Anna : Coffee Chapter (4/5) Thanks for coffee nya~~ sis Whitewind076
Unicode
အပိုင်း - ၅ : တကယ်တော့ ခန့်ဝေသော်က လူကောင်းကလေး။
ဒီနေ့သူတို့ကျောင်းလေးမှာ အရမ်းကို အံ့သြစရာကိစ္စတစ်ခုဖြစ်သွားတယ်။ အဲ့ဒါကတော့ ခန့်ဝေသော် ဆိုင်ကယ်နောက်မှာ ယွန်းချီပါလာတာပါပဲ။ ကျောင်းဝန်းထဲကို သူတို့ဆိုင်ကယ်ဝင်လာတာကို မြင်လိုက်ရတဲ့ လူတွေဆိုရင် အံ့အားသင့်လွန်းလို့ ပါးစပ်အဟောင်းသားနဲ့။ သူတို့ ဒီမြင်ကွင်းကို ကြုံရာလူကိုပြောတော့တာပဲ။ ဒီလိုနဲ့ ယွန်းချီက ခန့်ဝေသော်ဆိုင်ကယ်နောက်မှာ ပါလာတဲ့ သတင်းက တစ်ကျောင်းလုံးမှာ သတင်းမွှေးကုန်တော့တာပေါ့။
“ယွန်းချီ!”
မုန့်ဈေးတန်းက ပေါင်မုန့်နဲ့နွားနို့ဘူးကိုင်ပြီး ပြန်လာတဲ့ ယွန်းချီတစ်ယောက် သူအတန်းထဲဝင်လာတာကို မြင်တာနဲ့ သူ့ဆီ အပြေးလာကြတဲ့ ရှေ့ဆုံးတန်းက ကောင်မလေးတစ်သိုက်ကို လန့်သွားရတယ်။ သူ့ ခြေလှမ်းက အတန်းထဲတောင် မရောက်သေးဘူး။ ဘယ်လိုဖြစ်လို့ သူ့ဆီကိုလူတွေက သေရွာကပြန်လာတဲ့လူတစ်ယောက်လို ဝမ်းသာအားရပြေးလာကြတာလဲ။
“ယွန်းချီ ဒီနေ့မနက်…”
ပါးစပ်လေးဟရုံရှိသေး အတန်းဝင်ပေါက် Slide တံခါးက ရွီခနဲ့ပွင့်လာတော့တယ်။
“နေ့ခင်း ထမင်းအတူစားကြမယ်…”
“အင်း…”
ယွန်းချီရဲ့ မုန့်နဲ့နို့ဘူးကိုပိုက်ထားရင်း ပြုံးပြလာတဲ့အပြုံးက ခန့်ဝေသော်ကို ရုတ်တရက်ယွန်းချီခေါင်းကို ပုတ်ပေးချင်စိတ်ကို ပေါ်သွားစေတယ်။ ခန့်ဝေသော်ကလည်း လူဆိုးလေးဆိုပေမဲ့ သူသူငါငါလူသားလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့အရာတွေကို သဘောကျတာပါပဲ။ ခန့်ဝေသော်မျက်လုံးထဲမှာ ယွန်းချီက အမွှေးပွပွနဲ့ ပါပီလေးတစ်ကောင် တူတယ်။ cup size Pomeranian puppy လေးတစ်ကောင်လိုပဲ။ ခွက်လေးထဲထည့်ပြီး သူ ယူသွားချင်တယ်။ ယွန်းချီကို ကျောပေးလိုက်တာနဲ့ ခန့်ဝေသော်ရဲ့ မျက်နှာက အေးတိအေးစက်ပဲ။ တလောကလုံးကို သူ စိတ်မကြည်တာနဲ့ မီးလောင်တိုက်သွင်းမဲ့ နတ်ဆိုးတစ်ပါးလိုပေါ့။
“ယွန်းချီ နင့်ကို သူ အနိုင်ကျင့်သေးလား…”
ကောင်မလေးတစ်ယောက်က တိုးတိုးလေးမေးတယ်။ ယွန်းချီ ပလုတ်တုတ်တုတ်လေးလို ခေါင်းကိုယမ်းနေအောင်ခါပြီး သူ့ နို့ဘူးကိုဖောက်တယ်။ အတန်းမစသေးဘူးဆိုတော့ သူတို့တွေ မုန့်စားစကားများလို့ရသေးတယ်လေ။
“တကယ်ကြီးလား ဟုတ်လို့လား… မကြောက်နဲ့နော်… သူ့ဦးလေးက ကျောင်းအုပ်ဖြစ်တော့လည်း ဘာဖြစ်လဲ သူ အနိုင်ကျင့်ချင်တိုင်း အနိုင်ကျင့်လို့မရဘူး! ငါတို့ သွားတိုင်မှာ…”
ပြောမဲ့သာပြောတာ မိန်းကလေးတွေက ယွန်းကိုသာ အမြင်ကပ်တာ ယွန်းချီကိုတော့ချစ်ကြတယ်။ အဲ့သလို တွေးရတိုင်း ယွန်းချီစိတ်ထဲ စနိုးစနောင့်နဲ့။ တကယ်ဆို ယွန်းကလည်း သူပဲ။ ယွန်းချီကလည်း သူပဲ။ ဒီလူတွေဟာ ဘယ်လိုတောင်များပါလိမ့်။
“အနိုင်မကျင့်ပါဘူး တကယ်ပြောတာ… ပေါင်မုန့်စားဦးမလား…”
“သူ နင့်မုန့်ဖိုးတွေများ အနိုင်ကျင့်ယူနေလား?”
ယွန်းချီရယ်ချင်ချင်နဲ့ပဲ ခေါင်းခါတယ်။ ဒီသူငယ်ချင်းမတွေက လွယ်မနေဘူး။ သူတို့ရဲ့အတွေးတွေက တကယ်ကိုပါပဲ။
“ဒါသူဝယ်ပေးတာ…”
ယွန်းချီအသံရွှင်ရွှင်နဲ့ပဲဖြေတယ်။
“နောက်ပြီး ကြက်မောက်သီးက အရမ်းကြီးလည်း မဆိုးပါဘူး…”
“အရမ်းမဆိုးဘူး?”
ကောင်မလေးတစ်ယောက် မျက်လုံးအဝိုင်းသားနဲ့မေးတယ်။ ယွန်းချီခေါင်းကိုညိတ်ပြီးတော့ ပါးစပ်ဟတယ်။ သူတို့နှစ်ယောက် မနက်ကျောင်းလာတုန်းက အကြောင်းကိုပြောပြဖို့ပေါ့။
မနက်ကျောင်းလာတုန်းက ခန့်ဝေသော်က သူ့ကိုလာခေါ်တယ်။ ခန့်ဝေသော်ကသူ့ကို လာခေါ်မယ်လို့ မပြောခဲ့တဲ့အတွက် ယွန်းချီတော်တော်အံ့သြရသေးတယ်။ ဒီနေ့တော့ သူ့မိဘတွေက အစည်းအဝေးရှိတာကြောင့် စာသင်ထွက်သွားကြလေရဲ့။ အိမ်ရှေ့ရောက်နေပြီဆိုတဲ့ ခန့်ဝေသော်ကြောင့် ယွန်းချီနံနက်စာတောင် မစားနိုင်တော့ဘူး အသားကုန်ပြေးထွက်လာရတယ်။ နောက်တော့ သူတို့နှစ်ယောက် ကျောင်းကို လာကြတယ်။ လမ်းမှာ ခန့်ဝေသော်က သူ မနက်စာ မစားရသေးဘူးဆိုတာကို သိပြီးချိန်မှာ သူတို့ကျောင်းကန်တင်းရဲ့အကောင်းဆုံး ပေါင်မုန့်ဆိုတာနဲ့ နို့တစ်ဘူးဝယ်ပေးတယ်။
သြော်အဲ့ဒါမတိုင်ခင်တော့ သူတို့လမ်းသွားနေရင်းနဲ့ သစ်သီးတွန်းလှည်းတွန်းနေတဲ့ ဈေးသည်အဖိုးအိုတစ်ယောက်ကို မြင်လိုက်တာကြောင့် ခန့်ဝေသော်က ဆိုင်ကယ်ကိုမပြောမဆိုနဲ့ရပ်လိုက်သေးတယ်။ အဲ့ဒီလိုရပ်လိုက်တာကြောင့် သူတို့ရဲ့ ဆိုင်ကယ်စီးဦးထုတ်ချင်းက ဂွက်ခနဲတိုက်မိသွားတာပေါ့။ ယွန်းချီတစ်ယောက် မူးဝေဝေတောင် ဖြစ်သွားသလိုလိုပဲ။ ခန့်ဝေသော်က သူ့ကို ဆိုင်ကယ်နားမှာထားခဲ့ပြီး အဖိုးအိုကို လှည်းဝိုင်းတွန်းပေးတယ်။ ပြီးတော့မှ ဆိုင်ကယ်ဆီတစ်ခေါက်ပြန်ပြေးလာပြီး သူတို့ ကျောင်းဆက်လာခဲ့တာ။
ယွန်းချီက ခန့်ဝေသော် အနောက်ကို ပြန်မလာရအောင် သူ ဆိုင်ကယ်နဲ့လိုက်ပေးမယ်ဆိုပေမဲ့လည်း ဆိုင်ကယ်ကအကြီးမို့ သူ့ကို ဆိုင်ကယ်မနိုင်ပဲနေလိမ့်မယ်လို့ပြောပြီး ခန့်ဝေသော်ထားခဲ့တယ်။ ယွန်းချီ နှုတ်ခမ်းနည်းနည်းဆူချင်ပေမဲ့လည်း ခန့်ဝေသော်က ဂရုတစိုက်နဲ့ဆက်ဆံတာကြောင့် ပြောမနေတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ခန့်ဝေသော်က သူ့ကို စိတ်ပူလို့ အခုလိုပြောတာလေနော်။
ဒီလိုနဲ့မနက်စာမစားရသေးတဲ့ ယွန်းချီကို ခန့်ဝေသော်က မနက်ပိုင်းကျောင်းကန်တင်းကို ခေါ်လာခဲ့တယ်။ လူကျနေတဲ့ကန်တင်းဆိုတာ ယွန်းချီဘယ်တုန်းကမှ ခြေဦးမလှည့်တဲ့နေရာတစ်ခုပါ။ ယွန်းချီက လူတိုးခံရတာမျိုးကိုလည်း မခံနိုင်ဘူးလေ။ ဒါပေမဲ့ ဒီနေ့တော့ ခန့်ဝေသော်ရဲ့အသုံးဝင်မှုကို ယွန်းချီကောင်းကောင်းသိသွားတယ်။ ခန့်ဝေသော်အရိပ်ကိုလည်း တွေ့ရော ပေါင်မုန့်ဝယ်ဖို့တိုးကြိတ်နေတဲ့လူအုပ်ကြီးက ချက်ချင်းကို လမ်းခင်းပေးလိုက်တယ်။ ဒါက ဘာနဲ့တူလဲဆိုရင် ယွန်းချီဖတ်ဖူးတဲ့ စိတ်ကူးယဉ်သိုင်းဇာတ်လမ်းတွေထဲကလို ပင်လယ်ကထက်ခြမ်းကွဲပြီး လမ်းဖြစ်သွားသလိုပဲ။ ခန့်ဝေသော်ကတော့ အနေနည်းနည်းလေးတောင် မခက်ဘဲ ပေါင်မုန့်ကို ဝယ်လာပေးတယ်။ နောက်တော့ သူ့ကိုနွားနို့တစ်ဘူးဝယ်ပေးပြန်တယ်။ ဒီပေါင်မုန့်ကနို့ဘူးသောက်ရင်း စားရင်ပိုကောင်းတယ်တဲ့။
ယွန်းချီရဲ့နှုတ်ခမ်းတွေက ခပ်ယောင်ယောင်လေးကော့တက်သွားတယ်။ သူကတော့ မသိမသာလို့ပဲ သူ့ကိုယ်သူထင်တာပေါ့။ ဒါပေမဲ့လည်း မိန်းကလေးတွေက အင်မတန်အကင်းပါးကြတဲ့ သတ္တဝါတွေလေ။ ယွန်းချီတစ်ယောက် တစ်ခုခုကို တွေးပြီးပြုံးလိုက်တယ်ဆိုတာကို သူတို့ကောင်းကောင်းသိတာပေါ့။ ဒီနှစ်ယောက်ကြားမှာ ဘာရှိလဲလို့ သူတို့ စတွေးလာတယ်။ တွေးနေလို့မှမဆုံးသေးဘူး။ ယွန်းချီက ခပ်ပြုံးပြုံးနဲ့…
“တကယ်ပါ သူ ငါ့ကို အနိုင်မကျင့်ပါဘူး…”
ယွန်းချီဟာ သူ့အပြုံးက ရှက်ပြုံးဆိုတာကို မသိခဲ့ဘူး။ ယွန်းချီရဲ့မိန်းကလေးအပေါင်းအသင်းတွေကတော့ ယွန်းချီနဲ့ခန့်ဝေသော်ကြားတစ်ခုခုရှိလိမ့်မယ်ဆိုတာကို တပ်အပ်သိလိုက်ခဲ့တယ်။ ဘာကြောင့်ဆိုအချို့သောအရာတွေက ကာယကံရှင်ထက် ဘေးလူက ပိုသိတာမျိုးလေ ဟုတ်တယ်မဟုတ်လား။
ဒီလိုနဲ့ ဒီနေ့မှာတော့ ခန့်ဝေသော်နဲ့ယွန်းချီကျောင်းအတူလာကြတဲ့သတင်းက ကျောင်းသားတွေကြားမှာ version အမျိုးမျိုးနဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်နေခဲ့တာပေါ့။ တချို့က ခန့်ဝေသော်က ယွန်းချီကို သူ့ရဲ့ခိုင်းဖက်လေးလုပ်တယ်လို့ ပြောကြတယ်။ တချို့ကတော့ ယွန်းချီက ခန့်ဝေသော်ကို အကြွေးတင်နေတာတဲ့။ တချို့ကတော့ ယွန်းချီက မိန်းကလေးဆန်တာကြောင့် ခန့်ဝေသော်ကို ကပ်နေတယ်ပြောတယ်။ တချို့ကတော့ ခန့်ဝေသော်ရဲ့အကြိုက်က ယောကျာ်းလေးတွေတဲ့။ နောက်ဆုံးတစ်ခုကတော့ သမားရိုးကျအဖြစ်ဆုံးနဲ့ လက်တွေ့နဲ့အနီးစပ်ဆုံးလို့ ပြောရမယ်။ သူတို့နှစ်ယောက်က Assignment အတူတူလုပ်ရမဲ့ သူတွေမို့လို့ အခုလိုရင်းရင်းနှီးနှီးနေကြတာပါပေါ့။
တတ်လည်းတတ်နိုင်တဲ့ ဇာတ်လမ်းတွေ။ ခန့်ဝေသော်ရော၊ ယွန်းချီ နှစ်ယောက်လုံး ဒီကိစ္စတွေကို ပြန်ကြားတဲ့အချိန်မှာ တွေးမိကြတာပါ။
“ဘယ်လိုတောင် တွေးလိုက်ကြတာလဲ ငါ့ရုပ်က အနိုင်ကျင့်တဲ့ရုပ်မျိုးပေါက်နေလို့လား?”
ကျောင်းခေါင်မိုးပေါ်က ခုံတန်းလေးမှာ နှစ်ယောက်ထိုင်ရင်း သူတို့ထမင်းစားနေကြတယ်။ ခန့်ဝေသော်စကားကြောင့် ယွန်းချီပါးစောင်ထဲမှာ ထမင်းလုတ်ပလုတ်ပလောင်းနဲ့ ပြုံးပြီးခေါင်းယမ်းတယ်။ ယွန်းချီရဲ့ရူးတူးတူးပုံစံက ခန့်ဝေသော်ရဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ချယ်ရီတွေဖုံးလိုက်သလိုပဲ။ နေ့လည်ခင်းဖြစ်တာကြောင့် အအေးဓာတ်ရှိနေပေမဲ့လည်း ရာသီဥတုကနွေးထွေးလွန်းနေခဲ့တယ်။ ပါးနှစ်ဖက်လုံးကို ဆွဲညှစ်လိုက်ချင်နေတဲ့အချိန်မှာ ယွန်းချီက မြိုချလိုက်တယ်။ ပြီးတော့…
“မပေါက်ပါဘူး သူတို့က မင်းအကြောင်းကို သေချာမသိလို့ပါ”
ပြီးတော့သူက ဆက်ပြောသေးတယ်။
“ဘာပဲဖြစ်ဖြစ် မင်းက သဘောကောင်းတယ်ဆိုတာ သူတို့မသိလည်း ငါသိတယ်ဟုတ်ပြီလား…”
ယွန်းချီစကားက လူဆိုးလေးတစ်ယောက်ရဲ့စိတ်ကိုတော်တော်ဘဝင်ကျသွားစေခဲ့တယ်။ လူဆိုးလေးရဲ့စိတ်ကူးကမ္ဘာလေးထဲမှာ ယွန်းချီရဲ့စကားက ပန်းတွေပွင့်စေခဲ့တယ်။ ဒါကိုတော့ ယွန်းချီဟာ သိမနေခဲ့ပါဘူး။
“Assignment ကို မင်းအိမ်မှာလုပ်မလား…”
“အင်း ငါ့အိမ်မှာလုပ်လို့ရတယ်… ဒါနဲ့ ငါ တစ်ခုမေးလို့ရမလား…”
ယွန်းချီမေးခွန်းကို ယွန်းချီထမင်းဘူးထဲက ဟင်းနှိုက်ရင်းနဲ့ခန့်ဝေသော် ခေါင်းညိတ်ပြတယ်။
“မင်း ဆံပင်တွေက ဘာလို့အနီရောင်တွေဖြစ်နေရတာလဲ…”
“အနီရောင်ကမိုက်တယ်လေ… ငါ အနီရောင်သဘောကျတယ်…”
ခန့်ဝေသော်ပြောတယ်။ ပြီးတော့ သူ ဆက်ပြောသေးတယ်။
“ငါ ငယ်ငယ်တုန်းက ပါဝါရိမ်းဂျားအနီကောင်ဖြစ်ချင်ခဲ့တာ…”
“ဟဟဟ”
ခန့််ဝေသော်စကားကြောင့် ယွန်းချီရယ်တယ်။ ပြီးတော့ ခန့်ဝေသော်ကို သေချာကြည့်ပြီး…
“အခုတော့ မင်းက boku no hero acamedia ထဲက bakugo ကို ဆံပင်အနီ Version ဖြစ်နေပြီ…”
“ငါ သူနဲ့မတူပါဘူး…”
“ရုပ်တူပါတယ်… အမြဲတမ်း မှုန်ကုတ်နေတာပဲလေ…”
“မဟုတ်ရင် လူတွေက အာရုံနောက်ဖို့ကောင်းတယ်…”
ခန့်ဝေသော်ကပြန်ဖြေတယ်။ ပြီးတော့ သူ ဆက်ပြောတယ်။
“အဲ့လိုသာ ငါမျက်မှောင်ကြုတ်မနေရင် ငါ့ကို Model Scout လုပ်တဲ့လူတအားများတယ်… ငါ ကိုယ်ရည်သွေးတာ မဟုတ်ဘူးနော်…”
ခန့်ဝေသော်စကားကို ယွန်းချီခေါင်းညိတ်ပြီး နားလည်ကြောင်းပဲပြောတယ်။ ခန့်ဝေသော်က ခပ်ချောချောကောင်လေး တစ်ယောက်ပါ။ တစ်ချိန်လုံး မျက်မှောင်တွေကြုတ်နေပေမဲ့ အနည်းဆုံး ယွန်းချီရှေ့မှာတော့ ခန့်ဝေသော်က မျက်မှောင်ကြုတ်မနေဘူး။ ဒါကြောင့် သူချောတာကို ယွန်းချီသိတာပေ့ါ။
“နောက်ပြီး…”
“မင်းမှာလည်း ငါ့ကို မေးချင်တာတွေများလိုက်တာ…”
ယွန်းချီခပ်တိုးတိုးရယ်တယ်။ ခန့်ဝေသော်က ဘုဘောက်ပြောတာဆိုပေမဲ့ မမေးစေချင်လို့ပြောတာမျိုး မဟုတ်ဘူးဆိုတာကို သူသိတယ်လေ။ ယွန်းချီဆိုတာ ခန့်ဝေသော်ကို သွေးတိုးအစမ်းနိုင်ဆုံးသော လူသားလေးတစ်ယောက်ပေါ့။ သူ ခန့်ဝေသော်နဲ့ viber က တစ်ဆင့်အများကြီးချတ်ဖူးတာမို့ ခန့်ဝေသော်အကြောင်းကို သိသင့်သလောက်တော့ သိနေပါပြီ။ ခန့်ဝေသော်က ယွန်းကို သဘောကျနေတာကြောင့်လားတော့ မသိဘူး။ သူ့ကို ကောင်းကောင်းဆက်ဆံတယ်။ ဘာလို့ဆို ခန့်ဝေသော်က သူနဲ့ယွန်းက တူတယ်လို့ပြောတယ်လေ။
အမှန်အတိုင်းပြောရရင် ကိုယ့်ကိုတစ်စုံတစ်ယောက်နဲ့တူတာကြောင့် ကောင်းနေတာမျိုးကို ဘယ်လူကတော့ သဘောမကျပါဘူး။ ယွန်းက သူကိုယ်တိုင်ဖြစ်နေလည်းပေါ့။ ဒါပေမဲ့ ခန့်ဝေသော် သူနဲ့ရင်းရင်းနှီးနှီးနေတာကိုတော့ ယွန်းချီ စိတ်အနှောင့်အယှက်မဖြစ်မိဘူး။ ဘာလို့ဆို ခန့်ဝေသော်က သူ့ကို သူက ပိုလှတယ်လို့ပြောတယ်လေ။ အဲ့တော့ ခန့်ဝေသော်နဲ့ ရင်းနှီးရတာကို သူ့ စိတ်ထဲသိပ်အနှောင့်အယှက်မဖြစ်နေဘူး။
အဲ့ဒီအကြောင်းကိုတွေးရင်းနဲ့ သူကျေနပ်သွားတာကြောင့် ယွန်းချီသူ့ ခြေထောက်ကိုလှုပ်နေတော့တယ်။ ခန့်ဝေသော်ကတော့ ယွန်းချီကို အသဲတယားယားကြည့်လို့ပေါ့။
ခန့်ဝေသော်စိတ်ထဲမှာ တွေးနေမိတယ်။ သူ့စိတ်က ပုံမှန်ရော ဟုတ်သေးရဲ့လားပေါ့။ ဘာလို့ယွန်းချီဘာလုပ်လုပ် ချစ်စရာကောင်းတယ်လို့ သူ ထင်နေရတာလဲ။ ဒီစိတ်က နည်းနည်းလေးမှ ပုံမှန်မဟုတ်ဘူး။ သူ ယွန်းချီကို စိတ်ဝင်စားနေတာလား? ဒါဆို ယွန်းကရော… သူ့ရဲ့အလှနတ်ဘုရားမလေးကရော။ ခန့်ဝေသော်က သူ့ရဲ့အလှနတ်ဘုရားမလေးကို စိတ်ထဲကနေ အားနာနေတော့တယ်။ ရင်ထဲမှာအလှနတ်ဘုရားမလေးတစ်ယောက်တည်းကိုပဲ သဘောကျပါမယ်ဆိုပြီး သူ အခု အခြားတစ်ယောက်ကို စိတ်ထဲထည့်နေတယ်လေ။
ယွန်းချီက ခန့်ဝေသော်ရဲ့ဘုဘောက်စကားကို မမှုဘဲ မေးခွန်းကိုပဲ ဆက်မေးတယ်။
“မင်းဘာလို့ ကောင်လေးတစ်ယောက်ကို သူ ဝတ်တဲ့အကျီ ၤအရောင်ကို မကြိုက်လို့ ထိုးလိုက်တာလဲ… မင်း ငါ့ကို Assignment တစ်ဖွဲ့တည်းကျတာလားလို့ လာမေးတုန်းက ငါဘယ်လောက်များကြောက်သွားတယ်ထင်လဲ… ငါ့စိတ်ထဲမှာ မင်းမကြိုက်တဲ့ အရောင်ကိုဝတ်ထားတာကြောင့်လို့ထင်နေတာ… ငါ ဘယ်လောက်ထိ ကြောက်သွားလဲ မင်းသိလား…”
နေ့လည်စာစားပြီး မုန့်ဘူးထဲမှာပါလာတဲ့ မုန့်စားနေရင်းကနေ ယွန်းချီ မျက်နှာလေးမဲ့ပြောတယ်။ ဟုတ်တယ်။ အဲ့နေ့က သူ လိပ်ပြာလွင့်မတတ်ကိုကြောက်နေတာ ခန့်ဝေသော်မသိဘူး။ ခန့်ဝေသော် လုံးဝမသိဘူး!
“အာ… အဲ့ဒါက…”
ခန့်ဝေသော်က စကားကိုပြောသင့်မပြောသင့်စဉ်းစားတယ်။ ယွန်းချီက သူ့ကိုအထင်လွဲတာလည်း မခံချင်ဘူး။ ဒါပေမဲ့ ဒီကိစ္စကိုလည်း သူ ထုတ်မပြောပြချင်ဘူး။ ဒါက သူထိုးလိုက်တဲ့ကောင်ရဲ့ သိက္ခာနဲ့လည်းဆိုင်တယ်လေ။ အဲ့ကောင်က အကျင့်မကောင်းတဲ့ ကောင်တစ်ကောင်ဖြစ်နေလည်းပေါ့။
“မင်း ဒီကိစ္စကို တခြားသူကို ပြန်မပြောဘူးလို့ ကတိပေးမှာလား…”
နောက်ဆုံးတော့ ယွန်းချီအထင်လွဲတာကို မခံချင်တဲ့စိတ်က အလေးသာသွားတာကြောင့် ခန့်ဝေသော် ပြောပြဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ယွန်းချီကိုတော့ ကတိအရင်တောင်းလိုက်တာပေါ့။ တကယ်လို့ ယွန်းချီကတိမတည်ခဲ့ရင်လည်း သူ စိတ်ဆိုးမှာတော့မဟုတ်ပါဘူး။ သူ ထိုးလိုက်တဲ့ကောင်က လူကောင်းတစ်ယောက်မှမဟုတ်တာ။ လူကောင်းလို့ ထင်ရပေမဲ့လည်းပေါ့။
“အင်း ငါ ကတိပေးပါတယ်…”
ယွန်းချီခပ်လွယ်လွယ်ပဲ ကတိပေးလိုက်တယ်။ ဘာလို့ဆို သူက အတင်းပြောရတာသဘောမကျဘူးလေ။ နောက်ပြီး သူ ပြောမိလည်း ဟန်နာလောက်ပဲရှိတာ။ ဟန်နာက သူတို့ကျောင်းမှာကျောင်းတက်တာမဟုတ်လို့ ဒီအကြောင်းကို ပြောပြမိလည်း ပြဿနာတော့ မရှိနိုင်ပါဘူး။
“အဲ့ဒီကောင်က မိန်းကလေးတွေနဲ့အတူနေတယ်… သူ့ကြောင့် ကိုယ်ဝန်ရသွားရင် တာဝန်မယူဘူး… သူ့ကြောင့် မိန်းကလေးတွေနစ်နာရတယ်…”
ယွန်းချီရဲ့ဝိုင်းစက်သွားတဲ့မျက်လုံးကို ခန့်ဝေသော်စိုက်ကြည့်တယ်။ ဝိုင်းစက်နေတဲ့ မျက်လုံးတွေမှာ သူ့ရဲ့တည်ကြည်နေတဲ့ ပုံရိပ်က ထင်ဟပ်နေလေရဲ့။
“ဒါပေမဲ့ သူလုပ်တာလို့တော့ နာမည်မထွက်ဘူး ဘာလို့လဲဆိုတော့ သူ့အိမ်က မြို့မျက်နှာဖုံးဖြစ်တာကြောင့် အိမ်က မိန်းကလေးတွေကို ပိုက်ဆံပေးဖုံးတယ်… နောက်ပြီး တခြားသူတွေက အဲ့ကောင်ရဲ့ကိုယ်စား နာမည်မကောင်းတာ ခံပေးတယ်လေ…”
ဘယ်လောက်ပဲ အေးချမ်းတယ်ကောင်းမွန်တယ်ပဲဆိုဆို အရာတစ်ခုက အပြစ်အနာအဆာလေးတော့ ရှိတာပါပဲ။ ယွန်းချီချစ်တဲ့မြို့လေးကလည်း ဒီလိုပဲ အမှောင်ဘက်ခြမ်းလေးတွေတော့ ရှိတာပေါ့။ ဘယ်အရာတစ်ခုကမှ လင်းမနေနိုင်ဘူးမဟုတ်လား။ ဖန်ဆင်းမှုတွေက အကောင်းအဆိုး၊အလင်းအမှောင်နဲ့တစ်ခါတည်း အတူဖြစ်တည်လာတာပါ။
“ငါ အဲ့ကောင်ကို တတ်နိုင်သမျှကြိုးစားရှောင်ပါတယ်… ဒါပေမဲ့…”
ခန့်ဝေသော် သက်ပြင်းရှိုက်တယ်။ မျက်လွှာချပြီးတော့ မဆုံးသေးတဲ့ စကားကို သူဆက်ပြောလေရဲ့။
“အဲ့ကောင်ကို မြင်တဲ့အချိန်မှာတော့ ငါ ဘယ်လိုမှ မထိုးဘဲ မနေနိုင်လိုက်ဘူး… သူက မကောင်းတာကြောင့်လို့လဲ ငါ မပြောချင်ဘူး သူ မကောင်းဘူးဆိုပေမဲ့ အခုကျောင်းသားဘဝမှာတော့ အညွန့်ချိုးတာမျိုး ငါ မဖြစ်စေချင်ဘူးလေ… ဒါကြောင့်… ငါ သူဝတ်လာတဲ့ အရောင်ကို မကြိုက်ဘူးလို့ပဲ ပြောခဲ့တာ…”
ခန့်ဝေသော်က တကယ့်ကို အတွင်းစိတ်ကလေးနူးညံ့တဲ့ကောင်ကလေးတစ်ယောက်လို့ ထင်ရက်စရာကို မရှိပါဘူး။ မျက်လွှာချပြောနေတဲ့ ခန့်ဝေသော်ကိုကြည့်ပြီး ယွန်းချီရင်တွေ တဒိတ်ဒိတ်ခုန်လာခဲ့တယ်။ ခန့်ဝေသော်ရဲ့ အခုလိုမျိုး ပုံစံကို ဘယ်သူမှ မမြင်ဖူးဘူးလို့ သူ ထင်တယ်။ သူတစ်ယောက်တည်းက ခန့်ဝေသော်ရဲ့အခုလိုပုံစံမျိုးကို မြင်ဖူးတာလား။ ခန့်ဝေသော်က သူ့တစ်ယောက်တည်းကိုပဲ ပြောပြတာလား။ အတွေးနဲ့ယွန်းချီရဲ့မျက်နှာလေးနီလာတော့တယ်။ ခန့်ဝေသော်လည်း အသံတိတ်နေတဲ့ ယွန်းချီကြောင့် သူ မျက်လုံးပြန်ပင့်ကြည့်တော့ ယွန်းချီရဲ့မျက်နှာလေးက နီနေလေရဲ့။ ဓာတ်ကူးသွားတာကြောင့်လားတော့မသိ။ ခန့်ဝေသော်လည်း နည်းနည်းရှက်သွားပြီး မျက်နှာခပ်ရဲရဲဖြစ်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာ ယွန်းချီရဲ့ အသံတိုးတိုးလေး ထပ်ထွက်လာခဲ့တယ်။
“မင်းကို သူတို့ဘာမှ မလုပ်ဘူးမဟုတ်လား မင်း အဲ့ဒါကို သိနေတော့ မင်းကို သူ့အိမ်က တစ်ခုခုလုပ်ဖို့ကြိုးစားရင် ဘယ်လိုလုပ်မလဲ…”
ယွန်းချီရဲ့အသံသေးသေးလေးကြောင့် ခန့်ဝေသော်ရဲ့မျက်နှာက နီရဲတက်သွားတော့တယ်။ ယွန်းချီက သူ့ကို စိတ်ပူတာလား။ သူ့ကို သူ့မိသားစုဝင်တွေကလွဲရင် ပထမဆုံး စိတ်ပူတဲ့သူက ယွန်းချီပဲ။ အရမ်းကို ရှက်ပြီးရင်လည်း ခုန်နေတာကြောင့် ခန့်ဝေသော်ရဲ့ အသံက ခပ်တုန်တုန်နဲ့ထွက်လာခဲ့တယ်။
“သူတို့ငါ့ကို မလုပ်ရဲပါဘူး… စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”
ဒီလိုနဲ့ ကျောင်းရဲ့နေ့လည်စာထမင်းစားဆင်းချိန်မှာ ကောင်ကလေးနှစ်ယောက်ဟာ ခုံတန်းလေးတစ်ခုပေါ်မှာ ထမင်းဘူးလေးကိုယ်စီကိုင်ရင်း မျက်နှာနီနီနဲ့ ရှိနေခဲ့ပါတယ်။ ကျောင်းဝန်းထဲက ပေါများတဲ့ချယ်ရီပင်တွေကြောင့် လေအဝေ့မှာ ချယ်ရီပွင့်ဖတ်တချို့က သူတို့ဆီကို တစ်ချက်ချက်မှာ လွင့်လာလို့ရယ်ပေါ့။
----------
Zawgyi
အပိုင္း - ၅ : တကယ္ေတာ့ ခန္႔ေဝေသာ္က လူေကာင္းကေလး။
ဒီေန႔သူတုိ႔ေက်ာင္းေလးမွာ အရမ္းကို အံ့ၾသစရာကိစၥတစ္ခုျဖစ္သြားတယ္။ အဲ့ဒါကေတာ့ ခန္႔ေဝေသာ္ ဆိုင္ကယ္ေနာက္မွာ ယြန္းခ်ီပါလာတာပါပဲ။ ေက်ာင္းဝန္းထဲကို သူတုိ႔ဆုိင္ကယ္ဝင္လာတာကို ျမင္လုိက္ရတဲ့ လူေတြဆိုရင္ အံ့အားသင့္လြန္းလုိ႔ ပါးစပ္အေဟာင္းသားနဲ႔။ သူတုိ႔ ဒီျမင္ကြင္းကို ၾကံဳရာလူကိုေျပာေတာ့တာပဲ။ ဒီလိုနဲ႔ ယြန္းခ်ီက ခန္႔ေဝေသာ္ဆုိင္ကယ္ေနာက္မွာ ပါလာတဲ့ သတင္းက တစ္ေက်ာင္းလံုးမွာ သတင္းေမႊးကုန္ေတာ့တာေပါ့။
“ယြန္းခ်ီ!”
မုန္႔ေစ်းတန္းက ေပါင္မုန္႔နဲ႔ႏြားႏို႔ဘူးကိုင္ၿပီး ျပန္လာတဲ့ ယြန္းခ်ီတစ္ေယာက္ သူအတန္းထဲဝင္လာတာကို ျမင္တာနဲ႔ သူ႔ဆီ အေျပးလာၾကတဲ့ ေရွ႕ဆံုးတန္းက ေကာင္မေလးတစ္သိုက္ကို လန္႔သြားရတယ္။ သူ႔ ေျခလွမ္းက အတန္းထဲေတာင္ မေရာက္ေသးဘူး။ ဘယ္လုိျဖစ္လုိ႔ သူ႔ဆီကိုလူေတြက ေသရြာကျပန္လာတဲ့လူတစ္ေယာက္လုိ ဝမ္းသာအားရေျပးလာၾကတာလဲ။
“ယြန္းခ်ီ ဒီေန႔မနက္…”
ပါးစပ္ေလးဟရံုရွိေသး အတန္းဝင္ေပါက္ Slide တံခါးက ရြီခနဲ႔ပြင့္လာေတာ့တယ္။
“ေန႔ခင္း ထမင္းအတူစားၾကမယ္…”
“အင္း…”
ယြန္းခ်ီရဲ႕ မုန္႔နဲ႔ႏို႔ဘူးကိုပိုက္ထားရင္း ျပံဳးျပလာတဲ့အျပံဳးက ခန္႔ေဝေသာ္ကို ရုတ္တရက္ယြန္းခ်ီေခါင္းကို ပုတ္ေပးခ်င္စိတ္ကုိ ေပၚသြားေစတယ္။ ခန္႔ေဝေသာ္ကလည္း လူဆိုးေလးဆိုေပမဲ့ သူသူငါငါလူသားေလးတစ္ေယာက္လို ခ်စ္စရာေကာင္းတဲ့အရာေတြကို သေဘာက်တာပါပဲ။ ခန္႔ေဝေသာ္မ်က္လံုးထဲမွာ ယြန္းခ်ီက အေမႊးပြပြနဲ႔ ပါပီေလးတစ္ေကာင္ တူတယ္။ cup size Pomeranian puppy ေလးတစ္ေကာင္လုိပဲ။ ခြက္ေလးထဲထည့္ၿပီး သူ ယူသြားခ်င္တယ္။ ယြန္းခ်ီကို ေက်ာေပးလုိက္တာနဲ႔ ခန္႔ေဝေသာ္ရဲ႕ မ်က္ႏွာက ေအးတိေအးစက္ပဲ။ တေလာကလံုးကို သူ စိတ္မၾကည္တာနဲ႔ မီးေလာင္တုိက္သြင္းမဲ့ နတ္ဆိုးတစ္ပါးလိုေပါ့။
“ယြန္းခ်ီ နင့္ကို သူ အႏိုင္က်င့္ေသးလား…”
ေကာင္မေလးတစ္ေယာက္က တိုးတုိးေလးေမးတယ္။ ယြန္းခ်ီ ပလုတ္တုတ္တုတ္ေလးလုိ ေခါင္းကိုယမ္းေနေအာင္ခါၿပီး သူ႔ ႏို႔ဘူးကိုေဖာက္တယ္။ အတန္းမစေသးဘူးဆုိေတာ့ သူတုိ႔ေတြ မုန္႔စားစကားမ်ားလုိ႔ရေသးတယ္ေလ။
“တကယ္ႀကီးလား ဟုတ္လုိ႔လား… မေၾကာက္နဲ႔ေနာ္… သူ႔ဦးေလးက ေက်ာင္းအုပ္ျဖစ္ေတာ့လည္း ဘာျဖစ္လဲ သူ အႏိုင္က်င့္ခ်င္တုိင္း အႏိုင္က်င့္လုိ႔မရဘူး! ငါတုိ႔ သြားတုိင္မွာ…”
ေျပာမဲ့သာေျပာတာ မိန္းကေလးေတြက ယြန္းကိုသာ အျမင္ကပ္တာ ယြန္းခ်ီကိုေတာ့ခ်စ္ၾကတယ္။ အဲ့သလုိ ေတြးရတုိင္း ယြန္းခ်ီစိတ္ထဲ စႏိုးစေနာင့္နဲ႔။ တကယ္ဆုိ ယြန္းကလည္း သူပဲ။ ယြန္းခ်ီကလည္း သူပဲ။ ဒီလူေတြဟာ ဘယ္လုိေတာင္မ်ားပါလိမ့္။
“အႏိုင္မက်င့္ပါဘူး တကယ္ေျပာတာ… ေပါင္မုန္႔စားဦးမလား…”
“သူ နင့္မုန္႔ဖိုးေတြမ်ား အႏိုင္က်င့္ယူေနလား?”
ယြန္းခ်ီရယ္ခ်င္ခ်င္နဲ႔ပဲ ေခါင္းခါတယ္။ ဒီသူငယ္ခ်င္းမေတြက လြယ္မေနဘူး။ သူတုိ႔ရဲ႕အေတြးေတြက တကယ္ကိုပါပဲ။
“ဒါသူဝယ္ေပးတာ…”
ယြန္းခ်ီအသံရႊင္ရႊင္နဲ႔ပဲေျဖတယ္။
“ေနာက္ၿပီး ၾကက္ေမာက္သီးက အရမ္းႀကီးလည္း မဆိုးပါဘူး…”
“အရမ္းမဆိုးဘူး?”
ေကာင္မေလးတစ္ေယာက္ မ်က္လံုးအဝိုင္းသားနဲ႔ေမးတယ္။ ယြန္းခ်ီေခါင္းကိုညိတ္ၿပီးေတာ့ ပါးစပ္ဟတယ္။ သူတုိ႔ႏွစ္ေယာက္ မနက္ေက်ာင္းလာတုန္းက အေၾကာင္းကိုေျပာျပဖို႔ေပါ့။
မနက္ေက်ာင္းလာတုန္းက ခန္႔ေဝေသာ္က သူ႔ကိုလာေခၚတယ္။ ခန္႔ေဝေသာ္ကသူ႔ကို လာေခၚမယ္လုိ႔ မေျပာခဲ့တဲ့အတြက္ ယြန္းခ်ီေတာ္ေတာ္အံ့ၾသရေသးတယ္။ ဒီေန႔ေတာ့ သူ႔မိဘေတြက အစည္းအေဝးရွိတာေၾကာင့္ စာသင္ထြက္သြားၾကေလရဲ႕။ အိမ္ေရွ႕ေရာက္ေနၿပီဆုိတဲ့ ခန္႔ေဝေသာ္ေၾကာင့္ ယြန္းခ်ီနံနက္စာေတာင္ မစားႏိုင္ေတာ့ဘူး အသားကုန္ေျပးထြက္လာရတယ္။ ေနာက္ေတာ့ သူတုိ႔ႏွစ္ေယာက္ ေက်ာင္းကို လာၾကတယ္။ လမ္းမွာ ခန္႔ေဝေသာ္က သူ မနက္စာ မစားရေသးဘူးဆုိတာကုိ သိၿပီးခ်ိန္မွာ သူတုိ႔ေက်ာင္းကန္တင္းရဲ႕အေကာင္းဆံုး ေပါင္မုန္႔ဆုိတာနဲ႔ ႏို႔တစ္ဘူးဝယ္ေပးတယ္။
ေၾသာ္အဲ့ဒါမတိုင္ခင္ေတာ့ သူတုိ႔လမ္းသြားေနရင္းနဲ႔ သစ္သီးတြန္းလွည္းတြန္းေနတဲ့ ေစ်းသည္အဖိုးအိုတစ္ေယာက္ကို ျမင္လုိက္တာေၾကာင့္ ခန္႔ေဝေသာ္က ဆုိင္ကယ္ကိုမေျပာမဆိုနဲ႔ရပ္လုိက္ေသးတယ္။ အဲ့ဒီလုိရပ္လုိက္တာေၾကာင့္ သူတုိ႔ရဲ႕ ဆုိင္ကယ္စီးဦးထုတ္ခ်င္းက ဂြက္ခနဲတိုက္မိသြားတာေပါ့။ ယြန္းခ်ီတစ္ေယာက္ မူးေဝေဝေတာင္ ျဖစ္သြားသလိုလုိပဲ။ ခန္႔ေဝေသာ္က သူ႔ကို ဆုိင္ကယ္နားမွာထားခဲ့ၿပီး အဖိုးအိုကို လွည္းဝိုင္းတြန္းေပးတယ္။ ၿပီးေတာ့မွ ဆုိင္ကယ္ဆီတစ္ေခါက္ျပန္ေျပးလာၿပီး သူတုိ႔ ေက်ာင္းဆက္လာခဲ့တာ။
ယြန္းခ်ီက ခန္႔ေဝေသာ္ အေနာက္ကို ျပန္မလာရေအာင္ သူ ဆုိင္ကယ္နဲ႔လုိက္ေပးမယ္ဆုိေပမဲ့လည္း ဆုိင္ကယ္ကအႀကီးမုိ႔ သူ႔ကို ဆုိင္ကယ္မႏိုင္ပဲေနလိမ့္မယ္လုိ႔ေျပာၿပီး ခန္႔ေဝေသာ္ထားခဲ့တယ္။ ယြန္းခ်ီ ႏႈတ္ခမ္းနည္းနည္းဆူခ်င္ေပမဲ့လည္း ခန္႔ေဝေသာ္က ဂရုတစိုက္နဲ႔ဆက္ဆံတာေၾကာင့္ ေျပာမေနေတာ့ပါဘူး။ ဘာပဲျဖစ္ျဖစ္ ခန္႔ေဝေသာ္က သူ႔ကို စိတ္ပူလို႔ အခုလိုေျပာတာေလေနာ္။
ဒီလိုနဲ႔မနက္စာမစားရေသးတဲ့ ယြန္းခ်ီကို ခန္႔ေဝေသာ္က မနက္ပိုင္းေက်ာင္းကန္တင္းကို ေခၚလာခဲ့တယ္။ လူက်ေနတဲ့ကန္တင္းဆိုတာ ယြန္းခ်ီဘယ္တုန္းကမွ ေျခဦးမလွည့္တဲ့ေနရာတစ္ခုပါ။ ယြန္းခ်ီက လူတိုးခံရတာမ်ိဳးကိုလည္း မခံႏိုင္ဘူးေလ။ ဒါေပမဲ့ ဒီေန႔ေတာ့ ခန္႔ေဝေသာ္ရဲ႕အသံုးဝင္မႈကို ယြန္းခ်ီေကာင္းေကာင္းသိသြားတယ္။ ခန္႔ေဝေသာ္အရိပ္ကိုလည္း ေတြ႔ေရာ ေပါင္မုန္႔ဝယ္ဖို႔တိုးႀကိတ္ေနတဲ့လူအုပ္ႀကီးက ခ်က္ခ်င္းကို လမ္းခင္းေပးလုိက္တယ္။ ဒါက ဘာနဲ႔တူလဲဆုိရင္ ယြန္းခ်ီဖတ္ဖူးတဲ့ စိတ္ကူးယဥ္သိုင္းဇာတ္လမ္းေတြထဲကလို ပင္လယ္ကထက္ျခမ္းကြဲၿပီး လမ္းျဖစ္သြားသလိုပဲ။ ခန္႔ေဝေသာ္ကေတာ့ အေနနည္းနည္းေလးေတာင္ မခက္ဘဲ ေပါင္မုန္႔ကို ဝယ္လာေပးတယ္။ ေနာက္ေတာ့ သူ႔ကိုႏြားႏို႔တစ္ဘူးဝယ္ေပးျပန္တယ္။ ဒီေပါင္မုန္႔ကႏို႔ဘူးေသာက္ရင္း စားရင္ပိုေကာင္းတယ္တဲ့။
ယြန္းခ်ီရဲ႕ႏႈတ္ခမ္းေတြက ခပ္ေယာင္ေယာင္ေလးေကာ့တက္သြားတယ္။ သူကေတာ့ မသိမသာလို႔ပဲ သူ႔ကိုယ္သူထင္တာေပါ့။ ဒါေပမဲ့လည္း မိန္းကေလးေတြက အင္မတန္အကင္းပါးၾကတဲ့ သတၱဝါေတြေလ။ ယြန္းခ်ီတစ္ေယာက္ တစ္ခုခုကို ေတြးၿပီးျပံဳးလိုက္တယ္ဆိုတာကို သူတုိ႔ေကာင္းေကာင္းသိတာေပါ့။ ဒီႏွစ္ေယာက္ၾကားမွာ ဘာရွိလဲလို႔ သူတုိ႔ စေတြးလာတယ္။ ေတြးေနလို႔မွမဆံုးေသးဘူး။ ယြန္းခ်ီက ခပ္ျပံဳးျပံဳးနဲ႔…
“တကယ္ပါ သူ ငါ့ကို အႏိုင္မက်င့္ပါဘူး…”
ယြန္းခ်ီဟာ သူ႔အျပံဳးက ရွက္ျပံဳးဆိုတာကို မသိခဲ့ဘူး။ ယြန္းခ်ီရဲ႕မိန္းကေလးအေပါင္းအသင္းေတြကေတာ့ ယြန္းခ်ီနဲ႔ခန္႔ေဝေသာ္ၾကားတစ္ခုခုရွိလိမ့္မယ္ဆုိတာကို တပ္အပ္သိလုိက္ခဲ့တယ္။ ဘာေၾကာင့္ဆုိအခ်ိဳ႕ေသာအရာေတြက ကာယကံရွင္ထက္ ေဘးလူက ပိုသိတာမ်ိဳးေလ ဟုတ္တယ္မဟုတ္လား။
ဒီလုိနဲ႔ ဒီေန႔မွာေတာ့ ခန္႔ေဝေသာ္နဲ႔ယြန္းခ်ီေက်ာင္းအတူလာၾကတဲ့သတင္းက ေက်ာင္းသားေတြၾကားမွာ version အမ်ိဳးမ်ိဳးနဲ႔ ဇာတ္လမ္းေလးတစ္ပုဒ္ ျဖစ္ေနခဲ့တာေပါ့။ တခ်ိဳ႕က ခန္႔ေဝေသာ္က ယြန္းခ်ီကို သူ႔ရဲ႕ခုိင္းဖက္ေလးလုပ္တယ္လို႔ ေျပာၾကတယ္။ တခ်ိဳ႕ကေတာ့ ယြန္းခ်ီက ခန္႔ေဝေသာ္ကို အေၾကြးတင္ေနတာတဲ့။ တခ်ိဳ႕ကေတာ့ ယြန္းခ်ီက မိန္းကေလးဆန္တာေၾကာင့္ ခန္႔ေဝေသာ္ကို ကပ္ေနတယ္ေျပာတယ္။ တခ်ိဳ႕ကေတာ့ ခန္႔ေဝေသာ္ရဲ႕အႀကိဳက္က ေယာက်ာ္းေလးေတြတဲ့။ ေနာက္ဆံုးတစ္ခုကေတာ့ သမားရိုးက်အျဖစ္ဆံုးနဲ႔ လက္ေတြ႔နဲ႔အနီးစပ္ဆံုးလုိ႔ ေျပာရမယ္။ သူတုိ႔ႏွစ္ေယာက္က Assignment အတူတူလုပ္ရမဲ့ သူေတြမို႔လို႔ အခုလိုရင္းရင္းႏီွးႏီွးေနၾကတာပါေပါ့။
တတ္လည္းတတ္ႏိုင္တ့ဲ ဇာတ္လမ္းေတြ။ ခန္႔ေဝေသာ္ေရာ၊ ယြန္းခ်ီ ႏွစ္ေယာက္လံုး ဒီကိစၥေတြကို ျပန္ၾကားတဲ့အခ်ိန္မွာ ေတြးမိၾကတာပါ။
“ဘယ္လိုေတာင္ ေတြးလုိက္ၾကတာလဲ ငါ့ရုပ္က အႏိုင္က်င့္တဲ့ရုပ္မ်ိဳးေပါက္ေနလို႔လား?”
ေက်ာင္းေခါင္မိုးေပၚက ခံုတန္းေလးမွာ ႏွစ္ေယာက္ထိုင္ရင္း သူတုိ႔ထမင္းစားေနၾကတယ္။ ခန္႔ေဝေသာ္စကားေၾကာင့္ ယြန္းခ်ီပါးေစာင္ထဲမွာ ထမင္းလုတ္ပလုတ္ပေလာင္းနဲ႔ ျပံဳးၿပီးေခါင္းယမ္းတယ္။ ယြန္းခ်ီရဲ႕ရူးတူးတူးပံုစံက ခန္႔ေဝေသာ္ရဲ႕ ကမၻာႀကီးတစ္ခုလံုးကို ခ်ယ္ရီေတြဖံုးလိုက္သလုိပဲ။ ေန႔လည္ခင္းျဖစ္တာေၾကာင့္ အေအးဓာတ္ရွိေနေပမဲ့လည္း ရာသီဥတုကေႏြးေထြးလြန္းေနခဲ့တယ္။ ပါးႏွစ္ဖက္လံုးကို ဆြဲညွစ္လုိက္ခ်င္ေနတဲ့အခ်ိန္မွာ ယြန္းခ်ီက ၿမိဳခ်လိုက္တယ္။ ၿပီးေတာ့…
“မေပါက္ပါဘူး သူတုိ႔က မင္းအေၾကာင္းကို ေသခ်ာမသိလို႔ပါ”
ၿပီးေတာ့သူက ဆက္ေျပာေသးတယ္။
“ဘာပဲျဖစ္ျဖစ္ မင္းက သေဘာေကာင္းတယ္ဆိုတာ သူတုိ႔မသိလည္း ငါသိတယ္ဟုတ္ၿပီလား…”
ယြန္းခ်ီစကားက လူဆုိးေလးတစ္ေယာက္ရဲ႕စိတ္ကုိေတာ္ေတာ္ဘဝင္က်သြားေစခဲ့တယ္။ လူဆိုးေလးရဲ႕စိတ္ကူးကမၻာေလးထဲမွာ ယြန္းခ်ီရဲ႕စကားက ပန္းေတြပြင့္ေစခဲ့တယ္။ ဒါကိုေတာ့ ယြန္းခ်ီဟာ သိမေနခဲ့ပါဘူး။
“Assignment ကို မင္းအိမ္မွာလုပ္မလား…”
“အင္း ငါ့အိမ္မွာလုပ္လို႔ရတယ္… ဒါနဲ႔ ငါ တစ္ခုေမးလို႔ရမလား…”
ယြန္းခ်ီေမးခြန္းကို ယြန္းခ်ီထမင္းဘူးထဲက ဟင္းႏိႈက္ရင္းနဲ႔ခန္႔ေဝေသာ္ ေခါင္းညိတ္ျပတယ္။
“မင္း ဆံပင္ေတြက ဘာလို႔အနီေရာင္ေတြျဖစ္ေနရတာလဲ…”
“အနီေရာင္ကမိုက္တယ္ေလ… ငါ အနီေရာင္သေဘာက်တယ္…”
ခန္႔ေဝေသာ္ေျပာတယ္။ ၿပီးေတာ့ သူ ဆက္ေျပာေသးတယ္။
“ငါ ငယ္ငယ္တုန္းက ပါဝါရိမ္းဂ်ားအနီေကာင္ျဖစ္ခ်င္ခဲ့တာ…”
“ဟဟဟ”
ခန္္႔ေဝေသာ္စကားေၾကာင့္ ယြန္းခ်ီရယ္တယ္။ ၿပီးေတာ့ ခန္႔ေဝေသာ္ကို ေသခ်ာၾကည့္ၿပီး…
“အခုေတာ့ မင္းက boku no hero acamedia ထဲက bakugo ကုိ ဆံပင္အနီ Version ျဖစ္ေနၿပီ…”
“ငါ သူနဲ႔မတူပါဘူး…”
“ရုပ္တူပါတယ္… အျမဲတမ္း မႈန္ကုတ္ေနတာပဲေလ…”
“မဟုတ္ရင္ လူေတြက အာရံုေနာက္ဖို႔ေကာင္းတယ္…”
ခန္႔ေဝေသာ္ကျပန္ေျဖတယ္။ ၿပီးေတာ့ သူ ဆက္ေျပာတယ္။
“အဲ့လိုသာ ငါမ်က္ေမွာင္ၾကဳတ္မေနရင္ ငါ့ကို Model Scout လုပ္တဲ့လူတအားမ်ားတယ္… ငါ ကိုယ္ရည္ေသြးတာ မဟုတ္ဘူးေနာ္…”
ခန္႔ေဝေသာ္စကားကို ယြန္းခ်ီေခါင္းညိတ္ၿပီး နားလည္ေၾကာင္းပဲေျပာတယ္။ ခန္႔ေဝေသာ္က ခပ္ေခ်ာေခ်ာေကာင္ေလး တစ္ေယာက္ပါ။ တစ္ခ်ိန္လံုး မ်က္ေမွာင္ေတြၾကဳတ္ေနေပမ့ဲ အနည္းဆံုး ယြန္းခ်ီေရွ႕မွာေတာ့ ခန္႔ေဝေသာ္က မ်က္ေမွာင္ၾကဳတ္မေနဘူး။ ဒါေၾကာင့္ သူေခ်ာတာကို ယြန္းခ်ီသိတာေပ့ါ။
“ေနာက္ၿပီး…”
“မင္းမွာလည္း ငါ့ကို ေမးခ်င္တာေတြမ်ားလုိက္တာ…”
ယြန္းခ်ီခပ္တုိးတုိးရယ္တယ္။ ခန္႔ေဝေသာ္က ဘုေဘာက္ေျပာတာဆုိေပမဲ့ မေမးေစခ်င္လုိ႔ေျပာတာမ်ိဳး မဟုတ္ဘူးဆုိတာကို သူသိတယ္ေလ။ ယြန္းခ်ီဆုိတာ ခန္႔ေဝေသာ္ကုိ ေသြးတိုးအစမ္းႏုိင္ဆံုးေသာ လူသားေလးတစ္ေယာက္ေပါ့။ သူ ခန္႔ေဝေသာ္နဲ႔ viber က တစ္ဆင့္အမ်ားႀကီးခ်တ္ဖူးတာမို႔ ခန္႔ေဝေသာ္အေၾကာင္းကို သိသင့္သေလာက္ေတာ့ သိေနပါၿပီ။ ခန္႔ေဝေသာ္က ယြန္းကို သေဘာက်ေနတာေၾကာင့္လားေတာ့ မသိဘူး။ သူ႔ကို ေကာင္းေကာင္းဆက္ဆံတယ္။ ဘာလုိ႔ဆုိ ခန္႔ေဝေသာ္က သူနဲ႔ယြန္းက တူတယ္လို႔ေျပာတယ္ေလ။
အမွန္အတုိင္းေျပာရရင္ ကိုယ့္ကိုတစ္စံုတစ္ေယာက္နဲ႔တူတာေၾကာင့္ ေကာင္းေနတာမ်ိဳးကို ဘယ္လူကေတာ့ သေဘာမက်ပါဘူး။ ယြန္းက သူကိုယ္တုိင္ျဖစ္ေနလည္းေပါ့။ ဒါေပမဲ့ ခန္႔ေဝေသာ္ သူနဲ႔ရင္းရင္းႏီွးႏီွးေနတာကိုေတာ့ ယြန္းခ်ီ စိတ္အေႏွာင့္အယွက္မျဖစ္မိဘူး။ ဘာလို႔ဆုိ ခန္႔ေဝေသာ္က သူ႔ကို သူက ပိုလွတယ္လို႔ေျပာတယ္ေလ။ အဲ့ေတာ့ ခန္႔ေဝေသာ္နဲ႔ ရင္းႏီွးရတာကို သူ႔ စိတ္ထဲသိပ္အေႏွာင့္အယွက္မျဖစ္ေနဘူး။
အဲ့ဒီအေၾကာင္းကိုေတြးရင္းနဲ႔ သူေက်နပ္သြားတာေၾကာင့္ ယြန္းခ်ီသူ႔ ေျခေထာက္ကိုလႈပ္ေနေတာ့တယ္။ ခန္႔ေဝေသာ္ကေတာ့ ယြန္းခ်ီကို အသဲတယားယားၾကည့္လုိ႔ေပါ့။
ခန္႔ေဝေသာ္စိတ္ထဲမွာ ေတြးေနမိတယ္။ သူ႔စိတ္က ပံုမွန္ေရာ ဟုတ္ေသးရဲ႕လားေပါ့။ ဘာလုိ႔ယြန္းခ်ီဘာလုပ္လုပ္ ခ်စ္စရာေကာင္းတယ္လုိ႔ သူ ထင္ေနရတာလဲ။ ဒီစိတ္က နည္းနည္းေလးမွ ပံုမွန္မဟုတ္ဘူး။ သူ ယြန္းခ်ီကို စိတ္ဝင္စားေနတာလား? ဒါဆုိ ယြန္းကေရာ… သူ႔ရဲ႕အလွနတ္ဘုရားမေလးကေရာ။ ခန္႔ေဝေသာ္က သူ႔ရဲ႕အလွနတ္ဘုရားမေလးကို စိတ္ထဲကေန အားနာေနေတာ့တယ္။ ရင္ထဲမွာအလွနတ္ဘုရားမေလးတစ္ေယာက္တည္းကိုပဲ သေဘာက်ပါမယ္ဆိုၿပီး သူ အခု အျခားတစ္ေယာက္ကို စိတ္ထဲထည့္ေနတယ္ေလ။
ယြန္းခ်ီက ခန္႔ေဝေသာ္ရဲ႕ဘုေဘာက္စကားကို မမႈဘဲ ေမးခြန္းကိုပဲ ဆက္ေမးတယ္။
“မင္းဘာလို႔ ေကာင္ေလးတစ္ေယာက္ကုိ သူ ဝတ္တဲ့အက်ီ ၤအေရာင္ကို မႀကိဳက္လုိ႔ ထိုးလိုက္တာလဲ… မင္း ငါ့ကို Assignment တစ္ဖြဲ႔တည္းက်တာလားလို႔ လာေမးတုန္းက ငါဘယ္ေလာက္မ်ားေၾကာက္သြားတယ္ထင္လဲ… ငါ့စိတ္ထဲမွာ မင္းမႀကိဳက္တဲ့ အေရာင္ကိုဝတ္ထားတာေၾကာင့္လို႔ထင္ေနတာ… ငါ ဘယ္ေလာက္ထိ ေၾကာက္သြားလဲ မင္းသိလား…”
ေန႔လည္စာစားၿပီး မုန္႔ဘူးထဲမွာပါလာတဲ့ မုန္႔စားေနရင္းကေန ယြန္းခ်ီ မ်က္ႏွာေလးမဲ့ေျပာတယ္။ ဟုတ္တယ္။ အဲ့ေန႔က သူ လိပ္ျပာလြင့္မတတ္ကိုေၾကာက္ေနတာ ခန္႔ေဝေသာ္မသိဘူး။ ခန္႔ေဝေသာ္ လံုးဝမသိဘူး!
“အာ… အဲ့ဒါက…”
ခန္႔ေဝေသာ္က စကားကုိေျပာသင့္မေျပာသင့္စဥ္းစားတယ္။ ယြန္းခ်ီက သူ႔ကိုအထင္လြဲတာလည္း မခံခ်င္ဘူး။ ဒါေပမဲ့ ဒီကိစၥကိုလည္း သူ ထုတ္မေျပာျပခ်င္ဘူး။ ဒါက သူထိုးလုိက္တဲ့ေကာင္ရဲ႕ သိကၡာနဲ႔လည္းဆုိင္တယ္ေလ။ အဲ့ေကာင္က အက်င့္မေကာင္းတဲ့ ေကာင္တစ္ေကာင္ျဖစ္ေနလည္းေပါ့။
“မင္း ဒီကိစၥကို တျခားသူကို ျပန္မေျပာဘူးလို႔ ကတိေပးမွာလား…”
ေနာက္ဆံုးေတာ့ ယြန္းခ်ီအထင္လြဲတာကို မခံခ်င္တဲ့စိတ္က အေလးသာသြားတာေၾကာင့္ ခန္႔ေဝေသာ္ ေျပာျပဖို႔ပဲ ဆံုးျဖတ္လိုက္တယ္။ ယြန္းခ်ီကိုေတာ့ ကတိအရင္ေတာင္းလုိက္တာေပါ့။ တကယ္လုိ႔ ယြန္းခ်ီကတိမတည္ခဲ့ရင္လည္း သူ စိတ္ဆိုးမွာေတာ့မဟုတ္ပါဘူး။ သူ ထိုးလုိက္တဲ့ေကာင္က လူေကာင္းတစ္ေယာက္မွမဟုတ္တာ။ လူေကာင္းလုိ႔ ထင္ရေပမဲ့လည္းေပါ့။
“အင္း ငါ ကတိေပးပါတယ္…”
ယြန္းခ်ီခပ္လြယ္လြယ္ပဲ ကတိေပးလုိက္တယ္။ ဘာလို႔ဆုိ သူက အတင္းေျပာရတာသေဘာမက်ဘူးေလ။ ေနာက္ၿပီး သူ ေျပာမိလည္း ဟန္နာေလာက္ပဲရွိတာ။ ဟန္နာက သူတုိ႔ေက်ာင္းမွာေက်ာင္းတက္တာမဟုတ္လို႔ ဒီအေၾကာင္းကို ေျပာျပမိလည္း ျပႆနာေတာ့ မရွိႏုိင္ပါဘူး။
“အဲ့ဒီေကာင္က မိန္းကေလးေတြနဲ႔အတူေနတယ္… သူ႔ေၾကာင့္ ကိုယ္ဝန္ရသြားရင္ တာဝန္မယူဘူး… သူ႔ေၾကာင့္ မိန္းကေလးေတြနစ္နာရတယ္…”
ယြန္းခ်ီရဲ႕ဝိုင္းစက္သြားတဲ့မ်က္လံုးကို ခန္႔ေဝေသာ္စိုက္ၾကည့္တယ္။ ဝိုင္းစက္ေနတဲ့ မ်က္လံုးေတြမွာ သူ႔ရဲ႕တည္ၾကည္ေနတဲ့ ပံုရိပ္က ထင္ဟပ္ေနေလရဲ႕။
“ဒါေပမဲ့ သူလုပ္တာလုိ႔ေတာ့ နာမည္မထြက္ဘူး ဘာလုိ႔လဲဆုိေတာ့ သူ႔အိမ္က ၿမိဳ႕မ်က္ႏွာဖံုးျဖစ္တာေၾကာင့္ အိမ္က မိန္းကေလးေတြကို ပိုက္ဆံေပးဖံုးတယ္… ေနာက္ၿပီး တျခားသူေတြက အဲ့ေကာင္ရဲ႕ကိုယ္စား နာမည္မေကာင္းတာ ခံေပးတယ္ေလ…”
ဘယ္ေလာက္ပဲ ေအးခ်မ္းတယ္ေကာင္းမြန္တယ္ပဲဆုိဆုိ အရာတစ္ခုက အျပစ္အနာအဆာေလးေတာ့ ရွိတာပါပဲ။ ယြန္းခ်ီခ်စ္တ့ဲၿမိဳ႕ေလးကလည္း ဒီလုိပဲ အေမွာင္ဘက္ျခမ္းေလးေတြေတာ့ ရွိတာေပါ့။ ဘယ္အရာတစ္ခုကမွ လင္းမေနႏိုင္ဘူးမဟုတ္လား။ ဖန္ဆင္းမႈေတြက အေကာင္းအဆုိး၊အလင္းအေမွာင္နဲ႔တစ္ခါတည္း အတူျဖစ္တည္လာတာပါ။
“ငါ အဲ့ေကာင္ကို တတ္ႏုိင္သမွ်ႀကိဳးစားေရွာင္ပါတယ္… ဒါေပမဲ့…”
ခန္႔ေဝေသာ္ သက္ျပင္းရိႈက္တယ္။ မ်က္လႊာခ်ၿပီးေတာ့ မဆံုးေသးတဲ့ စကားကို သူဆက္ေျပာေလရဲ႕။
“အဲ့ေကာင္ကို ျမင္တဲ့အခ်ိန္မွာေတာ့ ငါ ဘယ္လုိမွ မထိုးဘဲ မေနႏိုင္လုိက္ဘူး… သူက မေကာင္းတာေၾကာင့္လုိ႔လဲ ငါ မေျပာခ်င္ဘူး သူ မေကာင္းဘူးဆိုေပမဲ့ အခုေက်ာင္းသားဘဝမွာေတာ့ အညြန္႔ခ်ိဳးတာမ်ိဳး ငါ မျဖစ္ေစခ်င္ဘူးေလ… ဒါေၾကာင့္… ငါ သူဝတ္လာတဲ့ အေရာင္ကို မႀကိဳက္ဘူးလို႔ပဲ ေျပာခဲ့တာ…”
ခန္႔ေဝေသာ္က တကယ့္ကို အတြင္းစိတ္ကေလးႏူးညံ့တဲ့ေကာင္ကေလးတစ္ေယာက္လုိ႔ ထင္ရက္စရာကို မရွိပါဘူး။ မ်က္လႊာခ်ေျပာေနတဲ့ ခန္႔ေဝေသာ္ကိုၾကည့္ၿပီး ယြန္းခ်ီရင္ေတြ တဒိတ္ဒိတ္ခုန္လာခဲ့တယ္။ ခန္႔ေဝေသာ္ရဲ႕ အခုလိုမ်ိဳး ပံုစံကို ဘယ္သူမွ မျမင္ဖူးဘူးလို႔ သူ ထင္တယ္။ သူတစ္ေယာက္တည္းက ခန္႔ေဝေသာ္ရဲ႕အခုလိုပံုစံမ်ိဳးကို ျမင္ဖူးတာလား။ ခန္႔ေဝေသာ္က သူ႔တစ္ေယာက္တည္းကိုပဲ ေျပာျပတာလား။ အေတြးနဲ႔ယြန္းခ်ီရဲ႕မ်က္ႏွာေလးနီလာေတာ့တယ္။ ခန္႔ေဝေသာ္လည္း အသံတိတ္ေနတဲ့ ယြန္းခ်ီေၾကာင့္ သူ မ်က္လံုးျပန္ပင့္ၾကည့္ေတာ့ ယြန္းခ်ီရဲ႕မ်က္ႏွာေလးက နီေနေလရဲ႕။ ဓာတ္ကူးသြားတာေၾကာင့္လားေတာ့မသိ။ ခန္႔ေဝေသာ္လည္း နည္းနည္းရွက္သြားၿပီး မ်က္ႏွာခပ္ရဲရဲျဖစ္သြားခဲ့တယ္။ အဲ့ဒီအခ်ိန္မွာ ယြန္းခ်ီရဲ႕ အသံတိုးတုိးေလး ထပ္ထြက္လာခဲ့တယ္။
“မင္းကို သူတုိ႔ဘာမွ မလုပ္ဘူးမဟုတ္လား မင္း အဲ့ဒါကို သိေနေတာ့ မင္းကို သူ႔အိမ္က တစ္ခုခုလုပ္ဖို႔ႀကိဳးစားရင္ ဘယ္လိုလုပ္မလဲ…”
ယြန္းခ်ီရဲ႕အသံေသးေသးေလးေၾကာင့္ ခန္႔ေဝေသာ္ရဲ႕မ်က္ႏွာက နီရဲတက္သြားေတာ့တယ္။ ယြန္းခ်ီက သူ႔ကို စိတ္ပူတာလား။ သူ႔ကို သူ႔မိသားစုဝင္ေတြကလြဲရင္ ပထမဆံုး စိတ္ပူတဲ့သူက ယြန္းခ်ီပဲ။ အရမ္းကို ရွက္ၿပီးရင္လည္း ခုန္ေနတာေၾကာင့္ ခန္႔ေဝေသာ္ရဲ႕ အသံက ခပ္တုန္တုန္နဲ႔ထြက္လာခဲ့တယ္။
“သူတုိ႔ငါ့ကို မလုပ္ရဲပါဘူး… စိတ္ပူေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္…”
ဒီလုိနဲ႔ ေက်ာင္းရဲ႕ေန႔လည္စာထမင္းစားဆင္းခ်ိန္မွာ ေကာင္ကေလးႏွစ္ေယာက္ဟာ ခံုတန္းေလးတစ္ခုေပၚမွာ ထမင္းဘူးေလးကိုယ္စီကိုင္ရင္း မ်က္ႏွာနီနီနဲ႔ ရွိေနခဲ့ပါတယ္။ ေက်ာင္းဝန္းထဲက ေပါမ်ားတဲ့ခ်ယ္ရီပင္ေတြေၾကာင့္ ေလအေဝ့မွာ ခ်ယ္ရီပြင့္ဖတ္တခ်ိဳ႕က သူတုိ႔ဆီကို တစ္ခ်က္ခ်က္မွာ လြင့္လာလုိ႔ရယ္ေပါ့။