book

Index 4

(4)

  • Author : AnnaLynn
  • Genres : Romance, Comedy

Anna : Coffee Chapter (3/5) Thanks for the coffee sis TTK


Unicode


အပိုင်း - ၄ : ယွန်းချီက ပိုလှတယ်။


ဒီနေ့ကစနေနေ့ဖြစ်တယ်။ တောင်ပေါ်မြို့လေးမှာ ဆောင်းတွင်းမို့ ရာသီဥကတော့ ခပ်အေးအေးပဲပေါ့။ ယွန်းချီ အဝတ်အစားလဲပြီး အပြင်ထွက်လာတော့ ထူးထူးဆန်းဆန်း မိဘနှစ်ပါးလုံးက အိမ်မှာရှိနေခဲ့တယ်။ ရုံးပိတ်ရက်ဆိုပေမဲ့လည်း အိုဗာတိုင်အမြဲရှိတတ်တဲ့ အဖေနဲ့အမေ အိမ်မှာရှိနေတော့ ယွန်းချီနည်းနည်းတောင် မင်သက်သွားတယ်။ စိတ်ထဲလည်း သူ ခန့်ဝေသော်နဲ့ချိန်းထားတာကို နောင်တရချင်သလိုလိုပါပဲ။ အဖေနဲ့အမေက အိမ်မှာရှိတာနည်းတယ်လေ။ ရှိတုန်းလေး သူ အတူရှိချင်တာပေါ့။


"ယွန်း သား အပြင်သွားမလို့လား..."


"ဟုတ်..."


သူ့ ရှည်နေတဲ့ဆံပင်လေးတွေကို သေသေသပ်သပ်ဖြစ်အောင် သူ ကလစ်အမည်းလေးနဲ့ဖုံးဖုံးဖိဖိလုပ်ထားတာကြောင့် ယွန်းချီအဖေက သားဖြစ်သူရဲ့ယောကျာ်းသိပ်မဆန်တဲ့ဟန်ကို သိပ်ဘဝမကျပေမဲ့လည်း မပြောခဲ့ပါဘူး။ ဒါပေမဲ့ အရိပ်အကဲသိတဲ့ ယွန်းချီကတော့ အဖေ့ရဲ့မျက်နှာကဲကို ချက်ချင်းသိတာကြောင့်...


"သားဆံပင်တွေရှည်နေပြီလေ... ဒီနေ့သူငယ်ချင်းနဲ့အတူတူ ဆံပင်သွားညှပ်မလို့... အခုတောင်ကလစ် ကူနေရတယ် ကြည့်ပါလား..."


သူ့စကားကြောင့် အဖေ့မျက်နှာကြောနည်းနည်းလျော့သွားတာကိုကြည့်ပြီး ယွန်းချီသက်ပြင်းလေးခိုးချတယ်။ အမေကတော့ ခပ်ပြုံးပြုံးပါပဲ။ 


"သား သူငယ်ချင်း လာခေါ်မှာလား..."


"ဟုတ် သူ အိမ်ဝရောက်ရင် ဖုန်းဆက်မယ်တော့ပြောထားတယ်..."


ပြောရင်းဆိုရင်း အသက်ရှည်ဦးမဲ့ ကြက်မောက်သီးက ဖုန်းဆက်လာတယ်။ ယွန်းချီဖုန်းကို ခပ်မြန်မြန်ပဲကိုင်လိုက်တယ်။ မနေ့ညတုန်းက ကြက်မောက်သီးလေး ဖုန်းဆက်တဲ့အချိန်တုန်းကလို ယွန်းချီကြောင်ကြည့်မနေတော့ဘူး။ မနေ့တုန်းက ဖုန်းကို အကြာကြီး ကြောင်ကြည့်မိနေလို့ ကြက်မောက်သီးက သူ့ကို ငေါက်လိုက်သေးတယ်လေ။ ကြောင်ကြည့်မိတာ ယွန်းချီရဲ့အပြစ်တော့လည်း မဟုတ်ပါဘူး။ ဘာလို့ဆို ယွန်းချီရဲ့ Phone content ထဲမှာဆိုရင် အိမ်ကအဖေနဲ့အမေအပြင် ဟန်နာတစ်ယောက်ပဲ ရှိတယ်လေ။ အခုတော့ ကြက်မောက်သီးပါ ရှိလာတော့တာပေါ့။


Phone Screen မှာပေါ်လာတဲ့နာမည်ကြောင့် ယွန်းချီပြုံးမိသေးတယ်။ သူ ကြက်မောက်သီးလို့ နာမည်ပေးထားတာ သိရင် ခန့်ဝေသော်သူ့ကို တောင်အောက်ကို ပစ်ချလောက်လား? အယ် သူ တိတ်တိတ်လေးပဲ နေသင့်ပါတယ်။ မတော် ကြက်မောက်သီးသိသွားရင် သူတော့ ဒုက္ခတွေရောက်နေပါဦးမယ်။


"ငါ မင်းတို့အိမ်ဝရောက်နေပြီ..."


သူ့ ဟယ်လိုထူးသံကိုတောင် မစောင့်ဘဲကြက်မောက်သီးရဲ့ အသံက ဖုန်းထဲကအရင်ထွက်လာတယ်။ သူတို့က ဆယ်ကျော်သက်လေးတွေမို့ ကြက်မောက်သီးရဲ့အသံက လူငယ်ဆန်တာနဲ့လူပျိုဖော်ဝင်ပြောင်းတဲ့အသံနဲ့ နှစ်မျိုးရောနေခဲ့တယ်။ အမှန်အတိုင်းပြောရရင် ဖုန်းထဲမှာ ကြက်မောက်သီးရဲ့အသံက ပိုနားထောင်လို့ကောင်းတယ်လို့ ယွန်းချီထင်တယ်။


"အင်း ငါ အခုလာပြီ..."


"သူ့ကို မနက်စာဝင်စားခိုင်းပါလား..."


ယွန်းချီခေါ်လိုက်မလား စဉ်းစားပြီးတော့ သူ့အဖေက ကြက်မောက်သီးကို သဘောမကျလောက်ဘူးလို့ စဉ်းစားပြီးတော့ သူ ခေါင်းယမ်းလိုက်တယ်။ မတော်တဆ သူ အခုမှ အသစ်ရတဲ့သူငယ်ချင်းလေးကို ပထမဆုံးနေ့မှာကတည်းက သူ့ အဖေမျက်မုန်းကျိုးရင်ခက်ရချည်ရဲ့။ 


"ရတယ်... ကျွန်တော်တို့ အပြင်မှာ တစ်ခုခုစားဖို့ပဲ ပြောထားကြတာ..."


ယွန်းချီ မုသားဆိုပြီးတော့ ပြေးထွက်သွားလိုက်တယ်။ ဒီရက်ထဲ သူ ညာပြောတာတွေ များနေပြီပဲ။ သူ့အိမ်ကို အခုညာတယ်။ အရင်နေ့ကတော့ ကြက်မောက်သီးကို အကောင့်မရှိဘူးလို့ ညာတယ်။ ဒီညဘုရားရှိခိုးရင်တော့ သူ ဘုရားကို တောင်းပန်လိုက်ပါမယ်လေ။ သူ ညာခဲ့တဲ့ အကြောင်းတွေကိုပေါ့။ 


ယွန်းချီအပြင်ထွက်လာတော့ လယ်သာဂျာကင်အမည်းအောက်ခံအဖြူနဲ့ ဘောင်းဘီကာကီရောင် အောက်ကဖိနပ်ရှည်နဲ့ အပြင်မှာစောင့်နေတဲ့ ကြက်မောက်သီးကို တွေ့လိုက်တယ်။ ကျောင်းဝတ်စုံနဲ့သာ သူ့ဒီဇိုင်းက မလိုက်ဖက်တာ အခုလို အပြင်ဝတ်နဲ့ကျတော့လည်း လိုက်ဖက်နေတာပါပဲ။ 


"ဆောရီး ငါ နည်းနည်းကြာသွားတယ်... အိမ်က..."


တောင်ပေါ်မြို့လေးက ဒီရက်ပိုင်းအအေးလှိုင်းဒဏ်ကြောင့် အချမ်းဒဏ်ကပိုးနေခဲ့တယ်။ မာဖလာပတ်ထားပေမဲ့လည်း လေမှုတ်ထုတ်လိုက်တိုင်း ထွက်လာတဲ့ အာငွေ့တွေကို ကြည့်နေတဲ့ ကြက်မောက်သီးကို ယွန်းချီ အားတုံ့အားနာဆိုတယ်။ ဒါပေမဲ့ ကြက်မောက်သီးက သူ့ကို စကားတစ်ခွန်းမှ မတုံ့ပြန်ခဲ့ဘူး။ အဲ့ဒီအစား သူ့လည်ပင်းက မာဖလာကို ယွန်းချီကို ပတ်ပေးလာခဲ့တယ်။ 


"ဘာလို့ မင်း မာဖလာမယူလာတာလဲ ဒီလောက်အေးနေတာကို..."


မာဖလာက ကြက်မောက်သီးရဲ့ကိုယ်နံ့နဲ့ရေမွှေးနံ့ရောနေလို့ပေါ့။ ခပ်ရဲရဲဖြစ်သွားတဲ့ သူ့ မျက်နှာကို ယွန်းချီမာဖလာနဲ့ ဖုံးတယ်။ မာဖလာကို သူ့မျက်နှာတစ်ဝက်လောက်ထိ ဖုံးလိုက်ပြီး သူ ခန့်ဝေသော်ကို ကြည့်တယ်။ ခန့်ဝေသော်ကတော့ တံစက်မြိတ်မှာခဲနေတဲ့ ရေခဲတွေကို ကြည့်နေလေရဲ့။


"မင်း မအေးဘူးလား..."


"ငါ ဆိုင်ကယ်စီးမှာ မင်း အနောက်ကနေ ပတ်ထားလိုက်လေ..."


"မနက်စာရော... စားပြီးပြီလား..."


သူတို့ချိန်းတဲ့ အချိန်က ကိုးနာရီကျော်လောက်ဖြစ်တာကြောင့် ယွန်းချီတိုးတိုးလေးမေးတယ်။ သူကတော့ မနက်စောစာ စားပြီးသွားပြီ။ ယွန်းချီက မနက်စောစောထတတ်တဲ့ကောင်လေးလေ။ မနေ့က ရေချိုးပြီးတာတောင်မှ သူ ဒီနေ့ထပ်ရေချိုးလာသေးတယ်။ ချမ်းချမ်းစီးစီးဘာလို့ ရေချိုးလဲမေးရင် ဒီနေ့က ခန့်ဝေသော်နဲ့ အပြင်သွားရမှာမို့လို့ပါပဲ။ ညစ်တီးညစ်ပတ်ကောင်လေးတစ်ယောက် သူ မဖြစ်ချင်ဘူးလေ။ သူတို့ နေတဲ့မြို့လေးကလည်း ဆောင်းတွင်းရောက်ရင် ရေကို နေ့တိုင်းချိုးဖို့ မလွယ်ပါဘူး။ အခုလို အအေးလှိုင်းဖြတ်နေရင်တော့ သေချာပေါက်ပိုဆိုးတာပေါ့။ 


ဒီလို စွန့်စွန့်စားစားရေချိုးတာက ယွန်းချီတစ်ယောက်တည်း မဟုတ်ပါဘူး။ ခန့်ဝေသော်လည်း ပါတယ်။ သူတို့အိမ် Boiler ပျက်နေလို့တောင် သူ ဆဲရေးပြီး ရေချိုးခဲ့ရသေးတယ်။ မနေ့က ဦးထုတ်မဆောင်းထားတဲ့အရှိန်နဲ့ဆို သူ အအေးပတ်ပြီး ဖျားပါဖျားချင်နေတယ်။ ဒါပေမဲ့လည်း သူ ဒီနေ့ ယွန်းချီနဲ့တွေ့ဖို့ ချိန်းထားတာကြောင့် ဖြစ်အောင်ကို ရေချိုးလာခဲ့တယ်။ 


ကောင်လေးနှစ်ယောက်ဟာ ကိုယ်စီအတွေးနဲ့ရှက်နေကြပြီး ရပ်ထားတဲ့ဆိုင်ကယ်တစ်စီးနားမှာ တစ်ယောက်က မာဖလာကိုသူ့မျက်နှာကို ပိုလုံအောင်ဆွဲတင်နေပြီး တစ်ယောက်ကတော့ သူ့ဂုတ်ပိုးကိုသူ ပွတ်နေခဲ့တယ်။ 


"မစားခဲ့ဘူး ဒါပေမဲ့ မင်းဆံပင်ညှပ်ပြီးမှ စားလည်း နောက်မကျသေးပါဘူး..."


ပြောပြီးသူ့စိတ်ထဲရှက်သလို ခံစားလိုက်ရတယ်။ ခန့်ဝေသော်တစ်ယောက် သူ့ကိုယ်သူ ဆဲရေးလိုက်တယ်။ ဘာလို့ သူက ရှက်နေတာလဲ။ တကယ်ဆိုရင် ရှက်စရာလည်း မလိုဘဲနဲ့! ခန့်ဝေသော်ရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို ယွန်းချီကတော့ မသိခဲ့ပါဘူး။ 


သူတို့ရဲ့သွားလမ်းက တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ဆံပင်ညှပ်ဆိုင်ကောင်းကောင်းသိတယ်လို့သာ ခန့်ဝေသော်ပြောတာ။ တကယ်တော့ သူ မသိဘူး။ ဒီအတိုင်းယွန်းချီရဲ့အရှေ့ဆံပင်ကြီးက အုပ်နေတာကြောင့် မျက်လုံးလှလှလေးတွေကို သူ မမြင်နိုင်ဘူး။ ဒါကြောင့်အရှေ့ဆံပင်တွေကို သူ ညှပ်ဖို့တိုက်တွန်းခဲ့တာ။ ဘာကြောင့် သူနဲ့ညှပ်ရအောင်လည်း ပြောလဲဆိုတာကတော့ သူ ယွန်းချီနဲ့ပိုရင်းနှီးချင်တယ်။ ယွန်းချီက သူ့စိတ်ထဲက နတ်ဘုရားမလေးနဲ့ တူတာကြောင့် ခန့်ဝေသော်စိတ်ထဲမှာ ယွန်းချီနဲ့ ပိုနီးကပ်ချင်တယ်။ ဒါကိုတော့ သူ့စိတ်ထဲမှာပဲ သူ ထားထားတယ်။ မဟုတ်ရင် ယွန်းချီက သူ့ကို ဒေါသထွက်နိုင်တယ်။ တကယ်ဆို ယွန်းချီဒေါသထွက်မှာကို သူ့ စိတ်ထဲတွေးကြောက်စရာမလိုပါဘဲနဲ့ ဘာလို့ကြောက်နေတာလဲဆိုတာကိုလည်း ခန့်ဝေသော် စိတ်ထဲမှာ အဖြေမရှိခဲ့ပါဘူး။ ဒီအတိုင်းလေး... ရန်ဖြစ်လို့ အထိုးခံရ၊ ဒဏ်ရာအနာတရတွေရတာထက် သူ့ကို ယွန်းချီမုန်းမှာကို သူ ကြောက်နေရုံလေးပါ။ 


ကံတရားကတော့ ခန့်ဝေသော်ဘက်မှာ ရှိနေခဲ့တယ်။ ယွန်းချီကို သူ ခေါ်သွားတဲ့ဆိုင်က ယွန်းချီညှပ်နေကြဆိုင်ပဲ။ ဆိုင်ထဲဝင်ဝင်လာချင်း မာဖလာချွတ်နေတဲ့ ယွန်းချီကို ဆိုင်ကဝန်ထမ်းကောင်မလေးက နှုတ်ဆက်လာတယ်။ 


"ယွန်း ဒီတစ်ခေါက်တော့ ဟန်နာနဲ့မဟုတ်တော့ဘူးပေါ့..."


ယွန်းချီဘေးက ဆံပင်နီနီနဲ့ကြက်မောက်သီးကို သူတို့တွေ မြင်တာပေါ့။ အမှန်အတိုင်းပြောရရင် ကြက်မောက်သီးလေးက ဂျစ်တစ်တစ်သာ ဖြစ်တာ။ တကယ်တော့ ကောင်ချောလေးတစ်ယောက်ပါ။ သူ့ကိုမြင်တာနဲ့ ကောင်မလေးတွေက သူတို့အချင်းချင်း တီးတိုးပြောလေ့ရှိကြတယ်။ Bad Boy Type ကိုမှကြိုက်ပါတယ် ကောင်မလေးတွေဆိုရင်တော့ ကြက်မောက်သီးလေးခန့်ဝေသော်က သူတို့ရဲ့ Ideal Type ပဲပေါ့။ 


အခုလည်း ကောင်မလေးတချို့က ခန့်ဝေသော်ကိုမြင်တာနဲ့ ငှက်ကလေးတွေလို တွတ်တွတ်တွတ်တွတ် လုပ်နေကြလေရဲ့။ ခန့်ဝေသော်ကတော့ တစ်ယောက်ကိုမှ အရေးမစိုက်ခဲ့ဘူး။ သူ့ရင်ထဲမှာက သူ့ရဲ့ အလှနတ်ဘုရားမလေး ယွန်းပဲ ရှိတယ်။ အဲ အခုလောလောဆယ်တော့ ယွန်းချီကို ဆိုင်က ဝန်ထမ်းကောင်မလေးက ယွန်း လို့ခေါ်လိုက်တာကြောင့် သူ့စိတ်ထဲ နည်းနည်းလေးခံစားသွားရတယ်။ စဉ်းစားကြည့်ပါဦး... သူရူးသွပ်နေတဲ့ကောင်မလေးနဲ့တူတဲ့ကောင်လေးကို အဲ့ကောင်မလေးနာမည်အတိုင်းခေါ်လိုက်တော့ သူ့ရင်ထဲ ဘယ်လောက်များ တဝုန်းဝုန်းဖြစ်သွားလိမ့်မလဲ။


"အရှေ့ဆံပင်ညှပ်မှာလား?"


"ဟုတ်အရင်အတိုင်းပဲ..."


"ခဏတော့စောင့်ဦးနော်... ကိုဇွဲမအားလို့..."


"ဟုတ်ရတယ်..."


ကိုဇွဲဆိုတာ ယွန်းချီဒီမှာဆံပင်လာညှပ်တိုင်း ညှပ်ပေးနေတဲ့ဆံသဆရာပါ။ ယွန်းချီနဲ့ဝန်ထမ်းကောင်မလေးနဲ့စကားနည်းနည်းပြောပြီးတော့ ယွန်းချီတစ်ယောက် ခန့်ဝေသော်ကိုလှည့်ကြည့်တယ်။ စိတ်ထဲမှာတော့ ယွန်းချီညှပ်နေကျ ဆံပင်ညှပ်ဆိုင်ဖြစ်တာက ငါတော့ကံကောင်းတာပဲလို့ တွေးနေမိပေမဲ့ ခန့်ဝေသော်ရဲ့ မျက်နှာကတော့ ခပ်တည်တည်ပါပဲ။ မသိရင် မထင်မှတ်ဘဲ တိုက်ဆိုင်သွားသလိုပေါ့။ 


"ခဏထိုင်ရအောင်လေ..."


ယွန်းချီက လူကြောက်တတ်တာကြောင့်သူက သူရင်းနှီးနေကြလူတစ်ယောက်မဟုတ်ဘူးဆိုရင် သိပ်စကားအများကြီး မပြောတတ်ဘူး။ ဝင်ဝင်ချင်းသူ့ကိုနှုတ်ဆက်လာတဲ့ ဝန်ထမ်းကောင်မလေးရယ်၊ သူ့ကို ဆံပင်ညှပ်ပေးနေကျ ကိုဇွဲမဟုတ်ဘူးဆိုရင် ယွန်းချီ တစ်ဆိုင်လုံးမှာ ဘယ်တစ်ယောက်ကိုမှ စကားမပြောဘူး။ ဟန်နာရဲ့မိတ်ဆက်ပေးထားမှုကြောင့် ဆိုင်က လူတော်တော်များများကလည်း ယွန်းချီရဲ့ ဒီစရိုက်လေးကို သိကြတယ်။ ဘယ်သူမှတော့ ယွန်းချီကို ငကြောက်လေးလို့ မပြောကြပါဘူး။ ကံကောင်းတယ်ပဲပြောရမလားပဲ အဲ့ဒီလိုလူကြောက်တဲ့ စရိုက်နဲ့ယွန်းချီကို သူတို့က အချစ်တောင် ပိုကြသေးတယ်။ ကျောင်းပြီး လုပ်ငန်းခွင်ဝင်ရင်တော့ ယွန်းချီရဲ့ ဒီအကျင့်လေးက ပျောက်သွားမှာပါလို့ သူတို့အားပေးကြတယ်။ ယွန်းချီလည်း သူတို့ပြောသလို ဖြစ်လာဖို့ပဲမျှော်လင့်ပါတယ်။ 


"ဒါက ယွန်းချီတို့ကျောင်းကပဲလား..."


သူတို့နှစ်ယောက်အတွက် ကော်ဖီလာချပေးရင်းကနေ ကောင်မလေးစပ်စုတယ်။ ယွန်းချီကတော့ ရင်းနှီးနေတဲ့ သူဖြစ်တာကြောင့် အပြုံးနဲ့ပဲ။ 


"ဟုတ်... သူလည်း ပထမနှစ်ကျောင်းသားပဲ..."


တကယ်ဆို ယွန်းချီတို့က ၁၇ နှစ်တောင် မပြည့်ကြသေးတဲ့ ကောင်လေးတွေပါ။ သူတို့က အထက်တန်းကျောင်းကို စောစောပြီးခဲ့တာကြောင့် အသက်တွေလည်း ခိုးလို့ရတာကိုး။ သူတို့က ဒီအရွယ်လေးတွေနဲ့ ပထမနှစ်ကျောင်းသားတွေ ဖြစ်နေကြပြီ။ သူတို့တက္ကသိုလ်ဆိုတာကလည်း သူတို့ရဲ့မြို့အနေအထားအရဆိုရင်တော့ ကောလိပ်သာသာပါပဲ။ ဒီခေတ်ပညာရေးစနစ်မှာ ကောလိပ်လို့မသုံးဘူးလေ။ သူတို့က တက္ကသိုလ်လို့သုံးကြတယ်။ နောက်ပြီး ပါမောက္ခချုပ်ကိုတော့ ယွန်းချီတို့က ပါချုပ်လို့ မခေါ်တတ်ကြဘူး။ ကျောင်းအုပ်လို့ပဲ ခေါ်ကြတယ်။ သူတို့မြိုကလေးက ခပ်ကျဉ်းကျဉ်းပဲမို့ သိပ်ပြီးတော့ မတွင်ကျယ်လှပါဘူး။ 


အမှန်ပြောရရင် ယွန်းချီကတော့ သူနေတဲ့မြို့လေးကို သူ သဘောကျတယ်။ နည်းနည်းလေး တောကျတယ်ဆိုပေမဲ့ သူတို့မြို့လေးကနေ တော်တဲ့သူတွေအများကြီးထွက်တယ်။ နောက်ပြီး သူ့ဇာတိမြို့လေးက သစ်ပင်ကြီးတွေ အုပ်အုပ်စိုင်းစိုင်း လမ်းလည်းကောင်းကောင်းနဲ့ အမှိုက်ကင်းစင်ပြီး နေချင်စဖွယ်လည်းကောင်းကြတယ်။ အပေါဆုံးကတော့ ချယ်ရီနဲ့ မေပယ်ပင်ပဲ။ နောက်ပြီး ခေတ်မီအသုံးအဆောင်တွေလည်းရှိတယ်။ ဘာကြောင့်ဆို သူတို့မြို့မှာက တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်ကြတဲ့ သူတွေက များတယ်လေ။ ဒီတော့ များသောအားဖြင့် မြို့မှာရှိတာကအစိုးရဝန်ထမ်းတွေ၊ မိဘတွေနဲ့ ယွန်းချီတို့လို ကျောင်းသားလေးတွေပဲ များကြတယ်။ ဒါပေါ့ တချို့ ဒီမြို့က မခွာချင်တဲ့ သူတွေကလည်း ယွန်းချီတို့ရဲ့မြို့လေးမှာပဲ အခြေချစီးပွားရေးလုပ်ကိုင်ကြတာပေါ့။ အချုပ်ပြောရရင်တော့ သူတို့မြို့လေးက သိပ်ခေတ်နောက်မကျတဲ့ မြို့လေးပါ။


"မထင်မှတ်ဘဲ မင်းသိတဲ့ဆိုင်ကလည်း ဒီဆိုင်ဖြစ်နေတယ်..."


ယွန်းချီစကားကြောင့် ကြက်မောက်သီးလေးတစ်ယောက် သူ့နားထင်သူကုတ်ပြန်တယ်။ ဒါက သူ စိတ်အိုက်ပြီး ရှက်နေရင် လုပ်တတ်တဲ့ပြုအမူလေးတစ်ခုပေါ့။ 


"အင်း... ငါတို့တူသွားတာပေါ့ မင်း အမြဲတမ်း ဒီမှာပဲ ညှပ်နေကြလား..."


ဘာကြောင့် ယွန်းချီနဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်နေမိမှန်း သူ့ကိုယ်သူနားမလည်နိုင်တော့ပါဘူး။ ဒါပေမဲ့ ယွန်းချီနဲ့ပတ်သက်ပြီး သူ တစ်ခုပြီးတစ်ခုသိရတာကို သဘောကျတယ်။


"အင်း... ဟုတ်တယ်..."


"ယွန်း..."


ယွန်းချီကိုသူ နောက်တစ်ခွန်းဆက်ပြောမဲ့အချိန်မှာ ဆံပင်ညှပ်ဆရာက အချိန်ကိုက်ရောက်လာတော့တယ်။ ခန့်ဝေသော်တစ်ယောက် စိတ်ကသိကအောက်နဲ့။ 


"ကိုဇွဲ..."


ယွန်းချီဆိုတာကလည်း သူ့ဆံသဆရာလေးရဲ့ အသံကြားတာနဲ့ ဆတ်ခနဲကောက်ထလိုက်တာ ခွေးစာခွက်လေးကိုက်ပြီး အမြီးယမ်းယမ်းနဲ့ သခင့်ဆီပြေးသွားတဲ့ Pomeranian puppy လေးကျနေတာပဲ။ မကျေမနပ်နည်းနည်းလေး ဖြစ်နေရာကနေ ဆံသဆရာက ယွန်းချီရဲ့ကလစ်တွေကိုဖြုတ်ပြီး ဆံပင်ကို ကိုင်ကြည့်တာကို မြင်လိုက်ရတဲ့အချိန်မှာ ခန့်ဝေကျော်တစ်ယောက် အူနုကျွဲခတ်ခံလိုက်ရသလိုပဲ။ ဆံပင်ညှပ်တဲ့ခုံပေါ်ရောက်ပြီးမှ ကိုင်တော့ဘာဖြစ်မှာမို့လို့လဲ! စိတ်တိုစရာကောင်းလိုက်တာ! အဲ့လက်ကို ငါ သွားချိုးလိုက်ရ! 


အဲ့ဒီလိုနဲ့ခန့်ဝေသော်တစ်ယောက်က ဆံပင်ညှပ်နေတဲ့အချိန်တစ်ခုလုံးကို အံတကြိတ်ကြိတ်နဲ့ကျော်ဖြတ်ခဲ့ရပါတယ်။ ယွန်းချီကတော့ ခန့်ဝေသော်ရဲ့ စိတ်တိုဒေါသတွေကို မသိပေမဲ့ ဆံသဆရာအစ်ကိုကြီးကတော့ မျက်ထောင့်နီတွေကို ကောင်းကောင်းကြီး လက်ခံရရှိနေတာပေါ့။


ဆံပင်ညှပ်ပြီးတဲ့အချိန်မှာတော့ ယွန်းချီရဲ့ အုန်းမုတ်ခွက်ကေဆံပင်လေးက ယွန်းချီနဲ့လှပနေတော့တယ်။ အရှေ့ကိုအကုန်ချလိုက်ရင် အုန်မုတ်ခွက်ကေလို အတိဖြစ်နေမှာကို ယွန်းချီက နည်းနည်းလေးခွဲထားလေရဲ့။ ပြီးတော့ ဘေးဆံပင်လေးတွေက ယွန်းချီနားရွက်လေးတွေကို အုတ်ထားသေးတယ်။ အုန်းမုတ်ခွက်ကေလို့ သူနာမည်ပေးထားတဲ့ hairstyle က ယွန်းချီနဲ့တော့ လှပနေပါတယ်။ 


"သွားရအောင်လေ..."


မျက်မှန်လေးပင့်တင်ပြီးပြောတဲ့ ယွန်းချီကို ခန့််ဝေသော်ကြည့်တယ်။ 


"မျက်မှန်က ပါဝါနဲ့လား?"


မေးသာမေးတယ်။ ပါဝါနဲ့လို့တော့ သူ မထင်ပါဘူး။ ယွန်းချီရဲ့မျက်မှန်ကမှန်က တအားပါးလွန်းတယ်။ ဦးလေးရော အဒေါ်ရောက မျက်မှန်သမားတွေမို့ ပါဝါနဲ့မျက်မှန်တွေအကြောင်းကို သူ ကောင်းကောင်းသိတာပေါ့။


"မဟုတ်ဘူး ဒါပေမဲ့..."


"ချွတ်ထားလိုက်လေ..."


ပိုင်စိုးပိုင်နင်းပဲ ခန့်ဝေသော်က ဆံသဆရာရှေ့မှတင် ယွန်းချီမျက်မှန်ကို ဆွဲဖြုတ်လိုက်တယ်။ ခန့်ဝေသော်ရဲ့ အခုလိုပုံစံက သားရဲလေးတစ်ကောင်က သူ့မိတ်ဖက်ကို တခြားသူမသိဖို့ကို စစ်ခင်းလိုက်သလိုပါပဲ။ ဆံသဆရာက တအံ့တသြ ကြည့်ပေမဲ့ ယွန်းချီကတော့ သူ့မျက်လုံးကိုသူ အုပ်နေတာကြောင့် မသိခဲ့ဘူး။ 


"ဘာဖြစ်လို့လဲ မင်းမျက်လုံးက ဆံပင်မွှေးတွေ ဝင်ကုန်လို့လား?"


"မဟုတ်ဘူး ဒါပေမဲ့ ငါ့မျက်လုံးက..."


ယွန်းချီလက်ကို ခန့်ဝေသော် ဆွဲချလိုက်တဲ့အခါမှာ ယွန်းချီရဲ့ မျက်လုံးလေးတွေက တကယ်ကိုလှလှလေးတွေ။ သူ ထင်တာမမှားဘဲ တကယ်ကို သူ့အလှနတ်ဘုရားမလေးနဲ့တူတယ်။ 


"မင်း မျက်လုံးတွေက ယွန်းနဲ့တော်တော်တူတာပဲ..."


တူမှာပေါ့ ငါတို့ကတစ်ယောက်တည်းပဲကို! ယွန်းချီစိတ်ထဲကနေ ခန့်ဝေသော်ကို ငတုံးလို့ကျိန်ဆဲလိုက်ပြီးတော့ ခန့်ဝေသော် လက်ထဲက သူ့မျက်မှန်ကို ပြန်လုတယ်။ နောက်တော့ သူ ခန့်ဝေသော်ကို ဘုကြည့်ကြည့်ပြီးတော့...


"အဲ့ဒါကြောင့် မျက်မှန်တပ်ထားတာ ဟုတ်ပြီလား..."


စိတ်တိုတိုနဲ့ မျက်မှန်တပ်နေတဲ့ယွန်းချီကို ခန့်ဝေသော်ကြည့်တယ်။ ငွေရှင်းကောင်တာကို ခြေလှမ်းမဲ့အချိန်မှာ သူ ခပ်တိုးတိုးလေးပြောလေရဲ့။ ယွန်းချီနဲ့သူ နှစ်ယောက်တည်းကြားမဲ့ အသံမျိုးနဲ့ပေါ့။


"မင်းက ပိုလှပါတယ်..."


ခန့်ဝေသော်စကားက ယွန်းချီကို စတော်ဘယ်ရီသီးတစ်လုံးလို နီရဲသွားစေခဲ့တယ်။ 


"ငါတို့ မနက်စာစားရဦးမယ်... သွားမယ်..."


ပြောပြီးတာနဲ့ ယွန်းချီ မပြေးရုံတမယ် ငွေရှင်းကောင်တာကို ထွက်သွားတော့တယ်။ ယွန်းက လှတယ်ဆိုပေမဲ့ ယွန်းချီကို လှတယ်လို့ ဘယ်သူမှ မပြောဖူးပါဘူး။ ယွန်းချီကို ပိုလှတယ်လို့ တစ်ယောက်ယောက်က ပြောလာမယ်လို့ ယွန်းချီအိပ်မက်တောင်မမက်ဖူးဘူး။ သူ့မျက်နှာက ကြက်ဥတစ်လုံးကြော်လို့ရလောက်အောင်ကို ပူပြီးနီနေတယ်။ သူ့ရင်ကလည်း တဒိတ်ဒိတ်နဲ့ပေါ့။ ခြေလှမ်းကျဲတွေနဲ့ ငွေရှင်းကောင်တာကို ထွက်သွားတဲ့ ယွန်းချီကိုလိုက်မီအောင် ခန့်ဝေသော် ဘယ်လောက်မှတော့ မလိုက်ရပါဘူး။ ဘာလို့ဆို ယွန်းချီခြေထောက်လေးတွေက သူ့လောက်မှ မရှည်တာ။ ဒီလိုနဲ့ကောင်လေးနှစ်ယောက်ဟာ မနက်စာကို နေ့လည်မရောက်ခင်မှာ စားဖို့ထွက်သွားခဲ့ကြပါတယ်။ 


----------

Zawgyi 


အပိုင္း - ၄ : ယြန္းခ်ီက ပိုလွတယ္။


ဒီေန႔ကစေနေန႔ျဖစ္တယ္။ ေတာင္ေပၚၿမိဳ႕ေလးမွာ ေဆာင္းတြင္းမုိ႔ ရာသီဥကေတာ့ ခပ္ေအးေအးပဲေပါ့။ ယြန္းခ်ီ အဝတ္အစားလဲၿပီး အျပင္ထြက္လာေတာ့ ထူးထူးဆန္းဆန္း မိဘႏွစ္ပါးလံုးက အိမ္မွာရွိေနခဲ့တယ္။ ရံုးပိတ္ရက္ဆိုေပမဲ့လည္း အိုဗာတုိင္အျမဲရွိတတ္တဲ့ အေဖနဲ႔အေမ အိမ္မွာရွိေနေတာ့ ယြန္းခ်ီနည္းနည္းေတာင္ မင္သက္သြားတယ္။ စိတ္ထဲလည္း သူ ခန္႔ေဝေသာ္နဲ႔ခ်ိန္းထားတာကို ေနာင္တရခ်င္သလိုလုိပါပဲ။ အေဖနဲ႔အေမက အိမ္မွာရွိတာနည္းတယ္ေလ။ ရွိတုန္းေလး သူ အတူရွိခ်င္တာေပါ့။


"ယြန္း သား အျပင္သြားမလုိ႔လား..."


"ဟုတ္..."


သူ႔ ရွည္ေနတဲ့ဆံပင္ေလးေတြကို ေသေသသပ္သပ္ျဖစ္ေအာင္ သူ ကလစ္အမည္းေလးနဲ႔ဖံုးဖံုးဖိဖိလုပ္ထားတာေၾကာင့္ ယြန္းခ်ီအေဖက သားျဖစ္သူရဲ႕ေယာက်ာ္းသိပ္မဆန္တဲ့ဟန္ကို သိပ္ဘဝမက်ေပမဲ့လည္း မေျပာခဲ့ပါဘူး။ ဒါေပမဲ့ အရိပ္အကဲသိတဲ့ ယြန္းခ်ီကေတာ့ အေဖ့ရဲ႕မ်က္ႏွာကဲကို ခ်က္ခ်င္းသိတာေၾကာင့္...


"သားဆံပင္ေတြရွည္ေနၿပီေလ... ဒီေန႔သူငယ္ခ်င္းနဲ႔အတူတူ ဆံပင္သြားညွပ္မလုိ႔... အခုေတာင္ကလစ္ ကူေနရတယ္ ၾကည့္ပါလား..."


သူ႔စကားေၾကာင့္ အေဖ့မ်က္ႏွာေၾကာနည္းနည္းေလ်ာ့သြားတာကိုၾကည့္ၿပီး ယြန္းခ်ီသက္ျပင္းေလးခိုးခ်တယ္။ အေမကေတာ့ ခပ္ျပံဳးျပံဳးပါပဲ။


"သား သူငယ္ခ်င္း လာေခၚမွာလား..."


"ဟုတ္ သူ အိမ္ဝေရာက္ရင္ ဖုန္းဆက္မယ္ေတာ့ေျပာထားတယ္..."


ေျပာရင္းဆိုရင္း အသက္ရွည္ဦးမဲ့ ၾကက္ေမာက္သီးက ဖုန္းဆက္လာတယ္။ ယြန္းခ်ီဖုန္းကို ခပ္ျမန္ျမန္ပဲကိုင္လုိက္တယ္။ မေန႔ညတုန္းက ၾကက္ေမာက္သီးေလး ဖုန္းဆက္တဲ့အခ်ိန္တုန္းကလို ယြန္းခ်ီေၾကာင္ၾကည့္မေနေတာ့ဘူး။ မေန႔တုန္းက ဖုန္းကို အၾကာႀကီး ေၾကာင္ၾကည့္မိေနလုိ႔ ၾကက္ေမာက္သီးက သူ႔ကို ေငါက္လိုက္ေသးတယ္ေလ။ ေၾကာင္ၾကည့္မိတာ ယြန္းခ်ီရဲ႕အျပစ္ေတာ့လည္း မဟုတ္ပါဘူး။ ဘာလို႔ဆုိ ယြန္းခ်ီရဲ႕ Phone content ထဲမွာဆုိရင္ အိမ္ကအေဖနဲ႔အေမအျပင္ ဟန္နာတစ္ေယာက္ပဲ ရွိတယ္ေလ။ အခုေတာ့ ၾကက္ေမာက္သီးပါ ရွိလာေတာ့တာေပါ့။


Phone Screen မွာေပၚလာတဲ့နာမည္ေၾကာင့္ ယြန္းခ်ီျပံဳးမိေသးတယ္။ သူ ၾကက္ေမာက္သီးလုိ႔ နာမည္ေပးထားတာ သိရင္ ခန္႔ေဝေသာ္သူ႔ကို ေတာင္ေအာက္ကို ပစ္ခ်ေလာက္လား? အယ္ သူ တိတ္တိတ္ေလးပဲ ေနသင့္ပါတယ္။ မေတာ္ ၾကက္ေမာက္သီးသိသြားရင္ သူေတာ့ ဒုကၡေတြေရာက္ေနပါဦးမယ္။


"ငါ မင္းတို႔အိမ္ဝေရာက္ေနၿပီ..."


သူ႔ ဟယ္လိုထူးသံကိုေတာင္ မေစာင့္ဘဲၾကက္ေမာက္သီးရဲ႕ အသံက ဖုန္းထဲကအရင္ထြက္လာတယ္။ သူတုိ႔က ဆယ္ေက်ာ္သက္ေလးေတြမို႔ ၾကက္ေမာက္သီးရဲ႕အသံက လူငယ္ဆန္တာနဲ႔လူပ်ိဳေဖာ္ဝင္ေျပာင္းတဲ့အသံနဲ႔ ႏွစ္မ်ိဳးေရာေနခဲ့တယ္။ အမွန္အတုိင္းေျပာရရင္ ဖုန္းထဲမွာ ၾကက္ေမာက္သီးရဲ႕အသံက ပိုနားေထာင္လုိ႔ေကာင္းတယ္လုိ႔ ယြန္းခ်ီထင္တယ္္။


"အင္း ငါ အခုလာၿပီ..."


"သူ႔ကို မနက္စာဝင္စားခုိင္းပါလား..."


ယြန္းခ်ီေခၚလုိက္မလား စဥ္းစားၿပီးေတာ့ သူ႔အေဖက ၾကက္ေမာက္သီးကို သေဘာမက်ေလာက္ဘူးလို႔ စဥ္းစားၿပီးေတာ့ သူ ေခါင္းယမ္းလုိက္တယ္။ မေတာ္တဆ သူ အခုမွ အသစ္ရတဲ့သူငယ္ခ်င္းေလးကို ပထမဆံုးေန႔မွာကတည္းက သူ႔ အေဖမ်က္မုန္းက်ိဳးရင္ခက္ရခ်ည္ရဲ႕။


"ရတယ္... ကြ်န္ေတာ္တုိ႔ အျပင္မွာ တစ္ခုခုစားဖို႔ပဲ ေျပာထားၾကတာ..."


ယြန္းခ်ီ မုသားဆိုၿပီးေတာ့ ေျပးထြက္သြားလုိက္တယ္။ ဒီရက္ထဲ သူ ညာေျပာတာေတြ မ်ားေနၿပီပဲ။ သူ႔အိမ္ကို အခုညာတယ္။ အရင္ေန႔ကေတာ့ ၾကက္ေမာက္သီးကို အေကာင့္မရွိဘူးလုိ႔ ညာတယ္။ ဒီညဘုရားရွိခုိးရင္ေတာ့ သူ ဘုရားကို ေတာင္းပန္လိုက္ပါမယ္ေလ။ သူ ညာခဲ့တဲ့ အေၾကာင္းေတြကိုေပါ့။


ယြန္းခ်ီအျပင္ထြက္လာေတာ့ လယ္သာဂ်ာကင္အမည္းေအာက္ခံအျဖဴနဲ႔ ေဘာင္းဘီကာကီေရာင္ ေအာက္ကဖိနပ္ရွည္နဲ႔ အျပင္မွာေစာင့္ေနတဲ့ ၾကက္ေမာက္သီးကို ေတြ႔လုိက္တယ္။ ေက်ာင္းဝတ္စံုနဲ႔သာ သူ႔ဒီဇုိင္းက မလုိက္ဖက္တာ အခုလုိ အျပင္ဝတ္နဲ႔က်ေတာ့လည္း လုိက္ဖက္ေနတာပါပဲ။


"ေဆာရီး ငါ နည္းနည္းၾကာသြားတယ္... အိမ္က..."


ေတာင္ေပၚၿမိဳ႕ေလးက ဒီရက္ပိုင္းအေအးလိႈင္းဒဏ္ေၾကာင့္ အခ်မ္းဒဏ္ကပိုးေနခဲ့တယ္။ မာဖလာပတ္ထားေပမဲ့လည္း ေလမႈတ္ထုတ္လိုက္တိုင္း ထြက္လာတဲ့ အာေငြ႔ေတြကို ၾကည့္ေနတဲ့ ၾကက္ေမာက္သီးကို ယြန္းခ်ီ အားတံု႔အားနာဆုိတယ္။ ဒါေပမဲ့ ၾကက္ေမာက္သီးက သူ႔ကို စကားတစ္ခြန္းမွ မတံု႔ျပန္ခ့ဲဘူး။ အဲ့ဒီအစား သူ႔လည္ပင္းက မာဖလာကို ယြန္းခ်ီကို ပတ္ေပးလာခဲ့တယ္။


"ဘာလို႔ မင္း မာဖလာမယူလာတာလဲ ဒီေလာက္ေအးေနတာကို..."


မာဖလာက ၾကက္ေမာက္သီးရဲ႕ကိုယ္နံ႔နဲ႔ေရေမႊးနံ႔ေရာေနလို႔ေပါ့။ ခပ္ရဲရဲျဖစ္သြားတဲ့ သူ႔ မ်က္ႏွာကို ယြန္းခ်ီမာဖလာနဲ႔ ဖံုးတယ္။ မာဖလာကို သူ႔မ်က္ႏွာတစ္ဝက္ေလာက္ထိ ဖံုးလုိက္ၿပီး သူ ခန္႔ေဝေသာ္ကို ၾကည့္တယ္။ ခန္႔ေဝေသာ္ကေတာ့ တံစက္ၿမိတ္မွာခဲေနတဲ့ ေရခဲေတြကို ၾကည့္ေနေလရဲ႕။


"မင္း မေအးဘူးလား..."


"ငါ ဆုိင္ကယ္စီးမွာ မင္း အေနာက္ကေန ပတ္ထားလိုက္ေလ..."


"မနက္စာေရာ... စားၿပီးၿပီလား..."


သူတုိ႔ခ်ိန္းတဲ့ အခ်ိန္က ကိုးနာရီေက်ာ္ေလာက္ျဖစ္တာေၾကာင့္ ယြန္းခ်ီတိုးတိုးေလးေမးတယ္။ သူကေတာ့ မနက္ေစာစာ စားၿပီးသြားၿပီ။ ယြန္းခ်ီက မနက္ေစာေစာထတတ္တဲ့ေကာင္ေလးေလ။ မေန႔က ေရခ်ိဳးၿပီးတာေတာင္မွ သူ ဒီေန႔ထပ္ေရခ်ိဳးလာေသးတယ္။ ခ်မ္းခ်မ္းစီးစီးဘာလုိ႔ ေရခ်ိဳးလဲေမးရင္ ဒီေန႔က ခန္႔ေဝေသာ္နဲ႔ အျပင္သြားရမွာမို႔လုိ႔ပါပဲ။ ညစ္တီးညစ္ပတ္ေကာင္ေလးတစ္ေယာက္ သူ မျဖစ္ခ်င္ဘူးေလ။ သူတုိ႔ ေနတဲ့ၿမိဳ႕ေလးကလည္း ေဆာင္းတြင္းေရာက္ရင္ ေရကို ေန႔တုိင္းခ်ိဳးဖို႔ မလြယ္ပါဘူး။ အခုလုိ အေအးလိႈင္းျဖတ္ေနရင္ေတာ့ ေသခ်ာေပါက္ပိုဆိုးတာေပါ့။


ဒီလို စြန္႔စြန္႔စားစားေရခ်ိဳးတာက ယြန္းခ်ီတစ္ေယာက္တည္း မဟုတ္ပါဘူး။ ခန္႔ေဝေသာ္လည္း ပါတယ္။ သူတုိ႔အိမ္ Boiler ပ်က္ေနလုိ႔ေတာင္ သူ ဆဲေရးၿပီး ေရခ်ိဳးခဲ့ရေသးတယ္။ မေန႔က ဦးထုတ္မေဆာင္းထားတဲ့အရွိန္နဲ႔ဆုိ သူ အေအးပတ္ၿပီး ဖ်ားပါဖ်ားခ်င္ေနတယ္။ ဒါေပမဲ့လည္း သူ ဒီေန႔ ယြန္းခ်ီနဲ႔ေတြ႔ဖို႔ ခ်ိန္းထားတာေၾကာင့္ ျဖစ္ေအာင္ကို ေရခ်ိဳးလာခဲ့တယ္။


ေကာင္ေလးႏွစ္ေယာက္ဟာ ကိုယ္စီအေတြးနဲ႔ရွက္ေနၾကၿပီး ရပ္ထားတ့ဲဆုိင္ကယ္တစ္စီးနားမွာ တစ္ေယာက္က မာဖလာကိုသူ႔မ်က္ႏွာကို ပုိလံုေအာင္ဆြဲတင္ေနၿပီး တစ္ေယာက္ကေတာ့ သူ႔ဂုတ္ပိုးကိုသူ ပြတ္ေနခဲ့တယ္။


"မစားခဲ့ဘူး ဒါေပမဲ့ မင္းဆံပင္ညွပ္ၿပီးမွ စားလည္း ေနာက္မက်ေသးပါဘူး..."


ေျပာၿပီးသူ႔စိတ္ထဲရွက္သလို ခံစားလုိက္ရတယ္။ ခန္႔ေဝေသာ္တစ္ေယာက္ သူ႔ကိုယ္သူ ဆဲေရးလုိက္တယ္။ ဘာလုိ႔ သူက ရွက္ေနတာလဲ။ တကယ္ဆုိရင္ ရွက္စရာလည္း မလုိဘဲနဲ႔! ခန္႔ေဝေသာ္ရဲ႕ စိတ္ထဲမွာ ဘာေတြျဖစ္ေနလဲဆိုတာကို ယြန္းခ်ီကေတာ့ မသိခဲ့ပါဘူး။


သူတုိ႔ရဲ႕သြားလမ္းက တိတ္တိတ္ဆိတ္ဆိတ္ပါပဲ။ ဆံပင္ညွပ္ဆုိင္ေကာင္းေကာင္းသိတယ္လုိ႔သာ ခန္႔ေဝေသာ္ေျပာတာ။ တကယ္ေတာ့ သူ မသိဘူး။ ဒီအတုိင္းယြန္းခ်ီရဲ႕အေရွ႕ဆံပင္ႀကီးက အုပ္ေနတာေၾကာင့္ မ်က္လံုးလွလွေလးေတြကို သူ မျမင္ႏိုင္ဘူး။ ဒါေၾကာင့္အေရွ႕ဆံပင္ေတြကို သူ ညွပ္ဖို႔တုိက္တြန္းခဲ့တာ။ ဘာေၾကာင့္ သူနဲ႔ညွပ္ရေအာင္လည္း ေျပာလဲဆုိတာကေတာ့ သူ ယြန္းခ်ီနဲ႔ပိုရင္းႏီွးခ်င္တယ္။ ယြန္းခ်ီက သူ႔စိတ္ထဲက နတ္ဘုရားမေလးနဲ႔ တူတာေၾကာင့္ ခန္႔ေဝေသာ္စိတ္ထဲမွာ ယြန္းခ်ီနဲ႔ ပိုနီးကပ္ခ်င္တယ္။ ဒါကိုေတာ့ သူ႔စိတ္ထဲမွာပဲ သူ ထားထားတယ္။ မဟုတ္ရင္ ယြန္းခ်ီက သူ႔ကို ေဒါသထြက္ႏုိင္တယ္။ တကယ္ဆုိ ယြန္းခ်ီေဒါသထြက္မွာကို သူ႔ စိတ္ထဲေတြးေၾကာက္စရာမလုိပါဘဲနဲ႔ ဘာလို႔ေၾကာက္ေနတာလဲဆုိတာကိုလည္း ခန္႔ေဝေသာ္ စိတ္ထဲမွာ အေျဖမရွိခဲ့ပါဘူး။ ဒီအတုိင္းေလး... ရန္ျဖစ္လုိ႔ အထိုးခံရ၊ ဒဏ္ရာအနာတရေတြရတာထက္ သူ႔ကို ယြန္းခ်ီမုန္းမွာကို သူ ေၾကာက္ေနရံုေလးပါ။


ကံတရားကေတာ့ ခန္႔ေဝေသာ္ဘက္မွာ ရွိေနခဲ့တယ္။ ယြန္းခ်ီကို သူ ေခၚသြားတဲ့ဆုိင္က ယြန္းခ်ီညွပ္ေနၾကဆုိင္ပဲ။ ဆုိင္ထဲဝင္ဝင္လာခ်င္း မာဖလာခြ်တ္ေနတဲ့ ယြန္းခ်ီကို ဆုိင္ကဝန္ထမ္းေကာင္မေလးက ႏႈတ္ဆက္လာတယ္။


"ယြန္း ဒီတစ္ေခါက္ေတာ့ ဟန္နာနဲ႔မဟုတ္ေတာ့ဘူးေပါ့..."


ယြန္းခ်ီေဘးက ဆံပင္နီနီနဲ႔ၾကက္ေမာက္သီးကို သူတုိ႔ေတြ ျမင္တာေပါ့။ အမွန္အတုိင္းေျပာရရင္ ၾကက္ေမာက္သီးေလးက ဂ်စ္တစ္တစ္သာ ျဖစ္တာ။ တကယ္ေတာ့ ေကာင္ေခ်ာေလးတစ္ေယာက္ပါ။ သူ႔ကိုျမင္တာနဲ႔ ေကာင္မေလးေတြက သူတုိ႔အခ်င္းခ်င္း တီးတိုးေျပာေလ့ရွိၾကတယ္။ Bad Boy Type ကိုမွႀကိဳက္ပါတယ္ ေကာင္မေလးေတြဆိုရင္ေတာ့ ၾကက္ေမာက္သီးေလးခန္႔ေဝေသာ္က သူတုိ႔ရဲ႕ Ideal Type ပဲေပါ့။

အခုလည္း ေကာင္မေလးတခ်ိဳ႕က ခန္႔ေဝေသာ္ကိုျမင္တာနဲ႔ ငွက္ကေလးေတြလုိ တြတ္တြတ္တြတ္တြတ္ လုပ္ေနၾကေလရဲ႕။ ခန္႔ေဝေသာ္ကေတာ့ တစ္ေယာက္ကိုမွ အေရးမစိုက္ခဲ့ဘူး။ သူ႔ရင္ထဲမွာက သူ႔ရဲ႕ အလွနတ္ဘုရားမေလး ယြန္းပဲ ရွိတယ္။ အဲ အခုေလာေလာဆယ္ေတာ့ ယြန္းခ်ီကို ဆုိင္က ဝန္ထမ္းေကာင္မေလးက ယြန္း လုိ႔ေခၚလုိက္တာေၾကာင့္ သူ႔စိတ္ထဲ နည္းနည္းေလးခံစားသြားရတယ္။ စဥ္းစားၾကည့္ပါဦး... သူရူးသြပ္ေနတဲ့ေကာင္မေလးနဲ႔တူတဲ့ေကာင္ေလးကို အဲ့ေကာင္မေလးနာမည္အတုိင္းေခၚလုိက္ေတာ့ သူ႔ရင္ထဲ ဘယ္ေလာက္မ်ား တဝုန္းဝုန္းျဖစ္သြားလိမ့္မလဲ။


"အေရွ႕ဆံပင္ညွပ္မွာလား?"


"ဟုတ္အရင္အတုိင္းပဲ..."


"ခဏေတာ့ေစာင့္ဦးေနာ္... ကိုဇြဲမအားလုိ႔..."


"ဟုတ္ရတယ္..."


ကိုဇြဲဆုိတာ ယြန္းခ်ီဒီမွာဆံပင္လာညွပ္တုိင္း ညွပ္ေပးေနတဲ့ဆံသဆရာပါ။ ယြန္းခ်ီနဲ႔ဝန္ထမ္းေကာင္မေလးနဲ ့စကားနည္းနည္းေျပာၿပီးေတာ့ ယြန္းခ်ီတစ္ေယာက္ ခန္႔ေဝေသာ္ကိုလွည့္ၾကည့္တယ္။ စိတ္ထဲမွာေတာ့ ယြန္းခ်ီညွပ္ေနက် ဆံပင္ညွပ္ဆုိင္ျဖစ္တာက ငါေတာ့ကံေကာင္းတာပဲလုိ႔ ေတြးေနမိေပမဲ့ ခန္႔ေဝေသာ္ရဲ႕ မ်က္ႏွာကေတာ့ ခပ္တည္တည္ပါပဲ။ မသိရင္ မထင္မွတ္ဘဲ တိုက္ဆုိင္သြားသလိုေပါ့။


"ခဏထုိင္ရေအာင္ေလ..."


ယြန္းခ်ီက လူေၾကာက္တတ္တာေၾကာင့္သူက သူရင္းႏီွးေနၾကလူတစ္ေယာက္မဟုတ္ဘူးဆုိရင္ သိပ္စကားအမ်ားႀကီး မေျပာတတ္ဘူး။ ဝင္ဝင္ခ်င္းသူ႔ကိုႏႈတ္ဆက္လာတဲ့ ဝန္ထမ္းေကာင္မေလးရယ္၊ သူ႔ကို ဆံပင္ညွပ္ေပးေနက် ကိုဇြဲမဟုတ္ဘူးဆုိရင္ ယြန္းခ်ီ တစ္ဆုိင္လံုးမွာ ဘယ္တစ္ေယာက္ကိုမွ စကားမေျပာဘူး။ ဟန္နာရဲ႕မိတ္ဆက္ေပးထားမႈေၾကာင့္ ဆုိင္က လူေတာ္ေတာ္မ်ားမ်ားကလည္း ယြန္းခ်ီရဲ႕ ဒီစရိုက္ေလးကို သိၾကတယ္။ ဘယ္သူမွေတာ့ ယြန္းခ်ီကို ငေၾကာက္ေလးလို႔ မေျပာၾကပါဘူး။ ကံေကာင္းတယ္ပဲေျပာရမလားပဲ အဲ့ဒီလုိလူေၾကာက္တဲ့ စရိုက္နဲ႔ယြန္းခ်ီကို သူတုိ႔က အခ်စ္ေတာင္ ပိုၾကေသးတယ္။ ေက်ာင္းၿပီး လုပ္ငန္းခြင္ဝင္ရင္ေတာ့ ယြန္းခ်ီရဲ႕ ဒီအက်င့္ေလးက ေပ်ာက္သြားမွာပါလုိ႔ သူတုိ႔အားေပးၾကတယ္။ ယြန္းခ်ီလည္း သူတုိ႔ေျပာသလုိ ျဖစ္လာဖို႔ပဲေမွ်ာ္လင့္ပါတယ္။


"ဒါက ယြန္းခ်ီတုိ႔ေက်ာင္းကပဲလား..."


သူတုိ႔ႏွစ္ေယာက္အတြက္ ေကာ္ဖီလာခ်ေပးရင္းကေန ေကာင္မေလးစပ္စုတယ္။ ယြန္းခ်ီကေတာ့ ရင္းႏီွးေနတဲ့ သူျဖစ္တာေၾကာင့္ အျပံဳးနဲ႔ပဲ။


"ဟုတ္... သူလည္း ပထမႏွစ္ေက်ာင္းသားပဲ..."

တကယ္ဆုိ ယြန္းခ်ီတုိ႔က ၁၇ ႏွစ္ေတာင္ မျပည့္ၾကေသးတဲ့ ေကာင္ေလးေတြပါ။ သူတုိ႔က အထက္တန္းေက်ာင္းကို ေစာေစာၿပီးခဲ့တာေၾကာင့္ အသက္ေတြလည္း ခုိးလို႔ရတာကိုး။ သူတုိ႔က ဒီအရြယ္ေလးေတြန႔ဲ ပထမႏွစ္ေက်ာင္းသားေတြ ျဖစ္ေနၾကၿပီ။ သူတုိ႔တကၠသိုလ္ဆုိတာကလည္း သူတုိ႔ရဲ႕ၿမိဳ႕အေနအထားအရဆုိရင္ေတာ့ ေကာလိပ္သာသာပါပဲ။ ဒီေခတ္ပညာေရးစနစ္မွာ ေကာလိပ္လုိ႔မသံုးဘူးေလ။ သူတုိ႔က တကၠသိုလ္လုိ႔သံုးၾကတယ္။ ေနာက္ၿပီး ပါေမာကၡခ်ဳပ္ကိုေတာ့ ယြန္းခ်ီတုိ႔က ပါခ်ဳပ္လုိ႔ မေခၚတတ္ၾကဘူး။ ေက်ာင္းအုပ္လုိ႔ပဲ ေခၚၾကတယ္။ သူတုိ႔ၿမိဳကေလးက ခပ္က်ဥ္းက်ဥ္းပဲမုိ႔ သိပ္ၿပီးေတာ့ မတြင္က်ယ္လွပါဘူး။


အမွန္ေျပာရရင္ ယြန္းခ်ီကေတာ့ သူေနတဲ့ၿမိဳ႕ေလးကို သူ သေဘာက်တယ္။ နည္းနည္းေလး ေတာက်တယ္ဆုိေပမဲ့ သူတုိ႔ၿမိဳ႕ေလးကေန ေတာ္တဲ့သူေတြအမ်ားႀကီးထြက္တယ္။ ေနာက္ၿပီး သူ႔ဇာတိၿမိဳ႕ေလးက သစ္ပင္ႀကီးေတြ အုပ္အုပ္စိုင္းစိုင္း လမ္းလည္းေကာင္းေကာင္းနဲ႔ အမိႈက္ကင္းစင္ၿပီး ေနခ်င္စဖြယ္လည္းေကာင္းၾကတယ္။ အေပါဆံုးကေတာ့ ခ်ယ္ရီနဲ႔ ေမပယ္ပင္ပဲ။ ေနာက္ၿပီး ေခတ္မီအသံုးအေဆာင္ေတြလည္းရွိတယ္။ ဘာေၾကာင့္ဆို သူတုိ႔ၿမိဳ႕မွာက တုိင္းတစ္ပါးမွာ အလုပ္သြားလုပ္ၾကတဲ့ သူေတြက မ်ားတယ္ေလ။ ဒီေတာ့ မ်ားေသာအားျဖင့္ ၿမိဳ႕မွာရွိတာကအစိုးရဝန္ထမ္းေတြ၊ မိဘေတြနဲ႔ ယြန္းခ်ီတုိ႔လုိ ေက်ာင္းသားေလးေတြပဲ မ်ားၾကတယ္။ ဒါေပါ့ တခ်ိဳ႕ ဒီၿမိဳ႕က မခြာခ်င္တဲ့ သူေတြကလည္း ယြန္းခ်ီတုိ႔ရဲ႕ၿမိဳ႕ေလးမွာပဲ အေျခခ်စီးပြားေရးလုပ္ကိုင္ၾကတာေပါ့။ အခ်ဳပ္ေျပာရရင္ေတာ့ သူတုိ႔ၿမိဳ႕ေလးက သိပ္ေခတ္ေနာက္မက်တဲ့ ၿမိဳ႕ေလးပါ။


"မထင္မွတ္ဘဲ မင္းသိတဲ့ဆုိင္ကလည္း ဒီဆုိင္ျဖစ္ေနတယ္..."


ယြန္းခ်ီစကားေၾကာင့္ ၾကက္ေမာက္သီးေလးတစ္ေယာက္ သူ႔နားထင္သူကုတ္ျပန္တယ္။ ဒါက သူ စိတ္အိုက္ၿပီး ရွက္ေနရင္ လုပ္တတ္တ့ဲျပဳအမူေလးတစ္ခုေပါ့။


"အင္း... ငါတုိ႔တူသြားတာေပါ့ မင္း အျမဲတမ္း ဒီမွာပဲ ညွပ္ေနၾကလား..."


ဘာေၾကာင့္ ယြန္းခ်ီနဲ႔ပတ္သက္ၿပီး ေမးခြန္းေတြထုတ္ေနမိမွန္း သူ႔ကိုယ္သူနားမလည္ႏိုင္ေတာ့ပါဘူး။ ဒါေပမဲ့ ယြန္းခ်ီနဲ႔ပတ္သက္ၿပီး သူ တစ္ခုၿပီးတစ္ခုသိရတာကို သေဘာက်တယ္။


"အင္း... ဟုတ္တယ္..."

"ယြန္း..."


ယြန္းခ်ီကုိသူ ေနာက္တစ္ခြန္းဆက္ေျပာမဲ့အခ်ိန္မွာ ဆံပင္ညွပ္ဆရာက အခ်ိန္ကိုက္ေရာက္လာေတာ့တယ္။ ခန္႔ေဝေသာ္တစ္ေယာက္ စိတ္ကသိကေအာက္နဲ႔။


"ကိုဇြဲ..."


ယြန္းခ်ီဆုိတာကလည္း သူ႔ဆံသဆရာေလးရဲ႕ အသံၾကားတာနဲ႔ ဆတ္ခနဲေကာက္ထလုိက္တာ ေခြးစာခြက္ေလးကိုက္ၿပီး အၿမီးယမ္းယမ္းနဲ႔ သခင့္ဆီေျပးသြားတဲ့ Pomeranian puppy ေလးက်ေနတာပဲ။ မေက်မနပ္နည္းနည္းေလး ျဖစ္ေနရာကေန ဆံသဆရာက ယြန္းခ်ီရဲ႕ကလစ္ေတြကိုျဖဳတ္ၿပီး ဆံပင္ကို ကိုင္ၾကည့္တာကို ျမင္လုိက္ရတဲ့အခ်ိန္မွာ ခန္႔ေဝေက်ာ္တစ္ေယာက္ အူႏုကြ်ဲခတ္ခံလုိက္ရသလုိပဲ။ ဆံပင္ညွပ္တဲ့ခံုေပၚေရာက္ၿပီးမွ ကိုင္ေတာ့ဘာျဖစ္မွာမို႔လို႔လဲ! စိတ္တိုစရာေကာင္းလုိက္တာ! အဲ့လက္ကို ငါ သြားခ်ိဳးလုိက္ရ!


အဲ့ဒီလိုနဲ႔ခန္႔ေဝေသာ္တစ္ေယာက္က ဆံပင္ညွပ္ေနတ့ဲအခ်ိန္တစ္ခုလံုးကို အံတႀကိတ္ႀကိတ္နဲ႔ေက်ာ္ျဖတ္ခဲ့ရပါတယ္။ ယြန္းခ်ီကေတာ့ ခန္႔ေဝေသာ္ရဲ႕ စိတ္တိုေဒါသေတြကို မသိေပမဲ့ ဆံသဆရာအစ္ကိုႀကီးကေတာ့ မ်က္ေထာင့္နီေတြကို ေကာင္းေကာင္းႀကီး လက္ခံရရွိေနတာေပါ့။


ဆံပင္ညွပ္ၿပီးတဲ့အခ်ိန္မွာေတာ့ ယြန္းခ်ီရဲ႕ အုန္းမုတ္ခြက္ေကဆံပင္ေလးက ယြန္းခ်ီနဲ႔လွပေနေတာ့တယ္။ အေရွ႕ကိုအကုန္ခ်လိုက္ရင္ အုန္မုတ္ခြက္ေကလုိ အတိျဖစ္ေနမွာကို ယြန္းခ်ီက နည္းနည္းေလးခြဲထားေလရဲ႕။ ၿပီးေတာ့ ေဘးဆံပင္ေလးေတြက ယြန္းခ်ီနားရြက္ေလးေတြကို အုတ္ထားေသးတယ္။ အုန္းမုတ္ခြက္ေကလို႔ သူနာမည္ေပးထားတဲ့ hairstyle က ယြန္းခ်ီနဲ႔ေတာ့ လွပေနပါတယ္။


"သြားရေအာင္ေလ..."


မ်က္မွန္ေလးပင့္တင္ၿပီးေျပာတဲ့ ယြန္းခ်ီကို ခန္္႔ေဝေသာ္ၾကည့္တယ္။


"မ်က္မွန္က ပါဝါနဲ႔လား?"


ေမးသာေမးတယ္။ ပါဝါနဲ႔လုိ႔ေတာ့ သူ မထင္ပါဘူး။ ယြန္းခ်ီရဲ႕မ်က္မွန္ကမွန္က တအားပါးလြန္းတယ္။ ဦးေလးေရာ အေဒၚေရာက မ်က္မွန္သမားေတြမုိ႔ ပါဝါနဲ႔မ်က္မွန္ေတြအေၾကာင္းကို သူ ေကာင္းေကာင္းသိတာေပါ့။


"မဟုတ္ဘူး ဒါေပမဲ့..."


"ခြ်တ္ထားလိုက္ေလ..."


ပိုင္စိုးပိုင္နင္းပဲ ခန္႔ေဝေသာ္က ဆံသဆရာေရွ႕မွတင္ ယြန္းခ်ီမ်က္မွန္ကုိ ဆြဲျဖဳတ္လုိက္တယ္။ ခန္႔ေဝေသာ္ရဲ႕ အခုလိုပံုစံက သားရဲေလးတစ္ေကာင္က သူ႔မိတ္ဖက္ကို တျခားသူမသိဖို႔ကို စစ္ခင္းလုိက္သလုိပါပဲ။ ဆံသဆရာက တအံ့တၾသ ၾကည့္ေပမဲ့ ယြန္းခ်ီကေတာ့ သူ႔မ်က္လံုးကိုသူ အုပ္ေနတာေၾကာင့္ မသိခဲ့ဘူး။


"ဘာျဖစ္လုိ႔လဲ မင္းမ်က္လံုးက ဆံပင္ေမႊးေတြ ဝင္ကုန္လို႔လား?"


"မဟုတ္ဘူး ဒါေပမဲ့ ငါ့မ်က္လံုးက..."


ယြန္းခ်ီလက္ကို ခန္႔ေဝေသာ္ ဆြဲခ်လုိက္တဲ့အခါမွာ ယြန္းခ်ီရဲ႕ မ်က္လံုးေလးေတြက တကယ္ကိုလွလွေလးေတြ။ သူ ထင္တာမမွားဘဲ တကယ္ကို သူ႔အလွနတ္ဘုရားမေလးနဲ႔တူတယ္။


"မင္း မ်က္လံုးေတြက ယြန္းနဲ႔ေတာ္ေတာ္တူတာပဲ..."


တူမွာေပါ့ ငါတုိ႔ကတစ္ေယာက္တည္းပဲကို! ယြန္းခ်ီစိတ္ထဲကေန ခန္႔ေဝေသာ္ကို ငတံုးလုိ႔က်ိန္ဆဲလုိက္ၿပီးေတာ့ ခန္႔ေဝေသာ္ လက္ထဲက သူ႔မ်က္မွန္ကုိ ျပန္လုတယ္။ ေနာက္ေတာ့ သူ ခန္႔ေဝေသာ္ကို ဘုၾကည့္ၾကည့္ၿပီးေတာ့...


"အဲ့ဒါေၾကာင့္ မ်က္မွန္တပ္ထားတာ ဟုတ္ၿပီလား..."


စိတ္တုိတုိနဲ႔ မ်က္မွန္တပ္ေနတဲ့ယြန္းခ်ီကို ခန္႔ေဝေသာ္ၾကည့္တယ္။ ေငြရွင္းေကာင္တာကို ေျခလွမ္းမဲ့အခ်ိန္မွာ သူ ခပ္တုိးတုိးေလးေျပာေလရဲ႕။ ယြန္းခ်ီန႔ဲသူ ႏွစ္ေယာက္တည္းၾကားမဲ့ အသံမ်ိဳးနဲ႔ေပါ့။


"မင္းက ပိုလွပါတယ္..."


ခန္႔ေဝေသာ္စကားက ယြန္းခ်ီကို စေတာ္ဘယ္ရီသီးတစ္လံုးလို နီရဲသြားေစခဲ့တယ္။


"ငါတုိ႔ မနက္စာစားရဦးမယ္... သြားမယ္..."


ေျပာၿပီးတာနဲ႔ ယြန္းခ်ီ မေျပးရံုတမယ္ ေငြရွင္းေကာင္တာကို ထြက္သြားေတာ့တယ္။ ယြန္းက လွတယ္ဆိုေပမဲ့ ယြန္းခ်ီကို လွတယ္လုိ႔ ဘယ္သူမွ မေျပာဖူးပါဘူး။ ယြန္းခ်ီကို ပိုလွတယ္လုိ႔ တစ္ေယာက္ေယာက္က ေျပာလာမယ္လုိ႔ ယြန္းခ်ီအိပ္မက္ေတာင္မမက္ဖူးဘူး။ သူ႔မ်က္ႏွာက ၾကက္ဥတစ္လံုးေၾကာ္လုိ႔ရေလာက္ေအာင္ကို ပူၿပီးနီေနတယ္။ သူ႔ရင္ကလည္း တဒိတ္ဒိတ္နဲ႔ေပါ့။ ေျခလွမ္းက်ဲေတြနဲ႔ ေငြရွင္းေကာင္တာကို ထြက္သြားတဲ့ ယြန္းခ်ီကုိလုိက္မီေအာင္ ခန္႔ေဝေသာ္ ဘယ္ေလာက္မွေတာ့ မလုိက္ရပါဘူး။ ဘာလို႔ဆုိ ယြန္းခ်ီေျခေထာက္ေလးေတြက သူ႔ေလာက္မွ မရွည္တာ။ ဒီလုိနဲ႔ေကာင္ေလးႏွစ္ေယာက္ဟာ မနက္စာကို ေန႔လည္မေရာက္ခင္မွာ စားဖုိ႔ထြက္သြားခဲ့ၾကပါတယ္။


----------



Pomeranian Puppy



rate now:

4 Reviews
  • reader Thoon ( sandrawn) 26.11.2019, 14:38 5

    A yann twe tha baw kya nay p ㅠㅠ D ko pl move lr lite taw mal Kha 😛❤️

    reply

  • reader MaskMelon 25.11.2019, 04:49 5

    🥔♥♥♥

    reply

  • reader ThiHla 25.11.2019, 03:44 4.9

    💜💜💗

    reply

  • reader Khant D 25.11.2019, 03:10 5

    ရွက္ေသြးျဖာေနတဲ့ အုန္းမႈက္ခြက္ေလး !! ခေစ္လိုက္တာ !!!

    reply