Anna : 5/5 Coffee Chapter. Thanks for the Coffee Jkiley ^^ Enjoy the chap nya
Unicode
အပိုင်း - ၆ : ယွန်းချီနဲ့ယွန်းက တစ်ယောက်တည်း။
မှန်တသသကြည့်နေတဲ့ ခန့်ဝေသော်ကို သူ့ဦးလေးက မကြည်သလိုကြည့်တယ်။ အိမ်ရှေ့ခန်းက သူတို့အိမ်ကိုအညံ့အတိုက်အခိုက်တွေလာရင် တန်ပြန်ပါစေဆိုတဲ့အယူအဆနဲ့ ထောင်ထားတဲ့ ကြည့်မှန်ချပ်နဲ့လှံရှေ့မှာ ခန့်ဝေသော်တစ်ယောက်ကတော့ သူ့ကိုယ်သူ သလို့မဆုံးသေးဘူးပေါ့။
“မင်းက ဘယ်သွားမှာမို့လို့ ဒီလောက်သနေတာလဲ…”
ခန့်ဝေသော်တစ်ယောက် ရည်းစားရနေလည်း မဆူဘူးဆိုပေမဲ့ အခုလိုကြီးရှေ့မှာ လုပ်နေတာက မျက်စိဆံပင်မွှေးစူးချင်စရာပါပဲ။ မျက်မှန်မည်းလေးထောင့်နဲ့သတင်းစာကိုင်ပြီး သူ့ကိုလှမ်းငေါ့တဲ့ ဦးလေးဖြစ်သူကို ခန့်ဝေသော် ကြည့်တယ်။ သွားလေးဖြဲပြီး…
“ကျွန်တော် Assignment သွားလုပ်မလို့…”
ဦးလေးရဲ့မျက်ခုံးတွေက တစ်ဖက်နဲ့တစ်ဖက်ထိလုနီးပါးဖြစ်အောင် တွန့်ချိုးသွားတော့တယ်။ ကျားသားမိုးကြိုး သူ့တူက ကျောင်းနဲ့ပတ်သက်တဲ့အရေးကိစ္စတွေကို စိတ်ဝင်တစားရှိသေးတယ်ပေါ့။ တစ်ချိန်လုံး ဒီတူတစ်ကောင်က လုပ်ချင်ရာလုပ်နေတယ်လို့ သူ ထင်နေတာ။
“Assignment လုပ်တာက အဲ့လောက်ပြင်စရာလိုလို့လား…”
“သူ့အိမ်မှာသွားလုပ်မှာဆိုတော့ သူ့မိဘတွေလည်းရှိနေရင် အမြင်ကောင်းဖို့လိုတယ်လေ…”
ခန့်ဝေသော်ကတော့ ရိုးရိုးလေးပြောလိုက်တာပဲ။ လူကြီးတစ်ယောက်ကတော့ အတွေးတွေများသွားတော့တယ်။
“အဟမ်း…”
သူ့ဦးလေးက မေးမြန်းတော့မဲ့အချိန်မှာ ခန့်ဝေသော်တစ်ယောက် လှစ်ခနဲထွက်သွားတော့တယ်။ လွတ်လပ်တဲ့ လူငယ်လေးတစ်ယောက်အသွင်နဲ့ပေါ့။
အဲ့ဒီအချိန်မှာယွန်းချီကလည်း အိမ်ကိုတစ်ယောက်တည်း သန့်ရှင်းရေးအသေလုပ်နေတော့တယ်။ ခန့်ဝေသော် သူ့အိမ်ကို လာလည်မဲ့အချိန် မဟုတ်သေးပါဘူး ခန့်ဝေသော် သူ့အိမ်ကို Assignment လာလုပ်တဲ့အချိန်မှာ သူ့အိမ်ကြီးက ညစ်ပတ်နေလို့ မဖြစ်ဘူး။ သူ ပြီးခဲ့တဲ့အပတ်ကတင် သန့်ရှင်းရေးလုပ်ခဲ့ပေမဲ့ အခုထပ်လုပ်ဖို့လည်း လိုနေသေးတယ်။ ဒီတစ်ပတ်ပိတ်ရက်မှာ သူ့ အဖေနဲ့အမေက အိုဗာတိုင်ရှိနေခဲ့တယ်။ အစိုးရအလုပ်တွေက ဘာလို့ဒီလောက်တောင် အလုပ်များနေရတာလဲ။ သူ့မိဘတွေက ဘဏ္ဍာရေးပိုင်းကလူတွေဖြစ်နေလို့များလား။ စိတ်ဆင်းရဲလိုက်တာ။
အိမ်ထဲမှာ သူ ပျာယာခတ်သန့်ရှင်းရေးလုပ်၊ အငွေ့အသက်ကို ကောင်းအောင်လုပ်နေတာကို သူ့ခွေးလေးက အနောက်က တစ်ကောက်ကောက်လိုက်ဆော့နေရင်းနဲ့ ယွန်းချီမှာ ချွေးပျံနေခဲ့တယ်။
တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ပြီးချိန်မှာ ယွန်းချီအခန်းထဲကို ဝင်လိုက်တယ်။ သူ့အခန်းမှာပဲ Assignment လုပ်ကြရမယ်မဟုတ်လား။ သူ့အိပ်ယာလေးကို သူ ကြည့်တယ်။ အဝတ်တွေကို သူ သေချာကြည့်တယ်။ အကုန်လုံးကို စိတ်တိုင်းကျသွားပြီးတော့မှ ယွန်းချီ နဖူးထက်မှာ စို့ချင်ချင်ဖြစ်နေတဲ့ ချွေးလေးကို သုတ်နိုင်တော့တယ်။ ရပြီ ဒီလောက်ဆို သူ့အခန်းက… အိပ်ယာကို သူဘာလုပ်ရဦးမလဲ။ ယွန်းချီ ခေါင်းလေးစောင်းပြီး စဉ်းစားနေရင်းကနေ မျက်နှာလေးရဲသွားတော့တယ်။ အိပ်ယာက ဘာလုပ်ရမှာလဲ! သူတို့က Assignment လုပ်မှာ အိပ်ယာက ဘာဆိုင်လို့လဲ!
မျက်နှာရဲရဲလေးနဲ့ သူ့အခန်းထဲက ပြန်ထွက်လာပြီး မီးဖိုခန်းထဲ သူဝင်သွားတော့တယ်။ သူနဲ့ခန့်ဝေသော်စားဖို့ နေ့လည်စာကိုလည်း သူချက်ပြီးပြီ၊ ညက ကွတ်ကီးတချို့လည်းလုပ်ထားသေးတယ်၊ ခန့်ဝေသော်လာရင် ကွတ်ကီးနဲ့ ကော်ဖီဖျော်လိုက်မယ်။ ဒါဆို သူတို့အဆင်ပြေသွားပြီလေ။ စိတ်ထဲမှာ စီစဉ်မှုတွေလုပ်ပြီးချိန်မှာ ယွန်းချီ ကိုယ့်ကိုယ်ကို အကျေနပ်ကြီးကျေနပ်နေရင်း ခေါင်းလေးညိတ်လိုက်တယ်။ ကြည့်စမ်း သူ့အစီအစဉ်က ပြီးပြည့်စုံလိုက်တာ!
အိမ်ရှေ့က ခေါင်းလောင်းသံကြောင့် ယွန်းချီကပျာကယာ အိမ်ရှေ့ခန်းကို ပြေးထွက်လာလိုက်တယ်။ ခန့်ဝေသော်က မြန်လိုက်တာ။
“ငါ ရောက်လာပြီ…”
ဆိုင်ကယ်စီးဦးထုပ်လေးပိုက်ပြီး သူ့အိမ်ရှေ့ရပ်နေတဲ့ ခန့်ဝေသော်ကို ယွန်းချီပြုံးကြည့်တယ်။ ခန့်ဝေသော်က ယွန်းချီကို ခေါင်းစခြေဆုံးကြည့်ပြီး သူ့နားထင်ကိုသူ လက်ညှိုးလေးနဲ့ကုတ်ပြီး…
“မင်း တစ်ခုခုချက်နေတာလား?”
“မချက်ပါဘူး…”
ယွန်းချီကြောင်တက်တက်လေးပြန်ပြောတယ်။ သူ မနက်ပိုင်းအကုန်ပြီးသွားတာကို ဘာချက်ဖို့လိုနေလို့လဲ။ ခန့်ဝေသော်က ယွန်းချီကို ကြည့်ပြီး…
“မင်း Apron ဝတ်ထားလို့…”
ခန့်ဝေသော်ရဲ့နားရွက်ဖျားလေးတွေက နီနေခဲ့တယ်။ ယွန်းချီက ဘာလို့ Apron နဲ့တအားကို ကြည့်လို့ကောင်းနေတာလဲ။ သူက အိမ်ရှင်မလေးတစ်ယောက်လိုပဲ။ အိမ်ရှင်မလေးတစ်ယောက်က သူ့ယောကျာ်းပြန်လာတာကို လာကြိုနေသလို သူခံစားရတယ်။ အတွေးကြောင့် သူ့နားရွက်ဖျားတွေက ပိုရဲလာတော့တယ်။ ဒုက္ခပါပဲ သူ ဘာတွေတွေးနေမိတာလဲ။ ယွန်းချီကတော့ သူ့အတွေးတွေကိုသိရင် သူတော့ ကောင်းကောင်းအရှက်ကွဲမှာပဲ။ ယွန်းချီရဲ့မျက်နှာတစ်ခုလုံးကလည်း ထူးမခြားနားပါပဲ။ သူတစ်မနက်လုံး Apron တောင်မချွတ်နိုင်ဘဲ ပြေးလွှားနေခဲ့တာပဲ။ အာ… ခန့်ဝေသော်ကတော့ သူ့ကိုရယ်နေတော့မှာပဲ။
ဒီလိုနဲ့ကောင်ကလေးနှစ်ယောက်က တခဏလောက် ကိုယ်စီအတွေးနဲ့ရှက်နေကြပြန်ပါတယ်။
“ဝင်… ဝင်လေ…”
နောက်ဆုံးမှာတော့ အိမ်ရှင်ဖြစ်တဲ့ယွန်းချီကပဲ မြန်မြန်စကားထပ်စတော့တယ်။ မဟုတ်ရင် သူတို့အိမ်ရှေ့မှာ အတော်ကြာနေလိမ့်မယ်။
“မင်း မနက်စာစားပြီးပြီလား…”
“အင်း စားလာတယ်…”
“လာ…”
ခန့်ဝေသော်ကို သူ့အခန်းဆီကို ယွန်းချီရှေ့က ခေါ်သွားတယ်။ ဘာလို့မှန်းမသိ သူ့ရင်က တဒိတ်ဒိတ်ခုန်နေခဲ့တယ်။ ဘာကြောင့်မှန်းလည်း သူ့ကိုယ်သူ မသိဘူး။ တကယ်ဆို သူတို့က Assignment လုပ်ကြမလို့ပါ။ ဘာလို့သူက ရင်တဒိတ်ဒိတ်ခုန်နေရတာလဲ။ ယွန်းချီတွေးနေခဲ့သလို ခန့်ဝေသော်ကလည်း တူညီသောအတွေးကိုတွေးနေခဲ့ပါတယ်။ ယွန်းချီအိမ်ကို Assignment လာလုပ်တာဆိုပေမဲ့ သူ့ရင်က တဒိတ်ဒိတ်ခုန်နေခဲ့တယ်။ ဘာကြောင့်မှန်းလည်း သူ့ကိုယ်သူ နားမလည်ဘူး။ ဒါပေမဲ့လည်း ရင်ခုန်မှုနဲ့အတူ သူ့စိတ်က ကြည်လည်းကြည်နူးနေသေးတယ်။
ယွန်းချီတဲ့အခန်းက သူ တွေးကြည့်ဖူးသလို သပ်သပ်ရပ်ရပ်လေးပါပဲ။ ယွန်းချီပီသတဲ့ ချယ်ရီအငွေ့အသက်တွေရှိတယ်။ ယွန်းချီရဲ့အခန်းက သူ့အခန်းထက် နည်းနည်းလေးတော့ ကျဉ်းတယ်။ ဒါပေမဲ့ တစ်ယောက်တည်းနေတာနဲ့ဆိုရင်တော့ ကျယ်တယ်လို့တော့ ပြောရမှာပါပဲ။
“စာဖတ်ခန်းကနေ ငါ ကုလားထိုင်တစ်လုံးသွားယူလိုက်ဦးမယ်…”
“ငါလိုက်မပေးမယ်လေ…”
ဆိုင်ကယ်ဦးထုပ်ကို ယွန်းချီရဲ့အိပ်ယာပေါ်မှာ တင်လိုက်ပြီးတော့ ခန့်ဝေသော်ပြောတယ်။ ခုံတစ်လုံးက ဘယ်လောက်မှ မလေးပေမဲ့လည်း ယွန်းချီကိုဆိုရင် သူကိုက အလိုလိုကို ဂရုစိုက်ချင်နေတာ။
“အင်း…”
ယွန်းချီကလည်း သူ့ရဲ့ ဂရုစိုက်မှုတွေကို မငြင်းဘူးဆိုတော့ သူတို့နှစ်ယောက်က အဆင်ပြေနေတယ်လို့တော့ ပြောကြရမှာပေ့ါ။
ယွန်းချီတို့အိမ်ရဲ့စာကြည့်ခန်းက တကယ်တော့ အဖေနဲ့အမေရဲ့အလုပ်ခန်းလည်းဖြစ်ပါတယ်။ ဘဏ္ဍာရေးဝန်ထမ်းတွေမို့ သူ့အဖေနဲ့အမေရဲ့ စာရင်းဇယားတွေက အဲ့ဒီအခန်းမှာပဲ ထားထားတယ်။ ယွန်းချီနဲ့ခန့်ဝေသော်က သူတို့နဲ့မဆိုင်တာကို မျက်လုံးနဲ့တောင်မကြည့်ဘဲ ခုံကိုယူပြီး ပြန်ထွက်လာကြတယ်။ နောက်တော့ ယွန်းချီက ခန့်ဝေသော်ကို သူ့အခန်းမှာ ခဏထိုင်စောင့်ခိုင်းပြီးတော့ မီးဖိုခန်းကို ကော်ဖီဖျော်ဖို့အတွက် ပြန်ထွက်သွားတော့တာပေါ့။ ယွန်းချီ ကော်ဖီဖျော်နေရရင် ပင်ပန်းနေမှာကြောင့် မလုပ်နဲ့လို့ပြောချင်ပေမဲ့လည်း ယွန်းချီကိုယ်တိုင်ဖျော်ပေးတဲ့ ကော်ဖီကိုသောက်ချင်တာကြောင့် ခန့်ဝေသော် ငြိမ်ငြိမ်လေးနေလိုက်တယ်။ နောက်ပြီး ယွန်းချီမရှိနေရင် သူ ယွန်းချီရဲ့အခန်းကို ပေါ်ပေါ်ထင်ထင် စူးစမ်းလို့ရတယ်လေ။
ယွန်းချီကော်ဖီဖျော်ဖို့ ထွက်သွားတာနဲ့ ခန့်ဝေသော်က ခုံမှာထိုင်ရင်းနဲ့ ယွန်းချီရဲ့အခန်းကို စူးစမ်းတယ်။ ယွန်းချီရဲ့အခန်းက သပ်သပ်ရပ်ရပ်လေးဖြစ်နေပြီးတော့ အကုန်လုံးက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ စီရီထားတယ်။ အရုပ်တွေ၊ Figure တွေ၊ နောက်ခံနံရံအရောင်လှလှလေးတွေ။ ယောကျာ်းလေးသိပ်မဆန်ပေမဲ့လည်း မိန်းကလေးဆန်တယ်လို့လည်း ပြောလို့မရပြန်ဘူး။ နောက်တော့ သူ့မျက်လုံးတွေက ယွန်းချီရဲ့အိပ်ယာကိုရောက်သွားတယ်။ ယွန်းချီအိပ်စက်တဲ့ခုတင်မှာ ယွန်းချီရဲ့ အငွေ့အသက်တွေက အများဆုံးဖြစ်လိမ့်မယ်။ ခန့်ဝေသော် သူ့အတွေးတွေကို ထပ်မောင်းထုတ်ပြန်တယ်။ မဟုတ်သေးဘူး။ သူ ဒီလိုတွေမတွေးသင့်ဘူး။ သူက Assignment လုပ်နေတာလေ။
အခန်းကိုကြည့်နေရင်းနဲ့ ခန့်ဝေသော်ရဲ့ မျက်လုံးတွေက မှေးစင်းသွားတယ်။ ခန္ဓာတစ်ခုလုံးမှာ ရှိတဲ့သွေးတွေက သူ့ခေါင်းပေါ်ဆောင့်တက်သွားသလိုပဲ။ သူက ယွန်းရဲ့အမာခံပရိသတ်ဖြစ်တာကြောင့်မို့ ယွန်းရဲ့ပုံတွေကို အကုန်အစင်သိမ်းတတ်တယ်။ ဒါကြောင့် ယွန်းပုံတွေရဲ့ နောက်ခံရှုခင်းတွေကို သူ ကောင်းကောင်းသိတာပေါ့။ ယွန်းချီ ပြန်မရောက်သေးတာကြောင့် သူ့ဖုန်းကိုဖွင့်ပြီး ယွန်းရဲ့ပုံတွေကို ကြည့်လိုက်တယ်။ selfie ပုံတချို့နောက်ခံက ထပ်တူကျနေရောပဲ။ လျှို့ဝှက်ချက်ကြီးတစ်ခုကို သိလိုက်ရတဲ့ကောင်ကလေးတစ်ယောက်ရဲ့ ရင်တွေက တဒိန်းဒိန်းခုန်နေခဲ့တယ်။
“ငါ ကွတ်ကီးတွေလုပ်ထားတယ်…”
ဗန်းလေးတစ်ခုမှာ ကော်ဖီနှစ်ခွက်နဲ့အတူ ကွတ်ကီးထည့်ထားတဲ့ပန်းကန်လေးနဲ့အတူ ယွန်းချီရောက်လာတယ်။ ခန့်ဝေသော်ရင်ကတော့ တဒိတ်ဒိတ်ခုန်နေဆဲပဲ။ သူ့စိတ်ထဲရှိနေတဲ့ ကောင်ကလေးနဲ့ မရရင်သေပါတော့မယ်လို့ ခံစားနေရတဲ့ ကောင်မလေးက တစ်ယောက်တည်းတဲ့။
“ဘာဖြစ်လို့လဲ…”
စိတ်နဲ့ကိုယ်နဲ့မကပ်သလိုလိုဖြစ်နေတဲ့ ခန့်ဝေသော်ကို ယွန်းချီမေးတယ်။ ခန့်ဝေသော်ကတော့ ခေါင်းပဲယမ်းပြလိုက်တော့တယ်။ ကော်ဖီသောက်မုန့်စားပြီး ဟိုဟိုဒီဒီ သူတို့စကားပြောပြီးတော့ Assignment နဲ့ပတ်သက်တဲ့ အကြောင်းကို စပြောကြတယ်။ ယွန်းချီပြောတာကို သေချာနားထောင်ရင်း ခန့်ဝေသော် ရင်ထဲမှ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေခဲ့တယ်။
သူ ဘာလုပ်ရမလဲ။ သူ crush နေတဲ့မိန်းကလေးက တကယ်တော့ မိန်းကလေး မဟုတ်ဘူး။ ယောကျာ်းလေးတစ်ယောက်။ ဒီခေတ်ကြီးထဲမှာ မိန်းကလေးလိုဝတ်ဆင်တဲ့ ယောကျာ်းလေးလှလှလေးတွေက သိပ်ကိုပေါများပါတယ်။ တချို့ဆိုရင် မိန်းကလေးအစစ်တွေထက်တောင် ချစ်ဖို့ကောင်းနေသေးတယ်။ ဥပမာ ယွန်းချီလိုပေါ့။ ယွန်းချီကတော့ ခန့်ဝေသော်ရဲ့ အတွေးတွေကို မသိခဲ့ပါဘူး။ သူတို့လုပ်ဖို့အတွက်သင့်တော်မဲ့ ခေါင်းစဉ်ကို သူ စဉ်းစားနေတယ်။ ဒါကြောင့်ပဲ ခန့်ဝေသော်ရဲ့ သူ့ကို ဆာလောင်နေတဲ့ သားရဲတစ်ကောင်ရဲ့အကြည့်ကို မရည်ရွယ်ပါဘဲနဲ့ ရှောင်ရှားမိသလို ဖြစ်သွားခဲ့ပါတယ်။
သူတို့တော်တော်ကြာကြာစဉ်းစားပြီး နောက်ဆုံးတော့ Assignment ခေါင်းစဉ်က Confirm ဖြစ်သွားခဲ့တယ်။ နေ့လည်ထမင်းစားချိန်လည်း ရောက်နေရောပေါ့။
“ငါတို့ နေ့လည်စာ အရင်စားကြရအောင်…”
“မင်း မိဘတွေကရော…”
ယွန်းချီရဲ့ မျက်လုံးတွေကို ခန့်ဝေသော်ရင်မဆိုင်ရဲဘူး။ သူ တကယ်ကြီးကို ရင်ခုန်နေတယ်။ သူတို့ စကားပြောတိုင်း သူ ရင်ခုန်နေတယ်။ ထိန်းချုပ်လို့ကိုမရဘူး။
“သူတို့က အိုတီနဲ့… တစ်ချိန်လုံး ငါ့မိဘတွေက အိုဗာတိုင်ဆင်းရတယ်…”
“အိမ်မှာ မင်းတစ်ယောက်တည်းပဲ အမြဲရှိနေရတာလား…”
စပ်စုနေတဲ့ခန့်ဝေသော်ကို ယွန်းချီစိတ်ထဲမှ ဘယ်လိုမှမထင်ဘူး။ သူ ရိုးသားစွာပဲ ပြောပြခဲ့တယ်။
“အင်းပေါ့… တစ်ခါခါတော့ ငါ့ညီမဝမ်းကွဲ ဟန်နာလာတတ်တယ်…”
ဟန်နာနဲ့ပတ်သက်တဲ့ကိစ္စကိုတော့ ယွန်းချီဒီလောက်ပဲ ပြောလိုက်တယ်။ ဘာကြောင့်ဆို ဟန်နာက ယွန်းနဲ့ပတ်သက်တဲ့ ကောင်မလေးလေ။
“ငါ ဒီနေ့မင်းလာမယ်ဆိုလို့ ပွန်းချိကိုတောင် အခန်းထဲမှာထားထားတာ… ခဏနော် ငါ ပွန်းချိကို အစာသွားကျွေးလိုက်ဦးမယ်…”
“ငါ လိုက်ခဲ့ရမလား…”
“ငါက မင်းကို တိရိစ္ဆာန်တွေကို မချစ်တတ်ဘူးထင်ထားတာ…”
ယွန်းချီက ခပ်တိုးတိုးလေးပြောတယ်။ ခန့်ဝေသော်က လူကောင်းလေးဆိုပေမဲ့ အမြဲရန်ဖြစ်နေတဲ့ သူဆိုတော့ တိရိစ္ဆာန်လေးတွေနဲ့ တစ်ခါမှ ယွန်းချီတွဲမမြင်ဖူးဘူးရယ်။
“ငါ တိရိစ္ဆာန်လေးတွေလည်း ချစ်တတ်ပါတယ်…”
ဥပမာ မင်းလိုလေးလေလို့တော့ ခန့်ဝေသော်မပြောဖြစ်ခဲ့ပါဘူး။ သူတို့ ပွန်းချိကို အစာအတူတူကျွေးကြတယ်။ ပွန်းချိက တကယ်တော့ ယွန်းပရိသတ်တွေရဲ့အချစ်တော်ခွေးလေးပါ။ သူက ယွန်းနဲ့အတူ ပုံအတော်များများမှာ တွဲပါဖူးတယ်လေ။ ယွန်းချီကတော့ ဒီကိစ္စကိုမေ့လို့နေတယ်။ တစ်အိမ်တည်း သူတို့နှစ်ယောက်လုံးဆိုတဲ့အသိရယ်။ သူ့ရဲ့အိမ်ကို တစ်ခါမှ အတန်းဖော်တစ်ယောက် လာမလည်ဖူးတာရယ်ကြောင့် သူ့စိတ်တွေက အရမ်းကို လှုပ်ရှားနေခဲ့တယ်။
ပွန်းချိကိုမြင်လိုက်တဲ့အချိန်မှာတော့ ခန့်ဝေသော်စိတ်ထဲ သေချာသွားတော့တယ်။ ယွန်းချီက တစ်ဦးတည်းသောသား ဖြစ်တယ်။ အရင်ယွန်းချီနဲ့ပတ်သက်ပြီးဘာတစ်ခုမှ သေချာမသိခင်ကတော့ ယွန်းနဲ့ယွန်းချီက မောင်နှမဘာညာ ဖြစ်နိုင်သေးတယ်လို့ သူ ထင်လိုက်သေးတယ်။ ဒါပေမဲ့ ယွန်းချီက တစ်ဦးတည်းသောသားဆိုတာကို သူတို့အတူတွဲသွားတွဲလာ လုပ်ရင်းကနေ ခန့်ဝေသော် သိခဲ့ရတယ်။ ဒီတော့ ယွန်းနဲ့ယွန်းချီက တစ်ယောက်တည်းဆိုတာကို သူ ကျိန်းသေပြောနိုင်တာပေါ့။
ပွန်းချိကို အစာကျွေးပြီးနောက်တော့ သူတို့နေ့လည်စာစားတယ်။ နောက်တော့ Assignment နဲ့ပတ်သက်ပြီး ပါမဲ့ အကြောင်းအရာလေးတွေ ဆက်ပြောဖြစ်ကြတယ်။ ညနေသိပ်မစောင်းခင် ယွန်းချီက သူ့ကို အိမ်ပြန်ခိုင်းခဲ့တယ်။ ဆောင်းတွင်းဆို မှောင်ရိပ်လာတာ စောတယ်တဲ့လေ။ ယွန်းချီကတော့ တစ်ချိန်လုံး စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေတဲ့ သူ့အကြောင်းကို မသိခဲ့ပါဘူး။ ပုံမှန် အတိုင်းလေးပဲ ဆက်ဆံနေခဲ့တယ်။
အိမ်ပြန်ရောက်၊ ညစာစား ရေမိုးချိုးပြီးနောက်မှာတော့ ခန့်ဝေသော်တစ်ယောက် ခုတင်ပေါ်မှာ ဟိုလူးဒီလိမ့်နဲ့ပေါ့။ သူ ဘယ်လိုလုပ်ရမလဲ။ သူ့ဦးနှောက်ကြီးက ပေါက်ထွက်တော့မလိုပဲ။ သူ့ရဲ့အလှနတ်ဘုရားမလေးက ယောကျာ်းလေးတစ်ယောက် ဖြစ်တယ်။ အဲ့ဒါကို သူ ဒေါသမထွက်ဘူး။ အဲ့ဒီအစား ယွန်းချီနဲ့ယွန်းက တစ်ယောက်တည်း ဖြစ်နေတဲ့အတွက် သူ့စိတ်ထဲမှာတောင် သက်တောင့်သက်သာ ဖြစ်နေလိုက်သေးတယ်။ ဒါက ဘယ်လိုမျိုးကြီးလဲ။ သူက ယွန်းကိုစိတ်ဝင်စားတာလား၊ ယွန်းချီကို စိတ်ဝင်စားတာလားတောင် သူ့ကိုယ်သူ မသိတော့ဘူး။ ဒါပေမဲ့ သေချာတစ်ခုက ယွန်းချီက ယွန်းမဟုတ်နေလည်း သူ စိတ်ဝင်စားနေတယ်။ ယွန်းက သူ့ရဲ့နတ်ဘုရားမလေးလို့ သူ့စိတ်ထဲ သတ်မှတ်ထားရင် ယွန်းချီကတော့ သူ လက်လှမ်းမှီတဲ့ ချစ်သူကောင်လေးပေါ့။
ချစ်သူကောင်လေး… ခန့်ဝေသော် မျက်နှာတစ်ခုလုံးရဲတက်သွားတော့တယ်။ သူ တစ်စုံတစ်ယောက်ကို ဒိတ်လုပ်ဖို့ တစ်ခါလေးတောင် မတွေးဖူးခဲ့ဘူး။ တစ်ချိန်လုံး ယွန်းကပဲသူ့စိတ်ထဲမှာ ရှိနေတာကြောင့် Idol ရှိရင် ကမ္ဘာတစ်ခုလုံး ပြည့်စုံပြီလို့ သူ ထင်ထားတယ်လေ။ ယွန်းချီကို သူ ဒိတ်ရမယ်? အဲ့ဒါဆို ဘယ်ကစပြောရမှာလဲ။ ကျိန်းသေပေါက် ဒိတ်ရအောင်လို့ဖွင့်ပြောရမှာပေါ့!
ဆုံးဖြတ်ချက်ခိုင်မာသွားတဲ့ ခန့်ဝေသော်တစ်ယောက်ဟာ သူ့ရဲ့ဖုန်းကို ဖွင့်လိုက်ပါတယ်။ Viber မှာတော့ ယွန်းချီက နာနတ်သီးဆံပင်ပုံစည်းထားတဲ့ သူ့နဖူးအပေါ်ပိုင်းလေးကို Profile အဖြစ်ထားထားလေရဲ့။ ဘယ်လောက်များ ဒီနဖူးပြောင်ရှင်းလေးက နမ်းချင်စရာကောင်းလိုက်ပါသလဲ။
ခန့်ဝေသော် : “ဟေ့!”
ယွန်းချီ : “?????”
ခန့်ဝေသော် : “ဒါက မင်းမဟုတ်လား?”
ပုံတစ်ပုံကိုပို့ပြီး သူ တစ်ဆက်တည်းမေးခွန်းထုတ်တယ်။ ယွန်းချီက ချက်ချင်း seen ပြခဲ့ပေမဲ့ Reply ကတော့ တော်တော်နဲ့ပြန်မလာခဲ့ပါဘူး။ တော်တော်ကြီးကြာမှ…
ယွန်းချီ : “ဘာ… ဘာဖြစ်လို့လဲ?”
ခန့်ဝေသော် : “ငါ ပုံရဲ့နောက်ခံကို မှတ်မိလိုက်တာ… အဲ့ဒါက မင်းအခန်းပုံနဲ့တူနေလားလို့…”
ယွန်းချီ : “…………”
ခန့်ဝေသော် : “ဒါ မင်းမဟုတ်လား?”
ယွန်းချီကို အတင်းဝန်ခံခိုင်းသလို ဖြစ်နေတာနဲ့ပတ်သက်ပြီးတော့ ခန့်ဝေသော် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ သူ ဘယ်လိုလုပ်ရမလဲ။ ဒီလိုမမေးရင်ယွန်းချီက သူ့ကို ဝန်ခံမှာမဟုတ်ဘူးလေ။
ယွန်းချီ : “…… ဟုတ်… ဟုတ်တယ်…”
ခန့်ဝေသော်: “… ငါပွင့်ပွင့်လင်းလင်းပြောမယ်…”
သူ စာရိုက်နေတုန်းမှာပဲ ယွန်းချီရဲ့typing message လေးကထက်တက်လာခဲ့တယ်။
ယွန်းချီ : “ငါ… ငါပါပဲ…”
ခန့်ဝေသော် : “မင်းငါနဲ့တွဲရင်ငါဒီကိစ္စကို တိတ်တိတ်လေးနေပေးမယ်…”
ယွန်းချီ : “!!!!!!”
စာတစ်ကြောင်းရိုက်လိုက်တာပဲ။ ဒါပေမဲ့ဘာလို့ မျက်နှာချင်းဆိုင်ပြောလိုက်ရသလို သူ့ မျက်နှာတစ်ခုလုံး နီရဲသွားမှန်း ခန့်ဝေသော်မသိဘူး။ သူ့ရင်ကလည်း တဒိတ်ဒိတ်ခုန်နေခဲ့တယ်။ သူ ဘယ်လိုလုပ်ရမလဲ။ ယွန်းချီက သူ့ကိုငြင်းတော့ မငြင်းလောက်ပါဘူးနော်။ ခန့်ဝေသော်တစ်ယောက် ရင်တဖိုဖိုနဲ့ ဖြစ်နေခဲ့တယ်။ ယွန်းချီဘက်ကတော့ ချက်ချင်းကို offline ဖြစ်သွားခဲ့ပါတယ်။ ခန့်ဝေသော်ကတော့ တစ်ညလုံး ရင်တထိတ်ထိတ်နဲ့ပေါ့။ သူတို့နောက်တစ်နေ့ မျက်နှာချင်းဆိုင်ရင် ဘယ်လိုများ ဖြစ်ကြလေမလဲ။
----------
Zawgyi
အပိုင္း - ၆ : ယြန္းခ်ီနဲ႔ယြန္းက တစ္ေယာက္တည္း။
မွန္တသသၾကည့္ေနတ့ဲ ခန္႔ေဝေသာ္ကို သူ႔ဦးေလးက မၾကည္သလုိၾကည့္တယ္။ အိမ္ေရွ႕ခန္းက သူတုိ႔အိမ္ကိုအညံ့အတိုက္အခုိက္ေတြလာရင္ တန္ျပန္ပါေစဆိုတဲ့အယူအဆနဲ႔ ေထာင္ထားတဲ့ ၾကည့္မွန္ခ်ပ္နဲ႔လွံေရွ႕မွာ ခန္႔ေဝေသာ္တစ္ေယာက္ကေတာ့ သူ႔ကိုယ္သူ သလို႔မဆံုးေသးဘူးေပါ့။
“မင္းက ဘယ္သြားမွာမို႔လို႔ ဒီေလာက္သေနတာလဲ…”
ခန္႔ေဝေသာ္တစ္ေယာက္ ရည္းစားရေနလည္း မဆူဘူးဆိုေပမဲ့ အခုလိုႀကီးေရွ႕မွာ လုပ္ေနတာက မ်က္စိဆံပင္ေမႊးစူးခ်င္စရာပါပဲ။ မ်က္မွန္မည္းေလးေထာင့္နဲ႔သတင္းစာကိုင္ၿပီး သူ႔ကိုလွမ္းေငါ့တဲ့ ဦးေလးျဖစ္သူကို ခန္႔ေဝေသာ္ ၾကည့္တယ္။ သြားေလးျဖဲၿပီး…
“ကြ်န္ေတာ္ Assignment သြားလုပ္မလို႔…”
ဦးေလးရဲ႕မ်က္ခံုးေတြက တစ္ဖက္နဲ႔တစ္ဖက္ထိလုနီးပါးျဖစ္ေအာင္ တြန္႔ခ်ိဳးသြားေတာ့တယ္။ က်ားသားမိုးႀကိဳး သူ႔တူက ေက်ာင္းနဲ႔ပတ္သက္တဲ့အေရးကိစၥေတြကို စိတ္ဝင္တစားရွိေသးတယ္ေပါ့။ တစ္ခ်ိန္လံုး ဒီတူတစ္ေကာင္က လုပ္ခ်င္ရာလုပ္ေနတယ္လုိ႔ သူ ထင္ေနတာ။
“Assignment လုပ္တာက အဲ့ေလာက္ျပင္စရာလုိလို႔လား…”
“သူ႔အိမ္မွာသြားလုပ္မွာဆုိေတာ့ သူ႔မိဘေတြလည္းရွိေနရင္ အျမင္ေကာင္းဖို႔လိုတယ္ေလ…”
ခန္႔ေဝေသာ္ကေတာ့ ရိုးရိုးေလးေျပာလုိက္တာပဲ။ လူႀကီးတစ္ေယာက္ကေတာ့ အေတြးေတြမ်ားသြားေတာ့တယ္။
“အဟမ္း…”
သူ႔ဦးေလးက ေမးျမန္းေတာ့မဲ့အခ်ိန္မွာ ခန္႔ေဝေသာ္တစ္ေယာက္ လွစ္ခနဲထြက္သြားေတာ့တယ္။ လြတ္လပ္တဲ့ လူငယ္ေလးတစ္ေယာက္အသြင္နဲ႔ေပါ့။
အဲ့ဒီအခ်ိန္မွာယြန္းခ်ီကလည္း အိမ္ကိုတစ္ေယာက္တည္း သန္႔ရွင္းေရးအေသလုပ္ေနေတာ့တယ္။ ခန္႔ေဝေသာ္ သူ႔အိမ္ကုိ လာလည္မဲ့အခ်ိန္ မဟုတ္ေသးပါဘူး ခန္႔ေဝေသာ္ သူ႔အိမ္ကို Assignment လာလုပ္တဲ့အခ်ိန္မွာ သူ႔အိမ္ႀကီးက ညစ္ပတ္ေနလုိ႔ မျဖစ္ဘူး။ သူ ၿပီးခဲ့တဲ့အပတ္ကတင္ သန႔္ရွင္းေရးလုပ္ခဲ့ေပမဲ့ အခုထပ္လုပ္ဖို႔လည္း လုိေနေသးတယ္။ ဒီတစ္ပတ္ပိတ္ရက္မွာ သူ႔ အေဖနဲ႔အေမက အိုဗာတုိင္ရွိေနခဲ့တယ္။ အစိုးရအလုပ္ေတြက ဘာလုိ႔ဒီေလာက္ေတာင္ အလုပ္မ်ားေနရတာလဲ။ သူ႔မိဘေတြက ဘ႑ာေရးပိုင္းကလူေတြျဖစ္ေနလုိ႔မ်ားလား။ စိတ္ဆင္းရဲလုိက္တာ။
အိမ္ထဲမွာ သူ ပ်ာယာခတ္သန္႔ရွင္းေရးလုပ္၊ အေငြ႔အသက္ကို ေကာင္းေအာင္လုပ္ေနတာကို သူ႔ေခြးေလးက အေနာက္က တစ္ေကာက္ေကာက္လိုက္ေဆာ့ေနရင္းနဲ႔ ယြန္းခ်ီမွာ ေခြ်းပ်ံေနခဲ့တယ္။
တစ္အိမ္လံုးကို သန္႔ရွင္းေရးလုပ္ၿပီးခ်ိန္မွာ ယြန္းခ်ီအခန္းထဲကို ဝင္လုိက္တယ္။ သူ႔အခန္းမွာပဲ Assignment လုပ္ၾကရမယ္မဟုတ္လား။ သူ႔အိပ္ယာေလးကို သူ ၾကည့္တယ္။ အဝတ္ေတြကို သူ ေသခ်ာၾကည့္တယ္။ အကုန္လံုးကို စိတ္တုိင္းက်သြားၿပီးေတာ့မွ ယြန္းခ်ီ နဖူးထက္မွာ စို႔ခ်င္ခ်င္ျဖစ္ေနတဲ့ ေခြ်းေလးကို သုတ္ႏုိင္ေတာ့တယ္။ ရၿပီ ဒီေလာက္ဆုိ သူ႔အခန္းက… အိပ္ယာကို သူဘာလုပ္ရဦးမလဲ။ ယြန္းခ်ီ ေခါင္းေလးေစာင္းၿပီး စဥ္းစားေနရင္းကေန မ်က္ႏွာေလးရဲသြားေတာ့တယ္။ အိပ္ယာက ဘာလုပ္ရမွာလဲ! သူတုိ႔က Assignment လုပ္မွာ အိပ္ယာက ဘာဆုိင္လို႔လဲ!
မ်က္ႏွာရဲရဲေလးနဲ႔ သူ႔အခန္းထဲက ျပန္ထြက္လာၿပီး မီးဖိုခန္းထဲ သူဝင္သြားေတာ့တယ္။ သူနဲ႔ခန္႔ေဝေသာ္စားဖို႔ ေန႔လည္စာကိုလည္း သူခ်က္ၿပီးၿပီ၊ ညက ကြတ္ကီးတခ်ိဳ႕လည္းလုပ္ထားေသးတယ္၊ ခန္႔ေဝေသာ္လာရင္ ကြတ္ကီးနဲ႔ ေကာ္ဖီေဖ်ာ္လုိက္မယ္။ ဒါဆို သူတုိ႔အဆင္ေျပသြားၿပီေလ။ စိတ္ထဲမွာ စီစဥ္မႈေတြလုပ္ၿပီးခ်ိန္မွာ ယြန္းခ်ီ ကိုယ့္ကိုယ္ကို အေက်နပ္ႀကီးေက်နပ္ေနရင္း ေခါင္းေလးညိတ္လိုက္တယ္။ ၾကည့္စမ္း သူ႔အစီအစဥ္က ၿပီးျပည့္စံုလုိက္တာ!
အိမ္ေရွ႕က ေခါင္းေလာင္းသံေၾကာင့္ ယြန္းခ်ီကပ်ာကယာ အိမ္ေရွ႕ခန္းကို ေျပးထြက္လာလုိက္တယ္။ ခန္႔ေဝေသာ္က ျမန္လုိက္တာ။
“ငါ ေရာက္လာၿပီ…”
ဆုိင္ကယ္စီးဦးထုပ္ေလးပိုက္ၿပီး သူ႔အိမ္ေရွ႕ရပ္ေနတဲ့ ခန္႔ေဝေသာ္ကို ယြန္းခ်ီျပံဳးၾကည့္တယ္။ ခန္႔ေဝေသာ္က ယြန္းခ်ီကို ေခါင္းစေျခဆံုးၾကည့္ၿပီး သူ႔နားထင္ကိုသူ လက္ညိွဳးေလးနဲ႔ကုတ္ၿပီး…
“မင္း တစ္ခုခုခ်က္ေနတာလား?”
“မခ်က္ပါဘူး…”
ယြန္းခ်ီေၾကာင္တက္တက္ေလးျပန္ေျပာတယ္။ သူ မနက္ပိုင္းအကုန္ၿပီးသြားတာကို ဘာခ်က္ဖို႔လုိေနလုိ႔လဲ။ ခန္႔ေဝေသာ္က ယြန္းခ်ီကို ၾကည့္ၿပီး…
“မင္း Apron ဝတ္ထားလုိ႔…”
ခန္႔ေဝေသာ္ရဲ႕နားရြက္ဖ်ားေလးေတြက နီေနခဲ့တယ္။ ယြန္းခ်ီက ဘာလို႔ Apron နဲ႔တအားကို ၾကည့္လုိ႔ေကာင္းေနတာလဲ။ သူက အိမ္ရွင္မေလးတစ္ေယာက္လုိပဲ။ အိမ္ရွင္မေလးတစ္ေယာက္က သူ႔ေယာက်ာ္းျပန္လာတာကို လာႀကိဳေနသလုိ သူခံစားရတယ္။ အေတြးေၾကာင့္ သူ႔နားရြက္ဖ်ားေတြက ပိုရဲလာေတာ့တယ္။ ဒုကၡပါပဲ သူ ဘာေတြေတြးေနမိတာလဲ။ ယြန္းခ်ီကေတာ့ သူ႔အေတြးေတြကိုသိရင္ သူေတာ့ ေကာင္းေကာင္းအရွက္ကြဲမွာပဲ။ ယြန္းခ်ီရဲ႕မ်က္ႏွာတစ္ခုလံုးကလည္း ထူးမျခားနားပါပဲ။ သူတစ္မနက္လံုး Apron ေတာင္မခြ်တ္ႏိုင္ဘဲ ေျပးလႊားေနခဲ့တာပဲ။ အာ… ခန္႔ေဝေသာ္ကေတာ့ သူ႔ကိုရယ္ေနေတာ့မွာပဲ။
ဒီလိုနဲ႔ေကာင္ကေလးႏွစ္ေယာက္က တခဏေလာက္ ကိုယ္စီအေတြးနဲ႔ရွက္ေနၾကျပန္ပါတယ္။
“ဝင္… ဝင္ေလ…”
ေနာက္ဆံုးမွာေတာ့ အိမ္ရွင္ျဖစ္တဲ့ယြန္းခ်ီကပဲ ျမန္ျမန္စကားထပ္စေတာ့တယ္။ မဟုတ္ရင္ သူတုိ႔အိမ္ေရွ႕မွာ အေတာ္ၾကာေနလိမ့္မယ္။
“မင္း မနက္စာစားၿပီးၿပီလား…”
“အင္း စားလာတယ္…”
“လာ…”
ခန္႔ေဝေသာ္ကို သူ႔အခန္းဆီကို ယြန္းခ်ီေရွ႕က ေခၚသြားတယ္။ ဘာလုိ႔မွန္းမသိ သူ႔ရင္က တဒိတ္ဒိတ္ခုန္ေနခဲ့တယ္။ ဘာေၾကာင့္မွန္းလည္း သူ႔ကိုယ္သူ မသိဘူး။ တကယ္ဆုိ သူတုိ႔က Assignment လုပ္ၾကမလုိ႔ပါ။ ဘာလုိ႔သူက ရင္တဒိတ္ဒိတ္ခုန္ေနရတာလဲ။ ယြန္းခ်ီေတြးေနခဲ့သလုိ ခန္႔ေဝေသာ္ကလည္း တူညီေသာအေတြးကိုေတြးေနခဲ့ပါတယ္။ ယြန္းခ်ီအိမ္ကို Assignment လာလုပ္တာဆုိေပမဲ့ သူ႔ရင္က တဒိတ္ဒိတ္ခုန္ေနခဲ့တယ္။ ဘာေၾကာင့္မွန္းလည္း သူ႔ကိုယ္သူ နားမလည္ဘူး။ ဒါေပမဲ့လည္း ရင္ခုန္မႈနဲ႔အတူ သူ႔စိတ္က ၾကည္လည္းၾကည္ႏူးေနေသးတယ္။
ယြန္းခ်ီတဲ့အခန္းက သူ ေတြးၾကည့္ဖူးသလုိ သပ္သပ္ရပ္ရပ္ေလးပါပဲ။ ယြန္းခ်ီပီသတဲ့ ခ်ယ္ရီအေငြ႔အသက္ေတြရွိတယ္။ ယြန္းခ်ီရဲ႕အခန္းက သူ႔အခန္းထက္ နည္းနည္းေလးေတာ့ က်ဥ္းတယ္။ ဒါေပမ့ဲ တစ္ေယာက္တည္းေနတာနဲ႔ဆုိရင္ေတာ့ က်ယ္တယ္လုိ႔ေတာ့ ေျပာရမွာပါပဲ။
“စာဖတ္ခန္းကေန ငါ ကုလားထိုင္တစ္လံုးသြားယူလုိက္ဦးမယ္…”
“ငါလုိက္မေပးမယ္ေလ…”
ဆုိင္ကယ္ဦးထုပ္ကို ယြန္းခ်ီရဲ႕အိပ္ယာေပၚမွာ တင္လုိက္ၿပီးေတာ့ ခန္႔ေဝေသာ္ေျပာတယ္။ ခံုတစ္လံုးက ဘယ္ေလာက္မွ မေလးေပမဲ့လည္း ယြန္းခ်ီကိုဆုိရင္ သူကိုက အလုိလုိကို ဂရုစိုက္ခ်င္ေနတာ။
“အင္း…”
ယြန္းခ်ီကလည္း သူ႔ရဲ႕ ဂရုစိုက္မႈေတြကို မျငင္းဘူးဆိုေတာ့ သူတုိ႔ႏွစ္ေယာက္က အဆင္ေျပေနတယ္လုိ႔ေတာ့ ေျပာၾကရမွာေပ့ါ။
ယြန္းခ်ီတုိ႔အိမ္ရဲ႕စာၾကည့္ခန္းက တကယ္ေတာ့ အေဖနဲ႔အေမရဲ႕အလုပ္ခန္းလည္းျဖစ္ပါတယ္။ ဘ႑ာေရးဝန္ထမ္းေတြမုိ႔ သူ႔အေဖနဲ႔အေမရဲ႕ စာရင္းဇယားေတြက အဲ့ဒီအခန္းမွာပဲ ထားထားတယ္။ ယြန္းခ်ီနဲ႔ခန္႔ေဝေသာ္က သူတုိ႔နဲ႔မဆုိင္တာကို မ်က္လံုးနဲ႔ေတာင္မၾကည့္ဘဲ ခံုကိုယူၿပီး ျပန္ထြက္လာၾကတယ္။ ေနာက္ေတာ့ ယြန္းခ်ီက ခန္႔ေဝေသာ္ကို သူ႔အခန္းမွာ ခဏထုိင္ေစာင့္ခုိင္းၿပီးေတာ့ မီးဖိုခန္းကို ေကာ္ဖီေဖ်ာ္ဖို႔အတြက္ ျပန္ထြက္သြားေတာ့တာေပါ့။ ယြန္းခ်ီ ေကာ္ဖီေဖ်ာ္ေနရရင္ ပင္ပန္းေနမွာေၾကာင့္ မလုပ္နဲ႔လုိ႔ေျပာခ်င္ေပမဲ့လည္း ယြန္းခ်ီကိုယ္တုိင္ေဖ်ာ္ေပးတဲ့ ေကာ္ဖီကိုေသာက္ခ်င္တာေၾကာင့္ ခန္႔ေဝေသာ္ ၿငိမ္ၿငိမ္ေလးေနလုိက္တယ္။ ေနာက္ၿပီး ယြန္းခ်ီမရွိေနရင္ သူ ယြန္းခ်ီရဲ႕အခန္းကို ေပၚေပၚထင္ထင္ စူးစမ္းလို႔ရတယ္ေလ။
ယြန္းခ်ီေကာ္ဖီေဖ်ာ္ဖို႔ ထြက္သြားတာနဲ႔ ခန္႔ေဝေသာ္က ခံုမွာထိုင္ရင္းနဲ႔ ယြန္းခ်ီရဲ႕အခန္းကို စူးစမ္းတယ္။ ယြန္းခ်ီရဲ႕အခန္းက သပ္သပ္ရပ္ရပ္ေလးျဖစ္ေနၿပီးေတာ့ အကုန္လုံးက သူ႔ေနရာနဲ႔သူ အံဝင္ခြင္က် စီရီထားတယ္။ အရုပ္ေတြ၊ Figure ေတြ၊ ေနာက္ခံနံရံအေရာင္လွလွေလးေတြ။ ေယာက်ာ္းေလးသိပ္မဆန္ေပမဲ့လည္း မိန္းကေလးဆန္တယ္လုိ႔လည္း ေျပာလုိ႔မရျပန္ဘူး။ ေနာက္ေတာ့ သူ႔မ်က္လံုးေတြက ယြန္းခ်ီရဲ႕အိပ္ယာကိုေရာက္သြားတယ္။ ယြန္းခ်ီအိပ္စက္တဲ့ခုတင္မွာ ယြန္းခ်ီရဲ႕ အေငြ႔အသက္ေတြက အမ်ားဆံုးျဖစ္လိမ့္မယ္။ ခန္႔ေဝေသာ္ သူ႔အေတြးေတြကို ထပ္ေမာင္းထုတ္ျပန္တယ္။ မဟုတ္ေသးဘူး။ သူ ဒီလုိေတြမေတြးသင့္ဘူး။ သူက Assignment လုပ္ေနတာေလ။
အခန္းကိုၾကည့္ေနရင္းနဲ႔ ခန္႔ေဝေသာ္ရဲ႕ မ်က္လံုးေတြက ေမွးစင္းသြားတယ္။ ခႏၶာတစ္ခုလံုးမွာ ရွိတဲ့ေသြးေတြက သူ႔ေခါင္းေပၚေဆာင့္တက္သြားသလုိပဲ။ သူက ယြန္းရဲ႕အမာခံပရိသတ္ျဖစ္တာေၾကာင့္မုိ႔ ယြန္းရဲ႕ပံုေတြကုိ အကုန္အစင္သိမ္းတတ္တယ္။ ဒါေၾကာင့္ ယြန္းပံုေတြရဲ႕ ေနာက္ခံရႈခင္းေတြကို သူ ေကာင္းေကာင္းသိတာေပါ့။ ယြန္းခ်ီ ျပန္မေရာက္ေသးတာေၾကာင့္ သူ႔ဖုန္းကိုဖြင့္ၿပီး ယြန္းရဲ႕ပံုေတြကို ၾကည့္လုိက္တယ္။ selfie ပံုတခ်ိဳ႕ေနာက္ခံက ထပ္တူက်ေနေရာပဲ။ လွ်ိဳ႕ဝွက္ခ်က္ႀကီးတစ္ခုကို သိလိုက္ရတဲ့ေကာင္ကေလးတစ္ေယာက္ရဲ႕ ရင္ေတြက တဒိန္းဒိန္းခုန္ေနခဲ့တယ္။
“ငါ ကြတ္ကီးေတြလုပ္ထားတယ္…”
ဗန္းေလးတစ္ခုမွာ ေကာ္ဖီႏွစ္ခြက္နဲ႔အတူ ကြတ္ကီးထည့္ထားတဲ့ပန္းကန္ေလးနဲ႔အတူ ယြန္းခ်ီေရာက္လာတယ္။ ခန္႔ေဝေသာ္ရင္ကေတာ့ တဒိတ္ဒိတ္ခုန္ေနဆဲပဲ။ သူ႔စိတ္ထဲရွိေနတဲ့ ေကာင္ကေလးနဲ႔ မရရင္ေသပါေတာ့မယ္လုိ႔ ခံစားေနရတဲ့ ေကာင္မေလးက တစ္ေယာက္တည္းတဲ့။
“ဘာျဖစ္လို႔လဲ…”
စိတ္နဲ႔ကိုယ္နဲ႔မကပ္သလိုလုိျဖစ္ေနတဲ့ ခန္႔ေဝေသာ္ကို ယြန္းခ်ီေမးတယ္။ ခန္႔ေဝေသာ္ကေတာ့ ေခါင္းပဲယမ္းျပလုိက္ေတာ့တယ္။ ေကာ္ဖီေသာက္မုန္႔စားၿပီး ဟိုဟိုဒီဒီ သူတုိ႔စကားေျပာၿပီးေတာ့ Assignment နဲ႔ပတ္သက္တဲ့ အေၾကာင္းကို စေျပာၾကတယ္။ ယြန္းခ်ီေျပာတာကို ေသခ်ာနားေထာင္ရင္း ခန္႔ေဝေသာ္ ရင္ထဲမွ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ေနခဲ့တယ္။
သူ ဘာလုပ္ရမလဲ။ သူ crush ေနတဲ့မိန္းကေလးက တကယ္ေတာ့ မိန္းကေလး မဟုတ္ဘူး။ ေယာက်ာ္းေလးတစ္ေယာက္။ ဒီေခတ္ႀကီးထဲမွာ မိန္းကေလးလုိဝတ္ဆင္တဲ့ ေယာက်ာ္းေလးလွလွေလးေတြက သိပ္ကိုေပါမ်ားပါတယ္။ တခ်ိဳ႕ဆုိရင္ မိန္းကေလးအစစ္ေတြထက္ေတာင္ ခ်စ္ဖို႔ေကာင္းေနေသးတယ္။ ဥပမာ ယြန္းခ်ီလုိေပါ့။ ယြန္းခ်ီကေတာ့ ခန္႔ေဝေသာ္ရဲ႕ အေတြးေတြကို မသိခဲ့ပါဘူး။ သူတုိ႔လုပ္ဖို႔အတြက္သင့္ေတာ္မဲ့ ေခါင္းစဥ္ကုိ သူ စဥ္းစားေနတယ္။ ဒါေၾကာင့္ပဲ ခန္႔ေဝေသာ္ရဲ႕ သူ႔ကို ဆာေလာင္ေနတဲ့ သားရဲတစ္ေကာင္ရဲ႕အၾကည့္ကို မရည္ရြယ္ပါဘဲနဲ႔ ေရွာင္ရွားမိသလုိ ျဖစ္သြားခဲ့ပါတယ္။
သူတုိ႔ေတာ္ေတာ္ၾကာၾကာစဥ္းစားၿပီး ေနာက္ဆံုးေတာ့ Assignment ေခါင္းစဥ္က Confirm ျဖစ္သြားခဲ့တယ္။ ေန႔လည္ထမင္းစားခ်ိန္လည္း ေရာက္ေနေရာေပါ့။
“ငါတုိ႔ ေန႔လည္စာ အရင္စားၾကရေအာင္…”
“မင္း မိဘေတြကေရာ…”
ယြန္းခ်ီရဲ႕ မ်က္လံုးေတြကို ခန္႔ေဝေသာ္ရင္မဆုိင္ရဲဘူး။ သူ တကယ္ႀကီးကို ရင္ခုန္ေနတယ္။ သူတုိ႔ စကားေျပာတုိင္း သူ ရင္ခုန္ေနတယ္။ ထိန္းခ်ဳပ္လုိ႔ကိုမရဘူး။
“သူတုိ႔က အိုတီနဲ႔… တစ္ခ်ိန္လံုး ငါ့မိဘေတြက အိုဗာတုိင္ဆင္းရတယ္…”
“အိမ္မွာ မင္းတစ္ေယာက္တည္းပဲ အျမဲရွိေနရတာလား…”
စပ္စုေနတဲ့ခန္႔ေဝေသာ္ကို ယြန္းခ်ီစိတ္ထဲမွ ဘယ္လုိမွမထင္ဘူး။ သူ ရိုးသားစြာပဲ ေျပာျပခဲ့တယ္။
“အင္းေပါ့… တစ္ခါခါေတာ့ ငါ့ညီမဝမ္းကြဲ ဟန္နာလာတတ္တယ္…”
ဟန္နာနဲ႔ပတ္သက္တဲ့ကိစၥကိုေတာ့ ယြန္းခ်ီဒီေလာက္ပဲ ေျပာလုိက္တယ္။ ဘာေၾကာင့္ဆုိ ဟန္နာက ယြန္းနဲ႔ပတ္သက္တဲ့ ေကာင္မေလးေလ။
“ငါ ဒီေန႔မင္းလာမယ္ဆုိလုိ႔ ပြန္းခ်ိကိုေတာင္ အခန္းထဲမွာထားထားတာ… ခဏေနာ္ ငါ ပြန္းခ်ိကို အစာသြားေကြ်းလုိက္ဦးမယ္…”
“ငါ လုိက္ခဲ့ရမလား…”
“ငါက မင္းကို တိရိစၦာန္ေတြကို မခ်စ္တတ္ဘူးထင္ထားတာ…”
ယြန္းခ်ီက ခပ္တိုးတိုးေလးေျပာတယ္။ ခန္႔ေဝေသာ္က လူေကာင္းေလးဆုိေပမဲ့ အျမဲရန္ျဖစ္ေနတဲ့ သူဆုိေတာ့ တိရိစၦာန္ေလးေတြနဲ႔ တစ္ခါမွ ယြန္းခ်ီတြဲမျမင္ဖူးဘူးရယ္။
“ငါ တိရိစၦာန္ေလးေတြလည္း ခ်စ္တတ္ပါတယ္…”
ဥပမာ မင္းလိုေလးေလလို႔ေတာ့ ခန္႔ေဝေသာ္မေျပာျဖစ္ခဲ့ပါဘူး။ သူတုိ႔ ပြန္းခ်ိကို အစာအတူတူေကြ်းၾကတယ္။ ပြန္းခ်ိက တကယ္ေတာ့ ယြန္းပရိသတ္ေတြရဲ႕အခ်စ္ေတာ္ေခြးေလးပါ။ သူက ယြန္းနဲ႔အတူ ပံုအေတာ္မ်ားမ်ားမွာ တြဲပါဖူးတယ္ေလ။ ယြန္းခ်ီကေတာ့ ဒီကိစၥကိုေမ့လုိ႔ေနတယ္။ တစ္အိမ္တည္း သူတုိ႔ႏွစ္ေယာက္လံုးဆုိတဲ့အသိရယ္။ သူ႔ရဲ႕အိမ္ကို တစ္ခါမွ အတန္းေဖာ္တစ္ေယာက္ လာမလည္ဖူးတာရယ္ေၾကာင့္ သူ႔စိတ္ေတြက အရမ္းကို လႈပ္ရွားေနခဲ့တယ္။
ပြန္းခ်ိကုိျမင္လုိက္တဲ့အခ်ိန္မွာေတာ့ ခန္႔ေဝေသာ္စိတ္ထဲ ေသခ်ာသြားေတာ့တယ္။ ယြန္းခ်ီက တစ္ဦးတည္းေသာသား ျဖစ္တယ္။ အရင္ယြန္းခ်ီနဲ႔ပတ္သက္ၿပီးဘာတစ္ခုမွ ေသခ်ာမသိခင္ကေတာ့ ယြန္းနဲ႔ယြန္းခ်ီက ေမာင္ႏွမဘာညာ ျဖစ္ႏုိင္ေသးတယ္လုိ႔ သူ ထင္လုိက္ေသးတယ္။ ဒါေပမဲ့ ယြန္းခ်ီက တစ္ဦးတည္းေသာသားဆုိတာကို သူတုိ႔အတူတြဲသြားတြဲလာ လုပ္ရင္းကေန ခန္႔ေဝေသာ္ သိခဲ့ရတယ္။ ဒီေတာ့ ယြန္းနဲ႔ယြန္းခ်ီက တစ္ေယာက္တည္းဆုိတာကို သူ က်ိန္းေသေျပာႏုိင္တာေပါ့။
ပြန္းခ်ိကို အစာေကြ်းၿပီးေနာက္ေတာ့ သူတုိ႔ေန႔လည္စာစားတယ္။ ေနာက္ေတာ့ Assignment နဲ႔ပတ္သက္ၿပီး ပါမဲ့ အေၾကာင္းအရာေလးေတြ ဆက္ေျပာျဖစ္ၾကတယ္။ ညေနသိပ္မေစာင္းခင္ ယြန္းခ်ီက သူ႔ကို အိမ္ျပန္ခုိင္းခဲ့တယ္။ ေဆာင္းတြင္းဆုိ ေမွာင္ရိပ္လာတာ ေစာတယ္တဲ့ေလ။ ယြန္းခ်ီကေတာ့ တစ္ခ်ိန္လံုး စိတ္နဲ႔လူနဲ႔ မကပ္ျဖစ္ေနတဲ့ သူ႔အေၾကာင္းကို မသိခဲ့ပါဘူး။ ပံုမွန္ အတုိင္းေလးပဲ ဆက္ဆံေနခ့ဲတယ္။
အိမ္ျပန္ေရာက္၊ ညစာစား ေရမိုးခ်ိဳးၿပီးေနာက္မွာေတာ့ ခန္႔ေဝေသာ္တစ္ေယာက္ ခုတင္ေပၚမွာ ဟိုလူးဒီလိမ့္နဲ႔ေပါ့။ သူ ဘယ္လုိလုပ္ရမလဲ။ သူ႔ဦးေႏွာက္ႀကီးက ေပါက္ထြက္ေတာ့မလိုပဲ။ သူ႔ရဲ႕အလွနတ္ဘုရားမေလးက ေယာက်ာ္းေလးတစ္ေယာက္ ျဖစ္တယ္။ အဲ့ဒါကို သူ ေဒါသမထြက္ဘူး။ အဲ့ဒီအစား ယြန္းခ်ီနဲ႔ယြန္းက တစ္ေယာက္တည္း ျဖစ္ေနတဲ့အတြက္ သူ႔စိတ္ထဲမွာေတာင္ သက္ေတာင့္သက္သာ ျဖစ္ေနလိုက္ေသးတယ္။ ဒါက ဘယ္လုိမ်ိဳးႀကီးလဲ။ သူက ယြန္းကိုစိတ္ဝင္စားတာလား၊ ယြန္းခ်ီကို စိတ္ဝင္စားတာလားေတာင္ သူ႔ကိုယ္သူ မသိေတာ့ဘူး။ ဒါေပမဲ့ ေသခ်ာတစ္ခုက ယြန္းခ်ီက ယြန္းမဟုတ္ေနလည္း သူ စိတ္ဝင္စားေနတယ္။ ယြန္းက သူ႔ရဲ႕နတ္ဘုရားမေလးလုိ႔ သူ႔စိတ္ထဲ သတ္မွတ္ထားရင္ ယြန္းခ်ီကေတာ့ သူ လက္လွမ္းမီွတဲ့ ခ်စ္သူေကာင္ေလးေပါ့။
ခ်စ္သူေကာင္ေလး… ခန္႔ေဝေသာ္ မ်က္ႏွာတစ္ခုလံုးရဲတက္သြားေတာ့တယ္။ သူ တစ္စံုတစ္ေယာက္ကို ဒိတ္လုပ္ဖို႔ တစ္ခါေလးေတာင္ မေတြးဖူးခဲ့ဘူး။ တစ္ခ်ိန္လံုး ယြန္းကပဲသူ႔စိတ္ထဲမွာ ရွိေနတာေၾကာင့္ Idol ရွိရင္ ကမၻာတစ္ခုလံုး ျပည့္စံုၿပီလို႔ သူ ထင္ထားတယ္ေလ။ ယြန္းခ်ီကို သူ ဒိတ္ရမယ္? အဲ့ဒါဆုိ ဘယ္ကစေျပာရမွာလဲ။ က်ိန္းေသေပါက္ ဒိတ္ရေအာင္လုိ႔ဖြင့္ေျပာရမွာေပါ့!
ဆံုးျဖတ္ခ်က္ခိုင္မာသြားတဲ့ ခန္႔ေဝေသာ္တစ္ေယာက္ဟာ သူ႔ရဲ႕ဖုန္းကို ဖြင့္လုိက္ပါတယ္။ Viber မွာေတာ့ ယြန္းခ်ီက နာနတ္သီးဆံပင္ပံုစည္းထားတဲ့ သူ႔နဖူးအေပၚပိုင္းေလးကို Profile အျဖစ္ထားထားေလရဲ႕။ ဘယ္ေလာက္မ်ား ဒီနဖူးေျပာင္ရွင္းေလးက နမ္းခ်င္စရာေကာင္းလုိက္ပါသလဲ။
ခန္႔ေဝေသာ္ : “ေဟ့!”
ယြန္းခ်ီ : “?????”
ခန္႔ေဝေသာ္ : “ဒါက မင္းမဟုတ္လား?”
ပံုတစ္ပံုကိုပို႔ၿပီး သူ တစ္ဆက္တည္းေမးခြန္းထုတ္တယ္။ ယြန္းခ်ီက ခ်က္ခ်င္း seen ျပခဲ့ေပမဲ့ Reply ကေတာ့ ေတာ္ေတာ္နဲ႔ျပန္မလာခဲ့ပါဘူး။ ေတာ္ေတာ္ႀကီးၾကာမွ…
ယြန္းခ်ီ : “ဘာ… ဘာျဖစ္လုိ႔လဲ?”
ခန္႔ေဝေသာ္ : “ငါ ပံုရဲ႕ေနာက္ခံကို မွတ္မိလိုက္တာ… အဲ့ဒါက မင္းအခန္းပံုနဲ႔တူေနလားလို႔…”
ယြန္းခ်ီ : “…………”
ခန္႔ေဝေသာ္ : “ဒါ မင္းမဟုတ္လား?”
ယြန္းခ်ီကို အတင္းဝန္ခံခုိင္းသလို ျဖစ္ေနတာနဲ႔ပတ္သက္ၿပီးေတာ့ ခန္႔ေဝေသာ္ စိတ္မေကာင္းပါဘူး။ ဒါေပမဲ့ သူ ဘယ္လုိလုပ္ရမလဲ။ ဒီလိုမေမးရင္ယြန္းခ်ီက သူ႔ကို ဝန္ခံမွာမဟုတ္ဘူးေလ။
ယြန္းခ်ီ : “…… ဟုတ္… ဟုတ္တယ္…”
ခန္႔ေဝေသာ္: “… ငါပြင့္ပြင့္လင္းလင္းေျပာမယ္…”
သူ စာရိုက္ေနတုန္းမွာပဲ ယြန္းခ်ီရဲ႕typing message ေလးကထက္တက္လာခဲ့တယ္။
ယြန္းခ်ီ : “ငါ… ငါပါပဲ…”
ခန္႔ေဝေသာ္ : “မင္းငါနဲ႔တြဲရင္ငါဒီကိစၥကို တိတ္တိတ္ေလးေနေပးမယ္…”
ယြန္းခ်ီ : “!!!!!!”
စာတစ္ေၾကာင္းရိုက္လိုက္တာပဲ။ ဒါေပမဲ့ဘာလုိ႔ မ်က္ႏွာခ်င္းဆိုင္ေျပာလုိက္ရသလုိ သူ႔ မ်က္ႏွာတစ္ခုလံုး နီရဲသြားမွန္း ခန္႔ေဝေသာ္မသိဘူး။ သူ႔ရင္ကလည္း တဒိတ္ဒိတ္ခုန္ေနခဲ့တယ္။ သူ ဘယ္လုိလုပ္ရမလဲ။ ယြန္းခ်ီက သူ႔ကိုျငင္းေတာ့ မျငင္းေလာက္ပါဘူးေနာ္။ ခန္႔ေဝေသာ္တစ္ေယာက္ ရင္တဖုိဖိုနဲ႔ ျဖစ္ေနခဲ့တယ္။ ယြန္းခ်ီဘက္ကေတာ့ ခ်က္ခ်င္းကို offline ျဖစ္သြားခဲ့ပါတယ္။ ခန္႔ေဝေသာ္ကေတာ့ တစ္ညလံုး ရင္တထိတ္ထိတ္နဲ႔ေပါ့။ သူတုိ႔ေနာက္တစ္ေန႔ မ်က္ႏွာခ်င္းဆုိင္ရင္ ဘယ္လိုမ်ား ျဖစ္ၾကေလမလဲ။
----------