါ်မှာပါ ပုံဆောင်ခဲ အရာကြီး ထင်လျက် ရှိပါတော့တယ်။

ရှောင်ဒို၏ တစ်ကိုယ်လုံး မြေကြီးပေါ် ဖိချခြင်းခံလိုက်ရတာပါ။ ကျယ်ကျယ်လောင်လောင်ကို အော်ပြီး ကုန်းထလာပါတော့တယ်။ တစ်ကိုယ်လုံးလည်း ပေပွနေပါတော့တယ်။ ဒါပေမဲ့ ကြီးကြီးမားမား ဒဏ်ရာရပုံတော့ မပေါ်ပါချေ။ 

“အကိုတော် ချန် ၊ ခင်ဗျားရဲ့ အားက ကျွန်တော် ထင်တာ ထက်ကို ပိုတာပဲ ၊ အခု ကျွန်တော့ရဲ့ ပွဲသိမ်းကွက်သုံးပြီ”

ရှောင် ဒို ခပ်လောလော ပင် ပြောပါတယ်။ သူပြောပြီးတာနဲ့ ဇန်ဒီမှ -

“မင်းတို့က ထပ်တိုက်ကြဦးမယ်။ မင်းတို့ကြောင့်တော့ အကုန် ပျက်ဆီးကုန်တော့မှာပဲ။ မင်းတို့အားက အတူတူပါပဲ ကွာ ၊ ဘယ်သူသာလဲ ဆုံးဖြတ်ချင်နေသေးရင် မင်းတို့ ဒဏ်ရာတွေ ရ ကုန်လိမ့်မယ်”

ချန်ရှန် ဇန်ဒီ စကားနားထောင်နေရင်း စဉ်းစားမိတယ်။ ဒီလို ပြင်းထန်လှတဲ့ ချီဓာတ်စွမ်းအင် ၂ ခု ကို ကောင်းကောင်းကြီး သုံး တာတောင် တစ်ဖက်လူက မရှုံးသွားတာ တောက်တော် ကို အံ့သြနေ ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရှောင်ဒို ရဲ့ အားဟာ မသေးလှပါဘူး။

“အကိုတော် ချန် ဟာ အဆင့် ၉ သာ ရှိသေးပေမဲ့ ကျွန်တော်နဲ့ တစ်ယောက်ချင်း တိုက်နိုင်တယ်။ တနည်းအားဖြင့် သူ သာ အဆင့် ၁၀ ရောက်ရင် ကျွန်တော် မရှုံးနိုင်ပေဘူးလား”

ရှောင်ဒို သက်ပြင်းချ လျက် ပြောတာပါ။ 

“ကောင်းတယ်ဟေ့ ၊ နောက် တစ္ဆေလေးတစ်ကောင်တော့ ငါတို့ဝန်းထဲ ရောက်လာပြီဟေ့”

သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးက ပြုံးလျက်ပြောပါ တယ်။ ဒီလို ငယ်ရွယ်တဲ့ ကလေးတွေဟာ တကယ်ကိုပဲ သူတို့ ထက်ပင် ကြောက်စရာကောင်းလျက် ရှိနေကြပါတယ်။ အထူး သဖြင့် ချန်ရှန်ဟာ ဒီလိုမျိုး အံ့အားသင့်ဖွယ် စွမ်းရည်တွေနဲ့ သူတို့ ၏ စိတ်နှလုံးကို ဖမ်းစားနိုင်လွန်းပါပေတယ်။ 

“အကိုတော် ချန် ၊ ခင်ဗျားက လူအများကြီး သတ်ခဲ့တယ် မလား ၊ ခုနက ခင်ဗျားရဲ့ အမဲလိုက်ခြင်းနဲ့ ဆိုင်တဲ့ ချီဓာတ်တွေ ဟာ တော်တော်ကို ထူထည်းများပြားလွန်းလှတယ်။ ကျွန်တော် ကြောက်တောင် ကြောက်မိသေး”

ရှောင်ဒို စပ်စုနေပါတယ်။ သူ့မျက်လုံးထဲ အကြောက်တရား များကို မြင်နေရတယ်။

“မများပါဘူး ၊ ဘယ်လောက်များလဲ ဆိုတာ မမှတ်မိတော့ ဘူး ၊ ဒါပေမဲ့ သူတို့အားလုံးဟာ ပြသနာကောင်တွေ ချည်းပဲ”

ချန်ရှန် ပြန်ပြောလိုက်ပါတယ်။

“ဒါကို မှတ်ထားဦးမှပဲ ၊ နောက် ပြသနာမရှာတော့ဘူးဗျို့”

ရှောင်ဒို ရယ်မော ပြောဆိုပါတယ်။

“ကောင်လေးတို့ ၊ ဘေးဘီကို ကြည့်လိုက်စမ်းပါဦး။ ဒီနေရာ ကို မပျက်မစီးပဲ ထားတာ အတော်ကြာပေါ့ ၊ ဒါပေမဲ့ ခုတော့ . . .”

ဇန်ဒီ မျက်နာပျက်ပျက် နဲ့ ပြောပါတယ်။ 

ရှောင်ဒို က ရယ်မောကာ -

“ဇန်လူကြီးမင်း ၊ ကျွန်တော်က အဓိကပါ ၊ ကျွန်တော်ပဲ သလင်းကျောက်တွေ ပေးပါ့မယ်ဗျာ”

ချန်ရှန် ရုတ်တရက် ထပြောလိုက်တယ်။

‘ကျွန်တော် ခဏနားမှ ဖြစ်မယ်။ ကျွန်တော့ ချီဓာတ်က ခင်ဗျားတို့လောက် အားမကောင်းဘူးလေ ၊ ကုန်ခါနီးဖြစ်နေပြီ”

ချန်ရှန် ဟာ စကြာဝဠာ အတွင်းအားကို မသုံးခဲ့ပါ။ လိုလည်း မလိုအပ်ပါဘူး။ ဒါက တကယ်ကို သေစေနိုင်ပါတယ်။ ဒါတင်မက သူ့အားကိုလည်း အများကြီး မသုံးချင်ပါ။ ဒါပေမဲ့ သေချာ တာကတော့ နောက်တခါများ ရှောင်ဒိုနဲ့ ချဖြစ်ခဲ့ရင်တော့ အပြင်း ထန်ဆုံး ဇာတ်သိမ်းမှာပဲ ဖြစ်ပါတော့တယ်။

ယန်ရှောင်ဒို က တကယ်ကို သန်မာပါတယ်။ ခုနက သိုင်း ဖလှယ်တုန်းကတောင်မှ သူ၏ ချီဓာတ်များကို အများကြီးမသုံး သွားပါဘူး။ ဒါတင်မက ပွဲသိမ်းတိုက်ကွက်လိုပင် မသုံးသွားချေ။

“စွမ်းအားကြီးတဲ့ ပညာရှင်တွေ ဒီခြံဝန်းထဲ တော်တော်များ ပါလား ၊တကယ့်ကို ပညာရှင်တွေ အတွက် ခိုလှုံရာပါပဲ”

ချန်ရှန် သူ၏ အခန်းထဲတွင် ချီဓာတ်များ ပြန်လည် စုဆောင်း နေရင်း တွေးနေမိတာပါ။ 

ချန်ရှန် အပြင်ထွက်လာခဲ့တယ်။ တခြားအနီးတဝိုက် ခြံဝန်း များမှ နောက်လိုက်တပည့်များဟာ အခြေအနေကို လာမေးမြန်း ကြပါတယ်။ ဒီကြီးမားလှတဲ့ ပုံဆောင်ခဲ ကြီး လေးထောင့်ကွင်း အလယ်မှာ ပေါ်လာတာကို တော်တော် အံ့အားသင့်နေကြတာပါ ၊ ဒီကျောက်တုံးတွေ ဘယ်လောက် ခိုင်ခန့်လဲ ဆိုတာ သူတို့ အသိ ပါ။ ကြီးမားလှတဲ့ အားအင်တစ်ခုခုမပေးပဲ ဘယ်လိုမှ မထိ ခိုက်စေနိုင်ပါဘူး။ 

၂ ရက်ကြာပြီးနော် အတွင်းစည်း တပည့် ရွေးချယ်ခြင်းအ တွက် လျှောက်ထားခြင်းကို စတင် လက်ခံနေပါပြီ။ ချန်ရှန် ၊ ယန် ရှောင်ဒို နဲ့ ဇန်ဒီတို့ဟာ လျှောက်ထားဖို့အတွက် အတူတူ ထွက် လာကြပါတယ်။

လျှောက်လွှာတင်ပြီးနောက် အတူတူ ပြန်ထွက်လာကာ မြို့ထဲက ဆိုင်တစ်ခုမှာ စားကြသောက်ကြပါသေးတယ်။ ကံဆိုး စွာပင် ဇုရွန် နဲ့ တည့်တည့် တိုးပါတော့တယ်။ ကပ်စီးနည်း ဖက်တီးကို နောက်ဆုံးမှာတော့ သူတို့ပဲ ဒကာခံရပါတော့တယ်။

“လူညစ်လေး ယန် ၊ မင်းရှင်းရမှာနော်”

ဇုရွန် အစားအသောက်များမှာရင်း ပြောလိုက်တာပါ။

“ဘာလို့ ကျွန်တော် က ရှင်းရမှာတုန်း”

ရှောင်ဒို မေးလိုက်တယ်။ သူဟာ ဆွေကြီးမျိုးကြီး ဖြစ်သော် လည်း သူ၏ ငွေစများကို ဒီ ဖက်တီအတွက် အကုန်မခံချင်ပါ။ 

“ဇန်လူကြီးမင်းကလည်း အသက်ကြီးပြီ ၊ အပြင်ဂိုဏ်းမှာပဲ နေရင် နေရ ဦးမှာ ၊ ချန်ရှန်ကလည်း ခုမှ လူသစ် ၊ ငါဆိုတာကလဲ ကပ်စီးနည်းတာ အားလုံးအသိ ၊ ငါတို့အားလုံး အခု ထထွက်သွား အောင် လုပ်နေတာလား။ ဒါ့အပြင် မင်းတို့ မျိုးနွယ်က ငါတို့ ဇု မျိုးနွယ်ထက် ပိုချမ်းသာတယ်လေ”

ဇုရွန် ပြုံးလျက် ပြောလိုက်ပါတယ်။ 

ချန်ရှန်ဟာ ဇုရွန် ၊ ယန်ရှောင်ဒို နဲ့ ဇန်ဒီ တို့ဟာ ရင်းရင်းနှီးနှီး ရှိလှတာကို တွေ့လိုက်ရတယ်။ ဒါတင်မက ဇုရွန်ဆိုတာ အမှတ် ၃၃၀ ခြံဝန်းမှာ နေထိုင်ခဲ့တာဖြစ်ပြီး အတော်ဆုံး ဖြစ်ခဲ့တယ်ဆို တာကို သိလိုက်ရပါတယ်။

“ဝက်ကလေး ၊ ဒီကလူကြီးက စစ်မှန်တဲ့ သိုင်းပညာနယ်ပယ် ကို ဝင်ဖို့ ရည်မှန်းချက် မရှိပေမဲ့လည်း ၊ ငါသေတဲ့အခါ အတွင်းစည်းနောက်လိုက်တစ်ယောက် အဖြစ် သေမှာကွ။ ငါ့ကို အထင်မသေးစမ်းပါနဲ့”

ဇန်ဒီ ယုံကြည်မှုရှိစွာ ပြောလိုက်တာပါ။ 

ရှောင်ဒိုလည်း နှုတ်ခမ်းများကို ကွေးကာ - 

“ကျွန်တော့လည်း အတွင်းစည်း ဝင်ဖု့ိစောင့်ပါဦး ၊ ခင်ဗျား ရဲ့ နေရာကို သေချာပေါက် လုယူပြမယ်။ ခုတော့ နေနှင့်ဦးပေါ့”

ဒီဆိုင်ဟာ အရမ်းကို အလုပ်ရှုပ်လျက်ရှိပြီး ဖောက်သည်များ ဟာလည်း လူချမ်းသာတွေပါပဲ။ အများစုဟာ ဂိုဏ်းနောက်လိုက် များသာ ဖြစ်ကြပါတယ်။ သူတို့ဟာ ဂိုဏ်းထဲမှာသာ ဘာမှမဟုတ်တဲ့ အဆင့်နိမ့်များ ဖြစ်ကြသော်လည်း အပြင်မှာတော့ ဆရာကြီးတွေပါပဲ။ ဘဝင်လေဟပ်သူများ ဖြစ် ကြပြီး ကမ္ဘာကြီးတစ်ခုလုံး သူတို့လက်အောက်မှာလိုပဲ နင်းခြေ ချင်ကြတာပါ။ ဒါကိုကြည့်ပြီး ရှောင်ဒို သွားတကြိတ်ကြိတ်ဖြင့် ၎င်းတို့အား မြေပေါ် မှောက်သွားအောင် ရိုက်ချင်နေပါပြီ။ 

“လူညာလေး ယန် ၊ မင်းနဲ့ ချန် နဲ့ အတူတူ ဆိုရင်တော့ ဒီ မျိုး မစစ်လေးတွေကို ကောင်းကောင်းဆုံးမ နိုင်တယ်။ ဒါပေမဲ့ မင်း တစ်ယောက်ထဲ ဆိုရင်တော့ လေးဖက်ထောက်ပြီး ပြန်လာ ရလိမ့်မယ်ဟေ့”

ဇုရွန် အနီနားက စားပွဲ က လူ တစ်ယောက်ကို ကြည့်လျက် ပြောပါတယ်။ ထိုလူက တခြားလူများကို ကြည့်တဲ့ အခါ အထင် သေးသလိုလို ပုံဖြင့်ကြည့်ကာ စိတ်ကြီးဝင်လျက် ရှိပါတယ်။ တခြားလူများမှာလည်း ဒီလိုပုံစံတွေပါပဲ။ အားလုံးဟာ ထောင့် မကျိုးကြပါဘူး။

ချန်ရှန် ပြသနာ သိပ်မဖြစ်ချင်ပါဘူး။ သူ ရှောင်ဒို က စိတ်မြန် လက်မြန် တစ်ခုခု လုပ်လိုက်မှာ ဆိုးသောကြောင့် အမြန်ပင် ပြော လိုက်ပါတယ်။

“ကောင်းပြီ ၊ အတွင်းစည်းကို ဝင်ပြီးရင် မင်းမှာ သူနဲ့ ချဖို့ ပို အခွင့်အရေး ရှိတာပေါ့”

ချန်ရှန် ဟာ ဒီလူ ကတော့ အတွင်းစည်းက ဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။

“ဟဟ ၊ မင်းကတော့လား ၊ အပြင်လောက က လာပြီး အတွင်းစည်း ဝင်ဖို့ မတွေးစမ်းပါနဲ့”

“သောက် မျိုးမစစ်ကောင် ၊ မင်းအဖေ မင်း မျက်လုံးတွေ ကို ဖောက်ထုတ်ပစ်ဖို့ မစောင့်နိုင်တော့ဘူး”

ရှောင်ဒို လည်း ကြုံးဝါးလျက် စားပွဲပေါ် ခုန် တက်လိုက်ပါ တယ်။ သူက ဟိုလူ ဆီ ခုန် ဝင်တော့မလို့ပါပဲ။ ဒါပေမဲ့လည်း ဇုရွန် နဲ့ ဇန်ဒီ တို့ ၏ ဆွဲထားခြင်းကို ခံလိုက်ရပါတယ်။

“ဒီလိုချတာ မင်း ဂိုဏ်းရဲ့ အပစ်ပေးခြင်း ခံချင်လို့လား”

ဇုရွန် က မာန်မဲ လိုက်ပါတယ်။

ချန်ရှန် လည်း တည်ငြိမ်စွာနဲ့ ဝင်ပြောလိုက်တယ်။

“ငါ ဂိုဏ်းထဲ ဝင်နိုင်ရင် ငါ့ကို မင်း ချီဓာတ်ဆေး အလုံး ၁၀၀ ပေးမလား ၊ အပြန်အလှန်ပဲ ငါမဝင်နိုင်ရင် မင်းကို ၁၀၀ ပြန်ပေး မယ်”

“ ၁၀၀ ထဲလား ၊ နည်းလွန်းတယ် ၊ ၁၀၀၀ ဆိုရင်ကော ၊ လောင်းမလား”

ရှောင်ဒို က ထအော်လိုက်ပါတယ်။ 

“ဒီပြိုင်ပွဲက ခု ရက်အနည်းငယ်အတွင်း ပြိုင်မဲ့ဟာကိုနော် ၊ ဒါဆို ငါလောင်းမယ် ၊ ဒါပေမဲ့ နောက် ၁၀ နှစ်မှ လုပ်မဲ့ဟာ ဆိုရင်တော့ မလောင့်ဝံ့ပါဘူးဗျာ”

ထို လူ က ပြောပါတယ်။

“ရက်အနည်းငယ်အတွင်းမှာ အကိုတော် ချန် သေချာပေါက် အတွင်းစည်းကို ရောက်လိမ့်မယ် ၊”

ယန်ရှောင်ဒို စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။ ချန်ရှန်ကတော့ အနည်းငယ် စိတ်ဓာတ်ကျနေလေရဲ့ ၊ သူ့မှာအခု ချီဓာတ် ဆေး အလုံး ၁၀၀၀ မရှိလို့ပဲ ဖြစ်ပါတော့တယ် . . .။












Chapter – 82

#စွမ်းအားထုတ်ဖော်ပြသခြင်း


ဇုရွန် မှ ချန်ရှန်၏ ပခုံးကို ပုတ်ခါဖြင့် -

“အေးဆေးပေါ့ ၊ ဒီဆေးတွေကို အချိန်တန်ရင် ဒီကောင်လေး ပေးလိမ့်မယ် ၊ ငါက သူ့ကို ရောင်းမှာလေ ၊ ဟဟ”

“ဝက်ကြီး ၊ ခင်ဗျားက ချန်ရှန် ရှုံးမယ်လို့ ဆိုလိုတာလား”

ရှောင်ဒို မှ ဇုရွန် အား အထင်သေးဟန်ဖြင့် ကြည့်ကာ ပြော ပါတယ်။ 

“ဒါက လောင်းကစားလေ ၊ ငါ မှ အတိမကျ မပြောနိုင်တာ ၊ သူနိုင်ရင်လည်း ငါက သူ့ဆီက ပြန်ဝယ်မှာ ၊ သူတစ်ယောက်ထဲ ဒါတွေ အကုန် မလိုအပ်ဘူးလေ”

ဇုရွန် က ရယ်မော ပြောဆိုပါတယ်။ 

“ဖက်တီးကြီး ၊ သူနိုင်ရင် ဆေးတွေကို ခွေးပဲ ကျွေးလိုက်မယ်။ ပြီး မှ ယူချင်ရင် အဲဒိခွေးတွေ ယူ”

ရှောင်ဒို က ကျိန်ဆဲနေပါတော့တယ်။ 

ချန်ရှန် နဲ့ ဇန်ဒီ သာ တိတ်ဆိတ် နေပါတယ်။ ရှောင်ဒို နဲ့ ဇုရွန် တို့ စကားများနေတာကိုသာ နားထောင်နေတယ်။ ဒါတင်မက ချန်ရှန်ဟာ ၎င်းတို့ ၂ ယောက်ကို လေးစားမိပါတယ်။ စားပြီး သောက်ပြီး တာနဲ့ သူတို့ဟာ အသက်တောင်မရှူပဲ ငြင်းခုန်နေ ကြတာပဲ ဖြစ်ပါတော့တယ်။

သိုင်းပညာခြံဝန်းထဲ ပြန်ရောက်ပြီးနောက်မှာတော့ ချန်ရှန် စိတ်ရှုပ်တဲ့ လေသံနဲ့ မေးလိုက်တယ်။

“ထူးဆန်းတယ် ၊ ဘာလို့ အမျိုးသမီး နောက်လိုက်တွေ မတွေ့ရတာလဲ”

“ပြင်းထန်သော သိုင်းပညာဂိုဏ်းမှာ မိန်းမ မရှိဘူး။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ ဂိုဏ်းထိပ်ခေါင်ကြီးက မိန်းမတွေကို စိတ်မဝင်စားတဲ့ အချက်ကြောင့်ပဲ။ ဒါကြောင့် စည်းကမ်းလုပ် ထားတာပဲ။ ဒီ သောက်ရေးမပါတဲ့ စည်းမျဥ်းကြီးက ကျွန်တော် တို့ အတွက်တော့ နာတာပဲ ၊ တကယ်တော့ နောက်လိုက်အများစု ဟာ မိန်းမရှိတယ်။ သူတို့တောင် ကိုယ့်အားကိုယ်ကိုးပြီးပဲ . . .”

ယန်ရှောင်ဒို စပ်ဖြဲဖြဲဖြင့် ပြောပါတယ်။

“အကိုတော် ချန် ၊ ညတိုင်း ခြံဝန်းထဲမှာ မနေဘူးမလား”

“ဒါပေါ့”

ချန်ရှန် တခဏကြာ စဉ်းစားပြီး ပြန်ဖြေလိုက်ပါတယ်။ သူ ဘာကြောင့် ဒီမြို့ကြီးက အမြဲတမ်း စည်ကားနေလဲဆိုတာ သဘောပေါက်လိုက်တယ်။ လူချမ်းသာ နောက်လိုက်များက သူတို့၏ မိသားစုများကို ခေါ်လာလို့ပါပဲ။ 

“ခင်ဗျားက တကယ် ရိုးသားတဲ့လူပဲ အကိုတော် ချန် ၊ ဇန် လူကြီးမင်း လို ရိုးသားတဲ့ လူမျိုးပါပဲ”

ရှောင်ဒို ခပ်တိုးတိုး ရယ်မောပြီး ထွက်ခွာ သွားပါတော့တယ်။

ညဟာ မှောင်နေပါပြီ။ ချန်ရှန် သူ့အခန်း ပြန်ရောက်တဲ့အခါ မှာတော့ သူဟာ ချီဓာတ်ဆေးများ ပြုလုပ်နေတယ်။ ထိုအချိန်မှာ စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာ ထွက်လာဖို့ကို ကြောက်နေပါပြီ။ အဘယ်ကြောင့်ဆိုသော ဒီနေရာဟာ ပညာရှင်များစွာ ရှိသော ကြောင့် သူတို့ကို ရိပ်မိမှာ ကြောက်လို့ပါပဲ။

“အမတော် မေးယို ၊ ဒီဂိုဏ်းက ဘယ်မိန်းကလေး နောက် လိုက်တပည့်ကိုမျှ လက်မခံဘူး။ အမတော်က လန်ယုလန် ကို ဒီ ကို လွှတ်လိုက်သေးတယ်။ ဘယ်လိုကြောင့်လဲ”

ချန်ရှန် မူလက စဉ်းစားထားတာ လန်ယုလန် အား ဂိုဏ်းထဲ မှာ အတူနေရင်း စောင့်ရှောက်ဖို့ပါ။ 

“ဟဟ ၊ အချိန်တွေကလည်း တော်တော် ကြာပြီလေကွာ ၊ ဒီလို ကိစ္စသေးသေးလေးတွေကို ငါလည်းဘယ်မှတ်မိမလဲ”

စုမေးယိုက ခနဲ့တဲ့တဲ့ ပြောပါတယ်။ ချန်ရှန် ဒီနေ့အပြင် ထွက်တုန်းက ကောင်းမွန်လှသော အဝတ်အထည် အချို့နဲ့ ကျောက်မျက်ရတနာ အချို့အား သူမတို့အတွက် ဝယ်ခဲ့ပါတယ်။

ရက်အနည်းငယ်မှာပင် ချန်ရှန်ဟာ ဒီဂိုဏ်းမှာ နေသားကျ လာကာ ခြံဝန်းထဲမှာလည်း တခြား စီနီယာများနဲ့ ရင်းနီးလာပါတော့တယ်။ ကံကောင်းစွာပင် သူရောက်လာသည့်နေရာမှာ လူရှုပ်လူပွေ မရှိပဲ အားလုံဟာ လိုက်လျောညီထွေ ရှိကြပါတယ်။

ဒီပြင်းထန်သော သိုင်းပညာဂိုဏ်းကြီးမှာ လူသိန်းချီဆန့်သော လေးထောင့်ပုံ ကွင်းပြင်နေရာကြီး ရှိပါတယ်။ လတိုင်း မှာ (ဝ) အမှတ်မှ သက်ကြီးဝါကြီးတွေဟာ ဒီနေရာမှာ လာရောက် စုဆုံ ကာ ပညာဖလှယ်ကြပါတယ်။ တပည့်အများစုဟာလည်း လာ ရောက် ကြည့်ရှုကြတတ်ပါတယ်။ ဒီနေ့ဟာ အတွင်းစည်းအ တွက် လက်ခံတဲ့နေ့ပဲ ဖြစ်တယ်။ သူတို့ဟာ အပြင်စည်း နောက် လိုက်တပည့်များ ဖြစ်သောကြောင့် ဝင်ခွင့်ရဖို့ အရည်အသွေး ပြည့်မီကြပါတယ်။

ချန်ရှန် ၊ ရှောင်ဒို နဲ့ ဇန်ဒီတို့ ဟာ အဖွဲ့တစ်ခုလို ဖြစ်နေကပြီး အတူတူ လာကြပါတယ်။ ပထမဆုံး စစ်ဆေးမှုအတွက် အဆင် သင့် ဖြစ်နေကြပါပြီ။ သူတို့ဟာ အမှတ် ၃၃၀ မှ အဖွဲ့ ဖြစ်ပြီး သူတို့ကို ကြည့်ပြီး တခြား ခြံဝန်းက လူတွေဟာ တိတ်တိတ် လေး ပဲ နေကြကာ ရန် မစရဲကြပါဘူး။ 

“အကိုတော် ချန် ၊ ခင်ဗျား အစောပိုင်းတုန်းက ဒုက္ခိတ ဖြစ်အောင် လုပ်လိုက်တဲ့ ဖန်လိယန် အကြောင်း ကြားမိလား ၊ ကြည့် ရတာ သူ့ကို ပြန်ကောင်းဖို့ ၁ နှစ်ခွဲလောက် ကုရမယ်ထင်တယ် ၊ ဒါကို ကြည့်ခြင်းအားဖြင့် ဖန်မျိုးနွယ် နဲ့ ခင်ဗျားနဲ့တွေ့ ဇာတ်လမ်း စကြပြီထင်တယ်”

ရှောင်ဒို ရယ်မောကာ ပြောဆိုပါတယ်။ 

ချန်ရှန်ကတော့ သက်ပြင်းသာ ချနိုင်ပါတယ်။ တနည်းအားဖြင့် ချန်ရှန် ထို ဖန်လိယန် နဲ့ ဘာရန်ငြိုးမှ မရှိပါဘူး။ ဒါပေမဲ့ ဒီ ကမျိုးနွယ်တွေက အပြင်လောက က လူတွေ နဲ့ မတူပါ။ ဒီက လူတွေဟာ စစ်မှန်သော သိုင်းပညာရှင်တွေပဲ ဖြစ်ကြတာကြောင့် ပါ။

ပထမဆုံး စစ်ဆေးမှု ကတော့ စွမ်းအား ကို စစ်ဆေးတာပါ။ ဒါကို မအောင်တာနဲ့ ထွက်ရမှာပါပဲ။

စွမ်းအား ကို စစ်ဆေးတာ ကတော့ ကြိုတင်ပြင်ဆင်ထားတဲ့ အရာကို ထိုးရမှာပါပဲ။ ကျောက်နံရံတစ်ခုပေါ်မှာ စီစဉ်ထားတာ ဖြစ်ပြီး ရေကန်ငယ်လေး တစ်ခု နဲ့ တူပါတယ်။ လက်သီးက ထိုး လိုက်တဲ့အခါ သက်ဆိုင်ရာတန်ဖိုးတစ်ခုကို ၎င်းက ပြပါလိမ့်မယ်။ ဒီလိုနည်းနဲ့ စစ်ဆေးခြင်းပါ။ သတ်မှတ်ထားသော တန်ဖိုးတစ်ခု ရ မှသာ အောင်မြင်တယ်လို့ သတ်မှတ်တာပါ။

“ပထမဆင့်က လွယ်ပါတယ် ၊ ငါတို့ ဘယ်ချိန် လုပ်လုပ် အောင်မှာပဲ”

ဇန်ဒီ ကပြောတာပါ။

“ဒုတိယ နဲ့ တတိယ က ပိုခက်တယ်။ ကျွန်တော် က ဒုတိယ အဆင့်မှာ ပြုတ်ခဲ့တာ ဇန်လူကြီးမင်းလဲ အတူတူပဲ”

ရှောင်ဒို က စိုးရိမ်တဲ့ မျက်နာထားနဲ့ ပြောပါတယ်။

“ဒုတိယ အဆင့် က ဘာလဲ”

ချန်ရှန် ဟာ ဒီ ဒုတိယနဲ့ တတိယ အဆင့်က ဘာမှန်း မသိတဲ့ အတွက် မေးလိုက်တာပါ။

ဒီအကြောင်းမေးလိုက်တာနဲ့ ရှောင်ဒို မျက်နာမှာ ကြောက်ရွံ့ မှု အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။

“ဆေးဆရာမကြီးက ဒီ အဆင့် ၂ ကို စစ်ဆေးတာပဲ ၊ အဓိက ကတော့ ခံနိုင်ရည်ကို စစ်တာ ၊ နောက် တတိယကတော့ ပေါင်းစပ်ခြင်း စွမ်းရည် ကို စစ်ဆေးတာပါ။ နှစ်တိုင်းတော့ ပြောင်းလဲ တယ် ၊ ဒါပေမဲ့ အမျိုးအစားကတော့ အတူတူပဲ”

ဆေးဆရာမကြီးဆိုတာ ဒီဂိုဏ်းရဲ့ ဒုတိယမြောက် စွမ်းအား အကြီးဆုံး လူ ပါ။ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းရဲ့ တစ်ဦး တည်းသော အမျိုးသမီး လည်း ဖြစ်ပါတယ်။ ကောလဟာလတွေ အရတော့ သူမ၏ အဆင့်ဟာ လက်ရှိ ဂိုဏ်းချုပ်ထက်ကို သာနေတယ်လို့ ပြောကြပါတယ်။ သူမ၏ အမည်ရင်းကို မည်သူ မျှ မသိကြပါဘူး။ ဒါကြောင့် ဆေးဆရာမကြီးဟုသာ ခေါ်ဆိုကြ တာ ဖြစ်ပါတယ်။

“ကျွန်တော့ အလှည့်ရောက်ပြီ ၊ အရင် မှတ်တမ်းအဟောင်း စံချိန်ကို ကျော်ပမလား မသိဘူးဗျို့”

ရှောင်ဒို သူ၏ အင်္ကျီ လက်ကို ခေါက်တင်ကာ ရှေ့ကို ကြည့် လျက် ပြောပါတယ်။ 

ချန်ရှန်က ရှောင်ဒို၏ နောက် မှပါ။ ရှောင်ဒို ၏ အားကို ကြည့် ချင်တာနဲ့ အတော်ပါပဲ။ အမှတ် ၁၀၀၀ ကျော်တဲ့ နောက်လိုက် တပည့်ကိုသာ အောင်မြင်တယ်လို့ ယူမှာ ဖြစ်ပြီး အပြင်စည်းက လူအများစုဟာ ၆၀၀ နှင့် ၇၀၀ ဝန်းကျင်သာ ရရှိကြကာ လူနည်းစု သာ အောင်မြင်ကြတာကို တွေ့ရပါတယ်။ ဒါကိုကြည့် ချင်းဖြင့် သင်တန်းသား တစ်ယောက်နဲ့ တစ်ယောက်ဟာ အား သိပ်မကွာကြတာ တွေ့နိုင်ပါတော့တယ်။

ယန်ရှောင်ဒို ရေကန်လေးကို လက်သီးတစ်ချက် ထိုးလိုက် တယ်။ လက်မှာ အားများစုလျက် ဆန့်ထုတ်လျက် ထိုးလိုက်တဲ့ အခါမှာတော့ တန်ဖိုးတစ်ခုဟာ ထင်ထင် ရှားရှား ပေါ်လာပါတယ် 

“၂၃၀၀”

ဒီဂဏန်းကို မြင်တဲ့လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွား ကြပါတယ်။ အရင် မှတ်တမ်းမှာက ၁၈၀၀ သာ ရှိတာပါ။

“အကိုတော် ချန် ၊ ခင်ဗျား အလှည့်ပဲ”

ရှောင်ဒို တော်တော် ကျေနပ်နေဟန်ဖြင့် ပြန်လာကာ ချန်ရှန်၏ ပခုံးအား ပုတ်ပြီး ပြောလိုက်ပါတယ်။

ချန်ရှန် ဒီအပြင်စည်းမှာ နည်းနည်းတော့ ပညာပြရမည် ဟု ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ အပြင်လောကမှ လာတယ်။ ဒါ တင်မက ဖန်လိယန် ကိုပင် လက်သီးတစ်ချက်ဖြင့် အပြင်းအထန် ဒဏ်ရာရစေခဲ့တာ ဖြစ်ပါတယ်။ ဇုရွန် နဲ့ လည်း ရင်းနီးကာ ဆေးပညာရှင် တစ်ယောက်လည်း ဖြစ်နေတယ်လေ။ 

“မင်းစွမ်းအားတွေကို အကုန်သုံးပါ။ ဒါမှသာ လူလေးစာ တာ ခံရမယ်လေ။ ယင် နဲ့ ယန် နတ်အတွင်းအားကိုတော့ မသုံးနဲ့ ပေါ့ကွာ”

ဘိုင်ယုယု က လေသံမာမာဖြင့် အမိန့်ပေးပါတယ်။

ချန်ရှန်လည်း ခေါင်း ညိမ့်ကာ အသိအမှတ်ပြုလိုက်တယ်။ သူ၏ စွမ်းအင် သိုလှောင်ရာမှာ ချီဒြပ်စင် ၅ ခုဟာ စုဆုံပြီး အနှိုင်း မဲ့ စကြာဝဠာ အတွင်းအား ကို ဖန်တီးလိုက်တယ်။ ထို့နောက် အသက်ကို ၀၀ ရှူကာ ကြောက်မက်ဖွယ် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပါတယ်။ ဒီအချိန်မှာ သူဟာ မည်သည့် ချီဓာတ် မှ မထွက်တဲ့အတွက် ကြည့်နေတဲ့ လူတိုင်း ဟာ နည်းနည်းကြောင် သွားကြပါတယ်။ အဘယ်ကြောင့်ဆိုသော် ချီဓာတ်မထည့်ပါက အားလည်း ကောင်းမည် မဟုတ်လို့ပါပဲ။

ဒီတစ်ကြိမ်မှာတော့ ချန်ရှန် အားကုန် သုံးပါပြီ။ တောင်တစ် လုံးသာ ဒီနေရာမှာ ရှိပါက ကွဲကြေပျက်ဆီးသွားမှာ အမှန်ပင် ဖြစ် ပါတယ်။ သူ့ရဲ့ လက်သီး ဒီကျောက်တုံး နံရံကို ထိသွားချိန်မှာ ၎င်းဟာ တည်တည်ငြိမ်ငြိမ်ပါပဲ။

ချန်ရှန် ဒီအရာရဲ့ ခံနိုင်ရည်အားကို လန့်သွားမိတယ်။ ဒီလို အရာမျိုးကို အပြင်လောကမှ လူများ စီမံနိုင်ရန် တော်တော် ခက်ခဲမှာပါပဲ။

ချန်ရှန် ထိုးပြီးတာနဲ့ ရလဒ်ကို စောင်မျှော်နေပါတယ်။

ဒီတန်ဖိုးကို ကြည့်နေကြတယ် လူများစွာ ရုတ်တရက် တိတ်ဆိတ်သွားပါတယ်။ လူတိုင်း သွေးမရှိသလို ဖြူလျော်သွားကာ ပထမဆုံ တစ်ချက် ထင်ကြတာ ဒီစမ်းသပ်ခံကျောက်တုံး တစ်ခုခု ချို့ယွင်းတယ် ထင်ကြတယ်။ ဒါပေမဲ့လည်း ထိုအတွေးဟာလည်း ချက်ချင်း ပျောက်ကွယ်သွားကြတယ်။ ဒါမျိုးဆိုတာ တစ်ခါမျှ မဖြစ်ဖူးတာကိုး။

၄၈၀၀

အတွင်းစည်းက တပည့်ရင်းများပင် ဒီတန်ဖိုးရဖို့ တော်တော် ခက်ခဲမှာပါ။ ဒါတင်မက ဒီတန်ဖိုးဟာ ရှောင်ဒို ရဲ့ ၂ ဆ ပါပဲ။

အကဲဖြတ်ပေးတဲ့ လူကြီးလည်း တော်တော် ကို အံ့အားသင့် သွားပါတယ်။ သူဟာ စစ်မှန်သော သိုင်းပညာ နယ်ပယ်က ဖြစ်ပြီး ခုနက ချန်ရှန် လက်သီးထိုးလိုက်စဉ်မှာ မမြင်ရတဲ့ စွမ်း အားကြီးလှသော ချီဓာတ်များ ပါဝင်မယ်လို့ ခံစားမိလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအမျိုးအစားလဲ ဆိုတာကိုတော့ မသိပါဘူး။

ဒီလူကြီးလည်း ချက်ချင်းပင် အသံ ကျယ်ကျယ်ဖြင့် ကြေငြာ လိုက်ပါတယ်။

“ချန်ရှန် ၊ အမှတ် ၄၈၀၀ ဖြင့် အောင်မြင်သည်”

ဒီစကားကို နားထောင်ရင်း လေးထောင့်ကွင်းပြင် တစ်ခုလုံး ဟာ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကြီးတစ်ခုလိုပဲ အသံများ ဆူညံ သွားပါတယ်။ အပြင်စည်းက နောက်လိုက် တစ်ယောက် ဟာ အတွင်းစည်းက ပညာရှင်များ နဲ့ တူသော ထုးိချက်မျိုးကို ပြု လုပ်နိုင်ခြင်းဟာ တော်တော် မယုံနိုင်စရာပါပဲ။ ၎င်းတို့မျက်စိနဲ့ နားကိုတောင် မယုံနိုင် ဖြစ်နေကြပါတော့တယ် . . .။


Chapter – 83

#ဆေးပညာရှင်ဆရာမကြီး


ချန်ရှန် ကိုယ်တိုင်ပင် သူ၏ ရလဒ်ကို လန့်သွားပါတယ်။ ဒါပေ မယ့် တခဏမျှ စဉ်းစားမိပြီးနောက် ပြန်လည် တည်ငြိမ်သွားပါ တယ်။ သူဟာ ချီဒြပ်စင် ၅ ခုကို ပေါင်းစပ်ပြီး အနှိုင်းမဲ့ စကြာဝဠာ စွမ်းအားကို အသုံးပြုလိုက်တာကြောင့် ဒါ ဟာ သိပ်တော့ အံ့သြစရာ မဟုတ်ပါ။ သူမကြာခဏလည်း သုံး နေကြ မို့ပါပဲ။

“အကိုတော် ချန် ၊ ခင်ဗျားက ကြောက်စရာပဲ။ တော်တော်လဲ ဉာဏ်များတယ်။ ကျွန်တော်တို့ ယှဉ်ပြိုင်ခဲ့တုန်းက ခင်ဗျား အားကုန် မသုံးခဲ့ဘူးပဲ”

ရှောင်ဒို က ပြောခြင်းပါ။

ဇုရွန် ရဲ့ အမူအရာကတော့ နည်းနည်း ထူးဆန်းနေတယ်။ သူအရင်က ချန်ရှန်ဟာ အတွင်းစည်း ဝင်ရုံလောက်ပဲလို့ တွေးခဲ့မိတာပါ။ ယခုတော့ ချန်ရှန် ဟာ အလားအလာ အများကြီး ကောင်းနေတယ်။ အနည်းဆုံး အဆင့် ၁၀ ကျွမ်းကျင် ပညာရှင် မှ မဟုတ်ရင် သူ့ကို နိုင်မှာမဟုတ်ဘူး ဆိုတာ သိ သွား ပါတော့တယ်။

“ဟဲဟဲ ၊ ဟို မျိုးမစစ်ကောင်တော့ သေချာပေါက် ရှုံးပြီပေါ့”

ရှောင်ဒို ရယ်မောပြောဆိုနေပါတယ်။ သူ့စိတ်ထဲ အရင်နေ့ က လောင်းကစားကို အမှတ် ရသွားပုံပါပဲ။

များစွာသော နောက်လိုက်များဟာ ပါဝင် ယှဉ်ပြိုင်ကြတယ်။ တစ်နေကုန်ကို ကြာမြင့်ပြီး မနက်အစောကြီးထဲက စတာဟာ ည မိုးချုပ်မှကို ပြီးဆုံးမှာပါ။ မနက်ခင်းမှာတော့ လေးထောင့် ကွင်းပြင်ဟာ လူများဖြင့် ပြည့်နေပြီး ဒါပေမဲ့ ယခု လူ ၃၀၀ ထက်ပင် မပိုပါ။ ချန်ရှန် အတွင်းစည်းဖြစ်ဖို့ ဘယ် လောက်ခက်ခဲလဲဆိုတာကို သိသွားတယ်။ များစွာသော နောက် လိုက်များဟာ ပထမအဆင့်မှာပင် ပြုတ်ကျန်နေခဲ့တာပါ။ 

ပထမစမ်းသပ်ချက်ကတော့ ပြီးမြောက်သွားပြီးနောက်မှာ တော့ ချန်ရှန်သေချာပေါက် အောင်မြင်မယ်လို့ အခြား ခြံဝန်းထဲ ရှိ နောက်လိုက်တပည့်များ က ခန့်မှန်းမိကြပါတယ်။ ၎င်းတို့ဟာ ဒုတိယ စစ်ဆေးမှုကို ရင်ဆိုင်ဖို့ သိပ်ပြီး ကိုယ့်ကိုကိုယ် ယုံ ကြည်ချက် မရှိလှပါ။ အရင်ပွဲမှာတွေ ကတည်းက ဒီ အဆင့်မှာ အမြဲ ကျရှုံးနေကြသောကြောင့်ပဲ ဖြစ်ပါတယ်။

“ညတောင် နက်နေပြီ ၊ ခုထိ ဒုတိယပွဲ မစသေးဘူးလား”

ချန်ရှန်တို့ဟာ သူတို့ ပထမစစ်ဆေးမှု အောင်မြင်သွားသော် လည်း မပြန်သေးပဲ စောင့်နေကြတာပါ။ 

“ဒါထုံးစံပဲ ၊ စစ်ဆေးချက် ၃ ခုလုံးကို တစ်ခုပြီးတစ်ခု တန်း လုပ်တာ။ တခါတလေ ရက်ချီတောင်ကြာတယ်။ ခင်ဗျား ကြား မှာ နားရဖို့ စိတ်မကူးလေနဲ့”

ရှောင်ဒို ပြန်ဖြေတာပါ။

လူတိုင်းဟာ လေးထောင့်ကွင်းအလယ်မှာ ရပ်နေကာ ဆေး ဆရာမကြီးအလာကို စောင့်နေကြတာပါ။ နောက်စစ်ဆေးမှု စတင်ရန် ပဲ ဖြစ်ပါတော့တယ်။

ညမိုးချုပ်လာတဲ့အချိန်မှာ လရောင်ဟာ လည်း ကွင်းထဲမှာ တောက်ပလျက် လေအေးများဟာလည်း တိုက်ခတ်နေပါတယ်။ လူတိုင်းဟာ သက်တောင့်သက်သာဖြစ်သွားပြီး အညောင်းအ ညာများပင် ပြေသွားကြသလိုပါပဲ။

ရုတ်တရက်ပဲ လူတိုင်းဟာ ပူလာပြီး မွန်းကြပ်လာသလို ခံစားလာကြရပါတယ်။ မိုးသည်းသည်းကြီးရွာချလာသော ကြောင့် သူတို့ဟာ ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်မိကြပါ တယ်။ ကြည့်တဲ့ အခါမှာလည်း ကြယ်များကိုပင်မြင်နေရပါ သေးတယ်။

ဒီလို ကောင်းကင်ကို ကြည့်နေတုန်းမှာပဲ လူတစ်ယောက် ဟာ ရုတ်တရက် ပေါ်လာပါတော့တယ်။

“ဆေးဆရာမကြီး”

၃၀၀ သော နောက်လိုက် တပည့်များဟာ အရိုအသေ ပေး လိုက်ကြပါတယ်။

ဆေးဆရာမကြီးဟာ ရှည်လျားလှတဲ့ အဖြူရောင် စကပ်ကို ဝတ် ဆင်ထားပြီး မည်းနက် ရှည်လျားလှတဲ့ ဆံပင်များလည်း ရှိ နေပါတယ်။ ချန်ရှန် စိတ်ပျက်စေတဲ့ အရာကတော့ သူမ မျက် နာကို မျက်နာဖုံး အုပ်ထားလို့ပါ ( တော်တော် မလွယ်တဲ့ ကောင် ပဲ :-P )။ မျက်နာဖုံးဟာ မျက်နာကို အပြည့်ဖုံးထားပြီး မျက်လုံး ၂ လုံးကိုသာ ဖော်ထားပါတယ်။ ဒါပေမဲ့ ထိုမျက်လုံး ၂ လုံးမှ မီးလိုအနီရောင် အခိုးများဟာ ထွက်နေသလိုပါပဲ။

“မင်းတို့ သိပ်ပြီး ယဉ်ကျေးနေစရာ မလိုပါဘူး”

ဆေးဆရာမကြီးက သူ၏ လက်ကို မြောက်လျက် ပြောပါ တယ်။

သူမ၏ အသံဟာ အေးတိအေးစက်ဖြင့် ပျင်းတွဲတွဲပုံ ပေါက် သော်လည်း ကြင်နာမှုများ ပါဝင်နေသလိုပါပဲ။ ထိုမိန်းမ ဟာ နတ်လက်နက် ကောင်းကင်ဘုံ အင်ပါယာ က ဧကရီ နဲ့ တစ်ခုခု ဆင်တူနေသလို ချန်ရှန် ထင်မိလိုက်တယ်။

ချန်ရှန် ရုတ်တရက်ပဲ ဒီမျက်နာဖုံးစွပ်ထားတဲ့ ဆေးဆရာမ ဟာ သူနဲ့ ရင်းနီးနေသလို ခံစားလိုက်မိတယ်။ ဒါပေမဲ့ သူမ ဟာ ဘယ်သူနဲ့ ဆင် တယ်ဆိုတာ အတိအကျ မပြောနိုင် ဖြစ်နေ ပါတယ်။

“သူမဟာ သေချာတာတော့ ရှန်းရှန်း ရဲ့ ဆရာ မဟုတ်ဘူး ၊ အသံက အရမ်းအေးစက်စက် ဖြစ်မနေဘူး ၊ ဒါဟာ ကွဲလွဲချက်ပဲ”

ချန်ရှန် ဒီဖြစ်နိုင်ချေကို စိတ်ထဲမှ ထုတ်လိုက်တယ်။

ဆေးဆရာမကြီးလည်း ပေစာရွက် အချို့ကို ယူကာ လျင်မြန်စွာပင် ပြီးခဲ့တဲ့ စစ်ဆေးမှုရလဒ်များကို အကဲခတ်နေပါ တယ်။ ထိုသို့ ဖတ်ပြီးနောက် အေးစက်စက်လေသံဖြင့် - 

“မဆိုးဘူး ၊ ဒီနှစ်ရတဲ့ တန်ဖိုးက တော်တော် မြင့်တာပဲ ၊ အမှတ် ၄၈၀၀ ထိရတဲ့လူတစ်ယောက်ရှိတယ်နော်”

သူမအသံဟာ တော်တော် အေးစက်စက် ဖြစ်နေကာ ခံစား ချက်မဲ့နေပုံ ပေါ်သော်လည်း သူမ အံ့သြနေတယ်ဆိုတာ သက်သေပြနေသလိုပါပဲ။ 

ချန်ရှန် ဒီလို အသံမျိုးဟာ သာမန်တော့ မဟုတ်ဘူးလို့ သေချာပေါက် ခံစားလိုက်ရတယ်။ ထူးဆန်းနေတယ်။ တမင် လုပ်ယူထားသလို အသံမျိုးဖြစ်နေလို့ပါ။ အဘယ်ကြောင့်ဆို သော် သူဟာ ဘိုင်ယုယု နဲ့ အချိန်တော်တော် ကြာနေခဲ့ဖူးတဲ့ အတွက် ပညာရှင် အေးစက်စက် မိန်းကလေးရဲ့ အသံမျိုးကို သိနေတယ်။ ဘိုင်ယုယုဟာ အေးစက်ပေမဲ့ တော်တော် သဘာဝကျကျ ဖြစ်ပေါ်တဲ့အသံပါပဲ။

“ချန်ရှန် ထွက်ခဲ့ပါ”

ဆေးပညာရှင်ဆရာမကြီး ဟာ အော်ခေါ်လိုက်တယ်။ အေး စက်စက်အသံကြီးဟာ နားထဲ ဖောက်ခွဲခံလိုက်ရသလိုပါပဲ။ လူတိုင်း၏ တစ်ကိုယ်လုံ း ကြက်သီးများပင်ထကာ နားရွက်တွေ ပင် လှုပ်ခတ်သွားသလိုပါ။ 

ချန်ရှန် မတ်တပ်ရပ်ကာ ထွက်လာပါတယ်။ မထေမဲ့မြင် လုပ် ခြင်း ၊ ခယဝယ လုပ်ခြင်း ကင်းသော အသံမျိုးဖြင့် ပြန်ဖြေ လိုက်ပါတယ်။

“နောက်လိုက်တပည့် ချန်ရှန်ပါ”

“ဟဟ ၊ မင်းရဲ့စွမ်းအားလေးနဲ့ တခြားလူတွေထက်ပိုပြီး ယုံကြည်ချက် ရှိနိုင်မှာပေါ့ ၊ မင်းက ကိစ္စတွေ တော်တော်များများ သယ်လာတယ် ကြားမိတယ်။ နောက်ပြီး မင်းအပြင်လောကမှာ တည်းက ပညတ်ချက်သဘောတရားတွေကို မလိုက်နာတတ်ဘူး ၊ မင်းလိုလူမျိုးအတွက် အပြင်စည်းမှာ အရင်နေသင့်တယ် နောက်မှ အတွင်းကို ဝင်ရမှာပေါ့။ ဒါကြောင့် အတွင်းစည်းမှာ ပြသနာကြီးကြီးမားမား ဖြစ်တာတွေကို ရှောင်ကြဉ်ဖို့ မင်းခု ဒုတိယ စစ်ဆေးမှုကို ပါဝင်ယှဉ်ပြိုင်ချင်တာ သေချာပြီလား”

ဆေးဆရာမကြီးရဲ့ စကားများက လူတိုင်းကို လန့်သွားစေ ပါတယ်။ ဒီဆရာမကြီး ချန်ရှန်ကို တမင်ကို ကန့်လန့်လုပ်နေတာ မှန်း သိမြင်သွားကြတယ်။ 

ဘယ်လိုမျိုးစိတ်ဓာတ်နဲ့ ဆရာမကြီးပါလိ့မ် ၊ သူမဟာ ဂိုဏ်း ချုပ်ပြီးရင် စွမ်းအားအကြီးဆုံးဖြစ်တာတောင် သူ့ကို ကန့်လန့် တိုက်နေသေးတယ်။ ဒါတင်မက သူမဟာ ထိပ်တန်း ဆေးပညာ ရှင်လည်း ဖြစ်နေပါတယ်။ ဒီလိုဖြစ်ရတာက ချန်ရှန်ဟာ မကြာ ခင်မှာ ပြင်းထန်သော သိုင်းပညာဂိုဏ်းတွင် များစွာနေရာယူမှာ ကြောင့်သာလျှင် ဖြစ်ပေလိ့မ်မည်။ 

“ကျွန်တော် ဒုတိယ စစ်ဆေးမှု ခံယူချင်ပါတယ်”

ချန်ရှန် နဖူးများ မြင့်တက်ပြီး မျက်နာသေဖြင့် ပြန်ဖြေလိုက် ပါတယ်။

“ကျွန်တော် က အပြင်လောကမှာ ဘာလုပ်ခဲ့လို့လဲ ၊ ကျွန်တော်ထင်တာတော့ အမှန်ကန်ဆုံး နည်းလမ်းတွေပဲ လုပ် ခဲ့ တာပါ”

“ဟဟ”

ဆေးပညာရှင်ဆရာမကြီးက အေးစက်စွာ ပြန်ပြောတယ်။

“မင်းတို့ ခု ကွင်းရဲ့ တဖက်စွန်းကိုသွားပါ။ ငါပြောတဲ့ အချိန် မှာ လမ်းလျှောက်လာခဲ့ကြ”

ဆေးဆရာမကြီးဟာ ပြောပြီးချင်းပင် ကောင်းကင်ပေါ် ပျံ သွားတယ်။ ချက်ချင်းပင် တခြားဖက်အစွန်းမှာ သွားနေပါတယ်။ သူမ၏ အမြန်နှုန်းဟာ တော်တော်ကို အံ့အားသင့်ဖွယ်ပါပဲ။

ချန်ရှန်ဟာ ခုနကပဲ ဒုတိယ စစ်ဆေးမှုဟာ ဘယ်လိုလဲ ဆို တာ သိခဲ့ပါတယ်။ ဒါကတော့ ကွင်းအစွန်းတစ်ဖက်ကနေ နောက်တစ်ဖက်ကို လမ်းလျှောက်သွားရမှာဖြစ်ပြီး လျှောက်နေ စဉ်တွင် ဖိအားတစ်ခုခု သက်ရောက်ခြင်း ခံရမှာ ဖြစ်ပါတယ်။ တစ်ဖက်သို့ ရောက်ပါက အနိုင်ရမည်ပဲ ဖြစ်ပါတော့တယ်။

ဒီကြီးမားကျယ်ဝန်းလှတဲ့ လေးထောင့်ကွင်းပြင်ကြီးဟာ ပေ ၃၀၀၀ နီးပါးလောက်ရှိပါတယ်။ လမ်းလျှောက်တာကတော့ လွယ်ပါတယ်။ စွမ်းအားသုံးပြီး လျှောက်လျှင် ပိုတောင် မြန်ပေ ဦးမည်။ 

၃၀၀ သော နောက်လိုက်တပည့်များဟာ ရင်ဘောင်တန်း ကာ တန်းစီနေကြပြီး အမိန့်ပေးတာကို စောင့်နေကြတယ်။

“ချန်ရှန် ၊ မင်းနေရာမှာပဲ မင်းရပ်နေသင့်တယ်။ မင်းက တစ်ယောက်ထဲ စမ်းသပ်ခံရမယ်”

ဒီစကားဟာ ချန်ရှန် ကို တော်တော် ဆိုးတဲ့ ခံစားချက်မျိုး ပေးစေပါတယ်။ စွမ်းအားကုန် သုံးခဲ့မိတာကိုတောင် နောင်တရ သလို ဖြစ်သွားပါတယ်။

ဒီအချိန်မှာ ချန်ရှန်တစ်ယောက် ဟိုဆရာမကြီးတော့ သူ့ကို ညစ်နေပြီဆိုတာကို သိလိုက်ပြီး မကြာခင်မှာ ခါးသီးမှုကို ခံစားရ တော့မယ်ဆိုတာ ကြိုသိနေသလိုပါပင်။ ဒီလို ကောင်လေးကို အာရုံစူးစိုက်လွန်းနေပုံအရ ဒီဆရာမကြီးဟာ ယောင်မျိုးနွယ်တို့နဲ့များ ဆက်စပ်မှု ရှိနေသလားဟုပင် သံသယ ဝင်မိနေပါတော့ တယ်။

“အကိုတော် ချန် ၊ ဂရုစိုက်ပါဗျာ ၊ ကျွန်တော် ခင်ဗျားကို အတွင်းစည်းမှာ စောင့်နေပါ့မယ်”

ရှောင်ဒို ဝမ်းပန်းတနည်း ပုံဖြင့် ပြောပါတယ်။ အဘယ်ကြောင့်ဆိုသော် နောင်နှစ်အနည်းငယ်အတွင်း ချန်ရှန်တော့ အတွင်းစည်း မဝင်နိုင်လောက်ဘူး ဟု ထင်နေသောကြောင့်ပါ။

“စ”

ဆေးဆရာမကြီး အော်လိုက်တယ်။ ပေပေါင်း ၃၀၀၀ နီးပါး ကွာဝေးသော်လည်း သူမအသံမှာ ရှင်းရှင်းလင်းလင်းကို ကြားနိုင် ပါတယ်။

ဒီအချိန်မှာပဲ ချန်ရှန်ဟာ မမြင်ရတဲ့ ဖိအားတစ်ခု ကျရောက် လာသလို ခံစားလိုက်မိတယ်။ လူများဟာ သူတို့၏ ဒူးတွေကွေးညွတ်ကာဖြင့် နေကြပါတယ်။ ၎င်းတို့ဟာ တောင် ကြီး တစ်တောင်အား ပခုံးပေါ်တင်ထားရသကဲ့သို့ ဖြစ်နေလို့ပါပဲ။

“မထမ်းနိုင်တော့ပဲ အရှုံးပေးတယ်လို့ အော်ရင် ငါ ချက်ချင်း ကွင်းအပြင်ကို ထုတ်ပေးမယ်နော်”

ဆရာမကြီးက အေးစက်စက် ပင် ပြောပါတယ်။

ချန်ရှန် စိတ်ထဲက ကျိန်ဆဲလိုက်မိတယ်။ အဘယ်ကြောင့် ဆိုသော် သူဟာ ဒီလို ဖိအားမျိုးကို ယခု တောင့်ခံနေရတယ်။ နောက် သူဟာ ပြီးရင် ထပ်ပြိုင်ရမှာလည်း ဖြစ်တယ်။ ဒါဟာဒီ ဆရာမကြီးက သူ့ကို သေချာကြည့်ချင်လို့ပဲ ဖြစ်ပါတယ်။

စပြီး မကြာခင်မှာပဲ မြေပေါ် လာကျကာ ပါးစပ်မှ သွေးများ ကျ လျက် ထွက်ခွာသွားကြရပါတော့တယ်။ 

ဒါဟာ ချန်ရှန် အတွက် ပထမဆုံးအကြိမ် အံ့သြထိတ် လန့်ဖွယ်ရာ ပညာရှင်မျိုးက ဒီလို စွမ်းအင်မျိုးအား သာမန်အနေနဲ့ သုံးခြင်းကို မြင်ဖူးတာပဲ ဖြစ်ပါတယ်။ အဆင့် ၉ အဆင့် ၁၀ ပညာရှင်များဟာ သူမ၏ မျက်လုံးထဲတွင် ပုရွတ်ဆိတ်လေးတွေ လိုပါပဲ။ 

ဒီဆေးပညာရှင် ဆရာမကြီးသာ ဆန္ဒရှိမယ် ဆိုပါက သူ့ကို လွယ်လွယ်လေး အကြည့်တစ်ချက်နဲ့တင် သတ်နိုင်ကြောင်း ချန်ရှန် ခြွင်းချက်မရှိ သိနေပါတယ်။

ဒါဟာ မော်တယ် သိုင်းလောက ရဲ့ အထွတ်အထိပ်က သိုင်းပညာရှင်၏ စွမ်းအားပဲ ဖြစ်ပါတော့တယ် . . .။ 





Chapter – 84

#အနိုင်မခံအရှုံးမပေး


ရှေ့ဆုံးမှာ ဦးဆောင်နေတာကတော့ ရှောင်ဒို ဇန်ဒီ တို့ ဖြစ်ကြ ပါတယ်။ သူတို့ တော်တော်ကို ခက်ခက်ခဲခဲ လျှောက်လှမ်းနေရပုံ ပါပဲ။ တစ်လှမ်းစီတိုင်းဟာ အရမ်းကိုလေး ကန်နေပြီး ခက်ခဲနေတယ်။ သူတို့နောက်မှာတော့ နောက်လိုက် တပည့် ၃၀၀ မှာ ၁၀၀ လောက်သာ ကျန်ပါတော့တယ်။

လေးထောင့်ကွင်းကွင်တစ်ခုလုံး သွေးတွေပြည့်နေပါပြီ။ ဒါတွေဟာ တောင့်မခံနိုင်တဲ့ လူတွေရဲ့ အန်ထွက်လာတာတွေပဲ ဖြစ်ပါတယ်။ 

နာရီဝက်ကျော်လောက် ကြာပြီးချိန်မှာတော့ ချန်ရှန် တစ် ယောက်ချွေးများ တော်တော် ထွက်နေပါပြီ။ သူဟာ မလှုပ်သော် လည်း သူ့ကျောပေါ်က အရာမှာ ပေါ့သေးသေး မဟုတ်ပါချေ။ ယခု လမ်းလျှောက်နေတဲ့ လူဟာ ၁၀ ယောက်အပြင် မပိုတော့ ပါဘူး။ 

ရှောင်ဒို နဲ့ ဇန်ဒီ ၊ လူငယ်တစ်ယောက်နဲ့ လူကြီးတစ်ယောက် သာ ရှိပါတော့တယ်။ ဒါပေမဲ့ သူတို့ ပါးစပ်မှာလည်း သွေး တွေ အပြည့်ဖြင့် ချွေးတွေဆိုတာလည်း ရေချိုးထားသလိုပါပဲ။ ဝင်ခွင့် စစ်ဆေးမှုဟာ တကယ်ကို ကြောက်စရာပါ။

ချန်ရှန်ဟာ ရှောင်ဒို ပြောခဲ့တာကို သတိရသွားတယ်။ နှစ် ပေါင်းများစွာ အကြာထဲက ဒီ အဆင့်ကို အများစု ဟာ မအောင် မြင်ကြဘူး ဆိုတာပါပဲ။ 

အချိန်အနည်းငယ် အကြာမှာတော့ ရှောင်ဒို နဲ့ ဇန်ဒီ တို့ဟာ ဆေးဆရာမကြီးရဲ့ ရှေ့ ပေ ၉၀ လောက်ကို ရောက်နေကြပါပြီ။ ခြေတလှမ်းတိုင်းကို အသက်ထွက်မတတ် လှမ်းနေရပြီး သူတို့ရဲ့ ခြေထောက်ဟာ ပေါင် တစ်ကုဋေလောက် ကို လေးနေသလိုပါပဲ 

ဇန်ဒီ တစ်ယောက် ဖိအားကို မခံနိုင်တော့ပဲ မြေပေါ် ဒူးထောက် ကျသွားပါတယ်။ သွေးများအန်ထွက်ကာနေပေမဲ့ လည်း ဒူးထောက်နေတုန်းပါ။ ဒီလိုပုံစံဖြင့် တဖြည်းဖြည်း ရှေ့တိုး သွားနေပါတယ်။ သူဟာ အပြင်စည်းမှာ နေနေရတာ တော်တော် ကြာပြီ ၊ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီးနောက် ယခု တော့ ဒီနေရာ ရောက်နေပြီ။ ခြေလှမ်းလေးနဲ့တင် သူဒီအဆင့် ကို အောင်မြင်တော့မှာပါ။ သူ လုံး၀ အရှုံး မပေးဖို့ ဆုံးဖြတ်ထား ပုံပါပဲ။

ရှောင်ဒို နဲ့ ဇန်ဒီတို့ဟာ အမြဲတမ်း ဒီစစ်ဆေးမှုမှာ ပြုတ်ကျ ခဲ့တာပါ။ ယခုတော့ လုံး၀ အရှုံးပေးလို့ မဖြစ်တော့တဲ့ ပုံဖြင့် ရေ ကုန်ရေခန်းကို ယှဉ်ပြိုင်နေကြပါတယ်။

ယန်ရှောင်ဒို ဟာ ၁၆ နှစ်သာ ဖြစ်သော်လည်း ဇန်လူကြီးမင်း ထက် ပိုမို ကြံ့ခိုင်ပါတယ်။ သူတကယ်ပဲ လျှောက်လှမ်းသွားနိုင် ပြီး ဆရာမကြီး၏ နောက်သို့ ရောက်သွားခဲ့ပါပြီ။ မြေကြီးပေါ် လဲ ကျသွားကာ အသက်ကို အပြင်းအထန် ရှူနေပါတော့တယ်။ ခပ်မြန်မြန်ပဲ ဆေးတချို့ ထုတ်သောက်ကာ ပြန်လည်ကုစားစေ ပြီး လာမဲ့ ပိုမို ခက်ခဲသော တတိယ စစ်ဆေးမှုအတွက် အား တင်းနေပါတော့တယ်။

“ဇန်လူကြီးမင်း ရေ ၊ တောင့်ထားနော်”

ရှောင်ဒို လက်သီးများဆုပ်ပြီး အော်ပြောနေတယ်။ သူဟာ ခုပဲ ဒါကို အောင်မြင်ခဲ့သောကြောင့် ဒီခံစားချက် ဘယ်လောက် ဆိုးလဲ ဆိုတာ သိနေပါတယ်။ 

“ အ . . . .”

ကျယ်လောင်လှသော အသံကြီး အော်မြည်ကာ နောက်ဆုံး မှာတော့ ဒူးထောက်ကာဖြင့် ဇန်ဒီတစ်ယောက် အောင်မြင်သွား ခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ ကျန်လူများဟာ လဲပြိုကျကာ အရှုံးပေး သွားကြပါလေတယ်။ သူတို့တော်တော် ဒဏ်ရာရကုန်လို့ပါပဲ။

လူ ၃၀၀ ဟာ ပွဲအစမှာ ယှဉ်ပြိုင်ခဲ့ပေမဲ့ ခုတော့ ၂ ယောက်သာ အောင်မြင်ခဲ့ပါတယ်။ ချန်ရှန်ကတော့ ရပ်နေတုန်း ပါပဲ။ သွေးအလိမ်းလိမ်းထွက်ကာ စိတ်ဓာတ်ဂျုံးဂျုံးကျလျက် ထွက်ခွာသွားရသော ပြိုင်ပွဲဝင်များကို သူမြင်နေရပါတယ်။

ယခု ချန်ရှန် ပဲ ပြိုင်ဖို့ ကျန်ပါတော့တယ်။ လူတိုင်းဟာ ဒီဆရာမကြီး ဘာကြောင့် ချန်ရှန် အပေါ် ညစ်နေလဲဆိုတာ နား မလည်နိုင်ကြပါဘူး။ ယခုချန်ရှန် ရင်ဆိုင်နေရတဲ့ ကိစ္စ ဟာ ကိုင် တွယ်ရန် ခက်ခဲသော်လည်း သူ့အတွက် ရွေးချယ်စရာ မရှိဘူး ဆို တာကို သိနေကြပါတယ်။

“ချန်ရှန် ၊ မင်းအလှည့်ပဲ ၊ အရှုံးပေးလို့ရတယ်နော်။ ခုနေ အရှုံးပေးရင် မင်း ဘာ အနာတရမှ ဖြစ်မှာမဟုတ်ဘူး။ ဒီလိုမှ မဟုတ်ရင် နောက်ကာလမင်း လေ့ကျင့်တဲ့အချိန်မှာ ထိခိုက် စေလိ့မ်မယ်”

အေးစက်စက်လေသံကြီးဖြင့် ပြောနေပါတယ်။ ချန်ရှန် အပေါ် ဘာလို့ ဒီလောက်မုန်းတီးနေလဲဆိုတာ မစဉ်းစားနိုင် ဖြစ် နေကြပါတယ်။ နောက်ပြီး ချန်ရှန်ဆိုတာ သူမနဲ့ ယှဉ်ရင် အညတရ ပုံရိပ်တစ်ခုပါ။ ဒီပြည်နယ်တစ်ခုလုံးရဲ့ စွမ်းအားအကြီး ဆုံးလူတစ်ယောက်က ဘာကြောင့် သူ့အပေါ် အငြိုးထားနေတာ ပါလိ့မ်။

ချန်ရှန်ကိုယ်တိုင်လည်း ဒီ အဖြေကို မသိဖြစ်နေပါတော့ တယ်။

“ကျွန်တော် ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး”

ချန်ရှန်ရဲ့ အသံဟာ တည်ငြိမ်တင်းမာလှပြီး အရပ်မျက်နာ အစုံကို ပြန့်ထွက်သွားတယ်။ ချန်ရှန်ဟာ ကြီးမားတဲ့ ဖိအားကြီး သက်ရောက်နေတာတောင်မှ ခါးမညွှတ် မတ်မတ်ပင် ရပ်နေ တုန်းပါ။ ဒီလို ခွန်အားမျိုးဟာ ရှာမှ ရှားပါပဲ။

များစွာသော နောက်လိုက်များဟာ ကွင်းထဲမှာ ရှိနေကြ တယ်။ တချို့ဟာလည်း စစ်မှန်သော သိုင်းပညာနယ်ပယ်မှပင် ဖြစ်ကာ အတွင်းစည်းတပည့်ရင်များလည်း ဖြစ်ကြပါတယ်။ ပြိုင် ပွဲ မှ ထွက်ခွာသွားရသော သူများဟာလည်း ချန်ရှန် ကို စောင့် ကြည့်နေကြပါတော့တယ်။

“ကောင်းပြီ ၊ စကြစို့”

ဆေးဆရာမကြီး လေသံတီးတိုးဖြင့် ပြောလိုက်တယ်။ 

သူမ စကားဆုံးတဲ့အခါမှာ ချီငွေ့လှိုင်းများ ကွင်းထဲ လွင့်ပျံ လာသလို လူတိုင်းခံစားမိလိုက်ကြပါတယ်။ ကြီးမားပြီး ထူထဲ ခိုင်ခံလှသော အုတ်များဟာ ပင်လယ်တစ်ခုလို မြင့်လိုက်နိမ့် လိုက် ဖြစ်နေတာကို မြင်ကြရတယ်။

ချက်ချင်းပင် တုန်ခါမှုကြီး ဖြစ်ပေါ်ကာ ဂိုဏ်းကြီးတစ်ခုလုံး ပင် လှုပ်ရမ်းနေပါတယ်။ ကွင်းထဲမှာရှိတဲ့ ထူထည်းလှသော အုတ်များဟာ ဒီ တုန်ခါမှုကြောင့် အမှုန့်ပင် ဖြစ်သွားပါတယ်။ 

နောက်ထပ် ကြည့်ရှူသူများ၏ စိတ်နှလုံးကို လှုပ်ခါသွားစေတဲ့ မြင်ကွင်းကတော့ ဒီလို အထူး ပြုလုပ်ထားတဲ့ အုတ်များဟာ မျက်စိတမှိတ်အတွင်းမှာပင် အမှုန့်ဖြစ်သွားကြလို့ပါပဲ။ ထိုအုတ် ခဲများအောက်မှာ သတ္တုလို အလွှာတစ်ထပ် ကျန်နေသေးတာကို လည်း တွေ့လိုက်ကြရတယ်။ ဒါတွေကတော့ ပိုမို ကြံံ့ခိုင်ပုံပါ။

လူကြီးတစ်ယောက်ဟာအုတ်ခဲတစ်လုံးကို ကောက်ယူကာ ကွင်းထဲ ပစ်ကြည့်လိုက်တယ်။ ချက်ချင်းပင် ထိုအုတ်ခဲဟာ အမှုန်ဖြစ်သွားပါတော့တယ်။ ဒီလိုဖိအားမျိုးဟာ ယန်ရှောင်ဒို ခု ခံခဲ့သော အားမျိုးထက် အများကြီး ပိုမို ပြင်းထန်ပါတယ်။ ဒါတင်မက အရမ်းလည်း ပူပြင်းနေပါသေးတယ်။

“မင်းငါ့နောက်ကို ရောက်ရင် ဒီ စစ်ဆေးမှု အောင်မြင်မယ်”

ဆေးဆရာမကြီးဟာ ခြေတလှမ်းတောင် မလှမ်းပါဘူး။ ဒါ ပေမဲ့ ကွင်းပြင်တစ်ခုလုံးကို မျက်စိတမှိတ်အတွင်း ချော်ရည် ပင်လယ်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်တာပါ။ 

ချန်ရှန် ချွေးများ နစ်သထက် နစ်လာပါပြီ။ ယခုကြုံတွေ့နေ ရတဲ့ ဖိအားဟာ ခုနကထက် အများကြီးပိုပြင်းထန်နေတာကို ခံစားမိနေတယ်။ 

လူတိုင်းဟာ အသက်ရှူရပ်မတတ်ဖြင့် ချန်ရှန်အား ကြည့်နေ ကြပါ တယ်။ သူ၏ ကိုယ်ဟာလည်း လောင်ကျွမ်းနေကာ ဝတ်ရုံပင် ဒီပြင်းထန်လှတဲ့ ချီငွေ့လှိုင်းဒဏ်ကို မခံနိုင်တော့ပါဘူး။ တခဏအတွင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားပါတော့တယ်။

ချန်ရှန် အတွက်တော့ သိပ်ပြီး အရေးမဟုတ်လှသေးပါ။ လူ စု ကြီးဟာ အံ့အားသင့်သွားကြတယ်။ သူဟာ ဒီလိုအပူချိန်ကို တောင့်ခံနေနိုင်ရုံမက သူ၏ ကိုယ်မှလည်း မီးတောက် အကာ အကွယ်တစ်ခုကို ထုတ်လွှတ်နေတာကြောင့်ပါပဲ။

ချန်ရှန်၏ ကျစ်လျစ်တောင့်တင်းလှသော ကြွက်သားများ ဟာ နီရဲနေပါပြီ။ အပူချိန်ဟာ တိုးလာသော်လည်း သူ၏ ကျော ဟာ အဖြောင့်အတိုင်ပါပေ။ သူ၏ မျက်လုံးများဟာ တဖက်မှာ ရပ်နေတဲ့ ဆရာမကြီးဆီသို့ တည့်တည့် စိုက်ကြည့်လျက်ပင် ရှိ ပါနေပါတယ်။

ချန်ရှန် ခြေတစ်လှမ်းလှမ်းလိုက်သောအခါ တစ်ကိုယ်လုံး တုန်ခါသွားပါတယ်။ မြေကြီးအောက်ခြေမှ အုတ်များအမှုုန်အ ဖြစ် ပြောင်းသွားပြီးနောက် ကျန်ရှိနေတဲ့ သတ္တုအလွှာဟာ အရမ်းကို ပူပြင်းနေပါတယ်။ ဒါပေမဲ့လည်း သူဟာ အနီရင့် ငှက် နတ်အတွင်းအားကျင့်စဉ်ကို ကျင့်ခဲ့ခြင်းကြောင့် ဒီလို အပူ မျိုးကို ခံနိုင်နေပါတယ်။

ချန်ရှန် လျှောက်လှမ်နေတာကို ကြည့်ရင်း လူတိုင်းလှုပ် လှုပ်ရှားရှား ဖြစ်လာကြတယ်။ ဒီလိုအခြေအနေကြီးမှာတောင် ချန်ရှန်ဟာ ခြေလှမ်းနိုင်နေပါသေးတယ်။ အတွင်းစည်းက လူ များပင် ဒီလို ကြိုးစားရဲမယ် မထင်မိပါဘူး။ နောက် ချန်ရှန်ဟာ အပြင်စည်းကသာ ဖြစ်ပြီး သိုင်းပညာမှာလည်း အဆင့် ၉ သာ ရှိ နေတာပါ။ 

ချန်ရှန် ဖြည်းဖြည်းပဲ လျှောက်နိုင်ပါတယ်။ ခြေတစ်လှမ်း လှမ်းဖို့ဟာ တော်တော်ပင် ခက်ခဲလို့ပဲ ဖြစ်ပါတယ်။ သူဟာ သူ၏ ချီဓာတ်အားလုံးနီးပါးကို သုံးစွဲနေရပြီး ဒီလို ခံနိုင်အောင် လုပ်ယူ နေရပါတယ်။ ဒါတွေဟာ အနှိုင်းမဲ့ စကြာဝဠာ ချီ ဓာတ်ပါပဲ။ ဒါတောင်မှ သူ့တွက် တော်တော် ခက်ခဲနေတုန်းပင်။

နာရီဝက်လောက် ချန်ရှန် တစ်လှမ်းချင်း လှမ်းလာနေတာကို လူတိုင်းဟာကြည့်နေကြတယ်။ တကယ်တမ်းမှာ ဒီအကွာအ ဝေးဟာ နီးနီးလေးဖြစ်သော်လည်း ချန်ရှန်အတွက်တော့ နှစ် ၁၀၀ လောက် လျှောက်နေရသလိုကို ကြာနေပါတယ်။

“ဟက်ဟက်”

ဆရာမကြီးက ခနဲ့တဲ့တဲ့ ဖြင့် လှောင်လိုက်ပါတယ်။ ချန်ရှန် ၏ ပါးစပ်မှ သွေးများ အန်လာသောကြောင့်ပါ။ ဖိအားကို ပိုမို တိုး လိုက်တာကို လူတိုင်း သတိထားမိကြတယ်။

ဒါဟာ တော်တော် ကို မမျှတပါဘူး။ ဒါပေမဲ့ ဒါကို လူတိုင်း စိတ်ထဲမှာပဲ တွေးရဲကြတာပါ။ အသံတော့ မထွက်ဝံ့ ကြပါဘူး။ ချန်ရှန် အဆုံးထိ မလျှောက်နိုင်လောက်ဘူးဟု ထင်နေကြတယ်။ ဒါပေမဲ့ ချန်ရှန်ကိုလည်း တော်တော် လေးစားပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ပန်းတိုင်နီးလာပြီဖြစ်ပြီး ခုထိကို အရှုံးမ ပေးသေးပါဘူး။ အံကြိတ်ကာဖြင့် တဖြည်းဖြည်း တိုးလာနေ တာ ပါ။ 

အချိန်တွေဟာ ကြာလွန်းနေတယ်။ ချန်ရှန်၏ ခြေတစ်လှမ်း တိုင်းဟာ ပရိသတ်များ ရင်ကို ဆွဲလှုပ်နေတယ်။ တစ်လှမ်းလှမ်း တိုင်း လဲများကျသွားမလားဟု လိုက်ကြည့်ရတာလည်း အမော ပါပင်။ သွေးများဟာလည်း ပါးစပ်အပြည့် အန်ထွက်လျက် သူ့အောက်က ကြမ်းပြင်ပေါ်ကျသောအခါ ချက်ချင်းပင် အငွေ့ပျံ တက် သွားပါလေတော့တယ်။ 

“မင်း အပြင်စည်းမှာပဲ အရင် လေ့လာလိုက်ဦးလို့ မင်းကို ငါပြောနေတယ်နော် ၊ အဲဒိမှာပဲနေပြီး ငါပြောတာ နားထောင် ၊ ငါ မင်းကို ဒီအဆင့် အောင်ခွင့်ပြုမှာမဟုတ်ဘူး”

ဆေးဆရာမကြီး အသံက ကြောက်စရာပါ။ သူမတကယ်ကို ဒေါသထွက်နေပုံရပြီး ချန်ရှန် ဒီလို သူမရှေ့ရောက်လာလိမ့်မယ်လို့ မထင်မိပါဘူး။ 

ချက်ချင်းပဲ သူမအသံ ကြားပြီးတာနဲ့ ချန်ရှန်ဟာ ဒူးထောက် ကျသွားလေတယ်။ ဆေးဆရာမကြီးဟာ ချန်ရှန်ကို ကျော်ဖြတ် ခွင့် ပေးမဲ့ပုံ မပေါ်ပါဘူး။ ဒါကြောင့်ပဲ စွမ်းအင်များကို ပိုမို တိုး မြင့်လိုက်ပါတော့တယ်။

“ကျွန် …. ကျွန်တော့်ကို ခင်ဗျား ဘာကြောင့် ဒီလိုလုပ်လဲ မသိပေမဲ့ ၊ ကျွန်တော် ခင်ဗျားကို ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး ၊ ဒီစစ်ဆေးမှုကို ကျိန်းသေအောင်ရမယ်”

ချန်ရှန် ဟာ ခပ်တိုးတိုးရယ်မောရင်း လေသံတီးတိုးဖြင့် ပြော လိုက်တာပါ။

ကွင်းပြင်တစ်ခုလုံး ဟာ တိတ်ဆိတ်နေပြီး ချန်ရှန်၏ ပြောစကားကို လူတိုင်း သဲကွဲစွာ ကြားကြပါတယ်။

ချန်ရှန်လည်း သွေးများစွာ ပန်းထွက်လာပြီးနောက် မတ်တပ် ပြန်ရပ်လိုက်တယ်။ ပရိတ်သတ်များ ဟာ အလွန်ပင် အံအားသင့်ကာ ဖြင့် ရှိနေကြပါတယ်။

“ကျွန်တော် သေသွားနိုင်မယ် ဒါပေမယ့် ခင်ဗျားကို ဘယ်တော့မှ ဦးညွှတ်မှာ မဟုတ်ဘူး”

ချန်ရှန်၏ ကျယ်လောင်စွာ အော်လိုက်သံကို ကြားလိုက်ကြ ရပါလေတော့တယ် . . .။












Chapter – 85

#သတ်သေခြင်း


ဘယ်တော့မှ အရံှုးမပေးဘူး ၊ ဒါဟာ ချန်ရှန် စိတ်ထဲ ကိုယ့်ဟာ ကိုယ် အားတင်းနေတာပါ။ ဘိုင်ယုယု နဲ့ စုမေးယို တို့ဟာလည်း ဘာမှမပြောကြပါချေ။သူတို့လဲ ချန်ရှန် ဒီလို အန္တရာယ် များလှတဲ့ အရာကို လုပ်တာ သဘောတူပုံပါပဲ။ တချိန်တည်းမှာပဲ ချန် ရှန်၏ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကိုလဲ လန့်နေကြပါတယ်။

“ဟဟ ၊ လူသားတွေ ဆိုတာ ပုရွတ်ဆိတ်လေး တွေလိုပဲ”

ဆရာမကြီး ဟာ အံကြိတ်ပြီး ပြောပါတယ်။ တော်တော် ဒေါသ ထွက်နေပုံ ရပါတယ်။ 

ချန်ရှန် ဘယ်နလှမ်းမျှပင် မလှမ်းရသေးပါ။ ထပ်မံလဲကျ ပြန်ပါတယ်။ တစ်ကိုယ်လုံးမှလည်း သွေးများ ထွက်လျက် ရှိ တယ်။ 

“ခင်ဗျားလဲ ဒီလို ပုရွတ်ဆိတ် တစ်ကောင် ဘဝကပဲ လာတာ မဟုတ်ဘူးလား ၊ တချိန်မှာ ကျွန်တော် ဆိုတဲ့ ဒီပုရွတ်ဆိတ် လေး က ခင်ဗျား နဲ့ ရင်ဆိုင်မှာပါ”

ချန်ရှန် လက်သီး ဆုပ်လျက် ပြောလိုက်တယ်။ အသံဟာ အရမ်းကို တိုးနေသော်လည်း မာနအပြည့်ဆိုတာကို လူတိုင်း နား ထောင်ရင်း ခံစားနိုင်ကြပါလိ့မ်မယ်။ 

ချန်ရှန် မတ်တပ် မရပ်နိုင်တော့ပါဘူး။ တွားသွားလျက် ဖြည်း ဖြည်း ချင်း သွားနေပါတယ်။ 

“အကိုတော် ချန် . . .”

ရှောင်ဒို ချန်ရှန် အားကြည့်နေပါတယ်။ သူ၏ မျက်လုံးများ ဟာ စိုစွတ်လျက် နေတယ်။ ချန်ရှန်၏ ခံစားချက်ကို နားလည်ကာ ဒီဒုက္ခ ဘယ်လောက်ကြီးမားတယ် ဆိုတာ သူ အသိဆုံးပါ။ ချန်ရှန် ကပင် အဆများစွာ ပိုသာပြီး ခံစားနေရမှာပါ။ ချန်ရှန် သူပုရွတ်ဆိတ် တစ်ကောင်ဖြစ်နေတာတောင် ဒီမိန်းကို ဦးမညွတ်နိုင်ပဲ ရအောင် ကျော်ဖြတ်မယ်လို့ ဆုံးဖြတ် ထား ပုံ ပါပဲ။

“အကိုတော် ချန် ၊ ခင်ဗျား လာနိုင်မှာပါ။ တောင်ထား”

ယန်ရှောင်ဒို မူလက ချန်ရှန်တော့ တောင့်မခံနိုင်လောက် ဘူး လို့ ယုံကြည်ထားတာပါ။ ဒါပမဲ့ မမျှော်လင့်စွာပဲ ချန်ရှန် ဒီနားထိ ရောက်လာခဲ့ပြီ။ ဒါကြောင့် စိတ်မထိန်းနိုင်စွာပဲ အော် ဟစ် အားပေးမိနေတယ်။

“ချန်ရှန် ၊ ငါတို့ အတူတူ အတွင်းစည်း သွားမယ်။ ငါ့လို လူ အိုကြီးတောင် ဇွဲမလျော့ခဲ့တာ မင်းလည်းအားတင်းထား ၊ အဲဒိ အပြင်စည်းမှာကို မနေနဲ့တော့”

ဇန်ဒီ မှလည်း အော်ဟစ် အားပေးနေတယ်။

“ချန်ရှန် ၊ တောင့်ထားကွ ၊ မင်းလုပ်နိုင်မှာပါ”

ကွင်းထဲမှ လူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ် အားပေးလျက်ပါ။

ချန်ရှန် ဖြည်းညင်းစွာ တွားသွားလျက် မြေကြီးပေါ် သွေးများ အန်ထွက်နေတာကို ကြည့်ရင် လူတိုင်းဟာ သနားကာ ထိတ်လန့် နေကြပါတယ်။

“ချန်ရှန် . . . ချန်ရှန် . . . ချန်ရှန်”

လေးထောင့်ကွင်းထဲမှ ရာပေါင်းများစွာသော လူများဟာ သူ၏ နာမည်ကို သံပြိုင်အားပေးကာ နေကြပါတယ်။ ညသန်းခေါင် အချိန်မှာ ဒီအသံကြီးက ဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းနေပါ တော့တယ်။

လူတိုင်းရဲ့ အော်ဟစ်အားပေးသံကြောင့် ချန်ရှန် သွေးများ ဆူပွက်လာပါတယ်။ သူ၏ အနည်းငယ် ကျန်ရှိနေသော ချီဓာတ်များကို စုပြီး ရှေ့သို့ သွားနေတယ်။ တစ်ကိုယ်လုံးလဲ အမျိုးမျိုးသော နာကျင်မှုများကြောင့် ရစရာ မရှိတော့ပါ။ သူ ၏ မလျော့သော ဇွဲ ကြောင့် ယခုထိ တွားသွားနေတုန်းပင် ဖြစ်ပါ တယ်။

ဆရာမကြီး လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ ချန်ရှန်ကို ဒီလောက် လူအများကြီး အားပေးလိမ့်မယ်လို့ သူမထင်မိ ဘူးလေ။ ဒါတင်မက သူမ ကိုရှေ့ထားလျက်ပင် အားပေးနေကြတာပါ။

“မမိုက်စမ်းပါနဲ့။ ပုရွတ်ဆိတ် က ပုရွတ်ဆိတ်ပဲ”

ဆရာမကြီး၏ အသံမှာ ရက်စက်မှုများ ပါနေသလိုပါပဲ။ ဒါပေမဲ့ ချန်ရှန် ဟာ လည်း သူ့ရှေ့ ၂ လှမ်းသာ လိုတော့တာပါ။ 

“ အ . . . .”

ချန်ရှန် စူးစူးဝါးဝါး အော်လိုက်ကာ သွေးများဟာ ရုတ်တ ရက် သူ ခြေလက်များမှ ပန်းထွက် လာပါတော့တယ်။ ဆရာ မကြီးမှ အားထပ်ထည့်လိုက်ပုံပါပဲ။

ဒါဟာ တကယ်ကို လူအများရှေ့မှာ ပုဂ္ဂိိုလ်ရေး မုန်းတီးမှုနဲ့ ဒဏ်ခတ်နေသလိုပါပဲ။ ဒါပေမဲ့ သူမဟာ ဂိုဏ်းရဲ့ အဆင့် ၂ ဖြစ်ပြီး မည်သူမျှ သူမကို မလွန်ဆန် ဝံ့ပါဘူး။

“ဒီတစ်ခါ မင်းဘယ်လို လမ်းလျှောက်မလဲ ငါကြည့်ဦးမယ်”

ဆရာမကြီး အသက်ပြင်းပြင်းရှူကာ ချန်ရှန်၏ တည်ငြိမ် အသက်မဲ့လှတဲ့ မျက်လုံးများကို ကြည့်နေပါတယ်။ ဒါပေမဲ့ သူမ အံ့သြတာက ချန်ရှန် အရှုံးမပေးသေးတာပါပဲ။

“ ဟား ဟား ဟား . . .”

ချန်ရှန် ရယ်သံကြောင့် အားလုံးဟာ အံ့အားသင့်နေကြ တယ်။ သူဟာ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ ခြေ ၂ လှမ်းပဲ လိုတော့ပြီး ဒါဟာ သူနဲ့ ဆရာမကြီးကြားက နောက်ဆုံး အချိန် ပါပဲ။

သူဟာ ဆရာမကြီးထက် များစွာနိမ့်ကျပေမဲ့လည်း ဆရာမကြီးအား ကောင်းကောင်းကို ဆန့်ကျင်နိုင်ခဲ့တယ်။

“ဒီ ဖေဖေကြီး က ခင်ဗျားကို ဘယ်တော့မှ အရှုံးမပေး ဘူး”

ချန်ရှန် ကျယ်လောင်စွာ ရယ်လိုက်ပြီး ရုတ်တရက်ပဲ ကျယ် လောင်စွာ တချက်အော်ကာ မီးတောက်များ သူ၏ နောက်ကျော မှ ထွက်လာပါတယ်။ ကြီးမားလှတဲ့ မီးတောင်ပံကြီး တစ်စုံဟာ ကျောမှ ထွက်လာပါတော့တယ်။ 

တောင်ပံများဟာ တဖြတ်ဖြတ်ရိုက်ကာ မီးလှိုင်းများအား တစ်ခုပြီးတစ်ခု ထုတ်လွှတ်နေတယ်။ ချန်ရှန် မြင့်တက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ချန်ရှန် ၏ ကိုယ်ကြီးဟာ ဆရာမကြီး အနောက်သို့ ရောက်သွားပါတော့တယ်။

ဆရာမကြီး သာ မက အားလုံးဟာ အံ့သြသွားတယ်။ 

ချန်ရှန်မှာ တကယ့်ကိုပဲ တောင်ပံ အမျိုးအစား ချီဓာတ် စွမ်း ရည် ရှိနေတာပါကလား ၊ ဒါဟာ အရမ်းကို တန်ဖိုးရှိပြီး ရှားပါးလှ တဲ့ စွမ်းရည်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီတောင်ပံတွေက ကျန် နေတဲ့ ခြေ ၂ လှမ်းစာကို ချန်ရှန်အား ကျော်ဖြတ်စေလျက် ဒုတိယ စစ်ဆေးမှုကို အောင်မြင်သွားစေပါတော့တယ်။

“ဟား ဟား ဟား ၊ ဒီ ဖေဖေ ကြီးတော့ ဒုတိယ အဆင့်ကို အောင်သွားပြီကွ။ ဟား ဟား ဟား”

ချန်ရှန် တစ်ကိုယ်လုံး အင်အားမရှိတော့သလိုပါပဲ။ မြေကြီးပေါ်လဲနေကာ ကောင်းကင်က လမင်းကြီးအား ကြည့်နေ လျက် ရှိတယ်။ ရယ်သံများဟာ လည်း ပြုလုပ်နေတုန်းပါပဲ။

လူတိုင်းဟာ ဆွံ့အနေပြီး ချန်ရှန်၏ ခပ်လှောင်လှောင် ရယ်သံကို နားထောင်နေကြတယ်။ သူတို့စိတ်ထဲတွင် စိတ်လှုပ်ရှားခြင်း ၊ အားကျမနာလိုခြင်း ၊ လေးစားခြင်းများစွာ တစ်ချိန်တည်း ဖြစ်ပေါ်လျက် . . .။

“မရယ်နေနဲ့ဦး ၊ တတိယ အဆင့် ကျန်သေးတယ်ဗျ”

ရှောင်ဒို သူ့မျက်လုံးမှ မျက်ရည်များသုတ်ကာ ဆေးလုံးတွေအား ချန်ရှန် ပါးစပ်ထဲ ထည့်ပေးနေပါတယ်။ ချန်ရှန် ဟာ အဆင့် နိမ့် ဝိဉာဉ်တော် ဆေးများ ဆိုတာ သိလိုက်တယ်။ ဒါတင်မက ချီဓာတ်ဆေးများလည်းပေးကာ သူ၏ အားအင်များကို ပြန်လည် စုစည်းစေပါတော့တယ်။ ကောင်းမွန်လှသော ဆေးများဟာ သူ၏ အတွင်းပိုင်း ဒဏ်ရာများကို လျင်မြန်စွာပင် သက်သာစေ ရင်း . . .။

“ဒါ အဖြူရောင်ကျောက်စိမ်းဆေးပဲ ၊ ယူသောက်လိုက်”

ဇုရွန် ရောက်လာကာ ကျောက်စိမ်းသေတ္တာလေးတစ်ခုကို ပစ်ပေးလိုက်တယ်။

အလယ်အလတ်အဆင့် ဝိဉာဉ်တော် အဖြူရောင် ကျောက်စိမ်းဆေးတဲ့လား ၊ ဒါဟာ အရမ်းကို တန်ဖိုးရှိလှတဲ့ အားဖြည့်ဆေး တစ်မျိုးဖြစ်ပြီး ဇုရွန် မှ တကယ်ကြီး သူ့ကို ပေးနေ တာပါ။ ချန်ရှန် နဲ့ ရှောင်ဒိုဟာ မယုံနိုင်တဲ့ အမူအရာတွေနဲ့ ကြည့်နေကြပါတယ်။

“ငါ့ကို ကျေးဇူးတင်မနေနဲ့”

ဇုရွန် က ခပ်ချေချေပဲ ပြောပါတယ်။

ရှောင်ဒို နဲ့ ဇန်ဒီတို့ သေတ္တာလေးအတွင်းက ဆေးမှုန့်များ ကို ချန်ရှန်ကိုယ်အား လိမ်းပေးကာနေပါတယ်။ ဒီဆေးမှုန်များ ဟာ ကျောက်စိမ်းလေးတွေလိုပင် အရမ်းကို ကြည်လင်ကာ လှပ ပါတယ်။

“ဆရာမကြီး ၊ သတ္တိရှိလှတဲ့ နောက်လိုက်တပည့်က ခင်ဗျားကို မေးချင်တယ်။ ဘာကြောင့် ခင်ဗျား ကျွန်တော့ကို သေ မလောက်ထိ ဆန့်ကျင်နေရတာလဲ။ ဘာရန်ငြိုးများရှိလို့ လူအများအရှေ့မှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုလို လုပ်ရတာလဲ”

ချန်ရှန် ရင်ထဲ ဒေါသ မဖြစ်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ခုနကပဲ ချန်ရှန် ဟာ ဆရာမကြီးကို ရဲတင်းစွာပဲ ဆက်ဆံခဲ့တာ ဖြစ်ပြီး တကယ်ကို အကြောက်အလန့်မရှိပုံပါ။ 

“မင်းက ငယ်ရွယ် သန်မာတယ်။ မင်းကို အပြင်ဂိုဏ်းမှာ ပို ထူးချွန်လာစေချင်လို့ပဲ”

ဆေးဆရာမကြီးဟာ တကယ်တော့ စိတ်မဆိုးပါဘူး။ ဒီအချိန်မှာ ဘာမှထပ်မပြောနိုင်တော့တာပါ။ 

“ပုဂ္ဂိုလ်ရေးအရ ဒဏ်ခတ်တာ ဟုတ်လား ၊ အဲဒိတော့ ငါ လုပ်တော့ကော ဘာဖြစ်လဲ။ ငါ့မှာ စွမ်းအားရှိတယ်။ ဒါကြောင့် ငါလုပ်ချင်တာ လုပ်နိုင်တယ်။ ဒီဂိုဏ်းတောင် င့ါကို အပစ်ပေး မှာ မဟုတ်ဘူး။ ဒီစည်းမျဉ်းတွေဆိုတာ မင်းတို့ အတွက်ပဲ ထုတ်ထားတာ”

ဆေးဆရာမကြီးက အထင်သေးဟန်ဖြင့် ပြောပါတယ်။ 

“မင်းက တရားမျှတမှုကို လိုချင်တာလား ၊ စွမ်းအားဟာ တရားမျှတမှုပဲ။ ငါလုပ်ချင်ရင် ခုမင်းကို သတ်လိုက်လို့ရတယ်။ ဘယ်သူမှ င့ါကို ပြောမှာမဟုတ်ဘူး။ ဘယ်သူမှလဲ မင်းအတွက် ကလဲ့စားချေမှာ မဟုတ်ဘူး”

“တကယ်တော့ ၊ ခင်ဗျား ပြောသလို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ တချို့အရာတွေတော့ အပြည့်အ၀ မလုပ်နိုင်ပါဘူး။ ခုလိုမျိုး ကျွန်တော် အဆင့် ၂ ကို အောင်မြင်ခဲ့သလိုပဲပေါ့ ခင်ဗျား ကျွန်တော့ကို မတား နိုင်ဘူးလေ”

ချန်ရှန် ခပ်လှောင်လှောင်ပဲ ပြောလိုက်တယ်။ 

“ဒါပေမဲ့ ၊ တနေ့ ကျရင် ခင်ဗျားဆီ ကျွန်တော်လာခဲ့မယ်။ ခုကျွန်တော့ကို ခင်ဗျား သတ်တာ ပိုကောင်းမယ်နော်”

ဇန်ဒီ နဲ့ ရှောင်ဒိုတို့ ချန်ရှန် ကို ဆေးထည့်ပေးနေကြတယ်။ သူတို့လက်များဟာ တုန်နေကြပြီး ချန်ရှန် ဒီလို ဂိုဏ်းရဲ့ နံပတ် ၂ စွမ်းအားရှင်ကို ပြန်ပြောရဲမယ် မထင်ကြပါ။ 

ဆေးဆရာမကြီး ရယ်မောနေတယ်။ ဒါပေမဲ့ သူ့ ရယ်သံ ဟာ ခပ်တောင့်တောင့်ပါပဲ။ သာမန်မဟုတ်ပဲ လူတိုင်းနည်းနည်း တော့ စိတ်ရှုပ်နေကြပါတယ်။ 

“ကောင်းပြီ ၊ ကောင်းပြီ။ ငါမင်းတိုးတက်လာတာကို စောင့်ကြည့်ချင်တယ်။ ငါကတိပေးပါတယ်။ တစ်နေ့နေ့ မင်းင့ါကို ရိုက်နိုင်တဲ့အချိန်ကျရင် မင်းကြိုက်သလို ငါ့ကို လုပ်နိုင်တယ် အပစ်ပေးနိုင်တယ်။ မင်းငါ့ကို လက်ထပ်ချင်တယ် ဆိုတောင် လုပ်နိုင်တယ်”

ဆေးဆရာမကြီး ကျယ်လောင်စွာ အော်ပြောလိုက်တယ်။ လူတိုင်းကြောင်အလျက် ရှိနေကြပီး ချန်ရှန်ပ ါတော်တော် အံ့သြ သွားပါတယ်။

“ခင်ဗျားကို လက်မထပ်ချင်သေးဘူး။ ခင်ဗျားက မျက်နာဖုံး ကြီး တပ်ထားတာကို ၊ ခင်ဗျားဟာ ရုပ်ဆိုးမကြီးလည်း ဖြစ်နိုင် တာ ပဲလေ ၊ အဲဒိကျ ကျွန်တော်ပဲ ခံရမှာ”

ရှောင်ဒို နဲ့ ဇန်ဒီ တို့ ချန်ရှန်၏ ပါးစပ်အား တော်တော် ပိတ်ထားချင်နေကြပါပြီ။ တစ်ခွန်းပြီးတစ်ခွန်း အသက်မရှင်နိုင်စေမဲ့ စကားမျိုးတွေပြောတာပါ။ ဇုရွန်လည်း အဝေးကို ထွက်သွား ပါပြီ။ ရုတ်တရက် ဆေးဆရာမကြီး တစ်ခုခုလုပ်လို့ ပေါက်ကွဲမှုဖြစ်ပါက သူ့ကိုထိမှာဆိုးလို့ပါ။

“မင်း အသက် မရှင်ချင်တော့ဘူးလား”

ဆရာမကြီး အသံ တော်တော် ကို အေးစက်နေပါတယ်။

“ကျွန်တော်သာ အသက်ရှင်ချင်ရင် ဒီမတိုင်ခင်ထဲက ပြေးနေပြီ။ ကျွန်တော့်ကို သေချာကြည့်စမ်း ၊ အသက်ရှင်ချင်တဲ့ လူမျိုးလားလို့”

ချန်ရှန် ဟာ သူ အသက်မရှင်ချင်ပုံ ပြန်ပြောလိုက်တယ်။ 

“ငါကမင်းကို မသတ်နိုင်ဘူးလို့များ ထင်နေတာလား”

ဆရာမကြီး ရှေ့တိုးလာပါတယ်။ ခရမ်းရောင်မီးတောက်များ ဟာ သူမ၏ လှပသော လက်များမှ ထွက်လာပါတယ်။

ဒီမီးတောက်ကို ကြည့်ရင်း ချန်ရှန် စုမေးယိုနဲ့ ဘိုင်ယုယု ပြော တာကို အမှတ်ရမိသွားတယ်။ ဒီလို ခရမ်းရောင် မီးတောက် ထုတ်နိုင်သူဟာ မီး ဝိဉာဉ်တော်ကို ပိုင်ဆိုင်ထားလို့ ဆိုတာပါပဲ။

“လာလေ ၊ အဲဒိတော့လဲ ခင်ဗျားလို ရုပ်ဆိုးဆိုး မိန်းမကြီးကို ကျွန်တော့လို ခပ်ချောချောကောင်လေးက လက်မထပ်ရတော့ ဘူးပေါ့။ ဒါပြီးရင် . . .”

ချန်ရှန် သူ၏ စကားပင် မဆုံးလိုက် ရှောင်ဒို က သူ၏ ပါးစပ် ကို အုပ်လိုက်သောကြောင့် ဖြစ်ပါတယ်။

ဆေးဆရာမကြီးဟာ မီးတောက်များကို သူမလက်မှာ ကိုင် ရင်း အေးစက်စွာ ပြောတယ်။

“ငါ အရင်က ဘာပြောခဲ့လဲ ၊ မင်းကို တကယ်ကို ကတိပေးတယ်လေ။ မင်းင့ါကို နိုင်တာနဲ့ ငါမင်းကို လက်ထပ်မယ်လေ”

“နောက် ငါ့ပုံစံကလည်း မင်းရဲ့ ဇနီးလောင်း ရွှီရှန်း ရှန်း နဲ့ သိပ်မကွာပါဘူးကွ”

ဆေးဆရာမကြီးလည်း ပြောပြီးတာနဲ့ ပျံသန်း ထွက်ခွာ သွားပါတော့တယ်။

ရှောင်ဒိုနဲ့ ဇန်ဒီတို့ ဆွံ့အသွားတယ်။ ဇုရွန်လည်း ချက်ချင်းပင် ပြေးလာကာ သူ၏ လက်များဖြင့် ချန်ရှန်၏ ပခုံးအား ပုတ်နေပါတယ်။

“ရှန်းရှန်း က တကယ်ပဲ မင်းသတို့သမီးလောင်းလား”

မယုံကြည်နိုင်တဲ့ အကြည့်ဖြင့် ကြည့်ကာ မေးမြန်းလိုက်ပါ တော့ တယ် . . .။









Chapter – 86

#လျို့ဝှက်ဆန်းကြယ်နယ်ပယ်


ချန်ရှန် နှုတ်ခမ်းများကွေးကာ ပြန်ပြောလိုက်တယ်။

“ခင်ဗျား ဟိုမိန်းမပြောသွားတာ မကြားဘူးလား ၊ ဒါ့ အပြင် ကျွန်တော် ခင်ဗျားကို ပြောဖူးခဲ့သားပဲ၊ သူမက ကျွန်တော့ သတို့သမီး လောင်းပါဆို”

ရွှီရှန်းရှန်း ရဲ့ ဂုဏ်သတင်းဟာ ချန်ဝူ နယ်ပယ်ကြီး တစ်ခုလုံးမှာ လျှပ်စီးလို ထင်ရှားနေပါတယ်။ အဘယ်ကြောင့်ဆိုသော် အသက် ၁၅ နှစ်ဖြင့် စစ်မှန်သော သိုင်းပ ညာနယ်ပယ်က ပညာရှင် တစ်ယောက်ဖြစ်နေလို့ပါပဲ။ 

ချန်ရှန် ဟာ ရွှီရှန်းရှန်း နဲ့ ယှဉ်လိုက်ရင် နောက်ကောက် ကျနေစဲ ဆိုတာ အထင်အရှားပါပင်။ 

“မျိုးမစ်လေး ၊ မိန်းမကောင်းကို ရထားတာပဲ။ သူမက မင်းလိုလူကို ဘာလို့များ လက်ထပ်ချင်ပါလိမ့်ကွာ”

ဇုရွန် မနာလိုမှုနဲ့ကြည့်နေကာ ချန်ရှန်၏ ပခုံးကို လှုပ် ပြီး ပြောပါတယ်။ မသိရင် ချန်ရှန် ကို ရိုက်မလိုပါပဲ။

ချန်ရှန် ၏ ဒဏ်ရာများဟာ ယခု ပိုမို သက်သာလာပါပြီ။ ဆေးဆရာမကြီး သွားတဲ့အခါ လူတိုင်းချန်ရှန်နား လာကာ အားပေးစကားများ ပြောကြတယ်။ အားလုံးသော မျက်လုံး များမှာ လေးစားမှုများဖြင့် ပြည့်နေပြီး ကောင်းရာကောင်း ကြောင်းတွေသာ အကြံပေးပြောဆို ကြပါတော့တယ်။

ရှောင်ဒို ၊ ဇန်ဒီ နှင့် ချန်ရှန် တို့ ၃ ယောက်သာ တတိယ အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတာပါ။ အသက်ကွာခြား ချက် များစွာ ရှိကြသော်လည်း ၎င်းတို့ဟာ သူငယ်ချင်း ကောင်းများ ဖြစ်ကြတယ်။ ဒါကြောင့် သူတို့ဟာ သူတို့ အချင်းချင်းအား မတိုက်ခိုက်ခိုင်းရန်သာ မျှော်လင့်ကြပါ တယ်။ ဒီလိုမှမဟုတ် ရင် သူတို့အတွက် တော်တော် ခက် ခဲမှာပါပဲ။

ဒီအချိန်မှာ ချန်ရှန် သူ၏ အသက်ရှူပုံကို ထိန်းချုပ်ပြီး နာရီဝက်ခန့် နားနေရပါတယ်။ ထို့နောက် ထိုဆေးဆရာမ ကြီးဟာ မည်သူဖြစ်မည်နည်းဟု စဉ်းစားမိနေပါတော့ တယ်။

“အမတော်တို့ ၊ သဲလွန် စလေးဘာလေးများ မရနိုင် ဘူး လား”

ချန်ရှန် မေးလိုက်တယ်။ 

“မရဘူး ၊ ဒါပေမဲ့ ဒီမိန်းမကို မင်းသိစရာ မလိုပါဘူး။ ဒီမိန်းမရဲ့ နှလုံးသားကို နားလည်ဖို့ ကြိုးစားရတာ တော်တော် ခက်တယ်။ မင်းရဲ့ စိတ်ကြီးဝင်မှု ယုံကြည် ချက် ရှိမှုတွေဟာ သူမကို တမျိုးတဖုံ မကျေနပ်စေတာဖြစ်ပြီး မင်းကို မုန်းနေတာပဲ။ ဒီလိုကနေ အခုလိုတွေ ဖြစ် လာတာဖြစ်ပြီး မင်းကိုအပြင်စည်းမှာ နေစေချင်လို့များလားပဲ”

စုမေးယို က ပြန်ဖြေပါတယ်။

“ဒီ မိန်းမရ ဲ့ အားက မဆိုးလှပါဘူး။ သူ့မှာ မီး ဝိဉာဉ် တော်လည်း ရှိနေတယ်။ ငါထင်တာ မမှားရင် ဒါဟာ ခရမ်းရောင် လ မီးဝိဉာဉ်တော် ဖြစ်မှာပဲ”

ဘိုင်ယုယု က ပြောတာပါ။ 

“ဟုတ်တယ်။ ဒါဟာ ခရမ်းရောင် လ မီးဝိဉာဉ်တော် ပဲ။ ဒဏ္ဍာရီ အရ လဟာ ရုတ်တရက် ခရမ်ရောင် ဖြစ် သွား ပြီး အငွေ့တွေဟာ မော်တယ် လောက ကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ မြေပြင်တစ်ခုလုံးဟာ ခရမ်းရောင် မီး တောက်တွေ လွှမ်မိုးသွားပြီးနေတာဟာ နှစ်ပေါင်း ၄၉၀၀၀၀ ကို ကြာတယ်။ ဒီမီးတောက်တွေ ငြိမ်းသွားတဲ့ အခါမှာတော့ အသက်တွေ ၊ ပန်းတွေ ၊ မြက်တွေ နဲ့ သစ် ပင်တွေဟာ အမျိုးမျိုး စတင်ပေါ်ပေါက်လာတာပဲ။ အဲဒိ အချိန်မှာ မီး ဆိုတာ ပေါ်လာပြီး အဲဒိမီးဟာ ခရမ်းရောင် လ ဝိဉာဉ်တော် မီးတောက် လို့ ခေါ်တယ်။ ဒါပေမဲ့ ဒါက ဒဏ္ဍာရီလေ ၊ ဒီမိန်းမက ဒီ ခရမ်းရောင် လ ကမ္ဘာက လာ တာလား။”

စုမေးယို ပြောတာပါ။ 

ချန်ရှန် ဒီ မီးဝိဉာဉ်တော် တစ်ခုက ဒီလိုမျိုး သမိုင်းကြောင်း တကယ် ကို ရှိမယ်လို့ မထင်မိဘူး။ ဒီ ညီအမ ၂ ယောက်ဟာ ကမ္ဘာပေါင်း များစွာကို သွားလာဖူးမယ်လို့ ထင်မှတ်နေပါတယ်။ 

“ကျွန်တော်လည်း မသိဘူး။ ကျွန်တော် သူ့ကို လက်ထပ်နိုင်မဲ့ အချိန်ကို စောင့်ပါဦး။ ပြီးရင်တော့ သူမ အကြောင်း ကျွန်တော် သေချာ ပြောပြနိုင်မှာပါ”

ချန်ရှန် စပ်ဖြဲဖြဲ ဖြင့် ပြောပါတယ်။

“ငါတို့ ဘယ်လောက် စောင့်ရဦးမလဲ ဆိုတာတော့ ဘုရားပဲ သိလိမ့်မယ်။ ဒီမိန်းမက နိဗ္ဗာန် နယ်ပယ် က ဖြစ်နိုင်တယ်။ ဒီနယ်ပယ်ဟာ ဒီမော်တယ်လောက မှာ သက်တမ်း အရင့်ဆုံး ဖြစ်တည် တည်ရှိနေတဲ့ နေရာပဲ”

စုမေးယို ပြောတာပါ။

ဒဏ်ရာများကို ကုစားပြီးနောက် ချန်ရှန်ဟာ သူ၏ ကိုယ် တော်တော်ကြီးကို အားပြည့်လာတာကို အံ့သြစွာ ခံ စားမိနေပါတယ်။ ဒါဟာ ချီဓာတ်များ တိုးမြင့်လာတယ် ဆိုတာ အထင်အရှားပါပဲ။ 

တခဏတွင်းမှာပဲ ချန်ရှန် အားတွေ တိုးတက်လာတာ တော်တော် ကောင်းလာသလိုပါ။ ချန်ရှန် ကိုယ်တိုင်ပင် အံသြမိနေတယ်။ နောက်ပြီး ဆေးဆရာမကြီးဟာ သူ့ကို တကယ်ပဲ မလိုတမာ စိတ်မရှိဘူးလားဆိုတာ သံသယ ဝင်လာပါတယ်။ သူ့ကို ပိုမို အရည်အသွေး ကောင်းလာစေရန် ဒီလိုတွေ စမ်းသပ်ခဲ့လေသလားဟု ထင်နေမိတယ်။ ဒါပေမဲ့လည်း သူမလုပ်ခဲ့ခြင်းမှာ တော်တော် တော့ ပြင်း ထန် ရက်စက်ပါပေတယ်။

“အတွင်းစည်း ကို ဝင်ပြီး ဆေးပညာခြံဝန်းထဲ လာဝန်ခံ ခိုင်းမှာကို စောင့်နေပါ။”

ချန်ရှန် ဆုံးဖြတ်လိုက်တယ်။ သူ ဒီမိန်းမ အကြောင်း ကို သိပ်သိချင်နေပါပြီ။ ဒီလို သူမနဲ့ ဆုံဖို့က ဆေးပညာခြံ ဝန်းထဲ သွားမှသာ ဖြစ်ပါလိမ့်မယ်။ သူမက ဒီခြံဝန်းရဲ့ ခေါင်း ဆောင် ဖြစ်နေလို့ပါ။

ချန်ရှန် ၊ ရှောင်ဒို နဲ့ ဇန်ဒီ တို့ဟာ ဇုရွန် ရဲ့ ဦးဆောင်မှု နဲ့ ဂိုဏ်းရဲ့ အတွင်းဘက် အကျဆုံးအ ပိုင်းကို လိုက်သွား ကြပါတယ်။ ချန်ရှန်နဲ့ တခြားလူများဟာ အရွယ်အစား အမျိုးမျိုး ရှိနေတဲ့ ခြံဝန်းများကို မြင်နေရတယ်။

“အမှတ် ၉၉ ခြံဝန်းတဲ့ ၊ ခု ကျွန်တော်တို့ သွားရမဲ့နေရာက ဘယ်မှာလဲ”

ရှောင် ဒို တံဆိပ်ခတ်ထားသည့် ခြံဝန်းအမှတ်များကို ကြည့်ရင်း မေးပါတယ်။

“ သက်ကြီဝါကြီးတွေ ရဲ့ ခြံဝန်းကို သွားရမှာ င့ါရဲ့ တတိယ စစ်ဆေးမှုလုပ်တုန်းက ငါသွားဘူးတယ်”

ဇုရွန် ဟာ သူ၏ ဗိုက်ကို ပွတ်ပြီးပြောတယ်။ 

“ဒီတတိယအဆင့်က ဒုတိယလောက် မပြင်းထန်ပါဘူး ၊ ခက်တော့ ခက်ခဲတာပဲ။ ဒါပေမဲ့ မင်းတို့ဒါကို ကျော်ရင် အကျိုးကျေးဇူး အများကြီး ရမှာပါ”

သက်ကြီးဝါကြီးတွေ နေတဲ့ ခြံဝန်းကို သွားနေခြင်းဖြစ်တာကြောင့် သူတို့ တော်တော် အံ့သြသွားတယ်။ ဒီ လို နေရာတွေ ရောက်ရခြင်းဟာ ချန်ရှန်တို့အတွက် တကယ်ကို အနေကျုံ့ကာ ဖိအားများ ခံစားနေရသလိုပါပဲ။ ချန်ရှန် ကတော့ ပိုမို စိုးရိမ်နေတယ်။ သူဟာ ဆေးဆရာမကြီးကို ကလန်ကဆန် လုပ်ထားတာကြောင့် ဒီသက်ကြီးခြံဝန်းတစ် ခုလုံးဟာ သူ့ကို သိပ်မကြည်နိုင်ပါဘူး။ ဂိုဏ်းမှာ ကြာကြာ မနေရတော့မှာကိုတောင် ကြောက်နေပါတော့တယ်။

“ဂိုဏ်းချုပ်က အလုံပိတ်တံခါးထဲမှာ လေ့ကျင့်နေတာ နှစ်ပေါင်းအတော်ကြာပြီ။ ဒီကကိစ္စ အားလုံးကို စီစဉ်ကွပ်ကဲတာက ဆရာကြီး ဝု ပဲ ဖြစ်တယ်။ ဆေးဆရာမကြီးကတော့ အမြဲပျောက်နေတာ ၊ တစ်ခါတလေ သင်ခန်းစာလေး ဘာလေးတောင် သင်ပေးဖို့ ပေါ်မလာဘူး။”

ဇုရွန် က ပြောတာပါ။ 

“ဆရာကြီး ဝု က ဒီ တတိယစစ်ဆေးမှုကို လုပ်လိ့မ်မယ်”

ဆရာကြီး ဝု ဟာ ဒီဂိုဏ်းရဲ့ နံပါတ် ၃ နေရာမှ ခေါင်းဆောင်ပါ။ သူဟာ အရမ်းဖော်ရွေပြီး သဘောကောင်းတယ်။ သူ့ရဲ့ ပညာစွမ်းရည်ဟာ အရမ်းကို မြင့်မားနေပေမဲ့လည်း မာနထောင်လွှားခြင်း မရှိပေဘူး။ သူ့လိုမျိုး သဘောကောင်းတဲ့ လူတွေ ရှိနေလို့လဲ ချန်ရှန် တို့အဖို့ အနည်းငယ် အသက်ရှူချောင်ခြင်းပါ။ ဒါပေမဲ့ ဟိုထူး ဆန်းတဲ့ မိန်းမ ဖြစ်တဲ့ ဆေးဆရာမကြီးလို လူကိုတော့ ရင်မဆိုင်ချင်ကြပါဘူး။

“ဒါက သက်ကြီးဝါကြီးတွေ ရဲ့ ခြံဝန်းလား ၊ နည်းနည်းတော့ ကွာခြားသလိုပဲ”

ရှောင်ဒို ဟာ ဒီဂိုဏ်းကြီးထဲမှာ ဒီလို နတ်ဘုံနတ်နန်း တစ်ခု ရှိနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ အဆောက်အဦး တစ်ခုမျှမရှိပဲ ရေကန်များ တောင်များသာ ရှိနေကာ ကြီး မားလှတဲ့ ကွင်းကြီးတစ်ခုထဲ တည်ရှိနေတာပါပဲ။ ယခုဟာ ည အချိန်ဖြစ်သော်လည်း တောက်ပသော လမင်းကြီး နဲ့ ကြယ်များစွာဟာ ထိုနေရာမှာ လင်းလက်နေပါတယ်။ တကယ်ကို လှပလှတဲ့ မြင်ကွင်းပါပဲ။

“ဒီလို မြင်ကွင်းမျိုး ကျွန်တော် အပြင်မှာ မမြင်ဖူးဘူး။ ဒါတင်မကဘူး အပြင်က ရှီမန် မြို့ထက်တောင် ပိုကျယ်နေ သလိုပဲ”

ချန်ရှန် မရှင်းမလင်း ဖြစ်နေပုံပဲ။ 

“ဟားဟားဟား ၊ ဒါက လျို့ဝှက်ဆန်းကြယ် နယ်ပယ်လေ ၊ နီးကပ်စွာ တည်ရှိနေမှသာ မင်းက ဒါကို မြင် နိုင်မယ်။ ဒီနေရာနဲ့ ဝေးသွားရင် ဒီ လျို့ဝှက်ဆန်းကြယ် စွမ်းအားဟာလည်း ပျောက်ကွယ်သွားလိမ့်မယ်။”

ကတုံးပြောင်နေပြီး မုတ်ဆိတ်မွှေး အဖြူရောင် အရှည် ကြီးရှိတဲ့ လူကြီးတစ်ယောက်ဟာ ချန်ရှန်တို့ နောက်မှ ထွက်လာတယ်။ 

ချန်ရှန်တို့လည်း အမြန်ပင် လှည့်ကြည့်လိုက်တဲ့ အခါ သူတို့ ရှေ့မှ လူကြီးဟာ ပြုံးလျက် ကြည့်နေတယ်။ ခပ်မှေမှေး မျက်လုံးများ အဖြူရောင် မျက်ခုံးမွှေးများက ရင်း နီး ဖော်ရွေပုံ ပေါ်နေပါတယ်။

လျို့ဝှက်ဆန်းကြယ် နယ်ပယ် ဆိုတာ ဘယ်နေရာကို မှ မမှီခိုထားတဲ့ နေရာလေး တစ်ခုပါ။ ကမ္ဘာငယ်လေး တစ် ခုနဲ့ပင် တူနေပါတယ်။ ဒီနေရာလေးကို အပြင်မှ မြင်နိုင်မှာ မဟုတ်ပဲ ၎င်းရဲ့ ဝင်ပေါက်ကို ဖြတ်သွားမှသာလျှင် ဒီနေရာ အား မြင်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုတောင် လျို့ဝှက် ဆန်းကြယ်တဲ့ နေရာပေတကား။ 

ချန်ရှန် နဲ့ တခြားလူများဟာ ဒီလျို့ဝှက်ဆန်းကြယ် နယ်ပယ် ရဲ့ ဒဏ္ဍာရီ ကို ကြားဖူးကြတယ်။ ဒါပေမဲ့ ဒီ ဂိုဏ်းထဲမှာ ရှိနေမယ်လို့ မထင်ခဲ့ကြပါ။ ဒါတင်မက သက် ကြီးဝါကြီးများ၏ ခြံဝန်းထဲမှာ ရှိနေတာပါပဲ။

“ဆရာကြီး ဝု”

ချန်ရှန် တို့ သံပြိုင်အော်ပြီး နောက် ဂါရ၀ ပြုလိုက်ကြ ပါတယ်။

ဆရာကြီး ဝု ရဲ့ နာမည်ကတော့ ဝုကိုင်မင် ဖြစ်ပြီး သူဟာ ဒီဂိုဏ်းရဲ့ လုံခြုံရေးကိစ္စများအတွက် တာဝန်ရှိသူပါ။ သူဟာလည်း တကယ်ကို ဆရာကြီးပါ။ သူ၏ ပညာသင်ကို တစ်ခါ သွားကယ်တုန်းက မိစ္ဆာဂိုဏ်းထဲကို တစ်ယောက်ထဲ ဝင်သွားကာ သွားကယ်ခဲ့ပါသေးတယ်။ 

“အရမ်းကြီး ဂါရ၀ လုပ်ဖို့ မလိုပါဘူး။”

ဝုကိုင်မင် က ပြုံးကာ ပြောပါတယ်။

“မင်းက ချန်ရှန် လား ၊ ခုနက ဆေးဆရာမက တတိယ စစ်ဆေးမှုမှာ မင်းအတွက် ခက်ပေးဖို့ လာပြောသွားတယ်။ ဒါပေမဲ့ ငါငြင်းလိုက်တယ်။ တပည့်တွေက ဂိုဏ်းကို မုန်း တီးမှာကို မလိုလားဘူး။ မင်းက သူမကို ဒေါသထွက်အောင် သွားလုပ်တာပဲ။ ကံကောင်းတာက သူမဟာ သိပ်ဆိုးလှတဲ့ လူတော့ မဟုတ်ဘူး။ သူမက မင်း ကို သတ်လိုက်လို့ရတယ်။ ငါတို့ လူကြီးတွေကလည်း နည်းနည်းပါးပါးပဲ ပြောနိုင်မှာ”

ဒီလို ကြားတဲ့ အခါ မှာ ကျန်လူများဟာ ချွေးတွေ ပြန်ကုန် ပါတယ်။ 

ချန်ရှန်က အပြုံး နဲ့ ပြောလိုက်တယ်။

“ကြည့်ရတာ ကျွန်တော် တော့ တကယ်ကို ကံကောင်းနေပြီ ၊ အခု သူမက ထပ်ပြီးတော့ ကျွန်တော့ ကို ဆန့်ကျင်မှု တွေ မလုပ်တော့ဘူးထင်တာပဲ”

“ပြောဖို့တော့ ခက်တယ်။ ဒီမိန်းမက နည်းနည်း ထူးဆန်းတယ် ၊ ဒါကြောင့် မင်း သူမုန်းတာ မခံမိစေနဲ့ ၊ ဒီ လို မှ မဟုတ်ရင် သူမ နှိပ်စက်တာ ခံရပြီး မင်းသေလိ့်မ်မယ်”

ဆရာကြီး ဝု က ရယ်မော ပြောဆိုပါတယ်။ ဒီလို ရှား ပါးပြီး တန်ဖိုးရှိလှတဲ့ မျိုးစေ့ လေး ချန်ရှန် ကို တော်တော် စိတ်ဝင်စားနေပုံပါ။ အရင်က ဆေးဆရာမကြီးဟာ ဒီလောက် ခက်ခဲမှုမျိုး မလုပ်ခဲ့ပါဘူး။ ဒါတောင် အကျရှုံးများ နေဆဲပါ။ ယခု ဆရာမကြီးမှ ဒီလို ခက်ခဲမှုများ ကို ပြုလုပ်တာတောင် သူဟာ ကျော်ဖြတ်နိုင်ခဲ့တယ် လေ။

“စကားတွေ မများတော့ဘူး။ ငါ တတိယ စစ်ဆေးမှု အကြောင်း စမပြောရသေးဘူး။ လျို့ဝှက်ဆန်းကြယ် နယ် ပယ်က တချို့ အပိုင်းတွေက သားရဲမိစ္ဆာ အချို့ကို အမဲ လိုက် သတ်ဖြတ်မဲ့ မစ်ရှင် ကို လုပ်ရမှာ ဖြစ်တယ်။ ၃ ရက် အတွင်း တစ်ယောက်ဆီဟာ အဆင့် ၁၀ ရှိတဲ့ သား ရဲမိစ္ဆာ ၃ ကောင်ကို ဖမ်းမိရမယ်။ အထဲမှာ ဒီလိုကောင်တွေ အများကြီးရှိတယ်။ ဒီကောင်တွေရဲ့ စွမ်းအားကလည်း ငါ တို့နဲ့တောင် ယှဉ်နိုင်ပေတယ်။ မင်းတို့ ခု ငါပြောတာကို အောင်မြင်တာနဲ့ ဒီ တတိယ အဆင့်ကို အောင်မြင်ပြီ”

အဘိုးကြီးဟာ လေးနက်စွာ ပြောလိုက်ပါလေ တော့ တယ် . . .။






















Chapter – 87

#သက်ကြီးခြံဝန်း


ချန်ရှန် နဲ့ တခြားလူများဟာ ဒီလျို့ဝှက်ဆန်းကြယ်နယ်ပယ် အကြောင်း သိပ်တော့မသိလှပါဘူး။ အရမ်းကို လျို့ဝှက် ဆန်းကျယ် တယ် ဆိုတာလောက်ပဲ သိကြတာပါ။ ဒါတင်မက များစွာသော ကောင်းကင်ဘုံ ရတနာ များ ရှိနေရုံမက သားရဲမိစ္ဆာများလည်း တည်ရှိနေပါသေးတယ်။ သိုင်းပညာ ရှင်များအဖို့ ဘဏ္ဍာတိုက်ကြီး ဖြစ်သော်လည်း အန္တရာယ် တော့ များလှပါတယ်။

ဆရာကြီးဝု ဟာ သူတို့ သိပ်မရှင်းမရှင်း ဖြစ်နေတာကို သဘောပေါက်သောကြောင့် ချက်ချင်းပင် -

“ဒီသက်ကြီးဝါကြီးတို့ရဲ့ ခြံဝန်းကို လျို့ဝှက်ဆန်းကြယ် နယ်ပယ်ထဲကို ရွှေ့ထားတာပဲ။ ငါတို့ဟာ ဒီနယ်ပယ်ရဲ့ အချက်အလက်အားလုံးကို သိတယ်။ ငါတို့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတာဖြစ်တဲ့အတွက် သိပ်ပြီး အစွမ်းကြီးလှတဲ့ ကောင်တွေနဲ့ ဆုံမှာကို မပူပါနဲ့။ အဆင့် အမြင့်ဆုံး က ၁၀ ပါပဲ”

ဇုရွန် က မေးလိုက်တယ်။

“ဒီမှာရှိတဲ့ ရတနာတွေကိုကော ဆရာကြီး ယူပြီးပြီလား။ ဒီလူသုံးယောက် ကျန်တဲ့ ရတနာတွေကို ကောက်နေဦးမယ်။ ဆရာကြီးကို ပြန်ပေးမှာ မဟုတ်ဘူး။ ကျွန် တော့တုန်းက ကျ ဒီလိုမဟုတ်ပါလား”

ဆရာကြီးက လှောင်ပြီးပြောတယ်။

“ဖက်တီးလေး ၊ မင်းနဲ့ မင်းမျိုးနွယ်ဟာ အတူတူပဲ။သူ တို့ လာပြီး တန်ဖိုးကြီးတာတွေ ယူ ရင် ငါတို့ကို ပြန်ပေးစရာ မလိုဘူး။ ဒါပေမဲ့ ငါတို့သိဖို့တော့ အကြောင်းကြားရ မယ်။”

တတိယ အဆင့်မှာ ၎င်းတို့ဟာ အဆင့် ၁၀ ရှိတဲ့ သား ရဲ မိစ္ဆာ သုံးကောင်ဆီ ကို အမဲလိုက် သတ်ဖြတ်ရမှာ ဖြစ်ပါ တယ်။ ဒီစစ်ဆေးမှုဟာ လူတစ်ယောက်ရဲ့ ခွန်အားကို စမ်း သပ် တာ ဖြစ်ပြီး ချန်ရှန် စိတ်တော်တော် ပါလျက် ရှိပါ တယ်။

“ရှေ့မှာ လမ်းသုံးလမ်း ရှိတယ်။ အသီးသီး မှာ ၃ ကောင်ထက် ပိုတဲ့ အကောင်တွေ ရှိကြတယ်။ ဒါကတော့ ထူးဆန်းတဲ့ သားရေပတ်အိတ်ပဲ။ အများကြီး ထည့်လို့ဆန့် တယ်။ မင်းတို့ ဒီကောင်တွေ ရဲ့ အလောင်းတွေကို ပြန်ယူ လာဖို့ လိုအပ်တယ်။ မင်းတို့ သတိရရမှာ က မင်းတို့ဒီ အကောင်တွေကို မထည့်နိုင်ဘူး ၊ ငါတို့က ဒီအကြောင်းသိ မယ်ဆိုရင် မင်းဒီအကောင်တွေကို သတ်ပြီးတဲ့အခါ အိတ် ထဲ ထည့်ပေးမယ်။ ဒါပေမဲ့ မင်းက အကောင်ရဲ့ တဝက် ကိုပဲ ဆုအဖြစ် ရပိုင်ခွင့် ရှိမယ်”

ဆရာကြီး ဝု က အမည်းရောင် သားရေ ခါးပတ် အိတ် လေး ၃ ခုကို ထုတ်ကာ သူတို့ အား ပေးလိုက်ပါတယ်။

ချန်ရှန် တို့ လည်း ခါးပတ်ကို ယူကာ တစ်ယောက်နဲ့ တစ်ယောက် အားပေးစကားများ ပြောကြတယ်။ ထို့ နောက်မှာတော့ လျို့ဝှက်ဆန်းကြယ် နယ်ပယ်၏ အတွင်းပိုင်းသို့ စတင် သွားပါလေတော့တယ်။

“ဆရာကြီး ဝု ၊ သက်ကြီးဝါကြီးခြံဝန်းက ဘယ်နားမှာ လဲ”

ဇုရွန် တစ်ယောက် ချန်ရှန် တို့ ထွက်သွားပြီးနောက် လှည့်ပတ်ကြည့်ရာမှာ အဆောက်အဦး တစ်ခုမှ မမြင်တဲ့ အတွက် မေးလိုက်တာ ဖြစ်ပါတယ်။

“လျို့ဝှက်ချက်ပဲ ၊ ဒါကအထဲမှာ ဒါပေမဲ့ မင်းကို ပြော ပါ့မယ်။ ဆေးဆရာမကြီးက လည်း သူမရဲ့ ဆေးပညာခြံ ဝန်း ထဲကို ရွှေ့သွားပြီ။ မင်းအထဲ ဝင်သွားတာနဲ့ အကြာ ကြီး နေရမှာပဲ”

ဆရာကြီး ဝု က လျို့ဝှက်စွာ ပြုံးပြီး ပြောပါတယ်။

သိုင်းပညာဂိုဏ်းရဲ့ သက်ကြီးဝါကြီးတို့ ခြံဝန်းဟာ လျို့ ဝှက်ဆန်းကြယ်လှပါတယ်။ အသက်ကြီးကြီး လူကြီးတွေ ဘယ်လောက်များများ ရှိတယ်ဆိုတာကို ဘယ်သူမှ မသိ ကြပါ။ ၎င်းတို့ ရဲ့ စွမ်းအား အတိအကျကိုလည်းမသိနိုင်ပဲ လူတချို့ဟာ လည်း ဒီသက်ကြီးဝါကြီး တစ်ချို့ကို ပဲ သိကြ တာပါ။

“တစ်ခါတရံ လူတစ်ယောက်ဟာ ဒီ သက်ကြီးဝါကြီး ခြံ ဝန်းကို ဝင်ရောက်နိုင်ရန် အရမ်းကို စွမ်းအားကြီးနေဖို့ မလို အပ်ပါဘူး။ နောက်ပြီး မင်းအဆင့် တစ်ခု ရောက်တာနဲ့ မင်းသိလာလိမ့်မယ်။ သက်ကြီးဝါကြီး အဆင့် ကို ရောက် ဖို့အတွက် စစ်ဆေးမှုတွေ လုပ်ကြတယ်။ ဒါကို မင်းအောင် မြင်မယ်ဆိုရင် မင်းလည်း အကြီးတစ်ယောက် ဖြစ်လာမှာပဲ ဖြစ်တယ်”

ဆရာကြီးဝု ဇုရွန် ၏ ပခုံးကို ပုတ်ကာ သူ့ကို ခေါ် သွား ပါလေတော့တယ်။

ချန်ရှန် လမ်းပေါ် လျှောက်နေပါတယ်။ လှပလှသည့် ကြယ်များကို ကြည့်ရင်း လေကို တဝကြီး ရှူရှိုက်နေမိ တယ်။ ဝိဉာဉ်တော် ချီဓာတ်များ ပေါများလှတာကို တွေ့ရ ပါတယ်။

“ဒီဂိုဏ်းမှာ ဒီလို လျို့ဝှက်ဆန်းကြယ်နေရာတစ်ခု ရှိ လိမ့်မယ် လို့ မထင်မိဘူး။ သူတို့ဟာ စွန့်စွန့်စားစား နဲ့ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ကို ပြုလုပ်ခဲ့တာဖြစ်ပြီး ၎င်းတို့ ရဲ့ ဒီ လျို့ဝှက်ချက်ကို ကြေညာဖို့ ပြင်ဆင်နေပုံပဲ။ ဒါဟာ ဒီဂိုဏ်းရဲ့ အဟုန်ကို ဖန်တီးပေးမှာပဲ”

စုမေးယို က ပြောတာပါ။ 

“အမတော် မေးယို ၊ တခြားဒီလို လျို့ဝှက်ဆန်းကြယ် နယ်ပယ် ကို မြင်ဖူးလား”

ချန်ရှန် မေးလိုက်တယ်။

“ဒါပေါ့ ၊ ဒါပေမဲ့ ဒီလောက်တော့ မလှဘူး။ အရမ်းကို အန္တရာယ်လဲများတယ်။ ဒါပေမဲ့ အထဲမှာ ကောင်းကင် ဘုံ ရတနာတွေ ရှိနေတယ်။”

စုမေးယို က ပြန်ပြောပါတယ်။

ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ ချန်ဝူ နယ်ပယ် ရဲ့ ထိပ်ဆုံးမှာ ရှိနေတာဖြစ်ပြီး ဒီလို လျို့ဝှက်ဆန်းကြယ် နယ် ပယ်လဲ ရှိနေပါသေးတယ်။ 

အိုဟောင်းလှတဲ့ ခြံဝန်းတစ်ခုထဲက စံအိမ်ကြီး ထဲမှာ တော့ ဖောက်ထွင်းမြင်နိုင်သော သလင်းကျောက် အလုံး ကြီး သုံးလုံးရှိပြီး လူတစ်ရပ်စာလောက်ကို မြင့်ပါတယ်။ တစ်လုံးဆီမှာတော့ ချန်ရှန် ၊ ရှောင်ဒို နဲ့ ဇန်ဒီ တို့ကို မြင် နိုင် ပါတယ်။ ပေါ်နေတဲ့ ပုံစံမှာ ၎င်းတို့အား ကောင်းကင်မှ ကြည့်နေရသလိုပါပဲ။

သလင်းကျောက်တုံး ၃ လုံးရဲ့ဘေးမှာတော့ လူ အယောက် ၂၀ လောက် ထိုင်နေကြတယ်။ ဒီလူတွေထဲမှာ ဆရာကြီး ဝု ၊ ဆေးဆရာမကြီး နဲ့ တခြား ယောကျာ်း မိန်းမ များ ပါရှိကြတယ်။ လူလတ်ပိုင်း အများစုဖြစ်ပြီး အားလုံး ဟာ မျက်နာဖုံးများ စွပ်ထားကြပါတယ်။

အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာ ကြာအောင် တပည့်များစွာဟာ ဒုတိယ အဆင့်မှာပဲ အမြဲ ပြုတ်ကျ ကျန် နေခဲ့ကြတာကြောင့်ပါပဲ။ အခုတော့ ချန်ရှန် လို အထင်ကရ နဲ့ တခြားလူ ၂ ယောက်တို့ အောင်မြင်သွားကြပါပြီ။ သက် ကြီး ဝါကြီး ခြံဝန်း၏ ယောကျာ်းမိန်းမများဟာ ချန်ရှန်ကို စောင့် ကြည့် ချင်ကြပါတယ်။ ဒီအဆင့် ၃ ကို ဘယ်လို အောင်မြင်လိမ့်မလဲ လို့ သိချင်နေကြပါတော့တယ်။

“ဒီ ချန်ရှန် ဆိုတဲ့ ကောင်လေးက အရမ်း ပါရမီပါတယ်။ သာမန်လူတစ်ယောက်လမ်းညွှန်မှု နဲ့ ဒီလိုအဆင့်ကို ရောက်မှာ မဟုတ်ဘူး။ သူ့နောက်ကွယ်မှာ စွမ်းအားကြီး တဲ့ တစ်ယောက်ယောက် ရှိရမယ်။ ဒါပေမဲ့ ဒီဂိုဏ်းကို သူဘာကြောင့် လာသလဲတော့မသိဘူး။ သူသုံးတဲ့ သိုင်း စွမ်းရည်တွေကို ငါတို့ တခါမျှ မမြင်ဖူးဘူး။ အရမ်းကြီး အဆင့်မမြင့်လှပေမဲ့ သာမန် တိုက်ကွက်တွေနဲ့ ယှဉ်ရင် တော်တော်ကို အစွမ်းထက်တယ်”

လူတစ်ယောက် က ပြောပါတယ်။

“ဟဲဟဲ ၊ ကျွန်တော်ကတော့ ဆေးဆရာမ ဘာလို့ ဒီလို ကောင်လေးနဲ့ ဒီလို ကြီးမားတဲ့ အလောင်အစား လုပ်လဲ ဆို တာ နားမလည်တော့ဘူး။ အပုံ တစ်သန်းမှာ တစ် ရာခိုင် နှုန်းလောက်နဲ့ နိုင်မယ်ထင်လို့လားမသိ”

ဆရာကြီး ဝု က ရယ်ပြီး ပြောပါတယ်။

တခြားလူများဟာလည်း သူတို့ အံ့သြသည့် အရာများ ကို ပြောနေကြပါတယ်။

ဆေးဆရာမကြီးကတော့ အေးစက်စက် ဖြင့် ခနဲ့တဲ့တဲ့ ပြောပါတယ်။

“ဆရာကြီး ဝု ၊ ရှင် ကျွန်မကို နိုင်ရင် ကျွန်မ ချက်ချင်း ရှင့်ကို လက်ထပ်မယ် ၊ ကျွန်မကို နိုင်တဲ့ မည်သူမဆို လက် ထပ်မယ်လေ”

လူတိုင်း ဘာမျှ ထပ်မပြောနိုင်တော့ပါဘူး။ ဒီဆရာမ ကို အနိုင်ရဖို့က လွယ်တဲ့ အရာတော့မဟုတ်ပါ။ အလုံပိတ် တံခါးထဲ ကျင့်စဉ် ကျင့်နေတဲ့ ဂိုဏ်းချုပ်တောင် စိန်ခေါ် ရဲ မယ် မထင်ပါဘူး။

“ခု ကျွန်တော်တို့ ဒီကောင်လေး ဘာလို့ ဒီကို လာတယ် ဆိုတာ အဖြေရှာကြတာပေါ့”

လူ တစ်ယောက်က ဝင်ပြောပါတယ်။

“သူ့မှာ ဘာအကြောင်းရင်းမှတော့ မရှိပါဘူး။သူဟာ ဒီ ဂိုဏ်းကို လာတယ်ဆိုတာ သူ့ကိုယ်သူ တိုးတက်ချင်လို့ပဲ။ သူဟာ ကြောက်မက်ဖွယ် အစွမ်းတွေ သုံးနိုင်ပေမဲ့ လည်း အများကြီးတော့ မဟုတ်လှဘူး။ ဒါကြောင့် ဒီကောင်လေး ဒီကိုလာတာ ဒီလိုကြောင့်ပဲ”

ဆရာကြီး ဝု က ပြောလိုက်တာပါ။ 

“နောက် ဒီကိုလာတဲ့ အချက်က သူ့ ဆေးပညာကို လည်း တိုးတက်ချင်တာ ပါလိမ့်မယ်။ ဒါပေမဲ့ ဆေးပညာ ခြံဝန်းထဲ ဝင်ဖို့ အကြောင်းကို မစဉ်းစားမိ လိုက် ဘူးထင်တယ်”

ဆေးဆရာမကြီး က လှောင်ပြောပါတယ်။ 

“မသေချာပါဘူး။ ဒီမတိုင်ခင်တုန်းက ခင်ဗျား သူ့ကို ဒုတိယ အဆင့် အောင်ခွင့် မပြုနိုင်ဘူးပြောတယ်။ ဒါပေမဲ့ သူအောင်မြင်ပြီး ခင်ဗျားရှေ့ ရောက်လာတာပဲ မဟုတ်လား”

ဆရာကြီး ဝု က ရယ်မော ပြောဆိုပါတယ်။

“ဟဟ ၊ ဒီကောင်လေး မရှေးမနှောင်းမှာပဲ သူ့ကို ကျွန် မ သေချာ စာရင်းရှင်းနိုင်တဲ့ ရောက်လာမှာပါ”

ဆေးဆရာမကြီးက လှောင်ပြီး ပြောပါတယ်။

“သူတခြား မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါစေနဲ့ လို့ မျှော်လင့်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ ကျွန်တော် တို့ က ညှာနေမှာ မဟုတ်ပေဘူး”

ခုနက လူ မှ ဝင်ပြောတယ်။

ဆရာကြီး ဝု ကလည်း ခေါင်းညိမ့်ပြီး - 

“လူတိုင်း ဒီကောင်လေး ကို ပညာသင်အဖြစ် လက်ခံ ဖို့ စိတ်ဝင်စားကြလား ၊ ဒီကောင်လေးက တကယ့်မျိုးစေ့ ကောင်းလေးနော်။ငါတို့ ပညာမွေတွေ ကောင်းကောင်း ပေးလို့ရတယ်”

ဒီကလူတိုင်းဟာ ဆရာကြီးများ ဖြစ်ပြီး သက်ကြီးဝါကြီး ခြံဝန်းက လူများ ဖြစ်ကြပါတယ်။ ဒါကြောင့် ၎င်းတို့အားလုံး ဟာ အရမ်းကို စွမ်းအား ကြီးမားကြတယ်။ ဒီအချိန်မှာ သူတို့ ဆွေးနွေ း နေကြတာတစ်ခုက တော့ ချန်ရှန်ဟာ တော်တော် ပဲ တော်ပါတယ်။ အထူးသဖြင့် အနိုင်မခံအရှုံး မပေးတဲ့ စိတ်ဓာတ် နဲ့ သင်ယူတတ်မြောက်လွယ်ပုံ တို့ကို သူတု့ိ သဘောကျ ကြတယ်။

“ဘယ်သူ သူ့ကို ပညာသင်အဖြစ် လက်ခံရဲလဲ။ ရှင်က ကျွန်မကို ဆန့်ကျင်တာလား”

ဆေးဆရာမကြီးက ထအော်ပါတယ်။ လူတိုင်းဟာ တားကာ စိတ်လျော့ရန် ပြောဆိုကြတယ်။

“ဂိုဏ်းချုပ်က သူ့ကို ပညာသင်အဖြစ် လိုချင်တယ် ဆို တောင် ကျွန်မသူ့ကို အခက်တွေ့အောင် လုပ်ရမှာပဲ။ နောက် သူဆိုတာလည်း စစ်မှန်တဲ့ သိုင်းပညာနယ်ပယ်ကို ဝင်မဝင်ဆိုတာ မသေချာဘူး။ နောက်နှစ်ပေါင်းများစွာမှာ အဆင့် ၁၀ ရှိတဲ့ ပါရမီရှင်များစွာကို ကျွန်မတို့ မတွေ့တော့ဘူးလို့ ပြောနိုင်လား”

လူတိုင်းဟာ ဒီ ဆရာမကြီး ချန်ရှန် ကို တော်တော် မုန်းနေတယ် ဆိုတာကို သိသွားကြတယ်။ ဘာကြောင့် မုန်းလဲ ဆိုတာတော့ မသိကြပါ။ 

“ကောင်မလေး ၊ မင်းက မနာလိုနေတာပဲ။ ဘာလို့လဲ ဆိုတော့ ဒီ ငယ်ရွယ် ပြီး တော်တဲ့ ကောင်လေးက မင်းနဲ့ အရာအားလုံးကို ဆန့်ကျင်နေလား ၊ဒါကို အာရုံစိုက်နေ တုန်းလား”

လူကြီး တစ်ယောက်က ရယ်ကာ ဝင်ပြောပါတယ်။ ထို့နောက်မှာတော့ ၎င်းတို့၏ ကိုယ်များ တုန်လှုပ်သွား တယ်။ 

အဘယ်ကြောင့်ဆိုသော် ဒီ ဆေးဆရာမ ဟာ အရမ်း အငြိုးအတေးကြီးပြီး သူမမုန်းတဲ့ လူရဲ့ အဆုံးသတ်ဟာ မကောင်းနိုင်ပါဘူး။လွန်ခဲ့တဲ့ နှစ်များစွာတုန်းက မိစ္ဆာ ဂိုဏ်း က ဂိုဏ်းချုပ်တစ်ယောက်ဟာ သူမကို ပုတ်ခတ် ပြော ဆိုသောကြောင့် သေတာထက်ကို ပိုမို ဆိုးရွားတဲ့ ကံကြမ္မာ ကို ဖန်တီးပေးလိုက်ဖူးပါတယ်။

ချန်ရှန် က ဒီအချိန်မှာ ပြုံးနေတယ်။ အေးဆေးပင် လမ်းလျှောက်နေပြီး လှပလှတဲ့ လျို့ဝှက်ဆန်းကြယ် နယ်ပယ်ကြီးကို ကြည့်နေပါတယ်။ သူ့ကို ဒီလို စောင့်ကြည့် ကာ သူ့ အကြောင်းဆွေးနွေးနေတယ်ဆိုတာ ကို သူမသိပါဘူး။ ဒါတင်မက ဆေးဆရာမကြီးကလည်း သူ့အတွက် ခက်ခဲမှုများ ပြုလုပ်ရန် စဉ်းစားနေတယ် ဆို တာကိုလည်း ချန်ရှန် တစ်ယောက် မသိနိုင်ပါချေ . . .။



Chapter – 88

#ရတနာမုဆိုး


ချန်ရှန် လျှောက်နေတဲ့ လမ်းဟာ မူလက အုတ်များ ခင်း ထားသော်လည်း ယခုတော့ ရုတ်တရက် ပေရေ ညစ်ပတ် သွားတယ်။ ချန်ရှန် ရုတ်တရက် သားရဲမိစ္ဆာတို့ ကျက်စား ရာသို့ ရောက်လာလေပြီဟု တွေးမိလိုက်တယ်။ 

သူ ကိုင်းတောလယ်ကွင်းကြီးမှ ထွက်လာပြီး မြက်ပင်များ ရှိသော နေရာသို့ ရောက်ရှိတဲ့အခါ ရုတ်တရက် သတိ ပြုမိလိုက်တယ်။

“ဒါ လူသား တွေ ဖြစ်မယ်။ သားရဲတွေက ဒီလို အသက်မရှူဘူး”

ချန်ရှန် သူ့စိတ်ထဲ လူအချို့ မြက်တောထူထူထဲ ပုန်းအောင်းနေတယ်လို့ ခံစားမိနေတယ်။ 

ချန်ရှန် ကိုယ် နည်းနည်း လှုပ်သွားတယ်။ ချီဓာတ် လှိုင်းများ ထုတ်ကာ သူ့ပတ်လည်က မြက်ပင်များကို ခွဲချ လိုက်ပါတယ်။ ဂိုဏ်းဝတ်စုံဝတ် လူလေးယောက်ပေါ်လာ ကာ တုတ်ကိုယ်စီ ကိုင်ထားကြတာကို မြင်လိုက်ရတယ်။ 

“မင်းတို့ ဘာလုပ်ချင်လို့လဲ”

ချန်ရှန် အော်မေးလိုက်တယ်။ ဒီလူငယ်တွေဆီမှ မီးချီ ဓာတ်မျိုး ထုတ်လွှတ်နေတာကိုလည်း သူအာရုံခံစားမိနေ တယ်။ ဒီလူတွေဟာ မီးစွမ်းရည်များ ရှိပြီး ၎င်းတို့ရဲ့ ကိုယ် နံ့ဟာ ဆေးပင်နံ့လို ရနေရပါတယ်။ ဆေးပင်များ ဆေးများ နဲ့ နှစ်များစွာ ကျင်လည်ခဲ့သူများမှာ ဒီ လို အနံ့မျိုး ရှိတတ် ပါတယ်။

လေးယောက်လုံးဟာ အဆင့် ၁၀ များဖြစ်ပြီး တစ်ချိန် တည်းမှာပင် ချန်ရှန်အား ဝိုင်းလိုက်ကြပါတော့တယ်။

“မင်း က ချန်ရှန် လား”

သိမ်မွေ့ဟန်ရှိသော လူတစ်ယောက်က မေးပါတယ်။

“ဟုတ်တယ်”

ချန်ရှန် ပြောလိုက်တယ်။ ဒီချိန်မှာ လူလေးယောက်ရဲ့ တုတ်များဟာ သူ့ဆီသို့ တချိန်တည်း ကျလာပါတယ်။

ချန်ရှန် ချက်ချင်းပဲ ချီငွေ့အကာအကွယ် ထုတ်ကာ ကျ လာတဲ့ တုတ်လေးချောင်းရန်မှ ကာကွယ်လိုက်ပါတယ်။ ထို့နောက် ခနဲ့တဲ့တဲ့ ဖြင့် -

“မင်းတို့က ဆေးပညာခြံဝန်းကလူတွေ ဟုတ်တယ်မ လား”

ချန်ရှန်ရဲ့စကားကြောင့် လူလေးယောက် နည်းနည်း တွန့်သွားတယ်။ ဒါပေမဲ့ ဘာမှ ဆက်မပြောပဲ ချန်ရှန် ကို သာ ဆက်တိုက်ခိုက်ကြပါတယ်။ ဒီလူလေးယောက်ဟာ အတွင်းစည်းတပည့်များလို့ ချန်ရှန် ကောက်ချက်ချမိတယ် ၊ ဒါတင်မက ဆေးပညာခြံဝန်းကပဲ ဖြစ်ပါလိမ့်မယ်။ သူတို့ ရဲ့ စွမ်းအားဟာ သိပ်တော့ မဆိုးလှပါဘူး။

အမည်းရောင် သံတုတ်ဟာ အနီအရောင် အဖြစ် ပြောင်းသွားကာ မီးတောက်များထွက်ပေါ်လာပြီး ပူသော ချီငွေ့များကို ထုတ်လွှတ်ကြပါတော့တယ်။ တစ်ယောက် က ထိုးတယ် ၊ တစ်ယောက်က ပိုင်းတယ်။ နောက်လူတွေ က ပင့်ကော်ကာ ဖြင့် ချန်ရှန်အား တိုက်ခိုက်ကြပါတယ်။

လူလေးယောက် အား နဲ့ ချန်ရှန်ရဲ့အား ဟာ အတူတူ လောက်ပါပဲ။ ကြောက်စရာ စွမ်းအားတွေ ထုတ်လွှတ်နေ တာကို ချန်ရှန် ခံစားနေရတယ်။ အပြင်စည်း နဲ့ အတွင်း စည်း တို့ ကွာခြားမှုအား ချန်ရှန် ယခု နားလည်မိပါပြီ။ 

ဒီလို လက်ရည်တူများ၏ ဝန်းရံတိုက်ခိုက်မှုကို ချန်ရှန် ပထမဆုံး ကြုံဖူးခြင်းပါ။ ဒါပေမဲ့လည်း သူ မတုန်လှုပ်ပါ ဘူး။ သူ့မျက်ခုံးများမြင့်တက်ကာ အဆုံးမရှိတဲ့ အမဲလိုက် ခြင်းနဲ့ ဆိုင်သော ချီငွေ့များ ကို ထုတ်လွှတ်ပြီး လူလေးယောက်တို့၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားတဲ့အခါ ၎င်းတို့ ရုတ်တရက် မမျှော်လင့်ပဲ အံ့အားသင့်သွားကြပါ တော့ တယ်။

ထပ်ပြီး အံ့သြစရာကတော့ ချန်ရှန်ဟာ စက်ဝိုင်းပုံ ခြေ ကန်ချက်အား ပြုလုပ်လိုက်တာဖြစ်ပြီး သူ၏ ခြေထောက် တွင် မိုးပြာနဂါးနှင့် အနီရင့် ငှက်တို့ ၏ ချီဓာတ်များ စုဆုံစေ ကာ ကန်လိုက်တာပဲ ဖြစ်ပါတယ်။ မီး နဲ့ လျှပ်စီး စွမ်းအင် များကြောင့် ၎င်းတို့လက်ထဲ ကိုင်ထားသော တုတ် များဟာ လွင့်ထွက် သွားကြပါတော့တယ်။

“ဆေးဆရာမ လွှတ်လိုက်တယ်ပေါ့ ၊ သူမကို ပြော လိုက် ၊ ဒီလိုနောက်တစ်ခါ လွှတ်ရင် ငါ့ မယဉ်ကျေးမှုအ တွက် အပစ်မမြင်ပါနဲ့လို့ ၊ ငါ့ရဲ့ စစ်ဆေးမှုမှာ နှောက်ယှက် တဲ့ လူ မှန် သမျှ ငါ အကုန်ဖျက်ဆီးမှာပဲ”

ချန်ရှန် ဟာ ကြုံးဝါးကာ သူ၏နောက်ကျောမှ မီးတွေတောက်လာတယ်။ မီးတောင်ပံ ၁ စုံဟာ မျက်စိတမှိတ် အတွင်း ကျောမှ ပေါ်လာပါတော့တယ်။

ချန်ရှန် အနီရင့်ရောင် ငှက် မီးတောင်ပံကို ထုတ်လိုက် တာ ဖြစ်ပြီး ထိုလေးယောက် ဝိုင်းထားခြင်းမှ ထွက်လိုက် တယ်။ ဒီလိုမလုပ်ဘူး ဆိုပါက ဒီလေးယောက် ဝိုင်းထား တာကို လွတ်မြောက်ရန် သူ့အတွက် တော်တော် ခက်ခဲ ပါ တယ်။ အနည်းဆုံးတော့ သူ့အချိန်တွေ ခွန်အားတွေ ကုန် မှာပါ။

ခြံဝန်းတစ်ခုထဲမှာတော့ ဆရာကြီး ဝု ဟာ သက်ပြင်း ချ ပြီး -

“ဆရာမ ၊ မင်း အရှုံးပေးသင့်တယ်။ ဒီကောင်လေးရဲ့ အမဲလိုက်ခြင်း ချီဓာတ်က တော်တော် ကောင်းတယ်။ သူ စိတ်တိုသွားရင် တကယ် သတ်လိမ့်မယ်”

မီးတောက်တွေဟာ ဆေးဆရာမ တပည့်များမှာ တ ဖိတ် ဖိတ် တောက်နေပါတယ်။ ချန်ရှန် လေပေါ်ပျံနေတာ ကို သလင်းကျောက်တုံး မှ ကြည့်ရင်း သူမ လက်သီးများ ဆုပ်ကာဖြင့် ခပ်ငေါ့ငေါ့ ကြည့်နေတယ်။

ချန်ရှန် ၏ ထူးကဲကောင်းမွန်လှပြီး မျက်စိကျိန်းစရာ အနီရင့်ငှက်၏ တောင်ပံတွေကို ကြည့်ရင်း မနာလိုမှုများ ပင် ဖြစ်ကြရပါတယ်။ လူကြီးတစ်ယောက်က သက်ပြင်းချ ပြီး -

“ဒီချီဓာတ်တောင်ပံတွေက ငါ့ထက်တောင် ကောင်းနေ ပါရောလား ၊ တောင်ပံတွေကို ကြည့်စမ်း ၊ တကယ့်အစစ်တွေ အလားပဲ ၊ ဒီအတောင်ပံ တွေသာ သူ့ရဲ့ အသွေး အသားထဲမှာ ကြီးထွားလာမယ်ဆို ၊ နောက်ဆုံး ဘယ်လို စွမ်းရည်မျိုးတောင် ဖြစ်သွားမလဲပဲ”

“ဟုတ်ပ ၊ သူ့အမြန်နှုန်းက တော်တော် မြန်လွန်းတယ်၊ သူသာဒီထက် စွမ်းအားကြီးလာရင် သူပျံသန်းမဲ့ နှုန်းက ပိုပြီး မြန်လာဦးမှာ”

နောက် လူကြီး တစ်ယောက်မှလည်း တောင်ပံများကို အနီးကပ် ကြည့်ကာ ပြောလိုက်ပါတယ်။

ချန်ရှန် လူလေးယောက်၏ မြင်ကွင်းရှေ့မှ အဝေးကို ပျံသွားပါတယ်။ တကယ်တော့ သူ့ကို စောင့်ကြည့်နေတာ ကို သိလို့တော့ မဟုတ်ပေ။

“ချန်ရှန် ၊ မင်း ပညာကုန် ထုတ်မနေနဲ့ ၊ ဒီနေရာက ဒီဂိုဏ်းက အဘိုးကြီးတွေရဲ့နေရာ ၊ သူတို့ မင်းဘာလုပ် တယ် ဆိုတာ အကုန်သိတယ်နော်”

ဘိုင်ယုယု သူ့ကို သတိပေးပါတယ်။

ချန်ရှန် ဒီစကား ကြားတဲ့အခါ ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ မြင်နေရသော သစ်ပင်တစ်ပင်ဆီသို့ ဆင်း သက်ကာ သူ၏ ခါးပတ်ကို ဖွင့်လိုက်ကာ အပေါ့သွားပါ တော့တယ်။

“တစ်နေ့တော့ ဒီကောင်လေး ကံကောင်းနိုင်မှာ မဟုတ်ပါဘူး”

ဆရာမကြီး အံကြိတ်ကာ ပြောလိုက်တယ်။ ထို့နောက် ခေါင်းခါရမ်းကာ ထွက်သွားပါတော့တယ်။

ချန်ရှန် ဘောင်းဘီ ဆွဲတင်နေရင်း အသံခပ်တိုးတိုး တစ်ခု ကြားလိုက်တယ်။ ဒါဟာ တစ်ယောက်ယောက် သစ်ရွက်များ နင်းလာသောကြောင့် အသံခပ်တိုးတိုး ထွက် နေသံပါ။ 

“တော်တယ် ကောင်လေး ၊ မနီးမဝေးက အရိပ်မည်း ကြီးတော့ လာပြီနော်”

ချန်ရှန် အာရုံစိုက်ပြီး နားထောင်လိုက်တယ်။ ဒီလို သားရဲမိစ္ဆာနယ်မြေထဲ ဒီလိုမြန်မြန် ရောက်လာလိမ့်မယ်လို့ သူမထင်မိလေဘူး။

“ချန်ရှန် ၊ ဒီလျို့ဝှက်ဆန်းကြယ် နယ်ပယ်မှာ ရတနာ တွေ ရှိတယ်။ မဆိုးလှတာ တစ်ခုက မင်းတွေ့တဲ့အရာက မင်းအရာပဲ ၊ သူသာမန်အဖို့တော့ ဒီကောင်တွေကို မယှဉ် နိုင်ဘူး ၊ ၎င်းတို့ဟာ လျို့ဝှက်ဆန်းကြယ်လှတဲ့ ဝိဉာဉ် တော် အာရုံတွေနဲ့ မွေးဖွားလာကြတာ ဖြစ်ပြီး အရမ်းရှားပြီး ထူးခြားဆန်းပြားလှတဲ့ ရတနာတွေ တွေ့နိုင်တယ်။ မင်း ဒီ ကောင်တွေကို နိုင်ရင် မင်းအတွက် ကောင်းတဲ့အရာတွေ ရှာ တွေ့နိုင်မှာပဲ”

စုမေးယို က ပြောပါတယ်။

ချန်ရှန် လည်း စိတ်လှုပ်ရှားစွာ ဖြင့် -

“ကျွန်တော် နားလည်ပြီ။ ဒီကောင်တွေကို ဆရာကြီးတွေက တမင်သက်သက် ထည့်ထားတာပဲ။ ရှားပါးပြီး ထူး ခြားဆန်းပြားတဲ့ ရတနာတွေ ရှာဖို့ပဲ နေမှာ”

အဆင့် ၁၀ သားရဲမိစ္ဆာများဟာ လူသား အဆင့် ၁၀ ပညာရှင်များနဲ ညီမျှပါတယ်။ ဒါပေမဲ့ ဒီကောင်ကြီးတွေ ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ မွေးရာပါ စွမ်းအားများကြောင့် အဆင့် ၁၀ သားရဲများဟာ သာမန် အဆင့် ၁၀ လူများထက် များစွာ စွမ်းအားကြီးပါတယ်။

“ဒီက ကောင်တွေက သာမန် ကောင်တွေပါ။ ဒါကြောင့် မင်း နတ်နဂါးသိုင်းစွမ်းရည် သို့မဟုတ် နတ်အ တွင်းအားသင်္ကေတ လေးခုကို သုံးရင် လွယ်လွယ်လေး အနိုင်ရ လိမ့်မယ်။ ဒီစွမ်းရည်က ဒီကောင်တွေရဲ့ အသက် ရှူတာကို အခက်တွေ့စေလိမ့်မယ်။ ဒါပေမဲ့ စစ်မှန်တဲ့ သိုင်းပညာနယ်ပယ်က သားရဲတွေ အတွက်တော့ ဒါက အသုံးမဝင်ပေဘူး”

ဘိုင်ယုယု က ပြောပြပါတယ်။

ချန်ရှန် ဒီ နတ်အတွင်းအားသင်္ကေတ လေး ခု က ဒီလို အကျိုးကျေးဇူး ရှိလိမ့်မယ်လို့ မသိခဲ့ဘူး။ 

 သူလဲ ခုနက သူ အသံကြားရာဆီသို့ တဟုန်ထိုး စပြေးပါလေတော့တယ်။

သူလျင်မြန်စွာ ပြေးနေတယ်။ ဒီလိုပြေးနေတုန်းပဲ ခုန က သားရဲ ကို အာရုံခံမိသောကြောင့် ပိုမို လျင်မြန်စွာပင်ပြေးပါလေတော့တယ်။ 

သိပ်မကြာခင်ပဲ သားရဲကြီးနဲ့ ထိပ်တိုက်တွေ့ပါတယ်။ ၎င်းတို့ ဟာ လျင်မြန်စွာ ပြေးလာသောကြောင့် အရှိန်အ ဟုန်ပြင်းစွာ ဝင်တိုက်မိကြပြီး ဒီလို တိုက်မိတဲ့ အချိန်မှာ ချန်ရှန်ဟာ လက်သီးတစ်ချက်အား သားရဲကြီး၏ ကိုယ်ကို ထိုးလိုက်ပါတော့တယ်။

ဒီသားရဲကြီးဟာ အမည်းရောင်အကာကွယ်တစ်ခု ကာရံထားတာဖြစ်ပြီး တကယ်တော့ ဒီအကောင်ဟာ အပြာ ရောင်မျက်လုံးရှိတဲ့ သစ်နက်ကြီး ဖြစ်ပါတယ်။ ၎င်း ဟာ အလွန်ကြီးမားလှပြီး အရမ်းအာရုံခံကောင်းတဲ့ သားရဲ မိစ္ဆာကြီး ဖြစ်ပါတယ်။

“အဆင့် ၁၀ သားရဲကြီး ၊ ငါ့လက်သီးက မင်းကို ထိ တယ်။ ဒါတောင် ဘာမှ ထိခိုက်ခြင်းမရှိပါလား”

ချန်ရှန် ဒီမျက်လုံးပြာ သစ်နက်ကြီး လျင်မြန်စွာ သူ့ဆီ ပြေးဝင်လာတာကို တွေ့လိုက်သောကြောင့် အံ့အားသင့် နေ တယ်။

ချန်ရှန် ကိုယ်လုံး လှုပ်သွားကာ ရွှေရောင်အလင်းတစ် ခု ထွက်လာပြီး နောက် ၎င်းကိုယ်ထဲ ရှိ အဖြူရောင်ကျား ချီ ဓာတ်ဟာ နဂါး အငွေ့အဖြစ် ပြောင်းသွားကာ နတ်နဂါး သိုင်းစွမ်းရည်ကို ပြုလုပ်လိုက်ပါတယ်။

ဒါဟာ မပြည့်စုံသော်လည်း ချန်ရှန်၏ ကိုယ်အား နဂါး တစ်ကောင်၏ ခပ်ဖျော့ဖျော့ အားတစ်ခု ထုတ်လွှတ်စေ လိုက်တယ်။ ၎င်းဟာ အမဲလိုက်ခြင်း ချီဓာတ်များ အပြည့်ဖြင့် ပိုမို ကြောက်မက်ဖွယ် ကောင်းသွားပြီ ဖြစ်ပါ တော့တယ်။

ဘိုင်ယုယု မှ ယခင်က ပြောသွားသလို ဒီ ကောင်ကြီး တွေဟာ ဒီစွမ်းရည်ကို ကြောက်သောကြောင့်ပါ။ ထို့ နောက်မှာတော့ သားရဲကြီးဟာ မူမမှန်တော့ပဲ ၎င်း၏ အမြန်နှုန်းမှာလည်း ကျဆင်းလာပါတော့တယ်။ 

ချန်ရှန် လက်သီးတစ်ချက် သစ်နက်ကြီး ဆီသို့ ပစ်သွင်းကာ ခေါင်းအားထိမှန် သွားပါတယ်။ စူးစူးဝါးဝါး အော်မြည်လျက် မြေပေါ် လဲကျသွားတယ်။ ဒါပေမဲ့လဲ ပြန်ထလာကာ ခိုင်ခိုင်မာမာကို ရပ်နေပါတယ်။

“ကောင်းတယ် ကောင်လေး ၊ မင်း မရှုံးသေးဘူး”

ချန်ရှန် တုန်နေတဲ့ သစ်နက်ကောင်ကြီးကို ခပ်ချေချေ ကြည့်နေပါတယ်။ 

သစ်နက်ကြီးဟာ အသံကျယ်ကြီး ပြုလျက် မမျှော်လင့် ပဲ လှည့်ကာ ထွက်ပြေးသွားပါတော့တယ်။

“ဒီကောင် ငါ့ကို ကြောက်သား”

ချန်ရှန် ရယ်မောကာဖြင့် သစ်နက်ကြီးနောက်သို့ ၎င်း ထက်ပင် လျင်မြန်သော အရှိန်ဖြင့် ပြေးလိုက်ပါတယ်။ သူ၏ ကိုယ်မှ အမဲလိုက်ခြင်း ချီဓာတ်မှ ဖြစ်ပေါ်လာသော နဂါးချီငွေ့များ ထွက်ကာနေပါတော့တယ်။ 

ခြံဝန်းအတွင်းမှ လူများဟာ ဒါကို ကြည့်ပြီး ကြောင်နေ ကြတယ်။ ကြောက်မက်ဖွယ် သားရဲကြီးဟာ လူသားတစ် ယောက်ကို တကယ်ပင် ကြောက်ရွံ့နေပါတယ်။ ကြွက် က ကြောင်ကို မြင်ပြီး ပြေးနေသလိုပါပဲ။ လူကြီးတချို့ရဲ့ စိတ် ထဲမှာလည်း ဆိုးရွားတဲ့ ခံစားချက်တစ်ခု ရုတ်တရက် ပေါ် လာပါလေတော့တယ် . . .။

Chapter – 89

#မိုးပြာရောင်သိမ်မွေ့သီး


ချန်ရှန် ဒီမျက်လုံးပြာ သစ်နက်ကို သူကြိုက်တဲ့အချိန် အမီလိုက်နိုင်ပါတယ်။ ဒါပေမဲ့ တမင်သက်သက်ကို ၎င်း နောက်အား မနှေးလွန်း မမြန်လွန်း သော နှုန်းဖြင့် လိုက် နေပါတယ်။ သူ့ ရည်ရွယ်ချက်က ထင်ရှားပါတယ်။ ၎င်းအကောင်နောက် ကို အဆုံးထိ လိုက်ပါချင်တာပါပဲ။

ခြံဝန်း အတွင်းမှ လူများဟာ ချန်ရှန် ရည်ရွယ်ချက်ကို ရိပ်မိကြပြီး နည်းနည်း စိတ်ထဲ မသက်မသာ ခံစား လိုက် မိ ကြရတယ်။

ချန်ရှန် သစ်နက်နောက်ကို လိုက်နေတာ ယခု ၎င်းတို့ ကြီးမားသော သစ်ပင်ကြီးဘေးသို့ ရောက်ရှိနေပါပြီ။ သားရဲ ကြီးဟာ အပင်ပေါ်တက်သွားတာကြောင့် ချန်ရှန် လည်း လိုက်သွားပါတော့တယ်။

သစ်ပင်ပေါ်မှာတော့ အခေါင်းပေါက် လို ဝင်ပေါက် တစ် ခု ရှိနေပြီး ချန်ရှန် ပါ လိုက်ဝင်လိုက်ပါတယ်။ သစ်နက်ကြီး စူးစူးဝါးဝါးကို အော်ဟစ်ကာနေပါတော့တယ်။ ၎င်းပြေးစ ရာ မြေမရှိတော့ပဲ လမ်းပိတ်သွားခဲ့ပါပြီ။

အထဲမှာတော့ မြက်ခြောက်ပုံ တစ်ပုံရှိပါတယ်။ အဲဒိ အပေါ်မှာတော့ ကျောက်တုံးနဲ့ဆင်သော ဥအချို့ ထူးဆန်း သော မိုးပြာရောင်အငွေ့များထွက်ကာနေကြတယ်။ ချန်ရှန် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် -

“မိုးပြာရောင်သိမ်မွေ့သီးတွေပဲ ၊ ၅ လုံးတောင်မှဟ ၊ ဒါ ဟာ အခြေခံ တည်ဆောက်ရေး ဆေး လုပ်ဖို့ အဓိက လို အပ်ချက်ပဲ”

မိုးပြာရောင်သိမ်မွေ့သီးဟာ ဥအမျိုးအစားဝင် အသီး ဖြစ်ပါတယ်။ အရမ်းကို ရှားပါးကာ ရှေးကျလှတဲ့ သစ်ပင် များ၏ အမြစ်များဟာ ဝိဉာဉ်တော် ချီဓာတ်များအား များ စွာ စုဆောင်းမိပြီးနောက် နေရာမှန် အချိန်မှန် ရောက်တဲ့ အခါမှာ ၎င်းအမြစ်များ အသီးတစ်ခုအဖြစ် ပြောင်းလဲသွား တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလို အခြေအနေမျိုး ရှိတဲ့ အပင်မျိုးဟာ အလွန်ကို ရှားပါးလှပါတယ်။

ခဏကြာ မှင်သက်မိပြီး နောက်မှာတော့ ချန်ရှန် လျင် မြန်စွာပင် ၎င်းတို့အား ကောက်ယူကာ သူ၏ အိတ်ထဲ ထည့်လိုက်ပါတော့တယ်။ ထို့နောက်ပြုံးကာ သစ်နက် အားကြည့်ပြီး - 

“ကျေးဇူးပဲကွာ ၊ ငါမင်းအသက်ကို ဒါအတွက် ချမ်း သာပေးလိုက်ပါ့မယ်”

သစ်ပင်ပေါ်မှ ခုန်ဆင်းရင်း ချန်ရှန် တော်တော် စိတ်လှုပ်ရှားမိတယ်။ ထို့နောက် လျင်မြန်စွာပင် တောထဲ မှ ထွက်ခွာလာတယ်။ ဒီလို အသီးမျိုးရလိမ့်မယ်လို့ သူ မမျှော်လင့်ခဲပါဘူး။ ဒါကိုပင် ခြံဝန်းထဲက လူများက ပိုမို အံ့အားသင့်ကာ နေပါတော့တယ်။ ၎င်းတို့အားလုံးဟာ ကျွမ်းကျင်ပညာရှင်များဖြစ်သော်လည်း ဒီလို ချာတိတ်မှ စစ်မှန်သော သိုင်းပညာနယ်ပယ်ကိုတောင် မဝင်သေးပဲ ကောင်းမွန်လှတဲ့အသီးမျိုးရသွားခြင်းကြောင့် မနာလိုပင် ဖြစ်နေမိကြပါတယ်။

မနက်ခင်းရောက်လာတာနဲ့အမျှ နွေးထွေးလှတဲ့ နေ ရောင်ခြည်ဟာ လျို့ဝှက်ဆန်းကြယ် နယ်ပယ်တစ်ခုလုံး ကို နွေးထွေးသွားစေပါတော့တယ်။ ယခုအချိန်မှာတော့ ချန်ရှန်ဟာ ဓားပြားတစ်လက်ကို ကိုင်ထားပြီး တောင်ပို့ တစ်ခုပေါ်မှာ ရပ်နေပါတယ်။ သားရဲများကို စောင့်နေရင်း စိမ်းလန်းစိုပြည်လှတဲ့ မြက်တောကြီးကို ကြည့်နေတယ်။

“ဒီမျိုးမစစ်လေးတော့ နေရောင်အောက်မှာတောင် ရပ်နေသေးတယ်။ သေဖို့စောင့်နေတာပဲ ၊ ဒါဟာ အဆင့် ၁၀ သံချပ်ကာကျွဲတွေ စားကျက်မြေပဲ”

ဆေးဆရာမကြီးမှ ခနဲ့တဲ့တဲ့ ပြောပါတယ်။

“ဒီကောင်လေးက ခပ်ဆန်းဆန်း သိုင်းကွက်တွေ ရှိ တယ်။ သူတကယ်ပဲ ဒီသားရဲကောင်တွေကို ခြောက်လှန့် နိုင်နေတယ်။ ဒါဟာ နဂါးသိုင်းစွမ်းရည် အမျိုးအစားများ လား”

ဆရာကြီးဝု မသေချာသော မျက်နာဖြင့် ပြောနေတယ်။

ဒီအချိန်မှာ တောင်ပို့တစ်ခုပေါ်ရပ်နေတဲ့ ချန်ရှန်တစ် ယောက် အကောင် ၂၀ လောက်ရှိမဲ့ ကျွဲရိုင်းများ တော အုပ်ထဲမှ ပြေးလာနေတာကို မြင်လိုက်တယ်။ 

အရှိန်အဟုန်ဖြင့် ပြေးလာနေပြီး တစ်ကောင်က အသံ နက်ကြီးဖြင့်အော်ကာ ၎င်းတို့၏ ကိုယ်တွင် ဥသဖယား အ ရောင် အကာကွယ်တစ်ခု ကာထားလျက်ရှိပါတယ်။ ၎င်း အကာအကွယ်ဟာ တော်တော် ခိုင်ခန့်ပုံပါပဲ။ တစ်ကောင် မှ အုပ်လိုက်ကြီးအား ဦးဆောင်လာကာ ၎င်း၏ ခေါင်းမှာ တော့ ချိုကောက်ကောက်ကြီး ၂ ခု ထွက်နေပါတယ်။ ၎င်း ၏ ပုံစံမှာ ၎င်းတို့သွားရာ လမ်းတစ်လျှောက်ရှိ ပိတ်ပင်နေ တာ မှန်သမျှအား ဖယ်ရှားဖို့ အသင့်အနေအထားပါပဲ။

အဆင့် ၁၀ ရှိတဲ့ သားရဲကြီးတွေ အကောင် ၂၀ လောက် ပေါ်ထွက်လာပါပြီ။ ဒါကိုသာ သာမန်သိုင်းပညာ ရှင် တစ်ယောက် မြင်ပါက ရှောင်ကွင်းသွားမှာ အသေအ ချာပါပဲ။ ဒါပေမဲ့ ယခုက သာမန်မဟုတ်တဲ့ ချန်ရှန်ပါ။ ဓားကို ထုတ်ကာ အုပ်စုလိုက်ကြီးဆီသို့ ပြေးဝင်သွားပါ တော့တယ်။ 

“အရူးပဲဟ ၊ သေချင်နေတာလားမသိဘူး”

ဆရာကြီးဝု အံ့အားသင့်စွာ ပြောလိုက်တယ်။ သူချန် ရှန် ၏ စွမ်းအားအခြေအနေကို တချို့တဝက်လောက် နား လည်သော်လည်း ဒီလို ကျွဲကြီးများအားလုံးကို ရင်ဆိုင် နိုင်လိမ့်မယ်လို့ မတွေးခဲ့မိဘူး။

လူတစ်ယောက် ၎င်းတို့ဆီ ပြေးလာနေတာကို ကြည့် ရင်း ကျွဲကြီးများဟာ အော်ဟစ်လာပါတယ်။ ခေါင်းဆောင် ကျွဲကြီးမှ အုပ်စုထဲမှ ခွဲထွက်လာပြီး ဒေါသသံကြီးဖြင့် အော် နေပါတော့တယ်။ သန်မာကြီးမားလှတဲ့ ခွာကြီးများ ဖြင့် မြက်များကို နင်းခြေကာ ခြေလှမ်းတိုင်းမှာ မြက်များ ဟာ လေပေါ် လွင့်ထွက်နေပါတယ်။ အသံကြီးမြည်ဟည်း ကာ ချန်ရှန်ဆီ ပြေးဝင်လာနေပါပြီ။ လေပြင်းများဟာ လည်း တိုက်ခတ်နေလျက် . . . 

ကြီးမားလှတဲ့ ချိုကြီးတွေဖြင့် ချန်ရှန်အား ချိန်ရွယ်ကာ လာနေပုံမှာ လှံရှည်ကြီးများ နဲ့ ပစ်လိုက်သလိုပါပဲ။

ကျွဲကြီး မရောက်ခင်မှာပဲ ချန်ရှန်ဟာ ခြေတလှမ်း ဘေး သို့လှမ်းကာ တချိန်တည်းမှာပင် ဓားကိုဝှေ့ယမ်းကာဖြင့် သူ၏ ချီဓာတ်များအား ဓားအတွင်း ထည့်လိုက်ပါတယ်။ ချီငွေ့များဖြင့်ဓားဟာ ပိုမိုပင် ချွန်မြနေပါတော့တယ်။

“ချွလွမ်”

ဓားများကြီးဟာ ကျွဲကြီးလည်ပင်းအား ပိုင်းချလိုက်တဲ့ အခါ မီးများပွင့်သွားကာ ချန်ရှန်၏ ဓားမှာ အပိုင်းပိုင်း ကျိုး သွားပါလေတယ်။ ကျွဲရဲ့လည်ပင်းမှာ အရာပင်မထင်ပဲ သူ ၏ လက်နက်ကိုသာ ဖျက်ဆီးမိသွားပါတော့တယ်။

ဒီအချိန်မှာ ချန်ရှန် ဒီလို သာမန် လက်နက်မျိုးဖြင့် အဆင့် ၁၀ သားရဲကောင်ကြီးအား ရင်မဆိုင်နိုင်ဖူးဆိုတာ သိသွားပါတယ်။ ချီဓာတ်များ ထည့်ကာ ခုတ်တာတောင် ကျွဲကြီး၏ အကာကွယ်အား လှုပ်ရမ်းစေတာက လွဲပြီး ဘာမှ မဖြစ်လာပါချေ။ 

ချန်ရှန်၏ တိုက်ခိုက်မှုဟာ ကျွဲကြီးအား မည်သို့မျှ မဖြစ် စေတဲ့အတွက် ဒီကျွဲကြီး၏ အကာအကွယ်ဟာ မည်မျှ ထူ ထပ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။

“ဒီကောင်လေးက တော်တော် မ၇င့်ကျက်သေးတာပဲ အနှေးနဲ့အမြန် သူဒဏ်ရာရတော့မှာ”

ဆေးဆရာမကြီး လှောင်နေတယ်။ သူမနဲ့ ဆရာကြီးဝု တို့ ဟာ ကျွဲအုပ်ကြီး ချန်ရှန်ဆီ ပြေးလာနေတာကို ကြည့်နေကြပါတော့တယ်။

ချန်ရှန် သူ၏ ဓားအကျိုးအား လွှင့်ပစ်လိုက်ပြီး ပုံစံမှာ စိတ်တိုသွားသလိုပါပဲ။ လက်သီးများကို ဆုပ်ကာ သူ၏ကိုယ်မှ မမြင်နိုင်သော ချီဓာတ်များအား လည်ပတ်စေ လိုက်တယ်။ နတ်သားရဲငါးကောင်ပုံ ချီဓာတ်များဟာ တစ်နေရာထဲတွင် စုဆုံကာ အရောင်မရှိ မမြင်နိုင်သော အနှိုင်းမဲ့ စကြာဝဠာ အတွင်းအားကို ပြောင်းလဲစေလိုက် ပါ တော့တယ်။

ဒါဟာ ချန်ရှန်၏ အားအစစ်အမှန်ပါပဲ။ ဆက်တိုက်ကို ချီဒြပ်စင်များကို အသုံးပြုနေပါတယ်။ 

“နဂါးငွေ့လက်သီး”

ချန်ရှန် သူ၏ လက်မှာ ရစ်ပတ်နေတဲ့ အနှိ ု င် း မဲ့ စ ကြာဝဠာ ချီဓာတ်များကို နဂါးငွေ့အဖြစ် ပြောင်းလဲလိုက် တယ်။ ချက်ချင်းပင် ရွှေရောင်များထွက်လာပြီး ကြောက်စ ရာ အားအဟုန်ဖြင့် မုန်တိုင်းများလို လက်သီးများ ထိုး လိုက်ပါတယ်။

အလွန်ကို ကြမ်းတမ်းပြင်းထန်လှတဲ့ အဖြစ်အပျက် ကို ကြည့်ရင်း ကျွဲကြီးဟာ ရုတ်တရက် လန့်သွားပါတယ်။ ချန်ရှန် ရက်စက်ပြင်းထန်လှတဲ့ လက်သီးချက်ကို ကျွဲကြီး ဆီသို့ ပစ်လွှတ်လိုက်တယ်။ မျက်စိတမှိတ်အတွင်းမှာပင် ဒါဇင်ပေါင်းများစွာသော လက်သီးများဟာ ထွက်သွားပြီး ရွှေရောင်များဟာလည်း လင်းလက်လို့ နေပါတယ်။ လက် သီးချက်များဟာ ကျွဲကြီး၏ ခေါင်းကို ထိမှန်ပြီးနောက် သွေးများ ထွက်လာပါတော့တယ်။ ချန်ရှန်၏ လက်သီးမှ ချီအငွေ့များဟာ ကျွဲကြီး၏ ခေါင်းမှတဆင့် တစ်ကိုယ်လုံး သို့ ပြန့်သွားကာ အတွင်းပိုင်းများကိုပါ ပျက်ဆီးစေပါတယ်။

စက္ကန့်အနည်းငယ်အတွင်းမှာပဲ အချက် ၂၀၀ မက သော နဂါးငွေ့လက်သီးများဟာ ကျွဲကြီးကို ထိသွားခြင်းပါ။ ထို့နောက်မှာတော့ ကျယ်လောင်သော အသံကြီးနဲ့အတူ ကျွဲကြီးလည်း လဲကျသွားပါလေတော့တယ်။

ချန်ရှန်ဟာ အဆင့် ၉ ရောက်လာပြီးတဲ့နောက်မှာ သူ၏ ချီဓာတ်များဟာ ပိုမိုပြင်းထန်အားကောင်းလာပါ တယ်။ ဒီလို အနှိုင်းမဲ့ လက်သီးများ ဆက်တိုက်ထိုးနေရင် တောင် သူ၏ ချီဓာတ်များ ကုန်ခမ်းသွားမှာ စိုးရိမ်စရာမလို တော့ပါဘူး။

ကျန်ခဲ့တဲ့ အကောင် ၂၀ ဝန်းကျင် ကျွဲများဟာ လည်း ဒီလို ကြမ်းတမ်းပြင်းထန်လှတဲ့ အဖြစ်အပျက်ကြောင့် ထွက်ပြေးကြပါလေတော့တယ်။ အသံနက်ကြီးများ ဖြင့် ကြောက်လန့်တခြား လွတ်ရာလွတ်ကြောင်းကို ပြေးနေ ကြ ခြင်း ဖြစ်ပါတယ်။

ချန်ရှန် တစ်ချက်ခုန်ကာ ကောင်းကင်ပေါ်တက်လိုက် ပုံမှာ မြားတစ်စင်းလွှတ်လိုက်သလိုကို ကျွဲအုပ်ကြီးပေါ် ပျံသန်းလျက် မကြာခင်မှာပဲ ကြီးမားလှသော ပုံဆောင် ခဲ ကြီး တစ်ခု ပြုလုပ်လိုက်ပါတယ်။ 

ဒီတိုက်ခိုက်မှုဟာ မိုးပြာနဲ့ အနီရောင်အငွေ့များ ရော ကာ ဒါဟာ မိုးပြာနဂါး နှင့် အနီရင့်ငှက်တို့၏ ချီဓာတ်များ ကို အပြည့်အ၀ အသုံးချကာ ချီငွေ့တစ်ခုအဖြစ် ဖန်တီးလိုက် ခြင်းပါ။ ထို့နောက် သူ၏ နတ်အတွင်းအား အာရုံများကို စု စည်းကာ ၎င်းချီငွေ့များအား ပုံဆောင်ခဲတွင် စုဆုံစေလျက် ကြောက်မက်ဖွယ် ပုံဆောင်ခဲကြီးအဖြစ် ပြောင်းလဲလိုက်ပါတော့တယ်။

ဒီကြီးမားလှတဲ့ ပုံဆောင်ခဲကြီးအား အကောင် ၂၀ ဝန်းကျင်ရှိ ကျွဲအုပ်ကြီးပေါ်သို့ ပြိုကျ စေလိုက်ပါတယ်။ 

ဗုံးများ ပေါက်ကွဲသလိုပင် ကြီးမားလှသော အသံကြီး မြည်ဟည်းကာ မြေကြီးတစ်ခုလုံးပင် တုန်လှုပ်သွားပါ တယ်။ ပုံဆောင်ခဲအရာကြီးမှာ မြေပြင်တွင် အရာထင်ပြီး ကျန်နေပါတော့တယ်။

ချန်ရှန် ပျံသန်းရာမှ ဆင်းလာပြီး လမ်းလျှောက်လာ ပါ တယ်။ မျက်စိတမှိတ်အတွင်းမှာပင် အကောင် ၂၀ လောက်ရှိသော ကျွဲအုပ်ကြီးမှာ ကြီးမားသော အသားတုံး များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါပြီ။ မြေကြီးပေါ်မှ ချိုင့် ကြီး များမှာလည်း သွေးများ အသားစများ ဖြင့် ပြည့်ကာ အလွန် သွေးပျက်ဖွယ် မြင်ကွင်းပါပဲ။ 

ဆရာကြီးဝု မျက်လုံးများ ပြူးကျယ်ကာဖြင့် အံအား သင့်နေပြီး ဆွံ့အလျက်ရှိနေတယ်။ ထို့နောက်မှာတော့ -

“ပုံမှန်မဟုတ်တဲ့ လူထူးဆန်းပဲ”

သူ့လိုပင် အားလုံးဟာ ခံစားနေကြရတယ်။ ချန်ရှန် ၏ အားကို အားလုံးဟာ အံ့အားသင့်လျက် သူတို့စိတ်ထဲမှာ တော့ အတွင်းစည်းခြံဝန်းမှ နောက်လိုက်တပည့်များပင် ဒီ လို မလုပ်နိုင်လောက်ဘူးဟု တွေးနေမိပါတယ်။ တချို့သော တပည့်များသာ လုပ်နိုင်မဲ့ အရာပါပဲ။ ဒါ တောင်မှ ၎င်းတို့ဟာ အတွင်းစည်းမှာ နှစ်ပေါင်းများစွာ စွမ်း ရည်ကောင်းများ သင်ကြားရင်း ချီဓာတ်များကို စုဆောင်းခဲ့ ရတာပါ။ 

ကျွဲများ၏ ရုပ်အလောင်းများကို စုဆောင်းရင်း ချန်ရှန် ပြန်လှည့်ချင်နေပါပြီ။ သူအတွင်းစည်းကို အမြန်ပြန်ရောက် ချင်နေပြီပဲ ဖြစ်ပါတော့တယ် . . .။









Chapter – 90

#ငြိမ်းချမ်းရေးယူခြင်း


ချန်ရှန်ဟာ အဆင့် ၁၀ သားရဲမိစ္ဆာကြီး ၂၃ ကောင်တိတိ ကို သတ်နိုင်ခဲ့တာပါ။ ထို့နောက်မှာတော့ မူ လ စထွက်လာရသို့ ပြန်လာခဲ့ကာ ရှောင်ဒို နဲ့ ဇန်ဒီ တို့အား စောင့်နေပါတော့တယ်။ 

တနေကုန်အောင် စောင့်နေပြီးနောက် ချန်ရှန် ဟာ ဇန်ဒီတစ်ယောက် ပျော်ရွှင်စွာ လမ်းလျှောက်လာပုံကို မြင် လိုက်ရတယ်။ ကြည့်လိုက်ရုံဖြင့်ပင် ဇန်ဒီတစ်ယောက် အောင်မြင်ခဲ့မယ် ဆိုတာ ပြောနိုင်ပါတယ်။

“ဇန်လူကြီးမင်း ၊ ဂုဏ်ယူပါတယ်ဗျို့”

ချန်ရှန် ရယ်ပြီး ပြောလိုက်ပါတယ်။ 

“ဟဲဟဲ ၊ မင်းကိုလဲ ဂုဏ်ယူပါတယ် ချန်ရှန် ၊ မင်းက အရင် အောင်မြင်တာ။ နောက်ပြီး မင်းက အရမ်းလည်း ငယ်ရွယ်တယ် ၊ မင်းကတော့ နှိုင်းလို့ကို မရပါဘူး”

ရှောင်ဒို က တော့ ပြန်မရောက်သေးပါဘူး။ ဒါကြောင့် ချန်ရှန် နဲ့ ဇန်ဒီ တို့ အနည်းငယ် စိုးရိမ်မိနေကြတယ်။ သူတို့ အကြာကြီး မစောင့်လိုက်ရပါပေ။ ရုတ်တရက်ပဲ သိမ်းငှက် တစ်ကောင်ရဲ့ အော်သံနဲ့ အတူ ရယ်သံတစ်ခုကို ကြား လိုက်ကြရပါတယ် .။

“ဟား ဟား ၊ ကျွန်တော် တော့ တော်တော် ရလာ တယ်”

ရှောင်ဒို ရယ်သံထွက်လာတယ်။ ကြီးမားတဲ့ သိမ်းငှက် ကြီး တစ်ကောင် ပေါ်မှာ စပ်ဖြဲဖြဲဖြင့် ရှောင်ဒို တစ်ယောက် လိုက်လာ တာကို တွေ့လိုက်ကြရတယ်။ 

ရှောင်ဒို ဟာ သိမ်းငှက်မည်းကြီးအား ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့တာပါ။ ဒီလို သားရဲကြီးအား ယဉ်ပါးအောင် လုပ်ခြင်းဟာ တကယ်ကို ခက်ခဲတဲ့ အရာပါပဲ။ ရှောင်ဒို က တော့ လုပ်နိုင်ခဲ့ပါပြီ။ တကယ်ကို အကျိုးရှိတဲ့ အရာကို လုပ်နိုင်ခဲ့တာ ပါပဲ။

သုံးယောက်လုံး အန္တရာယ်ကင်းစွာ ပြန်ရောက်လာပြီး ဆုများစွာ ပါ ရရှိလာခဲ့ကြတာပါ။ ဒီအချိန်မှာပဲ ဆရာကြီးဝု နဲ့ ဆေးဆရာမကြီးတို့ ရောက်လာခဲ့ပါတယ်။ 

“ရလာတဲ့ရတနာတွေ ၊ သားရဲကောင် အလောင်း တွေ ဟာ မင်းတို့ ယူလာတာ ဖြစ်တဲ့အတွက် မင်းတို့ပိုင်တယ်။ ဒါပေမဲ့ ဘာတွေ ရလာသလဲ ဆိုတာကိုတော့ ပြောပြ ရမှာ ဖြစ်တယ်”

ချန်ရှန် သားရဲ ၂၃ ကောင်၏ အလောင်းများကို ထုတ် လိုက်တယ်။ အသီး ၅ လုံးပါ ထုတ်ပြလိုက်တဲ့ အခါ မှာ တော့ ရှောင်ဒို နဲ့ ဇန်ဒီတို့ မျက်လုံးများ ပြူးသွားကြပါတယ်။ ဒီအလောင်းကောင်တွေဟာ သံချပ်ကာ ကျွဲ များ ဆိုတာ အသေအချာ သိကြတယ်။ အုပ်စုလိုက်နေတတ်ကြတဲ့ ကျွဲများဖြစ်ပြီး အရမ်းကို သန်မာကြကာ စွမ်းအားကြီးလှ တယ် ဆိုတာလည်း သိပါတယ်။ ယခုတော့ အသားတုံး ကြီးတွေ ဖြစ်သွားပါပြီ။ အကြည့်တစ်ချက်နဲ့နဲ့ပင် ဘယ်လို တောင် တိုက်ခိုက်ခဲ့လဲဆိုတာ သိနိုင်ပါတယ်။ 

“ ၂၃ ကောင်တောင်ပဲ ၊ အကိုတော်ချန် ၊ ခင်ဗျားက တကယ်ကို ပုံမှန်မဟုတ်ပေဘူး”

ရှောင်ဒို ပြောလိုက်တာပါ။ သူကတော့ ကျား ၂ ကောင် နဲ့ ဝက်ဝံတစ်ကောင်ကို ထုတ်လိုက်ပြီး သူ့နောက် က သိမ်းငှက်ကို ကြည့်ကာ - 

“ဒီကောင် က ကျွန်တော် ယူလာတာကြောင့် ကျွန်တော့ အပိုင်ပဲ”

“ ဒါ ထုံးစံပါပဲ”

ဆရာကြီး ဝု က အပြုံးဖြင့် ပြောပါတယ်။ 

ဇန်ဒီ ကတော့ ဝံပုလွေ လေးကောင် ကို သတ်ခဲ့တာ ဖြစ်ပြီး နှစ်သုံးထောင် သက်တမ်းရှိ သွေးဂျင်စင်းကို တွေ့ရှိ ခဲ့ပါတယ်။ တကယ်ကို အကျိုးများလှတာပါ။

“မင်း ဒီ မိုးပြာသိမ်မွေ့အသီးတွေ ပြန်ရောင်းမှာလား”

ဆေးဆရာမကြီး က အသီး ၅ လုံးကို ကြည့်ရင်း ပြော ပါတယ်။ 

“မရောင်းဘူး”

ချန်ရှန် က ခပ်တိုးတိုး နဲ့ လှောင်ပြောပါတယ်။

မိုးပြာရောင် သိမ်မွေ့အသီး ၊ ဇန်ဒီ နဲ့ ရှောင်ဒို တို့ တခါ ထပ်ပြီး ပါးစပ်အဟောင်းဖြစ်သွားကြတယ်။ ချန်ရှန်၏ ကံ ကောင်းမှုကိုပင် မနာလို ဖြစ်နေကြပါတယ်။ 

အခြေခံတည်ဆောင်ရေး ဆေး ရဲ့ အဆင့်ဟာ သိပ်ပြီး မမြင့်လှသော်လည်း တော်တော် တော့ ရှားပါတယ်။ ဒီဆေး လုပ်ဖို့ ကုန်ကျစရိတ်ကပင် တခြားဆေးများထက် ဈေးများနေပါတယ်။ ဒီ မိုးပြာရောင် သိမ်မွေ့သီးက အဓိက ပါဝင်ပစ္စည်းပါ။ သိပ်အဆင့်မြင့်ကြီးထဲ မပါဝင်သော်လည်း ဒီဆေးဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် ကို ဝင် ရောက်နိုင်ရန် များစွာ အထောက်အကူ ပေးပါတယ်။ ဒါ ကြောင့်ပင် ဈေးကြီးမြင့်စွာဖြင့် ရောင်းချကြတာပါ။

“ငါ့ကို ရောင်းလိုက် ၊ ငါမင်းကို အခြေခံ တည်ဆောက် ရေး ဆေး အလကား လုပ်ပေးမယ်။ ငါက သူများအတွက် လုပ်ပေးဖူးတာ မဟုတ်ဘူးနော်”

ဆေးဆရာမကြီးဟာ ဒီ အသီးကို တော်တော် စိတ်ဝင် စားနေတယ်။ အရင်က ဒီလို အသီး ကို ၁၀ လုံးတောင် ရရှိ ခဲ့ဖူးသော်လည်း အသုံးပြုခဲ့ပြီး ဖြစ်တယ်။ ဒါဟာလည်း တော်တော် ကြာခဲ့ပါပြီ ၊ ထိုကတည်းက အခြေခံတည်ဆောက်ရေးဆေးကို မလုပ်ဖြစ်ခဲ့တာပါ။

“ခင်ဗျားသာ အရင်က ကျွန်တော့်ကို ခက်ခဲအောင် မလုပ်ခဲ့ရင် ကျွန်တော် ခင်ဗျားကို တစ်လုံးပေးမိမှာပဲ ၊ ဒါ ပေမဲ့ ခုတော့ ဘယ်ဈေးနဲ့မှကို မရောင်းနိုင်တော့ဘူး”

ချန်ရှန် ခေါင်းခါယမ်းပြီး ပြောလိုက်ပါတယ်။ သူ သူမကို ထပ်ကိုမတွေ့ချင်တော့တာပါ။

ရှောင်ဒို ချန်ရှန်အား ဘေးသို့ နည်းနည်း ဆွဲလိုက်တယ် ၊ ဆရာမကြီးဒေါသထွက်မှာကို ကြောက်လို့ပါ။ အဲလို ဖြစ် လာရင် သူတို့အတွက် မကောင်းနိုင်ဘူး မဟုတ်ပါလား။ 

“သလင်းကျောက် ငါးသိန်း တစ်လုံးစီအတွက် ပေး မယ် ၊ ရောင်းမလား”

ဆေးဆရာမကြီး ခနဲ့တဲ့တဲ့ ပြောလိုက်တယ်။

“မရောင်းပါဘူး”

ချန်ရှန်က လည်း တည်ငြိမ်စွာ ပြန်ပြောလိုက်တယ်။ 

“ဆယ်သိန်း ပေးမယ် ၊ ရောင်းမလား”

ဆရာမကြီး က အေးစက်စက်ပဲ မေးလိုက်တယ်။ 

“ရောင်းမယ်”

ချန်ရှန် ပြုံးစိစိ နဲ့ ဖြေလိုက်တယ်။ 

သလင်းကျောက် ၁၀ သိန်းဆိုတာ နည်းလှတဲ့ ပမာဏ မဟုတ်ပေ။ ဒီတန်ဖိုးနဲ့သာ မရောင်းရင် သူ့လောက် မိုက်မဲ တဲ့လူ ရှိမှာ မဟုတ်တော့ပါဘူး။ ဒါတင်မက သူနဲ့ ဒီဆရာမ ကြီး တို့၏ ဆက်ဆံရေးမှာလည်း ပိုမို ဆိုးရွားသွားဖွယ်သာ ရှိနေတယ်။

“ဟဟ ၊ ငါမဝယ်တော့ဘူး”

ဆေးဆရာမကြီးက ဒေါသထွက်နေတဲ့ ကောင်မလေး လို ခြေဆောင့်ကာ ထွက်သွားပါတယ်။

ချန်ရှန် လည်း နှုတ်ခမ်းများကွေးကာဖြင့် - 

“ဟက် ၊ ဒီမိန်းမက သူ့ကတိသူ ဖျက်တာပဲ ၊ အစောပိုင်း ကလည်း သူ့ကို နိုင်ရင် လက်ထပ်မယ်တဲ့ ၊ အချိန်ကုန် ခံပြီး သူမကို နိုင်ဖို့လဲ ကြိုးစားရဦးမယ်။ ခုကျ သူမဟာ စကား မတည်တဲ့ လူတစ်ယောက် ဖြစ်နေတယ်။ ကျွန်တော် ဘာ လုပ်သင့်လဲ”

ဆေးဆရာမကြီး ဒီ စကားကိုကြားတဲ့အခါ လှည့်ကြည့် ကာ အေးစက်စက်ဖြင့် - 

“သလင်းကျောက် ဆယ်သိန်းနဲ့ ဝယ်မယ်”

ချန်ရှန် တကယ်ပဲ သူမ၏ မျက်နာဖုံးကို ချွတ်ကာ ပြင်း ထန်သော သိုင်းပညာဂိုဏ်း၏ တစ်ဦးတည်းသောမိန်းမ မျက်နာကို ကြည့်ချင်နေမိတယ်။

“ခင်ဗျား နဲ့ ကောင်းကင် နတ်လက်နက် အင်ပါယာ ဧကရီ တို့ ရဲ့ ဆက်ဆံရေးကော အဆင်ပြေရဲ့လား”

ချန်ရှန် မေးလိုက်တယ်။ သူရုတ်တရက် အကြံရသွား လို့ပါ။ 

“ငါတို့ ၂ ယောက်လုံးက မိန်းမတွေလေ။ နောက် ငါတို့ ဆက်ဆံရေးဟာလည်း မဆိုးလှပါဘူး ၊ မင်းကဘာလို့မေး တာလဲ”

“ကျွန်တော် ခင်ဗျားကို အသီး ၂ လုံးပေးမယ် ၊ ကျွန်တော့ ကို တစ်ခုလောက် ကူညီနိုင်မလား။ တစ်လုံးကို ဆေးတစ်စုံပြုလုပ်ပြီး ဆေးတစ်လုံးကို ရွှီရှန်း ရှန်းကို ပေးပြီး နောက်တစ်လုံးကို ရေခဲလေ တောင်ကြား က လန်ယုလန် ကို ပေးပေးနိုင်မလား”

ချန်ရှန် ကြည့်ကာမေးလိုက်တယ်။

ဒီ အသီး ကို ဆေးတစ်စုံ ပြုလုပ်လျှင် အမှားအယွင်း မပါ ပါ က ဆေး ၂ လုံး ရရှိမည် ဖြစ်ပါတယ်။ သာမန် ဆေး ပညာရှင်အဖို့ တစ်လုံးသာ လုပ်နိုင်မည် ဖြစ်သော်လည်း ဒီ ဆရာမကြီးကတော့ ၂ လုံးရလိမ့်မည်ဟု ချန်ရှန် ယုံကြည် မိ ပါတယ်။

“ကျွန်တော် ခင်ဗျားရဲ့ သလင်းကျောက်တွေကို ယူမှာ မဟုတ်ဘူး ၊ လက်ဆောင်လို့ သတ်မှတ်လိုက်ပါ”

ချန်ရှန် ပြောလိုက်တယ်။ သူ ဒီဆရာမကြီး နဲ့ ဒီလို အခြေအနေ ဆက်ဆံရေးမျိုး မဖြစ်ချင်ပါ။ အဘယ်ကြောင့် ဆိုသော် မကြာမီမှာ သူဟာ ဆေးပညာခြံဝန်းကို ဝင်ကာ ဒီ ဂိုဏ်းမှာ အချိန်အတော်ကြာနေဖို့ စဉ်းစားထားတာပါ။ နောင် အနာဂတ်မှာ သူဟာ ချန်ဝူ နယ်မြေကြီးမှာ သွားလာ တဲ့အခါ ဒုက္ခအချို့ဆိုတာ မလွှဲမသွေ ကြုံတွေ့ရမှာပါပဲ။ ဒီ အချိန်မှာ ဒီဂိုဏ်းရဲ့ အရိပ်အာဝါသ ဆိုတာ တကယ်ကို လို အပ်မှာပါပဲ။ 

ဆရာကြီး ဝု ၊ ရှောင်ဒို နဲ့ ဇန်ဒီတို့ဟာ ဒီရည်ရွယ်ချက် ကို ရိပ်မိပုံရပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ဒီလိုအဆိုကို ထောက်ခံမိကြတယ်။

ဆရာမကြီး တခဏမျှ တိတ်ဆိတ်သွားကာ ပြောလိုက် ပါတယ်။

“မင်းကို ငါ ဘာလို့ မုန်းလဲ သိလား”

ချန်ရှန် ခေါင်းခါယမ်းပြီး သက်ပြင်းချကာာ - 

“မသိဘူး ၊ ကျွန်တော် လည်း သိပ်သိချင်နေတာ”

“မင်းငါ့ကို ရှုံးတဲ့အခါ ပြောပြတာပေါ့”

ဆရာမကြီး အသီး ၂ လုံးကို ကောက်ယူလိုက်ကာ - 

“လန်ယုလန် က မင်းရဲ့ဘာလဲ။မင်းမှာ သတို့သမီး ရွှီ ရှန်းရှန်း ရှိပြီးသားမဟုတ်လား ၊ ဒါတောင် တခြားသူကို စဉ်း စားနေသေးတယ်။ ယောကျာ်းတွေက ဒီလိုပဲ”

ချန်ရှန် အလျင်အမြန်ပင် ပြန်ရှင်းပြတယ်။

“သူမက ကျွန်တော့ သွေးသောက်မွေးစား ညီမပါ။ သူမ ကို ဒီဂိုဏ်းမှာ နေဖို့ လွှတ်လိုက်တာ။ ကျွန်တော် က အရင်က ဒီဂိုဏ်းရဲ့ စည်းမျဉ်းတွေကို မသိဘူးလေ။ ဒါ ကြောင့်ပဲ ဒီကနေတော်တော် လှမ်းတဲ့ ရေခဲလေ တောင် ကြားဂိုဏ်းကို ရောက်သွားတာပဲ။ အဲဒိကို ကျွန်တော်က လည်း အချိန်တော်တော်ကြာ သွားနိုင်ဦးမှာ မဟုတ်ဘူး ၊ အကိုတစ်ယောက် အနေနဲ့ စောင့်ရှောက်ရမဲ့ ဝတ္တရား ရှိ တယ်လေ ၊ ဒါကြောင့် ပဲ ခင်ဗျား ဆီက အကူအညီ တောင်း ရတာပါ”

“ဟဟ ၊ မွေးစား ညီမတဲ့လား ၊ ချဉ်းကပ်နည်းကောင်း ပဲ ၊ တခြားရည်ရွယ်ချက် မင်းစိတ်ထဲမှာ ရှိမရှိဆိုတာ ဘယ် သူ သိနိုင်မှာလဲ”

ဆရာမကြီးလဲ ပြောပြီးတာနဲ့ တဖက်လှည့်ကာ ထွက် သွားပါတော့တယ်။ ချန်ရှန် နဲ့ တခြားလူများ နည်းနည်း တော့ အံ့သြသွားကြတယ်။ ဆရာမကြီးရဲ့ အသံမှာ မနာလို မှု အနည်းငယ် ပါနေပုံ ပေါက်လို့ပါပဲ။

“အကိုတော် ချန် ၊ အခုကစပြီးအကိုတော်ကို မွေးစား အကိုတော်လို့ ခေါ်လို့ ရနိုင်မလား”

ရှောင်ဒို စပ်ဖြဲဖြဲနဲ့ ပြောပါတယ်။ ချန်ရှန် လက်ထဲက အသီးကို ကြည့်နေရင်းပေါ့။ ချန်ရှန်လဲ ရှောင်ဒိုကို ခပ်ပြုံး ပြုံးပင် ကြည့်ကာ ပြောလိုက်တယ်။

“မင်းက လူချမ်းသာလေးပါကွာ ၊ ဒီလို အရာလေးတွေ ကို ဂရုစိုက်နေဖို့ မလိုပါဘူး”

“အကိုတော် ကတော့ ဒီလိုမွေးစားညီမရှိတာ လူတိုင်းရဲ့ အာရုံစိုက် မနာလိုတာ ခံရတော့မှာပဲ”

ရှောင်ဒို ခပ်တိုးတိုး ရေရွတ်မိတယ်။ ဒီလန်ယုလန် အ ကြောင်းကို သူသိနေတယ်။ သူမနဲ့ ရွှီရှန်းရှန်း ဟာ တူတူပါ ပဲ။ ၂ ယောက်လုံးဟာ မျိုးဆက်သစ် သိုင်းလောကမှာ ပါရမီ အရှိဆုံး တွေ ပါပဲ။

ဆရာကြီး ဝု ချောင်း ၂ ချက်ခန့် ဟန့်ကာဖြင့် - 

“မင်းက မင်းနဲ့ ဆရာမ တို့ကြားက တင်းမာမှုကို လျော့ ချချင်နေတာပဲ။ တကယ်ကို ကောင်းတယ်။ အခု အတွင်း စည်းတပည့်တွေ ဖြစ်လာကြတဲ့ မင်းတို့ သုံးယောက်ကို တကယ်ပဲ ဂုဏ်ယူပါတယ်။ ခဏကြာရင် မင်းတို့ကို ဖက်တီး အပြင်မှာစောင့်နေလိမ့်မယ်။ မင်းတို့ စည်းစည်း လုံးလုံး နဲ့ နေကြတော့”

၎င်းတို့လည် း သူတို့၏ ရတနာများကို ယူကာ လျို့ဝှက် ဆန်းကြယ် နယ်ပယ်ထဲမှ စိတ်လှုပ်ရှားစွာ ထွက်လာကြ တယ်။ ဇုရွန်ကလည်း သူတို့အား အပြင်မှာ အကြာကြီး စောင့်နေရှာတာပါ။ 

အဘယ်ကြောင့်ဆိုသော် ဇုရွန် နဲ့ ရှောင်ဒို တို့ ဆက်ဆံ ရေးဟာ အတော်ကို ကောင်းမွန်ပါတယ်။ ဒါတင်မက ချန်ရှန် နဲ့ ဇန်ဒီ တို့ကိုလည်း တော်တော် ခင်မင်မိသော ကြောင့်ပါပဲ။ ၎င်းဟာ ချန်ရှန် နဲ့ အပေါင်းအပါများအား ဒီ အတွင်းစည်း အတွင်းမှာ ကောင်းကောင်း လမ်းညွှန်နိုင် မည် ဖြစ်ပါတော့တယ် . . .။





















Chapter – 91

#အတွင်းစည်းခြံဝန်း


စိတ်အလှုပ်ရှားဆုံး လူကတော့ ရှောင်ဒိုပါပဲ။ လျို့ဝှက် ဆန်းကြယ် နယ်ပယ်မှ ထွက်လာတာနဲ့ ယခင်သူတို့နဲ့ အလောင်းအစား ပြုလုပ်ဖူးသော စိတ်ကြီးဝင်နေတဲ့ လူ အား သွားပြသနာရှာချင်နေပါတယ်။ အလွယ်တကူပင် ချီ ဓာတ်ဆေး အလုံး ၁၀၀၀ ရသွားမှာကို ကြည့်ရင်း ဇုရွန် တစ်ယောက် မနာလိုတွေ ဖြစ်နေပါတယ်။

အခြေခံအားဖြင့် ချီဓာတ်ဆေး တစ်လုံးအား သလင်းကျောက် ၅၀၀ နဲ့ ရောင်းနိုင်သောကြောင့် အလုံး ၁၀၀၀ ဆို ပါက သလင်းကျောက်တုံး အလုံး ငါးသိန်း လောက်ကို ရ နိုင်မှာ ဖြစ်ပါတယ်။ တကယ်ကို များပြားလှ တဲ့ ပမာဏပါ။

“အကိုတော် ချန် ၉၀ ရာခိုင်နှုန်းသော ဆေးလုံးတွေ ဟာ အကိုတော့ဟာပါ ၁၀ ရာခိုင်နှုန်းသာ ကျွန်တော့ အပိုင် ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်က တာဝန်ယူရုံသက် သက်ပါပဲ ဘာမှ မပိုပါဘူး။ ကျွန်တော်က ဒီတိုင်း ပါးစပ်ထဲ တွေ့ရာ ပြောလိုက်တာပဲ ခုလို အများကြီးရမယ်လို့ မမျှော် လင့်မိဘူး”

ရှောင်ဒို ပြုံးကာပြောပါတယ်။ တန်ဖိုးပမာဏ များပြား လှသော်လည်း သူ့အတွက် သိပ်မထူးဆန်းသလိုပါပင်။ လွန်ခဲ့တဲ့ နှစ်များစွာထဲက ဒီပမာဏလောက်ကို သူစားသုံး ခဲ့ပြီးပြီ မဟုတ်ပါလော။

ချန်ရှန်ဟာ ရှောင်ဒို တစ်ယောက် ဒီဆေးအလုံး ၁၀၀၀ အား သိပ်စိတ်ဝင်စားလှခြင်းမရှိသည်ကို မြင်တဲ့အခါ နည်း နည်း ရှိန်မိသွားတယ်။ ဒါပေမဲ့လည်း ယန် မျိုးနွယ်ဟာ ဒီ ပြင်းထန်သော သိုင်းပညာ စီရင်စုမှာ အဓိက မျိုးနွယ်ကြီး လေးခုထဲမှ တစ်ခုဖြစ်တယ်ဆိုတာကို အမှတ်ရမိလိုက်ပါ တယ်။ ဒါကြောင့် ဒီလိုဖြစ်တာ မထူးဆန်းဘူးဟု ထင်မိပါ တယ်။ အဓိကမျိုးနွယ်စုကြီးတစ်ခုမှာ တန်နဲ့ချီတဲ့ သလင်းကျောက်များ ရှိမှာ အမှန်ပါပဲ။ ဒါတင်မက ဆေးပင်တွေ ၊ သားရဲ ရတနာတွေ အစရှိသဖြင့် များစွာ ရှိမှာပါပဲ။ ၎င်း တို့ ဟာ အဓိက ဂိုဏ်းကြီးတွေကို မယှဉ်နိုင်ပေမဲ့လည်း ဒီ ဂိုဏ်းတွေ ပြီးရင် အချမ်းသာဆုံး များ လို့ သတ်မှတ်လို့ ရပါ ပေတယ်။

“ဖက်တီးကြီး ၊ ခင်ဗျားတို့ ဇုမျိုးနွယ်ကလည်း ကျွန်တော် တို့လိုပဲလေ။ ခင်ဗျားတို့ ကြွယ်ဝမှုဟာ ကျွန်တော်တို့ကို ကောင်းကောင်းယှဉ်နိုင်ပေတယ်။ ဘာလို့လဲ ဆိုတော့ ခင်ဗျားဟာ ကပ်စီးနည်းပြီး မနာလိုတတ်လို့ပဲ”

ရှောင်ဒို ဇုရွန်၏ ကျောကို ပုတ်ကာ ဖြင့် ရယ်မော ပြော ဆိုပါတယ်။ 

ဇုရွန် တစ်ယောက် ရယ်သာ ရယ်နိုင်ပေတယ်။ ဒီလို သူ၏ ခန္ဓာကိုယ်ကို ကြည့်ခြင်းဖြင့်လည်း သူ့မိသားစု၏ ချမ်း သာမှုကို ခန့်မှန်းနိုင်နေပါပြီ။ 

ဇန်ဒီခေါင်းခါယမ်းကာ သက်ပြင်းချပြီး - 

“ကျောထောက်နောက်ခံ ကောင်းကောင်းရှိရင် ဆယ်စု နှစ်များစွာ ရုန်းကန်မှုတွေ မရှိပဲ နေနိုင်တာပေါ့လေ”

ချန်ရှန်တို့လည်း ဇုရွန်နောက်လိုက်ခဲ့ကာ ခြံဝန်း အမှတ် ၃၂၉ သို့ ရောက်ရှိလာပါတယ်။ ဒါဟာ အတွင်းစည်း မှာ အားအနည်းဆုံးသူများ နေထိုင်ရာ ခြံ ဖြစ်ကာ အတွင်းစည်းအောင်သူ လူသစ်များ နေထိုင်ရာ ခြံ ဝန်းလည်း ဖြစ်ပါတော့တယ်။

“တစ်ယောက်မှ မရှိကြဘူးလား ၊ မြန်မြန် ထွက်လာပြီး လူသစ်တွေကို ကြိုဆိုကြလေ”

ရှောင် ဒို ထအော်ပါလေတော့တယ်။ 

ဇုရွန်လည်း နှုတ်ခမ်းများကွေးကာဖြင့် - 

“လျှောက်အော်မနေနဲ့ ၊ ဒီ အတွင်းစည်းကို လူ မဝင် တာ နှစ်ပေါင်းများစွာ ကြာပြီဟ။ အမြဲတမ်း ဒီလိုဖြစ်နေ တာ”

ချန်ရှန် မေးလိုက်တယ်။

“ဒါဆို ဒီက လူတွေက ဒီထက်မြင့်တဲ့ ခြံဝန်းတွေကို ရောက်သွားတာလား ၊ ဒါပေမဲ့ တချို့ရှုံးသွားတဲ့ လူတွေ ကျ ဒီကို ပြန်မလာ ရတော့ဘူးလား”

ဇုရွန် ခေါင်းညိမ့်ကာဖြင့် - 

“မင်းပြောတာ မှန်တယ်။ ဒီ တွင်းစည်းနောက်လိုက် တွေ ဟာ များစွာသော မစ်ရှင်တွေကို ပြုလုပ်ကြတယ်။ ဒီ မစ်ရှင်တွေဟာ အန္တရာယ် အလွန်များပြီး အရေးလဲ ကြီး တယ်။ အတွင်းစည်း ခြံဝန်းပေါင်း ၃၀၀ ကျော်ရှိပေမဲ့ တစ်ခြံချင်းစီမှာ ရှိတဲ့ လူအရေအတွက်ဟာ ၁၀ ဦး ထက် မပိုပေဘူး။ ခုငါနေနေတဲ့ ခြံဝန်းဆို လည်း ၅ ယောက် ပဲ ရှိတယ်။”

အတွင်းစည်းတပည့်ရင်း ဖြစ်ရတာဟာ အကျိုးကျေးဇူး များစွာ ရရှိပါတယ်။ လတိုင်း ချီဓာတ်ဆေး အလုံး၃၀၀ နဲ့ သလင်းကျောက်တုံး ၃၀၀၀ ရပါမယ်။ နှစ်တိုင်းကို ဒြပ်စင် ဆေး တစ်လုံးလည်း ရပါဦးမည ်။ နောက်ပြီး မစ်ရှင်အချို့ ပြုလုပ်ပါက အားဖြည့်ဆေးများ ၊ အဆိပ်ဖြေဆေး များ စွာ ရရှိမည် ဖြစ်ပြီး ဒါ့အပြင် မစ်ရှင် အောင်မြင်သွားပါက ဆု များလည်း ရရှိမှာ ဖြစ်ပါတယ်။ ဇုရွန် ဟာ တန်ဖိုးကြီးလှတဲ့ ကျောက်စိမ်းဆေးကို ဒီလို ရရှိခဲ့တာပါ။ 

“အမှတ် ၃၀၀ အတွင်း စည်းခြံဝန်းက နောက်လိုက် တွေဟာ သေ ကုန်ကြပြီ။တစ်ယောက်မှကို မရှိတော့ဘူး”

ဇုရွန်ပုံစံက ခပ်တည်တည် ဖြစ်သွားသလိုပါပဲ။ အတွင်း စည်း တပည့်ရင်း ဖြစ်ရတယ် ဆိုတာဟာလည်း လူ အများထင်သလို လွယ်ကူသော အရာတော့မဟုတ်ချေ။ ၎င်း တို့ဟာ လုပ်ဆောင်ရမဲ့ မစ်ရှင်များစွာ ရှိပြီး အခက် အခဲများစွာလည်း ရှိနေကြတယ်။ 

“အဲဒါဆို ဘာလို့ အဲဒိ အမှတ် ၃၀၀ ဆီ ကျွန်တော်တို့ကို မပို့တာလဲ”

ရှောင်ဒို က မကျေနပ်သလိုမေးတယ်။

“လူနောက်ကလေး ယန် ၊ ငါမင်းကောင်းဖို့ လုပ်တာ ၊ မင်း နံပါတ် ရှေ့ရောက်လေလေ ၊ မင်းလက်ခံရမဲ့ အရာ များဟာ ပိုမို အန္တရာယ် ကြီးလေလေ ပဲ။ မင်း ချန်ရှန် အဆင့် ၁၀ ရောက်မှာကို စောင့်သင့်တယ်။ ပြီးမှ အတူတူ တဆင့်ချင်း တက်တာကောင်းမယ်။”

ဇုရွန် က ပြောလိုက်ပါတယ်။ 

ချန်ရှန်ကလည်း သဘောတူကာ -

“ငါတို့က ခုမှ ရောက်ခါစ ရှိသေးတယ်လေ။ ခု ပိုမို အဆင့် မြင့်တဲ့ သိုင်းစွမ်းရည်တွေ သင်ကြတာပေါ့။ ငါတို့ စွမ်းအင်တွေ တိုးတက်လာပြီး တည်ငြိမ်လာမှသာ ရှေ့တက်ဖို့ ကြိုးစားသင့်တယ်”

“လာကြတော့ ၊ ငါက အမှတ် ၂၀၀ ကပဲ။ အဲဒိမှာနေပြီး အဆင့် မတက်နိုင်တာ တော်တော် ကြာပြီ။ မင်းတို့ ဒီနေ ရာကို ရှင်းလိုက်ရင်ကောင်းမယ်။ ငါတော့ လစ်ပြီဟေ့”

ဇုရွန်လည်း လျင်မြန်စွာပင် ထွက်သွားပါတယ်။ ချန်ရှန် တို့ သူ့အား ကူရှင်းခိုင်းမှာကို စိုးရိမ်လို့ ပါ။ 

ဒီခြံဝန်း ထဲမှာတော့ အိမ်ငယ်များစွာ ရှိလေတယ်။ နားနေဆောင်လည်း ရှိနေပါတယ်။ ချန်ရှန် တို့လဲ အတွေး ကိုယ်စီဖြင့် ရှိနေကြတယ်။

“ကျွန်တော် က ဒီ မှာ အိပ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ဘာသာ ရှင်းကြတော့”

ရှောင်ဒို စပ်ဖြဲဖြဲ နဲ့ ပြောကာ ထွက်သွားပါတယ်။

ဒီနေရာဟာ လူမနေတာ ကြာပြီ ဖြစ်သောကြောင့် သစ်ရွက်ခြောက်များ ဖုန်များဟာ ထူထပ်လှပြီး ညစ်ပတ် လျက် ရှိနေပါတယ်။ ချန်ရှန် တို့ ၂ ယောက် ကုန်စင်အောင် ရှင်းမည် ဆိုပါက ရက်အတန်ကြာ အချိန်ကုန်ပေပါ လိမ့် မယ်။

ချန်ရှန်က တော့ လေ့ကျင့်ရေးပစ္စည်းများ ထားသော အဆောက်အဦးတစ်ခုမှာ နေမယ်လို့ ဆုံးဖြတ်လိုက်ပါ တယ်။ ဒါတွေနဲ့ လေ့ကျင့် ချင်လို့ရယ်တော့ မဟုတ်ပါဘူး။ ၎င်းပစ္စည်းများဟာ အလွန်ပေါ့ပါးပေမဲ့လည်း ဒါတွေ နဲ့ ပင် အချိန်များစွာ လေ့ကျင့်ရန် လိုအပ်ပါတယ်။

“ဒီလိုပစ္စည်းတွေက လေ့ကျင့်သူတွေကို ပြင်းထန်လှ တဲ့ လေ့ကျင့်မှုတွေနဲ့ အတွေ့အကြုံတွေ ပေးနိုင်လိ့မ်မယ်”

ဇန်ဒီ က စကားဆိုပါတယ်။

ဒီအချိန်မှာပဲ ရှောင်ဒို ပြန်လာကာ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောတယ်။

“အကိုတော်ချန် ၊ ဟိုလူကို ကျွန်တော် သွားရှာတော့ သူ က အဆင်သင့်ပဲ ကျွန်တော့ကို ချီဓာတ်ဆေးတွေ ပေး တယ်။ မြန်မြန်လာပြီး မှန်မမှန် စစ်ဆေးပေးပါဦး”

အလောင်းအစားကိစ္စကို ချန်ရှန် သိပ်တော့ ဂရုမစိုက် ပါချေ။ သူကိုယ်တိုင်ပင်များစွာ လုပ်နိုင်သောကြောင့်ပါပဲ။ 

ရှောင်ဒို ကျောက်စိမ်း သေတ္တာလေး ဆယ်လုံးအား ထုတ်လိုက်တယ်။ အထဲမှာတော့ ချီဓာတ်ဆေး အလုံး ၁၀၀ စီ ရှိနေကြတာ ဖြစ်ပါတယ်။ ချန်ရှန် ကြည့်ရှုပြီးတဲ့ နောက်မှာတော့ အစစ်တွေဆိုတာ သေချာသွားတယ်။ သူလုပ်တဲ့ ဆေးလောက် အရည်အသွေး မမြင့်ပေမဲ့ လည်း လိုအပ်ချက် စံနှုန်းများ ပြည့်စုံသော ဆေးအဖြစ် အသိအမှတ်ပြုလို့ ရပါပေတယ်။

ရှောင်ဒို က သေတ္တာ တစ်လုံးပဲ လိုချင်တာပါ။ ချန်ရှန် ဟာ တစ်လုံးအား ဇန်ဒီကို ပေးချင်သော်လည်း ၎င်းမှ လက် မခံခဲ့ပါချေ။ နောက်ဆုံးတော့ တန်ဖိုး တဝက်ဖြင့်သာ ဝယ် သွားပါတော့တယ်။ 

ဇုရွန်ဟာ ချန်ရှန်အား အဖြူရောင် ကျောက်စိမ်းဆေး အား ပေးခဲ့သောကြောင့် သူအလွန်ပင် ကျေးဇူးတင်မိပါ တယ်။ ဒါကြောင့် ဇုရွန်ကိုလည်း တစ်လုံး ပေးလိုက်တယ်။ တကယ်တော့ ဇုရွန်ဟာ သေတ္တာ တစ်လုံး ရတဲ့အခါ မနာ လိုမှုများ ဖြစ်နေသေးတာကို တွေ့လိုက်ရတယ်။ သူက သေတ္တာ ၃ လုံးကို ဈေးတဝက်နဲ့ ဝယ်ချင်တာ ဖြစ်ပြီး နောက်ဆုံးမှာတော့ ရှောင်ဒို၏ မောင်းထုတ်ခြင်းကို ခံလိုက် ရပါတော့တယ်။

“အရှက် မရှိတဲ့ ဖက်တီးကြီးပဲ”

ရှောင်ဒို အော်လိုက်ပါတယ်။ 

“ကျွန်တော် တို့ဟာ အခု အတွင်းစည်း တပည့်ရင်း တွေ ဖြစ်နေကြပြီ။ အတွင်းစည်းခြံဝန်းရဲ့ ပင်မ ခန်းမ ကို သွားပြီးတော့ သိမ်မွေ့အဆင့် နဲ့ မြေကြီး အဆင့် ကျင့်စဉ် များကို ကျင့်နိုင်ပြီပေါ့”

ရှောင်ဒို စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်တယ်။ 

ချန်ရှန်တို့ ဟာ အတွင်းစည်းများ ဖြစ်သွားကြတဲ့ အတွက် သတ်မှတ်ထားသော ပစ္စည်းများအား ရရှိပါတယ်။ ဒါတွေကို လက်ခံဖို့ အတွင်းစည်းခြံဝန်း သို့မဟုတ် ဆေးပညာ ခြံဝန်း သို့ သွားရတာဖြစ်တယ်။ စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာရှင်မှ ဒီကိစ္စများကို ကြီးကြပ် ကွပ်ကဲပေးတာပါ။ ချန်ရှန်ဟာ ချီဓာတ်ဆေး အလုံး ၂၀ ၊ ဒြပ်စင်ဆေး တစ်လုံး နဲ့ သလင်းကျောက်တုံး ၃၀၀၀ ကို လက်ခံရရှိခဲ့ပါတယ်။ အဆင့် ၉ ရှိတဲ့ သာမန် လက်နက် တစ်ခုကိုလည်း ရရှိကာ ၎င်း လက်နက် မှာ နဂါးခေါင်း တပ် ထားသော ဓားပြားကြီး တစ်ခု ဖြစ်တယ်။

ရှောင်ဒို နဲ့ ဇန်ဒီ တို့သည် ၎င်းတို့၏ လက်နက် များ ကို ရရှိခဲ့ကြသော်လည်း သိပ်စိတ်ဝင်စားပုံ မပေါ်ကြပေ။

အတွင်းစည်းခြံဝန်း၏ ပင်မခန်းမသို့ လမ်းလျှောက် သွားကြရင်း ချန်ရှန် သူ၏ လက်နက်အား ကစားနေသည် ကို မြင်တဲ့အခါ ရှောင်ဒိုက - 

“အကိုတော် ချန် ၊ ဒါက သာမန် အဆင့် ၉ လက်နက် ဆိုတော့ ကောင်းရဲ့လား ၊ ကျွန်တော် တို့ ၂ ယောက်က ဝိဉာဉ်တော်အဆင့်လက်နက်တွေ သုံးကြတာလေ”

ချန်ရှန် အံ့သြသွားတယ်။ သူတို့ ဘာကြောင့် လက်နက်များကို စိတ်မဝင်စားလဲဆိုတာ ရုတ်တရက် သ ဘောပေါက်သွားပါတယ်။ ၎င်းတို့ မှာ ဝိဉာဉ်တော် လက်နက်များ ရှိနေလို့ပါပဲ။

ဈေးအသက်သာဆုံး အဆင့် ၁ လက်နက်ပင် သလင်းကျောက် ၁၀၀၀၀ လောက် တန်ကြေးရှိပါတယ်။ ဒါကြောင့် ၎င်းတို့မှာ ရှိနေတာဟာ သိပ်တော့ မဆန်းလှပါချေ။ 

“ငါတစ်ခါမှ အဲလို လက်နက်တွေ မမြင်ဘူးဘူး။ ဘယ်လိုနေလဲ”

ချန်ရှန် စပ်စုလိုက်တယ်။ 

ရှောင်ဒိုက ဓားပြားတစ်လက် ကို ဆွဲထုတ်ကာ ဂုဏ်ယူ ဟန်ဖြင့် - 

“ဒါ အဆင့် ၅ ဝိဉာဉ်တော် အဆင့် လက်နက်ပဲ ၊ ကောင်းကင်ဝံပုလွေ ဓား လေ ၊ သလင်းကျောက် တစ်သန်း တန်တယ်။ ဒီဟာကို ပန်းပဲဖိုမှာလုပ်ဖို့ သံဝံပုလွေ တွေ ရဲ့ အရိုးလိုတယ်။ အဲဒိ အရိုးတွေက တော်တော်ကို မာပေ တယ်။ နောက်ပြီး ဓားပေါ်မှာ ဝိဉာဉ်တော် အကြောတွေ ထည့်ထားတာကြောင့် ဝိဉာဉ်တွေကို စုပ်ယူနိုင်ပြီး ဝိဉာဉ် တော် ချီဓာတ်တွေ နဲ့ ပေါင်းစပ်စေတယ်။ အဲဒိတော့ မူလ ချီဓာတ်တွေဟာ ပိုမို အားကောင်းလာကြတယ်။ ဓားထဲမှာ တော့ ကျွန်တော်တို့ လူမှာရှိတဲ့ စွမ်းအင်သိုလှောင်ရာလို မျိုးအရာ ရှိတယ်။ ဓားထဲကို ချီဓာတ် ထည့်လိုက်မယ် ဆို ရင် ဒီချီဓာတ်တွေဟာ အလွန်ကို ကောင်းမွန်လာမှာ ဖြစ် တယ်။ ဓားရိုးကိုလည်း ဒီ ဝံပုလွေ ရဲ့ အမြုတေလို ဆေးကို စီခြယ်ထားပြီး ဒီဆေးဟာ ဒီအကောင်ရဲ့ ချီဓာတ်တွေကို ထုတ်လွှတ်ဖို့ တွန်းအားပေးကြတာဖြစ်ပြီး အရမ်းကို ကြောက်စရာ ကောင်းတယ်”

ချန်ရှန် ဓားပေါ်မှ လှပပြီး သိမ်မွေ့လှတဲ့ မျဉ်းကြောင်း များကို တွေ့လိုက်ရတယ်။ နေရောင်ဟာ စာတန်းပေါ် ကျ ရောက်နေတဲ့အတွက် ရောင်ပြန်ဟပ်နေပုံမှာ အလွန်ပင် လှပပါတယ်။ 

“ဒီဓားဟာ အဆင့် ၅ ထဲမှာမှ ထိပ်ဆုံးနေရာက လက်နက်လို့ ပြောလို့ရပေတာပဲ။ သလင်းကျောက် တစ် သန်းသာ တန်ပေမဲ့ ဒီထက်မက တန်ဖိုးရှိပါပေတယ်။ မင်းတို့ ယန်မျိုးနွယ်က အဆက်အသွယ်ကလည်း ကောင်း တော့ ဒီလို ဓားမျိုးလုပ်ဖို့ အတွက် ပန်းပဲဆရာကောင်း တစ်ယောက် လောက်ကတော့ စီစဉ်နိုင်မှာပေါ့လေ”

ဇန်ဒီ မနာလိုသော အသံကြီးဖြင့် ပြောလိုက်ပါလေ တော့ တယ် . . .။
















Chapter – 92

#နတ်သိုင်းစွမ်းရည်


အဆင့် ၅ ဝိဉာဉ်တော် လက်နက်ဟာ တကယ်ကို ဈေးကြီး လှပါတယ်။ ချန်ရှန်မှာ ဒီလက်နက်လုပ်နည်း လမ်းညွှန်ချက်တွေ ရှိတာကြောင့် သူသာ အားလပ်ချိန်ရှိပါက စမ်းသပ်ကြည့်ချင် နေ ပါသေးတယ်။ သူဟာ ဒီလက်နက်ရဲ့ ခက်ခဲမှုဟာ အဆင့် ၁ ဝိဉာဉ်တော်လက်နက်ထက်ကို များစွာ သာလွန်ကာ အချိန်မှာ လည်း များစွာ ကုန်လှတာကို သိပါတယ်။

“ငါ့မှာတော့ အဆင့် ၂ ဝိဉာဉ်တော် ဓား ပဲရှိတယ်။ ဒါပေ မဲ့ သလင်းကျောက်တုံး ၅ သိန်းတောင် တန်တယ်နော်”

ဇန်ဒီလည်း သူ၏ ဓားကို ထုတ်လိုက်တယ်။ ဒါဟာ ရိုးရိုးရှင်း ရှင်း ပင် ဖြစ်သော်လည်း ဓားပေါ်မှာတော့ ဝိဉာဉ်တော် အကြော မျဉ်းတွေ ပါဝင်ပါတယ်။ ရှောင်ဒို၏ ဓားလောက်တော့ မရှုပ်ထွေး လှပါဘူး။

“ဇန်လူကြီးမင်း ၊ ကျွန်တော်တို့ ယှဉ်ခုတ်ကြည့်ရင် မကောင်း ဘူးလား”

ရှောင်ဒို ဓားရိုးကို ဆုပ်ကိုင်လိုက်တယ်။ ဓားမှ အကြောများ ဟာ လင်းခနဲ ဖြစ်သွားကာ ပိုမို စွမ်းအင်များ ပြည့်လာသလိုပါပဲ။ 

ဇန်ဒီ သူ၏ အဆင့် ၂ ဓားကို သူ၏ အသက်လိုပဲ တန်ဖိုးထား မှတ်ယူထားတာပါ။ ဒါကြောင့် အလျင်အမြန်ပင် ပြန်ထည့်ကာ -

“မင်းမျက်စိထဲမှာ အဆင့် လေး ၃ ခုလောက်ကွာတာနဲ့ သာမန်လက်နက်လို မြင်နေတယ်။ ဒါပေမဲ့ ဒါက ငါ့ရဲ့ အသက် ပဲကွ။ မင်းစမ်းသပ်ချင်ရုံနဲ့ ငါ့ရဲ့ အသက်ကို ဖျက်ဆီးမှာ မဟုတ် ဘူး”

ချန်ရှန် ဒီဝိဉာဉ်တော် လက်နက် ကို လိုမလို ဆွေးနွေးနေ ကြတယ်။ နောက်ဆုံးအချိန်တုန်းက သူဟာ သာမန်လက်နက် ကို သုံးကာ တိုက်ခိုက်ခဲ့တာပါ။ ဒါဟာ ကျောက်တုံးကို ကြက်ဥ နဲ့ ပစ်ပေါက်သလိုပါပဲ။ သူ့မှာသာ ကောင်းမွန်သော ဝိဉာဉ်တော် လက်နက် တစ်ခုရှိပါက ပိုမို ယုံကြည်မှုများ ရှိလာနိုင်ပေမည်။

သူ့ဘာသာ လက်နက် လုပ်မယ် ဆိုတာက မဖြစ်နိုင်ပါဘူး။ သူ့ဟာသူပင် ဆေးကိစ္စ နဲ့ ရှုပ်နေတာကြောင့် ဒီလိုလက်နက် လုပ်ဖို့ ဆိုတာ အချိန်မပေးနိုင်ပါ။

“ဝိဉာဉ်တော် လက်နက်တွေ ပြုလုပ်တာနဲ့ ပတ်သက်ပြီး မင်း စိတ်မပူနဲ့ ၊ မင်းရဲ့ကောင်မလေးက ကောင်းကင်ဘုံ နတ် လက်နက်အင်ပါယာမှာလေ။ သူမ ဆရာကို မင်းအေးဆေး မေး လို့ ရတာပဲ။ နောက်ပြီး မင်းသိတဲ့ လက်နက်လုပ်နည်းအရ မှော်လက်နက်အဖြစ်တောင် ဖန်တီးနိုင်ဦးမယ်။ ဝိဉာဉ်တော် အကြောတွေကနေ ဝိဉာဉ်တော်မှော်ဓာတ်တွေ ထုတ်လုပ်လို့ ရနိုင်တယ်။ ဒီဝိဉာဉ်တော် မှော်လက်နက်ပေါ်က ဝိဉာဉ်တော် သွေးကြောနဲ့ ဝိဉာဉ်တော် မှော်ဓာတ် ဆိုတာ တကယ်က တူတူ ပါပဲ”

စုမေးယို ရှင်းပြတာပါ။ ချန်ရှန်တော့ သိပ်နားမလည် သလို လိုပါပဲ။ 

ဒီမှော်လက်နက်ပြုလုပ်သူများဟာ ဆေးဆရာများထက် ပင် ရှားပါးလှပါတယ်။ ဒီလို ဝိဉာဉ်တော် မှော်လက်နက် အနည်းစု ဈေးကွက်မှာ ရှိသော်လည်း ကျွမ်းကျင် မှော်လက်နက်ဆရာများ လုပ်တာမဟုတ်ပေ။ သာမန်မှော်လက်နက်ဆရာဟာ မှော်လက် နက် တချို့ကို ပြုလုပ်နိုင်ပေမဲ့ သိပ်ပြီး ကောင်းလှတဲ့ အဆင့် မရောက်ပါ။ 

ချန်ရှန် နဲ့ တခြားသူများ အတွင်းစည်းပင်မခန်းမသို့ ရောက် လာပါပြီ။ ၎င်းဟာ အထပ် ၃ ထပ် ရှိတယ်။ ပထမထပ်ဟာ အ ဆင့်နိမ့် သိမ်မွေ့သိုင်းစွမ်းရည်များ ပါဝင်ပါတယ်။ ဒုတိယထပ် ကတော့ အဆင့်မြင့် သိမ်မွေ့သိုင်းစွမ်းရည်များပါဝင်ပြီး တတိယ အထက်မှာ အဆင့်နိမ့် မြေကြီးအဆင့် သိုင်းစွမ်းရည်များ ပါဝင် ကြတယ်။

အတွင်းစည်းတပည့်များဟာ ဒီ အဆင့် ၃ မျိုးကိုသာ သင် ကြားနိုင်တာ ဖြစ်ပါတယ်။

ရှောင်ဒို နဲ့ ဇန်ဒီတို့ဟာ ရောက်တာနဲ့ အပေါ်ဆုံးထပ်ကို ပြေး တက်ကြပါတယ်။ ဒီအချက်ဟာ ချန်ရှန် နဲ့မတူပါဘူး။ ချန်ရှန် ယူ ဆထားတာက အဆင့်ဆိုတာ သိပ်အရေးမပါပါ။ သေချာနား လည်ပြီး စွမ်းရည်များကို ကောင်းကောင်း အသုံးချနိုင်မှသာ ပို အကျိုးများမယ်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့်ပဲ သူဟာ ပထမ ထပ်ကိုသာ သွားကြည့်ပါတော့တယ်။

“တောက် ၊ ငါတို့ကို လှည့်စားတာပဲ။ မြေကြီးအဆင့်သိုင်း က ၃ မျိုးပဲရှိတယ်။ လူတွေကလည်း ဒါကိုပဲ သင်နေကြတယ် ၊ စိတ်တောင်ပျက်တယ်”

ရှောင်ဒို စိတ်ပျက်တဲ့ပုံစံ နဲ့ ဆင်းလာပါတယ်။ 

ဇန်ဒီလည်း စိတ်ညစ်နေပုံပါပဲ။

“အဆင့်မြင့်သိမ်မွေ့သိုင်း ကတော့ နည်းနည်းပဲရှိပြီး အဆင့် နိမ့် က တော့ အများကြီးပဲဟေ့”

“အင်အားအကြီးဆုံး ဂိုဏ်းကြီးဆိုတာ ဘာလဲ။ သိုင်းစွမ်း ရည်တွေကလည်း အလွန့် အလွန်ကို. . . ၊ ဟူးးး . . . ကျွန်တော် တော့ ဒီကို လာရတာ အလကားပဲ”

ရှောင် ဒို ခပ်တိုးတိုး ညည်းလိုက်တယ်။ သူ့စိတ်ထဲမှာတော့ ဒီလိုဂိုဏ်းကြီးအနေဖြင့် သိုင်းစွမ်းရည် ရာထောင်မက ရှိသင့် တယ် ဟု ထင်နေပါတယ်။

အတွင်းစည်းပင်မခန်းမ၏ ကြီးကြပ်သူ လူကြီး ရောက်လာ ကာ အပြုံးဖြင့် - 

“နှစ်ပေါင်းများစွာ အတွင်းစည်းတပည့်တွေဟာ ဒီကို လာ ကြတယ်။ ပြီးတော့ အမြဲတမ်း မင်းလိုပဲ စိတ်ပျက်သွားကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ ဒီကိစ္စကို ထပ်မပြောတော့ ဘူး။ ဘာကြောင့်လဲ မင်းသိလား”

ချန်ရှန် တော်တော် ထူးဆန်းသလို ခံစားလိုက်ရတယ်။ ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ သိုင်းစွမ်းရည်တွေဟာ မကောင်း ရင် အင်အားအကြီးဆုံး ဂိုဏ်းဟု အမည် တပ်ခံရမှာ မဟုတ်ပါဘူး။ တစ်ခုခုတော့ တစ်ခုခုပါပဲ။

“ဘာကြောင့်လဲ”

ရှောင်ဒို မေးလိုက်တယ်။

လူကြီးမှ ပြုံးကာဖြင့် - 

“ဒီချန်ဝူ ပြည် တစ်ခုလုံးမှာ ငါတို့ဂိုဏ်းဟာ အား အကြီးဆုံး ဂိုဏ်းပဲ။ ဒီဂိုဏ်းကပေးတဲ့ အဆင့်နိမ့် သိုင်းစွမ်းရည်တွေနဲ့ အင်အား အကြီးဆုံး ဘယ်လို ဖြစ်လာမလဲ ၊ ငါတို့မှာ ကောင်း ကင် အဆင့် သိုင်းစွမ်းရည်ကျင့်စဉ်တွေ အများကြီးရှိတယ်။ အဲ ဒါတွေကို နတ်သိုင်းစွမ်းရည် တွေ လို့ ခေါ်တယ်”

နတ်သိုင်းစွမ်းရည် တွေ တဲ့လား ၊ နတ်ကျင့်စဉ်တွေပေါ့။ ဒီဂိုဏ်းမှာ ဒီလိုကျင့်စဉ်တွေ အများကြီးရှိနေတာပါ။ ချန်ရှန် ကို တော်တော် အံ့သြသွားစေပြီး ကျန် ၂ ယောက်မှာလည်း ဆွံ့အ လျက်ရှိနေတယ်။

“ဒီနတ်ကျင့်စဉ်တွေဟာ ဒဏ္ဍာရီတွေထဲကလိုနဲ့တော့ မတူဘူး။ ကောင်းကင်အဆင့်သိုင်းစွမ်းရည်ကနေ များစွာ တိုးတက် လာတာပဲ ဖြစ်တယ်။ ဒီစွမ်းရည်ရဲ့ ကောင်းကျိုးကတော့ ၎င်း၏ အားဟာ မင်းရဲ့ ကိုယ်ပိုင်စွမ်းအားပေါ် မူတည်ပြီး ပြောင်းလဲ နေ တယ်။ မင်းအားကောင်းလာရင် စွမ်းအင်ရဲ့ အားလည်း ကောင်း လာမှပဲ။ မင်းတို့ လိုချင်ရင်တော့ ဆရာကောင်းကောင်း တစ် ယောက်ရှာရမှာပဲ။ ဒီလိုဆရာ ကောင်း ဟာစစ်မှန်တဲ့ သိုင်းပညာ နယ်ပယ်က ပညာရှင်များသာ ဖြစ်ပြီး မင်းတို့ဟာလည်း စစ်မှန် တဲ့ တပည့်ရင်းတွေ ဖြစ်နေဖို့လိုတယ်”

ချန်ရှန် ဆရာ ရှာဖို့ သိပ်စိတ်မပါလှပေ။ သူ့ကိုယ်တိုင်ကပင် ဆရာ လိုချင်ရင်တောင် မည်သူက သူ့ကို လက်ခံပါမည်နည်း။ ဆေးဆရာမကြီးဟာ ချန်ရှန်ကို လက်ခံသူမည်သူမဆို သူ့အား ဆန့်ကျင်ရာအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း လူသိရှင်ကြား ပြောခဲ့တာပါ။ 

“ဘာလို့ စောစောက မပြောလဲဗျ။ ဒီနည်းက လွယ် ပါ တယ်”

ရှောင်ဒို ခပ်မြန်မြန်ပဲ ထွက်သွားတယ်။ သူ့အနေနဲ့ ဆရာ ကောင်းတစ်ယောက် ရှာရခြင်းဟာ လွယ်ကူပါတယ်။ ဇန်ဒီ လည်း ထို့အတူပါပင်။ ခပ်မြန်မြန်ပင် ပြန်သွားပါတော့တယ်။

“မင်းက ချန်ရှန် လို့ ခေါ်တဲ့ တစ်ယောက်ထင်တယ်။ မင်းကတော့ ဆရာ ရှာစရာ မလိုပါဘူး။ ဆေးဆရာမက မင်းကို ဘယ်သူ မှ တပည့်အဖြစ် လက်မခံဖို့ ပြောထားတယ်။ ဟဲဟဲ ၊ မင်းတော့ ကျားမြီးသွားဆွဲထားတာပဲ။ ဒီဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်လုံး မှာ မင်းက ဒီလိုလုပ်တဲ့ ပထမဆုံးလူပဲ။ မင်းကိုယ်မင်းသာ ရှာ ဖွေ ပါ”

လူကြီးလည်း ချန်ရှန် ပခုံးအား ပုတ်ကာ ပြောလိုက်တယ်။ 

ချန်ရှန်လဲ စိတ်ထဲမှ နေပြီး -

“ငါသာ စောစော သိရင် အသီး ၂ လုံး မပေးခဲ့ပါဘူး။ ဒီမိန်း မ ငါ့လမ်းကြောင်းကို အမြဲတမ်းပိတ်နေတာပဲ”

“ကျွန်တော့ ဒီကို လာရတဲ့ ရည်ရွယ်ချက်က သိုင်းစွမ်း ရည်တွေ သင်ဖို့သက်သက်လာတာ ၊ ခုကျ လှည့်ပြန်ရတော့မှာ လား”

ချန်ရှန် တော်တော် ဝမ်းနည်းနေမိတယ်။ သူ့မှာ ဆရာမရှိပါ က ဒီလို သိုင်းပညာများ သင်နိုင်တော့မှာမဟုတ်ပဲ စစ်မှန်သော သိုင်းပညာနယ်ပယ်ကိုလည်း မရောက်နိုင်တော့ပါ။ သူ့မှာရှိတဲ့ နတ်အတွင်းအား သင်္ကေတ လေးခု ဟာ အစွမ်းအလွန်ထက် သည် မှန်သော်လည်း ဒီထက်စွမ်းအားကြီးသည့် အရာများစွာ ရှိ နေသေးပါတယ်။ သူဒါတွေကို တော်တော်က ို သင်ယူချင်နေ တာ ပဲ ဖြစ်ပါတော့တယ်။

နတ်သိုင်းစွမ်းရည်များဟာ အများအားဖြင့် စစ်မှန်သော သိုင်း ပညာနယ်ပယ်မှ နောက်လိုက်များဆီမှာသာ ရှိတာပါ။ ဒီ နယ်ပယ် က လူများဟာလည်း ပညာမွေဆက်ခံမည့် ပညာသင် တပည့်ကိုသာ သင်ကြားပေးကြရပါတယ်။ အပြင်လူကို သင်ပေး ပါက သူတို့ပါ အပြစ်ပေးခံရမှာပါ။

၅ ရက်ကြာအောင် ဒီခန်းမကို ချန်ရှန် သွားပြီး နောက်ဆုံး မှာတော့ အဆင့်နိမ့် မြေကြီးအဆင့် စွမ်းရည် ၂ မျိုး ကို ရွေးချယ်ခဲ့ပါတယ်။

“ကောင်းကင်ဖြိုပုံဆောင်ခဲ နဲ့ နူးညံ့သောအငွေ့လက်ချောင်း စွမ်းရည်များဟာ ခက်ခဲတဲ့ စွမ်းရည်များဖြစ်ပြီး ခန္ဓာကိုယ် လိုအပ် ချက်များလည်း အရမ်းမြင့်မားတယ်။ ဥပမာအားဖြင့် ကောင်းကင်ဖြိုပုံဆောင်ခဲဟာ လက်၏ စွမ်းအင်များစွာ ရှိရမှာ ဖြစ်ပြီး ရုတ်တရက်ထွက်လာမဲ့ ချီဓာတ်များစွာထုတ်လွှတ် ခြင်း ကို ခံနိုင်ရည်ရှိ၇မယ်။ နူးညံသောအငွေ့လက်ချောင်းဟာ ဆိုရင်လည်း ပူပြင်းလှတဲ့ သံရည်ပူများထဲသို့ လက်ချောင်းများ ကို နစ်မြုပ်စေရမှာဖြစ်ပြီး မီးမှာပါ ထည့်ဖုတ်ပေးရမယ်။ ဒီ လို လုပ်ခြင်းအားဖြင့် လက်ချောင်းများဟာ လက်နက်တစ်ခုလို ဖြစ် လာနိုင်မယ်လေ”

“်ကျွန်တော်သိပြီးပါပြီ လူကြီးမင်း ၊ မြန်မြန်သာ စာရင်းသွင်း ပေးပါတော့”

ချန်ရှန် စိတ်မရှည်စွာပဲ ပြန်ပြောလိုက်တယ်။ ဖုန်အလိမ်း လိမ်းတက်နေတဲ့ စာအုပ် ၂ အုပ်ကို ကြည့်ရင်း ဒီကျင့်စဉ်ကို ကျင့်သူ မရှိသလောက် ရှားမယ်ဆိုတာကို ချန်ရှန် နားလည်လိုက် တယ်။ တော်တော်ခက်ခဲတာကြောင့်ဖြစ်ပြီး ဒါဟာ ချန်ရှန် အတွက်တော့ သိပ်မခက်လှပါဘူး။ 

လူကြီးဟာ စာရင်းသွင်းပြီးနောက်မှာတော့ ချန်ရှန်ဟာ ထွက်လာခဲ့ပါတယ်။ ဒီရက်တွေ မှာ ရှောင်ဒို တို့အား သိမတွေ့ရ ပေ။ ဇုရွန် ဆီက ကြားရသည်မှာ ၎င်းတို့ဟာ စမ်းသပ်မှုများ ကို ပြုလုပ်နေကြပြီး ၎င်းတို့ ရွေးချယ်မဲ့ ဆရာ၏ စစ်ဆေးမှုကို ကျေနပ်လောက်အောင် အောင်မြင်ရမှာ ဖြစ်ပါတယ်။

“အေးဆေးပေါ့ ၊ မင်း စစ်မှန်သောသိုင်းပညာနယ်ပယ်ကို ဝင် ဖို့အတွက် အရေးကြီးဆုံး အရာကတော့ အချိန်ပဲ။ မင်းရွေးချယ် ခဲ့တဲ့ ကျင့်စဉ် ၂ ခုဟာ ဆိုရင်လည်း မဆိုးလှပါဘူး”

စုမေးယိုက ပြောတာပါ။ သူမဟာ ချန်ရှန်ကို ဒီဂိုဏ်းကို သွားရန် စတင်တွန်းအားပေးခဲ့သူဖြစ်ပါတယ်။ ချန်ရှန်ဟာ ဒီ အခြေ အနေကို စိတ်ထဲမကျေနပ်ဘူးဆိုပါက သူမကို ကသိက အောက် ဖြစ်စေမှာပါပဲ။ 

ချန်ရှန်ဟာ သူမကိုတော့ အပြစ်မမြင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် စုမေးယိုဟာ ဒီဂိုဏ်းအကြောင်း လွန်ခဲ့ တဲ့ နှစ်များစွာကပင် သိခဲ့သူဖြစ်နေလို့ပါ။ 

ချန်ရှန်၏ ကိုယ်ဟာ ထာဝရမိစ္ဆာ ရေကန်မှာ သန့်စင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်လဲ သူ၏ကိုယ်ဟာ ထာဝရမိစ္ဆာ ခန္ဓာကိုယ် ဖြစ်ရန် အမြစ်တွယ်နေပြီဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆက်လက် ပြုလုပ်မည့် ကျင့်စဉ်များကို လွယ်ကူစွာ ကျော်ဖြတ် နိုင်နေမှာ ဖြစ်ပါတော့တယ် . . .။











Chapter – 93

#ပြင်းထန်သောဆေးပညာခြံဝန်း


ချန်ရှန်မှာ ယခု အဆင့်မြင့် ဝိဉာဉ်တော်ဆေးဖြစ်တဲ့ စစ်မှန်သော ဒြပ်စင်ဆေး ၂ လုံးရှိနေပါပြီ။ ဒီလိုဂိုဏ်းထဲမှာတောင် ဒီဆေးဟာ တော်တော် ကို ရှားပါးပါတယ်။ အဘယ်ကြောင့်ဆိုသော် ပြုလုပ်ရန် တော်တော် ခက်ခဲ သောကြောင့် ပါပဲ။ ဒီလိုပြုလုပ်ဖို့ရန်လည်း ကိုယ့်ဆေးပင် ကိုယ်ပေးကာဖြင့် လုပ်နိုင်တဲ့ ဆေးဆရာကို ငှားရမ်းကြ ရပါသေးတယ်။

“ဒီဆေးတွေကို မစားနဲ့ဦး ၊ မကြာသေးခင်ကမှ မင်းက အဆင့် ၉ ကို ရောက်ထားတာ ၊ ဒီအဆင့်နဲ့ နည်းနည်း နေ သားကျ ရင်းနီးအောင်နေပြီး အဆင့် ၁၀ ရောက်မဲ့အချိန် ကို စောင့်နေ ၊ အဲဒိအချိန်ကျမှ သောက်ပေတော့”

စုမေးယို က ပြောပြတာပါ။ 

ချန်ရှန် သက်ပြင်းချမိတယ်။ သူဒီဆေးတွေကို ရတိုင်း ဘယ်လို အရသာ ရှိလဲဆိုတာ တော်တော် သိချင်နေမိပါ တယ်။ 

ကောင်းကင်ဖြို ပုံဆောင်ခဲ စွမ်းရည်ဟာ ကြောက်စရာ တိုက်ကွက် တစ်ခုပါပဲ။ မျက်စိတမှိတ်အတွင်းမှာ ကိုယ် တွင်းမှ ချီဓာတ်များစွာကို ထုတ်လွှတ်စေပြီး ခပ်ကွာကွာမှ ပင် ကြီးမားကာ မမြင်ရသည့် လှိုင်းကြီးဖြင့် တိုက်ခိုက် ခြင်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် ထိုအရာကို ခုခံ မည် ဆိုပါက ချီဓာတ်များစွာကို ဆုံးရှုံးစေမည် ဖြစ်ပါတယ်။ 

“ကောင်းကင်ဖြို ပုံဆောင်ခဲ”

ချန်ရှန်၏ လက်ငါးချောင်းဟာ ဆန့်ထုတ်လိုက်ပြီး ပုံဆောင်ခဲသဏ္ဍာန်ကြီး ထုတ်လွှတ်လိုက်ပါတယ်။ မျက်စိ တမှိတ်အတွင်းမှာပင် သူ့ရှေ့မှာရှိသော သစ်ပင်ကြီးများ ဟာ တစ်စစီဖြစ်ကာ မြေကြီးများမှာလည်း ပင်လယ်လှိုင်း များလိုပင် ဖြစ်လို့သွားတယ်။ တကယ်ကို စွမ်းအားလွန် တစ်ရပ်ပါပဲ။ 

ချန်ရှန်ဟာ ဂိုဏ်းမှပိုင်တဲ့ တောင်ခြေတောထဲမှာ လေ့ ကျင့်နေခြင်းဖြစ်ပါတယ်။ 

“သုံးရက်ထဲနဲ့ ဒီလို လုပ်နိုင်ပြီကွ ၊ တယ်တော်တဲ့ ငါပါ လား”

ချန်ရှန် သူ့အခြေအနေကို သူ့ဘာသာ ကျေနပ်နေပါ တယ်။

“နောက် အကွက်တစ်ခု ၊ နူးညံ့သော အငွေ့ လက် ချောင်း ကို ကျင့်ဦးမှ”

မိုးပြာရောင် ချီငွေ့အလင်းတန်းတစ်ခု သူ၏ လက် ချောင်း ပတ်ပတ်လည်မှ ထွက်လာပါတယ်။ ဒီအချိန်မှာ ထွက်လာတဲ့ ချီအငွေ့တွေဟာ အရမ်းကို တည်ငြိမ်ပုံပေါ် နေသော်လည်း ၎င်းဟာ အရမ်းကို လေထုကို အတော် ကို ဖိနှိပ်ထားတာပါ။

ချန်ရှန် ဒီလက်ချောင်းဖြင့် အတုံးလေးတစ်ခုကို ထိ လိုက်ပါတယ်။ သေးငယ်သောအပေါက်လေးဖြစ်ပေါ်သွား ပြီး ဒီအတုံးဟာဆိုရင် အဆင့် ၉ သာမန်လက်နက် တစ်မျိုး ပဲ ဖြစ်ပါတယ်။ ဒီလက်နက်ဟာ ချန်ရှန် လက်ချောင်းကြား မှာပဲ ကွဲကြေသွားရပါတော့တယ်။ 

“ဟဲဟဲ ၊အရောင်မရှိ မမြင်ရတဲ့ ချီဓာတ်ကို သာ သုံးရင် ပိုပြီး စွမ်းအားမကြီးသွားနိုင်ဘူးလား ၊ ဝိဉာဉ် တော် လက်နက်တောင် ကျိုးနိုင်မယ် ထင်တယ်”

ချန်ရှန် ရယ်မောကာ ပြောလိုက်တယ်။ သူဒီ အဆင့် နိမ့် မြေကြီးအဆင့် သိုင်းစွမ်းရည်ကို တော်တော် ကျေနပ် နေမိပါတယ်။ 

မိုးပြာနဂါးလက်သည်း တိုက်ကွက်နဲ့ ဆင်တူသော် လည်း မိုးပြာနဂါးလက်သည်းဟာ တိုက်ခိုက်ထုတ်ပါက တော်တော်ကြီးပြင်ဆင်ရကာ စွမ်းအားကလည်း ကြီးလှပါ တယ်။ ဒီနုူးညံ့သော အငွေ့လက်ချောင်းကတော့ တိုက် ကွက် ထုတ်ရာမှာလည်း မြန်ဆန်လှပြီး ၎င်းကို အသုံးပြုပါ က ပိုမိုပြီး ရုတ်တရက် တိုက်ခိုက်မှုမျိုး ပြုလုပ်လို့ ရတာပါပဲ။

ချန်ရှန် ခြံဝန်းထဲ ပြန်ရောက်တဲ့အခါမှာတော့ ရှောင်ဒိ နှင့် ဇန်ဒီတို့၏ မျက်နာဟာ တော်တော် ကျေနပ်ပျော်ရွှင်နေ ပုံပါပဲ။ သူသိလိုက်ရတာကတော့ ၎င်းတို့ ၂ ယောက်လုံး ဆရာကောင်းကောင်း ရသွား ကြလို့ပါ။ 

“အကိုတော်ချန် ၊ အချိန်ကောင်းကို ရောက်လာတာပဲ ၊ နောက်သာကျရင် လူကြီးမင်းဇန်ကို မြင်ဖို့ မလွယ်တော့ ဘူး ဗျို့”

ရှောင်ဒို က ပြောပါတယ်။

“အိုး ၊ ဘာလို့တုန်းကွ”

ချန်ရှန်လည်း ပြန်မေးလိုက်တယ်။

“ငါ့ဆရာက ပြင်းထန်သော သိုင်းပညာစီရင်စု နယ်စပ် ကို လှည့်လည်သွားလာနေတဲ့ လူပဲ ၊ ဒါကြောင့် ငါသူ့ နောက်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ငါလဲ လောကအတွေ့အကြုံတွေ အများကြီးရပြီး ငါ့ကိုငါ တိုးတက်အောင် လုပ်နိုင်တာပေ့ါ”

ဇန် ဒီ က ပြုံးကာ ပြောပါတယ်။ 

“ကောင်းပါတယ် ဗျာ ၊ အစစအရာရာ ဂရုစိုက်ပါ”

ချန်ရှန် ပြုံးကာ ပြောလိုက်ပါတယ်။ 

ဇန်ဒီ လည်း ထွက်ခွာသွားပြီးနောက် ရှောင်ဒိုက ပြုံး ကာဖြင့် -

“အကိုတော်ချန် ၊ ကျွန်တေ့ာ် ဆရာကို သိချင်လား”

“ဘယ်သူတုန်းက ၊ ဆေးဆရာမကြီး လို့တော့ မပြောနဲ့”

ချန်ရှန် ရယ်မောကာ ပြောလိုက်တယ်။ 

“ဟုတ်ပါဘူးဗျ ၊ တတိယမြောက် ခြံဝန်းက ခေါင်း ဆောင် တစ်ဦးပဲ ၊ သူမနဲ့ ကျွန်တော်တို့ မိသားစုဟာ အနည်း ငယ် ဆက်ဆံရေးလေး ရှိတော့ သူမက ကျွန်တော့ ကို ပညာသင်အဖြစ် လက်ခံလိုက်တာပဲ ၊ ဒါပေမဲ့ စစ် ဆေးမှုလုပ်တုန်းက ကျွန်တော့မှာ တော်တော် ခံလိုက်ရ သေးတာ ၊ နောက်ပြီး ကျွန်တော့ သိမ်းငှက်ပါ ပါသွားလေရဲ့ ဗျာ”

ရှောင်ဒို စိတ်ဓာတ်ကျနေပုံဖြင့် ပြောပါတယ်။

တတိယ ခြံဝန်းမှ လူဆိုတာ တော်တော် ကို စွမ်းအား ကြီးသူဟု သတ်မှတ်နိုင်ပါတယ်။ ချန်ရှန်ပင် အတော် အံ့ အားသင့်မိသွားတယ်။ 

“အကိုတော် ချန် ၊ ခင်ဗျားမှာ ဆရာမရှိဘူးလား ၊ ဒါ ကြောင့် တော့ အားမငယ်ဘူးမလား”

ရှောင်ဒို လေသံ တီးတိုး ဖြင့် မေးပါတယ်။

ချန်ရှန် လည်း ရယ်မောကာဖြင့် - 

“ရှောင်ဒို ၊ မင်းသာ မြန်မြန် တိုးတက်အောင်လုပ် ၊ ဒီ လို မှ မဟုတ်ရင် ငါ့ထက်နောက်ကျပြီး ကျန်နေလိမ့်မယ်။ ငါ က ငါ့ဟာငါ ဒီအဆင့်တွေ ကျော်လွှားနိုင်တယ်ကွ”

“ရှောင်ဒို ၊ မင်းက ဆရာရသွားတာကို အစားအ သောက်လေးဘာလေး ကျွေးမယ် မပြောဘူး ၊ တော်တော် ကပ်စီးကုတ် အကျင့်မကောင်းတဲ့ ကောင်ပဲ”

ဇုရွန် ပြုံးလျက် ဝင်လာတယ်။

ချန်ရှန်ဟာ ဆေးပညာရှင်တစ်ယောက်ဖြစ်ပြီး တန်ဖိုး ကြီးပစ္စည်းများစွာ ရှိတယ်ဆိုတာ သိကတည်းက ဇုရွန် ဟာ နေ့တိုင်းလိုကို လာနေတာပါ။ ချန်ရှန် မှာ ချီဓာတ်ဆေး အလုံး ၇၀၀ လောက်ရှိနေတဲ့အတွက် ဒီ အတွင်းစည်း မှာ တော်တော် လေး ချမ်းသာတယ်လို့ ဆိုနိုင်ပါတယ်။

“ဖက်တီးစုတ် ၊ ခင်ဗျား ကျွန်တော့ ဆီက ဘယ်လို အမြတ်ထုတ်ကမလဲပဲ သိတယ်။ ခင်ဗျားနဲ့ ကျွန်တော် သိ တာကြာပြီ။ ကျွန်တော့်ကို တစ်ခါတောင် ဖိတ်ဖူးလား”

ရှောင်ဒို ကျိန်ဆဲနေပါတော့တယ်။

“ဘယ်သူပြောလဲ ၊ ငါတို့ နောက်ဆုံးတစ်ခေါက် ထွက် တုန်းက မင်းကို ခေါက်ဆွဲပြုတ်ဖိတ်ကျွေးဖူးတယ်လေ”

ဇုရွန် ချက်ချင်းပင် ပက်ခနဲ ပြန်ပြောပါတယ်။ သူ့မျက် နာမှာလည်း မကျေနပ်ပုံ ပေါ်နေပါသေးတယ်။

“တော်တော်ကောင်းရှာတာကိုး ၊ ငါးတစ်ဖက် အသား တစ်ဖက်မပါ ၊ တော်တော် စုတ်ပြတ်တဲ့ ခေါက်ဆွဲ”

ရှောင်ဒို ဇုရွန် ဆီသို့ သွားကာ ကန်နေပါတယ်။ 

“ဇုရွန်လဲ လှောင်ပြောင်နေကာဖြင့် - 

“ဖိတ်ကျွေးတာက ဖိတ်ကျွေးတာပဲ ၊ မင်းဟာ ငါ့ဘဝရဲ့ ပထမဆုံး ဖိတ်ကျွေးခြင်း ခံရဘူးတဲ့ လူပဲ”

“ချန်ရှန် ၊ ဆေးပညာခြံဝန်းထဲမှာ ဆေးပညာပြိုင်ပွဲတစ် ခု ကျင်းပနေတယ်။ မင်းမသွားချင်ဘူးလား ၊ ဆုက ဒြပ်စင်ဆေး ၂ လုံးတောင်ရမှာနော်”

“စည်းမျဉ်းတွေက ဘယ်လိုတဲ့တုန်း”

ချန်ရှန် စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။ 

“ထုံးစံအတိုင်းပေါ့ ၊ အချိန်တစ်ခုအတွင်းမှာ ၊ ချီဓာတ် ဆေး အများဆုံးနဲ့ အကောင်းဆုံး အရည်အသွေး ဖြစ်အောင် လုပ်နိုင်သူက အနိုင်ပဲ”

ဇုရွန် သူ၏ လက်များကို ပွတ်ရင်း ပြောပါတယ်။

ချန်ရှန် မျက်ခုံး အနည်းငယ်မြင့်တက်ကာဖြင့် သူ့ကိုယ် သူယုံ ကြည်မှု ရှိစွာ ပြုံးလိုက်တယ်။ ထို့နောက် ချက်ချင်း ပင် - 

“သွားမယ်ဗျာ”

ပြောပြီးတာနဲ့ ချက်ချင်းပင် ခြံဝန်းထဲမှ ထွက်ကာ ဆေး ပညာခြံဝန်းဆီ ဦးတည်သွားပါတယ်။ ဒီရက်ပိုင်းတွေမှာ သူ ဟာ ဆေးပညာခြံဝန်းရဲ့နေရာကို သိခဲ့ပြီးဖြစ်တယ်။ ခြံဝန်း တစ်စိတ် တပိုင်းဟာ လျို့ဝှက်ဆန်းကြယ်နယ်ပယ် အနီးမှာ ရှိပြီး တစ်ပိုင်းဟာ နယ်ပယ်ထဲမှာ ရောက်နေတာပါ။

ချန်ရှန် ခြံဝန်းငယ် ၈ ခုရှိတဲ့ ဆေးပညာခြံဝန်းကြီး ထဲ ဝင်လာခဲ့တယ်။ တော်တော်ပဲ သူတို့ကို အံ့အားသင့် သွားစေတဲ့ အရာကတော့ ယောင်ဟိုင်ရှန်း ကို တွေ့ လိုက်ကြရလို့ပါပဲ။

“မင်းဘာလာလုပ်ပြန်ပြီလဲ”

ဒီနေရာမှာလည်း စာရင်းသွင်း လက်ခံသူဟာ ယောင် ဟိုင်ရှန်း ဖြစ်နေတာဟာ တော်တော် အံ့သြစရာပါပဲ။ ဒီလူ ဟာ အရင်တခါ ချန်ရှန် ကို ပြုမူခဲ့ပုံများဖြင့် ပတ်သက်ပြီး သူ တော်တော် ပြသနာ တက်ခဲ့ပုံပါ။ ဒါကြောင့် တခြား အပြင် အလုပ် မရှိတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

ရန်သူတွေဟာ တစ်ယောက် လမ်းကြောင်းမှာ တစ် ယောက် ပိတ်နေတတ်ကြပါတယ်။ ချန်ရှန် ယောင်ဟိုင် ရှန်း နဲ့ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါ။ ဒါပေမဲ့ ဒီလူ ဟာ အဆင့် ဆေးပညာရှင်ဖြစ်ကြောင်း ကြားဖူးနေပါတယ် ၊ သူဟာ အလယ်အလတ်အဆင့် ဝိဉာဉ်တော်ဆေးများကို လုပ်နိုင်သူ ဖြစ်ကာ ဒီဂိုဏ်းရဲ့နေရာတစ်နေရာ မှာ အခိုင် အမာ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ယခင်နေ့က အပြု အမူမျိုး ၎င်းအနေဖြင့် လုပ်ခြင်းဟာ သိပ်တော့ အံ့သြစရာ မဟုတ်ပါချေ။

ယောင်ဟိုင်ရှန်း ချန်ရှန် ကို တွေ့တဲ့အခါ တော်တော် ကို လှုပ်လုှပ်ရှားရှား ဖြစ်လာတယ်။ ယခုအခါမှာ သူဟာ ချန်ရှန်၏ ဝင်ကြေးကို ပေးနေရတာဖြစ်ပြီး ချန်ရှန်ကို အ တော် မကျေမနပ်ဖြစ်နေမယ်ဆိုတာ ငြင်းစရာမရှိပါချေ။

ရှောင်ဒို နဲ့ ဇုရွန် တို့ လည်း ချန်ရှန် ဒီလို သူ၏ ရန်သူ တော် နဲ့ တွေ့လိမ့်မယ်လို့ မမျှော်လင့်ထားကြပေ။

“မင်းအဆင့်နဲ့ ချီဓာတ်ဆေး လုပ်မယ်ပေါ့ ၊ ဆေးပင် ရဲ့ ကုန်ကျစရိတ်တွေကို မင်းကိုယ်ပိုင် သလင်းကျောက်တုံး တွေနဲ့ ပေးရမှာနော် ၊ နောက်ပြီ း မင်း သုံးကြိမ် မအောင်မြင် ရင် အပယ်ခံရပြီပဲ”

ယောင်ဟိုင်ရှန်း အထင်သေးသလို ပြောပါတယ်။

ခုနလေးတင် ချန်ရှန် ဇုရွန်ဆီမှ သိရသော သတင်းအရ ဒီ ပြိုင်ပွဲမှာ ပြုလုပ်တဲ့ ကုန်ကျစရိတ်အကုန်လုံးအား ဂိုဏ်းမှ ထောက်ပံ့ခြင်းဖြစ်ကာ ပြုလုပ်ချိန်မှာလည်း ၁၀ ရက် ကြာ ရရှိတာ ဖြစ်တယ်။ ဒီလိုလုပ်ခြင်းဟာ နှစ်များစွာ စုထားသော ချီဓာတ်ဆေးပြုလုပ်သော ဆေးပင်များကို အသုံးချစေတာပါ။ ယခုနည်းလမ်းဟာ တစ်ကြိမ်ထဲဖြင့် ချီဓာတ်ဆေးများစွာကို လျင်မြန်စွာ ရရှိစေမှာဖြစ်ပြီး ဂိုဏ်း ရဲ့ ဆေးပညာရှင်များလည်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သင်ယူဆွေးနွေး နိုင်မှာပါ။ တစ်ချက်ခုတ် နှစ် ချက်ပြတ် သဘောမျိုးပင် ဖြစ်ပါတယ်။ 

“ဒါပေ့ါ ၊ ကျွန်တော် တတ်နိုင်ပါတယ်”

ချန်ရှန် မျက်ခုံးများ မြင့်တက်နေတယ်။ 

ဒီအချိန်မှာ ရှောင်ဒို က အော်လိုက်တယ်။

“အကိုတော် ချန် က ဒီလိုလုပ်နိုင်ရုံမကဘူး ၊ ပထမရပြီး ချီဒြပ်စင် ဆေးပါ ရဦးမှာဗျ”

“ထွီ”

ယောင်ဟိုင်ရှန်း ရယ်ကာ ဖြင့် လှောင် နေပါတယ်။ 

“ဒီကောင်လေးက နို့နံ့တောင် မစင်သေးတဲ့ကောင် ၊ ဒီလို ကောင်က ပထမရမယ်တဲ့လား ၊ ငါတို့ ဒီခြံဝန်းထဲက သေ ခါနီး ဆရာကြီးတွေ ကြားရင် သေသွားမလားပဲ ၊ သူ သာ ပထမရရင် ဒီက ဖေဖေကြီးက ဆရာပါတင်လိုက်ဦး မယ် ဟေ့”

ချန်ရှန် မေးစေ့ကို ပွတ်ကာ သူ့ရှေ့က သက်လတ်ပိုင်း အရွယ် အရူးကဲ့သို့ ရယ်နေတဲ့လူကြီးကို ကြည့်ရင်း သူ့ကို ဆရာအဖြစ် တင်ခံရမည့် အဖြစ်ကို တွေးနေမိတယ်။

ဆေးပညာခြံဝန်းထဲမှ လူများစွာဟာလည်း စပ်စုနေကြ တယ်။ ချန်ရှန် ပါရမီ ဘယ်လောက်ရှိရှိ အသက်အားဖြင့် ၁၇ နှစ်သာ ရှိသေးတာဖြစ်တယ်။ ဒီလို အသက်အရွယ် ဖြင့် အဆင့်မြင့် သာမန် ဆေးလောက်ကို လုပ်နိုင်ရင်ကို အတော် ချီးကျူးစရာပါ။ ဒါပေမဲ့ အဆင့်နိမ့် ဝိဉာဉ် တော် ဆေးကို လုပ်နိုင်ရင်တော့ မယုံနိုင်စရာပါပဲ။ နောက် ပြီး လူတိုင်းဟာ ဒီချီဓာတ်ဆေးအား အကြိမ် ၁၀၀ မက ကျရံှုးပြီးမှသာ ဆေးတစ်လုံး လုပ်နိုင်ကြတယ်။ ဒါကြောင့် ၎င်းတို့ဟာ ချန်ရှန် ဒီလို များစွာသော ဆေးပင်များကို လုံး၀ မတတ်နိုင်လောက်ဟု ထင်နေကြတာပါ။ 

 “ချန်ရှန် ပထမ ရရင် ၊ ငါ သူ့ကို ခြွင်းချက်တစ်ခု ပြုလုပ်ပြီး ပြင်းထန်သော ဆေးဘုရင် ခြံဝန်းထဲကို ဝင်ခွင့်ပြုမယ်”

ရုတ်တရက်ပဲ အေးစက်စက် အသံတစ်ခုက ဖုံးလွှမ်း သွားပါတော့တယ် . . .။













Chapter – 94

#ဆေးပညာရပ်ပြိုင်ပွဲကြီး


ဒီအသံကတော့ ဆေးဆရာမကြီးထံမှ ထွက်လာခြင်းပါ။ ချန်ရှန် ဒီ အဖြစ်ကို သူသေသည်ထိ မေ့ နိုင် မည်မဟုတ်ပေ။ သူမ၏ အသံကြောင့် ဆေး ပညာ ခြံဝန်းငယ် ၈ ခုလုံး အုတ် အုတ်ကျက်ကျက် ဖြစ်သွား ပါတယ်။ ပြင်းထန်သော ဆေး ပညာခြံဝန်းဆိုတာ ခြံဝန်းငယ် ၈ ခု ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်တယ်။ အဲဒိ ရှစ်ခု အထက်မှာမှ ဆေးဘုရင် ခြံဝန်းဆိုတာရှိတာပါ။ ထိုနေရာ ကိုဝင်နိုင်ရန်အတွက် ဆေးဆရာမကြီးကသာ ဆုံးဖြတ်ပေး နိုင်တာပဲ ဖြစ်တယ်။

“မင်းရှုံးသွားရင်တော့ မင်းခုရရှိနေတဲ့ အကျိုး အမြတ် အားလုံးကို ယောင်ဟိုင်ရှန်းကို ပေးရမယ် ဘယ်လို လဲ”

ဆေးဆရာမကြီးက လှောင်သလို ပြောလိုက်တယ်။ 

ချန်ရှန်ကလည်း ခပ်ပြုံးပြုံးပင် - 

“ဒါပေါ့ ၊ ကျွန်တော်သာ နိုင်ရင် နေရာအသစ်ကို ရောက် နိုင် ရုံမက ပညာသင် တပည့်တစ်ယောက်ပါ ရဦး မယ်”

“မင်းဘယ်တော့မှ မနိုင်နိုင်ဘူးကွ ၊ ငါဒီပထမဆုကို ရ နေတာ ငါးနှစ်ဆက်တိုက်ရှိပြီ ၊ နိုင်ချင်ရင်တော့ ဆုသာ တောင်းတော့”

ယောင်ဟိုင်ရှန်း က အေးစက်စက် အပြုံးဖြင့် ပြောပါ တယ်။ သူဟာ ချန်ရှန် ရှုံးမှာပင် ကြိုသိနေသလို ပုံစံ ဖြင့် သိပ်ကို ယုံကြည်မှုရှိနေပုံပါပဲ။

ဒီကိစ္စ ဟာ ဆေးဆရာမကြီးမှ ချန်ရှန် အား တမင် အ ခက်တွေ့အောင် ပြုလုပ်လိုက်တယ်ဆိုတာ ဂိုဏ်းတစ်ခုလုံး အသိပါ။ ဒါပေမဲ့ ချန်ရှန်ဟာလည်း အတွင်းစည်းကို ဝင် နိုင်ခဲ့သူဖြစ်ပြီး တန်ဖိုးကြီးပစ္စည်းများစွာလည်း ရှိနေတယ် ဆိုတာ သိနေကြတယ်။ ဆရာမကြီးဟာ ဒီလို ဂိုဏ်းကပေး တဲ့ အထောက်အပံများကို ဖြတ်တောက်ပစ်ချင်ပုံပါပဲ။ ချန် ရှန် ဒီလို လွယ်လင့်တကူ ချက်ချင်း သဘောတူလိမ့်မယ်လို့ မည်သူမျှ မထင်ကြပါဘူး။

“လူငယ်တွေက အမြဲဒီလိုပဲ။ အရှုံးကို ဝန်မခံ ချင်ကြ ဘူး။ တစ်နေ့ သူတို့ နာကျင်မှုတွေနဲ့ ပြန်ပေးဆပ်ရမှာ”

ဆရာကြီးဝု အဆိုပါလောင်းကြေးကိုသိပြီးနောက် တော်တော်လန့်သွားတယ်။ 

“ဆရာမ ကို ပြောဦးမယ် ၊ ဒီကောင်လေးက ခင်ဗျားကို မိုးပြာအသီး ၂ လုံးပေးပြီး ငြိမ်းချမ်းရေးယူချင်နေတာကို ဘာလို့ သူနဲ့ ဆက်အတိုက်အခံ လုပ်နေရတာလဲ”

“ဟဟ”

ဆရာမကြီး ခပ်လှောင်လှောင် ပြုံးလိုက်တယ်။

“ဒီကောင်လေး သူ့ကိုယ်ပိုင် ဘယ်အရာကို မှ မဆုံး ရှုံး ဘူးသေးဘူး ၊ ကျွန်မ အခြေခံတည်ဆောက်ရေးဆေး လုပ် တုန်းက လိုအပ်တဲ့ ပစ္စည်းတွေ တော်တော် များများ ရှိ ခဲ့ တယ်။ သူပေးတဲ့ မိုးပြာရောင်သိမ်မွေ့သီးကတော့ အရှားဆုံးပေ့ါ။ ကျွန်မက ဒီအသီးကို ရှာနေတာ နှစ်ပေါင်း များစွာ ကြာပြီ။ ရှာမတွေ့ခဲ့ဘူး ၊ ဒါကြောင့်ပဲ သူ့လက် ဆောင်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်တာပဲ။ သူသာ ကျွန်မ နဲ့ တကယ် ငြိမ်းချမ်းရေး ယူချင်ရင် သူ့ချာတိတ်မတွေ အတွက် ဆေး ၂ လုံးလုပ်ဖို့ တောင်းဆိုမှာမဟုတ်ဘူး”

ဆရာကြီး ဝု ဒီစကားတွေ ကြားတဲ့အခါ ဆရာမကြီးရဲ့ သဘောထားကို ရိပ်မိသွားတယ်။

“သူ့ခေါင်း ကျွန်မရှေ့ဦးညွှတ်လာအောင်ကို လုပ်ပြ မယ်။ သူသာ သူ့အမှားသူ ဝန်ခံပြီး တောင်းပန်ရင် သူ့ကို ကျွန်မ ပညာသင် အဖြစ်တောင် လက်ခံဖို့ ဝန်မလေးဘူး”

ဆရာမကြီးလည်း ပြောပြီးတာနဲ့ ထွက်ခွာသွားပါတော့ တယ်။

“ဒီလို မိန်းကလေး ဒီတသက် အိမ်ထောင်ပြုလိမ့်မယ် မထင်မိဘူးဟေ့”

ဆရာကြီး ဝု ရယ်မောကာ ပြောနေပါတော့တယ်။

ဆေးပညာပြိုင်ပွဲကြီးကို သုံးရက်နေရင် စမှာဖြစ်ပြီး ယခု ဆေးပညာခြံဝန်းငယ် ၈ ခုအတွင်းမှာပဲ ပြုလုပ်ကျင်းပ မှာ ဖြစ်ပါတယ်။ ထိုသုံးရက်အတွင်း ချန်ရှန်ဟာ တံခါးပိတ် ကာ အစီအစဉ်ဆွဲနေတယ်။ လူတိုင်းက သူဒီပြိုင်ပွဲ အ တွက် ပြင်ဆင်နေတယ်ထင်နေမှာပါပဲ။ ဒါပေမဲ့ ဒီ အတွေးဟာ လုံးလုံးကို မှားယွင်းနေမှာပဲ ဖြစ်ပါတယ်။ လက်နက်ပြုလုပ်နည်းမှတ်ဉာဏ်ထဲမှ ဝိဉာဉ်တော် သွေး ကြော များ အကြောင်းကို လေ့လာနေတာပါ။ 

“အမတော် မေးယို ၊ အမတော် ယုယု ၊ ဒီဝိဉာဉ်တော် အကြောတွေ နဲ့ ပက်သက်ပြီး အမတော်တို့ က ကျွန်တော့ ထက် ပိုနားလည်ကြမှာပါ။ ဒီအရာတွေက သိမ်မွေ့နက်နဲ လှပြီး စွမ်းရည်အမျိုးမျိုးရှိကြမှာပဲ ၊ ဒီဝိဉာဉ်တော် အကြော တွေကို ဆေးလုံးပေါ်မှာ ဒါမှမဟုတ် ဆေးပြုလုပ်နေတဲ့ အချိန် ခွဲခြမ်းစိတ်ဖြာပြီး အသုံးပြုမယ်ဆို ဘယ်လိုနေမလဲ”

ကွင်းအတွင်း စုမေးယို နဲ့ ဘိုင်ယုယု ခဏတာ ဆွံ့အ သွားကြတယ်။ ဒီလိုအတွေးမျိုး သူမတို့ တခါမျှ မတွေးခဲ့ ဖူးကြပါ။ သူမတို့ တွေးတာက အမျိုးမျိုးသော ဆေးပင် များ ကို အခဲပြုလုပ်တဲ့ဖြစ်စဉ် လို့ ပဲ မှတ်ယူထားကြတာဖြစ် တယ်။ ဒီထက်မပိုပါချေ။ 

စုမေးယို အသက်တစ်ချက်ရှူကာဖြင့် - 

“ငါလည်း မသိဘူး ၊ ဒါပေမဲ့ မင်းကြိုးစားကြည့်သင့် တယ်။ ဒီလိုလုပ်မယ်ဆိုရင်တော့ မင်း နတ်အတွင်းအား အာရုံကို တော်တော်လိုအပ်လိမ့်မယ်။ ဒါမှ ဝိဉာဉ်တော် အကြောတွေကို ဆေးခဲမဲ့ အချိန်မှာ ခွဲခြမ်းစိတ်ဖြာ ထည့်သွင်းနိုင်ပေလိမ့်မယ်။ ဒါကြောင့် ဒီလိုလုပ်နိုင်ဖို့ အားကောင်းလှတဲ့ နတ်အတွင်းအား အာရုံကို ရှိအောင် ကြိုးစား ရမယ်”

“မှန်တယ်။ ဒါတင်မကသေးဘူး ၊ သင့်တော်မဲ့ ဝိဉာဉ်တော် အကြောတွေကို ထည့်သွင်းနိုင်ဖို့လည်း လို သေးတယ်။ ငါ့ဆရာ တစ်ခါပြောဖူးတယ်။ ရှေးချိန်များစွာ ထဲက ဆေးမှာ ထည့်သွင်းနိုင်မဲ့ တချို့သော မှော် ဝိဉာဉ် တော်တွေ ရှိတယ်။ ဒီ မှော်ဝိဉာဉ်တော်တွေကို စွမ်းအင် သိုလှောင်ရာမှာ အလေးအနက် နှလုံးသွင်းလိုက်မယ်ဆို များစွာသော စစ်မှန်တဲ့ ချီဓာတ်တွေကို လျင်မြန်စွာ စုဆောင်း ရရှိနိုင်လိမ့်မယ်။ အဲဒါတွေကို လက်မှာ အားပြု လိုက်မယ်ဆိုရင် ကြီးမားလှတဲ့ စွမ်းအင်ကို ရရှိနိုင်လိမ့် မယ်”

ဘိုင်ယုယု က ပြောပြပါတယ်။ 

ချန်ရှန် ကြားရတဲ့ စကားကြောင့် စိတ်အားတက်ကြွ သွားတယ်။ သူသာ ဒီမှော်ဝိဉာဉ်တော်တွေကို ဆေးမှာ ဖန်တီးနိုင်မယ်ဆိုရင် ဆေးကြီးလှတဲ့ ဆေးပင်များကို အသုံးပြုစရာမလိုပဲ ဆေးရဲ့အာနိသင်ကို ပိုမိုတိုးတက် အောင် လုပ်နိုင်ပေလိမ့်မယ်။ ယခုတော့ ဒီမှော်ဝိဉာဉ် တော် တွေ အကြောင်းကို နည်းနည်း နားလည်စပြုလာပါ ပြီ။

သုံးရက်ကြာပြီးနောက်မှာတော့ ချန်ရှန် ထွက်လာခဲ့ တယ်။ အဆိုပါ မှော်ဝိဉာဉ်တော်တွေဟာ တော်တော်ကို ရှုပ်ထွေးကာ ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ နဲ့ ၎င်းတို့ရဲ့ ကွဲပြားခြားနားလှတဲ့ အချက်အလက်တွေကို ခြုံငုံမိဖို့ အတွက် အားကောင်းလှတဲ့ စိတ်စွမ်းအင် လိုအပ်မှာပါ။ ဒီလို အချိန်တိုတွင်းမှာ လုပ်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ 

ယခု ဆေးပညာပြိုင်ပွဲဟာ တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲ ငယ်တစ်ခုပဲ ဖြစ်တယ်။ ပြိုင်ပွဲကြီးတွေကို တော့ ဆယ်နှစ် တစ်ကြိမ် ကျင်းပလေ့ ရှိကြပါတယ်။ ယခုအခါ မှာတော့ ဂိုဏ်းထဲရှိ ဆေးဆရာအားလုံးဟာ ပါဝင်ယှဉ်ပြိုင် ကြတာဖြစ်ပြီး စီရင်စု အတွင်းမှ ဆေးဆရာများဟာလည်း လာရောက် လေ့လာကြပါတယ်။ လူတိုင်းဟာ ဒီ ဆေး ပညာ ပြိုင်ပွဲကို သိပ်ပြီး စိတ်ဝင်စားလှတယ်တော့ မဟုတ် ပါဘူး။ အဘယ်ကြောင့်ဆိုသော အချိန်ကြာပြီး ပျင်းရိဖွယ်ကောင်းလို့ပါပဲ။ ပြိုင်ပွဲကြီးမှသာ တကယ့်ကို စိတ်လုှပ်ရှား ဖွယ်ကောင်းကာ အသက်ဝင်လှတာ ဖြစ်ပါတယ်။ ဒါတင် မက ရင်သပ်ရှုမောဖွယ် မြင်ကွင်းမျိုးများလည်း မြင်တွေ့ရ တတ် ပါသေးတယ်။

“အကိုတော် ချန် ၊ ခင်ဗျား လုပ်နိုင်မှာပါ။ ကျွန်တော့ တို့ ဆယ်ရက်ပြည့်ရင် ဒီနေရာကနေ စောင့်နေမယ်နော်”

ရှောင်ဒိုလည်း ချန်ရှန် ၏ လောင်းကြေးကြောင့် တော် တော် စိုးရိမ်ပူပန်နေပုံပါပဲ။ သူဟာ ချန်ရှန် နိုင်မယ်လို့ ကျိန်း သေပြောခဲ့ပေမဲ့လည်း တကယ်လို့ ရှုံးသွားမည် ဆိုပါက တော်တော်ကြီးကို ဆုံးရံှုးသွားနိုင်မှာပါ။ 

ဆေးဆရာမကြီး ရောက်လာကာ အေးစက်စက် ပြော ပါတယ်။ 

“ချန်ရှန် ၊ မင်းရဲ့ဆေးလုပ်မဲ့အရာကို ငါကိုယ်တိုင် ကြီးကြပ်မယ်။ မင်း ချီဓာတ်ဆေး အလုံး ၁၀၀၀ နိုင်ထား တယ်လို့ ကြားတယ်။ ဒါကြောင့် မဟုတ်မမှန်လုပ်ခြင်းက ကာကွယ်ရမှာပဲ”

ချန်ရှန် သက်ပြင်းချကာဖြင့် - 

“ဆရာမကြီး ၊ ချီဓာတ်ဆေးက အလုံး ၇၀၀ ပဲကျန် တော့တယ် ၊ အလုံး ၁၀၀ ကို ရှောင်ဒိုကိုပေးလိုက်တယ်။ ဇုရွန်နဲ့ ဇန်ဒီကို အလုံး ၂၀၀ ရောင်းလိုက်တယ်ဗျ။ ဒီမှာ ကျန်တဲ့ အလုံး ၇၀၀ ၊ ဒါကြောင့် ခင်ဗျားကျွန်တော့ ကို မဟုတ်တာ စွပ်စွဲလို့ မရတော့ဘူးပေါ့”

ချန်ရှန် သေတ္တာငယ်လေး ၇ ခုအား ထုတ်ပေးလိုက်တဲ့ အခါမှာတော့ ဆေးဆရာမကြီး တော်တော် အံ့အားသင့် သွားပါတယ်။ တခြားလူများမှာလည်း ချန်ရှန် ချီဓာတ်ဆေး အလုံး ၇၀၀ ပိုင်ဆိုင်တာကို မြင်တဲ့အခါ သိပ်မနာလိုနေကြ ပုံပါပဲ။ ဒါပေမဲ့လည်း ချန်ရှန်ကို အတိုက်အခံ လုပ်ဖို့ စိတ်တောင် မကူးဝံ့ကြပါဘူး ၊ သူတို့ရဲ့ ပျော်ရွှင်စရာ နေ့ ရက်တွေ ပျောက်ဆုံးမှာ ကြောက်ကြလို့ပါပဲ။

ဆေးဆရာမကြီးလည်း သေတ္တာများကို ဖွင့်ကာဖြင့် ဆေး လုံး ၇၀၀ အား အတည်ပြုလိုက်တယ်။ ထို့နောက် ထို အရာများအား သူမ၏ လက်ကောက်ဝတ်မှ အိတ်လေး ထဲ သို့ ထည့်လိုက်ပါတော့တယ်။ ဒီလို ခေါင်းဆောင်အဆင့် တွေမှာ ယခုလို ဆန်းပြားပြီး လှပလှတဲ့ အိတ်မျိုးလေး တွေ ရှိတတ်ကြပါတယ်။

ဆေးဆရာမကြီးဟာ ချန်ရှန်နောက်ဆုံးမှာ ချီဓာတ်ဆေး အား ဘယ်လိုပြုလုပ်မလဲဆိုတာကို ကြည့်ချင်နေမိတယ်။ ဒီလို အသက်အရွယ်နဲ့ ချီဓာတ်ဆေးလုပ်နိုင်တယ် ဆိုတာကို သူမအနေဖြင့် မယုံကြည်နိုင်ဖြစ်နေတာပါ။

ပြိုင်ပွဲစတင်တာနဲ့ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီဟာ အစောင့် တစ်ယောက်စီဖြင့် သီးသန့် အခန်းငယ်တစ်ခု အတွင်းတွင် ဆေးပြုလုပ်ရတာပဲ ဖြစ်ပါတယ်။ ဆေးဆရာ အိုကြီးများ ၏ ကြီးကြပ်မှုဖြင့် မည်သူမျှ မဟုတ်မမှန် မလုပ် နိုင်ကြပါ။

ရှန်ရှန် သိထားတာက တော့ အမြန်ဆုံးလူဟာ ချီဓာတ် ဆေး တစ်စုံစာကို နာရီဝက်ဖြင့် ပြုလုပ်နိုင်တယ် လို့ပဲ ဖြစ် ပါတယ်။ သူသာ နဂါးမီးတောက် မီးဖိုကို အသုံးပြုမည်ဆို ပါက ဆေး ၂ စုံစာကို နာရီဝက်ဖြင့် ပြုလုပ်နိုင်မှာပါ။ အလောတကြီး မဖြစ်ပဲ သူလည်းနားနားနေနေ လုပ်နိုင်ဖို့ ဆေး တစ်စုံစာကို တစ်နာရီဖြင့် လုပ်ဖို့ ဆုံးဖြတ်လိုက်ပါ တယ်။

ဆေးဆရာမကြီး မီးဖိုအား ဖွင့်ကာ စစ်ဆေးကြည့် နေတယ်။ လှပလှတဲ့ မီးဖိုလေးအတွင်းမှာ မသင်္ကာစရာ တစ် စုံ တစ်ခုမျှ မတွေ့ရပါချေ။ ဒီမီးဖိုကို လူတော်တော် များ များ မတွေ့ဖူးကြပါဘူး။ အဘယ်ကြောင့်ဆိုသော မန်ဘို ဟာ သူ၏ မီးဖိုအား လူရှေ့မှာ အလောင်းအစားအနေဖြင့် ဘယ်တော့ မှ ထုတ်မသုံးဘူးလို့ပါပဲ။ 

‘ဆရာမကြီး ၊ ပုံမှန် ခင်ဗျား ချီဓာတ်ဆေး တစ်စုံ ကို လုပ်ဖို့ ဘယ်လောက်ကြာလဲ။ နောက် တစ်ခါလုပ်ရင် ဘယ်နလုံးရလဲဗျ”

ချန်ရှန် မေးလိုက်တယ်။

“ငါအမြန်ဆုံး လုပ်နိုင်တာကတော့ ဆေး ၂ စုံစာကို တစ် နာရီခွဲလောက်နဲ့ ပဲ။ အများဆုံးက ကတော့ ခြောက် လုံး ရမယ်။ ဒါပေမဲ့ အချိန်တော့ ပိုကြာနိုင်မယ်”

ဆရာမကြီးဟာ အမှန်တိုင်းဖြေတာပါ။ သူမဟာ ဒီရ လဒ်ကို ကျေနပ်နေတာပဲ ဖြစ်တယ်။ သူမအဆင့်က ဆေး ပညာရှင်များဟာ အဆင့်မြင့် ဆေးတွေကို အမြဲပြုလုပ်လေ့ မရှိပဲ တခါတရံ ဂိုဏ်းလိုအပ်ချက်ရှိတဲ့အခါမှာတော့ ဒီလို ဆေးတွေ လုပ်ဖို့ လိုအပ်ကြပါတယ်။

အဆင့်မြင့်ဆေးတွေကို ပြုလုပ်တဲ့အခါ ၎င်းတို့ဟာ သီးသန့် တိတ်တဆိတ် ပြုလုပ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဆရာမကြီးကတော့ ဒီလို မလုပ်တာကြာပါပြီ။ သူမဟာ ဆေးပင်တွေ စုဆောင်းနေလို့ပဲ ဖြစ်ပါတယ်။ 

ယခု ပြိုင်ပွဲမှာ အသုံးပြုမဲ့ ဆေးပင်တွေကို ဂိုဏ်းကထောက်ပံ့ပေးတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးပြုလုပ် ရာမှာ မအောင်မြင်ဖူးဆိုရင်တော့ တန်ဖိုးကို ပြန်လည် ပေး ရမှာဖြစ်ပြီး ဒီလိုလုပ်ခြင်းဟာ ပြိုင်ပွဲဝင်သူများ ဖြစ်ကတတ် ဆန်း လုပ်ခြင်းမှ ကင်းဝေးရန်ပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်သူ များဟာလည်း ပြီးပြီးရော အမြန် မလုပ်ဝံ့ကြပါဘူး။ ဒါပေ မယ့် ချန်ရှန် မှာက ထူးကဲကောင်းမွန်လှသော နဂါးမီး တောက် မီးဖို ရှိနေပါတယ်။ သူမြန်မြန်ပြီးချင်ရင် မြန်မြန် ပြီး လို့ရနိုင်ပြီး တကယ်လို့ သူသာ တကယ်လုပ်မည်ဆိုပါ က ဆေးပင်သုံးစုံစာကိုတောင် နာရီဝက်ဖြင့် လုပ်နိုင်မှာပါ။ 

ဆေးဆရာမကြီးဟာ ချန်ရှန်တစ်ယောက် ဆေးပင်များ အား အကြည့်တစ်ချက်နဲ့ပင် ကျွမ်းကျင်စွာ ခွဲခြမ်းစိတ်ဖြာ နေတာကို မြင်နေရတယ်။ တစ်ချိန်တည်းမှာပဲ တစ်စုံစာ စီ များကို စနစ်တကျ ခွဲခြမ်းပြီး တစ်စုံစာများဟာလည်း အပို အလို မရှိ ကွက်တိကို ဖြစ်နေပါတယ်။ သူ၏ အပြုအမူများ ဟာ လျင်မြန်လွန်းသောကြောင့် လူများဟာ ပါးစပ်အ ဟောင်းသားကို ဖြစ်နေကြတယ်။ ဆေးပညာနဲ့ တဘဝလုံး ရင်းနီးလာသော လူများသာ ဒီလို လုပ်နိုင်လောက်တာပါ။ ဒီဂိုဏ်းအတွင်းမှတောင် ဆေးဆရာကြီးများ အချို့သာပဲ ယခုလို လုပ်နိုင်တာပဲ ဖြစ်ပါတော့တယ် . . .။























Chapter – 95

#ရလဒ်


“မင်းအရင်က ချီဓာတ်ဆေး လုပ်ဖူးလား”

ဆေးဆရာမကြီး အံံံံ့သြစွာ မေးလိုက်ပါတယ်။ 

“ဒါပေါ့ ၊ ကျွန်တော် ဒီကို ကစားဖို့လာတာမှ မဟုတ် တာ”

ချန်ရှန် အေးဆေးစွာပင် ပြန်ပြောလိုက်တယ်။ မျက်စိတမှိတ်အတွင်းမှာပင် ဆေးပင်အစုံလိုက်များအဖြစ် ခွဲခြမ်း စိတ်ဖြာပြီးသွားပြီ ဖြစ်ကာ မီးဖိုထဲကို စတင် နေရာချနေပါ ပြီ။

မျက်နာဖုံးအောက်က ဆရာမကြီး၏ မျက်နာမှာတော့ သိသိသာသာ ကို ပျက်ယွင်းနေပါပြီ။ အသက် ၁၇ နှစ်ဖြင့် အဆင့်နိမ့် ဝိဉာဉ်တော် အဆင့်ဆေးကို ပြုလုပ်နိုင်နေခြင်း ပါ။ ဒီအချက်က သူမကို တော်တော် အံ့အားသင့်စေတယ်။ ဒါကြောင့်ပဲ သူမမွေးကတည်းက ယခုချိန်ထိ ဒီလို ပါရမီ ရှင် လူတော်တစ်ယောက်ကို ပထမဆုံး တွေ့ဖူးခြင်းပါပဲ။ 

ဆေးဆရာမကြီး တိတ်ဆိတ်နေတယ်။ ချန်ရှန် ဆေးပြုလုပ်နေတာကို ကြည့်နေရင်းဖြင့် မြင်ကွင်းတစ်ခုကြောင့် သူမသွေးများ ဆူပွက်သွားပါတယ်။ ချန်ရှန်ဟာ တကယ်ကိုပင် ဆေးပြုလုပ်နေတုန်းမှာ သူ ၏ အာရုံများဖြင့် ဆေး ပင်များအား ခွဲခြမ်းနေပါတော့တယ်။

“မင်းတကယ်ပဲ ဒီ ဆေးလုပ်ဖူးတာလား”

ဆရာမကြီးမီးဖိုအတွင်းမှ ထွက်လာတဲ့ မီးတောက်တွေကို အာရုံခံမိနေတယ်။ မီးတောက်ဟာ ရုတ်တရက် ကြီးလာပြီး ထို့နောက်ရုတ်တရက် သေးငယ်သွားပြန်တယ် ၊ ဒီလို နူးညံ့လှတဲ့ ပြောင်းလဲမှုများအား သူမ သိပ်အာရုံမခံ နိုင်တော့ပေ။ ချန်ရှန်ရဲ့ ထိန်းချုပ်နိုင်စွမ်းဟာ လက်ဖျား ခါ ပါပေတယ်။

ချန်ရှန်က သိပ်စိတ်မဝင်စား ဟန် ဖြင့် -

“ဆေးပညာက တကယ်ကို အချိန်တွေကုန်ပြီး ၊ ပျင်းစ ရာကောင်းတယ် ၊ ခုလို မြန်မြန်ဆန်ဆန် ဆိုတော့ စိတ် ဝင် စားစရာ အနည်းငယ် ဖြစ်တာပေ့ါ”

“မင်း မီးဖို ပေါက်ကွဲမှာ မင်းမကြောက်ဖူးလား ၊ အာရုံ ၂ ခွ ဖြစ်နေတာက မင်း လွယ်လွယ် ကျရှုံးလိမ့်မယ်”

ဆေးဆရာမက ခနဲ့တဲ့တဲ့ ပြောပါတယ်။

“ဟဲဟဲ ၊ အခုကျွန်တော် က အာရုံ ၃ မျိုး ဖြစ်နေတာဗျ ၊ တစ်ခုက ဆေးလုပ်နေတယ် ၊ တစ်ခုက ဆေးပင်တွေကို ခွဲ ခြမ်းနေတယ် ၊ နောက်တစ်ခုကတော့ ခင်ဗျားနဲ့ စကား အခု စကားပြောနေတာလေ”

ချန်ရှန် ရယ်မောကာ ပြောလိုက်တယ်။ ဒီလိုပြောတာ နားထောင်ပြီး ဆရာမကြီးဟာ ချန်ရှန် အား ရိုက်ပစ်ချင်စိတ် ကို မနည်းထိန်းထားရပါတယ်။ ဒါပေမဲ့လည်း ချန်ရှန် ပြောသလိုပင် ဆေးလုပ်ရတာ တစ်ကယ်ပျင်းဖို့ကောင်း တယ် ဆိုတာကိုတော့ သူမ လက်ခံမိပါတယ်။ 

ချန်ရှန် သူ၏ အရှိန်ကို လျော့ချလိုက်တယ်။ သူဟာ မီး ဖိုအား အကျွမ်းတဝင်ပင် အသုံးချနေကာ ဆေးများ ကို ပြု လုပ်နေလျက်ရှိပါတယ်။ သူ၏ စိတ်အာရုံများအား နေရာ များစွာကို ပို့လွှတ်ကာ ဆေးပြုလုပ်တဲ့ လုပ်ငန်းစဉ်တစ် ခုလုံးအား ထိန်းချုပ်နေတယ်။ ဒီလိုတွေ လုပ်နိုင်ခြင်းဟာ သူ၏ ထူူးခြားလှသော ပါရမီ ကြောင့်ပါ ၊ ဆေးပညာကို အရမ်းပဲ အပတ်တကုတ် ကြိုးစားခဲ့လို့တော့ မဟုတ်ပါချေ။ 

ချန်ရှန်အား ဆရာမကြီး ပေးခဲ့တာကတော့ ဆေးဆယ်စုံစာပင် ဖြစ်ပါတယ်။ အခြေအနေကို အကဲခတ်ရန် ပေးလိုက်ခြင်း ဖြစ်ပြီး ဒါပေမဲ့လည်း ချန်ရှန်ဟာ လျင်မြန် စွာပင် ၎င်းတို့အား နေရာတကျလုပ်ပြီး ဖြစ်နေပါတယ်။ ဒီ သီးသန့် အခန်းထဲမှာတော့ လေးထောင့်ပုံ သေတ္တာလေး ဆယ်ခု မြေကြီးပေါ် မှာ ရှိနေတယ်။ အထဲမှာတော့ ဆေး ပြုလုပ်ရန် ဆေးပင်များ ထားရှိထားပါတယ်။

“ဆရာမကြီး ၊ ကျွန်တော့ အသက်အရွယ်နဲ့ ဆေးဘု ရင် ခြံဝန်းကို ရောက်တဲ့အခါကျ ကျွန်တော့အတွက် အကျိုးကျေးဇူးက ဘာရှိမလဲ ၊ ကျွန်တော် ဘာတွေ ရမလဲ”

ချန်ရှန် မေးလိုက်တယ်။ စိတ်ထဲတွင် ဒီလိုလျို့ဝှက် ဆန်းကြယ်သည့် မိန်းမတစ်ယောက်နဲ့ ၁၀ ရက်ခန့် အတူတူ နေထိုင်နိုင်ရမည့်အရေးတွေးကာ အနည်းငယ် စိတ် လုှပ်ရှားနေမိတယ်။

“မင်းတကယ်လို့ ဝင်နိုင်ခဲ့ရင် ၊ အကျိုးတော့ ရှိမယ် ဒါ ပေမယ့်ငါ့အပေါ်မှာ ပဲ မူတည်တယ် ဘာလို့လဲဆိုတော့ ဒီ ဆေးပညာခြံဝန်းကြီးတစ်ခုလုံးကို ငါကပဲ စီမံခန့်ခွဲတာမို့လို့ ပဲ”

ဆရာမကြီးက ခပ်လှောင်လှောင် ပြောလိုက်တယ်။ 

“ဆရာမကြီး ၊ ကျွန်တော် ခင်ဗျားကို ငရဲဝိဉာဉ်တော်မြက် နည်းနည်း ပေးမယ်ဆိုရင် ကျွန်တော်တို့ ဖြစ်ပျက်ခဲ့ သမျှ အရာအားလုံး သင်ပုန်းချေပေးနိုင်မလား”

ဆေးဆရာမကြီး၏ လျို့ဝှက်လှသော အမုန်းတရားများက ချန်ရှန် အတွက် ကောင်းမွန်စေလိမ့်မည် မဟုတ်ပေ။ 

“ငါတို့ကြားမှာ အမုန်းတရားတွေ မရှိပါဘူး ၊ ငါက ငါ စိတ်ထဲ ရှိတာ လုပ်နေတာပဲ”

ဆေးဆရာမကြီးက ပြောပါတယ်။ 

ချန်ရှန်လည်း သက်ပြင်းချကာဖြင့် - 

“ကျွန်တော် အဖြေ တစ်ခုကို ငရဲဝိဉာဉ်တော်မြက် နဲ့ အလဲအလှယ်လုပ်မယ်။ ခင်ဗျား ကျွန်တော့ကို ဘာကြောင့် မုန်းလဲဆိုတာ ပြောပြပါ ၊ အရင်ကပြောခဲ့သလို ခင်ဗျားကို ကျွန်တော် နိုင်ရင် မေးလို့ ရမယ်ဆိုပေမဲ့ အဲလောက် အကြာကြီး မစောင့်နိုင်တော့ဘူး”

“ငရဲ ဝိဉာဉ်တော် မြက် ဆိုတာ အရမ်းကို တန်ဖိုး ရှိလှ ပေမဲ့ ငါ့အတွက်တော့ မရှားဘူး”

ဆေးဆရာမကြီး က ခပ်လှောင်လှောင် ပြောလိုက် တယ်။

“မင်းဘာလို့ ဒီ လို လုပ်နေလဲ”

ချန်ရှန် မှာ စကားလုံး မရှိတော့ချေ။ ရုတ်တရက်ပင် ဆေးဆရာမကြီး သူ့ကို ဒေါသထွက်လာသလိုကို ခံစား လိုက် မိပါတယ်။ တကယ့် ငယ်ရွယ်သူ ကောင်မလေး တစ် ယောက်လိုပါပဲ။

“မင်း အမှားတွေကို ဝန်ခံပြီးတောင်းပန် ၊ ဒါဆို ငါ ကျေ နပ်မယ် ၊ မင်း ကို ငါ့ပညာသင် အဖြစ်တောင် လက်ခံလိုက် ဦးမယ်”

ဆေးဆရာမကြီးအသံဟာ မာန ကြောင့် ခပ်တင်းတင်း ပါပဲ။ 

“အိပ်မက် မက် မနေနဲ့ ၊ သေတောင် မလုပ်နိုင်ဘူး”

ချန်ရှန်လည်း ဆရာမကြီးအား ဂရုမစိုက်တော့ပဲ လုပ် စရာရှိတာ ဆက်လုပ်နေလျက်ပါ။ ခုနက ဆရာမကြီး၏ အပြုအမူများဟာ ကလေးဆန်နေတာကိုတော့ ထူးဆန်း စွာ ခံစားမိလိုက်ပါတယ်။

တစ်နာရီလောက် ကြာပြီးနောက်မှာတော့ ချန်ရှန်ဟာ မီးဖိုကို ဖွင့်လိုက်ကာ အတွင်းမှ ခရမ်းရောင် ဆေးလုံး ၆ လုံး အား ထုတ်ယူပြီး ကျောက်စိမ်းသေတ္တာလေးထဲ ထည့်လိုက် ပါတယ်။ ထို့နောက်မှာတော့ ဆေးပင်များ တဖန် ပြန်ထည့် နေပါတော့တယ်။ 

သူ၏ အပြုအမူများဟာ သာမန် လုပ်ရိုးလုပ်စဉ် ကို လုပ် နေသလိုပါပဲ။ လမ်းပေါ်က ဆေးရောင်းနေသူတွေ ကျွမ်းကျင်စွာ လုပ်ငန်း စဉ်များလုပ်နေတာနဲ့ ပင် တူနေပါ သေးတယ်။ ဒါကို ကြည့်နေတဲ့ ဆေးဆရာမကြီးကတော့ တကယ်ကို အံ့သြမိနေတယ်။ အဘယ်ကြောင့်ဆိုသော် ချန်ရှန်ဟာ တကယ်ကိုပဲ ချီဓာတ်ဆေးအား ပြုလုပ်နိုင်နေ တာ ဖြစ်ပြီး ဒါတင်မက ဆေးတစ်စုံကို တစ်နာရီခန့်သာ ကြာကာ တစ်ခါလုပ် ၆ လုံး ရရှိသောကြောင့်ပါ။ ဆေး တစ် စုံ စာ အတွက် အပိုအလိုမရှိ ကွက်တိ ရရှိနိုင်အောင် ပြု လုပ် ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ကြားရသူတိုင်းကို အံ့ အားသင့်စေမှာ အမှန်ပါပဲ။

ဒါတောင် ချန်ရှန်ဟာ နားနားနေနေ ပဲ လုပ်ခဲ့တာ ဖြစ်ပြီး ဆေးဆရာမကြီးကတော့ နှုတ်ဆိတ်လို့ နေပါတယ် ၊ ချန်ရှန်၏ အေးဆေး ဖြစ်နေပုံကို ကြည့်ရင်း သူမ သိပ် မပျော် ရွှင်နိုင်တော့ပါဘူး။ ယခုလုပ်ခဲ့သော ဆေးတစ်စုံစာ ကို ကြည့်ရင်း အနိုင်ရရှိမည့်လူဟာ ချန်ရှန် ပဲ ဆိုတာ သူမ ကြိုသိနှင့်နေပါပြီ။ 

ချန်ရှန်လည်း ဆရာမကြီးအား ဂရုစိုက်လွန်းခြင်းမရှိလှ ပါ။ သူမတစ်ခုခုမေးရင် ပုံမှန်သာ ပြန်ဖြေဖြစ်နေတယ်။ ချန်ရှန် သိပ်စိတ်မကြည်ပုံကို ကြည့်ရင်း ဆရာမကြီး အံကြိတ်နေမိပါတယ်။ 

နောက်တစ်နာရီအကြာမှာလည်း ဆေးနောက်တစ်စုံစာ ဟာလည်း ပြုလုပ်ပြီးဖြစ်နေပါတယ်။ ချန်ရှန် တစ်နေ့ လုံး တစ်ညလုံး နားနေခြင်းမရှိပဲ ဆေးများ ပြုလုပ်လျက် ရှိ တယ်။ တစ်ရက်ကြာပြီးနောက်မှာတော့ ချန်ရှန် ဆေးပင် ၁၁ စုံ စာကို လုပ်ပြီး ဖြစ်နေပါတယ်။ ဒီလိုနှုန်းကြောင့် ဆေး ဆရာမကြီး တစ်ယောက် ဆွံ့အကာဖြင့် အံ့သြနေပါ တော့တယ်။ ချန်ရှန် တစ်ခါမျှ ကျရှုံးခြင်း မရှိခဲ့ပါချေ။ 

ချန်ရှန် မျက်လုံးထဲမှာတော့ ချီဓာတ်ဆေးဆိုတာ သူ့ အ တွက် ဆန်စေ့လေးတွေလိုပါပဲ။ ဒါပေမဲ့ အဆင့်နိမ့် ဝိဉာဉ်တော်ဆေးတွေထဲမှာ ချီဓာတ်ဆေးကိုသာ ဘယ်လို လုပ်ရတယ်ဆိုတာ ကောင်းကောင်းသိတာပါ။ တခြား ဆေး များဟာ ဆေးပင်များစွာ လိုအပ်တာဖြစ်ပြီး ယခု လောလောဆယ်မှာတော့ ဒီလို ဆေးပင်များစွာကို ဝယ်ယူ ဖို့ သူမတတ်နိုင်သေးပါဘူး။

၁၀ ရက်ကြာပြီးနောက်မှာတော့ ချန်ရှန် ဟာ စုစုပေါင်း ဆေးပင် အစုံ ၁၀၀ ကို ပြုလုပ်နိုင်ခဲ့ပြီး ဆေးလုံး ၆၀၀ ကို ပြုလုပ်နိုင်ခဲ့တာပါပဲ။ ဒါတောင် နားတဲ့အချိန်များ ပါပါသေး တယ်။ ဒီလိုနှုန်းဟာ ဒီစီရင်စု အတွင်းမှာတော့ ပထမပါပဲ။ ချန်ရှန်သာ မျိုးနွယ်စုများကို ချီဓာတ်ဆေး ပြုလုပ်ပေးမည် ဆိုပါက သူဌေးပင် ဖြစ်နိုင်ပါသေးတယ်။

ပြိုင်ပွဲ အဆုံးမှာတော့ ရှောင်ဒို နဲ့ ဇန်ဒီတို့ ရောက်လာ ကြပြီး ချန်ရှန် ၏ အေးအေးဆေးဆေး ဖြစ်နေပုံကို မြင်တွေ့ လိုက်ကြရပါတယ်။ သူတို့စိတ်ထဲ အနည်းငယ် ထူးဆန်း နေသလို ဖြစ်နေပေမဲ့ ချန်ရှန်တော့ ရှုံးမယ်ဟုသာ ထင် နေမိကြပါတယ်။ 

“ညီတော် ယောင် ၊ မင်းကို ၁၀ ရက်အတွင်းမှာ ငါ လုံး၀ လိုက်မမီတော့ပါဘူးကွာ ၊ ဒီရက်အတွင်း ချီဓာတ်ဆေး အလုံး ၄၀၀ တောင် လုပ်နိုင်ပေတာပဲ ၊ မင်းအရင်နှစ်က လုပ်ခဲ့တဲ့ နှုန်းထက်တောင် အလုံး ၅၀ ပိုများသွားတယ်။ ဒီ နှစ်အတွက် ပထမဆု ဆိုတာလည်း မင်းအတွက်ပဲပေ့ါ”

လူကြီးတစ်ယောက်ဟာ ယောင်ဟိုင်ရှန်း အား ကြည့် ရင်း လေးလေးစားစား ပြောနေတယ်။ 

ယောင်ဟိုင်ရှန်း ရဲ့ မျက်နာမှာတော့ မာနများဖြင့် ပြည့် လို့ နေပါတယ်။ ပြုံးလျက်ပင် - 

“ဟားး ဟားးး ၊ ကံကောင်းလို့ပါဗျာ ၊ နောက် ပြီး ဟို ကောင်းကင်နဲ့ မြေကြီး ရဲ့ အင်အား ကြီးမားမှုကို မသိတဲ့ ကောင်လေး နဲ့ လောင်းထားသေးတယ်လေ။ ဒါကြောင့် ကျွန်တော် နိုင်အောင် တတ်နိုင်သရွေ့လုပ်ခဲ့တာပဲ”

“ယောင်ဟိုင်ရှန်း ၊ အရင်က ခင်ဗျားပြောခဲ့တယ်မလား ၊ ခင်ဗျား ကျွန်တော့ကို ရှုံးရင် တပည့်ခံမယ်လို့လေ ၊ ယခု ထိ အဲဒိစကား တည်သေးရဲ့လား”

ချန်ရှန် လမ်းလျှောက်လာရင်း ပြုံးကာမေးလိုက်တယ်။ 

“ဒါပေါ့ ၊ တည်ပကွာ”

ယောင်ဟိုင်ရှန်း ရယ်မောရင်ပြောလိုက်တယ်။

“မင်း ၁၀ ရက်လုံး ဆေးဆက်တိုက် လုပ်နိုင်တယ် ဆို ရင်ပဲ ငါတော်တော် အံ့သြမိမှာကွ”

ဒီအချိန်မှာ ယှဉ်ပြိုင်သူများဟာ သူတို့ လုပ်နိုင်တဲ့ အရေ အတွက် များကို ထုတ်ဖော် ပြောကြားနေကြတယ်။ ယောင်ဟိုင်ရှန် း ကလွဲပြီး ကျန်သူများဟာ အများဆုံး အလုံး ၂၀၀ လောက်သာ လုပ်နိုင်ကြပါတယ်။ အနည်းဆုံး ကတော့ အလုံး ၃၀ လုပ်နိုင်သူပါ။ လူအများကြီး ယှဉ်ပြုင် ခဲ့တာမဟုတ်ပဲ လူ ၃၀ သာ ယှဉ်ပြိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်၊ ၎င်းတို့ အားလုံးဟာ ဒီဆေးပညာခြံဝန်းအတွင်းမှ ဆေး ဆရာ တွေပဲ ဖြစ်ကြတယ်။ 

ယောင်ဟိုင်ရှန်း နဲ့ တခြား လူများဟာ ချန်ရှန်ကို ရယ် မောနေကြတယ်။ ဒါပေမဲ့ ထွက်ပေါ်လာသော ဆေးဆရာမကြီး၏ အသံကြောင့် ၎င်းတို့အားလုံး၏ အပြုံး တွေဟာ အေးခဲသွားပါတော့တယ်။

“ယောင် ဟိုင် ရှန်း ၊ ရှင် ရှုံးပြီ ၊ ဒီကောင်လေးက ဆေး အလုံး ၆၀၀ လုပ်နိုင်ခဲ့တယ်”

ဆေးဆရာမကြီး ပြောလိုက်တာပါ။ သူမ၏ အသံမှာ အမုန်းတရားများ ပါဝင်နေသလိုပါပဲ။ အဘယ်ကြောင့် ဆို သော် ဒီရလဒ်ကို သူမလည်း မလိုချင်လို့ပဲ ဖြစ်ပါတော့ တယ် . . .။














Chapter – 96

#တပည့်ရရှိခြင်း


“ဟဲဟဲ ၊ ဆရာမကြီးက တော်တော် ကြင်နာတတ် တာပဲ။ ကျွန်တော် က ဆရာမကြီးတော့ တစ်ခုခု အခက် တွေ့အောင် လုပ်မယ်လို့ ထင်နေတာဗျ”

ချန်ရှန် အသက်ပြင်းပြင်း ရှူကာဖြင့် သေတ္တာလေး ၆ ခုကို ထုတ်ကာ ပြလိုက်တယ်။ တစ်ခုစီတွင်တော့ ဆေး အလုံး ၁၀၀ ပါ ဝင်နေပါတယ်။ 

ခြံဝန်းကြီး တစ်ခုလုံး တိတ်ဆိတ် ဆွံ့အသွားကြတယ်။ ချန်ရှန် ဒီလို ဆေးအလုံး ၆၀၀ လုပ်နိုင်တယ်ဆိုတာကို မည် သူမျှ မယုံနိုင်ကြပါဘူး။ 

လူတိုင်းဟာ ဆေးဆရာမကြီးကို သံသယ မျက်လုံး များ ဖြင့် ကြည့်နေကြတယ်။ သူတို့ဟာ ဆရာမကြီးမှ ချန် ရှန်အား တိတ်တဆိတ် ကူညီပေးတယ်လို့ ထင်သွားကြ လို့ ပါ။ ဒါပေမဲ့လည်း ဆရာမကြီး ရဲ့ ချန်ရှန် အပေါ် ထားတဲ့ အမုန်းတရားကို သတိရသွားတဲ့ အခါမှာတော့ ၎င်း အထင် ဟာ လုံး၀ မဖြစ်နိုင်တော့ပါဘူး။ 

ဒီအချိန်မှာ ၊ ဆေးဆရာမကြီး ရဲ့ လက်ထဲမှာတော့ သေတ္တာလေး ၇ ခု ရှိနေပါတယ်။ ဒီအရာတွေကတော့ ချန် ရှန် မပြိုင်မီက သူပေးခဲ့သော ချီဓာတ်ဆေးများပဲ ဖြစ်ပါ တယ်။ ထို့နောက် သေတ္တာများကို ဖွင့်ပြကာ လူတိုင်းအား လုပ်ကြံမှု မပါဝင်ကြောင်း သက်သေပြပါတော့တယ်။

“ကျွန်မကိုယ်တိုင် ဒီရလဒ်ကို မလိုချင်ပေမဲ့လည်း ချန်ရှန် ဟာ တကယ်ကိုပဲ ဆေး အလုံး ၆၀၀ ကို ပြုလုပ်ခဲ့ တာပါ။ စုစုပေါင်း ဆေးပင်အစုံ ၁၀၀ တိတိ ကို အသုံးပြု သွားခဲ့ပါတယ်”

ဆေးဆရာမကြီး၏ စကားကြောင့် လူတိုင်းဟာ ထပ်မံ အံ့အားသင့်သွားကြပြန်တယ်။

ဆေးပင် အစုံ ၁၀၀ ဖြင့် ဒီလို အရေအတွက်ရတယ် ဆို တာ တစ်စုံလျှင် ၆ လုံးရပေလို့သာ ဖြစ်ပေတယ်။

“တကယ့် လူထူးလူဆန်းပဲ”

ဇုရွန် တီးတိုး ရေရွတ်နေမိတယ်။ ရှောင်ဒိုမှာလည်း ပါး စပ်အဟာင်းသားဖြင့် ပါ။ သူ့မှာ ဒီလို မျိုး ကောင်းကင်ကို ပင် စိန်ခေါ်နိုင်သော သူငယ်ချင်းမျိုး အနီးကပ် ရှိနေလိမ့် မယ် ဟု မမျှော်လင့်ခဲ့ပါဘူး။

ယောင်ဟိုင်ရှန်း အံကြိတ်လျက်ပါ။ မျက်လုံးအပြူး သားဖြင့် မြေကြီးပေါ်မှ ဆေးများကို စိုက်ကြည့်နေတယ်။ သူတု့ိအားလုံးဟာ ဆေးဆရာများ ဖြစ်တယ့်အတွက် ယခု ဆေးများဟာ မကြာသေးမီကမှ ပြုလုပ်ထားခြင်းဆိုတာကို သိနေပါတယ်။ သေတ္တာများမှာ ပူပူနွေးနွေးပင် ရှိနေသေး တာကို တွေ့ကြရပါတယ်။

ယောင်ဟိုင်ရှန်း နဲ့ တခြားေ ဆးဆရာတို့ ယခုဆေးများဟာ အရည်အသွေးပိုင်းဆိုင်ရာမှာ အတော်ပဲ ကောင်းမွန် တယ်ဆိုတာကို သိကြတယ်။ အားလုံးဟာ ထိပ်တန်းအဆင့် အရည်အသွေးလို့ သတ်မှတ်လို့ ရနေတယ်။ 

ဆေးဆရာမကြီးဟာလည်း အေးစက်စွာဖြင့် - 

“အခု ကျွန်မကို ယုံကြပြီလား။ ဒီကောင်လေးရဲ့ဆေး ပညာ အဆင့်အတန်းဟာ အတော့်ကို မြင့်တယ်လို့ ဝန်ခံ ပါတယ်။ ကျွန်မတောင် ဒီလို အခြေအနေ လုပ်နိုင်မှာ မဟုတ်ပါဘူး။ သူလုပ်ခဲ့တဲ့ ဆေးတစ်လုံးချင်းစီရဲ့ အရည် အသွေး ဟာ တကယ့်ကို ထိပ်တန်းပါပဲ။ အချိန်တိုအတွင်း မှာ ဆေးတစ်စုံစာနဲ့ ဆေး ၆ လုံး ပြုလုပ်သွားတာပါ”

ယောင်ဟိုင်ရှန်း ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်လာ တယ်။ သူ၏ မျက်လုံးများဟာ နီရဲကာ နှလုံးသားပါ သေ ဆုံး သွားသလို ခံစားနေရပါတယ်။ ဒါပေမဲ့လည်း ချန်ရှန် ကို လေးစားစိတ်ပင် ဝင်လာမိသလိုပါပဲ။ ဆေးဆရာမကြီး ကိုယ်တိုင်ပင် အရှုံးပေးအောင် သူ ဘယ်လိုများ လုပ်ခဲ့ တာ ပါလိမ့် . . .။

ထို့နောက်မှာတော့ ယောင်ဟိုင်ရှန်း ဒူးထောက်ချကာခေါင်းငုံ့ပြီး ချန်ရှန်အား အရိုအသေပေးရင်း အော်ပြောလိုက်ပါတယ်။

“ဆရာ ၊ တပည့်ရဲ့ အရိုအသေပေးမှုကို လက်ခံပါ”

ယောင်ဟိုင်ရှန်းမှ အရိုအသေပေးတာကို ကြည့်ရင်း များစွာသော ဆေးဆရာများဟာလည်း ငုံ့နေလျက် ရှိကြပါ တယ်။ သူတို့ကိုယ်သူတို့ အိပ်မက်လားဟုပင် မသဲကွဲ ဖြစ်နေကြပုံပါပဲ။

စစ်မှန်သောသိုင်းပညာနယ်ပယ်က ဆေးဆရာတစ်ဦးဟာ အဆင့် ၉ သာရှိတဲ့ လူငယ်တစ်ယောက်ကို ဆရာတင်တာဟာ တကယ်ရယ်စရာပါပဲ။ ဂိုဏ်းကြီးတစ်လုံးမှာ ရယ်ရွှင်ဖွယ်ရာ အဖြစ်ဆုံး ဖြစ်ပါတော့တယ်။

ချန်ရှန်လည်း အနည်းငယ်ကြောင်သွားပါတယ်။ ယောင်ဟိုင်ရှန်း ဒီလို ချက်ချင်း ဆရာတင်မယ်လို့ မထင်မိခဲ့ပါ။ ဒါဟာ ဆေးဆရာမကြီးနဲ့ တခြားလူများရှေ့မှာမို့ ကတိတည်သူအဖြစ် ပြသကာ အရှုံးကို လက်ခံလိုက်ခြင်း ပင် ဖြစ်ပါတယ်။ သူ့ရင်ထဲမှတော့ သေတာထက်ပင် ဆိုး ရွားနေပါလိမ့်မယ်။ 

ရှောင်ဒို ဇုရွန်၏ လက်မောင်းကြီးအား ရိုက်ကာဖြင့် - 

“ဟဟ ၊ ဒါအိပ်မက် မဟုတ်ပေဘူး ၊ အကိုတော်ချန် နိုင်ပြီ”

ရှောင်ဒို တစ်ယောက် ရယ်မောနေပြီး ဇုရွန် ကတော့ သက်ပြင်းချလျက် ရှိပါတယ်။

“ဟဲဟဲ ၊ ထပါ တပည့်ကြီးရဲ့”

ချန်ရှန် လည်း ရယ်မောကာဖြင့် ယောင်ဟိုင်ရှန်းဆီ သွားကာ ဆွဲထူပေးလိုက်ပါတယ်။ ဒီအချိန်မှာ ယောင်ဟိုင် ရှန်း ၏ ဝမ်းနည်းမှုအား မည်သို့မျှ မဖော်ပြနိုင်ပေ။ သူအ မုန်းဆုံး လူတစ်ယောက်အား ဆရာအဖြစ်တင်ရမည်ဟု သူ ဘယ်တော့မှ မတွေးခဲ့ဘူးပါဘူး။ ဒီဖြစ်ရပ်ဟာ သူ၏ ခေါင်း ဘယ်တော့မှ ပြန်မမော့နိုင်အောင် လုပ်လိုက်သလိုပါပဲ။

“ဒါ ခင်ဗျားအတွက် ကျွန်တော့ လက်ဆောင်ပါ”

ချန်ရှန် လည်း ပြောပြောဆိုဆိုဖြင့် ချီဓာတ်ဆေး အလုံး ၁၀၀ နဲ့ မိုးပြာရောင် သိမ်မွေ့သစ်သီး တစ်လုံး အား ပေး လိုက်ပါတယ်။

ဒီလက်ဆောင်ကြောင့်လူတိုင်းဟာ ခဏတာ ဆွံအ သွားကြတယ်။ အားလုံး၏ မျက်လုံးများဟာ အသီးပေါ်ရောက်ရှိနေပြီး လူတိုင်းဟာ ဆေးဆရာများ ဖြစ်တဲ့ အတွက် ဒီအသီးရဲ့တန်ဖိုးကို ကောင်းကောင်း သိနေကြပါ တယ်။

ယောင်ဟိုင်ရှန်း၏ လက်များဟာ တုန်ရီနေလျက် ပါးစပ်ကလည်း တတွတ်တွတ်ပြောနေတယ်။ သူဟာ မူ လက အတော် ဝမ်းနည်းနေပေမဲ့ ယခုတော့ အခြေအနေ တည်ငြိမ်လာပါပြီ။ ချန်ရှန်ကို ဒီလိုလုပ်ရုံဖြင့် သိပ်တော့ အဆိုးကြီးမဟုတ်လှဟု ခံစားမိလာပါတယ်။ သူဟာလည်း အရူးတစ်ယောက် မဟုတ်သောကြောင့် ချန်ရှန်တစ်ယောက် သူတို့ ၂ ယောက်ကြားက ပဋိပက္ခ ကို ပြေလည်ချင်နေတယ်ဆိုတာ သိနေတယ်။

“ကျေးဇူးတင်ပါတယ် ဆ . . . ဆရာ”

ယောင်ဟိုင်ရှန်း အထစ်ထစ်အငေါ့ငေါ့ ဖြင့် ဖြစ်နေပါ တယ်။ 

“ချန်ရှန် ၊ ဒီမှာ မင်းအတွက် ပထမဆု ၊ မနက်ဖြန် မနက် စောစော ဆေးဘုရင်ခြံဝန်းကို သတင်းပို့ပါ။ မင်းနောက်ကျ ရင် အပစ်ပေးခံရမယ်”

ဆေးဆရာမကြီးမှ သေးငယ်သော ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် သေတ္တာလေးအား ပစ်ပေးလိုက်ပါတယ်။

“ဆရာမကြီး ၊ ကျွန်တော် ဒီ ဆေးဘုရင် ခြံဝန်းကို ဝင်မဝင်ဆိုတာ ရွေးချယ်လို့ရနိုင်မလား”

ချန်ရှန် အနည်းငယ် စိုးရိမ်မိတာကတော့ ဒီဆေးဆရာ မကြီးမှ သူ၏ ဘဝကို အခက်တွေ့အောင် ထိုနေရာမှာ ဖိ နှိပ်မည်ကို ပါပဲ။

“ဒီလို မရဘူး ၊ ဒါက မင်းနဲ့ ငါကြားမှာ သဘောတူထား တဲ့ လောင်းကြေးပဲ။ မင်း ငြင်းမယ်ဆိုရင် ဒီဂိုဏ်းကနေ ထွက်တော့”

ခနဲ့တဲ့တဲ့ဖြင့် ဆေးဆရာမကြီးမှ ပြောလိုက်ပါတယ်။

ချန်ရှန် သက်ပြင်းချမိတယ်။ ဒီလောင်းကစားဟာ သူ့အတွက် ဘာကောင်းကျိုးမှ မရရှိလိုက်ဘူးဆိုတာကို ရုတ်တရက် ခံစားလိုက်ရပါတယ်။

“ဟိုင်ရှန်း ၊ ကျွန်တော်က ခင်ဗျား ဆရာဖြစ်ပေမဲ့ ကျွန်တော်ဟာ ချီဓာတ်ဆေးကိုသာ ကောင်းကောင်းပြု လုပ်နိုင်တာ ဖြစ်တယ်။ နောင်များမကြာခင်မှာ ခင်ဗျားဆီ က အကြံဉာဏ်တွေကို ရယူရဦးမှာပါ။ ကျွန်တော့ကို ဆရာ အဖြစ်မမှတ်ယူပါနဲ့တော့ ၊ အဲဒိအစား ကျွန်တော့ကို နာမည်သာ ခေါ်ပါဗျာ ၊ တကယ့် ဆရာလို့ ခေါ် ထိုက်မဲ့ အရည်အသွေးတွေ ရှိလာမှာကို ကျွန်တော် စောင့်နေပါ တယ်။ ဒီအချိန်ရောက်မှသာ ခင်ဗျား ဆရာလို့ ခေါ်ပါ”

ချန်ရှန် ပြောလိုက်ပါတယ်။ 

ယောင်ဟိုင်ရှန်းမှ သူ့အား ဆရာအဖြစ် ခေါ်ခြင်းဟာ ချန်ရှန်ကို အနည်းငယ်တမျိုးဖြစ်နေစေပါတယ်။ ကာယကံ ရှင်ဆိုလျှင်တော့ ဆိုဖွယ်ရာမရှိတော့ချေ။ 

ဒီအချက်ကြောင့်ပဲ ယောင်ဟိုင်ရှန်ဟာ တော်တော်ကို ကျေးဇူး တင်နေပါတယ်။ ယခုအချိန်မှစပြီး ချန်ရှန်အား မဆန့်ကျင်နိုင်တော့ပါဘူး။ 

သိပ်မကြာခင်ကပဲ ချန်ရှန်ဟာ အတွင်းစည်းကို ရောက်လာ ခဲ့ပြီး သူ၏ ပုံရိပ်ဟာ ဂိုဏ်းအတွင်း ပြန့်နှံ့ခဲ့ပါ တယ်။ ယခု သူဟာ ဆေးပညာပြိုင်ပွဲမှာ အနိုင်ရရုံမက ဆေး ဘုရင် ခြံဝန်းကို ပါ ဝင်ခွင့် ရရှိခဲ့ပါတယ်။ ဒါဟာ ချန်ရှန်ကို ပိုမို ကျော်ကြားသွားပါစေတော့တယ်။

ချန်ရှန် နဲ့ ရှောင်ဒိုတို့ သူတို့၏ ခြံဝန်းကို ပြန်လာခဲ့တယ် ၊ လမ်းလျှောက်လာရင်းဖြင့် ရှောင်ဒို ရုတ်တရက်ပြုံးကာ - 

“အကိုတော် ချန် ၊ သိပ်မကြာခဲ့တဲ့အချိန်က ကျွန်တော့် မှာ အမ အလန်းလေးတွေ ရှိတယ် လို့ ပြောခဲ့တာ မှတ်မိ လား”

ချန်ရှန် လည်း ခေါင်းညိမ့်ကာဖြင့် - 

“မှတ်မိတယ် ဒါပေမဲ့ မင်းပြောတော့ သူတို့က ကြီး ကြီး ကျယ်ကျယ်တွေဆို”

“ကျွန်တော် က ရယ်စရာပြောတာပါ။ ကျွန်တော် ခင်ဗျားကို သူတို့နဲ့ မျက်နာချင်းဆိုင် တွေ့အောင် စီစဉ်ပေး မယ်။ ခင်ဗျားက လူပျိုပဲ ၊ ကြိုက်တာရွေးပေါ့”

ရှောင်ဒို စပ်ဖြဲဖြဲဖြင့် ပြောနေပါတယ်။ ဒီလို နည်းလမ်း ဖြင့် ယောက်ဖတော်ကာ အဆုံးမရှိတဲ့ ခင်မင်မှု မျိုး ရချင်နေတာပဲ ဖြစ်ပါတော့တယ်။ 

“ဟဟ ၊ ငါ့မှာ သတိုးသမီး ရွှီရှန်းရှန်း ရှိတယ်။ တကယ် လို့ မင်းအမတွေက ငါ့ကို လက်ထပ်ချင်တယ်ဆို တောင် သူတို့က ရှန်းရှန်း ဆီက ခွင့်တောင်းမှရမယ်”

ချန်ရှန် နှုတ်ခမ်းများကွေးကာ ပြောလိုက်တယ်။ ယခု လက်ရှိမှာ သူဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို လျင်မြန်စွာ ဝင်ရောက်ကာ ရွှီရှန်းရှန်းကို ရှာချင်နေပြီပဲ ဖြစ် ပါတယ်။

“ယောက်ဖကြီး ၊ လုပ်စမ်းပါဗျာ ၊ ကျွန်တော့ အမတွေ က ရွှီရှန်းရှန်း လောက် ပါရမီ မပါပေမဲ့ အတော် လှသူတွေ ပါဗျ”

ချန်ရှန်တော်တော် အံ့သြသွားတယ်။ တကယ်ကိုပဲ အတင်းတွေ ယောက်ဖ လို့ ခေါ်နေပြီ ဖြစ်လို့ပါ။

ဇုရွန် လည်း ရောက်လာပြီးနောက် - 

“မင်းအမတွေက တကယ်လှပပေမဲ့ သူတို့ဟာ မာန ခဲတွေကွ ၊ ချန်ရှန် နဲ့ ဖြစ်မှာ မဟုတ်ဘူး ၊ ချန် ညီတော် ၊ ငါ့မှာ လဲ ညီမတစ်ယောက်ရှိတယ်။ သူ့ပါရမီကလည်း သိပ် တော့ မဆိုးလှပါဘူး။ သူမပုံစံက ဒီ မျိုးမစစ်ကောင်လေးရဲ့ အမတွေ ထက် သာပါတယ် ကွ”

ဇု ရွန် ပြုံးလျက် ပြောနေတာပါ။ 

“ချစ်လှစွာသော ယောက်ဖလေး ၊ မင်း ငါတို့ ဇုမျိုးနွယ် ထဲ မဝင်ချင်ပေဘူးလား”

“ဝတ်စုတ်ကြီး ၊ ခင်ဗျားကို အရှင်မထားဘူး”

ရှောင်ဒို ဒေါသတကြီး အော်ပါတယ်။ 

ဒီလို ဖြစ်ပျက်နေတာကို ကြည့်ရင်း ချန်ရှန် တစ် ယောက် ဒီ လူတွေရဲ့ အမတွေ ညီမတွေနဲ့ မဆုံတော့ဟု တွေးလိုက်မိပါတယ်။ အထူးသဖြင့် ဇုရွန် ညီမဟာ သူ့လို ၀၀ တုတ်တုတ်ကြီး ဆိုပါက သူ့ဘဝသူ မတွေးရဲ ဖြစ်နေပါ တော့တယ် . . .။

















Chapter – 97

#ကောင်းကင်နဂါးရတနာသိုက်


ချန်ရှန်ရဲ့ ပုံစံဟာ တည်တည်ငြိမ်ငြိမ်ပါပဲ။ ရှောင်ဒို နဲ့ ဇုရွန် တို့၏ ညီမများ အမများကို စိတ်မဝင်စားပါချေ။ 

နောက်တစ်နေ့ အရုဏ်မတက်မီ အချိန်မှာတော့ ချန် ရှန် လျို့ဝှက်ဆန်းကြယ် နယ်ပယ်ထဲသို့ ခပ်မြန်မြန်ပဲ လာခဲ့ ပါတယ်။ ဆေးဘုရင်ခြံဝန်းဟာ ဒီနယ်ပယ်ထဲမှာ ဆိုတာကို သိသော်လည်း ဘယ်နားလောက်မှာလဲ ဆိုတာတော့ မသိ ချေ။ 

“ကောင်းတယ်ဟေ့ ၊ မင်းလာတာ စောသားပဲ ၊ ငါနဲ့ လိုက်ခဲ့ပါ”

ဆရာကြီး ဝု ခပ်ပြုံးပြုံးပင် ပြောပါတယ်။ ချန်ရှန် နဲ့ ပတ်သက်ပြီး သူဟာ တော်တော် စိတ်ဝင်စားနေပုံပါပဲ။ မူလက ချန်ရှန်အား ဆေးဆရာမကြီးမှ တပည့်အဖြစ် မည် သူမျှ လက်မခံရန် ကြုံးဝါးထားသော်လည်း ယခုအခါမှာ တော့ ချန်ရှန်ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်၏ ပညာသင် တပည့် ဖြစ်သွားရုံမက ဆေးဘုရင်ခြံဝန်းကိုပင် ဝင်နိုင်သော အခွင့်အရေး ရရှိခဲ့ပါပြီ။ 

ချန်ရှန် ဒီ ဆေးဘုရင်ခြံဝန်းထဲကို ဝင်ရတယ်ဆိုတာ ဘာကို ဆိုလိုမှန်း သူမသိသေးပါဘူး။ ဒါပေမဲ့ ဆရာကြီး ဝု ကတော့ ကောင်းကောင်း သိမယ်ထင်ပါတယ်။

ပြင်းထန်သော ဆေးဘုရင်ခြံဝန်းဟာ သာမန် အိမ်လို ပါပဲ။ ဝင်ပေါက်အပေါ်မှာတော့ ‘ပြင်းထန်သော ဆေးဘုရင် ခြံဝန်း’ ဆိုသည့် စာလုံးများကိုသာ ရေးသား ထားခြင်းမှ လွဲပြီး ထူးထူးခြားခြား မမြင်တွေ့ရပါချေ။

“ဆရာကြီးဝု ၊ ဒါက ဘယ်လိုနေရာမျိုးလဲဗျ”

ချန်ရှန် မေးလိုက်ပါတယ်။ 

“ဟဲဟဲ ၊ မင်းအထဲရောက်ရင် သိပါလိမ့်မယ်။ ခုငါသွား တော့မယ်။ ဂရုစိုက်ပါ”

ဆရာကြီး၏ အပြုံးက တော်တော် လျို့ဝှက်နေပုံပါပဲ။ ချန်ရှန် စိတ်ထဲ တမျိုးတမည် ခံစားသွားရတယ်။ 

လျို့ဝှက်ဆန်းကြယ် နယ်ပယ်ထဲက ဝိဉာဉ်တော်ချီ ဓာတ်များဟာ တော်တော်ကို များပြားလှပါတယ်။ သူသာ ဒီမှာ ကြာကြာနေပါက ချီဓာတ်များစွာကို စုဆောင်းအသုံး ပြု နိုင်လိမ့်မယ်ဟု တွေးနေမိတယ်။ ဆေးတွေသာသုံး မယ် ဆိုပါက ပိုမိုပင် တိုးတက်လာနိုင်ပါသေးတယ်။

“မင်းလာတာ စောသားပဲ ၊ ဆရာကြီး ဝု လိုက်ပို့တာ လား”

အနီးနားတစ်နေရာမှ ဆရာမကြီး၏ အသံ ထွက်ပေး လာပါတယ်။

ချန်ရှန် လည်း အသံကြားရာဆီသို့ လျှောက်သွားကာ - 

“ဟုတ်ပါတယ် ၊ ခင်ဗျား ကျွန်တော့ကို အတင်းခေါ် ချင် နေတာ ဘာကြောင့်လဲဗျ”

“ငါက ဒီ ဆေးဘုရင် ခြံဝန်းထဲမှာ နေတဲ့ တစ်ဦး တည်းသော သူပဲ ၊ ခု မင်းလည်း ဒီမှာ နေရလိမ့်မယ်”

ဆရာမကြီးက ပြန်ဖြေတယ်။ သူမအသံဟာ ခပ်လောလော ဖြစ်နေပုံပါပဲ။ 

“ဘာကြောင့်လဲ”

ချန်ရှန် တုန်လှုပ်သွားပါတယ်။ ဒီနေရာမှာ နေ့တိုင်း သူမ နဲ့ အတူတူ နေရမယ်ဆိုတာ သိပ်တော့ ကောင်းလှတဲ့ အရာ မဟုတ်ပေ။ 

“ငါက တံခါးပိတ်ပြီး အချိန်အတော်ကြာကြာ ဆေးလုပ် ဖို့ ပြင်ဆင်နေတာ ၊ မင်းက ဒီမှာနေပြီး ဒီနေရာကို စောင့် ရှောက်ရမှာ”

ဆေးဆရာမကြီးက ပြန်ဖြေတယ်။ 

“မင်းဒီ မှာ ဘာမှ အများ ကြီး လုပ်စရာမလိုပါဘူး။ သူ့ နေရာနဲ့ သူ ကျွမ်းကျင်သူတွေ ရှိပြီးသား။ ဆေးပင်စိုက်တဲ့ လူဆိုလည်း သူတို့ဘာသာ စိုက်နေကြမှာ။ တခြားကိစ္စ အားလုံးကိုလည်း ကြီးကြပ်တဲ့လူတွေ ရှိကြတယ်။ မင်း လုပ် ရမဲ့ အရေးအကြီးဆုံးအရာက ဒီဆေးဘုရင်ခြံဝန်း ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးဖို့ပဲ ၊ မင်းနည်းနည်းကြာ ရင် နေသားကျပြီး နားလည်သွားမှာပါ”

ချန်ရှန် စက္ကန့် အနည်းငယ်လောက် ဆွံ့အသွားမိတယ် သူဟာ ဆေးဆရာမကြီးက သူ့ကို ဒီလို အရေးကြီးကိစ္စ ကို ယုံကြည်စွာ လွှဲအပ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ သူမ စကားလုံးများ ကို ကြည့်ခြင်းအားဖြင့် သူမဟာ ချန်ရှန် အပေါ် သိပ်မမုန်းတော့သလိုပါပဲ။

“ဒါတွေအားလုံးက ငါလုပ်ခဲ့တာတွေကြောင့်လား ၊ သူမ ဒေါသတွေထွက်ပြီး လုပ်ခဲ့တာတွေကြောင့်လား မသိ တော့ပါဘူး”

ချန်ရှန် စိတ်ထဲ တွေးနေတယ်။ သက်ပြင်းတစ်ချက်ချ ကာဖြင့် မေးလိုက်ပြန်ပါတယ်။ 

“ဆရာမကြီး ၊ အခြေခံတည်ဆောက်ရေး ဆေးတွေ ကို ကော . . .”

“မင်းဘယ်ချိန်တည်းက ဒါကို မေးဖို့စဉ်းစားနေတာလဲ ၊ ငါဆေးလုပ်ပြီးလို့တောင် မင်း ချစ်ချစ် ၂ ယောက် ဆီကို ပို့ ပြီးပြီ”

သူမ အသံဟာ နည်းနည်း ဒေါသဖြစ်နေသလိုပါပဲ။ သူမ ဟာ ချန်ရှန် ဒီကိစ္စကို စိတ်ပူနေလိမ့်ဦးမယ်လို့ မထင် ခဲ့မိပါဘူး။ 

ချန်ရှန် လည်း ခေါင်းညိမ့်ကာဖြင့် ပြုံးကာ - 

“ကျေးဇူးပါဗျာ ၊ ခင်ဗျား စိတ်ချပါ ၊ အေးအေးဆေးဆေး လုပ်စရာရှိတာ ကို လုပ်ပါ”

“ချန်ရှန် ၊ ငါမင်းကို တစ်ကြိမ်ထပ်မေးမယ်။ ငါ့ကို မင်း ဆရာအဖြစ် သတ်မှတ်ဖို့ ဆန္ဒရှိလား ၊ ငါဟာ ဘယ်တော့ မှ ပညာသင် လက်မခံဘူးဆိုတာကို မင်းသိသင့်တယ်”

ဆေးဆရာမကြီးက မေးလိုက်တယ်။ ပျော့ပျောင်းမှု အနည်းငယ်အား သူမအသံထဲတွင် တွေ့နိုင်ပါတယ်။ 

ချန်ရှန် ခေါင်းခါယမ်းကာဖြင့် -

“မရှိဘူး။ နောက်ပြီး ခင်ဗျားဟာ ခင်ဗျားတပည့်အဖြစ် လက်ခံမဲ့ လူရဲ့ ဘဝကို ခက်ခဲအောင် လုပ်ခဲ့တယ် မလား ၊ ခင်ဗျား ဘာသာစဉ်းစားပေါ့”

“ဟဟ ၊ မင်း သဘောပဲ”

ဆရာမကြီးလည်း ကျောက်စိမ်း ပြားလေးတစ်ခုအား ချန်ရှန် ဆီသို့ ပစ်ပေးလိုက်တယ်။ ထို့နောက်မှာတော့ ထွက် ခွာ သွားပါတော့တယ်။ 

ချန်ရှန်လည်း ကျောက်စိမ်းပြားလေးအား ဖမ်းလိုက် ကာ သေချာကြည့်လိုက်တယ်။ အပြားအပေါ်မှာတော့ ဝိဉာဉ်တော်အကြောလေးတွေလို့ ပြောလို့ရနိုင်သော မျဉ်း များရှိနေပါတယ်။ စွမ်းအားတစ်ခုခု ကိန်းအောင်းနေသလို ပါပဲ။ “ပြင်းထန်သော ဆေးဘုရင် ခြံဝန်း ၊ ချန်ရှန်” ဆိုပြီး ရေးထားတာကိုလည်း တွေ့လိုက်ရပါတယ်။ 

ထို့နောက်မှာတော့ ချန်ရှန်ဟာ ဆေးဘုရင်ခြံဝန်းထဲမှာ တစ်ယောက်ထဲ နေထိုင်သည့် တစ်ဦးတည်းသော လူ ဖြစ် ကာ တော်တော်လည်း လွတ်လပ်မှု ရှိလှတယ်။ 

ယောင်ဟိုင်ရှန်း အား တပည့်အဖြစ် လက်ခံလိုက် က တည်းက ယောင်ဟိုင်ရှန်း ကို သိပ်မတွေ့ရတော့ချေ။ ကြည့်ရတာတော့ ဆေးပညာအား ကြိတ်ကျင့်ကာဖြင့် သူ၏ အရိပ်မည်းကြီးမှ လွတ်မြောက်ရန် ကြိုးစားနေပုံပါပဲ။ ချန်ရှန်အား ဆရာအဖြစ် လက်ခံပြီးကတည်းက တခြား လူ များကို မျက်နာချင်း မဆိုင်ရဲတော့တာလည်း ပါပါလိမ့်မယ်။

ချန်ရှန် နဲ့ ရှောင်ဒို တို့ဟာ တွေ့ရခဲလှပေမဲ့ ၎င်းတို့ ဟာ ခြံဝန်း အမှတ် ၃၂၉ ရဲ့ အဖွဲ့ဝင်တွေ ဖြစ်တုန်းပါပဲ။ အံသြစရာ အချက်တစ်ခုကတော့ ဇုရွန်ဟာ သူ၏ အမှတ် ၂၀၀ မှ အကျိုးအမြတ်များကို စွန့်လွှတ်ကာ ချန်ရှန် တို့နဲ့ အတူူတူ လာနေခြင်းပါပဲ။ ချန်ရှန် နှင့် သူ၏ညီမတို့အား ပေး ဆုံစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပဲ ဖြစ်မှာပါ။ 

ဒီလိုနဲ့ပဲ ချန်ရှန် ၊ ရှောင်ဒို နဲ့ ဖက်တီး ဇုရွန် တို့ဟာ သူငယ်ချင်းကောင်းများ ဖြစ်လာကြတယ်။ အမြဲတစ်ဦးနဲ့ တစ်ဦး ဆဲဆိုနေကြပေမယ့်လည်း ညီအကို အရင်းများလို ပင် ချစ်ခင်ကြပါတယ်။ 

“အကိုတော် ချန် ၊ ခင်ဗျားကို ကျွန်တော်တို့ စောင့်နေ တာ ကြာပြီဗျ”

ရှောင်ဒို တစ်ယောက် ချန်ရှန် ၎င်းတို့ဆီ လျှောက်လာ တာကို ကြည့်ရင်း ပြောလိုက်တယ်။ ချန်ရှန်ဟာ ယခု လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲက ဆေးဘုရင် ခြံဝန်းထဲမှာ နေ ထိုင်နေပြီ ဖြစ်တဲ့ အတွက် ဒီကို သိပ်မလာဖြစ်ပေ။ ဇုရွန် နဲ့ ရှောင်ဒိုကတော့ ထိုနေရာအား ဝင်ခွင့်မရှိပါချေ။ တစ်ခုခု ပြောစရာ ရှိမယ်ဆိုရင်တောင်မှ သွားခေါ်လို့ မရ နိုင်ပါ။ 

“ဘာဖြစ်လို့လဲ”

ချန်ရှန် မေးလိုက်တယ်။

ဇုရွန် လက်များကို ဖုန်များခါသလို လုပ်ကာဖြင့် - 

“ဟုတ်တယ်။ ဒီ ဂရုတစိုက် ရွေးချယ်တတ်တဲ့ မျိုး မစစ်လေး ယန် ကြောင့် ငါတို့ အရမ်းပျင်းစရာကောင်းပြီး အဓိပ္ပာယ် မရှိလှတဲ့ အလုပ်တစ်ခု လက်ခံရရှိတယ်

ချန်ရှန် ယခုမှပင် မှတ်မိသွားပါတယ်။ သူတို့ အတွင်း စည်းကို ရောက်တာ တစ်လလောက်ရှိပြီ ဖြစ်ပြီး ဂိုဏ်းမှ စီစဉ်တဲ့ တာဝန်တစ်ခုကို လုပ်ဆောင်ရန် လိုအပ်ပါတယ်။ ဒီတစ်လမှာ သူဟာ အမည်းရောင်လိပ်နတ်အတွင်းအား ကျင့်စဉ်နဲ့ ဆိုင်တဲ့ စွမ်းရည်များကို လေ့ကျင့် သင်ကြားခဲ့ပြီး ဖြစ်တယ်။ အဓိက စွမ်းရည်ကတော့ ခုခံကာကွယ်ရေး အတွက် ဖြစ်ပြီး ၎င်းဟာ အမျိုးအစား တစ်မျိုး ၂ မျိုးသာ ရှိ ပါတယ်။ 

ချန်ရှန်လည်း စဉ်းစားရင်း အလုပ်အကြောင်း မေး လိုက်ပါတယ်။ ရှောင်ဒိုမှ ရယ်မောကာဖြင့် - 

“ဒါကတော်တော်ကောင်းတဲ့ အလုပ်ဗျ ၊ ကောင်း ကင် နဂါး ရတနာသိုက်နဲ့ ပက်သတ်နေတယ်။”

“ကောင်းကင်နဂါး ရတနာသိုက်” တဲ့လား။ ဒီအရာဟာ သိပ်မကြာခင်အချိန်က အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့တဲ့ အရာ တစ်ခုပါ။ ၎င်းရတနာသိုက်ဟာ ရှေးနှစ်ပေါင်းများ စွာ ကတည်းက ရှိလာခဲ့တာဖြစ်ပါတယ်။ နဂါးကြီးတစ်ကောင် ဟာ ချန်ဝူနယ်မြေကြီးပေါ် လာရောက်ခဲ့ပြီး ၎င်း ရတနာ သိုက်ကို ချန်သွားခဲ့တာပါ။ ဒီရတနာသိုက်နဲ့ ပက်သတ် သော မြေပုံဟာလည်း ကောလဟာလ အနေနဲ့ ပေါ်လာခဲ့ ပါတယ်။ ဒါပေမဲ့ ဒီမြေပုံရဲ့ တန်ကြေးဟာ အရမ်းကို ကြီး မြင့်ပြီး မိတ္တူ တစ်စောင်အတွက်ပင် သလင်းကျောက် တစ်သိန်းခန့် တန်ကြေးရှိပါတယ်။ 

အစက မျိုးနွယ်ကြီးများဟာ ဒီအရာကို မယုံကြပဲ တစ်စုံတစ်ယောက်မှ သလင်းကျောက်များရရန် လုပ်ကြံ ဖန်တီးထားတယ်လို့ ထင်နေကြတာပါ။ ဒါပေမဲ့လည်း တချို့သော သက်ကြီးဝါကြီးများ၏ အသေးစိတ် အခြေခံ ကျကျ ခွဲခြမ်းစိတ်ဖြာလိုက်တဲ့ အခါမှာတော့ ဒဏ္ဍာရီ လာ နဂါးကြီး ချန်သွားတဲ့ ရတနာသိုက်နေရာဟာ တစ်ခါ ပြန်လည်ပြီး ခေတ်စားလာပြန်ပါတယ်။ 

ဒီနေရာကိုတော့ မရဏနဂါးတောင်များ ဒေသလို့ ခေါ် ပြီး အရမ်းအန္တရာယ်ရှိသော နေရာလို့ သတ်မှတ်ထားကြပါ တယ်။ 

“ဘယ်က နဂါးရတနာသိုက်က ဘယ်လို ရှိမှာလဲ ၊ ဒီ ကောလဟာလ တွေ မပြန့်ခင် ကတည်းက ငါတို့ ဇုမျိုးနွယ် ဟာ သွားရှာခဲ့ပြီးပြီ ၊ ဘာသောက်ရတနာမှ မရှိဘူး”

ဇုရွန် စိတ်မရှည်စွာ ပြောပါတယ်။ 

“ဟဟ ၊ ကျွန်တော်တို့ ယန် မျိုးနွယ်က ခင်ဗျားတို့ မရှာ ခင် နှစ်ရာပေါင်းများစွာ ကတည်းက ရှာခဲ့တာပဲ”

ရှောင်ဒို က ပြန်ပြောလိုက်တယ်။ 

မရဏ နဂါးတောင်များ မှာ လျို့ဝှက်ဆန်းကြယ်လှတဲ့ ရတနာသိုက်တစ်ခု ရှိတယ် ဆိုတာ ရှေးဟောင် ဒဏ္ဍာရီ ထဲ က ဆိုစမှတ်ပြုလာကြတာပါ။ လူများစွာဟာ သွားရောက် ရှာဖွေခဲ့သော်လည်း မည်သည့် အရာမျှ မတွေ့ခဲ့ပါချေ။

ချန်ရှန် ရှောင်ဒို ဆီမှ မြေပုံ စာရွက်ကို ယူကာ ကြည့် လိုက်ပါတယ်။ ဂိုဏ်း၏ တာဝန်နဲ့ ပတ်သက်သည့် ညွှန်ကြားချက်များလည်း အသေးစိတ် ပါဝင်နေတယ်။ ဒီ ရတနာသိုက် ရှိရှိ မရှိရှိ ဒါနဲ့ ပတ်သက်ပြီး လုပ်ဆောင်ရမဲ့ တာဝန်ကတော့ သူတို့ အပေါ် ရှိနေပါတယ်။

“ကောလ ဟာ လ ဖြစ်နိုင်ပေမဲ့ ဒါကို လုပ်ဖို့က တော် တော် လွယ်ပါတယ်။ အဲဒိနေရာကို များစွာသော ဂိုဏ်းများက လူတွေ သွားနေကြပြီလို့ ကြားတယ်။ ဒီသတင်းဟာ စီရင်စုထဲမှာ တော်တော် အုတ်အော်သောင်း နင်းဖြစ်နေတယ်။ တခြားစီရင်စုတွေကိုလည်း ပြန့်နေ လောက်ပြီ”

“ဒီလူတွေဟာ ရူးနေကြတာကွ ၊ တချို့ဆို အဝေးကြီး ကကို လာကြသေးတာ”

ဇုရွန် က ရယ်မော ပြောဆိုပါတယ်။ 

“ဒီလို လူတွေ အများကြီး ဒီအရာကို ရှာတယ် ဆို က တည်းက ကောလဟာလက အမှန်ဖြစ်ဖို့ များတယ်။ အရင် က ကျွန်တော့ မျိုးနွယ် ရှာတာ ဘာမှ မတွေ့ဘူ။ အဲဒိနေ ရာမှာ လျို့ဝှက်ဆန်းကြယ်နယ်ပယ် လို ဖြစ်နေလို့ပဲ ဖြစ် တယ်။ ခင်ဗျားတို့က ဒီလို နယ်ပယ်တွေနဲ့ အကျွမ်းတဝင် ရှိတယ်မလား”

ဒီလို လျို့ဝှက်ဆန်းကြယ်နယ်ပယ်များဟာ ထူးဆန်းလှ ပါတယ်။ တစ်ခါတလေမှာ ၎င်းတို့ဟာ ရုတ်တရက်ပေါ်လာ တတ်ပြီး တစ်ခါတလေမှာ ပျောက်ကွယ်နေတတ်တယ်။ ဒီ လို ပျောက်ကွယ်နေတဲ့ အရာကို တွေ့ရှိဖို့ဆိုတာ အရမ်း စွမ်းအားကြီးလှတဲ့ စွမ်းအင် တစ်မျိုးလိုအပ်မှာပဲ ဖြစ်ပါတော့တယ် . . .။

































Chapter – 98

#ပြိုင်ဘက်ကင်းသိုင်းပညာဂိုဏ်း


ချန်ရှန်သွားဖို့ ဆုံးဖြတ်ချိန်မှာပင် သာမန် အဝတ်အ စား ဝတ်ဆင်ထား သော မိန်းမကြီးတစ်ယောက် ရုတ်တ ရက် ပေါ်လာကာ -

“ရှောင်ဒို ၊ မင်းမျိုးနွယ်ထဲမှာ ကိစ္စတစ်ခု ဖြစ်နေတယ် ၊ မင်းပြန်လာဖို့ လိုနေပြီ”

ဒီမိန်းမကြီးကတော့ ရှောင်ဒို၏ ဆရာမ ပဲ ဖြစ်ပါတယ် ၊ စစ်မှန်သော သိုင်းပညာနယ်ပယ်က သိုင်းဆရာမကြီး ဖြစ် ပါ တော့တယ်။ 

ရှောင်ဒို စိတ်မပါတပါဖြင့် ကြည့်နေတယ်။ ဒီမိန်းမကြီး သာ အစွမ်းကြီးသူ မဟုတ်ဘူးဆိုပါက သူပြန်လိမ့်မည် မဟုတ်ပေ။ ယခုတော့ အံကြိတ်ကာဖြင့်ပင် လိုက်ပါသွား ပြီ ဖြစ်ပါတော့တယ်။ 

“အကိုတော် ချန် ၊ ဒီတစ်ချိန်တော့ ကျွန်တော့ကို သွား ခွင့်ပြုပါဦး ၊ နောက်တစ်ကြိမ်ဆိုရင် ကျွန်တော် ခင်ဗျားရဲ့ အလုပ်ကို သေချာပေါက် ကူညီပါ့မယ်”

ရှောင် ဒို ပြောခဲ့သော စကားတွေပါ။ 

“ညီတော်လေး ချန် ၊ မင်းရှာတွေ့တဲ့ အရာက စိတ်ဝင် စားစရာ ကောင်းမယ်ဆိုလည်း မင်းကိုယ်တိုင်ပဲ သွားပါ။ ငါ့ မလိုက်တော့ပါဘူး ၊ မင်းကိုလည်း ဒီလိုလုပ်ဖို့ တောင်းဆို ချင်တယ်”

ဇုရွန်လည်း ပြောပြီးတာနဲ့ လျင်မြန်စွာပင် ထွက်သွားပါ တယ်။ လူကောင်ကြီးနဲ့ မလိုက်အောင်ကို လျင်မြန်လှတာ ပဲ ဖြစ်ပါတယ်။ 

ချန်ရှန် သက်ပြင်းတစ်ချက် ချလိုက်တယ်။ ထို့နောက် မှာတော့ မြေပုံအား ခေါက်ကာ ဂိုဏ်းထဲမှ ထွက်လာပါ တယ်။ ဒီဂိုဏ်းမှ တာဝန်ပေးတဲ့ အလုပ်များကို နောက် လိုက် တော်တော် များများဟာ အောင်မြင်ကြတာ များပါ တယ်။ အချိန်ကြာချင်ကြာနိုင်ပေမဲ့ အောင်မြင်ကြပါ တယ်။ 

မရဏ နဂါး တောင် ဟာ ပြင်းထန်သော သိုင်းပညာ စီရင်စု နဲ့ ထိစပ်နေတဲ့ နေရာ တစ်ခုပဲ ဖြစ်ပါတယ်။ ၎င်း နေရာဟာ သားရဲသိုင်းပညာဂိုဏ်းထဲမှ စီရင်စုနဲ့ လည်း တော်တော် နီး ပါတယ်။ ဒီစီရင်စု ဟာ သားရဲများနဲ့ ဆက် စပ်မှု ရှိကြပါတယ်။ ၎င်းတို့ဟာ သားရဲကောင်များဖြင့် ဆက်နွယ်ကြပြီး သိုင်းစွမ်းရည်များကို သင်ကြား လေ့ကျင့် ကြတာပဲ ဖြစ်ပါတော့တယ်။ 

ချန်ရှန် လျှောက်ရမဲ့ ခရီးဟာ တော်တော် ဝေးပါ တယ်။ ဒါပေမဲ့လည်း ညအချိန်တွေမှာ သူဟာ အနီရင့် ငှက်၏ တောင်ပံများကို အသုံးပြုကာဖြင့် တောင်များစွာ တောများစွာကို ဖြတ်သန်းသွားပါတော့တယ်။ 

ချန်ရှန် ခရီးရှည်ကြီးအား ၁၀ ရက်လောက် နှင်ပြီးချိန် မှာ တော့ ဂွမ်လောင်မြို့ကို ရောက်ရှိတော့မှာပါ။ ဒီနေရာ ဟာ မရဏ နဂါးတောင်များ နဲ့ သိပ်မဝေးတော့ ပါဘူး။ မကြာသေးမီကပဲ ဒီနေရမှာ စုဝေးနေကြတာကို တွေ့လိုက် ရတယ်။ ချန်ရှန်လည်း မေးမြန်ကြည့်တဲ့အခါမှာတော့ ဒီ လူအများကြီး ဒဏ္ဍာရီလာ နဂါး ရတနာသိုက်ကို ဘာကြောင့် ယုံကြည်နေကြလဲဆိုတာကို သိသွားပါတော့ တယ်။ 

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော တစ်လ က ဂွမ် လောင်မြို့က လူအများအပြားဟာ ထူးဆန်းလှတဲ့ အငွေ့တစ်ခု မရဏ နဂါးတောင်ဘက်မှ ထွက်ပေါ်လာတာ ကို တွေ့လိုက်ကြရပြီး နဂါးတစ်ကောင်၏ ဟိန်းဟောက် သံမျိုးကို ကြားလိုက်ကြရတာပဲ ဖြစ်ပါတယ်။ ဒီလိုအရာ မျိုး ဟာ လျို့ဝှက်ဆန်းကြယ်နယ်ပယ်၏ ဝင်ပေါက်ကို ဖွင့်ပေး တဲ့ လက္ခဏာနဲ့ တော်တော် တူနေလို့ပါပဲ။ 

ဒီကိုလာပြီးတဲ့နောက်မှာတော့ ချန်ရှန်ဟာ ပြင်းထန် သော သိုင်းပညာဂိုဏ်းနဲ့ပတ်သက်တဲ့ သတင်းအချက် အလက်တချို့ကို သိလိုက်ရတယ်။ ပြိုင်ဘက်ကင်း သိုင်း ပညာဂိုဏ်း လို့ ခေါ်တဲ့ ဂိုဏ်းတစ်ခုဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းနဲ့ ပူးပေါင်းထားတယ်ဆိုတဲ့သတင်း ပါပဲ။ 

ပြိုင်ဘက်ကင်း သိုင်းပညာဂိုဏ်း ဆိုတာ ပထမတန်း စား ဂိုဏ်းတစ်ခုဖြစ်ပြီး ချန်ဝူ နယ်မြေကြီးတစ်ခုလုံးရှိ ထိပ် သီး ဂိုဏ်းကြီး ၈ ဂိုဏ်းနောက်မှာ ရပ်တည်လျက် ရှိတယ်။ ဒီဂိုဏ်းဟာ အင်အားတောင့်တင်းပြီး ပြင်းထန်သော သိုင်း ပညာစီရင်စုရဲ့ ကမ်းခြေပိုင်းဖက်မှာ တည်ရှိနေတာ ဖြစ်ပါ တယ်။ ကံဆိုးစွာပဲ ပင်လယ်ရေကြီးတဲ့အချိန်မှာ ပင်လယ် ၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ တော်တော်ထိခိုက် ဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒီလို ပြင်းထန်သော သိုင်းပညာဂိုဏ်းနှင့် မပူးပေါင်းခင်က ၎င်းတို့၏ ဂိုဏ်းနဲ့နောက်လိုက် ဂိုဏ်းသားများ ဆက်လက် တည်မြဲနိုင်ရန် ဂိုဏ်းချုပ်ဟာ ဂိုဏ်းသားများ၏ သဘော တူ ညီချက်ကို ယူခဲ့တယ်။ 

ဒီဂိုဏ်းချုပ်ဟာ အရင်ကတည်းက ပြင်းထန်သော သိုင်း ပညာဂိုဏ်း နဲ့ ဆက်ဆံမှုများ ရှိခဲ့တာပါ။ ပြင်းထန် သော သိုင်းပညာဂိုဏ်းရဲ့ အကူအညီကို လက်ခံလိုက်ခြင်း ဟာ ၎င်းတို့ အတွက် ဆိုးရွားသော အရာမဟုတ်ပါပေ။ ပျော်ရွှင်စွာပင် လက်ခံသင့်သော အရာပဲ ဖြစ်ပါတယ်။ 

“တောက် ၊ ဘယ်လိုတောင် သောက်ရေးမပါတဲ့ အလုပ်မျိုးကို ငါက ပြီးအောင် လုပ်ရမှာလဲ။ ပြင်းထန်တဲ့ သိုင်းပညာဂိုဏ်းက ဒီ ပြိုင်ဘက်ကင်းဂိုဏ်းကို ကြိုဆိုတဲ့ စားသောက်ပွဲကြီး ကျင်းပမှာပဲ ဖြစ်မယ်”

ချန်ရှန် တွေးနေမိတယ်။ 

ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ နောက်လိုက်များ အတွက် ဒီလိုကိစ္စဟာ ပျော်စရာပါ။ အဘယ်ကြောင့်ဆို သော် ပြိုင်ဘက်ကင်းဂိုဏ်းမှာ မိန်းကလေး များစွာ ပါဝင် နေ သောကြောင့်ပဲ ဖြစ်ပါတယ်။ ပြင်းထန်သော သိုင်းပ ညာဂိုဏ်းဟာ ယခုအခါမှာ မူဝါဒ သစ်များ ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ ပြိုင်ဘက်ကင်းဂိုဏ်း မှ ပူးပေါင်းလာနိုင်စေရန် အမျိုးသမီး နောက်လိုက်များ ကို လက်ခံလိုက်တာပါ။ 

ယခုတော့ အတွင်းစည်းခြံဝန်းကြီးဟာ ဆက်လက် အသက်မမဲ့တော့ဘူးလို့ ချန်ရှန်တစ်ယောက် တွေးနေမိ တယ်။ ဇုရွန်ပါ ရောက်လာသောကြောင့် သူ့အတွက် အဖော်ရနေတာပါ။ 

ချန်ရှန်ဟာ ဂွမ်လောင်မြို့မှာ ရက်အချို့ နေခဲ့ပြီး သတင်းအချက်အလက်များ စုဆောင်းခဲ့တယ်။ 

“အမတော်တို့ ၊ နဂါးရတနာသိုက်ကို သွားကြည့်သင့် လား”

ချန်ရှန် မေးလိုက်တယ်။ စစ်မှန်သော သိုင်းပညာနယ် ပယ်မှ ပညာရှင်များစွာဟာ ဒီနေရာကို ရောက်နေတယ်လို့ သူ ကြားသိခဲ့ပါတယ်။ အဆင့် ၉ လောက်ရှိတဲ့ ပညာရှင် ပေါက်စလေးက ရတနာ သွားရှာမယ်ဆိုရင် ဘာမှ မရနိုင် ဘူးဆိုတာ သူအသေချာ သိနေတယ်။

“သွားကြည့်ပါ။ တစ်ခုခုရဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ လည်း ရှုထောင့်အသစ်တွေ နဲ့ အပြင်ဘက်ကမ္ဘာကြီး ကို မင်း မြင်ခွင့် ရနိုင်မယ်။ မင်းအတွက် ဆိုးကျိုး မရှိပါဘူး”

ဘိုင်ယုယု ကပြောတာပါ။ 

“တကယ်သာ လျို့ဝှက်ဆန်းကြယ်နယ်ပယ် တစ်ခု ဖြစ် နေမယ် ဆိုရင် မင်းအတွက် တစ်ခုခု အကျိုးရှိနိုင်မှာပါ ၊ ဒါပေမဲ့ တစ်ခုခု မှားနေတယ်လို့ စိတ်ထဲက ထင်နေရင်တော့ ချက်ချင်းသာ ပြေး”

စုမေးယို က လည်း ထောက်ခံပါတယ်။ 

ချန်ရှန် လည်း ခေါင်းညိမ့်လိုက်တယ်။ သူ့အလုပ်လဲ ပြီးစီး ရာ ရောက်မှာပါ။ သူဟာ သွားကြည့်ရုံက လွဲပြီး ဘာမှ လုပ်စရာ မရှိပါပေ။ 

ဂွမ်လောင်မြို့မှ ထွက်လာပြီးနောက် ချန်ရှန် တောထဲ ဝင်ခဲ့ပြန်တယ်။ သူဟာ တခြားလူများလို လမ်းရိုးအတိုင်း မသွားပါဘူး။ အဘယ်ကြောင့်ဆိုသော် ဒီမရဏ နဂါး တောင်မှာ ဆေးဖက်ဝင်အပင်အချို့ ရှိတယ်ဆိုတာ သိလို့ ပါပဲ။ ဒါကြောင့် ဒီလို သွားခြင်းဟာ သူ့အတွက် ဆေးပင် များ ရနိုင်မဲ့ အခွင့်အရေး ရနိုင်ပါတယ်။

တောထဲသို့ ဝင်လာပြီး မကြာခင်မှာတော့ ချန်ရှန် သားရဲကြီးတစ်ကောင်၏ ခြေရာတစ်စုံကို တွေ့လိုက်ရပါ တယ်။ ခြေရာ၏ အနေအထားကို ကြည့်ချင်းအားဖြင့် ခပ် သေးသေး အကောင်မဟုတ်ဘူးလို့ ကောက်ချက်ချမိလိုက် တာနဲ့အတူ သိချင်စိတ်လဲ ပြင်းပြလာတယ်။ ဂိုဏ်းရဲ့ အပြင်ဘက်မှာ ဒီလို သားရဲကြီးတွေကို အမဲလိုက် သတ် ဖြတ်ခြင်း မလုပ်ဖူးသေးပါ။ ဒါ့အပြင် ဒီကောင်တွေဟာ ဆေးပင်ရှာတဲ့နေရာမှာ အလွန်တော်ကြပါတယ်။ ဒီခြေရာ အတိုင်းသာ လိုက်သွားမယ် ဆိုပါက လှပသော ကံတရား က သူ့ကိုစောင့်နေနိုင်ပါတယ်။

ချန်ရှန် လည်း ခြေရာနောက်သို့ ၃ နာရီခန့်ကြာအောင် လိုက်ခဲ့ပြီးတဲ့အချိန်မှာပဲ မှောင်လာပါတော့တယ်။ ဒါပေ မဲ့လည်း သူဟာ တောထဲမှ အရာအားလုံးကို ရှင်းလင်း စွာ မြင်နိုင်တုန်းပါ။ 

သိပ်မကြာခင်မှာပဲ လူတစ်ရပ်လောက်ရှိတဲ့ အနက် ရောင် ခြင်္သေ့ကြီးတစ်ကောင်ကို မြင်လိုက်ရတယ်။ 

ချန်ရှန်ဟာ အတွင်းစည်းခြံဝန်းမှာ နေထိုင်စဉ်အတွင်း သားရဲတွေနဲ့ ပတ်သက်သော စာအုပ်တစ်အုပ်ကို ဖတ်ခဲ့ ဖူး ပါတယ်။ ဒီခြင်္သေ့ဟာ အရမ်းကို ရက်စက်သော အဆင့် ၁၀ ရှိ သားရဲကောင်ကြီးပါ။ ဒါတင်မက ဝိဉာဉ်တော် သားရဲ အဖြစ် ပြောင်းလဲဖြစ်ပေါ်ကောင်း ဖြစ်ပေါ် နိုင်ပါသေး တယ်။ ၎င်းကို ‘မဟူရာမုဆိုးခြင်္သေ့’ ဟု ခေါ်ပါတယ်။ 

“ဘယ်သူလဲ”

အေးစက်တဲ့ အသံတစ်သံဟာ ထွက်ပေါ်လာတယ်။ ချန်ရှန် သစ်ပင်ပေါ်မှ ခြင်္သေ့ကြီးဆင်းလာတာကို မြင်လိုက် ရပြီး ထိုခြင်္သေ့ကြီး ကျောပေါ်မှာတော့ မိန်းကလေးတစ် ယောက် ထိုင်လျက်ရှိကာ ပတ်ဝန်းကျင်အား ခပ်တင်းတင်း မျက်နာထားဖြင့် အကဲခတ်နေတာကိုပါ တွေ့လိုက်ရပါ တယ်။

ဒီအချိန်မှာတော့ ချန်ရှန်ဟာ သစ်ပင်နောက်ကို ဝင်ပုန်း လိုက်တယ်။ တော်တော်လဲ အံ့အားသင့်လျက်ပါ။ အဘယ်ကြောင့် ဆိုသော် ခုနက ခြင်္သေ့ကြီးစားနေတဲ့ အရာကို မြင်လိုက်ရလို့ ဖြစ်ပါတယ်။ 

“သားရဲဂိုဏ်းက နောက်လိုက်ဂိုဏ်းသားပဲ ၊ သူတို့ ရဲ့ အကောင်တွေကို အစာကျွေးဖို့ လူသားအလောင်းတွေ အသုံးပြုနေတယ်ဆိုတာ ဘယ်သူမှ ထင်မှာမဟုတ်ဘူးပဲ”

ချန်ရှန် စိတ်ထဲတွေးနေမိတယ်။ သူဟာတော်တော် ဝေးဝေးမှ ဖြစ်သော်လည်း လူသေအလောင်း၏ အဝတ် အစားများကို ကောင်းကွာ မြင်ရပါပေတယ်။ 

သိုင်းပညာဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက် အနေဖြင့် ဒီလို ပြည်သူအချို့ကို ဖမ်းဆီးပြန်ပေးဆွဲဖို့ဆို အလွန်လွယ် ကူပါတယ်။ ချန်ရှန်ဟာ အလောင်းများစွာကို ခုနကပဲ မြင် တွေ့လိုက်ရတာ ဖြစ်ပါတယ်။ 

ချန်ရှန် သူ၏ လက်သီးများကို တင်းတင်း ဆုပ်မိတယ်။ သူဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ နောက်လိုက် ဂိုဏ်းသား တစ်ယောက်ဖြစ်ပြီး သူ၏ စီရင်စုမှ ပြည်သူတွေ ကို ကာကွယ်ရမည့် တာဝန်ရှိပေတယ်။ အခု သူ၏ ပြည် သူတွေကို သားရဲဂိုဏ်းမှ လူက သားရဲတွေကို အစာကျွေး ရန် ဖမ်းဆီးသတ်ဖြတ်ခြင်းကို သူ စိတ်တိုသင့်ပေတယ်။ 

ဒီကိစ္စသာ ပြန့်သွားပါက ပြင်းထန်သော သိုင်းပညာ ဂိုဏ်းမှ လူများသာမက ပြည်သူများပါ ဒေါသဖြစ်ကြမှာပဲ ဖြစ်ပါတယ်။

ချန်ရှန် ထွက်လာပြီးနောက် ခြင်္သေ့ကြီးဆီသို့ အေး စက်စက် မျက်နာပေး ဖြင့် လျှောက်သွားပါတယ်။ ခြင်္သေ့ပေါ်တွင် ထိုင်နေသော မိန်းကလေးအား အေးစက်စက် ဖြင့် ကြည့်မိတယ်။ ဒီမိန်းကလေးဟာ လှပပုံပေါ်သော်လည်း တော်တော် အကျည်းတန်ပေတယ်လို့ ချန်ရှန် တွေးမိပါ တယ်။ 

“ဘယ်သူလဲ ၊ မြန်မြန်ပြော ၊ မဟုတ်ရင် ဒီလူသေတွေ လို လုပ်ပြီး ငါ့ရဲ့ မဲလုံးလေးကို ကျွေးလိုက်မယ်”

ကောင်မလေးက ဓားကို ထုတ်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်တယ်။

“သောက် ပါးစပ်ကို ပိတ်ထားစမ်း”

ခြင်္သေ့တစ်ကောင်က လူသားကို စားနေတာကို ကြည့် ရင်း ချန်ရှန် သွေးထဲသားထဲကကို ဒေါသတွေ အလိပ်လိုက် ထွက်နေမိတယ်။ချီဓာတ်များဟာ သူ၏ ခြေထောက်မှ ထွက်လာပြီး ချက်ချင်းပင် ခုန်တက်ကာဖြင့် ခြင်္သေ့၏ ဘေးသို့ ရောက်သွားပါတယ်။ လျှပ်စီးလို လျင်မြန်သော လက်ချောင်းများဖြင့် ထိုးချလိုက်တယ်။ အဆိုပါလက် ချောင်းများမှာ မမြင်ရသော စကြာဝဠာ ချီဓာတ်များ ပါဝင် ပြီး ခြင်္သေ့၏ ဦးခေါင်းခွံအား ဖောက်သွားပါတော့တယ်။

ဒီတစ်ချက်တည်းဖြင့် ချန်ရှန်ဟာ နူးညံ့သော အငွေ့ လက်ချောင်း တိုက်ကွက်အား စကြာဝဠာချီဓာတ်များ ထည့်ကာ အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုပြင်းထန်လှ သော လက်ချောင်းများဖြင့် ခြင်္သေ့အား တိုက်ခိုက်မှုကြောင့် သွေးများစွာဟာ အပေါက် အတွင်းမှ ထွက်လာ ပါ တော့ တယ် . . .။









Chapter – 99

#စွမ်းအားကြီးရန်သူ


ကောင်မလေးဟာ သွေးများစွာ ပန်းထွက်လာတာ ကိုမြင်တဲ့အခါမှာတော့ ကြောင်သွားတယ်။ တဖက်မှာ လည်း ခြင်္သေ့ကြီးဟာ နောက်ဆုံးထွက်သက်အဖြစ် အသံ ကျယ်ကြီး အော်မြည်ကာဖြင့် လဲကျသွားတာကြောင့် ကောင်မလေး တော်တော် အံ့အားသင့်သွားပါတယ်။

“သေတော့”

ချန်ရှန်၏ လျှပ်စီးလို လျင်ပြန်လှသော လက်သီးဟာ ကျားခေါင်းကြီးအသွင်ပြောင်းသွားကာဖြင့် ပြေးဝင်သွားပါ တော့တယ်။ အမဲလိုက်ခြင်းနဲ့ဆိုင်သော ချီဓာတ်များဟာ သူ၏ တစ်ကိုယ်လုံးမှာ ဖုံးလွှမ်းနေပြီး ပြင်းထန်လှသော လက်သီးဟာ ခြင်္သေ့ကြီး၏ ခေါင်းအား ထိမှန်ကာ ကျယ် လောင်လှသော အသံကြီး မြည်ဟည်းကာဖြင့် မြေကြီးများ ပင် တုန်လှုပ်သွားပါတော့တယ်။ 

အဖြူရောင်ကျား နတ်လက်သီး ဟာ အဆုံးမရှိတဲ့ ချီဓာတ်များကို သယ်ဆောင်ကာ အလွန်ပြင်းထန်လှသဖြင့် ယခုအခါမှာတော့ ခြင်္သေ့ကြီးဟာ သေဆုံးသွားပြီပဲ ဖြစ်ပါ တယ်။

ချန်ရှန်ဟာ မီးတောက်များ ထုတ်လွှတ်ကာ အသေ ကောင်အား ရှို့ရင်း မိုးပြာရောင် ဝတ်စုံဝတ် ကောင်မလေး အား ကြည့်လိုက်တယ်။ 

ခြင်္သေ့ကြီးသေဆုံးသွားပြီးနောက်မှာတော့ ကောင်မလေး၏ အမူအရာ ပြောင်းသွားပါတယ်။

“ရှင် ဘယ်လို လုပ်လိုက်တာလဲ”

“သားရဲကောင်ကြီးကို သတ်လိုက်တာလေ”

ချန်ရှန် ခပ်အေးအေးပဲ ပြန်ဖြေလိုက်တယ်။ 

“မင်းတို့သားရဲဂိုဏ်းဟာ ပြင်းထန်သောသိုင်းပညာ စီရင်စု အတွင်းမှာ ဒီလိုတွေလုပ်နေတာကို ငါဂိုဏ်းကို သတင်း ပို့ရလိ့မ်မယ်”

“ရှင်က ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ နောက် လိုက် ဂိုဏ်းသားတစ်ယောက်လား”

ကောင်မလေး၏ မျက်ခုံးများ မြင့်တက်သွားပြီး မေး ပါ တယ်။ 

“ဟုတ်တယ်”

“ကျွန်မရဲ့ မဲလုံးလေးက လူနည်းနည်းပဲ စားရသေးတာ ကို ရှင်တို့ဂိုဏ်းက နှောက်ယှက်တယ် ပေါ့ ၊ ကျွန်မတို့ အ တွက် ဒီလိုအရာတွေက ဖြစ်နေကျပဲ။ သာမန်လူ ၁၀၀၀၀ နဲ့တောင် ကျွန်မရဲ့ မဲလုံးနဲ့ မနှိုင်းယှဉ်နိုင်ဘူး။ ရှင်ကတော့ ဒီလို လူသေကောင်တွေအတွက် ကျွန်မရဲ့ အကောင်လေး ကို တကယ် သတ်ပစ်တယ်။ ကျွန် . . . ကျွန်မ ရှင့်ကို သတ်မယ်”

ကောင်မလေးဟာ ဒေါသအပြည့်ဖြင့်ပြောကာ သူမ၏ တစ်ကိုယ်လုံးဟာ တုန်နေလျက်ရှိတယ်။

ချန်ရှန် မျက်ခုံးများ မြင့်တက်သွားတယ်။ အံ့သြစရာ ကောင်းစွာပဲ ဒီဂိုဏ်းဟာ ဒီလိုအရာတွေ မကြာခဏ လုပ် တယ်တဲ့ ၊ သူ့ဒေါသကို ပိုမို ဆွပေးလိုက်သလိုပါပဲ။

“ဟဟ ၊ မင်း ဒီဟာ ပြင်းထန်သော သိုင်းပညာစီရင်စု ဆိုတာ မသိဘူးလား ၊ ငါသာ ဂိုဏ်းကို သတင်းပို့ရင် မင်းတို့ ဂိုဏ်း ဘာဖြစ်သွားမလဲ စောင့်ကြည့်လိုက်ပေါ့”

ချန်ရှန် ပြောလိုက်တယ်။

“မင်း မပြန် နိုင်တော့ပါဘူး”

ခပ်ဝေးဝေးမှ အက်ကွဲကွဲ အသံတစ်ခု ထွက်လာတယ် ၊ အရိပ်မည်းတစ်ခု ဖြတ်ခနဲပြေးသွားကာ ကောင်မလေး၏ အရှေ့မှာ ပေါ်လာပါတယ်။ သက်လတ်ပိုင်းအရွယ် အမျိုး သမီး တစ်ယောက်ဖြစ်ပြီး အမည်းရောင် ဝတ်ရုံကို ဝတ်ဆင် ထားတယ်။

စစ်မှန်သော သိုင်းပညာနယ်ပယ်က ပညာရှင်တစ် ယောက်ပဲ ၊ ချန်ရှန် လက်သီး ကျစ်ကျစ် ပါအောင် ဆုပ်မိ တယ်။ ဒီလို ပညာရှင်မျိုး ဒီနားတဝိုက်ရှိနေမယ်လို့ သူ မမျှော်လင့်ခဲ့ပါဘူး။ တချိန်တည်းမှာပဲ သူသေချာပြောနိုင် တာကတော့ ဒီမိန်းမဟာ ကောင်မလေးရဲ့ အမေ သို့မ ဟုတ် ဆရာ ဖြစ်နိုင်တယ် ဆိုတာပါပဲ။

ချန်ရှန်ကို ပိုပြီး ကျောချမ်းစေတဲ့အရာကတော့ အနီရောင်ဦးခေါင်းခွံ ရှိတဲ့ မြွေကြီးတစ်ကောင်ဟာ မိန်း မကြီး၏ လက်မှာ ရစ်ပတ်လျက် ရှိနေတာပါပဲ။ အမည်း အရောင် အကြေးခွံရှိပြီး ခေါင်းအပြားမျိုး ဖြစ်ပါတယ်။ ရှား ပါးတဲ့ဝိဉာဉ်တော်သားရဲတစ်ကောင်ဖြစ်ပြီး “ခြေရာခံ ဝိဉာဉ်မြွေ” လို့ ခေါ်ပါတယ်။ ၎င်း၏ စွမ်းအားကတော့ စစ်မှန်သောသိုင်းပညာနယ်ပယ် အဆင့်လောက်ဖြစ်ပြီး ၎င်းအဆိပ်ဟာ တကယ်ကိုပဲ ကြောက်စရာကောင်းလှပါ တယ်။

“ဆရာမ . . . ဆရာမ ၊ သူ သမီးရဲ့ မဲလုံးကို သတ် လိုက်တယ် ၊ သမီး သူ့ရဲ့ ကံကြမ္မာကို သေတာထက်ကို ဆိုးရွားစေချင်တယ်။ သူ့အသားတွေကို တစ်စစီကို လှီး ထုတ်ပစ်လိုက်ချင်တာ”

ကောင်မလေးက ချန်ရှန်အား ကြည့်ကာ နာကျည်းစွာ ပြောပါတယ်။

“မင်း ရဲ့ ဂိုဏ်းကို ပြန်ပြီး သတင်းပေးနိုင်ရင် ငါတို့ အတွက် အန္တရာယ်ရှိတယ်။ ဒါပေမဲ့ အခုတော့ မင်း မပြန်နိုင်တော့ပါဘူး”

ပြောပြီးပြီးချင်းမှာပဲ ထိုမိန်းမဟာ အမည်းရောင် အရိပ် အဖြစ် ပြောင်းလဲသွားကာ ချန်ရှန်၏ နောက်မှာ ပေါ်လာပြီး ပုံရိပ်တစ်ခုကို ထုတ်လိုက်တယ်။ 

ထိုအချိန်မှာပဲ ၊ ချန်ရှန်ဟာ သူ၏ အတွင်း ကလီစာ များ အားလုံး စွဲကိုင်လှုပ်ရမ်းလိုက်သလိုကို ခံစားလိုက်ရပြီး ပေါက်ထွက်တော့မလိုကို ဖြစ်သွားပါတယ်။ သူ၏ ကိုယ် ဟာလည်း ကောင်မလေးဆီသို့ လွင့်ထွက်သွားကာ သွေး များစွာဟာလည်း ပါးစပ်မှ အန်ထွက်လာပါတော့တယ်။

ကောင်မလေးဟာ သူမ၏ ဓားကို ဆွဲထုတ်ကာ ချန်ရှန် ဆီသို့ အရှိန်ပြင်းစွာ ထိုးချလိုက်တယ်။ ချန်ရှန်၏ ရင်ဘတ် ကိုစိုက်ဝင်ကာ ထုတ်ချင်းပင် ပေါက်ထွက်သွားပါတော့ တယ်။ 

ချန်ရှန် ကောင်မလေး၏ ခပ်စိမ်းစိမ်းမျက်လုံးများကို စိုက် ကြည့်နေမိတယ်။ သူမဟာ ဓားကို ပြန်ဆွဲထုတ်လိုက် ပြီး ပြင်းထန်လှသော ကန်ချက်ဖြင့် ချန်ရှန်၏ ဗိုက်အား ကန် လိုက်ပါတယ်။ ချန်ရှန်လည် အဝေးသို့ လွင့်ထွက်သွားပြန် ပါတော့တယ်။

ခုနကပဲ ချန်ရှန်ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ ပညာရှင်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်းဖြစ်ပြီး ဒဏ် ရာ အတော် ရကာ သူ၏ အားအင်များလည်း ပျောက်ဆုံး သွားသလို ဖြစ်သွားပါတယ်။ ဒီလိုပညာရှင်ဟာ အဆင့် ၁၀ ၏ အားထက်ပင် များစွာ သာလွန်ကြောင်း သူယခု ကောင်း ကောင်း သဘော ပေါက်သွားပါပြီ။

ကောင်မလေးဟာ ချန်ရှန် မလှုပ်နိုင်မှန်းကို မြင်တဲ့အ ခါ သူမ၏ ဓားကို ဆွဲထုတ်ပြီး ချန်ရှန်ဆီသို့ လျှောက်လာ တယ်။

“ရှင့်ရဲ့အသားတွေကို တစ်စစီ လှီးထုတ်ပစ်မယ်”

အမည်းရောင်ဝတ်ရုံဝတ် မိန်းမဟာ ဒီတိုင်းသာ ရပ်နေ တယ်။ သူမ၏ အေးစက်စက် ပုံစံကို ကြည့်ချင်းအားဖြင့် ချန်ရှန်တစ်ယောက် မလွတ်မြောက်နိုင်ဘူးဆိုတာ လုံး၀ သေ ချာ နေပါတယ်။ 

ချန်ရှန် သူ့ကိုယ်သူ မုန်းတီးမိနေပါတယ်။ သူ၏ ညံ့ဖျင်း မှု နဲ့ စွမ်းအင်များ ကုန်ဆုံးနေမှုကို မုန်းတီးနေမိပါ တယ်။ ဒီကောင်မလေးနဲ့ ဝတ်ရုံမည်းဝတ် မိန်းမတို့ အား သူ့မျက်စိရှေ့မှာပဲ သတ်ပစ်မယ်ဟု စိတ်ထဲက ကျိန်ဆိုနေ ပါတယ်။

“ငါ . . . ငါ မင်းတို့ ၂ ယောက် လုံးကို မှတ်ထားတယ်။ မင်းတို့ သေတောင် ငါ ကျေနပ်မှာမဟုတ်ဘူး”

ချန်ရှန် ရုတ်တရက် ကြုံးဝါးလိုက်ပါတယ်။ မိန်းမကြီးမှ ချက်ချင်းပင် သူမ၏ မြွေအား ထုတ်လိုက်တယ်။ ဒါပေမဲ့ ၎င်း မရောက်ခင်မှာပင် ချန်ရှန်၏ ကိုယ်မှ ကြီးမားလှသော ရေနံရံကြီး တစ်ခု ရုတ်တရက် ပေါ်ပေါက်လာပါတယ်။ 

ချန်ရှန်ဟာ အမည်းရောင်လိပ်နတ်အတွင်းအားကျင့် စဉ်မှ ရေနံရံ တိုက်ကွက်အား အသုံးပြုလိုက်တာပဲ ဖြစ်ပါ တယ်။ ပြင်းထန်လှသော အမည်းရောင်လိပ် ချီဓာတ်များ ဟာ များပြားလှတဲ့ ရေများအဖြစ် ပြောင်းလဲသွားကာ မြွေ လာရာ လမ်းကြောင်းကို ပိတ်ဆို့ လိုက်ပါတယ်။ 

ဒီလို လုပ်ပြီးတဲ့အချိန်မှာပဲ ချန်ရှန်အောက်ရှိ မြေကြီး ဟာ ရေကန်ငယ်တစ်ခုလို ဖြစ်သွားကာ ချန်ရှန်လည်း နစ် မြုပ် ပျောက်ကွယ်သွားတယ်။ ထို့နောက်မှာတော့ ထိုရေ များပါ ပျောက်သွားပါတော့တယ်။

“ဆရာမ ၊ သူဘယ်လို တိုက်ကွက်ကို သုံးသွားတာလဲ ၊ သမီးတို့ ခု ဘာလုပ်ကြမလဲ”

ကောင်မလေးဟာ အံ့လည်းအံ့သြ ဒေါသလည်း ဖြစ် စွာဖြင့် မေးလိုက်ပါတယ်။

“စိတ်အေးအေးထားပါ။ အချိန်ကျလာရင် ငါတို့ ခုလုပ် ခဲ့တာတွေကို ငြင်းလိုက်ကြမယ်။ ဒီကောင်လေးက အတွင်းစည်းက နောက်လိုက်လေး တစ်ယောက်ပါ။ ငါက သားရဲဂိုဏ်းက စစ်မှန်တဲ့ အတွင်းစည်း ကဖြစ်ပြီး စစ်မှန် တဲ့ သိုင်းပညာနယ်ပယ်က ပညာရှင် တစ်ယောက်လည်း ဖြစ်တယ်။ ပြင်းထန်သော သိုင်းပညာဂိုဏ်းက ဒီလိုကောင်လေးရဲ့စကားတွေကို ဘယ်တော့မှ ယုံကြမှာ မဟုတ်ဘူး”

မိန်းမကြီးမှ သူမ၏ မြွေအား ပြန်သိမ်းနေရင်း ခပ် လှောင် လှောင် ပြောပါတယ်။

ချန်ရှန်ဟာ အမည်းရောင်လိပ်ကျင့်စဉ်ထဲက လွတ် မြောက်ခြင်း ရေ တိုက်ကွက်ကို သုံးသွားတာဖြစ်ပါတယ်။ ၎င်းဟာ အရမ်းကို မှော်ဆန်လှပြီး ရုတ်တရက် ရေအိုင်လေး ဖြစ်အောင် ပြုလုပ်လိုက်တာပါ။ တိုက်ကွက်ကို အသုံးပြုသူဟာ ရေဝဲတစ်ခုရဲ့ ခေါ်ဆောင်ရာကို လိုက်သွား ကာ မြေကြီးထဲသို့ နက်နက်နဲနဲ ဝင်ရောက်လိုက်တာပဲ ဖြစ်ပါတယ်။ ထိုမှတဆင့် အဝေးတစ်နေရာရှိ နေရာတစ်ခုကို လွတ်မြောက်မှုရှိရန်အတွက် သယ်ဆောင်ပေးလိုက်တာပဲ ဖြ စ်ပါတယ်။

ချန်ရှန် သူ၏ အမည်းရောင် လိပ် ချီဓာတ်အားလုံးကို သုံးလိုက်ပြီး ဒီလို လုပ်နိုင်လိုက်တဲ့ အတွက် သူ့ကိုသူပင် ဂုဏ်ယူမိခဲ့တယ်။ တနည်းအားဖြင့် ယခု အခြေအနေဟာ သူ့အတွက် ဘယ်လိုမှ လွတ်မြောက်နိုင်စရာမရှိတဲ့ အခြေ အနေပါပဲ။

ချန်ရှန် ကမ်းစပ်တစ်ခုမှာ လှဲလျောင်းနေပါတယ်။ တစ်ကိုယ်လုံး ရွှဲရွှဲစိုလျက် ဖြူဖတ်ဖြူလျော်ကို ဖြစ်နေပါပြီ။ သူ ဟာ နုံးချိနေပြီး ငရဲဝိဉာဉ်တော်မြက် အနည်းငယ်အား ပါး စပ်ထဲထည့် လိုက်ပါတယ်။ လျင်မြန်စွာပင် သက်သာလာ ပြီး တခြား အားဖြည့်ဆေးများကိုလည်း သောက်လိုက်ပါ တော့တယ်။ 

မကြာခင်မှာပဲ သူ၏ အားအင်တချို့ကို ပြန်လည် ရရှိ လာပြီး သစ်ပင်တစ်ပင်ကို မှီလျက် နားနေပါတော့တယ်။

“ခြေနေကောင်းပြီလား”

ဘိုင်ယုယု ကွင်းအတွင်းမှ ထွက်လာပြီး နူးနူးညံ့ညံ့ပဲ မေးပါတယ်။ စုမေးယိုလည်း ထွက်လာကာ သူ၏ မျက်နာမှာ စွန်းထင်းပေကျံနေသည်များကို သုတ်ပေး ရင်း စိုးရိမ်မှုဖြင့် မေးလိုက်တယ်။

“နောက်တစ်ခါ သေချာ ဂရုစိုက် ၊ လုပ်လိုက်ရင် အဲဒိလို ချည်းပဲ ၊ စစ်မှန်တဲ့ သိုင်းပညာနယ်ပယ်က ပညာရှင်တွေ ဟာ မင်းကို လက်ချောင်းလေးတွေနဲ့ တောင် သတ်နိုင် တယ် ကွ”

ချန်ရှန် လက်သီးကို ကျစ်ကျစ် ပါအောင်ဆုပ်လျက် သူ၏မျက်နာမှာလည်း သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်လို့ နေပါတ ယ်။ 

“ကျွန်တော် ဒီထက် စွမ်းအားကြီးလာရင် ဒီ အမျိုးသမီး ၂ ယောက်ကို မရရအောင်သတ်မယ်”

“မင်းမှာ ချီဒြပ်စင်ဆေး လေးလုံး ရှိတယ်မလား ၊ စား လိုက်”

ဘိုင်ယုယု က ပြောတာပါ။ 

ဒီလို အလှအဂေး ၂ ယောက် သူ့အပေါ် အစိုးရိမ်လွန် နေ တာကို ကြည့်ရင်း ချန်ရှန် ရင်ထဲ နွေးထွေးမိပါတယ်။ နောက်ထပ် ဒီလို သူမတို့ စိုးရိမ်စရာ ဖြစ်အောင် ဘယ်တော့မှ မလုပ်တော့ဟု သူဆုံးဖြတ်လိုက်တယ်။ ဒါ့အပြင် သူဆိုသည်မှာလည်း သူမတို့၏ မျှော်လင့်ချက်ပင် မဟုတ်ပါလား။

“ကျွန်တော် တောင်းပန်ပါတယ် ဗျာ ၊ သေကို သေသင့် တာပါ”

ချန်ရှန် ဝမ်းပန်းတနည်း ဆိုပါတယ်။ 

“ကိစ္စမရှိပါဘူး။ မင်းအသက်ရှင်နေသမျှ အရာအားလုံး ဟာ အေးဆေးပါ။ နောက်တစ်ကြိမ်သာ သေချာ ဂရုစိုက် ပါ”

ဘိုင်ယုယု က ပြောတာပါ။ သူမ၏ အသံဟာ အရင် ပြောနေကျ ရေခဲတုံးအသံနဲ့ နှိုင်းယှဉ်မယ်ဆိုပါက အရည် ပျော်နေပုံပါပဲ။

“မင်းရဲ့ ချီဓာတ်ဆေး အလုံး ၇၀၀ နဲ့ ချီဒြပ်စင်ဆေး လေးလုံးကို စားလိုက် ၊ မင်း အဆင့် ၁၀ ကိုတောင် ရောက် နိုင်လိမ့်မယ်။ ဒါပေမဲ့လည်း မင်း ဒီလို ပညာရှင်တွေကို ခုခံဖို့ အားအင်တွေ ရလာမယ်ဆိုရင်တောင် ခုနမိန်းမကို တိုက်ဖို့ဆိုတာ တော်တော် လိုဦးမယ်”

စုမေးယို ကပြောပါတယ်။

ချန်ရှန် လည်း ခေါင်းညိမ့်လျက် တုန့်ပြန်လိုက်ပြီး သူ့ ကိုယ်သူ ပြန်လည် အားဖြည့်နေပါတယ်။ အလှပဂေး ၂ ယောက်လည်း ချန်ရှန် ကြီးကြီးမားမား ဒဏ်ရာမဖြစ်တာကို ကြည့်ရင်း သက်ပြင်း ရှည်ကြီး များ ကိုယ်စီချကာ ကွင်း အ တွင်း သို့ ပြန်ဝင် သွားကြပါတော့တယ် . . .။






























Chapter – 100

#အဆုံးသတ်


ချန်ရှန် မရဏနဂါးတောင်ကမ်းပါးမှာ ဂူတစ်ခုကို တွေ့မိ လိုက်တယ်။ ထို့နောက်မှာတော့ သူ၏ ချီဓာတ် ဆေး ၄ လုံးကို ထုတ်သောက်လိုက်ပြီး ဆေးအာနိသင် ကြောင့် ချီဓာတ်များစွာကို အစာချေဖျက်နိုင်လိုက်ပါတယ်။

ဒီအချိန်မှာ သူလုပ်ဖို့လိုအပ်နေတာကတော့ ယခု ချီ ဓာတ်များစွာအား ကောင်းစွာ ဖိနှိပ်ကာ နတ်သားရဲများ ပုံဆောင်ခဲတို့ထံသို့ ပို့လွှတ်ရမှာဖြစ်ပါတယ်။ ထိုမှသာ ထို သားရဲ ပုံရိပ်များမှာ ပိုမို ပီပြင်လာမှာပဲ ဖြစ်ပါတယ်။ သူ့မှာ ယင် နဲ့ ယန် နတ်အတွင်းအားသွေးကြောများရှိပြီး ထိုက်ကျိ နတ်အတွင်းအား ကျင့်စဉ်တို့ကြောင့် ချီဓာတ်များစွာကို လျင်မြန်စွာ သန့်စင်နိုင်ပါတယ်။ တချိန်တည်းမှာပင် သူ့ဝန်းကျင်မှာရှိတဲ့ ဝိဉာဉ်တော်ချီဓာတ်များကိုလည်း စုပ်ယူ နိုင်နေပါသေးတယ်။ 

ချန်ရှန်ဟာ ယခု ချီဓာတ်များကို သန့်စင်နေရုံသာမက တချိန်တည်းမှာပင် များစွာသော ချီဓာတ်များကို အသုံးပြု ကာ သူ၏ ကိုယ်အတွင်းရှိ အရိုးများအား ကြံ့ခိုင်အောင် လုပ်နေပါတယ်။ ထိုကဲ့သို့ များစွာသော ချီဓာတ်များကို သူ၏ ကိုယ်နှင့်ပေါင်းစပ်ကာ ခန္ဓာကိုယ်အား ကြံ့ခိုင်ဖွံ့ဖြိုး လာစေတာပါ။ 

လေးရက်ခန့်ကြာပြီးနောက်မှာတော့ ချန်ရှန်၏ ကိုယ်မှ ရုတ်တရက် အရောင်ကိုယ်စီရှိတဲ့ အခိုးအငွေ့လေးခု ထွက်ပေါ်လာတယ်။ အငွေ့များဟာ ရေနွေးငွေ့များလိုပင် ပျံ့လွင့်လျက် ချန်ရှန်၏ ကိုယ်မှ စွမ်းအားကြီး ချီဓာတ်များ ဟာ ရုတ်တရက် ထွက်ပေါ်နေပါတယ်။

ချန်ရှန်ဟာ သားရဲလေးကောင်၏ ပုံစံကို ထောင့်လေး ထောင့်တွင် ပီပြင်စွာ ဖော်ဆောင်နိုင်လိုက်ပြီပဲ ဖြစ်ပါတယ် ၊ အသက်ဝင်လွန်းစွာ ပေါ်ထွက်လာတာလည်း ဖြစ်တယ်။ 

သူဟာ သူ၏ ထိုက်ကျိ ယင် နဲ့ ယန် ပုံသေချပ်အတွင်း မှ အရာတစ်ခုကဲ့သို့ သူ့ကိုယ်သူ စီးမျောနစ်ဝင်ကြည့်ကာ တချိန်တည်းမှာ သူဟာ ယင်နဲ့ယန် ပုံသေချပ်၏ အလယ် တွင် ထိုင်လျက် ရှိနေပါတယ်။ သူဟာ စကြာဝဠာ၏ အ လယ် ဗဟိုကို ရောက်ရှိနေသလိုဖြစ်ကာ သားရဲလေး ကောင်မှာလည်း အရပ်လေးမျက်နှာ မှ တောက်ပလျက် ရှိ နေကြပါတယ်။ အရမ်းကို မှော်ဆန်ကာ အံ့အားသင့်ဖွယ် ပဲ ဖြစ်ပါတယ်။ 

အရှေ့ဘက်မှာတော့ မိုးပြာရောင် အလင်းတန်းဟာ တောက်ပလျက်ရှိပြီး မိုးပြာရောင်နဂါးဟာ ပါးစပ်ကြီးကို ဟ ကာ သူ၏ လက်သည်းများအား လှုပ်ရမ်းနေပါတယ်။ 

တောင်ဖက်မှာတော့ ကြီးမားလှတဲ့ အနီရောင် ငှက်ကြီး ဟာ တစ်ကိုယ်လုံးမှ မီးလျှံများ ထွက်လျက် တောက်လောင်နေပြီး ဒါဟာ အနီရင့်ရောင် ငှက်ကြီးပဲ ဖြစ်ပါတယ်။

အနောက်အရပ်မှာတော့ အဖြူရောင်အလင်းတန်းကြီး ဟာ တောက်ပနေပြီး ကြောက်စရာကောင်းလှကာ မှော်ဆန်လှတဲ့ အဖြူရောင်ကျားကြီး ရှိနေပါတယ်။ 

မြောက်အရပ်တွင် ကြီးမားလှသော နဂါးကြီးနှင့် လိပ်ကြီးဟာ ပေါင်းစပ်နေသယောင်ပုံစံရှိပြီး ၎င်းကတော့ အမည်းရောင် လိပ်ကြီး ပဲ ဖြစ်ပါတော့တယ်။ 

ယင် နဲ့ ယန် တို့ဟာ စကြာဝဠာကြီးကို ကိုယ်စားပြုပါ တယ်။ ဒီကမ္ဘာကြီးကိုတော့ ၎င်း သားရဲလေးကောင် က အရပ်လေးမျက်နာမှ စောင့်ရှောက်လျက်ရှိနေပါတယ်။ 

ချန်ရှန်ဟာ ထိုက်ကျိ ယင်နဲ့ယန် ပုံသေချပ် ၏ အခရာ ဖြစ်ပြီး ဒီရှေးကျလှတဲ့ နတ်သားရဲကောင်များဟာ သူ၏ ကျင့်စဉ်များကြောင့် ဖြစ်ပေါ်နေခြင်းပါပဲ။

ထိုက်ကျိ နတ်အတွင်းအား ကျင့်စဉ် နဲ့ နတ်အတွင်း အား သင်္ကေတ လေးခုတို့ဟာ သူ၏ ယင် နဲ့ ယန် နတ်အ တွင်းအားသွေးကြောများဖြင့် ပေါင်းစပ်လိုက်တဲ့အခါမှာ တော့ ပိုမိုစွမ်းအားကြီးလာတယ် ဆိုတာကို ချန်ရှန်တစ် ယောက် သိခဲ့ပါပြီ။ သူဟာ ပုံမှန်မဟုတ်တဲ့ သိုင်းပညာခရီး လမ်းကို ရောက်နေသလို ခံစားရကာ သူသာ ဒီ သားရဲ လေးကောင် ၏ စွမ်းအင်များကို ပြည့်ဝစွာ အသုံးပြုနိုင်ပါက ကမ္ဘာကြီးကိုတောင် ခြယ်လှယ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ 

“မြေကြီးဓာတ် နတ်ဆင် ပဲ ကျန်တော့တယ်”

ချန်ရှန် ချီဒြပ်စင်ဆေး၏ အစွမ်းကို တော်တော် အံ့သြသွားတယ်။ ၎င်းဟာ ချီဓာတ်ဆေးထက် အဆင့် ၂ ခုမျှသာ မြင့်သော်လည်း တော်တော် ကွာခြားလှတယ်။ 

ချန်ရှန် သူ၏ ချီဓာတ်ဆေးများအားလုံးကို ထုတ်လိုက် တယ်။ ထို့နောက် အစာတစ်ခုစားပြီးချိန်မှာပဲ အားလုံးကို ပါးစပ်ထဲထည့်ဝါးလိုက်ပါတော့တယ်။ တချိန်တည်းမှာပင် နတ်အတွင်းအား ကျင့်စဉ်များကို ကျင့်ပြီး ၎င်းတို့အား သန့် စင်နေပါတယ်။ ကံကောင်းတာကတော့ သူချီဓာတ်ဆေး များ အားလုံး မျိုချနေချိန်မှာ တစ်စုံတစ်ယောက်မှ မမြင် လိုက်မိတာပါ။ ဒီလိုမှ မဟုတ်ရင် မြင်လိုက်သူ ကိုယ့်ကို ကိုယ်ပင် သတ်သေသွားလောက်ပါတယ်။

ချန်ရှန်လို ကျွမ်းကျင်လှပြီး ပါရမီရှိလှတဲ့ ဆေးပညာ ရှင်မို့လို့သာ ဒီလို ဆေးများစွာကို မြိုချရဲတာပါ။ 

ချန်ရှန် သူ၏ အလယ်ဗဟိုမှာ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာ သလို ခံစားလိုက်ရတယ်။ ယခုလိုအပ်တဲ့ ချီဓာတ်ဟာ အရင်သားရဲများလုပ်တုန်းက လိုအပ်တဲ့ ချီဓာတ်များ ထက် များစွာ လိုအပ်ပါတယ်။ ထိုက်ကျိပုံသေချပ် အ လယ်မှာ ဝါးတားတားသားရဲပုံတစ်ခုဟာ ရွှေရောင်အခိုး များ ရစ်ပတ်လျက် ပေါ်နေတာကို မြင်တွေ့နိုင်ပါတယ်။ 

၂ ရက်ကြာပြီးနောက်မှာတော့ ရွှေရောင်ချီဓာတ်တစ်ခု ဟာ ချန်ရှန်၏ ကိုယ်မှ ထွက်ပေါ်လာပြီး အရောင်မရှိတဲ့ ချီ ဓာတ်များဟာလည်း သူ့အဝတ်များကိုဖောက်ထွက်နေပါ တယ်။ သူ၏ကြွက်သားများဟာလည်း ဖောင်းတက်လာပြီး အရမ်းကို ကြောက်စရာ ကောင်းနေပါတော့တယ်။ 

သူ၏ ကိုယ်အရောင်ဟာ ခပ်မြန်မြန်ပဲ ပြောင်းလဲနေ တယ်။ သူ ၏ ချွေးပေါက်များမှ မီးခိုရောင် အချွဲများ ထွက် ကာ သူ၏ ကြွက်သားများဟာလည်း တောင့်တင်းနေပါ တော့တယ်။ 

ပေါက်ကွဲသံတစ်ခု သူ၏ စိတ်ထဲ ဖြစ်ပေါ်သွားပြီး ဒီ အချိန်မှာပဲ ကြောက်စရာကောင်းပြီး ကြီးမားလှတဲ့ စွမ်းအင် တစ်ခု သူ၏ခြေလက်များ အရိုးများ သို့ ဝင်ရောက်သွား သလို ခံစား လိုက်ရပါတယ်။ သူ၏ စိတ်တွင်းမှာတော့ နတ် သားရဲ ၅ ကောင်၏ အော်သံများ မြည်ဟည်းနေပြီး ၎င်းတို့ အော်သံများဟာ ကျယ်လောင်ပြီး စွမ်းအားပြည့်ဝလျက် ရှိ နေတယ်။ 

ချန်ရှန် သူ၏ မျက်လုံးများကို ဖွင့်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်တယ်။ သူ၏ မျက်နာမှာလည်း ပျော်ရွှင် နေပုံပေါ်ပါတယ်။ အဘယ်ကြောင့်ဆိုသော နောက်ဆုံးတော့ သူဟာ အဆင့် ၁၀ သိုင်းပညာနယ်ပယ်ကို ဝင်နိုင်ခဲ့ ပြီပဲ ဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ စစ်မှန်သော သိုင်း ပညာနယ်ပယ်ကို သာ ဝင်ရောက်နိုင်ဖို့ပဲ ကျန်ပါတော့ တယ်။ 

ကြီးမားလှတဲ့ ဆင်ကြီး သူ၏စွမ်းအင်သိုလှောင်ရာ ရဲ့ထိုက်ကျိ ပုံသေချပ်ပေါ်မှာ တည်ရှိနေတာကို ကြည့်ရင်း ချန်ရှန် ပြုံးမိပါတယ်။ နတ်သားရဲငါးကောင်၏ ပုံစံကို သူ၏ စွမ်းအင်သိုလှောင်ရာတွင် အောင်မြင်စွာ လုပ်နိုင်လိုက်ပြီ ပဲ ဖြစ်ပါတယ်။ ၎င်းတို့ပုံစံ အသေးစိတ်ကိုပင် ရှင်းလင်းစွာ မြင်နိုင်နေတယ်။ ထိုက်ကျိပုံသေချပ်ဟာလည်း ဖြည်း ညင်းစွာပင် လည်ပတ်နေပြီး ကောင်းကင်နဲ့မြေကြီးကြားမှ ဝိဉာဉ်တော် ချီဓာတ်များကို ဆွဲငင်နေပါတော့တယ်။ 

“စစ်မှန်သော သိုင်းပညာနယ်ပယ် ၊ အဲလိုလူတွေနဲ့တောင် ရင်ဆိုရဲတယ်ကွ”

ချန်ရှန် လက်သီး တင်းတင်း ဆုပ်ကာ မကြာသေးမီ အချိန်က မိန်းမ ၂ ယောက်ကို သတိရသွားတယ်။ ဒေါသတွေ သာ ဖြစ်လို့ လာပါတော့တယ်။ 

“မင်း အဆင့် ၁၀ ရောက်ပြီး တကယ်ကို စွမ်းအားကြီး လာပေမဲ့ စစ်မှန်တဲ့ သိုင်းပညာနယ်ပယ်က ပညာရှင် တွေကို နိုင်ရမယ်ဆိုတဲ့ အခွင့်အလမ်းကတော့ မရှိသေးပေ ဘူး ၊ မင်းမှာ စွမ်းအင် ပြည့်ဝတဲ့ ဝိဉာဉ်တော် လက်နက် တစ်ခု ရှိမယ် ဆိုရင်တော့ မင်း အလစ်သုတ်တိုက်ပြီး နိုင် ကောင်း နိုင်နိုင်လိမ့်မယ်”

စုမေးယိုက ပြောတာပါ။ ချန်ရှန် ၏ စိတ်ထဲ ယခု အချိန်တွင် ဖြစ်ပေါ်နေမည့် ခံစားချက်ကို ရိပ်မိသဖြင့် စုမေး ယို က ပြောလိုက်တာပါပဲ။ ဒါပေမဲ့ သူမဟာ ချန်ရှန် နှင့် စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာရှင်များ၏ ကွာခြား ချက်ကို သိနေပါတယ်။ 

စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ဝင်ရောက်ပြီးပါက သိုင်းပညာရှင်များဟာ တဖန်ပြန်လည်မွေးဖွား လိုက်သလို ဖြစ်သွားကာ သာမန်ချီဓာတ်များကို စွန့်ထုတ်လိုက်သဖြင့် နှစ်ပေါင်း ၁၀၀၀ လောက်ကို အသက်ရှင်နိုင်မှာပါ။ ဒါ့အ ပြင် မော်တယ်အဆင့် သိုင်းပညာရှင်များမှာ ၎င်းတို့ကို ဆန့် ကျင်ဖို့ဆိုတာ မဖြစ်နိုင်သလိုပါပဲ။

ချန်ရှန်လည် း ခေါင်းကို ညိမ့်ကာ ဝတ်ရုံဝတ်လိုက်ကာ ဂူတွင်းမှ ခုန် ချလိုက်ပါတယ်။ ထို့နောက်မှာတော့ မြေပုံအတိုင်းပဲ ကောင်းကင်နဂါး ရတနာသိုက်ရှိရာသို့ လျှောက် သွားပါတော့တယ်။

မြေပုံဟာ အတော်ကို အသေးစိတ်ကျလှပါတယ်။ မကြာခင်မှာပဲ ပျောက်ကွယ်နေတဲ့ ရတနာသိုက်ကို မှတ် ထားသော နေရာသို့ ရောက်နိုင်တော့မှာပါ။ ၎င်းဟာ နက် ရှိုင်းလှသာချောက်ကြီး တစ်ခု ဖြစ်ပြီး ထိုအဝင်ဝမှာတော့ လူထောင်ပေါင်းများစွာဟာ စုရုံးရောက်ရှိနေကြတယ်။ ထို လူများထဲမှ လူတော်တော်များများ၏ လက်ထဲမှာ မြေပုံလို့ ယူဆရသော စာရွက်ပြားများကို ကိုင်ထားကြတယ်။ ဒီမြေပုံဟာ ဘယ်လိုကြောင့် ပြန့်နှံ့သွားတယ်ဆိုတာကို ချန်ရှန် နားမလည် နိုင်ဖြစ်နေတယ်။ 

လူအုပ်ကြီးထဲ ရောနှောရင်း ချန်ရှန်ဟာ ကြီးမားလှတဲ့ ချောက်ကမ်းပါးကြီးကို မြင်နေရတယ်။ သူ့ကို အံ့အားသင့် သွားစေတဲ့ အရာကတော့ ထို ချောက်ကြီး၏ အလယ် တွင် အနီးရောင်အငွေ့တစ်ခု လင်းလက်နေတာပါပဲ။ တစ်ခါတရံ အနီရောင်အလင်းတန်းများဟာ တစ်ခုပြီးတစ်ခု လင်းလက်နေပြီး ပူပြင်းပြီး အားကောင်းလှတဲ့ ချီလှိုင်းများ ဟာ လည်း ထွက်ပေါ်နေတယ်။ ဒီအချိန်မှာပဲ ရတနာ သိုက် ဟာ လျို့ဝှက်ဆန်းကြယ် နယ်ပယ်ထဲမှာ ရှိနိုင်တယ်ဆိုတာ ချန်ရှန် အသေချာ သိလိုက်ပါတယ်။ အဆိုပါ ကြီးမားလှ သော ချောက်ကမ်းပါးကြီးမှာ ရှိနေတဲ့ အနီရောင် အငွေ့ဟာ ဝင်ပေါက် ဖြစ်နိုင်ပါတယ်။

ချန်ရှန်ဟာ မကြာခင်မှာပဲ ဝင်ပေါက်နားမှာ အလွန် အင်အားကြီးလှတဲ့ အနှောက်အယှက်တစ်ခုကို တွေ့ လိုက်ရတယ်။ စစ်မှန်တဲ့ သိုင်းပညာနယ်ပယ်မှ သိုင်းပညာ ရှင်တို့ ချဉ်းကပ်ရန် ကြိုးစားကြပြီး ၎င်းတို့ဟာ ထိလိုက်တာ နဲ့ ကြီးမားလှသော စွမ်းအားကြောင့် ပြန်ကန်ထွက်လာကြတယ်။ ပြင်းပြင်းထန်ထန်ကြိုးစားပါက အဆိုပါအားကြောင့် တစစီဖြစ်သွားမှာပဲ ဖြစ်ပါတယ်။ 

ဒီသတင်းတွေကို သိပြီးနောက်မှာတော့ ချန်ရှန် ကျေ နပ် သွားမိတယ်။ ဒီအချိန်မှာပဲ တစ်စုံတစ်ယောက်ကို ဖြတ် ခနဲ တွေ့လိုက်ရတာဖြစ်ပြီး ၎င်းကတော့ သူ၏ ရန်သူတော် ကောင်မလေးပဲ ဖြစ်ပါတယ်။

ကောင်မလေးဟာ စစ်မှန်သောသိုင်းပညာနယ်ပယ် ရဲ့ အောက်မှာ ရှိနေပြီး သူမ၏ ဆရာမ က သာ စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမဆရာ ဟာ ရတနာလာရှာတာ ဖြစ်နိုင်ပြီး ကောင်မလေးကို လွယ် ကူစွာ ရှာတွေ့ကာ သတ်နိုင်တော့မှာပါ။ 

ချန်ရှန်လည်း အချိန်မဆွဲနေတော့ပါ။ ခပ်လှမ်းလှမ်း မှာတော့ လူများစွာထိုင်လျက် ရှိနေပြီး အများစုကတော့ လူငယ်တွေပါ။ မိုးပြာရောင် ဝတ်ရုံဝတ်ကောင်မလေး ဘေးမှာတော့ ကောင်လေးများစွာ ရှိနေပြီ း လမင်းကြီးဘေးမှာ ရှိနေတဲ့ ကြယ်လေးများလိုပါပဲ။ 

ချန်ရှန်ဟာ ခပ်လှမ်းလှမ်းမှာ ရှိနေပြီး သူမ၏ မျက်နာ သိပ်မကောင်းလှတာကို တွေ့လိုက်ရပါတယ်။ အဘယ် ကြောင့် ဆိုသော် သူမ၏ သားရဲကောင်အား အသတ်ခံ လိုက်ရပြီး ချန်ရှန်အား မည်သို့မျှ မလုပ်နိုင်လိုက်သဖြင့် စိတ် ဆင်းရဲ နေပုံပါပဲ။

ကောင်မလေး လူအုပ်ကြားထဲကို ကြည့်ရင်း ချန်ရှန်၏ မျက်နာကို မြင်လိုက်ရတဲ့ အခါ သွေးမရှိတော့သလို ဖြစ် သွားပါတယ်။ တော်တော်လည်း အံ့အားသင့်သွားပေမဲ့ သူမကို သတ်နိုင်လိမ့်မယ်လို့ တော့ မထင်မိပါချေ။ ဒါ့အ ပြင် ချန်ရှန်ဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်ဆိုတာကိုလည်း သိနေပါ တယ်။

“အကိုတော် မောင်တော် တို့ ၊ ကျွန်မရဲ့ သားရဲကို သတ်တာ အဲဒိလူပဲ။ သူဟာ နည်းနည်း အစွမ်းထက်ပေ မဲ့ ကျွန်မဆရာရဲ့ ရိုက်ချက်ကို ခံထားရတဲ့ အတွက် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေမှာပဲ။ သူ့ကို ဖမ်းပေးကြပါ။ ကျွန်မ သူ့ကို တစ်စစီ လုပ်ပစ်ချင်တယ်”

ကောင်မလေးဟာ ချန်ရှန်ကို ရက်စက်တဲ့ အကြည့်နဲ့ ကြည့်ရင်း ပြောလိုက်ပါတော့တယ် . . .။



rate now: