book

Index 7

(7)

  • Author : AnnaLynn
  • Genres : Romance, Comedy

အပိုင်း - : မင်းငါ့အတွက်ငိုလို့မနာတော့ဘူး။

ငါ မင်းကိုလာကြိုတာ…”

ယွန်းချီလွယ်အိတ်ကြိုးလေးကိုတင်းတင်းဆွဲမိတယ်။ ခန့်ဝေသော်ကိုသူ မတွေ့ရဲရင်တောင် ခန့်ဝေသော်က    သူ့ဆီအတင်းရောက်လာတာပဲ။ ဆိုင်ကယ်ဦးထုပ်ကမ်းပေးတဲ့ ခန့်ဝေသော်ကို ယွန်းချီ မျက်လုံးလေးပင့်ပြီး မဝံ့မရဲကြည့်ပြန်တယ်။ ခန့်ဝေသော်ရဲ့ပုံစံက အရင်အတိုင်း ခပ်တည်တည်ပါပဲ။ ဒါဆို ညက ခန့်ဝေသော်ပြောလိုက်တဲ့ စကားက အတည်ရောဟုတ်ရဲ့လား။ ယွန်းချီဘာကိုယုံရမလဲမသိတော့ဘူး။ သူ ငြိမ်ငြိမ်လေးပဲ ခန့်ဝေသော်ကမ်းပေးတဲ့ ဆိုင်ကယ်ဦးထုပ်လေးကို လှမ်းယူလိုက်တယ်။ ခန့်ဝေသော်ရဲ့ သူ့လက်တွေက မတော်တဆ ထိသွားမိသေးတယ်။ ကျစ် သူ မထိမိသွားအောင် သတိထားနေပါတယ်ဆိုကာမှ!

အင်းသွားသွားရအောင်လေ…”

ယွန်းချီမျက်နှာရဲရဲလေးနဲ့ ခန့်ဝေသော်ကိုလှမ်းပြောတယ်။ ခန့်ဝေသော်ကတော့ ခေါင်းကိုပဲညိတ်ပြီး အရှေ့ဘက်ကို ပြန်လှည့်သွားလေရဲ့။ ဆိုင်ကယ်နောက်ကိုထိုင်လိုက်တဲ့အချိန်မှာ ပြဿနာတစ်ခုပေါ်လာပြန်တယ်။ အဲ့ဒါက ဘာလဲဆိုတော့ သူ့လက်ကို ဘယ်မှာထားရမလဲ ယွန်းချီမသိတော့ဘူး။

အရင်တုန်းကအရင်တုန်းကတော့ ခန့်ဝေသော်ရဲ့ခါးကို ဖက်ရင်ဖက်၊ အေးတဲ့အခါမျိုးတွေဆိုရင် ခန့်ဝေသော်ရဲ့ ဂျာကင်အိတ်ကပ်ထဲကို သူ့လက်ကိုထည့်ထားတတ်တယ်။ လက်အိတ်ဝတ်ထားတာပဲ သူ အရမ်းကြီးစဉ်းစားစရာမလိုပါဘူး။ သူ့လက်ကို ဘယ်နားမှာထားရမလဲဆိုတာကို အကျအနစဉ်းစားနေတုန်းမှာပဲ ခန့်ဝေသော်က ဆိုင်ကယ်ကို စက်နှိုးပြီးဆောင့်ထွက်လိုက်တယ်။ ယွန်းချီရဲ့လက်တွေက အသားကျစွာနဲ့ပဲ ခန့်ဝေသော်ရဲ့ခါးတွေဆီကို ရောက်သွားတော့တာပေ့ါ။ အကျင့်ဆိုတာကြီးက တစ်ခါခါမှာကြောက်ဖို့သိပ်ကောင်းတယ်လေ။

ယွန်းချီသူ့လက်ကို မရုတ်ဖြစ်ဘူး။ မျက်နှာပြောင်တိုက်ပြီးပဲ သူ ဆက်ကိုင်ထားလိုက်တယ်။ တကယ်လို့ သူ ရုတ်သွားမှ ခန့်ဝေသော်က ဘာလို့လဲမေးရင် သူ့မှာဖြေစရာအဖြေမရှိဘူးလေ။ ဟင့်အင်း ဖြေစရာအဖြေထက် အမှန်ကိုဝန်ခံရရင် စကားမှားသွားမှာကို သူ ကြောက်တာပါ။ ဟုတ်တယ်ခန့်ဝေသော်ကို စကားတွေမှားဖြေမိမှာကို သူ ကြောက်တယ်။

အရှေ့က ခန့်ဝေသော်ရဲ့ နှုတ်ခမ်းတွေကတော့ ကော့ညွှတ်နေခဲ့တယ်။ အရင်တုန်းကလည်း ယွန်းချီသူ့ကို ဖက်ထားတတ်တာပါပဲ။ အခုကသူ့ကိုပိုနွေးစေပြီးတော့ သူ့စိတ်ကိုပိုပြီး ကြည်လင်စေတယ်။ ဒီခံစားချက်က ဘာနဲ့တူလဲဆိုတော့ ဆောင်းတွင်းကြီးမှာ ခွေးသားပေါက်လေးတစ်ကောင်က နွေးထွေးတဲ့အိပ်ယာထဲမှာ မိခင်နို့သောက်ရင်း နို့ကိုက်ပြီးအိပ်နေရတဲ့ ခံစားချက်မျိုးပဲ။ နွေးနွေးထွေးထွေးနဲ့သက်တောင့်သက်သာရှိပြီး စိတ်ကျေနပ်စရာကောင်းလွန်းလှတယ်။

သူတို့ကျောင်းရောက်ချိန်မှာ ခန့်ဝေသော်က ယွန်းချီကို စကားပြောမလို့ ပြင်တုန်းရှိသေးတယ်။ သူ့သူငယ်ချင်းတွေအရင်ရောက်လာခဲ့တယ်။ ယွန်းချီကတော့ လူဆိုးလေးတွေ အုပ်စုကိုတောင့်သွားတာလည်းမြင်ရော မြေခွေးသိုက်ထဲကနေလွတ်အောင်ပြေးတဲ့ ယုန်လေးတစ်ကောင်လို လုံးနေအောင်ပြေးသွားခဲ့တာပေါ့။

တော်သေးတယ်အဲ့ဒီကောင်တွေသာ မရောက်လာဘူးဆိုရင် ငါတော့ဒုက္ခပဲခန့်ဝေသော်ကို ငါ ဘယ်လိုလုပ်ပြီး စကားပြောရမှာလဲ။

သူ့မှာ ခန့်ဝေသော်ကို ရင်ဆိုင်ရဲတဲ့ သတ္တိလည်းမရှိဘူးလေ။ ခန့်ဝေသော်ကတော့ သူ့သူငယ်ချင်းကောင်တွေကိုပဲ အမုန်းအပြည့်နဲ့မျက်လုံးကြီးနဲ့ ကြည့်လိုက်တယ်။ သူနဲ့ယွန်းချီရဲ့ သာယာတဲ့ရက်လေးကို ဒီကောင်တွေက ဘာလို့ဖျက်ဆီးရတာလဲ။ အကြောင်းပြချက်ကောင်းကောင်းသာမရှိဘူးဆိုရင် သူ ဒီကောင်တွေကို ထိုးကြိတ်ပစ်လိုက်ဦးမယ်။ ဘာအကြောင်းနဲ့ပဲ သူလုပ်လုပ် လူဆိုးလေးဖြစ်နေပြီးသားပဲဟာ မကောင်းတာလေး လုပ်လိုက်လည်း သူ ထူးပြီးဖြစ်သွားစရာမရှိပါဘူး။ လူဆိုးတွေက လူဆိုးအလုပ်လုပ်တာကို ဘယ်သူက ဘာပြောရဲမှာလဲ။

ဒါငါတို့လုပ်တာမဟုတ်ဘူး…”

အမြွှာနှစ်ကောင်က ခေါင်းယမ်းပြတယ်။ အမြွှာတစ်ယောက်ပြောထားတာကို နောက်တစ်ယောက်က ထပ်ဖြည့်ပြောလိုက်သေးတယ်။

ငါတို့က အဖော်လိုက်လာတာ…”

သူတို့ရဲ့အကြည့်တွေက ကောင်လေးတစ်ယောက်ဆီရောက်သွားလေရဲ့။ အဲ့ကောင်လေးကတော့ ခေါင်းရောင်းလိုက်တဲ့ သူငယ်ချင်းတစ်စုကို မုန်းတီးတဲ့အကြည့်ကြီးတွေနဲ့အရင်ကြည့်တယ်။ ပြီးတော့ခန့်ဝေသော်ကိုကြည့်ပြီး

ဟိုကောင်ရဲ့ အစ်ကိုက မင်းကို ပြဿနာရှာချင်နေတယ်…”

မိန်းကလေးတွေလိုပဲ ဘာလေညာလေဆိုရင် တန်းသိသလိုပဲ ယောကျာ်းလေးတွေမှာလည်း သူတို့ရဲ့အချိန်းအချက်နဲ့ သူတို့ရှိပုံတော့ရတယ်။ ဟိုကောင်ဆိုတာနဲ့ ဘယ်သူ့ကိုပြောတာလဲဆိုတာ ခန့်ဝေသော် တန်းသိသွားတယ်။ သူ ခေါင်းညိတ်ပြီးတော့

အင်း ငါ သိပြီ…”

အဲ့ဒါကို မင်း ဘယ်လိုလုပ်ချင်လဲ…”

အဲ့ဒီကောင်ရဲ့အဲ အဲ့ဒီကောင်ဆိုတာ ခန့်ဝေသော်တစ်ခါ အရောင်မကြိုက်လို့ဆိုပြီးထိုးလိုက်တဲ့ ကောင်လေးရဲ့အစ်ကိုပါ။ အဲ့ဒီကောင်ရဲ့ အစ်ကိုက ကောင်းကောင်းကန်းကန်းမဟုတ်တဲ့အပြင် ရန်ဖြစ်ရင်လည်း အောက်တန်းကျတဲ့ နည်းလမ်းတွေလည်း ရန်ဖြစ်တတ်သေးတယ်။ တစ်ယောက်ချင်းထိုးမယ်ဆိုပြီး အုပ်စုလိုက်ရိုက်တာတို့ လက်နက်တွေသယ်လာတာမျိုးပေါ့။

သြော်! အဲ့လိုဖြစ်လို့ရှိဖူးသေးတယ်။ တစ်ခါက ခန့်ဝေသော် အဲ့လိုကောင်တွေနဲ့ရန်ဖြစ်ဖူးတယ်။ ဓားယူလာတာက တစ်ဖက်သူတွေပါပဲ။ သူတို့အချင်းချင်းထိုးမိကြပြီး ခန့်ဝေသော်က လက်လွန်တယ်လို့ဖြစ်သွားသေးတယ်။ ခန့်ဝေသော်ဆိုတဲ့ ကြက်မောက်သီးလေးက ဘယ်တော့မှ သူများကို နာကျင်စေမဲ့ လက်နက်ကိုမကိုင်ဆောင်တတ်ပါဘူး။ ဓားနဲ့ခုတ်ဖူးတာဆိုလို့ သေနေတဲ့ကြက်သားတွေကိုပဲ အဒေါ်ကို ဟင်းကူကိုင်ပေးလို့ ခုတ်ဖူးခဲ့တာ။ အဲ့လောက်ထိ ရိုးသားတဲ့ကောင်လေးပါ။ ဒါပေမဲ့လည်း ခန့်ဝေသော်က လက်လွန်တယ်လို့ပဲ သတင်းထွက်ခဲ့တယ်။ တောင်စောင်းပေါ်ကနေ လက်လွန်သမျှတွေကို ပစ်ချတယ်ဆိုတာကတော့ ဘယ်ကလေကဝက လွှင့်လိုက်တဲ့သတင်းလဲတော့ မသိပါဘူး။

ဒါပေမဲ့လည်း သိတယ်မဟုတ်လား လူတွေက အမှန်တွေကို သိပ်စိတ်မဝင်စားတတ်ကြဘူးလေ။ သူတို့က နားထောင်လို့ကောင်းတဲ့ သတင်းတွေလောက်ပဲ စိတ်ဝင်စားကြတယ်။

ခန့်ဝေသော်ကတော့ နားထောင်ကောင်းတဲ့ကောလဟလတွေရော၊ နားခါးတဲ့အမှန်သတင်းတွေကိုရော သိပ်တော့ စိတ်မဝင်စားပါဘူး။ မကြားချင်ယောင်ပဲဆောင်ထားလိုက်တယ်။ အဲ့ဒါကလည်း သူ့ကိုနားအေးစေတဲ့အကြောင်းတွေထဲက တစ်ခုဖြစ်တယ်လေ။

ဘာလုပ်ရမှာလဲ…”

လွယ်အိတ်ကိုလက်တစ်ဖက်နဲ့နောက်ပစ်ကိုင်ပြီး အတန်းဘက်ကိုသွားဖို့ ခန့်ဝေသော် ခြေစလှမ်းတယ်။ ယွန်းချီကို တွေ့ချင်လှပြီ။ ယွန်းချီနဲ့သူ စကားတွေပြောစရာရှိတယ်။

 မင်းသူ့ကိုဘာမှမလုပ်ဘဲပစ်ထားရင် သူက ယွန်းချီကိုရန်ရှာရင် ဘယ်လိုလုပ်မလဲ…”

တွေးဆဆနဲ့ပြောတဲ့အမြွှာနှစ်ကောင်ထဲက တစ်ကောင်ရဲ့အသံထွက်လာတာကြောင့် ခန့်ဝေသော်ခြေလှမ်းတွေရပ်သွားတယ်။ အနောက်ကို ပြန်လှည့်ကြတဲ့သူ့အကြည့်တွေထဲမှာ င့ါကိုရန်စနေတာလားဆိုတဲ့ မေးခွန်းတွေပါနေလေရဲ့။

စကားစတဲ့အမြွှာကောင်လေးက ပခုံးလေးအသာတွန့်ပြီး ခန့်ဝေသော်ကိုကြည့်တယ်။ သူ့မျက်နှာမှာ ဂျစ်တစ်တစ်နဲ့ ခန့်ဝေသော်ကို ကလိလိုက်ရတဲ့အတွက်ကျေနပ်ရိပ်တွေရှိနေခဲ့တယ်။ ထင်တဲ့အတိုင်းပဲ ခန့်ဝေသော်က ဒီအုန်းမုတ်ခွက်လေးနဲ့ ပတ်သက်လာရင် လှုပ်လှုပ်ခတ်ခတ်ဖြစ်တာပဲ။ ဒါကသိပ်ကိုစိတ်ဝင်စားစရာကောင်းတယ်။ သူတို့အုပ်စုထဲမှာ အမြွှာကောင်လေးတွေက ဉာဏ်နီဉာဏ်နက်များတဲ့ကောင်ကလေးတွေလို့ ပြောလို့ရတယ်လေ။

အဲ့လိုကောင်တွေက စိတ်ဓာတ်မကောင်းတာကို မင်းလည်းသိပါတယ်…”

နောက်ထပ်အမြွှာတစ်ယောက်က ထပ်ပြီးလောင်စာထည့်တယ်။ ကောင်လေးနှစ်ယောက်ကြိုက်တာနဲ့ပတ်သက်ပြီးတော့ သူတို့စိတ်ထဲဘာခံစားချက်မှမရှိဘူး။ ရွံမုန်းတယ်၊ ကျေနပ်တယ်၊ ထောက်ခံတယ်၊ အစရှိတဲ့ခံစားချက်တွေ သူတို့ဘာတစ်ခုမှ မရှိဘူး။ ခံစားချက်နဲ့နည်းနည်းတူတာလို့ ပြောရမယ်ဆိုရင် သူတို့စိတ်ဝင်စားတယ်။ ကောင်လေးနှစ်ယောက်ကြိုက်ကြတာက သိပ်ထူးဆန်းတဲ့ ကိစ္စတစ်ခုတော့လည်း မဟုတ်ပါဘူး။ ရှိတော့ရှိကြပါတယ်။ ဒါပေမဲ့ သူတို့ပတ်ဝန်းကျင်မှာ မရှိဖူးသေးဘူး။ ခန့်ဝေသော်ရဲ့ အမူအရာတွေကို တခြားနားလပိန်းတုံးကောင်တွေသာ မသိရှိမယ်။ သူတို့အမြွှာနှစ်ကောင်က ပါးတာမှလှပ်နေတာမို့ ကောင်းကောင်းသဘောပေါက်တယ်။

မင်းအခုတလော အဲ့ဒီအုန်းမှုတ်ခွက်လေးနဲ့ ပေါင်းနေတာကို သူတို့မသိဘဲဘယ်နေပါ့မလဲ…”

ကျန်တဲ့ကောင်တွေက ဘာလို့အဲ့ဒီအုန်းမှုတ်ခွက်က သူတို့ကြားထဲရောက်လာလဲကို မသိဘူး။ ဒါပေမဲ့လည်း အဓိကက သူတို့ကို ရန်စလာမဲ့ကောင်ကို ရှင်းထုတ်ရရင်ပြီးရောမို့ အမြွှာနှစ်ကောင်ကို သူတို့လွှတ်ပေးလိုက်တယ်။ အဲ့နှစ်ကောင်က သူများတွေကို သွေးဆောင်တဲ့နေရာမှာ ထိပ်တန်းပဲလေ။ သူတို့က ရန်ဖြစ်တာနဲ့တစ်ဖက်သားကိုပြဿနာရှာတဲ့နေရာမှာ သိပ်တော်ကြတယ်။ စကားလုံးတွေနဲ့။

အင်းလေမင်းလည်းသိနေတာပဲ ရန်ဖြစ်ရင် ဘယ်သူဘယ်ဝါရယ်ဆိုပြီး ခွဲခြားမနေဘူး…”

ကိုယ်အမြင်ကပ်တဲ့ကောင်ရဲ့ အားနည်းချက်ကို လုပ်လိုက်ရုံပဲဒါဆို အဲ့ကောင်ကို အကြိုက်ရိုက်လို့ရပြီလေ…”

တစ်ယောက်တစ်ပေါက် အတိုင်အဖောက်ညီညီနဲ့ ပြောနေကြတဲ့အမြွှာနှစ်ကောင်ကို အုပ်စုထဲက ကျန်တဲ့ကောင်တွေက နားမလည်စွာကြည့်ကြတယ်။ အားနည်းချက်? ယွန်းချီက ခန့်ဝေသော်ရဲ့အားနည်းချက်လား? ဘာလို့လဲ?

ကျောပိုးအိတ်ကြိုးကို တင်းတင်းဆုတ်ကိုင်ထားတဲ့ ခန့်ဝေသော်ရဲ့ပုံစံအရ သူ့စိတ်တွေယိုင်လာပြီဆိုတာ သူတို့သိတယ်။ အမြွှာလူဆိုးလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မျက်စပစ်ပြလိုက်ပြီး ခန့်ဝေသော်ဆီ ပြိုင်တူသွားလိုက်ကြတယ်။ သူတို့ခန့်ဝေသော်ရဲ့တစ်ဖက်တစ်ချက်မှာရပ်ပြီး ခန့်ဝေသော် ပခုံးကိုဖက်တယ်။ ပြီးတော့ သူတို့သုံးယောက်ပဲ ကြားနိုင်လောက်တဲ့အထိ အသံကိုနှိမ့်ပြီး

ယွန်းချီကို သူတို့ Target ထားနိုင်တယ်လေ…”

တစ်ယောက်ပြောပြီးနောက်မှာ နောက်တစ်ယောက်က ဆက်ပြောလာတယ်။

ငါတို့ရန်ဖြစ်တုန်းကလည်း အဲ့လိုပဲ လုပ်ခဲ့တာမဟုတ်လား…”

အတန်းဘက်ကိုဦးတည်ဖို့လှည့်ထားတဲ့ ခန့်ဝေသော်ရဲ့ခြေလှမ်းတွေက အနောက်ကိုပြန်လှည့်သွားတယ်။ ဆိုင်ကယ်ဆီကို ခြေလှမ်းကျဲတွေနဲ့လျှောက်သွားတဲ့ ခန့်ဝေသော်ကိုကြည့်ပြီး အမြွှာလူဆိုးလေးနှစ်ကောင်က တစ်ယောက်လက်ကို တစ်ယောက်ရိုက်လိုက်ကြတယ်။ အဲ့ဒီအချိန်မှာပဲ ခန့်ဝေသော်ရဲ့ စိတ်မရှည်တဲ့အော်သံကို သူတို့ကြားလိုက်ရတယ်။

မင်းတို့ကောင်တွေ မလာသေးဘူးလား!”

အမြွှာနှစ်ကောင် ကျေကျေနပ်နပ်ပဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး လက်ဝါးချင်းရိုက်လိုက်ကြတယ်။ နောက်တော့ လူဆိုးလေးတစ်အုပ်စုက ဆိုင်ကယ်တွေနဲ့ကျောင်းထဲက ထွက်သွားခဲ့ကြတာပေါ့။

အတန်းထဲမှာတော့ ကောင်လေးတစ်ယောက်က ငြိမ်ငြိမ်လေးထိုင်နေခဲ့ပါတယ်။ သူ အနောက်ကိုလှည့်မကြည့်ရဲဘူး။ တကယ်လို့ လူဆိုးလေးတစ်ယောက် အတန်းထဲဝင်လာရင် ဘယ်လိုလုပ်ပြီး ရင်ဆိုင်ရမလဲဆိုတာကို သူ မသိဘူးလေ။ ဒါပေမဲ့ သူ စိတ်ပူတာတွေက ဖြစ်မလာခဲ့ပါဘူး။ အတန်းတက်ခေါင်းလောင်းသာ ထိုးသွားခဲ့တယ်။ ကြက်မောက်သီးလေးတစ်လုံးဟာ အတန်းထဲကို ဝင်မလာခဲ့ဘူး။

နံနက်ခင်းအတန်းချိန်တွေကုန်သွားတဲ့အခါမှာတော့ အုန်းမုတ်ခွက်လေးတစ်လုံးက အနောက်ကို လှည့်ကြည့်တယ်။ ကြက်မောက်သီးလေးတစ်လုံးရဲ့နေရာက လွတ်နေဆဲပါပဲ။ တကယ်ပဲ သူ အတန်းကို မလာခဲ့ဘူး။ နေ့လည်တိုင်းအတူ နေ့လည်စာစားနေတဲ့လူတစ်ယောက်မရှိတာက ယွန်းချီကို အောင့်သက်သက်ခံစားစေတယ်။ စိတ်ထဲမှာလည်း သူ့ကို ခန့်ဝေသော်က မုန်းသွားပြီလားဆိုပြီး သူ တွေးနေမိတယ်။ ဒီအတွေးက သူ့ကို ချောက်နက်နက်ထဲကို တွန်းချလိုက်သလိုပဲ။ ဘယ်မြက်ပင်ကို သူ ဆွဲထားရမှန်းမသိဘူး။

ယွန်းချီ! ငါတို့နဲ့အတူစားမလား ဟိုကောင်လည်း မလာဘူးဆိုတော့…”

အတန်းထဲက ကောင်မလေးတွေစကားကြောင့် ယွန်းချီ စိတ်ညစ်ချင်ချင်ဖြစ်နေရာကနေ ဖျစ်ညှစ်ပြုံးပြတယ်။ ကောင်မလေးတွေက မျက်လုံးလေးတွေမှေးစင်းကြည့်ကြပြီး သူ့ဆီကို အုံလာကြတာပေါ့။

မှန်မှန်ပြောစမ်း နင်တို့ တစ်ခုခုဖြစ်ထားကြတယ်မဟုတ်လား…”

မိန်းကလေးပြောတဲ့ တစ်ခုခုဆိုတာ ယွန်းချီမျက်နှာရဲသွားမဲ့ တစ်ခုခုကို ပြောတာပါ။

အာ မဟုတ်ပါဘူး…”

ဘာလို့ သူ့အငြင်းစကားက ရုပ်ရှင်ထဲက မင်းသမီးတွေက သူတို့သူငယ်ချင်းတွေ ရည်းစားပူမိနေတာလဲ မေးရင် ပြန်ဖြေတဲ့ပုံမျိုးဖြစ်နေတာလဲလို့ ယွန်းချီ မအီမသာတွေးတယ်။

မသိပါဘူး နင်တို့တွဲနေရင်းနဲ့ ရန်ဖြစ်ကြတယ်ထင်လို့…”

ကောင်မလေးတစ်ယောက် စကားကြောင့် ယွန်းချီမျက်လုံးပြူးပြူးလေးနဲ့ကြည့်တယ်။ သူနဲ့ခန့်ဝေသော်က ဘာဖြစ်တယ်?!

ဘာလဲ ငါပြောတာ မှားလို့လား…”

ပြောတဲ့ကောင်မလေးက သူ့ရဲ့တခြားသူငယ်ချင်းကောင်မလေးတွေကို ပြန်ကြည့်မေးငေါ့တယ်။ သူမပြောတာက မှားများမှားနေလို့လားပေါ့။

ယွန်းချီပါးရဲရဲလေးနဲ့ပဲ

ငါတို့. မတွဲပါဘူး…”

အိုးဒါဆို သူ နင့်ကို ဖွင့်ပြောထားတာလား…”

ယွန်းချီငြိမ်ကျသွားတယ်။ သူ့ကို ခန့်ဝေသော်က ဖွင့်ပြောလား။ ရုတ်တရက် တစ်ကိုယ်လုံးက သွေးတွေက သူ့ခေါင်းကို ဆောင့်တက်လာသလို။ အခုချိန်မှာ သူ့ခေါင်းပေါ်ကို ဒယ်အိုးတစ်လုံးတင်ပြီး ကြက်ဥပြုတ်ရင်တောင် ပြုတ်လို့ရလောက်တယ်။ သူ ခေါင်းအတော်ပူထွက်သွားလို့။

ယွန်းချီရဲ့ငြိမ်ကျသွားတဲ့ပုံစံလေးကြောင့် ကောင်မလေးတစ်အုပ်က ခပ်တိုးတိုးရယ်ကြတယ်။ သူတို့က ယွန်းချီကို သမီးရတနာလေးကို ကြည့်နေကြတဲ့ မိဘတွေပုံစံမျိုးနဲ့ လက်ပိုက်ကြည့်လိုက်ကြရင်း

အဲ့ တိုက်ကြက်ဖကောင်လေးက မဆိုးပါဘူး…”

ကောင်မလေးတစ်ယောက်က ပြောတယ်။

သူ့ရုပ်ရည်လေးက ကောင်းတယ်…”

နောက်တစ်ယောက်က ထပ်ထောက်ခံတယ်။

သူ့မိဘအသိုင်းအဝိုင်းကလည်း အပြစ်ပြောစရာမရှိဘူး…”

နောက်ထပ်တစ်ယောက်က ထပ်ဖြည့်ပြန်တယ်။

မကောင်းတာဆိုလို့…”

တစ်ယောက်က စကားပြန်စတယ်။

သူက ရန်သိပ်ဖြစ်တယ်…”

နောက်တစ်ယောက်က ခေါင်းညိတ်ထောက်ခံရင်း

သူက အန္တရာယ်များတယ်…”

သူတို့မြို့မှာရန်ဖြစ်တိုင်း ဘေးလူတွေကို အတင်းဆွဲထည့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကောင်မလေးတွေက ပြောနေကြတာပါ။

နောက်ပြီး နင်က တအားငြိမ်လွန်းပြီး သူက တအားကို ရန်များလွန်းတယ်…”

ကောင်မလေးတွေက သူတို့ပြောချင်တာတွေအကုန်ပြောပြီးတော့ စိတ်ဓာတ်ကျနေတဲ့မှိုပွင့်လေးလို ဖြစ်နေတဲ့ ယွန်းချီကို ကြည့်ပြီး ခပ်ပြုံးပြုံးနဲ့

ဘာအရေးလဲ နင်တို့အချင်းချင်း သဘောကျရင်ပြီးတာပဲဟာ…”

ယွန်းချီဘာပြောရမှန်းမသိဘဲ သူတို့ကိုကြည့်တယ်။ ခန့်ဝေသော်ကို သူ သဘောကျရင် ဒီသူငယ်ချင်းမတွေက သူ့ကို ဘယ်လိုမြင်မလဲလို့ ယွန်းချီကြောက်တာတော့အမှန်ပဲ။ ဒါပေမဲ့ လူငယ်တွေက သူထင်ထားတာထက် သဘောထားပွင့်လင်းကြပုံရပါတယ်။ သူတို့က ယွန်းချီကို ထောက်ခံကြတယ်။ အာထောက်ခံတယ်ဆိုလို့ ခန့်ဝေသော်က သူ့ကို ချစ်တယ်လို့ပြောထားတာလဲ မဟုတ်ပါဘူး။

အာ

ယွန်းချီစိတ်ဓာတ်ကျချင်သွားတယ်။ ခန့်ဝေသော်က သူနဲ့တွဲမယ်ဆိုရင် ယွန်းချီက ယွန်းဆိုတာကို မပြောဘူးလို့ပဲ ပြောခဲ့တာပါ။ ဒါက သူ့ကိုချစ်တယ်လို့ပြောတာ မဟုတ်ဘူးလေ ဟုတ်တယ်မလား။

အာ

ယွန်းချီထပ်ပြီး စိတ်ဓာတ်ကျသွားပြန်တယ်။ သူ ဘယ်လိုလုပ်ရင် ကောင်းမလဲ။

စိတ်ဓာတ်ကျတဲ့အုန်းမှုတ်ခွက်လေးလုပ်နေရင်းကနေ ကောင်လေးတစ်ယောက်က အတန်းထဲကို အပြေးအလွှားဝင်လာခဲ့တယ်။ သူတို့ကျောင်းလေးက အရမ်းကြီးမသေးတာကြောင့် ကိစ္စတစ်ခုခုဆို တစ်ကျောင်းလုံး အသိမြန်ကြတယ်လေ။

ဟေ့! ဟေ့! ခန့်ဝေသော်တု့ိ အုပ်စု ရန်သွားဖြစ်ပြီး ပြန်လာကြတယ်!”

တခြားကျောင်းက ကောင်တွေနဲ့!”

သူတို့ စုတ်ပြတ်သတ်ပြီး ပြန်လာတာ!”

အော်ပြောနေတဲ့အသံက ယွန်းချီရဲ့ ရင်ဘတ်တစ်ခုလုံးကို တင်းကြပ်သွားစေတယ်။ သူ စိုးလည်းရိမ်သွားတယ်။ ရန်ဖြစ်ပြီး ပြန်လာကတည်းက သူတို့နိုင်လို့ပဲနေမှာပါ။ ဒါပေမဲ့လည်း သူ စိုးရိမ်သွားတာကိုတော့ ရပ်တန့်လို့မရတာအမှန်ပဲ။ အတန်းပြတင်းပေါက်ကို သူ ပြေးကြည့်တယ်။ အတန်းပြတင်းပေါက်က ဆိုင်ကယ်တွေထားတဲ့ နေရာနဲ့နီးတယ်လေ။ သူ ငုံ့အကြည့် အပေါ်ကို မော့ကြည့်လာတဲ့ ခန့်ဝေသော်နဲ့ အကြည့်ချင်းဆုံသွားတော့တာပေါ့။

သူ့နှလုံးသားကို တစ်ယောက်ယောက်က လက်အားအပြည့်နဲ့ဆွဲညှစ်လိုက်သလိုပါပဲ။ ခန့်ဝေသော်ရဲ့ ဖူးယောင်နေတဲ့ မျက်နှာနဲ့ ကွဲနေတဲ့နဖူးက သူ့ကို မျက်ရည်ဝဲသွားစေတယ်။

အဲ့ဒီနေရာမှာပဲစောင့်နေငါလာခဲ့မယ်!”

ကျောင်းမှာရှိနေတဲ့အချိန် ယွန်းချီဘဝမှာ အကျယ်ဆုံးပြောဖူးတဲ့အသံပဲ။ တခြားအတန်းသားတွေ လှည့်ကြည့်ကြပေမဲ့လည်း ယွန်းချီဂရုမစိုက်တော့ပါဘူး။ သူ အတန်းထဲကနေ ပြေးထွက်ပြီး ဆိုင်ကယ်ထားတဲ့ နေရာဆီကို ပြေးသွားလိုက်တယ်။

ခန့်ဝေသော်က သူ့စကားကို နားထောင်ခဲ့ပါတယ်။ သူ ရောက်သွားတဲ့အချိန်မှာ ဆိုင်ကယ်နားမှာ ရပ်စောင့်နေခဲ့တယ်။ ယွန်းချီ အရင်ဆုံးအမောဖြေပြီးတော့ ခန့်ဝေသော် နားကို ခြေလှမ်းကျဲတွေနဲ့လျှောက်သွားလိုက်တယ်။

ဘာလို့ မင်းရန်ဖြစ်လာတာလဲ…”

သူ့အသံက ငိုတော့မလိုတုန်နေတယ်။ သူ တကယ်လည်း ငိုချင်နေတယ်။ ဘာလုပ်ရမလဲ။ သူ ဘယ်လိုလုပ်ရမလဲ ခန့်ဝေသော် ဒဏ်ရာရလာတယ်။

ငါ ရန်မဖြစ်ရင် သူတို့က မင်းကို ဆွဲထည့်လိမ့်မယ်…”

ခန့်ဝေသော်က ခပ်တိုးတိုးဖြေတယ်။ ယွန်းချီမျက်ရည်က ပေါက်ခနဲ။

အရူးလား မင်းက…”

ဘယ်လိုလုပ်ရမလဲ ခန့်ဝေသော်က နာနေလား။ ခန့်ဝေသော် နာနေတာကို သူဘယ်လိုလုပ်ပေးရမလဲ။

ဘာလို့ကျောင်းပြန်လာသေးတာလဲ…”

ငါတို့ နေ့လည်စာအတူစားရဦးမယ်လေ…”

ရူးနေတာလား…”

ယွန်းချီထပ်အော်တယ်။ နောက် သူ မျက်ရည်တွေကို သုတ်ပြီးတော့ ခန့်ဝေသော်ကို ကြည့်တယ်။

မင်းနာနေလား…”

ခန့်ဝေသော်က သူ့ကို ပြုံးပြီးကြည့်နေခဲ့တယ်။ ပြီးတော့ ခေါင်းကို ယမ်းတယ်။ နောက်တော့

ဟင့်အင်း မင်းငါ့အတွက် ငိုတာနဲ့ ငါ မနာတော့ဘူး…”

စကားတစ်ခွန်းအဆုံးမှာ ကောင်လေးတစ်ယောက်ဟာ အငိုတိတ်ပြီး မျက်နှာရဲသွားခဲ့ပါတယ်။ အခြားတစ်ယောက်ကတော့ ကျေကျေနပ်နပ်ကြီးကြည့်လို့ပေါ့။

ရန်ဖြစ်လာတာ သူ နာတယ်။ ဒါပေမဲ့ သူ ကျေနပ်တယ်။ ယွန်းချီကသူ့အတွက်ငိုတယ်။ အဲ့ဒါက သူ့ကိုပျော်ရွှင်စေတယ်။ ဒီလိုမှန်းသိရင် သူ ပိုပြီးအထိုးခံလာခဲ့ပါတယ်။ ခန့်ဝေသော်ရဲ့စိတ်ကူးယဉ်အတွေးတွေကို ယွန်းချီကတော့ မသိခဲ့ပါဘူး။ သူ့ကို ခန့်ဝေသော် ချစ်လားကို သူ ဆက်မတွေးဖြစ်ခဲ့ဘူး။ ယွန်းချီက ခန့်ဝေသော်ကို အဲ့ဒီတစ်နေ့မှာ စိတ်ပူတာနဲ့ပဲ အဆုံးသတ်သွားခဲ့လိုက်ရတယ်။

----------

Zawgyi


အပိုင္း - ၇ : မင္းငါ့အတြက္ငိုလို႔မနာေတာ့ဘူး။

“ငါ မင္းကိုလာႀကိဳတာ…”

ယြန္းခ်ီလြယ္အိတ္ႀကိဳးေလးကိုတင္းတင္းဆြဲမိတယ္။ ခန္႔ေဝေသာ္ကိုသူ မေတြ႔ရဲရင္ေတာင္ ခန္႔ေဝေသာ္က သူ႔ဆီအတင္းေရာက္လာတာပဲ။ ဆုိင္ကယ္ဦးထုပ္ကမ္းေပးတဲ့ ခန္႔ေဝေသာ္ကို ယြန္းခ်ီ မ်က္လံုးေလးပင့္ၿပီး မဝံ့မရဲၾကည့္ျပန္တယ္။ ခန္႔ေဝေသာ္ရဲ႕ပံုစံက အရင္အတုိင္း ခပ္တည္တည္ပါပဲ။ ဒါဆုိ ညက ခန္႔ေဝေသာ္ေျပာလုိက္တဲ့ စကားက အတည္ေရာဟုတ္ရဲ႕လား။ ယြန္းခ်ီဘာကိုယံုရမလဲမသိေတာ့ဘူး။ သူ ၿငိမ္ၿငိမ္ေလးပဲ ခန္႔ေဝေသာ္ကမ္းေပးတဲ့ ဆုိင္ကယ္ဦးထုပ္ေလးကို လွမ္းယူလုိက္တယ္။ ခန္႔ေဝေသာ္ရဲ႕ သူ႔လက္ေတြက မေတာ္တဆ ထိသြားမိေသးတယ္။ က်စ္ သူ မထိမိသြားေအာင္ သတိထားေနပါတယ္ဆိုကာမွ!

“အင္း… သြား… သြားရေအာင္ေလ…”

ယြန္းခ်ီမ်က္ႏွာရဲရဲေလးနဲ႔ ခန္႔ေဝေသာ္ကိုလွမ္းေျပာတယ္။ ခန္႔ေဝေသာ္ကေတာ့ ေခါင္းကိုပဲညိတ္ၿပီး အေရွ႕ဘက္ကို ျပန္လွည့္သြားေလရဲ႕။ ဆုိင္ကယ္ေနာက္ကိုထိုင္လုိက္တဲ့အခ်ိန္မွာ ျပႆနာတစ္ခုေပၚလာျပန္တယ္။ အဲ့ဒါက ဘာလဲဆုိေတာ့ သူ႔လက္ကို ဘယ္မွာထားရမလဲ ယြန္းခ်ီမသိေတာ့ဘူး။

အရင္တုန္းက… အရင္တုန္းကေတာ့ ခန္႔ေဝေသာ္ရဲ႕ခါးကို ဖက္ရင္ဖက္၊ ေအးတဲ့အခါမ်ိဳးေတြဆုိရင္ ခန္႔ေဝေသာ္ရဲ႕ ဂ်ာကင္အိတ္ကပ္ထဲကို သူ႔လက္ကိုထည့္ထားတတ္တယ္။ လက္အိတ္ဝတ္ထားတာပဲ သူ အရမ္းႀကီးစဥ္းစားစရာမလုိပါဘူး။ သူ႔လက္ကို ဘယ္နားမွာထားရမလဲဆုိတာကို အက်အနစဥ္းစားေနတုန္းမွာပဲ ခန္႔ေဝေသာ္က ဆုိင္ကယ္ကို စက္ႏိႈးၿပီးေဆာင့္ထြက္လုိက္တယ္။ ယြန္းခ်ီရဲ႕လက္ေတြက အသားက်စြာနဲ႔ပဲ ခန္႔ေဝေသာ္ရဲ႕ခါးေတြဆီကို ေရာက္သြားေတာ့တာေပ့ါ။ အက်င့္ဆုိတာႀကီးက တစ္ခါခါမွာေၾကာက္ဖို႔သိပ္ေကာင္းတယ္ေလ။

ယြန္းခ်ီသူ႔လက္ကို မရုတ္ျဖစ္ဘူး။ မ်က္ႏွာေျပာင္တုိက္ၿပီးပဲ သူ ဆက္ကိုင္ထားလုိက္တယ္။ တကယ္လို႔ သူ ရုတ္သြားမွ ခန္႔ေဝေသာ္က ဘာလုိ႔လဲေမးရင္ သူ႔မွာေျဖစရာအေျဖမရွိဘူးေလ။ ဟင့္အင္း ေျဖစရာအေျဖထက္ အမွန္ကုိဝန္ခံရရင္ စကားမွားသြားမွာကို သူ ေၾကာက္တာပါ။ ဟုတ္တယ္… ခန္႔ေဝေသာ္ကို စကားေတြမွားေျဖမိမွာကို သူ ေၾကာက္တယ္။

အေရွ႕က ခန္႔ေဝေသာ္ရဲ႕ ႏႈတ္ခမ္းေတြကေတာ့ ေကာ့ညႊတ္ေနခဲ့တယ္။ အရင္တုန္းကလည္း ယြန္းခ်ီသူ႔ကို ဖက္ထားတတ္တာပါပဲ။ အခုကသူ႔ကိုပိုေႏြးေစၿပီးေတာ့ သူ႔စိတ္ကိုပိုၿပီး ၾကည္လင္ေစတယ္။ ဒီခံစားခ်က္က ဘာနဲ႔တူလဲဆုိေတာ့ ေဆာင္းတြင္းႀကီးမွာ ေခြးသားေပါက္ေလးတစ္ေကာင္က ေႏြးေထြးတဲ့အိပ္ယာထဲမွာ မိခင္ႏို႔ေသာက္ရင္း ႏို႔ကိုက္ၿပီးအိပ္ေနရတဲ့ ခံစားခ်က္မ်ိဳးပဲ။ ေႏြးေႏြးေထြးေထြးနဲ႔သက္ေတာင့္သက္သာရွိၿပီး စိတ္ေက်နပ္စရာေကာင္းလြန္းလွတယ္။

သူတုိ႔ေက်ာင္းေရာက္ခ်ိန္မွာ ခန္႔ေဝေသာ္က ယြန္းခ်ီကို စကားေျပာမလို႔ ျပင္တုန္းရွိေသးတယ္။ သူ႔သူငယ္ခ်င္းေတြအရင္ေရာက္လာခဲ့တယ္။ ယြန္းခ်ီကေတာ့ လူဆိုးေလးေတြ အုပ္စုကိုေတာင့္သြားတာလည္းျမင္ေရာ ေျမေခြးသိုက္ထဲကေနလြတ္ေအာင္ေျပးတဲ့ ယုန္ေလးတစ္ေကာင္လို လုံုးေနေအာင္ေျပးသြားခဲ့တာေပါ့။

ေတာ္ေသးတယ္… အဲ့ဒီေကာင္ေတြသာ မေရာက္လာဘူးဆုိရင္ ငါေတာ့ဒုကၡပဲ… ခန္႔ေဝေသာ္ကို ငါ ဘယ္လိုလုပ္ၿပီး စကားေျပာရမွာလဲ။

သူ႔မွာ ခန္႔ေဝေသာ္ကို ရင္ဆုိင္ရဲတဲ့ သတၱိလည္းမရွိဘူးေလ။ ခန္႔ေဝေသာ္ကေတာ့ သူ႔သူငယ္ခ်င္းေကာင္ေတြကိုပဲ အမုန္းအျပည့္နဲ႔မ်က္လံုးႀကီးနဲ႔ ၾကည့္လုိက္တယ္။ သူနဲ႔ယြန္းခ်ီရဲ႕ သာယာတဲ့ရက္ေလးကို ဒီေကာင္ေတြက ဘာလုိ႔ဖ်က္ဆီးရတာလဲ။ အေၾကာင္းျပခ်က္ေကာင္းေကာင္းသာမရွိဘူးဆိုရင္ သူ ဒီေကာင္ေတြကို ထိုးႀကိတ္ပစ္လုိက္ဦးမယ္။ ဘာအေၾကာင္းနဲ႔ပဲ သူလုပ္လုပ္ လူဆိုးေလးျဖစ္ေနၿပီးသားပဲဟာ မေကာင္းတာေလး လုပ္လုိက္လည္း သူ ထူးၿပီးျဖစ္သြားစရာမရွိပါဘူး။ လူဆိုးေတြက လူဆိုးအလုပ္လုပ္တာကို ဘယ္သူက ဘာေျပာရဲမွာလဲ။

“ဒါငါတုိ႔လုပ္တာမဟုတ္ဘူး…”

အျမႊာႏွစ္ေကာင္က ေခါင္းယမ္းျပတယ္။ အျမႊာတစ္ေယာက္ေျပာထားတာကို ေနာက္တစ္ေယာက္က ထပ္ျဖည့္ေျပာလုိက္ေသးတယ္။

“ငါတုိ႔က အေဖာ္လုိက္လာတာ…”

သူတုိ႔ရဲ႕အၾကည့္ေတြက ေကာင္ေလးတစ္ေယာက္ဆီေရာက္သြားေလရဲ႕။ အဲ့ေကာင္ေလးကေတာ့ ေခါင္းေရာင္းလုိက္တ့ဲ သူငယ္ခ်င္းတစ္စုကို မုန္းတီးတဲ့အၾကည့္ႀကီးေတြနဲ႔အရင္ၾကည့္တယ္။ ၿပီးေတာ့ခန္႔ေဝေသာ္ကိုၾကည့္ၿပီး…

“ဟိုေကာင္ရဲ႕ အစ္ကိုက မင္းကို ျပႆနာရွာခ်င္ေနတယ္…”

မိန္းကေလးေတြလိုပဲ ဘာေလညာေလဆုိရင္ တန္းသိသလိုပဲ ေယာက်ာ္းေလးေတြမွာလည္း သူတုိ႔ရဲ႕အခ်ိန္းအခ်က္နဲ႔ သူတို႔ရွိပံုေတာ့ရတယ္။ ဟိုေကာင္ဆုိတာနဲ႔ ဘယ္သူ႔ကိုေျပာတာလဲဆုိတာ ခန္႔ေဝေသာ္ တန္းသိသြားတယ္။ သူ ေခါင္းညိတ္ၿပီးေတာ့…

“အင္း ငါ သိၿပီ…”

“အဲ့ဒါကို မင္း ဘယ္လိုလုပ္ခ်င္လဲ…”

အဲ့ဒီေကာင္ရဲ႕… အဲ အဲ့ဒီေကာင္ဆုိတာ ခန္႔ေဝေသာ္တစ္ခါ အေရာင္မႀကိဳက္လုိ႔ဆုိၿပီးထိုးလုိက္တဲ့ ေကာင္ေလးရဲ႕အစ္ကိုပါ။ အ့ဲဒီေကာင္ရဲ႕ အစ္ကိုက ေကာင္းေကာင္းကန္းကန္းမဟုတ္တဲ့အျပင္ ရန္ျဖစ္ရင္လည္း ေအာက္တန္းက်တဲ့ နည္းလမ္းေတြလည္း ရန္ျဖစ္တတ္ေသးတယ္။ တစ္ေယာက္ခ်င္းထိုးမယ္ဆုိၿပီး အုပ္စုလိုက္ရိုက္တာတုိ႔ လက္နက္ေတြသယ္လာတာမ်ိဳးေပါ့။

ေၾသာ္! အဲ့လုိျဖစ္လို႔ရွိဖူးေသးတယ္။ တစ္ခါက ခန္႔ေဝေသာ္ အဲ့လုိေကာင္ေတြနဲ႔ရန္ျဖစ္ဖူးတယ္။ ဓားယူလာတာက တစ္ဖက္သူေတြပါပဲ။ သူတုိ႔အခ်င္းခ်င္းထိုးမိၾကၿပီး ခန္႔ေဝေသာ္က လက္လြန္တယ္လုိ႔ျဖစ္သြားေသးတယ္။ ခန္႔ေဝေသာ္ဆုိတဲ့ ၾကက္ေမာက္သီးေလးက ဘယ္ေတာ့မွ သူမ်ားကို နာက်င္ေစမဲ့ လက္နက္ကိုမကိုင္ေဆာင္တတ္ပါဘူး။ ဓားနဲ႔ခုတ္ဖူးတာဆုိလုိ႔ ေသေနတဲ့ၾကက္သားေတြကိုပဲ အေဒၚကို ဟင္းကူကိုင္ေပးလို႔ ခုတ္ဖူးခဲ့တာ။ အဲ့ေလာက္ထိ ရိုးသားတဲ့ေကာင္ေလးပါ။ ဒါေပမဲ့လည္း ခန္႔ေဝေသာ္က လက္လြန္တယ္လုိ႔ပဲ သတင္းထြက္ခဲ့တယ္။ ေတာင္ေစာင္းေပၚကေန လက္လြန္သမွ်ေတြကို ပစ္ခ်တယ္ဆုိတာကေတာ့ ဘယ္ကေလကဝက လႊင့္လုိက္တဲ့သတင္းလဲေတာ့ မသိပါဘူး။

ဒါေပမဲ့လည္း သိတယ္မဟုတ္လား လူေတြက အမွန္ေတြကို သိပ္စိတ္မဝင္စားတတ္ၾကဘူးေလ။ သူတုိ႔က နားေထာင္လုိ႔ေကာင္းတဲ့ သတင္းေတြေလာက္ပဲ စိတ္ဝင္စားၾကတယ္။

ခန္႔ေဝေသာ္ကေတာ့ နားေထာင္ေကာင္းတဲ့ေကာလဟလေတြေရာ၊ နားခါးတဲ့အမွန္သတင္းေတြကိုေရာ သိပ္ေတာ့ စိတ္မဝင္စားပါဘူး။ မၾကားခ်င္ေယာင္ပဲေဆာင္ထားလိုက္တယ္။ အဲ့ဒါကလည္း သူ႔ကိုနားေအးေစတဲ့အေၾကာင္းေတြထဲက တစ္ခုျဖစ္တယ္ေလ။

“ဘာလုပ္ရမွာလဲ…”

လြယ္အိတ္ကုိလက္တစ္ဖက္နဲ႔ေနာက္ပစ္ကိုင္ၿပီး အတန္းဘက္ကိုသြားဖို႔ ခန္႔ေဝေသာ္ ေျခစလွမ္းတယ္။ ယြန္းခ်ီကို ေတြ႔ခ်င္လွၿပီ။ ယြန္းခ်ီနဲ႔သူ စကားေတြေျပာစရာရွိတယ္။

 “မင္းသူ႔ကိုဘာမွမလုပ္ဘဲပစ္ထားရင္ သူက ယြန္းခ်ီကိုရန္ရွာရင္ ဘယ္လိုလုပ္မလဲ…”

ေတြးဆဆနဲ႔ေျပာတဲ့အျမႊာႏွစ္ေကာင္ထဲက တစ္ေကာင္ရဲ႕အသံထြက္လာတာေၾကာင့္ ခန္႔ေဝေသာ္ေျခလွမ္းေတြရပ္သြားတယ္။ အေနာက္ကို ျပန္လွည့္ၾကတဲ့သူ႔အၾကည့္ေတြထဲမွာ င့ါကိုရန္စေနတာလားဆိုတဲ့ ေမးခြန္းေတြပါေနေလရဲ႕။

စကားစတဲ့အျမႊာေကာင္ေလးက ပခံုးေလးအသာတြန္႔ၿပီး ခန္႔ေဝေသာ္ကိုၾကည့္တယ္။ သူ႔မ်က္ႏွာမွာ ဂ်စ္တစ္တစ္နဲ႔ ခန္႔ေဝေသာ္ကို ကလိလုိက္ရတဲ့အတြက္ေက်နပ္ရိပ္ေတြရွိေနခဲ့တယ္။ ထင္တဲ့အတုိင္းပဲ ခန္႔ေဝေသာ္က ဒီအုန္းမုတ္ခြက္ေလးနဲ႔ ပတ္သက္လာရင္ လႈပ္လႈပ္ခတ္ခတ္ျဖစ္တာပဲ။ ဒါကသိပ္ကိုစိတ္ဝင္စားစရာေကာင္းတယ္။ သူတုိ႔အုပ္စုထဲမွာ အျမႊာေကာင္ေလးေတြက ဥာဏ္နီဥာဏ္နက္မ်ားတဲ့ေကာင္ကေလးေတြလုိ႔ ေျပာလုိ႔ရတယ္ေလ။

“အဲ့လိုေကာင္ေတြက စိတ္ဓာတ္မေကာင္းတာကို မင္းလည္းသိပါတယ္…”

ေနာက္ထပ္အျမႊာတစ္ေယာက္က ထပ္ၿပီးေလာင္စာထည့္တယ္။ ေကာင္ေလးႏွစ္ေယာက္ႀကိဳက္တာနဲ႔ပတ္သက္ၿပီးေတာ့ သူတုိ႔စိတ္ထဲဘာခံစားခ်က္မွမရွိဘူး။ ရြံမုန္းတယ္၊ ေက်နပ္တယ္၊ ေထာက္ခံတယ္၊ အစရွိတဲ့ခံစားခ်က္ေတြ သူတုိ႔ဘာတစ္ခုမွ မရွိဘူး။ ခံစားခ်က္နဲ႔နည္းနည္းတူတာလုိ႔ ေျပာရမယ္ဆိုရင္ သူတုိ႔စိတ္ဝင္စားတယ္။ ေကာင္ေလးႏွစ္ေယာက္ႀကိဳက္ၾကတာက သိပ္ထူးဆန္းတဲ့ ကိစၥတစ္ခုေတာ့လည္း မဟုတ္ပါဘူး။ ရွိေတာ့ရွိၾကပါတယ္။ ဒါေပမဲ့ သူတုိ႔ပတ္ဝန္းက်င္မွာ မရွိဖူးေသးဘူး။ ခန္႔ေဝေသာ္ရဲ႕ အမူအရာေတြကို တျခားနားလပိန္းတံုးေကာင္ေတြသာ မသိရွိမယ္။ သူတုိ႔အျမႊာႏွစ္ေကာင္က ပါးတာမွလွပ္ေနတာမို႔ ေကာင္းေကာင္းသေဘာေပါက္တယ္။

“မင္းအခုတေလာ အဲ့ဒီအုန္းမႈတ္ခြက္ေလးနဲ႔ ေပါင္းေနတာကို သူတုိ႔မသိဘဲဘယ္ေနပါ့မလဲ…”

က်န္တဲ့ေကာင္ေတြက ဘာလုိ႔အဲ့ဒီအုန္းမႈတ္ခြက္က သူတုိ႔ၾကားထဲေရာက္လာလဲကို မသိဘူး။ ဒါေပမဲ့လည္း အဓိကက သူတုိ႔ကို ရန္စလာမဲ့ေကာင္ကို ရွင္းထုတ္ရရင္ၿပီးေရာမုိ႔ အျမႊာႏွစ္ေကာင္ကို သူတို႔လႊတ္ေပးလုိက္တယ္။ အဲ့ႏွစ္ေကာင္က သူမ်ားေတြကို ေသြးေဆာင္တဲ့ေနရာမွာ ထိပ္တန္းပဲေလ။ သူတုိ႔က ရန္ျဖစ္တာနဲ႔တစ္ဖက္သားကိုျပႆနာရွာတဲ့ေနရာမွာ သိပ္ေတာ္ၾကတယ္။ စကားလံုးေတြနဲ႔။

“အင္းေလ… မင္းလည္းသိေနတာပဲ ရန္ျဖစ္ရင္ ဘယ္သူဘယ္ဝါရယ္ဆုိၿပီး ခြဲျခားမေနဘူး…”

“ကိုယ္အျမင္ကပ္တဲ့ေကာင္ရဲ႕ အားနည္းခ်က္ကို လုပ္လုိက္ရံုပဲ… ဒါဆုိ အဲ့ေကာင္ကို အႀကိဳက္ရိုက္လုိ႔ရၿပီေလ…”

တစ္ေယာက္တစ္ေပါက္ အတိုင္အေဖာက္ညီညီန႔ဲ ေျပာေနၾကတဲ့အျမႊာႏွစ္ေကာင္ကို အုပ္စုထဲက က်န္တဲ့ေကာင္ေတြက နားမလည္စြာၾကည့္ၾကတယ္။ အားနည္းခ်က္? ယြန္းခ်ီက ခန္႔ေဝေသာ္ရဲ႕အားနည္းခ်က္လား? ဘာလို႔လဲ?

ေက်ာပိုးအိတ္ႀကိဳးကို တင္းတင္းဆုတ္ကိုင္ထားတဲ့ ခန္႔ေဝေသာ္ရဲ႕ပံုစံအရ သူ႔စိတ္ေတြယိုင္လာၿပီဆုိတာ သူတုိ႔သိတယ္။ အျမႊာလူဆိုးေလးႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ မ်က္စပစ္ျပလုိက္ၿပီး ခန္႔ေဝေသာ္ဆီ ၿပိဳင္တူသြားလုိက္ၾကတယ္။ သူတုိ႔ခန္႔ေဝေသာ္ရဲ႕တစ္ဖက္တစ္ခ်က္မွာရပ္ၿပီး ခန္႔ေဝေသာ္ ပခံုးကိုဖက္တယ္။ ၿပီးေတာ့ သူတုိ႔သံုးေယာက္ပဲ ၾကားႏိုင္ေလာက္တဲ့အထိ အသံကိုႏိွမ့္ၿပီး…

“ယြန္းခ်ီကို သူတုိ႔ Target ထားႏိုင္တယ္ေလ…”

တစ္ေယာက္ေျပာၿပီးေနာက္မွာ ေနာက္တစ္ေယာက္က ဆက္ေျပာလာတယ္။

“ငါတုိ႔ရန္ျဖစ္တုန္းကလည္း အဲ့လုိပဲ လုပ္ခဲ့တာမဟုတ္လား…”

အတန္းဘက္ကိုဦးတည္ဖို႔လွည့္ထားတဲ့ ခန္႔ေဝေသာ္ရဲ႕ေျခလွမ္းေတြက အေနာက္ကိုျပန္လွည့္သြားတယ္။ ဆုိင္ကယ္ဆီကို ေျခလွမ္းက်ဲေတြနဲ႔ေလွ်ာက္သြားတဲ့ ခန္႔ေဝေသာ္ကိုၾကည့္ၿပီး အျမႊာလူဆိုးေလးႏွစ္ေကာင္က တစ္ေယာက္လက္ကို တစ္ေယာက္ရိုက္လုိက္ၾကတယ္။ အဲ့ဒီအခ်ိန္မွာပဲ ခန္႔ေဝေသာ္ရဲ႕ စိတ္မရွည္တဲ့ေအာ္သံကို သူတုိ႔ၾကားလုိက္ရတယ္။

“မင္းတုိ႔ေကာင္ေတြ မလာေသးဘူးလား!”

အျမႊာႏွစ္ေကာင္ ေက်ေက်နပ္နပ္ပဲ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီး လက္ဝါးခ်င္းရိုက္လုိက္ၾကတယ္။ ေနာက္ေတာ့ လူဆိုးေလးတစ္အုပ္စုက ဆုိင္ကယ္ေတြနဲ႔ေက်ာင္းထဲက ထြက္သြားခဲ့ၾကတာေပါ့။

အတန္းထဲမွာေတာ့ ေကာင္ေလးတစ္ေယာက္က ၿငိမ္ၿငိမ္ေလးထိုင္ေနခဲ့ပါတယ္။ သူ အေနာက္ကိုလွည့္မၾကည့္ရဲဘူး။ တကယ္လုိ႔ လူဆိုးေလးတစ္ေယာက္ အတန္းထဲဝင္လာရင္ ဘယ္လိုလုပ္ၿပီး ရင္ဆုိင္ရမလဲဆုိတာကို သူ မသိဘူးေလ။ ဒါေပမဲ့ သူ စိတ္ပူတာေတြက ျဖစ္မလာခဲ့ပါဘူး။ အတန္းတက္ေခါင္းေလာင္းသာ ထိုးသြားခဲ့တယ္။ ၾကက္ေမာက္သီးေလးတစ္လံုးဟာ အတန္းထဲကို ဝင္မလာခဲ့ဘူး။

နံနက္ခင္းအတန္းခ်ိန္ေတြကုန္သြားတဲ့အခါမွာေတာ့ အုန္းမုတ္ခြက္ေလးတစ္လံုးက အေနာက္ကို လွည့္ၾကည့္တယ္။ ၾကက္ေမာက္သီးေလးတစ္လံုးရဲ႕ေနရာက လြတ္ေနဆဲပါပဲ။ တကယ္ပဲ သူ အတန္းကို မလာခဲ့ဘူး။ ေန႔လည္တိုင္းအတူ ေန႔လည္စာစားေနတဲ့လူတစ္ေယာက္မရွိတာက ယြန္းခ်ီကို ေအာင့္သက္သက္ခံစားေစတယ္။ စိတ္ထဲမွာလည္း သူ႔ကို ခန္႔ေဝေသာ္က မုန္းသြားၿပီလားဆုိၿပီး သူ ေတြးေနမိတယ္။ ဒီအေတြးက သူ႔ကို ေခ်ာက္နက္နက္ထဲကို တြန္းခ်လုိက္သလိုပဲ။ ဘယ္ျမက္ပင္ကို သူ ဆြဲထားရမွန္းမသိဘူး။

“ယြန္းခ်ီ! ငါတုိ႔နဲ႔အတူစားမလား ဟိုေကာင္လည္း မလာဘူးဆုိေတာ့…”

အတန္းထဲက ေကာင္မေလးေတြစကားေၾကာင့္ ယြန္းခ်ီ စိတ္ညစ္ခ်င္ခ်င္ျဖစ္ေနရာကေန ဖ်စ္ညွစ္ျပံဳးျပတယ္။ ေကာင္မေလးေတြက မ်က္လံုးေလးေတြေမွးစင္းၾကည့္ၾကၿပီး သူ႔ဆီကို အုံလာၾကတာေပါ့။

“မွန္မွန္ေျပာစမ္း နင္တုိ႔ တစ္ခုခုျဖစ္ထားၾကတယ္မဟုတ္လား…”

မိန္းကေလးေျပာတဲ့ တစ္ခုခုဆုိတာ ယြန္းခ်ီမ်က္ႏွာရဲသြားမဲ့ တစ္ခုခုကို ေျပာတာပါ။

“အာ မဟုတ္ပါဘူး…”

ဘာလုိ႔ သူ႔အျငင္းစကားက ရုပ္ရွင္ထဲက မင္းသမီးေတြက သူတုိ႔သူငယ္ခ်င္းေတြ ရည္းစားပူမိေနတာလဲ ေမးရင္ ျပန္ေျဖတဲ့ပံုမ်ိဳးျဖစ္ေနတာလဲလုိ႔ ယြန္းခ်ီ မအီမသာေတြးတယ္။

“မသိပါဘူး နင္တုိ႔တြဲေနရင္းနဲ႔ ရန္ျဖစ္ၾကတယ္ထင္လုိ႔…”

ေကာင္မေလးတစ္ေယာက္ စကားေၾကာင့္ ယြန္းခ်ီမ်က္လံုးျပဴးျပဴးေလးနဲ႔ၾကည့္တယ္။ သူနဲ႔ခန္႔ေဝေသာ္က ဘာျဖစ္တယ္?!

“ဘာလဲ ငါေျပာတာ မွားလုိ႔လား…”

ေျပာတဲ့ေကာင္မေလးက သူ႔ရဲ႕တျခားသူငယ္ခ်င္းေကာင္မေလးေတြကို ျပန္ၾကည့္ေမးေငါ့တယ္။ သူမေျပာတာက မွားမ်ားမွားေနလုိ႔လားေပါ့။

ယြန္းခ်ီပါးရဲရဲေလးနဲ႔ပဲ…

“ငါတို႔… မ. မတြဲပါဘူး…”

“အိုး… ဒါဆုိ သူ နင့္ကို ဖြင့္ေျပာထားတာလား…”

ယြန္းခ်ီၿငိမ္က်သြားတယ္။ သူ႔ကို ခန္႔ေဝေသာ္က ဖြင့္ေျပာလား။ ရုတ္တရက္ တစ္ကိုယ္လံုးက ေသြးေတြက သူ႔ေခါင္းကို ေဆာင့္တက္လာသလုိ။ အခုခ်ိန္မွာ သူ႔ေခါင္းေပၚကို ဒယ္အိုးတစ္လံုးတင္ၿပီး ၾကက္ဥျပဳတ္ရင္ေတာင္ ျပဳတ္လို႔ရေလာက္တယ္။ သူ ေခါင္းအေတာ္ပူထြက္သြားလို႔။

ယြန္းခ်ီရဲ႕ၿငိမ္က်သြားတဲ့ပံုစံေလးေၾကာင့္ ေကာင္မေလးတစ္အုပ္က ခပ္တိုးတိုးရယ္ၾကတယ္။ သူတုိ႔က ယြန္းခ်ီကုိ သမီးရတနာေလးကို ၾကည့္ေနၾကတဲ့ မိဘေတြပံုစံမ်ိဳးနဲ႔ လက္ပိုက္ၾကည့္လုိက္ၾကရင္း…

“အဲ့ တုိက္ၾကက္ဖေကာင္ေလးက မဆိုးပါဘူး…”

ေကာင္မေလးတစ္ေယာက္က ေျပာတယ္။

“သူ႔ရုပ္ရည္ေလးက ေကာင္းတယ္…”

ေနာက္တစ္ေယာက္က ထပ္ေထာက္ခံတယ္။

“သူ႔မိဘအသိုင္းအဝုိင္းကလည္း အျပစ္ေျပာစရာမရွိဘူး…”

ေနာက္ထပ္တစ္ေယာက္က ထပ္ျဖည့္ျပန္တယ္။

“မေကာင္းတာဆုိလုိ႔…”

တစ္ေယာက္က စကားျပန္စတယ္။

“သူက ရန္သိပ္ျဖစ္တယ္…”

ေနာက္တစ္ေယာက္က ေခါင္းညိတ္ေထာက္ခံရင္း…

“သူက အႏၱရာယ္မ်ားတယ္…”

သူတုိ႔ၿမိဳ႕မွာရန္ျဖစ္တုိင္း ေဘးလူေတြကို အတင္းဆြဲထည့္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေကာင္မေလးေတြက ေျပာေနၾကတာပါ။

“ေနာက္ၿပီး နင္က တအားၿငိမ္လြန္းၿပီး သူက တအားကို ရန္မ်ားလြန္းတယ္…”

ေကာင္မေလးေတြက သူတုိ႔ေျပာခ်င္တာေတြအကုန္ေျပာၿပီးေတာ့ စိတ္ဓာတ္က်ေနတဲ့မိႈပြင့္ေလးလုိ ျဖစ္ေနတဲ့ ယြန္းခ်ီကို ၾကည့္ၿပီး ခပ္ျပံဳးျပဳံးနဲ႔…

“ဘာအေရးလဲ နင္တုိ႔အခ်င္းခ်င္း သေဘာက်ရင္ၿပီးတာပဲဟာ…”

ယြန္းခ်ီဘာေျပာရမွန္းမသိဘဲ သူတုိ႔ကိုၾကည့္တယ္။ ခန္႔ေဝေသာ္ကို သူ သေဘာက်ရင္ ဒီသူငယ္ခ်င္းမေတြက သူ႔ကို ဘယ္လိုျမင္မလဲလို႔ ယြန္းခ်ီေၾကာက္တာေတာ့အမွန္ပဲ။ ဒါေပမဲ့ လူငယ္ေတြက သူထင္ထားတာထက္ သေဘာထားပြင့္လင္းၾကပံုရပါတယ္။ သူတုိ႔က ယြန္းခ်ီကုိ ေထာက္ခံၾကတယ္။ အာ… ေထာက္ခံတယ္ဆိုလို႔ ခန္႔ေဝေသာ္က သူ႔ကို ခ်စ္တယ္လုိ႔ေျပာထားတာလဲ မဟုတ္ပါဘူး။

အာ…

ယြန္းခ်ီစိတ္ဓာတ္က်ခ်င္သြားတယ္။ ခန္႔ေဝေသာ္က သူနဲ႔တြဲမယ္ဆုိရင္ ယြန္းခ်ီက ယြန္းဆုိတာကို မေျပာဘူးလုိ႔ပဲ ေျပာခဲ့တာပါ။ ဒါက သူ႔ကိုခ်စ္တယ္လုိ႔ေျပာတာ မဟုတ္ဘူးေလ ဟုတ္တယ္မလား။

အာ…

ယြန္းခ်ီထပ္ၿပီး စိတ္ဓာတ္က်သြားျပန္တယ္။ သူ ဘယ္လိုလုပ္ရင္ ေကာင္းမလဲ။

စိတ္ဓာတ္က်တဲ့အုန္းမႈတ္ခြက္ေလးလုပ္ေနရင္းကေန ေကာင္ေလးတစ္ေယာက္က အတန္းထဲကို အေျပးအလႊားဝင္လာခဲ့တယ္။ သူတုိ႔ေက်ာင္းေလးက အရမ္းႀကီးမေသးတာေၾကာင့္ ကိစၥတစ္ခုခုဆုိ တစ္ေက်ာင္းလံုး အသိျမန္ၾကတယ္ေလ။

“ေဟ့! ေဟ့! ခန္႔ေဝေသာ္တု႔ိ အုပ္စု ရန္သြားျဖစ္ၿပီး ျပန္လာၾကတယ္!”

“တျခားေက်ာင္းက ေကာင္ေတြနဲ႔!”

“သူတုိ႔ စုတ္ျပတ္သတ္ၿပီး ျပန္လာတာ!”

ေအာ္ေျပာေနတဲ့အသံက ယြန္းခ်ီရဲ႕ ရင္ဘတ္တစ္ခုလံုးကို တင္းၾကပ္သြားေစတယ္။ သူ စိုးလည္းရိမ္သြားတယ္။ ရန္ျဖစ္ၿပီး ျပန္လာကတည္းက သူတုိ႔ႏုိင္လုိ႔ပဲေနမွာပါ။ ဒါေပမဲ့လည္း သူ စိုးရိမ္သြားတာကိုေတာ့ ရပ္တန္႔လို႔မရတာအမွန္ပဲ။ အတန္းျပတင္းေပါက္ကို သူ ေျပးၾကည့္တယ္။ အတန္းျပတင္းေပါက္က ဆုိင္ကယ္ေတြထားတဲ့ ေနရာနဲ႔နီးတယ္ေလ။ သူ ငံု႔အၾကည့္ အေပၚကို ေမာ့ၾကည့္လာတဲ့ ခန္႔ေဝေသာ္နဲ႔ အၾကည့္ခ်င္းဆံုသြားေတာ့တာေပါ့။

သူ႔ႏွလံုးသားကို တစ္ေယာက္ေယာက္က လက္အားအျပည့္နဲ႔ဆြဲညွစ္လုိက္သလိုပါပဲ။ ခန္႔ေဝေသာ္ရဲ႕ ဖူးေယာင္ေနတဲ့ မ်က္ႏွာနဲ႔ ကြဲေနတဲ့နဖူးက သူ႔ကို မ်က္ရည္ဝဲသြားေစတယ္။

“အဲ့ဒီေနရာမွာပဲေစာင့္ေန… ငါလာခဲ့မယ္!”

ေက်ာင္းမွာရွိေနတဲ့အခ်ိန္ ယြန္းခ်ီဘဝမွာ အက်ယ္ဆံုးေျပာဖူးတဲ့အသံပဲ။ တျခားအတန္းသားေတြ လွည့္ၾကည့္ၾကေပမဲ့လည္း ယြန္းခ်ီဂရုမစိုက္ေတာ့ပါဘူး။ သူ အတန္းထဲကေန ေျပးထြက္ၿပီး ဆုိင္ကယ္ထားတဲ့ ေနရာဆီကို ေျပးသြားလိုက္တယ္။

ခန္႔ေဝေသာ္က သူ႔စကားကို နားေထာင္ခဲ့ပါတယ္။ သူ ေရာက္သြားတ့ဲအခ်ိန္မွာ ဆုိင္ကယ္နားမွာ ရပ္ေစာင့္ေနခဲ့တယ္။ ယြန္းခ်ီ အရင္ဆံုးအေမာေျဖၿပီးေတာ့ ခန္႔ေဝေသာ္ နားကို ေျခလွမ္းက်ဲေတြနဲ႔ေလွ်ာက္သြားလုိက္တယ္။

“ဘာလုိ႔ မင္းရန္ျဖစ္လာတာလဲ…”

သူ႔အသံက ငိုေတာ့မလုိတုန္ေနတယ္။ သူ တကယ္လည္း ငိုခ်င္ေနတယ္။ ဘာလုပ္ရမလဲ။ သူ ဘယ္လုိလုပ္ရမလဲ ခန္႔ေဝေသာ္ ဒဏ္ရာရလာတယ္။

“ငါ ရန္မျဖစ္ရင္ သူတုိ႔က မင္းကို ဆြဲထည့္လိမ့္မယ္…”

ခန္႔ေဝေသာ္က ခပ္တိုးတုိးေျဖတယ္။ ယြန္းခ်ီမ်က္ရည္က ေပါက္ခနဲ။

“အရူးလား မင္းက…”

ဘယ္လိုလုပ္ရမလဲ ခန္႔ေဝေသာ္က နာေနလား။ ခန္႔ေဝေသာ္ နာေနတာကို သူဘယ္လုိလုပ္ေပးရမလဲ။

“ဘာလို႔ေက်ာင္းျပန္လာေသးတာလဲ…”

“ငါတုိ႔ ေန႔လည္စာအတူစားရဦးမယ္ေလ…”

“ရူးေနတာလား…”

ယြန္းခ်ီထပ္ေအာ္တယ္။ ေနာက္ သူ မ်က္ရည္ေတြကို သုတ္ၿပီးေတာ့ ခန္႔ေဝေသာ္ကို ၾကည့္တယ္။

“မင္းနာေနလား…”

ခန္႔ေဝေသာ္က သူ႔ကို ျပံဳးၿပီးၾကည့္ေနခဲ့တယ္။ ၿပီးေတာ့ ေခါင္းကို ယမ္းတယ္။ ေနာက္ေတာ့…

“ဟင့္အင္း မင္းငါ့အတြက္ ငိုတာနဲ႔ ငါ မနာေတာ့ဘူး…”

စကားတစ္ခြန္းအဆံုးမွာ ေကာင္ေလးတစ္ေယာက္ဟာ အငိုတိတ္ၿပီး မ်က္ႏွာရဲသြားခဲ့ပါတယ္။ အျခားတစ္ေယာက္ကေတာ့ ေက်ေက်နပ္နပ္ႀကီးၾကည့္လုိ႔ေပါ့။

ရန္ျဖစ္လာတာ သူ နာတယ္။ ဒါေပမဲ့ သူ ေက်နပ္တယ္။ ယြန္းခ်ီကသူ႔အတြက္ငိုတယ္။ အဲ့ဒါက သူ႔ကိုေပ်ာ္ရႊင္ေစတယ္။ ဒီလုိမွန္းသိရင္ သူ ပိုၿပီးအထိုးခံလာခဲ့ပါတယ္။ ခန္႔ေဝေသာ္ရဲ႕စိတ္ကူးယဥ္အေတြးေတြကို ယြန္းခ်ီကေတာ့ မသိခဲ့ပါဘူး။ သူ႔ကို ခန္႔ေဝေသာ္ ခ်စ္လားကို သူ ဆက္မေတြးျဖစ္ခဲ့ဘူး။ ယြန္းခ်ီက ခန္႔ေဝေသာ္ကို အဲ့ဒီတစ္ေန႔မွာ စိတ္ပူတာနဲ႔ပဲ အဆံုးသတ္သြားခဲ့လုိက္ရတယ္။


------------





rate now:

3 Reviews
  • reader MaskMelon 20.12.2019, 12:35 5

    🥔♥♥♥

    reply

  • reader Nyo Lae 16.12.2019, 18:02 5

    အ႐ုးလားနင္က ထပ္အထိုးခံခ်င္ေနရေအာင္ ☹️ ငါ့ ယြန္းေလးကိုငိုရေအာင္ ဟြန္႔ ☹️

    reply

  • reader Yun Ji 16.12.2019, 16:21 4.9

    💜

    reply