Unicode
အပိုင်း - ၈ : ငါက မင်းရဲ့ဖန်ပါ!
“အာ… ငါ ဘယ်လိုလုပ်ရမလဲ…”
ခန့်ဝေသော်ကိစ္စကို သူ ခေါင်းခဲနေရင်းကနေ ယွန်းချီခပ်တိုးတိုးလေးညည်းတယ်။ ခုတင်ပေါ်မှာ လူးလိမ့်နေတုန်းမှာ ဟန်နာ့ဆီက ဖုန်းဝင်လာလေရဲ့။
“ဟေး ငါ့အစ်ကို!”
ဟန်နာ့ရဲ့အသံက အမြဲတမ်းကြည်ကြည်ရွှင်ရွှင်ပဲ။ နောက်ပြီး ဟန်နာက သိပ်ကို active ဖြစ်တဲ့ ကောင်မလေးလည်းဖြစ်တယ်။ တစ်ခါခါကျရင်း ဟန်နာက ဘာလို့များ သိပ်တက်ကြွနိုင်လွန်းလဲဆိုတာကို ယွန်းချီစဉ်းစားလို့တောင် မရဘူး။ ဟန်နာက တက်ကြွတယ်။ ရဲရင့်တယ်။ ပြီးတော့စွာတယ်။
အိုး… ဟုတ်တယ်… ဟန်နာက စွာတယ်… ယွန်းအနေနဲ့ သူ Photo Model စလုပ်တုန်းကဆိုရင် bad comment တွေအများကြီးပဲရခဲ့တယ်။ ယွန်းက ဘယ်လောက်ပဲ လှလှ Hater ကတော့ ရှိတာပဲလေ။ သူတို့အကုန်လုံးက ဟန်နာ့ရဲ့ အညှာအတာမရှိတဲ့နည်းလမ်းတွေနဲ့တွေ့သွားခဲ့တယ်။ ဘယ်လိုနည်းလမ်းဆိုတာကို သူ ပြောတောင်မပြောချင်ဘူး။
Hater တွေ… ဒါကလည်း လူ့သဘာဝပါပဲ။ လူတွေက သူတို့မှာမရှိတဲ့အရာကို တစ်ဖက်သူက ပိုင်ဆိုင်ရင် ကော်ပီကူးခြင်းနဲ့မုန်းတီးခြင်း နှစ်မျိုးတည်းကိုပဲ လုပ်လေ့ရှိတယ်။
ကော်ပီကူးတာကိုကျ သူတို့က စကားလှအောင် လွှမ်းမိုးခံရတာလို့သုံးနှုန်းပြီးတော့ မုန်းတီးတာနဲ့ပတ်သက်ပြီးကိုတော့ နည်းလမ်းတွေအမျိုးမျိုးနဲ့ဖော်ပြတတ်ကြတယ်။
နည်းလမ်းတစ်။ အပြစ်ရှာမယ်။
နည်းလမ်းနှစ်။ သူက ငါ့လောက်မတတ်ပါဘူးလို့ဖောင်းထုမယ်။
ဘယ်နည်းလမ်းပဲဖြစ်ဖြစ်ပါ။ ယွန်းချီဆိုတဲ့ကောင်ကလေးက အကုန်လုံးကို ရင်ဆိုင်ခဲ့ပြီးသွားပါပြီ။ အင်း ဟန်နာအတူတူရှိလို့ပေါ့။
ဟန်နာက လူရည်လည်တယ်။ ဒါကလည်း ဟန်နာက လူတွေအများကြီးနဲ့ပေါင်းသင်းဆက်ဆံဖူးတာလည်း ပါမှာပေါ့။ ဟန်နာက သူ့ကိုအမြဲတမ်းအကာအကွယ်ပေးတယ်။ အဲ့လိုမကောင်းတဲ့လူတွေဆီကပေါ့။ တကယ်တော့ သူက အစ်ကို ဖြစ်တာကြောင့် ညီမဝမ်းကွဲလေးကို တခြားသူတွေဆီက ကာကွယ်ပေးရမယ်ဆိုပေမဲ့ ဟန်နာကချည်း သူ့ကိုကာကွယ်ပေးတာပါပဲ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ရှက်လားလို့မေးရင်တော့ သူ မရှက်ပါဘူး။ လုံးဝ(လုံးဝ) မရှက်ဘူး!
ဟုတ်တယ်လေ။ သူ မတတ်နိုင်တာကို သူများတတ်နိုင်လို့လုပ်ပေးတာပဲ။ ဘာရှက်စရာရှိလဲ။ ကျေးဇူးတင်လိုက်ရုံပေါ့။ ဒါဆိုဘယ်လောက်များကောင်းသွားလိမ့်မလဲ။ တစ်ခါခါမှာ လူတွေက အခြေခံအချက်ဖြစ်တဲ့ ကျေးဇူးတင်ခြင်းဆိုတာကို မေ့လျော့ကြတယ်။ ဒါကလည်း သူတို့အပြစ်တော့မဆိုသာပါဘူး။ သူတို့ရဲ့မာနက ကျေးဇူးတင်ခြင်းကို မေ့လျော့အောင် လုပ်ခဲ့တာကိုး။ ဒါကြောင့် သူ မလုပ်နိုင်တာကို ဟန်နာလုပ်ပေးတဲ့အချိန်မှာ ဘာဘာညာညာ သူ မစဉ်းစားဖြစ်ဘူး။ ကျေးဇူးပဲတင်ဖြစ်လိုက်တယ်။
“ငါ Dress အသစ်ချုပ်ပြီးသွားပြီ… အလုပ်စကြမယ်… ဒီပိတ်ရက်မှာ…”
ယွန်းချီရဲ့မျက်နှာမှာ မမြင်ရတဲ့အနက်စင်းတွေထင်လာတော့တယ်။ သူ မိန်းကလေးလို ထပ်ဝတ်ရဦးမယ်။ ဘာလို့များ သူ့အမေကသူ့ကို ဘာဝတ်စုံဝတ်ဝတ်လှတဲ့ ခန္ဓာကိုယ်ကို ပေးခဲ့တာလဲ။ နောက်ပြီး ယောကျာ်းမကျ မိန်းမ မကျတဲ့မျက်နှာကိုလည်း ပေးထားသေးတယ်။
“အင်း…”
ယွန်းချီခပ်အေးအေးပဲ ‘အင်း’ လိုက်တယ်။ ဒီအလုပ်က သူနဲ့အသားကျနေပါပြီ။ ဒါကြောင့် သူ့စိတ်ထဲ မိန်းကလေးလို ဝတ်ရမယ်ဆိုတာကို တွေးမိပြီး နည်းနည်း အောင့်သက်သက်ဖြစ်တာကလွဲရင် သိပ်တော့ ထူးထွေမခံစားရတော့ပါဘူး။
အန္တရာယ်များလိုက်တာ! သူ မိန်းကလေးလို ဝတ်တာနဲ့ပတ်သက်ပြီး နည်းနည်းလေးမှ ကသိကအောက် မခံစားရတော့ဘူး! ဒါ အရမ်းကို အန္တရာယ်များတာပဲ!
ဟန်နာနဲ့သူနဲ့ ရောက်တတ်ရာရာပေါက်တတ်ရာရာပြောရင်းကနေ ဟန်နာက အကြောင်းအရာတစ်ခုခုကို သတိရသွားတဲ့ပုံနဲ့အသံပြုတယ်။ ပြီးတော့မှ…
“အိုး… အစ်ကို… နင် သူငယ်ချင်းအသစ်ရနေတယ်ဆို… အန်တီပြောတာ…”
သူငယ်ချင်းအသစ်ဆိုတာက ယွန်းချီရင်ကို တဒိတ်ဒိတ်ခုန်သွားစေတယ်။ သူငယ်ချင်းအသစ်…
“အဲ့ဒီကောင်လေးက နင့်ကိုအနိုင်ကျင့်မှာကို သူ စိုးရိမ်တယ်လို့ပြောနေတာ…”
“သူက ငါ့ကိုအနိုင်မကျင့်ပါဘူး…”
ယွန်းချီရဲ့မိဘတွေက ခန့်ဝေသော်နဲ့သူ အပေါင်းအသင်းလုပ်နေတာကို သိပုံရတယ်။ မြို့လေးကလည်း ခပ်ကျဉ်းကျဉ်းဖြစ်တာကြောင့် လူကြီးတွေအနေနဲ့ ရှိတဲ့ကလေးနည်းနည်းလေးရဲ့ အကြောင်းတွေကို သိဖို့ဆိုတာ သိပ်တော့ မခဲယဉ်းလှပါဘူး။
“သြော်… အဲ့ဒါဆိုလည်းပြီးတာပဲ ကိစ္စမရှိပါဘူး သူ အနိုင်ကျင့်ရင်တော့ ငါ့ကိုပြောနော်…”
“အနိုင်ကျင့်တော့ ဘာလုပ်ပေးမှာမို့လဲ…”
“ငါတို့ကျောင်းက ငါ့ကိုကြိုက်နေတဲ့ကောင်လေးတွေအကုန်လုံးကို ခေါ်ပြီး အဲ့ကောင်ကိုထိုးခိုင်းမယ်… အနာဆုံး ထိုးနိုင်တဲ့ကောင်ကို ငါနဲ့ကျောင်းပိတ်ရက်တစ်ရက် ဒိတ်ခွင့်ပေးလိုက်မယ်လေ…”
ယွန်းချီရုတ်တရက် ဘာပြောရမှန်းမသိတော့ဘူး။ သူ့ညီမတစ်ယောက်ဟာ ကိုယ်တိုင်မလုပ်နိုင်တဲ့ကိစ္စကို အခြားသူတစ်ယောက်ကို အသုံးချဖို့အတွက် အကြံအကြီးကြီးရှိနေတယ်။
“ဘာလဲ ငါမှ ရန်မဖြစ်တတ်တဲ့ဟာ…”
ဟန်နာရဲ့ဖုန်းထဲက ဆောင့်ဆောင့်လေးထွက်လာတဲ့အသံက တစ်ဖက်မှ သူ့နှုတ်ခမ်းတွေက ရှေ့ကို စုချွန်ပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
“ကိုယ်မလုပ်နိုင်လို့ လုပ်နိုင်တဲ့လူကို အသုံးချတာ ဘာဖြစ်တာမှတ်…”
“ကောင်လေးတွေနဲ့ မပတ်သက်ပါနဲ့ နင်က ငယ်ငယ်လေးရှိသေးတာ…”
၁၅ နှစ်ဆိုတာ ငယ်ငယ်လေးပါ။ တကယ်ငယ်ငယ်လေး။
“အမလေး မပတ်သက်ပါဘူး… ငါ ဘယ်သူနဲ့မှ ဒိတ်ဖို့မစဉ်းစားဘူး…”
ဟန်နာက ခပ်မြန်မြန်အော်တယ်။ နောက်တော့ သူမလေးက ဆက်ပြောလာတယ်။
“ဘာပဲဖြစ်ဖြစ်… သူက လူရမ်းကားလေးလို့ အန်တီကပြောတယ်… အဲ့ဒါကြောင့် နင် အဲ့ဒီလူရမ်းကားလေးနဲ့ ဆက်ပေါင်းသင်းမယ်ဆိုရင် အစ်ကိုကြီး နင် Roll No. တော့ ကျလို့မဖြစ်ဘူး…”
သူ့အစ်ကိုကြီးမှာ အပေါင်းအသင်းက များများစားစားမရှိတာကြောင့် ဟန်နာကတော့ ယွန်းချီအမေလိုမျိုး ယွန်းချီကို ဟိုလူနဲ့မပေါင်းနဲ့ဒီလူနဲ့မပေါင်းနဲ့တော့ မပြောချင်ဘူး။ ဘာလို့ဆို ယွန်းချီမှာ ယောကျာ်းလေးအပေါင်းအသင်းထက် မိန်းကလေးအပေါင်းအသင်းက ပိုများတယ်လေ။ ပြောရရင် အဲ့လူရမ်းကားလေးက လတ်တလောမှာရှိတဲ့ ယွန်းချီရဲ့ တစ်ယောက်တည်းသော ယောကျာ်းလေး အပေါင်းအသင်းလို့တောင်ပြောလို့ရတယ်။ နောက်ပြီး လူရမ်းကားလည်း ဘာဖြစ်လဲ။ လူရမ်းကားမှာလည်း အသုံးဝင်တဲ့အချက်တွေရှိပါတယ်။ ဥပမာ အဲ့ဒီလူရမ်းကားလေးက ရပ်ကွက်ဗိုလ်မျိုးဆို ဘယ်ကောင်မှ ကိုယ့်မထိရဲတော့ဘူးလေ။ ဟင်း…ဟင်း ပြောပါတယ် အသုံးဝင်ပါတယ်ဆို။ ဟန်နာ ကိုယ့်အတွေးနဲ့ကိုယ် စိတ်ထဲမှာ ကြိတ်ရယ်လိုက်တယ်။
“ငါပြောတာ နင်သိတယ်မဟုတ်လား…”
“အင်း ငါ သိတယ်…”
ယွန်းချီက လေပျော့လေးနဲ့ပဲပြန်ပြောတယ်။ ဟုတ်တယ်။ ယွန်းချီရဲ့မိဘတွေက ယွန်းချီကို တော်တန်ရုံမချုပ်ချယ်ကြဘူး။ ယွန်းချီရဲ့ အဆင့်သာမကျဘူးဆိုရင် သူတို့ဘာမှပြောမှာမဟုတ်ဘူး။ ဟန်နာက သူ့ကို ဒါကို သတိရအောင် ပြောပေးနေတာ။ ဟန်နာတစ်ယောက် သူ့ဘေးမှာရှိတာ ကျေးဇူးတော့တင်ရမယ်။ မဟုတ်ရင် သူ ဘယ်လိုမှ ဒီလိုအချက်တွေကို သတိထားမိမှာ မဟုတ်ဘူးလေ။
“အဲ့ဒါဆို အဲ့ကိစ္စပြီးပြီ…”
ပြောပြီးတာနဲ့ ဟန်နာက နောက်ထပ်ခေါင်းစဉ်တစ်ခုထပ်ပြောင်းတယ်။
“ငါဒီတစ်ခါရိုက်ကွင်းကို လိုက်အောင် ပြောင်းထားတယ်…”
“အင်း…”
“အခု ဂါဝန်က gothic style ဆိုတော့ နင်နဲ့လိုက်မှာပါ… နင့်ညှပ်ရိုးလေးတွေက တအားလှတယ်လေ…”
“အင်း…”
ဟန်နာနဲ့သူနဲ့ ဆက်ပြောကြတယ်။ အမြဲတမ်း ယွန်းက နတ်သမီးဆန်ဆန်ဖြူဖြူလေးလှနေတာကို visual change ပြီး အပြောင်းအလဲဖြစ်အောင် ဘယ်လိုလုပ်မလဲ ဟန်နာက အားတက်သရောပြောပြတယ်။ ယွန်းချီကတော့ နားထောင်သက်သက်ပေါ့။ သူက ဘိုမရုပ်လေးပဲလုပ်မယ်။ ဟန်နာဝတ်ပေးတာဝတ်မယ်။ ဟန်နာ နေခိုင်းသလိုနေမယ်။ ဟန်နာပြင်ပေးတာကို ငြိမ်ခံမယ်။ ဟန်နာက အဲ့ဒီပိုင်းမှာ ငယ်ပေမဲ့ talent ရှိတယ်ဆိုတာ သူ ကောင်းကောင်းသိတယ်လေ။ ဒါကြောင့် သူ ဟန်နာ့ကို ယုံလိုက်တာပဲ ကောင်းတယ်။
“ဒါဆို ငါတို့ ပိတ်ရက် ၁၀ နာရီနော်…”
“အင်း…”
နောက်ဆုံးတော့ ချိန်းဆိုမှုကြီးက အတည်ဖြစ်သွားခဲ့တယ်။ ဟန်နာနဲ့ဖုန်းပြောပြီးချိန်မှာ ယွန်းချီရဲ့အတွေးတွေက တောင်ရောက်မြောက်ရောက်ပေါ့။ ပထမဆုံး ခန့်ဝေသော်နဲ့ကိစ္စတွေရှုပ်နေခဲ့တာကြောင့် သူက ယွန်းဆိုတာကို ယွန်းချီမေ့နေခဲ့တယ်။ အခုတော့ သူ အဲ့ဒီအလုပ်ကို လုပ်ရဦးမယ်။ သူက ယွန်းဆိုမှ… ခန့်ဝေသော်က သူနဲ့တွဲရင် တိတ်တိတ်လေးနေပေးမယ်လို့ပြောတယ်။
ဒါက ခန့်ဝေသော်က သူ့ကိုချစ်တာလား မချစ်တာလား။ ချစ်တာလားမချစ်တာလားဆိုတာကလည်း ပါးစပ်ကပြောမှ သိမှာပေါ့မဟုတ်ဘူးလား။ သူက အကြားအမြင်ဆရာလည်းမဟုတ်၊ စိတ်ဖတ်သူလည်းမဟုတ်ဘူးလေ။
ခန့်ဝေသော်က သူ့ကိုချစ်တာလား၊ မချစ်တာလားဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယွန်းချီတစ်ယောက် စိတ်ဓာတ်ကျနေတဲ့ အုန်းမှုတ်ခွက်လေးပြန်ဖြစ်သွားတော့တယ်။ သူ တကယ်မသိဘူး ခန့်ဝေသော်က သူ့ကိုချစ်တာလား၊ မချစ်တာလား။ စိတ်ဆိုးလို့ သူနဲ့တွဲပြီး သူ့က ယောကျာ်းတစ်ယောက်ပါလို့ အရှက်ခွဲမှာလား။
ဒီအတွေးက ယွန်းချီရဲ့တစ်ကိုယ်လုံးကို အေးစက်တောင့်တင်းသွားစေတယ်။
မဟုတ်လောက်ပါဘူး။
သူတွေးတယ်။
မဟုတ်လောက်ပါဘူး။ ခန့်ဝေသော်က အဲ့လိုမျိုးလုပ်မဲ့လူမဟုတ်ပါဘူး။
သူ ထပ်တွေးတယ်။
လုပ်ခဲ့ရင်ရော…
သံသယက ဝင်လာပြန်တယ်။
ခန့်ဝေသော်က လုံးဝလုပ်မှာမဟုတ်ပါဘူး။ ခန့်ဝေသော်က… ခန့်ဝေသော်က လူကောင်းလေးဆိုတာကို သူ သိတာကြောင့် မလုပ်လောက်ပါဘူး။
ဒီလိုနဲ့ အဲ့ဒီညကတစ်ညလုံး ယွန်းချီတစ်ယောက် Repeat ပြန်လှန်နေတဲ့ မေးခွန်းနဲ့ အိပ်ပျက်ခဲ့ရတယ်။
>>>>><<<<<
“ဘယ်လိုဖြစ်တာလဲ နေမကောင်းဘူးလား…”
တစ်ရက်လေးအိပ်ပျက်လိုက်တာနဲ့ မျက်တွင်းလေးချိုင့်လာတဲ့ ယွန်းချီရဲ့ပုံကိုကြည့်ပြီး ခန့်ဝေသော် အံ့သြတကြီးမေးတယ်။ ယွန်းချီကတော့ ခန့်ဝေသော်ရဲ့ အယောင်မကျသေးတဲ့မျက်နှာကိုကြည့်ပြီးတော့…
“ဘာလို့ အဲ့လောက်ကြီး ရန်ဖြစ်လာရတာလဲ…”
ခန့်ဝေသော်အခုလိုဒဏ်ရာရနေတာကို မြင်ရတာ သူ့စိတ်က လုံးလုံးမချမ်းသာဘူး။ ခန့်ဝေသော်နာတာက သူ နာတာမဟုတ်ပေမဲ့ သူနာသလိုပဲ ခံစားနေရတယ်။ လူကနာတာမဟုတ်ဘဲ စိတ်ကနာတာကြောင့် သူခံစားရတာက ပိုဆိုးလောက်တယ်လို့ ယွန်းချီထင်တယ်။
“သြော်… မနာပါဘူး… လက်တွေ့ပြလို့ရတယ်…”
ခန့်ဝေသော်က သူ့မနက်စာ ပေါင်မုန့်ကိုကိုက်ပြီးတော့ ယွန်းချီလက်ကို ကောက်ဆွဲလိုက်တယ်။ ရုတ်တရက်အပြုအမူက ယွန်းချီကို မျက်လုံးတွေဝိုင်းစက်သွားစေတာပေါ့။ ယောင်ကိုင်းနေတဲ့မျက်နှာကို ယွန်းချီလက်ချောင်းသွယ်သွယ်လေးတွေ ထိလာတယ်။ ခန့်ဝေသော်က ယွန်းချီမျက်လုံးတွေကို စိုက်ကြည့်တယ်။ နောက်တော့ ပေါင်မုန့်ကို ကိုက်ထားရင်းကနေ ပြုံးတယ်။ ခန့်ဝေသော်ရဲ့ အဲ့လိုအပြုံးက ခွေးလေးတစ်ကောင်က မုန့်အိတ်လေးကိုက်ပြီး ပြုံးလိုက်သလိုပဲ။ ယွန်းချီကတော့ အဲ့လိုပဲ မြင်တယ်။ ပွန်းချိကို မြင်ယောင်လိုက်တာကြောင့် ယွန်းချီရဲ့လက်တွေက ခန့်ဝေသော်လက်ကနေထွက်ပြီး အလိုလို ခန့်ဝေသော်ခေါင်းဆီရောက်သွားတယ်။ ဒါ ပွန်းချိကို အသဲယားလာတိုင်း သူ လုပ်တတ်တဲ့ အပြုအမူပါပဲ။
“နောက်တစ်ခါ ရန်အများကြီး မဖြစ်နဲ့…”
သူ တိုးတိုးလေးပြောတယ်။
ယွန်းချီရဲ့အသံတိုးတိုးလေးက ခန့်ဝေသော်ရဲ့ ရင်ထဲကို ချောကလက်ကော်ဖီပူပူလေး လောင်းထည့်လိုက်သလိုပါပဲ။ နွေးလည်းနွေးတယ်။ ချိုလည်းချိုတယ်။
“အင်း…”
ပေါင်မုန့်ကိုက်ရင်းနဲ့ သူ ခေါင်းညိတ်တယ်။ ပေါင်မုန့်ကိုက်ထားတာကြောင့် သူ့ ‘အင်း’ ဆိုတဲ့အသံက မပီမသနဲ့ပေါ့။
အာ… သူ ခန့်ဝေသော်ရဲ့ ပါးတွေကို ဆွဲညှစ်ချင်လိုက်တာ… ယွန်းချီစိတ်ထဲမှာ တွေးနေတယ်။ လက်တွေ့မှာတော့ ခန့်ဝေသော် ဆံပင်ထောင်ထောင်လေးတွေကို ထိပြီးတော့ သူ လက်မြန်မြန်ရုတ်လိုက်ရတယ်။ တော်သေးတယ်! ခန့်ဝေသော်က ငါ့ကို ထမထိုးလို့!
ယွန်းချီစိတ်ထဲရင်မနေပြန်တယ်။ ဟုတ်တယ်လေ။ သူ ခန့်ဝေသော်ရဲ့ ခေါင်းကို ဖတ်ခနဲမပြောမဆိုနဲ့ကိုင်လိုက်တာကို။ မျက်ထောင့်လေးကပ်ပြီး ခန့်ဝေသော် စိတ်ဆိုးနေလား မဆိုးနေလား အကဲခတ်ပေမဲ့ ခန့်ဝေသော်က ခပ်အေးအေး ပေါင်မုန့်စားနေလေရဲ့။
“မနက်စာကို ငါ လုပ်လာပေးရမလား…”
ယွန်းချီတိုးတိုးလေးမေးတယ်။ ပေါင်မုန့်တွေ နေ့တိုင်းစားတာ မကောင်းဘူးလေ။
“မင်း စားချင်တယ်ဆို ငါ နေ့လည်စာပါ နှစ်ယောက်စာ လုပ်လို့ရတယ်…”
ခန့်ဝေသော် ပေါင်မုန့်သီးသွားတော့တယ်။ သူ မြိုချနေတုန်းမှာ ယွန်းချီပြောလိုက်တာကြောင့်လေ။ အရမ်းကိုအံ့သြသွားတာကြောင့် ပေါင်မုန့်က သူ့လည်ချောင်းမှာတစ်သွားခဲ့တယ်။ ပြန်မဖြေတာကြောင့် ယွန်းချီကြည့်တဲ့အချိန်မှာ ခန့်ဝေသော်ရဲ့မျက်နှာနီနီကိုတွေ့တယ်။ ရှက်လို့နီတာထက် ပေါင်မုန့်က လည်ချောင်းမှာ တစ်နေလို့ နီနေတာပါ။ ရင်ဘတ်ထုနေတဲ့ခန့်ဝေသော်ကို ကြည့်ပြီး ယွန်းချီ ဘာဖြစ်နေတယ်ဆိုတာကို နားလည်လိုက်တယ်။
“အအေး… အအေးသောက်လိုက်…”
ခပ်မြန်မြန်ပဲ ခန့်ဝေသော် သူ့အတွက်ဝယ်လာပေးတဲ့ စတော်ဘယ်ရီနို့အေးစက္ကူဘူးကို သူ ပိုက်နဲ့ဖောက်ပြီး တိုက်လိုက်တယ်။ အအေးဝင်သွားတော့မှပဲ ခန့်ဝေသော်ရဲ့ နီနေတဲ့ မျက်နှာက အရောင်ကျသွားတော့တယ်။
“မင်း မလုပ်စေချင်လည်း ပြောလို့ရပါတယ်… အဲ့လောက် လန့်သွားစရာမလိုပါဘူး…”
အအေးဆက်သောက်နေတဲ့ ခန့်ဝေသော်ကို မကြည့်ဘဲ ယွန်းချီစိတ်မကောင်းဖြစ်စွာနဲ့ပြောတယ်။
“မဟုတ်ဘူး…”
ခန့်ဝေသော်တစ်ယောက် အအေးတောင် မမြိုချနိုင်တော့ဘူး။ အလောတကြီးပြန်ပြောလိုက်တာကြောင့် ပါးစပ်ထဲက အအေးတွေက သူ့ပေါင်ပေါ်ကျသွားတော့တယ်။
ခန့်ဝေသော် : ………
ယွန်းချီ : ………
သူတို့ တခဏတိတ်သွားကြတယ်။ ကသောင်းကနင်းဖြစ်နေတဲ့ သူတို့ရဲ့အဖြစ်ကိုကြည့်ပြီး တဟားဟားနဲ့ထရယ်ကြတော့တာပေါ့။ ခန့်ဝေသော်က ယွန်းချီကို ကြည့်ပြီးတော့…
“တကယ်တော့ ငါအရမ်းပျော်သွားတာပါ မင်းက ငါ့ကို မနက်စာလုပ်ပေးမှာလေ…”
ရယ်ပြီးခဏကြာတဲ့အချိန်မှာ ခန့်ဝေသော်ပြောတယ်။ ယွန်းချီကို သူ ကြည့်တဲ့အကြည့်က ရွှန်းရွှန်းစားစားပါပဲ။ ယွန်းချီ ခေါင်းလေးငုံ့သွားခဲ့တယ်။ ခန့်ဝေသော် စိတ်ထဲမှာ မချင့်မရဲနဲ့။ ဒုက္ခပဲ ခေါင်းငုံ့နေတဲ့ ယွန်းချီကို သူ ဖက်လိုက်ချင်တယ်။ နောက်ပြီးတော့ သူ နမ်းလိုက်ချင်တယ်။ ဒါပေမဲ့ သူ လုပ်လို့မရဘူး! ဒါက ကျောင်းပရဝဏ်ထဲမှာလေ! လုပ်လိုက်ရင် သူ့ဦးလေးက သူ့ကို အသေလုပ်သတ်လိမ့်မယ်!
“ငါတို့ ဒီပိတ်ရက် ရုပ်ရှင်သွားကြည့်ကြမလား…”
ခန့်ဝေသော် တိုးတိုးလေးမေးတယ်။ တကယ်လို့ ရုပ်ရှင်ကြည့်မယ်ဆိုရင် ယွန်းချီရဲ့လက်တွေကို သူကိုင်လို့ရလောက်တယ်။ နောက်ပြီး အခွင့်အရေးပေးရင် ပခုံးလေးဖက်မယ်။ အခွင့်အရေးထပ်ပေးလာရင်… ယွန်းချီကို သူ နမ်းချင်တယ်။ ယွန်းချီရဲ့ လက်ကလေးတွေက အိအိလေး။ ပခုံးကိုသာ ဖက်ပြီး သူ့ရင်ခွင်ထဲထည့်ရင် ယွန်းချီဆီက ဘယ်လိုအနံ့မျိုးကို သူ ရလိမ့်မလဲ။ ယွန်းချီသုံးနေကျ ရေမွှေးနံ့? ယွန်းချီရဲ့ နှုတ်ခမ်းလေးတွေကရော အိစက်နေမလား ဒါမှမဟုတ် ဘယ်လိုအရသာမျိုးရှိလိမ့်မလဲ… လူဆိုးလေးတစ်ယောက်က သူ့အတွေးနဲ့သူ မျက်နှာလေးရဲသွားတယ်။
ယွန်းချီကတော့ လူဆိုးလေးတစ်ယောက်ရဲ့ အတွေးကို မသိခဲ့ပါဘူး။ သူ့စိတ်ထဲ ပိတ်ရက်မှာ ဟန်နာနဲ့ကတိပေးထားတာကို တွေးနေတယ်။
“ငါ အဲ့နေ့ ဓာတ်ပုံရိုက်ကွင်းရှိတယ်…”
“ယွန်းအနေနဲ့လား…”
ခန့်ဝေသော်ရဲ့ အသံက မျှော်လင့်တကြီးပေါ့…
“အင်… အင်း…”
ယွန်းချီတိုးတိုးလေးဖြေတယ်။
“ငါ လိုက်ကြည့်လို့ရမလား… ငါက မင်းရဲ့ဖန်ပါ! မင်းက ငါ့ရဲ့ နံပတ်တစ်ပဲ!”
ခန့်ဝေသော်ရဲ့ မျက်နှာလေးက ပွန်းချိအစာတောင်းနေတဲ့ပုံလေးနဲ့တူတယ်။ ခန့်ဝေသော်ခေါင်းပေါ်မှာ နားရွက်နဲ့ အနောက်က အမြီးတောင် ထွက်လာသလိုပဲ။ အမြီးလေးတနှံ့နှံ့နဲ့ ပွန်းချိအစာတောင်းနေတဲ့ပုံကို မြင်ယောင်ပြီး ယွန်းချီရယ်တော့တယ်။ ခန့်ဝေသော်က သူ့ကို အရှက်ခွဲမယ်? ဘယ်လိုတွေတောင် သူ အတွေးတိမ်ခဲ့တာလဲ။
“အင်း…”
သူ ရယ်ပြီးခေါင်းညိတ်တယ်။ ခန့်ဝေသော်က ဘယ်တော့မှ လုပ်လိမ့်မှာမဟုတ်ပါဘူး။ သူ ဒါကိုကောင်းကောင်းသိတယ်။ သူ ယုံလည်းယုံတယ်။ ခန့်ဝေသော်ကတော့ ယွန်းချီဘာလို့ ရယ်လည်း နားမလည်ဘူး။ ဒါပေမဲ့လည်း ယွန်းချီရယ်နေတာကိုပဲ သူ ကြည့်နေလိုက်တယ်။ ရယ်နေတဲ့ယွန်းချီကို သူ သဘောကျတယ်။ ဟင့်အင်း ယွန်းချီ ဘယ်လိုနေနေ သူ သဘောကျတာပါ။ ဟုတ်တယ် အမှန်က ဒီလိုပါ။ ယွန်းချီဘယ်လိုနေနေ သူ သဘောကျတာ။
Zawgyi
အပိုင္း - ၈ : ငါက မင္းရဲ႕ဖန္ပါ!
“အာ… ငါ ဘယ္လိုလုပ္ရမလဲ…”
ခန္႔ေဝေသာ္ကိစၥကို သူ ေခါင္းခဲေနရင္းကေန ယြန္းခ်ီခပ္တိုးတိုးေလးညည္းတယ္။ ခုတင္ေပၚမွာ လူးလိမ့္ေနတုန္းမွာ ဟန္နာ့ဆီက ဖုန္းဝင္လာေလရဲ႕။
“ေဟး ငါ့အစ္ကို!”
ဟန္နာ့ရဲ႕အသံက အျမဲတမ္းၾကည္ၾကည္ရႊင္ရႊင္ပဲ။ ေနာက္ၿပီး ဟန္နာက သိပ္ကို active ျဖစ္တဲ့ ေကာင္မေလးလည္းျဖစ္တယ္။ တစ္ခါခါက်ရင္း ဟန္နာက ဘာလို႔မ်ား သိပ္တက္ၾကြႏိုင္လြန္းလဲဆုိတာကို ယြန္းခ်ီစဥ္းစားလုိ႔ေတာင္ မရဘူး။ ဟန္နာက တက္ၾကြတယ္။ ရဲရင့္တယ္။ ၿပီးေတာ့စြာတယ္။
အိုး… ဟုတ္တယ္… ဟန္နာက စြာတယ္… ယြန္းအေနနဲ႔ သူ Photo Model စလုပ္တုန္းကဆုိရင္ bad comment ေတြအမ်ားႀကီးပဲရခဲ့တယ္။ ယြန္းက ဘယ္ေလာက္ပဲ လွလွ Hater ကေတာ့ ရွိတာပဲေလ။ သူတုိ႔အကုန္လံုးက ဟန္နာ့ရဲ႕ အညွာအတာမရွိတဲ့နည္းလမ္းေတြနဲ႔ေတြ႔သြားခ့ဲတယ္။ ဘယ္လုိနည္းလမ္းဆုိတာကို သူ ေျပာေတာင္မေျပာခ်င္ဘူး။
Hater ေတြ… ဒါကလည္း လူ႔သဘာဝပါပဲ။ လူေတြက သူတုိ႔မွာမရွိတဲ့အရာကို တစ္ဖက္သူက ပိုင္ဆုိင္ရင္ ေကာ္ပီကူးျခင္းနဲ႔မုန္းတီးျခင္း ႏွစ္မ်ိဳးတည္းကိုပဲ လုပ္ေလ့ရွိတယ္။
ေကာ္ပီကူးတာကိုက် သူတုိ႔က စကားလွေအာင္ လႊမ္းမိုးခံရတာလို႔သံုးႏႈန္းၿပီးေတာ့ မုန္းတီးတာနဲ႔ပတ္သက္ၿပီးကိုေတာ့ နည္းလမ္းေတြအမ်ိဳးမ်ိဳးနဲ႔ေဖာ္ျပတတ္ၾကတယ္။
နည္းလမ္းတစ္။ အျပစ္ရွာမယ္။
နည္းလမ္းႏွစ္။ သူက ငါ့ေလာက္မတတ္ပါဘူးလို႔ေဖာင္းထုမယ္။
ဘယ္နည္းလမ္းပဲျဖစ္ျဖစ္ပါ။ ယြန္းခ်ီဆိုတဲ့ေကာင္ကေလးက အကုန္လံုးကို ရင္ဆုိင္ခဲ့ၿပီးသြားပါၿပီ။ အင္း ဟန္နာအတူတူရွိလုိ႔ေပါ့။
ဟန္နာက လူရည္လည္တယ္။ ဒါကလည္း ဟန္နာက လူေတြအမ်ားႀကီးနဲ႔ေပါင္းသင္းဆက္ဆံဖူးတာလည္း ပါမွာေပါ့။ ဟန္နာက သူ႔ကိုအျမဲတမ္းအကာအကြယ္ေပးတယ္။ အဲ့လုိမေကာင္းတဲ့လူေတြဆီကေပါ့။ တကယ္ေတာ့ သူက အစ္ကို ျဖစ္တာေၾကာင့္ ညီမဝမ္းကြဲေလးကို တျခားသူေတြဆီက ကာကြယ္ေပးရမယ္ဆိုေပမဲ့ ဟန္နာကခ်ည္း သူ႔ကိုကာကြယ္ေပးတာပါပဲ။ အဲ့ဒါနဲ႔ပတ္သက္ၿပီးေတာ့ ရွက္လားလုိ႔ေမးရင္ေတာ့ သူ မရွက္ပါဘူး။ လံုးဝ(လံုးဝ) မရွက္ဘူး!
ဟုတ္တယ္ေလ။ သူ မတတ္ႏိုင္တာကို သူမ်ားတတ္ႏိုင္လုိ႔လုပ္ေပးတာပဲ။ ဘာရွက္စရာရွိလဲ။ ေက်းဇူးတင္လုိက္ရံုေပါ့။ ဒါဆုိဘယ္ေလာက္မ်ားေကာင္းသြားလိမ့္မလဲ။ တစ္ခါခါမွာ လူေတြက အေျခခံအခ်က္ျဖစ္တဲ့ ေက်းဇူးတင္ျခင္းဆုိတာကုိ ေမ့ေလ်ာ့ၾကတယ္။ ဒါကလည္း သူတု႔ိအျပစ္ေတာ့မဆုိသာပါဘူး။ သူတုိ႔ရဲ႕မာနက ေက်းဇူးတင္ျခင္းကို ေမ့ေလ်ာ့ေအာင္ လုပ္ခဲ့တာကိုး။ ဒါေၾကာင့္ သူ မလုပ္ႏိုင္တာကို ဟန္နာလုပ္ေပးတဲ့အခ်ိန္မွာ ဘာဘာညာညာ သူ မစဥ္းစားျဖစ္ဘူး။ ေက်းဇူးပဲတင္ျဖစ္လုိက္တယ္။
“ငါ Dress အသစ္ခ်ဳပ္ၿပီးသြားၿပီ… အလုပ္စၾကမယ္… ဒီပိတ္ရက္မွာ…”
ယြန္းခ်ီရဲ႕မ်က္ႏွာမွာ မျမင္ရတဲ့အနက္စင္းေတြထင္လာေတာ့တယ္။ သူ မိန္းကေလးလို ထပ္ဝတ္ရဦးမယ္။ ဘာလုိ႔မ်ား သူ႔အေမကသူ႔ကို ဘာဝတ္စံုဝတ္ဝတ္လွတဲ့ ခႏၶာကိုယ္ကို ေပးခဲ့တာလဲ။ ေနာက္ၿပီး ေယာက်ာ္းမက် မိန္းမ မက်တဲ့မ်က္ႏွာကိုလည္း ေပးထားေသးတယ္။
“အင္း…”
ယြန္းခ်ီခပ္ေအးေအးပဲ ‘အင္း’ လိုက္တယ္။ ဒီအလုပ္က သူနဲ႔အသားက်ေနပါၿပီ။ ဒါေၾကာင့္ သူ႔စိတ္ထဲ မိန္းကေလးလုိ ဝတ္ရမယ္ဆုိတာကို ေတြးမိၿပီး နည္းနည္း ေအာင့္သက္သက္ျဖစ္တာကလြဲရင္ သိပ္ေတာ့ ထူးေထြမခံစားရေတာ့ပါဘူး။
အႏၱရာယ္မ်ားလုိက္တာ! သူ မိန္းကေလးလို ဝတ္တာနဲ႔ပတ္သက္ၿပီး နည္းနည္းေလးမွ ကသိကေအာက္ မခံစားရေတာ့ဘူး! ဒါ အရမ္းကို အႏၱရာယ္မ်ားတာပဲ!
ဟန္နာန႔ဲသူနဲ႔ ေရာက္တတ္ရာရာေပါက္တတ္ရာရာေျပာရင္းကေန ဟန္နာက အေၾကာင္းအရာတစ္ခုခုကို သတိရသြားတဲ့ပံုနဲ႔အသံျပဳတယ္။ ၿပီးေတာ့မွ…
“အိုး… အစ္ကို… နင္ သူငယ္ခ်င္းအသစ္ရေနတယ္ဆို… အန္တီေျပာတာ…”
သူငယ္ခ်င္းအသစ္ဆုိတာက ယြန္းခ်ီရင္ကို တဒိတ္ဒိတ္ခုန္သြားေစတယ္။ သူငယ္ခ်င္းအသစ္…
“အဲ့ဒီေကာင္ေလးက နင့္ကိုအႏိုင္က်င့္မွာကို သူ စုိးရိမ္တယ္လုိ႔ေျပာေနတာ…”
“သူက ငါ့ကိုအႏိုင္မက်င့္ပါဘူး…”
ယြန္းခ်ီရဲ႕မိဘေတြက ခန္႔ေဝေသာ္နဲ႔သူ အေပါင္းအသင္းလုပ္ေနတာကို သိပံုရတယ္။ ၿမိဳ႕ေလးကလည္း ခပ္က်ဥ္းက်ဥ္းျဖစ္တာေၾကာင့္ လူႀကီးေတြအေနနဲ႔ ရွိတဲ့ကေလးနည္းနည္းေလးရဲ႕ အေၾကာင္းေတြကို သိဖို႔ဆိုတာ သိပ္ေတာ့ မခဲယဥ္းလွပါဘူး။
“ေၾသာ္… အဲ့ဒါဆုိလည္းၿပီးတာပဲ ကိစၥမရွိပါဘူး သူ အႏုိင္က်င့္ရင္ေတာ့ ငါ့ကိုေျပာေနာ္…”
“အႏိုင္က်င့္ေတာ့ ဘာလုပ္ေပးမွာမုိ႔လဲ…”
“ငါတုိ႔ေက်ာင္းက ငါ့ကိုႀကိဳက္ေနတဲ့ေကာင္ေလးေတြအကုန္လံုးကို ေခၚၿပီး အဲ့ေကာင္ကိုထိုးခိုင္းမယ္… အနာဆံုး ထိုးႏိုင္တဲ့ေကာင္ကို ငါနဲ႔ေက်ာင္းပိတ္ရက္တစ္ရက္ ဒိတ္ခြင့္ေပးလိုက္မယ္ေလ…”
ယြန္းခ်ီရုတ္တရက္ ဘာေျပာရမွန္းမသိေတာ့ဘူး။ သူ႔ညီမတစ္ေယာက္ဟာ ကိုယ္တုိင္မလုပ္ႏိုင္တဲ့ကိစၥကို အျခားသူတစ္ေယာက္ကို အသံုးခ်ဖို႔အတြက္ အၾကံအႀကီးႀကီးရွိေနတယ္။
“ဘာလဲ ငါမွ ရန္မျဖစ္တတ္တဲ့ဟာ…”
ဟန္နာရဲ႕ဖုန္းထဲက ေဆာင့္ေဆာင့္ေလးထြက္လာတဲ့အသံက တစ္ဖက္မွ သူ႔ႏႈတ္ခမ္းေတြက ေရွ႕ကို စုခြ်န္ၿပီဆိုတဲ့ အဓိပၸာယ္ပါပဲ။
“ကိုယ္မလုပ္ႏုိင္လို႔ လုပ္ႏိုင္တဲ့လူကို အသံုးခ်တာ ဘာျဖစ္တာမွတ္…”
“ေကာင္ေလးေတြနဲ႔ မပတ္သက္ပါနဲ႔ နင္က ငယ္ငယ္ေလးရွိေသးတာ…”
၁၅ ႏွစ္ဆုိတာ ငယ္ငယ္ေလးပါ။ တကယ္ငယ္ငယ္ေလး။
“အမေလး မပတ္သက္ပါဘူး… ငါ ဘယ္သူနဲ႔မွ ဒိတ္ဖို႔မစဥ္းစားဘူး…”
ဟန္နာက ခပ္ျမန္ျမန္ေအာ္တယ္။ ေနာက္ေတာ့ သူမေလးက ဆက္ေျပာလာတယ္။
“ဘာပဲျဖစ္ျဖစ္… သူက လူရမ္းကားေလးလုိ႔ အန္တီကေျပာတယ္… အဲ့ဒါေၾကာင့္ နင္ အဲ့ဒီလူရမ္းကားေလးနဲ႔ ဆက္ေပါင္းသင္းမယ္ဆုိရင္ အစ္ကိုႀကီး နင္ Roll No. ေတာ့ က်လုိ႔မျဖစ္ဘူး…”
သူ႔အစ္ကိုႀကီးမွာ အေပါင္းအသင္းက မ်ားမ်ားစားစားမရွိတာေၾကာင့္ ဟန္နာကေတာ့ ယြန္းခ်ီအေမလိုမ်ိဳး ယြန္းခ်ီကို ဟိုလူနဲ႔မေပါင္းနဲ႔ဒီလူနဲ႔မေပါင္းနဲ႔ေတာ့ မေျပာခ်င္ဘူး။ ဘာလုိ႔ဆုိ ယြန္းခ်ီမွာ ေယာက်ာ္းေလးအေပါင္းအသင္းထက္ မိန္းကေလးအေပါင္းအသင္းက ပိုမ်ားတယ္ေလ။ ေျပာရရင္ အဲ့လူရမ္းကားေလးက လတ္တေလာမွာရွိတဲ့ ယြန္းခ်ီရဲ႕ တစ္ေယာက္တည္းေသာ ေယာက်ာ္းေလး အေပါင္းအသင္းလုိ႔ေတာင္ေျပာလုိ႔ရတယ္။ ေနာက္ၿပီး လူရမ္းကားလည္း ဘာျဖစ္လဲ။ လူရမ္းကားမွာလည္း အသံုးဝင္တဲ့အခ်က္ေတြရွိပါတယ္။ ဥပမာ အ့ဲဒီလူရမ္းကားေလးက ရပ္ကြက္ဗိုလ္မ်ိဳးဆုိ ဘယ္ေကာင္မွ ကိုယ့္မထိရဲေတာ့ဘူးေလ။ ဟင္း…ဟင္း ေျပာပါတယ္ အသံုးဝင္ပါတယ္ဆို။ ဟန္နာ ကိုယ့္အေတြးနဲ႔ကိုယ္ စိတ္ထဲမွာ ႀကိတ္ရယ္လုိက္တယ္။
“ငါေျပာတာ နင္သိတယ္မဟုတ္လား…”
“အင္း ငါ သိတယ္…”
ယြန္းခ်ီက ေလေပ်ာ့ေလးနဲ႔ပဲျပန္ေျပာတယ္။ ဟုတ္တယ္။ ယြန္းခ်ီရဲ႕မိဘေတြက ယြန္းခ်ီကို ေတာ္တန္ရံုမခ်ဳပ္ခ်ယ္ၾကဘူး။ ယြန္းခ်ီရဲ႕ အဆင့္သာမက်ဘူးဆုိရင္ သူတုိ႔ဘာမွေျပာမွာမဟုတ္ဘူး။ ဟန္နာက သူ႔ကို ဒါကို သတိရေအာင္ ေျပာေပးေနတာ။ ဟန္နာတစ္ေယာက္ သူ႔ေဘးမွာရွိတာ ေက်းဇူးေတာ့တင္ရမယ္။ မဟုတ္ရင္ သူ ဘယ္လိုမွ ဒီလိုအခ်က္ေတြကို သတိထားမိမွာ မဟုတ္ဘူးေလ။
“အဲ့ဒါဆုိ အဲ့ကိစၥၿပီးၿပီ…”
ေျပာၿပီးတာနဲ႔ ဟန္နာက ေနာက္ထပ္ေခါင္းစဥ္တစ္ခုထပ္ေျပာင္းတယ္။
“ငါဒီတစ္ခါရိုက္ကြင္းကို လုိက္ေအာင္ ေျပာင္းထားတယ္…”
“အင္း…”
“အခု ဂါဝန္က gothic style ဆိုေတာ့ နင္နဲ႔လိုက္မွာပါ… နင့္ညွပ္ရိုးေလးေတြက တအားလွတယ္ေလ…”
“အင္း…”
ဟန္နာနဲ႔သူနဲ႔ ဆက္ေျပာၾကတယ္။ အျမဲတမ္း ယြန္းက နတ္သမီးဆန္ဆန္ျဖဴျဖဴေလးလွေနတာကို visual change ၿပီး အေျပာင္းအလဲျဖစ္ေအာင္ ဘယ္လိုလုပ္မလဲ ဟန္နာက အားတက္သေရာေျပာျပတယ္။ ယြန္းခ်ီကေတာ့ နားေထာင္သက္သက္ေပါ့။ သူက ဘုိမရုပ္ေလးပဲလုပ္မယ္။ ဟန္နာဝတ္ေပးတာဝတ္မယ္။ ဟန္နာ ေနခုိင္းသလိုေနမယ္။ ဟန္နာျပင္ေပးတာကို ၿငိမ္ခံမယ္။ ဟန္နာက အဲ့ဒီပိုင္းမွာ ငယ္ေပမဲ့ talent ရွိတယ္ဆိုတာ သူ ေကာင္းေကာင္းသိတယ္ေလ။ ဒါေၾကာင့္ သူ ဟန္နာ့ကို ယံုလုိက္တာပဲ ေကာင္းတယ္။
“ဒါဆုိ ငါတုိ႔ ပိတ္ရက္ ၁၀ နာရီေနာ္…”
“အင္း…”
ေနာက္ဆံုးေတာ့ ခ်ိန္းဆိုမႈႀကီးက အတည္ျဖစ္သြားခဲ့တယ္။ ဟန္နာနဲ႔ဖုန္းေျပာၿပီးခ်ိန္မွာ ယြန္းခ်ီရဲ႕အေတြးေတြက ေတာင္ေရာက္ေျမာက္ေရာက္ေပါ့။ ပထမဆံုး ခန္႔ေဝေသာ္နဲ႔ကိစၥေတြရႈပ္ေနခဲ့တာေၾကာင့္ သူက ယြန္းဆုိတာကို ယြန္းခ်ီေမ့ေနခဲ့တယ္။ အခုေတာ့ သူ အဲ့ဒီအလုပ္ကို လုပ္ရဦးမယ္။ သူက ယြန္းဆုိမွ… ခန္႔ေဝေသာ္က သူနဲ႔တြဲရင္ တိတ္တိတ္ေလးေနေပးမယ္လုိ႔ေျပာတယ္။
ဒါက ခန္႔ေဝေသာ္က သူ႔ကိုခ်စ္တာလား မခ်စ္တာလား။ ခ်စ္တာလားမခ်စ္တာလားဆိုတာကလည္း ပါးစပ္ကေျပာမွ သိမွာေပါ့မဟုတ္ဘူးလား။ သူက အၾကားအျမင္ဆရာလည္းမဟုတ္၊ စိတ္ဖတ္သူလည္းမဟုတ္ဘူးေလ။
ခန္႔ေဝေသာ္က သူ႔ကိုခ်စ္တာလား၊ မခ်စ္တာလားဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ယြန္းခ်ီတစ္ေယာက္ စိတ္ဓာတ္က်ေနတဲ့ အုန္းမႈတ္ခြက္ေလးျပန္ျဖစ္သြားေတာ့တယ္။ သူ တကယ္မသိဘူး ခန္႔ေဝေသာ္က သူ႔ကိုခ်စ္တာလား၊ မခ်စ္တာလား။ စိတ္ဆိုးလုိ႔ သူနဲ႔တြဲၿပီး သူ႔က ေယာက်ာ္းတစ္ေယာက္ပါလို႔ အရွက္ခြဲမွာလား။
ဒီအေတြးက ယြန္းခ်ီရဲ႕တစ္ကိုယ္လံုးကို ေအးစက္ေတာင့္တင္းသြားေစတယ္။
မဟုတ္ေလာက္ပါဘူး။
သူေတြးတယ္။
မဟုတ္ေလာက္ပါဘူး။ ခန္႔ေဝေသာ္က အဲ့လိုမ်ိဳးလုပ္မဲ့လူမဟုတ္ပါဘူး။
သူ ထပ္ေတြးတယ္။
လုပ္ခဲ့ရင္ေရာ…
သံသယက ဝင္လာျပန္တယ္။
ခန္႔ေဝေသာ္က လံုးဝလုပ္မွာမဟုတ္ပါဘူး။ ခန္႔ေဝေသာ္က… ခန္႔ေဝေသာ္က လူေကာင္းေလးဆုိတာကို သူ သိတာေၾကာင့္ မလုပ္ေလာက္ပါဘူး။
ဒီလိုနဲ႔ အဲ့ဒီညကတစ္ညလံုး ယြန္းခ်ီတစ္ေယာက္ Repeat ျပန္လွန္ေနတဲ့ ေမးခြန္းနဲ႔ အိပ္ပ်က္ခဲ့ရတယ္။
>>>>><<<<<
“ဘယ္လုိျဖစ္တာလဲ ေနမေကာင္းဘူးလား…”
တစ္ရက္ေလးအိပ္ပ်က္လုိက္တာနဲ႔ မ်က္တြင္းေလးခ်ိဳင့္လာတဲ့ ယြန္းခ်ီရဲ႕ပံုကိုၾကည့္ၿပီး ခန္႔ေဝေသာ္ အံ့ၾသတႀကီးေမးတယ္။ ယြန္းခ်ီကေတာ့ ခန္႔ေဝေသာ္ရဲ႕ အေယာင္မက်ေသးတဲ့မ်က္ႏွာကိုၾကည့္ၿပီးေတာ့…
“ဘာလုိ႔ အဲ့ေလာက္ႀကီး ရန္ျဖစ္လာရတာလဲ…”
ခန္႔ေဝေသာ္အခုလုိဒဏ္ရာရေနတာကို ျမင္ရတာ သူ႔စိတ္က လံုးလံုးမခ်မ္းသာဘူး။ ခန္႔ေဝေသာ္နာတာက သူ နာတာမဟုတ္ေပမဲ့ သူနာသလုိပဲ ခံစားေနရတယ္။ လူကနာတာမဟုတ္ဘဲ စိတ္ကနာတာေၾကာင့္ သူခံစားရတာက ပိုဆိုးေလာက္တယ္လုိ႔ ယြန္းခ်ီထင္တယ္။
“ေၾသာ္… မနာပါဘူး… လက္ေတြ႔ျပလို႔ရတယ္…”
ခန္႔ေဝေသာ္က သူ႔မနက္စာ ေပါင္မုန္႔ကိုကိုက္ၿပီးေတာ့ ယြန္းခ်ီလက္ကို ေကာက္ဆြဲလုိက္တယ္။ ရုတ္တရက္အျပဳအမူက ယြန္းခ်ီကို မ်က္လံုးေတြဝိုင္းစက္သြားေစတာေပါ့။ ေယာင္ကိုင္းေနတဲ့မ်က္ႏွာကို ယြန္းခ်ီလက္ေခ်ာင္းသြယ္သြယ္ေလးေတြ ထိလာတယ္။ ခန္႔ေဝေသာ္က ယြန္းခ်ီမ်က္လံုးေတြကို စိုက္ၾကည့္တယ္။ ေနာက္ေတာ့ ေပါင္မုန္႔ကို ကိုက္ထားရင္းကေန ျပံဳးတယ္။ ခန္႔ေဝေသာ္ရဲ႕ အဲ့လုိအျပံဳးက ေခြးေလးတစ္ေကာင္က မုန္႔အိတ္ေလးကိုက္ၿပီး ျပံဳးလုိက္သလုိပဲ။ ယြန္းခ်ီကေတာ့ အဲ့လိုပဲ ျမင္တယ္။ ပြန္းခ်ိကို ျမင္ေယာင္လုိက္တာေၾကာင့္ ယြန္းခ်ီရဲ႕လက္ေတြက ခန္႔ေဝေသာ္လက္ကေနထြက္ၿပီး အလုိလုိ ခန္႔ေဝေသာ္ေခါင္းဆီေရာက္သြားတယ္။ ဒါ ပြန္းခ်ိကုိ အသဲယားလာတုိင္း သူ လုပ္တတ္တဲ့ အျပဳအမူပါပဲ။
“ေနာက္တစ္ခါ ရန္အမ်ားႀကီး မျဖစ္နဲ႔…”
သူ တိုးတုိးေလးေျပာတယ္။
ယြန္းခ်ီရဲ႕အသံတိုးတုိးေလးက ခန္႔ေဝေသာ္ရဲ႕ ရင္ထဲကို ေခ်ာကလက္ေကာ္ဖီပူပူေလး ေလာင္းထည့္လိုက္သလုိပါပဲ။ ေႏြးလည္းေႏြးတယ္။ ခ်ိဳလည္းခ်ိဳတယ္။
“အင္း…”
ေပါင္မုန္႔ကိုက္ရင္းနဲ႔ သူ ေခါင္းညိတ္တယ္။ ေပါင္မုန္႔ကိုက္ထားတာေၾကာင့္ သူ႔ ‘အင္း’ ဆိုတဲ့အသံက မပီမသနဲ႔ေပါ့။
အာ… သူ ခန္႔ေဝေသာ္ရဲ႕ ပါးေတြကို ဆြဲညွစ္ခ်င္လုိက္တာ… ယြန္းခ်ီစိတ္ထဲမွာ ေတြးေနတယ္။ လက္ေတြ႔မွာေတာ့ ခန္႔ေဝေသာ္ ဆံပင္ေထာင္ေထာင္ေလးေတြကို ထိၿပီးေတာ့ သူ လက္ျမန္ျမန္ရုတ္လုိက္ရတယ္။ ေတာ္ေသးတယ္! ခန္႔ေဝေသာ္က ငါ့ကို ထမထိုးလို႔!
ယြန္းခ်ီစိတ္ထဲရင္မေနျပန္တယ္။ ဟုတ္တယ္ေလ။ သူ ခန္႔ေဝေသာ္ရဲ႕ ေခါင္းကုိ ဖတ္ခနဲမေျပာမဆိုနဲ႔ကိုင္လုိက္တာကို။ မ်က္ေထာင့္ေလးကပ္ၿပီး ခန္႔ေဝေသာ္ စိတ္ဆိုးေနလား မဆိုးေနလား အကဲခတ္ေပမဲ့ ခန္႔ေဝေသာ္က ခပ္ေအးေအး ေပါင္မုန္႔စားေနေလရဲ႕။
“မနက္စာကို ငါ လုပ္လာေပးရမလား…”
ယြန္းခ်ီတိုးတိုးေလးေမးတယ္။ ေပါင္မုန္႔ေတြ ေန႔တုိင္းစားတာ မေကာင္းဘူးေလ။
“မင္း စားခ်င္တယ္ဆုိ ငါ ေန႔လည္စာပါ ႏွစ္ေယာက္စာ လုပ္လုိ႔ရတယ္…”
ခန္႔ေဝေသာ္ ေပါင္မုန္႔သီးသြားေတာ့တယ္။ သူ ၿမိဳခ်ေနတုန္းမွာ ယြန္းခ်ီေျပာလုိက္တာေၾကာင့္ေလ။ အရမ္းကိုအံ့ၾသသြားတာေၾကာင့္ ေပါင္မုန္႔က သူ႔လည္ေခ်ာင္းမွာတစ္သြားခဲ့တယ္။ ျပန္မေျဖတာေၾကာင့္ ယြန္းခ်ီၾကည့္တဲ့အခ်ိန္မွာ ခန္႔ေဝေသာ္ရဲ႕မ်က္ႏွာနီနီကိုေတြ႔တယ္။ ရွက္လုိ႔နီတာထက္ ေပါင္မုန္႔က လည္ေခ်ာင္းမွာ တစ္ေနလို႔ နီေနတာပါ။ ရင္ဘတ္ထုေနတဲ့ခန္႔ေဝေသာ္ကို ၾကည့္ၿပီး ယြန္းခ်ီ ဘာျဖစ္ေနတယ္ဆိုတာကို နားလည္လုိက္တယ္။
“အေအး… အေအးေသာက္လုိက္…”
ခပ္ျမန္ျမန္ပဲ ခန္႔ေဝေသာ္ သူ႔အတြက္ဝယ္လာေပးတဲ့ စေတာ္ဘယ္ရီႏို႔ေအးစကၠဴဘူးကို သူ ပိုက္နဲ႔ေဖာက္ၿပီး တိုက္လုိက္တယ္။ အေအးဝင္သြားေတာ့မွပဲ ခန္႔ေဝေသာ္ရဲ႕ နီေနတ့ဲ မ်က္ႏွာက အေရာင္က်သြားေတာ့တယ္။
“မင္း မလုပ္ေစခ်င္လည္း ေျပာလို႔ရပါတယ္… အဲ့ေလာက္ လန္႔သြားစရာမလုိပါဘူး…”
အေအးဆက္ေသာက္ေနတဲ့ ခန္႔ေဝေသာ္ကို မၾကည့္ဘဲ ယြန္းခ်ီစိတ္မေကာင္းျဖစ္စြာနဲ႔ေျပာတယ္။
“မဟုတ္ဘူး…”
ခန္႔ေဝေသာ္တစ္ေယာက္ အေအးေတာင္ မၿမိဳခ်ႏုိင္ေတာ့ဘူး။ အေလာတႀကီးျပန္ေျပာလုိက္တာေၾကာင့္ ပါးစပ္ထဲက အေအးေတြက သူ႔ေပါင္ေပၚက်သြားေတာ့တယ္။
ခန္႔ေဝေသာ္ : ………
ယြန္းခ်ီ : ………
သူတို႔ တခဏတိတ္သြားၾကတယ္။ ကေသာင္းကနင္းျဖစ္ေနတဲ့ သူတုိ႔ရဲ႕အျဖစ္ကိုၾကည့္ၿပီး တဟားဟားနဲ႔ထရယ္ၾကေတာ့တာေပါ့။ ခန္႔ေဝေသာ္က ယြန္းခ်ီကို ၾကည့္ၿပီးေတာ့…
“တကယ္ေတာ့ ငါအရမ္းေပ်ာ္သြားတာပါ မင္းက ငါ့ကို မနက္စာလုပ္ေပးမွာေလ…”
ရယ္ၿပီးခဏၾကာတဲ့အခ်ိန္မွာ ခန္႔ေဝေသာ္ေျပာတယ္။ ယြန္းခ်ီကုိ သူ ၾကည့္တဲ့အၾကည့္က ရႊန္းရႊန္းစားစားပါပဲ။ ယြန္းခ်ီ ေခါင္းေလးငံု႔သြားခဲ့တယ္။ ခန္႔ေဝေသာ္ စိတ္ထဲမွာ မခ်င့္မရဲန႔ဲ။ ဒုကၡပဲ ေခါင္းငံု႔ေနတဲ့ ယြန္းခ်ီကုိ သူ ဖက္လုိက္ခ်င္တယ္။ ေနာက္ၿပီးေတာ့ သူ နမ္းလုိက္ခ်င္တယ္။ ဒါေပမဲ့ သူ လုပ္လုိ႔မရဘူး! ဒါက ေက်ာင္းပရဝဏ္ထဲမွာေလ! လုပ္လုိက္ရင္ သူ႔ဦးေလးက သူ႔ကို အေသလုပ္သတ္လိမ့္မယ္!
“ငါတုိ႔ ဒီပိတ္ရက္ ရုပ္ရွင္သြားၾကည့္ၾကမလား…”
ခန္႔ေဝေသာ္ တိုးတိုးေလးေမးတယ္။ တကယ္လုိ႔ ရုပ္ရွင္ၾကည့္မယ္ဆုိရင္ ယြန္းခ်ီရဲ႕လက္ေတြကို သူကိုင္လုိ႔ရေလာက္တယ္။ ေနာက္ၿပီး အခြင့္အေရးေပးရင္ ပခံုးေလးဖက္မယ္။ အခြင့္အေရးထပ္ေပးလာရင္… ယြန္းခ်ီကုိ သူ နမ္းခ်င္တယ္။ ယြန္းခ်ီရဲ႕ လက္ကေလးေတြက အိအိေလး။ ပခံုးကိုသာ ဖက္ၿပီး သူ႔ရင္ခြင္ထဲထည့္ရင္ ယြန္းခ်ီဆီက ဘယ္လိုအနံ႔မ်ိဳးကို သူ ရလိမ့္မလဲ။ ယြန္းခ်ီသံုးေနက် ေရေမႊးန႔ံ? ယြန္းခ်ီရဲ႕ ႏႈတ္ခမ္းေလးေတြကေရာ အိစက္ေနမလား ဒါမွမဟုတ္ ဘယ္လိုအရသာမ်ိဳးရွိလိမ့္မလဲ… လူဆိုးေလးတစ္ေယာက္က သူ႔အေတြးနဲ႔သူ မ်က္ႏွာေလးရဲသြားတယ္။
ယြန္းခ်ီကေတာ့ လူဆိုးေလးတစ္ေယာက္ရဲ႕ အေတြးကို မသိခဲ့ပါဘူး။ သူ႔စိတ္ထဲ ပိတ္ရက္မွာ ဟန္နာနဲ႔ကတိေပးထားတာကို ေတြးေနတယ္။
“ငါ အဲ့ေန႔ ဓာတ္ပံုရိုက္ကြင္းရွိတယ္…”
“ယြန္းအေနနဲ႔လား…”
ခန္႔ေဝေသာ္ရဲ႕ အသံက ေမွ်ာ္လင့္တႀကီးေပါ့…
“အင္… အင္း…”
ယြန္းခ်ီတိုးတိုးေလးေျဖတယ္။
“ငါ လုိက္ၾကည့္လို႔ရမလား… ငါက မင္းရဲ႕ဖန္ပါ! မင္းက ငါ့ရဲ႕ နံပတ္တစ္ပဲ!”
ခန္႔ေဝေသာ္ရဲ႕ မ်က္ႏွာေလးက ပြန္းခ်ိအစာေတာင္းေနတဲ့ပံုေလးနဲ႔တူတယ္။ ခန္႔ေဝေသာ္ေခါင္းေပၚမွာ နားရြက္နဲ႔ အေနာက္က အၿမီးေတာင္ ထြက္လာသလုိပဲ။ အၿမီးေလးတႏွံ႔ႏွံ႔နဲ႔ ပြန္းခ်ိအစာေတာင္းေနတဲ့ပံုကို ျမင္ေယာင္ၿပီး ယြန္းခ်ီရယ္ေတာ့တယ္။ ခန္႔ေဝေသာ္က သူ႔ကို အရွက္ခြဲမယ္? ဘယ္လိုေတြေတာင္ သူ အေတြးတိမ္ခဲ့တာလဲ။
“အင္း…”
သူ ရယ္ၿပီးေခါင္းညိတ္တယ္။ ခန္႔ေဝေသာ္က ဘယ္ေတာ့မွ လုပ္လိမ့္မွာမဟုတ္ပါဘူး။ သူ ဒါကိုေကာင္းေကာင္းသိတယ္။ သူ ယံုလည္းယံုတယ္။ ခန္႔ေဝေသာ္ကေတာ့ ယြန္းခ်ီဘာလုိ႔ ရယ္လည္း နားမလည္ဘူး။ ဒါေပမဲ့လည္း ယြန္းခ်ီရယ္ေနတာကိုပဲ သူ ၾကည့္ေနလုိက္တယ္။ ရယ္ေနတဲ့ယြန္းခ်ီကုိ သူ သေဘာက်တယ္။ ဟင့္အင္း ယြန္းခ်ီ ဘယ္လိုေနေန သူ သေဘာက်တာပါ။ ဟုတ္တယ္ အမွန္က ဒီလိုပါ။ ယြန္းခ်ီဘယ္လိုေနေန သူ သေဘာက်တာ။