Unicode
အပိုင်း - ၉ : ယွန်းကိုလည်း ယွန်းချီအဖြစ်ပဲ မြင်နေမိတယ်။
ယွန်းကို မျက်ဝါးထင်ထင်မြင်ခွင့်ရလိမ့်မယ်လို့ ခန့်ဝေသော် စိတ်ကူးတောင် မယဉ်ဖူးဘူး။ မနက်အစောကြီးကတည်းက သူ နိုးနေခဲ့တယ်။ အရမ်းကို စိတ်လှုပ်ရှားနေတယ်။ ယွန်းကို သူ တွေ့ရတော့မယ်။ အိပ်ယာနိုးနိုးချင်း ဒါက အိပ်မက်လားလို့ သူ့ပါးကိုသူဆွဲညှစ်လိုက်မိသေးတယ်။ ဒါပေမဲ့မဟုတ်ဘူး။ ဒါက တကယ်ပဲ။ သူ တကယ်ကြီးယွန်းကို တွေ့ရတော့မှာ!
သူနိုးနေပြီလို့ ယွန်းချီကို အသိပေးလိုက်တဲ့အချိန်က မနက် ၆ နာရီတောင် မထိုးသေးဘူး။ အာ… ယွန်းချီက ဘယ်နိုးဦးမှာလဲ။ သူက အစောကြီးနိုးနေတာလေ။ ခန့်ဝေသော် ခုတင်မှာ ပြန်ခွေနေလိုက်တယ်။ သူတို့ချိန်းထားတာက နေ့ခင်းမှ။ ဒါကြောင့် ခဏလေးတော့ ပြန်အိပ်မှရလိမ့်ဦးမယ်။ အခုချိန်က အဒေါ်တောင် မနိုးသေးဘူးလေ။ ဒါပေမဲ့လည်း ယွန်းကို သူ တွေ့ရတော့မယ်ဆိုတဲ့ အသိက သူ့မျက်လုံးတွေကို ကြောင်စေတယ်။
တစ်သက်နဲ့တစ်ကိုယ် ပိတ်ရက်တွေမှာ အစောကြီးပွင့်လာတတ်တဲ့ မျက်လုံးတွေကို ခန့်ဝေသော် မဆဲမိခဲ့ဘူး။ မျက်လုံးကြောင်လက်စနဲ့တော့ ယွန်းရဲ့ပုံတွေကို သူ ကြည့်နေလိုက်တယ်။ နောက်ပြီး သူ ခိုးရိုက်ထားတဲ့ ယွန်းချီရဲ့ပုံတွေ။ ခန့်ဝေသော်ရဲ့ မနက်စောစောမျက်နှာလေးက နီလာတယ်။ သူ ဘာတွေတွေးနေတယ်ဆိုတာကိုတော့ သူ တစ်ယောက်ပဲ သိမှာပေါ့။
>>>>><<<<<
ယွန်းချီအိပ်ရာက နိုးတော့ မနက် ၇ နာရီခွဲ။ ဖုန်းကို ဖွင့်ကြည့်ကြည့်ချင်းမှာ ခန့်ဝေသော်ရဲ့ နိုးနေပြီဆိုတဲ့ Message ကို သူ တွေ့လိုက်တယ်။ ယွန်းချီရဲ့ နှုတ်ခမ်းတွေက စာတစ်ကြောင်း viber message ကြောင့် အလိုလို ကော့ညွှတ်သွားတော့တာပေါ့။ ခန့်ဝေသော်ကို သူ Morning ဆိုတဲ့ Sticker Message လေးတစ်ခုပြန်ပို့ပြီး ခုတင်ပေါ်ကဆင်းတယ်။ အိပ်ယာခင်းကို သေသပ်အောင် ပြန်ခင်း၊ စောင်ခေါက်၊ ခေါင်းအုံးတွေကို နေရာတကျအရင်ထားတယ်။ ပြီးတော့ ဖုန်းကို စာကြည့်စားပွဲပေါ် ပြန်တင်ပြီး ရေချိုးခန်းကို သွားဖို့အတွက် သူ့အိပ်ခန်းထဲက ထွက်တယ်။
သူ့အိပ်ခန်းက ရေချိုးခန်းအိမ်သာတွဲရက်မပါဘူး။ တစ်အိမ်လုံးမှာ အဲ့လိုပါတာဆိုလို့ သူ့မိဘတွေနေတဲ့ တစ်ခန်းပဲရှိတာ။ ရေချိုးခန်းထဲဝင်ပြီးတော့ ယွန်းချီ မျက်နှာသစ်တယ်။ မှန်ထဲက သူ့ပုံရိပ်လေးက ကြည်လင်နေလေရဲ့။ အိပ်ယာနိုးစဖြစ်တာကြောင့် ဆံပင်တွေကို သေချာမဖြီးသင်ထားရသေးတာပေါ့ သူ့ ဆံပင်တွေက ငှက်သိုက်လုံးလေးတစ်ခုလိုလည်းဖြစ်နေသေးတယ်။ သွားတိုက်နေရင်းနဲ့ ယွန်းချီပြုံးမိသေးတယ်။ သူ့အပြုံးတွေကိုဖြစ်စေတာက ခန့်ဝေသော်ဆိုတဲ့ ကြက်မောက်သီးတစ်လုံးကလွဲရင် ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲလေ။
ပလုတ်ကျင်းပြီးနောက်မှာ ရေဘုံဘိုင်ကိုပိတ်ပြီး ယွန်းချီသက်ပြင်းချတယ်။ ခန့်ဝေသော်က တကယ့်ကို ကံအကောင်းဆုံး fanboy လို့ပြောရမှာပဲ။ ဘာလို့ဆိုသူက တအားကိုကြိုက်ရပါတယ်ဆိုတဲ့ သူနဲ့တွေ့ခွင့်ရတယ်လေ။ နောက်ပြီး အဲ့ဒီယွန်းကလည်း သူ့ကိုသဘောကျတယ်။ အဆစ်အနေနဲ့ ယွန်းချီဆိုတာလေးတောင် ပါသေးတယ်။
ယွန်းချီသက်ပြင်းချပြန်တယ်။ ဒါဆို… ခန့်ဝေသော်က သူ့ကို သဘောကျတာလား။ ဒါမှမဟုတ် ယွန်းကို သဘောကျတာလား။ ရုတ်တရက်ကြီး ယွန်းချီတစ်ယောက် ယွန်းကို မုန်းသလို ခံစားလိုက်ရတယ်။ အတန်းထဲက ကောင်မလေးတွေ ယွန်းကိုသဘောမကျတဲ့ ခံစားချက်ကို ချက်ချင်းကြီးကို သူ နားလည်လိုက်သလိုပါပဲ။ စိတ်ထဲလည်း ရယ်လည်းရယ်ချင်လာတယ်။ သူက သူ့ကိုယ်သူကို မနာလိုဖြစ်ရတယ်။ ဘာပဲဖြစ်ဖြစ်! ခန့်ဝေသော်ကို ယွန်းနဲ့တွေ့ခွင့် သူ ပေးလိုက်ပြီပဲ။ ဘာတွေတွေးနေသေးတာလဲ။
တကယ်တော့ ခန့်ဝေသော်ကို ယွန်းနဲ့ပေးတွေ့ချင်စိတ် သူ့မှာမရှိဘူး။ ဒါပေမဲ့… လိုက်ချင်တယ်လို့ပြောတဲ့ ခန့်ဝေသော်ရဲ့ ပုံစံက အလိုလိုက်ချင်စရာသိပ်ကောင်းနေတာမို့ သူ ခေါင်းညိတ်ဖြစ်ခဲ့တယ်။ တကယ်ပါပဲ… သူကတော့ ခန့်ဝေသော်ကို တော်တော်ကြီးကို သဘောကျနေတာပါပဲ။ ခန့်ဝေသော်ကလည်း သူ့ကို ယွန်းချီအဖြစ်နဲ့ ပိုသဘောကျဖို့ကို သူ တိတ်တိတ်လေးပဲ ဆုတောင်းနေလိုက်ပါမယ်လေ။
>>>>><<<<<
“ဟိုင်း…”
ဟန်နာအိမ်ရောက်လာတဲ့အချိန်မှာ သူ့မိဘတွေလည်း ရှိနေခဲ့တယ်။
“မြစ်ဘက်ကို သွားဆော့မလို့လား…”
“အင်း…”
သူ့အမေနဲ့ဟန်နာ အမေးအဖြေလုပ်နေတုန်းမှာ ယွန်းချီကတော့ အဝတ်လဲနေတုန်းပဲ။ အဝတ်လဲပြီးဆင်းလာတော့ ဟန်နာတစ်ယောက် သူ့အမေကို ကပ်ချွဲပြီး ဘာတွေပြောနေလဲတော့မသိ သူ့ကိုမြင်တာနဲ့ ဟန်နာ့မျက်နှာက ပြုံးဖြဲဖြဲဖြစ်သွားတော့တယ်။
“အန်တီ သမီးတို့သွားတော့မယ်…”
“ကားက ဘယ်သူမောင်းပို့တာလဲ…”
“အိမ်က ဒရိုင်ဘာအစ်ကို…”
“အင်း…”
သူတို့ဆွေမျိုးအကုန်လုံးက အစိုးရဝန်ထမ်းတွေဖြစ်ကြတယ်။ အကုန်လုံးကလည်း ရာထူးကြီးပိုင်းကချည်းပဲ။ ဒါကြောင့် ယွန်းချီတို့ ဆွေမျိုးတွေအကုန်လုံးက မြို့မျက်နှာဖုံးဆိုတဲ့သူတွေကတောင် လက်ရှောင်ထားတဲ့ သူတွေဖြစ်ကြတာပေါ့။ တကယ်တော့လည်း မြို့မှာက ဆိုးသွမ်းတာတွေရှိတယ်ဆိုပေမဲ့ ယွန်းချီတို့က အလင်းဘက်ခြမ်းမှာနေတဲ့သူတွေဖြစ်တာကြောင့် စိုးရိမ်စရာအကြောင်းက ရှိမနေပါဘူး။ ဒါပေမဲ့လည်း အမေဆိုတော့လည်း စိတ်ပူပေးရတာပါပဲ။
သူတို့နှုတ်ဆက်ပြီး ကားပေါ်ရောက်တဲ့အချိန်မှာ ဟန်နာက တွတ်ထိုးတော့တယ်။
“အစ်ကို… နင် ဦးနှောက်မှ မှန်သေးရဲ့လား… တခြားလူတစ်ယောက်ကို ရိုက်ကွင်းကို ပြောလိုက်တယ်…”
“ငါတို့ သူ့ကိုဝင်ခေါ်ရင် ကောင်းမလား…”
ယွန်းချီတိုးတိုးလေးမေးတယ်။ မျက်လုံးတွေပြုတ်ကျသွားလုနီးပါးကို ဟန်နာတစ်ယောက် မျက်လုံးပြူးရတော့တယ်။ သူစိမ်းတစ်ယောက်ကို ရိုက်ကွင်းကိုခေါ်ထားတဲ့အကြောင်းကို ညကမှပြောပြတဲ့အပြင် အခုလည်း ဝင်ခေါ်ရင်ကောင်းမလား မေးနေပြန်ပြီ။ တကယ်ပဲ ယွန်းချီက စိတ်မှကောင်းသေးရဲ့လား။
“ဝင်ခေါ်ရအောင်…”
ပြောပြီးတာနဲ့ တစ်ဆက်တည်း ဒရိုင်ဘာဦးလေးကို လိပ်စာပြောပြနေတဲ့ယွန်းချီကို ဟန်နာ နှုတ်ခမ်းထော် လက်ပိုက်ပြီးပဲ ကြည့်နေလိုက်တော့တယ်။ သေချာတယ်! အဲ့လူနဲ့ ယွန်းချီက နည်းနည်းလေးမှ ရိုးသားမှာမဟုတ်ဘူး။ ဒရိုင်ဘာဦးလေးကို ခန့်ဝေသော်လိပ်စာပြောပြီးတာနဲ့ ယွန်းချီက လာခေါ်မဲ့အကြောင်းကို viber ကနေ message ပို့တဲ့ ချက်ချင်း seen ပြသွားပြီးနောက် reply ပြန်တဲ့ ခန့်ဝေသော်ရဲ့ message က ယွန်းချီမျက်နှာကို ရဲသွားစေတယ်။
ခန့်ဝေသော် : “မင်း ငါ့အိမ်ကို သိနေတာလား” တဲ့။
အာ… သူ ဘယ်လိုတောင်မှ နမော်နမဲ့နိုင်ရတာလဲ။
ယွန်းချီ : “ငါ အတန်းခေါင်းဆောင်ကို ဝိုင်းကူရတယ်လေ…”
ခန့်ဝေသော် : “အင်း ငါ စောင့်နေမယ်လေ…”
ယွန်းချီ : “အင်း…”
ပြောပြီးတာနဲ့ သူ တစ်ဖက်လှည့်လိုက်တဲ့အချိန်မှာ သူ့ကို မျက်ထောင့်နီကြီးနဲ့ ကြည့်နေတဲ့ ဟန်နာနဲ့ မျက်နှာချင်းဆိုင်ဖြစ်တော့တယ်။
“အဲ့ဒါ ဟိုလူရမ်းကားလေးလား…”
ခန့်ဝေသော်မှာ နာမည်ဝှက်ဘယ်နှစ်မျိုးလဲရှိလောက်လဲလို့ ယွန်းချီတွေးမိလိုက်သေးတယ်။ အတန်းထဲက ကောင်မလေးတွေက ခန့်ဝေသော်ကို ကြက်ဖလေးလို့ ခေါ်တယ်။ ယွန်းချီက ကြက်မောက်သီးလို့ခေါ်တယ်။ နောက်အခု ဟန်နာနဲ့သူ့မိဘတွေကတော့ လူရမ်းကားလေးလို့ခေါ်တယ်။ အခုသူ သိသလောက်လေးတွင် ခန့်ဝေသော်မှာ နာမည်ဝှက်သုံးခုရှိတယ်။
“အင်း…”
“နင်တို့ တော်တော် ခင်ကြတာလား…”
ယွန်းချီ ခေါင်းကို ဖြည်းဖြည်းလေးညိတ်တယ်။ သူတို့က ခင်ရုံမကဘူးဆိုတာကို သူတို့ပဲသိတယ်လေ။ ဟန်နာရဲ့ မျက်လုံးတွေမှေးကျဉ်းသွားတယ်။ ဟန်နာဆိုတဲ့ ဒီချာတိတ်မလေးက သိပ်လည်တာကို သူ့အစ်ကိုကြီးက သိသိနဲ့ညာချင်နေသေးတယ်။ သူတို့ကြားမှာ ခင်ရုံပဲဆိုတာတင် ဘယ်ဟုတ်ပါ့မလဲ။
“ဘာပဲဖြစ်ဖြစ်… သူက နင့်ကို ယွန်းအနေနဲ့ နေလို့ ပြဿနာမရှာပါဘူးနော်…”
ယောကျာ်းလေးအတော်များများသာ ယွန်းချီကို ယွန်းလို့သိသွားရင် ဘာဖြစ်လောက်လဲလို့ ဟန်နာတွေးဖူးခဲ့တယ်။ သူမအတွေးရဲ့ နောက်ဆုံးအဖြေကတော့ ကြောက်စရာပါပဲ။ များပြားတဲ့အချိုးပမာဏသော ယောကျာ်းလေးတွေက ယွန်းက ယောကျာ်းလေးတစ်ယောက်ဖြစ်တာနဲ့ ဂေးလို့ဆိုပြီး ထိုးချကြလိမ့်မယ်။ အဲ့ဒီအခါကျရင် ယွန်းကိုမုန်းတဲ့သူတွေကပါ ပျော်ပျော်ကြီး လိုက်ပြီးတော့ တစ်တပ်တစ်အားဝိုင်းကူလိမ့်မယ်။ ဘာလို့ဆို ရေနစ်တဲ့လူကို ဝါးကူထိုးရတာက သိပ်ကို လွယ်ကူတယ်လေ။
လက်ခံလူအချိုးကတော့ နည်းပါးလိမ့်မယ်။ ဒါပေမဲ့လည်း လက်ခံတဲ့လူတွေက ဘယ်လောက်များမှာမို့လဲ။ သေချာတာက ယွန်းချီသာ ယွန်းဆိုတာကို သိသွားတာနဲ့ Cyber Bullying လုပ်ခံရမဲ့ ကိစ္စဖြစ်ပွားမှာကတော့ ၁၀၀ ရာနှုန်းကျော်တယ်လို့တောင် ဟန်နာလောင်းကြေးထပ်ရဲတယ်။ တကယ်တော့ ရိုက်ကွင်းကို အခြားလူခေါ်တာနဲ့ပတ်သက်ပြီးတော့ ဟန်နာ စိတ်မတိုပါဘူး။ ယွန်းချီကို ယွန်းလို့သိသွားတဲ့ အဲ့ဒီလူက ယွန်းချီကို ဘာလုပ်မှာလဲဆိုတာကိုပဲ သူမ စိတ်ပူတယ်။
ယွန်းချီတစ်ခုခုဖြစ်သွားရင် ပထမဆုံးနောင်တရမှာ ဟန်နာပါပဲ။ ဘာကြောင့်ဆို ယွန်းချီဆိုတဲ့ကောင်လေးက ယွန်းဆိုတဲ့ မိန်းကလေးဖြစ်အောင် လုပ်ခဲ့တာ သူမ မို့လို့။ စိတ်ပူစိုးရိမ်တဲ့ မျက်လုံးတွေနဲ့ပဲ ဟန်နာ တိတ်တိတ်လေး ယွန်းချီကို အကဲခတ်နေတော့တယ်။ ယွန်းချီကတော့ ဒါကို မသိခဲ့ပါဘူး။ သူမကို ချော့ဖို့အတွက် ပါလာတဲ့ အိတ်ထဲမှာ မုန့်ရှာနေလေရဲ့။
>>>>><<<<<
“ဒါက ခန့်ဝေသော်…”
ကားနောက်ခန်းမှာ လူငယ်လေးသုံးယောက်ထိုင်နေကြတယ်။ ကောင်လေးနှစ်ယောက်နဲ့ကောင်မလေးတစ်ယောက်။ ယွန်းချီက ကောင်လေးနဲ့ကောင်မလေးရဲ့အလယ်မှာရှိနေခဲ့တယ်။ မြစ်ဆီကို သွားတဲ့လမ်းမှာ သူ မိတ်ဆက်ပေးရတော့တာပေ့ါ။
“ဟန်နာတဲ့ ဒါက ငါ့ညီမဝမ်းကွဲ…”
ခန့်ဝေသော်က ဟန်နာကို ခင်ခင်မင်မင်ပဲ ပြန်ပြုံးပြနှုတ်ဆက်ပါတယ်။ ဟန်နာကတော့ နည်းနည်းအေးတိအေးစက်နိုင်တယ်။ ဒီအတွက် ခန့်ဝေသော်ကို ယွန်းချီအားနာရပေမဲ့ ဟန်နာ့ကို သူ ဘာမျှမပြောနိုင်ဘူး။ ဘာကြောင့်ဆို ဟန်နာအခုလိုမျိုးပြုမူတဲ့အကြောင်းရင်းကို ယွန်းချီသိတယ်လေ။ ဟန်နာက သူ့ကိုစိတ်ပူနေတာ။ ခန့်ဝေသော်က ဘာအန္တရာယ်မှ မရှိပါဘူးလို့ယွန်းချီပြောချင်ပေမဲ့ ခန့်ဝေသော်ရှေ့မှာမို့ သူ မပြောနိုင်ဘူးလေ။ ထားလိုက်ပါ ခန့်ဝေသော်က လူကောင်းလေးတစ်ယောက်ဆိုတာကို ဟန်နာလည်း ဒီနေ့ရိုက်ကွင်းပြီးရင် သိမှာပဲဟာ။
ဟန်နာက သူ့ကိုနည်းနည်းအေးစက်စက်နိုင်တယ်ဆိုတာ သိပေမဲ့လို့ ခန့်ဝေသော်က စိတ်ထဲရှိမနေပါဘူး။ ယွန်းချီတစ်ယောက်လုံး သူ့ဘေးမှာရှိနေရုံနဲ့သူလုံလောက်နေတာပဲဟာ။
ဒီလိုနဲ့ရိုက်ကွင်းနေရာမြစ်ကို သူတို့ရောက်လာတော့တယ်။ မြစ်နားမှာ အပင်ဖားဖားတွေလည်းရှိလေရဲ့။
“တောထဲဝင်ရအောင်…”
ဟန်နာက ဆော်သြတယ်။ ဟန်နာက ရိုက်ဖို့နေရာကို ရွေးပြီးပုံပါပဲ။ တကယ်လည်းရွေးခဲ့ပြီးသားပါ။ နောက်မှ မြစ်နားမှာနည်းနည်းရိုက်မှာဖြစ်ပြီးတောထဲမှာ အရင်ရိုက်ကြမှာဖြစ်တယ်။
“ကျွန်တော် ဝိုင်းကူသယ်ပေးမယ်လေ…”
Props တွေများနေတဲ့ ဒရိုင်ဘာအစ်ကိုဆီကနေ ခန့်ဝေသော် ပစ္စည်းတချို့ကူသယ်တယ်။ ဟန်နာကတော့ ဘာမျှမပြောဘဲ အရှေ့ကနေ ထွက်သွားလေရဲ့။ ဟန်နာ့နောက်က ယွန်းချီ။ ယွန်းချီနောက်က ခန့်ဝေသော်။ နောက်ဆုံးကတော့ ဒရိုင်ဘာအစ်ကိုကြီး။ လူလေးယောက်ဟာ ရထားတွဲတွေလိုမျိုး တစ်ယောက်နောက်ကတစ်ယောက် ထပ်ချပ်မကွာ လိုက်ဝင်သွားခဲ့တယ်။
“မင်းကျောပိုးအိတ်သယ်ပေးရဦးမလား…”
ယွန်းချီကို ခန့်ဝေသော် တိုးတိုးလေးကပ်မေးတယ်။ သူ့ တိုးတိုးလေးမေးသံကို ဟန်နာမကြားဘဲမနေပါဘူး။ ခန့်ဝေသော်က ယွန်းချီအပေါ်မှာ မရိုးသားဘူးလို့ သူမ ထင်တယ်။ သူတို့ကြားထဲက ရိုးသားနိုင်စရာအကြောင်းမရှိပေမဲ့ ယွန်းချီက ယွန်းဆိုတာကို ခန့်ဝေသော် သိနေတဲ့ကိစ္စကြောင့် ဟန်နာ ရင်မအေးဘူး။ မတော်လို့ ခန့်ဝေသော်က ယွန်းချီကို အကြံနဲ့ချဉ်းကပ်တာ ဆိုရင် ဘယ်လိုလုပ်မလဲ။
“ရပါတယ်…”
ယွန်းချီကတော့ ခန့်ဝေသော်ရဲ့ဂရုစိုက်မှုတွေနဲ့အသားကျနေသလို ပေါ့ပေါ့ပါးပါးပဲ ဖြေခဲ့တယ်။ ယွန်းချီရဲ့ အသားကျမှုက ဟန်နာ့ကို ပိုစိတ်မအေးစေဘူး။ သူမအစ်ကိုကြီးက အရမ်းကို အယုံလွယ်တဲ့လူသားလေ။ ခန့်ဝေသော်အကြောင်းကို ပိုသိအောင် လေ့လာသင့်တယ်လို့ ဟန်နာဆုံးဖြတ်လိုက်တယ်။ ယွန်းဆိုတဲ့ တကယ်မရှိတဲ့မိန်းကလေးကြောင့် တကယ်ရှိနေတဲ့ ယွန်းချီသာ တစ်ခုခုဖြစ်ရင် သူမ တစ်သက်လုံးနောင်တတွေနဲ့ နေသွားမိမှာ။
သူတို့ရောက်တဲ့အချိန်မှာ ပြင်စရာရှိတာကို တက်ညီဝိုင်းပြင်ပြီးချိန်မှာ ယွန်းချီကို ဟန်နာအဝတ်သွားလဲခိုင်းလိုက်တယ်။ ဒရိုင်ဘာအစ်ကိုကလည်း သူ့ဘာသာနေတာဆိုတော့ ဟန်နာနဲ့ခန့်ဝေသော် နှစ်ယောက်တည်း ကျန်ခဲ့တော့တာပေါ့။ ခန့်ဝေသော်ရဲ့ တောက်တောက်ပပဖြစ်နေတဲ့ မျက်နှာကို ဟန်နာမနှစ်မြို့စွာကြည့်တယ်။ ဟုတ်တယ်… ဒီလူက တကယ်ပဲ ယွန်းကို ကြည့်ဖို့ လာတာပဲ။
“ယွန်းက ယောကျာ်းလေးတစ်ယောက်ဖြစ်နေလို့ ရှင်စိတ်မပျက်သွားဘူးလား…”
စိတ်အချဉ်ပေါက်နေတဲ့ ဟန်နာက ခန့်ဝေသော်ကို လှမ်းအငေါ်တူးတယ်။ ဒီကလေးမက သူ့ကို မကြည်လင်တာကို သိတာကြောင့် ခန့်ဝေသော် စကားပြန်မပြောချင်ဘူး။ ဒါပေမဲ့လည်း ယွန်းချီရဲ့ညီမဝမ်းကွဲဖြစ်တာကြောင့် ယွန်းချီနဲ့သူ့ကြားကို အဆင်မပြေအောင် ဒီကောင်မလေးလုပ်နိုင်လောက်တာကို စဉ်းစားမိပြီး ခန့်ဝေသော် ခပ်အေးအေးပဲပြန်ဖြေတယ်။
“မဖြစ်ပါဘူး…”
အဖြေက တိုတိုတုတ်တုတ်ပါပဲ။ တကယ်လည်း စိတ်မပျက်သွားပါဘူး။ အဲ့တုန်းက ခံစားချက်ကို အတိအကျပြောပြရရင် သူ ပျော်နေတာလို့တောင် ပြောလို့ရသေးတယ်။
“တကယ်လို့ အစ်ကိုကြီးကို ရှင် မကောင်းကြံရင် ရှင့်နောက်ကို ကျွန်မ ရေဆုံးမြေဆုံးထိလိုက်မှာ…”
ခန့်ဝေသော် မျက်ခုံးတွေ တွန့်ချိုးသွားတယ်။ သူက ယွန်းချီကို မကောင်းကြံရမယ်။ သူ ဒီလောက်ထိယွန်းချီကို ချစ်တာကို။ ဒီကောင်မလေးက ဘာလို့ အခုလိုမျိုးတွေ တွေးနေတာလဲ။ တစ်ခုခုတော့ မှားနေပြီဆိုတဲ့ အသိနဲ့ ခန့်ဝေသော် ကလေးမလေးကို လှည့်ကြည့်တယ်။ အဲကလေးမလေးသာပြောတာပါ။ ဒီကောင်မလေးက သူတို့နဲ့ကွာလှ နှစ်နှစ်အလွန်ဆုံးပေါ့။
ကောင်မလေးရဲ့စူးစူးရဲရဲအကြည့်တွေက သူမ စကားက အခွံသက်သက်မဟုတ်ဘူးဆိုတာကို ပြောနေသလိုပါပဲ။
“ငါက ဘာလို့ ယွန်းချီကို မကောင်းကြံရမှာလဲ…”
“သူက ယွန်းဆိုတာကို မီဒီယာတွေကိုဖွဖို့လေ…”
အာ… အဖြစ်က ဘာလဲဆိုတာကို ခန့်ဝေသော်သိလိုက်တယ်။ ဒီကောင်မလေးက သူက ယွန်းချီကို အကြံဆိုးကြီးနဲ့ ချဉ်းကပ်တယ်လို့ ထင်နေပုံပါပဲ။ သူ့မှာ ဘာအကြံဆိုးမှ မရှိပါဘူး။ ရှိတယ်ဆိုရင်တောင် အဲ့အကြံဆိုးက မီဒီယာတွေကို ဖွဖို့တော့ မဟုတ်ဘူး။ အဲ့ဒါ အသေချာပဲ။
“မလုပ်ပါဘူး…”
ခန့်ဝေသော် ခပ်သွက်သွက်ပြန်ဖြေတယ်။
“ဘယ်သူက ကိုယ်ချစ်တဲ့သူ နစ်နာအောင်လို့လုပ်မှာလဲ…”
သူ ဆက်ပြောတယ်။ ဟန်နာ့ရဲ့မျက်လုံးဝိုင်းတွေက သူ့စကားကို အံ့သြသလိုကြည့်တယ်။ ခန့်ဝေသော်က ခပ်တည်တည်ပဲ ကလေးမရဲ့ မျက်လုံးလေးတွေထဲ စိုက်ကြည့်တယ်။
“ယွန်းက ယွန်းချီရဲ့အစိတ်အပိုင်းတစ်ခုလို့ ငါ လက်ခံပါတယ်… ဝန်ခံရရင် ငါ ယွန်းကို အရင်သဘောကျတာ… ဒါပေမဲ့ ယွန်းချီက ယွန်းဖြစ်တာကြောင့် ငါ သူ့ကို သဘောကျတာမဟုတ်ဘူး… ယွန်းချီက ယွန်းချီဖြစ်နေလို့ကို သဘောကျတာ…”
ခန့်ဝေသော်က ကဗျာတွေမဆန်တတ်ဘူး။ တစ်ဖက်သားကိုလည်း သူ ပြောတာကို နားလည်အောင် မပြောပြတတ်ဘူး။ သူ ပြောတာကို ဒီကောင်မလေးနားရော လည်ပါ့မလားလို့ ခန့်ဝေသော် တွေးမိတယ်။
ကံကောင်းစွာနဲ့ပဲ ကောင်မလေးက သူ့ကိုပြဿနာမရှာတော့ဘူး။ သူတို့ငြိမ်နေကြရင်းကနေ ယွန်းချီထွက်လာတာကြောင့် ဟန်နာက ယွန်းချီဆီထွက်သွားခဲ့တယ်။ ခန့်ဝေသော်ရဲ့အကြည့်တွေက ဆံပင်အတုအနက်ဖြောင့်ဖြောင့်စင်းစင်းနဲ့ ရင်ပြတ်ဂါဝန်အနက်ကို ဝတ်ထားတဲ့ ယွန်းချီဆီရောက်သွားတယ်။ ယွန်းချီက ကိုယ်တိုင်လည်း မိတ်ကပ်ကောင်းကောင်းပြင်တတ်တာပဲလို့ ခန့်ဝေသော် တွေးတယ်။
ယွန်းကို မြင်ရရင် ဘာဖြစ်သွားမလဲလို့ ခန့်ဝေသော် စိတ်ကူးတွေယဉ်နေခဲ့တယ်။ ရိုက်ကွင်းကို သူ လိုက်လာတာ ယွန်းကို မြင်ချင်လို့လေ။ ဒါပေမဲ့ အံ့သြစရာကောင်းတာက… ယွန်းကို သူ ယွန်းချီလို့ပဲ မြင်နေတယ်။ သူ့အတွက် သူတို့နှစ်ယောက်က တစ်ယောက်တည်းပါပဲ။ ခန့်ဝေသော် တိုးတိုးလေးရယ်တယ်။ သူ တကယ်ပဲ ယွန်းချီကို ရူးမူးနေတာပဲ။ ဒီကောင်လေး ဘာပုံနဲ့ဖြစ်ဖြစ် သူ သဘောကျတယ်။
ဒီလိုနဲ့ သူတို့ရဲ့ ရိုက်ကွင်းက စတင်ခဲ့ကြပါတယ်။ ပျော်စရာအမှတ်တရတချို့နဲ့ပေါ့။ သြော်… ရိုက်ကွင်းပြီးဆုံးသွားတဲ့အချိန်မှာ ဟန်နာက ခန့်ဝေသော်ကို အမှတ်ပြည့်ပေးခဲ့ပါတယ်။ သူ့အစ်ကိုကြီးရဲ့ ရည်းစားအစ်ကိုကြီးဖြစ်ဖို့ ခန့်ဝေသော်က သင့်တော်ပါတယ်ဆိုပြီးတော့ပေါ့။
----------
Zawgyi
အပိုင္း - ၉ : ယြန္းကိုလည္း ယြန္းခ်ီအျဖစ္ပဲ ျမင္ေနမိတယ္။
ယြန္းကို မ်က္ဝါးထင္ထင္ျမင္ခြင့္ရလိမ့္မယ္လုိ႔ ခန္႔ေဝေသာ္ စိတ္ကူးေတာင္ မယဥ္ဖူးဘူး။ မနက္အေစာႀကီးကတည္းက သူ ႏိုးေနခဲ့တယ္။ အရမ္းကို စိတ္လႈပ္ရွားေနတယ္။ ယြန္းကို သူ ေတြ႔ရေတာ့မယ္။ အိပ္ယာႏိုးႏိုးခ်င္း ဒါက အိပ္မက္လားလုိ႔ သူ႔ပါးကိုသူဆြဲညွစ္လုိက္မိေသးတယ္။ ဒါေပမဲ့မဟုတ္ဘူး။ ဒါက တကယ္ပဲ။ သူ တကယ္ႀကီးယြန္းကို ေတြ႔ရေတာ့မွာ!
သူႏိုးေနၿပီလုိ႔ ယြန္းခ်ီကို အသိေပးလုိက္တဲ့အခ်ိန္က မနက္ ၆ နာရီေတာင္ မထိုးေသးဘူး။ အာ… ယြန္းခ်ီက ဘယ္ႏိုးဦးမွာလဲ။ သူက အေစာႀကီးႏိုးေနတာေလ။ ခန္႔ေဝေသာ္ ခုတင္မွာ ျပန္ေခြေနလုိက္တယ္။ သူတုိ႔ခ်ိန္းထားတာက ေန႔ခင္းမွ။ ဒါေၾကာင့္ ခဏေလးေတာ့ ျပန္အိပ္မွရလိမ့္ဦးမယ္။ အခုခ်ိန္က အေဒၚေတာင္ မႏိုးေသးဘူးေလ။ ဒါေပမဲ့လည္း ယြန္းကို သူ ေတြ႔ရေတာ့မယ္ဆိုတဲ့ အသိက သူ႔မ်က္လုံးေတြကို ေၾကာင္ေစတယ္။
တစ္သက္နဲ႔တစ္ကိုယ္ ပိတ္ရက္ေတြမွာ အေစာႀကီးပြင့္လာတတ္တဲ့ မ်က္လံုးေတြကို ခန္႔ေဝေသာ္ မဆဲမိခဲ့ဘူး။ မ်က္လံုးေၾကာင္လက္စနဲ႔ေတာ့ ယြန္းရဲ႕ပံုေတြကို သူ ၾကည့္ေနလုိက္တယ္။ ေနာက္ၿပီး သူ ခုိးရိုက္ထားတဲ့ ယြန္းခ်ီရဲ႕ပံုေတြ။ ခန္႔ေဝေသာ္ရဲ႕ မနက္ေစာေစာမ်က္ႏွာေလးက နီလာတယ္။ သူ ဘာေတြေတြးေနတယ္ဆုိတာကိုေတာ့ သူ တစ္ေယာက္ပဲ သိမွာေပါ့။
>>>>><<<<<
ယြန္းခ်ီအိပ္ရာက ႏိုးေတာ့ မနက္ ၇ နာရီခြဲ။ ဖုန္းကို ဖြင့္ၾကည့္ၾကည့္ခ်င္းမွာ ခန္႔ေဝေသာ္ရဲ႕ ႏိုးေနၿပီဆုိတဲ့ Message ကို သူ ေတြ႔လုိက္တယ္။ ယြန္းခ်ီရဲ႕ ႏႈတ္ခမ္းေတြက စာတစ္ေၾကာင္း viber message ေၾကာင့္ အလုိလုိ ေကာ့ညႊတ္သြားေတာ့တာေပါ့။ ခန္႔ေဝေသာ္ကို သူ Morning ဆုိတ့ဲ Sticker Message ေလးတစ္ခုျပန္ပို႔ၿပီး ခုတင္ေပၚကဆင္းတယ္။ အိပ္ယာခင္းကို ေသသပ္ေအာင္ ျပန္ခင္း၊ ေစာင္ေခါက္၊ ေခါင္းအံုးေတြကို ေနရာတက်အရင္ထားတယ္။ ၿပီးေတာ့ ဖုန္းကို စာၾကည့္စားပြဲေပၚ ျပန္တင္ၿပီး ေရခ်ိဳးခန္းကို သြားဖို႔အတြက္ သူ႔အိပ္ခန္းထဲက ထြက္တယ္။
သူ႔အိပ္ခန္းက ေရခ်ိဳးခန္းအိမ္သာတြဲရက္မပါဘူး။ တစ္အိမ္လံုးမွာ အဲ့လိုပါတာဆိုလုိ႔ သူ႔မိဘေတြေနတဲ့ တစ္ခန္းပဲရွိတာ။ ေရခ်ိဳးခန္းထဲဝင္ၿပီးေတာ့ ယြန္းခ်ီ မ်က္ႏွာသစ္တယ္။ မွန္ထဲက သူ႔ပံုရိပ္ေလးက ၾကည္လင္ေနေလရဲ႕။ အိပ္ယာႏိုးစျဖစ္တာေၾကာင့္ ဆံပင္ေတြကို ေသခ်ာမၿဖီးသင္ထားရေသးတာေပါ့ သူ႔ ဆံပင္ေတြက ငွက္သိုက္လံုးေလးတစ္ခုလိုလည္းျဖစ္ေနေသးတယ္။ သြားတုိက္ေနရင္းနဲ႔ ယြန္းခ်ီျပံဳးမိေသးတယ္။ သူ႔အျပံဳးေတြကိုျဖစ္ေစတာက ခန္႔ေဝေသာ္ဆိုတဲ့ ၾကက္ေမာက္သီးတစ္လံုးကလြဲရင္ ဘယ္သူမ်ား ျဖစ္ႏိုင္ဦးမွာလဲေလ။
ပလုတ္က်င္းၿပီးေနာက္မွာ ေရဘံုဘုိင္ကိုပိတ္ၿပီး ယြန္းခ်ီသက္ျပင္းခ်တယ္။ ခန္႔ေဝေသာ္က တကယ့္ကို ကံအေကာင္းဆံုး fanboy လို႔ေျပာရမွာပဲ။ ဘာလို႔ဆုိသူက တအားကိုႀကိဳက္ရပါတယ္ဆိုတဲ့ သူနဲ႔ေတြ႔ခြင့္ရတယ္ေလ။ ေနာက္ၿပီး အဲ့ဒီယြန္းကလည္း သူ႔ကိုသေဘာက်တယ္။ အဆစ္အေနနဲ႔ ယြန္းခ်ီဆိုတာေလးေတာင္ ပါေသးတယ္။
ယြန္းခ်ီသက္ျပင္းခ်ျပန္တယ္။ ဒါဆုိ… ခန္႔ေဝေသာ္က သူ႔ကို သေဘာက်တာလား။ ဒါမွမဟုတ္ ယြန္းကို သေဘာက်တာလား။ ရုတ္တရက္ႀကီး ယြန္းခ်ီတစ္ေယာက္ ယြန္းကို မုန္းသလို ခံစားလိုက္ရတယ္။ အတန္းထဲက ေကာင္မေလးေတြ ယြန္းကိုသေဘာမက်တဲ့ ခံစားခ်က္ကို ခ်က္ခ်င္းႀကီးကို သူ နားလည္လိုက္သလုိပါပဲ။ စိတ္ထဲလည္း ရယ္လည္းရယ္ခ်င္လာတယ္။ သူက သူ႔ကိုယ္သူကို မနာလိုျဖစ္ရတယ္။ ဘာပဲျဖစ္ျဖစ္! ခန္႔ေဝေသာ္ကို ယြန္းနဲ႔ေတြ႔ခြင့္ သူ ေပးလုိက္ၿပီပဲ။ ဘာေတြေတြးေနေသးတာလဲ။
တကယ္ေတာ့ ခန္႔ေဝေသာ္ကို ယြန္းနဲ႔ေပးေတြ႔ခ်င္စိတ္ သူ႔မွာမရွိဘူး။ ဒါေပမဲ့… လုိက္ခ်င္တယ္လုိ႔ေျပာတဲ့ ခန္႔ေဝေသာ္ရဲ႕ ပံုစံက အလိုလုိက္ခ်င္စရာသိပ္ေကာင္းေနတာမို႔ သူ ေခါင္းညိတ္ျဖစ္ခဲ့တယ္။ တကယ္ပါပဲ… သူကေတာ့ ခန္႔ေဝေသာ္ကို ေတာ္ေတာ္ႀကီးကို သေဘာက်ေနတာပါပဲ။ ခန္႔ေဝေသာ္ကလည္း သူ႔ကို ယြန္းခ်ီအျဖစ္နဲ႔ ပိုသေဘာက်ဖို႔ကို သူ တိတ္တိတ္ေလးပဲ ဆုေတာင္းေနလုိက္ပါမယ္ေလ။
>>>>><<<<<
“ဟိုင္း…”
ဟန္နာအိမ္ေရာက္လာတ့ဲအခ်ိန္မွာ သူ႔မိဘေတြလည္း ရွိေနခဲ့တယ္။
“ျမစ္ဘက္ကို သြားေဆာ့မလုိ႔လား…”
“အင္း…”
သူ႔အေမနဲ႔ဟန္နာ အေမးအေျဖလုပ္ေနတုန္းမွာ ယြန္းခ်ီကေတာ့ အဝတ္လဲေနတုန္းပဲ။ အဝတ္လဲၿပီးဆင္းလာေတာ့ ဟန္နာတစ္ေယာက္ သူ႔အေမကို ကပ္ခြ်ဲၿပီး ဘာေတြေျပာေနလဲေတာ့မသိ သူ႔ကိုျမင္တာနဲ႔ ဟန္နာ့မ်က္ႏွာက ျပံဳးၿဖဲၿဖဲျဖစ္သြားေတာ့တယ္။
“အန္တီ သမီးတုိ႔သြားေတာ့မယ္…”
“ကားက ဘယ္သူေမာင္းပို႔တာလဲ…”
“အိမ္က ဒရိုင္ဘာအစ္ကို…”
“အင္း…”
သူတုိ႔ေဆြမ်ိဳးအကုန္လံုးက အစိုးရဝန္ထမ္းေတြျဖစ္ၾကတယ္။ အကုန္လံုးကလည္း ရာထူးႀကီးပိုင္းကခ်ည္းပဲ။ ဒါေၾကာင့္ ယြန္းခ်ီတို႔ ေဆြမ်ိဳးေတြအကုန္လံုးက ၿမိဳ႕မ်က္ႏွာဖံုးဆိုတဲ့သူေတြကေတာင္ လက္ေရွာင္ထားတဲ့ သူေတြျဖစ္ၾကတာေပါ့။ တကယ္ေတာ့လည္း ၿမိဳ႕မွာက ဆိုးသြမ္းတာေတြရွိတယ္ဆုိေပမဲ့ ယြန္းခ်ီတို႔က အလင္းဘက္ျခမ္းမွာေနတဲ့သူေတြျဖစ္တာေၾကာင့္ စိုးရိမ္စရာအေၾကာင္းက ရွိမေနပါဘူး။ ဒါေပမဲ့လည္း အေမဆုိေတာ့လည္း စိတ္ပူေပးရတာပါပဲ။
သူတုိ႔ႏႈတ္ဆက္ၿပီး ကားေပၚေရာက္တဲ့အခ်ိန္မွာ ဟန္နာက တြတ္ထိုးေတာ့တယ္။
“အစ္ကို… နင္ ဦးေႏွာက္မွ မွန္ေသးရဲ႕လား… တျခားလူတစ္ေယာက္ကို ရိုက္ကြင္းကို ေျပာလုိက္တယ္…”
“ငါတုိ႔ သူ႔ကိုဝင္ေခၚရင္ ေကာင္းမလား…”
ယြန္းခ်ီတိုးတိုးေလးေမးတယ္။ မ်က္လံုးေတြျပဳတ္က်သြားလုနီးပါးကို ဟန္နာတစ္ေယာက္ မ်က္လံုးျပဴးရေတာ့တယ္။ သူစိမ္းတစ္ေယာက္ကို ရိုက္ကြင္းကိုေခၚထားတဲ့အေၾကာင္းကို ညကမွေျပာျပတဲ့အျပင္ အခုလည္း ဝင္ေခၚရင္ေကာင္းမလား ေမးေနျပန္ၿပီ။ တကယ္ပဲ ယြန္းခ်ီက စိတ္မွေကာင္းေသးရဲ႕လား။
“ဝင္ေခၚရေအာင္…”
ေျပာၿပီးတာနဲ႔ တစ္ဆက္တည္း ဒရိုင္ဘာဦးေလးကို လိပ္စာေျပာျပေနတဲ့ယြန္းခ်ီကုိ ဟန္နာ ႏႈတ္ခမ္းေထာ္ လက္ပိုက္ၿပီးပဲ ၾကည့္ေနလုိက္ေတာ့တယ္။ ေသခ်ာတယ္! အဲ့လူနဲ႔ ယြန္းခ်ီက နည္းနည္းေလးမွ ရိုးသားမွာမဟုတ္ဘူး။ ဒရိုင္ဘာဦးေလးကို ခန္႔ေဝေသာ္လိပ္စာေျပာၿပီးတာနဲ႔ ယြန္းခ်ီက လာေခၚမဲ့အေၾကာင္းကို viber ကေန message ပို႔တဲ့ ခ်က္ခ်င္း seen ျပသြားၿပီးေနာက္ reply ျပန္တဲ့ ခန္႔ေဝေသာ္ရဲ႕ message က ယြန္းခ်ီမ်က္ႏွာကို ရဲသြားေစတယ္။
ခန္႔ေဝေသာ္ : “မင္း ငါ့အိမ္ကို သိေနတာလား” တဲ့။
အာ… သူ ဘယ္လုိေတာင္မွ နေမာ္နမဲ့ႏိုင္ရတာလဲ။
ယြန္းခ်ီ : “ငါ အတန္းေခါင္းေဆာင္ကို ဝိုင္းကူရတယ္ေလ…”
ခန္႔ေဝေသာ္ : “အင္း ငါ ေစာင့္ေနမယ္ေလ…”
ယြန္းခ်ီ : “အင္း…”
ေျပာၿပီးတာနဲ႔ သူ တစ္ဖက္လွည့္လိုက္တဲ့အခ်ိန္မွာ သူ႔ကို မ်က္ေထာင့္နီႀကီးနဲ႔ ၾကည့္ေနတဲ့ ဟန္နာနဲ႔ မ်က္ႏွာခ်င္းဆုိင္ျဖစ္ေတာ့တယ္။
“အဲ့ဒါ ဟိုလူရမ္းကားေလးလား…”
ခန္႔ေဝေသာ္မွာ နာမည္ဝွက္ဘယ္ႏွစ္မ်ိဳးလဲရွိေလာက္လဲလို႔ ယြန္းခ်ီေတြးမိလိုက္ေသးတယ္။ အတန္းထဲက ေကာင္မေလးေတြက ခန္႔ေဝေသာ္ကို ၾကက္ဖေလးလုိ႔ ေခၚတယ္။ ယြန္းခ်ီက ၾကက္ေမာက္သီးလုိ႔ေခၚတယ္။ ေနာက္အခု ဟန္နာနဲ႔သူ႔မိဘေတြကေတာ့ လူရမ္းကားေလးလို႔ေခၚတယ္။ အခုသူ သိသေလာက္ေလးတြင္ ခန္႔ေဝေသာ္မွာ နာမည္ဝွက္သံုးခုရွိတယ္။
“အင္း…”
“နင္တုိ႔ ေတာ္ေတာ္ ခင္ၾကတာလား…”
ယြန္းခ်ီ ေခါင္းကို ျဖည္းျဖည္းေလးညိတ္တယ္။ သူတုိ႔က ခင္ရံုမကဘူးဆိုတာကို သူတုိ႔ပဲသိတယ္ေလ။ ဟန္နာရဲ႕ မ်က္လံုးေတြေမွးက်ဥ္းသြားတယ္။ ဟန္နာဆိုတ့ဲ ဒီခ်ာတိတ္မေလးက သိပ္လည္တာကို သူ႔အစ္ကိုႀကီးက သိသိနဲ႔ညာခ်င္ေနေသးတယ္။ သူတုိ႔ၾကားမွာ ခင္ရံုပဲဆုိတာတင္ ဘယ္ဟုတ္ပါ့မလဲ။
“ဘာပဲျဖစ္ျဖစ္… သူက နင့္ကို ယြန္းအေနနဲ႔ ေနလုိ႔ ျပႆနာမရွာပါဘူးေနာ္…”
ေယာက်ာ္းေလးအေတာ္မ်ားမ်ားသာ ယြန္းခ်ီကို ယြန္းလို႔သိသြားရင္ ဘာျဖစ္ေလာက္လဲလုိ႔ ဟန္နာေတြးဖူးခဲ့တယ္။ သူမအေတြးရဲ႕ ေနာက္ဆံုးအေျဖကေတာ့ ေၾကာက္စရာပါပဲ။ မ်ားျပားတဲ့အခ်ိဳးပမာဏေသာ ေယာက်ာ္းေလးေတြက ယြန္းက ေယာက်ာ္းေလးတစ္ေယာက္ျဖစ္တာနဲ႔ ေဂးလုိ႔ဆုိၿပီး ထိုးခ်ၾကလိမ့္မယ္။ အဲ့ဒီအခါက်ရင္ ယြန္းကိုမုန္းတဲ့သူေတြကပါ ေပ်ာ္ေပ်ာ္ႀကီး လုိက္ၿပီးေတာ့ တစ္တပ္တစ္အားဝိုင္းကူလိမ့္မယ္။ ဘာလုိ႔ဆုိ ေရနစ္တဲ့လူကို ဝါးကူထိုးရတာက သိပ္ကို လြယ္ကူတယ္ေလ။
လက္ခံလူအခ်ိဳးကေတာ့ နည္းပါးလိမ့္မယ္။ ဒါေပမဲ့လည္း လက္ခံတဲ့လူေတြက ဘယ္ေလာက္မ်ားမွာမို႔လဲ။ ေသခ်ာတာက ယြန္းခ်ီသာ ယြန္းဆုိတာကို သိသြားတာနဲ႔ Cyber Bullying လုပ္ခံရမဲ့ ကိစၥျဖစ္ပြားမွာကေတာ့ ၁၀၀ ရာႏႈန္းေက်ာ္တယ္လုိ႔ေတာင္ ဟန္နာေလာင္းေၾကးထပ္ရဲတယ္။ တကယ္ေတာ့ ရိုက္ကြင္းကို အျခားလူေခၚတာနဲ႔ပတ္သက္ၿပီးေတာ့ ဟန္နာ စိတ္မတုိပါဘူး။ ယြန္းခ်ီကို ယြန္းလုိ႔သိသြားတဲ့ အဲ့ဒီလူက ယြန္းခ်ီကုိ ဘာလုပ္မွာလဲဆုိတာကိုပဲ သူမ စိတ္ပူတယ္။
ယြန္းခ်ီတစ္ခုခုျဖစ္သြားရင္ ပထမဆံုးေနာင္တရမွာ ဟန္နာပါပဲ။ ဘာေၾကာင့္ဆုိ ယြန္းခ်ီဆုိတဲ့ေကာင္ေလးက ယြန္းဆိုတ့ဲ မိန္းကေလးျဖစ္ေအာင္ လုပ္ခဲ့တာ သူမ မို႔လို႔။ စိတ္ပူစိုးရိမ္တဲ့ မ်က္လံုးေတြနဲ႔ပဲ ဟန္နာ တိတ္တိတ္ေလး ယြန္းခ်ီကို အကဲခတ္ေနေတာ့တယ္။ ယြန္းခ်ီကေတာ့ ဒါကို မသိခဲ့ပါဘူး။ သူမကုိ ေခ်ာ့ဖို႔အတြက္ ပါလာတဲ့ အိတ္ထဲမွာ မုန္႔ရွာေနေလရဲ႕။
>>>>><<<<<
“ဒါက ခန္႔ေဝေသာ္…”
ကားေနာက္ခန္းမွာ လူငယ္ေလးသံုးေယာက္ထိုင္ေနၾကတယ္။ ေကာင္ေလးႏွစ္ေယာက္နဲ႔ေကာင္မေလးတစ္ေယာက္။ ယြန္းခ်ီက ေကာင္ေလးနဲ႔ေကာင္မေလးရဲ႕အလယ္မွာရွိေနခဲ့တယ္။ ျမစ္ဆီကို သြားတ့ဲလမ္းမွာ သူ မိတ္ဆက္ေပးရေတာ့တာေပ့ါ။
“ဟန္နာတဲ့ ဒါက ငါ့ညီမဝမ္းကြဲ…”
ခန္႔ေဝေသာ္က ဟန္နာကို ခင္ခင္မင္မင္ပဲ ျပန္ျပံဳးျပႏႈတ္ဆက္ပါတယ္။ ဟန္နာကေတာ့ နည္းနည္းေအးတိေအးစက္ႏိုင္တယ္။ ဒီအတြက္ ခန္႔ေဝေသာ္ကို ယြန္းခ်ီအားနာရေပမ့ဲ ဟန္နာ့ကို သူ ဘာမွ်မေျပာႏိုင္ဘူး။ ဘာေၾကာင့္ဆုိ ဟန္နာအခုလိုမ်ိဳးျပဳမူတဲ့အေၾကာင္းရင္းကို ယြန္းခ်ီသိတယ္ေလ။ ဟန္နာက သူ႔ကိုစိတ္ပူေနတာ။ ခန္႔ေဝေသာ္က ဘာအႏၱရာယ္မွ မရွိပါဘူးလို႔ယြန္းခ်ီေျပာခ်င္ေပမဲ့ ခန္႔ေဝေသာ္ေရွ႕မွာမုိ႔ သူ မေျပာႏိုင္ဘူးေလ။ ထားလိုက္ပါ ခန္႔ေဝေသာ္က လူေကာင္းေလးတစ္ေယာက္ဆုိတာကို ဟန္နာလည္း ဒီေန႔ရိုက္ကြင္းၿပီးရင္ သိမွာပဲဟာ။
ဟန္နာက သူ႔ကိုနည္းနည္းေအးစက္စက္ႏုိင္တယ္ဆုိတာ သိေပမဲ့လို႔ ခန္႔ေဝေသာ္က စိတ္ထဲရွိမေနပါဘူး။ ယြန္းခ်ီတစ္ေယာက္လံုး သူ႔ေဘးမွာရွိေနရံုနဲ႔သူလံုေလာက္ေနတာပဲဟာ။
ဒီလိုနဲ႔ရိုက္ကြင္းေနရာျမစ္ကို သူတုိ႔ေရာက္လာေတာ့တယ္။ ျမစ္နားမွာ အပင္ဖားဖားေတြလည္းရွိေလရဲ႕။
“ေတာထဲဝင္ရေအာင္…”
ဟန္နာက ေဆာ္ၾသတယ္။ ဟန္နာက ရိုက္ဖို႔ေနရာကို ေရြးၿပီးပံုပါပဲ။ တကယ္လည္းေရြးခဲ့ၿပီးသားပါ။ ေနာက္မွ ျမစ္နားမွာနည္းနည္းရိုက္မွာျဖစ္ၿပီးေတာထဲမွာ အရင္ရိုက္ၾကမွာျဖစ္တယ္။
“ကြ်န္ေတာ္ ဝိုင္းကူသယ္ေပးမယ္ေလ…”
Props ေတြမ်ားေနတဲ့ ဒရိုင္ဘာအစ္ကိုဆီကေန ခန္႔ေဝေသာ္ ပစၥည္းတခ်ိဳ႕ကူသယ္တယ္။ ဟန္နာကေတာ့ ဘာမွ်မေျပာဘဲ အေရွ႕ကေန ထြက္သြားေလရဲ႕။ ဟန္နာ့ေနာက္က ယြန္းခ်ီ။ ယြန္းခ်ီေနာက္က ခန္႔ေဝေသာ္။ ေနာက္ဆံုးကေတာ့ ဒရိုင္ဘာအစ္ကိုႀကီး။ လူေလးေယာက္ဟာ ရထားတြဲေတြလုိမ်ိဳး တစ္ေယာက္ေနာက္ကတစ္ေယာက္ ထပ္ခ်ပ္မကြာ လုိက္ဝင္သြားခ့ဲတယ္။
“မင္းေက်ာပိုးအိတ္သယ္ေပးရဦးမလား…”
ယြန္းခ်ီကို ခန္႔ေဝေသာ္ တိုးတိုးေလးကပ္ေမးတယ္။ သူ႔ တိုးတုိးေလးေမးသံကုိ ဟန္နာမၾကားဘဲမေနပါဘူး။ ခန္႔ေဝေသာ္က ယြန္းခ်ီအေပၚမွာ မရိုးသားဘူးလို႔ သူမ ထင္တယ္။ သူတုိ႔ၾကားထဲက ရိုးသားႏိုင္စရာအေၾကာင္းမရွိေပမဲ့ ယြန္းခ်ီက ယြန္းဆုိတာကို ခန္႔ေဝေသာ္ သိေနတဲ့ကိစၥေၾကာင့္ ဟန္နာ ရင္မေအးဘူး။ မေတာ္လုိ႔ ခန္႔ေဝေသာ္က ယြန္းခ်ီကို အၾကံနဲ႔ခ်ဥ္းကပ္တာ ဆုိရင္ ဘယ္လုိလုပ္မလဲ။
“ရပါတယ္…”
ယြန္းခ်ီကေတာ့ ခန္႔ေဝေသာ္ရဲ႕ဂရုစိုက္မႈေတြနဲ႔အသားက်ေနသလို ေပါ့ေပါ့ပါးပါးပဲ ေျဖခဲ့တယ္။ ယြန္းခ်ီရဲ႕ အသားက်မႈက ဟန္နာ့ကို ပိုစိတ္မေအးေစဘူး။ သူမအစ္ကိုႀကီးက အရမ္းကို အယံုလြယ္တဲ့လူသားေလ။ ခန္႔ေဝေသာ္အေၾကာင္းကို ပိုသိေအာင္ ေလ့လာသင့္တယ္လုိ႔ ဟန္နာဆံုးျဖတ္လုိက္တယ္။ ယြန္းဆိုတဲ့ တကယ္မရွိတဲ့မိန္းကေလးေၾကာင့္ တကယ္ရွိေနတဲ့ ယြန္းခ်ီသာ တစ္ခုခုျဖစ္ရင္ သူမ တစ္သက္လံုးေနာင္တေတြနဲ႔ ေနသြားမိမွာ။
သူတုိ႔ေရာက္တဲ့အခ်ိန္မွာ ျပင္စရာရွိတာကို တက္ညီဝိုင္းျပင္ၿပီးခ်ိန္မွာ ယြန္းခ်ီကို ဟန္နာအဝတ္သြားလဲခုိင္းလိုက္တယ္။ ဒရိုင္ဘာအစ္ကိုကလည္း သူ႔ဘာသာေနတာဆုိေတာ့ ဟန္နာနဲ႔ခန္႔ေဝေသာ္ ႏွစ္ေယာက္တည္း က်န္ခဲ့ေတာ့တာေပါ့။ ခန္႔ေဝေသာ္ရဲ႕ ေတာက္ေတာက္ပပျဖစ္ေနတဲ့ မ်က္ႏွာကို ဟန္နာမႏွစ္ၿမိဳ႕စြာၾကည့္တယ္။ ဟုတ္တယ္… ဒီလူက တကယ္ပဲ ယြန္းကို ၾကည့္ဖို႔ လာတာပဲ။
“ယြန္းက ေယာက်ာ္းေလးတစ္ေယာက္ျဖစ္ေနလို႔ ရွင္စိတ္မပ်က္သြားဘူးလား…”
စိတ္အခ်ဥ္ေပါက္ေနတဲ့ ဟန္နာက ခန္႔ေဝေသာ္ကို လွမ္းအေငၚတူးတယ္။ ဒီကေလးမက သူ႔ကို မၾကည္လင္တာကို သိတာေၾကာင့္ ခန္႔ေဝေသာ္ စကားျပန္မေျပာခ်င္ဘူး။ ဒါေပမဲ့လည္း ယြန္းခ်ီရဲ႕ညီမဝမ္းကြဲျဖစ္တာေၾကာင့္ ယြန္းခ်ီနဲ႔သူ႔ၾကားကို အဆင္မေျပေအာင္ ဒီေကာင္မေလးလုပ္ႏိုင္ေလာက္တာကို စဥ္းစားမိၿပီး ခန္႔ေဝေသာ္ ခပ္ေအးေအးပဲျပန္ေျဖတယ္။
“မျဖစ္ပါဘူး…”
အေျဖက တုိတိုတုတ္တုတ္ပါပဲ။ တကယ္လည္း စိတ္မပ်က္သြားပါဘူး။ အဲ့တုန္းက ခံစားခ်က္ကို အတိအက်ေျပာျပရရင္ သူ ေပ်ာ္ေနတာလုိ႔ေတာင္ ေျပာလုိ႔ရေသးတယ္။
“တကယ္လုိ႔ အစ္ကိုႀကီးကို ရွင္ မေကာင္းၾကံရင္ ရွင့္ေနာက္ကို ကြ်န္မ ေရဆံုးေျမဆံုးထိလုိက္မွာ…”
ခန္႔ေဝေသာ္ မ်က္ခံုးေတြ တြန္႔ခ်ိဳးသြားတယ္။ သူက ယြန္းခ်ီကို မေကာင္းၾကံရမယ္။ သူ ဒီေလာက္ထိယြန္းခ်ီကို ခ်စ္တာကို။ ဒီေကာင္မေလးက ဘာလုိ႔ အခုလိုမ်ိဳးေတြ ေတြးေနတာလဲ။ တစ္ခုခုေတာ့ မွားေနၿပီဆုိတဲ့ အသိနဲ႔ ခန္႔ေဝေသာ္ ကေလးမေလးကို လွည့္ၾကည့္တယ္။ အဲကေလးမေလးသာေျပာတာပါ။ ဒီေကာင္မေလးက သူတို႔နဲ႔ကြာလွ ႏွစ္ႏွစ္အလြန္ဆံုးေပါ့။
ေကာင္မေလးရဲ႕စူးစူးရဲရဲအၾကည့္ေတြက သူမ စကားက အခြံသက္သက္မဟုတ္ဘူးဆုိတာကို ေျပာေနသလုိပါပဲ။
“ငါက ဘာလို႔ ယြန္းခ်ီကို မေကာင္းၾကံရမွာလဲ…”
“သူက ယြန္းဆိုတာကို မီဒီယာေတြကိုဖြဖို႔ေလ…”
အာ… အျဖစ္က ဘာလဲဆုိတာကို ခန္႔ေဝေသာ္သိလုိက္တယ္။ ဒီေကာင္မေလးက သူက ယြန္းခ်ီကို အၾကံဆိုးႀကီးနဲ႔ ခ်ဥ္းကပ္တယ္လုိ႔ ထင္ေနပံုပါပဲ။ သူ႔မွာ ဘာအၾကံဆိုးမွ မရွိပါဘူး။ ရွိတယ္ဆုိရင္ေတာင္ အဲ့အၾကံဆိုးက မီဒီယာေတြကို ဖြဖို႔ေတာ့ မဟုတ္ဘူး။ အဲ့ဒါ အေသခ်ာပဲ။
“မလုပ္ပါဘူး…”
ခန္႔ေဝေသာ္ ခပ္သြက္သြက္ျပန္ေျဖတယ္။
“ဘယ္သူက ကိုယ္ခ်စ္တဲ့သူ နစ္နာေအာင္လုိ႔လုပ္မွာလဲ…”
သူ ဆက္ေျပာတယ္။ ဟန္နာ့ရဲ႕မ်က္လံုးဝိုင္းေတြက သူ႔စကားကို အံ့ၾသသလုိၾကည့္တယ္။ ခန္႔ေဝေသာ္က ခပ္တည္တည္ပဲ ကေလးမရဲ႕ မ်က္လံုးေလးေတြထဲ စိုက္ၾကည့္တယ္။
“ယြန္းက ယြန္းခ်ီရဲ႕အစိတ္အပိုင္းတစ္ခုလို႔ ငါ လက္ခံပါတယ္… ဝန္ခံရရင္ ငါ ယြန္းကို အရင္သေဘာက်တာ… ဒါေပမဲ့ ယြန္းခ်ီက ယြန္းျဖစ္တာေၾကာင့္ ငါ သူ႔ကို သေဘာက်တာမဟုတ္ဘူး… ယြန္းခ်ီက ယြန္းခ်ီျဖစ္ေနလို႔ကို သေဘာက်တာ…”
ခန္႔ေဝေသာ္က ကဗ်ာေတြမဆန္တတ္ဘူး။ တစ္ဖက္သားကိုလည္း သူ ေျပာတာကို နားလည္ေအာင္ မေျပာျပတတ္ဘူး။ သူ ေျပာတာကို ဒီေကာင္မေလးနားေရာ လည္ပါ့မလားလုိ႔ ခန္႔ေဝေသာ္ ေတြးမိတယ္။
ကံေကာင္းစြာနဲ႔ပဲ ေကာင္မေလးက သူ႔ကိုျပႆနာမရွာေတာ့ဘူး။ သူတုိ႔ၿငိမ္ေနၾကရင္းကေန ယြန္းခ်ီထြက္လာတာေၾကာင့္ ဟန္နာက ယြန္းခ်ီဆီထြက္သြားခဲ့တယ္။ ခန္႔ေဝေသာ္ရဲ႕အၾကည့္ေတြက ဆံပင္အတုအနက္ေျဖာင့္ေျဖာင့္စင္းစင္းနဲ႔ ရင္ျပတ္ဂါဝန္အနက္ကို ဝတ္ထားတဲ့ ယြန္းခ်ီဆီေရာက္သြားတယ္။ ယြန္းခ်ီက ကိုယ္တုိင္လည္း မိတ္ကပ္ေကာင္းေကာင္းျပင္တတ္တာပဲလုိ႔ ခန္႔ေဝေသာ္ ေတြးတယ္။
ယြန္းကို ျမင္ရရင္ ဘာျဖစ္သြားမလဲလုိ႔ ခန္႔ေဝေသာ္ စိတ္ကူးေတြယဥ္ေနခဲ့တယ္။ ရိုက္ကြင္းကို သူ လုိက္လာတာ ယြန္းကို ျမင္ခ်င္လုိ႔ေလ။ ဒါေပမဲ့ အ့ံၾသစရာေကာင္းတာက… ယြန္းကို သူ ယြန္းခ်ီလုိ႔ပဲ ျမင္ေနတယ္။ သူ႔အတြက္ သူတို႔ႏွစ္ေယာက္က တစ္ေယာက္တည္းပါပဲ။ ခန္႔ေဝေသာ္ တိုးတိုးေလးရယ္တယ္။ သူ တကယ္ပဲ ယြန္းခ်ီကို ရူးမူးေနတာပဲ။ ဒီေကာင္ေလး ဘာပံုနဲ႔ျဖစ္ျဖစ္ သူ သေဘာက်တယ္။
ဒီလုိနဲ႔ သူတုိ႔ရဲ႕ ရိုက္ကြင္းက စတင္ခဲ့ၾကပါတယ္။ ေပ်ာ္စရာအမွတ္တရတခ်ိဳ႕နဲ႔ေပါ့။ ေၾသာ္… ရိုက္ကြင္းၿပီးဆံုးသြားတဲ့အခ်ိန္မွာ ဟန္နာက ခန္႔ေဝေသာ္ကို အမွတ္ျပည့္ေပးခဲ့ပါတယ္။ သူ႔အစ္ကိုႀကီးရဲ႕ ရည္းစားအစ္ကိုႀကီးျဖစ္ဖို႔ ခန္႔ေဝေသာ္က သင့္ေတာ္ပါတယ္ဆိုၿပီးေတာ့ေပါ့။
----------