book

Index 3

(3)

  • Author : AnnaLynn
  • Genres : Romance, Comedy

Anna : Coffee Chapter (2/5). Thanks for the coffee Sis Myat Su May ^^ Enjoy the chapter nya~~~


Unicode


အပိုင်း - ၃ : ငါ ဆံပင်ညှပ်ဆိုင်ကောင်းကောင်းတစ်ဆိုင်သိတယ်။


"ဟေ့..."


ကျောင်းဆင်းတာနဲ့အိမ်ကို ပြန်ရတော့မယ်ဆိုတဲ့အသိနဲ့လုံးနေအောင်ပြေးဖို့ပြင်နေတဲ့ ယွန်းချီတစ်ယောက် အနောက်က ခေါ်တဲ့အသံကြောင့် ရပ်သွားခဲ့ရတယ်။ စက်ရုပ်လေးတစ်ရုပ်လို သူ တုံ့နှေးနှေးပြန်လှည့်ကြည့်တဲ့အချိန်မှာ မြင်လိုက်ရတဲ့ လူကြောင့် လန့်လွန်းလို့ ဝိညာဉ်ပါ ပျောက်ချင်သွားတယ်။ ဘယ်လိုဖြစ်ပြီး သူကို ကြက်မောက်သီးက လာခေါ်နေရတာလဲ။ ကြက်မောက်သီး မကြိုက်တဲ့ အရောင်ကို သူ မဝတ်ထားလောက်ပါဘူးနော်။ ယွန်းချီတစ်ယောက် စိတ်ထဲကနေ ဘုရားပေါင်းစုံ တနေတော့တယ်။ 


ကြောက်ပြီးပြန်မဖြေတာကြောင့်လားတော့မသိ။ ကြက်မောက်သီးကောင်လေးက ယွန်းချီဆီကို လှမ်းလာတယ်။ ယွန်းချီကတော့ သူ့ရဲ့လွယ်အိတ်ကြိုးလေးကို တင်းတင်းကိုင်ပြီးတော့ နောက်ကိုဆုတ်သွားတော့တာပေါ့။ ဒီလိုနဲ့ သူက နောက်ဆုတ်လိုက် ကြက်မောက်သီးက ရှေ့တိုးလာလိုက် ဖြစ်နေရာကနေ ယွန်းချီတစ်ယောက် ကျောင်းအပေါက်ဝနားက ချယ်ရီပင်နဲ့ကပ်သွားတော့တယ်။ ချယ်ရီပွင့်ဖတ်တချို့က လွင့်ခနဲပဲ။ 


ပင်စည်နဲ့ကျောနဲ့ ကပ်နေတာကြောင့် ဆက်ပြေးလို့လည်း မလွတ်နိုင်ဘူးဆိုတဲ့အသိနဲ့ ယွန်းချီ မျက်လုံးတွေကို အတင်းမှိတ်ထားလိုက်တော့တယ်။ ဘာဖြစ်လို့ သူ့ကံက သိပ်ဆိုးနေရတာလဲ။ သူ တကယ်ပဲ ကြက်မောက်သီး မကြိုက်တဲ့ အရောင်ကို ဝတ်ထားမိတာလား။ အထိုးခံရရင်တော့ ဟန်နာက သူ့ကိုဆေးထည့်ပေးမှာပါလု့ိ တွေးပြီးတော့ ယွန်းချီ ခေါင်းလေးငုံ့မျက်လုံးလေးမှိတ်ထားလိုက်တယ်။ စိတ်ထဲမှာလည်း အထိုးခံရရင် ဘယ်လောက်နာမလဲလို့ သူ တွေးနေမိတယ်။ ဘာကြောင့်ဆို သူ တစ်ခါလေးတောင် အထိုးမခံဖူးဘူးလေ။


"မင်းက ဘာလို့ ခေါင်းအတင်းငုံ့နေတာလဲ..."


ခပ်ဆတ်ဆတ်အမေးကြောင့် ယွန်းချီမျက်လုံးကို မရဲတရဲဖွင့်တယ်။ ကြက်မောက်သီးရဲ့ မျက်ခုံးနှစ်ဖက်ထိလုနီးပါး တွန့်ချိုးနေတာကို မြင်ရချိန်မှာ သူတော့ ကြက်မောက်သီးကို စိတ်ဆိုးအောင်လုပ်မိလို့ သွားပါပြီဆိုတဲ့ပုံမျိုးနဲ့ မျက်လုံးထပ်မှိတ်ထားလိုက်တယ်။ ဟုတ်သားပဲ သူ မျက်လုံးမှိတ်ထားတာကို ကြက်မောက်သီးက မမြင်ရဘူးလေ။ သူ့ဆံပင်တွေက မျက်မှန်ပေါ်ကိုပါ ဖုံးနေတာကြောင့် ကြက်မောက်သီးက ဘယ်သိပါ့မလဲ။ 


တကယ်တော့ ယွန်းချီသူ့ရဲ့အရှေ့ဆံပင်ကို ညှပ်မလို့ပါပဲ။ သူက လူကြောက်တာကြောင့် ဆံပင်ညှပ်ဆိုင်ကို သွားမယ်ဆိုရင် ဟန်နာမပါလို့မဖြစ်ဘူးလေ။ ဟန်နာအားတဲ့နေ့ကိုစောင့်ရင်း သူ့ ဆံပင်တွေက အခုလိုပဲဖြစ်လာတာ။ 


"မင်းရဲ့ အရှေ့ဆံပင်တွေက စိတ်ပျက်စရာကောင်းလိုက်တာ..."


သူ့နဖူးရှင်းသွားတယ်လို့ ယွန်းချီခံစားလိုက်ရတယ်။ သူ့အရှေ့ဆံပင်တွေကို ကြက်မောက်သီးက စုကိုင်လိုက်တာပဲ။ ဘောင်းဘီအိတ်ကပ်ထဲက သားရေပင်တစ်ကွင်းနဲ့ ယွန်းချီအရှေ့ဆံပင်တွေကို ထောင်ထောင်လေးဖြစ်အောင် သူက ချီလိုက်တယ်။ ရုတ်တရက်ဆန်လွန်းတဲ့ ကြက်မောက်သီးရဲ့အပြုအမူကြောင့် ယွန်းချီရဲ့မျက်တောင်တွေက ပုတ်ခတ်ပုတ်ခတ်ပေါ့။ 


ဆံပင်တွေအုပ်နေတာကြောင့် စိတ်မရှည်နိုင်တဲ့ ခန့်ဝေသော်တစ်ယောက် ယွန်းချီရှေ့က ဆံပင်တွေကို ဆွဲစုစည်းပေးလိုက်တဲ့အခါမှာတော့ ယွန်းချီရဲ့မကျဉ်းမကျယ်နဖူးလေးထွက်လာတယ်။ နောက်တော့ မျက်မှန်အောက်က မျက်လုံးတောက်တောက်လေးတွေ။ ဒီမျက်လုံးလေးတွေက သူ့ရဲ့နတ်ဘုရားမလေးမျက်လုံးတွေနဲ့တူတယ်လို့ ခန့်ဝေသော်ခံစားလိုက်ရတယ်။ ယောကျာ်းလေးတစ်ယောက်ရဲ့ မျက်တောင်တွေက အဲ့လောက်ထိ ရှည်ဖို့ လိုအပ်လို့လား။ ယွန်းချီရဲ့ မျက်တောင်တွေက ရှည်တဲ့အပြင်ကော့လည်းကော့နေတာပဲ။ ယွန်းချီရဲ့မျက်လုံးတောက်တောက်လေးတွေကတော့ မျက်ကပ်မှန်ကူထားတာမဟုတ်ဘူးဆိုတော့ သူ့ရဲ့အလှနတ်ဘုရားမလေးရဲ့ ဓာတ်ပုံထဲက မျက်လုံးလေးတွေက မျက်ကပ်မှန်ကူထားတာများလား။ 


အာ... သူ အခု သူ့ရဲ့အလှနတ်ဘုရားမလေးနဲ့ ယွန်းချီကို နှိုင်းယှဉ်နေမိတာလား?! ဒါ... ဒါက အရမ်းကို မိုက်ရိုင်းတဲ့အတွေးပဲ! သူ့ရဲ့အလှနတ်ဘုရားမလေးကတော့ စိတ်မကောင်းဖြစ်တော့မှာပဲ! 


ခန့်ဝေသော်ရဲ့အတွေးတွေကို ယွန်းချီကြားရင်တော့ ရယ်ရမလား ငိုပဲငိုရတော့မလားလို့ တွေးနေတော့မှာပါပဲ။ အချိန်အကြာကြီး တစ်ယောက်နဲ့တစ်ယောက် သူတို့စိုက်ကြည့်နေကြပြီးမှ ခန့်ဝေသော်စကားပြန်စတယ်။


"မင်းက ငါတို့အုပ်စုနဲ့ Assignment အတူတူလုပ်ဖို့ ကျတာမဟုတ်လား..."


ခန့်ဝေသော်က သူ့ကို လာရှာတဲ့အဓိကအကြောင်းက Assignment ဆိုတာကို သိတော့မှပဲ ယွန်းချီရဲ့စိတ်ထဲက အလုံးကြီးပြန်ကျသွားတော့တယ်။ တော်သေးတာပေါ့! သူ အထိုးမခံရတော့ဘူး။ 


"ဟုတ်..."


ယွန်းချီရဲ့အသံသေးသေးလေးကြောင့် ခန့်ဝေသော် သူ့ကို ကျဉ်စက်နဲ့အတို့ခံလိုက်ရသလို ခံစားလိုက်ရတယ်။ ယွန်းချီရဲ့ အသံက ဘာလို့ သေးသေးညက်ညက်လေးဖြစ်နေရတာလဲ။ ယောကျာ်းလေးမဆန်လိုက်တာ။ 


"အဲ့ဒီကောင်တွေကတော့ အကူအညီရမှာမဟုတ်ဘူး..."


ကိုယ့်အုပ်စုထဲကကောင်တွေအကြောင်းကို သိတာကြောင့် ခန့်ဝေသော် ခပ်ပြတ်ပြတ်ပဲပြောလိုက်တယ်။ ယွန်းချီရဲ့နဖူးရှေ့ထောင်နေတဲ့ဆံပင်လေးက ချက်ချင်းညှိုးကျသွားသလိုပဲ။ နောက်ပြီးတော့ မျက်နှာလေးရောပဲ။ ဒါပေါ့ ဘယ်သူက တစ်ဖွဲ့လုံးစာ Assignment ကို တစ်ယောက်တည်း လုပ်ချင်မှာလဲလေ။ အသင်းအဖွဲ့နဲ့အလုပ်လုပ်တယ်ဆိုတာ လုပ်ငန်းတာဝန်တွေကို ခွဲဝေလုပ်ကြဖို့လေ။ အဲ့ဒါကို စူပါမန်းလုပ်ပြီး တစ်ကိုယ်တော်ရှိုးအနေနဲ့တော့ ဘယ်သူမှ မလုပ်ချင်ကြပါဘူး။


"ငါ... ငါ ဝိုင်းလုပ်ပေးမယ်..."


လွယ်အိတ်ကြိုးလေးတင်းတင်းကိုင်ပြီး တစ်ယောက်တည်းမလုပ်ချင်ဘူးဆိုတဲ့မျက်နှာနဲ့ပေမဲ့ သူ့ကို ပြန်လည်းမပြောရဲတဲ့ ယွန်းချီကို ခန့်ဝေသော်အထစ်ထစ်အငေါ့ငေါ့နဲ့ပြောတယ်။ သူ တစ်ယောက်ယောက်ကို စကားအကြာကြီးမပြောဖူးဘူးလေ။ သူ လူတစ်ယောက်နဲ့ ဆယ်စက္ကန့်လောက်တစ်နေရာတည်းမှာ မျက်နှာချင်းဆိုင်ရှိတာက ရန်ဖြစ်ဖို့ပဲဖြစ်တယ်။ သုံးစက္ကန့်လောက် မျက်လုံးချင်းဆုံတာက ဆွဲထိုးဖို့ပဲဖြစ်တယ်။ ဒါကြောင့် ယွန်းချီနဲ့နှစ်ယောက်တည်း အခုလို ရန်မဖြစ်ဘဲ အကြာကြီး မျက်နှာချင်းဆိုင်နေရတာက သူ့ကို အနည်းငယ်အို့တို့အမ်းတန်းဖြစ်စေတယ်။ 


ဝိုင်းလုပ်ပေးမယ်ဆိုတဲ့ စကားကို ကြားတာနဲ့ ယွန်းချီခေါင်းလေးငုံ့ပြီး မပြောရဲလို့ စိတ်ထဲမှာ အောင့်သက်သက်ဝလုံးလေးတွေရေးနေရာကနေ ခေါင်းကို ဆတ်ခနဲမော့တယ်။ ခန့်ဝေသော်ကတော့ သူ့နားထင်ကိုသူ လက်ညှိုးလေးနဲ့ကုတ်နေခဲ့တယ်။ အနည်းငယ် နီသလိုလိုဖြစ်နေတဲ့ မျက်နှာက ခန့်ဝေသော်က သူ့စကားအတွက် သူ ရှက်နေတယ်လို့ ပြောပြနေသလိုပါပဲ။ 


ကြက်မောက်သီးရဲ့ ဘယ်သူတစ်ယောက်မှ မမြင်ဖူးလောက်တဲ့ အမူအရာကြောင့် ယွန်းချီအံ့သြသွားတယ်။ နောက်တော့ သူ ပြုံးပြီး...


"အင်း..."


ယွန်းချီရဲ့အပြုံးတွေက ချယ်ရီပန်းတွေလိုပဲ လှတယ်။ လေအဝေ့ကြောင့် ကြွေကျလာတဲ့ ချယ်ရီပွင့်ဖတ်တချို့က ယွန်းချီရဲ့ခေါင်းပေါ်နဲ့ သူတို့နားထပ်ကျလာပြန်တယ်။ ယောကျာ်းလေးတစ်ယောက် ပြုံးတာက အရမ်းကိုပဲ လှလားလို့ ခန့်ဝေသော်တွေးဖြစ်တယ်။ သူ သားရေပင်နဲ့စည်းထားတာကြောင့် ယွန်းချီရဲ့မျက်နှာကို အုပ်နေတဲ့ဆံပင်တွေလည်း မရှိတော့တာကြောင့် လေးကိုင်းလိုမှိတ်ကျသွားတဲ့ မျက်လုံးလေးတွေကိုလည်း သူ မြင်လိုက်ရတယ်။ ခန့်ဝေသော်ရဲ့ မျက်နှာတစ်ခုလုံးနီသွားသလို သူ့ရင်ကလည်း တဒိတ်ဒိတ်ခုန်လာတော့တယ်။ ယွန်းချီရဲ့အခုလိုပြုံးလိုက်တဲ့ ပုံစံက ဘာလို့ သူ့နတ်ဘုရားမလေးနဲ့ တူနေတာလဲ။ ယွန်းချီရဲ့ နာမည်တစ်လုံးကလည်း သူ့နတ်ဘုရားမလေးနဲ့ တူနေသေးတယ်။ 


ခန့်ဝေသော် အလေးအနက်စဉ်းစားလိုက်တယ်။ သူတို့နှစ်ယောက်က မောင်နှမများလား?!


"Assignment လုပ်ဖို့အတွက် ငါတို့ချိန်းစရာရှိတာ၊ ပြောစရာရှိတာပြောရအောင် မင်းရဲ့ account ပေး..."


ခန့်ဝေသော်ရဲ့ရုပ်တည်ကြီးနဲ့စကားကြောင့် ယွန်းချီခေါင်းညိတ်ပြီး ပေးမလိုလုပ်ပြီးမှ အရေးကြီးတာကို သတိရသွားတော့တယ်။ စိတ်ထဲမှာ အရမ်းလန့်သွားတာကြောင့် လက်ကတုန်ပြီး ဖုန်းတောင် လွတ်ကျတော့မလိုပဲ။ လွတ်ကျမလိုဖြစ်သွားတဲ့ ဖုန်းကို ယွန်းချီအသေအကြေဖမ်းလိုက်ပြီးတော့ ခန့်ဝေသော်ကို ကြည့်တယ်။


"ငါ့မှာအကောင့်မရှိဘူး..."


ယွန်းချီရဲ့မျက်နှာသေလေးနဲ့ လိမ်လိုက်မှုကို ခန့်ဝေသော်က သံသယမဝင်ခဲ့ဘူး။ သူ့စိတ်ထဲမှာ ဟိုက်ပါကောင်လေးက သူတို့လို SNS တွေမသုံးတာက ဟုတ်လောက်တယ်လို့ပဲ ထင်နေတယ်။ ဒါကြောင့် သူ အရမ်းကြီးတွေးမနေတော့ဘူး။


"အဲ့ဒါဆိုရင် ငါ့ကို ဖုန်းနံပတ်ပေး... ငါ ဖုန်းဆက်တာဖြစ်ဖြစ် message က တစ်ဆင့်ဖြစ်ဖြစ် ဆက်သွယ်လိုက်မယ်... မင်း Viber လောက်တော့သုံးတယ်မဟုတ်လား..."


"အင်း..."


ခန့်ဝေသော်ရဲ့ မယုံသကာၤမဖြစ်မှုကြောင့် ယွန်းချီစိတ်သက်သာရာရသွားပြီးသူ့ရဲ့ဖုန်းနံပတ်ကို လွယ်လွယ်ကူကူပဲ ပေးလိုက်တော့တယ်။ သူ ခန့်ဝေသော်ကို သူ့အကောင့်ကြီးကို ပေးလို့မဖြစ်ဘူးလေ။ မဟုတ်ရင် ခန့်ဝေသော်က သူ့ကို ယွန်း မှန်းသိသွားမှာပေါ့။ အဲ့ဒီအချိန်ကျရင် ဘာဖြစ်နိုင်လဲ ယွန်းချီတွေးတောင်မတွေးရဲဘူး။ ခန့်ဝေသော်က ယွန်းကို အရမ်းသဘောကျတာကြောင့် သူသာ ယွန်းဆိုတာကို သိရင်...


အတွေးနဲ့တင် ယွန်းချီကျောချမ်းသွားတယ်။ ကောလဟလတွေအရဆိုရင် ခန့်ဝေသော်က ရန်ဖြစ်လို့လက်လွန်ရင် တောင်ပေါ်ကနေ လူတွေကိုပစ်ချတာတဲ့။ ဒါကြောင့် ပျောက်သွားတဲ့လူတွေကို ပြန်မတွေ့တာတဲ့။ သူ အဲ့ဒီလူတွေနဲ့ သွားဆုံရလောက်တယ်။ ယွန်းချီ တွေးရင်းနဲ့ကြက်သီးဖြန်းဖြန်းထလာတော့တယ်။ ဟင့်အင်း သူက ယွန်းဆိုတာ ခန့်ဝေသော် သိလို့မရဘူး။ ဒါက သူ သေတဲ့အထိ တိတ်တိတ်လေး သိမ်းသွားမဲ့ လျှို့ဝှက်ချက်ပဲ!


"ဒါဆို ငါ ပြန်တော့မယ်နော်..."


ကိုယ့်အတွေးနဲ့ကိုယ် ကြောက်နေပြီမို့ ယွန်းချီတစ်ယောက် ခန့်ဝေသော်ရှေ့ လစ်ထွက်ဖို့ကို ကြံစည်တော့တာပေါ့။ သူ ကားမှတ်တိုင်သွားမယ်၊ ကားစီးမယ်။ အိမ်ပြန်ရောက်ရင် ပွန်းချိကို အစာကျွေးမယ်။ ပြီးရင်စာလုပ်မယ်။ ဘာလို့ဆို ဟန်နာက ဝတ်စုံသစ်တစ်စုံချုပ်နေတာမို့ သူ့ဆီကို မလာနိုင်သေးဘူးလေ။ သူ အသစ်တစ်ပုံတင်ထားတာက မကြာမှ မကြာသေးတာပဲ။


"နေဦး!"


ခန့်ဝေသော်ရဲ့အဖြေကိုစောင့်တောင်မနေဘဲ ယွန်းချီတစ်ယောက်လှည့်လိုက်တော့တယ်။ သူ လှည့်နေတုန်းမှာ ခန့်ဝေသော်ရဲ့ အသံက ထွက်လာတော့တာပဲ။ ခန့်ဝေသော်က သူ့ကို ယွန်းလို့သိသွားပြီလားဆိုတဲ့ ကြောက်စိတ်နဲ့ ယွန်းချီ ပြန်လှည့်ကြည့်ရပြန်တယ်။ ခန့်ဝေသော်က သူ့ပါးကို လက်ညှိုးနဲ့ကုတ်နေပြန်ပြီးတော့...


"ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်..."


ယွန်းချီရဲ့မျက်လုံးတွေဝိုင်းစက်သွားတော့တယ်။ ခန့်ဝေသော်က သူ့ကိုသံသယဝင်နေပြီလား! တစ်ခုခုကို ရိပ်မိသွားတာလား! ဒါကြောင့်ပဲ သူ့အိမ်ထိလိုက်စစ်တော့မှာလား! သူတော့ တောင်အောက်ကို ရောက်တော့မှာလား! ပျောက်သွားတဲ့သူတွေနဲ့သွားဆုံစည်းရတော့မှာလား! အမေရေ... သားပျောက်နေရင် သားအလောင်းလေးကိုတော့ တွေ့အောင် ရှာပါနော်... ယွန်းချီအတွေးတွေက ယောက်ယက်ခတ်သွားတော့တယ်။ 


"ဘာလို့ဆို Assignment ကို မင်းအိမ်မှာလည်း လုပ်ရနိုင်တာမို့ ငါ မင်းအိမ်ကို သိဖို့လိုတယ်လေ..."


ယွန်းချီပါးစပ်လေးအိုပုံသဏ္ဍန်ဖြစ်သွားပြီး ခန့်ဝေသော်ကို ခေါင်းညိတ်ပြတယ်။ စိတ်ထဲကတော့ အလုံးကြီးကျသွားတော့တာပေါ့။ ခန့်ဝေသော်ရဲ့အတွေးတွေက အမြဲတမ်း Assignment မှာ ရှိနေတာပဲ။ တော်သေးတယ်!


"ငါ လိုက်ပို့ပေးမယ်..."


ခန့်ဝေသော်က သူ့ကို ယွန်းချီငြင်းမှာစိုးလို့ ထပ်တောင်ပြောမိသေးတယ်။ ယွန်းချီက သူ့နတ်ဘုရားမလေးနဲ့ နည်းနည်းတူတယ်လို့ ခံစားရတာကြောင့် သူ ယွန်းချီအနားမှာ အချိန်နည်းနည်းလေးဖြစ်ဖြစ်ပိုရှိချင်စိတ်ဖြစ်နေတယ်။ ဒါပေမဲ့ ယွန်းချီကိုလည်း သူ မသိစေချင်ဘူး။ နောက်ပြီး တခြားသူတွေလည်း မသိစေချင်ဘူး။ ဘာလို့ဆို ဒါက မဟာအရှက်ကွဲမဲ့ကိစ္စကြီးလေ။ သူ တစ်ကျောင်းလုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ခန့်ဝေသော်က အခုလိုမျိုး ကောင်လေးတစ်ယောက်နားမှာ အချိန်ဖြုန်းချင်တယ်ဆိုတာကြီးက လူဟားစရာကြီးဖြစ်နေမှာပေါ့။ ပြီးတော့! ယွန်းချီလည်း ပျော်မှာမဟုတ်ပါဘူး။ ဘာလို့ဆို ဘယ်ယောကျာ်းလေးမှ သူတို့ကို မိန်းကလေးတစ်ယောက်နဲ့ တူတာကြောင့်ဆိုပြီး ပြောဆိုရင် ကြိုက်မယ်လို့ သူ မထင်ဘူးလေ။


"အင်း..."


ယွန်းချီခေါင်းလေးငုံ့ပြီး သဘောတူလိုက်တယ်။ ခန့်ဝေသော်က Assignment နဲ့ပတ်သက်တာကို တွေးနေသရွေ့ ယွန်းချီစိတ်ထဲ ကြောက်မနေပါဘူး။ ခန့်ဝေသော်က ကောလဟလတွေလောက် ကြောက်ဖို့မကောင်းဘူးပဲလို့ ယွန်းချီတွေးလိုက်သေးတယ်။ သူ့ရဲ့အပြင်အဆင်တွေက နည်းနည်းလေး လမ်းသူရဲဆန်ပေမဲ့ ခန့်ဝေသော်က သူ့သူငယ်ချင်းတွေနဲ့ တစ်ဖွဲ့တည်းကျတဲ့သူတွေကိုတော့ နည်းနည်းဂရုစိုက်တတ်ပုံရပါတယ်။ အခုပဲကြည့်လေ။ သူတို့က အခုမှ စကားပြောဖူးကြပေမဲ့ ခန့်ဝေသော်က သူ့ကို အိမ်လိုက်ပို့ပေးတယ်။ 


ယွန်းချီက ဆိုင်ကယ်စီးတတ်ပေမဲ့ သူ့အိမ်က သူ့ကိုစိတ်မချတာကြောင့် ဘတ်စ်ကားနဲ့ပဲ ကျောင်းတက်ကျောင်းဆင်း လုပ်ရတယ်။ ဘတ်စ်ကားခက များလှတယ်တော့မဟုတ်ပေမဲ့ ပိုက်ဆံကိုတော့ ယွန်းချီခြွေတာချင်တယ်။ ဘာလို့ဆို သူ လိုချင်တာလေးတွေ ဝယ်လို့ရနိုင်တယ်လေ။ ဒီတော့ ခန့်ဝေသော်သာ သူ့ကို အမြဲတမ်းလိုက်ပို့ရင်ကောင်းမှာပဲလို့ ယွန်းချီစဉ်းစားမိတယ်။ ဒါဆို တစ်လစာ ဘတ်စ်ကားခကို သူ မုန့်စားလို့ရပြီ! လမ်းထိပ်က အသစ်ဖွင့်တဲ့ bakery လေးက ကိတ်မုန့်လေးတွေ သူ စားချင်တယ်! 


ခန့်ဝေသော်ကတော့ ယွန်းချီရဲ့စိတ်ထဲမှာ သူက ဖရီးကယ်ရီဖြစ်သွားတာကို မသိလိုက်ရှာပါဘူး။ ဆိုင်ကယ်စက်ကို နှိုးပြီးတော့ ယွန်းချီကို ဆိုင်ကယ်စီးဦးထုပ်ကို သူ ကမ်းပေးလိုက်တယ်။ 


"မင်း ဆောင်းထားလိုက်... တောင်အဆင်းလေက အေးတယ်..."


ယွန်းချီရဲ့ပုံက ခပ်ပျော့ပျော့လေးမို့ မလိုအပ်ဘဲ ယွန်းချီနေမကောင်းဖြစ်သွားမှာကို သူ မလိုချင်ဘူး။ ဒါကြောင့် ခန့်ဝေသော် ယွန်းချီကို သူဆောင်းရမဲ့ဦးထုပ်ကပေးလိုက်တာပဲဖြစ်တယ်။


"မင်းကရော..."


ယွန်းချီရဲ့မဝံ့မရဲမေးသံက ရှက်ရိပ်နွေးနွေးပါနေသလိုပါပဲ။ ခန့်ဝေသော် သူ့ရင်ထဲကို ကြောင်လေးတစ်ကောင်က လက်သည်းသေးသေးထုတ်ပြီးတော့ ကျီစားလိုက်သလိုခံစားလိုက်ရတယ်။ ခပ်တည်တည်နဲ့စိတ်ကို ပြန်ထိန်းပြီး သူ ယွန်းချီကို ကြည့်တယ်။


"မလိုဘူး..."


တောင်အဆင်းမှာ ခန့်ဝေသော်ရဲ့ ရင်က နွေးနေခဲ့တယ်။ အရင်တုန်းကဖြတ်လာတဲ့ လမ်းတွေက ဒီနေ့ ပိုလှနေသလိုပဲ။ ယွန်းချီက သူ့ခါးကို ခပ်တင်းတင်းဖက်ထားတယ်။ ဦးထုပ်ခံနေတာကြောင့် ယွန်းချီရဲ့ပါးက သူ့ကျောကို အပ်မနေနိုင်ခဲ့ဘူး။ ခန့်ဝေသော် စိတ်ထဲနည်းနည်းလေး နောင်တရချင်သွားတယ်။ သူ ဦးထုပ်ကိုသာ မပေးခဲ့ရင် ယွန်းချီက သူ့ ကျောမှာ မျက်နှာဝှက်လောက်တယ်လေ။ 


တိတ်! ငါ ဘယ်လိုတွေတွေးနေတာလဲ! ခန့်ဝေသော် စိတ်ထဲကနေပဲ သူ့ကိုယ်သူ အော်လိုက်တယ်။ သူ့နှလုံးသားမှာ နတ်ဘုရားမလေးရှိနေတာကို သူက ဘာကိစ္စနဲ့ ယွန်းချီအကြောင်းပဲ စဉ်းစားနေရတာလဲ! ဒါက လုံးဝကို မိုက်မနေဘူး! 


ဘယ်လိုပဲ ခန့်ဝေသော် သူ့ကိုယ်သူ ယွန်းအကြောင်းတွေးနေနေ သူ့ခါးကိုတင်းတင်းဖက်ထားတဲ့ ယွန်းချီရဲ့ လက်လေးတွေကြောင့် သူ့နှုတ်ခမ်းတွေပြုံးနေမိတယ်ဆိုတာကိုတော့ သူ ဝန်ခံရပါလိမ့်မယ်။ 


ယွန်းချီအိမ်ရှေ့ရောက်ချိန်မှာ ခန့်ဝေသော်ရဲ့မျက်နှာတစ်ခုလုံးက အေးစက်နေပြီ။ လေတိုက်တာကို နောက်စရာများမှတ်လို့။ သူတော့ အိမ်ရောက်တာနဲ့နွေးနွေးထွေးထွေးသာ မနေဘူးဆိုရင် မနက်ဖြန် ဖျားလိမ့်မယ်။ ဒါ လုံးဝသေချာတယ်။ 


"ကျေးဇူးတင်ပါတယ်... မင်း အိမ်ပြန်ရောက်ရင် ဂရုစိုက်ဦးနော်..."


ယွန်းချီရဲ့အသံတိုးတိုးလေးနဲ့ ဂရုစိုက်မှုက ခန့်ဝေသော်ရဲ့ အေးနေတဲ့မျက်နှာကို ချက်ချင်းကို နွေးသွားစေတယ်။ သူ ခပ်တောင့်တောင့်ပဲ ခေါင်းညိတ်ပြပြီး ယွန်းချီကမ်းပေးတဲ့ ဆိုင်ကယ်ဦးထုပ်ကို လှမ်းယူတယ်။ ယွန်းချီရဲ့လက်နဲ့သူ့လက်က မတော်တဆထိသွားလေရဲ့။ သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာက ပြိုင်တူနီးပါး ခပ်ရဲရဲဖြစ်သွားကြတယ်။ သူတို့ တစ်ယောက်ကို တစ်ယောက် မကြည့်ကြတော့ဘူး။ ဘာကြောင့်မှန်းလည်း သူတို့ကိုယ်သူတို့ မသိကြဘူး။ ဒါပေမဲ့လည်း တစ်ယောက်ကိုတစ်ယောက် မကြည့်ရဲတာတော့အမှန်ပါပဲ။ 


ဆိုင်ကယ်စီးဦးထုပ်ကို ကိုင်ရင်းကနေ ခန့်ဝေသော် သူ့ခေါင်းကို စွပ်မလို့လုပ်တယ်။ ယွန်းချီကတော့ သူ ဆိုင်ကယ်မထွက်မချင်း တစ်ထပ်ခွဲတိုက်ပုလေးရှိတဲ့ခြံဝန်းရှေ့မှာ ရပ်နေပေးမယ်ထင်ပါရဲ့။


"မနက်ဖြန်က ပိတ်ရက်ဆိုတော့..."


ယွန်းချီကို ခန့်ဝေသော် စကားစတယ်။ ယွန်းချီကလည်း သူ့ စလွယ်သိုင်းလွယ်ထားတဲ့ လွယ်အိတ်ကြိုးလေးကို ခပ်တင်းတင်းကိုင်ပြီး ခန့်ဝေသော်ကို ခေါင်းငုံ့နေရာကနေ မော့ကြည့်လာတယ်။ 


"မင်း ဆံပင်တွေရှည်နေတာကြောင့် ငါ ဆံပင်ညှပ်ဆိုင်ကို လိုက်ပို့ပေးမယ်လေ... ငါ သိတဲ့ဆံပင်ညှပ်ဆိုင် ကောင်းကောင်းရှိတယ်..."


ခန့်ဝေသော် ဒီစကားကိုပြောတဲ့အချိန်မှာ သူ ယွန်းချီကို ကြည့်မနေခဲ့ပါဘူး။ သူ့ မျက်နှာတစ်ခုလုံးက နီရဲနေတယ်။ ဖြစ်နိုင်ရင် သူ ဒီနေရာကနေ ဆိုင်ကယ်အမြန်မောင်းပြီး ထွက်ပြေးသွားလိုက်ချင်တယ်။


"အင်း အသေးစိတ်ကို မင်းအိမ်ရောက်ရင်ပြောလေ..."


ဆိုင်ကယ်စီးပြီးပြန်တဲ့ လမ်းတစ်လျှောက်မှာတော့ ခန့်ဝေသော်ရဲ့နားထဲမှာ ယွန်းချီရဲ့အသံသေးသေးလေးက ပဲ့တင်ထပ်နေဖြစ်ခဲ့တယ်။ သူ့မျက်နှာမှာလည်း အပြုံးပန်းတွေနဲ့ပေါ့။


----------

Zawgyi 


အပိုင္း - ၃ : ငါ ဆံပင္ညွပ္ဆိုင္ေကာင္းေကာင္းတစ္ဆိုင္သိတယ္။


"ေဟ့..."


ေက်ာင္းဆင္းတာနဲ႕အိမ္ကို ျပန္ရေတာ့မယ္ဆိုတဲ့အသိနဲ႕လုံးေနေအာင္ေျပးဖို႔ျပင္ေနတဲ့ ယြန္းခ်ီတစ္ေယာက္ အေနာက္က ေခၚတဲ့အသံေၾကာင့္ ရပ္သြားခဲ့ရတယ္။ စက္႐ုပ္ေလးတစ္႐ုပ္လို သူ တုံ႕ေႏွးေႏွးျပန္လွည့္ၾကည့္တဲ့အခ်ိန္မွာ ျမင္လိုက္ရတဲ့ လူေၾကာင့္ လန႔္လြန္းလို႔ ဝိညာဥ္ပါ ေပ်ာက္ခ်င္သြားတယ္။ ဘယ္လိုျဖစ္ၿပီး သူကို ၾကက္ေမာက္သီးက လာေခၚေနရတာလဲ။ ၾကက္ေမာက္သီး မႀကိဳက္တဲ့ အေရာင္ကို သူ မဝတ္ထားေလာက္ပါဘူးေနာ္။ ယြန္းခ်ီတစ္ေယာက္ စိတ္ထဲကေန ဘုရားေပါင္းစုံ တေနေတာ့တယ္။ 


ေၾကာက္ၿပီးျပန္မေျဖတာေၾကာင့္လားေတာ့မသိ။ ၾကက္ေမာက္သီးေကာင္ေလးက ယြန္းခ်ီဆီကို လွမ္းလာတယ္။ ယြန္းခ်ီကေတာ့ သူ႕ရဲ႕လြယ္အိတ္ႀကိဳးေလးကို တင္းတင္းကိုင္ၿပီးေတာ့ ေနာက္ကိုဆုတ္သြားေတာ့တာေပါ့။ ဒီလိုနဲ႕ သူက ေနာက္ဆုတ္လိုက္ ၾကက္ေမာက္သီးက ေရွ႕တိုးလာလိုက္ ျဖစ္ေနရာကေန ယြန္းခ်ီတစ္ေယာက္ ေက်ာင္းအေပါက္ဝနားက ခ်ယ္ရီပင္နဲ႕ကပ္သြားေတာ့တယ္။ ခ်ယ္ရီပြင့္ဖတ္တခ်ိဳ႕က လြင့္ခနဲပဲ။ 


ပင္စည္နဲ႕ေက်ာနဲ႕ ကပ္ေနတာေၾကာင့္ ဆက္ေျပးလို႔လည္း မလြတ္နိုင္ဘူးဆိုတဲ့အသိနဲ႕ ယြန္းခ်ီ မ်က္လုံးေတြကို အတင္းမွိတ္ထားလိုက္ေတာ့တယ္။ ဘာျဖစ္လို႔ သူ႕ကံက သိပ္ဆိုးေနရတာလဲ။ သူ တကယ္ပဲ ၾကက္ေမာက္သီး မႀကိဳက္တဲ့ အေရာင္ကို ဝတ္ထားမိတာလား။ အထိုးခံရရင္ေတာ့ ဟန္နာက သူ႕ကိုေဆးထည့္ေပးမွာပါလု႔ိ ေတြးၿပီးေတာ့ ယြန္းခ်ီ ေခါင္းေလးငုံ႕မ်က္လုံးေလးမွိတ္ထားလိုက္တယ္။ စိတ္ထဲမွာလည္း အထိုးခံရရင္ ဘယ္ေလာက္နာမလဲလို႔ သူ ေတြးေနမိတယ္။ ဘာေၾကာင့္ဆို သူ တစ္ခါေလးေတာင္ အထိုးမခံဖူးဘူးေလ။


"မင္းက ဘာလို႔ ေခါင္းအတင္းငုံ႕ေနတာလဲ..."


ခပ္ဆတ္ဆတ္အေမးေၾကာင့္ ယြန္းခ်ီမ်က္လုံးကို မရဲတရဲဖြင့္တယ္။ ၾကက္ေမာက္သီးရဲ႕ မ်က္ခုံးႏွစ္ဖက္ထိလုနီးပါး တြန႔္ခ်ိဳးေနတာကို ျမင္ရခ်ိန္မွာ သူေတာ့ ၾကက္ေမာက္သီးကို စိတ္ဆိုးေအာင္လုပ္မိလို႔ သြားပါၿပီဆိုတဲ့ပုံမ်ိဳးနဲ႕ မ်က္လုံးထပ္မွိတ္ထားလိုက္တယ္။ ဟုတ္သားပဲ သူ မ်က္လုံးမွိတ္ထားတာကို ၾကက္ေမာက္သီးက မျမင္ရဘူးေလ။ သူ႕ဆံပင္ေတြက မ်က္မွန္ေပၚကိုပါ ဖုံးေနတာေၾကာင့္ ၾကက္ေမာက္သီးက ဘယ္သိပါ့မလဲ။ 


တကယ္ေတာ့ ယြန္းခ်ီသူ႕ရဲ႕အေရွ႕ဆံပင္ကို ညွပ္မလို႔ပါပဲ။ သူက လူေၾကာက္တာေၾကာင့္ ဆံပင္ညွပ္ဆိုင္ကို သြားမယ္ဆိုရင္ ဟန္နာမပါလို႔မျဖစ္ဘူးေလ။ ဟန္နာအားတဲ့ေန႕ကိုေစာင့္ရင္း သူ႕ ဆံပင္ေတြက အခုလိုပဲျဖစ္လာတာ။ 


"မင္းရဲ႕ အေရွ႕ဆံပင္ေတြက စိတ္ပ်က္စရာေကာင္းလိုက္တာ..."


သူ႕နဖူးရွင္းသြားတယ္လို႔ ယြန္းခ်ီခံစားလိုက္ရတယ္။ သူ႕အေရွ႕ဆံပင္ေတြကို ၾကက္ေမာက္သီးက စုကိုင္လိုက္တာပဲ။ ေဘာင္းဘီအိတ္ကပ္ထဲက သားေရပင္တစ္ကြင္းနဲ႕ ယြန္းခ်ီအေရွ႕ဆံပင္ေတြကို ေထာင္ေထာင္ေလးျဖစ္ေအာင္ သူက ခ်ီလိုက္တယ္။ ႐ုတ္တရက္ဆန္လြန္းတဲ့ ၾကက္ေမာက္သီးရဲ႕အျပဳအမူေၾကာင့္ ယြန္းခ်ီရဲ႕မ်က္ေတာင္ေတြက ပုတ္ခတ္ပုတ္ခတ္ေပါ့။ 


ဆံပင္ေတြအုပ္ေနတာေၾကာင့္ စိတ္မရွည္နိုင္တဲ့ ခန႔္ေဝေသာ္တစ္ေယာက္ ယြန္းခ်ီေရွ႕က ဆံပင္ေတြကို ဆြဲစုစည္းေပးလိုက္တဲ့အခါမွာေတာ့ ယြန္းခ်ီရဲ႕မက်ဥ္းမက်ယ္နဖူးေလးထြက္လာတယ္။ ေနာက္ေတာ့ မ်က္မွန္ေအာက္က မ်က္လုံးေတာက္ေတာက္ေလးေတြ။ ဒီမ်က္လုံးေလးေတြက သူ႕ရဲ႕နတ္ဘုရားမေလးမ်က္လုံးေတြနဲ႕တူတယ္လို႔ ခန႔္ေဝေသာ္ခံစားလိုက္ရတယ္။ ေယာက်ာ္းေလးတစ္ေယာက္ရဲ႕ မ်က္ေတာင္ေတြက အဲ့ေလာက္ထိ ရွည္ဖို႔ လိုအပ္လို႔လား။ ယြန္းခ်ီရဲ႕ မ်က္ေတာင္ေတြက ရွည္တဲ့အျပင္ေကာ့လည္းေကာ့ေနတာပဲ။ ယြန္းခ်ီရဲ႕မ်က္လုံးေတာက္ေတာက္ေလးေတြကေတာ့ မ်က္ကပ္မွန္ကူထားတာမဟုတ္ဘူးဆိုေတာ့ သူ႕ရဲ႕အလွနတ္ဘုရားမေလးရဲ႕ ဓာတ္ပုံထဲက မ်က္လုံးေလးေတြက မ်က္ကပ္မွန္ကူထားတာမ်ားလား။ 


အာ... သူ အခု သူ႕ရဲ႕အလွနတ္ဘုရားမေလးနဲ႕ ယြန္းခ်ီကို ႏွိုင္းယွဥ္ေနမိတာလား?! ဒါ... ဒါက အရမ္းကို မိုက္ရိုင္းတဲ့အေတြးပဲ! သူ႕ရဲ႕အလွနတ္ဘုရားမေလးကေတာ့ စိတ္မေကာင္းျဖစ္ေတာ့မွာပဲ! 


ခန႔္ေဝေသာ္ရဲ႕အေတြးေတြကို ယြန္းခ်ီၾကားရင္ေတာ့ ရယ္ရမလား ငိုပဲငိုရေတာ့မလားလို႔ ေတြးေနေတာ့မွာပါပဲ။ အခ်ိန္အၾကာႀကီး တစ္ေယာက္နဲ႕တစ္ေယာက္ သူတို႔စိုက္ၾကည့္ေနၾကၿပီးမွ ခန႔္ေဝေသာ္စကားျပန္စတယ္။


"မင္းက ငါတို႔အုပ္စုနဲ႕ Assignment အတူတူလုပ္ဖို႔ က်တာမဟုတ္လား..."


ခန႔္ေဝေသာ္က သူ႕ကို လာရွာတဲ့အဓိကအေၾကာင္းက Assignment ဆိုတာကို သိေတာ့မွပဲ ယြန္းခ်ီရဲ႕စိတ္ထဲက အလုံးႀကီးျပန္က်သြားေတာ့တယ္။ ေတာ္ေသးတာေပါ့! သူ အထိုးမခံရေတာ့ဘူး။ 


"ဟုတ္..."


ယြန္းခ်ီရဲ႕အသံေသးေသးေလးေၾကာင့္ ခန႔္ေဝေသာ္ သူ႕ကို က်ဥ္စက္နဲ႕အတို႔ခံလိုက္ရသလို ခံစားလိုက္ရတယ္။ ယြန္းခ်ီရဲ႕ အသံက ဘာလို႔ ေသးေသးညက္ညက္ေလးျဖစ္ေနရတာလဲ။ ေယာက်ာ္းေလးမဆန္လိုက္တာ။ 


"အဲ့ဒီေကာင္ေတြကေတာ့ အကူအညီရမွာမဟုတ္ဘူး..."


ကိုယ့္အုပ္စုထဲကေကာင္ေတြအေၾကာင္းကို သိတာေၾကာင့္ ခန႔္ေဝေသာ္ ခပ္ျပတ္ျပတ္ပဲေျပာလိုက္တယ္။ ယြန္းခ်ီရဲ႕နဖူးေရွ႕ေထာင္ေနတဲ့ဆံပင္ေလးက ခ်က္ခ်င္းညွိုးက်သြားသလိုပဲ။ ေနာက္ၿပီးေတာ့ မ်က္ႏွာေလးေရာပဲ။ ဒါေပါ့ ဘယ္သူက တစ္ဖြဲ႕လုံးစာ Assignment ကို တစ္ေယာက္တည္း လုပ္ခ်င္မွာလဲေလ။ အသင္းအဖြဲ႕နဲ႕အလုပ္လုပ္တယ္ဆိုတာ လုပ္ငန္းတာဝန္ေတြကို ခြဲေဝလုပ္ၾကဖို႔ေလ။ အဲ့ဒါကို စူပါမန္းလုပ္ၿပီး တစ္ကိုယ္ေတာ္ရွိုးအေနနဲ႕ေတာ့ ဘယ္သူမွ မလုပ္ခ်င္ၾကပါဘူး။


"ငါ... ငါ ဝိုင္းလုပ္ေပးမယ္..."


လြယ္အိတ္ႀကိဳးေလးတင္းတင္းကိုင္ၿပီး တစ္ေယာက္တည္းမလုပ္ခ်င္ဘူးဆိုတဲ့မ်က္ႏွာနဲ႕ေပမဲ့ သူ႕ကို ျပန္လည္းမေျပာရဲတဲ့ ယြန္းခ်ီကို ခန႔္ေဝေသာ္အထစ္ထစ္အေငါ့ေငါ့နဲ႕ေျပာတယ္။ သူ တစ္ေယာက္ေယာက္ကို စကားအၾကာႀကီးမေျပာဖူးဘူးေလ။ သူ လူတစ္ေယာက္နဲ႕ ဆယ္စကၠန႔္ေလာက္တစ္ေနရာတည္းမွာ မ်က္ႏွာခ်င္းဆိုင္ရွိတာက ရန္ျဖစ္ဖို႔ပဲျဖစ္တယ္။ သုံးစကၠန႔္ေလာက္ မ်က္လုံးခ်င္းဆုံတာက ဆြဲထိုးဖို႔ပဲျဖစ္တယ္။ ဒါေၾကာင့္ ယြန္းခ်ီနဲ႕ႏွစ္ေယာက္တည္း အခုလို ရန္မျဖစ္ဘဲ အၾကာႀကီး မ်က္ႏွာခ်င္းဆိုင္ေနရတာက သူ႕ကို အနည္းငယ္အို႔တို႔အမ္းတန္းျဖစ္ေစတယ္။ 


ဝိုင္းလုပ္ေပးမယ္ဆိုတဲ့ စကားကို ၾကားတာနဲ႕ ယြန္းခ်ီေခါင္းေလးငုံ႕ၿပီး မေျပာရဲလို႔ စိတ္ထဲမွာ ေအာင့္သက္သက္ဝလုံးေလးေတြေရးေနရာကေန ေခါင္းကို ဆတ္ခနဲေမာ့တယ္။ ခန႔္ေဝေသာ္ကေတာ့ သူ႕နားထင္ကိုသူ လက္ညွိုးေလးနဲ႕ကုတ္ေနခဲ့တယ္။ အနည္းငယ္ နီသလိုလိုျဖစ္ေနတဲ့ မ်က္ႏွာက ခန႔္ေဝေသာ္က သူ႕စကားအတြက္ သူ ရွက္ေနတယ္လို႔ ေျပာျပေနသလိုပါပဲ။ 


ၾကက္ေမာက္သီးရဲ႕ ဘယ္သူတစ္ေယာက္မွ မျမင္ဖူးေလာက္တဲ့ အမူအရာေၾကာင့္ ယြန္းခ်ီအံ့ၾသသြားတယ္။ ေနာက္ေတာ့ သူ ၿပဳံးၿပီး...


"အင္း..."


ယြန္းခ်ီရဲ႕အၿပဳံးေတြက ခ်ယ္ရီပန္းေတြလိုပဲ လွတယ္။ ေလအေဝ့ေၾကာင့္ ေႂကြက်လာတဲ့ ခ်ယ္ရီပြင့္ဖတ္တခ်ိဳ႕က ယြန္းခ်ီရဲ႕ေခါင္းေပၚနဲ႕ သူတို႔နားထပ္က်လာျပန္တယ္။ ေယာက်ာ္းေလးတစ္ေယာက္ ၿပဳံးတာက အရမ္းကိုပဲ လွလားလို႔ ခန႔္ေဝေသာ္ေတြးျဖစ္တယ္။ သူ သားေရပင္နဲ႕စည္းထားတာေၾကာင့္ ယြန္းခ်ီရဲ႕မ်က္ႏွာကို အုပ္ေနတဲ့ဆံပင္ေတြလည္း မရွိေတာ့တာေၾကာင့္ ေလးကိုင္းလိုမွိတ္က်သြားတဲ့ မ်က္လုံးေလးေတြကိုလည္း သူ ျမင္လိုက္ရတယ္။ ခန႔္ေဝေသာ္ရဲ႕ မ်က္ႏွာတစ္ခုလုံးနီသြားသလို သူ႕ရင္ကလည္း တဒိတ္ဒိတ္ခုန္လာေတာ့တယ္။ ယြန္းခ်ီရဲ႕အခုလိုၿပဳံးလိုက္တဲ့ ပုံစံက ဘာလို႔ သူ႕နတ္ဘုရားမေလးနဲ႕ တူေနတာလဲ။ ယြန္းခ်ီရဲ႕ နာမည္တစ္လုံးကလည္း သူ႕နတ္ဘုရားမေလးနဲ႕ တူေနေသးတယ္။ 


ခန႔္ေဝေသာ္ အေလးအနက္စဥ္းစားလိုက္တယ္။ သူတို႔ႏွစ္ေယာက္က ေမာင္ႏွမမ်ားလား?!


"Assignment လုပ္ဖို႔အတြက္ ငါတို႔ခ်ိန္းစရာရွိတာ၊ ေျပာစရာရွိတာေျပာရေအာင္ မင္းရဲ႕ account ေပး..."


ခန႔္ေဝေသာ္ရဲ႕႐ုပ္တည္ႀကီးနဲ႕စကားေၾကာင့္ ယြန္းခ်ီေခါင္းညိတ္ၿပီး ေပးမလိုလုပ္ၿပီးမွ အေရးႀကီးတာကို သတိရသြားေတာ့တယ္။ စိတ္ထဲမွာ အရမ္းလန႔္သြားတာေၾကာင့္ လက္ကတုန္ၿပီး ဖုန္းေတာင္ လြတ္က်ေတာ့မလိုပဲ။ လြတ္က်မလိုျဖစ္သြားတဲ့ ဖုန္းကို ယြန္းခ်ီအေသအေၾကဖမ္းလိုက္ၿပီးေတာ့ ခန႔္ေဝေသာ္ကို ၾကည့္တယ္။


"ငါ့မွာအေကာင့္မရွိဘူး..."


ယြန္းခ်ီရဲ႕မ်က္ႏွာေသေလးနဲ႕ လိမ္လိုက္မႈကို ခန႔္ေဝေသာ္က သံသယမဝင္ခဲ့ဘူး။ သူ႕စိတ္ထဲမွာ ဟိုက္ပါေကာင္ေလးက သူတို႔လို SNS ေတြမသုံးတာက ဟုတ္ေလာက္တယ္လို႔ပဲ ထင္ေနတယ္။ ဒါေၾကာင့္ သူ အရမ္းႀကီးေတြးမေနေတာ့ဘူး။


"အဲ့ဒါဆိုရင္ ငါ့ကို ဖုန္းနံပတ္ေပး... ငါ ဖုန္းဆက္တာျဖစ္ျဖစ္ message က တစ္ဆင့္ျဖစ္ျဖစ္ ဆက္သြယ္လိုက္မယ္... မင္း Viber ေလာက္ေတာ့သုံးတယ္မဟုတ္လား..."


"အင္း..."


ခန႔္ေဝေသာ္ရဲ႕ မယုံသကာမၤျဖစ္မႈေၾကာင့္ ယြန္းခ်ီစိတ္သက္သာရာရသြားၿပီးသူ႕ရဲ႕ဖုန္းနံပတ္ကို လြယ္လြယ္ကူကူပဲ ေပးလိုက္ေတာ့တယ္။ သူ ခန႔္ေဝေသာ္ကို သူ႕အေကာင့္ႀကီးကို ေပးလို႔မျဖစ္ဘူးေလ။ မဟုတ္ရင္ ခန႔္ေဝေသာ္က သူ႕ကို ယြန္း မွန္းသိသြားမွာေပါ့။ အဲ့ဒီအခ်ိန္က်ရင္ ဘာျဖစ္နိုင္လဲ ယြန္းခ်ီေတြးေတာင္မေတြးရဲဘူး။ ခန႔္ေဝေသာ္က ယြန္းကို အရမ္းသေဘာက်တာေၾကာင့္ သူသာ ယြန္းဆိုတာကို သိရင္...


အေတြးနဲ႕တင္ ယြန္းခ်ီေက်ာခ်မ္းသြားတယ္။ ေကာလဟလေတြအရဆိုရင္ ခန႔္ေဝေသာ္က ရန္ျဖစ္လို႔လက္လြန္ရင္ ေတာင္ေပၚကေန လူေတြကိုပစ္ခ်တာတဲ့။ ဒါေၾကာင့္ ေပ်ာက္သြားတဲ့လူေတြကို ျပန္မေတြ႕တာတဲ့။ သူ အဲ့ဒီလူေတြနဲ႕ သြားဆုံရေလာက္တယ္။ ယြန္းခ်ီ ေတြးရင္းနဲ႕ၾကက္သီးျဖန္းျဖန္းထလာေတာ့တယ္။ ဟင့္အင္း သူက ယြန္းဆိုတာ ခန႔္ေဝေသာ္ သိလို႔မရဘူး။ ဒါက သူ ေသတဲ့အထိ တိတ္တိတ္ေလး သိမ္းသြားမဲ့ လွ်ို႔ဝွက္ခ်က္ပဲ!


"ဒါဆို ငါ ျပန္ေတာ့မယ္ေနာ္..."


ကိုယ့္အေတြးနဲ႕ကိုယ္ ေၾကာက္ေနၿပီမို႔ ယြန္းခ်ီတစ္ေယာက္ ခန႔္ေဝေသာ္ေရွ႕ လစ္ထြက္ဖို႔ကို ႀကံစည္ေတာ့တာေပါ့။ သူ ကားမွတ္တိုင္သြားမယ္၊ ကားစီးမယ္။ အိမ္ျပန္ေရာက္ရင္ ပြန္းခ်ိကို အစာေကြၽးမယ္။ ၿပီးရင္စာလုပ္မယ္။ ဘာလို႔ဆို ဟန္နာက ဝတ္စုံသစ္တစ္စုံခ်ဳပ္ေနတာမို႔ သူ႕ဆီကို မလာနိုင္ေသးဘူးေလ။ သူ အသစ္တစ္ပုံတင္ထားတာက မၾကာမွ မၾကာေသးတာပဲ။


"ေနဦး!"


ခန႔္ေဝေသာ္ရဲ႕အေျဖကိုေစာင့္ေတာင္မေနဘဲ ယြန္းခ်ီတစ္ေယာက္လွည့္လိုက္ေတာ့တယ္။ သူ လွည့္ေနတုန္းမွာ ခန႔္ေဝေသာ္ရဲ႕ အသံက ထြက္လာေတာ့တာပဲ။ ခန႔္ေဝေသာ္က သူ႕ကို ယြန္းလို႔သိသြားၿပီလားဆိုတဲ့ ေၾကာက္စိတ္နဲ႕ ယြန္းခ်ီ ျပန္လွည့္ၾကည့္ရျပန္တယ္။ ခန႔္ေဝေသာ္က သူ႕ပါးကို လက္ညွိုးနဲ႕ကုတ္ေနျပန္ၿပီးေတာ့...


"ငါ မင္းကို ျပန္လိုက္ပို႔ေပးမယ္..."


ယြန္းခ်ီရဲ႕မ်က္လုံးေတြဝိုင္းစက္သြားေတာ့တယ္။ ခန႔္ေဝေသာ္က သူ႕ကိုသံသယဝင္ေနၿပီလား! တစ္ခုခုကို ရိပ္မိသြားတာလား! ဒါေၾကာင့္ပဲ သူ႕အိမ္ထိလိုက္စစ္ေတာ့မွာလား! သူေတာ့ ေတာင္ေအာက္ကို ေရာက္ေတာ့မွာလား! ေပ်ာက္သြားတဲ့သူေတြနဲ႕သြားဆုံစည္းရေတာ့မွာလား! အေမေရ... သားေပ်ာက္ေနရင္ သားအေလာင္းေလးကိုေတာ့ ေတြ႕ေအာင္ ရွာပါေနာ္... ယြန္းခ်ီအေတြးေတြက ေယာက္ယက္ခတ္သြားေတာ့တယ္။ 


"ဘာလို႔ဆို Assignment ကို မင္းအိမ္မွာလည္း လုပ္ရနိုင္တာမို႔ ငါ မင္းအိမ္ကို သိဖို႔လိုတယ္ေလ..."


ယြန္းခ်ီပါးစပ္ေလးအိုပုံသ႑န္ျဖစ္သြားၿပီး ခန႔္ေဝေသာ္ကို ေခါင္းညိတ္ျပတယ္။ စိတ္ထဲကေတာ့ အလုံးႀကီးက်သြားေတာ့တာေပါ့။ ခန႔္ေဝေသာ္ရဲ႕အေတြးေတြက အၿမဲတမ္း Assignment မွာ ရွိေနတာပဲ။ ေတာ္ေသးတယ္!


"ငါ လိုက္ပို႔ေပးမယ္..."


ခန႔္ေဝေသာ္က သူ႕ကို ယြန္းခ်ီျငင္းမွာစိုးလို႔ ထပ္ေတာင္ေျပာမိေသးတယ္။ ယြန္းခ်ီက သူ႕နတ္ဘုရားမေလးနဲ႕ နည္းနည္းတူတယ္လို႔ ခံစားရတာေၾကာင့္ သူ ယြန္းခ်ီအနားမွာ အခ်ိန္နည္းနည္းေလးျဖစ္ျဖစ္ပိုရွိခ်င္စိတ္ျဖစ္ေနတယ္။ ဒါေပမဲ့ ယြန္းခ်ီကိုလည္း သူ မသိေစခ်င္ဘူး။ ေနာက္ၿပီး တျခားသူေတြလည္း မသိေစခ်င္ဘူး။ ဘာလို႔ဆို ဒါက မဟာအရွက္ကြဲမဲ့ကိစၥႀကီးေလ။ သူ တစ္ေက်ာင္းလုံးက ဖိန႔္ဖိန႔္တုန္ေအာင္ေၾကာက္ရတဲ့ ခန႔္ေဝေသာ္က အခုလိုမ်ိဳး ေကာင္ေလးတစ္ေယာက္နားမွာ အခ်ိန္ျဖဳန္းခ်င္တယ္ဆိုတာႀကီးက လူဟားစရာႀကီးျဖစ္ေနမွာေပါ့။ ၿပီးေတာ့! ယြန္းခ်ီလည္း ေပ်ာ္မွာမဟုတ္ပါဘူး။ ဘာလို႔ဆို ဘယ္ေယာက်ာ္းေလးမွ သူတို႔ကို မိန္းကေလးတစ္ေယာက္နဲ႕ တူတာေၾကာင့္ဆိုၿပီး ေျပာဆိုရင္ ႀကိဳက္မယ္လို႔ သူ မထင္ဘူးေလ။


"အင္း..."


ယြန္းခ်ီေခါင္းေလးငုံ႕ၿပီး သေဘာတူလိုက္တယ္။ ခန႔္ေဝေသာ္က Assignment နဲ႕ပတ္သက္တာကို ေတြးေနသေ႐ြ႕ ယြန္းခ်ီစိတ္ထဲ ေၾကာက္မေနပါဘူး။ ခန႔္ေဝေသာ္က ေကာလဟလေတြေလာက္ ေၾကာက္ဖို႔မေကာင္းဘူးပဲလို႔ ယြန္းခ်ီေတြးလိုက္ေသးတယ္။ သူ႕ရဲ႕အျပင္အဆင္ေတြက နည္းနည္းေလး လမ္းသူရဲဆန္ေပမဲ့ ခန႔္ေဝေသာ္က သူ႕သူငယ္ခ်င္းေတြနဲ႕ တစ္ဖြဲ႕တည္းက်တဲ့သူေတြကိုေတာ့ နည္းနည္းဂ႐ုစိုက္တတ္ပုံရပါတယ္။ အခုပဲၾကည့္ေလ။ သူတို႔က အခုမွ စကားေျပာဖူးၾကေပမဲ့ ခန႔္ေဝေသာ္က သူ႕ကို အိမ္လိုက္ပို႔ေပးတယ္။ 


ယြန္းခ်ီက ဆိုင္ကယ္စီးတတ္ေပမဲ့ သူ႕အိမ္က သူ႕ကိုစိတ္မခ်တာေၾကာင့္ ဘတ္စ္ကားနဲ႕ပဲ ေက်ာင္းတက္ေက်ာင္းဆင္း လုပ္ရတယ္။ ဘတ္စ္ကားခက မ်ားလွတယ္ေတာ့မဟုတ္ေပမဲ့ ပိုက္ဆံကိုေတာ့ ယြန္းခ်ီေႁခြတာခ်င္တယ္။ ဘာလို႔ဆို သူ လိုခ်င္တာေလးေတြ ဝယ္လို႔ရနိုင္တယ္ေလ။ ဒီေတာ့ ခန႔္ေဝေသာ္သာ သူ႕ကို အၿမဲတမ္းလိုက္ပို႔ရင္ေကာင္းမွာပဲလို႔ ယြန္းခ်ီစဥ္းစားမိတယ္။ ဒါဆို တစ္လစာ ဘတ္စ္ကားခကို သူ မုန႔္စားလို႔ရၿပီ! လမ္းထိပ္က အသစ္ဖြင့္တဲ့ bakery ေလးက ကိတ္မုန႔္ေလးေတြ သူ စားခ်င္တယ္! 


ခန႔္ေဝေသာ္ကေတာ့ ယြန္းခ်ီရဲ႕စိတ္ထဲမွာ သူက ဖရီးကယ္ရီျဖစ္သြားတာကို မသိလိုက္ရွာပါဘူး။ ဆိုင္ကယ္စက္ကို ႏွိုးၿပီးေတာ့ ယြန္းခ်ီကို ဆိုင္ကယ္စီးဦးထုပ္ကို သူ ကမ္းေပးလိုက္တယ္။ 


"မင္း ေဆာင္းထားလိုက္... ေတာင္အဆင္းေလက ေအးတယ္..."


ယြန္းခ်ီရဲ႕ပုံက ခပ္ေပ်ာ့ေပ်ာ့ေလးမို႔ မလိုအပ္ဘဲ ယြန္းခ်ီေနမေကာင္းျဖစ္သြားမွာကို သူ မလိုခ်င္ဘူး။ ဒါေၾကာင့္ ခန႔္ေဝေသာ္ ယြန္းခ်ီကို သူေဆာင္းရမဲ့ဦးထုပ္ကေပးလိုက္တာပဲျဖစ္တယ္။


"မင္းကေရာ..."


ယြန္းခ်ီရဲ႕မဝံ့မရဲေမးသံက ရွက္ရိပ္ေႏြးေႏြးပါေနသလိုပါပဲ။ ခန႔္ေဝေသာ္ သူ႕ရင္ထဲကို ေၾကာင္ေလးတစ္ေကာင္က လက္သည္းေသးေသးထုတ္ၿပီးေတာ့ က်ီစားလိုက္သလိုခံစားလိုက္ရတယ္။ ခပ္တည္တည္နဲ႕စိတ္ကို ျပန္ထိန္းၿပီး သူ ယြန္းခ်ီကို ၾကည့္တယ္။


"မလိုဘူး..."


ေတာင္အဆင္းမွာ ခန႔္ေဝေသာ္ရဲ႕ ရင္က ေႏြးေနခဲ့တယ္။ အရင္တုန္းကျဖတ္လာတဲ့ လမ္းေတြက ဒီေန႕ ပိုလွေနသလိုပဲ။ ယြန္းခ်ီက သူ႕ခါးကို ခပ္တင္းတင္းဖက္ထားတယ္။ ဦးထုပ္ခံေနတာေၾကာင့္ ယြန္းခ်ီရဲ႕ပါးက သူ႕ေက်ာကို အပ္မေနနိုင္ခဲ့ဘူး။ ခန႔္ေဝေသာ္ စိတ္ထဲနည္းနည္းေလး ေနာင္တရခ်င္သြားတယ္။ သူ ဦးထုပ္ကိုသာ မေပးခဲ့ရင္ ယြန္းခ်ီက သူ႕ ေက်ာမွာ မ်က္ႏွာဝွက္ေလာက္တယ္ေလ။ 


တိတ္! ငါ ဘယ္လိုေတြေတြးေနတာလဲ! ခန႔္ေဝေသာ္ စိတ္ထဲကေနပဲ သူ႕ကိုယ္သူ ေအာ္လိုက္တယ္။ သူ႕ႏွလုံးသားမွာ နတ္ဘုရားမေလးရွိေနတာကို သူက ဘာကိစၥနဲ႕ ယြန္းခ်ီအေၾကာင္းပဲ စဥ္းစားေနရတာလဲ! ဒါက လုံးဝကို မိုက္မေနဘူး! 


ဘယ္လိုပဲ ခန႔္ေဝေသာ္ သူ႕ကိုယ္သူ ယြန္းအေၾကာင္းေတြးေနေန သူ႕ခါးကိုတင္းတင္းဖက္ထားတဲ့ ယြန္းခ်ီရဲ႕ လက္ေလးေတြေၾကာင့္ သူ႕ႏႈတ္ခမ္းေတြၿပဳံးေနမိတယ္ဆိုတာကိုေတာ့ သူ ဝန္ခံရပါလိမ့္မယ္။ 


ယြန္းခ်ီအိမ္ေရွ႕ေရာက္ခ်ိန္မွာ ခန႔္ေဝေသာ္ရဲ႕မ်က္ႏွာတစ္ခုလုံးက ေအးစက္ေနၿပီ။ ေလတိုက္တာကို ေနာက္စရာမ်ားမွတ္လို႔။ သူေတာ့ အိမ္ေရာက္တာနဲ႕ေႏြးေႏြးေထြးေထြးသာ မေနဘူးဆိုရင္ မနက္ျဖန္ ဖ်ားလိမ့္မယ္။ ဒါ လုံးဝေသခ်ာတယ္။ 


"ေက်းဇူးတင္ပါတယ္... မင္း အိမ္ျပန္ေရာက္ရင္ ဂ႐ုစိုက္ဦးေနာ္..."


ယြန္းခ်ီရဲ႕အသံတိုးတိုးေလးနဲ႕ ဂ႐ုစိုက္မႈက ခန႔္ေဝေသာ္ရဲ႕ ေအးေနတဲ့မ်က္ႏွာကို ခ်က္ခ်င္းကို ေႏြးသြားေစတယ္။ သူ ခပ္ေတာင့္ေတာင့္ပဲ ေခါင္းညိတ္ျပၿပီး ယြန္းခ်ီကမ္းေပးတဲ့ ဆိုင္ကယ္ဦးထုပ္ကို လွမ္းယူတယ္။ ယြန္းခ်ီရဲ႕လက္နဲ႕သူ႕လက္က မေတာ္တဆထိသြားေလရဲ႕။ သူတို႔ႏွစ္ေယာက္လုံးရဲ႕ မ်က္ႏွာက ၿပိဳင္တူနီးပါး ခပ္ရဲရဲျဖစ္သြားၾကတယ္။ သူတို႔ တစ္ေယာက္ကို တစ္ေယာက္ မၾကည့္ၾကေတာ့ဘူး။ ဘာေၾကာင့္မွန္းလည္း သူတို႔ကိုယ္သူတို႔ မသိၾကဘူး။ ဒါေပမဲ့လည္း တစ္ေယာက္ကိုတစ္ေယာက္ မၾကည့္ရဲတာေတာ့အမွန္ပါပဲ။ 


ဆိုင္ကယ္စီးဦးထုပ္ကို ကိုင္ရင္းကေန ခန႔္ေဝေသာ္ သူ႕ေခါင္းကို စြပ္မလို႔လုပ္တယ္။ ယြန္းခ်ီကေတာ့ သူ ဆိုင္ကယ္မထြက္မခ်င္း တစ္ထပ္ခြဲတိုက္ပုေလးရွိတဲ့ၿခံဝန္းေရွ႕မွာ ရပ္ေနေပးမယ္ထင္ပါရဲ႕။


"မနက္ျဖန္က ပိတ္ရက္ဆိုေတာ့..."


ယြန္းခ်ီကို ခန႔္ေဝေသာ္ စကားစတယ္။ ယြန္းခ်ီကလည္း သူ႕ စလြယ္သိုင္းလြယ္ထားတဲ့ လြယ္အိတ္ႀကိဳးေလးကို ခပ္တင္းတင္းကိုင္ၿပီး ခန႔္ေဝေသာ္ကို ေခါင္းငုံ႕ေနရာကေန ေမာ့ၾကည့္လာတယ္။ 


"မင္း ဆံပင္ေတြရွည္ေနတာေၾကာင့္ ငါ ဆံပင္ညွပ္ဆိုင္ကို လိုက္ပို႔ေပးမယ္ေလ... ငါ သိတဲ့ဆံပင္ညွပ္ဆိုင္ ေကာင္းေကာင္းရွိတယ္..."


ခန႔္ေဝေသာ္ ဒီစကားကိုေျပာတဲ့အခ်ိန္မွာ သူ ယြန္းခ်ီကို ၾကည့္မေနခဲ့ပါဘူး။ သူ႕ မ်က္ႏွာတစ္ခုလုံးက နီရဲေနတယ္။ ျဖစ္နိုင္ရင္ သူ ဒီေနရာကေန ဆိုင္ကယ္အျမန္ေမာင္းၿပီး ထြက္ေျပးသြားလိုက္ခ်င္တယ္။


"အင္း အေသးစိတ္ကို မင္းအိမ္ေရာက္ရင္ေျပာေလ..."


ဆိုင္ကယ္စီးၿပီးျပန္တဲ့ လမ္းတစ္ေလွ်ာက္မွာေတာ့ ခန႔္ေဝေသာ္ရဲ႕နားထဲမွာ ယြန္းခ်ီရဲ႕အသံေသးေသးေလးက ပဲ့တင္ထပ္ေနျဖစ္ခဲ့တယ္။ သူ႕မ်က္ႏွာမွာလည္း အၿပဳံးပန္းေတြနဲ႕ေပါ့။


----------



rate now:

8 Reviews
  • reader ThiHla 25.11.2019, 02:01 4.9

    ယြန္းေလးကိုခ်စ္လိုက္တာ 💗💗

    reply

  • reader Yamoneee 25.11.2019, 01:33 5

    အသည္းယားလို့ေသပါျပီရွင္😭🧡

    reply

  • reader KimYooHyun 24.11.2019, 10:04 5

    💙

    reply

  • reader MyatSuMay 24.11.2019, 08:13 4.9

    ခ်ယ္ရီပင္ေအာက္ကပံုရိပ္ေလးေတြ ဘယ္ေလာက္လွေနလိုက္မလဲ 😍

    reply

  • reader Chue (MiKhoon) 24.11.2019, 07:50 5

    Assignment လုပ်ဖို့ဆံပင်ညှပ်ရမယ်🤔

    reply

  • reader MaskMelon 24.11.2019, 06:44 5

    🥔♥♥

    reply

  • reader Khant D 24.11.2019, 06:04 4.8

    လူဆိုးေကာင္ေလးက ရွက္ေနတာတဲ့ 😂

    reply

  • reader Nyo Lae 24.11.2019, 05:46 5

    အားးးးး ခန္႔ေဝေသာ္ေလးရဲ႕ခ်စ္လိုက္တာ ☹️

    reply