Chapter – 61
#နိဂုံး
ချန်ရှန်ဟာ ထာဝရမိစ္ဆာ ခန္ဓာကိုယ်ရဲ့ပထမအဆင့်ပဲ ရှိပါသေးတယ် ။ သူ့မှာ ကောင်းကင်လို စွမ်းအားကြီးမားလှသော ယင် နဲ့ ယန် နတ်အတွင်းအားများလည်း ရှိကာ ကြောက်မက်ဖွယ် နတ်မိစ္ဆာကျင့်စဉ်များကိုလည်း ပိုင်ဆိုင်ထားတာပါ ။ ဒီအချက်တွေ ကြောင့်ပဲ သူဟာ အဆင့် ၈ သာ ရှိသေးပေမဲ့ အဆင့် ၉ ရှိတဲ့ ပညာရှင်ကို ရံှုးနိမ့်သွားစေခဲ့ပါတယ် ။
ချန်ရှန်ကိုယ်တိုင်ပင် ချီဒြပ်စင် ၅ ခု ပေါင်းစပ်ရာမှ ထွက်ပေါ်လာ တဲ့ အနှိုင်းမဲ့ စကြာဝဠာ စွမ်းအင်ဟာ ဒီလောက်ထိပြင်းထန်လိမ့် မယ်လို့ မမျှော်လင့်ခဲ့ပါဘူး ။ နတ်အတွင်းအားကျင့်စဉ်ရဲ့ သင်္ကေ တ လေးခုကို အသုံးပြုတယ့်အခါ ထွက်ပေါ်လာတယ့် စွမ်းအား ဟာလည်း ချန်ရှန်ကို ဆွံအပြီး အံ့အားသင့်စေခဲ့ပါတယ် ။
“ဘာ . . . မင်းဘာလုပ်မလို့လဲ ၊ ငါက စစ်မှန်သောသိုင်းပညာ ဂိုဏ်းရဲ့ နောက်လိုက်ပဲ ၊ တကယ်လို့ မင်း . . .”
ချန်ဖုယွန် ချန်ရှန်ဆီမှ ချီဓာတ်များစွာ ထွက်နေသည်ကို မြင်ရသောအခါ သေခြင်းတရားတော့ သူ့ဆီရောက်လို့လာပြီ ဆိုတာ သဘောပေါက်လိုက်ပါပြီ ။ ချန်ရှန်ဟာ သူ့ခြေထောက်နဲ့ လက်ကို ဖျက်ဆီးလိုက်သော်လည်း သူ့ထက်ပိုမို စွမ်းအားကြီး တယ်ဆိုတာကို လက်မခံနိုင်ဖြစ်နေပါတယ် ။
“မဖြစ်နိုင်ဘူး . . . မဖြစ်နိုင်ဘူး ၊ ငါက သိုင်းပညာအဆင့် ၉ ရှိတယ့်လူ ၊ အဆင့် ၁၀ ရှိတယ့် ပညာရှင်သာ ငါ့ကို ထိခိုက် အောင် လုပ်နိုင်မှာ ၊ မင်းက ၁၆ နှစ်ပဲရှိသေးတာ ဘယ်လိုမှ အဆင့် ၁၀ မဖြစ်နိုင်ဘူး”
ချန်ဖုယောင် မြေကြီးပေါ်တွားသွားလျက် ပြောနေပါတယ် ။
ချန်ရှန် လည်း အေးစက်စွာ ပြန်ပြောလိုက်တယ် ။
“ကျွန်တော်သာ အဆင့် ၁၀ ဆို ခုချိန် ခင်ဗျား အသားတုံး ဖြစ်နေပြီ ။ ငရဲကိုသွားပေတော့”
ချန်ရှန်လည်း ပြောပြီးနောက် ဟိန်းဟောက်သံတစ်ခု ပြုကာ သူ၏ ပါးစပ်မှ ချီဓာတ်များ ကို မိုးပြာရောင် လျှပ်စီးများ အဖြစ် ထုတ်လိုက်ပါတယ် ။ မုန်တိုင်းလိုလေပြင်းများထဲ လျှပ်စီး များ လက်သွားကာ ချီငွေ့တွေ ပါ ထွက်နေတာပါ ။ ၎င်းဟာ ကောင်းကင်ဘုံမှ ရေတံခွန်ကြီး မြေကြီးပေါ်ကျလာသလို ချန်ဖုယွန် ကိုယ်ပေါ်သို့ ချီဓာတ်များဟာ ထိမှန်သွားပါတော့တယ် ။ မိုးခြိမ်းသံများလို ကျယ်လောင်သော အသံများဟာ ကွင်းပြင်တစ် ခုလုံးကို ဖုံးလွှမ်းနေပြီး ထိုအသံများထဲတွင် ချန်ဖုယွန် ၏ စူးစူး ဝါးဝါး အော်သံများပါ ပါဝင်နေပါတယ် ။
ချန်ရှန်၏ ပုံစံဟာ အေးစက်ခက်ထန်နေပုံပါပဲ ။ သူ့ အဖေကို ထိခိုက်အောင် လုပ်ကတည်းက ချန်ဖုယွန်အား သတ် မည်ဟု ကျိန်ဆိုထားပြီးသားပါပဲ ။
“ခင်ဗျားက အဆင့် ၉ ပညာရှင် ဖြစ်တယ် ဒါပေမယ့် ကျွန်တော့်မျက်လုံးထဲမှာတော့ ပုရွက်ဆိတ် တစ်ကောင်လိုပဲ ၊ မသေခင် ပျော်ရွှင်စရာလေးတွေ ခံစားသွားပါဦး”
ချန်ရှန် ရက်စက်ဟန်ပြောကာ နောက်ထပ် မိုးပြာနဂါး ဟိန်းဟောက်သံကို ပြုလုပ်ကာ ဒါတင်မက မိုးပြာနဂါးလက်သည်း ၊ မုန်တိုင်းဖြိုလက်သီး ၊ ကောင်းကင်ကျား မုန်တိုင်းဖြို လက်သီး နဲ့ မီးဘုရင်လက်သီး စသည့် များစွာသော တိုက်ကွက် များကို ဆက်တိုက်ထုတ်လွှတ်ပြီး ချန်ဖုယွန်အား ရက်စက်စွာ ထိုးနှက်ပါတော့တယ် ။
ဒီမြင်ကွင်းဟာ လူတိုင်းရဲ့ရှေ့မှာ မြင်တွေ့နေရတာဖြစ်ပြီး အားလုံး လိပ်ပြာ လွင့်မတတ်ကို ခံစားနေကြရတယ် ။ အားလုံး စိတ်ထဲ ၁၆ ၊ ၁၇ အရွယ် လူငယ်လေးဟာ အဆင် ၉ သိုင်းပညာ ရှင်ကြီးအား ဒီလို ပြင်းထန်လှတယ့် ချီဓာတ်များကို ထုတ်လွှတ် ပြီး တိုက်ခိုက်ခြင်းအား တခါမှ မမြင်ဘူးသောကြောင့် ထိတ်လန့် တုန်လှုပ်နေကြပါတယ် ။
ချန်ဖုယွန်ဟာ ခုတော့ ဘောလုံးတစ်လုံးလိုပါပဲ ။ သူ၏ ခေါင်းမှ ခြေထောက်ထိ တစ်ကိုယ်လုံးဟာ ချန်ရှန်၏ အဆင့်မြင့် သိုင်းကွက်များကြောင့် ပျက်စီးသွားခဲ့ရပါပြီ ။ ထိုသို့ နာကျင်စွာ ခံစားရင်းဖြင့် ချန်ဖုယွန်၏ ဇာတ်သိမ်းဟာ မလှပခဲ့ပါဘူး ။ ချန်ရှန် ချန်ဖုယွန်၏ အိတ်အား ဖြုတ်လိုက်ပြီး အလောင်းအား ပြာအဖြစ် ပြောင်းလဲလိုက်တယ် ။ ဒါပြီးနောက်မှာတော့ ချန်ရှန်လည်း ယောင်မျိုးနွယ်၏ ပျက်ဆီးနေတဲ့ တံခါးမကြီးမှ ဝင်သွားပါတော့တယ် ။
“သေပြီ ၊ သူသတ်လိုက်တာပဲ ၊ ဒီကောင်လေးဟာ တော်တော်စွမ်းတယ်”
လူကြီးတစ်ယောက်ပြောစကားပါ ။ တကယ်လို့ သူသာ ခုနက ချန်ရှန်စွမ်းအားကို မမြင်ပါက ဒီလို အဆင့် ၉ ပညာရှင်ကို သတ်လိုက်တယ်ဆိုတာ ယုံနိုင်မည်မဟုတ်ပေ ။ ခုတော့ သတ်ပြီး ပြာတောင် ကျသွားပါပြီ ။
ခုနက ချန်ရှန်ရဲ့ အစွမ်းပြချက်ဟာ တော်တော်ကို မယုံကြည်နိုင်စရာပါပဲ ။ လူတိုင်းဟာ ယောင်မျိုးနွယ်၏ စံအိမ်တွင်းသို့ ထိတ်လန့်တကြား လှမ်းကြည့်နေကြပါတယ် ။ သူတို့အတွက် နေ့ ခင်းကြောင်တောင် အိပ်မက်မက်နေသလိုပါပဲ ။
သိုင်းမျိုးနွယ် ၂ ခုကြားက တိုက်ပွဲဟာ ပြင်းထန်လှပြီး ကွင်းပြင်ထဲတွင် အလောင်းများ အပုံလိုက်ပါပဲ ။ အင်အားကြီးသူ က အနိုင်ရမှာ ဖြစ်ပါတယ် ။
ချန်ရှန် အထဲရောက်တယ့်အခါမှာတော့ အလောင်းများ စွာ ပုံလျက်သား ရှိနေတာကို မြင်လိုက်ရပါတယ် ။ သူအော်ပြော လိုက်တယ် ။
“အဖေ ၊ ကျွန်တော် လာကူပြီဗျို့”
ချန်ရှန် နောက်ရောက်တယ့်အခါမှာတော့ ချန်တျန်းဟူ နဲ့ ချန်ဟွာဟိုင်းတို့ မျက်လုံး အပြူးသားဖြစ်နေတာကို တွေ့လိုက်ရပါတယ် ။ ချန်ရှန်ရောက်လာတယ်ဆိုတော့ ချန်ဖုယွန်ဟာ မရှိတော့လို့ပေါ့ ။ ဒါဆို ချန်ဖုယွန်ဟာ ချန်ရှန်ကို ရံှုးသွားပြီပေါ့ ။
ယောင်မျိုးနွယ်အားလုံးဟာ ချန်ရှန် နှင့် ချန်ဖုယွန်တို့ တိုက်ခိုက်နေကြတယ် ဆိုတာ သိပါတယ် ။ခုတော့ ချန်ရှန် နိုင်သွားပြီ ၊ တနည်းအားဖြင့် ချန်ရှန်အားကို အဆင့် ၉ ပညာရှင်တောင် မယှဉ်နိုင်ဘူး ၊ ယောင်မျိုးနွယ်တို့ ကြမ္မာဆိုးဖြင့် နိဂုံး ချုပ် ကြရတော့မှာပါ ။
“ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး ၊ မင်း အဆင့် ၉ ပညာရှင်ကို နိုင်တယ်ဆိုတာ ငါမယုံဘူး အဆင့် ၁၀ ပညာရှင်မှသာ နိုင်နိုင်မှာပဲ”
ယောင်ဟွန် အော်လိုက်ပါတယ် ။ သူဟာ မျိုးနွယ်စုခေါင်းဆောင် ဖြစ်ပြီး ခု ယောင်မိသားစု ကြုံနေရတယ့် ပြသနာအားလုံးဟာ သူ့ကြောင့်ပါပဲ ။ ချန်မျိုးနွယ်ကို အမြစ်ဖြတ်မယ်ဆို တဲ့ သူ၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပါတယ် ။
ချန်ရှန် လေထဲ ခုန်ဝင်လာပြီး မိုးပြာရောင် အလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်တယ် ။ အဆုံးမရှိတဲ့ ချီဓာတ်များဟာ မိုးပြာရောင် အလင်းတန်းအဖြစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ် ။ ၎င်းတို့ဟာ ကောင်းကင်မှာ ပေါ်လာတဲ့ တောင်ကြီး တစ်လုံးလို ပါပဲ ။ ထို့နောက် ယောင်မျိုးနွယ်တို့ ထံသို့ ကျရောက်သွားပါတော့ တယ် ။
များစွာသော ချီအငွေ့များဟာ ဥယျာဉ်တစ်ခုလုံးအား ဖုံးလွှမ်းသွားပြီး အကြည့်တစ်ချက်နှင့်ပင် လူတိုင်းဟာ ချန်ရှန်၏ချီစွမ်းအင် ဘယ်လောက်ပြင်းကြောင်း တွေ့နိုင်ပါတယ် ။
ကြီးမားလှတယ့် မိုးပြာရောင်စွမ်းအင်များ ကောင်းကင် မှ ကျလာသောကြောင့် များစွာသော အိမ်များနဲ့ ယောင်မျိုးနွယ် ရာပေါင်းများစွာတို့ဟာ ၎င်း၏ ဖိအားအောက်မှာ ပြားပြားဝပ်ခဲ့ ရပါပြီ ။ အိမ်များစွာ ပြားကျေပျက်စီးရုံမက လူများစွာ၏ အရိုးများ ဟာ ကျိုးလျက် သွေးများဟာ ပါးစပ်မှ ထွက်ကုန်ကြပါတော့တယ် အသားစများဟာလည်း ဟိုတစဒီတစ ပါပဲ ။
လူတိုင်းဟာ ဒီဟာကို မြင်ပြီး ရှော့ရကုန်ပါတယ် ။ တချို့ဟာလည်း လက်နက်တွေကို လွှတ်ပစ်လျက် တချို့မှာတော့ ကြောက်လန့်တကြား အော်ဟစ်ကာ ယောင်မျိုးနွယ်တို့ ထွက်ပြေးကုန်ကြပါပြီ ။
ချန်တျန်းဟူ ပါးစပ်အဟောင်းသားဖြင့် ဒီလို လအနည်း ငယ်အတွင်း သူ့သားဟာ ဒီလောက် စွမ်းအားကြီးမားလွန်းသွားမည်ဟု မထင်မှတ်ခဲ့ပါဘူး ။ လှုပ်ရှားမှုလေးတစ်ချက်နဲ့ ချန်ရှန် ဟာ လူရာပေါင်းများစွာကို သတ်နိုင်နေသည် မဟုတ်ပါလား ။
ခုနကပဲ ချန်ရှန်ဟာ မိုးပြာနဂါးချီဓာတ်များ ထုတ်ခဲ့တာ ကို မြင်သောကြောင့် ဒီလိုမျိုးကောင်းကင်ပေါ်မှ တိုက်ကွက်ပါ ထပ်မြင်ရသောအခါ လူတိုင်းဟာ ချန်ရှန် ချီဓာတ်များစွာကို အသုံးပြုနေတယ်ဆိုတာ ခန့်မှန်းမိကြပါတယ် ။
“အားလုံးကို သတ် ၊ ချန်မျိုးနွယ်တွေ ချီဓာတ်တွေကို အများ ကြီးသုံးပြီးလောက်ပြီ ၊ မင်းတို့ အားအင်ကို ထုတ်ပြရမယ့် အချိန်ရောက်ပဲ ၊ ဒီအခွင့်ရေးကို လက်လွတ်မခံကြနဲ့”
ယောင်ဟွန် အော်လိုက်တာပါ ၊ ထို့နောက် သူလည်း ဓားပြားရှည်ကြီးကို ဆွဲလျက် ဝင်လာပါတော့တယ် ။
ခုနက ယောင်မျိုးနွယ် ထောင်ပေါင်းများစွာအား ချန်မျိုးနွယ် ၃၀၀ ဖြင့်သာ ရင်ဆိုင်ခဲ့ရသည့်အတွက် ၎င်းတို့ရဲ့ ချီဓာတ်များ ကုန်ဆုံးတော့မလိုဖြစ်နေကြပါပြီ ။ ချန်တျန်းဟူ နှင့် တခြား အဆင့် ၈ တို့ ဟာ ယောင်မျိုးနွယ် အဆင့် ၆ ၊ ၇ များဖြင့် ရင်ဆိုင်ခဲ့ရပါတယ် ။ ဒါတင်မက ၎င်းတို့၏ ချန်မျိုးနွယ်ဝင်များကို ကာကွယ်ရန် ဒဏ်ရာ ရသူများအားပြုစုရန်မှာလည်း သူတို့ တာဝန်ပါပဲ ။ ဒါကြောင့်ပဲ ၎င်းတို့ ချန်မျိုးနွယ်ဝင်တို့ဟာ တစ်ယောက်မှ မသေသေးပဲ ရင်ဆိုင် နေနိုင်တာပဲ ဖြစ်ပါတယ် ။
“ချန်မျိုးနွယ်တို့ ၊ အားလုံး ကျွန်တော့နောက်မှာ နေပါ”
ချန်ရှန် အော်လိုက်တယ် ။ အားလုံးသော ချန်မျိုးနွယ် တို့ဟာ သူ့နောက်သို့ ရောက်လာကြပါတယ် ။ ဒီလိုအချက်ကြောင့်ပဲ အားလုံးဟာ ချန်ရှန်ကို လေးစားမိကြပါတယ် ။
“အဖေ ၊ ဒီလူကြီးကို ကျွန်တော့တာဝန်ထားပါ ၊ ကျန်တဲ့ အငယ်တွေသာ အဖေတာဝန်ယူလိုက်”
ချန်ရှန်လည်း ပြောပြောဆိုဆို ယောင်ဟွန်နဲ့ တခြား အဆင့်မြင့် ယောင်မျိုးနွယ်တို့ထံ ပြေးဝင်သွားပါတယ် ။ ချန်တျန်း ဟူနဲ့ တခြားလူများဟာ မူလက အနည်းငယ် စိုးရိမ်မိသော်လည်း ခုနက ချန်ရှန်၏ အားအင်ကို မြင်သောကြောင့် စိတ်သက်သာရာ ရသွားကြတယ် ။ ဒါပေမယ့် သူတို့ စိတ်ထဲ အံ့သြနေတယ့် အချက် တစ်ခုကတော့ ချန်ရှန် ကိုယ်မှာ ဘယ်လောက်များတဲ့ ချီဓာတ်များရှိလဲဆိုတာကို မခန့်မှန်နိုင်အောင် ဖြစ်နေလို့ပါပဲ ။
“အဖြူရောင်ကျား နတ်လက်သီး”
ချန်ရှန် ရန်သူများထံ ပျံသွားပြီး ရုတ်တရက် ပြင်းထန်လှ တဲ့ လက်သီးချက်ကို ထိုးလွှတ်ပါတယ် ။ များစွာသော ရွှေရောင် ချီဓာတ်များဟာ လက်သီးမှ ထွက်လာပြီး မျက်စိတမှိတ်အတွင်းမှာ ကြီးမားတဲ့လက်သီးကြီးအဖြစ်သို့ ပြောင်းလဲသွားကာ အမဲလိုက်ခြင်းနဲ့ဆိုင်သော ချီဓာတ်များ များစွာ ထွက်လာပါတော့တယ် ။
ခုနကပဲ မိုးပြာနဂါးစွမ်းရည်ကိုမြင်ရပြီး ခုတော့ ရွှေရောင်လက်သီးကြီး ထွက်ပေါ်လာပြန်ပါပြီ ။ ပိုမိုစွမ်းအားပြင်းသော သစ်သားချီဓာတ်မှ ဖြစ်ပေါ်လာသော ဒီလက်သီးဟာ ခုနက ဟာ ထက် ပိုမိုကြောက်စရာကောင်းမှာပါပဲ ။
ဒီအဖြူရောင်ကျားတိုက်ကွက်မှာ လွှွမ်းမိုးစေတတ်တဲ့ အမဲလိုက်ခြင်းဆိုင်ရာ ချီဓာတ်များ ပါဝင်လျက်ပါ ။
ကြီးမားလှတယ့် ရွှေရောင်လက်သီးကြီး ပျံသန်းလာပုံ မှာ တိမ်တိုက်များအား တိုင်ဖွန်းမုန်တိုင်းကြီး ဖြိုခွင်းလာပုံနဲ့ တူနေပါတယ် ။ ဒီမုန်တိုင်းကြီးဟာ ယောင်မျိုးနွယ်စုများထံ ဦးတည်လာနေပါပြီ ။ ရွှေရောင်လက်သီးကြီး မြေကြီးကို ဖြတ်သန်းသွားရာတစ်လျှောက် ထိမှန်သမျှဟာ ပျောက်ကွယ် ပျက်ဆီးသွားကာ အမှုန်များပင် ဖြစ်ပေါ်နေပါတော့တယ် ။
ယောင်ဟွန် သူတို့ထံသို့ ပြင်းထန်ကြီးမားလှတယ့် လက်သီးကြီးလာနေတာကို ကြည့်ရင်း အံ့သြထိတ်လန့်ကာ နေကြပါတယ် ။ ယောင်မျိုးနွယ်တို့ စူးစူးဝါးဝါး အော်ဟစ်ကာ ထွက်ပြေးကုန်ကြပါပြီ ။ သို့သော် ဒီလိုပြေးနေပေမယ့်လည်း ချီလှိုင်းများဟာ သူတို့ကိုယ်အား ထိမှန်လျက် ၎င်းတို့အားလုံး မလွတ်မြောက်နိုင်ကြပဲ ရှိနေကြပါတော့တယ် . . . ။
Chapter – 62
#ဝိဉာဉ်တော်ဒြပ်စင်ဆေး
အဖြူရောင်ကျားနတ်လက်သီး ဟာ မြေကြီးထဲသို့ နက်ရှိုင်းစွာ နစ်ဝင်ရိုက်ခတ်ကာ အားလုံးသော ယောင်မျိုးနွယ် ပညာရှင်များကို ထိမှန်ခဲ့ပါတယ် ။ ပြင်းထန်လှသော ချီငွေ့များ ပါဝင် သော နတ်လက်သီးကြောင့် ၎င်းတို့၏ အရိုးများ နဲ့ ကြွက်သားများအားလုံးဟာ ကျိုးကြေပေါက်ကွဲထွက်သွားသလိုကို ခံစားလိုက် ကြရတယ် ။ ဒါတင်မက ချီဓာတ်များဟာလည်း သူတို့၏ ခန္ဓာ ကိုယ်အနှံ့ ပျံ့နှံ့လျက်ပါပဲ ။
“မင်းတို့အားလုံး ရပ်ကြတော့ ၊ မင်းတို့ယောင်မျိုးနွယ် ခေါင်းဆောင်နဲ့ စီနီယာအားလုံး ရှုံးသွားပြီ”
ချန်ရှန်၏ မိုးခြိမ်းသံလို အော်သံကြီးဟာ ယောင်မျိုးနွယ်၏ ဝင်းကြီး တစ်ခုလုံးသို့ ဖုံးလွှမ်းသွားပါတယ် ။ အဆင့်နိမ့် အဆင့်မြင့် အပါအဝင် အားလုံးသော ယောင်မျိုးနွယ်တို့ဟာ ဒီအော်သံကို သဲကွဲစွာ ကြားလိုက်ကြရတယ် ။ ဝင်းအပြင်ဘက် ကွင်းထဲရှိ လူများဟာ ဒီအသံကြောင့် အံ့သြသွားကြပါတယ် ။ ခုနလေးကပဲ ချန်ရှန်ဟာ အထဲဝင်သွားတာ ဖြစ်ပြီး အချိန်ခဏလေးဖြင့် မျိုးနွယ်စုတစ်ခုလုံးအား အနိုင်ရရှိသွားခဲ့တာကြောင့်ပါပဲ ။
ကျွမ်းကျင်ပြီး စွမ်းအားရှိလှတယ့် ပညာရှင်တစ်ယောက်ဟာ မြို့တစ်မြို့လုံးကို လွယ်ကူစွာ ဖျက်ဆီးနိုင်မယ်ဟုပင် ကောလဟလများ ပျံ့လျက် ပြောဆိုနေကြတယ် ။ ခုချန်ရှန်ဟာ အဆင့် ၈ ပညာရှင် များပါဝင်နေသော မျိုးနွယ်စုကြီးတစ်ခုလုံးကို အောင်နိုင်သွားပါပြီ ။ ဒါတင်မက ၎င်းတို့အား တိုက်ကွက်တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားစေတာလည်း ဖြစ်ပါတယ် ။ ခုနက ကောလ ဟာလ ဟာ အမှန်ပင် ဖြစ်နိုင်ကြောင်း ယခုလုပ်ရပ်က သက်သေပြနေပါတော့တယ် ။
ယောင်ဟွန်နဲ့တကွ ယောင်လူကြီးမင်းများ အားလုံး၏ အရိုးများဟာ လုံး၀ ကျိုးကြေနေပါပြီ။ ဒါပေမဲ့ ၎င်းတို့ဟာ အသက်တော့ မသေသေးပေ ။ သေလုမတတ် နာကျင်ခံစားနေရတာပါ ။ ၎င်းတို့အားလုံး ချန်ရှန်အား အမုန်းမျက်လုံးများဖြင့် ကြည့်နေကြပါတော့တယ် ။
ယောင်မျိုးနွယ်ခေါင်းဆောင်နဲ့ ယောင်လူကြီးမင်းတို့ ရှုံးနိမ့်သွားသောကြောင့် ကျန်မျိုးနွယ်ဝင်တို့ဟာ ခုခံနိုင်စွမ်း မရှိကြတော့ပေ ။ ၎င်းတို့သာ ဆက်လက်တိုက်ခိုက်ပါက အဓိပ္ပာယ်မရှိ အချည်းအနှီးသာ ဖြစ်ပါလိမ့်မယ် ။
“ချန်ရှန် . . မင်း . . ငါတို့ ယောင်မျိုးနွယ်ရဲ့ တခြား စီနီယာ ကြီးတွေ မင်းကို ကလဲ့စား လာချေတာကို စောင့်နေ”
ယောင်ဟွန်ဟာ ဒီနေ့ သူကျိန်းသေ သေရမည်ကို သိနေပါ တယ် ။ ယောင်မျိုးနွယ်ရဲ့ တခြားစီနီယာတွေဟာ ဒီတိုင်းတော့ မနေလောက်ဘူး ဟု ထင်နေလျက်ပါပဲ ။
“ကောင်းတာပေါ့ ၊ သူတို့လာတော့လည်း ကျွန်တော် သူတို့ကို ခင်ဗျားဆီ မြန်မြန်ပို့လိုက်မယ် ၊ အဲဒိအခါကျ စကားတွေ အကြာကြီး ပြောကြပေါ့”
ချန်ရှန်လည်း ပြောပြောဆိုဆိုဖြင့် ချီငွေ့များအား ဓားတိုလေးအဖြစ် ဖန်တီးကာ ထို့နောက်မှာတော့ ထိုဓားလေးဟာ ယောင်ဟွန်၏ ခေါင်းဆီသို့ ပျံဝဲသွားပါတော့တယ် ။
ချီငွေ့ဓားတိုလေး ယောင်ဟွန်ခေါင်းအား ထိမှန်သွားသောအခါ ချက်ချင်းပဲ ပေါက်ကွဲထွက်သွားပါတယ် ။ သွေးစများ ပျံ့ကျဲကုန်ကာ ထိုမြင်ကွင်းကို မြင်ရသူအပေါင်းတို့ ပျို့တက်လာကြတယ် ။ ယောင်မျိုးနွယ်တို့ဟာ သူတို့ခုခံပါက ချန်ရှန်ဟာ ၎င်းတို့အားလည်း ထိုအတိုင်းပြုလုပ်မည်ကို စိုးရိမ်သွားကြပါတယ် ။ ထို့ကြောင့် ယောင်မျိုးနွယ်တို့ဟာ လက်နက်ချ အရှုံးပေးလိုက် ကြပါတော့တယ် ။
ဒီအချိန်မှာပဲ ဟိုးရှေးနှစ်ပေါင်းများစွာထဲက ဂုဏ်ယူဝံ့ကြွားစွာ တည်ရှိလာခဲ့သော ဆေးပညာအင်အားစု မျိုးနွယ်ဟာ ပျောက်ကွယ်သွားရပါပြီ ။ အားလုံးထဲမှာ မယုံနိုင်စရာ ကောင်း တာ တစ်ခုက သူတို့ရှုံးလို့မဟုတ်ပါဘူး ၊ ဒီလိုမျိုးပျက်ဆီးမှု အားလုံးဟာ ၁၇ နှစ်တောင် မပြည့်သေးသော လူငယ်လေး တစ် ယောက်ကြောင့် ဆိုတဲ့အချက်ပါပဲ ။
ချန်တျန်းဟူ ဒီလို အဆုံးသတ် ရလဒ် ထွက်လာမယ်လို့ မမျှော်လင့်ခဲ့မိဘူး ။
“ချန်ရှန် ၊ မင်း ဒဏ်ရာရတယ့်လူတွေကို ဦးဆောင်ပြီး အရင် ထွက်သွား ၊ မင်းလည်း တော်တော် ပင်ပန်းနေပြီ ၊ ဒီဟာတွေကို ငါတို့နဲ့ ထားခဲ့လိုက်တော့”
ချန်တျန်းဟူ အော်ပြောလိုက်ပါတယ် ။ သူ၏မျက်လုံးများ ဟာ စူးရှလျက် ယောင်မျိုးနွယ်တို့ကို ကြည့်နေပါတယ် ။ ၎င်းတို့ အားလုံးလည်း ကြောက်ရွံ့နေကြပါတော့တယ် ။
ချန်ရှန်လည်း ခေါင်းညိမ့်ပြီး ဒဏ်ရာရနေတဲ့ ချန်မျိုးနွယ် ရာကျော်တို့ကို ခေါ်ဆောင်လျက် ဆေးဘုရင်ခန်းမသို့ ပြန်လာပါတယ် ။ သူ့အတွက်လိုအပ်တဲ့ ဆေးတွေကို ယူသောက်လိုက်တယ် ။ သူဟာ ဒီနေ့မှာ သူ၏ အားလုံးသော မိုးပြာနဂါး နဲ့ အဖြူရောင် ကျား ချီစွမ်းအင်များကို တော်တော် သုံးစွဲခဲ့တာပါ ။ ဒါဟာ သူ၏ ချီဓာတ် တဝက်နီးပါးလောက်ကို သုံးခဲ့တယ်လို့ ပြောနိုင်ပါတယ် ။ တခြား ချီဓာတ် ၃ ခုမှာတော့ သူ၏ စကြာဝဠာ အနှိုင်းမဲ့ စွမ်းအား ကို သုံးခဲ့ရတယ့်အတွက် ကုန်သလောက်နီးပါး ဖြစ်နေပါပြီ ။ ဒါဟာ သူ့ဘဝမှာ ပထမဆုံး ဒီလိုချီဓာတ်တွေ အသုံးပြုခဲ့တာပဲ ဖြစ်ပါတော့တယ် ။
ဆေးဘုရင်ခန်းမ အတွင်းမှာတော့ ချန်လုဇောင် နှင့် မန်ဘို တို့ဟာ ဖြစ်ပျက်ခဲ့တာတွေကို မေးမြန်းနေကြပါတယ် ။ အခြေအနေကို သိပြီးတဲ့နောက်မှာတော့ အဘိုးကြီး ၂ ယောက် ခေါင်း များ အကြိမ်ကြိမ်ခါလျက် အံ့သြနေကြတယ် ။ ချန်ရှန်ဟာ ဒီလို ကြောက်စရာ စွမ်းအားမျိုးပိုင်ဆိုင်မယ်လို့ မယုံကြည် နိုင်ကြဘူး ဖြစ်နေပါတော့တယ် ။
“ဒီကောင်လေး သိုင်းပညာဂိုဏ်းကြီးတစ်ခုထဲ ဝင်ရင် ကောင်းမယ် ၊ ဒီနေရာက သူ့ရဲ့ တိုးတက်မှုကို ဘယ်လိုမှ မြင့် တက်လာစေမှာ မဟုတ်ဘူး”
ချန်လုဇောင် သက်ပြင်းချနေမိပါတယ် ။ ဒီနေရာမှာ ချန်ရှန် အတွက် သင့်တော်သော ပြိုင်ဘက်အား ရှာဖွေရန် တော်တော် ခက်ခဲပါတယ် ။ ဒါပေမယ့် သူသာဂိုဏ်းထဲဝင်ပါက အောက်ခြေ တစ်နေရာတော့ ကျိန်းသေရပေလိ့မ်မည် ။
ဒါဟာ ဘာလို့လဲဆိုတော့ လူတစ်ယောက်ဟာ သူ၏ စွမ်းအား အခြေနေတစ်ခုထိ ရောက်ရှိလာပါက အပြင်လောကမှာ မနေချင်ကြတော့ပေ ။ ဒီနေရာတွင် အရမ်းအားကြီးနေပါက သူတို့၏ စွမ်အားများဟာ ဒီလောက်နဲ့ ရပ်တန့်သွားကြမည် ဖြစ် လို့ပါပဲ ။ ဒီထက်မက ပိုမို စွမ်းအား ကြီးချင်ကြတာပါ ။
ယောင်မျိုးနွယ်ဟာ ချန်မျိုးနွယ်အောက်မှာ ပြားပြားဝပ်သွားပါပြီ ။ တောင်ပိုင်းအင်ပါယာ တစ်ခုလုံးသို့ ယောင်မျိုးနွယ်တို့အား ချန်မျိုးနွယ်တို့ ပိုင်ဆိုင်သွားပြီ ဆိုသောသတင်းဟာ ပြန့်နှံ့သွားပါတော့တယ် ။ ချန်မျိုးနွယ်တို့ဟာ အင်အားအကြီးဆုံး မျိုးနွယ် အုပ်စုများထဲမှ အုပ်စုတစ်စု ဖြစ်သွားပြီဆိုတာ သံသယ ရှိဖွယ် မရှိတော့ပါဘူး ။ ဒါတင်မက တောင်ပိုင်းအင်ပါယာ တစ်ခုလုံးမှာ နံပတ် ၁ ဆေးပညာမျိုးနွယ်စုလည်း ဖြစ်လာပါတော့တယ် ။
ဒီသတင်းတွေဟာ တောင်ပိုင်းအင်ပါယာတစ်ခုလုံးအား ရက်အတော်ကြာ ပျံ့နှံ့နေပါတယ် ။ မျိုးနွယ်စုတိုင်းဟာ ချန် နဲ့ ယောင် မျိုးနွယ်တို့ တနေ့ ဒီလိုဖြစ်ကြလိမ့်မယ်ဆို သိထားကြပါတယ် ။ ဒါပေမယ့် ခုလောက် မြန်မြန်ပြီးဆုံးသွားမယ်လို့ မမျှော်လင့်ခဲ့ကြပါဘူး ။ ဒါတင်မက ချန်ရှန်၏ သူ၏ အံ့အားသင့်ဖွယ် အစွမ်းတွေကြောင့် နာမည်ကျော်ကြားသထက် ကျော်ကြားလာပါတော့တယ် ။
တော်ဝင်နန်းတော်ထဲမှာတော့ ရုပ်ရည်ကြည့်ကောင်းသော လူ တစ်ယောက်ဟာ ဖြူဖတ်ဖြူလျော် ပုံစံဖြင့် သက်လတ်ပိုင်း အရွယ်လူတစ်ယောက်ကို ပြောလိုက်ပါတယ် ။
“အဖေ ၊ ကျွန်တော်တို့ရဲ့ နဂါးသိုင်းစွမ်းရည်ကို ချန်ရှန် ခိုးယူထားတယ်ဆိုတာ တကယ်ပဲမေ့နေကြတာလား ၊ နောက်ပြီး ကျွန်တော့်ကိုလည်း ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရစေသေးတယ်လေ ။”
ဆောင်ဝု က ကျယ်လောင်စွာ ပြောလိုက်ပါတယ် ။
“ငါတို့ဘာလုပ်ရမှာလဲ ၊ တပ်သားတွေလွှတ်ပြီး ချန်မျိုးနွယ် ကို ဖျက်ဆီးခိုင်းရမှာလား ၊ သူတို့မှာ အဆင့် ၁၀ ပညာရှင် ၆ ယောက် ရှိတယ် ။ နောက်ပြီး ချန်ရှန်ဆိုတာ အဆင့် ၁၀ ပညာရှင်လို့ တောင် ပြောလို့ရတယ် ။ ချန်ရှန်မင်းကို တကယ်မသတ်သွားတာ ပဲ ကျေးဇူးတင် ၊ မင်းက မင်းကိုယ်မင်း တော်လှပြီ ထင်နေတယ် ဒါပေမယ့် မင်းဟာ အပေါ်ယံပဲ”
ဆောင်ဝုဟာ ဧကရာဇ် ဖြစ်ပါတယ် ။ ဒါပေမယ့် ချန်မျိုးနွယ် နဲ့ ရင်ဆိုင်နေရပြီး သိက္ခာတောင် ကျခဲ့တယ် ။ သူနဲ့ ချန်မျိုးနွယ် ဟာ ရန်ငြိုးမရှိပါဘူး ။ ပြိုင်ပွဲနေ့က သူဟာ ဒဏ်ရာရနေတဲ့ သူ့သားနဲ့ ထိုနေရာမှာ ဆက်မနေခဲ့တာဟာ တော်တော်မှန်တဲ့ ဆုံး ဖြတ်ချက်တစ်ခုပါပဲ ။ တကယ်လို့ သူသာ ဆက်နေခဲ့ပါက သူတို့ ၂ ယောက်လုံး ယောင်မျိုးနွယ်နဲ့အတူ သေလမ်းသွားရနိုင်ပါတယ် ။
“ကျွန် . . . ကျွန်တော်ကတော့ သူနဲ့ တည့်မှာမဟုတ်ဘူး”
ဆောင်နန်မင်း အံ့ကြိတ်ကာ ပြောလိုက်ပါတယ် ။ အဲဒိတုန်း က သူဟာ သူ၏ ကိုယ်တစ်ခုလုံး ရစရာမရှိအောင် တိုက်ခိုက်ခံခဲ့ ရတာပါ ။ ကောင်းမွန်တဲ့ ဆေးအကူအညီသာ မရရှိခဲ့ပါက ပြန်ကောင်းဖို့ မျှော်လင့်ချက် လုံးဝကို မရှိပါဘူး ။
“ဟဟ ၊ အဲဒိတော့ ဘာကို မသင့်မြတ်နိုင်မှာလဲ ၊ ခု ယောင် မျိုးနွယ်လဲ ပျက်ဆီးသွားပြီ ၊ ချန် တွေက ဧကရာဇ်တွေ ဘာတွေလည်း ဂရုစိုက်တာမဟုတ် ၊ သူတို့တိုက်စရာရှိတာ တိုက်ကြတာ ။ ဒီအချိန်မှာ မင်းက အမိန့်သွားပေးချင်နေသေးတာလား”
ဆောင်ဝုလည်း ပြောပြီး ထွက်သွားပါတော့တယ် ။
ယောင်မျိုးနွယ်ရဲ့ ဥယျာဉ်ခြံဝန်းကြီးဟာ ခုတော့ ချန်မျိုးနွယ် ၏ နားခိုရာ အသစ် ဖြစ်သွားပါပြီ ။ စစ်ဖြစ်ကြတုန်းက ပျက်ဆီးသွားသော ဝင်ပေါက်နဲ့ အရှေ့ပိုင်း တို့ဟာ ချန်မျိုးနွယ်တို့ ဘုရင့် မြို့တော်မှာ နားခိုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြင်လိုက်ကြသောကြောင့် ကောင်းမွန်သွားပြီ ဖြစ်ပါတယ် ။
အရင်တုန်းက ယောင်မျိုးနွယ်နှင့် ပနံသင့်ခဲ့သည့် အင်အားစု များဟာ အလျင်အမြန်ပဲ ချန်မျိုးနွယ်တို့ထံ ချဉ်းကပ်လာကြပါတယ် ။ ဒီရက်တွေမှာ များစွာသော လူများဟာ ဆေးဘုရင်ခန်းမ သို့ လက်ဆောင်များလာပေးကြပြီး ၎င်းလက်ဆောင်များဟာ အလွန် ကောင်းမွန်ကြတယ် ။ ဒီထဲမှ ချန်ရှန်ဟာ ဆေးပင်အနည်း ငယ်ကိုသာ ယူပြီး အနားယူဖို့ ပြန်ခဲ့ပါတယ် ။
ချန်ဖုယွန်ကို သတ်ပြီးနောက် ချန်ရှန်ဟာ ၎င်း၏ အိတ်အတွင်းမှ စစ်မှန်သော ဝိဉာဉ်တော်ဒြပ်စင်ဆေးကို တွေ့ခဲ့ပါတယ် ။ ဒါဟာ အဆင့်မြင့် ဝိဉာဉ်တော်ဆေးပဲ ဖြစ်ပြီး အရမ်းကို ရှားပါးလွန်းတယ် ။ တောင်ပိုင်းအင်ပါယာ၏ ဆေးဘုရင်ဖြစ်တဲ့ မန်ဘိုတောင် ဒီလိုဆေးကို အောင်မြင်စွာ ပြုလုပ်နိုင်ရန် အလွန် ခက်ခဲလှပါ တော့တယ် ။
“ဒီဆေးမှာ အလွန်ကိုများပြားလှတဲ့ သန့်စင် ချီ ဓာတ်တွေ ပါဝင်တယ် ။ ဒါကိုစားပြီးရင် ဒီထဲပါတယ့် ချီဓာတ်တွေ က အရမ်းကို အကျိုးရှိစေတယ် ။ တကယ့်ကို ကောင်းမွန်တဲ့ ဆေး ပဲ ။ ငါဒါကို ကိုယ်တိုင်လုပ်နိုင်ရင် တော်တော် ပျော်မိမှာပဲ”
ချန်ရှန်ဟာ ထွင်းဖောက်မြင်နိုင်သော အခွံပုံစံရှိတယ့် ဆေး ကို ကြည့်နေပါတယ် ။ အလယ်မှာတော့ သန့်စင်သော အဖြူ ရောင် ချီ အလုံးလေးတစ်ခု ရှိနေတယ် ။
စုမေးယိုဟာ ချန်ရှန်၏ နဂါးမီးတောက် မီးဖိုအား ကိုင်ထား လျက်ရှိပြီး ဘိုင်ယုယုကတော့ ဘေးနားမှာ ရပ်နေပါတယ် ။ ဒီမီးဖိုအား ချန်ရှန်မှ သွေးစက်ချကာ ပိုင်ရှင်အဖြစ် သတ်မှတ်ပြီး တည်းက ဘိုင်ယုယုဟာ သိပ်တော့ မလန့်တော့ပါဘူး ။
စုမေးယိုက ပြောပါတယ် ။
“ဂိုဏ်းက ဆေးဆရာတွေသာ ဒီလို အဆင့်မြင့် ဝိဉာဉ်တော်ဆေးကို လုပ်နိုင်ကြတယ် ၊ ဒါကလည်း တော်တော် ခက်ခဲပါပေတယ် ။ ဒီလို ဆေးတွေ လုပ်နိုင်တဲ့ ဆေးဆရာမှ လည်း တကယ်ကို တော်တဲ့ ဆေးဆရာလို့ ခေါ်နိုင်မှာလေ”
လက်ရှိမှာ ချန်ရှန်ဟာ အလယ်အလတ်တန်းစား ဆေးများ ကိုသာ ကောင်းကောင်းလုပ်နိုင်သေးတာဖြစ်ပြီး အဆင့်မြင့်ဆေးတွေနဲ့ အဆင့်နိမ့် ဝိဉာဉ်တော်ဆေးများ လုပ်နည်းကိုတော့ သင်တုန်းပါ ။ ဒီအရာတွေ အောင်မြင်သွားရင်တော့ အင်အားကြီးမားတဲ့ ဂိုဏ်းတွေထဲကို ဦးတည်တော့မှာပါ ။
“အမတော်တို့ ၊ ဒီသိုင်းပညာဂိုဏ်းတွေထဲ ရောက်နေတဲ့ ယောင်မျိုးနွယ် စီနီယာကြီးတွေက ချန်မျိုးနွယ်ကို ကလဲ့စားချေ ဖို့ ပြန်လာနိုင်လား”
ချန်ရှန်မေးလိုက်ပါတယ် ။ သူဟာ ဒီလူတွေ ပြန်လာပြီး ကလဲ့စားချေမှာကို စိုးရိမ်နေလို့ပါ ။
“မင်းဒီမှာဖြစ်ပျက်တာတွေကို ဂိုဏ်းတွေက ကြားမှာကို မစိုးရိမ်ပါနဲ့ ၊ အဲဒိတုန်းက ချန်ဖုယွန် နဲ့ ဇန်လောင် တို့ စည်းကမ်း အရင်ဖောက်ပြီး အပြင်လောက က လူတွေကို တိုက်ခိုက်တာ ၊ သူတို့သေရင်တောင် လာစုံစမ်းနေမှာမဟုတ်ဘူး ။ ဘာလို့လဲ ဆိုတော့ သူတို့ ၂ ယောက်ဟာ ဂိုဏ်းရဲ့ အမြင်မှာ ဘာမှမဟုတ်လို့ပဲ ။ သူတို့ ၂ ယောက် အသက်အတွက် စည်းကမ်းတွေ ဖောက်ကြမှာ မဟုတ်ဘူး ။ တကယ်လို့ သူတို့လုပ်ရင်လည်း တခြား ဂိုဏ်းတွေက သူတို့ကို ရှုံ့ချအပစ်တင် ကြမှာမို့ပဲ”
စုမေးယို က ရှင်းပြလိုက်ပါတော့တယ် . . . ။
Chapter – 63
#ဆေးပညာရပ်ဒုက္ခများ
သိုင်းပညာဂိုဏ်းတွေဟာ များစွာရှိပြီး ၎င်းတို့ဟာ တစ်ဂိုဏ်း နဲ့ တစ်ဂိုဏ်း ဆန့်ကျင် အတိုက်အခံလုပ်ကြလေ့ရှိတယ် ။ ၎င်းတို့ ဟာ တစ်ဂိုဏ်းရဲ့အားနည်းချက်ကို တစ်ဂိုဏ်းက ရှာနေလေ့ရှိပြီး တစ်ဂိုဏ်းဂိုဏ်းက အမှားလုပ်တာကို စောင့်နေလျက် ရှိကြပါတယ် ။ ချန်ရှန် နည်းနည်းတော့ အံ့သြသွားမိတယ် ။ ဇန်လောင် လို အဆင့် ၈ သိုင်းပညာရှင်လိုလူတောင် ဘာမှ အရေးကြီးတဲ့လူ မဟုတ်ပါဘူး ။ ဒီလိုဂိုဏ်းတွေထဲမှာ များစွာသော စွမ်းအင်ပြည့်ဝတဲ့ ပညာရှင်တွေ များစွာ ရှိနေတာပါ ။ သာမန်မဟုတ်တဲ့ စွမ်းရည်တွေပိုင်ဆိုင်ပြီး အလားအလာကောင်းတဲ့ အနာဂတ်ရှိသူကိုသာ အရေးကြီးတဲ့လူအဖြစ် သတ်မှတ်ထားကြပုံပါပဲ ။
ဒီလိုတွေ ရှင်းပြပြီးနောက်မှာ ချန်ရှန်ဟာ ဆေးပညာနဲ့ ဆေးပင်စိုက်ပျိုးပုံတွေကို စတင်လေ့ကျင့် သင်ယူပါတယ် ။ သူဟာ ဝိဉာဉ်တော်ဆေးကို ယခု အသုံးမပြုပေးပါ ။ စုမေးယို နဲ့ ဘိုင်ယုယုက ချန်ရှန် သိုင်းပညာ သို့မဟုတ် ဆေးပညာ နယ်ပယ် တစ်ခု ခုမှာ အခက်အခဲရှိပြီး တစ် နေမှသာ အသုံးပြုရန် အကြံပေးသောကြောင့် ဖြစ်ပါတယ် ။
ချန်မျိုးနွယ်ဟာ ယောင်မျိုးနွယ်၏ ဆေးဈေးကွက်ကို ချုပ်ကိုင်ပြီးနောက်မှာတော့ ဈေးတွေအားလုံး ချပေးခဲ့တယ် ။ ဒီအချက်ကပဲ များစွာသော သိုင်းပညာလေ့ကျင့်သူများအား ချန်မျိုးနွယ်ကို ဝန်းရံရန် များစွာ တွန်းအားပေးစေတယ် ။ ဒါကြောင့် ချန်မျိုးနွယ်ဟာ အရမ်းကျော်ကြားလာပြီး သူတို့ရဲ့အပြုအမူများဟာ သူတို့ကို အင်အားတောင့်တင်းပြီး စွမ်းအားကြီးမားတဲ့ မျိုးနွယ် အဖြစ် အနာဂတ်မှာ ဖြစ်လာစေရန် ကူညီပေးပါတော့တယ် ။
ဒီလောကမှာ ရေများရေနိုင် မီးများမီးနိုင်ပါပဲ ။ ကာလရှည်ကြာစွာ ဂုဏ်သိက္ခာရှိရှိ တည်ရှိလာခဲ့သော ယောင်မျိုးနွယ် ဟာ တစ်ရက်ထဲဖြင့် ချန်မျိုးနွယ်ရဲ့ လက်အောက် ရောက်ရှိခဲ့ ရတယ် ။ ဒါဟာလည်း သူတို့စိုက်ပျိုးတာကို သူတို့ရိတ်သိမ်းရတာပဲ ဖြစ်ပါတယ် ။ သူတို့သာ ချန်မျိုးနွယ်ကို ရန်မစခဲ့ပါက သူတို့လဲ ယခုလို ဖြစ်လာလိမ့်မည် မဟုတ်ပေ ။
ယောင်မျိုးနွယ်အား တိုက်ခိုက်သိမ်းပိုက်ပြီးတည်းက ချန်ရှန်သူ၏ ဆေးပညာအတွက် အသုံးပြုရန် ဆေးပင်မရှားတော့ချေ ။ ယခုကိုပဲ သူဟာ ယောင်မျိုးနွယ်ပိုင် ဆေးဥယျာဉ်ထဲမှ ဆေးပင်အချို့ခူးကာ အဆင့်မြင့်ဆေး ပြုလုပ်ဖို့ ပြင်ဆင်နေပါပြီ ။ ဒီလိုအဆင့်မြင့် ဆေးလုပ်ရန်အတွက် အချိန်များစွာ ကုန်ဆုံးရသလို တန်ဖိုးကြီး ဆေးပင်များဟာလည်း များစွာ လိုအပ်ပါတယ် ။
အဆင့်မြင့်ဆေး အမျိုးစားဟာ သိပ်အများကြီးတော့ မရှိပါဘူး ။ ဒီထဲကမှပဲ အနည်းငယ်သော အမျိုးအစားကိုသာ ကျယ်ပြန့်စွာ အသုံးပြုကြတာပါ ။ ဒီလိုဆေးအမျိုးစားများကို ပြုလုပ်နိုင်တဲ့ ပညာရှင်များဟာလည်း တကယ့် ဆရာကြီးတွေပါပဲ ။ ဒါကြောင့် ဒီလို အဆင့်မြင့် အမျိုးအစား ဆေးများကို ချန်ရှန်ဟာ ပြုလုပ်ချင်တာဖြစ်ပြီး သူဟာ ထိုထဲမှ တစ်ခုကို ရွေးချယ်ခဲ့ပါ တယ် ။
“ဒီသာမန်အဆင့်မြင့်ဆေးရဲ့ အဆင့်ဟာ နည်းနည်းတော့ ကိုးရိုးကား ယားနိုင်တယ် ။ ငါဘယ်လိုရှင်းပြရပ ၊ ဒီ သိုင်းလောကမှာ အဆင့် ၁၀ အထက်ပညာရှင်တွေ များစွာရှိပြီး သူတို့အားလုံးဟာ ကြွယ်ဝကြတယ် ။ သူတို့လိုလူတွေဟာ လိုအပ်ချက်တွေ များတယ် ဒါကြောင့် သူတို့ ဆေးတွေဝယ်တဲ့အခါ ဒီလိုသာမန်ဆေးတွေ ကို မရွေးချယ်ကြပဲ အဆင့်နိမ့် ဝိဉာဉ်တော်ဆေးလောက်သာ အတော်အသင့် ရွေးချယ် ဝယ်ယူကြတယ် ။ နောက်ပြီး ဝယ်ရင် လဲ အများကြီးဝယ်ကြပြီး အဲဒါတွေကို စားတဲ့အခါ အကျိုးများစွာ ရှိတယ်လေ”
စုမေးယို ပြောလိုက်တာပါ ။
ချန်ရှန် ပြန်မေးလိုက်တယ် ။
“ဒါဆို ဆိုလိုချင်တာက အဆင့် ၈ ၉ ပညာရှင်တွေက နည်းနည်း မချမ်းသာ လောက်ဖူးလို့ ဆိုလိုတာလား”
“အမှန်ပဲ ၊ သူတို့ရဲ့ ချမ်းသာမှုနဲ့ မော်တယ်အဆင့် သာမန် ဆေးတွေကိုသာ ဝယ်နိုင်ကြလိမ့်မယ် ၊ ဝိဉာဉ်တော်ဆေးတွေ မတတ်နိုင်ဖူး ၊ ဒါပေမယ့် မင်းသိရမှာက ဒီမော်တယ်အဆင့် သာမန်ဆေးတွေဟာ အဆင့် ၈ ၊ ၉ ပညာရှင်တွေအတွက် သိပ်တော့ သိသိသာသာ အကျိုးမဖြစ်ထွန်းစေဘူး ဆိုတာပဲ”
စုမေးယို ပြန်ဖြေလိုက်ပါတယ် ။
“ဒါကြောင့်မို့ မင်းဟာ အဆင့်မြင့်ဆေးထဲမှာမှ တန်ဖိုးအကြီး ဆုံးဆေးတွေဖြစ်တဲ့ - ချီ ပျိုးထောင်ဆေး ၊ ဒြပ်စင်ဆေး နဲ့ အရသာပြောင်း ဆေး တို့ကိုပဲ ကျွမ်းကျင်အောင် လုပ်ရမယ်”
စုမေးယိုက ထပ်ပြောလိုက်တာပါ ။
ချန်ရှန် ဒီဆေးတွေဟာ တကယ်ကို တန်ဖိုးကြီးတယ်ဆိုတာ သိပြီးသားပါ ။ ဒီဆေးတွေ သုံးစွဲပါက ၎င်းတို့ရဲ့ အာနိသင်ဟာ အရမ်းကို သိသိသာသာကို အထောက်အကူပြုပါတယ် ။ ချီပျိုး ထောင်ဆေးဟာ လူတစ်ယောက်၏ ချီဓာတ်များအရည်အသွေး ကို သန့်စင်စေပြီး ချီဓာတ်အသစ်များ ပျိုးထောင်ပေးတဲ့ နေရာ မှာ အသုံးပြုပါတယ် ။
ဒြပ်စင်ဆေးကတော့ ချီလည်ပတ်မှုအားကို ကောင်းမွန် မြန်ဆန်စေတာပါ ။ ၎င်းကို သုံးစွဲပြီးပါက များစွာသော ဝိဉာဉ်တော် ချီဓာတ်များဟာ ထွက်လာပြီး သုံးစွဲသူ၏ ဝိဉာဉ်တော် ချီဓာတ် များ နှင့် ဝိဉာဉ်တော် အတွင်းအားများကို အသုံးပြုစရာမလိုပဲ ချီဓာတ်များအား သန့်စင်ပြုလုပ်ပေးမှာပဲ ဖြစ်ပါတယ် ။
နောက်ဆုံးအရသာပြောင်းဆေးကတော့ အတွင်းပိုင်းရှိ ချီဓာတ်များကို ဝိဉာဉ်တော် စွမ်းအားများအဖြစ် ပြောင်းလဲပေး တာ ဖြစ်ပြီး အဓိကအားဖြင့် နတ်အတွင်းအားအာရုံများ ကို ပိုမို အားကောင်းလာစေတာ ဖြစ်ပါတယ် ။
ချန်ရှန်မှာ နဂါးမီးတောက် မီးဖိုရှိတာဖြစ်ပြီး ဒီလို ထူးခြားလှတဲ့ နဂါးအသုံးအဆောင်ပစ္စည်းဖြင့် အချိန်မကုန်လျင်မြန်စွာ ဆေး များ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် ။
တချို့ဆေးများဟာ ပြုလုပ်ရန် နှစ်များစွာ သို့မဟုတ် ဆယ်စုနှစ်တွေ လောက်တောင် အချိန်လိုအပ်ပါတယ် ။ ဒီ နဂါးမီးတောက် မီးဖိုဖြင့်သာ ဆိုပါက ချန်ရှန်အတွက် အချိန်နည်းနည်း လေးပဲ လိုအပ်မယ် ဖြစ်ပါတယ် ။
ချန်ရှန်ဟာ ဒြပ်စင်ဆေးကို အရင်ပြုလုပ်မှာပါ ။ ဒီဆေးကို သူ့ ကိုယ်တိုင်အတွက် လိုအပ်နေတာဖြစ်ပြီး သူ၏ စွမ်းအားများ တိုး တက်လာစေရန်အတွက် ဖြစ်ပါတယ် ။ အဆင့် ၉ သာ သူ ရောက် ရှိပါက အင်အားကြီး ဂိုဏ်းကြီးများအတွင်း ဝင်ရောက်တော့မှာပါ ။
ဒီဆေးကို ပြုလုပ်ဖို့အတွက် အဓိက ပါဝင်ပစ္စည်း ၃ မျိုး လို အပ်ပါတယ် ။ အများကြီးလိုအပ်တာ မဟုတ်ပေမဲ့ ၎င်းတို့ဟာ နှစ် ၅၀၀ အထက် သက်တမ်းရှိတဲ့ ဆေးပစ္စည်းတွေဖြစ်ပါတယ် ။ တခြား လိုအပ်တယ့် အမျိုး ၂၀ လောက်လည်း ရှိပါသေးတယ် ။ သက်တမ်းအရင့်ဆုံးက နှစ် ၁၀၀ သက်တမ်းဖြစ်ပြီး အနုဆုံးကတော့ နှစ် ၅၀ ၊ ၆၀ လောက်သက်တမ်းရှိကြတာပါ ။ ဘယ်လောက်တန်ဖိုးကြီးတဲ့ ဒြပ်စင်ဆေးလဲဆိုတာ တွေ့နိုင်ပါ တယ် ။ ဒါကိုလုပ်လို့ မအောင်မြင်တဲ့ ဆေးဆရာများဟာ စိတ်ဓာတ်ကျပြီး ငိုကြွေးကြလောက်ပါတယ် ။
“ဒီကျောက်တုံးနဲ့တူတယ့် အသီးက တကယ်ကို မျက်လှည့် ဆန်ဆန်ပဲ ဟဟ”
ချန်ရှန် စပြုလုပ်နေပါပြီ ။ မူလက ဒီဆေးပင်များကို ယောင် မျိုးနွယ်မှ ပိုင်ဆိုင်ပြီး လေးစုံစာသာ ရှိတာပါ ။ တစ်စုံချင်းဆီဟာ ငွေစ ၁၀၀၀၀၀ ထက်ပိုတဲ့ တန်ဖိုးရှိပါတယ် ။
နဂါးမီးတောက်မီးဖိုဟာ ဆေးပြုလုပ်ရာ အလွန်သင့်တော်ပြီး အပူချိန်ကို လိုသလို ထိန်းချုပ်နိုင်ပါတယ် ။ ဒါပေမယ့် ဒီဆေးပင် တစ်ခုချင်းဆီရဲ့ အပူချိန်ဒီဂရီကိုမသိပါက ဒီမီးဖိုလဲ အလကား အသုံးမဝင် ဖြစ်ပေလိ့မ်မည် ။
ဒီအချိန်မှာ ချန်ရှန်ဟာ သူ၏ နတ်အတွင်းအားအာရုံများကို အပိုင်း ၂၀ လောက်ထိ ခွဲခြမ်းစိတ်ဖြာလိုက်ပြီး မီးဖိုထဲရှိ ဆေးပင် အမျိုး ၂၀ အား အာရုံခံလျက် ထိန်းချုပ်နေပါတယ် ။ ဒါတင်မက ဒီဆေးပင်တွေကို တချိန်ထဲမှာ ဆေးဖက်ဝင်အမှုန်များအဖြစ် တိကျစွာ လောင်ကျွမ်းစေရမှာပါ ။ တနည်းအားဖြင့် ချန်ရှန်ဟာ သူ၏ ဦးနှောက်ကို များစွာသော ဆေးပင်များ ဆေးဖက်ဝင် ဝိဉာဉ်တော် ချီဓာတ်များ အဖြစ် သန့်စင်ရန် အပြည့်အ၀ အသုံးချနေရတာပါ ။ နတ်အတွင်းအားအာရုံစူးစိုက်မှုကိုလည်း များစွာအသုံးပြုရတာဖြစ်ပါတယ် ။ ဒါပေမယ့် မီးဖိုဟာ အထိုက်အလျောက် အာရုံခံနိုင်စွမ်းများပေးသောကြောင့် ချန်ရှန်အတွက် အနည်းငယ် ခံသာပါတော့တယ် ။
ချန်ရှန်၏ နတ်အတွင်းအားအာရုံများအား မီးဖိုထဲသို့ တနေ့ လုံး ထည့်သွင်းထားရတယ် ။ ဒါပေမဲ့ ဒါဟာ ပြောပလောက်တဲ့ အချိန် မဟုတ်ပါဘူး ။ နောက်ပြီး မီးဖိုကလည်း အထဲမှာ အချိန်တွေကို လျော့ချပေးတယ့်အတွက် အတွင်းနဲ့အပြင် အချိန် ကွာခြားမှုဟာ တော်တော်ခြားနားပါတယ် ။
“တောက် ၊ ခုမှပြီးတော့တယ်”
ချန်ရှန် ချွေးများထွက်လျက် မီးဖိုမှ အရောင်စုံလှသော အခိုး များထွက်လာတာကို စောင့်ကြည့်ရင်းပြောတာပါ ။ ငွေစကြီး ၁၀၀၀၀၀ ထက်ပိုတဲ့တန်ဖိုးကို ရုတ်တရက် အခိုးအငွေ့ရောင်စုံ များ ပြုလုပ်လိုက်တာပဲ ဖြစ်တယ် ။
“နဂါးမီးတောက်မီးဖိုရဲ့ အားသာချက်က တစ်ခုခုဆိုတောင် မပေါက်ကွဲဘူး”
စုမေးယို ပြုံးလျက် ပြောလိုက်ပါတယ် ။
“အမတော် မေးယို ၊ ကျွန်တော့ကို မစပါနဲ့ဗျ”
ချန်ရှန် ရေရွတ်လိုက်တယ် ။ ခုနကပဲ သူဟာ သံဒြပ်စင်သီး လို့ခေါ်တယ့် ဆေးပစ္စည်းကို မီးရှို့ပြာချ လိုက်မိပါတယ် ။ အဘယ် ကြောင့် ဆိုသော် ဒီသံဒြပ်စင်သီးဟာ သူထင်သလောက် မမာလို့ ပါ ။ သူခုနက ပြုလုပ်တုန်းက ၎င်းဟာ ဘာမှမဖြစ်သောကြောင့် အပူချိန်အား ရုတ်တရက် တိုးလိုက်ပါတယ် ။ ဒီအသီး မျက်စိတ မှိတ်အတွင်း ပေါက်ကွဲထွက်သွားမယ်လို့ မည်သူပြောနိုင်မည် နည်း ၊ ဒီပေါက်ကွဲမှုမှ ထွက်လာတဲ့ ချီဓာတ်တွေဟာ တခြား ဆေးဖက်ဝင် အမှုန်တွေ နဲ့ ဆေးဖက်ဝင် ဝိဉာဉ်တော် ချီဓာတ် များအား ဆိုးရွားစွာသက်ရောက်ခဲ့ရတယ် ။ ဒီပေါက်ကွဲမှုနဲ့ အတူ အားလုံးဟာ အဆုံးသတ် သွားခဲ့ရပါတော့တယ် ။
“ငါမင်းကို ဒီအသီးက အရမ်းမာတယ်လို့ ပြောခဲ့တယ် ။ ငါဒီ အသီးကို သုံးတုန်းကလည်း အကြိမ်ကြိမ် မအောင်မြင်ခဲ့ဘူး ၊ ခု ငါ့မျက်စိရှေ့မှာ တခြားလူက မအောင်မြင်တာကို မြင်တော့ ငါ ပျော်လို့ပဲ”
စုမေးယို သူမ၏ နှင်းဆီရောင် လျာလေးအား ထုတ်ပြပြီး ရယ်မော ပြောဆိုနေပါတယ် ။
ချန်ရှန် ဆေးလုပ်နေတိုင်း စုမေးယိုဟာ ထွက်လာလေ့ရှိ တယ် ။ တခါတရံ သူမဟာ ချန်ရှန်၏ ချွေးများကို သုတ်ပေးလေ့ ရှိပြီး အမြဲ သူ့အား အားပေးလေ့ရှိသူပါ ။ သူမဟာ ဒီဆယ်ကျော် သက် လူငယ်လေးအား သွေးဆောင်သလို ဖြစ်နေပါတော့တယ်။
ချန်ရှန် သူ၏ နှုတ်ခမ်းများကို ကွေးလျက် ပြောပါတယ် ။
“အမတော် ကတော့ ပြောင်နိုင်နေတယ် ။ ကျွန်တော့အတွက်က နည်းလမ်းမရှိတော့ဘူး ။ ဒီမှာ ဆေးပင်တွေက သုံးစုံစာပဲ ကျန်တော့တာ”
စုမေးယို ဆေးပညာရှင်အဖြစ် ကြိုးစားတုန်းကတော့ မည်သို့ ပေါကြွယ်သလဲမသိပါ အကြိမ်များစွာတောင် ကျရှုံးဖူးတယ်တဲ့ ။
“ကောင်းပါပြီကွာ ၊ မင်းကို ထပ်ပြီး စိတ်ပျက်အောင် မလုပ်တော့ပါဘူး ။ ငါအတိတ်ကို သတိရသွားလို့ပါ”
စုမေးယို ပိုးသားလက်ကိုင်ပဝါလေးအား ထုတ်လျက် ပြုံးပြီး ပြော ပါတယ် ။ ထို့နောက် ချန်ရှန်နားလာကာ သူ၏ မျက်နာပေါ် မှ ချွေးများအား သုတ်ပေးပါတော့တယ် ။
ချန်ရှန်လည်း စုမေးယို ထံမှ ကိုယ်သင်းရနံ့လေးများကို ရှူရှိုက်မိနေတယ် ။ သူမ၏ လှပသွယ်လျသော လက်ကလေး သူ၏ ပါးပေါ်တွင်ထိနေသည်မှာ ဖော်မပြနိုင်သော ခံစားမှုမျိုးကို ခံစားမိ နေစေပါတော့တယ် ။
ဒီလို ခဏကြာနားပြီးနောက်မှာတော့ ချန်ရှန် ပြန်လည် စတင်ပါတော့တယ် ။
ဒုတိယ အကြိမ်မှာလည်း ဒီအသီးကြောင့်ပဲ သူဟာ ကျရှုံးခဲ့ ပြန်ပါတယ် ။
တတိယအကြိမ်မှာတော့ ဒီအသီးရဲ့ ပြသနာကို ကောင်းစွာ ဖြေရှင်းနိုင်သွားပြီဖြစ်ပါတယ် ။ ဒါပေမယ့်လည်း နောက်ဆုံးဆေး အဖြစ် ခဲ ခြင်းအဆင့်မှာ များစွာသော ဆေးဖက်ဝင် အမှုန်များ နဲ့ ဆေးဖက်ဝင် ဝိဉာဉ်တော် ချီဓာတ်များ ပေါင်းစပ်ခြင်းကို မထိန်း ချုပ်နိုင်ခဲ့ပြန်ပါဘူး ။ ပေါက်ကွဲမှုလေး အနည်းငယ် မီးဖိုထဲ ဖြစ်သွားပါတော့တယ် ။
“အဖေတော့ ကျိန်းသေ ဆူတော့မှာပဲ ၊ ၂ နာရီအတွင်း ငွေစ ကြီး ၄၀၀၀၀၀ လောက်ကို ဖြုန်းတီးမိပြီ”
ချန်ရှန် မြေကြီးပေါ် လှဲချလိုက်တယ် ။ အခန်းလေးထဲ လွင့်ပျံနေတယ့် အခိုးအငွေ့များအား ကြည့်ကာ တော်တော် ကြီး စိတ်ဓာတ်ကျနေပါတော့တယ် . . . ။
Chapter – 64
#အဆိပ်အပ်
ချန်ရှန် ဆေးပညာကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာပြီး ဆေး အမြင့်တွေ ထုတ်ဖို့ ကြိုးစားလေ ဘာကြောင့် တကယ်ကိုတော်တဲ့ ဆေးပညာရှင်တွေ နည်းပါးလေဆိုတာကို နားလည်လေပါပဲ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လူအများစုဟာ ဆေးပင်တွေကို မတတ်နိုင်လို့ ပါ ။ ချန်ရှန်လို အလွန်ပါရမီ ရှိပြီး နဂါးမီးတောက် မီးဖို ရှိသောသူတောင် ဒီလို အဆင့်မြင့် ဆေးအမျိုးအစားကို ကြိုးစားပြုလုပ်ရာမှာ ချရှုံးမှုတွေ ရှိနေဆဲပါ ။
“အမတော် မေးယို ၊ ကျွန်တော့ကို အားရှိအောင် အနမ်းလေး တစ်ပွင့်လောက် ပေးနိုင်မလား ၊ ဆက်တိုက်ကို မအောင်မြင်ဖြစ် နေ တာ ကျွန်တော်တော့ကြောက်တောင်နေပြီ”
ချန်ရှန် ရှက်တတ်တတ် ပြောဆိုပြီး ထို့နောက် အရူးတစ် ယောက်လိုပင် အော်ရယ်ပါတော့တယ် ။
“လူလိမ်လေး ၊ ငါ့ကိုတောင် အရူးတစ်ယောက်လို လာက စားဖို့ ကြိုးစားနေသေးတယ် ။ ငါ့ကို ဟာသလုပ်တာတော့ ကောင်းပါတယ် ။ မင်းငါ့ အမကျ ဒီလိုမပြောရဲဘူးမလား ။ မင်းမျက်နာတစ်ခုလုံး ရက်အတော်ကြာ ယောင်ကိုင်းသွားမှာ”
“ဒါပေါ့ ၊ ကျွန်တော်သိပါတယ် အမတော် မေးယို ၊ ပထမ တစ်ခါတောင် အနမ်းပေးပြီးပြီပဲ ၊ နောက်တစ်ခါတွေဆိုတာ ဘာမှ မဖြစ်ဘူးမလား”
ချန်ရှန် ရယ်မောကာ ပြန်ပြောလိုက်ပါတယ် ။
ဒီအဖြစ်ဟာ ချန်ရှန် ဒီနဂါးမီးတောက် မီးဖိုကို အနိုင်ရရှိတုန်း က စုမေးယို အနမ်းပေးလိုက်ဖူးပါတယ် ။ ထိုအခိုက်အတန့်ကို ချန်ရှန်ဟာ သတိရ စဉ်းစားနေဦးမယ်လို့ သူမ မမျှော်လင့်မိပါဘူး။
“ကောင်းမွန်တဲ့ကြိုးစားမှုပဲ ၊ ဒါကိုမင်းထပ်ပြောရင် မင်းကို ငါလျစ်လှူရှု လိုက်တော့မယ် ။”
စုမေးယို ခပ်တိုးတိုး ပြောလိုက်ပါတယ် ။ ချန်ရှန်အား ထိုနေ့ က အနမ်းပေးလိုက်ခြင်းအကြောင်း စဉ်းစားမိတော့ စုမေးယို တစ်ယောက် ရီဝေေ၀ ဖြင့် ရှက်မိသွားပါတယ် ။ ဒီလိုအပြုအမူ ဟာပဲ အရမ်းကို ချစ်စဖွယ် ဖြစ်နေသောကြောင့် ချန်ရှန်တစ် ယောက် မိန်းမောသွားပါတော့တယ် ။
“ဟဟ ၊ မြန်မြန် ဆေးသွားလုပ်တော့”
စုမေးယို ၏ မျက်နာ နီသထက်နီလာကာ ခြေဆောင့်လျက် ပြောပါတယ် ။ သူမ၏ အသံဟာ ဒေါသဖြစ်နေပေမယ့် စွဲဆောင် မှု ရှိလျက်ပါပဲ ။ ထို့နောက် အဖြူရောင် အလင်းတန်းအဖြစ် ကွင်း ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားပါတော့တယ် ။
ချန်ရှန်ဟာ နည်းနည်းတော့ စိတ်အလိုမကျ ဖြစ်သွားတယ် ။ ဒီအလှလေးရဲ့ အသည်းနှလုံးကို ရဖို့ သူအရင်ဆုံး ပိုမို စွမ်းအား ကြီးဖို့ လိုအပ်ပါတယ် ။ ထို့နောက် ခက်ခဲလှသော ဆေးကို မလုပ်ခင် အနည်းငယ် အနားယူလိုက်တယ် ။ ဒီတကြိမ်မှာသာ ကျရှုံးပါက နောက်ထပ် ပြုလုပ်ရန် ဆေးပင်များ ဝယ်ရတော့မှာပါ ။
နာရီဝက်လောက် ကြာပြီးနောက် ချန်ရှန်၏ ကိုယ်ပိုင်အခန်း ငယ်လေးထဲမှ ရယ်သံများ ထွက်ပေါ်လာပါတော့တယ် ။
“ဟားးဟားးဟားး ၊ နောက်ဆုံးတော့ ငါအောင်မြင်ပြီ ။ နေ့တဝက်နဲ့ ဒီ ဒြပ်စင်ဆေးကို ဘယ်လိုအောင်မြင်အောင် လုပ်ရ မလဲဆိုတာ သိပြီကွ ဟားဟားး”
စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာလဲ ဒီမနှစ်မြို့ဖွယ် ရယ်သံကြီး ကြောင့် ချက်ချင်းပင် ကွင်းလေးထဲမှ ထွက်လာကြပါတယ် ။
“နောက်တစ်ခါ ဒီလို မနှစ်မြို့ဖွယ် အသံဆိုးကြီးနဲ့ မရယ်စမ်း နဲ့ ၊ အဲလိုမှ မဟုတ်ရင် မင်းသွားတွေအကုန် ရိုက်ချိုးလိုက်မယ်”
ဘိုင်ယုယု၏ ရေခဲသံကြီး ထွက်ပေါ်လာပါတယ် ။ ဒါဟာ ချန်ရှန်ရဲ့ အပျော်တွေ သဲထဲရေသွန် ဖြစ်သွားသလို ခံစားလိုက် ရပါတယ် ။ သူချက်ချင်းပဲ ရယ်တာကို ရပ်လိုက်ပြီး ပါးစပ်ပိတ် သွားပါတယ် ။ သူတကယ်ပဲ ဘိုင်ယုယု သူ့သွားတွေ ချိုးပစ်မှာကို ကြောက်သွားပုံပါပဲ ။
စုမေးယို ဒါကို မြင်သွားတဲ့အခါ တခစ်ခစ် ရယ်မောပါတော့တယ် ။
မီးဖိုကို ဖွင့်လိုက်တဲ့အခါမှာတော့ နဂါးမျက်လုံးအရွယ်အစား ရှိတယ့် အဖြူရောင် ဆေး ၅ လုံးဟာ ပေါ်လာပါတယ် ။ ၎င်းတို့မှ ဝိဉာဉ်တော်ချီဓာတ်များဟာလည်း ထွက်နေလျက်ပါ ။ ဘယ် လိုပဲဖြစ်ဖြစ် ဒီဆေးတစ်လုံးဟာ ငွေစကြီး ၈၀၀၀၀ တန်ကြေး ရှိ ပါတယ် ။
“ဒီကောင်လေးက တော်တော် မနာလိုချင်စရာ ကောင်း တယ် ။ သူ အနည်းဆုံး အကြိမ်ဒါဇင်လောက်တော့ မအောင်မြင်ဘူးထင်ထားတာ ခုတော့ ၂ ကြိမ် ၃ကြိမ်နဲ့ အောင်မြင်သွားပြန်ပြီ ၊ သူက အမြဲဒီလိုပဲ”
စုမေးယိုဟာ သူမ၏ ရင်ထဲ အလွန်ပျော်ရွှင်နေပုံဖြင့် နှုတ်ခမ်း စူလျက် ပြောပါတယ် ။ တော်တော်စွဲမက်စရာပုံလေး ပါပဲ ။
ချန်ရှန်ဟာ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိသော်လည်း ထူးဆန်းသောမျက်နာထားနဲ့ တစ်ခုခုကို ပြောဖို့ စဉ်းစားနေပုံပါ .။
“ဒါဟာ အမတော် စုမေးယိုရဲ့ လမ်းညွှန်ပြသမှု နဲ့ အမတော် ယုယု ရဲ့ . . .”
“ငါ လုပ်တာ တစ်ခုမှမပါဘူး”
ဘိုင်ယုယု သူ့စကား မဆုံးခင်ပဲ ဖြတ်ပြောလိုက်ပါတယ် ။
“ဒါပေါ့ ၊ အမတော် ယုယု က အမြဲပါပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့ နှလုံးသားထဲမှာနတ်သမီးလေး၂ယောက်ရဲ့ စွမ်းအင်တွေ ပြန်လည်ရရှိအောင် ဘယ်လို ကူညီရမလဲပဲ စဉ်းစား နေမိလို့ပါ”
ချန်ရှန် ပြုံးစိစိဖြင့် ပြောလိုက်ပါတယ် ။
ဘိုင်ယုယု ဟာ ချန်ရှန်သူမကို မြှောက်ပင့်ပြီး ဖားနေမှန်း သိပါတယ် ။ ဒါပေမယ့်လည်း အနည်းငယ်တော့ ကျေနပ်သွားပုံပါ ပဲ ။
“နောင်ပိုင်း မင်းနည်းနည်း အားစိုက်ထား ၊ ငါမင်းကို နတ်မိစ္ဆာကျင့်စဉ်တွေ သင်ပေးရင် ပြင်းထန်မှာမို့ပဲ”
ဘိုင်ယုယု ပြောလိုက်တာပါ ။ ပြောပြီးပြီးချင်းပဲ ကွင်းလေးထဲ ဝင်သွားပါတော့တယ် ။
“ကောင်လေး ၊ မြန်မြန်သောက်ပြီး ဆေးလုပ် မင်း အဆင့် ၉ ကို အစောကြီး ရောက်သွားလိမ့်မယ်”
စုမေးယို ကွင်းထဲပြန်မဝင်ခင် သူ၏ ချွေးများကို သုတ်ပေး သွားပါသေးတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် ၊ ချန်ရှန်ဟာ ချက်ချက် ဆေးကို မသောက်ပါဘူး ။ ဒါပြီးနောက် ချန်ရှန်ဟာ စုမေးယိုကို ပြန်ခေါ်ကာ ကျန် ဆေး ၂ မျိုးအား ပြုလုပ်နည်းကို သင်ကြားပေးရန် တောင်းဆိုပါ တယ် ။ စုမေးယိုလည်း စိတ်ပါလက်ပါ သေချာ ပြောပြပေးပါ တယ် ။
အရသာပြောင်းဆေးဟာ ဒီအထဲမှာ အခက်ခဲဆုံးပါ။ ဆေးပင်တွေကလည်း ဈေးအကြီးဆုံးပါပဲ ။ ဒါကြောင့် ဒီဆေးဟာ အရမ်းကို တန်ဖိုးရှိကာ ဈေးလဲ အရမ်းကြီးပါတယ် ။ ဒါဟာ ဘာကြောင့်လဲဆိုရင် နတ်အတွင်းအား အာရုံတွေကို ၎င်းဟာ တိုး တက်ကောင်းမွန်လာစေလို့ပါ။ သိထားစရာ အရေးကြီးအချက် ကတော့ နတ်အတွင်းအား အာရုံဟာ စစ်မှန်သော ချီဓာတ်များ အား ထုတ်လွှတ်ဖို့ထက် ပိုမို ခက်ခဲပါတယ်။ ဒါတင်မက များစွာ သော စွမ်းအားကြီးကျင့်စဉ်တွေကို ၎င်းတို့ရဲ့ လိုအပ်ချက်အလိုက် ကျင့်ကြံဖို့လည်း လိုအပ်ပါသေးတယ် ။
ချန်ရှန်ဟာ ဒီဆေး ဘယ်လောက်ခက်တယ် ဆိုတာကို သိသောကြောင့် သတိထားပြီး လုပ်တာတောင် ပထမဆုံး အကြိမ် မှာ မအောင်မြင်ခဲ့ပါဘူး ။ ထို့နောက်မှာတော့ အောင်မြင်စွာ ပြု လုပ်နိုင်ရုံသာမက တခါတည်းဖြင့် ၆ လုံးရအောင် ပြုလုပ်နိုင်သဖြင့် အလှပဂေးလေး ၂ ယောက်တောင် အံ့သြလျက် မျက်နာများပင် ဖြူလျော်လျော် ဖြစ်သွားခဲ့ပါတယ် ။ ၎င်းတို့ ၂ ယောက်ဟာ စိတ်လှုပ်ရှားလျက်ရှိပြီး ချန်ရှန်ဟာ နောင်အနာဂတ်မှာ ဆေးပညာ ပါရမီ ရှင်တစ်ယောက်ဖြစ်ပြီး ဆေးလောကမှာ ထိပ်ရောက်လိမ့်မယ်ဆိုတာ အသေအချာ သိနေကြပါတော့တယ် ။
ဒီ အရသာပြောင်းဆေးအတွက် ပါဝင်ပစ္စည်းဟာ လေးစုံစာ ရှိတာ ဖြစ်ပြီး ချန်ရှန်ဟာ ၁ ကြိမ်သာ ကျရှုံးခဲ့သောကြောင့် ၃ စုံစာ အတွက် ဆေး ၁၈ လုံး ရှိနေပါပြီ။ တစ်လုံးစာဟာ ငွေစကြီး ၁၀၀၀၀၀တန်သောကြောင့် စုစုပေါင်းအားဖြင့် ၁၈၀၀၀၀၀ ရနေ ပြီ ဖြစ်ပါတယ် ။ ဆေးတစ်စုံစာအတွက် ကုန်ကျစရိတ်မှာ ၁၅၀၀၀၀ ပဲရှိပြီး သူဟာ တစ်စုံကို ၆ လုံးပြုလုပ်နိုင်တာ ဖြစ်ပါ တယ်။ ချန်ရှန်ဟာ တကယ် ကံကောင်းတဲ့လူပါပဲ ။
“ကောင်လေး ၊ မင်းအခု အနားယူတော့ မလို့လား ၊ ငါတို့ မင်း ဝိဉာဉ်တော်အဆင့်ဆေးတွေ အောင်မြင်အောင် လုပ်တာကို စောင့်နေတယ် ။ ဆင်ခြင် ထပ်မပေးနဲ့”
စုမေးယိုက ပြောလိုက်တာပါ ။ သူမဟာ ချန်ရှန်၏ ဆေးပညာပါရမီကြောင့် တော်တော် အံ့သြလျက် ပျော်နေပါတယ်။ ဒါပေမယ့်လည်း သူမဟာ ချန်ရှန်ကို ဒီအောင်မြင်မှုကြောင့် သိပ်ပြီးလည်းဂုဏ်ယူ မဝင့်ကြွားစေချင်ပါ ။
ချန်ရှန်လည်း သူ၏ ခေါင်းကိုညိတ်လျက် တုံ့ပြန်လိုက်ပါတယ်။ ညနေပိုင်းမှာတော့ ချန်ရှန်ဟာ ဆေးများစားလိုက်ပြီး မြို့ပြင်သို့ လေ့ကျင့်ရန် ထွက်လာပါတယ်။သူဟာ ချီဓာတ်များ ကို ပြုလုပ်နေရုံသာမက သူ၏ အတွင်းအပြင်ခန္ဓာကိုယ်ကို နည်းများစွာသုံးပြီး သန့်စင်နေပါတယ် ။ ဒါဟာ သူ၏ ကိုယ်အား ပိုမိုစွမ်းအားကြီးစေရုံသာမက စစ်မှန်သော ချီဓာတ်များကို ဝိဉာဉ်တော်ချီဓာတ်များ အဖြစ် လျင်မြန်စွာ ပြောင်းလဲပေး နိုင်ပါတယ် ။
တစ်လလောက် ချန်ရှန်ဟာ ဒီအသုံးများတဲ့ ဆေးသုံးမျိုးကို ရင်းနှီးကျွမ်းဝင်လာပြီး ပြုလုပ်နိုင်လာပါတယ်။ ဒါတင်မက သိပ်အသုံးမတွင်ကျယ်တဲ့ ဆေးများကိုလည်း သူ၏ ဆေးပညာစွမ်းရည်များ တိုးတက်လာစေရန် ပြုလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ပိုမို ကျွမ်းကျင်စိတ်ချရအောင် တခြားသော မီးဖိုများဖြင့် ဆေးများ ပြုလုပ်ခဲ့ပါသေးတယ်။ တခြားသောမီးဖိုများနဲ့ ပြုလုပ်ရာမှာ အစပိုင်းတွင် အနည်းငယ်သော မအောင်မြင်မှုများ ရှိခဲ့သော် လည်း နောက်ပိုင်းတွင် အောင်မြင်ခဲ့သည်ချည်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်တော့ ကြာမြင့်လျက်ပါ ။
ဥပမာအားဖြင့် - ဒြပ်စင်ဆေးကို နဂါးမီးတောက်မီးဖိုတွင် ပြုလုပ်ရန် နာရီဝက်သာ ကြာသော်လည်း တခြားမီးဖိုမှာတော့ တစ်ရက်လုံး အချိန်ကုန်ပါတယ် ။
တစ်လဖြင့် ချန်မျိုးနွယ်ဟာ ဘုရင့်မြို့တော်မှာ တည်ငြိမ်လာပြီး သူတို့၏ ဆေးဈေးကွက်ဟာလည်း ကျယ်ပြန့်လာပါတယ်။ ၎င်းတို့ ရောင်းသော ဆေးများဟာ အလွန်ဈေးသက်သာသော်လည်း အရည်အသွေးမှာတော့ များစွာ ကောင်းမွန်သောကြောင့် လူတွေဟာ အရမ်းကို အားပေးကြပြီး ငွေများစွာ ရရှိနေပါပြီ ။
မနက်ပိုင်းမှာတော့ ချန်ရှန်ဟာ မြို့ပြင်ဘက်မှာရှိတဲ့ ချန်မျိုးနွယ် အိမ်တော်ကြီးသို့ ပြန်လာခဲ့ပါတယ်။ ရေချိုးပြီးနောက်မှာတော့ အိမ်တော်ထိန်းကြီး လာမာ ဟာ အလောတကြီး ထွက် လာတာကို တွေ့လိုက်ရပါတယ် ။
“သခင်လေး ၊ သခင်ကြီးတော့ တစ်ခုခုဖြစ်နေပြီ”
လာမာ ကတိုက်ကရိုက် ပြောပါတယ် ။
“ဘာဖြစ်တာလဲ ၊ ပြောပါဦး”
ချန်ရှန် အမြန်ပဲ မေးလိုက်တယ် ။
“လွန်ခဲ့တယ့် ၁၀ ရက်တုန်းက ခေါင်းဆောင်ဟာ ကိစ္စရှိလို့ ထွက်သွားတာ ပြန်လာတော့ အဆိပ်မိနေတယ်။ ခု တခြားသော အကြီးအကဲများသာမက မန်ဘိုပါ သူတို့ရဲ့ ချီဓာတ်တွေနဲ့ အဆိပ်ကို ဖြေပေးနေကြတယ် ။ သခင်ကြီးတော့ အသက်ဘေး စိုးရိမ်နေရပြီ”
လာမာ စကားဆုံးဆုံးချင်းပဲ ချန်ရှန် ချက်ချင်းပင် လှည့်ထွက် လာပါတော့တယ် ။
ချန်ရှန်ဟာ အခန်းထဲရောက်တော့ နည်းနည်း စိတ်သက်သာရာ ရသွားတော့တယ်။ တခြားသော အကြီးအကဲများနဲ့ မန်ဘိုတို့ဟာ သူတို့ရဲ့ လက်များကို ချန်တျန်းဟူ၏ ကိုယ် အပေါ်ပိုင်း အား ဖိထားပြီး သူတို့ရဲ့ချီဓာတ်များကို ထည့်ကာ အဆိပ်ကို ဖြေလျော့ပေးနေပါတယ် ။
ချန်တျန်းဟူရဲ့ စွမ်းအားများနဲ့ ကြွက်သား ခန္ဓာကိုယ်ဟာ ခုတော့ ဘာမှမရှိတော့ပေ။ သူ၏မျက်နာမှာလည်း သွေးမရှိပဲ အမည်းရောင်ချီဓာတ်များသာ မြင်နေရပြီး အဆိပ်မိကြောင်း သက်သေပြနေသလိုပါပဲ ။
အနီးနားက ချန်လုဇောင်၏ မျက်ခုံးများဟာ မြင့်တက်သွားပါတယ်။ အရမ်းသေးငယ်တဲ့ အပ်လေးတစ်ခုကို မြင်လိုက်ရလို့ ပဲ ဖြစ်ပါတော့တယ် . . . ။
Chapter – 65
#ဂျူဒူဂိုဏ်း
ဒီအချိန်မှာ များစွာသော အကြီးအကဲများနဲ့ မန်ဘိုတို့ရဲ့ ပုံစံဟာ အားကုန်သလိုဖြစ်နေပြီး ချွေးဒီးဒီးကျနေကြပါတယ်။ သူတို့ ရဲ့ ပုံစံကို ကြည့်ချင်းအားဖြင့် ၎င်းတို့၏ ချီဓာတ်များဟာ ကုန်ဆုံး အသုံးပြုနေရတယ်ဆိုတာ သိသာနေပါတယ် ။
“ကျွန်တော့ရဲ့ အဖေ အဆိပ်မိနေတာကို ကူညီကြတယ့် အတွက် ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ တို့ ၊ ခု သူ့ အခြေအနေ ဘယ်လိုရှိလဲ”
ချန်ရှန်မေးလိုက်ပါတယ်။ သူ့အသံမှာ တည်ငြိမ်နေသော်လည်း သူ၏ စိတ်ထဲမှာတော့ အတော် စိုးရိမ်နေတယ်။ ချန်တျန်းဟူဟာ သူ့အဖေဖြစ်ပြီး သူ၏ တစ်ဦးတည်းသော သွေးအရင်းဆုံး လူပဲ ဖြစ်ပါတယ် ။ ကလေးဘဝကတည်းက သူ့ကို ပြုစုပျိုးထောင်ခဲ့ပြီး သူ့အဖေကို ဆုံးရှုံးရမှာ အရမ်းကြောက်နေမိပါတော့တယ် ။
မန်ဘိုက ပြောပါတယ် ။
“စိတ်ထိန်းပါ။ အဆိပ်က အခု ဖိပြီး လျော့ပေးထားတယ်။ ဒါပေမယ့် လုံးဝတော့ မပျောက်သေးဘူး။ အဆိပ်က သူ့အရိုးတွေ စွမ်းအင်သိုလှောင်ရာတွေကော သူ့ အတွင်းကလီစာများပါ မကျန် တော်တော်ပျံ့နေတယ်။ ကံကောင်းစွာပဲ ဖိပြီးတော့ လျှော့လို့ရနေတယ် ဒါမှမဟုတ်ရင် . . .”
ချန်ရှန် မျက်လုံးမှိတ်ပြီး အသက်၀၀ ရှူလိုက်တယ်။ လက်သီးကိုဆုပ်လျက် သူ့နှလုံးသားထဲ တော်တော် စိုးရိမ်မိနေတယ် ။ မမြင်ရသော ချီဓာတ်များဟာလည်း သူ၏ ကိုယ်မှ များစွာ ထွက် လာနေပါတော့တယ် ။
ချန်တျန်းဟူ မျက်လုံးအနည်းငယ် ပွင့်လာပြီး သူ၏အသံမှာ တော်တော် အားနည်းနေသော်လည်း ဒေါသအပြည့်ပါပဲ ။
“ဂျူဒူ ဂိုဏ်း . . . အဲဒီမျိုးမစစ်ကောင်တွေပဲ ။ သူတို့ဟာ ငါတို့ ချန်မျိုးနွယ်ကို အကြိမ်များစွာ ဆန့်ကျင်နေတာ ၊ ဒါကြောင့် ငါ လည်း စာရင်းသွားရှင်းတာ ၊ နောက်ဆုံး တိုက်ခိုက်ကြတော့တာ ပဲ ၊ ငါ အဲဒီဂိုဏ်းက ဂိုဏ်းသား ၂ ယောက်နဲ့ အကြီး ၅ ယောက် ကို သတ်ပြီးနောက်မှာ ခေါင်းဆောင်က ဝင်လာတာပဲ ။ ငါလည်း ဆက်မချတော့ပဲ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်”
ချန်ရှန် အံ့သြသွားတယ်။ တခြား အကြီးအကဲတွေနဲ့ မန်ဘိုပါ ချန်တျန်းဟူအား မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေကြ ပါတော့တယ် ။
“အဖေ ၊ တကယ်ပဲ အဲဒီဂိုဏ်းကို တစ်ယောက်ထဲသွားတာ လား”
ချန်ရှန် သက်ပြင်းရှည်ကြီးကို ချလိုက်မိတယ်။ ဒီဂျူဒူဂိုဏ်း ဟာ အလွန် ရက်စက်ပြီး ကြောက်စရာကောင်းသော ဂိုဏ်းဖြစ်ပြီး အဆိပ်နဲ့ ပတ်သက်ရင် အထူးကျွမ်းကျင်ကြပါတယ်။ များစွာသော သိုင်းပညာရှင်တို့ဟာ ဒီအမှောင်ဂိုဏ်းကို ကြောက်ရွံ့ကြ တယ်။ လွန်ခဲ့သော ၁၀ နှစ်က မျိုးနွယ်စု ၂ စုဟာ သူတို့၏ အတော်ဆုံး ပညာရှင်များကို စေလွှတ်ကာ ၎င်းတို့ဖြင့် ရင်ဆိုင်စေခဲ့ ပါတယ် ။ ဒါပေမယ့်လည်း တစ်ယောက်သာ ပြန်လာနိုင်ခဲ့တယ် ။
မကြာမီ ၎င်းတို့မျိုးနွယ်မှ ခေါင်းဆောင်တွေကိုယ်တိုင် သွားကြရာ ၂ ယောက်လုံး ပြန်မလာနိုင်တော့ပေ ။
“ဟက် ၊ အဲဒီမှာ ဘာကြောက်စရာရှိလဲ ၊ ငါတို့ချန်ဟာ ယောင်မျိုးနွယ်ကိုတောင် တိုက်ခိုက်နိုင်ခဲ့တာ ဒီဂိုဏ်းကများ ငါတို့ကို ဆန့်ကျင်သေးတယ်။ ငါတို့ရဲ့ ပစ္စည်းတွေကို လုယူတယ် ချန်မျိုးနွယ်ဝင် ၁၀ ယောက်ကိုတောင် အဆိပ်မိစေခဲ့တယ်။ ဒီဂိုဏ်းကို အမြစ်မဖြတ်ရင် ငါတို့ ချန်မျိုးနွယ်တွေကို တစ်ယောက်ပြီးတစ်ယောက် သတ်လိမ့်မယ်”
ချန်တျန်းဟူ ဒေါသတကြီး ပြောနေပါတော့တယ် ။
“စိတ်လျော့ပါ”
မန်ဘိုမှ သတိပေးလိုက်ပါတယ် ။
ချန်တျန်းဟူ လုပ်လိုက်တာကတော့ ကမ္ဘာကြီးကို ပြိုကွဲအောင် လုပ်လိုက်သလိုပါပဲ။ ဂိုဏ်းသား ၂ ယောက်နဲ့ အကြီး ၅ ယောက်ကို သတ်ခဲ့တယ်ဆိုတာ ၎င်းတို့အတွက် ကြီးမားတဲ့ ဆုံး ရှုံးမှုကြီးပါပဲ ။ သူဟာ ဒီဂိုဏ်းကြီးတစ်ခုလုံးကို ကိုင်လှုပ်ခဲ့တာပဲ ဖြစ်ပါတော့တယ် ။
ချန်လုဇောင်ရောက်ရှိလာပြီး ပိတ်စထူထူဖြင့် အုပ်ကိုင်ထားသော အပ်လေးအား လူတိုင်းကိုပြလိုက်ပြီးနောက်ပြောပါတယ်။
“ဒီအပ်က တျန်းဟူရဲ့ လက်ကနေ နှုတ်လိုက်တာဖြစ်ပြီး ဒီကတဆင့် အဆိပ်မိသွားလို့ ငါတို့ တတ်နိုင်သလောက် ဖြေပေးနေတာ။ ဒီအပ်ဆူးခံရတဲ့ မည်သူမဆို သွက်ချာပါဒလိုဖြစ်ပြီး ကာကွယ်ဖို့ခက်ခဲတယ်။ ချန်တျန်းဟူရဲ့နတ်အတွင်းအား အာရုံဟာ တော်တော်လေး ကောင်းမွန်ပေမယ့် သူဟာ သူ့ကိုယ်ရဲ့ အခြေအနေကိုတောင် အာရုံမခံနိုင်တော့ပဲ တိုက်ပွဲကို ဆက်မတိုက်နိုင်တော့တာပဲ ။ အဆိပ်ပျံ့နှံ့မှုနှုန်းကလည်း တော်တော်ပြင်းထန်တယ်”
အပ်ကိုမြင်ပြီးနော် ချန်ရှန်၏ မျက်လုံးများဟာ ပြူးလာပြီး အလောတကြီး အမူအရာဖြင့် -
“ကျွန်တော် ဒီအပ်ကို အရင်က မြင်ဖူးတယ်”
ချန်ရှန် လက်သီးကို ပွတ်သပ်လိုက်တယ်။ သူ မင်းသားဖြစ်တဲ့ ဆောင်နန်မင်းနဲ့ တိုက်ခိုက်ခဲ့တုန်းက ဒီလိုအလားတူအပ်မျိုး အသုံးပြုတာခံလိုက်ရတာ မှတ်မိသွားပါတယ်။ ဒါတင်မက လန်ယုလန်ကိုလည်း ဒါမျိုး ပစ်ခံရဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ခုလောက်ထိ အဆိပ်မပြင်းပါဘူး ။
“ဟုတ်တယ်။ လန်ယုလန်နဲ့ မင်းသားတို့ တိုက်တုန်းက မင်းသားက ရေခဲအပ်တွေနဲ့ အဆိပ်မိအောင် ပစ်ဖူးတယ် ။ ကျွန်တော် နဲ့ တုန်းကလည်း ဒီလိုအပ်နဲ့ပဲ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော့မီးကြောင့် အပ်တွေ အရည်ပျော်သွားခဲ့တာ”
ချန်ရှန် မျက်ခုံးများ မြင့်တက်လျက် ပြောပါတယ် ။
ချန်ရှန် မင်းသားဆီ ဒီလိုအရာမျိုး ဘယ်လို ရောက်လာလဲ ဆိုတာ သေချာတွေးမိပါပြီ။ ခုလဲ ဒီဂိုဏ်းက ဒီလိုအပ်နဲ့ တိုက်တယ်။ သေချာတာ တစ်ခုကတော့ ၎င်းတို့ ၂ ဖွဲ့ကြား ဆက်စပ်မှုတော့ ရှိနေပေလိ့မ်မည် ။
“ဧကရာဇ် ဆောင်ဝု က နားနားနေနေ အနားယူတတ်တဲ့လူ၊ ဒီဂိုဏ်းနဲ့ လက်တွဲလို့ ဘာမှ အကျိုးအမြတ် ကြီးကြီးမားမား ရမှာ မဟုတ်ဘူး ၊ အဖြစ်နိုင်ဆုံးကတော့ ဟိုမင်းသားပဲ ၊ သူဟာ ဒီဂိုဏ်း နဲ့ လျှို့ဝှက်စွာ အဆက်အသွယ်ရှိတာပဲ ဖြစ်မယ်”
မန်ဘို ပြောတာပဲ ဖြစ်ပါတယ် ။ မကြာသေးမီ အချိန်ကမှ သူ ဟာ လန်ယုလန်ရဲ့ အဆိပ်ကို ကုသပေးခဲ့သောကြောင့် ဒီလို သံသယ ရှိတာပဲ ဖြစ်ပါတော့တယ် ။
“ကျွန်တော် သေချာအောင် စစ်ဆေးမယ် ။ အဖေ ၊ ဒီဂိုဏ်းရဲ့ နေရာက ဘယ်မှာလဲ”
ချန်ရှန် မေးလိုက်ပါတယ်။ သူ၏ မျက်လုံးများမှာတော့ သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်လျက်ပါ ။
“လေအံတောင်မှာ ၊ ဂရုစိုက်ဦး”
ချန်တျန်းဟူ သူ့သား အစွမ်းကို ယုံကြည်လျက်ပါ။ ချန်ရှန်ကြောင့်ပင် အင်အားကြီးလှတဲ့ယောင်မျိုးနွယ်တောင် ပြိုကွဲ သွားရသည် မဟုတ်ပါလော ။
“နားလိုက်ပါဦး ၊ ငါတို့ တျန်းဟူရဲ့ အဆိပ်ကို လုံး၀ ဖြေဖို့ အချိန် နည်းနည်း လိုတယ်”
ချန်လုဇောင် ချန်ရှန်၏ ပခုံးကို ပုတ်လျက် ပြောလိုက်ပါတယ်
ချန်ရှန် အခန်းထဲမှထွက်လာပြီးနောက် ဘုရင့်မြို့တော်၏ အရှေ့ပိုင်းသို့ ထွက်လာခဲ့တယ် ။ လေအံတောင်ဟာ အမြဲတမ်း တောပုန်းလူဆိုးတွေ စုဝေးတဲ့ နေရာပါ။ ကောလဟာလ တစ် ခုကတော့ များစွာသော အုပ်စုများမှ တောပုန်းလူဆိုးတွေ ဓားမြတွေဟာ တွေ့ဆုံကာ ဂိုဏ်းတစ်ခု ဖြစ်ပေါ်သွားတာပါ ။ ဒါကတော့ အခုပြောတဲ့ ဂျူဒူဂိုဏ်းပဲ ဖြစ်ပါတော့တယ် ။
မြို့တော်မှ ထွက်ခွာပြီးနောက် ချန်ရှန်ဟာ တစ်စုံတစ်ဦး သူ့ နောက်မှ လိုက်နေတာကို တွေ့လိုက်တယ်။ သူလည်း ဟန်ဆောင်ကာ သတိမထားမိဟန်ဖြင့် သူ့လမ်းသူ ဆက်သွားပါတယ် ယောင်မျိုးနွယ်ကို ရှင်းလင်းပြီးနောက် ၎င်းတို့မျိုးနွယ် အကြွင်းအကျန်များဟာ ကလဲ့စားချေချင်ပုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ချန်ရှန်ဟာ သူ၏ စွမ်းအားဖြင့် ဒီလိုလူတွေ ကလဲ့စားချေမှာကို မစိုးရိမ်ပါဘူး ။
တောထဲဝင်လာရင်းဖြင့် ချန်ရှန်ဟာ မြင်းပေါ်မှ ဆင်းပြီး လမ်းလျှောက်ခဲ့တယ်။ သူဟာ ခပ်ဖြည်းဖြည်းပဲသွားကာ သူ့ကို လိုက်နေသူ မှီစေရန်အတွက်ပါ။ဒါပေမယ့်လည်း ထိုလူဟာ မည် သည့်အပြုအမူမျှမပြုလုပ်ပဲ စောင့်ကြည့်ရုံ သက်သက်ပဲ ဖြစ်ပုံရပါတယ် ။
“လေအံတောင်က တစ်ယောက်ယောက်များ ငါလာတာကို သိနေတာများလား”
ရုတ်တရက်ပဲ ချန်ရှန်စိတ်ထဲ ထိုအတွေးဝင်သွားပါတယ် ။ ဒါဟာ ချောင်းမြောင်းတိုက်ခိုက်ဖို့ ဖြစ်နိုင်နေပါတော့တယ် ။
တောထဲသို့ တော်တော်နက်နက် ဝင်သွားပြီးနောက်မှတော့ သူ့နောက်လိုက်နေသူဟာ သူ့ကို ပတ်သွားပြီး သူ့ရှေ့ရောက်နေတာကို သတိထားမိလိုက်ပါတယ်။ ဒါဟာချန်ရှန် ထင်ကြေးမှန်ကန်ဖို့ သေချာနေပြီး ချုံခို တိုက်ဖို့ ဖြစ်ပါလိမ့်မယ် ။
တောထဲ ဆက်သွားမိတဲ့အခါမှာတော့ လူတစ်ယောက် သူ့ရှေ့မှာ ထိုင်နေတာကို တွေ့လိုက်ရပါတယ် ။
အနီးနားမှာ သစ်ပင်တစ်ပင်မရှိပဲ များစွာသော သစ်ရွက်များဟာ မြေပေါ် အပြည့်ပါ။ ခမ်းနားလှပတဲ့ ထိုင်ခုံတစ်ခုကို နေရာချထားပြီး ထိုခုံပေါ်မှာတော့ ချောမောတဲ့ ယောက်ျားတစ် ယောက်ထိုင်နေပါတယ် ။
“ဆောင်နန်မင်း”
ချန်ရှန် သူ့ကြောင့် ဒုက္ခိတ နီးနီး ဖြစ်သွားသူ မင်းသားကို အေးစက်စွာ ကြည့်လိုက်တယ် ။ ကောင်းမွန်လှတဲ့ဆေးတွေသာမရှိပါက ဒီလောက်မြန်မြန် ပြန်ကောင်းဖို့ မဖြစ်နိုင်ပါ ။
ဆောင်နန်မင်း ဒီနေရာမှာ ရှိနေရခြင်းရဲ့အကြောင်းရင်းမှာ သူနဲ့ ဂျူဒူဂိုဏ်းတို့ဟာ ရင်းနှီးနေကြလို့သာ ဖြစ်ပါလိ့မ်မည်။ ချန်တျန်းဟူ ဒီဂိုဏ်းက ထွက်လာပြီးတဲ့အချိန် သူတို့ဟာ မင်းသားဆီ စာပို့ငှက်လွှတ်ပြီး ချက်ချင်း အကြောင်းကြားလို့သာ ဒီနေရာကို မင်းသား ရောက်နေခြင်းဖြစ်မှာပါ ။
ချန်ရှန် အမူအရာကတော့ ချန်တျန်းဟူ အဆိပ်မိပြီး ထွက်ပြေးခဲ့ပြီးကတည်းက ချန်ရှန်ဟာ ကလဲ့စားချေဖို့ ကျိန်းသေလာမှာပါပဲ ။ ဒါကြောင့် ဆောင်နန်မင်းဟာ ကြားဖြတ်စောင့်နေတာ အံ့သြစရာ မရှိပါဘူး ။
ချန်ရှန် တစ်ခုကိုတော့ တွေးမိလိုက်ပါတယ်။ သူဟာ ဂိုဏ်းရဲ့ လူအများအပြား ဝိုင်းထားခြင်းကို ခံရပြီး ၎င်းတို့ဟာလည်း အဆိပ်လက်နက်ပုန်းတွေ နဲ့ အသင့်စောင့်နေကြမှာပါ ။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ တည်ငြိမ်နေတုန်းပါပဲ ။
ဆေးပညာရှင်တစ်ယောက်အနေနဲ့ သူ့မှာ အဆိပ်ကို ဖြေတဲ့ အစွမ်းရှိပြီးသားပါ ။ ဒါတင်မက သူဟာ အဆင့် ၈ ပညာရှင်ဖြစ်ပြီး တော်တော်အစွမ်းထက်သူပါပဲ ။ နောက်ဆုံး မင်းသားဟာလည်း သူ့ကို တိုက်ခိုက်ရန် အလားတူ အပ်မျိုးတော့ သုံးမည်မထင်ပါဘူး ။
ဆောင်နန်မင်းဘေးမှာတော့ လူလေးဦး မတ်တပ်ရပ်နေကြပါတယ် ။ ၎င်းတို့ရဲ့ ကိုယ်မှလည်း သန့်စင်သော ချီဓာတ်တွေ ထွက်နေလျက်ပါ ။ နန်းတော်ရဲ့ အထူးပညာရှင်တွေ ဖြစ်ပုံပါပဲ ။
“ဆောင်နန်မင်း ၊ မင်းက ဒီ ဂျူဒူဂိုဏ်းနဲ့ အဖွဲ့ကျနေမယ်လို့ မထင်မိခဲ့ဘူး ။ တောင်ပိုင်းအင်ပါယာရဲ့ သရဖူဆောင်း မင်းသား တစ်ဦးက ဒီလို အမှောင်အင်အားစုနဲ့ ဆက်သွယ်မှုရှိနေတာ ၊ ပေါက်ကြားသွားလို့ကတော့ ဟဟ”
ချန်ရှန် လှောင်ပြောင်လိုက်ပါတယ် ။
“ချန်ရှန် ၊ မင်းကတော့ ငရဲကို သွားရတော့မယ် ။ မင်းသေမှတော့ ငါနဲ့ ဒီဂိုဏ်းအကြောင်း ဘယ်သူ သိမှာတုန်း ၊ ဟားးဟားး ဟားး ၊ မင်းနဲ့ ရင်ဆိုင်ပြီးတည်းက ငါ ဧကရာဇ် ဖြစ်ရင် မင်းတို့ ချန်မျိုးနွယ်ကို ဖြိုခွဲမယ်လို့ ဆုံးဖြတ်ထားတယ် ။ ဒါဘာကြောင့်လဲဆိုတော့ ငါဟာ စစ်မှန်တဲ့ ဧကရာဇ် တစ်ပါး ဖြစ်ချင်လို့ပဲ”
ဆောင်နန်မင်း အရူးတစ်ယောက်လို ပြောဆိုနေပါတယ် ။
ဒီတောင်ပိုင်းအင်ပါယာ ၏ ဧကရာဇ်ဆိုတာ ဧကရာဇ် အမည်ခံ သက်သက်ပါပဲ ။ သူဟာ တတိုင်းပြည်လုံးကို စီစဉ် ကွပ်ကဲရသော်လည်း ချန် နဲ့ ယောင် မျိုးနွယ်တို့ ပြသနာ ဖြစ်တဲ့အခါ ကြားဝင်ဟန့်တားနိုင်စွမ်း မရှိခဲ့ဘူး ။ ဒီလိုလုပ်ဖို့လည်း စွမ်းရည် မရှိပါဘူး ။ဒါကြောင့် သူ၏ လုပ်ပိုင်ခွင့်ဟာ အရမ်း ကန့်သတ်ခြင်း ခံရသလို ဖြစ်နေပါတော့တယ် ။
ဆောင်နန်မင်းဟာ သရဖူဆောင်း မင်းသား ဖြစ်တဲ့အတွက် သူဟာ နောက်ဖြစ်မဲ့ ဧကရာဇ်ပါ ။ သူ၏ ပြင်းထန်လှတဲ့ ဆန္ဒ အတွက် ဒီလို အင်အားကြီး မျိုးနွယ်တွေကို ချယ်လှယ်လို့ မရ နိုင်ပေ ။ ဒါကြောင့် သူဟာ ဒီလို အမှောင်ဂိုဏ်းလို အင်အားစုတွေ နဲ့ ပေါင်းရတာပါ ။ အချိန်ကျလာတဲ့အခါ ဒီအင်အားစုတွေ အကူအညီဖြင့် အင်အားကြီး မျိုးနွယ်စုများကို သုတ်သင်ဖို့ လျို့ဝှက်စွာ အစီအစဉ် လုပ်နေတာပဲ ဖြစ်ပါတော့တယ် ။
“တိုက်ကြ ၊ ဒီကောင့်ကို ဒီနေရာကနေ အသက်ရှင်လျက် ပြန်မထွက်နိုင်စေနဲ့”
ဆောင်နန်မင်း အော်ဟစ် အမိန့်ပေးလိုက်ပါတယ် ။ ထိုအသံ နှင့်အတူ ရုတ်တရက် တောထဲတွင် လေပြင်းများ တိုက်ခတ်လာ ပါတော့တယ် . . . ။
Chapter – 66
#အနှိုင်းမဲ့နတ်နဂါးသိုင်းစွမ်းရည်
ဆောင်နန်မင်း ဘေးက ကိုယ်ရံတော် လေးယောက်ဟာ မျက်စိ တစ်မှိတ်အတွင်းမှာပဲ တောထဲပျောက်ကွယ်သွားတယ် ။
လေပြင်းတစ်ချက်ဝေ့သွားပြီး ချန်ရှန်ဟာ သူ့ပတ်လည်မှာ အမည်းရောင် အခိုးတွေများစွာဟာ ရုတ်တရက်ပေါ်လာတာကို တွေ့လိုက်ရတယ် ။ ချန်ရှန်လည်း ချက်ချင်းပဲ သူ၏ ကိုယ်အား အားကောင်းသော ချီအကာအကွယ် တစ်ခုကို ကာရံလိုက်တယ်။ တချိန်တည်းမှာပင် အသက်ကို ဝအောင် ရှူလိုက်ပါတယ် ။ ဘာလို့လဲဆိုတော့ ဒီအငွေ့တွေဟာ အဆိပ်ငွေ့တွေ ဆိုတာ အသေအချာ သိလို့ပါပဲ ။
အဆိပ်ငွေ့တွေ ချန်ရှန်ရှိတယ့် နေရာမှာ ချန်ရှန်အား အပြည့်လွှမ်းခြုံထားပါတော့တယ် ။ နေ့ခင်းကြောင်တောင် အချိန်မှာတောင် ပတ်ပတ်လည်တွင် အမည်းရောင်အခိုးများမှာ မည်း မှောင်လျက်ပါပဲ ။ ရုတ်တရက်ပဲ ချန်ရှန်ဟာ အရပ်လေးမျက်နာမှ များစွာသော အရာများ သူ့ဆီ လျင်မြန်စွာ ပျံဝဲလာသည်ကို အာရုံ ခံမိလိုက်ပါတယ် ။
ဒါတွေကတော့ ရေတွက်မရနိုင်လောက်သော မြားများ နဲ့ အရွယ်အစားမျိုးစုံသော အပ်များပဲ ဖြစ်ပါတော့တယ် ။
မျိုးစုံသာ လက်နက်ပုန်းများဟာ ဆက်တိုက်ပင် အရပ်လေး မျက်နာမှ ပျံဝဲလျက် ရှိတယ် ။ တောနက်နက်ကြီးဟာ ယခုတော့ ပိုမို မှောင်မည်းကာ နက်သည်ထက် နက်လာသလိုပါပဲ ။ ဒါဟာ အဆိပ်တွေနဲ့ ပြည့်နေသော လက်နက်ပုန်း မိုးပေါက်များ ချန်ရှန် ဆီ ပျံဝဲလာနေသလိုပါပဲ ။
မူလက ချန်ရှန်ဟာ သူ့ပတ်လည်တွင် လူများစွာရှိနေမှန်း လေ့လာမိပေမဲ့ ဒီလို အဆက်မပြတ်သော လက်နက်ပုန်းများဖြင့် ချုံခိုတိုက်ခိုက်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်အခြေနေပဲ ရောက်နေပါစေ ကြောက်ရွံ့စိတ် စိုးစဉ်း မျှ မရှိပါချေ ။
“ဆောင်နန်မင်း ငါသေတာကို ထိုင်ကြည့်ပြီး ဝမ်းသာတာမျိုး အဖြစ်မခံနိုင်ဘူး ။ ငါဟာ သာမန် အဆင့် ၈ သို့မဟုတ် ၉ ပဲရှိသေး တာ ထိခိုက်လို့ လုံး၀ မဖြစ်ဘူး”
ချန်ရှန် သူ၏ စိတ်ထဲ တွေးနေမိတာပါ ။ ရေတွက်လို့ မရနိုင် လောက်တယ့် လက်နက်ပုန်းတွေဟာ သူ့ဆီ ပျံသန်းပြေးလာနေ ကြပြီး ချန်ရှန်လဲ များစွာသော မမြင်နိုင်တဲ့ ချီဓာတ်တွေကို ချက် ချင်း သူ၏ကိုယ်မှ ထုတ်လိုက်ပါတော့တယ် ။
ဒါဟာ အနှိုင်းမဲ့ စကြာဝဠာ အားကို ချီဒြပ်စင် ၅ ခုပေါင်း စပ် ခြင်းဖြင့် ဖန်တီးလိုက်တာဖြစ်ပါတယ် ။ ဒီလို နက်ရှိုင်းစွာ ပြင်းထန် လှတဲ့ စွမ်းအားတွေအား ထုတ်လွှတ်လိုက်တဲ့ အခါမှာတော့ ဒီ လက်နက်ပျံတွေဟာ လေထဲ ရှေ့ တစ်လက်မမှ ဆက်မရွေ့နိုင် တော့အောင်ကို ရပ်တန့်သွားကြပါတော့တယ် ။
မရေတွက်နိုင်လောက်တဲ့ မြားများနဲ့ အပ်များဟာ ချန်ရှန်၏ အနှိုင်းမဲ့ စကြာဝဠာ ခွန်အားကြောင့် ရပ်တန့်သွားရပါပြီ ။ ၎င်းတို့ ဟာ လေထဲ ရပ်တန့်ကာ တစ်ခုပေါ် တစ်ခု ထပ်လျက် ပြုတ်ကျ ကုန်ပါတယ် ။ ဒါဟာ ချန်ရှန်ရဲ့ ပတ်လည်မှာ အမည်းရောင်နံရံ ကြီး ကာရံထားသလိုပါပဲ ။
“ဟဲဟဲ ၊ လေမကျယ်ကြတော့ဘူးလား ၊ ဒါကတော့ ရေတွက် လို့ရပြီး လုံလောက်တဲ့ စွမ်းရည်ရှိတယ်ကွ”
ချန်ရှန် ရယ်မောကာ နေပါတယ် ။ သူဟာ ထိုက်ကျိကျင့်စဉ် ၏ အစွမ်းကို အသုံးပြုကာ စကြာဝဠာ စွမ်းအင်ဖြင့် မြားများအား ရပ်တန့်စေခဲ့တာပါပဲ ။
ဒီအချိန်မှာပဲ ချန်ရှန်ဟာ သူ့ပတ်လည်ရှိလူများ ထွက်ပြေး ကုန်ကျတာကို အာရုံခံမိပါတယ် ။ ရက်စက်သော အကြံတစ်ချက် ရလိုက်ပြီး ရုတ်တရက်ပဲ “ဘုန်းးးးးးးးး” ဟု အသံကြီးမည်ကာ စကြာဝဠာ အတွင်းအားများအား ဆူနာမီလှိုင်းကြီးတစ်ခုလို သူ၏ ကိုယ်မှ ခွဲထွက်စေလိုက်ပါတယ် ။ ဒီလိုကြီးများတဲ့ ရုတ်တရက် အားကြောင့် ထို လက်နက်ပုန်းများဟာ လွင့်ထွက်ပြီး အဆိပ်ငွေ့ များပါ အရပ်မျက်နာ မျိုးစုံကို ပြန့်ထွက်သွားပါတော့တယ် ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ချန်ရှန်ဟာ တောအုပ်မည်းကြီး တစ်ခုလုံးအား အလင်းဆောင်လိုက်ပါပြီ ။ ဒါတင်မက စွမ်းအင် လှိုင်းများဟာ တခုပြီးတခု ထွက်လျက် တောအုပ်ကြီးထဲမှ အသက် များစွာကို နှုတ်ယူနေပါတော့တယ် ။
“မင်းတို့စိုက်ပျိုးတာကို မင်းတို့ ရိတ်သိမ်းရတာပဲ”
ချန်ရှန် ခေါင်းခါလျက် သက်ပြင်းချလိုက်တယ် ။ သူဟာ ပြင်းထန်ပြီး အားကောင်းလှတယ့် ချီဓာတ်တွေကို သင့်တင့် လျှောက်ပတ်စွာ အသုံးပြုခဲ့တာ ဖြစ်ပြီး သူ့အတွက် ဒါဟာ ဘာမှ မဟုတ်ပါဘူး ။ ဒီလက်နက်ပုန်းတွေလောက်တော့ ဂရုကိုမစိုက် တာပါ ။
ချန်ရှန်ရဲ့ နောက်ကျောမှ မီးတောက် ၂ ခု ထွက်လာပါတယ်။ ဒီမှးတောက်တွေအား ကြီးမားသော အတောင်ပံကြီးများ အဖြစ် ပြောင်းလဲလိုက်တယ် ။ ဆောင်နန်မင်း ထွက်ပြေးတာကို မလွတ် မြောက်စေရန် ချန်ရှန်ဟာ အနီရင့်ရောင်ငှက်မီးတောင်ပံ များကို အသုံးပြုလိုက်တာ ဖြစ်ပါတယ် ။ ဒီမီးတောင်ပံတွေကို အသုံးပြု ခြင်းဖြင့် ချန်ရှန်ဟာ အပေါ်ကို တက်သွားကာ သိမ်းငှက်တစ် ကောင်လို ပျံသန်းနေပါတော့တယ် ။
ချန်ရှန်၏ အမြင်အာရုံများဟာလည်း သိမ်းငှက်တစ်ကောင် လိုပါပဲ ။ အမြင့်မှပျံသန်းနေတာတောင်မှ မြေကြီးပေါ်မှ အရာအား လုံးကို ရှင်းလင်းစွာ မြင်နိုင်နေပါတယ် ။ မကြာခင်မှာပဲ သူဟာ တောအုပ် အပြင်ဖက်လမ်းကိုရှိ သူမြင်းထားခဲ့ရာကို ပြန်ရောက် လာပါတယ် ။ ဒီလမ်းဟာ ဘုရင့်မြို့တော်ကို ပြန်တဲ့လမ်းပါပဲ ။
ချန်ရှန်ဟာ သူ၏ နတ်အတွင်းအား အာရုံများဖြင့် အနီရင့် ငှက် မီးတောင်ပံများအား အသုံးပြု ပျံသန်းခဲ့တာဖြစ်ပြီး တော်တော် ကြမ်းကြမ်းကို အမြန်ပျံ ခဲ့တာပါ ။ ဆောင်နန်မင်းကို ဖမ်းမိနိုင်ဖို့ မစောင့်နိုင်တော့ပါဘူး ။
မြင်းကို ဒုန်းစိုင်းစီးလျက် ဆောင်နန်မင်း တစ်ယောက် ဟာ အရမ်းကို စိတ်လှုပ်ရှားနေတယ် ။ အဘယ်ကြောင့်ဆိုသော် သူဟာ သူ၏ အကြီးမားဆုံး ရန်သူတော်ကြီးကို ရှင်းပစ်လိုက် နိုင်တာကြောင့်ပါပဲ ။ သူ့အဖေကလည်း သူ့ကို အာဏာကုန်လို လွှဲထားတာကြောင့် သူ့အစီအစဉ်တွေကို အကောင်အထည် ဖော်နိုင်ပါတော့မယ် ။ ဒီအချိန်မှာပဲ တစ်စုံတစ်ယောက် သူ၏ နာမည်ကို ခေါ်သံ ကြားလိုက်ပါတော့တယ် ။
“ဆောင်နန်မင်းး”
ချန်ရှန်ဟာ လေထဲမှ အော်လိုက်တာပါ ။
ဆောင်နန်မင်းဟာ သူနားကြားလွဲတယ်လို့ ထင်နေတယ် ။ ဒါပေမယ့် သူဟာ သူ့အထက်မှ ပီပီသသ အသံကို ထပ်မံ ကြား လိုက်ပါတယ် ။ သူနဲ့တကွ ကိုယ်ရံတော် ၄ ယောက်ဟာ သူတို့ ရဲ့ ခေါင်းတွေကို အပေါ်မော့ကြည့်လိုက်တယ် ။ သူတို့ ချက်ချင်းပင် မီးတောက်အတောင်ပံတစ်စုံကို ကောင်းကင်မှာ မြင် လိုက် ရ တယ် ။ ၎င်းအတောင်ပံများဟာ လူတစ်ယောက်၏ ကိုယ်မှထွက် နေတာဖြစ်ပြီး ထိုလူကတော့ ချန်ရှန်ပင် ဖြစ်ပါတော့တယ် ။
ချန်ရှန်၏ နောက်ကျောမှ ချီဓာတ်များဖြင့် ဖြစ်ပေါ်သော အတောင်ပံများကို ကြည့်ရင်း ဆောင်နန်မင်း တစ်ယောက် သူ၏ ခေါင်းမှ ခြေဖဝါးတိုင်အောင် ကြက်သီးများပင် ထသွားတယ် ။ ချန် ရှန် အသက်ရှင်နေသေးတာပါလား ၊ ဒါတင်မက သူဟာ တန်ဖိုး မဖြတ်နိုင်တဲ့ စစ်မှန်သော ချီ စွမ်းအင်တွေကိုလည်း အသုံးပြုနေ တာပါတကား ။
ချန်ရှန်ဟာ ကောင်းကင်ပေါ်မှ ဒိုင်ဗင်ထိုးချလိုက်ပြီးနောက် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းလှသော မိုးပြာရောင်ချီဓာတ် များဟာ ရုတ်တရက် ထွက်ပေါ်လာပါတယ် ။ မကြာခင်မှာပဲ ကြီးမား လှတဲ့ ချီဓာတ် ပုံဆောင်ခဲတွေဟာ ဖြစ်ပေါ်လာတယ် ။ ဆောင်နန်မင်းတို့ဟာ ပြေးနေသော်လည်း ၎င်းတို့သည် သိမ်း ငှက်၏ ပါးစပ်ထဲတွင်ကိုက်ခံထားရသော ယုန်ငယ်လေးမျာ လိုပါ ပင် ။
ချန်ရှန် ဟာ ကြီးမားတဲ့ ချီဓာတ်ပုံဆောင်ခဲတွေကို ထုတ်ပြီး ပြင်းထန်စွာ ဆောင်နန်မင်းနဲ့ ကိုယ်ရံတော်များအား ပစ်ချလိုက် ပါတယ် ။ ဒါဟာ အဆင့် ၈ ပညာရှင်မှ ချီဓာတ်တွေဖြစ်ပြီး ၎င်းမှာ မိုးပြာရောင် လျှပ်စီးနဲ့ လေများ ပါဝင်ကြပါတယ် ။ ၎င်း၏ ကြောက် စရာကောင်းလှသောစွမ်းအားများရဲ့ အဟုန်ဟာ ဆောင်နန်မင်း နဲ့ ကိုယ်ရံတော် ၄ ဦးတို့အား မျက်တောင်တခတ်အတွင်းမှာပင် ဒဏ်ရာအပြင်းအထန် ရသွားစေပါတော့တယ် ။ မြင်းများရော လူများပါ မြေပေါ်တွင် ပြားပြားဝပ်လျက် ရှိနေကြတယ် ။ မြင်းများ မှာ သေသွားကြပြီး လူများဟာတော့ မြေကြီးပေါ်တွင် သွေးများ ထွက်လျက် လူးလိမ့်နေကြပါတော့တယ် ။
ချန်ရှန်ဟာ ဓားရှည်ကြီးအား ကိုင်ရင်း ၎င်း တို့ အနီးကို ရောက်လာပါတယ် ။ ဆောင်နန်မင်း၏ ရှေ့မှာပင် ကိုယ်ရံတော် များအား တစ်ယောက်ပြီး တစ်ယောက် ခေါင်းဖြတ်လိုက်တယ် ။ ဆောင်နန်မင်းဟာ သူ့ရှေ့မှာ ဒီလို ထိတ်လန့်ဖွယ်မြင်ကွင်းကို ကြည့် ပြီး အတော်ကိုသွေးပျက်ကာ ကြောက်သေးများပင် ထွက် ကျ လာပါတော့တယ် ။
ချန်ရှန်ဟာ ဆောင်နန်မင်းအား တွေဝေခြင်းမရှိ သတ်နိုင်ပါတယ် ။ ဆောင်နန်မင်း တစ်ယောက်သေခြင်းကတော့ သူဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နေပြီဆိုတာ သိလိုက်တယ် ။ လေများမှာပင် သွေးညှီနံ့များ ရနေသလိုပါပင် ။ ခေါင်းပြတ် လေး ခုဟာ သူ့ရှေ့မှာ ပြန့်ကျဲလို့နေပါတယ် ။ သူဟာသူ့ရှေ့ကသွေး ထွက်သံယိုမြင်ကွင်းကို ကြောက်တာထက် ချန်ရှန်၏ ကိုယ်မှချီဓာတ်များ ထွက်နေလျက် အေးစက်စက် မျက်နာဖြင့် အပြုံးကို ပိုမို ကြောက်ရွံ့ မိနေပါတယ် ။
“ပြီးခဲ့တဲ့ သိုင်းပြိုင်ပွဲမှာတည်းက မင်းကို ငါ စိတ်တောင် မဝင် စားခဲ့ဘူး ၊ ငါ့ကို သတ်ဖို့ ကြံနေမယ်လို့လည်း မထင်မိဘူး ၊ ခုတော့ ဟဟ”
ချန်ရှန် အေးစက်စွာ ပြောလိုက်တယ် ။
ဆောင်နန်မင်း၏ ချောမောလှပသော မျက်နာဟာ ရှုံ့တွပြီး ငိုမလိုပါပဲ ။ တော်တော်လည်း ဒဏ်ရာရနေတာဖြစ်ပြီး ခုခံနိုင်ဖို့ ဆိုတာ 1% တောင် မရှိပါဘူး ။ စကားပြောတာကိုပင် ခက်ခဲ စွာ ဖြင့် -
“ချန်သခင်လေး ၊ ငါ . . .”
သူ၏ စကား မဆုံးခင်မှာပဲ ချန်ရှန်၏ ဓားဟာ ဆောင်နန်မင်း အား ခေါင်းတခြား ကိုယ်တခြား ပြုလုပ်လိုက်ပါတယ် ။ သရဖူဆောင်းမင်းသားကတော့ ချန်ရှန်ရဲ့ ခေါင်းဖြတ် ကွပ်မျက်ခြင်းကို ခံလိုက်ရပါပြီ ။
“စိတ်ကြီးဝင်နေတယ့်ကောင် ၊ အမြဲတမ်း သူများတွေရဲ့ စွမ်းအင်ကို ကုန်အောင် လုပ်နေတယ်”
ချန်ရှန် အထင်သေးဟန်ဖြင့် ပြောလိုက်တယ် ။ သူဟာ မင်း သားရဲ့အိတ်ကို ယူပြီး အထဲကို ကြည့်လိုက်ပါတယ် ။ ငွေစကြီး ၁၀၀၀၀ ကို တွေ့လိုက်ရပြီး စာအုပ်အသစ်တစ်အုပ်ကိုလည်း မြင် ရပါတယ် ။
ချန်ရှန် ခပ်မြန်မြန်ပဲ စာအုပ်ကို ဆွဲထုတ်လိုက်ပြီး ဖွင့်ဖတ် လိုက်တယ် ။ သူဟာ “နဂါးသိုင်းစွမ်းရည်” ဆိုတဲ့ စာကို မြင်တဲ့ အခါ သူဟာ ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတယ် ။ သူဟာ ဆောင်နန်မင်း တစ်ယောက် ဒီစာအုပ်ကို သွားလေရာ သယ်သွားမယ်လို့ မထင်မိပါဘူး ။
ချန်ရှန်ဟာ စာအုပ်ကို ခပ်မြန်မြန်ပင် သူ၏ မမြင်နိုင်သော ကွင်းလေးထဲသို့ထည့်လိုက်တယ် ။ စုမေးယိုနဲ့ ဘိုင်ယုယု တို့အား လေ့လာ စေရန်ပါ ။
ရှေးဟောင် နဂါးသိုင်းစွမ်းရည် ဟာ နတ်ကျင့်စဉ် တစ်ခု လို့ သတ်မှတ်လို့ ရပါတယ် ။ ၎င်းဟာ အရမ်းကို စွမ်းအားကြီးပြီး စုမေးယိုနဲ့ ဘိုင်ယုယုတို့တောင် တော်တော် စိတ်ဝင်စားနေကြ တယ် ။
“ဒါက ပြည့်စုံတဲ့ နဂါးသိုင်းစွမ်းရည် အပိုင်းတစ်ခုပဲ ၊ အဓိက အပိုင်းကတော့ အသုံးပြုသူဟာ သူ့ရဲ့ ချီဓာတ်တွေကို နဂါးငွေ့ အဖြစ် ဘယ်လိုပြောင်းလဲရမလဲဆိုတာ လမ်းညွှန်ထားတာ ၊ နောက်ပြီး ဒီနဂါးငွေ့နဲ့ အသုံးပြုသူဟာ စွမ်းရည်တွေကို ထုတ် နိုင်မယ် ။ ၎င်းကတော့ မင်းဒီမတိုင်ခင် အသုံးပြုခဲ့တဲ့ နဂါးငွေ့ လက်သီးပဲ ။ ဒီ နဂါးငွေ့ လက်သီး လို့ခေါ်တယ့် တိုက်ကွက်ကို မင်း ဆောင်နန်မင်းဆီက ခိုးပြီး သူ့ကို ပြန်တိုက်ခိုက်ခဲ့တာက သိပ် မပြည့်စုံသေးဘူး ။ နောက်တစ်ခုက ဆောင်နန်မင်းလည်း ဒီတိုက်ကွက်ကို ကောင်းကောင်းလေ့ကျင့်ထားပုံ မရတဲ့အတွက် မကျွမ်းကျင်လှပေဘူး”
စုမေးယိုက စိတ်လှုပ်ရှားသလို ပုံဖြင့် ရှင်းပြပါတယ် ။
“ဒီလို တန်ဖိုးရှိပြီး ကောင်းလှတယ့် တိုက်ကွက်ရှိနေတာကိုတောင် ကောင်းကောင်းမလေ့ကျင့်ခဲ့တာ ၊ ဒီမင်းသားကတော့ တကယ့် အမှိုက်ကောင်ပဲ”
ရေခဲမိန်းကလေး ဘိုင်ယုယု စာအုပ်ကို ကြည့်ရင်း ပြောနေ ပါတယ် ။ ဒါဟာ လက်ရေးမူ ဖြစ်သော်လည်း တော်တော် အသေးစိတ် ရေးထားတာပါ ။
ချန်ရှန်ဟာ သင့်တော်တဲ့ သိုင်းကျင့်စဉ်တွေနဲ့ မကြုံရသေးပါဘူး ။ နတ်အတွင်းအားကျင့်စဉ် သင်္ကေတ ၄ ခုထဲမှာလည်း ကျင့်စဉ်ဟာ အနည်းငယ်သာ ပါပါတယ် ။ ဒါတင်မက ဒီထဲက တချို့ဟာ ၎င်းတို့ရဲ့ သက်ရောက်မှုတွေကို ပြင်းထန်ဖို့ ချီဓာတ် တွေကို များစွာ အသုံးပြုရပါတယ် ။ ချန်မျိုးနွယ်ပိုင် သိုင်းကျင့်စဉ် တွေ ရှိသော်လည်း ချန်ရှန်ဟာ ဒီနည်းတွေကို သိပ် သဘောမ တွေ့ ခဲ့ပါဘူး ။
“အမတော် မေးယို ၊ ဒီ နဂါးသိုင်းစွမ်းရည် နဲ့ မိုးပြာနတ်နဂါး ကျင့်စဉ်မှာ ကွာခြားချက် ရှိလား”
ချန်ရှန် မေးလိုက်တာပါ ။
“သိပ်ကို ကွဲပြားခြားနားတာပေါ့ ။ နဂါးသိုင်းစွမ်းရည်က နဂါး ကြီး ကိုယ်တိုင် တီထွင်ခဲ့တာ ၊ မိုးပြာနဂါးကတော့ လူတစ်ဦးက နဂါးနဲ့ သဘောတူညီချက်လုပ်ပြီး တီထွင်ခဲ့တာပဲ ။ ရှေးဟောင်း ဒဏ္ဍာရီတွေ အရ ဒီနဂါးသိုင်းစွမ်းရည်ဟာ နဂါးတစ်ကောင်ရဲ့ ကြောက်စရာ စွမ်းအားတွေကို အပြည့်အ၀ ပြသနိုင်တယ် လို့ ဆို ကြတယ် ။ ဆိုလိုတာက တခြားနဂါးတွေကို သတ်နိုင်တယ် ဆို တာပဲ ။ ၎င်းဟာ အနှိုင်းမဲ့နတ်နဂါးသိုင်းစွမ်းရည်လို့လဲ ခေါ်ကြ တယ် ။”
စုမေးယိုက ရှင်းပြတာပါ ။
အနှိုင်းမဲ့ နတ်နဂါး သိုင်းစွမ်းရည် ဆိုသည့်အတိုင်း မည်သည့် နဂါးသိုင်းကိုမဆို ယှဉ်နိုင်သော အစွမ်းရှိပေသည် ။ ချန်ရှန်လည်း ဒီကျင့်စဉ်ဟာ တော်တော်ကို အစွမ်းထက်တာကို လက်ခံမိပါတယ် ။
“ဒါကြောင့် ၊ နဂါးသိုင်းစွမ်းရည် အပိုင်းအစတွေကို ကမ္ဘာ တစ်ခုလုံးမှာ ပြန့်နှံစေလိုက်ကြတယ် ။ ဒီအပိုင်းအစတွေသာ စု ဆောင်းနိုင်ပြီး ပေါင်းစပ်မိမယ် ဆိုရင်တော့ . . .”
ချန်ရှန် ရုတ်တရက် စိတ်လှုပ်ရှားလာပါတယ် ။ ဒါပေမယ့် လည်း ဒါကို အောင်မြင်ဖို့ အရမ်းကို ခက်ခဲမယ်ဆိုတာ သိနေ ပါတော့တယ် . . . ။
Chapter – 67
#သိုင်းဝိဉာဉ်တော်
ချန်ရှန် ဟာ ဆောင်နန်မင်း နဲ့ ကိုယ်ရံတော် လေးယောက်တို့ အား မီးတောက်ဖြင့် ခန္ဓာကိုယ်အား မီး ရှို့လိုက်တယ် ။ ဒါပေမယ့် သူ့ကို အံ့သြစေတယ့် အရာကတော့ မီးတောက်တွေဟာ ၎င်းတို့ ကို ပြာအဖြစ် ပြောင် းသွား စေ သော်လည်း ၂ ပေ လောက်ရှည် သော ရွှေရောင်လှိုင်းလိုအစင်း လေးဟာ တောက်ပ လျက် ကျန် နေပါတယ် ။
“ဒါဘာလဲ”
ချန်ရှန် မသေချာသလို ပြောလိုက်မိတယ် ။ ထို့နောက် စုမေး ယိုနဲ့ ဘိုင်ယုယုတို့ကို ခေါ်မေးလိုက်ပါတယ် ။
စုမေးယိုနဲ့ ဘိုင်ယုယု တို့ဟာ အမည်းရောင်ခေါင်းစွပ် ကိုယ် စီ ဝတ်ဆင်ထားကြပြီး ကွင်းလေးထဲမှ ထွက်လာပါတယ် ။ ဒီ ဝတ်စုံအနေအထားကတော့ သူတို့ကို ဘယ်သူမှ ကောင်းစွာ မမြင်နိုင်သော ပုံပါပဲ ။
“ဒါသိုင်းဝိဉာဉ်တော်များလား”
ဘိုင်ယုယု ရဲ့ ရေခဲအသံဖြစ်ပြီး အံ့သြမှုတွေ အသံမှာပါဝင် နေတာကို တွေ့ရပါတယ် ။
စုမေးယိုက ထိုင်ချပြီး သူမခေါင်းကို ညိမ့်ကာ အသေချာကို ပြန်ပြောတယ် ။
“ဟုတ်တယ် သိုင်းဝိဉာဉ်တော်ပဲ”
“သိုင်းဝိဉာဉ်တော် ဆိုတာဘာလဲဗျ”
ချန်ရှန် ဒီ အကြောင်းကို တခါမျှ မကြားဖူးပါ ။
“ဒီအရာ မှာ ပြောမပြနိုင်တဲ့ ထူးခြားမှုတွေ ပါတယ် ။ ဒါဟာ ကောင်းကင်နဲ့ မြေကြီးက ဖြစ်တည်တဲ့ ချီ ဓာတ်တွေကပေါက်ဖွား လာတာ ဖြစ်တယ် ။ တကယ်လို့ ရေခဲသိုင်းဝိဉာဉ်တော်ဟာ မင်းလက်မှာ လာပေါင်းရင် မင်းက မီးဓာတ်ထုတ်တဲ့ ချီဓာတ် ပိုင်ရှင် ဖြစ်တောင်မှ ဒီ ရေခဲသိုင်းဝိဉာဉ်တော်ကို ဖြတ်သွားရင် ရေခဲ ချီဓာတ် ပိုင်ရှင် ဖြစ်သွားလိမ့်မယ်”
စုမေးယိုက ရှင်းပြတယ် ။
ချန်ရှန် တော်တော် အံ့သြသွားပါတယ် ။
“အမတော် ပြောချင်တာက တစ်စုံတစ်ယောက်ဟာ မီး ချီ ဓာတ် မထုတ်လုပ်နိင်ရင်တောင် ဒီလို မီးသိုင်းဝိဉာဉ်တော်နဲ့ သူ့ လက်မှာ ပေါင်းစပ်လိုက်ရင် အဲဒိလူက မီးချီဓာတ်တွေကို ထုတ် လွှတ်နိုင်မယ် အဲလိုလား”
ဘိုင်ယုယု က ဝင်ပြောပါတယ် ။
“ဟုတ်တယ် ၊ ဒါကြောင့် ဒီလို သိုင်းဝိဉာဉ်တွေဟာ အရမ်း ကို တန်ဖိုးရှိပြီး သိုင်းဝိဉာဉ်တော်တစ်ခုကို ဘာ ဓာတ်စွမ်းရည် ရှိမှန်းကို ငါတို့ သေချာ မပြောနိုင်ဘူး”
ချန်ရှန် ဟာ ဒီ မှော်ဆန်တဲ့ အကြောင်းအရာကို ခုမှ ပထမ ဆုံးအကြိမ် ကြားဖူးတာပါ ။ ဒါကိုကြည့်ချင်းအားဖြင့် ဘယ် လောက် ရှားပါးတယ်ဆိုတာကို သိနိုင်ပါတယ် ။ ဒါပေမယ့် ဘာ လို့ ဆောင်နန်မင်းမှာ ဒါရှိနေရတာပါလိမ့် ။
“မင်းမှာက ဒီလို သိုင်းဝိဉာဉ်တော် ရှိတာက သိပ်တော့ အသုံးဝင်မှာမဟုတ်ဘူး ဘာလို့လဲ ဆိုတော့ မင်းဟာ ချီဒြပ်စင် ၅ ခုကို ထုတ်လွှတ်နိုင်နေတာလေ ။ ဒါပေမယ့် နောက်ကျ မင်း ဒါ ကို ရောင်းဖို့ဖြစ်ဖြစ် သိမ်းထားလိုက် ။ တချိန်မှာ အရေးကြီးတဲ့ အရာတွေနဲ့ အလဲအလှယ် လုပ်လို့ ရနိုင်တယ် ။
ချန်ရှန် လေအံတောင်ကို ပျံသန်းခဲ့တယ် ။ ဆောင်နန်မင်း ကို သတ်ခြင်းဟာ သူ့အတွက် သိုင်းကျင့်စဉ်တစ်ခုကိုသာမက သိုင်း ဝိဉာဉ်တော်တစ်ခုကိုပါ ရရှိခဲ့ပါတယ် ။ ဒါဟာ အကျိုး အ မြတ် တော်တော် ကြီးကြီးကို ရလိုက်တာပါပဲ ။
သူ၏ ကွင်းအတွင်းရှိ စုမေးယို အား မေးလိုက်ပါတယ် ။
“အမတော် မေးယို ၊ ဒီ သိုင်းဝိဉာဉ်တော် အကြောင်း ကျွန်တော့ကို ပြောပြနိုင်မလား ၊ ဒါက ကျွန်တော့အတွက် တကယ်ပဲ အသုံးမဝင်တာလားဗျ”
စုမေးယို က ပြန်ပြောပါတယ် ။
“ဒီလိုတော့ မဟုတ်ပါဘူး ။ ဒီလို သိုင်းဝိဉာဉ်တော် တွေဟာ အများကြီး ရှိကြတယ် ။ ထပ်ပြောရမယ်ဆို သားရဲ တွေက ဖြစ်တဲ့ သားရဲသိုင်းဝိဉာဉ်တော် တွေလို ဟာမျိုးတွေလဲ ရှိတယ် ။ ဒါကလည်း အရမ်းကို ရှားပါးပါပေတယ် ။ မင်းနဲ့အသင့်တော်ဆုံးက တော့ မီးသိုင်းဝိဉာဉ်တော်ပဲဖြစ်တယ် ။ ၎င်းက မီးတောက်ရဲ့ သဘာဝကို အမျိုးမျိုးပြောင်းလဲပေးနိုင်တယ် ။ ဒီလို မျိုး ဖြစ်တဲ့ အတွက် ၎င်း မီးသိုင်းဝိဉာဉ်တော်ဟာ ဆေးပညာအတွက်လည်း များစွာ အထောက်အပံ့ ဖြစ်တယ်ကွ ။”
“မီးဝိဉာဉ်တော်တွေဟာ အရမ်းကို ရှားပါးတယ် ။ ငါ့ဆရာ ဆီမှာ တစ်ခုရှိတာကို တွေ့ဖူးတာကလွဲရင် ဘယ်သူမှာမှ မတွေ့ခဲ့ဖူးသေးဘူး ။ ဒါပေမယ့် အင်အားကြီးလှတယ့် တစ်ကိုယ်တော် သိုင်းပညာရှင်တွေ အချို့မှာတော့ တစ်ခု တွေ ရှိကြတယ်လို့ ကောလဟာလ တွေ ပျံ့ဖူးတယ်”
ချန်ရှန် နည်းနည်း အံ့သြသွားတယ် ။ စုမေးယို ရဲ့ ပါးစပ်က ဒီလို ဝိဉာဉ်တော် ရှိတဲ့လူဟာ သိုင်းပညာရှင်များစွာထဲမှ အစွမ်းထက်ဆုံး တစ်ယောက် ဖြစ်နိုင်ပါတယ် ။
လေအံတောင်ဟာ သိပ်မမြင့်လှသော်လည်း တကယ်ကို ကြီးမားလှတဲ့ ကျောက်တောင်ကြီးတစ်ခု ဖြစ်ပါတယ် ။ အပေါ် မှာတော့ အိမ်များစွာကို ဆောက်လုပ်ထားပြီး တောင်၏ ထိပ်တည့်တည့်မှာ နန်းတော်ကြီးတစ်ခုကို တည်ဆောက်ထား ပါ တယ် ။ ချန်ရှန်ဟာ ဒီလိုနေရာမျိုးမှာ အမှောင်အင်အားစုတို့ ဒီ လို အင်အားကောင်းစွာ စုနေကြမယ်လို့ မထင်ခဲ့မိပါ ။
ချန်ရှန် သူ့အဖေကို တော်တော် လေးစားမိသွားတယ် ။ အဆင့် ၈ လေးနဲ့ ဒီလို အင်အားကြီးလှတဲ့ အုပ်စုကြီးထဲကို ဝင် သွားပြီး အဓိက ဂိုဏ်းဝင်တွေကို သတ်နိုင်ခဲ့လို့ပါ ။
တောင်ခြေမှာတော့ ခုနက ချန်တျန်းဟူ တိုက်ခိုက်သွားမှု ကြောင့် ကင်းထောက် အမြောက်အများချထားပါတယ် ။ ဒါပေ မယ့် ချန်ရှန် အတွက်ကတော့ ပြသနာမရှိပါ ။ သူ့အဖေဟာ အရင် က အဆင့်မြင့် ပညာရှင် တော်တော်များများကို သတ်ထားပြီး ဖြစ်တဲ့အတွက် ချန်ရှန်ဟာ စိတ်လက်ပေါ့ပါးနေပါတယ် ။
ဒီဂျူဒူဂိုဏ်းဟာ အဆိပ်လူးထားတဲ့ လက်နက်ပုန်များကို အမျိုးမျိုးအသုံးပြုကြတဲ့ ကြောက်စရာဂိုဏ်းဆိုတာ ချန်ရှန် သိ ပါ တယ် ။ ဒါပေမယ့်လည်း သူဟာ ကြိုတင် ကာကွယ်မှု များ လုပ်နိုင်သောကြောင့် ဒီဂိုဏ်းကို ကြောက်ရွံ့မိခြင်း မရှိပေ ။
ဒါမတိုင်ခင်က ချန်ရှန်ဟာ ထောင်ပေါင်းများစွာသော လက်နက်ပုန်းများကို ကာကွယ်ခဲ့တာပါ ။ ဒါပေမယ့်လည်း တစ်ခု မျှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါဘူး ။
ဂိုဏ်းသား တစ်ယောက်ဟာ ချန်ရှန် တောအုပ်ထဲက ထွက် လာပြီး တောင်ဆီ လာနေတာကို တွေ့သွားတယ် ။ ချက်ချင်းပင် ခါးမှ ဓားကို ထုတ်လိုက်ပြီး အော်ပြောလိုက်ပါတယ် ။
“မင်းဘယ်သူလဲ”
“ချန်ရှန်”
ဂျူဒူဂိုဏ်းသားတို့ ရုပ်ရည် ကြည့်ကောင်းလှသော လူငယ် တစ်ယောက် ဖမ်းစားတတ်တဲ့ ချီဓာတ်တွေ ထွက်လျက် ပြော တာကို မြင်တဲ့အခါ ဆူညံသွားကြပါတော့တယ် ။ ဒီလူငယ်ဟာ လူပြောများနေတယ့် ချန်ရှန်ဆိုတာ သူတို့အတွက် သံသယ ဖြစ်ဖွယ် မရှိတော့ပါ ။
ချန်ရှန်၏ မျက်လုံးများဟာ အမဲလိုက်ခြင်းနဲ့ ဆိုင်သော ချီ ဓာတ်များ များစွာ ပါဝင်လျက်ပါ ။ ရုတ်တရက်ပဲ ထိုလူတွေဟာ သူတို့လက် ၂ ဖက်တွေမှ အရွယ်အစားစုံလင်လှသော သံအပ် များစွာကို လျင်မြန်စွာ ပစ်လွှတ်လိုက်ကြတယ် ။ တောက်ပတဲ့ နေအလင်းရောင်အောက်မှာ ၎င်းအပ်များဟာ အအေးငွေ့ များ ရောင်ပြန်ဟပ်နေကြပါတယ် ။
ချန်ရှန် မျှော်လင့်ထားသလိုပါပဲ ။ ဒီဂိုဏ်းသားအများစုဟာ လက်နက်ပုန်းများသာ အသုံးပြုလေ့ရှိကြပါတယ် ။ သာမန် သိုင်း ပညာရှင်ဆိုပါက ဒီလိုတိုက်ခိုက်မှုမျိုးအား ခုခံနိုင်ရန် ခက်ခဲလှ ပြီး ဒီလူတွေရဲ့ သတ်ဖြတ်ခြင်းကို အလွယ်တကူ ခံရနိုင်ပါတယ် ။
ဒါပေမယ့် ချန်ရှန်အဖို့တော့ အရေးမဟုတ်လှပါ ။ သူ၏မျက် ခုံးများ မြင့်တက်သွားပြီး မီးငွေ့ချီဓာတ်များဟာ သူ၏ ကိုယ်မှ ထွက်လာပါတယ် ။ ခန္ဓာကိုယ်ပတ်လည်အား အကာကွယ်တစ်ခု ဖြစ်ပေါ်စေလျက် ဝင်လာသမျှ အပ်များဟာ ချန်ရှန်၏ အကာ ကွယ်မှာ ရပ်တန့်သွားရပါတော့တယ် ။
ချန်ရှန်ဟာ ချွန်မြလှတဲ့ အပ်များကို ကြည့်ရင်း အေးစက် စက် ပြုံးလိုက်မိတယ် ။ ထို့နောက် ပြင်းထန်လှသော နတ်အတွင်းအားများကို ထုတ်လွတ်လိုက်ကာ ထိုအပ်များအား ဂိုဏ်းသားများထံသို့ ပြန်လည် လွင့်ထွက်သွားစေလိုက်ပါတယ် ။
“ဒီလို သံအပ်တွေ ပစ်နေတာ တော်တော် လွယ်နေတယ် ဟုတ်လား ၊ ဒီမှာ ငါလည်း မင်းတို့ကို ပြန်ပစ်ပြီနော်”
ချန်ရှန် လှောင်လိုက်ကာ မရေတွက်နိုင်သော အပ်များကို မိုးသီးများကြွေသလို ဂျူဒူဂိုဏ်းသားများဆီသို့ ပြန်ပစ်လိုက်ပါ တော့တယ် ။
ဒီအချိန် ထိုလူများလည်း ဘယ်လိုမှ မလုပ်နိုင်တော့ပဲ အပ် များစွာဟာ ၎င်းတို့အား ထိမှန်လျက် ဖြူကောင်များလိုပင် ဖြစ် သွားကြပါတယ် ။
ထို့နောက်မှာတော့ ချန်ရှန်ဟာ မချိမဆန့် ဖြစ်နေတယ့် လူလေးငါးဆယ် လောက်ကို သူ့ရှေ့မှာတွေ့လိုက်တယ် ။ ၎င်းတို့ မှာ စိုက်ဝင်နေတဲ့ အပ်များဟာ အမည်းရောင်ပြောင်းသွားပြီး သူတို့ခန္ဓာကိုယ်သည်လည်း သွေးမည်းများအဖြစ် အရည်ပျော် သလို ဖြစ်လာသော ကြောင့် စူးစူးဝါးဝါးကို အော်ဟစ်နေကြပါတော့တယ် ။
သွေးတွေဟာ အဆိပ်တွေနဲ့ ပြည့်နေပြီး ခန္ဓာကိုယ် တစ်ခုလုံးသာမက အဝတ်များပါ အရည်ပျော်ကုန်ကြပါတယ် ။ မည်မျှ အဆိပ်ပြင်းလဲဆိုတာ ပြသနေပါတော့တယ် ။
“ဒီဂိုဏ်းကိုတော့ ဆက်တည်ရှိခွင့် မပေးနိုင်တော့ဘူး”
ချန်ရှန် မျက်မှောင်ကြုတ်လျက် ပြောလိုက်ပါတယ် ။ သူဟာ မီးဓာတ်များစွာထုတ်ပြီး သွေးများကို မီးရှို့လိုက်ပြီးနောက်တောင် ထိပ်ဆီသို့ ပျံသန်းသွားပါတော့တယ် ။
ခုနက ဂိုဏ်းသားများနဲ့ ချန်ရှန်တို့ တိုက်ခိုက်မှုကြောင့် တောင်ထိပ်ရှိ အချက်ပေး ခေါင်းလောင်းများ မြည်သွားပါတယ် ။ ချန်ရှန်ဟာ သူ့ကိုတွေ့သွားကြပြီဆိုတာ သိလိုက်တယ် ဒါပေမယ့် တောင်ထိပ်ကို သွားနေတုန်းပါပဲ ။
တောင်ထိပ်ရောက်တယ့် အခါမှာတော့ အံ့သြစရာကောင်း တာက ဘယ်သူမှမရှိနေတာပါပဲ ။ သူနန်းတော်ထဲ ဝင်သွားတဲ့ အခါ ခန်းမကြီးထဲတွင် အမည်းရောင် ဝတ်ရုံအပြည့် ဝတ်ထား သော လူတစ်ယောက်ကို တွေ့လိုက်ရပါတယ် ။ ဒါပေမယ့် ရုတ် တရက်ပဲ ထိုလူ၏ နောက်မှ များစွာသော လူအုပ်ကြီးဟာ ထိုလူ ကို ဝိုင်းလျက် ထွက်ပေါ်လာကြတယ် ။ ထောင်ဂဏန်းကျော် လောက်ကို ရှိနိုင်ပါတယ် ။
“မင်း အဖေ သေပြီလား”
ဆံပင်ဖြူဖြူ လူကောင်သေးသေးလေးဖြင့် ရုပ်ဆိုးလှသော အဖိုးကြီးတစ်ယောက် ထွက်လာကာ နားဝင်ဆုးိလှသော အသံ ကြီးဖြင့် မေးပါတယ် ။
“နိုး ပါ ။ ကောင်းကောင်းကြီး အသက်ရှင်နေတယ်”
ချန်ရှန် တည်ငြိမ်စွာ ပြန်ပြောလိုက်ပါတယ် ။ ထိုရုပ်ဆိုးဆိုး လူကြီး၏ မျက်လုံးများ အနည်းငယ် ပြူးကာသွားပါတယ် ။ ချန်ရှန်တစ်ယောက် ဒီလူကြီးဟာ ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ တွေးမိလိုက်ပါတယ် ။
“ဟဟ ၊ ဒီကိစ္စ နဲ့ ပတ်သတ်ပြီး မင်းက ဒီကို အသေခံဖို့ လာ တယ်ပေါ့ ၊ ဟုတ်လား”
ခေါင်းဆောင်ဖြစ်ဟန် တူသူက အေးစက်စွာ ပြောတယ် ။ သူ ချန်ရှန်ကို ကြည့်တဲ့အကြည့်ဟာ သနားစရာ သေခါနီးလူတစ် ယောက်အား ကြည့်နေသလို ပုံဖြင့် ကြည့်နေတာပါ ။
“ကျွန်တော် ဒီကိုလာတာ သေဖို့မဟုတ်ဘူး ၊ ခင်ဗျား အသက်ကို ယူချင်လို့”
ချန်ရှန်ဟာ ခနဲ့တဲ့တဲ့ ပြောလိုက်တယ် ။ သူ့မျက်နာနဲ့ လေသံ ဟာ တော်တော် အလျင်စလို ဖြစ်နေပုံပါပဲ . . . ။
Chapter – 68
#ဂျူဒုူဇီ
ဒါကိုနားထောင်ပြီးနောက်မှာတော့ ဂျူဒူဂိုဏ်း ခေါင်းဆောင် ဟာ ရယ်စရာ ပျက်လုံးတစ်ခု ကြားရသကဲ့သို့ ရယ်နေပါတယ် ။ သူ့ ကို ဝန်းရံလျက်ရှိတဲ့ အမည်းရောင်ဝတ်ရုံဝတ် လူများဟာ လည်း လိုက်ရယ် ကြတယ် ။ ၎င်းတို့၏ ရယ်သံမှာ ရုပ်ဆိုး အကျည်းတန် လှပြီး ကျောချမ်းချင်စရာပါပဲ ။
“မင်းအဖေက ဒီကို ဒီတိတ်တိတ်လေး လာတဲ့အတွက် ငါတို့ ဟာ အကျအဆုံးများခဲ့တယ် ။ ငါတို့သာ ကြိုတင် ခန့်မှန်းနိုင်ခဲ့ရင် သူသေတာ ကြာပေ့ါ ။ ခု မင်းကျ ငါတို့စီစဉ်ထားတိုင်းအတဲ့ အတိုင်း ကွက်တိလာတာပဲ ။ အဲဒါကြောင့် မင်းတော့ သေပြီပေါ့”
ခေါင်းဆောင်က မနှစ်မြို့ဖွယ် ရယ်လျက် ပြောပါတယ် ။
“မင်း ဒီကိုလာနိုင်တာဟာ ဆောင်နန်မင်းနဲ့ မတွေ့ခဲ့လို့ပဲ ၊ ဒါဟာ မင်းအတွက် ကံကောင်းခြင်းပေါ့ ။ ဒါပေမယ့် ခု ဒီကိုလာ တာဟာ သေဖို့လာတာနဲ့ အတူတူပဲ ။ မင်းကို ဒီတိုင်း လွယ်လွယ် နဲ့တော့ မသေခိုင်းသေးပါဘူး ။ ငါ့အဆိပ်နဲ့ ဖြည်းဖြည်းချင်း သတ် မယ် ။ မင်း ကို အသုံးချပြီး ချန်မျိုးနွယ်ကိုတောင် . . .”
ချန်ရှန် ဟာ သူ့ကို ကြားဖြတ်ပြီး ပြောလိုက်တယ် ။
“ကျွန်တော်က ဆောင်နန်မင်းနဲ့ တွေ့ပြီးပြီ ၊ အဲဒါကြောင့် မို့ လည်း ဒီလေကြီးတဲ့ ဂိုဏ်းရဲ့ အကြောင်းတွေ သိတာ ၊ ဒါပေမယ့် ခုကြည့်ရတာ ထင်သလောက်လည်း မဟုတ်ပါဘူး ။”
ချန်ရှန် ရဲ့ စကားဟာ ခေါင်းဆောင်ကို ရုတ်တရက် တုန် လှုပ်သွားစေပါတယ် ။ မယုံနိုင်သော အကြည့်များဖြင့် ချန်ရှန် အား ကြည့်ကာ -
“ကောင်လေး ၊ မင်းက စွမ်းအားကြီးတာတော့ ငါသိပါတယ် ၊ ဒါပေမယ့် ဒီလောက် ရာပေါင်းများစွာသော ဂျူဒူ ဂိုဏ်းသားတွေ ရဲ့ ပိတ်ဆို့ ဝန်းရံတိုက်ခိုက်မှုကို ခံခဲ့ရတာတောင် အသက် ရှင် နိုင်သေးတဲ့အချက်က မင်းဟာ အဆင့် ၁၀ ရှိနေတာများလား”
“ခင်ဗျားတို့ရဲ့ အဆိပ်အပ်ပစ်တဲ့ အတတ်ကတော့ မဆိုးဘူး ဆိုတာ ဝန်ခံပါတယ် ။ လှပတဲ့ ရက်စက်မှု တစ်မျိုးပါပဲ ။ ဒါပေမဲ့ ကျွန်တော့ မျက်လုံးထဲမှာတော့ ကလေးတွေ ဆော့နေသ လိုပဲ”
မူလက အပြုံးမျက်နာဖြင့် ရှိနေသော ချန်ရှန်ဟာ ရုတ်တရက် အပြုံးများ ပျောက်ကွယ်သွားကာ သတ်ဖြတ်ချင်သော အရိပ်အယောင်များ ဖုံးလွှမ်းလျက် ပြန်ပြောလိုက်ပါတယ် ။
“ကျွန်တော်က အဆင့် ၁၀ တော့မဟုတ်ဘူး ဒါပေမယ့် အဆင့် ၁၀ ရှိတဲ့ ပညာရှင်ကို သတ်နိုင်တယ်”
ပြောပြီးနောက် ချက်ချင်းပင် ချန်ရှန်၏ လက်တစ်ဖက်မှ မမြင်နိုင်သော ချီငွေ့များထွက်လာပြီး စကြာဝဠာစွမ်းအင်ကို ပြုလုပ်လိုက်ပါတယ် ။ ရန်သူများ၏ နတ်အတွင်းအား အာရုံသာ အားကောင်းမှု မရှိပါက ဒီကြောက်စရာ ချီဓာတ်များအား မြင်နိုင် မှာ မဟုတ်ပါဘူး ။
ဂိုဏ်းသားများဟာ ချန်ရှန်၏ လက်သီးဟာ ပြင်းထန်စွာ ထိုးလိုက်တဲ့အမူအရာကို တွေ့တဲ့အခါ နောက်ကျသွားခဲ့ပါပြီ ။ လက်သီးဟာ အရမ်းကို မြန်ဆန်ကာ မှော်ဆန်လှတဲ့ အားတွေ လေထဲ ဖြတ်သန်းလျက် ပေါက်ကွဲမှုများလည်း ဖြစ်ပေါ်နေတယ်။ မြေကြီးတစ်ခုလုံးကို ဒီကြီးမားတဲ့ အားကြီးက ပွတ်ဆွဲသွားကာ အက်ကွဲကုန်ပါတယ် ။ ဖြတ်သန်းရာတလျှောက် ထိမိသော အရာအားလုံး ပြိုကွဲပျက်ဆီးပြီး နန်းတော်ခန်းမကြီး တစ်ခုလုံးကို လှုပ်ခါစေလိုက်ပါတေ့ာတယ် ။
ချန်ရှန်ရဲ့လက်သီးဟာ မျက်စိတစ်မှိတ်အတွင်းတွင် ထွက်လာတာဖြစ်ပြီး ထိပ်က လူကြီးရဲ့ ရင်အုံကို ရိုက်ခတ်သွားပါတယ်။ ဒါပေမယ့် ချန်ရှန်ကို အံ့သြသွားစေတဲ့ အချက်ကတော့ ၎င်း ခေါင်းဆောင်ဖြစ်သူဟာ ပျံသန်းချင်း ရှောင်တိမ်းခြင်းမရှိ ပဲ အဲ ဒိအစား ချီငွေ့များထုတ်ကာ ချန်ရှန်၏ ပြင်းထန်လှသော စွမ်း အားကို ခုခံနေလို့ပါပဲ ။
“မင်းးးးးး”
ဂိုဏ်းခေါင်းဆောင် ဟာ ချန်ရှန် ဒီလို ရုတ်တရက် ပြင်းထန် လှတဲ့ အစွမ်းနဲ့ ချန်ရှန် တိုက်ခိုက်လိ့မ်မယ်လို့ မထင်လိုက်မိခဲ့ ပါဘူး ။ သူ့စိတ်ထဲမှာ ဒီစွမ်းအားဟာ အဆင့် ၁၀ ပညာရှင်တွေ အဖို့ ခံနိုင်လိမ့်မယ်လို့ တွေးမိပါတယ် ။ သွေးတွေ ပါးစပ်မှ ထွက်ကျ လာပြီး ချန်ရှန်ရဲ့ လက်သီးဟာ သူ့ကို တော်တော် ဒဏ် ရာရသွားစေပါတော့တယ် ။
“တိုက်ကြ ၊ သူ့ကို သတ်”
အသံထွက်လာတာနဲ့ ချန်ရှန်၏ လက်သီးဟာ ရုတ်တရက် ရွှေရောင် အဖြစ်ပြောင်းသွားပြီး စစ်မှန်သော ချီဓာတ်များ သွေးကြောများထဲ စီးဆင်းနေပုံဟာ အထင်းသားပါပဲ ။ သူရပ်နေ တယ့် မြေကြီးဟာလည်း ကျွံဝင်သွားပြီး များစွာသော ချီဓာတ်တွေ ဟာ တောက်လောင်နေပါတယ် ။ ချန်ရှန်နောက် တစ်ကြိမ် လက်သီးထပ်ထိုးလိုက်ပြန်ပါပြီ ။
“နဂါးငွေ့လက်သီး”
သူဟာ ဒီလက်သီးကို အနှိုင်းမဲ့စကြာဝဠာ ချီဓာတ်ကို အသုံးပြုပြီး ထိုးလိုက်တာဖြစ်သောကြောင့် စွမ်းအားအရမ်းကြီးပါတယ် ။ ဒီလက်သီးဟာ မရဏနဂါး နတ်သိုင်းစွမ်းရည်ထဲမှာ ပါဝင်တာပဲ ဖြစ်ပါတယ် ။
“ရပ်စမ်း ၊ ငါ့ဟာ ရာချီတဲ့ အဆိပ်ဂိုဏ်းရဲ့ . . .”
သူူဟာ စကားကိုတောင် ဆုံးအောင် မပြောလိုက်ရပါဘူး ။ ချန်ရှန်၏ ရွှေရောင်အခိုးအငွေ့ဘောလုံးကြီးတစ်ခုလို လက်သီး ဟာ ပြင်းထန်စွာပဲ ခေါင်းဆောင်၏ ခေါင်းကို ထိမှန်သွားပါ တော့ တယ် ။
များစွာသော အားပြင်းလှတဲ့ ချီဓာတ်များပါဝင်သောကြောင့် ထိ မှန်သွားသော ခေါင်းဟာ တစစီဖြစ်လျက် မျက်စိတမှိတ်အ တွင်းမှာပဲ အသားတုံးကြီးတစ်ခုအဖြစ် လွင့်ထွက်သွားပါတယ် ။ တချိန်တည်းမှာပင် မရေတွက်နိုင်လောက်သော အဆိပ်မြားများ အပ်များဟာ ချန်ရှန်၏ ကိုယ်ဆီသို့ ပျံသန်းလာကြပါတော့တယ် ။
ချန်ရှန် ဟာ ဒီမြားတွေကို ပထမဆုံး ရင်ဆိုင်ဖို့မကြိုးစားပါ ။ ဒီမြားတွေမှာ ချီဓာတ်တွေ ပါဝင်နေမှာကို သိပါတယ် ။ သူအေးဆေး ကာကွယ်နိုင်မည်ဆိုတာကိုလည်း သိပါတယ် ။
ဒီမြားတွေကို ချီဓာတ်တွေသုံးပြီး ဖျက်ဆီးမလား ၊ ဒါမှမဟုတ် ဒီ မြားတွေကို ထိန်းချုပ်ပြီး ရင်ဆိုင်မလား ဆိုတာပါပဲ ။
ချန်ရှန်ဟာ လုံလောက်တဲ့ နတ်အတွင်းအားအာရုံတွေရှိပြီး သူဟာ ထိုစွမ်းအားကို ထုတ်လွှတ်လိုက်တယ် ။ မရေတွက်နိုင် လှတယ့် လက်နက်ပုန်းပျံတွေဟာ ပတ်ပတ်လည်မှ လှပစွာ ပျံသန်းလာကြသော်လည်း သူ့အတွက် ကောင်းကောင်း ထိန်းချုပ်နိုင်ပါတယ် ။ အဘယ်ကြောင့်ဆိုသော် သူ၏ မျက်လုံးထဲတွင် ၎င်းတို့ဟာ ဖြည်းညင်းစွာ လာနေလို့ပါပဲ ။
ဒီချိန်မှာတော့ ချန်ရှန်ဟာ အရင်လို ခုခံကာကွယ်ဖို့ မည်သည့် ချီဓာတ်မျှ မသုံးပဲ နတ်အတွင်းအား အာရုံ တစ်ခုထဲကို သာ သုံးပြီး မြားတွေကို ရပ်စေပြီး လေထဲတွင် တန့်နေစေ လိုက်ပါတယ် ။
“ဟဟ ၊ မင်းတို့ ဒီတမျိုးပဲ တိုက်တတ်တာလား”
ချန်ရှန် အေးစက်စွာ ပြောလိုက်ပြီး သူ၏ ကိုယ်မှ ကြောက်စရာ ချီဓာတ်တွေကို ထုတ်လွှတ်လိုက်ပါတယ် ။ ဒီချီဓာတ်တွေ ဟာ လောင်ကျွမ်းစေတဲ့သတ္တိရှိပြီး ကြီးမားသော မီးလှိုင်းလုံးကြီးတွေ ဟာ သူ့ပတ်လည်မှာရှိတဲ့ အရာအားလုံးကို လောင်ကျွမ်းသွားစေပါတယ် ။ မျက်စိတမှိတ်အတွင်းမှာပင် ဒီ သံအပ်တွေအားလုံး ဟာ လောင်ကျွမ်းသွားရပါတော့တယ် ။
ဂိုဏ်းတစ်ခုလုံး ရှော့ဖြစ်သွားတယ် ။ သူတို့လက်နက်ဟာ အရမ်းအစွမ်းထက်တယ်လို့ ထင်ခဲ့ကြတာပါ ၊ ဒါပေမယ့် ခုက မမျှော်လင့်စွာပဲ ချန်ရှန်ဖြစ်နေပါတယ် ။ သူတို့၏ ဒုတိယအကြိမ် ထပ်ပစ်ဖို့ ပြင်ဆင်နေတုန်းမှာပင် ချန်ရှန်ဟာ မီးပင်လယ်အတွင်း မှ ရုတ်တရက် ပျောက်ကွယ်သွားတယ် ။
အပေါ်ကို မော့ကြည့်လိုက်တယ့်အခါမှာတော့ ကြီးမားတဲ့ လောင်ကျွမ်းနေသော ပုံဆောင်ခဲတစ်ခုဟာ အပုူချီဓာတ်များ အား လှိုင်းလိုမျိုး ထုတ်နေပါတယ် ။ တောင်ကြီးတစ်ခု ၎င်းတို့ ပေါ် ပြိုကျတော့မလိုပင် ။
“ဘုန်းးးးးးး . . . ဘုန်း . . . ဘုန်းးးးး”
ကြီးမားလှတဲ့ လောင်ကျွမ်းနေသော ပုံဆောင်ခဲကြီးဟာ ဖိချ လိုက်ပြီး ကျယ်လောင်ပြင်းထန်လှတဲ့ ပေါက်ကွဲမှု များ နဲ့အတူ ရာပေါင်းများစွာသော ဂိုဏ်းသားများဟာ ဟောခန်းအတွင်းမှာ ပိပြားလျက် နံပြားလှိမ့်သလိုပင် ဖြစ်ကာ အသားစများ ပြန့်ကျဲ ကုန်ပါတော့တယ် ။
ချန်ရှန်ဟာ နောက်တစ်ခါ သူ၏ ဇု ချီဓာတ်များကို ထုတ်လိုက်ကာ ကြီးမားတဲ့ ပုံဆောင်ခဲအဖြစ် ပုံပြောင်းလိုက်ပါ တယ် ။ ဒီခန်းမကြီးထဲမှ ဂျင်ဒူ ဂိုဏ်းတစ်ခုလုံးဟာ ဒီပေါက် ကွဲမှုနဲ့အတူ အသတ်ခံလိုက်ရပါပြီ ။
သိုင်းပညာ အဆင့် ၁၀ ပညာရှင်များ၏ မျက်လုံးထဲတွင် သာမန်လူများမှာ ပုရွတ်ဆိတ်များလိုပါပဲ ။ အဆင့် ၁၀ ဟာ အဆင့် ၈ လောက်တောင် မသန်မာဘူးလို့ ချဲ့ကားပြောဆိုတာ မဟုတ်ပေငြားလဲ ချန်ရှန် ကတော့ သက်သေပင် ။ ချန်ရှန်မှာ အဆင့် ၈ ဖြစ်သော်လည်း များစွာသောစွမ်းရည်များ ရှိကာ နတ် အတွင်းအားများလည်း ရှိနေသောကြောင့် အဆင့် ၉ ပညာရှင် အား သတ်နိုင်ရုံမက အဆင့် ၁၀ ကိုပါ ခြိမ်းခြောက်နိုင်နေတာပါ။
ချန်ရှန် ခန်းမ အပြင်ဖက်ကို ထွက်လာပြီးနောက် အပြင်ကို ရောက်တဲ့အခါမှာတော့ ကြောက်စရာ စွမ်းအားကို တခါထပ် အသုံးပြုပြီး တောင်ကို ပြိုကွဲစေလျက် လေအံတောင်ထိပ်မှ အရာ အားလုံးကို လုံး၀ ဖျက်ဆီးလိုက်ပါတော့တယ် ။
လေအံတောင်မှ ဆင်းလာရင်း ချန်ရှန်ဟာ ချက်ချင်းပဲ ထိုက် ကျိ ကျင့်စဉ်ကို အားထုတ်လျက် သူ၏ ချီဓာတ်များကို သိမ်းလိုက် ပါတယ် ။ ဆိုလိုသည်မှာ ဒီလိုအုပ်စုလိုက် သတ်ဖြတ်လာတဲ့ အ တွက် သူဟာ ချီဓာတ်များထွက်နေသော လူသားမိစ္ဆာနဲ့ပင် တူ နေလို့ဖြစ်ပါတော့တယ် ။
ချန်ရှန် တောင်မှ ဆင်းလာပြီးနောက် တောထဲ ဝင်လာခဲ့ပါ တယ် ။ ခဏကြာသော် သူ့ရှေ့မှာ သက်လတ်ပိုင်းအရွယ် လူတစ် ယောက်ကို တွေ့လိုက်ရပါတယ် ။ဒီလူဟာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်လျက် မုတ်ဆိတ်မွှေးအချို့ မေးစေ့တွင် ပေါက်နေသော သာမန်လူလိုပဲ ဖြစ်ပါတယ် ။
ဒါပေမယ့် ချန်ရှန်ဟာ ဒီလူကို တွေ့တဲ့အခါ ကြောက်ရွံ့တဲ့ စိတ် ဖြစ်ပေါ်လာမိပါတယ် ။ ထိုလူဟာ သူ့အနားမှာ ရောက်နေပါ ပြီ ။ ဒါတင်မက ချန်ရှန်ဟာ ထိုလူ၏ အားအင်ကို မှန်းဆမရနိုင်ပဲ သူအလိုလိုသိတာကတော့ ဒီလူဟာ အရမ်း အန္တရာယ်ရှိတဲ့ ပုံရိပ် တစ်ခုဆိုတာပါပဲ ။
“ဒီလို အပြင်လောကမှာ ဒီလို ထူးချွန်လှတယ့် ပညာရှင်မျိုး ရှိလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး ။ ပျံသန်းနိုင်တဲ့ အတောင်ပံ ချီဓာတ်မျိုးရှိရုံတင်မက အံ့သြစရာ ဆေးပညာစွမ်းရည်ကိုလဲ ပိုင် ဆိုင်ထားသေးတယ် ။ မင်းရဲ့ အားဟာ တော်တော်ကောင်းလို့ မင်းသာ စစ်မှန်တဲ့ သိုင်းပညာကို ရသွားရင် အထူးချွန်ဆုံးသော လူငယ် ဖြစ်သွားမှာ အမှန်ပဲ”
ထိုလူက မျက်နာသေဖြင့် သူ၏အသံမှာလဲ ခံစားချက်တစ်စ တောင် ပါဝင်လျက်မရှိပဲ ပြောတာပါ ။
“ခင်ဗျား ဘယ်သူလဲ”
ချန်ရှန် သတိအနေအထားဖြင့် ကြည့်ရင်း မေးလိုက်ပါတယ်။
ထိုလူမှ အေးစက်စက် ပြုံးကာ ပြန်ပြောတယ် ။
“ငါ့နာမည်က ဂျူဒူဇီ ၊ မင်းဖျက်ဆီးခဲ့ ဂျူဒူဂိုဏ်းရဲ့ တည် ထောင်သူပဲ ။”
ချန်ရှန် သူ့စိတ်ထဲ အံ့သြသွားပါတယ် ။ ဒီလူဟာ ဒီနေရာမှာ အကြာကြီး ရှိနေခဲ့တာဖြစ်ပြီး သူတည်ထောင်ခဲ့တဲ့ ဂိုဏ်းကို ဖျက်ဆီးတာကို သူကိုယ်တိုင်ကြည့်နေပြီး ဘာမှ မလုပ်ခဲ့ဘူး ။
ဒါကိုကြည့်ချင်းအားဖြင့် ထိုလူဟာ ချန်ရှန် သူ၏ ချီဓာတ်များ သုံးပြီးပြန်လာတာကို စောင့်နေခြင်းဖြစ်ပြီး သူနဲ့ လွယ်ကူူစွာ ရင် ဆိုင်နိုင်ဖို့ ရည်ရွယ်ချက် ရှိနေတာပါပဲ ။ သူ့ဂိုဏ်းကိုတောင် အပျက်ဆီးခံကာ ချန်ရှန် ကို စောင့်တယ်ဆိုကတည်းက သူ့အပေါ် ဘယ်လိုတောင် အရေးတကြီးအဖြစ် သတ်မှတ်သလဲ တွေ့နိုင်ပါ တယ် ။
“အဆင့် ၁၀ ပါလား”
ချန်ရှန် ဘုရားတမိပါတယ် ။
“အမြင်အာရုံကောင်းပါပေတယ်”
ဂျူဒူဇီ အေးစက်စွာ ပြုံးပြီး တောင်ထိပ်က လောင်ကျွမ်းနေ သော နန်းတော်ကို ကြည့်နေပါတယ် ။ ထို့နောက် ပမာမခန့် အမူ အရာဖြင့် -
“ဒီကမ္ဘာမှာ ငါ့အတွက်က ဂျူဒူဂိုဏ်းနဲပတ်သတ်ပြီး ဘာမှ ခံစားမှု မရှိဘူး ။ ငါက ဒီဂိုဏ်းကို အပန်းဖြေရုံသက်သက်ပဲ ထောင်ခဲ့တာ ၊မင်းဟာ ချီဓာတ်တွေအများကြီးသုံးခဲ့ပြီးပြီ ။ အနား ယူတော့ ၊ ငါမင်းကို မသတ်ပါဘူး ၊ မင်းကို အဆိပ်တစ်ရာ ဂိုဏ်း ကိုသာ ခေါ်သွားပြီး ဂိုဏ်းရဲ့ အဓိက သက်ကြီးဝါကြီးကို လက်ဆောင် အဖြစ်ပေးမယ် နောက်ပြီး သူတို့ကလည်း မင်းကို အရမ်း သဘောကျလိမ့်မယ် ။ ဒါပေမယ့် ဒီမတိုင်ခင်မှာ မင်းငါ့ကို တချို့ အရာတွေ ပေးရမယ် ၊ ဒါမှ မဟုတ်ရင်တော့ ရှင်လျက်နဲ့သေတာ ဘယ်လိုမျိုးလဲဆိုတာ မင်းသိအောင် လုပ်ပေးမယ်”
ဂျူဒူဇီ ဟာ ရက်စက်တဲ့ ပုံစံနဲ့ ရှည်လျားစွာ ပြောလိုက်ပါ တော့ တယ် . . . ။
Chapter – 69
#အံ့အားသင့်ခြင်း
ရန်သူဟာ အဆင့် ၁၀ ဖြစ်ပြီး ဒါဟာ ချန်ရှန်အတွက် အဆင့် ၁၀ ကျွမ်းကျင် ပညာရှင်နဲ့ ပထမဆုံး ရင်ဆိုင်တွေ့ဆုံရတာပါပဲ ။ ဒါတင်မက ထိုပညာရှင်ဟာ ဂိုဏ်းတစ်ခုရဲ့ နောက်လိုက်တပည့် တစ်ယောက် ဖြစ်နေပါသေးတယ် ။ ဒါပေမယ့် ကြောက်စိတ်တ စက်မှ သူ့စိတ်ထဲမဝင်မိပါ ။ ဒါပေမယ့် စိတ်လှုပ်ရှားနေတယ် ။ အဘယ်ကြောင့်ဆိုသော် ဒီလို သင့်တော်တဲ့ ပြိုင်ဖက်ကောင်း တစ်ယောက်ကို မဆုံတွေ့ခဲ့ဘူးလို့ပါပဲ ။
“ခင်ဗျားက ကျွန်တော့် ကို ဘာလုပ်စေချင်တာလဲ ၊ အရှုံး ပေးစေချင်တာလား”
ချန်ရှန်မေးလိုက်ပါတယ် ။ သူ သိပ်စိတ်မရှည်တော့သော် လည်း အရမ်းကို တည်ငြိမ်နေပုံကို ပြုလုပ်ထားတုန်းပါပဲ ။ ဒါကြောင့်ပဲ ထိုလူဟာ နည်းနည်းတော့ အံ့သြသွားတယ် ။
“အကြောတစ်ထောင် အသီး ၊ နှစ်တစ်ထောင် သားရဲဆေး ၊ ငရဲဝိဉာဉ်တော်မြက် ၊ မင်းရဲ့ သိုင်းကျင့်စဉ် ၊ နောက်ဆုံး မင်းရဲ့ ရှိသမျှဆေးတွေ အကုန် ငါ့ကိုပေးပါ ။”
ဂျူဒူဇီ၏ မျက်လုံးများဟာ လောဘများဖြင့် ပြည့်နေပါတယ်။ ဒီလို ဂိုဏ်းတစ်ခုထဲက လူအတွက်တောင် ဒီအရာတွေဟာ အ လွန် တန်ဖိုးရှိလှပြီး ဘဝမှာ တစ်ခါမျှ မရနိုင်သော အရာတွေမို့ လို့ ပါပဲ ။
“ခင်ဗျား ကိုယ်တိုင် လာ ယူလှည့်”
ချန်ရှန် နှုတ်ခမ်းကို တင်းတင်း စေ့လိုက်တယ် ။ ခနဲ့တဲ့တဲ့ အပြုံးတစ်ခု သူ့မျက်နာမှာ မြင်နိုင်ပြီး ထိုမျက်နာမှ ချက်ချင်းပင် စစ်ပွဲအရိပ်အယောင်များ ယှက်သန်းလာပြီး သူ၏ ခန္ဓာကိုယ်မှ လည်း အမဲလိုက်ခြင်းနဲ့ဆိုင်သော ချီဓာတ်များ ထွက်လာ ပါတော့ တယ် ။
ချန်ရှန်၏ အမူအရာ ပြောင်းသွားတာကို ကြည့်ရင်း ဂျူဒူဇီ လန့်သွားတယ် ။
“ဟဟ ၊ အတွေ့ကြုံမရှိတဲ့ကောင်လေး ၊ မင်းလို ချာတိတ်က ငါနဲ့ ကစားချင်တယ်ပေါ့”
ဂျူဒူဇီ လက်ကို လှုပ်ရမ်းပြီး အင်္ကျီ လက်ကြားမှ အမည်းရောင်အဆိပ်ငွေ့များအား ရုတ်တရက် ပစ်လိုက်ပါတယ်။ ၎င်းတို့ဟာ လေပြင်းများအဖြစ် ချန်ရှန်ဆီ တိုက်ခတ်သွားကာ ဒီလောက်နီးနီးလေးဖြင့် ချန်ရှန်ဟာ ရှောင်တိမ်းချိန် မရလိုက်ပါဘူး ။ မျက်စိတမှိတ်အတွင်းမှာပင် အမည်းရောင်အဆိပ်ငွေ့တွေ ပါဝင်သော လေပြင်းများ တိုက်ခတ်ခြင်းကို ခံလိုက်ရပါတော့ တယ် ။
“ကောင်လေး ၊ အဆိပ်တစ်ရာ ဂိုဏ်းဆိုတာ မိစ္ဆာဂိုဏ်း ၅ ခု ထဲက တစ်ဂိုဏ်းဖြစ်ပြီး အဆိပ်မှာ အထူးကျွမ်းကျင်ကြတယ် ။တခြား သိုင်းစွမ်းရည်တွေတော့ မည်မည်ရရ မရှိကြဘူး ။ ဒါကြောင့် သူတို့သုံးတဲ့ အဆိပ်ကို ရင်ဆိုင်နိုင်ရင် မင်းသူတို့ကို အေးဆေး အနိုင်ယူနိုင်မယ်”
ချန်ရှန်စိတ်ထဲ ဘိုင်ယုယ လေသံ ထွက်ပေါ်လာပါတယ် ။
အရင်က ချန်ရှန်ဟာ ဒီ အလှအဂေး ၂ ယောက်ထံမှ များစွာ သော အဆိပ်ခုခံနည်း နည်းလမ်းများကို သင်ကြားခဲ့ပြီးသားပါ ။ ဒီအချက်ကြောင့်ပဲ ကောင်းမွန်လှတဲ့ သစ်သားချီဓာတ်များ ချန်ရှန်၏ ကိုယ်တစ်ခုလုံးမှ ထွက်ပေါ်လာပါတယ် ။ အဆိပ်ငွေ့ အမှုန်များဟာ စိမ့်ဝင်နေတုန်းပါပဲ ။ သူ၏ ချီဓာတ်သာ လုံလောက်တဲ့ ခိုင်မာမှုမရှိပါက ဒီအဆိပ်လေတွေကို ခုခံနိုင်မှာ မဟုတ်ပဲ အဆိပ်မိစေတော့မှာပါ ။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီအဆိပ်ဂိုဏ်း၏ အဆိပ် ဘယ်လောက်ကြောက်စရာကောင်းလဲ ဆိုတာ သိသာပါတယ် ။
ချန်ရှန်၏ ကိုယ်ဟာ ရုတ်တရက် အဆိပ်အခိုးအငွေ့များ ထိသွားသောကြောင့် တုန်သွားတယ် ။ ဂျူဒူဇီဟာ ခပ်လှမ်းလှမ်းမှ အဆိပ်များ ပစ်နေခြင်းဖြစ်သော်လည်း ချန်ရှန် ခြေတလှမ်းဖြင့် သူ၏ ရှေ့သို့ ရောက်ရှိသွားပါတယ် ။ သူလည်း ပါးစပ်ကို ဟ လျက် ဟိန်းဟောက်လိုက်တယ် ။မိုးပြာနဂါး ဟောက်သံဟာ လျှပ်စီးချီဓာတ်များနဲ့ အတူ ထွက်သွားပြီး အဆိပ်ငွေ့များနဲ့ ဂျူဒူ ဇီကို တိုက်ခတ်သွားပါတော့တယ် ။
ချန်ရှန် ဟာ မိုးပြာနဂါး ဟောက်သံ ကို ပြုလုပ်ပြီးတဲ့အခါမှာတော့ နဂါးငွေ့လက်သီး တိုက်ကွက်ကို ထုတ်လိုက်တယ် ။ သူ၏ စစ်မှန်သော ချီဓာတ်များကို နဂါးငွေ့များအဖြစ်ပြောင်းလဲကာ ဒီ နဂါးငွေ့များကို အသုံးပြုပြီး ကောင်းကင်ကျားမုန်တိုင်းဖြိုလက် သီးအား ပြုလျက်လျက် ထိုးလိုက်ပါတယ် ။ ဒီ ကြောက်စရာ နဂါး ချီအငွေ့တွေကို ထုတ်လွှတ်ပြီးနောက်မှာတော့ ချီငွေ့ပေါက်ကွဲ မှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်လျက် ရှိနေပါတော့တယ် ။
ဂျူဒူဇီ ချန်ရှန်ဟာ သူ၏ အဆိပ် တိုက်ခိုက်မှုကို ခုခံံရုံသာမ က လျင်မြန်သော အရှိန်ဖြင့် တန်ပြန်တိုက်ခိုက်လိ့်မ်မယ်လို့ မမျှော်လင့်မိပါဘူး ။ ဒါတင်မက ဒီလိုကြောက်စရာ ချီဓာတ်တွေ ဟာ မျက်စိတမှိတ်အတွင်းမှာပဲ သူ၏ အဆိပ်ငွေ့များဟာ လွင့်ပြယ်ကုန်ရုံသာမက ဒါဇင်ပေါင်းများစွာသော ချန်ရှန်၏ လက်သီးများဟာလည်း သူ၏ ကိုယ်ကို လာရောက်ထိမှန်ပါတော့တယ် ။ လက်သီးတစ်ချက်ဆီဟာ သူ၏ ကိုယ်ကို ထိမှန်ပြီး ကြောက်မက် ဖွယ် ချီ ပေါက်ကွဲမှုတွေကို ဖြစ်ပေါ်နေစေလျက် မြေကြီးကိုတောင် တုန်လှုပ်နေစေပါတယ် ။ ဒီလိုလှုပ်ခတ်မှုကြောင့် အနီးအနား အပင်များမှ သစ်ရွက်များဟာ ကြွေကျကုန်ကာ ဂျူဒူဇီ ၏ ပါးစပ်မှ သွေးများ အန်လာပါတော့တယ် ။
ဂျူဒူဇီဟာ အဆင့် ၁၀ ပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ သူသည် အဆိပ်များအား အသုံးပြုသူ တစ်ယောက် ဖြစ်သော် လည်း သူ၏ ချီဓာတ်များဟာ အားကောင်းပါတယ် ။ ဒါကြောင့် သူဟာ သူ၏ ချီဓာတ်များကို ထိန်းချုပ်မှုကောင်းကောင်း လုပ်နေတုန်းပါ ။ ချန်ရှန်၏ ပြင်းထန်လှပြီး ကြောက်မက်ဖွယ် လက်သီး များကို သူ၏ ချီဓာတ်များဖြင့် လျင်မြန်စွာ ခုခံနေရပါတော့တယ် ။
“ကောင်းပြီ ကောင်လေး ၊ ငါမင်းကို အထင်သေးသွားမိခဲ့ တယ် ။ ဒါပေမယ့် ငါ့ကိုလည်း သိပ်တော့ အထင်မသေးနဲ့”
ဂျူဒူဇီဟာ ပြောရင်းပင် ဒါဇင်ပေါင်းများစွာသော ကတ္တရာလို အနက်ရောင် အဆိပ်ဓားများကို လေနဲ့အတူ ချန်ရှန်အား ပစ်လိုက် ပါတယ် ။
ချန်ရှန် လျင်မြန်စွာပင်သူ၏ ချီဓာတ်များကို ဖယ်ထုတ်လိုက် ပြီး သူ၏ ရှေ့တွင် အငွေ့နံရံတစ်ခု ထုတ်လွှတ်လိုက်ပါတယ် ။ ဓားပျံများကို ပိတ်ဆို့ရန်အတွက်ပါ ။ ဒါပေမယ့် ဒီဓားပျံဟာ အရင် အဆိပ်အပ်များလို ခုခံရင်ဆိုင်ဖို့ မလွယ်ကူပါဘူး ။ အံ့သြဖွယ် ကောင်းစွာပဲ ဒီဓားပျံတွေဟာအဆိပ်တွေ ပါဝင်နေတာဖြစ်ပြီး ချန်ရှန်၏ အငွေ့နံရံကို ဖြည်းညင်းစွာ ဖောက်ဝင်ခဲ့ပါတယ် ။ မနီးမ ဝေးမှ ဂျူဒူဇီဟာ ဒီဓားများကို သူ၏ နတ်အတွင်းအား အာရုံများ ဖြင့် ထိန်းချုပ်နေတာပါပဲ ။
“ကောင်လေး ၊ မင်းက ပျော့ပါတယ် ကွာ ၊ ပေါက်ကွဲတော့”
ဂျူဒူဇီ ခနဲ့တဲ့တဲ့ ပြောလိုက်ပြီး တချိန်တည်းမှာပင် ဓားများ ဟာ ပေါက်ကွဲ ကုန်ပါတယ် ။ ပြင်းထန်ပြီး စွမ်းအား ကြည့်၀ လှတဲ့ ချီအငွေ့တွေဟာ ထွက်လာပြီး ၎င်းတို့ဟာ ဓားပျံများအား အထူး စွမ်းအင်ဖြင့် ပုံပြောင်းလိုက်တာပဲ ဖြစ်ပါတယ် ။ မမျှော်လင့်စွာပဲ ထိုဓားများအတွင်းတွင် ချီဓာတ်များကို ဖိသိပ်ထည့်ထားတာဖြစ် ပြီး ဒါကြောင့် ၎င်းတို့ ပေါက်ကွဲသောအခါ ချန်ရှန်၏ ချီငွေ့နံရံ ဟာ လည်း ကွယ်ပျောက်သွားပြီး ဒါတင်မက အမည်းရောင် အဆိပ်အငွေ့များလည်း ထွက်လာပါတော့တယ် ။
ဒီ ဂျူဒူဇီ ကတော့ တကယ်ကို ဉာဏ်နီဉာဏ်နက်များလှ ပါတယ် ။ သူ့ကို ရင်ဆိုင်တိုက်ခိုက်ဖို့ ဆိုတာ တော်တော်ကြီးကို မလွယ်ကူတာပါ ။ တခြား အဆင့် ၁၀ ရှိတဲ့ ပညာရှင်တောင် ကျိန်း သေကို အသတ်ခံရနိုင်ပါတယ် ။
“ငါတို့ ၂ ယောက်လုံး ကြုံခဲ့ရတဲ့ လူတွေဟာ ကွဲပြားကြတယ် မင်းကြုံခဲ့တဲ့ လူတွေကို မင်းဟာ လွယ်လွယ် အနိုင်ရရှိတာဟာ ငါ့ မျက်လုံးထဲ ဘယ်လိုမှ မနေဘူး”
ပြောပြောဆိုဆိုဖြင့် ဂျူဒူဇီ ချန်ရှန် နားကို လျှောက်လာပါတယ် ။ ခုနက ဓားပျံများ ပေါက်ကွဲမှုဟာ ချန်ရှန်ကို လွင့်ထွက် သွားစေတာပါ ။
ဂျူဒူဇီဟာ ချန်ရှန်တော့ တော်တော် ဒဏ်ရာရသွားပြီး အဆိပ်မိသွားပြီ ထင်ထားတာပါ ။ ချန်ရှန်မှ ရုတ်တရက် ခုန်ထ လာကာ သူ့ဆီသို့ လျှပ်စီးလို အဟုန်ဖြင့် တဟုန်ထိုး လာမယ်လို့ မမျှော်လင့်ခဲ့မိဘူး ။ ချန်ရှန်၏ ညာဖက်လက်ဟာ နဂါးလက် သည်းအဖြစ် ပြောင်းလဲသွားပြီး ဒီ ချွန်ထက်လှသည့် လက်သည်း များဟာ သူ၏ မိုးပြာနဂါး ချီငွေ့များကို အသုံးပြုထားခြင်း ဖြစ်ကာ ခိုင်ခံ့ပါသည်ဆိုသည့် အတားဆီးမှန်သမျှကို ဖျက် ဆီး စေနိုင်ပါ တယ် ။
မိုးကြိုးပစ်ချလိုက်သလိုပဲ ချန်ရှန်ဟာ ရုတ်တရက် ထိုလူအား ခုတ်လိုက်တယ် ။ ဂျူဒူဇီဟာ လုံး၀ အကာကွယ်မဲ့ပြီး ဘာမှ မလုပ်နိုင်ခဲ့ပါဘူး ။ သူ၏ ချီဓာတ်များကို အသုံးပြုပြီး ဝင်လာမယ့် ရန်သူ၏ တိုက်ခိုက်မှုအား လျော့ချခြင်းမပြုလုပ်နိုင်သည့်အ တွက် ချန်ရှန်၏ မိုးပြာနဂါး လက်သည်း၏ တိုက်ခတ်မှုအောက် ကျရောက်သွားရပါတယ် ။ အံ့သြမှုဟာ ခြေဖျားမှ ငယ်ထိပ်တိုင် တက်ဆောင့်သွားပါတော့တယ် ။
“လွှမ်းမိုးစေတယ့် မိစ္ဆာ စွမ်းအား”
ချန်ရှန်ဟာ စိတ်ထဲမှု ရေရွတ်လျက် ဘိုင်ယုယု သင်ပေး ထားသော ကြောက်မက်ဖွယ် မိစ္ဆာစွမ်းရည်ကို အသုံးပြုကာ အဆင့် ၁၀ ရှိတဲ့ ဂျူဒူဇီအား ညှိ ု့ယူလိုက်ပါတော့တယ် ။
ဂျူဒူဇီဟာ စိတ်ထဲ တော်တော် လန့်သွားတယ် ။ သူ၏ အားကောင်းလှသော ချီဓာတ်များဟာ လျင်မြန်စွာပင် သူ၏ ဒဏ်ရာ များမှတဆင့် စိမ့်ထွက်နေသလို ခံစားလိုက်ရတယ် ။ ချန်ရှန်၏ ချောမောလှပတယ့် မျက်နာမှာ ရုတ်ချည်းပင် အပြာရောင် အကြောများ ထလာတာကို သူမြင်လိုက်တယ် ။ ဒါတင်မက သူ၏ ချီဓာတ်များဟာလည်း ဒီအပြာရောင် အကြောများထဲ ကို ပြောင်း ထည့်ပေးနေတာကိုပါ ခံစားမိလိုက်ပါတော့တယ် ။
ချန်ရှန်ဟာ ဂျူဒူဇီ၏ ချီဓာတ်များကို ပြောင်းယူနေပါတယ် ။ ဂျူဒူဇီဟာ ချန်ရှန်၏ ယခုလို စွမ်းရည်မျိုးကို မိစ္ဆာဂိုဏ်းတွေမှာ သာ လျို့ဝှက်စွာ သုံးကြတာကို သိပါတယ် ။ ဒါကြောင့် တော် တော်ကြီးကို ထိတ်လန့်ကာ နေပါတော့တယ် ။
“မင်းးးးးးးးးးးးး”
ဂျူဒူဇီ လည်း နောက် ဓားတစ်ချောင်းကို ချန်ရှန်ဆီသို့ အရူး တစ်ယောက်လို ပစ်လိုက်ပါတယ် ။ ဒါပေမယ့် ချန်ရှန်ဟာ ခုလို မိစ္ဆာစွမ်းအင် မသုံးခင်ကတည်းက သူ၏ အပြင်းထန်ဆုံးသော ချီ အငွေ့အကာကွယ်ကို ပတ်ပတ်လည်မှာ ထုတ်လွှတ်ထားတာပါ ။ အဘယ်ကြောင့်ဆိုသော် သူဟာ ဒီမိစ္ဆာစွမ်းရည်သုံးနေတုန်း တခုခု ဖြစ်ပါက သူ၏ ကိုယ်ပိုင်ချီဓာတ်များကို ထုတ်သုံးရန် ခက် ခဲသောကြောင့်ပဲ ဖြစ်ပါတယ် ။
အထိန်းအကွတ်မရှိတဲ့ ချီဓာတ်များဟာ ချန်ရှန်၏ အတွင်း ကိုယ်ကို ဖုံးလွှမ်းလာနေပါပြီ ။ ဒီအရာများကြောင့် သူ၏ စွမ်းအင် သိုလှောင်ရာမှာ နာကျင်မှုများ ဖြစ်ပေါ်ပေမယ့် တဖက်မှာလည်း ဂျူဒူဇီ ရဲ့ အခြေအနေဟာ ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး သူ၏ အား မှာလည်း နည်းသည်ထက်နည်းလာပါပြီ ။ မျက်စိတမှိတ်အတွင်း မှာပင် သူ၏ ချီဓာတ်တဝက်လောက်ဟာ ကုန်ဆုံးသွားရပါတော့ တယ် ။
ချန်ရှန်ဟာ သူ၏ ညာဖက်လက်အား ဂျူဒူဇီ၏ ဗိုက်ပေါ်မှ ဖယ်လိုက်ပြီး ဘယ်ဘက်ဖက်ဖြင့် ပြင်းထန်စွာ ထိုးချလိုက်ပါ တယ် ။ ချီဓာတ်များစိမ့်ထွက်လျက် ဂျူဒူဇီ၏ ပိန်ပိန်ပါးပါး ကိုယ် အား ကျိုးကြေသွားစေပါတော့တယ် ။
ဂျူဒူဇီဟာ မသေတော့မသေသေးပါဘူး ။ မျက်နာမှာတော့ ကြောက်ရွံ့မှု ၊ ဒေါသဖြစ်မှု ၊ စိတ်အားငယ်မှုများ တစ်ချိန်ထဲ ခံစားနေရပြီး -
“မင်းးးးးး . . . ငါ့ကို ဘာလုပ်လိုက်တာလဲ . . . ငါ့ရဲ့ . . . ငါ့ရဲ့ ချီဓာတ်တွေ မရှိတော့ဘူး . . . ဒါ ငါနှစ် ဒါဇင်ပေါင်းများစွာ . . . လေ့ကျင့်ခဲ့တာ . . . သွား . . .”
“သေလိုက်တော့”
ချန်ရှန်ဟာ လေထဲ လက်သီးတစ်လုံးဖြစ်သွင်းလိုက်ပြီး ၎င်း လက်သီးမှ ချီဓာတ်များကို အမည်းရောင် ချီငွေ့များအဖြစ် ပြောင်းလဲကာ ဂျူဒူဇီ၏ ကိုယ်အား ထိုးလိုက်ပါတယ် ။ သူ၏ ကိုယ် အပေါ်ပိုင်းဟာ ပေါက်ကွဲထွက်ပြီး အပိုင်းပိုင်း အစစ ဖြစ် သွားပါတော့တယ် ။
ချန်ရှန်ဟာ ဂျူဒူဇီ၏ အိတ်အား ကောက်ယူလိုက်ပြီး လွှတ် ပစ်လိုက်တယ် ။ သူူဟာ ကောင်းကောင်း မတ်တပ်မရပ်နိုင်သလို ကို ဖြစ်နေပါတယ် ။ သူ၏ စွမ်းအင်းသိုလှောင်ရာနဲ့ အတွင်း ကလီစာ များဟာ အနာတရဖြစ်နေကာ မျက်နာ မှာလည်း ဖြူဖတ် ဖြူ လျော် ဖြစ်နေပါတော့တယ် ။
“ကောင်လေး ၊ ငါမင်းကို မှာထားတယ်လေ ။ မင်းရဲ့ စွမ်းအား နဲ့ အဆင့်ကွာတဲ့ လူကို မလွှမ်းမိုးပါနဲ့ဆို ၊ မင်းဒီလွှမ်းမိုးထားတဲ့ ချီဓာတ်တွေကို မထိန်းချုပ်နိုင်ရင် မင်းခန္ဓာကိုယ်ဟာ ပေါက်ကွဲ ပြီး သေလိမ့်မယ်”
ဘိုင်ယုယု အော်လိုက်တယ် ။ သူမအသံဟာ ဒေါသအပြည့်ဖြင့် ဖြစ်သော်လည်း စိုးရိမ်မှု အနည်းငယ်ပါပုံပါပဲ ။
“အမတော် ယုယု ၊ မစိုးရိမ်ပါနဲ့ ။ ကျွန်တော့မှာ ထိန်းချုပ် နိုင် စွမ်းရှိပါတယ်”
ချန်ရှန်ဟာ ထိုက်ကျိကျင့်စဉ်ကို ပြုလုပ်ပြီး ဒီ လွှမ်းမိုးထားတဲ့ ချီဓာတ်များကို သန့်စင်သည်ထက် သန့်စင်အောင် ပြုလုပ်ပါ တယ် ။ ဆေးများစွာကိုလည်း သောက်ကာ ဒီချီဓာတ်သန့်စင်မှု မှာ ထိရောက်စွာ အထောက်အပံ့ဖြစ်စေရန် ပြုလုပ်လျက် ရှိနေ ပါတော့တယ် . . . ။
Chapter – 70
#ပုတီးအမွေအနှစ်
ဘိုင်ယုယု ဟာ ယခုအချိန်မှတော့ အပြစ်ပြောနေဖို့ အချိန်မရှိ တော့ပါဘူး ။
“နေရာကောင်းကောင်း အမြန်ရှာပြီး သေချာ သန့်စင်တော့”
ဘိုင်ယုယု ညွှန်ကြားနေပါတယ် ။ သူမ၏ ရေခဲလို အေးစက် စက် အသံမှာ စိုးရိမ်တဲ့ အရိပ်အယောင်များ ပါနေတဲ့ အတွက် ချန်ရှန် ရင်ထဲ နည်းနည်းနွေးသွားတယ် ။ သူရုတ်တရက်ပဲ ဘိုင်ယုယု က ဒီလောက် ခဏခဏ ပြောနေတဲ့ကြားထဲက အမှားလုပ် မိသောကြောင့် နည်းနည်းတော့ စိတ်ထဲ လိပ်ပြာမလုံသလို ခံစား မိပါတယ် ။
ချန်ရှန်ဟာ တောတောင်ထဲ နက်အောင် ဝင်လာခဲ့တယ် ။ ထို့နောက် သစ်ပင်မြင့်ကြီးတစ်ခုပေါ်တွင် လွှမ်းမိုးထားတဲ့ ချီဓာတ် များကို သန့်စင်ရန် ပြင်ဆင်ပါတယ် ။ ဒီချီဓာတ်တွေကို သူ့ကိုယ် ထဲ ဝင်လာတဲ့အခါ သူ့ကို ဆန့်ကျင်သလို ဖြစ်နေပါတယ် ။ အဘယ်ကြောင့်ဆိုသော် ဒီချီဓာတ်တွေဟာ သူ့ကိုယ်ပိုင် ချီဓာတ် များမဟုတ်ပါဘူး ဒါကြောင့် ဓာတ်မတည့် တာပါ ။ ကောင်းစွာ မသန့်စင်ဘူးဆိုပါက သေစေနိုင်တဲ့ထိ ဖြစ်စေမှာပါပဲ ။
ကံကောင်းစွာပင် အခြေနေအားလုံးဟာ သိပ်မဆိုးလို့ပါ ။ ဂျူဒူဇီဟာ အဆင့် ၁၀ ပညာရှင် ဖြစ်သော်လည်း သူ၏ စစ်မှန် သော ချီဓာတ်များမှာ လုံး၀ သန့်စင်နေခြင်းမရှိပေ ၊ ဒါ့အပြင် ချီဓာတ်များမှာ မည်သည့် စွမ်းအင်မျှ ပါဝင်ခြင်းလည်း မရှိပါ ။
ထိုက်ကျိ၏ ယင်နဲ့ယန် ပုံသေချပ်ကို ချန်ရှန်ဟာ လျင်မြန်စွာပင် လည်ပတ်စေလျက် ဒီမကောင်းတဲ့ ချီဓာတ်များအား သန့်စင် နေပါတယ် ။ ချက်ချင်းပဲ သန့်စင်တဲ့ အဖြူရောင် ချီဓာတ်တွေဟာ ထိုက်ကျိ ပုံသေချပ်ပေါ်မှာ ပေါက်ရောက်နေသော စစ်မှန်သော ချီ စွမ်းအင် အလုံး ၅ လုံးဆီသို့ စုသွားလေပါတော့တယ် ။
“အမတော် မေးယို ၊ ကျွန်တော် ဘာဆက်လုပ်ရမလဲ ၊ ကျွန်တော့ရဲ့ ချီဓာတ် အလုံး ၅ လုံးဟာ ဟိုချီဓာတ် အများကြီးကို လက်မခံနိုင်သလို ခံစားနေရတယ်”
ချန်ရှန် မေးလိုက်ပါတယ် ။
“အဲဒါတွေကို ဖိနှိပ်ထားပြီး ပုံပြောင်းလိုက် ၊ ချီဒြပ်စင်လုံး ၅ လုံး ကနေ တခြား ချီဒြပ်စင် ပုံစံ ၅ ခုပြောင်းလိုက်”
စုမေးယိုက ချက်ချင်း ပြန်ပြောပါတယ် ။
“ဒါဆို ကျွန်တော်က အဆင့် ၉ ကို ရောက်သွားတာလား ၊ စစ်မှန်သော ပုံစံ အဆင့်လေ”
ချန်ရှန် ပြန်မေးလိုက်ပါတယ် ။ ချီဓာတ်များကို ဖိနှိပ်ပြီး ပုံစံ တစ်ခုအဖြစ် ပြောင်းလဲခြင်းဟာ အဆင့် ၉ ပညာရှင်များသာ လုပ် နိုင်ကြတာဖြစ်လို့ပါ ။
“မလောပါနဲ့ ၊ မင်းဟာ ချီဒြပ်စင် အလုံး ၅ လုံးကို ဖိနှိပ်လိုက် ၊ ပြီးရင် နတ်အတွင်းကျင့်စဉ် သင်္ကေတ ၄ ခုကိုလည်း ကျင့်ပြီး နောက်ဆုံး ဒီကျင့်စဉ်ကနေ မိုးပြာနဂါး၊ အဖြူရောင်ကျား ၊ အနီရင့် ငှက်နဲ့ အမည်းရောင်လိပ်ပုံစံတွေကို ပြောင်းလိုက်ပေါ့”
စုမေးယို က လမ်းညွှန်ပေးနေပါတယ် ။
ချန်ရှန်လည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ် ။
“ဒါပေမယ့် ကျွန်တော်မှ ဒီနတ်သားရဲလေးကောင်ရဲ့ ပုံစံ အစစ်အမှန်ကို မသိတာ ၊ အဲဒိ ပုံစံတွေ ဘယ်လိုပြောင်းရမှာလဲ ။ နောက်ပြီး ကျွန်တော့ရဲ့ အဓိက ကျင့်စဉ်က ထိုက်ကျိ ကျင့်စဉ် ၊ အဲဒါကြောင့် ကျွန်တော့ပုံပြောင်းမယ့် စစ်မှန်တဲ့ပုံဟာ ကျွန်တော့ ရဲ့ အဓိက ကျင့်စဉ်နဲ့ မဆက်နွယ်သင့်ဘူးလား”
“ဒီနတ် အတွင်းအား ကျင့်စဉ် သင်္ကေတ လေးခုဆိုတာ ထိုက်ကျိကျင့်စဉ်ရဲ့ အကိုင်းခွဲ တစ်ခုပဲ ။ ၎င်းတို့ ၂ ခုလုံးဟာ အဆင့် ၉ သိုင်းပညာအဆင့်ကို ဝင်ဖို့အတွက် တူညီ တဲ့ ဂါ ထာ ရွတ်ဆိုမှုပုံစံတွေ လုပ်ရတာပဲ ။ ဒါကြောင့် မင်းကို ငါအရင်က သင် ပေးထားတဲ့ နည်းလမ်းဂါထာတွေအတိုင်း လိုက်လုပ် ၊ မင်း ဒီ သင်္ကေတ လေး ခု ပုံကို ဖော်နိုင်သွားလိမ့်မယ်”
စုမေးယို က ပြန်ပြောလိုက်တာပါပဲ ။
စုမေးယို ဘာပြောလဲဆိုတာကို နားထောင်ပြီးနောက် ချက်ချင်းပင် နတ်အတွင်းအားသင်္ကေတ လေးခုရဲ့ ဂါထာတစ်ခု ကို စဉ်းစားလိုက်ပါတယ် ။ ထို့နောက်ထိုက်ကျိ ကျင့်စဉ်ကိုပါ စကျင့်ပါတော့တယ် ။
ချန်ရှန်ဟာ ဂါထာလမ်းညွှန်ချက်များအတိုင်း ချက်ချင်းပင် စတင် ပြုလုပ်တယ် ။ သူ၏ ချီဓာတ်များကို စွမ်းအိုသိုလှောင်ရာ မှာ ပြန်လည် ရေးဆွဲ လည်ပတ်စေတယ် ။ သူပထမဆုံး မိုးပြာ နဂါး ပုံစံပြောင်းဖို့ ဆုံးဖြတ်လိုက်တယ် ။ ထို့နောက်မှာတော့ များ စွာသော ချီဓာတ်များကို ဒီပုံစံ ဖြစ်အောင် ဖိနှိပ်ခြင်း ကို စတင်ပါ တယ် ။ ဒီဖြစ်စဉ်အတွင်းမှာ များပြားလှသော ချီဓာတ်များဟာ အတူတကွ ဖိနှိပ်ခြင်းကို ခံရတယ် ။ အဘယ်ကြောင့်ဆိုသော် ဒီ ချီဓာတ်တွေဟာ အဆက်မပြတ် ပေါက်ကွဲ နေလို့ပါပဲ ။ ဒီလို အသေးစား ပေါက်ကွဲမှုများကြောင့် သူ၏ ချီဓာတ်များဟာ အရည်အသွေးပိုင်းဆိုင်ရာမှာ ပြောင်းလဲသွားပါတယ် ။ ပိုမိုပြီး ကောင်းမွန် အားကောင်းသွားစေတာပါပဲ ။
တစ်နေ့လုံး ကုန်ဆုံးသွားပြီးတော့ ချန်ရှန်၏ စွမ်းအင်သိုလှောင်ရာအပေါ်မှာ ချီဓာတ် များဟာ မြွေများကဲ့သို့ ယိမ်းနွဲ့နေကြ ပါတယ် ။ ယခုလက်ရှိမှာ ဒါဟာ အခြေခံပုံသာ ဖြစ်နေပြီး မိုးပြာ နဂါး၏ ပုံစံအပြည့် မပေါ်သေးပါဘူး ။
“မင်းရဲ့ပုံစံဟာ တဖြည်းဖြည်းပေါ်လာပြီ ၊ ဒါပေမယ့် နောက်ဆုံး အဆင့်တော့ မရသေးဘူး ။ အဆင့် ၁၀ ရှိတဲ့ ပညာ ရှင်မှသာ ပုံအစစ်မှန်ကို ဖော်နိုင်မှာ ၊ ခုက မင်း ဒီ ချီ ဒြပ်စင် ၅ ခု ကို သေချာ ဖိနှိပ်ပြီး ပုံပြောင်း ၊ ပြီးမှ မင်းဟာမင်း အဆင့် ၉ ကို တက်လှမ်းဖို့ အားထုတ်ပေတော့”
စုမေးယို ပြောပြတာပါ ။
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်ကာ ဆက်လက် ကျင့်ကြံနေပါ တော့တယ် ။
နောက်တစ်နေ့ မနက်မှာတော့ နေရောင်ခြည်လေးများ ချန်ရှန်၏ ကိုယ်ပေါ်ရှိ အကိုင်းများ အရွက်များပေါ်သို့ ကျရောက် လျက်ရှိနေပါတယ် ။ ချန်ရှန် မျက်လုံးများ တဖြည်းဖြည်း ဖွင့် လိုက်ပါပြီ ။ ထို့နောက် သက်ပြင်းကို ဖြည်းညင်းစွာချပြီး ယခုထိ သူဟာ ပုံစံ ၂ မျိုးသာ ပုံဖော် ပြုလုပ်ရပါသေးတယ် ။
မိုးပြာနဂါး နှင့် အနီရင့် ငှက်တို့၏ ပုံစံဟာ တကယ်ကို ဝိုးတိုး ဝါးတားပါပဲ ။ ဒါပေမယ့် ၎င်းတို့ဟာ ချန်ရှန် သေချာကို ချီဓာတ် များအား ဖိနှိပ်လျက် ပုံဖော်ထားသောကြောင့် အရင်ကထက် တော့ ပိုမို အင်အားကောင်းလျက် ရှိနေပါတယ် ။
မူလက ချီဓာတ်အလုံးဟာ နေရာလွတ်ကြီးတစ်ခုမှာ ရှိနေ တဲ့ ပုတီးစေ့လေးလိုပါ ။ ထိုအထဲတွင်တော့ ရာပေါင်းများစွာသော အစေ့အရွယ် ချီဓာတ်များ ပါဝင်နေပါတယ် ။ ဒါပေမယ့် ယခုတော့ ထို ပုတီးလေးအတွင်းတွင် ထောင်ပေါင်းများစွာသော အစေ့လေးများဟာ တည်ရှိနေကြပါပြီ ။ ဒါပေမယ့် ဒါဟာ စစချင်းအဆင့်ပါပဲ ။ တကယ်လို့ တကယ်ကို ပုံစံအမှန်ရအောင်ပြု လုပ် မည်ဆိုပါက ထိုကဲ့သို့ အစေ့မျိုး သိန်းပေါင်းများစွာကို ရှိရမှာ ဖြစ်တယ် ။ ထိုကဲ့သို့ များပြားလှသော အစေ့များကို သေးငယ် လှတဲ့ နေရာလေးထဲမှာ ဖိနှိပ်ထားဖို့ လိုအပ်တာ ဖြစ်ပါတယ် ။
“ချီ ဓာတ် ပုံစံ ၂ ခုထဲပဲ”
ချန်ရှန် သူ၏ စွမ်းအင် သိုလှောင်ရာကို စစ်ဆေးပြီးနောက် အနည်းငယ် စိတ်ဓာတ် ကျသွားပါတယ် ။ မြွေပုံစံနဲ့ ငှက်ပုံစံ လေးတို့ဟာ သူ၏ ထိုက်ကျိပုံသေချပ်ပေါ်မှာ တည်ရှိနေကြတယ် ။
“လုံလောက်ပါပြီ ၊ ဒီကောင့်ရဲ့ ချီဓာတ်ဟာ တော်တော် မသန့်စင်ဘူး ၊ ဒါကို သန့်စင်ပြီး ဖိနှိပ်လိုက်တဲ့အတွက် ချီဓာတ် ဟာ သိပ်မကျန်တော့ဘူး”
စုမေးယို ပြောတာပါ ။
“ဟူးးး ၊ မင်းနောက်တစ်ခါ ဒါမျိုး ထပ်မလုပ်နဲ့”
ဘိုင်ယုယု ဒေါသတကြီး အော်နေတာပါ ။ ချန်ရှန် တစ်ကိုယ် လုံးပင် ကြက်သီးများ ထသွားလိုပါပဲ ။
ချန်ရှန်လည်း ချက်ချင်းပင် ပြုံးပြီး တောင်းပန်လိုက်ပါတယ် ။
“အမတော် ယုယု ၊ ကျွန်တော် မှားသွားပါတယ် ။ နောက် တစ်ခါ မဖြစ်စေရပါဘူး”
“မင်းနောက်တစ်ခါ မလုပ်ရဲဖူးဆိုတာ ငါသိပါတယ်”
ဘိုင်ယုယု ခပ်တိုးတိုး ပြောလိုက်တယ် ။
ချန်ရှန် ဟာ အဆင့် ၉ သို့ မဝင်ရောက်သေးသော်လည်း ခုန က ချီဓာတ်များကို ဖိနှိပ်ပြီး ပေါက်ကွဲမှု များ ဖြစ်စေကာ အရည်သွေး ကောင်းမွန်လာတဲ့ အတွက် အားအင်များ ပိုမို ကောင်းလာသလို ခံစားနေရတယ် ။
ချန်ရှန်ဟာ ယခင်က သစ်ပင်ကြီးတစ်ပင်ကို ဆန်စေ့အရွယ် ချီဓာတ်များဖြင့် လွင့်ထွက်အောင်ပြုလုပ်နိုင်ပါတယ် ။ ယခုတော့ ဒီလို ချီဓာတ်များဖြင့် သစ်ပင် ၁၀ ပင်ကို လွင့်ထွက်အောင် ပြုလုပ် နိုင်နေပါပြီ ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အခု သူ၏ ဆန်စေ့ အရွယ် ချီဓာတ်လေးများကိုဖြစ်လာသည်မှာ အရင်က ချီဓာတ် စေ့လေးများ အား ဖိနှိပ်ကာ အရည်အသွေး ကောင်းမွန်သွားစေသောကြောင့်ပါပဲ ။ ဒါဟာ သူလေ့ကျင့်ခဲ့ရခြင်းရဲ့ရလဒ်ပါ ။ ဒီလိုချီဓာတ်များဟာ အဆုံးမရှိ စွမ်းအင်တွေကို ပိုင်ဆိုင်ပါတယ် ၊ သူ့ရဲ့ ချီဓာတ်အရည်အသွေးကို ပိုမိုကောင်းမွန်စေချင်ပါက သူဒီ ထက်ပိုပြီး ချီဓာတ်များကို ဖိနှိပ်ရမှာပဲ ဖြစ်ပါတယ် ။
ချန်ရှန် မေးလိုက်တယ် ။
“အမတော် မေးယို ၊ နတ်အတွင်းအား သင်္ကေတလေးခု ကို အသုံးပြုပြီးကျွန်တော်က ပုံစံလေးခုကို ပြောင်းနိုင်တယ်လေ ၊ အဲ တော့ ကျွန်တော့မှာက ချီဒြပ်စင် ၅ ခု ရှိတယ် ၊ မြေကြီးဓာတ်က ဘယ်ပုံစံ ကို ပြောင်းနိုင်တာလဲ”
“ထိုက်ကျိ ကျင့်စဉ်ထဲမှာ နတ်ဆင်ဆိုတာ ရှိတယ် ။ ဒါပေမဲ့ ငါ က အဲလိုပြောင်းရင် ကြာပန်းကိုပဲ ရွေးချယ်တယ်”
ဆင်တစ်ကောင်တဲ့လား ၊ ချန်ရှန်ဟာ နည်းနည်း တမျိုးတ မည် ကျေနပ်သွားတယ် ။ အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲမှာ ဆင်ဆိုတာ စွမ်းအားအကြီးဆုံး သားကောင်မဟုတ်ပါလား ။
ချန်ရှန်ဟာ သစ်ပင်ပေါ် ထိုင်နေတုန်းပါပဲ ။ အဘယ်ကြောင့် ဆိုသော် ဒီ နေရာဟာ ဂျူဒူဇီ ကျက်စားတဲ့ နယ်မြေဖြစ်တဲ့ အတွက် လုံခြုံနေတာကြောင့်ပါ ။ ထိုလူရဲ့ အိတ်အတွင်းမှာ မည်သည့် တန်ဖိုးကြီးပစ္စည်းများ ရှိလိုရှိငြား ကြည့်လိုက်မိတယ် ။
အထဲမှာတော့ ပစ္စည်းတော်တော် များများ ရှိနေတယ် ။ အဓိ က ပစ္စည်းတွေကတော့ အဆိပ်အပ်လို လက်နက်ပုန်းတွေပါပဲ ။ အဆိပ်မှုန့်များ ၊ အဆိပ်ဆေးပင်များလည်း ပါဝင်နေကြတယ် ။ တင်မကအဆိပ်ဖြေဆေးများ ဆေးများ ပါ ရှိနေပါသေးတယ် ။ နောက်ပြီး ငွေများလည်းပါကာ ဒါတွေက ချန်ရှန် အတွက် အသုံး ဝင်နေပါတယ် ။ အဘယ်ကြောင့်ဆိုသော် ချန်ရှန်ဟာ နောက် ထပ်ကြုံတွေ့ရမယ့် အန္တရာယ်ခရီးလမ်းမှာ ဒီလိုအဆိပ်ပင်တွေ လက်နက်တွေ ဟာ တခြားလူတွေကို ကောင်းကောင်း ဒုက္ခ ပေး နိုင်လို့ပါပဲ ။ ဘယ်လိုတောင် လှပလှတဲ့ ကံကောင်းမှုတွေ ပေး စွမ်းသော တောအုပ်ကြီးပါလိမ့် . . . ။
ချန်ရှန် အိတ်ထဲမှာ လေးထောင့်ပုံ ကျောက် သေတ္တာလေး တစ်ခုကို လည်း တွေ့လိုက်တယ် ။ ထိုအရာလေးကို ယူကာ ဖွင့် ကြည့်သော်လည်း ထူးဆန်းစရာကောင်းစွာပင် ဘယ်လိုမှ ဖွင့်မရ ပါ ။
“မင်းရဲ့ နတ်အတွင်းအား အာရုံတွေကို သုံးလိုက် ၊ အထဲမှာ တစ်ခုခု ရှိပုံပဲ ။ အားကောင်းလှတယ့် နတ်အတွင်းအားရုံရှိမှသာ ဖွင့်နိုင်လိမ့်မယ်”
စုမေးယို က ကွင်းထဲမှာ ရှိနေသော်လည်း အပြင်ကို မြင်နေ ရသဖြင့် လှမ်းပြောလိုက်တာပါ ။
ချန်ရှန်လဲ ချက်ချင်းပင် သူ၏ နတ်အတွင်းအား အာရုံများ အား သေတ္တာလေး အတွင်း ထည့်လိုက်ပါတယ် ။ ဒါပေမယ့် သူချက်ချင်းပဲ တွန့်သွားတယ် ။ ဒီသေတ္တာလေးဟာ တော်တော် နက်နဲပုံရပြီး ဒါတင်မက ၎င်းဟာ သူ၏ နတ်အတွင်းအာရုံများ ကို ပါ လွှမ်းမိုးနေသလိုပါပဲ ။ သူက သူ၏ အာရုံများကို ပြန်လည် စု စည်းသောအခါတောင်မှ သူတော်တော် အားစိုက်နေရတာကို တွေ့ရပါတယ် ။
စက္ကန့်နည်းနည်းကြာပြီးနောက်မှာတော့ ချန်ရှန် မူးလာသလို ခံစားရတယ် ဒါပေမယ့် ဒီအချိန်မှာပဲ ထိုအရာလေးမှ သူ့ကို လွှမ်းမိုးမှုများ ရပ်တန့်သွားပြီး အလိုလိုပွင့်သွားပါတယ် ။ အထဲ မှာတော့ သစ်ကြားသီး အရွယ် ကျောက်ပုလဲလေးကို အဝါရောင် သားရေချပ်ပေါ်မှာ တင်ထားတာကို တွေ့လိုက်ပါတယ် ။
ဒီချိန်မှာ ဘိုင်ယုယု နဲ့ စုမေးယိုတို့လည်း ထွက်လာကြပြီး ချန်ရှန်ဘေးက သစ်ပင်ရဲ့ ကိုင်းတစ်ခုပေါ်မှာ ရပ်လိုက်ကြပါ တယ် ။ ချန်ရှန်၏ လက်ထဲမှ အရာကိုလည်း ကြည့်နေကြပါ တော့တယ် ။
“ဒါက အမွေအနှစ်ပုတီး တစ်ခုပဲ ၊ မင်းရဲ့ အသိဟာ ဒီပုတီး ထဲ ရောက်သွားတာနဲ့ မင်းဟာ အထဲမှာ သတင်းစကားအချက် အလက်တွေ ရနိုင်လိမ့်မယ်”
စုမေးယိုက ပြောတာပါ ။ သူမဟာ ထို ပုတီးအောက်က သားရေချပ်ကို ဆွဲထုတ်လိုက်တယ် ။ ထိုသားရေချပ်ဟာ ခေါက် ချိုးများ ချိုးထားခြင်းဖြစ်ပြီး ဖြန့်လိုက်ပါက တော်တော် ကြီးပါပေ တယ် ။
“နောက်တချက်ကတော့ ဒီပုတီးမှာ တခြားလူတစ်ယောက် က ချန်ထားခဲ့တဲ့ အချက်အလက်တွေ ပါဝင်လေ့ရှိတယ်ပေါ့ ဟုတ် လား”
ချန်ရှန် မေးလိုက်တာပါ ။
“မှန်တယ် ၊ တချို့ဂိုဏ်းချုပ်တွေဟာ ဒီနည်းကို သုံးကြတယ် ၊ နောက်ပြီး ဒီဂိုဏ်းချုပ်တွေဟာ သူတို့ရဲ့ စွမ်းရည် ပညာမွေတွေ ကို ဒီထဲ ထည့်လေ့ရှိတယ် ။ ဒါကြောင့် ဒီအမွေခံပုတီးလေး တွေ ထဲမှာ သိုင်းစွမ်းရည် သို့မဟုတ် ဆေးပညာစွမ်းရည်တွေ ပါဝင်နိုင် တယ်”
ဘိုင်ယုယုက ပြောတာပါ ။
ချန်ရှန် ကျေနပ်သွားပါတယ် ။ ဒီဂျူဒူဇီ အနေနဲ့ ဒီလို တန်ဖိုး ကြီး ရတနာကို ပိုင်ဆိုင်လိမ့်မယ်လို့ မထင်မိခဲ့ပါ ။ သူချက်ချင်းပဲ ပုတီးလေးထဲ သူ၏ အာရုံများကို ထည့်လိုက်တယ် ။ ရုတ်တရက် များစွာသော အချက်အလက် အကြောင်းအရာများဟာ သူ၏ စိတ်ထဲသို့ ဝင်လာနေပါတော့တယ် ။ ထိုအချက်အလက်များကို သိလိုက်ရတဲ့အခါမှာတော့ ချန်ရှန် ၏ မျက်နာမှာ ပျော်ရွှင်မှုများ ယှက်သန်းသွားပါတော့တယ် . . . ။
Chapter – 71
#လမ်းသစ်
“ဒီထဲမှာ ဘာရှိတာလဲ”
စုမေးယို ချန်ရှန်ကို ကြည့်ကာ ပျော်ရွှင်နေတဲ့ပုံနဲ့ မေးမြန်းပါ တယ် ။
“ဟဲဟဲ ၊ ဒါက မြေပုံကြမ်းတစ်ခုလိုပါပဲ ၊ ဒီထဲမှာ လက်နက်ပညာရှင် ရဲ့အတွေ့အကြုံတွေပါတယ်”
ချန်ရှန် ရယ်မောရင်း ပြောတယ် ။ လက်နက်ပညာရှင်တွေ ဟာ ဆေးပညာရှင်တွေထက် ပိုမိုရှားပါးပါတယ် ။ တချို့ အဆင့် နိမ့် လက်နက်ပညာရှင်တွေကတော့ နေရာတိုင်းမှာ တွေ့နိုင်ပါ တယ် ။ ဒါပေမယ့် တကယ်ကို ကျွမ်းကျင် ထူးချွန်တဲ့ ပညာရှင် ကတော့ တော်တော်ကိုရှားတာပါ ။ ဒီလိုပညာရှင်မျိုးဟာ အရမ်း ကို စွမ်းအားကြီးတဲ့ လက်နက်များကို ပြုလုပ်နိုင်ကြပြီး ၎င်းတို့ ရဲ့ ကျော်ဇောမှုဟာလည်း ဆေးပညာရှင်များနဲ့ ထပ်တူပါပဲ ။
ဒီလမ်းညွှန်ချက် မြေပုံကြမ်းကို ချန်ရှန် မြင်တဲ့အခါမှာတော့ သူ့ကိုသူ ကျွမ်းကျင်တဲ့လက်နက်ပညာရှင်တစ်ယောက် ဖြစ်လာတော့မယ်လို့ တော်တော်ကို ယုံကြည်ချက်ရှိနေပါတယ် ။ ခုထိ တော့ ဆေးပညာရပ်ထဲမှာပဲ သူပိုမို ကြိုးစားမိနေတာပါ ။
စုမေးယို ပုတီးလေးကို ယူပြီးနောက် တချက်ကြည့်လိုက် တယ် ။ ထို့နောက် ချစ်စဖွယ် အပြုံးလေးဖြင့် -
“ဒါကတကယ်ကို ကောင်းတဲ့ အရာလေးပဲ ၊ ဒီထဲမှာ တန်ဖိုး ရှိလှတဲ့ လက်နက်ပြုလုပ်နည်း စနစ်တွေ ပါဝင်တယ် ။ ဒါတင်မက ရုပ်ပုံတွေပါပါဝင်တယ် ဒါကြောင့် မင်းကောင်းကောင်း ကြိုးစားပြီး ဒီအခွင့်အရေးကို အသုံးချပေတော့”
“ဒါပေ့ါဗျာ”
ချန်ရှန်လည်း အပြုံးလေးနဲ့ ပြန်ပြောလိုက်တယ် ။
“ဒီ သားရေချပ်မှာ ဘာတွေ ဆွဲထားတာလဲ”
“ဒါက မြေပုံတစ်ချပ်ပဲ”
စုမေးယိုက ပြောရင်းဖြင့် ပုတီးလေးအား ဘိုင်ယုယု ကြည့်နိုင်စေရန် ပေးလိုက်တယ် ။
“ဘာမြေပုံလဲ”
ချန်ရှန် ခပ်မြန်မြန် မေးလိုက်ပါတယ် ။
“ဆေးဥယျာဉ်တစ်ခုကို လမ်းညွှန်ထားတာ ၊ ဒါပေမယ့် ဒီဥယျာဉ်ကို ဖွင့်ဖို့က သော့တစ်ခုလိုတယ် ။ ဒီလိုသော့ ကို ပြု လုပ်တယ့်နည်းက ဒီပုတီးထဲမှာရှိတယ်”
စုမေးယို ပြောလိုက်တယ် ။
ချန်ရှန်လဲ ခုနက ပုတီးထဲမှ မှတ်ထားတဲ့ အချက်အလက် များကို ပြန်စဉ်းစားလိုက်တယ် ။ ချက်ချင်းပဲ မှတ်မိသွားပါတယ်။ ဒီအရာကို ပြုလုပ်မယ့် ပစ္စည်းတွေဟာ ရှာရ အရမ်းလွယ်ပြီး ခက်ခဲတယ့်အပိုင်းကတော့ ဒီသော့ပေါ်မှာ ရှုပ်ထွေးလှတဲ့ ဝိဉာဉ် တော် အကြောပုံစံ ရိုက်နှပ်ရခြင်းပဲ ဖြစ်ပါတယ် ။
“ဒီသော့က ငါ့လက်ထဲမှာ ၊ မြေပုံကို ဖွင့်လိုက်နေတုန်း ကျသွားတာပဲ”
ဘိုင်ယုယုက သူမဆီမှ လက်ချောင်းအရွယ် ရွှေရောင်တွေ ထွက်ပြီး တောက်ပနေတယ့် သော့လေးကို ပြပါတယ် ။ ဒီ ဝိ ဉာဉ် တော် အကြောလေးတွေမှာ ပြောမပြနိုင်တဲ့ စွမ်းအားတွေ ခိုအောင်းနေပြီး ခုနက ပုံစံကွက်တွေဟာလည်း မရေတွက်နိုင် သော လက်နက်ပြုလုပ်သူတွေ ရဲ့ နှစ်ပေါင်းများစွာ လေ့လာ စမ်းစစ်ချက်တွေကနေ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ် ။
လက်နက်ဆန်းတွေမှာ ဒီလို အကြောပုံစံတွေ ပါတတ်ပါ တယ် ။ ချန်ရှန်၏ ထူးကဲလေးနက်လှတယ့် နဂါးမီးတောက် မီးဖို ရဲ့ အတွင်းကော အပြင်မှာပါ ဒီလိုအကြောများ ရှုပ်ထွေးစွာ ပါဝင် ပါတယ် ။ ဒါအချက်ကပဲ ဒီ နဂါးမီးတောက် မီးဖိုရဲ့ ဒီလိုမျိုး အစွမ်း ထက်လှတဲ့ အစွမ်းတွေ ရှိရခြင်း၏ အကြောင်းရင်းပါပဲ ။
ဒီလို ဝိဉာဉ်တော် အကြောတွေဟာ ပစ္စည်းများပြုလုပ်နေ တုန်းမှာ သေချာကို အနုစိတ် ထည့်သွင်းရတာပါ ။ အဲလိုလုပ်နိုင် ပါက အောင်မြင်သော ပစ္စည်း အဖြစ် ရရှိပြီးဒါကို လုပ်တာဟာ မခက်ခဲပါဘူး ။ ဒီအချက်ကပဲ ဒီလို လက်နက်ပြုလုပ်သူများ အများအပြား ရှိနေရခြင်း၏ အကြောင်းရင်းပါပဲ ။
“ဒီအရာ ကို ကြည့်ရတာ နှစ်တော်တော် ကြာနေပုံပဲ ၊ တကယ်လို့ ဆေးဥယျာဉ်သာ အဲဒိနေရာမှာ ရှိနေဦးမယ်ဆို ဆေး ပင်တွေ ဟာ လည်း တော်တော် ကြီးနေလောက်ပြီ”
စုမေးယို ရယ်ပြီး ပြောပါတယ် ။
ချန်ရှန်လည်း သူ၏ ခေါင်းကို ညိမ့်လျက် ပြန်မေးလိုက်လေ တယ် ။
“အဲဒိဆေးဥယျာဉ်က ဘယ်မှာလဲ”
“အဲဒါက စစ်မှန်ပြီး တကယ်ကို အင်အားကောင်းတဲ့ သိုင်းပညာဂိုဏ်းကို သွားရာလမ်းမှာပဲ ၊ ကြည့်ရတာ မင်းတော့ ဒီဂိုဏ်း ကို စောစော သွားရတော့မယ် ထင်တယ် ။ ဒီဥယျာဉ်မှာကလဲ ဆေးပင်တွေ အများကြီးရှိတော့ မင်း အဆင့် ၉ ကို ဝင်နိုင်မှာပဲ”
စုမေးယို က ပြောတာပါ ။
နောက်ဆုံးတော့ သိုင်းပညာအစစ်အမှန် ဂိုဏ်းတစ်ခုကို သွားရတော့ မှာပါလား . . . ။
ချန်ရှန် တော်တော် လေး စိတ်လှုပ်ရှားသွားပါတယ် ။
“ခုကျွန်တော်ပြန်ပြီး အဖေ့ကို သွားနှုတ်ဆက်လိုက်မယ်”
ချန်မျိုးနွယ်ဆီကို ပြန်လာပြီးနောက် ချန်ရှန်ဟာ ပထမဆုံး ချန်တျန်းဟူဆီ သွားပါတယ် ။ ချန်ရှန်ဒီလို ဘေးမသီရန်မခပဲ ပြန် လာတာကို တွေ့တဲ့အခါ ချန်တျန်းဟူ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပါတယ် ။
“ကောင်းတယ်ကွာ ၊ မင်းပြန်လာနိုင်ပြီပေါ့”
ချန်တျန်းဟူ မျက်နာဟာ ချစ်ခြင်းမေတ္တာများ အပြည့်ဖြင့် ပါပဲ ။
“အဖေ ၊ အဖေ့အခြေအနေက တော်တော် ပြန်သက်သာနေ ပါပြီ ၊ ဒါက အဆိပ်ဖြေဆေးပဲ ၊ ဒါကိုသောက်လိုက်ရင် အဖေ အမြန်ဆုံး ပြန်ကောင်းလာလိမ့်မယ် ။”
ချန်ရှန် အပြုံးလေးဖြင့်ပြောကာ ပုလင်းလုံးတစ်လုံးအား ချန်တျန်းဟူအား ပေးလိုက်ပါတယ် ။ ဒီပုလင်းအား ဂျူဒူဇီ အိတ် ထဲမှ ရရှိခဲ့တာဖြစ်ပြီး ၎င်းဟာ အဓိကအားဖြင့် အဆိပ်များစွာကို ဖြေဖျောက်စေနိုင်တယ့် အစွမ်းရှိတာပါ ။
ချန်တျန်းဟူဟာ ချန်ရှန် လေမည်းဂိုဏ်းနဲ့ ဘယ်လို ရင်ဆိုင် ခဲ့လဲဆိုတာကို မမေးပါဘူး ။ အဆိပ်ပုလင်းယူလာပြီး အေးဆေးစွာ ပြန်လာတာကို ကြည့်ချင်းအားဖြင့် လေမည်းဂိုဏ်းဆိုတာ နောက် မရှိနိုင်တော့ဘူးဆိုတာ သူသိနေပါတယ် ။
“အဖေ ၊ ခု ကျွန်တော် ထွက်ခွာရမယ့် အချိန်ရောက်ပြီ”
ချန်ရှန်ဟာ ဒီစကားကို အပြုံးလေးဖြင့် ပြောနေသော်လည်း သူ့နှလုံးသားထဲမှာတော့ တော်တော် ဝမ်းနည်းနေပါတယ် ။
ချန်တျန်းဟူ သက်ပြင်းအနည်းငယ် ချပြီး အပြုံးလေးဖြင့်ပင် ပြန်ပြောပါတယ် ။
“ကောင်းတယ် ၊ မင်းသွားသင့်ပါတယ် ။ မင်းသွားရင် အဲဒီမှာ မင်းရဲ့ စွမ်းအားကို အပြည့်အ၀ နားလည် သွားလိမ့်မယ် ၊ နောက် ပြီး ငါတို့ ချန်မျိုးနွယ်ကိုလည်း ဘုရင့်မြို့တော်မှာ ခြေကုပ်ယူနိုင်အောင် လုပ်ပေးသွားတယ် ။ မင်းက ငါတို့ မျိုးနွယ် အတွက် တော်တော်ကို ပေးဆပ်ခဲ့ပါပေတယ်”
“အဖေ ၊ ကျွန်တော် သွားပြီနော်”
ချန်ရှန် မတ်တပ် ရပ်လိုက်ပါတယ် ၊ ချန်တျန်းဟူနားသွား ကာ တချက် ဖက်လိုက်ပါတော့တယ် ။
“အ ၊ မင်း အရွယ်ရောက်လာတာတော့ အမှန်ပဲ ၊ ငါလဲသက် သာနေပါပြီ ၊ ဂရုစိုက်ပါကွာ”
ချန်တျန်းဟူ တော်တော် ဝမ်းနည်းနေပါတယ် ။ ချန်ရှန်၏ ကျောကို ပုတ်ရင်း ချန်ရှန်သာ ဒီသိုင်းပညာဂိုဏ်းတွေထဲ ရောက် သွားပါက နှစ်ပေါင်းများစွာကြာမှ ပြန်လာနိုင်မည်ကို စဉ်းစားရင်း စိတ်မကောင်း ဖြစ်နေပါတော့တယ် ။
ချန်ရှန် ဟာချန်တျန်းဟူကို အဆင့်မြင့် ဆေးတချို့ပေးကာ ချန်မျိုးနွယ်မှ ထွက်လာခဲ့ပါတယ် ။ ထို့နောက်မှာတော့ ဆေးဘု ရင်ခန်းမကို ဦးတည်ထွက်လာခဲ့ပြီး ချန်လုဇောင်နဲ့ မန်ဘိုအား နှုတ်ဆက်ကာ သိုင်းပညာဂိုဏ်းကြီးဆီသို့ စတင်ရွက်လွှင့် ပါတော့တယ် ။
ချန်ရှန်ဟာ ထွက်လာရင်း ဝမ်းနည်းမိနေပါတယ် ။ ဒါပေမယ့် သူဟာ နောင်တချိန်မှာ ၎င်းမျိုးနွယ်နှင့် ပြန်ဆုံဖို့ ရှေ့ဆက်ကြိုး စားသွားမှာဖြစ်ပြီး ထိုအချိန်တွင် သူအဖေနဲ့တကွ ချန်မျိုးနွယ် တစ်ခုလုံးဟာ လောကကြီးတစ်ခုလုံးကို ကိုင်လှုပ်နိုင်မယ်လို့ ယုံကြည်နေပါတော့တယ် ။
ချန်ရှန်ဟာ ပြင်ပလောကမှာ အင်အားအကြီးဆုံးမြို့တော် ကြီး ဖြစ်တယ့် ဘုရင့်မြို့တော်ကြီးကို အဝေးတစ်နေရာမှ ကြည့်နေပါတယ် ။ ဒီမြို့ကြီးထဲမှာ အင်အားကြီးပညာရှင်များစွာ ရှိပေမယ့်လည်း ဂိုဏ်းအတွင်းမှ ပညာရှင်များနဲ့ နှိုင်းယှဉ်ရင် တော့ ဒီလူများဟာ ဘာမှ မဟုတ်တော့သလိုပါပဲ ။
“ရှန်းရှန်း ရေ ၊ ငါလာပြီနော်”
လီပေါင်း ၁၀၀၀၀ လောက်အကွာက တောင်ကြီးကို ကြည့်ရင်း ချန်ရှန်ဟာ လက်သီးဆုပ်လိုက်တယ် ၊ ထို့နောက်မှာတော့ မြင်းကို ကဆုန်စိုင်းလျက် စီးသွားပါတော့တယ် ။
ထိုသိုင်းပညာဂိုဏ်းကို သွားချင်ပါက ချန်ရှန်ဟာ ယခုမြင်တွေ့ ရသော တောတောင်ကြီးကို ဖြတ်သန်းရမည် ဖြစ်ပြီး ဒီထဲမှာ တော့ တောကောင် သားရဲမိစ္ဆာကြီးများဟာ ကျက်စားလေ့ ရှိ ကြ ပါတယ် ။ သွားရမည့် ခရီးက ရှည်ကာ အန္တရာယ်မှာလည်း အလွန်ကို များလှပါတယ် ။ ဒါပေမယ့် ဒီအရာတွေကို ကျော် ရင် တော့ ဝိဉာဉ်တော် ချီဓာတ်များ ပေါများစွာ ရှိနေပြီး သိုင်းပညာ ဂိုဏ်းကြီး တည်ရှိနေတယ့် နေရာကို ရောက်မှာပဲ ဖြစ်ပါတော့ တယ် ။
ပြင်ပ လောက နဲ့ ဒီ သိုင်းပညာရှင်များလောက ကို ဒီတောင် ကြီးက ကျယ်ဝန်းစွာ ကာရံထားတာဖြစ်ပြီး မည်သို့သော အားနည်းသည့်လူမျှ ဒီလိုကျယ်ဝန်းလှပြီး အန္တရာယ်ရှိလှသော တောင်ကြီးကို ဖြတ်သန်းသွားနိုင်မှာမဟုတ်ပါဘူး ။
“အမတော် မေးယို ၊ မရဏနဂါး နတ်သိုင်းစွမ်းရည် ကို ဘယ်လိုလုပ်ရလဲ ၊ အဲဒိတိုက်ကွက်က ကောင်းလား”
ချန်ရှန်မေးလိုက်ပါတယ် ။ သူဟာ ချက်ချင်းတွေပဲ စွမ်းအား ကြီးလှတဲ့ သိုင်းကျင့်စဉ်တွေကို လိုချင်နေတာပါ ။
“စိတ်လျော့ပါဦး ၊ ငါနဲ့ ငါ့အမ ဒီစာအုပ်ကို သေချာ လေ့လာ တာကို စောင့်ဦး ၊ ပြီးမှ ငါတို့ ဒီ နဂါးသိုင်းစွမ်းရည်တွေကို ဘယ်လို လုပ်ရမလဲဆိုတာ သင်ပေးမယ် ။ ဒါကြောင့် မစိုးရိမ်နဲ့”
စုမေးယို ပြန်ပြောလိုက်တာပါ ။
ဒီလို အလှပဂေးလေး ၂ ယောက်အား အဖော်အဖြစ် ရှိခြင်း ဟာ ချန်ရှန်အဖို့ တော်တော် ပျော်စရာပါ ။ ၎င်းတို့ဟာ သူ၏ ဆရာ များသာမက အမြဲတမ်းလည်း စိတ်ရှည်ရှည်ဖြင့် ကျင့်စဉ် နည်းလမ်းများကို ညွှန်ကြားပြသပေးကြသူတွေပါ ။
ချန်ရှန် ဟာ ဆေးဥယျာဉ်သို့ သွားရာလမ်းကို မှတ်ထားပြီး သားပါ ။ တောင်ခြေတောအစကို ဝင်တာနဲ့ လမ်းကြောင်းကို လွယ်လွယ်ပဲ ရှာနိုင်ပါတယ် ။
ဒီဆေးဥယျာဉ်ကို မြန်မြန်ရှာဖို့ ချန်ရှန်ဟာ အနီရင့်ငှက် ၏ မီးတောင်ပံများကို အသုံးပြုကာ ကောင်းကင်ပေါ် ပျံတက်လိုက် ပါတယ် ။ သူဟာ ဒီအနီရင့်ငှက်၏ ပုံစံကို စွမ်းအင်သိုလှောင်ရာ မှာ ဖြစ်ပေါ်စေထားတဲ့အတွက် ယခု သူ၏ ချီဓာတ်များမှာ ပိုမို အားကောင်းနေပါတယ် ။ ဒါကြောင့် သူ၏ ချီဓာတ်များ ကုန်ဆုံး သွားမှာကို စိုးရိမ်ခြင်း မရှိနေပါဘူး ။
သူပျံသန်းနေတာကို မည်သူမျှ မမြင်စေရန်အတွက် ချန်ရှန် ဟာ တိမ်တိုက်များထဲသို့ ဝင်ရောက်ကာ ပျံသန်းလိုက်ပါတယ် ။
သူပျံနေတယ့် အမြန်နှုန်းဟာ အရမ်းမြန်ပါတယ် ။ ခဏလေး ဖြင့်ပင် တောင်ကြီးရဲ့ တောနက်နက်ထဲသို့ ဝင်လာခဲ့ပါပြီ ။ ဒါ တင်မက ဒီနည်းလမ်းဟာ တချို့သော သားရဲမိစ္ဆာများ၏ ရန်မှ လည်း ကာကွယ်နိုင်နေပါတယ် ။ သူဟာ ဒီအကောင်တွေကို မကြောက်သော်လည်း ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြသနာ များကို ရှောင်ရှားရန် ဒီနည်းလမ်းက သင့်တော်လှပါတယ် ။
ဆေးဥယျာဉ် တည်နေရာဟာ အရမ်းကို အန္တရာယ်များပြီး တောင်ထဲမှာ လွယ်လွယ် ရှာမတွေ့နိုင်ပါဘူး ။ ချန်ရှန်ဟာ ၃ ရက် တိုင်တိုင် လမ်းပေါ်မှာ ခရီးဆက်နေပါတယ် ။ ဒီအချိန်တွေ အတွင်းမှာ သူဟာ တောင်ကြားချိုင့်ဝှမ်းတစ်ခုကို တွေ့ပါသေးတယ် ။ ဒါပေမယ့် ထိုနေရာမှာလည်း ဘာမှ မရှိပါဘူး ။
ချန်ရှန်ဟာ ကောင်းကင်ပေါ်မှ ဆင်းလာပြီး ထို ချိုင့်ဝှမ်းထဲ လာခဲ့ပါတယ် ။ ဒီနေရာရဲ့ ရှုခင်းဟာ အလွန်ကို လှပသော်လည်း တောင်ကြားထဲ ပေါက်ရောက်နေသော အဆိပ်ပင်များစွာ ရှိသောကြောင့် အဆိပ်ငွေ့များ ပျံ့နေပါတော့တယ် ။
ထိုချိုင့်ဝှမ်းထဲတွင် မြေပုံထဲ တွင် ပါသည့်အတိုင်းပင် ဂူတစ် ခု ရှိနေပါတယ် ။ ဒါပေမဲ့ ချန်ရှန်ဟာ တော်တော်ကို လှည့် ပတ် ကြည့်မှသာ ဂူကို ရှာတွေ့ခဲ့တာဖြစ်ပြီး ပေါင်းပင်တွေ နေတာ ကြောင့်လဲ ကောင်းကောင်းမြင်နိုင်တာပဲ ဖြစ်ပါတယ် ။ ဓားရှည် တလက်ဖြင့် အပင်များအား ရှင်းလင်းကာ မီးဒုတ်တစ်ခုအား ကိုင် လျက် သတိထားပြီး ဝင်ရောက်ခဲ့ပါတယ် ။
“ဒီနေရာကပျောက်နေတာ ၊ မြေပုံမှာသာ မပါရင် ရှာတွေ့ဖို့ က မဖြစ်နိုင်သလောက်ပဲ”
ချန်ရှန် ရေရွတ်လိုက်တာပါ ။ ဒီဆေးဥယျာဉ်က ဘယ်လိုဖြစ်လို့ ဒီဂူထဲ ရောက်နေလဲဆိုတာကို သူစဉ်းစားမရပါဘူး ။
ဂူထဲသို့ အတန်ကြာဝင်လာပြီးနောက် ရှေ့မှာ သံတံခါးကြီး တစ်ခု ပိတ်ထားတာကို မြင်လိုက်ရပါတယ် ။ သူဟာ ဒါကို ဖွင့်ဖို့ အမျိုးမျိုးကြိုးပမ်းပါတယ် ။ ဒါပေမယ့်လည်း လှုပ်အောင်ပင် မ လုပ်နိုင်ခဲ့ပါဘူး ။ မည်မျှပင် အားစိုက်ထုတ်ကာ ဖွင့်ပါသော်လည်း တံခါးရော တောင်ပါ တုတ်တုတ်မျှ မလှုပ်ပေ ။ သာမန် တောင် ဆိုပါက အစိတ်စိတ် အမွှာမွှာပင် ကွဲသွားလိမ့်မည် ဖြစ်ပါတယ် ။
“ဒီတံခါးက မင်းအားတွေကို ကုန်အောင် လုပ်နေသလိုပဲ ၊ ရိုးရိုးတန်းတန်းပဲ သော့နဲ့ ဖွင့်စမ်းပါ”
စုမေးယိုက ပြောတာပါ ။
ချန်ရှန်ဟာ တံခါးမှာရှိတဲ့ သော့ပေါက်အား လျင်မြန်စွာ ရှာ တွေ့သွားပါတယ် ။ သူ သော့အား ထည့်လိုက်ကာ လှည့် လိုက် ပါတယ် ။ “ချက်” ဆိုသည့်အသံလေး အား ကြားလိုက်ရပြီး နောက် တံခါးကြီးဟာ တဖြည်းဖြည်း ချင်း ပွင့်လာတယ် ။ အထဲ မှ မျက်စိကျိန်းလောက်သည့် အလင်းများဟာ စူးရှလျက် . . . ။
တံခါးပွင့်သွားတာနဲ့ အတူ အထဲက မြင်ကွင်းကြောင့် ချန်ရှန် တစ်ယောက် ကြက်သေသေသွားပါတော့တယ် . . . ။
Chapter – 72
#ကြီးမားသောရိတ်သိမ်းမှု
မမျှော်လင့်စွာပဲ သံတံခါးကြီးနောက်မှာ ရှိနေတာကတော့ အမည်းရောင် တောင်နံရံကြီး တစ်ခု ဖြစ်မနေပဲ ဆေးမြစ်များ ၊ ဆေး ပင်များ နဲ့ လှပသော တောင်ကြားချိုင့်ဝှမ်းတစ်ခုဟာ အလင်းရောင်များတောက်ပလျက် တည်ရှိနေတာပါပဲ ။
စုမေးယိုနဲ့ ဘိုင်ယုယုတို့ လျင်မြန်စွာပဲ ထွက်လာကြတယ် ။ ၎င်းတို့ ၂ ယောက် ဒီမြင်ကွင်းကို မြင်တဲ့အခါမှာတော့ သူတို့မျက်နာများဟာ မယုံကြည်နိုင်မှုများ ယှက်သန်းလာကြပါတော့တယ်။
“ဒီက ဆေးပင်တွေ အားလုံးဟာ နှစ်တစ်ထောင် အထက် တွေ ချည်းပဲ”
စုမေးယို က ပြောလိုက်တာပါ ။
နှစ်တစ်ထောင် ဂျင်ဆင်း ၊ နှစ်တစ်ထောင် ဝိဉာဉ်တော်မြက် ၊ နှစ်တစ်ထောင် နူးညံ့သော ဂျင်ဆင်း ၊ နှစ်တစ်ထောင် မြေ ဝိဉာဉ်တော် မြက် ၊ . . . ။ တချို့သော ဆေးပင်များဟာ စိုက်ပျိုး နေကြ ဆေးပင်များဖြစ်သော်လည်း ဒါတွေအကုန်လုံးဟာ နှစ် တစ်ထောင် သက်တမ်းရှိ အပင်တွေ ဖြစ်ပြီး အားလုံးဟာ ကြီး ထွားလှသည့် အပင်ကြီးတွေဖြစ်နေတာပါ ။ ချန်ရှန် ခန့်မှန်းရသ လောက်တော့ ဆေးပင်စုစုပေါင်း ရာချီ ရှိနေတာပါတယ် ။
“ဆေးဖက်ဝင်သတ္တုသစ်သီးနဲ့ အကြောတစ်ထောင် အသီး စုစုပေါင်းက အလုံး ၂၀ ၊ ခရမ်းရောင် ဝိဉာဉ်တော် အသီးက အလုံး ၁၀၀ ၊ နောက် . . . ၊ ဟားဟား အီဖေကိုယ်တို့တော့ အိပ်မက်မက်နေသလားပဲ”
ချန်ရှန် အံ့သြမှုနဲ့ အတူ အော်လိုက်ပါတော့တယ် ။ နှလုံးတွေလည်း အရမ်းကို ခုန်နေလျက်ပါပဲ ။
ခရမ်းရောင် ဝိဉာဉ်တော် အသီးဟာ ဆေးဖက်ဝင် သတ္တု သစ်သီးလောက် တန်ဖိုးမကြီးလှသော်လည်း ဈေးကွက်မှာ ဈေးတော်တော် ကြီးတာပါ ။ ၎င်းဟာ ဝိဉာဉ်တော်ဆေးတွေကို ပြုလုပ်တဲ့နေရာမှာ သုံးတဲ့ အသီးအမျိုးစား တစ်မျိုးဖြစ်ပါတယ် ။
“ဟဟ ၊ မင်းက ဒီလို နည်းနည်းလေးတွေ့တာကို ဘာလို့ အရမ်းပျော်နေရတာတုန်း ၊ ငတုံးပဲ”
ဘိုင်ယုယုက အေးစက်စက် ပြောပါတယ် ။
ချန်ရှန် သူ၏ နှုတ်ခမ်းများကို ကိုက်ကာ -
“အမတော်တို့ ရဲ့ မူလ အခြေနေက သာမန်မဟုတ်တာ ကျွန် တော်သိပါတယ် ။ ဒါကြောင့် အမတော်တို့ မျက်လုံးထဲမှာ ဒီလောက်က ဘာမှ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် ကျွန်တော့ အ တွက်ကတော့ ရတနာတွေလိုမျိုးပါပဲ”
“ကျွန်တော့ကို ဒီဆေးပင်တွေ အကုန်ခူးဖို့ မြန်မြန်ကူပေးပါ လား ၊ အဲဒါမှ ကျွန်တော် ဝိဉာဉ်တော် ဆေးတွေ ပြုလုပ်ဖို့ လုံလောက်မှာ”
ချန်ရှန် စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် ။ ယခုလက်ရှိမှာ ဝိဉာဉ်တော်ဆေးတွေကို ဘယ်လို ပြုလုပ်ရတယ်ဆိုတာကို သူမသိပါဘူး ၊ သူအကြိမ်များစွာ ကျရှုံးမယ်ဆိုတာလဲ သိတယ် ။ ဒီဆေးဥယျာဉ်ကြီးထဲမှာ ဆေးပင်တွေ များစွာရှိနေတဲ့အတွက် သူလေ့ကျင့်ဖို့ တော်တော် အဆင်ပြေပါပြီ ။
ချန်ရှန် ဒီအလှအဂေး ၂ ယောက်ကို ဒီလိုခိုင်းတဲ့အတွက် ထို မိန်းမလှ ၂ ယောက်ဟာ သိပ်မကြည်ကြတော့ပါဘူး ။
“ငါက ယောကျာ်းတစ်ယောက်မဟုတ်ဘူး ၊ ဒီမိန်းမလှက မင်းကို နာကျင်အောင် လုပ်နိုင်တယ်နော် ၊ ဒါပေမယ့် အလုပ်ကြမ်းတော့ မလုပ် နိုင်ဘူး”
စုမေးယိုဟာ ဒီလိုပြောနေသော်လည်း နှစ်တစ်ထောင် သက်တမ်းရှိတဲ့ အပင်တွေကို စခူးနေပါတော့တယ် ။
“ဟဟ ၊ ခုမှ စကားများမနေနဲ့တော့”
ဘိုင်ယုယုက လှောင်လိုက်တယ် ။ ချန်ရှန် လည်းပြောသာ ပြောလိုက်ရတာ ၊ ဒီ မိန်းမလှ ၂ ယောက်ကို မစော်ကားဝံ့ပါဘူး ။
နေ့တဝက်လောက်ကုန်လွန်သွားချိန်မှာတော့ ဥယျာဉ်ထဲမှ နှစ်တစ်ထောင်သက်တမ်းရှိ အဓိက ဝိဉာဉ်တော် ဆေးပင် အားလုံးအား စုဆောင်းမိပြီး ဖြစ်ပါတယ် ။ ထိုအရာများအား စုမေးယိုနဲ့ ဘိုင်ယုယု တို့၏ ခိုနားရာ ကွင်းလေးထဲမှာပဲ သိမ်းထား လိုက်ပါတော့တယ် ။
“ခရမ်းရောင် ဝိဉာဉ်တော် အသီး ၁၂၀ ၊ ဆေးဖက်ဝင် သတ္တု သစ်သီး နဲ့ အကြောတစ်ထောင် သစ်သီး ၂၀ ကျော် ၊ ဟဟ ငါ အခြေခံတည်ဆောက်ရေးဆေးလုပ်ဖို့ လုံလုံလောက်လောက် ရပြီ”
ချန်ရှန် မျက်နာဟာ ပျားသကာလို ချိုနေတာကို တွေ့နိုင်ပါ တယ် ။ ဒီ အခြေခံတည်ဆောက်ရေးဆေးဟာ စစ်မှန်တဲ့ သိုင်းပညာ ဝင်ရောက်နေတဲ့ လူတွေ အတွက် အလွန်အသုံး ဝင်ပါတယ် ။ ဒီဆေးဟာ စစ်မှန်တဲ့ သိုင်းပညာဝင်ရောက်ပြီးသူ များ သောက်ရင်လည်း ၎င်းတို့၏ စွမ်းအားအဆင့်ကို မြင့်တင်ပေး နိုင်ပါသေးတယ် ။ ဒါဟာ တကယ်ပဲ အရမ်းအသုံးဝင်ကာ ထူးကဲ လှသော အနှိုင်းမဲ့ဆေး ပင် ဖြစ်ပါတော့တယ် ။
အဆင့်မြင့်ဝိဉာဉ်တော်ဒြပ်စင် ဆေးဟာ အရမ်းကို ဈေးကြီး ပါ တယ် ။ ခုနက အနှိုင်းမဲ့ဆေးဟာ ဒီ အဆင့်မြင့် ဝိဉာဉ်တော် ဒြပ်စင်ဆေး၏ အထက်မှာ ရှိနေတာပါ ။ ဒါကြောင့် ဒီဆေး၏ တန်ဖိုးရှိပုံကို ခန့်မှန်းနိုင်နေပါပြီ ။
ဘယ်လိုပဲဖြစ်ဖြစ် ချန်ရှန်ဟာ ဒီဆေးကို လုပ်ဖို့အတွက် စိုးရိမ်မှု မရှိပါဘူး ။ ဒီလို အဆင့်မြင့် ဝိဉာဉ်တော်ဆေးနဲ့ အနှိုင်း မဲ့ဆေးတို့ကို ဘယ်လိုပြုလုပ်ရတယ် ဆိုတာ သင်ကြားရန် အချိန် အကြာကြီး ကြာပါလိမ့်မယ် ။
ဆေးဥယျာဉ်အတွင်းမှာ တခြား နှစ်ရာချီ သက်တမ်းရှိတဲ့ ဆေးပင်တွေလည်း ရှိပါသေးတယ် ။ ဒါပေမယ့် ချန်ရှန်ဟာ ၎င်း တို့ကို မခူးပါဘူး ။ သူ့မှာ နှစ်ထောင်ချီပြီး အရမ်းကို ကြီးမားတဲ့ ဆေးပင်တွေ ရရှိနေပြီးလို့ပဲ ဖြစ်ပါတယ် ။
“အစွမ်းထက်လှတဲ့ အရာတွေကို ဒီဥယျာဉ်ထဲ ခင်းကျင်းထားသလိုပဲ ၊ နေရောင်ခြည်ကလည်း ထူထည်းလှတဲ့ ကျောက်သားနံရံတွေကို ဖောက်ပြီး မဝင်စေနိုင်ဘူး ။ ဒါပေမယ့် များပြားလှတဲ့ ဝိဉာဉ်တော် ချီဓာတ်တွေကို ဒီဥယျာဉ်ထဲက ဆေးပင်တွေ ရှင်သန်နိုင်အောင် စုဆုံပေးထားတယ် ။ ဒီ ဥယျာဉ်ကို ဖန်တီးခဲ့သူဟာ ကျိန်းသေကို မော်တယ်သိုင်းလောက က ထွက်လာတဲ့လူပဲ ဖြစ်ရမယ်”
စုမေးယို လှပလှတဲ့ တောင်နံရံ ကို ကြည့်ရင်းပြောဆိုပါ တယ် ။
ဒီလို မော်တယ်သိုင်းလောက ဆိုတာ အာကာသကိုပါ ဖျက်ဆီးနိုင်စွမ်းရှိတဲ့ စွမ်းအားရှိသူတွေပါ ။ ချန်ရှန်ဟာ ဒီလို အဆင့်ကို ကြိတ်ပြီး ဖြစ်ချင်နေပါတယ် ။ ဒါပေမယ့် သူ ဒီအဆင့် ကို ရောက်ဖို့ဆိုတာ ဘယ်နနှစ် ဘယ်နလကြာမယ်ဆိုတာကို မခန့် မှန်းနိုင်ဘူး ဖြစ်နေပါတယ် ။
“ချန်ရှန် ၊ မင်းဒီမှာပဲ အေးအေးဆေးဆေး ကျင့်ကြံလို့ရတယ် ၊ နောက်ကျ မင်းအဆင့် ၉ ရောက်သွားလိမ့်မယ် ။ မင်း လုပ်လို့ ပြီးရင် သိုင်းပညာဂိုဏ်းဆီ သွားကြတာပေါ့”
ဘိုင်ယုယုဟာ ရွှေရောင်များတောက်ပနေတယ့် ဝတ်စုံကို ဝတ်ဆင်ထားပြီး နေရောင်ခြည်က သူမအပေါ်ကျရောက်နေပုံမှာ ဒဏ္ဍာရီလာ ဧကရီ တစ်ပါးလိုပင် ကျက်သရေ ရှိလှပါတော့တယ်။
ချန်ရှန်ဟာ ဒီအဝတ်အစားကို သူမအတွက် ဝယ်ပေးခဲ့ခြင်း ဖြစ်ပါတယ် ။ သူမကလည်း ဒီအဝတ်ကို အရမ်းကြိုက်ပုံရပြီး ယခု စုမေးယိုနဲ့ သူမတို့ဟာ လှပတဲ့ဒီလို အဝတ်အစားများဝတ်ကာ နေ ရောင်အောက်မှာတောက်ပလို့နေလျက် ရှိကြပါတယ် ။ သူမ တို့ကို ကြည့်ရတာလည်း တော်တော်ပျော်နေပုံပါပဲ ။
ချန်ရှန်ဟာ ယခု တခြား ချီဒြပ်စင် ၃ ခုကို ပုံစံပြောင်းနိုင်ရန် အတွက် များပြားလှတယ့် ချီဓာတ်များ လိုအပ်နေပါတယ် ။ သူဟာ အဆင့် ၁၀ သိုင်းပညာရှင်အား လွှမ်းမိုးခဲ့တာဖြစ်ပြီး ဒါပေ မယ့် သူ၏ ချီဓာတ်ဒြပ်စင် ၂ ခုသာ ပုံပြောင်းရသေးတာ ဖြစ် တယ် ။ နောက်ချီဓာတ် ၃ ခုကို ပြောင်းဖို့ ဆိုရင် ဘယ်လောက်တောင် ချီဓာတ်များ လိုမလဲဆိုတာကို ခန့်မှန်းနိုင်ပါတော့တယ် ။
ဒီဥယျာဉ်ထဲမှာရှိတယ့် ဝိဉာဉ်တော် ချီဓာတ်တွေဟာ တော်တော် လေး များပြားပါတယ် ။ ဒါတင်မက ချန်ရှန်မှာ ယင် နဲ့ ယန် နတ်အတွင်းအားများလည်း ရှိတယ် ။ ချန်ရှန် မျက်လုံးများ ပိတ်လိုက်ပါတယ် ။ ထို့နောက် သူ့ကိုယ်သူ ချီဓာတ်ပင်လယ်ကြီး ထဲရောက်နေသလို ပုံဖော်တွေးလိုက်တယ် ။ ဒါဟာ ဝိဉာဉ်တော် ချီဓာတ်များအား ပိုမို စုပ်ယူ နိုင်မှာဖြစ်ပြီး သူ အဆင့် ၉ ရောက်ဖို့ ဆိုတာ နည်းနည်းတော့ ကြာဦးမှာပါ ။
ပြင်ပလောကမှာရှိတယ့် အဆင့် ၉ ပညာရှင်များဟာ အ ဘယ်ကြောင့် အသက်ကြီးသူများာ ဖြစ်နေလဲ ဆိုတာကို ယခု ချန်ရှန် သိလိုက်ပါပြီ ။ ပြင်ပလောကကမ္ဘာမှာ ဒီလို ဝိဉာဉ်တော် ချီဓာတ်များဟာ မရှိသလောက်ကို နည်းပါးလို့ပဲ ဖြစ်ပါတယ် ။
“အခုမင်း စစ်မှန်သော ချီ ဆေးကို ဘယ်လို လုပ်ရတယ်ဆို တာ စ သင်ကြား ရမယ့် အချိန်ပဲ ၊ နေ့အချိန်မှာ မင်းက ဆေးလုပ် ရမယ် ညမှာကျ ခုနကဆေးတွေကို စားရမှာပဲ ဖြစ်တယ် ။ တချိန် တည်းမှာပဲ မင်း ၎င်းစွမ်းအားတွေကို ခြေဖျက်နေတယ့် အချိန်မှာ ဝိဉာဉ်တော် ချီဓာတ်တွေကို စုပ်ယူရမယ်”
စုမေးယိုက သူကြုံတွေ့ခဲ့ရတယ့် ချီဓာတ်ဆေး ပြုလုပ်ပုံကို ပြော ပါတယ် ။
သာမန် အဆင့်မြင့် ဆေးအမျိုးအစားဟာ များစွာသောချီ ဓာတ်များကို ထုတ်ပေးနိုင်ပါတယ် ။ ဒါတင်မက သိုင်းကျင့်စဉ်များ ကျင့် ခြင်းကိုလည်း တိုးတက်လျင်မြန်စေတယ် ။ ယခု ချီဓာတ် ဆေးဟာ အဆင့်မြင့် ဆေး ထက်ကို ပိုမိုကောင်းမွန်ပါတယ် ။ ၎င်း ဟာ အဆင့်နိမ့် ဝိဉာဉ်တော် ဆေးအမျိုးအစားဖြစ်ကာ သိုင်းပညာဂိုဏ်းများအကြားမှာ အထင်ရှားဆုံး အသုံးများဆုံး ဆေးလဲ ဖြစ်ပါတယ် ။
စစ်မှန်မှန်သော ဒြပ်စင်ဆေးဟာ အဆင့်မြင့် ဝိဉာဉ်တော် ဆေးအမျိုးအစားဖြစ်ပြီး ၎င်းဟာလည်း ချီဓာတ်များကို ထုတ် ပေး တာပါ ။ ဒါပေမယ့် ဒီဆေးဟာ ချီဓာတ်ဆေးထက် များစွာ ဈေးကြီး ကာ သာမန်လူအဖို့ မည်သို့မျှ မတတ်နိုင်ပါချေ ။
ချီဓာတ်ဆေးကို ပြုလုပ်ဖို့ အဓိက ဆေးပင် တစ်မျိုးသာ လို အပ်ပါတယ် ။ ဒါကတော့ ခရမ်းရောင်ဝိဉာဉ်တော်သီးပါပဲ ။ ယခု ချန်ရှန်ဆီမှာ ဒီလိုအသီး ၁၂၀ ကျော်ကို ရှိနေတာဖြစ်ပြီး တခြား လိုအပ်တဲ့ ဆေးပင်တွေဟာလည်း အများအပြားကို ရှိနေပါတယ်။ တခြားလိုအပ်တဲ့ ဆေးပင်တွေဟာ ယေဘူယျ အား ဖြင့် နှစ် ၅၀၀ လောက်သက်တမ်း ရှိရမှာဖြစ်ပါတယ် ။ ဒါပေမဲ့ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိတာတွေကို အသုံးပြု မည်ဆိုပါက အနည်းငယ်သာ အသုံးပြုရန် လိုအပ်မည်ဖြစ်ပြီး ၎င်း ဟာ အရမ်းကို အကျိုးသက်ရောက်မှု ရှိသွားစေမှာပဲ ဖြစ်ပါတော့ တယ် ။
ချန်ရှန် အသက်ကို ဝအောင် ရှူကာ စုမေးယို ဖြတ်သန်းခဲ့ပုံ များအား သေချာစွာ မှတ်သားနေတယ် ။ ဒါပြီးနောက်မှာတော့ ဆေးပင်များကို အမျိုးတူရာစုကာ တစ်စုံစာစီတွေ ခွဲခြားလိုက်ပါ တယ် ။ ဒီလိုလုပ်ခြင်းအားဖြင့် သူအကြိမ်မည်မျှ ကျရှုံးခဲ့တယ် ဆို တာကို သိနိုင်မှာပါ ။
ချန်ရှန်သူ၏ နဂါးမီးတောက် မီးဖိုအား ထုတ်လိုက်တယ် ။ ချက်ချင်းပဲ ဘိုင်ယုယု ခပ်လှမ်းလှမ်းကို ထွက်သွားပါတယ် ။ ထို့ နောက်ခပ်လှမ်းလှမ်းမှ စုမေးယို နဲ့ အတူတူ ရပ်ကြည့်နေတယ် ။ သူတို့ ညီအမ ၂ ယောက်ရဲ့ ဆက်နွယ်မှုဟာ တော်တော် ကောင်းပါတယ် ။ ဘိုင်ယုယုဟာ အမြဲတမ်း အေးစက်စက် ဖြစ် ပေ မယ့် ချန်ရှန်နဲ့ စုမေးယို အပေါ်မှာ တော်တော် ကောင်းရှာ ပါ တယ် ။ သူများအမြင်မှာတော့ တမျိုးဖြစ်ချင် ဖြစ်နေနိုင်ပါတယ် ။
သူစတင် ပြုလုပ်ပြီး မကြာခင်မှာပဲ ကျရှုံးသွားပါတယ် ။ ဒုတိယ အကြိမ်မှာလည်း မအောင်မြင်ပြန်ပါဘူး ။ ဒီလိုနဲ့ ၁၀ ကြိမ် တိုင်တိုင် ကျရှုံးခဲ့ရပါတော့တယ် ။ သူ့ရဲ့ ဆေးပညာအဆင့်အတန်းဟာ အလယ်လတ်သာ ရှိပြီး သူဟာ ဆေးပင်တွေအားလုံး ကို ဆေးအမှုန်များရအောင် ဖုတ် ၊ ပြီးတော့ ထိုအမှုန်တွေကို ချီ ဓာတ်များဖြင့် ပေါင်းစပ်တဲ့နေရာမှာ ကျရှုံးနေတာပါပဲ ။
“စောက်ကျိုးကိုနည်းရော ၊ ဒီ ခရမ်းရောင်ပန်းသီးစုတ်က ငါ လုပ်ထားသမျှတွေကို ဖျက်နေတော့တာပဲ ၊ ဟူူူူူူူူးးးး . . . ငါအမြဲ တမ်း မအောင်မြင်ဖြစ်နေတယ် ။ ဒီအသီးက ငါ့ကို တော်တော် ဒုက္ခပေးပါ့ကွာ”
ချန်ရှန် ကျိန်ဆဲနေပါတော့တယ် ။ မလှမ်းမကမ်းမှ စုမေးယို တခစ်ခစ် ရယ်မောကာဖြင့် ပြောပါတယ် ။
“ဒီအဆင့်မြင့်ဆေးရဲ့ အဓိက ပါဝင်ပစ္စည်းနဲ့ အရံပစ္စည်းတို့ သဟဇာတ မဖြစ်တာဟာ ကျိန်းသေကို ကြုံရမဲ့ အရာပဲ ၊ ဒါကို ဖြေရှင်းဖို့က တော်တော် ခက်တယ် ။ မင်းသေချာ စမ်းစစ်မှ ရမယ်”
စုမေးယို ဟာ သူမ၏ ဆေးပညာရပ် ပါရမီမှာ တော်တော် ဂုဏ်ယူနေသူတစ်ယောက်ဖြစ်ပြီး ယခု ချန်ရှန်၏ အရူးအမူး ဖြစ်နေတယ့် ပုံကို မြင်တော့ ထိုခံစားချက်မှာ ၂ ဆဖြစ်သွားသလိုပင်။ နောက်ပြီး ယခု ချန်ရှန် စိတ်ဓာတ်ကျနေတယ့် ပုံကိုမြင်ပြီး သဘောကျကာ ရယ်နေပါတော့တယ် ။
ချန်ရှန် လည်း စုမေးယို၏ လှပပြီး ချစ်စရာကောင်းလှတဲ့ အပြုံးလေးကို ကြည့်နေရုံကလွဲပြီး မတတ်နိုင်သောကြောင့် ထိုသို့ ကြည့်ရင်း သူ့စိတ်ထဲ ယားကျိကျိ ဖြစ်နေပါတယ် ။
“အမတော် မေးယို ရေ ၊ အမတော်တုန်းက ဘယ်နကြိမ် ကျရှုံးခဲ့လဲ”
ချန်ရှန် မေးလိုက်ပါတယ် ။
“မင်းက ငါ့ရဲ့ မှတ်ဉာဏ်ကို လာစမ်းတာလား ၊ ငါ့တုန်းက ၇၂ ကြိမ် တိတိပဲ”
စုမေးယိုက ပြောပါတယ် ။ သူမဟာ အကြိမ်ပေါင်းများစွာ မအောင်မြင်ခဲ့သော်လည်း သူမ ဒီအကြိမ်ရေကို ကျေနပ်ပါတယ်။ တခြားဆေးပညာရှင်တွေ ဆိုပါက အကြိမ်ရာပေါင်းများစွာ ကျရှုံး တာကြောင့်ပါပဲ ။ ဒီဆေးဆရာတွေဟာ သူတို့ ဘယ်နကြိမ်ကျ ရှုံး ခဲ့လဲဆိုတာကို ပြောရန်ပင် ရှက်နေနိုင်ကြပါတော့တယ် . . . ။
Chapter – 73
#အောင်မြင်မှု
ချန်ရှန်စိတ်ထဲမှ တီးတိုးရေရွတ်နေမိတယ် ။
“အမတော်ကို ခုနေတော့ ပျော်ခွင့်ပေးထားလိုက်မယ် ။ ခဏတော့စောင့်နေ ၊ ကျွန်တော် အမတော် မရယ်နိုင်အောင် လုပ်ပြမယ်”
သူလည်း ခဏနားပြီးနောက် ပြန်လည် စတင်ပါတယ် ။ ဒါပေ မယ့် ဒီတကြိမ်မှာ သူ နဂါးမီးတောက် မီးဖိုကို အသုံးမပြုတော့ပဲ သူ့အဖေပေးခဲ့တဲ့ မီးဖိုအမည်းလေးကို ထုတ်လိုက်ပါတယ် ။
“အိုးးး ၊ နဂါးမီးတောက် မီးဖိုက မင်းကို အချိန်ကုန်သက်သာ စေတယ်လေ ၊ ဒါနဲ့သာဆို မင်းတစ်နေကုန်လုပ်တောင် တစ်ကြိမ် ဆေးလုပ်လို့ ပြီးမှာမဟုတ်ဘူး”
စုမေးယို က ပြောလိုက်တာပါ ။
“မင်း ငါ့ခံစားချက်ကို ထည့်တွက်ပေးဖို့ မလိုအပ်ပါဘူး ၊ ကိစ္စ မရှိဘူးနော်”
ဘိုင်ယုယုက သူ့ကို အားနာပြီး နဂါးမီးတောက် မီးဖိုကို မသုံး တာ ဟုထင်သွားလို့ပါ ။
ချန်ရှန်ဟာ သူမတို့ကို ဂရုမစိုက်တော့ပဲ ဆေးလုပ်ခြင်းကို စတင်ပါတော့တယ် ။
ညအချိန်မှာတော့ သော်တာလမင်း အလင်းရောင်ဟာ ကျောက်နံရံများကို ဖောက်ဝင်လာာ ဆေးဥယျာဉ်အတွင်းသို့ ဖြာဆင်းကျလျက်ရှိနေတယ် ။ စုမေးယို နဲ့ ဘိုင်ယုယု တို့ ညီအမ ၂ ယောက်ဟာ ပူးကပ်ပြီး အိပ်နေကြပါတယ် ။ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေပြီး သူမတို့ ဒီလို လွတ်လွတ်လပ်လပ် အိပ်ရတာ မျိုးဟာ အလွန်ရှားပါးလှတယ့် အတွက် ဟောက်သံလေးတွေပင် ထွက်နေပါသေးတယ် ။
ချန်ရှန်ကတော့ ဆေးများ ပြုလုပ်လျက်ရှိနေရင်း အလှပဂေး ၂ ယောက် စွဲဆောင်မှုရှိစွာ အိပ်စက်နေကြပုံကို ကြည့်နေမိ ပါတယ် ။ သူ၏ စိတ်တွေလည်း ကမောက်ကမဖြစ်ကာ သူ၏ မီးဖို မှာလည်း ဒီလိုကြောင့်ပင် ပေါက်ကွဲတော့မလိုတောင် ဖြစ်နေ တယ် ။
“ငါညလယ်လောက်သာ အိပ်လို့ရရင် တကယ်ကောင်းမှာပဲ”
ချန်ရှန် စိတ်ထဲတွေးနေမိတယ် ။ တကယ်လို့ ဒီအတွေးကို သာ ဟို ညီအမ ၂ ယောက်သိပါက အထင်သေးသွားနိုင်ပါတယ်။
တစ်ရက်နဲ့တစ်ည ကုန်ဆုံးသွားပြီးနောက်မှာတောင် ချန်ရှန် ဟာ နောက်ဆုံးအဆင့်ကိုသာ ရောက်သေးတယ် ။ ဒါပေမယ့် အဆုံးမှာတော့ ကျရှုံးခဲ့ရလေပြန်ပါတယ် ။
ကျရှုံးခဲ့ရတယ့် အကြိမ်တွေကို ကြည့်ရင်း ချန်ရှန် တည်ငြိမ် အောင် မနည်းထိန်းနေရတယ် ။ သူ့မှာ ဆေးပင်တွေ အများကြီး ရှိတယ် ။ ခရမ်းရောင်အသီးဟာလည်း တစ်လုံးကို ၁၀ ကြိမ် ပြုလုပ်နိုင်ပြီး သူ့မှာ ရာနဲ့ချီပြီးရှိနေပါတယ် ။ ဒါတွေကုန်သွားတဲ့ အချိန်ထိတော့ မအောင်မြင်ပဲ နေမှာ မဟုတ်ဘူးလို့ ချန်ရှန် ယုံ ကြည်နေမိတယ် ။
စုမေးယို နဲ့ ဘိုင်ယုယု တို့ ကွင်းလေးထဲမှာ ရေမိုးချိုး အဝတ် စားလဲကြပါတယ် ။ ချန်ရှန် တွေ့ရသလောက် ဒီ ၂ ယောက်ဟာ တစ်နေ့ထဲမှာကို အဝတ်အစားတွေ များစွာ လဲရတာကို ကြိုက် ကြပုံပဲ ။ နောက်ပြီး အဝတ်အစားကို ဆင်တူလဲ မဝတ်ကြပါ ။ ဒါတင်မက ဒီလိုဝတ်ဆင်ပြီး သူ့ကို ပြရတာ ပျော်ရွှင်နေကြပုံပါပဲ။
အမြဲတမ်း ချန်ရှန် သူတို့ ဒီလို အဝတ်အစားလဲပြီး ထွက်လာတာ ကို မြင်တဲ့အခါ ချီးကျူးစကားများ ပြောဆိုလေ့ ရှိ ပါတယ် ။ ဒါပေမဲ့ ဒီလို ပြောဆိုတဲ့စကားများဟာလည်း တစ် ကြိမ်နဲ့ တစ်ကြိမ် တူလေ့မရှိပါ ။ ဒီလိုလေး ပြောဆိုပေးတာက သူ မတို့ကို ပျော်ရွှင်စေမယ်ဆိုတာ သူသိနေတယ်လေ ။
ဒီမိန်းမလှ ၂ ယောက်ဟာ နှစ် တစ်ထောင်လောက်တော့ နေထိုင်ခဲ့ပြီးပြီဆိုတာ သူသိနေပါတယ် ။ ဒါပေမယ့် သူမတို့ဟာ မိန်းမ များသာ ဖြစ်ပြီး ဘာမှမဟုတ်ပါဘူး ၊ ဒီလို လှလှပပ ဝတ်စားရတာကို ကြိုက်နှစ်သက်ကာ ယောကျာ်းများစိတ်ကို ဖမ်း စားသော်လည်း သူမတို့မသိတာက ယောကျာ်းများဟာ သူမတို့ ဘာမှမဝတ်တာကိုသာ ပို ကြည့်ချင်ကြတယ် ဆိုတာပါပဲ ။
“အမတော် ယုယု ၊ အမတော် မေးယို ၊ ကျွန်တော် ဂိုဏ်းထဲ ဝင်ပြီးတဲ့အခါ အမတော်တို့ကို ပိုလှတဲ့ အဝတ်တွေ ဝယ်ပေးမယ်နော် ၊ ဒီလို နေရာတွေမှာ တခြားစတိုင်ပုံစံအမျိုးမျိုး ရှိမယ်လို့ ထင်တာပဲ”
ချန်ရှန် ရယ်မောရင်း ပြောဆိုပါတယ် ။
“ကောင်လေး ၊ မင်းက ဖားတဲ့နေရာ တော်တော် တော်တာ ပဲ ၊ ငါတို့ကို ဘယ်လို မြောက်ရမလဲဆိုတာ သိနေတယ်”
စုမေးယို ရယ်မောလျက် ပြောပါတယ် ။
“ကျေးဇူးပဲ”
ဘိုင်ယုယု က လေ သံ တီးတိုးဖြင့် ပြောပါတယ် ။ သူမ၏ အသံဟာ အေးစက်စက် ဖြစ်သော်လည်း နူးညံမှုများကိုတော့ ချန်ရှန် မြင်နေရပါတယ် ။
“အနားယူကြပါ ၊ ကျွန်တော့ စွမ်းအားတွေ တိုးတက်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားမှာပါ ။ အမတော်တို့ စွမ်းအားတွေ ပြန် ရဖို့ တတ်နိုင်သရွေ့ ကူညီပါ့မယ် ။ နောက် အမတော်တို့ ရန်သူ တော်တွေကိုလည်း အမြစ်ဖြတ်သုတ်သင်ပေးမယ် ။ ဒါကြောင့် ကျွန်တော် ဝယ်ပေးတဲ့ အဝတ်တွေ ဝတ်ပြီး ကမ္ဘာ ပတ်ပြီးသာ ပျော်ပျော်နေကြပါ”
ချန်ရှန် အလွန်စိတ်အားထက်သန်စွာဖြင့် ပြောလိုက်တယ် ။ စုမေးယိုနဲ့ ဘိုင်ယုယုတို့ တော်တော် ကျေနပ်သွားကြပါတယ် ။
သူမတို့ဟာ ယခု ပြင်းပြင်းထန်ထန် အတွင်းဒဏ်ရာရနေကြ တာ ဖြစ်ပြီး သူမတို့မှာ ရန်သူတော်တစ်ယောက်ရှိနေတယ် ဆိုတာ အားလုံးအသိပါပဲ ။ ဒီလို ပညာရှင် ၂ ယောက်ကိုတောင် ရှုံးနိမ့်သွားစေတဲ့ အစွမ်းထက်လှ သော ရန်သူတော်ကို သုတ်သင် နိုင်ဖို့အတွက် သူမတို့ မျှော်လင့်ချက်ဟာ ချန်ရှန်ပါပဲ ။ သူမ တို့ မျက်လုံးထဲမှာ ချန်ရှန်ဆိုတာ စဉ်းစားတွေးခေါ်တတ်ပြီး တော် တဲ့ မောင်လေး တစ်ယောက်လိုပါပဲ ။ တခါတရံ သူမတို့ကို နှာဘူး ကျနေတာကလွဲလို့ပေါ့ . . . ။
နေ့တစ်နေ့ကို ထပ်မံ ကျော်ဖြတ်ပြီးတဲ့ အခါမှာတော့ ညီအမ ၂ ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြပါတယ် ။ နေရောင်ခြည်အလင်းတန်းဟာ သူမတို့အပေါ် ကျရောက်တဲ့ အခါမှာတော့ သူမတို့ ၏ လှပသောမျက်လုံးများကို ဖွင့်လိုက်ပါတော့တယ် ။ ဒီအချိန်မှာ ချန်ရှန်တစ်ယောက် သူ၏ မျက်လုံးများကို ပိတ်ထားကာ အသည်းသန်ဖြစ်နေပုံကို တွေ့လိုက်ကြရတယ် ။ ချွေးတရွှဲရွှဲ ဖြင့် ဆေးပြုလုပ်နေတာ ဖြစ်ပြီး အရေးကြီးဆုံးအဆင့်ကို ရောက်ရှိနေပုံပါပဲ ။
ဒါဟာ ၁၂ ကြိမ်မြောက် ချီဓာတ်ဆေး ပြုလုပ်နေတာဖြစ်ပြီး ဒီလို အခြေနေကို မြင်တွေ့ရတယ့်အခါ စုမေးယို လန့်သွားတယ်။
ခဏကြာပြီးနောက် ချန်ရှန်ဟာ အသက်ကို ဝအောင်ရှူကာ မျက်လုံးများ ဖွင့်လိုက်တယ် ။ သူ၏ မျက်နာမှာ ပျော်ရွှင်မှုများ မြင်နေရတယ် ။ ချန်ရှန် အိပ်ယာထက်မှာ ထိုင်နေတဲ့ မိန်းမလှ ၂ ယောက်ကို ကြည့်လိုက်ပြီး ရယ်မော ပြောဆိုလိုက်ပါတယ် ။
“အမတော်တို့ ၊ မနက်စာ လတ်လတ် ဆတ်ဆတ်လေး ကို စားချင်ကြသလား ၊ ကျွန်တော် လုပ်ပြီးပြီ”
ပြောပြီးနောက် ချန်ရှန်ဟာ မီးဖိုအမည်းလေး၏ နှုတ်ခမ်းအား ဖွင့်လိုက်ပါတယ် ။ အထဲမှာတော့ စစ်မှန်သော ချီဓာတ်ဆေး ၅ လုံးကို ခရမ်းရောင်အလင်းတန်းများ ထွက်နေလျက် တွေ့နိုင် ပါတယ် ။ ညီအမ ၂ ယောက် တော်တော် လန့်သွားကြတယ် ။ သူမတို့ ၏ လှပသော မျက်နာမှာ မယုံကြည်နိုင်မှုများ ပြည့်လျက် လျင်မြန်စွာပင် မီးဖိုဆီ လျှောက်လှမ်းလာကြပါတယ် ။ အထဲမှာ တော့ မနက်စာ ဆိုတာကို မြင်လိုက်ကြရပါတော့တယ် ။
ချန်ရှန်ဟာ တကယ်ပဲ ချီဓာတ်ဆေးတွေကို မနက်စာအဖြစ် စီမံထားနိုင်တာပါပဲ ။
“အမတော် မေးယို ၊ ကျွန်တော် ၁၂ ကြိမ်ပဲ မအောင်မြင် ခဲ့တာနော် နောက်ပြီး ရိုးရိုးမီးဖိုမှာပဲ လုပ်ခဲ့တာ ။ ကြည့်ရတာ ဆေးလုပ်ဖို့ သင်ယူတာမှာ အဆင့်နိမ့်မီးဖိုကို သုံးတာက ပိုပြီး သင့်တော်တယ် . . . ၊ ဟဟ . . . ဒီက မောင်ငယ်လေးတော့ ရှက်မိနေပြီ ။ ကျွန်တော် ၇၂ ကြိမ်ဆိုတဲ့ အမှတ်အသားကို မရောက် နိုင် တော့ဘူးပေါ့”
ချန်ရှန် စပ်ဖြဲဖြဲ လုပ်လျက် ပြောပါတယ် ။ စုမေးယိုလည်း ဒီကောင်လေးရဲ့ ဖြူဖွေးလှတဲ့ သွားလေးတွေကို ရိုက်ချိုးချင် စိတ် ပေါက်နေပါပြီ ။
“ဒေါသတကယ်ထွက်မိတယ် လူနောက်လေး ၊ ငါ ၇၂ ကြိမ် ကျရှုံးခဲ့တဲ့ အချိန်တုန်းက အဲဒိအချိန်မှာ ပညာရှင် ငါ့ဆရာရဲ့ ချီးမွမ်းဂုဏ်ပြုခြင်းကို ခံခဲ့ရတယ် ။ ဒါပေမယ့် မင်းက . . .”
စုမေးယို တတွတ်တွတ်ပြောလျက် မျက်နာကြီးစူပုပ်နေပေမဲ့ စိတ်ထဲမှာတော့ တော်တော် ပျော်နေတာပါ ။
“ဆက်ကြိုးစား ၊ အခု နဂါးမီးတောက် မီးဖိုကိုသုံး ၊ အချိန် ကုန် သက်သာအောင် ပြောနေတာ”
ဘိုင်ယုယု သွယ်လျလှပတဲ့ သူမ၏ လက်လေးဖြင့် ဆေးကို ကောက်ယူကာ ပါးစပ်ထဲထည့်လိုက်တယ် ။ ထို့နောက် သကြား လုံးစားသလို ဝါးနေပုံမှာ စွဲဆောင်မှု ရှိလှပါတယ် ။
တဖက်က စုမေးယိုဟာတော့ စူပုတ်လျက်ပါပဲ ။ အလှပဂေး ၂ ယောက်ဟာ အလွန်ချစ်စရာကောင်းလှတဲ့ ပုံစံများဖြင့် ရပ်နေကြပါတယ် ။ ချန်ရှန်တစ်ယောက် ကြည့်ရင်းမိန်းမောလျက် ထို မိန်းမလှ ၂ ယောက်အား သူ့လက်များဖြင့် ထွေးပွေ့ချင်စိတ်များ ကို မနည်းထိန်းထားရပါတယ် ။
သာမန်မီးဖိုဟာ တရက်ထက် ပိုကြာပါတယ် ။ ဒါပေမယ့် နဂါး မီးတောက် မီးဖိုနဲ့ ဆိုပါက နာရီဝက်သာ ကြာမှာပါ ။ အစကတော့ ဒီမီးဖိုနဲ့ မအောင်မြင်ခဲ့သော်လည်း ယခုအချိန်မှာတော့ သူ ဟာ ဆေးလုပ်နည်း ဖြစ်စဉ်တစ်ခုလုံးကို နားလည် သွားတဲ့အ တွက် ထပ်မံမကျရှုံးနိုင်တော့ပါဘူး ။
နေ့ဘက်မှာ ဆေးများပြုလုပ်ကာ ညဖက်တွင် ကျင့်စဉ်များ လေ့ကျင့်လျက်ပါ ။ ချန်ရှန်၏ ချီဓာတ်များ ပြည့်ဝလာမှုဟာ မနှိုင်း ယှဉ်နိုင်လောက်အောင်ကို လျင်မြန်နေပါတော့တယ် ။
နေ့တိုင်း သူူဟာ အဆင့်နိမ့် ဝိဉာဉ်တော်ဆေးဖြစ်တဲ့ ချီဓာတ်ဆေးကို ၁၀ ကြိမ်ပြုလုပ်တဲ့အတွက် စုစုပေါင်း အလုံး ၅၀ ရရှိပါတယ် ။နေ့ခင်းမှာတော့ သူဟာ ဒီဆေးတွေကို စားကာ ကျင့်စဉ်တွေကို ကျင့်ပြီး ဆေးအာနိသင်ကြောင့် ပိုမိုပြီး ချီဓာတ် များကို ဖိနှိပ်နိုင်နေပါတယ် ။
အချိန်တွေကုန်တာ မြန်လွန်းလှတယ် ။ ၃ လဆိုတဲ့အချိန် ဟာ မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားပါတယ် ။ နေ့စဉ် ချန် ရှန် ဟာ ဒီလို အစီအစဉ်များကို မှန်မှန်ပြုလုပ်နေရသော်လည်း အလှပဂေး ၂ ယောက်နဲ့အတူ ရှိနေခြင်းကြောင့် သိပ်တော့ မပျင်းလှပါ။
ယခုတော့ ချန်ရှန်ဟာ သူ၏ စွမ်းအင်သိုလှောင်ရာတွင် နတ်အတွင်းအား သင်္ကေတ လေးခုရဲ့ စစ်မှန်သော ပုံစံ လေးခုလုံးကို ပုံဖော်နိုင်သွားပါပြီ ။ ထိုသင်္ကေတလေးခုဟာ ဝါးတားတား ပေါ်နေပြီး သူကျင့်စဉ်များ ဆက်လက်လေ့ကျင့်တဲ့အခါမှာတော့ အနည်းငယ် ထင်ရှားစွာ ပေါ်လာတာကို မြင်ရပါတယ် ။ ဒါဟာ သူ့ကို နည်းနည်းတော့ စိတ်ကျေနပ်စေမိပါတယ် ။
ချန်ရှန်ဟာ ယခု အသက် ၁၇ နှစ် ရှိပါပြီ ။ အဆင့် ၉ ကို ဝင် ရောက်မယ့်ဆဲဆဲ ဖြစ်ကာ နောက်ဆုံးကျန်သည့် စစ်မှန်သော ပုံစံကို ပြုလုပ်နိုင်ပါက ထို အဆင့်သို့ ရောက်ရှိတော့မှာပဲ ဖြစ်ပါ တယ် ။
ချန်ရှန်၏ စွမ်းအင်သိုလှောင်ရာမှ ထိုက်ကျိ ယင် နဲ့ ယန် ပုံသေချပ်၏ အလယ်တွင် မြေကြီးချီဓာတ်တွေ ပြည့်နေတဲ့ အလုံး လေး တစ်ခု ရှိပါတယ် ။ ယခု ၎င်းအလုံးလေးဟာ များစွာ သော ချီဓာတ်တွေကို စုပ်ယူပြီး လျင်မြန်စွာ ကြီးထွားနေတာပါ ။ ဒါတင်မက တချိန်တည်းမှာပင် ဖိနှိပ်ထားခြင်း ခံနေရပြီး ပုံစံတစ်ခု အသွင် တဖြည်းဖြည်း ပေါ်လျက်ရှိတယ် ။ ဒီပုံစံကတော့ ဆင်ပုံစံ ပင်ဖြစ်ပါတယ် ။
တောင်ပတ်လည်က ဝိဉာဉ်တော် ချီဓာတ်များဟာ များစွာ ထွက်နေပြီး ဒီတောင်ကြားထဲကို ပျံနှံ့နေလျက် ရှိသောကြောင့် ချန်ရှန်ဟာ စိတ်ကြိုက်ကို စုပ်ယူနေနိုင်ပါတယ် ။ ဆင်ပုံစံလေး ဟာ တဖြည်းဖြည်း ပုံပေါ်လာပြီး ယခု ချန်ရှန်ဟာ သူ၏ ကြီးမား လှသော နတ်အတွင်းအားအာရုံဖြင့် ၎င်း သားရဲသင်္ကေတ ၅ ခု ပုံ အား ပုံစံ တစ်ခုထဲဖြစ်အောင် ပြုလုပ်လျက်ရှိပါတယ် ။
“အောင်ပြီကွ”
ချန်ရှန် ကျယ်လောင်စွာ အော်လိုက်တယ် ။ ရုတ်တရက်ပဲ မမြင်နိုင်တဲ့ ချီလှိုင်းများဟာ သူ၏ ကိုယ်မှ ထွက်လာပါတယ် ။ ဒါဟာ အနှိုင်းမဲ့စကြာဝဠာ ချီဓာတ်ဖြစ်ပြီး သူလိုချင်တဲ့အတိုင်း ချီဒြပ်စင် ၅ ခုကို တစ်ခုထဲအဖြစ် ပေါင်းစပ်ကာ အနှိုင်းမဲ့စကြာဝဠာ အားအင်ကို ထုတ်လွှတ်နိုင်ပြီဖြစ်ပါတယ် ။
ချန်ရှန်ဟာ သားရဲငါးကောင်ရဲ့ သန္ဓေသားလောင်းလေးတွေ ကို ပုံစံပြောင်းကာ ဖိနှိပ်လျက် ထွက်လာသောချီဓာတ်များအား အနှိုင်းမဲ့ စကြာဝဠာ အင်အားအဖြစ် ပြောင်းလဲလိုက်ပြီး အဆင့် ၉ သိုင်းပညာရဲ့ တံခါးကြီးကို ချိုးဖျက်လိုက်ပါတော့တယ် ။
ချန်ရှန်ဟာ အသက် ၁၇ နှစ်နဲ့ မော်တယ်သိုင်းပညာ အဆင့် ၉ ကို တက်လှမ်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတော့တယ် . . . ။
Chapter – 74
#ဝင်ကြေး
ချန်ရှန်ဟာ သူ၏ စွမ်းအင်သိုလှောင်ရာမှာဖြစ်ပေါ်နေတဲ့ များစွာသောချီဓာတ်များအား ဖိနှိပ်ပြီး ပုံစံထွက်ပေါ်လာသော နတ်သားရဲ ၅ ခု ရဲ့ ပုံစံများကို ကြည့်ရင်း သက်ပြင်းချနေမိတယ်။ အားလုံးဟာအတိုင်းမရှိတဲ့ စစ်မှန်သာချီဓာတ်များ ဖြစ်နေလို့ပါပဲ ။ သာမန်အဆင့် ၁၀ ပညာရှင်ပင် သူ့ကို မမီနိုင်လောက်ပါဘူး ။ စစ်မှန်တဲ့ သိုင်းပညာရှင်များနဲ့ ယှဉ်မယ်ဆိုရင်တော့ မည်သို့ ရှိ မည်ကို သူကောက်ချက် မချနိုင်တော့ပါ ။
“တော်တယ် ကောင်လေး ၊ မင်း ခု အောင်မြင်သွားတာ ငါ့ရဲ့ အတိတ်ကိုတောင် သတိရစေမိတယ်”
စုမေးယို ခေါင်းညိမ့်ကာ ချစ်စဖွယ်ပြုံးပြီး ပြောပါတယ် ။
ချန်ရှန်လဲ ကိုယ့်ကိုကိုယ် ဂုဏ်ယူစွာ ပြုံးပြီး -
“အမတော်တို့ ၊ ကျွန်တော် အခု ဂိုဏ်းဝင်လို့ ရပြီလား ၊ နောက်ပြီး အမတော်တို့အတွက် အဝတ်အစားသစ်တွေလည်း ထပ်ဝယ်နိုင်လောက်မှာပါ”
“လူနောက်လေး ၊ မင်းငါတို့ကို ဘယ်လိုပျော်အောင် လုပ်ရ မလဲဆိုတာ တကယ်ကို သိနေတာပဲ”
စုမေးယို ငြင်သာသော အသံလေးဖြင့် ပြောင်လိုက်ပါတယ်။
“မင်းသွားနိုင်ပြီ ၊ ဒါပေမယ့် မင်း နည်းနည်းတော့ သတိ ထားရမယ် ။ ဒီဂိုဏ်းတွေထဲမှာ ပုန်းနေတဲ့နဂါးတွေ နဲ့ ငုံ့လျိုးနေ တဲ့ ကျားတွေ ရှိတယ် ။ နောက်ပြီး သူတို့မျက်လုံးထဲမှာ ဒီလို အား လေးလောက်နဲ့ မင်းဟာ ပုရွတ်ဆိတ်လေးသာသာ ဖြစ်နေမှာပဲ”
ဘိုင်ယုယု က သတိပေးတာပါ ။ သူမတို့ဟာ ဒီဥယျာဉ်ထဲ မှာ နေထိုင်ရတာ အလွန်ပျော်ရွှင်ကြသော်လည်း ခုလည်း အရမ်းကို ပျော်နေပုံပါပဲ ။
စုမေးယို နဲ့ ဘိုင်ယုယု တို့ ကွင်းလေးထဲ ဝင်သွားကြတယ် ။ ချန်ရှန်လည်း ဥယျာဉ်ထဲမှ ထွက်လာပြီး တောင်ကြားထဲ ပြန်လည်ရောက်ရှိသွားတယ် ။ သူ၏ နောက်ကျောမှ မီးတောင်ပံ ထွက်လာတဲ့ အချိန်မှာတော့ သူ့ကိုယ်ဟာ နည်းနည်း လှုပ်သွား သလို ဖြစ်သွားတယ် ။ချန်ရှန်ဟာ အားပြင်းစွာ ခုန်လိုက်ပြီး လေထဲသို့ တော်တော် မြင့်မြင့်ထိကို တက်သွားကာ သူ၏ တောင်ပံများ တဖတ်ဖတ် ဖြင့် ကောင်းကင်ထဲ ရွက်လွှင့်နေပါ တော့တယ် ။
တောထဲ နက်သည်ထက် နက်စွာ ပျံသန်းခဲ့ပါတယ် ။ ဝိဉာဉ် တော်ချီဓာတ်များဟာ ပိုများသထက် များလာတာကို တွေ့တဲ့ အခါ ချန်ရှန် အံ့သြသွားပါတယ် ။ သိုင်းပညာဂိုဏ်းဟာ ဝိဉာဉ် တော် ချီဓာတ်များ အရမ်းပေါတဲ့ နေရာမှာ ရှိတာကို ချန်ရှန် သိပါ တယ် ။ ဒါပေမယ့်ဘယ်လောက်ထိတောင် ပေါလဲဆိုတာကိုတော့ သူမသိခဲ့ပါပေ ။ ခုတော့ သူကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့ အခါမှာတော့ လူတွေဟာ ဘာကြောင့် ဒီဂိုဏ်းတွေကို ဝင်ချင်လဲ ဆိုတာ နားလည်သွားပါတော့တယ် ။
“ဒီနေရာက နတ်ဘုံနတ်နန်းလိုပါပဲလား”
ကျောက်သားနံရံကြီးကို ကြည့်ကာ ပြောမိပါတယ် ။ ကြီးမား လှသော မြစ်ကြီးတစ်စင်းဟာ အနီးနားမှာ စီးဆင်းနေပြီး တေးသီ ငှက်များဟာလည်း ကျက်စားနေကြပါတယ် ။ အဲဒိအစိမ်းရောင် တောအုပ်ကြီးရဲ့ အောက်ဖက်မှာတော့ များပြားလှတဲ့ ဝိဉာဉ်တော် ချီဓာတ်များ ရှိနေတာ ဖြစ်ပါတယ် ။
“ဟောဒီကမ္ဘာကြီးထဲမှာ သိုင်းပညာဂိုဏ်းတွေရဲ့ လွှမ်းမိုးမုှ ဟာ အားအကြီးဆုံးပဲ ။ ဒီလို အားကြီးတဲ့ မျိုးနွယ်စုတွေ ဧကရာဇ် တွေလည်း ရှိကြပါတယ် ။ ဒါပေမယ့် သာမန်လူဟာ ဒီသိုင်းကျင့် စဉ်တွေကို မကျင့်နိုင်ကြဘူး ၊ ကျင့်နိုင်တဲ့လူတေ ဟာလည်း လက်ချိုးရေလို့ ရတယ်”
စုမေးယိုက ပြောပြပါတယ် ။ စုမေးယို ပြောတာကို နားထောင်ပြီး ကမ္ဘာကြီးဟာ ဘယ်လိုတောင် ထူးဆန်းပြီး စွမ်းအား ကြီးတာပါလိမ့်ဟုတွေးကာ ချန်ရှန်တစ်ယောက် တွေေ၀ နေပါ တော့တယ် ။
ဒီက သိုင်းပညာဂိုဏ်းတွေဟာ ရှေးဟောင်း အမွေအနှစ်တွေ ပဲ ။ ၎င်းတို့ဟာ လွန်ခဲ့တဲ့ နှစ်များစွာ အချိန်တွေတည်းက အမျိုး မျိုးသော ပုံစံများနဲ့ ပညာရှင်များက ဖန်တီးခဲ့ကြတာဖြစ်တယ် ။ အချိန်တွေ ကြာလာတာနဲ့ အမျှ ဒီဂိုဏ်းတွေဟာ ဖွံ့ဖြိုးလာကြပြီး အင်အားကြီးထွားလာကြတယ် ။ လူများစွာဟာလည်း ဝင်ရောက်လာကြတဲ့အတွက် အင်အားတွေ များလာကြတာပဲ ၊ အကျိုး ဆက်အနေနဲ့ ဒီလို ပညာရှင်များဟာ တိမ်တွေလိုပဲ များပြားလှ တယ်”
ချန်ရှန် ပျံသန်းနေရင်း ရုတ်တရက် အောက်က အသံတစ်ခု ကြားလိုက်ရတယ် ။ သူလဲဆင်းလာပြီး ကြည့်လိုက်တဲ့ အခါမှာ တော့ လူတစ် ယောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံး မီး တောက်များ ထွက်နေသော ကြီးမားလှတဲ့ ကျွဲရိုင်းကြီး တစ်ကောင်နဲ့ တိုက်ခိုက် နေတာကို မြင်ရတယ် ။
ဒါဟာ မကောင်းဆိုးဝါး သားရဲကြီးပဲဖြစ်တယ် ။ ဒီအမျိုးအစား အကောင်တွေဟာ ကောင်းကင်နဲ့ မြေကြီးကြားက ဝိဉာဉ်တော် ချီဓာတ်များကို ဘယ်လိုစုပ်ယူရမလဲဆိုတာ သိကြပါတယ်။ ဒီအကောင်တွေမှာ မွေးရာပါ ဝိဉာဉ်တော် အကြောများ ပါရှိပြီး ၎င်းအကောင်ကြီးရဲ့ အားအနည်းအများဟာ ပြသနာမရှိပါဘူး ။ ဒါပေမယ့် ၎င်းတကိုယ်လုံးကို ရတနာသိုက်ကြီးတစ်ခုလို သတ်မှတ်နိုင်ပါပေတယ် ။
ချန်ရှန် ထိုးဆင်းချကာ တိုက်ခိုက်နေတဲ့ မလှမ်းမကမ်းကို ရောက်လာတယ် ။ မီးတောက်နေတဲ့ ကျွဲရိုင်းကြီးဟာ ၁၈ ၁၉ နှစ် အရွယ် ခပ်၀၀ လူငယ်တစ်ယောက်နဲ့ တိုက်ခိုက်နေတာပါ ။ ထို လူငယ်ပုံစံဟာ တမျိုးတော့ တမျိုးပါပဲ ။
ထိုအချိန်မှာပဲ ခပ်၀၀ လူငယ်၏ မျက်ခုံးများ မြင့်တက်သွားတယ် ။ သူ့မျက်နာ ဟာ တဖက်က မီးတောက်နေတဲ့ ကျွဲရိုင်းကြီးကိုရင်ဆိုင်ရင်း အရေးတကြီးပုံစံဖြစ်နေတယ် ။ သူ့ရဲ့ အားက မဆိုး လှပါဘူး ။ သူဟာ သတ္တုချီဓာတ်ကို လေ့ကျင့်ထားပုံရပြီး သိုင်းစွမ်းရည်ဟာလည်း ကောင်းမွန်ပါတယ် ။ သူ လက်သီး ထိုးလိုက်တဲ့အခါမှာ သူ၏ ချီဓာတ်များကို ထည့်သွင်းတာ မြင်နေရ ပါတယ် ။
“မိတ်ဆွေ ၊ ကျွန်တော့ အကူအညီ လိုသေးလား”
ချန်ရှန်ဟာ ဘေးနားရပ်ရင်း မေးလိုက်တယ် ။ သူဟာ ဒီ လူငယ်ရဲ့ အခြေအနေက သိပ်မဆိုးလှတာကို တွေ့ရပြီး အဆင့် ၉ လောက်တော့ ရှိမယ်လို့ ခန့်မှန်းမိတယ် ။
“နောင်ကြီး ကျွန်တော် ခုတော်တော် တိုက်ပြီးမှ ခင်ဗျားက ပေါ်လာတယ် ။ ဒါကို ကျွန်တော့အကူအညီလိုသေးလားလို့ ခင်ဗျားက မေးသေးတယ် ။ ခင်ဗျားက ကျွန်တော့ရဲ့ ဝေစုကို ခွဲ ချင်နေတာလား”
ဖက်တီး ရဲ့ စကားက ချန်ရှန် သွေးကြွသွားစေပါတယ် ။ မမျှော်လင့်စွာပဲ ဖက်တီးက ဒီအရာပေါ် ဈေးဆစ်နေပုံပဲ ။
“ကျွန်တော် ဘာ ဆု မှ လိုချင်လို့ မဟုတ်ပါဘူး ။ ဒီ သားရဲ မိစ္ဆာကြီး ဘယ်လောက် စွမ်းအားကြီးလဲလို့ ကြည့်ချင်တာပါ”
ချန်ရှန် ပြုံးပြီး ပြန်ပြောလိုက်ပါတယ် ။
“အဆင်မပြေဘူး ၊ ကဲထားလိုက်တော့ ၊ ကျွန်တော် ခင်ဗျား ကို ကျွဲ ခြေထောက်ပေးမယ်ဗျာ”
ဖက်တီးက ပြောလိုက်တာပါ ။ ချန်ရှန် တော်တော် အံ့သြ သွားတယ် ၊ တော်တော် ဂွကျသော ဖက်တီးပါပင် ။
“ကောင်းပြီ”
ချန်ရှန် ပြောရင်းဖြင့် ခြေတလှမ်းလှမ်းလိုက်ပါတယ် ။ မျက်စိ တမှိတ်အတွင်းမှာပင် မီးတောက်နေသော ကျွဲကြီး၏ နောက်သို့ ရောက်သွားတယ် ။ ချန်ရှန် ရွှေရောင် ချီအငွေ့များပါဝင်သော လက်သီးကို ဆုပ်လိုက်ကာ ရွှေဖြူရောင် ကျားခေါင်းအဖြစ် ပြောင်းလဲလိုက်ပါတယ် ။
ချန်ရှန် အဖြူရောင်ကျား မုန်တိုင်း ဖြို လက်သီးကို သုံးလိုက်တာပါ ဒါတင်မက သတ္တုချီဓာတ် ကိုပါ အသုံးပြုလိုက်တာပါ ။ သူ၏ လက်သီးဟာ မီးတောက်ကျွဲကြီးရဲ့ ထူထဲလှသော အရေ ပြားကို ထိသွားပြီး မိုးကြိုးပစ်သံလို အသံကြီး ဆူညံသွားပါတယ်။ သူ၏ ရွှေရောင် ချီငွေ့တွေဟာ လင်းလက်သွားပြီး ကျွဲကြီးရဲ့ ကိုယ်မှာ အပေါက်တစ်ခုအဖြစ် သွေးများ ကျလာတယ် ။ ဖက်တီး လည်း တော်တော်ကြီး အံ့သြသွားပါလေတော့တယ် ။
“နောင်ကြီး ၊ ဘာအကွက်များ သုံးလိုက်တာလဲဗျ ၊ တော်တော်ကို ပြင်းတာပဲဗျ”
ဖက်တီး အံ့သြမှုနဲ့ အတူ မေးပါတယ် ။ ဒီအချိန်မှာပဲ လက်သီး တစ်ချက်ဟာ ကျွဲကြီးရဲ့ ခေါင်းကို ထိသွားကာ ချီအငွေ့များဟာ လွင့်ထွက်လာပါတယ် ။ ကျွဲကြီးမှာလည်း အသံ နက်ကြီးဖြင့် အော်မြည်လျက် ရှိပါတော့တယ် ။
ဒီလို ကျွဲကြီး ဒေါသထွက်နေတာကို ချန်ရှန် အခွင့်ကောင်း ယူကာ မိုးပေါက်များလို ပြင်းထန်လှတဲ့ မုန်တိုင်းဖြို ကျားလက် သီးများအား မျက်စိတမှိတ်အတွင်းမှာပင် ၁၀ ချက်မက ထိုးလိုက် ပါတယ် ။ ပြင်းထန်လှတဲ့ ချီအငွေ့တွေဟာ ကျွဲကြီး၏ အရေပြား ထူထူ အောက်ကို ဖြတ်သန်းကာ အတွင်းကလီစာများကိုပါ ပျက် ဆီးသွားစေပါတော့တယ် ။ ဒေါသထွက်နေတဲ့ ကျွဲကြီး၏ ပါးစပ်မှ သွေးများအန်ထွက်လာပြီးနောက်မှာတော့ ထိုကျွဲကြီးဟာ လှုပ် ကို မလှုပ်နိုင်တော့ပါဘူး ။
ဒီအချိန်မှာ ဖက်တီးဟာ လက် ၂ ဖက် ကို တင်းတင်းဆုပ်ပြီး ခေါင်းပေါ်မြောက်လိုက်ပုံမှာ တူကြီး တစ်လက်နဲ့ ပင် တူနေပါ တယ် ။ သူ၏ ထို လက် ၂ ဖက်စုထားသော လက်သီးချက် ကျွဲ ကြီး၏ ခေါင်းပေါ်ကို ထုချလိုက်တဲ့ အခါမှာတော့ ပြင်းထန်လှ သော သတ္တုချီဓာတ်များဟာ ချီအငွေ့များအဖြစ်သို့ ပြောင်းသွား ပါတယ် ။ မျက်စိတမှိတ်အတွင်းမှာပဲ မိုးခြိမ်းသံလို အသံများ ဖြစ်ပေါ်စေပြီး ချီလှိုင်းများဟာ အရပ်မျက်နာ အသီးသီးသို့ ပျံထွက် သွားပါတော့တယ် ။ ကျွဲကြီးဟာ သေဆုံးသွားခဲ့ရပါပြီ ။
“ခင်ဗျားရဲ့ လက်သီးတိုက်ကွက်က မိုက်ပ”
ချန်ရှန် ဟာ မြောက်ပြောပြီး ထိုလူရဲ့ စွမ်းအားကို ခန့်မှန်း ကြည့်နေမိတယ် ။ ဒီအရွယ်နဲ့ တော်တော် အံ့သြစရာပါပဲ ။
ဖက်တီး လည်း ပြုံးပြီး -
“ကျွန်တော်က ဇုရွန် ပါ ။ ဒီက နောင်ကြီးက ဘယ်သူများ ပါလဲ”
“ချန်ရှန် ပါ ၊ ကျွန်တော့်အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ် ။ ဒါကို ခင်ဗျားက နောင်ကြီးဆိုပြီး ကျွန်တော်က ကြီးသလို ခေါ် နေ တယ် ။ တကယ်က ကျွန်တော်က ခင်ဗျားထက်ငယ်ပါတယ်”
ချန်ရှန် လက်၂ ဖက်ဆုပ်ကာ ရယ်ရင်း ပြောလိုက်တယ် ။ ချန်ရှန်ဟာ တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ဆောင်နေသောကြောင့် တခြားလူများဟာ သူ့ကို အသက်ကြီးတယ်လို့ ထင်နေ ကြခြင်း ဖြစ်ပါတယ် ။
ဇုရွန်က ရယ်ကျဲကဲဖြင့် -
“ငါက ကြီးတာကို မင်းကို ပိုကြီးသလို ခေါ်မိသွားတယ် ။ ဟီးး ဟီးး ၊ ငါမင်းကို ညီတော်လေး လို့ ခေါ်သင့်မယ် ထင်တယ်နော် ၊ မင်းက ငါ့ထက် ၂ နှစ်ငယ်ပေမယ့် တော်တော် အံံံ့သြ စရာပဲ ။ မင်းဟာ ထင်ရှားတဲ့မျိုးနွယ် တစ်ခုခုကပဲ ဖြစ်ရမယ် ။ ဘယ်မျိုးနွယ်လဲဆိုတာတာ့ ငါမသိဘူး”
ချန်ရှန် ဒီ ဖက်တီးရဲ့ မျိုးရိုးဟာ စီးပွားရေး မျိုးရိုး ဖြစ်နိုင်တယ်လို့ ထင်မိတယ် ။ အဘယ်ကြောင့်ဆိုသော သူစကား တွေသာ ပြောနေတာ ခုနက ပေးမယ်ဆိုသော ကျွဲခြေထောက် ကိစ္စကို လုံးဝမပြောလို့ပါပဲ ။
“ကျွန်တော် က အပြင်လောက က လာတာပါ”
ချန်ရှန် အမှန်တိုင်းပြောလိုက်တယ် ။ ဖက်တီးကတော့ ကျွဲသေကြီးနဲ့ အလုပ်ရှုပ်နေပါတယ် ။ ထို့နောက် ချန်ရှန်အား ခြေထောက် တစ်ဖက် လှီးပေးတယ် ။ သူလှီးပေးတယ့် ခြေ ထောက်ဟာ တကယ့်ကို သေးသေးလေးပါ ။ ချန်ရှန်ပင် ခဏတာ ဆွံ့အမိသွားတယ် ။
“ဒီတော့ မင်းက သိုင်းပညာဂိုဏ်းကို ဝင်ချင်တယ်ပေါ့”
ဇုရွန်က မေးလိုက်ပါတယ် ။ ကျွဲကြီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကိုလှီးဖြတ်ကာ သူ၏ အိတ်ထဲ ထည့်ပြီးနေပါပြီ ။
“အ ၊ ခင်ဗျားက ဒီစစ်မှန်သော သိုင်းပညာဂိုဏ်းက နောက်လိုက်တပည့် တစ်ယောက်လား”
ချန်ရှန် မေးလိုက်တယ် ။ ဇုရွန်ကလည်း ပြန်ပြောတယ် ။
“ကံကောင်းစွာပဲ ငါဟာ သိုင်းပညာဂိုဏ်းရဲ့ နောက်လိုက် တပည့် တစ်ယောက် ဖြစ်တယ် ။ မင်းရဲ့ အစွမ်းဟာ တော်တော်လေး ကောင်းပေမဲ့ မင်း ဒီဂိုဏ်းထဲ ဝင်နိုင်မှာ မဟုတ်ဘူး”
ဇုရွန်က ဂုဏ်ယူတဲ့ ပုံစံနဲ့ ပြောပါတယ် ။
“ဘာလို့လဲ”
ချန်ရှန် ထပ်မေးလိုက်တယ် ။
“ဘာလို့လဲဆိုတော့ မင်းမှာ ကျောထောက်နောက်ခံ မျိုးနွယ်မရှိဘူး ၊ နောက်မင်းသိသင့်တာက ဒီသိုင်းပညာအစစ်အမှန်ဂိုဏ်း ဟာ တခြား ဂိုဏ်းတွေနဲ့ မတူဘူး ၊ တခြားဂိုဏ်းတွေမှာ နောက်လိုက်အဖြစ် လက်ခံရင် ဂိုဏ်းကနေပြီး အကောင်းဆုံးထောက်ပံ့ မှုတွေ ရကြတယ် ။ ဒါပေမယ့် ငါတို့ ဂိုဏ်းကျ နောက်လိုက်ဖြစ်ဖို့ ဝင်ကြေးပေးရတယ်”
ဇုရွန် က ပြောပြပါတယ် ။ သူ့မျက်နာမှာ အထင်သေးပုံစံ ပေါက်နေတယ် ။ ဒီလူက တော့ ကြွယ်ဝပုံပါပဲ ။
ချန်ရှန်ဟာ ဒီအကြောင်းအရာကို အရင်က ကြားဖူးပြီးသားပါ ၊ ဘာကြောင့် စုမေးယိုဟာ လန်ယုလန်ကို ဆေးဖက်ဝင်သတ္တု အသီးပေးလိုက်လဲဆိုတာကို သတိရသွားမိတယ် ။
“ခင်ဗျားဆိုလိုတာက ကျွန်တော်က ဒီဂိုဏ်းကို ဝင်ဖို့ မတတ် နိုင်ဖူးလို့ ပြောချင်တာလား”
ချန်ရှန် မေးလိုက်ပါတော့တယ် . . . ။
Chapter – 75
#ပြင်းထန်သောသိုင်းပညာစီရင်စု
ချန်ရှန် ဇုရွန် အား သိပ်သဘောမကျမိဘူး ဖြစ်သွားတယ် ။ ချန်ရှန် ပုံစံဟာ တည်ငြိမ်ရင့်ကျက်ပုံ ပေါ်သော်လည်း သူ၏ အဝတ်အစားများမှာ သာမန်ပင်ဖြစ်တယ် ။ မည်သည့် ထည်ဝါမှု မျိုးမျှ မရှိပဲ လူဆင်းရဲတစ်ဦးအသွင်ကိုပင် ဆောင်နေသလိုပါပဲ ။
“ဒီဂိုဏ်းရဲ့ ဝင်ကြေးက ဘယ်လောက်များလဲ မင်းသိလား ၊ တစ်နှစ်စာ တန်ဖိုးနဲ့တင် လက်လျှော့ချင်စိတ် ပေါက်သွားလိမ့် မယ်”
ဇုရွန် နှုတ်ခမ်းများကို ကွေးကာ ပြောနေတာပါ ။ ဒါပေမယ့် ရုတ်တရက် သူ “ခွပ်” ဆိုတယ့် အသံကို ကြားလိုက်တယ် ။ အသီးတစ်လုံး စားနေတယ့် အသံပါပဲ ။
ဇုရွန်ဟာ အစားအစာအကောင်းတွေနဲ့ ရင်းနီးကျွမ်းဝင်သူ ဖြစ်ပြီး ချက်ချင်းပင် ခေါင်းလှည့်ကြည့်လိုက်တယ် ။ ချန်ရှန်ဟာ ခရမ်းရောင် ဝိဉာဉ်တော်သီးကို ကိုင်လျက် တစ်ကိုက်ပြီးတစ် ကိုက် ကိုက်စားနေတာကို တွေ့လိုက်ရတယ် ။ တခါတရံ အခွံ များကိုပင်ထွေးထုတ်နေကာ ထိုအခွံများမှ ဝိဉာဉ်တော် ချီဓာတ် များထွက်လျက်ရှိနေကြတယ် ။
ဇုရွန် တခဏမျှ ကြောင်သွားတယ် ။ ထို့နောက် အလန့်တကြားပင် ထအော်ပါတယ် ။
“ဟ အရူးပဲ ၊ မင်းခရမ်းရောင်ဝိဉာဉ်တော်သီးကို စားနေတာလား ၊ စားနေတာ မြန်မြန်ရပ်စမ်း ၊ ငိုးမတားလေး ဒီအသီးတွေက အရမ်းတန်ဖိုးရှိတယ်ဟ နောက်ပြီး မင်းက ထွေးတောင် ထွေး ပစ် . . .”
ခရမ်းရောင်ဝိဉာဉ်တော်သစ်သီးဟာ ချီဓာတ်ဆေးကို ပြု လုပ်တဲ့ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး ဒီအသီးကို ဒီအတိုင်းစားခြင်း က သပ်သပ် ဖြုန်းတီးနေသလိုပါပဲ ။ ဒါကြောင့်ပဲ ဇုရွန် ချန်ရှန်ကို ကြည့်နေရင်းကနေ ချန်ရှန်၏ လက်များကို ဟန့်တားလိုက်တာပါ။ သူ့စိတ်ထဲမှာ ဒီတိုင်းကြီးစားနေခြင်းက တစ်ခုခုကို ပစ်မှား နေသလိုကို ထင်နေတာပါပဲ ။
ချန်ရှန် မျက်နာပေါက်က ခပ်တည်တည်ပါပဲ ။
“ဒီအသီးက တော်တော် အရသာရှိတယ် ။ ချိုလည်းချိုတယ် ၊ စားပြီးရင် ချီဓာတ်တွေလည်း အားကောင်းလာတယ်”
အစားကြီးသော ဇုရွန် တစ်ယောက် ဆူတော့မဲ့ ရေလိုပဲ မျက်နာကြီးဖောင်းကာ နီရဲလာပါတယ် ။ ဒီအသီးဟာ သူ့အသီး မဟုတ်သော်လည်း ဒီလိုစားနေတာကိုကြည့်ရတာ သူ့အတွက် တော်တော် မခံစားနိုင်ဖူး ဖြစ်နေတာပါ ။
“စားနေတာကို ရပ်လိုက်စမ် း ၊ ငါ ဒါကို ဝယ်မယ်”
ဇုရွန် ခပ်မြန်မြန်ပင် အော်လိုက်တယ် ။ ဒါပေမယ့် စကား မဆုံးခင်မှာပဲ ချန်ရှန်ဟာ အသီးရဲ့ ၃ ပုံ ၂ ပုံကို မျိုချပြီးဖြစ်နေပါပြီ ၊ ဇုရွန် တစ်ယောက် ဒေါသတွေဆူပွက်လာကာ ထိန်းမရပုံစံ ဖြစ် နေပါတယ် ။
“ဒီဂိုဏ်းဝင်ကြေးက တစ်နှစ် ဘယ်လောက်လဲ”
ချန်ရှန် ပြုံးပြီး မေးလိုက်တယ် ။
ဇုရွန် ခြေဆောင့်ကာ ဒေါသတကြီး အော်ပြောတယ် ။
“မင်းပုံစံနဲ့ ဘယ်တော့မှ ဂိုဏ်းထဲ ဝင်လို့ရမှာ မဟုတ်ဘူး”
သူဟာ ချန်ရှန်၏ အခြေအနေကို မသိသော်လည်း သေချာတာတစ်ခုက သူဟာ ချမ်းချမ်းသာသာ ပိုက်ဆံရှိလှတဲ့ လူဖြစ် တာတောင်မှ ဒီလို အသီးကို မစားပြဝံ့ပါဘူး ။
“ထားလိုက်ပါတော့ မေးတာတွေ မေ့လိုက်တော့”
ချန်ရှန် ပြောပြောဆိုဆိုနဲ့ နောက် အသီးတစ်လုံးကို စားရန် ထုတ်လိုက်တယ် ။
“အပြင်စည်းကတပည့်တွေက အလယ်အလတ်အဆင့် သလင်းကျောက်တုံး ၃၀၀၀ ပေးရတယ်”
ဇုရွန် အလျင်အမြန်ပဲ ဖြေလိုက်တယ် ။ ထို့နောက် လက် တဆစ်အရွယ် အပြာရောင် ကျောက်တုံးလေးကို ထုတ်ကာ ချန် ရှန်အား ပေးပြီး -
“ဒီမှာ အလယ်အလတ်အဆင့် သလင်းကျောက် ၁၀ တုံး မင်းရဲ့ အသီးအတွက်ပဲ”
သလင်းကျောက်တုံး နဲ့ ဝိဉာဉ်တော် ငွေစ ဆိုတာ အတူတူ ပါပဲ ။ ၎င်းတို့ဟာ သတ္တုရိုင်းတွေ ဖြစ်ပြီး ဝိဉာဉ်တော် ချီဓာတ် များ ပါဝင်ကြတယ် ။ ချန်ရှန်ဟာ ဒီလို လောကမှာ ဒီ အလယ် အလတ်အဆင့် သလင်းကျောက်တုံးများကို အရောင်းအဝယ် အတွက် တွင်ကျယ်စွာ အသုံးပြုတယ်ဆိုတာကို စုမေးယိုထံမှ သိရှိခဲ့ရပြီး ဖြစ်ပါတယ် ။ အလယ်အလတ်အဆင့် သလင်း ကျောက်တုံးတစ်တုံးကို ဝိဉာဉ်တော် ငွေစကြီး ၁၀၀၀ တန်ပါ တယ် ။ ဒါကြောင့် ကျောက် ၁၀ တုံးဆိုတာ ငွေစကြီး ၁၀၀၀၀ သာသာပဲ ဖြစ်ပါတယ် ။
“ဇု အကိုတော် ၊ ခင်ဗျားကျွန်တော့ကို ဝက်တစ်ကောင်များ အောက်မေ့နေလားဗျာ ၊ ဒါက ချီဓာတ်ဆေးပြုလုပ်တဲ့ အဓိက ပါ ဝင်ပစ္စည်းပဲ ။ ဒီအသီးရဲ့ တန်ဖိုးးက ဒီလောက်ပဲ ရှိတယ်လို့ ခင် ဗျား ထင်နေတာလား ၊ စားပစ်တာမှ ကောင်းဦးမယ်”
ချန်ရှန် နှုတ်ခမ်းများကို သပ်ရင်းပြောလိုက်တယ် ။
“၃၀”
ဇုရွန် မျက်နာသေနဲ့ ကြည့်ပြီး ပြောတယ် ။
ချန်ရှန် ခေါင်းခါလိုက်တယ် ။ ထို့နောက် ရှေ့ကို ဆက် လျှောက်သွားတယ် ။ ဇုရွန်လဲ မြန်မြန် လိုက်လာကာ အော် ပြော တယ် ။
“၅၀”
ချန်ရှန်လည်း လျစ်လျှူရှုကာ ဆက်လျှောက်လာလျက်ပါ ။
“၆၀”
“၁၀၀”
“၁၅၀”
“ . . .”
“၂၀၀”
ချန်ရှန် လှည့်ကြည့်လိုက်ပြီး ပြုံးလျက် -
“ခုနကပဲ ခင်ဗျားက ဒါကို ၁၀ တုံးထဲနဲ့ လိုချင်တယ် ။ ဒါပေ မယ့် အခုကျ ခုနကဈေးနဲ့ နှိုင်းယှဉ်ရင် တော်တော်ကို ကွာပါ့လား ၊ ခင်ဗျားက တော်တော် ဆိုးတဲ့လူပဲ”
ချန်ရှန် အသီးကို ပေးလိုက်ပြီးနောက်မှာတော့ သလင်းကျောက်များကို ရရှိခဲ့ပါတော့တယ် ။
“ငါ့ရဲ့ ဇုမျိုးနွယ်ဟာ ပြင်းထန်သော သိုင်းပညာ စီရင်စု မှာ စီးပွားရေးနဲ့ ပတ်သက်ပြီး ထင်ရှားတာကို မင်းမသိဘူးလား ။ ငွေ စလေး တစ်စ ငါတို့ ရှေ့မှာ ကျနေရင်တောင် ငါတို့ဟာ တိုက် ခိုက်ပြီး လုကြတာ”
ဇုရွန်ဟာ အသီးကို ကြည့်လျက် ရိုးသားစွာ ပြောပြနေတယ်။
“ခရမ်းရောင် အသီးရဲ့ ဈေးဟာ ငါတို့ဈေးကွက်မှာ အတော် ပဲ ကြီးမြင့်နေတယ် ။ ကုန်သည်တွေက ဈေးကစားပြီး ဈေးမြှင့် ထားလို့ပဲ”
ချန်ရှန် ရုတ်တရက်ပဲ သူဒီ အလဲအလှယ်မှာ များစွာ ရှုံးသွား သလို ခံစားလိုက်ရတယ် ။ ဒါပေမယ့် ၂၀၀၀၀၀ ငွေစအကြီးဟာ လည်း သူမျှော်လင့်ထားသလောက်ပါပဲ ။
ဇုရွန်ဟာ ပွဲစား အသေးစား တစ်ယောက် ဖြစ်သော်လည်း ချန်ရှန်ဟာ ရင်းရင်းနီးနီး ပြောဆိုနေမိတယ် ။ ချန်ရှန်ဟာ အခု ဒီ လောကအကြောင်းကို ပိုမို နားလည်လာနေပါပြီ ။ ဒီဒေသကို “ပြင်းထန်သောသိုင်းပညာစီရင်စု” လို့ ခေါ်ကြတယ် ။ ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ အုပ်ချုပ်တရားစီရင်ခွင့် အောက်မှာ ရှိ သော ကြီးမားတဲ့ နယ်မြေတစ်ခုပဲ ဖြစ်ပါတယ် ။ ၎င်းဟာ အရမ်း ကျယ်ဝန်းကာ မျိုးစုံသော စွမ်းအားများလည်း ရှိကာ ဂိုဏ်းရဲ့ ပစားပေးခြင်းကို ခံထားရတာပါ ။ ၎င်းဂိုဏ်းအတွက်လဲ အကာ အကွယ် သဘောမျိုးအနေဖြင့် ရှိနေပါတော့တယ် ။
“ညီတော် ချန် ၊ အနာဂတ်မှာ ခရမ်းရောင်ဝိဉာဉ်တော် အသီးကို အရူးတစ်ယောက်လိုမျိုး မစားပါနဲ့ ။ ဒီက ဆေးဆရာတွေသာမြင်ရင် မင်းကို လိုက်ရိုက်ကြလိမ့်မယ်”
ဇုရွန် တိုက်တိုက်တွန်းတွန်း ပြောနေပါတယ်။ ခုနက ချန်ရှန် စားခဲ့တဲ့ အချိန်မှာ သူ့နှလုံးသားတွေ ကွဲကြေကုန်သလိုပါပဲ ။
ချန်ရှန် အတွက်ကတော့ အရေးမကြီးလှပါဘူး ၊ သူဟာ နဂါး တံတွေးကျင့်စဉ်ကို အသုံးပြုပြီး ဒီလိုအသီးမျိုးကို အချိန်တိုတိုနဲ့ ဖန်တီးနိုင်လို့ပါပဲ ။
“နောင်တော် ဇု ၊ ခု ကျွန်တော် ဂိုဏ်းကို ဝင်လို့ရမှာလား”
ချန်ရှန် ရယ်မောကာ မေးလိုက်တယ် ။
ဇုရွန်လည်း စပ်ဖြဲဖြဲဖြင့် -
“ငါ့ကို အသီး ၁၀ လုံးရောင်းရင်တော့ ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် မင်းဂိုဏ်းရဲ့ ဆုံးဖြတ်မှုကို ခံရယူရဦးမယ် ။ ဒါဂိုဏ်း တိုင်းရဲ့ ထုံးစံပဲ ။”
ချန်ရှန်လည်း ဖက်တီးနောက်လိုက်ကာ မြို့ထဲ ဝင်လာခဲ့ တယ် ။ ဒီမြို့ကိုတော့ ရှန်မန် မြို့တော်လို့ ခေါ်ပါတယ် ။ ဒီမြို့ ကနေ ဂိုဏ်းဆီသို့ သိပ်မဝေးတော့ပါ ။ ဒီဂိုဏ်းကို ဝင်ချင်တဲ့ လူ တော်တော် များများဟာ ဒီနေရာမှာ နေကြလေ့ရှိတယ် ။
ထိုနေရာကို ရောက်တော့ ချန်ရှန်လဲ ထိုလူနဲ့ လမ်းခွဲ ကြပါ တယ် ။ ဇုရွန်ကတော့ ချန်ရှန် ပြန်ရမယ်လို့ ပြောသွားတယ် ။ ဘာကြောင့်လဲဆိုတော့ ဒီဂိုဏ်းဟာ အရည်အချင်းမပြည့်မီတဲ့ လူ တွေကို ဝင်ခွင့်မပေးတာကြောင့်ပါပဲ ။
“ကောင်းကင်ဝင်ပေါက် ၊ အင်း ဒါက ဂိုဏ်းကို ဝင်တဲ့ လမ်း လားမသိဘူး”
ချန်ရှန် မြို့ ဝင်ပေါက်နားမှာ မတ်တပ်ရပ်ကာ ကြီးမားထင်ရှားသော စာလုံးကြီးကို ကြည့်ရင်း ရေရွတ်မိတယ် ။
မြို့ထဲကို ဝင်လာတဲ့ အခါမှာတော့ ဖြောင့်ဖြူးတဲ့ လမ်းကြီး ကို မြင်တွေ့နိုင်ပါတယ် ။ ဒီအလမ်းအဆုံးမှာတော့ ကြီးမားပြီး ခမ်းနားလှတဲ့ အဆောက်အအုံကြီးများတည်ရှိနေပုံဟာ မြို့တစ် ခု အလားပါပဲ ။ ဒါကတော့ ပြင်းထန်တဲ့သိုင်ပညာဂိုဏ်းပဲ ဖြစ်ပါ တော့တယ် ။
“ညီတော်လေး ၊ ဒါက အဆင့် ၆ သာမန်အဆင့် လက်နက်ပါ၊ လျော့ဈေးနဲ့ သလင်းကျောက် ၉၉၉ တုံးပဲပေး”
ဆိုင်တစ်ခုဝင်ပေါက်ရှေ့က လူတစ်ယောက်ဟာ ချန်ရှန်ဆီ ဝှေ့ယမ်းပြရင်း အော်ပြောနေပါတယ် ။ ချန်ရှန်လိုပင် တခြားလူ များစွာဟာလည်း မြို့ထဲယောင်လည်လည်ဖြင့် လိုက်ကြည့်နေကြပါတယ် ။ အများစုဟာ ယခုမှ ပထမဆုံးအကြိမ်ရောက်ဖူးတဲ့ တော သားများသာဖြစ်ပြီး ၎င်းတို့ကို အများဆုံး လိမ်လည်ကြ ပုံ ပါပဲ ။
လက်နက်များနဲ့ ချပ်ဝတ်တန်ဆာ များကို သာမန် အဆင့် ၊ ဝိဉာဉ်တော် အဆင့် နဲ့ ထူးကဲလေးနက်သော အဆင့်ဆိုပြီး ပိုင်းခြားနိုင်ပါတယ် ။ အများအားဖြင့် ဒီအဆင့်တွေကို ၉ ဆင့်ခွဲ ထားကြတယ် ။ သာမန်အဆင့် လက်နက်များဟာ အဆင့်အနိမ့်ဆုံး ဖြစ်ပြီး ၎င်းတို့ဟာ ဘယ်လက်နက်က အသင့်တော်ဆုံးရယ်လို့ မရှိပဲ အသုံးများတဲ့ လက်နက်များသာဖြစ်ကာ သန်ရာသန်ရာကို ဝယ်ယူကြပါတယ် ။ ဒါပေမယ့် အဆင့် ၆ ရှိတဲ့ သာမန်အဆင့် လက်နက်ကိုတော့ မဆိုးဘူးဟု ပြောလို့ရပါတယ် ။
“ညီတော်လေး ၊ ဆေးတွေဘာတွေ ဝယ်ချင်သေးလား ၊ ဒီမှာ အဆင့်မြင့် မော်တယ် အဆင့် ဒြပ်စင်ဆေးကို သလင်းကျောက် ၅၅ လုံးနဲ့ ဝယ်နိုင်မယ်နော် ၊ ၂ လုံး ဝယ်ရင် တော့ ၁၀၀ ပဲပေး”
ဆေးဆိုင်တစ်ဆိုင်မှ အသက်ကြီးကြီးလူကြီးက အော်နေ တာပါ ။
ချန်ရှန်ဟာ ဒီစီရင်စုမှာ ဆေးဆိုင်များဟာ ချောင်ကြိုချောင် ကြားတိုင်းနဲ့ စီရင်စုရဲ့ ထောင့်တိုင်းမှာ တည်ရှိနေတာကို သတိထားမိပါတယ် ။ ချန်ရှန် နည်းနည်းတော့ အံ့သြမိသွားတယ် ။ ဒါနဲ့ ပဲ ချန်ရှန်တစ်ယောက် ရပ်ပြီး မေးလိုက်တယ် ။
“ခရမ်းရောင် ဝိဉာဉ်တော် သစ်သီးများ ရှိပါသလား”
“ဒါပေါ့ ၊ ရှိပ ။ သလင်းကျောက် ၃၀၀ ပဲပေး”
ထို အသက်ကြီးကြီးလူကြီးက ပြန်ဖြေတယ် ။
ချန်ရှန် ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားတယ် ။ ဟို ဖက်တီးကတော့ သူ့ကို တကယ် အရူးလုပ်ခဲ့တာပါပဲ ။ စစချင်းမှာ ၁၀ တုံးဖြင့်ပင် ဝယ်နေချင်သေးပါတယ် ။ ဒီလောကမှာ ဆေးများ ဟာ တောင်ပိုင်းအင်ပါယာမှာထက် ပိုမိုဈေးကြီးမြင့်တာကို ချန် ရှန် သိခဲ့ပါပြီ ။
ဒါက သူ့အတွက် ကောင်းပါတယ် ။ သူဟာ ဆေးပညာရှင် တစ်ယောက်ပင် မဟုတ်ပါလော ၊ ယခုတော့ ချန်ရှန် အဖြူရောင် သလင်းကျောက်ပုံကြီးကိုပင် မြင်နေရသလိုပါပဲ ။ ဒီနေရာမှာ ချီဓာတ်ဆေး တစ်လုံးအား ကျောက်တုံး ၅၀၀ ဖြင့်ရောင်းနေတာ ကိုတွေ့ရပြီး ဒါတင်မက ပစ္စည်းကလည်း အကန့်အသတ်ဖြင့် သာ ရောင်းချနေကြတာပါ ။
ချန်ရှန်လည်း မြို့ထဲ လှည့်လည်ကြည့်ရှုပြီး ထို့နောက် ချီဓာတ် ဆေး အချို့ကိုလည်း ရောင်းချခဲ့ပါသေးတယ် ။ မကြာမီ မှာပင် သူ့လက်ထဲတွင် ကျောက်တုံး ၃၀၀၀ လောက် ရရှိနေပါပြီ။ ဒီလောက်ဆိုရင်တော့ ဂိုဏ်းထဲဝင်ရန် တော်တော် လုံလောက်စွာ စုမိနေပြီလို့ သူထင်နေပါတယ် ။သူ့မှာ စုမေးယိုနှင့် ဘိုင်ယုယု တို့ ၏ ပညာမွေများ ပေးခြင်းကို ခံရသော်လည်း ဒီဂိုဏ်းမှ တခြား သော အရာများစွာကို သင်ယူချင်ကြောင့် ဂိုဏ်းသို့ ဝင်ချင်နေရခြင်း ဖြစ်ပါတယ် ။ ဒါတင်မက ဂိုဏ်းနောက်လိုက် တပည့် တစ် ယောက်ဖြစ်ပါက ပြိုင်ပွဲများစွာကို ဝင်ပြိုင်နိုင်မည် ဖြစ်ပြီး အနိုင် ရရှိလျှင် ဂိုဏ်းရဲ့ ဆုချီးမြှင့်ခြင်းကိုလည်း ခံရမှာ ဖြစ်ပါတယ် ။
ချန်ရှန်ဟာ မလှမ်းမကမ်းမှ တံခါးကြီးဆီသို့ လျှောက်လာခဲ့ တယ် ။ တံခါးကြီးက ပွင့်နေပြီး လူများစွာ ထွက်လာကြပါတယ် ။ ဒီရက်တချို့မှာ သိုင်းပညာဂိုဏ်းဟာ သူတို့၏ တောင်ပေါ် ဝင် ပေါက်ကို ဖွင့်ထားကာ နောက်လိုက်အသစ်များ စုဆောင်းနေ တာ ဖြစ်တယ် ။ ဒါကြောင့် များစွာသော လူတွေဟာ ဂိုဏ်းထဲဝင် ဖို့လာကြတာဖြစ်ပြီး ဒါပေမယ့် ဒီလူတွေဟာ သူတို့ရဲ့ ကံဇာတာ ကို လာစမ်းစစ်နေကြသလိုပါပဲ ။ ကံကောင်းပြီးများ ဂိုဏ်းထဲ ရောက်နိုင်မလားဟု စမ်းသပ်နေကြပုံပါ ။
ချန်ရှန် တံခါးကြီးကနေ ဝင်သွားကာ အုပ်များကာရံထား သော လမ်းအတိုင်း လျှောက်သွားပါတယ် ။ မနီးမဝေးမှာတော့ သိုင်းပညာဂိုဏ်းကြီးကို အထပ် ၂၀ လောက်မြင့်တဲ့ နံရံမြင့်ကြီးဖြင့် ပတ်လည် ကာရံထားတာကို တွေ့လိုက်ရတယ် ။ ချန်ရှန် ဟာ အရင်ကတည်းက ဒီသိုင်းပညာဂိုဏ်းကြီးဟာ တောင်ထိပ်မှာ တည်ဆောက်ထားမယ်ဆိုတာကို ယုံကြည် နေပြီးသားပါပဲ ။
ချန်ရှန် ကြီးမားလှတဲ့ ဝင်ပေါက်ကြီးရှေ့မှာ မတ်တပ်ရပ်ကာ “ပြင်းထန်သောသိုင်းပညာဂိုဏ်းနတ်ဗိမာန်တော်” ဆိုသည့် စာတန်းကြီးကို ကြည့်နေပါတယ် ။ ချန်ရှန် စိတ်ထဲ ရဲရင့်မှု တွေ တောင် ဝင်ရောက်လာသလိုပါပဲ ။ ဒီတံခါးကြီးကတော့ ပိတ်ထား တုန်းပင် ၊ ဒါပေမယ့် တံခါးငယ်လေးတော့ ပွင့်လျက် ရှိနေပါတော့တယ် ။
ဒီတံခါးငယ်လေးရှေ့မှာတော့ ရှည်လျားလှတဲ့ လူတန်းကြီး ရှိနေပြီး ဝိဉာဉ်တော် သွေးကြောများကို စမ်းသပ်ခံနေကြတာပါ။ ဒီဝိဉာဉ်တော် သွေးကြောရှိမှသာ အရည်အချင်း ပြည့်မီတာ ဖြစ် ပြီး ဒီလိုအရည်အချင်းရှိပြီး သလင်းကျောက်တုံးများ မရှိ လျှင်လည်း ဂိုဏ်းက လက်မခံပြန်ပါဘူး ။
ဒီဝိဉာဉ်တော်သွေးကြောကိုတော့ အဝိုင်းပုံ အချပ်ပြားပေါ် တွင်မတ်တပ်ရပ်ခြင်းဖြင့် စစ်ဆေးကြတယ် ။ ဒီအပြားဝိုင်းပေါ်မှာ အစီအရင်တွေ ပြုလုပ်ထားပါတယ် ။ လူကိုယ်အတွင်းမှာရှိတဲ့ ဝိဉာဉ်တော် သွေးကြောကို ရှာဖွေတာ ဖြစ်ပြီး ထိုသို့ပြုလုပ်ပါက ကွဲပြားခြားနားလှတဲ့ အငွေ့တွေ ထွက်လာမှာပါ ။ ဒါကို ကြည့်ပြီး ထွက်ပေါ်လာတဲ့ တန်ဖိုးကို အကဲဖြတ်ကာ ဆုံးဖြတ်ကြတာ ဖြစ်ပါ တော့တယ် . . . ။
Chapter – 76
#မျိုးနွယ်မုန်းတီးရေးဝါဒ
လူများစွာဟာ ဝိဉာဉ်တော် သွေးကြောတွေ ရှိသော်လည်း အများစုကတော့ အရည်အသွေး မပြည့်မီကြပါဘူး ။ ရမှတ် ၆၀ အထက်ရသူများကိုသာ အရည်အသွေးပြည့်မီတယ်လို့ သတ် မှတ်ကြတာပါ ။ ချန်ရှန် နေ့တဝက်လောက် တန်းစီနေတာကို တောင် ၂ ယောက်သာ အရည်အသွေးပြည့်မှီတာကို တွေ့ခဲ့ရပါ တယ် ။
“ချန်ရှန် ၊ မင်းလုပ်တဲ့အခါကျ ရင် သတ္တု ၊ သစ်သား ၊ ရေနဲ့ မြေကြီး ချီဓာတ်တွေ ကို တစ်နေရာထဲ မှာ စုဆုံစေတယ့် ထိုက်ကျိ ကျင့်စဉ်ကို အသုံးပြုပါ ။ အဲဒိအချိန်မှာ မင်းရဲ့ ကျန်ခဲ့ တယ့် မီး ချီဓာတ်ကို တွေ့ရလိမ့်မယ် ။ အဲဒိတော့မှ မင်း ဟာ မီး ချီဓာတ် ဝိဉာဉ်တော် သွေးကြောရှိတယ်ဆိုတာကို ပြသပြီးဖြစ်နေလိမ့်မယ်”
စုမေးယိုက သတိပေး လိုက်တယ် ။ သူမဟာ ချန်ရှန်ဆီမှာ ယင်နဲ့ယန် နတ်အတွင်းအားသွေးကြောတွေ ရှိတယ်ဆိုတာကို တခြားသူများအား မသိစေချင်ပါဘူး ။ ဒါဟာ တကယ်ကို အန္တ ရာယ် ရှိတယ့် ကိစ္စ ဖြစ်လို့ပါပဲ ။
ချန်ရှန်၏ အလှည့် ကျရောက်လာပါပြီ ။ သူ ခုနက စက်ဝိုင်းပြားပုံပေါ် ရပ်တဲ့အခါ စုမေးယို ပြောတဲ့အတိုင်း လိုက်နာကာ သတ္တု ၊ သစ်သား ၊ ရေ နဲ့ မြေကြီး စွမ်းအင်တွေကို တစ်နေရာထဲ မှာ စုဆုံစေလိုက်တယ် ။ ဒီလိုလုပ်လိုက်တယ့် အခါမှာတော့ သူ့ ခြေထောက်အောက်က အဝိုင်းပြားမှာ အနီရောင်အငွေ့တွေ ထွက်ပေါ်လာပါတယ် ။ ထူးဆန်းသော ခံစားချက်တစ်မျိုး ခံစား လိုက်ရပြီး တန်ဖိုးတစ်ခုဟာ အဝိုင်းပြားမှာ ပေါ်လာတယ် ။
“မီးဓာတ် ဝိဉာဉ်တော် သွေးကြော ၊ ၇၅ မှတ် အဆင့်မီပါ တယ် ။ မင်းနာမည် ဘယ်သူလဲ”
သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က မေးပါတယ် ။ နောက်ပြီး ချန်ရှန်ဟာ အောင်မြင်ခဲ့ပေမယ့် သူ၏ သွင်ပြင်က စုတ်စုတ်ပြတ်ပြတ် ဖြစ်နေတာကို ကြည့်ပြီး မျက်နာထားက ခပ်မာမာပါပဲ ။
ခုနကကပဲ ချန်ရှန်ဟာ နောက်လိုက်ဂိုဏ်းသားငယ် အချို့ ဒီလူကို အရိုအသေ ပေးကြတာကို တွေ့လိုက်ရတယ် ။ ဒါကို ကြည့် ချင်းဖြင့် ဒီလူဟာ သိုင်းပညာအပြင်စည်းဂိုဏ်း မှာ နည်းနည်း အရေးပါတဲ့လူဆိုတာကို သိနိုင်ပါတယ် ။ စွမ်းအားလဲ ရှိပုံပါပဲ ။ ဒီလူဟာ စစ်မှန်တဲ့ သိုင်းပညာနယ်ပယ်က သိုင်းသမား တစ်ယောက်ဖြစ်မယ်လို့ ခန့်မှန်းမိပါတယ် ။
“ချန်ရှန်”
ချန်ရှန်၏ စကားဟာ ထိုလူကို တခဏမျှ ကြောင်သွားစေ တယ် ။ ချန်ရှန်အနေနဲ့လည်း နည်းနည်း ထူးဆန်းသလို ခံစားရ ကာ သူ့နာမည်ဟာ ဒီဂိုဏ်းအထိ ပြန့်နှံ့နေမယ်လို့ မထင်မိခဲ့ပါ ဘူး ။
“မင်းက အပြင်ဘက် လောက က လာတာလား”
ထိုလူက အေးစက်စက် မေးပါတယ် ။
“ဟုတ်ပါတယ်”
ချန်ရှန်၏ စကားကို ကြားပြီးနောက်မှာတော့ လူအားလုံးဟာ သူ့ကို ထူးဆန်းတဲ့ အကြည့်တမျိုးနဲ့ ကြည့်နေကြတယ် ။ အဘယ်ကြောင့်ဆိုသော် ဒီလိုအပြင်လောကက လာသောသူများဟာ များသောအားဖြင့် အသက်ကြီးသူများသာ များပြီး လူငယ် လာတာဆိုတာ တော်တော်ကြီးကို ရှားလို့ပါပဲ ။
“ကျေးဇူးပြုပြီး ပြန်လိုက်ပါ ၊ မင်းက အပြင်လောကမှာ မကောင်းမှု မျိုးစုံလုပ်ခဲ့တယ် ။ ဒီလိုလူမျုးိတွေကို ငါတို့ ဂိုဏ်းက လက်မခံနိုင်ဘူး”
ထို သက်လတ်ပိုင်းအရွယ်လူက မချေမငံပြောလိုက်တယ် ။ သူ၏ မျက်နာမှာ အမုန်းတရားများ ပြည့်နေသလိုပါပဲ ။
“ခင်ဗျားက ဘာကို ဆိုလိုတာလဲ”
ချန်ရှန် မျက်မှောင် ကြုတ်ကာ မေးလိုက်ပါတယ် ။
“မင်း အပြင်လောကမှာတုန်းက မျိုးနွယ်တစ်ခုကို အဆုံးသတ်ခဲ့စေပြီး လေမည်းဂိုဏ်းလို့ ခေါ်တယ့် ဂိုဏ်းတစ်ခုကိုလည်း အမြစ်ဖြတ်သုတ်သင်ခဲ့သေးတယ် ။ မင်းဟာ အနည်းဆုံး လူ ၁၀၀၀ မက သတ်ခဲ့ပြီးပြီ ။ ငါတို့ ဂိုဏ်းအနေနဲ့ ဒီလို မိစ္ဆာစိတ် ပေါက်နေတယ့် လူမျိုးကို လက်မခံနိုင်ဘူး”
ထိုလူ၏ အသံက ပိုမို ကျယ်လောင်လာပါတယ် ။ ဒီ စကား က လူအားလုံးကို တော်တော် အံ့အားသင့်သွားစေတယ် ။ လူ ၁၀၀၀ ကျော်တောင် သတ်ခဲ့လေတယ်တဲ့လား ။
ချန်ရှန်ကလည်း ခနဲ့ တဲ့တဲ့ဖြင့် -
“တစ်စုံတစ်ယောက်က ခင်ဗျားကို သတ်ဖို့လာရင် ခင်ဗျားက ပြန်မတိုက်ဘူးပေါ့ ၊ အဲဒိနေရာမှာရပ်နေပြီးပဲ သူတို့သတ်တာ ခံမယ် အဲလိုလား ၊ ဒီမျိုးနွယ်က ကျွန်တော့ကို ခဏခဏကို တိုက် ခိုက်နေတာ ဒါတင်မကသေး ဘူး ၊ ဂိုဏ်းတစ်ခုနဲ့ ပူးပေါင်းပြီး သတ်ဖို့ပါ ကြိုးစားကြတယ် ။ ကျွန်တော် သူတို့ကို မသတ်ရင် သူတို့က ကျွန်တော့ မျိုးနွယ်ကို သတ်မှာပေါ့ ။ ဒါတွေအားလုံး သူတို့လုပ်လို့ သူတို့ ခံရတာပဲ ၊ တောင်ပိုင်းအင်ပါယာ က လူ တွေ အကုန်သိတယ် ။ ခင်ဗျားပဲ ရှင်းရှင်းလင်းလင်း မသိသေးတာနေ မယ် ဟုတ်သလား”
ထိုလူ၏ မျက်နာ မည်းသွားကာ ဒီ အချိန်မှာပဲ ချန်ရှန်က ထပ် ပြောပါတယ် ။
“ခင်ဗျားက ယောင်မျိုးနွယ်ဝင် လား ၊ ဟဟ ခင်ဗျား က လူအများရှေ့မှာ မျိုးနွယ်မုန်းတီးရေးကိစ္စကို ကလံဲ့စားချေဖို့ ခင်ဗျား ရဲ့ အာဏာကို အသုံးပြုချင်တာလား”
“ယောင်ဟိုင်ရှန်း ၊ မင်းမှားနေတာပဲ ၊ ဒီလူူရဲ့ ဝိဉာဉ်တော် သွေးကြောက အရည်အသွေးပြည့်တယ်လေ ။ ငါတို့ အပြင်လော က က အကြောင်းတွေ အကုန်ကြားပြီးပြီ ၊ တကယ်တော့ မင်းတို့ မျိုးနွယ်က မှားတာ ။ အမြဲတမ်း တခြားမျိုးနွယ်တွေကို အပြတ် ရှင်း အနိုင်ယူချင်နေကြတယ် ဒါပေမယ့် ခုတော့ ပြိုကွဲသွားရပြီ ။ ဒါဟာ အကြောင်းရှိလို့ အကျိုးဖြစ်ပေါ်လာရတာပဲ”
ဖော်ရွေပုံရသော သက်လတ်ပိုင်းအရွယ် မုတ်ဆိတ်မွှေးနဲ့ လူ တစ်ယောက် ရောက်လာတယ် ။ သူ့နောက်မှာရှိနေတာကတော့ ဇုရွန် ပဲ ဖြစ်ပါတော့တယ် ။
ချန်ရှန် ခန့်မှန်းတာ မှန်သွားပါတယ် ။ ခုနက သူ့ကို အခက် တွေ့အောင် လုပ်နေတဲ့ လူဟာ တကယ်ပဲ ယောင်မျိုးနွယ် ဝင် ဖြစ်နေတာပါပဲ ။
ထိုသူဟာ ယောင်မျိုးနွယ်ဝင်ဖြစ်ပြီး ဆေးပညာရှင်တစ်ယောက်လဲ ဖြစ်ပါတယ် ။ ချန်ရှန် ထိုသူ၏ ကိုယ်မှ သန့်စင်လှတဲ့ မီးချီဓာတ်များကို အာရုံခံမိလို့ပါပဲ ။ သာမန်အားဖြင့် ဆေးပညာ ရှင်တွေသာလျှင် ဒီ မီးဓာတ်သန့်စင်မှုကို အလေးထားတာမို့ပါ ။
ယောင်ဟိုင်ရှန်း က ဖော်ရွေပုံရသော လူ အား မကြည်သလို ကြည့်ပြီး စိတ်မပါသလိုနဲ့ ပြောလိုက်တယ် ။
“ဟိုဒွန်ဂျင် ၊ ဒီမှာရှိတယ့် အရာတွေကို ငါပဲ စီမံနေတာ ၊ ငါနဲ့ပဲ သက်ဆိုင်တယ်”
ချန်ရှန် တော်တေ်ာ အံ့သြသွားတယ် ။ ဒီ ဟိုဒွန်ဂျင် ဆိုတဲ့ လူဟာ မမျှော်လင့်စွာပဲ စစ်မှန်သော သိုင်းပညာရှင် တစ်ယောက် ဖြစ်နေပါတယ် ။ ချန်ရှန်ဟာ ဒီလိုလူမျိုးနဲ့ တနေ့မှာ ဆုံမိလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိပါဘူး ။ ဒါတင်မကသေးပါဘူး ဒီလို လူတွေရဲ့ စွမ်းအားဟာ သူထင်တာထက်ကို များစွာပိုကြပါ တယ် ။ သူအသေအချာပြောနိုင်တာကတော့ ဒီလူလူမျိုးတွေကို သူ မတိုက်ခိုက်နိုင်ဖူး ဆိုတာပါပဲ ။
“ကောင်လေး ၊ ဒီကသွားသင့်တယ်နော် ငါ့ဆရာက မင်းကိုပြန်ပို့တာကို ခံချင်နေတာလား”
အထက်ဆီးဆန်ဟန်ရှိသော ယောင်ဟိုင်ရှန်း နောက်မှ လူ တစ်ယောက်က ကျယ်လောင်စွာ သတိပေးနေတယ် ။
ဟိုဒုန်ဂျင်က ခပ်ဖျော့ဖျော့ ပြုံးပြီး -
“သူသွားဖို့တော့ မဖြစ်နိုင်တော့ဘူး ။ ဒီနေ့ လူတွေ အများ ကြီးလဲရှိနေတယ် ။ သူသာ ထွက်သွားရင် ငါတို့ဂိုဏ်းရဲ့ ဂုဏ်သတင်းကို ထိခိုက်လိမ့်မယ် ။”
ချန်ရှန်ဟာ ဟိုဒွန်ဂျင်မှ သူ့ကို ကူညီနေတယ်ဆိုတာကို သိလိုက်တယ် ။ ယောင်ဟိုင်ရှန်းလဲ ရယ်မောကာ -
“ချန်ရှန် ၊ မင်းက သိပ်ငယ်သေးတယ် ။ မင်းအားကလည်း ကောင်းပါတယ် ။ ဒါပေမယ့်မင်းရဲ့ သွင်ပြင်အကုန်ကို ဓားသွေးကျောက်မှာ ဓားသွေးသလို သွေးဖို့လိုသေးတယ် ။ မင်းရဲ့ စိတ် က ပျော့ညံနေတော့ ဒုက္ခ ဖြစ်နိုင်တယ် ။ ဒါတင်မက မင်းအား နဲ့ ဒီဂိုဏ်းထဲမှာလည်း ဘာမှ အလုပ်မဖြစ်လောက်ဘူး ။ မင်းခု ဒီ ဂိုဏ်းကို ဝင်မယ်ဆိုတာ ကိုယ့်ဒုက္ခကိုယ် ရှာနေသလိုပဲ”
“ပြန်လိုက်ပါကွာ ၊ ငါ့မှာ ဒီဂိုဏ်းရဲ့ နောက်လိုက် ဖြစ်ခြင်း တွေ ဂိုဏ်းထဲဝင်ခွင့်တွေနဲ့ ပတ်သက်တာကို စစ်ဆေးနိုင်တဲ့ အာဏာရှိတယ် ။ မင်းသွေးကြောက ကောင်းပေမဲ့လည်း မင်းရဲ့ ပုံစံနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အရည်အသွေး မပြည့်မီ လှဘူး ၊ နောက် သုံး နှစ်ကနေ ငါး နှစ်အတွင်းလောက်ကြာမှ ပြန် လာခဲ့ ၊ အဲဒိချိန်မှာတော့ မင်း အဆင်သင့် ဖြစ်နေမှာပါ ။ ငါတို့ ဂိုဏ်းက မင်းအတွက် အမြဲ တံခါးဖွင့်ထားပါတယ် ။”
ယောင်ဟိုင်ရှန်း ဟာ ဂိုဏ်းဝင် ပညာရှင်တစ်ယောက် ဖြစ်သော်လည်း ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မချဝံ့ဘူး ၊ တစ်ခုခုအမှား လုပ်မိရင် သူအပစ်ပေးခံရမှာမို့လို့ပါပဲ ။
“၅ နှစ်အတွင်း မင်းငါ့ရဲ့ပညာသင်တပည့် ဖန်လိယန် ကို နိုင်မယ် ဆိုရင် ဂိုဏ်းထဲဝင်ခွင့်ရမယ် ။ ဒါတင်မကသေးဘူး ဘာအဖိုး အခမှ ပေးစရာမလိုဘူး ။ ဒါကြောင့် ခုပြန်ပြီး လေ့ကျင့်လိုက်ပါ”
ယောင်ဟိုင်ရှန်း အထင်သေးဟန်ဖြင့် ပြောပါတယ် ။ သူ့ နောက်မှ စိတ်ကြီးဝင်နေပုံရတဲ့ လူတစ်ယောက်ဟာလည်း ချန်ရှန်ကို ကြည့်နေပါတယ် ။
ချန်ရှန်က ပြန်မေးလိုက်တယ် ။
“ခင်ဗျား ပြောတာနော် ၊ ကျွန်တော် ၅ နှစ်အတွင်း ခင်ဗျား တပည့်ကို နိုင်ရင် ဂိုဏ်းထဲ ဝင်ခွင့်ရရုံမကပဲ ဘာငွေကြေးမှ ပေး စရာမလိုဘူးဆိုတာ ၊ ဒါအမှန် ပဲလား”
ယောင်ဟိုင်ရှန်း က မနှစ်မြို့ဖွယ်ရယ်ကာ ပြန်ပြောတယ် ။
“ဒါပေါ့ ၊ မင်း က ငါနေတယ့် မြို့က လာတာပဲ ၊ အဲဒါကြောင့် မင်းကို အထူးအခွင့် အရေး ပေးတာ ၊ ဒါပေမယ့် ၅ နှစ်အတွင်း မနိုင်ရင် ဒီဂိုဏ်းအတွင်း ဘယ်တော့မှ ဝင်ခွင့်မရတော့ဘူးနော်”
“ဖန်လိယန် လား ၊ သူက ဖန် မျိုးနွယ် ပါ၇မီ ရှင် ၊ အသက်က ၁၈ နှစ် အဆင့်က ၉ မလား ၊ နောက်ပြီး သူ့မှာ ထူးကဲလှတဲ့ သိုင်း စွမ်းရည်တွေ နဲ့ နောက်ဆုံး ကျွန်တော် ကြားသေးတာ သူက အဆင့် ၉ ရှိတယ့် သားရဲမိစ္ဆာ သိမ်းငှက် ကြီး နဲ့ တိုက်ခိုက်ခဲ့သေး တယ်မလား ၊ ဒီ သိမ်းငှက်ကြီး တောင်ထိပ်မှာ သေသွားတာလေ၊ သူဟာ အပြင်စည်းနောက်လိုက်တပည့်တွေထဲမှာ အဆင့် ၁၃ ရှိ သူတစ်ယောက်ပဲ”
ဖန်လိယန် သူ့အကြောင်းပြောနေတာကို ကြားတဲ့အခါ ပိုမို ကျေနပ်လာပြီး မျက်နာမှာလည်း မာနကြီးတခွဲသားနဲ့ကို ဖြစ် နေ ပါတယ် ။ ယောင်ဟိုင်ရှန်းကလည်း တော်တော် ဂုဏ်ယူနေလျက် ပါ ။ သူ့တပည့်ဖြစ်နေလို့ပါပဲ ။
“ကောင်လေး ၊ မင်းရဲ့ မျှော်လင့်ချက်ဟာ နောက် နှစ်တစ်ရာ မှာတောင် ဖြစ်လာမှာမဟုတ်ဘူး ။ ဘာလို့လဲဆိုတော့ နောက် ၅ နှစ်မှာ ငါဟာ သေချာပေါက် စစ်မှန်တဲ့ သိုင်းပညာ နယ်ပယ်ထဲ ရောက်နေမှာဖြစ်ပြီ း မင်းငါ့ကို နိုင်ဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာ မှာ မဟုတ်လို့ပဲ”
ဖန်လိယန် ကျယ်လောင်စွာ အော်ပြောလိုက်တယ် ။ သူ တော်တော် ကို မိုးပေါ်မြောက်နေသလိုပါပဲ ။ နောက် ၅ နှစ် အတွင်း မှာ တောင် စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ဝင် ရောက်နိုင်မည်တဲ့လား ၊ ဒီစကားဟာ လူများစွာကို တော်တော် တုန်လှုပ်သွားစေပါတယ် ။ ဒီလို လူငယ် ပညာရှင်မျိုးဟာ မရှိသ လောက်ကို ရှားလို့ပါပဲ ။
“၅ နှစ်အတွင်း ကျွန်တော် ဖန်လိယန် ကို နိုင်ရင် ဒီဂိုဏ်းကို အလကား ဝင်ခွင့်ရမှာ သေချာတယ်နော်”
ချန်ရှန် ထပ်မံမေးလိုက်ပြန်ပါတယ် ။ သေချာသည်ထက် သေချာစေရန်ပါ ။ အဘယ်ကြောင့်ဆိုသော် ဒါကသူ့အတွက် အရမ်းကို လွယ်ကူနေလို့ပါပဲ ။ အရင်က သိုင်းပညာဂိုဏ်းရဲ့ အပြင်စည်းတပည့် ဖြစ်ဖို့ များစွာသော ရှုပ်ထွေးလှတဲ့ စစ်ဆေး မှု တွေကို ခံရမယ်လို့ ကြားဖူးထားတာပါ ။
“လူတွေ အများကြီး ဒီမှာ နားထောင်နေတယ် ။ ငါက လိမ်မယ်လို့များ မင်းထင်နေတာလား ။ ၅ နှစ်အတွင်း မင်းလာပြီး ကြိုက်သလို စိန်ခေါ်လို့ရတယ် ။ ခု မြန်မြန်သွားတော့ ၊ မင်းက သွေးကြောစစ်ဖို့ ဒီမှာတန်းစီနေတယ့် လူတွေကို စောင့်ရအောင် လုပ်နေတာပဲ”
ယောင်ဟိုင်ရှန်း သူ၏ လက်ကို ဝှေ့ယမ်းကာချန်ရှန်အား စိတ်မရှည်စွာ မောင်းထုတ်နေပါတော့တယ် ။
“၅ နှစ်အတွင်း ကျွန်တော် လာပြီး ကြိုက်သလို စိန်ခေါ်လို့ ခင်ဗျားပြောခဲ့တာနော် ၊ ကျွန်တော် ဒီနေ့ပဲ သူနဲ့ ယှဉ်ပြိုင်ချင် တယ်”
ချန်ရှန် ပြုံးကာ ပြောလိုက် ပါတော့တယ် . . . ။
Chapter – 77
#ဒုက္ခဆိုတာ
ဘယ်လို ၊ ချန်ရှန်က ဖန်လိယန်နဲ့ ဒီနေ့ ယှဉ်ပြိုင်ချင်တယ် တဲ့လား ။ ဒီစကားကြောင့် လူများစွာဟာ အံ့အားသင့်သွားကြ တယ် ။ယောင်ဟိုင်ရှန်း နဲ့ ဖန်လိယန် တို့ပင် တုန်လှုပ်သွားကြ ပါ တယ် ။
ခုနက ဟိုဒွန်ဂျင် ဟာ ချန်ရှန်ကို ကူညီခဲ့ပါတယ် ။ အဘယ်ကြောင့်ဆိုသော် ဘာတွေဆက်ဖြစ်မလဲဆိုတာကို အရမ်းစိတ် ဝင် စားလို့ပါ ။ ဇုရွန်လည်း ချန်ရှန်အား နည်းနည်းအထင်သေးခဲ့ ပါသေးတယ် ။ သူဟာ ချန်ရှန်ကို ဆေးပညာရှင်အဖြစ်သာ သိ ထားခဲ့ပြီး သူနဲ့ ပထမဆုံးတွေ့တုန်းက ချန်ရှန်ဟာ သူ့ကိုယ်သူ ဘာကောင်ညာကောင်ဆိုပြီး မပြောထားခဲ့လို့ပါပဲ ။
“ဟက် ၊ နောက်နေတာ ရပ်ပြီး မြန်မြန်သွားတော့ ၊ ဒဏ်ရာ သက်သက်မဲ့ မရချင်စမ်းနဲ့ ။ ပွဲအတွင်းမှာ အားဆိုတာ ထိန်းချုပ် လို့ရတာမဟုတ်ဘူး ။ မင်းတကယ်လို့ ဒဏ်ရာရသွားရင် မင်းလေ့ကျင့်နိုင်မှာ မဟုတ်တော့ဘူး ။ နှစ်အနည်းငယ်ကြာမှသာ ပြန်လာ ခဲ့ပါကွာ”
ယောင်ဟိုင်ရှန်း သူ၏ လက်များကို ခါယမ်းပြီး ပြောတာပါ ။ ယောင်မျိုးနွယ်တစ်ခုလုံး အမြစ်ပြတ်သွားတာ ထင်ရှားပေမယ့် ချန်ရှန်ဟာ ဒီကိစ္စရဲ့ တရားခံဆိုတာသာ သိတာပါ ။ ချန်ရှန်၏ စွမ်းအားဟာ အဆင့် ၉ လောက်တော့ ရှိမယ်လို့ သူယူဆမိတယ်။ ဒါပေမယ့် အပြင်လောက က အဆင့် ၉ ပညာရှင် နဲ့ ပြင်းထန် တဲ့ သိုင်းပညာဂိုဏ်းက အဆင့် ၉ ပညာရှင်တို့ရဲ့ ကွာခြားချက်ဟာ မိုး နဲ့ မြေလိုပါပဲ ။
“သူတို့တိုက်ချင်လည်း တိုက်ခိုင်းလိုက်ပေါ့”
ဟိုဒွန်ဂျင်က ချန်ရှန်ကို ပြုံးပြီးကြည့်ကာ ပြောလိုက်တယ် ။
“ဒီကောင်နဲ့ တိုက်တာလောက်ကတော့ တစ်ချက်တည်းနဲ့ ကို အမှိုက်ဖြစ်အောင် လုပ်နိုင်တယ်”
ဖန်လိယန် က စိတ်မရှည်သလိုပင် ဝင်ပြောပါတယ် ။
ချန်ရှန်ဟာ ဒီလို ယောင်မျိုးနွယ်ဝင်တွေက သိုင်း ပညာ ဂိုဏ်းကလို့ မမျှော်လင့်မိခဲ့ဘူး ။ ဒါတင်မက ၎င်းတို့ဟာ စစ်မှန် သော သိုင်းပညာနယ်ပယ်က ပင် ဖြစ်နေပါသေးတယ် ။ ကံကောင်းစွာပင် ဂိုဏ်းထဲမှာ စည်းကမ်းတွေ ရှိပါတယ် ။ ဂိုဏ်းလောကမှ လူ ဟာ အပြင်ဘက်လောကမှာ ပြသနာ ရှာခွင့် မရှိလို့ပါပဲ ။
တန်းစီးနေတယ့် လူတန်းကြီးဟာ ရှဲသွားတယ် ။ သူတို့အတွက် နှောင့်နှေး ကြန့်ကြာပေမယ့်လည်း ဒီတိုက်ပွဲကို ကြည့်ရန် စိတ်အားထက်သန်နေကြပါတယ် ။ အထူးသဖြင့် ဖန်လိယန် ၏ စွမ်းအားကို ကြည့်ချင်လို့ပါပဲ ။ အပြင်စည်းရဲ့ အဆင့် ၁၃ ယောက်မြောက် နောက်လိုက်စွမ်းဆောင်ရည်ကို ကြည့်ရန် ရှေ့ သို့ တိုးဝှေ့လျက်ရှိနေကြပါတော့တယ် ။
“ကြိုသတိပေးလိုက်မယ် ။ မင်းဒဏ်ရာရရင် တခြားလူကို အပစ်မတင်နဲ့ ၊ မင်းကိုယ်မင်းပဲ အပြစ်တင်”
ဖန်လိယန် ကျယ်လောင်စွာ အော်ပြောလိုက်တယ် ။
ချန်ရှန်လည်း ခေါင်းညိမ့်ကာ ပြန်ပြောတယ် ။
“မင်းလဲ ပြင်းပြင်းထန်ထန် ထိသွားရင် စိတ်မဆိုးနဲ့နော်”
“ကောင်းပြီ ၊ မဟုတ်တာတွေ ပြောနေဖို့ အချိန်မရှိဘူး ၊ စကြ စို့”
ဖန်လိယန် စိတ်မရှည်စွာပင် ပြောလိုက်ပြီး တလှမ်းတိုးလာ တယ် ။ ဒီအချိန်မှာပဲ ယောင်ဟိုင်ရှန်းရဲ့ အော်သံကို ကြားရပါ တယ် ။
“စ”
ဖန်လိယန် က အရင်စလှုပ်ရှားတယ် ။ ပြေးလာကာ ခြေလှမ်းတိုင်းမှာ ပေါက်ကွဲမှုလျှပ်စီးများထွက်ကာ နေပါတယ် ။ သူ ဟာ အလွန်လျင်မြန်လှပြီး သူ၏ လက်သီးများမှလည်း လျှပ်စီးတွေ ထွက်လျက်ရှိတယ် ။ ဒါဟာ လျှပ်စီး ချီဓာတ်ပါပဲ ။
ချန်ရှန်၏ လျှပ်စီး ချီဓာတ်မှာတော့ သစ်သားစွမ်းအင် များ ပါဝင်ပြီး သန့်စင်တဲ့ လျှပ်စီးသီးသန့်မဟုတ်ပါဘူး ။
“အဆင့်မြင့် ထူးကဲလှတဲ့ လျှစ်စီးခြေလှမ်းပဲ ။ ပြေးတာကို ပိုပြီး အားပြင်းစေတာ ။ လက်သီးကလည်း အဆင့်မြင့် ထူးကဲ လျှပ်စစ် လက်သီးလေ ။ ငါကြားဖူးတာတော့ ဒီလက်သီး တစ်ချက်နဲ့ တောင်ငယ်တစ်လုံးလောက်ကိုတောင် ကြွသွားစေနိုင်တယ် ။တော်တော် စွမ်းအားပြင်းတယ် ။”
တစ်ယောက် က ပြောပါတယ် ။
ချန်ရှန် က နဂိုထဲက လျှပ်စီးနဲ့ ပက်သတ်ရင် ကျွမ်းကျင်သူ ပါ ။ သူဟာသစ်သားချီဓာတ်ကို ထုတ်တဲ့အခါ လျှပ်စီးဒဏ်ကို ခံ နိုင်မှာဖြစ်ပြီး ဘယ်လိုပင် ပြင်းထန်ပါတယ်ပြောပြော အေးဆေး ခံနိုင်ပါတယ် ။ အခု မြင်ရတယ့် လျှပ်စီးဟာ ဘာဓာတ်မှမပါတဲ့ အတွက် မတုန်လှုပ်မိ တော့ပါ ။ နောက်ပြီး သူ့ကိုယ်ဟာလည်း အရမ်းကို သန်မာတဲ့ ခွန်အားတွေ ရှိသည် မဟုတ်ပါလော ။
လူတိုင်းဟာ ချန်ရှန် ဒီလက်သီးကိုသာ ထိပါက သွေးထွက် သံယိုများ ဖြစ်ပေလိ့မ်မည် ဟု တထစ်ချ ယုံကြည်နေကြပါတယ်။ လူတိုင်းဟာ ထိခိုက်မိရာမှ ဖြစ်ပေါ်လာမည့် လျှပ်စီး ပေါက်ကွဲမှု များကို ကာကွယ်နိုင်ရန် သတိအနေအထားဖြင့် ရှိနေကြတယ် ။ ဒါပေမယ့်လည်း သူတို့ အံ့သြသွားကြတယ် ။ မည်သည့် အရာမျှ မမြင်လိုက်လို့ပါပဲ ။
ဖန်လိယန် ခုန်ကာ ပြင်းလှသော အဟုန်ဖြင့် လျှပ်စီး ဓာတ် များထည့်ကာ လက်သီးဖြင့် ချန်ရှန်၏ ရင်ဘတ်ဆီသို့ ထိုးချလိုက် ပါတယ် ။ ဒါပေမယ့် သူ့လက်သီး ချန်ရှန် ရင်ဘတ်နဲ့ ထိတဲ့အခါ ပင်လယ်ကြီးထဲအား ကျောက်တုံးတစ်တုံးနစ်မြုပ်သွားသလိုပင် မည်သည့် တုံ့ပြန်မှုမှ မရရှိလိုက်ပါဘူး ။
အဘယ်ကြောင့်ဆိုသော ချန်ရှန်ဟာ ထိုအချိန်မှာ ထိုက်ကျိ ကျင့်စဉ်ကို ပြုလုပ်နေခြင်းဖြစ်ပြီး သူ့ကိုယ်ဟာ ကြီးမားတဲ့ ရေဝဲ ကြီးတစ်ခုလိုပါပဲ ။ ဘယ်လိုသော စွမ်းအားဖြင့် ထိုးနှက်ပါစေ ထို ရေဝဲအတွင်း စုပ်ယူနေလိုက်မှာဖြစ်ပါတယ် ။ ချန်ရှန်ဟာ အရင် ထဲက လျှပ်စီးဓာတ်ဖြင့် ကိုယ်ခန္ဓာ အား မကြာခဏ ခံနိုင်ရည်ရှိ စေရန် ပြုလုပ်လေ့ရှိတယ် ။ ဒါကြောင့် ခု သူ၏ လျှပ်စီး ချီဓာတ်ဟာ ပိုမို အားကောင်းနေပြီပဲ ဖြစ်ပါတယ် ။
“ပြင်းထန်သော သိုင်းပညာဂိုဏ်း ၊ ငါ ကျိန်းသေ ရအောင် ဝင် ပြမယ်”
ချန်ရှန် ရယ်မော ပြောဆိုကာ သူ၏ လက်သီးကို ဖန်လိယန် ဆီသို့ ထိုးလိုက်ပါတယ် ။ ထိုအချိန်ထိ ဖန်လိယန် ဟာ ကြောင် အမ်းအမ်းဖြစ်နေတုန်းပါ ။ ပြင်းထန်လှသော ချန်ရှန်၏ လက်သီးတွင် မီးတောက်များဟာ ထွက်နေလျက်ရှိပြီး မီးတောင်ကြီး ပေါက်ကွဲနေသလိုပင် ဖြစ်နေပါတယ် ။ မျက်စိတမှိတ်အတွင်းမှာ ပင် ဖန်လိယန် တစ်ယောက် မီးများစွဲကာ ချန်ရှန် လက်သီး အဟုန်ကြောင့် လွင့်ထွက်သွားပါတော့တယ် ။ သူ၏တစ်ကိုယ် လုံးအား ပြင်းထန်လှသော မီးများစွဲကာ မြေပေါ်တွင် စူးစူးဝါးဝါး ကို အော်နေတာပါ ။
“ဖန် လိ ယန်”
ယောင် ဟိုင်ရှန်း တုန်လှုပ်လျက် တရှိန်ထိုးပင် ဖန်လိယန် ဆီသို့ ပြေးသွားတယ် ။ သူ၏ အင်္ကျီလက်ဖြင့် မီးတောက်များကို ငြိမ်းပေးနေပြီး မီးများဟာ ချက်ချင်းပင် ပြန့်သွားပါတယ် ။ ဖန် လိယန်ဟာ ခန္ဓာကိုယ် အထက်မှ အောက်သို့ လောင်ပြီး မည်း တူးသွားတယ် ။ တော်တော်ကို ဒဏ်ရာရသွားတာပါပဲ ။ သူ၏ ကိုယ်အတွင်းရှိ စွမ်းအင်သိုလှောင်ရာဟာလည်း လောင်ကျွမ်း သွားပြီ ဖြစ်ပါတယ် ။
မီးအရှိန်ဟာ တော်တော်ပူသော်လည်း ရပ်ကြည့်နေသူများ မှာတော့ ချွေးများထွက်ကာ တောင့်လျက်ရှိတယ် ။ ရိုးရိုးလေး တစ်ချက်စာဖြင့် အဆင့် ၁၃ ယောက်မြောက် အပြင်စည်းတပည့် ကို ရှုံးနိမ့်စေသွားတယ် ။ လူတိုင်းဟာ အံ့အားသင့်လျက် တီး တိုးပြောဆိုနေကြပါတော့တယ် ။
“ကျွန်တော် နိုင်ပြီနော် ၊ ခု ဂိုဏ်းထဲ ဝင်လို့ရပြီလား ၊ နောက် ဘာမှ ပေးစရာမလိုဘူးပေါ့နော်”
ချန်ရှန် ပြုံးရယ်ကာ ပြောလိုက်တယ် ။
ယောင်ဟိုင်ရှန်း တော်တော် စိတ်တိုနေတယ် ။ တစ်ခုခု ပြော ချင်ပေမဲ့လည်း ဟိုဒွန်ဂျင် မှ ပြုံးပြီးပြောတာကို သူတွေ့ လိုက်တယ် ။
“ယောင်ဟိုင်ရှန်း ၊ ခုနက မင်းရဲ့ တန်ဖိုးရှိလှတဲ့ တပည့် က ပြောသွားတယ်မလား ၊ ဒီပြိုင်ပွဲ မှာ ဒဏ်ရာအနာတရ ဖြစ်ရင် သူတို့ကိစ္စပဲ တခြားလူကို အပစ်မတင်ကြေးတဲ့ ၊ မင်းက မင်းတပည့်ရဲ့ ကတိကို ဖျက်ချင်နေတာလား ၊ ချန်ရှန်ကို လည်း မင်းက ဝင်ခွင့်ပြုမယ် ပြောခဲ့သေးတယ် ။ နောက် သူက ဘာမှ ပေးစရာမလိုဘူးဆိုတော့ မင်းပဲစိုက်ပေးရမှာပဲ ဘာလို့လဲဆို တော့ မင်းက ကတိပေးထားတဲ့လူကိုး”
ချန်ရှန် လည် း ရယ်မောကာဖြင့် -
“အကိုတော်ကြီးယောင် ၊ အကိုတော်ကြီးဟာ ကျွန်တော့ အတွက် သလင်းကျောက်တွေ ပေးမလို့လား ၊ ကျေးဇူးတကယ် ကိုကြီးမားပါပေတယ်ဗျာ”
ယောင်ဟိုင်ရှန်းရဲ့မျက်နာမကောင်းလှပါ ။ သူ့စိတ်ထဲမှာတော့ ချန်ရှန်ဟာ ပုရွတ်ဆိတ်တစ်ကောင် သာသာပါပဲ ။ လက်ပြန်တစ်ချက်နဲ့တင် သေသွားစေမှာပါ ။ ဒါပေမယ့် ထိုသို့ လုပ်ပါက သူ၏ ကောင်းမွန်လှသော နေ့ရက်များဟာ အဆုံးသတ်သွားစေပါလိ့မ်မယ် ။ ဂိုဏ်းရဲ့စည်းကမ်းဟာ အလွန်ပဲ တင်းကြပ်လှပါတယ် ။
“ငါမှတ်မိတယ်”
ယောင်ဟိုင်ရှန် မီးလောင်နေတဲ့ ဖန်လိယန် ကိုယ်အား မ ကာ အထဲဝင်သွားပါတယ် ။ ဒီအချိန်မှာပဲ လူရွေးပွဲမှ ကြီးကြပ် လက်ခံမည့်လူဟာလည်း ပြောင်းသွားပါတော့တယ် ။
“ချန်ညီတော် ၊ ငါတို့ ဂိုဏ်းကနေ ကြိုဆိုပါတယ် ။ ငါနဲ့လိုက် ခဲ့ပါ ။ ငါမင်းကို လုပ်ရိုးလုပ်စဉ် ကိစ္စရပ်တွေကို သေချာ ရှင်းပြပါ့ မယ်”
ဇုရွန် က အော်ပြောပါတယ် ။ ချန်ရှန်ကို ကြည့်နေတဲ့ပုံစံက သူ့မျက်စိထဲ သလင်းကျောက်တုံးပုံကြီးကို ကြည့်နေရတယ်လို့ ထင်နေပုံပါပဲ ။
ချန်ရှန်လဲ ရယ်မောကာ လျှောက်လာလိုက်တယ် ။
“ကျေးဇူးအများကြီးတင်တယ် အကိုတော် ဟိုလူကြောင့် ကျွန်တော်တော့ မောင်းထုတ်ခံရတော့မလို့ပဲ”
“ငါမင်းကို စကားနည်းနည်းပြောဦးမယ် ။ ဒါကို အကူညီလို့ မသတ်မှတ်နဲ့ ခုနက ဟိုလူက မီးလောင်နေတဲ့ ဟာကြီးမပြီး သူ့ ပုံစံက ခုန်ဝင်လာတော့မလိုပဲ ။ ငါတကယ်ကို ရယ်ချင်နေတာ ။ မင်းလုပ်လိုက်တာ တော်တော်ကောင်းတယ် သူတို့ရိက္ခာနဲ့ သူတို့ သွားတော့တာပဲ”
ဟိုဒွန်ဂျင်ရဲ့ရယ်သံထွက်ပေါ်လာတယ် ။
“ဖက်တီးလေး ၊ ခုနက အကိုကြီးက မင်းနဲ့ ဘယ်လိုပတ် သက်လဲ ၊ မင်းဆရာလား”
ချန်ရှန် ဇုရွန်နောက် လိုက်ရင်း မေးလိုက်တယ် ။ ဒီလိုလူမျိုး ကို ဆရာအဖြစ် ရရှိခြင်းဟာ တော်တော် ကောင်းတဲ့အရာပါပဲ ။
“သူက ငါ့ ဦးလေး ၊ ဒါနဲ့ စကားမစပ် မင်းလည်း ဆေးပညာ ကို တော်တော် သိနေတာပဲ အဲဒါတောင် မင်းက ခရမ်းရောင် အသီး ကို ဒီတိုင်းစားပြီး ဖြုန်းတီးတယ် ။ အရူးလား ၊ မင်းက ကြွား ချင်လို့ လုပ်တာလား”
ဇုရွန် ချန်ရှန် အသီးစားတာကို ပြန်စဉ်းစားမိပြီး နှမြောနေ လျက်ရှိပါတယ် ။
ချန်ရှန်ကလည်း ခပ်လှောင်လှောင်ပင် -
“ခင်ဗျားက သစ္စာမရှိတဲ့ ဖက်တီးပဲ ၊ စစတုန်းက ခင်ဗျား ကျွန် တော့အသီးကို ကျောက် ၁၀ လုံးနဲ့ ဝယ်ချင်တယ် ။ ခုနက ပဲ သူများတွေ ရောင်းနေတာ မေးခဲ့တာ အလုံး ၃၀၀ တဲ့ ၊ ခင်ဗျား က အလုံး ၂၀၀ နဲ့ ကျွန်တော့ဆီက ဝယ်သွားတယ် ။ ကျွန်တော့ ကို လိမ်တာပဲဗျာ”
“ဒါက မင်း လက်ခံတယ့်ဈေးပဲလေ ၊ ငါမင်းကို ဖိအားပေးခဲ့ တာမှ မဟုတ်တာ”
ဇုရွန်လည်းနှုတ်ခမ်းများကို ကွေးကာပြန်ပြောလိုက်ပါ တော့ တယ် . . . ။
Chapter – 78
#သိုင်းပညာခြံဝန်းသုံးထောင်
“မင်းမှာ ညီမ ရှိလား ၊ သူတို့ကော မင်းလိုပဲ စွမ်းကြလားကွ ။ ငါနဲ့ လဲ မိတ်ဆက်ပေးပါဦး”
ဇုရွန် စပ်ဖြဲဖြဲ နဲ့ မေးပါတယ် ။ သူ၏ မျက်လုံးများဟာလည်း အရောင်တောက်လျက်ပါပဲ ။
“ခင်ဗျား ညီမသာ သွားဖွန်ကြောင်တော့ ၊ ကျွန်တော့မှာ ညီမ ရှိရင်တောင်မှ ခင်ဗျားနဲ့ မိတ်ဆက်ပေးမနေဘူး”
ချန်ရှန် က အထင်သေးဟန် ဖြင့် ပြောလိုက်တယ် ။ ယခု သူ ဂိုဏ်းထဲ ဝင်ရောက်နိုင်ခဲ့ပြီ ၊ သူ၏ မွေးစားညီမဖြစ်တဲ့ လန်ယုလန် ကို ရှာချင်နေပါတယ် ။ သူဟာ ယခု သူမ မွေးစားအကို ဖြစ်နေပြီ ဖြစ်ပြီး အကိုတစ်ယောက်အနေနဲ့ သူမကို ဂရုစိုက်မှုများ ပေးချင်မိပါတယ် ။
ဇုရွန် ခပ်တိုးတိုး လေသံနဲ့ -
“ငါ့ကို ဒီလိုမကြည့်စမ်းပါနဲ့ ၊ ဒီစမ်းသပ်မှုကို လာတဲ့ မိန်းကလေးတွေ အများကြီး ငါ့ကို ယုံကြည်ကြတယ် ။ ဒီက ဖေဖေကြီး က ဇုမျိုးနွယ်ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ သခင်လေးဖြစ်ပြီး ဂိုဏ်းရဲ့ အတွင်းစည်း တပည့်ရင်းလဲ ဖြစ်တယ်ကွ”
ချန်ရှန် တော်တော် အံ့သြမိသွားတယ် ။ ဇုရွန် က အတွင်းစည်းတပည့် ဆိုပါလား ။ သူကြားဖူးတာတော့ အနည်းဆုံး အဆင့် ၁၀ ရှိတယ့် တချို့ သော သူများသာ အတွင်း စည်း တပည့် ဖြစ်နိုင်တယ် ဆိုတာပါပဲ ။
“အကိုတော် ဇု ၊ လွန်ခဲ့တဲ့ လအနည်းငယ်က ဆံပင်အဖြူနဲ့ ကောင်မလေး တစ်ယောက် ဒီဂိုဏ်းကို ဝင်ခွင့်လာတောင်း တာ ကြားမိသေးလား”
ချန်ရှန် မေးလိုက်ပါတယ် ။
“ငါမှတ်မိတာပေါ့ ၊ ငါ သူမကို ဘယ်တော့မှ မေ့မှာ မဟုတ် ဘူး ။”
ဇုရွန် က ချက်ချင်း ပြန်ပြောပါတယ် ။ သူ၏ ပုံစံမှာလဲ အလောတကြီး အမူအရာဖြင့် -
“ဒီကောင်မလေး က သာမန်တော့ မဟုတ်ဘူး ။ သူ့မှာ မီးနဲ့ ရေခဲ ဝိဉာဉ်တော် သွေးကြော ၂ မျိုးရှိတယ် ။ ဒီသွေးကြောတွေက အတွင်းအားတွေကလည်း တော်တော် ကို ကောင်းမွန်ပါပေတယ် ။ ဒါတင်မက ဒီသွေးကြောတွေ က ကောင်းကင်ဘုံ သွေးကြောတွေလိုပဲ၊သူမက ဂိုဏ်းထဲဝင်ချင်တာ ဒါပေမယ့် လူတချို့က အဝေးကို ခေါ်သွားတယ်”
“ဘယ်လို”
ချန်ရှန် တော်တော် အံ့သြသွားတယ် ။ လန်ယုလန်မှာ ဒီလို ကောင်းကင်ဘုံ သွေးကြောတွေ ရှိမယ်လို့ မထင်မိပါဘူး ။ ဒါတင် မက တခြားဂိုဏ်းက ခေါ်ဆောင်သွားကြပုံပါပဲ ။ ဒီဂိုဏ်းကသာ မိစ္ဆာဂိုဏ်း ဖြစ်နေပါက သိပ်မကောင်းလှပါချေ ။
“စိတ်ထိန်းပါ ၊ သူမကို ခေါ်သွားတာက ရေခဲလေတောင် ကြား က လူတွေပါ ။ ဒီနေရာက သူမနဲ့ သင့်တော်ပါတယ် ၊ သူမ က မင်းရဲ့ တဖတ်သတ်ကြိတ်ချစ်ရတယ့် လူတော့ မဟုတ်ဘူး မလား ။ မင်းပုံစံနဲ့ သူမရဲ့ ဖိနပ်ကို တိုက်ပေးဖို့တောင် မတန်ဘူး”
ဇုရွန် ချန်ရှန်ကို အထင်သေးဟန်ကြည့်ပြီး ပြောဆိုပါတယ် ။ ထိုကောင်မလေး အပြင်လောကက လာတယ်ဆိုတာလောက်ပဲ သူသိတာပါ ။
ချန်ရှန် သက်ပြင်းချပြီး ပြောလိုက်တယ် ။
“သူမက ငါ့ ညီမပါ ။ သွေးသောက် ညီမ”
“မင်းနောက်နေတာလား ၊ မင်းလိုပုံစံနဲ့ ဘယ်သူက သွေးသောက်ညီမအဖြစ် လက်ခံမှာလဲ ။ သူမက မင်းညီမ ဆို ကောင်း ကင်ဘုံ နတ်လက်နက် အင်ပါယာက ရွှီရှန်းရှန်းက ငါ့ညီမပေါ့”
ဇုရွန် ကျယ်လောင်စွာ အော်ပြောလိုက်ပါတယ် ။ ဒီအချက် ကို သူ လက်မခံနိုင်ပုံပါပဲ ။
ချန်ရှန် ဟာ ရွှီရှန်းရှန် း ဒီလောက် ကျော်ကြားနေမယ်လို့ မထင်မိပါဘူး ။ သက်ပြင်းချမိကာ ထပ်မံပြောလိုက်ပြန်တယ် ။
“ရွှီရှန်းရှန်း က ကျွန်တော့ သတို့သမီးလောင်း”
“ငိုးးမတား ၊ ဒီမျိုးမစစ်ကောင်လေးကတော့ ဟာသတွေပဲ လုပ်နေတော့တာပဲ ။ မင်းဘာပြောလဲဆိုတာကို မင်း ဂရုစိုက်သင့် တယ် ။ ဒီကောင်မလေးကို ကြိတ်ကြိုက်နေတယ့် ကောင်တွေက မင်းကို လာရိုက်လိမ့်မယ် ။ ဒါကြောင့် ငါ့လာနောက်မနေနဲ့တော့ ၊ ရွှီရှန်းရှန်းနဲ့ လန်ယုလန် တို့ဟာ မျိုးဆက်သစ်တွေထဲမှာ စွမ်းအား အကြီးဆုံး မိန်းကလေးတွေ လို့ အသိအမှတ်ပြုခြင်းခံထားကြရတာ ။ ငါတို့နှလုံးသားထဲမှာ သူမတို့ဟာ ဒဏ္ဍာရီလာ နတ်သမီး လေးတွေပဲ ။ သူတို့ကို မင်းနောက်တစ်ခါ စော်ကားမော်ကား လုပ်ရင် ငါမင်းကို ရိုက်ရလိ့်မ်မယ်”
ဇုရွန်က ဒေါသတကြီး ပြောတယ် ။
ချန်ရှန် လဲ ခေါင်းကိုသာ ခါပြီး သက်ပြင်းချကာ စိတ်ထဲမှာ ပြောနေမိတယ် ။
“ယုလန် က တကယ်ပဲ င့ါညီမ ဖြစ်ပြီး ရှန်းရှန်း ကလည်း ငါ့ သတိုးသမီးလောင်း ဆိုတာ အမှန်ပါပဲ”
သူတို့ ၂ ယောက် ကြီးမားလှတဲ့ ဝင်း ကြီး တစ်ခုထဲ ဝင်ခဲ့ ကြတယ် ။ ခြံဝင်းထဲမှာတော့ များစွာသော လူတွေဟာ တစ် ယောက်နဲ့ တစ်ယောက် သိုင်းပညာဖလှယ်နေကြတယ် ။ သူတို့ ဟာ ချီဓာတ်များကို ထုတ်လွှတ်ခြင်းမရှိပဲ သာမန်လိုပင် တိုက်ခိုက်ကြတာပါ ။ ဒါပေမယ့် သူတို့ တိုက်ခိုက်မှုများဟာ သာမန်ထက်တော့ ပြင်းထန်ကြပါတယ် ။
“ဒါကတော့ ၃၃၀ မြောက် သိုင်းပညာ ခြံဝင်း ဖြစ်တယ် ။ ဂဏန်းသေးလေ စွမ်းအင်ကြီးလေပဲ ။ ဒီ ၃၃၀ ခြံဝင်းက အပြင် စည်းမှာ စွမ်းအားအကြီးဆုံးလေ မင်းဟာ ဖန်လိယန် ကို နိုင် တဲ့အတွက် ဒီနေရာက မင်းနဲ့ အသင့်တော်ဆုံး ဖြစ်မှာပါ”
ဇုရွန် က ပြောပြပါတယ် ။
ခြံဝင်းထဲ ရှိတဲ့လူတိုင်း ရုတ်တရက် တိတ်ဆိတ်သွားတယ် ။ အဘယ်ကြောင့်ဆိုသော် ဖန်လိယန် ရှုံးသွားတဲ့ အကြောင်းကို ကြားလိုက်ရလို့ပါပဲ ။ ဖန်လိယန် ဆိုတာ ၁၃ ယောက်မြောက် အပြင်စည်းတပည့်တစ်ယောက်ဖြစ်ပြီး ယခုမှလာတယ့်လူကို ရှုံးသွားသတဲ့ ။ ဒီသတင်းဟာ အပြင်စည်းဂိုဏ်းထဲမှာ တော်တော် ဂယက်ရိုက်နေပါတယ် ။
လူတိုင်း ချန်ရှန်ကို သေချာကြည့်နေကြပါတယ် ။ ဒီမှာ ရှိတဲ့ လူတိုင်းဟာ ကျန်းမာသန်စွမ်းကြပြီး အသက်အငယ်ဆုံးဟာ ၂၀ လောက်ဖြစ်ပြီး အသက်အကြီးဆုံးကတော့ ၅၀ ၆၀ အရွယ်တွေ ပဲ ဖြစ်ကြတယ် ။ စုစုပေါင်းအားဖြင့် လူ ၅၀ ရှိပြီး အပြင်စည်းဂိုဏ်း မှာ စွမ်းအားအကြီးဆုံးပဲ ဖြစ်ပါတယ် ။ တနည်းအားဖြင့် အပြင်စည်းရဲ့ စွမ်းအားအကြီးဆုံး နောက်လိုက်တပည့်များဟာ ဒီ နေရာမှာပါပဲ ။
“ဦးလေး ဇန် ၊ ဒီကောင့်ကို ဦးလေးကို လွှဲပေးပါတယ်”
ဇုရွန် လူကြီးတစ်ယောက်ကို ပြောလိုက်တာပါ ။
ဇုရွန် ဆိုတာ လူကသာ အသားလုံးကြီး တစ်လုံးလို ဖြစ်နေ သော်လည်း အတွင်းစည်း တပည့်ရင်းဖြစ်နေပါတယ် ။ ဒီက စွမ်းအားအကြီးဆုံး အပြင်စည်း က လူများဟာ သူ့ကို မြင်တဲ့ အခါ အရိုအသေ အပြည့်ရှိကြရတယ် ။
“ညီတော်လေး ချန် ၊ အတွင်းစည်း ကို စောစော ဝင်နိုင်ဖို့ ကြိုးစားပါ ။ အပြင်စည်းမှာ သေမနေနဲ့ဦး”
ဇုရွန် ချန်ရှန် ပခုံးကို ပုတ်ပြီး ထွက်သွားပါတော့တယ် ။
ဒီက လူတွေဟာ ချန်ရှန် နှင့် ဇုရွန်တို့ ရဲ့ ပြေလည်သော ဆက်ဆံရေးကို မြင်တဲ့အခါ နည်းနည်းတော့ ရှိန်သွားကြပါတယ်။ ချန်ရှန် ဘယ်က လာတယ်ဆိုတာကို ခန့်မှန်းဖို့ ကြိုးစားနေကြပါတော့တယ် ။
“ကောင်လေး ချန်ရှန် ၊ မင်း ဖန်လိယန်ကို နိုင်သွားတဲ့ အကြောင်း ကြားတယ် ။ ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့နော်”
ဇန် လူကြီး က ပြောပါတယ် ။
ချန်ရှန် လည်း သူ့နောက် လိုက်သွားတယ် ။ ဒီ အပြင်စည်း တပည့်တွေ ကို ကျော်သွားတဲ့အခါမှတော့ ၎င်းတို့တီးတိုးပြော ဆို နေသံများကို စတင် ကြားလိုက်ရပါတော့တယ် ။
ဇန် လူကြီး နာမည်ဟာ ဇန်ဒီ ပါ ။ သူဟာ အသက် ၇၀ ရှိပြီ ဖြစ်ပြီး အဆင့် ၁၀ သိုင်းပညာရှင် တစ်ယောက်ပါပဲ ။ ဒါပေမယ့် အတွင်းစည်းတော့ မဝင်နိုင်ခဲ့ပါဘူး ။ ဘာကြောင့်လဲဆိုတော့ သူ ဟာ ဒီဂိုဏ်းမှာ ရှိနေတာ ကြာပြီဖြစ်ပြီး သူ့အချိန်တော်တော် များ များကို ဒီခြံဝန်းရဲ့ ခေါင်းဆောင်အနေနဲ့ပဲ ဖြတ်သန်းခဲ့တာပါ ။ တနည်းအားဖြင့် ဒီ အမှတ် ၃၃၀ ခြံဝင်းရဲ့ စွမ်းအားအကြီးဆုံးလူ ကြီးဆိုရင်လဲ မမှားပါဘူး ။
ဇန်ဒီဟာ တော်တော် သဘောကောင်းတဲ့ လူကြီးပါ ။ သူ၏ မျက်နာမှာ အမြဲတမ်း ချိုသာတဲ့ အပြုံးတစ်ခုကို တွေ့နိုင်ပါတယ်။ တခြားလူများအပေါ်လဲ သမာသမတ်ရှိတာကြောင့် ချန်ရှန်ဟာ သူ့ကို တော်တော် သဘောကျမိနေတယ် ။
“ဦးလေး ဇန် ၊ အတွင်းစည်းခြံဝန်းထဲ ဝင်ဖို့ တော်တော်ပဲ ခက် ခဲတာလား”
ချန်ရှန် မေးလိုက်ပါတယ် ။
“ခက်ခဲတယ် ၊ ခက်ခဲတာကတော့ နတ်ပြည်ကို တက်ဖို့ ကြိုး စားနေသလိုပဲ ။ ငါအဆင့် ၁၀ ရောက်တာ ၁၅ နှစ်ကျော်ပြီ ၊ လျှောက်ထားမှု ၁၅ ကြိမ် လုပ်ခဲ့တယ် ။ ဒါပေမယ့် လျှောက်ထားမှု အားလုံး ငါဘယ်တော့မှ မအောင်မြင်ခဲ့ဘူး”
ဇန်ဒီ သက်ပြင်းရှည်ကြီး ကို ချပြီး ပြောလိုက်တယ် ။ ထိုနောက် ချန်ရှန်အား အိတ်တစ်ခုကို ပေးလိုက်ပါတယ် ။
“ဒါက ဂိုဏ်းရဲ့ ယူနီဖောင်း ၊ စီစစ်ရေးကတ် ၊ တခြား လိုအပ် တဲ့ပစ္စည်း နဲ့ ဂိုဏ်းအကြောင်းရယ် ဒီလောက အကြောင်းတွေ ရေးထားတဲ့ စာအုပ်တွေပဲ”
အတွင်းစည်း ဂိုဏ်းကို ဝင်ရောက်ရန် စစ်ဆေးမှု ကို အောင် ရမှာ ဖြစ်တယ် ။ ချန်ရှန် အရင်က ကြားဖူးခဲ့တဲ့အတိုင်း အဆင့် ၁၀ ရှိတဲ့လူဟာ အတွင်းစည်း ဝင်ရောက်နိုင်တယ်ဆိုတာ မှားယွင်း ခဲ့ ပါတယ် ။ ဒီဂိုဏ်းဟာ တော်တော်ပဲ စည်းကမ်းတင်းကြပ်ပုံပါ”
ချန်ရှန် ဇန်ဒီ နောက်သို့ အတော်ကြာ လိုက်သွားပြီးနောက် မှာတော့ အိမ်ကို ရောက်ပါပြီ ။ ဒါဟာ နားခိုရာငယ်လေးတစ်ခု ဖြစ်ပြီး လူတစ်ယောက်အတွက်သာ သင့်တော်သော်လည်း ချန် ရှန် အရမ်း ကျေနပ်မိပါတယ် ။
“ကောင်လေး ၊ ဒါကတော့ လူ ၅၀ ပဲရှိတယ့် စွမ်းအားအကြီး ဆုံး အပြင်စည်း ဂိုဏ်းပဲ ။ မင်းရဲ့ နေရာကို မင်းသေချာ ထိန်းသိမ်း တန်ဖိုးထားပါ ။ ခုငါသွားတော့မယ် မင်း ဒီပတ်ဝန်းကျင်နဲ့ အသား ကျအောင် အရင် လုပ်လိုက်ပါဦး”
ဇန်ဒီ ထွက်သွားပြီးနောက် ချန်ရှန်လည်း စာအုပ်များအား ဖတ်ကာ ဂိုဏ်းအကြောင်း ပိုမို နားလည်လာပါတယ် ။
“အဓိက စစ်မှန်တဲ့ ဂိုဏ်းကြီး ၈ ပိုင်းကိုတော့ အောက်ပါ အ တိုင်း ခွဲခြားထားပါတယ် ။
၁ ။ ပြင်းထန်သောသိုင်းပညာဂိုဏ်း
၂ ။ ကောင်းကင်ဘုံနတ်လက်နက်အင်ပါယာ
၃ ။ ဒန်ရှန်တောင်ယွမ်
၄ ။ ရေခဲလေတောင်ကြားဂိုဏ်း
၅ ။ သားရဲသိုင်းပညာဂိုဏ်း
၆ ။ အတုမရှိဓားဂိုဏ်း
၇ ။ စစ်မှန်သော သိုင်းပညာဂိုဏ်း နဲ့
၈ ။ ကြာပန်းကျွန်း ဂိုဏ်း တို့ပဲ ဖြစ်ကြတယ်”
“မိစ္ဆာဂိုဏ်း ၅ ခု ကိုတော့ အောက်ပါ အတိုင်း ပိုင်းခြားထားပါ တယ် ။
၁ ။ နတ်ဆိုးယန်ဂိုဏ်း
၂ ။ မြွေအနန္တ ဂိုဏ်း
၃ ။ သွေးသန့်စင်ဂိုဏ်း
၄ ။ အဆိပ် ၁၀၀ ဂိုဏ်းနဲ့
၅ ။ အရိုးကူးဂိုဏ်း တို့ ဖြစ်ကြတယ် ။”
“အဓိက ဂိုဏ်းကြီးတိုင်းဟာ စီရင်စု တစ်ခုကို ကွပ်ကဲတယ်။ မိစ္ဆာဂိုဏ်းတွေကတော့ တနေရာထဲမှာပဲ စုပြီး ကြီးမားတဲ့ စီရင်စု ကြီး လုပ်ထားကြတယ် ။ ချန်ဝူ ၉ စီရင်စုလို့ ခေါ်တယ်”
ချန်ရှန် ဟာ မိတ်ဆက် စာအုပ်များကို ဖတ်နေတယ် ။ စုမေးယို နဲ့ ဘိုင်ယုယုတို့က သူ့ကို ကမ္ဘာကြီး အကြောင်း တစ်ခါ ပြောပြဖူးပေမယ့် စာအုပ်ထဲ ရေးထားတာလောက် အသေးစိတ် မကျလှပါဘူး ။
ဒါကို ဖတ်ပြီးနော် ချန်ရှန် နည်းနည်း ကြေကွဲသွားတယ် ။
“ဒါက ချန်ဝူ က တိုက်တစ်ခုသာပဲ ၊ အပြင်ဖက်မှာ တခြား တိုက်ကြီးတွေ အများကြီး ရှိသေးတာပဲ”
“ဒါက အဆုံးမဟုတ်သေးဘူး ။ လောကတွေထဲမှာတောင် ငါတို့ဟာ အနိမ့်ဆုံးအဆင့် လောကဖြစ်တဲ့ မော်တယ် သိုင်းလော က မှာ နေထိုင်နေကြတာပဲ ။ လူဦးရေကလဲ သိန်းပေါင်းများစွာ ရှိ တယ် ။ များစွာသော မရေတွက်နိုင်တဲ့ နယ်မြေတွေလဲ ရှိကြ တယ် ။”
ဘိုင်ယုယု က အထင်သေးဟန်ဖြင့် ပြောပါတယ် ။
“မော်တယ် သိုင်းလောက ရဲ့ အထက်မှာ ကောင်းကင်ဘုံ သိုင်းလောက ရှိတယ် ။ အဲဒိမှာတော့ လူ အနည်းငယ်သာရှိကြ တယ် ။ အဲဒိနေရာမှာ ရှိတယ့် သိုင်းပညာရှင်တွေရဲ့ သက်တမ်း ဟာ လဲ မခန့်မှန်းနိုင်လောက်ဘူး ။ စွမ်းအားဆိုတာလည်း ကြီး ချက်ပဲ”
စုမေးယို က ဖြည့်စွက် ပြောကြားပါတယ် ။
ချန်ရှန် တံတွေးမျိုချမိနေရင်း သူဟာ ကြီးမားတဲ့ ကမ္ဘာကြီး ထဲက သဲပွင့်လေးတစ်ပွင့်လို ရုတ်တရက် ခံစားမိလိုက်ပါတယ် ။
ခေါင်း ကို ခါယမ်းလိုက်ပြီး နောက် -
“ပြင်းထန်တဲ့ သိုင်းပညာဂိုဏ်းမှာ စုစု ပေါင်း ခြံဝင်း ၃၀၀၀ ရှိတယ် ။ ၃၃၀ ကနေ ၃၀၀၀ ထိဟာ အပြင်စည်းသိုင်းပညာ ခြံဝန်း များ ဖြစ်ပြီး ၁၆ မှ ၃၂၉ ဟာ အတွင်းစည်း သိုင်းပညာ ခြံဝန်းများ ဖြစ်ကြပါတယ် ။ ၁ မှ ၁၅ ကတော့ ခေါင်းဆောင်များ၏ ခြံဝန်းများ ဖြစ်ကြပြီး ၎င်းတို့ဟာ ဒီဂိုဏ်းရဲ့ စွမ်းအား အကြီးဆုံး လူတွေပါ ။ ဒီ ခြံဝန်း ၃၀၀၀ ရဲ့ အထက်မှာတော့ (ဝ) အမှတ် ခြံဝန်း ရှိကာ သက်ကြီးဝါကြီးဆရာကြီးများ နေထိုင်ကြတာဖြစ်ပြီး ဒီအထဲမှ လူတွေဟာ အသက် ထောင်ကျော်ရှိ လူကြီးတွေပါ ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ ဒီ 0 အမှတ် ခြံဝန်းရဲ့ အကြီးအမှူးပါပဲ”
ချန်ရှန် လည်း ဂိုဏ်းအကြောင်း မိတ်ဆက်စာအုပ်ကို ဆက် ဖတ်နေပါတော့တယ် . . . ။
Chapter – 79
#အပြင်စည်းခြံဝန်း
များစွာသော အပြင်စည်း တပည့်တွေဟာ အတွင်း စည်း တ ပည့်ရင်းတွေကို ဦးညွတ်ရပါတယ် ။ ခေါင်းဆောင် နောက်လိုက် တွေဟာ လက်ချိုးရေလို့ရပါတယ် ။ အတိအကျအားဖြင့် ဒီ သိုင်း ပညာခြံဝန်းကြီးထဲမှာ ခေါင်းဆောင် ၁၆ ယောက်သာ ရှိတာပါ ။
အားလုံးသော ခေါင်းဆောင်များဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် အထက်က လူတွေချည်း ဖြစ်ပါတော့တယ် ။
“မင်းမှာ စွမ်းအား လုံလုံလောက်လောက်ရှိရင် ခေါင်းဆောင် သက်ကြီးဝါကြီး ခြံဝန်းထဲတောင် ဝင်နိုင်မယ် ။ ဒါတင်မက ဂိုဏ်း ချုပ်နေရာတောင် နေနိုင်ဦးမယ် ။ တကယ်လို့ မင်းသာ သူ့ကို ရှုံးအောင် လုပ်နိုင်ရင်ပေါ့”
ဒါကိုကြားရခြင်းဟာ သုည ခြံဝန်းက ဂိုဏ်းချုပ်နေရာကို စိတ် ကူးယဉ်မိစေပါတယ် ။ ဒါဟာ စိတ်ကူးသာယဉ်လို့ရမှာပါ ။ ဒီ ဂိုဏ်းချုပ်တွေဆိုတာ နှစ်ရာထောင်ချီ နေထိုင်ခဲ့ပြီး ဒဏ္ဍာရီထဲက ဘီလူးကြီးတွေလိုပါပဲ ။
“သုည ခြံဝန်းရဲ့ ဂိုဏ်းချုပ်ရာထူးဟာ ရရှိဖို့ တော်တော်ကြီး ကို ခက်ခဲတယ် ။ ဒါပေမယ့် ဆေးပညာခြံဝန်းရဲ့ ဂိုဏ်းချုပ်နေရာ ကတော့ အာ့လောက်မခက်ခဲပေဘူး”
စုမေးယိုက ရယ်ပြီး ပြောဆိုပါတယ် ။
ဒီ ဆေးပညာခြံဝန်း ဆိုတာက ဒီ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဆေးများပြုလုပ်ပေးရတာပါ ။ ခြံဝန်း တစ်ခုသာ ရှိသော်လည်း ထိုအထဲမှာ ခြံဝန်းအသေး ၈ ခု ပြန်ခွဲထားကာ ဆေးပညာရှင်များ နေထိုင်ကြပါတယ် ။
“အဆင့် ၂ ဆေးပညာရှင်တောင် ဒီ ဆေးပညာခြံဝန်းကို ဝင် ရောက်နိုင်တယ် တဲ့ ၊ ခု အဆင့် ဘယ်နဆင့် ရှိလဲ ကြည့်ချင် လာ ပြီ”
ချန်ရှန် စာရင်းတစ်ခုကို ကြည့်လိုက်တဲ့အခါ ပထမအဆင့် ဆေးပညာရှင်ဟာ အမျိုးအစားမတူတဲ့ အလယ်လတ်အဆင့် ဆေး ၃ မျိုးကို ပြုလုပ်နိုင်ရမည် ဆိုတာကို တွေ့လိုက်ပါတယ် ။
ဒုတိယအဆင့်ကတော့ အဆင့်မြင့်ဆေး ၃ မျိုး နဲ့ အနိမ့်စား ဝိဉာဉ်တော်အဆင့် ဆေး တစ်မျိုးကို ပြုလုပ်နိုင်ရမည် ဖြစ်ပါ တယ်။ တတိယအဆင့် ကတော့ တကယ်ကို ခက်ခဲသွားပါပြီ ။ အလယ်အလတ်တန်းစား ဝိဉာဉ်တော်ဆေး ၃ မျိုးပြုလုပ်နိုင်မှ သာလျှင် အဆင့် ၃ လို့ သတ်မှတ်မှာ ဖြစ်ပါတော့တယ် ။
ယခု ချန်ရှန်ဟာ အဆင့် ၂ ဆေးပညာရှင်သာ ဖြစ်ပြီး အဆင့် ၉ ကတော့ အမြင့်ဆုံးပင် ဖြစ်ပါတယ် ။ အဲဒိအထက်မှာတော့ ဆေးအကျော်အမော် ၊ ဆေး ထိပ်ခေါင် နဲ့ ဆေးဘုရင် တို့ ရှိနေကြ တာပဲ ဖြစ်ပါတယ် ။
ချန်ရှန် စုမေးယိုပြောတာကို အမှတ်ရသွားမိတယ် ။ သူမ ဟာ ဆေးထိပ်ခေါင် တစ်ယောက်သာဖြစ်ပြီး ကောင်း ကင်အ ဆင့် ဆေးတွေ လုပ်နိုင်တယ်လို့ ပြောဖူးပါတယ် ။
နောက်ဆုံးမှာတော့ ချန်ရှန် လက်နက်ပြုလုပ်ခြင်း ကဏ္ဍ ကို ကြည့်လိုက်ပါတယ် ။ ပြုလုပ်သူတွေဟာ ဒီဂိုဏ်းမှာ တော်တော် ရှားပါတယ် ။ တော်တော်လဲ ခက်ခဲလို့ပါ ။ ကောင်းကင်ဘုံ နတ် လက်နက်အင်ပါယာမှာသာ ဒီလို လက်နက်လုပ်တဲ့အတတ်ဟာ အများဆုံးရှိတာပါ ။ အင်အားအကြီးဆုံး ဆေးအဖွဲ့အစည်းကတော့ ဒန်ရှန်တောင်ယွမ် ပါ ။ အဓိကအားဖြင့် ဒီ ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ စွမ်းအားကတော့ အကြီးဆုံးပါပဲ ။
လန်ယုလန် ဟာ ရေခဲလေ တောင်ကြားဂိုဏ်းကို သွားတာ ဖြစ်ပြီး ဒီဂိုဏ်းဟာ ယန် နဲ့ ယန် ကိုသာ အပြင်းအထန် လေ့ကျင့် ကြတာပါ ။ နောက်လိုက်တပည့်လဲ အနည်းငယ်သာ ရှိပါတယ် ။ ဒါပေမယ့် ၎င်းတို့ရဲ့ စွမ်းအားကလည်း မသေးလှပါ ။ သူတို့၏ စစ် မှန်သော ချီဓာတ်များဟာ အားအလွန် ကောင်းလှပြီး ခြုံကြည့် မယ်ဆိုပါက တော်တော်လေး အင်အားကြီးပါတယ် ။
အဓိကအားဖြင့် ဂိုဏ်းကြီး ၈ ဂိုဏ်း ရှိသော်လည်း ပြင်းထန် သော သိုင်းပညာဂိုဏ်းဟာ စွမ်းအားအကြီးဆုံးလို့ သတ်မှတ် ထားကြပါတယ် ။
“အမတော် မေးယို ၊ အမတော် ယုယု ၊ အမတော်တို့ကို ဆေးလုပ်ပေးဖို့ ဆေးဆရာကောင်းကောင်းကို ဒီမှာ ဘယ်လိုရှာ ရ မလဲ ၊ ဒီဆေးရရင် အမတော်တို့ ဒဏ်ရာတွေ သက်သာသွား ကြလိမ့်မယ်”
ချန်ရှန် မျက်ခုံးများ မြင့်တက်လျက် ပြောလိုက်တာပါ ။
“သူတို့က အထွတ်အထိပ်အဆင့် ဆေးကို ပြုလုပ်နိုင်လား”
ဘိုင်ယုယု က မေးပါတယ် ။
အထွတ်အထိပ်အဆင့် ဆေး တဲ့လား ၊ ချန်ရှန် သူမ ဘာပြောနေတာလဲဆိုတာကို နားမလည်နိုင်ပါ ။ သူတခါမှ မကြား ဖူးတဲ့ အရာ ဖြစ်နေလို့ပါပဲ ။
“ဒီနေရာက ဘယ်သူမှ မလုပ်နိုင်ဘူးလား”
ချန်ရှန် ပြန်မေးလိုက်တယ် ။
“ငါကြားဖူးသလောက်တော့ ခုထိ သူတို့မှာ ဒီဆေး လုပ်နိုင် တဲ့လူ မရှိသေးဘူး ။ ဒီဆေးဟာ ကောင်းကင်အဆင့်ဆေးလို လုပ်နိုင်တဲ့လူ အလွန် ရှားတယ် ။”
စုမေးယို သက်ပြင်းချရင်း ပြောပါတယ် ။
“ဒါပေမယ့် မင်းကျင့်စဉ်တွေ ကျင့် ဆေးပင်ကောင်းတွေ စု ပြီး လုပ်မယ်ဆိုရင်တော့ ရနိုင်မှာပါ ။ ဘာကြောင့်လဲဆိုတော့ မင်း မှာ နဂါးတံတွေး ကျင့်စဉ် ရှိတယ်လေ”
ချန်ရှန်ဟာ အထိတ်အထိပ်အဆင့် ဆေးကို လုပ်ရမယ်လို့ မမျှော်လင့်ခဲ့ပါဘူး ။ ဘယ်လိုတောင် အဆင့်မြင့်တဲ့ ဆေးဆိုတာ မြင်နိင်ပါတယ် ။
“ပထမဆုံး ၊ ကျွန်တော် အတွင်းစည်း ကို ဝင်ပြီးမှ ဒီအကြောင်း ဆက်ပြောကြတာပေါ့ ။ ကျေနပ်စရာကောင်း လောက်တဲ့ သိုင်းစွမ်းရည်တွေ သင်ချင်သေးတယ်”
ချန်ရှန် ပြောလိုက်တာပါ ။ အဘယ်ကြောင့်ဆိုသော် အပြင် စည်း နောက်လိုက်များဟာ အဆင့်နိမ့် သိမ်မွေ့ အဆင့် သိုင်း ပညာ မျာားကိုသာ သင်ကြားနိုင်တာဖြစ်ပြီး အတွင်းစည်းတပည့် ရင်းများကတော့ အဆင့်မြင့် သိမ်မွေ့အဆင့် သိုင်းပညာရပ်များ နှင့် မြေကြီးအဆင့် သိုင်းပညာရပ်များကို သင်ကြားနိုင်မှာ ဖြစ်ပါ တယ် ။
နှစ်စဉ် ၁၀ လ မြောက်မှာ အတွင်းစည်း လျှောက်လို့ ရပါ တယ် ။ ချန်ရှန် အတွက် အချိန်မီ ရောက်လာတာပါပဲ ။
ချန်ရှန် အမိုးပေါ်တက်ပြီး သူ့ပတ်လည်မှာ ရှိနေတယ့် အဆောက်အဦးများစွာကို ကြည့်နေမိတယ် ။ အတွင်းအကျဆုံး အပိုင်းမှာတော့ စွမ်းအားကြီးလူများဟာ မိုးတိမ်များလို စုဆုံနေ တဲ့ အတွင်းစည်း ခြံဝန်းပါ ။
ဒီဂိုဏ်းမှ ပညာသင်များဟာ ဒီမှာနေရတာ ပျော်ရွှင်ကြပြီး ဂိုဏ်းနောက်လိုက်များဟာ များစွာသော သိုင်းစွမ်းရည်များကို သင်ကြားခြင်း ခံကြရပါတယ် ။ ဂိုဏ်းမှ သက်ကြီးပညာရှင်များကို နောက်လိုက်များအား သင်ကြားပြသပေးစေပြီး များစွာသော လက်နက်များကိုလည်း လေ့ကျင့်ရာမှာ ထောက်ပံ့ပေးထားပါ သေးတယ် ။ နောက်လိုက်တပည့်များအတွက် သိုင်းပညာဖလှယ် ပွဲများလည်း မျှမျှတတ လုပ်ပေးလျက် စွမ်းရည်များအား အကဲ ဖြတ်ပေးကြပါတော့တယ် ။
တခါတရံ ဂိုဏ်းမှ မစ်ရှင် များကို တပည့်များအတွက် လုပ် ပေးလေ့ရှိကြပြီး ဒီမစ်ရှင်များဟာ စီရင်စု ကို တမျိုးတမည် အကာ အကွယ် ပေးလျက်ရှိနေပါတယ် ။
ချန်ရှန်လည်း ဂိုဏ်း၏ ယူနီဖောင်းကို ဝတ်ဆင် လိုက်တယ် ။ ဒီအင်္ကျီဟာ အသားကပ် အမျိုးအစား ဖြစ်ပြီး သာမန်မီးဒဏ်ကို ခံ နိုင်ရည် ရှိပါတယ် ။ သာမန်ဓားဖြင့်လည်း မထိုးဖောက်နိုင်ပါ ။ ဒါတင်မက ဝတ်ဆင်ရာတွင်လည်း ကွက်တိဖြစ်လျက် သက် တောင့်သက်သာရှိရုံတင် မဟုတ်ပဲ ဆောင်းတွင်းတွင် အနွေးဓာတ် ပေးကာ နွေရာသီမှာတော့ အအေးဓာတ်ကို ပေး နိုင်စွမ်းလည်း ရှိပါသေးတယ် ။
ချန်ရှန် ခြံဝန်းအလယ်ကို ရောက်လာတယ် ။ ထိုအလယ် မှာတော့ စင်မြင့်ငယ်လေး တစ်ခု ရှိပါတယ် ။ ထိုစင်မြင့်ပတ်လည် မှာတော့ အဆောက်အချို့ ရှိကာ ထိုအထဲမှာ သင်တန်းသား များ လေ့ကျင့်ရာတွင် သုံးသော လက်နက်များ ထားရှိပါတယ် ။
“လူသစ်လေး ၊ မင်းက အပြင်လောက က လာတာလို့ ကြား တယ် ။ စွမ်းအားလည်း တော်တော်ကြီးပုံပဲ နောက်ပြီး ဖန်လိယန် ကို ပါ စက္ကန့်ပိုင်းအတွင်းမှာ နိုင်သွားတာပဲ”
လူငယ်တစ်ယောက် ရောက်လာပြီး လေးစားတဲ့ လေသံနဲ့ ပြောလိုက်တာပါ ။
ချန်ရှန် ဖတ်ခဲ့တဲ့ စာအုပ်တွေမှာ တွေ့ခဲ့ရတာက ချန်ဝူဟာ တြိဂံ ပုံစံ ရှိနေပြီး အပြင်လောကဟာ ထောင့်တစ်ထောင့် နေရာ မှ ဖြစ်ပါတယ် ။ ဒီထောင့်နဲ့ ဒီ စီရင်စုတွေ နဲ့ကို ကြီးမားလှသော တော်ကြီးက ပိုင်းခြားထားတယ် ။ ချီဓာတ်များဟာလည်း ကျဲပါး ကာ ကျွမ်းကျင်ပညာရှင်များလည်း သိပ်မရှိလှပါဘူး ။
ချန်ရှန် ခပ်ပြုံးပြုံးဖြင့်ပင် ပြောလိုက်တယ် ။
“မှန်ပါတယ် ။ ဒီ လူက ရန်သူကို အထင်သေးလွန်းတယ် ။ အဲ ဒါ သူရှုံးရခြင်း အကြောင်းရင်းပဲ”
လူငယ်ကလည်း ရယ်မောကာဖြင့် -
“အမှန်ပဲဗျ ။ ဒီ ဖန်လိယန် ဆိုတဲ့လူက ဆရာဖြစ်မယ်လို့ သတင်းထွက်ကတည်းက စိတ်ကြီးဝင်နေတော့တာပဲ ။ ကျွန်တော် ဒီလူကို အစောကြီးထဲက ကျွန်တော်ကိုယ်တိုင် သင်ခန်းစာ ပေးချင်တာ”
ဒီလူငယ်ဟာ အသားမည်းမည်းဖြင့် ချန်ရှန်ထက် ခေါင်းတစ် လုံးလောက် အရပ် ပု ပါတယ် ။ သူ့ပုံစံဟာ သိပ်စွမ်းအားပြင်းပုံ မရသော်လည်း လျင်မြန်ဖျတ်လတ်ပုံ ရပါတယ် ။ သူ၏ မျက်လုးံ များဟာ တောက်ပြောင်နေပြီး ဖော်ရွေတဲ့ အပြုံးတစ်ခုကို ပိုင်ဆိုင် ထားပါတယ် ။ ဒါပေမယ် သူ၏ မျက်နာမှာ အနာလိုတွေ ရှိနေခြင်း ကြောင့် တမျိုးတမည် အကြည့်ရ ဆိုးလှပါတယ် ။
“ယန်ရှောင်ဒို ၊ မင်း အသစ်ရောက်လာတဲ့လူကို အနိုင်ကျင့် ဖို့ ထပ်စဉ်းစားနေပြန်ပြီလား”
ခပ်လှမ်းလှမ်းမှ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ပြုံးလျက် ပြောပါတယ် ။
“ချန်ရှန် ၊ မင်းရှေ့မှာ ရပ်နေတယ့် ဂျပုလေးက ခြံဝန်းရဲ့ အား အကြီးဆုံး နောက်လိုက်တပည့်ပဲ ၊ ဒါပေမယ့် သူက ခြံဝန်း ခေါင်းဆောင် မဖြစ်ချင်တဲ့ အတွက် ဇန် လူကြီးမင်းကို စိန်မခေါ်ဘူး”
ယန်ရှောင်ဒို နှာခေါင်းကိုပွတ်ကာ ထိုလူအား ပမာမခန့် ကြည့်လိုက်တယ် ။ ထို့နောက် -
“ကျွန်တော်က သူနဲ့ ပညာဖလှယ်ချင်လို့ ၊ သိုင်းပညာရှင် တွေက အရင်ထဲက ဒီလို ဖလှယ်နေကျပဲကို”
ဒီလေးထောင့်ဆန်ဆန် ဝန်းထဲမှာ လူများစွာ ရှိနေကြပါ တယ် ။ သူတို့အားလုံး၏ နုူးညံ့တဲ့ အပြုံးတွေကို တွေ့ရတယ့်အ ခါ ဒီ ခြံဝန်းဟာ စည်းစည်း လုံးလုံး ရှိပါပေတယ်လို့ တွေးမိပြီး ကျေနပ်သွားမိပါတယ် ။ သူတို့အားလုံးဟာလည်း ဖန်လိယန် ကို ကြည်တဲ့ပုံ မပေါ်ပါဘူး ။
ချန်ရှန် စစ ရောက်ချင်းတုန်းက လေ့ကျင့်နေတယ့်လူများ ဟာ ဆက်မလေ့ကျင့်ကြပဲ ချန်ရှန်ကိုကြည့်ကာ သူ့အကြောင်း ကို တီးတိုးပြောနေကြတာပါ ။ အဓိကအားဖြင့် ဖန်လိယန် ရှုံး သွားတာကို ကျေနပ်နေကြပုံပါပဲ ။
ချန်ရှန်ဟာ ဒီအချိန်မှာ ယန်ရှောင်ဒို အကြောင်း သိခဲ့ရပါ တယ် ။ သူဟာ ဒီကို လွန်ခဲ့တယ့် ၃ နှစ်က ရောက်ခဲ့တာဖြစ်ပြီး အမှတ် ၃၀၀၀ မှာ စနေခဲ့ရတာပါ ။ သူဟာ အရမ်းစွမ်းအားကြီး ပြီး သိုင်းပညာ အဆင့် ၁၀ ရှိတာကြောင့် ဒီနေရာကို ရောက်လာခဲ့ တာပါ ။ ဒါတင်မက သူဟာ စီရင်စုရဲ့ ကျော်ကြားလှသော အထက်တန်းလွှာ ယန် မျိုးနွယ်မှ လာသူတစ်ယောက်လည်း ဖြစ် ပါတော့တယ် ။
ဒီအချိန်မှာပဲ ယန်ရှောင်ဒို ဟာ အရမ်းတွေ တက်ကြွနေဟန် ရှိကာ ချန်ရှန်ကို ကြည့်ရင်း ပြောပါတယ် ။
“အကိုတော် ချန် ၊ ဒီဝန်းထဲမှာ ဇန်လူကြီးကလွဲလို့ အကုန် ကျွန်တော်နဲ့ တိုက်ခိုက်ပြီးပြီ ။ ခင်ဗျားလဲ တိုက်ရမယ်ဗျာ ၊ ရှုံးရှုံး နိုင်နိုင် ကိစ္စ မရှိဘူး ။ ကျွန်တော် ခင်ဗျားကို ချီဓာတ်ဆေး ၅ လုံး ပေးပါမယ် ။”
ဇန်လူကြီးမင်းဆိုတာ ဇန်ဒီကို ပြောတာပါ ။ သူဟာ ဒီဝန်း ခေါင်းဆောင်ပေမယ့်လည်း ဒီကလူအကုန်လုံးက သူ့ကို ဒီလိုပဲ ခေါ်ကြတာပါ ။
ချန်ရှန် တစ်ယောက် ဒီငနဲ တော့ ရန်လိုနေတယ်ဆိုတာ သိ လိုက်ပါတယ် ။ နောက်ပြီး ဒီလူဟာ ဒီဝန်းရဲ့ စွမ်းအားအကြီးဆုံး ဖြစ်ပြီး တနည်းအားဖြင့် အပြင်စည်းဂိုဏ်းမှာ စွမ်းအားအရှိဆုံး နောက်လိုက်ပါပဲ ။
“ရှောင်ဒို ၊ မင်းက အဆင့် ၁၀ လေ ငါက အဆင့် ၉ ပဲ ရှိ သေး တယ် ၊ တော်တော် ကွာတယ်ကွ”
ချန်ရှန် ခေါင်းခါကာ ရယ်ပြီးပြောလိုက်ပါတယ် ။ သူတော် တော်အံ့သြမိတာကတော့ ထိုငနဲလေးဟာ ၁၆ နှစ်သာ ရှိသေးလို့ ပါပဲ ။
ချန်ဝူနယ်မြေကြီးရဲ့ သိုင်းပညာတောအုပ်ထဲမှာ ဒီလို ငယ် ရွယ်ပြီး ပါရမီ ထူးလှတဲ့ ပညာရှင်များကို နေရာတိုင်းမှာ တွေ့နိုင် ပါတယ် ။
“ဒါပေမယ့် ခင်ဗျားက တစ်နှစ် ပိုကြီးတယ်လေ ၊ နောက်ပြီး အကျိုးရှိမှာပါ ။ အေးဆေးပေါ့ ၊ ကျွန်တော် ညှာပါ့မယ် ။ ရှုံးရှုံးနိုင် နိုင်ဗျာ ချီဓာတ်ဆေး ၅ လုံးပေးမှာပဲကို”
ယန်ရှောင်ဒို က ပြောနေတာပါ ။ သူ့ပုံစံက သူနဲ့ မတိုက်ပဲ နေခွင်မပြုဘူးဆိုတဲ့ အစီအစဉ်ရှိနေပုံပဲ ဖြစ်ပါတော့တယ် . . . ။
Chapter – 80
#ပထမအတွင်းစည်းတပည့်
တခြားသိုင်းပညာရှင်များ၏ မျက်လုံးထဲတွင် ချီဓာတ်ဆေး ၅ လုံး ဆိုတာ တကယ်ကို တန်ဖိုးရှိလှပါတယ် ။ ဒါပေမယ့် ချန်ရှန်အား နာရီဝက်သာ အချိန်ပေးပါက သူဒါကို လုပ်ပြနိုင်တာပါ ။ နောက် ပြီး လက်ရှိမှာ သူ ဒဏ်ရာ အနာ တရလည်း မဖြစ်ချင်သေးပါဘူး ။ လာမယ့် အတွင်း စည်း တပည့်အဖြစ် လျှောက်လွှာတင်ရန် ပြင်ဆင်ချင်တာပါ ။
ယန်ရှောင်ဒို က စပ်ဖြဲဖြဲမျက်နာနဲ့ -
“အကိုတော် ချန် ၊ ကျွန်တော့မှာ ညီမတွေ အမတွေ အများ ကြီးရှိတယ် ။ အကုန်လုံးကလည်း အလှတွေချည်းပဲ ၊ ကျွန်တော် နဲ့ ခု တိုက်မယ်ဆိုရင် သူတို့နဲ့ပါ မိတ်ဆက် ပေးဦးမယ်ဗျာ”
ချန်ရှန် လည်း ရယ်မောကာဖြင့် -
“ညီတော်ရေ ။ ငါ့ကို အရူးမလုပ်စမ်းပါနဲ့ကွာ ၊ မင်းမိတ်ဆက် ပေးတာက အရေးမကြီးဘူး ၊ တော်ကြာ ငါသူတို့ကို မနိုင်ဘူးဟ ၊ ဟုတ်ပြီလား”
ရှောင်ဒို လည်း လျာထုတ်ပြပြီး -
“ခင်ဗျားက ကိုယ့်ကိုကိုယ်တော့ တော်တော် ယုံကြည်မှုရှိ တာပဲ ၊ ခင်ဗျားက ဆေးပညာမှာလည်း ဆရာကြီးလို့ ကြားတယ် ၊ ကျွန်တော့ အမရဲ့ ကောင်လေး က လည်း ဆေးဆရာတဲ့ ။ ခင် ဗျားလို ငယ်ရွယ် ၊ စမတ်ကျပြီး ချောမောတယ့် ဆေးပညာရှင် မျိုး ဟာ တော်တော် ရှားတယ်”
“ငိုးမတားလေး ၊ မင်းမြောက်ပင့်နေတာတွေ တော်ပါတော့ ၊ ငါစိတ်မပါတပါနဲ့ပဲ တိုက်ခိုက်ပေးပါ့မယ်ကွာ ။ ဒါပေမယ့် မင်းညီမ တွေ အမတွေကို တခြားလူတွေအတွက် ထားလိုက်ပါ ။ ငါ့မှာက သတို့သမီးလောင်းရှိပြီးသား”
ချန်ရှန် လည်း ပြုံးကာ ပြောလိုက်ပါတယ် ။
ချန်ရှန် စကား ကြားကြတယ့် အခါမှာတော့ တခြားလူများ ဟာ အားပေးကြပါတယ် ။ သူတို့ဟာ ချန်ရှန်၏ စွမ်းအားကို သိချင်ကြတာ ဖြစ်ပြီး ဒီလို တိုက်ပွဲတွေ ကြည့်ရှုခြင်းဖြင့် ပညာများ စွာ ရရှိနိုင်လို့ပဲ ဖြစ်ပါတော့တယ် ။
ရှောင်ဒိုလည်း ဝမ်းသာသွားပုံမှာ ကလေးတစ်ယောက်လို ပါပဲ ။ တကယ်ပဲ ချီဓာတ်ဆေး ငါးလုံးအား ထုတ်ကာ ချန်ရှန်အား ပေးလိုက်တယ် ။ သူဟာ ယန် မျိုးနွယ်ကဖြစ်ရုံသာမက ပါရမီ ရှင် တစ်ယောက်လည်းဖြစ်ကာ ကြွယ်ဝချမ်းသာသောကြောင့် ဆေး ဆိုတာ သူ့အတွက် မရှားပါဘူး ။
“အကိုတော် ချန် ၊ အမှန်တိုင်းပြောရရင် ကျွန်တော့ အမတွေ ကို မိတ်ဆက်ပေးရင်တောင်မှ သူတို့က ခင်ဗျားကို မကြိုက် လောက်ဘူးဗျ ၊ အထက်တန်းလွှာ လေကျယ်တွေလေ”
ရှောင်ဒို ကျန် နောက်လိုက်များဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်ပါတယ် ။ ဟိုလူတွေဟာလည်း သူတို့ အရူးဖြစ်သွား တာကြောင့် ရှူးရှူးရှားရှား ဖြစ်သွားကြပါတယ် ။
ဒီအချိန်မှာပဲ ဇန်ဒီ တစ်ယောက် ပြေးလာကာ အပြုံးလေးနဲ့ ပြောပါတယ် ။
“မင်း နဲ့ လူသစ် တို့ ပြိုင်မှာကို ငါ့ဘာလို့ အသိမပေးတာလဲ ။ ငါ ကြီးကြပ်ပေးမယ် နောက်ပြီး မင်းတို့ကို ငါက ရပ်ဆိုတာနဲ့ ရပ် မယ်နော် ၊ ငါ အတန်းသားအချင်းချင်း ဒဏ်ရာမရစေချင်ဘူး”
ချန်ရှန် နဲ့ ရှောင်ဒို တို့ လေးထောင့်စပ်စပ် မြေရဲ့ အလယ်ကို ရောက်လာကြတယ် ။ ထိုနေရာမှာတော့ ခိုင်ခန့်လှတဲ့အုတ်များ ခင်းထားလျက်ရှိနေတယ် ။ ၎င်းတို့ဟာ ဖျက်ဆီးဖို့မလွယ်ပါဘူး ၊ ဒါကြောင့် ကောင်းကောင်း တိုက်ခိုက်နိုင်ပါတယ် ။
“ရှောင်ဒို ၊ မင်း အတွင်းစည်းအတွက် မပြိုင်ဘူးလား”
ချန်ရှန် မေးလိုက်ပါတယ် ။
“ကျွန်တော် ၃ ကြိမ်လျှောက်ထားပြီးပြီ ၊ ဒါပေမယ့် အကြိမ် တိုင်း ဒုတိယအဆင့်မှာ ပြုတ်တာပဲ ။ ခုတော့ ကျွန်တော်လည်း အဆင့် ၁၀ ရောက်ပြီ ဒီနှစ်တော့ အောင်ကိုအောင်ရမယ်”
ချန်ရှန် ခေါင်းညိမ့်လိုက်ပါတယ် ။ ထို့နောက်မှာတော့ ချန်ရှန် ပုံစံ နည်းနည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ် ။ အဘယ်ကြောင့် ဆိုသော် တမူထူးလှတဲ့ သိုင်းပညာ ချီဓာတ်များကို ရှောင်ဒိုဆီမှ ခံစားမိုလိုက်လို့ပါပဲ ။ ဒီအမျိုးအစား စစ်မှန်သော ချီဓာတ်ဟာ ကြောက်မက်ဖွယ်ခံစားမှုမျိုး တဖက်လူကို ပေးစွမ်း နိုင်ပါတယ် ။ နောက်ပြီး ဒီချီဓာတ်ကို ရှောင်ဒိုဟာ ကောင်းကောင်း ထိန်းချုပ် နိုင်ပုံပါပဲ ။
“ကြည့်ရတာ မီးနဲ့ လျှပ်စီး ချီဓာတ် ဖြစ်မယ် ။ သူ့မှာ မီးလျှပ်စီး သွေးကြောတွေ ရှိပြီး အသွင်ပြောင်းနိုင်ပုံပဲ”
စုမေးယိုက ပြောတာပါ ။
ပြင်းထန်သော သိုင်းပညာဂိုဏ်း ၊ ၃၀၀၀ သော ခြံဝန်း ၊ ၁၀၀၀၀၀ သော နောက်လိုက်တပည့်များ ၊ ဒီလို နေရာကလူများ ဟာ ကောင်းမွန်တဲ့ စွမ်းအားတွေ ရှိကြပါတယ် ။ ချန်ရှန် ဒီ ရောက် ကတည်းက များစွာသော လူငယ် စွမ်းအားပညာရှင်များနဲ့ တွေ့ ဆုံခဲ့ပြီးပါပြီ ။ ယခု သူ့ရှေ့မှာရောက်နေတာဟာလည်း အသက် ၁၆ နှစ်သာရှိသေးသော အဆင့် ၁၀ သိုင်းပညာရှင်တစ်ယောက် ပါ ။ အစွမ်းအထက်ဆုံး အပြင်စည်းရဲ့ နောက်လိုက် စစ်စစ်လည်း ဖြစ်ပါ တော့တယ် ။
“မီးလျှပ်စီးကြိုး ကို ကြည့်လိုက်”
ရှောင်ဒို ကျယ်လောင်စွာ အော်ပြီး သူ့ဆီမှ မီးကဲ့သို့ အနီ ရောင် လျှပ်စီး တစ်ခု ရုတ်တရက် ထွက်လာပါတယ် ။ ကြောက် မက်ဖွယ် အပူ ချီဓာတ် တွေနဲ့အတူ ချန်ရှန် ကိုယ်ကို ရိုက်ခတ်ပါ တော့တယ် ။
မီးလျှပ်စီးဟာ ချန်ရှန်၏ ကိုယ်ကို ထိသွားပြီး ချက်ချင်းပင် ချန်ရှန်အား ချည်နှောင်လိုက်ပါတယ် ။ အရမ်းကို ခိုင်ခန့်လှသော သံကြိုးများလိုပင် ချန်ရှန် လှုပ်တောင် မလှုပ်နိုင်အောင်ကို ဖြစ် သွားပါတယ် ။
“ဟဲဟဲ ၊ အကိုတော်ချန် ၊ ခင်ဗျားတော့ ရှုံးပြီ”
ရှောင်ဒို ရယ်မောကာ ပြောဆိုပါတယ် ။ သူ၏ လက်သီးများ မှာ ကြောက်စရာ မီးလျှပ်စီး ချီအငွေ့တွေ ထပ်ထွက်လာတာကို မြင်လိုက်ရတယ် ။ ချန်ရှန် ဒီ ပြင်းထန်လှတဲ့ ချီအငွေ့တွေကို ခံ စားမိနေပြီး မြေကြီးတောင် တုန်နေသလိုပါပဲ ။
အဆင့် ၁၀ ပညာရှင်ရဲ့ ချီဓာတ်ဟာ ထပ်မံ ကျရောက်လာပါပြီ ။ ဒီလို ဖိနိပ်ကျရောက်လာတဲ့အခါ ချီဓာတ်များရဲ့ အရည်အသွေးကို ကို အဆင့် ၉ ၏ ချီဓာတ်နဲ့ နှိုင်းယှဉ်ပါက ၂ ဆ လောက် ကွာပါပေလိမ့်မယ် ။
ဒါပေမယ့် ရှောင်ဒိုဟာ သူ၏ အားအစစ်အမှန်ကို မသုံးလိုက် ပါဘူး ။ ဒီလိုသာသုံးပါက ပိုမိုပင် ကြောက်စရာကောင်းပေလိမ့်ဦး မည် ဖြစ်ပါတယ် ။
ဒီအချိန်မှာ ချန်ရှန် သူ၏ ချီဓာတ်များကို အာရုံသွင်းကာဖြင့် ချီငွေ့ချိန်းကြိုးကို ဖယ်ထုတ်ဖို့ ကြိုးစားနေပါတယ် ။ ဒီချိန်းကြိုးဖြင့် ချည်ခံရတုန်းက လျှပ်စီးများနဲ့ မီးများဟာ သူ၏ကိုယ်ကို ထိမှန်နေကြပါတယ် ။ တကယ်လို့ သူသာ ထိုက်ကျိကျင့်စဉ်ကို အသုံးပြုပြီး ၎င်းတို့ကို ဖယ်ရှားဖို့ မကြိုးစားခဲ့ပါက သူ့အတွက် နည်းနည်း အန္တရာယ် ရှိနိုင်ပါတယ် ။
ရှောင်ဒို သူ၏ လက်သီးများကို ချန်ရှန်၏ ရင်ဘတ်ဆီသို့ စုံ ပစ်သွင်းကာ လာနေပါပြီ ။ ရောက်ခါနီးမှာပဲ ချန်ရှန်ဟာ ပါးစပ်ကို ဟကာ နဂါးဟောက်သံကြီး ပြုလုပ်လိုက်ပါတယ် ။ များပြားလှသော မိုးပြာချီငွေ့များဟာ ချန်ရှန်၏ပါးစပ်မှ ထွက်လာပါတော့တယ် ။ ကြောက်မက်ဖွယ် လျှပ်စီးများလည်း ပါဝင်ပြီးတော့ ပြင်းထန်လှသော အဟုန်တစ်ခုဟာ ရှောင်ဒိုအား ထိမှန်သွားပါ တော့ တယ် ။
ဒီလိုရုတ်တရက် တိုက်ခိုက်မှုကြောင့် ရှောင်ဒိုလည်း ပေ ၃၀ လောက်အထိ လွင့်ထွက်သွားပါတယ် ။ သူ၏ ဆံပင်များပါ ရှုပ်ပွသွားတာပါ ။
ချန်ရှန် ခေါင်းငုံ့ပြီး အော်လိုက်တဲ့အခါမှာတော့ သူ့ကို ချည် ထားတဲ့ ချိန်းကြိုးဟာ ပြတ်ထွက်သွားပြီး ချီလှိုင်းများဟာ အရပ် မျက်နာမျိုးစုံကို လွင့်ထွက်သွားပါတော့တယ် ။
“အကိုတော်ချန် ၊ ခင်ဗျားက တော်တော် ဉာဏ်ကောင်းတာ ပဲ ၊ ဒီလိုလှည့်စားမှုမျိုး တကယ်ကို လုပ်တတ်ပါပေတယ်”
ရှောင်ဒို မသက်မသာ ပုံစံနဲ့ ကြည့်ပါတယ် ။ တကယ်တော့ သူ့စိတ်ထဲမှာ နည်းနည်းတော့ ရင်ခုန်နေတယ် ။ အဘယ်ကြောင့် ဆိုသော် ချန်ရှန်ဟာ မရှုံးသေးပါဘူး ။
ပတ်ပတ်လည် ကြည့်နေကြတယ့် လူတွေအကုန်လုံး ရှော့ရလျက်ပါပဲ ။ ချန်ရှန်မှာ ဒီလို စွမ်းရည်မျိုး ရှိတယ် ဆိုတာ သူတို့ အတွက် အံ့အားသင့်စရာပါ ။ ချီဓာတ်တွေကို ဒီလို ပါးစပ်က ထုတ်လွှတ် နိုင်တာဟာ တကယ်ကို ကြီးမားအစွမ်းထက်လှတဲ့ စွမ်းရည်မျိုးပါပဲ ။
ချန်ရှန် ၏ စစ်မှန်သောချီဓာတ်ရဲ့ အရည်အသွေးဟာ အဆင့် ၁၀ ထက် ပိုမဆိုးပါဘူး ။ အဘယ်ကြောင့်ဆိုသော် ခုနက ချန်ရှန်ဟာ မိုးပြာနဂါး နှင့် အနီရင့်ငှက် ချီဓာတ်များကို မပေါင်း စပ်လိုက်ရပဲ ချိန်ကြိုးမှ လွတ်မြောက်ရန် တော်တော် ခက်ခဲနေ လို့ပါ ။
“ရှောင်ဒို ၊ ငါမင်းကို အခု တိုက်ပီနော်”
ချန်ရှန် လက်သီး ၂ ဖက်လုံး ဆုပ်ကာ မိုးပြာနဂါး လျှပ်စီး ချီ ဓာတ်များအား လက်သီးများမှာ စီးဆင်းစေလိုက်တယ် ။ တချိန် တည်းမှာပင် အနီရင့်ရောင်ငှက် မီးချီဓာတ်များလည်း ထွက်ပေါ် နေပါတော့တယ် ။
တချိန်တည်း ချန်ရှန်ဟာ မီး လျှပ်စီး ချီဓာတ်များကို အသုံးပြု နေတာပါပဲ ။
ဒီလို မီး နဲ့ လျှပ်စီး ရဲ့ စစ်မှန်သော ချီဓာတ်များကို တချိန်တည်း ၂ မျိုးအသုံးပြုခြင်းကြောင့် ရပ်ကြည့်နေတယ့် လူ တိုင်းဟာ အထူးပင် စိတ်လှုပ်ရှားလျက် ရှိနေကြတယ် ။ သူတို့ အတွက် ကြည့်ရတာ တန်ပြီလေ ။ နောက်ပြီး နည်းနည်းလည်း ထူးဆန်းနေသလို ဖြစ်နေကြပါတယ် ။ အဘယ်ကြောင့်ဆိုသော် သူတို့ သိထားတာက ချန်ရှန်တွင် မီး ဓာတ်သာရှိတယ်လို့ပါ ၊ ယခု တော့ လျှပ်စီးဓာတ်ပါ ထုတ်လွှတ်နိုင်နေတယ်လေ ။
ချန်ရှန် ခြေတလှမ်းတိုးကာ ရှောင်ဒို၏ အရှေ့ကို ရောက် သွားတယ် ။
“ကောင်းကင်ကျားမုန်တိုင်းဖြိုလက်သီး ကို ကြည့်ထား”
ပြောပြီးပြီးချင်းမှာပင် များစွာသော လက်သီးများဟာ ကျားခေါင်းများအဖြစ် ထွက်ပေါ်လာကြပြီး ချီငွေ့များ ထွက်လျက် အရှိန်ပြင်းစွာ လေထဲသို့ ခွင်းလျက်ရှိပါတယ် ။ မြေကြီးများပင် တုန်ကာ လျှပ်စီး အမြောက်များဖြင့် ပစ်နေသလို ရှောင်ဒိုဆီသို့ ပျံသန်းသွားပါတော့တယ် ။ မျက်စိတမှိတ်အတွင်းမှာပင် လက်သီး ချက် ၁၀၀ လောက်ထိုးပြီး ဖြစ်ကာ အချက်တိုင်းမှာ လည်း တောင်ငယ်တစ်လုံးကိုတောင် ပြိုကျသွားစေနိုင်သော ခွန် အားများ ပါဝင်လျက်ပါပဲ ။
“ကောင်းပဗျာ ၊ ဒီခြံဝန်းရဲ့ ဒုတိယနေရာက ခင်ဗျားအတွက် ပါပဲ”
ယန်ရှောင်ဒို အံကြိတ်လျက် ပြောပါတယ် ။ သူ့ကိုယ်မှ ချီငွေ့ များထွက်နေတုန်းပဲ ဖြစ်ကာ ချန်ရှန်၏ လက်သီးချက်များကို ကောင်းကောင်း ကာကွယ်လိုက်ရပုံပါ ။ချန်ရှန်၏ မုန်တိုင်းလို ပြင်းထန်ပြီး မြန်ဆန်လှတဲ့ လက်သီးချက်များကို ရှောင်ဒို တကယ်ကို ကာကွယ်နိုင်တာတော့ ချီးကျူးစရာပါ ။
“ငါ က ပထမနေရာလိုချင်တာ”
ချန်ရှန် လည် း ရယ်မောပြောဆိုတာ ထပ်အော်လိုက်ပြန် တယ် ။
“အဖြူရောင်ကျား နတ် လက်သီး”
လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြီး ရုတ်တရက်ပဲ အမဲလိုက်ခြင်းနဲ့ ဆိုင်သော ချီဓာတ်များဟာ ခြံဝန်းကြီးရဲ့ အလယ်ကို ဖုံးလွှမ်းသွားပါတယ် ။ လူတိုင်းဟာ ထိတ်လန့်ကုန်ပြီး အသည်းနှလုံးတွေပြုတ်ထွက်မတတ်ပါပဲ ။
ချန်ရှန်၏ လက်သီး ရုတ်တရက် ကျားခေါင်းကြီး ၂ ခု အသွင် ကို ပြောင်းလဲသွားတာကို မြင်လိုက်ကြပြီးလူအများဟာ တုန်လှုပ်လျက် ရှိနေကြတယ် ။
“တိမ် ပုံရိပ်”
ယန်ရှောင်ဒို ပုံစံ ခပ်တောင့်တောင့် ဖြစ်သွားကာ လက် ၂ ဖက်ကို ယှက်လျက် မီးလျှပ်စီး ချီငွေ့များ သူ့လက်မှ ထွက်ပေါ် လာ ပါတယ် ။ ၎င်းဟာလည်း ဒီလို ကြီးမားလှတယ့် လက်ယှက် ပုံစံ အဖြစ် ပြောင်းလဲကာ ရှောင်ဒို ရှေ့တွင် ပေါ်လာပါ တော့ တယ် ။
ချန်ရှန်၏ အဖြူရောင်ကျား နတ် လက်သီး ဟာ ရှောင်ဒို ၏ အကာအကွယ်နဲ့ တိုက်မိကာ ကြီးမားလှတဲ့ “ဘုန်းးးးးး” ဟူသော အသံကြီး မြည်ဟည်းကာ ပြင်းထန်လှသော မုန်တိုင်းကြီး တစ် ခု ပြီး တစ်ခု ပတ်ပတ်လည်ကို တိုက်ခတ်သွားပါတော့တယ် ။
ဒီအချိန်မှာ ချန်ရှန်၏ တိုက်ခိုက်ချင်စိတ်ဟာ မြင့်တက် လာပါတယ် ။ ဒီလို ပြိုင်ဖက်ကောင်းနဲ့ တွေ့ရသောကြောင့် ကျေနပ် မိနေတယ် ။ လေထဲကို တချက်ခုန်လိုက်ပြီး ပြန်ဆင်းချလာကာ ပေါက်ကွဲသံများ မြည်ဟည်းလျက် ကြီးမားလှသော မီးပုံဆောင်ခဲ ကြီး ရုတ်တရက်ပေါ်လာတယ် ။ ပေ ၆၀ လောက်ရှိသော မီးခဲကြီး အရှိန်အဟုန်ပြင်းစွာဖြင့် ကျရောက်လာနေပါပြီ ။
ဒါဟာ ချန်ရှန်၏ ပွဲသိမ်းတိုက်ကွက် လိုပါပင် ။ စွမ်းအင်တစ်ခု တည်းရဲ့ ချီဓာတ်တစ်ခုလုံးကို ချီငွေ့များအဖြစ် ပြောင်းလဲကာ ကြီးမားသော အရာကြီးကို ဖန်တီးပြုလုပ်လိုက်တာပဲ ဖြစ်ပါတော့ တယ် . . . ။