book

Index 2

(2)

  • Author : AnnaLynn
  • Genres : Romance, Comedy

Anna : Here is the coffee chapter (1/5). Thanks for the delicious Coffee Nyolae ^^. PM me or comment if you made transaction. Or else I won't know nya~ Enjoy the chap fellas~~~


Zawgyi


အပိုင္း - ၂ : ကံဆိုးသူေမာင္ရွင္ေလး။


အတန္းကအျမဲတမ္းဆူညံေနတယ္။ အမွန္အတုိင္းေျပာရရင္ ယြန္းခ်ီက ဆူညံတာကိုမႀကိဳက္ဘူး။ သူက တိတ္တိတ္ဆိတ္နဲ႔ပဲ အိမ္မွာ ပြန္းခ်ိန႔ဲကစားခ်င္တာ။ ပြန္းခ်ိဆိုတာတျခားေတာ့မဟုတ္ပါဘူး။ သူ႔အိမ္က ေခြးေလးပါ။ ေက်ာင္းတက္ရတာက ယြန္းခ်ီအတြက္စိတ္ဆင္းရဲဆံုးအခ်ိန္ေတြပဲ။ ေကာင္ေလးေတြက တအားဆူညံတယ္။ ေကာင္ေလးေတြမွ မဟုတ္ပါဘူး ေကာင္မေလးေတြကလည္း တအားဆူညံတာပါပဲ။ သူတုိ႔က အားေနေကာင္ေလးေတြအေၾကာင္းပဲ ေျပာေနၾကတာ။ ဆယ္ေက်ာ္သက္ေတြမို႔ စိတ္ကစားတာေတာ့ သူ လက္ခံပါတယ္။ ဒါေပမဲ့ သူတုိ႔က စာပိုႀကိဳးစားသင့္တယ္မဟုတ္ဘူးလား။ 


ယြန္းခ်ီ အတန္းထဲမွာ အေၾကာက္ဆံုးကေတာ့ ခန္႔ေဝေသာ္ပါပဲ။ ဘာလုိ႔ေၾကာက္တာလဲဆိုရင္ေတာ့ ယြန္းခ်ီရဲ႕ အေျဖက ရွင္းရွင္းေလးပါ။ ခန္႔ေဝေသာ္က လမ္းသူရဲတစ္ေယာက္နဲ႔တူတယ္။ ဟုတ္တာေပါ့ ယြန္းခ်ီအတြက္ေတာ့ ခန္္႔ေဝေသာ္က လမ္းသူရဲတစ္ေယာက္နဲ႔ တကယ္တူတယ္။ သူ႔ဆံပင္ေတြက နီနီေထာင္ေထာင္ေတြ။ နားမွာလည္းနားေပါက္ေတြနဲ႔။ တစ္ခါခါမွာ ေဘာင္းဘီအမည္းအပြေပၚမွာ ခ်ိန္းႀကိဳးေတြကိုေတာင္ တပ္ထားတပ္ေသးတယ္။ အရိုးေခါင္းပံုေက်ာပိုးအိတ္ႀကီးနဲ႔ ခန္႔ေဝေသာ္ရဲ႕ ပံုက ယြန္းခ်ီမ်က္လံုးထဲမွာေတာ့ chuuninbyou ျဖစ္ေနတဲ့သူတစ္ေယာက္အတိုင္းပါပဲ။ ဘာအရိုးေခါင္းပံုႀကီးလဲ ဒိတ္ေအာက္လိုက္တာ။ 


(Anna : Chuuninbyo ဆိုတာက ဂ်ပန္ slang တစ္ခုပါ။ အသက္ ၁၃ - ၁၄ ႏွစ္အရြယ္ေလးေတြရဲ႕ ရွက္စရာေကာင္းတဲ့အျပဳအမူတခ်ိဳ႕ကိုစိတ္လုိတာပါ။ စိတ္ကူးယဥ္ဆန္တဲ့အျပဳအမူေပါ့။ သူက နဂါးတိုင္းျပည္ကလာတယ္။ သူက မင္းသားေလးတစ္ပါး၊ မင္းသမီးေလးတစ္ပါး အစရွိသျဖင့္ စိတ္ကူးယဥ္ၿပီးျပဳမူေနထိုင္တတ္တဲ့သူေတြကို ေခၚပါတယ္။ အဂၤလိပ္လိုဆိုရင္ေတာ့ "Eighth- Grader Syndrome" လို႔ေခၚပါတယ္) 


ေနာက္ၿပီးယြန္းခ်ီမွာ လွ်ိဳ႕ဝွက္ခ်က္အႀကီးႀကီးတစ္ခုရွိပါေသးတယ္။ အဲ့ဒါကေတာ့...


"ယြန္းခ်ီ! ဒီမွာၾကည့္ ဒီမွာၾကည့္ ဒီေကာင္မေလးက မလွပါဘူး ဟုတ္တယ္မလား..."


အတန္းအေရွ႕ဆံုးတန္းမွာထိုင္တဲ့သူအမ်ားစုက မိန္းကေလးေတြပါပဲ။ ေယာက်ာ္းေလးေတြဆုိရင္ေတာ့ သူ႔လုိ စာဂ်ပိုးေလးေတြပဲရွိတာေပါ့။ ဒါေပမဲ့ မိန္းကေလးေတြက ယြန္းခ်ီကိုခင္ၾကတယ္။ သူတုိ႔ေျပာၾကတာေတာ့ ယြန္းခ်ီက သူတုိ႔လုိပဲ ေအးေအးေလးမို႔လို႔တဲ့။ ယြန္းခ်ီလည္း ဒီကိစၥနဲ႔ပတ္သက္ၿပီးဘယ္လိုေျပာရမွန္းကို နားမလည္ပါဘူး။ သူကေယာက်ာ္းေလး ဒါေပမဲ့ ေယာက်ာ္းေလးတစ္ေယာက္လုိလည္း မဟုတ္ဘူး။ သူ႔အဆစ္အေပါက္က မိန္းကေလးေတြနဲ႔တူတယ္လုိ႔ေတာင္ ေျပာလုိ႔ရေသးတယ္။ 


"ၾကည့္ၾကည့္ပါဦး သူတုိ႔ကသာ အတင္းရူးသြပ္ေနတာ မိတ္ကပ္ေတြနဲ႔ဟာကို..."


ယြန္းခ်ီကို အတင္းလာတုတ္တဲ့ေကာင္မေလးက ကုတ္ေထာက္ဆံပင္ေလးကို နားၾကားထဲသြင္းၿပီး ဆိုးေဆးကူထားတဲ့ ႏႈတ္ခမ္းရဲရဲေလးကို စူၿပီးေျပာလာေလရဲ႕။ ယြန္းခ်ီတစ္ခ်က္မ်က္ခံုးပင့္တယ္။ ကိုယ္တုိင္က မိတ္ကပ္ေတြနဲ႔ဟာကိုတျခားသူတစ္ေယာက္ မိတ္ကပ္လိမ္းထားတာကို အျပစ္ေျပာလုိ႔ရရိုးလား။


"အင္းေလ... သူရယ္တာကိုလည္း ၾကည့္ပါဦး ဟန္ေဆာင္ရယ္ေနတာအသိသာႀကီးကို..."


ေနာက္တစ္ေယာက္ကပါ မေက်မလည္နဲ႔လုိက္ေျပာလာတယ္။ ေယာက်ာ္းထုႀကီးက သည္းသည္းလႈပ္တဲ့မိန္းကေလးေတြကို မိန္းကေလးအခ်င္းခ်င္းက ဘယ္ေတာ့မွမၾကည္ၾကဘူး။ အဲၾကည္ၿပီဆုိရင္လည္း ဒါက တကယ္ႀကိဳက္လုိ႔ (ျဖစ္ႏိုင္တာ အမ်ားစုကေတာ့ အလွေလးေတြျမင္တာနဲ႔ ေဂးတတ္တဲ့မိန္းကေလးေတြ)၊ ဒါမွမဟုတ္ သက္သက္ ေယာက်ာ္းထုႀကီးရဲ႕ အတန္းရွင္း(attention) ကိုလုိခ်င္တာေၾကာင့္ပဲ။ အခုဒီမိန္းကေလးေတြက စစ္လြန္းတဲ့မိန္းကေလးေတြလုိ႔ေတာင္ ေျပာလုိ႔ရမယ္။ သူတုိ႔ေတြက အတန္းထဲက ေယာက်ာ္းေလးေတြ သည္းသည္းလႈပ္တဲ့ ဓာတ္ပံုထဲက မိန္းကေလးကို ၾကည္ၾကပံုမရဘူး။


"ဟုတ္ပ မလွလွေအာင္ရယ္ေနၾကတာ..."


"နင့္ crush ေကာင္က သူ႔ကိုသေဘာက်ေနလုိ႔ နင္မေက်မနပ္ျဖစ္ေနတာမဟုတ္လား..."


တစ္ေယာက္တစ္ေပါက္ စေနာက္ေနၾကတဲ့ မိန္းကေလးေတြၾကားမွာ ယြန္းခ်ီညပ္သလုိလုိျဖစ္လာတယ္။ ဘာလုိ႔ မိန္းကေလးေတြက သူ႔ေရွ႕မွာဆုိရင္ နည္းနည္းေလးမွ အေျပာအဆိုမဆင္ျခင္ရတာလဲ။ ညီအစ္မေတြလိုေပါင္းတယ္ဆုိတာမ်ိဳးကို သူ လက္ခံမေပးခ်င္ပါဘူး။ 


"ယြန္းခ်ီ လွလားဆို..."


ယြန္းခ်ီရဲ႕အေျဖစကားကိုမရတာေၾကာင့္ ပထမဆံုးေမးလာတဲ့ ေကာင္မေလးက စိတ္မရွည္ခ်င္ေတာ့စြာနဲ႔ ထပ္ၿပီးေမးျပန္တယ္။ ယြန္းခ်ီကေတာ့ ခပ္ေဖ်ာ့ေဖ်ာ့ပဲျပံဳးတယ္။ သူ ဘာျပန္ေျဖရမွာလဲ။ ဓာတ္ပံုထဲက ေခြးေလးက ပြန္းခ်ိျဖစ္ၿပီး ဆံပင္အညိဳေကာက္ေကာက္ေလးနဲ႔မိန္းကေလးက သူပါလို႔။ ယြန္း ဆုိတဲ့ ID နဲ႔ Photo Model ေကာင္မေလးက သူျဖစ္ေနတာေၾကာင့္ ဒီေကာင္မေလးကို လွလားမလွလားကို သူ ဘယ္လုိလုပ္ၿပီး ေျဖရမွာလဲ။ ကိုယ့္ကိုယ္ကို လွတယ္ေျဖရင္ သူက ကိုယ္ရည္ေသြးတဲ့သူတစ္ေယာက္ျဖစ္သြားမွာေပါ့။ 


ဒါေပမဲ့လည္း အမွန္အတုိင္းေျပာရရင္ေတာ့ ယြန္း က လွတယ္။ အာ... ယြန္းခ်ီမ်က္ႏွာရဲခ်င္သလုိလုိျဖစ္သြားတယ္။ ဒုကၡ သူေတာ့ ကိုယ့္ကိုယ္ကို လွတယ္ထင္ေနတဲ့သူျဖစ္ေတာ့မွာပဲ။ 


ဟုတ္တယ္ သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကေတာ့ ယြန္းခ်ီဆုိတဲ့ေကာင္ေလးသူက အခုအရမ္းကို ေကာင္ေလးေတြၾကားေရပန္းစားေနတဲ့ Photo Model ေကာင္မေလး ယြန္း ဆိုတာပါပဲ။


"ငါ မၾကည့္တတ္ပါဘူး..."


ယြန္းခ်ီ ခပ္တိုးတိုးေလးပဲျပန္ေျဖလုိက္တယ္။ သူ မေမးမခ်င္း မေရႊေခ်ာေတြက သူ႔ကိုအလြတ္ေပးမဲ့ပံုမေပၚဘူးေလ။ ဒီေတာ့ သူ စကားနည္းရန္စဲပဲေျဖလုိက္ရေတာ့တာေပါ့။ 


"ယြန္းခ်ီက ဒီေကာင္မေလးကို မႀကိဳက္ဘူးလား..."


ယြန္းခ်ီေခါင္းေလးယမ္းတယ္။ သူ႔ကိုယ္သူ ဘယ္လိုလုပ္ၿပီး သူ ႀကိဳက္လုိ႔ရမွာလဲ။ သူက ဂရိနတ္ဘုရားဒ႑ာရီပံုျပင္ေတြထဲက ကိုယ့္ပံုရိပ္ကိုယ္ေရအိုင္ထဲၾကည့္ၿပီး ခ်စ္ကြ်မ္းဝင္သြားတ့ဲ Narcissus မဟုတ္ဘူးေလ။ ဒါေၾကာင့္ သူ ေခါင္းေလးပဲယမ္းမယ္။ ဒါက အေကာင္းဆံုးအေျဖပဲ။


"အိုးတကယ္လား..."


မိန္းကေလးေတြက ေယာက်ာ္းေလးျဖစ္တဲ့ယြန္းခ်ီက ယြန္း ကိုမႀကိဳက္တာကို ေတြ႔ေတာ့ သူတုိ႔ရဲ႕စိတ္ထဲက အစိုင္အခဲေျပသြားၿပီး တျခား ေရာက္တတ္ရာရာေပါက္တတ္ရာရာေလွ်ာက္ေျပာၾကတယ္။ မိန္းကေလးေတြက အရမ္းေတာ္တဲ့ သတင္းေထာက္ေတြလုိ႔ ယြန္းခ်ီထင္တယ္။ ဘာလုိ႔ဆုိ သူတုိ႔ေျပာေနတဲ့အေၾကာင္းအရာေတြထဲမွာ ေက်ာင္းအုပ္က ထိပ္ေျပာင္ေနလို႔ ဆံပင္တုႀကီးတပ္ထားတဲ့အေၾကာင္း။ ဆရာမအပ်ိဳႀကီးက သူ႔ထက္ခုနစ္ႏွစ္ေလာက္ငယ္တဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ တြဲေနတ့ဲအေၾကာင္း။ မင္းသားတစ္ေယာက္က အရင္တုန္းက စပြန္ဆာရွိဖူးတဲ့အေၾကာင္း။ BL ရုပ္ရွင္ကားေတြက ဘယ္လုိေခတ္ထ လာတဲ့အေၾကာင္း။ သူတုိ႔ရဲ႕ေလာကထဲ တာဇံေတြမ်ားလာလုိ႔ စိတ္ညစ္တဲ့အေၾကာင္း။ စံုစိေနတာပါပဲ။ 


ယြန္းခ်ီက ဒီအေၾကာင္းေတြ သိပ္မသိေပမဲ့ အတန္းထဲက ေကာင္မေလးေတြေက်းဇူးနဲ႔ သူ ေကာင္းေကာင္းသိေနရတယ္။ ေရွ႕ဆံုးတန္းထုိင္လုိ႔ ဒီမိန္းကေလးေတြဟာ စာကိုပဲ စိတ္ဝင္စားတယ္လို႔ ထင္တယ္ဆုိရင္ေတာ့ ေကာင္ေလးေတြက အမွားႀကီးမွားတာပါပဲ။ သူတုိ႔က အလယ္တန္းနဲ႔ေနာက္တန္းမွာထိုင္တဲ့ ေကာင္မေလးေတြရဲ႕ ဗဟုသုတထက္မပိုရင္ မေလ်ာ့ပါဘူး။


"ဒါနဲ႔ ယြန္းခ်ီ သိၿပီးၿပီလား ႏွစ္လည္က်ရင္ ငါတုိ႔ Assignment တင္ရမယ္..."


သူတုိ႔ရဲ႕ေထြရာေလးပါး အတင္းေပါင္းစံုၿပီးေတာ့ စာအေၾကာင္းကို ျပန္သတိရသြားပံုရတယ္။ 


"ငါးေယာက္တစ္ဖြဲ႔ခြဲတာ... နင္ ဘယ္သူနဲ႔က်လဲ ငါေျပာျပရမလား..."


အတန္းရဲ႕ EC ေကာင္မေလးက သူ႔မ်က္မွန္ေလးပင့္ပင့္ၿပီးေျပာတယ္။ တျခားမိန္းကေလးေတြရဲ႕ သူ႔ကိုသနားလိုက္တာ ဆုိတဲ့အၾကည့္ေတြေၾကာင့္ ယြန္းခ်ီစိတ္ထဲ ထိတ္သြားတယ္။ သူက စုေပါင္းလုပ္ရတဲ့ကိစၥေတြမွာ ဘယ္ေတာ့မွ ကံမေကာင္းတတ္ဘူးေလ။ 


"ဘာလုိ႔ ငါ အဖြဲ႔ခြဲၿပီးတာကို မသိလုိက္ရတာလဲ..."


"ဟင္ နင္ အဲ့ဒီၾကက္ဖေလးကို လွည့္ၾကည့္လုိက္တာက သိေနလုိ႔ မဟုတ္ဘူးလား! ေၾကညာတဲ့ေန႔က နင္ေက်ာင္းမတက္ဘူး... ဒါေပမဲ့ ငါက နင္သိၿပီးၿပီပဲ ထင္ေနတာ..."


EC ေလးရဲ႕ အထိတ္တလန္႔ေျပာသံေၾကာင့္ ယြန္းခ်ီေခါင္းကိုက္သလုိလုိ ခံစားလုိက္ရတယ္။ ၾကက္ဖေလးဆုိတာက ခန္႔ေဝေသာ္ကို မိန္းကေလးေတြေခၚတဲ့နာမည္ေျပာင္ပါ။ ခန္႔ေဝေသာ္ရဲ႕ ေထာင္ထားတဲ့ဆံပင္နီနီေတြကို အေမာက္လို႔ သူတုိ႔က ေခၚၿပီး ခန္႔ေဝေသာ္ကို ၾကက္ဖေလးလုိ႔ ေခၚၾကတယ္။ ယြန္းခ်ီကေတာ့ ခန္႔ေဝေသာ္ကို ၾကက္ေမာက္သီးနဲ႔ပိုတူတယ္လုိ႔ ထင္တာပဲ။ ၾကက္ဖတစ္ေကာင္ထက္စာရင္ ခန္႔ေဝေသာ္က ယြန္းခ်ီအတြက္ ၾကက္ေမာက္သီးနဲ႔ ပိုတူတယ္။


"ငါ သူနဲ႔က်တာေတာ့မဟုတ္ပါဘူးေနာ္..."


ယြန္းခ်ီ စိတ္ညစ္ညစ္နဲ႔ေျပာတယ္။ ေမးသာေမးေနရတယ္... သူ႔ရဲ႕ကံဆိုးမႈကိုလံုးဝယံုၾကည္ထားတာေၾကာင့္ သူ က်ိန္းေသေပါက္ဒီၾကက္ေမာက္သီးေကာင္နဲ႔ တစ္ဖြဲ႔တည္းက်မွာပါပဲ။ ေနာက္ၿပီး EC ရဲ႕စကားအရဆုိရင္ အေျဖက ၉၉ ရာခုိင္ႏႈန္းေသခ်ာတယ္။ က်န္တဲ့ ​၁ ရာခိုင္ႏႈန္းကိုေတာ့ သူ တမင္အတင္းႀကီးကို မက်ႏုိင္ပါဘူးလို႔ေတြးထားတာ။ ေနာက္ၿပီး သူ ၾကက္ေမာက္သီးေကာင္ကို လွည့္ၾကည့္တာက လူမႈကြန္ယက္မွာ ပံုအမွန္ႀကီးနဲ႔ သူ႔ပံုကို အတင္းေတြ love react လုပ္တာကို သိေနလို႔ပါပဲ။ ဒါေၾကာင့္ မသက္မသာလွည့္ၾကည့္တာ။ ကိုယ့္အတန္းေဖာ္က ကိုယ္ဆုိတာမသိဘဲ အရမ္းေတြ သေဘာက်ေနတာကို ခံရေတာ့ ယြန္းခ်ီစိတ္ထဲ အျပစ္ရွိသလိုလိုခံစားရတယ္ေလ။ တျခားသူေတြကိုေတာ့ ယြန္းခ်ီမမွတ္မိေပမဲ့ ခန္႔ေဝေသာ္ကိုေတာ့ ယြန္းခ်ီမွတ္မိတယ္။ ဒါကလည္း လူဆိုးမ်က္ႏွာေပးနဲ႔ လက္ႏွစ္ေခ်ာင္းကို ေအာက္စိုက္ေထာင္ျပထားတဲ့ chuuninbyou pose နဲ႔ profile picture ေၾကာင့္ဆိုလည္း မမွားပါဘူး။


"က်တယ္ေလ... နင္ရယ္သူရယ္ စာမလုပ္တဲ့အျမႊာႏွစ္ေကာင္ရယ္ တစ္ခ်ိန္လံုးအတန္းမတက္တဲ့တစ္ေကာင္ရယ္..."


EC ေျပာသမွ်သူေတြက သူတုိ႔အတန္းမွာေအာ့ေၾကာလန္ေတြျဖစ္တာေၾကာင့္ နာမည္ေတြမေျပာရံုနဲ႔တင္ ယြန္းခ်ီသိလိုက္ရတယ္။ ေသပါၿပီ Assignment က သူတစ္ေယာက္တည္း လုပ္ရေတာ့မွာေပါ့။


"Assignment အမွတ္က စာေမးပြဲမွာ ေတာ္ေတာ္ပါမွာမုိ႔ ဆရာေတြက သူတုိ႔ကို နင္နဲ႔တြဲေပးတာထင္တယ္..."


Roll 2 ေကာင္မေလးက ေဖးေဖးမမေလးယြန္းခ်ီကုိထပ္ေျပာတယ္။


"ကုသိုလ္ရပါတယ္ဟယ္..."


ကုသိုလ္က သူပဲရပါလား! ဘာလုိ႔ သူမွလဲ။ ယြန္းခ်ီစိတ္ထဲမွာ အမုန္းႀကီးနဲ႔ေရရြတ္ေနေပမဲ့လည္း သူ တိတ္တိတ္ေလးေနၿပီး မခ်ိျပံဳးပဲျပံဳးေနလုိက္တယ္။ ဘာလို႔သူက ကံဆိုးၿပီး Assignment ကို တစ္ေယာက္တည္း လုပ္ရမွာလဲ။ ဒီေကာင္ေတြက နည္းနည္းေလးမွ အားကိုးရမဲ့ေကာင္ေတြမဟုတ္ဘူး။ 


ငါေတာ့ ဘုရားကို ညတင္မကဘူး မနက္ပါရွိခိုးသင့္ေနၿပီ... ယြန္းခ်ီ စိတ္ညစ္ညစ္နဲ႔ေတြးတယ္။ သူ ေန႔တုိင္းဘုရားရွိခိုးေနတာေတာင္မွ ကံက ဘာလို႔မေကာင္းရတာလဲ။ သူ႔ရဲ႕ group မွာ စာမလုပ္တဲ့ေသာက္ပ်င္းအျမႊာညီေနာင္ရယ္၊ ကိုယ္ေပ်ာက္ေက်ာင္းသားတစ္ေယာက္ရယ္၊ ေနာက္ဆံုး ေက်ာင္းအုပ္ရဲ႕လူရမ္းကား တူေလးရယ္။ ေၾသာ္... သူက Assignment လုပ္တာအျပင္... သူတုိ႔ကို ထိန္းပါထိန္းရေတာ့မယ္ထင္ပါရဲ႕။ 


ယြန္းခ်ီအေတာ့္ကို စိတ္မသက္မသာျဖစ္သြားတယ္။ အတန္းဝင္ၿပီးကတည္းက ဌာနမွဴးေခၚလို႔ဆုိၿပီး ျပန္ထြက္သြားရတဲ့ ဆရာလည္း အတန္းခ်ိန္တစ္ဝက္ေလာက္မွ ျပန္ေရာက္လာေတာ့တယ္။ သင္ခန္းစာတစ္ခုေတာင္ မၿပီးခင္မွာပဲ အတန္းခ်ိန္က ကုန္သြားခဲ့တယ္။ အတန္းခ်ိန္ကုန္တာနဲ႔ ကန္တင္းထြက္မယ္ဆုိတဲ့ ေက်ာင္းသားေတြရဲ႕ စိတ္ကူးေတြဟာလည္း ဆရာ့ရဲ႕အခ်ိန္ခိုးမႈနဲ႔ ေနာက္ဆရာမ ေရာက္လာမႈအၾကားမွာ ေပ်ာက္သြားရေတာ့တာေပါ့။ 


ဘာေၾကာင့္ တျခားသူေတြရဲ႕ေက်ာင္းက လြတ္လပ္ၿပီး သူတုိ႔ေက်ာင္းက ေထာင္ႀကီးနဲ႔တူေနရတာလဲ။ စိတ္မၾကည္လင္ေတာ့တာေၾကာင့္ ယြန္းခ်ီတစ္ေယာက္ အကုန္လံုးကို မေကာင္းျမင္ခ်င္လာေတာ့တယ္။ သူတုိ႔ဆရာမေတြကလည္း ဘာလုိ႔ အရမ္းေတြကုိ စာသင္ခ်င္ေနရတာလဲ။ 


"Paper 2 က သန္ဘက္ခါ Practical ရွိတယ္ေနာ္..."


အတန္းထဲဝင္လာတာနဲ႔ ဆရာမက သူ႔ဘာသာရပ္က ဘယ္ေတာ့စာေမးပြဲရွိတယ္ဆိုတာကို အရင္ေဆာ္ၾသတယ္။ အခုဆရာမကို ယြန္းခ်ီသေဘာမက်တာက အဲ့ဒီအခ်က္ပဲ။ ဆရာမက အားေန စာေမးပြဲက ဘယ္ေတာ့ဆုိတာကို အရမ္းေျပာတယ္။ ေနာက္ထပ္ေျခာက္လေလာက္မွေျဖရမဲ့ ႏွစ္ဝက္စာေမးပြဲကိုလည္း ႏွစ္စကတည္းက သတိေပးတယ္။ ဒါက ဘယ္မွာေကာင္းလို႔လဲ။ စာေမးပြဲဆုိတာက စိတ္ခ်မ္းသာစရာေကာင္းတဲ့ နာမည္မဟုတ္ပါဘူး။ 


ဒီလုိနဲ႔သူတုိ႔ ေန႔လည္စာစားတဲ့အခ်ိန္ေရာက္လာတဲ့။ ေကာင္ေလးေတြက ထံုးစံအတုိင္း လြတ္ကြ်တ္ၿပီေဟ့ဆုိၿပီး ေျပးထြက္သြားၾကတယ္။ မိန္းကေလးေတြကေတာ့ နည္းနည္းေလးအလွျပင္ၿပီးမွ ထြက္လာတာေပါ့။ ယြန္းခ်ီကေတာ့ ေက်ာင္းရဲ႕ တိတ္ဆိတ္တဲ့ အပင္ေတြေအာက္မွာ အိမ္ကေနသူကိုယ္တုိင္ျပင္လာတဲ့ ထမင္းဘူးေလးကို ထုတ္လာလုိက္တယ္။ 


ယြန္းခ်ီရဲ႕မိဘေတြက သူနဲ႔အတူတူေနေပမဲ့ မိသားစုမ်က္ႏွာခ်င္းဆုိင္တဲ့အခ်ိန္က ပိတ္ရက္ေတြမွာေလာက္ပဲရွိတယ္။ ယြန္းခ်ီရဲ႕ မိဘေတြက အစိုးရဝန္ထမ္းေတြျဖစ္တဲ့အျပင္ ရာထူးႀကီးတဲ့သူေတြျဖစ္တာေၾကာင့္ သူတုိ႔ရဲ႕အိမ္ျပန္ခ်ိန္တြင္က အရမ္းကို ေနာက္က်ၾကတယ္။ မ်ားေသာအားျဖင့္ သူတုိ႔ျပန္ေရာက္ရင္ ယြန္းခ်ီက အိပ္ေနၿပီ။ အဲ့လိုမဟုတ္ဘူးဆုိရင္လည္း ယြန္းခ်ီက အခန္းထဲကေန ထြက္မလာျဖစ္ပါဘူး။ ဘာလို႔ဆုိ သူ စာလုပ္ေနတာမ်ားတယ္ေလ။ သူဧည့္ခန္းထဲထြက္လာတဲ့အခ်ိန္က်ျပန္ေတာ့လည္း သူ႔မိဘေတြက ကိုယ့္အခန္းကိုယ္ေရာက္ေနၾကၿပီေလ။ 


ဒီေတာ့ ေျပာရမယ္ဆုိရင္ေတာ့ ယြန္းခ်ီတုိ႔ မိသားစုက ဘာျပႆနာမွမရွိဘဲ ခပ္စိမ္းစိမ္းျဖစ္ေနၾကတဲ့ မိသားစုေလးျဖစ္ေနတာေပါ့။ ယြန္းခ်ီက လိမၼာတဲ့သားေလးတစ္ေယာက္လို႔ ေျပာရမယ္။ မိဘေတြက အျမဲတမ္း ေနာက္က်မွ ျပန္လာတာေၾကာင့္ သူတုိ႔ကေစာစာမထႏုိင္ၾကဘူး။ ဒါေၾကာင့္ ဟင္းခ်က္တတ္ကတည္းက ယြန္းခ်ီက မိခင္ကို မီးဖိုေခ်ာင္တာဝန္ကို ယူေပးခဲ့တယ္။ ဘာလို႔ဆုိ သူ႔အေမလည္း ပင္ပန္းတယ္။ ၿပီးေတာ့ ယြန္းခ်ီကို သိပ္ဂရုမစိုက္ႏိုင္တဲ့ မိဘႏွစ္ပါးလံုးကိုလည္း ယြန္းခ်ီအျပစ္မျမင္ပါဘူး။ သူတို႔ေငြရွာတယ္ဆိုတာလည္း သူ႔အတြက္ပဲမဟုတ္လား။ 


အိမ္မွာနည္းနည္းေလးအထီးက်န္တာေၾကာင့္ ယြန္းခ်ီသူ႔ညီမဝမ္းကြဲေလး ဟန္နာကို ေခၚၿပီးအေဖာ္လုပ္ျဖစ္တယ္။ ဟန္နာက အခ်ဳပ္အလုပ္ဝါသနာပါတဲ့ေကာင္မေလးတစ္ေယာက္ေပါ့။ ငယ္ငယ္ေလးနဲ႔ သူမက ဒီဇိုင္းလွလွေလးေတြကို ခ်ဳပ္ႏုိင္တယ္။ ဒါေတာင္သူမက အသက္ျပည့္တဲ့မိန္းကေလးတစ္ေယာက္မဟုတ္ေသးပါဘူး။ ေျပာရရင္ ပါရမီရွင္ေလးေပါ့။ ယြန္းခ်ီက ယြန္းဆိုတဲ့ Photo Model ေလးျဖစ္လာတာက ဟန္နာေၾကာင့္လုိ႔ ရာႏႈန္းျပည့္နီးပါးဆိုလုိ႔ရတယ္။ ယြန္းခ်ီက ဓာတ္ပံုရိုက္ရတာ ဝါသနာပါတယ္။ ဟန္နာက အဝတ္လွလွေလးေတြခ်ဳပ္ရတာ ႀကိဳက္တယ္။ ႏွစ္ေယာက္ေတြ႔တဲ့အခ်ိန္မွာ နဂိုအဆစ္အေပါက္ေသးသြယ္တဲ့ ယြန္းခ်ီတစ္ေယာက္ မိန္းကေလးလုိ ဝတ္တာလွမွန္းလည္းသိေရာ ဟန္နာတစ္ေယာက္ ခြင္ဖန္ေတာ့တာေပါ့။ ယြန္းခ်ီကိုယ္တုိင္ကလည္း သူ႔ကိုယ္သူ လွလွေလးျမင္ရတာသေဘာက်တာေၾကာင့္ ဟန္နာ့ရဲ႕ ဂါဝန္လွလွေလးေတြကို ဝတ္ေပးဖို႔တစ္ခါေလးေတာင္ မညည္းညဴခဲ့ဘူး။ 


ဒီလုိနဲ႔ပဲ ေျခာက္လေက်ာ္မွာေတာ့ ယြန္းဆိုတဲ့ Photo Model ေလးဟာ ေယာက်ာ္းေလးေတြၾကား ေရပန္းစားလာေတာ့တာေပါ့။ ဒါက ယြန္းခ်ီရဲ႕ Photo Model ျဖစ္လာတဲ့ သမုိင္းေၾကာင္းေလးပါပဲ။ ယြန္းခ်ီက သူ႔ကိုယ္သူ ေယာက်ာ္းေလးေတြကို သေဘာက်လား မိန္းကေလးေတြကို သေဘာက်လားဆုိတာေတာ့ မစဥ္းစားမိဘူး။ ဘာေၾကာင့္ဆုိ သူ လူေၾကာက္တယ္။ လူအကုန္လံုးကိုေၾကာက္တာ။ သူနဲ႔မရင္းႏီွးတဲ့သူ မွန္သမွ်ကို သူ ညီညီမွ်မွ်ကိုေၾကာက္တယ္။ ေယာက်ာ္းေလးေသာ္ မိန္းကေလးေသာ္ သူ မခြဲပါဘူး။ သူ အကုန္လံုးကို ေၾကာက္ပါတယ္။ 


"ဟယ္ ယြန္းခ်ီ... ၾကက္ဖေလးက နင့္ကိုၾကည့္ေနတယ္..."


ယြန္းခ်ီ ထမင္းဘူးေလးယူေနရင္းကေန ျပတင္းအျပင္က သူ႔ကိုၾကည့္ေနတဲ့ ခန္႔ေဝေသာ္နဲ႔ အၾကည့္ခ်င္းဆံုသြားခဲ့တယ္။ အဲ သူ႔ဆံပင္ေတြကမ်က္လံုးကို ဖံုးေနတာေၾကာင့္ ခန္႔ေဝေသာ္က သူတုိ႔ႏွစ္ေယာက္ အၾကည့္ခ်င္းဆံုသြားတယ္ဆုိတာကိုေတာင္ သိပါ့မလား ယြန္းခ်ီမသိပါဘူး။ ခန္႔ေဝေသာ္က သူ႔ကို တခဏပဲ စိုက္ၾကည့္ၿပီးေတာ့ သူ႔လူရမ္းကားေလးေတြရဲ႕ ေနာက္ေျပာင္ဆြဲေခၚမႈေနာက္က ပါသြားေလရဲ႕။


"ကံေကာင္းပါေစ..."


ေျပာင္စပ္စပ္ေျပာလာတဲ့ သူနဲ႔အတူထုိင္တဲ့သူေတြကို ယြန္းခ်ီစိတ္ထဲကေနပဲ မ်က္ေစာင္းထိုးလိုက္ေတာ့တယ္။ သူ႔ကိုယ္သူလည္း Assignment အတြက္ ကံေကာင္းပါေစလို႔ပဲ ႀကိတ္ဆုေတာင္းရေတာ့တာေပါ့။ 


---------


Unicode


အပိုင်း - ၂ : ကံဆိုးသူမောင်ရှင်လေး။


အတန်းကအမြဲတမ်းဆူညံနေတယ်။ အမှန်အတိုင်းပြောရရင် ယွန်းချီက ဆူညံတာကိုမကြိုက်ဘူး။ သူက တိတ်တိတ်ဆိတ်နဲ့ပဲ အိမ်မှာ ပွန်းချိနဲ့ကစားချင်တာ။ ပွန်းချိဆိုတာတခြားတော့မဟုတ်ပါဘူး။ သူ့အိမ်က ခွေးလေးပါ။ ကျောင်းတက်ရတာက ယွန်းချီအတွက်စိတ်ဆင်းရဲဆုံးအချိန်တွေပဲ။ ကောင်လေးတွေက တအားဆူညံတယ်။ ကောင်လေးတွေမှ မဟုတ်ပါဘူး ကောင်မလေးတွေကလည်း တအားဆူညံတာပါပဲ။ သူတို့က အားနေကောင်လေးတွေအကြောင်းပဲ ပြောနေကြတာ။ ဆယ်ကျော်သက်တွေမို့ စိတ်ကစားတာတော့ သူ လက်ခံပါတယ်။ ဒါပေမဲ့ သူတို့က စာပိုကြိုးစားသင့်တယ်မဟုတ်ဘူးလား။ 


ယွန်းချီ အတန်းထဲမှာ အကြောက်ဆုံးကတော့ ခန့်ဝေသော်ပါပဲ။ ဘာလို့ကြောက်တာလဲဆိုရင်တော့ ယွန်းချီရဲ့ အဖြေက ရှင်းရှင်းလေးပါ။ ခန့်ဝေသော်က လမ်းသူရဲတစ်ယောက်နဲ့တူတယ်။ ဟုတ်တာပေါ့ ယွန်းချီအတွက်တော့ ခန့််ဝေသော်က လမ်းသူရဲတစ်ယောက်နဲ့ တကယ်တူတယ်။ သူ့ဆံပင်တွေက နီနီထောင်ထောင်တွေ။ နားမှာလည်းနားပေါက်တွေနဲ့။ တစ်ခါခါမှာ ဘောင်းဘီအမည်းအပွပေါ်မှာ ချိန်းကြိုးတွေကိုတောင် တပ်ထားတပ်သေးတယ်။ အရိုးခေါင်းပုံကျောပိုးအိတ်ကြီးနဲ့ ခန့်ဝေသော်ရဲ့ ပုံက ယွန်းချီမျက်လုံးထဲမှာတော့ chuuninbyou ဖြစ်နေတဲ့သူတစ်ယောက်အတိုင်းပါပဲ။ ဘာအရိုးခေါင်းပုံကြီးလဲ ဒိတ်အောက်လိုက်တာ။ 


(Anna : Chuuninbyo ဆိုတာက ဂျပန် slang တစ်ခုပါ။ အသက် ၁၃ - ၁၄ နှစ်အရွယ်လေးတွေရဲ့ ရှက်စရာကောင်းတဲ့အပြုအမူတချို့ကိုစိတ်လိုတာပါ။ စိတ်ကူးယဉ်ဆန်တဲ့အပြုအမူပေါ့။ သူက နဂါးတိုင်းပြည်ကလာတယ်။ သူက မင်းသားလေးတစ်ပါး၊ မင်းသမီးလေးတစ်ပါး အစရှိသဖြင့် စိတ်ကူးယဉ်ပြီးပြုမူနေထိုင်တတ်တဲ့သူတွေကို ခေါ်ပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ "Eighth- Grader Syndrome" လို့ခေါ်ပါတယ်) 


နောက်ပြီးယွန်းချီမှာ လျှို့ဝှက်ချက်အကြီးကြီးတစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့...


"ယွန်းချီ! ဒီမှာကြည့် ဒီမှာကြည့် ဒီကောင်မလေးက မလှပါဘူး ဟုတ်တယ်မလား..."


အတန်းအရှေ့ဆုံးတန်းမှာထိုင်တဲ့သူအများစုက မိန်းကလေးတွေပါပဲ။ ယောကျာ်းလေးတွေဆိုရင်တော့ သူ့လို စာဂျပိုးလေးတွေပဲရှိတာပေါ့။ ဒါပေမဲ့ မိန်းကလေးတွေက ယွန်းချီကိုခင်ကြတယ်။ သူတို့ပြောကြတာတော့ ယွန်းချီက သူတို့လိုပဲ အေးအေးလေးမို့လို့တဲ့။ ယွန်းချီလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုပြောရမှန်းကို နားမလည်ပါဘူး။ သူကယောကျာ်းလေး ဒါပေမဲ့ ယောကျာ်းလေးတစ်ယောက်လိုလည်း မဟုတ်ဘူး။ သူ့အဆစ်အပေါက်က မိန်းကလေးတွေနဲ့တူတယ်လို့တောင် ပြောလို့ရသေးတယ်။ 


"ကြည့်ကြည့်ပါဦး သူတို့ကသာ အတင်းရူးသွပ်နေတာ မိတ်ကပ်တွေနဲ့ဟာကို..."


ယွန်းချီကို အတင်းလာတုတ်တဲ့ကောင်မလေးက ကုတ်ထောက်ဆံပင်လေးကို နားကြားထဲသွင်းပြီး ဆိုးဆေးကူထားတဲ့ နှုတ်ခမ်းရဲရဲလေးကို စူပြီးပြောလာလေရဲ့။ ယွန်းချီတစ်ချက်မျက်ခုံးပင့်တယ်။ ကိုယ်တိုင်က မိတ်ကပ်တွေနဲ့ဟာကိုတခြားသူတစ်ယောက် မိတ်ကပ်လိမ်းထားတာကို အပြစ်ပြောလို့ရရိုးလား။


"အင်းလေ... သူရယ်တာကိုလည်း ကြည့်ပါဦး ဟန်ဆောင်ရယ်နေတာအသိသာကြီးကို..."


နောက်တစ်ယောက်ကပါ မကျေမလည်နဲ့လိုက်ပြောလာတယ်။ ယောကျာ်းထုကြီးက သည်းသည်းလှုပ်တဲ့မိန်းကလေးတွေကို မိန်းကလေးအချင်းချင်းက ဘယ်တော့မှမကြည်ကြဘူး။ အဲကြည်ပြီဆိုရင်လည်း ဒါက တကယ်ကြိုက်လို့ (ဖြစ်နိုင်တာ အများစုကတော့ အလှလေးတွေမြင်တာနဲ့ ဂေးတတ်တဲ့မိန်းကလေးတွေ)၊ ဒါမှမဟုတ် သက်သက် ယောကျာ်းထုကြီးရဲ့ အတန်းရှင်း(attention) ကိုလိုချင်တာကြောင့်ပဲ။ အခုဒီမိန်းကလေးတွေက စစ်လွန်းတဲ့မိန်းကလေးတွေလို့တောင် ပြောလို့ရမယ်။ သူတို့တွေက အတန်းထဲက ယောကျာ်းလေးတွေ သည်းသည်းလှုပ်တဲ့ ဓာတ်ပုံထဲက မိန်းကလေးကို ကြည်ကြပုံမရဘူး။


"ဟုတ်ပ မလှလှအောင်ရယ်နေကြတာ..."


"နင့် crush ကောင်က သူ့ကိုသဘောကျနေလို့ နင်မကျေမနပ်ဖြစ်နေတာမဟုတ်လား..."


တစ်ယောက်တစ်ပေါက် စနောက်နေကြတဲ့ မိန်းကလေးတွေကြားမှာ ယွန်းချီညပ်သလိုလိုဖြစ်လာတယ်။ ဘာလို့ မိန်းကလေးတွေက သူ့ရှေ့မှာဆိုရင် နည်းနည်းလေးမှ အပြောအဆိုမဆင်ခြင်ရတာလဲ။ ညီအစ်မတွေလိုပေါင်းတယ်ဆိုတာမျိုးကို သူ လက်ခံမပေးချင်ပါဘူး။ 


"ယွန်းချီ လှလားဆို..."


ယွန်းချီရဲ့အဖြေစကားကိုမရတာကြောင့် ပထမဆုံးမေးလာတဲ့ ကောင်မလေးက စိတ်မရှည်ချင်တော့စွာနဲ့ ထပ်ပြီးမေးပြန်တယ်။ ယွန်းချီကတော့ ခပ်ဖျော့ဖျော့ပဲပြုံးတယ်။ သူ ဘာပြန်ဖြေရမှာလဲ။ ဓာတ်ပုံထဲက ခွေးလေးက ပွန်းချိဖြစ်ပြီး ဆံပင်အညိုကောက်ကောက်လေးနဲ့မိန်းကလေးက သူပါလို့။ ယွန်း ဆိုတဲ့ ID နဲ့ Photo Model ကောင်မလေးက သူဖြစ်နေတာကြောင့် ဒီကောင်မလေးကို လှလားမလှလားကို သူ ဘယ်လိုလုပ်ပြီး ဖြေရမှာလဲ။ ကိုယ့်ကိုယ်ကို လှတယ်ဖြေရင် သူက ကိုယ်ရည်သွေးတဲ့သူတစ်ယောက်ဖြစ်သွားမှာပေါ့။ 


ဒါပေမဲ့လည်း အမှန်အတိုင်းပြောရရင်တော့ ယွန်း က လှတယ်။ အာ... ယွန်းချီမျက်နှာရဲချင်သလိုလိုဖြစ်သွားတယ်။ ဒုက္ခ သူတော့ ကိုယ့်ကိုယ်ကို လှတယ်ထင်နေတဲ့သူဖြစ်တော့မှာပဲ။ 


ဟုတ်တယ် သူ့ရဲ့လျှို့ဝှက်ချက်ကတော့ ယွန်းချီဆိုတဲ့ကောင်လေးသူက အခုအရမ်းကို ကောင်လေးတွေကြားရေပန်းစားနေတဲ့ Photo Model ကောင်မလေး ယွန်း ဆိုတာပါပဲ။


"ငါ မကြည့်တတ်ပါဘူး..."


ယွန်းချီ ခပ်တိုးတိုးလေးပဲပြန်ဖြေလိုက်တယ်။ သူ မမေးမချင်း မရွှေချောတွေက သူ့ကိုအလွတ်ပေးမဲ့ပုံမပေါ်ဘူးလေ။ ဒီတော့ သူ စကားနည်းရန်စဲပဲဖြေလိုက်ရတော့တာပေါ့။ 


"ယွန်းချီက ဒီကောင်မလေးကို မကြိုက်ဘူးလား..."


ယွန်းချီခေါင်းလေးယမ်းတယ်။ သူ့ကိုယ်သူ ဘယ်လိုလုပ်ပြီး သူ ကြိုက်လို့ရမှာလဲ။ သူက ဂရိနတ်ဘုရားဒဏ္ဍာရီပုံပြင်တွေထဲက ကိုယ့်ပုံရိပ်ကိုယ်ရေအိုင်ထဲကြည့်ပြီး ချစ်ကျွမ်းဝင်သွားတဲ့ Narcissus မဟုတ်ဘူးလေ။ ဒါကြောင့် သူ ခေါင်းလေးပဲယမ်းမယ်။ ဒါက အကောင်းဆုံးအဖြေပဲ။


"အိုးတကယ်လား..."


မိန်းကလေးတွေက ယောကျာ်းလေးဖြစ်တဲ့ယွန်းချီက ယွန်း ကိုမကြိုက်တာကို တွေ့တော့ သူတို့ရဲ့စိတ်ထဲက အစိုင်အခဲပြေသွားပြီး တခြား ရောက်တတ်ရာရာပေါက်တတ်ရာရာလျှောက်ပြောကြတယ်။ မိန်းကလေးတွေက အရမ်းတော်တဲ့ သတင်းထောက်တွေလို့ ယွန်းချီထင်တယ်။ ဘာလို့ဆို သူတို့ပြောနေတဲ့အကြောင်းအရာတွေထဲမှာ ကျောင်းအုပ်က ထိပ်ပြောင်နေလို့ ဆံပင်တုကြီးတပ်ထားတဲ့အကြောင်း။ ဆရာမအပျိုကြီးက သူ့ထက်ခုနစ်နှစ်လောက်ငယ်တဲ့ ကောင်လေးတစ်ယောက်နဲ့ တွဲနေတဲ့အကြောင်း။ မင်းသားတစ်ယောက်က အရင်တုန်းက စပွန်ဆာရှိဖူးတဲ့အကြောင်း။ BL ရုပ်ရှင်ကားတွေက ဘယ်လိုခေတ်ထ လာတဲ့အကြောင်း။ သူတို့ရဲ့လောကထဲ တာဇံတွေများလာလို့ စိတ်ညစ်တဲ့အကြောင်း။ စုံစိနေတာပါပဲ။ 


ယွန်းချီက ဒီအကြောင်းတွေ သိပ်မသိပေမဲ့ အတန်းထဲက ကောင်မလေးတွေကျေးဇူးနဲ့ သူ ကောင်းကောင်းသိနေရတယ်။ ရှေ့ဆုံးတန်းထိုင်လို့ ဒီမိန်းကလေးတွေဟာ စာကိုပဲ စိတ်ဝင်စားတယ်လို့ ထင်တယ်ဆိုရင်တော့ ကောင်လေးတွေက အမှားကြီးမှားတာပါပဲ။ သူတို့က အလယ်တန်းနဲ့နောက်တန်းမှာထိုင်တဲ့ ကောင်မလေးတွေရဲ့ ဗဟုသုတထက်မပိုရင် မလျော့ပါဘူး။


"ဒါနဲ့ ယွန်းချီ သိပြီးပြီလား နှစ်လည်ကျရင် ငါတို့ Assignment တင်ရမယ်..."


သူတို့ရဲ့ထွေရာလေးပါး အတင်းပေါင်းစုံပြီးတော့ စာအကြောင်းကို ပြန်သတိရသွားပုံရတယ်။ 


"ငါးယောက်တစ်ဖွဲ့ခွဲတာ... နင် ဘယ်သူနဲ့ကျလဲ ငါပြောပြရမလား..."


အတန်းရဲ့ EC ကောင်မလေးက သူ့မျက်မှန်လေးပင့်ပင့်ပြီးပြောတယ်။ တခြားမိန်းကလေးတွေရဲ့ သူ့ကိုသနားလိုက်တာ ဆိုတဲ့အကြည့်တွေကြောင့် ယွန်းချီစိတ်ထဲ ထိတ်သွားတယ်။ သူက စုပေါင်းလုပ်ရတဲ့ကိစ္စတွေမှာ ဘယ်တော့မှ ကံမကောင်းတတ်ဘူးလေ။ 


"ဘာလို့ ငါ အဖွဲ့ခွဲပြီးတာကို မသိလိုက်ရတာလဲ..."


"ဟင် နင် အဲ့ဒီကြက်ဖလေးကို လှည့်ကြည့်လိုက်တာက သိနေလို့ မဟုတ်ဘူးလား! ကြေညာတဲ့နေ့က နင်ကျောင်းမတက်ဘူး... ဒါပေမဲ့ ငါက နင်သိပြီးပြီပဲ ထင်နေတာ..."


EC လေးရဲ့ အထိတ်တလန့်ပြောသံကြောင့် ယွန်းချီခေါင်းကိုက်သလိုလို ခံစားလိုက်ရတယ်။ ကြက်ဖလေးဆိုတာက ခန့်ဝေသော်ကို မိန်းကလေးတွေခေါ်တဲ့နာမည်ပြောင်ပါ။ ခန့်ဝေသော်ရဲ့ ထောင်ထားတဲ့ဆံပင်နီနီတွေကို အမောက်လို့ သူတို့က ခေါ်ပြီး ခန့်ဝေသော်ကို ကြက်ဖလေးလို့ ခေါ်ကြတယ်။ ယွန်းချီကတော့ ခန့်ဝေသော်ကို ကြက်မောက်သီးနဲ့ပိုတူတယ်လို့ ထင်တာပဲ။ ကြက်ဖတစ်ကောင်ထက်စာရင် ခန့်ဝေသော်က ယွန်းချီအတွက် ကြက်မောက်သီးနဲ့ ပိုတူတယ်။


"ငါ သူနဲ့ကျတာတော့မဟုတ်ပါဘူးနော်..."


ယွန်းချီ စိတ်ညစ်ညစ်နဲ့ပြောတယ်။ မေးသာမေးနေရတယ်... သူ့ရဲ့ကံဆိုးမှုကိုလုံးဝယုံကြည်ထားတာကြောင့် သူ ကျိန်းသေပေါက်ဒီကြက်မောက်သီးကောင်နဲ့ တစ်ဖွဲ့တည်းကျမှာပါပဲ။ နောက်ပြီး EC ရဲ့စကားအရဆိုရင် အဖြေက ၉၉ ရာခိုင်နှုန်းသေချာတယ်။ ကျန်တဲ့ ၁ ရာခိုင်နှုန်းကိုတော့ သူ တမင်အတင်းကြီးကို မကျနိုင်ပါဘူးလို့တွေးထားတာ။ နောက်ပြီး သူ ကြက်မောက်သီးကောင်ကို လှည့်ကြည့်တာက လူမှုကွန်ယက်မှာ ပုံအမှန်ကြီးနဲ့ သူ့ပုံကို အတင်းတွေ love react လုပ်တာကို သိနေလို့ပါပဲ။ ဒါကြောင့် မသက်မသာလှည့်ကြည့်တာ။ ကိုယ့်အတန်းဖော်က ကိုယ်ဆိုတာမသိဘဲ အရမ်းတွေ သဘောကျနေတာကို ခံရတော့ ယွန်းချီစိတ်ထဲ အပြစ်ရှိသလိုလိုခံစားရတယ်လေ။ တခြားသူတွေကိုတော့ ယွန်းချီမမှတ်မိပေမဲ့ ခန့်ဝေသော်ကိုတော့ ယွန်းချီမှတ်မိတယ်။ ဒါကလည်း လူဆိုးမျက်နှာပေးနဲ့ လက်နှစ်ချောင်းကို အောက်စိုက်ထောင်ပြထားတဲ့ chuuninbyou pose နဲ့ profile picture ကြောင့်ဆိုလည်း မမှားပါဘူး။


"ကျတယ်လေ... နင်ရယ်သူရယ် စာမလုပ်တဲ့အမြွှာနှစ်ကောင်ရယ် တစ်ချိန်လုံးအတန်းမတက်တဲ့တစ်ကောင်ရယ်..."


EC ပြောသမျှသူတွေက သူတို့အတန်းမှာအော့ကြောလန်တွေဖြစ်တာကြောင့် နာမည်တွေမပြောရုံနဲ့တင် ယွန်းချီသိလိုက်ရတယ်။ သေပါပြီ Assignment က သူတစ်ယောက်တည်း လုပ်ရတော့မှာပေါ့။


"Assignment အမှတ်က စာမေးပွဲမှာ တော်တော်ပါမှာမို့ ဆရာတွေက သူတို့ကို နင်နဲ့တွဲပေးတာထင်တယ်..."


Roll 2 ကောင်မလေးက ဖေးဖေးမမလေးယွန်းချီကိုထပ်ပြောတယ်။


"ကုသိုလ်ရပါတယ်ဟယ်..."


ကုသိုလ်က သူပဲရပါလား! ဘာလို့ သူမှလဲ။ ယွန်းချီစိတ်ထဲမှာ အမုန်းကြီးနဲ့ရေရွတ်နေပေမဲ့လည်း သူ တိတ်တိတ်လေးနေပြီး မချိပြုံးပဲပြုံးနေလိုက်တယ်။ ဘာလို့သူက ကံဆိုးပြီး Assignment ကို တစ်ယောက်တည်း လုပ်ရမှာလဲ။ ဒီကောင်တွေက နည်းနည်းလေးမှ အားကိုးရမဲ့ကောင်တွေမဟုတ်ဘူး။ 


ငါတော့ ဘုရားကို ညတင်မကဘူး မနက်ပါရှိခိုးသင့်နေပြီ... ယွန်းချီ စိတ်ညစ်ညစ်နဲ့တွေးတယ်။ သူ နေ့တိုင်းဘုရားရှိခိုးနေတာတောင်မှ ကံက ဘာလို့မကောင်းရတာလဲ။ သူ့ရဲ့ group မှာ စာမလုပ်တဲ့သောက်ပျင်းအမြွှာညီနောင်ရယ်၊ ကိုယ်ပျောက်ကျောင်းသားတစ်ယောက်ရယ်၊ နောက်ဆုံး ကျောင်းအုပ်ရဲ့လူရမ်းကား တူလေးရယ်။ သြော်... သူက Assignment လုပ်တာအပြင်... သူတို့ကို ထိန်းပါထိန်းရတော့မယ်ထင်ပါရဲ့။ 


ယွန်းချီအတော့်ကို စိတ်မသက်မသာဖြစ်သွားတယ်။ အတန်းဝင်ပြီးကတည်းက ဌာနမှူးခေါ်လို့ဆိုပြီး ပြန်ထွက်သွားရတဲ့ ဆရာလည်း အတန်းချိန်တစ်ဝက်လောက်မှ ပြန်ရောက်လာတော့တယ်။ သင်ခန်းစာတစ်ခုတောင် မပြီးခင်မှာပဲ အတန်းချိန်က ကုန်သွားခဲ့တယ်။ အတန်းချိန်ကုန်တာနဲ့ ကန်တင်းထွက်မယ်ဆိုတဲ့ ကျောင်းသားတွေရဲ့ စိတ်ကူးတွေဟာလည်း ဆရာ့ရဲ့အချိန်ခိုးမှုနဲ့ နောက်ဆရာမ ရောက်လာမှုအကြားမှာ ပျောက်သွားရတော့တာပေါ့။ 


ဘာကြောင့် တခြားသူတွေရဲ့ကျောင်းက လွတ်လပ်ပြီး သူတို့ကျောင်းက ထောင်ကြီးနဲ့တူနေရတာလဲ။ စိတ်မကြည်လင်တော့တာကြောင့် ယွန်းချီတစ်ယောက် အကုန်လုံးကို မကောင်းမြင်ချင်လာတော့တယ်။ သူတို့ဆရာမတွေကလည်း ဘာလို့ အရမ်းတွေကို စာသင်ချင်နေရတာလဲ။ 


"Paper 2 က သန်ဘက်ခါ Practical ရှိတယ်နော်..."


အတန်းထဲဝင်လာတာနဲ့ ဆရာမက သူ့ဘာသာရပ်က ဘယ်တော့စာမေးပွဲရှိတယ်ဆိုတာကို အရင်ဆော်သြတယ်။ အခုဆရာမကို ယွန်းချီသဘောမကျတာက အဲ့ဒီအချက်ပဲ။ ဆရာမက အားနေ စာမေးပွဲက ဘယ်တော့ဆိုတာကို အရမ်းပြောတယ်။ နောက်ထပ်ခြောက်လလောက်မှဖြေရမဲ့ နှစ်ဝက်စာမေးပွဲကိုလည်း နှစ်စကတည်းက သတိပေးတယ်။ ဒါက ဘယ်မှာကောင်းလို့လဲ။ စာမေးပွဲဆိုတာက စိတ်ချမ်းသာစရာကောင်းတဲ့ နာမည်မဟုတ်ပါဘူး။ 


ဒီလိုနဲ့သူတို့ နေ့လည်စာစားတဲ့အချိန်ရောက်လာတဲ့။ ကောင်လေးတွေက ထုံးစံအတိုင်း လွတ်ကျွတ်ပြီဟေ့ဆိုပြီး ပြေးထွက်သွားကြတယ်။ မိန်းကလေးတွေကတော့ နည်းနည်းလေးအလှပြင်ပြီးမှ ထွက်လာတာပေါ့။ ယွန်းချီကတော့ ကျောင်းရဲ့ တိတ်ဆိတ်တဲ့ အပင်တွေအောက်မှာ အိမ်ကနေသူကိုယ်တိုင်ပြင်လာတဲ့ ထမင်းဘူးလေးကို ထုတ်လာလိုက်တယ်။ 


ယွန်းချီရဲ့မိဘတွေက သူနဲ့အတူတူနေပေမဲ့ မိသားစုမျက်နှာချင်းဆိုင်တဲ့အချိန်က ပိတ်ရက်တွေမှာလောက်ပဲရှိတယ်။ ယွန်းချီရဲ့ မိဘတွေက အစိုးရဝန်ထမ်းတွေဖြစ်တဲ့အပြင် ရာထူးကြီးတဲ့သူတွေဖြစ်တာကြောင့် သူတို့ရဲ့အိမ်ပြန်ချိန်တွင်က အရမ်းကို နောက်ကျကြတယ်။ များသောအားဖြင့် သူတို့ပြန်ရောက်ရင် ယွန်းချီက အိပ်နေပြီ။ အဲ့လိုမဟုတ်ဘူးဆိုရင်လည်း ယွန်းချီက အခန်းထဲကနေ ထွက်မလာဖြစ်ပါဘူး။ ဘာလို့ဆို သူ စာလုပ်နေတာများတယ်လေ။ သူဧည့်ခန်းထဲထွက်လာတဲ့အချိန်ကျပြန်တော့လည်း သူ့မိဘတွေက ကိုယ့်အခန်းကိုယ်ရောက်နေကြပြီလေ။ 


ဒီတော့ ပြောရမယ်ဆိုရင်တော့ ယွန်းချီတို့ မိသားစုက ဘာပြဿနာမှမရှိဘဲ ခပ်စိမ်းစိမ်းဖြစ်နေကြတဲ့ မိသားစုလေးဖြစ်နေတာပေါ့။ ယွန်းချီက လိမ္မာတဲ့သားလေးတစ်ယောက်လို့ ပြောရမယ်။ မိဘတွေက အမြဲတမ်း နောက်ကျမှ ပြန်လာတာကြောင့် သူတို့ကစောစာမထနိုင်ကြဘူး။ ဒါကြောင့် ဟင်းချက်တတ်ကတည်းက ယွန်းချီက မိခင်ကို မီးဖိုချောင်တာဝန်ကို ယူပေးခဲ့တယ်။ ဘာလို့ဆို သူ့အမေလည်း ပင်ပန်းတယ်။ ပြီးတော့ ယွန်းချီကို သိပ်ဂရုမစိုက်နိုင်တဲ့ မိဘနှစ်ပါးလုံးကိုလည်း ယွန်းချီအပြစ်မမြင်ပါဘူး။ သူတို့ငွေရှာတယ်ဆိုတာလည်း သူ့အတွက်ပဲမဟုတ်လား။ 


အိမ်မှာနည်းနည်းလေးအထီးကျန်တာကြောင့် ယွန်းချီသူ့ညီမဝမ်းကွဲလေး ဟန်နာကို ခေါ်ပြီးအဖော်လုပ်ဖြစ်တယ်။ ဟန်နာက အချုပ်အလုပ်ဝါသနာပါတဲ့ကောင်မလေးတစ်ယောက်ပေါ့။ ငယ်ငယ်လေးနဲ့ သူမက ဒီဇိုင်းလှလှလေးတွေကို ချုပ်နိုင်တယ်။ ဒါတောင်သူမက အသက်ပြည့်တဲ့မိန်းကလေးတစ်ယောက်မဟုတ်သေးပါဘူး။ ပြောရရင် ပါရမီရှင်လေးပေါ့။ ယွန်းချီက ယွန်းဆိုတဲ့ Photo Model လေးဖြစ်လာတာက ဟန်နာကြောင့်လို့ ရာနှုန်းပြည့်နီးပါးဆိုလို့ရတယ်။ ယွန်းချီက ဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်။ ဟန်နာက အဝတ်လှလှလေးတွေချုပ်ရတာ ကြိုက်တယ်။ နှစ်ယောက်တွေ့တဲ့အချိန်မှာ နဂိုအဆစ်အပေါက်သေးသွယ်တဲ့ ယွန်းချီတစ်ယောက် မိန်းကလေးလို ဝတ်တာလှမှန်းလည်းသိရော ဟန်နာတစ်ယောက် ခွင်ဖန်တော့တာပေါ့။ ယွန်းချီကိုယ်တိုင်ကလည်း သူ့ကိုယ်သူ လှလှလေးမြင်ရတာသဘောကျတာကြောင့် ဟန်နာ့ရဲ့ ဂါဝန်လှလှလေးတွေကို ဝတ်ပေးဖို့တစ်ခါလေးတောင် မညည်းညူခဲ့ဘူး။ 


ဒီလိုနဲ့ပဲ ခြောက်လကျော်မှာတော့ ယွန်းဆိုတဲ့ Photo Model လေးဟာ ယောကျာ်းလေးတွေကြား ရေပန်းစားလာတော့တာပေါ့။ ဒါက ယွန်းချီရဲ့ Photo Model ဖြစ်လာတဲ့ သမိုင်းကြောင်းလေးပါပဲ။ ယွန်းချီက သူ့ကိုယ်သူ ယောကျာ်းလေးတွေကို သဘောကျလား မိန်းကလေးတွေကို သဘောကျလားဆိုတာတော့ မစဉ်းစားမိဘူး။ ဘာကြောင့်ဆို သူ လူကြောက်တယ်။ လူအကုန်လုံးကိုကြောက်တာ။ သူနဲ့မရင်းနှီးတဲ့သူ မှန်သမျှကို သူ ညီညီမျှမျှကိုကြောက်တယ်။ ယောကျာ်းလေးသော် မိန်းကလေးသော် သူ မခွဲပါဘူး။ သူ အကုန်လုံးကို ကြောက်ပါတယ်။ 


"ဟယ် ယွန်းချီ... ကြက်ဖလေးက နင့်ကိုကြည့်နေတယ်..."


ယွန်းချီ ထမင်းဘူးလေးယူနေရင်းကနေ ပြတင်းအပြင်က သူ့ကိုကြည့်နေတဲ့ ခန့်ဝေသော်နဲ့ အကြည့်ချင်းဆုံသွားခဲ့တယ်။ အဲ သူ့ဆံပင်တွေကမျက်လုံးကို ဖုံးနေတာကြောင့် ခန့်ဝေသော်က သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားတယ်ဆိုတာကိုတောင် သိပါ့မလား ယွန်းချီမသိပါဘူး။ ခန့်ဝေသော်က သူ့ကို တခဏပဲ စိုက်ကြည့်ပြီးတော့ သူ့လူရမ်းကားလေးတွေရဲ့ နောက်ပြောင်ဆွဲခေါ်မှုနောက်က ပါသွားလေရဲ့။


"ကံကောင်းပါစေ..."


ပြောင်စပ်စပ်ပြောလာတဲ့ သူနဲ့အတူထိုင်တဲ့သူတွေကို ယွန်းချီစိတ်ထဲကနေပဲ မျက်စောင်းထိုးလိုက်တော့တယ်။ သူ့ကိုယ်သူလည်း Assignment အတွက် ကံကောင်းပါစေလို့ပဲ ကြိတ်ဆုတောင်းရတော့တာပေါ့။ 


---------



rate now:

7 Reviews
  • reader KimYooHyun 24.11.2019, 10:03 4.9

    💙

    reply

  • reader MaskMelon 24.11.2019, 02:03 5

    🥔♥

    reply

  • reader RaiseRen 23.11.2019, 14:29 5

    Yoon ka chit sayr lyyyyy ❤❤❤

    reply

  • reader Chue (MiKhoon) 23.11.2019, 13:39 5

    တပွိုင့်က ကတ်သတ်ပီးကျန်ခဲ့တာ မသိလို့ပါလို့🥺🥺🥺

    reply

  • reader Chue (MiKhoon) 23.11.2019, 12:34 4.9

    ကြက်မောက်သီးလေးနဲ့တွေ့တော့မယ်🙄

    reply

  • reader Nyo Lae 23.11.2019, 10:41 5

    ယြန္းေလးက ခ်စ္စရာေလး 😍

    reply

  • reader Khant D 23.11.2019, 10:27 5

    လူေႀကာက္တဲ့ ယြန္းခ်ီေလးက ခ်စ္စရာေလး <3

    reply