Unicode
အပိုင်း - ၁၀ (ဇာတ်သိမ်း) ငါတို့ကတစ်ယောက်ကိုတစ်ယောက်ချစ်ကြတယ်။
ဒီလိုနဲ့ခန့်ဝေသော်နဲ့ယွန်းချီရဲ့အခြေအနေက ပိုတိုးတက်လာတော့တယ်။ ကျောင်းမှာဆိုသူတို့နှစ်ယောက်က ခွဲမရတော့တဲ့ လူတွေအလားပဲ။ ယွန်းချီရှိတဲ့နေရာမှာခန့်ဝေသော်က အမြဲရှိနေတတ်တယ်။ ခန့်ဝေသော်ရဲ့ဆိုင်ကယ်နောက်က ပထမဆုံးနဲ့နောက်ဆုံးလက်ခွင့်ရတဲ့လူကလည်း ယွန်းချီပါပဲ။
ယွန်းချီက ကိတ်မုန့်တွေကို ကြိုက်တယ်။ ယွန်းချီအနှစ်သက်ဆုံးက စတော်ဘယ်ရီသီးဖြစ်ပြီးတော့၊ အသုံးအဆောင်မှာဆို ယွန်းချီက မာဖလာတွေကြိုက်တယ်။ သူတို့ရဲ့အေးတတ်တဲ့ တောင်ပေါ်မြို့လေးရဲ့ ရာသီဥတုနဲ့ဆို ယွန်းချီကြိုက်တဲ့ မာဖလာတွေက အရမ်းကို အဆင်ပြေတာပါပဲ။ ယွန်းချီက မြစ်ကမ်းနားမှာလမ်းလျှောက်ရတာကိုလည်း သဘောကျပါသေးတယ်။
“မင်း တစ်နေ့ ဘယ်ကို အလည်သွားချင်လဲ…”
ခန့်ဝေသော်မေးတဲ့အခါမှာ ယွန်းချီက ပျော်ပျော်ပဲ ဖြေခဲ့တယ်။
“ပင်လယ်” တဲ့။
“ငါ မျက်စိတစ်ဆုံးမှာရှိနေမဲ့ ရေပြင်ကိုကြည့်ချင်တယ်…”
“မြစ်ကို ဒေါင်လိုက်ကြည့်လည်း မင်း ရေကိုမြင်ရမှာပဲလေ…”
“ဒါပေမဲ့ မြစ်က အနံတိုတိုလေးလေ!”
ကြည့်… ယွန်းချီနဲ့သူက အခုလိုမျိုးမဟုတ်တာလေးတွေနဲ့လည်း ငြင်းခုန်တတ်တယ်။ ပြီးတော့လည်း ရယ်ကြတာပဲ။
“တစ်ချိန်ကျရင် မင်းကိုငါ ပင်လယ်ဆီကို ခေါ်သွားပေးမယ်…”
ကိုယ့်နားထင်ကိုယ်အသာလေးကုတ်ပြီးတော့ ခန့်ဝေသော် ရှက်ရှက်နဲ့ပြောရင် ယွန်းချီက အင်းဆိုပြီး ခေါင်းလေးကို အားတက်သရောဆတ်ခနဲညိတ်ပြီး ပြန်ဖြေတတ်ပါတယ်။ အဲ့လိုအချိန်မျိုးဆိုရင် ခန့်ဝေသော်က ယွန်းချီမျက်နှာကို လက်နှစ်ဖက်လုံးနဲ့အုပ်ကိုင် ယွန်းချီနှုတ်ခမ်းတွေကို ငုံ့နမ်းလိုက်ချင်တာပါပဲ။ ဒါပေမဲ့ သူ မလုပ်ရဲဘူး။ တစ်သက်လုံးမှာ ယွန်းချီက သူ့ရဲ့ပထမဦးဆုံး ရည်းစားလေ။ သူ ဘယ်လိုလုပ်ပြီး အခုလိုတွေ စိတ်ရှိတိုင်းလုပ်ရဲမှာလဲ!
>>>>>><<<<<
“အဲ့ဒီတော့… နင်နဲ့သူနဲ့က ရည်းစားတွေမဟုတ်ကြဘူးပေါ့!”
ဖုန်းထဲက ဟန်နာ့အော်သံကကျယ်ကျယ်လောင်လောင်ပါပဲ။ ယွန်းချီအသံတိုးတိုးလေးနဲ့ပဲပြန်ပြောနိုင်တယ်။
“တိုးတိုးပြောပါဟ…”
“ငါ ပြောမယ် သူက နင့်ကို အခုထိ ဘာတစ်ခွန်းမှမပြောဘူးလား?”
“ဘာကိုပြောရမှာလဲ?”
ယွန်းချီ ကြောင်တက်တက်လေးပြန်မေးတယ်။ ဟန်နာကတော့ သူ့အစ်ကိုကို ငတုံးရယ်… ငတုံးရယ်…လို့ အော်အော်ပြီး ရိုက်လိုက်ချင်တော့တာပါပဲ။
“ဘာမှမဟုတ်ဘူးဆိုရင် နင်တို့က ဘာကိစ္စနဲ့အဲ့လောက် တပူးပူးတတွဲတွဲဖြစ်နေရတာလဲ…”
“သူက ငါ့ကို…”
ယွန်းချီအတိုချုံးပြီးပြန်ပြောလိုက်တယ်။ ခန့်ဝေသော်က သူနဲ့သာတွဲနေရင် ယွန်းကသူဆိုတာကို တိတ်တိတ်လေးနေပေးမယ်ဆိုတဲ့အကြောင်းကိုပေါ့။ ဖုန်းကိုကိုင်ပြီး ဟန်နာ မျက်လုံးတွေပဲ ထိုင်လှန်နေလိုက်တော့တယ်။ တကယ်လို့ သူမသာ ခန့်ဝေသော်က ဒီသူမရဲ့အစ်ကိုကို ကြိုက်နေကြောင်းမသိဘူးဆိုရင် ယွန်းချီအနိုင်ကျင့်ခံနေရတယ်လို့ တွေးလိုက်မိမှာပါပဲ။ ဒါပေမဲ့ ခန့်ဝေသော်က ယွန်းချီကို သဘောကျနေတယ်။ သဘောကျတာမှ အရူးအမူးပဲ။ သူက မရှက်မကြောက်နဲ့ ချစ်တာလို့တောင် သူမရှေ့မှာ ပြောသွားခဲ့သေးတယ်။
“လူရမ်းကားသောက်ထုံပဲ…”
ဟန်နာခပ်တိုးတိုးရေရွတ်တယ်။
“ဘာပြောလိုက်တာလဲ…”
ဟန်နာရဲ့အသံတိုးတိုးနဲ့စိတ်ဆိုးဆိုးရေရွတ်နေမှုက ယွန်းချီဘက်မှာတော့ ဗလုံးဗထွေးပေါ့။
“ဟင့်အင်း… မဟုတ်ဘူး… ထားပါတော့ အဲ့ဒီတော့ နင်က သူနဲ့တွဲနေတယ်ပေါ့…”
“ငါ သူ့ကိုသဘောကျတယ်…”
ယွန်းချီရဲ့အသံက တကယ်ကို ပိစိလေး။ ဟန်နာကတော့ သိနေပြီးသားအကြောင်းအရာတစ်ခုမို့ ထွေထူးပြီး ပြောမနေတော့ဘူး။ ယွန်းချီက ခန့်ဝေသော်ကို သဘောကျတာ သိသာတယ်။ လုံးဝသိသိသာသာပဲ။ သူမ အတွက်ပြောပါတယ်။
“ဒါပေမဲ့ ခန့်ဝေသော်က ယွန်းကို သဘောကျနေတာ…”
စိတ်ပျက်အားလျော့တဲ့အသံနဲ့ ယွန်းချီပြောတယ်။ ဒီနှစ်ယောက်က ဘာလို့များ ကိုးရီးယားကားရိုက်နေကြတာလဲလို့ ဟန်နာ စိတ်ပျက်ပျက်နဲ့တွေးတယ်။ တကယ်လို့ ခန့်ဝေသော်သာ သူမရဲ့ ခပ်တုံးတုံးအစ်ကိုဝမ်းကွဲကို ငါ မင်းကိုချစ်လို့ဟေးလို့ ပွင့်ပွင့်လင်းလင်းပြောလိုက်ရင် အခုလိုဖြစ်စရာအကြောင်းကို မရှိဘူး။ နောက်ပြီး ခန့်ဝေသော်က တုံးတာနဲ့ပဲ ယွန်းချီကရော လိုက်တုံးစရာလိုလို့လား။ ပြောချင်တာက နှစ်ယောက်လုံးက ယောကျာ်းလေးတွေလေနော်။ ဘာရှက်စရာလိုလို့လဲ။ မင်း ငါ့ကိုကြိုက်လို့တွဲချင်တာလားလို့ ယွန်းချီအနေနဲ့လည်း မေးလို့ရနေတာပဲကို။
“သူက အဲ့လိုပြောလို့လား…”
“မပြောပေမဲ့…”
“မေးကြည့်ပေါ့… ပါးစပ်ပါနေတာပဲမဟုတ်ဘူးလား…”
ဟန်နာရဲ့ခပ်ရွဲ့ရွဲ့စကားကို ယွန်းချီအတော်ကြာကြာစဉ်းစားနေလိုက်တယ်။ အင်း… အဲ့ဒါက… သဘာဝကျတယ်။
“သိချင်ရင် မေးလိုက်ပေါ့…”
ဟန်နာက ထပ်ပြောပြန်တယ်။ ယွန်းချီတစ်ယောက်က နောက်ကလူတစ်ယောက်ယောက်က မတွန်းဘူးဆိုရင် ဘာတစ်ခုမှလုပ်တတ်မဲ့လူတစ်ယောက်မဟုတ်ဘူး။
“ဒါပေမဲ့…”
သူ ခပ်တိုးတိုးပြောတယ်။ စိတ်ထဲကချိတုံချတုံနဲ့ပေါ့။ ဒါပေမဲ့လည်း နောက်ဆုံးတော့ သိချင်စိတ်က အနိုင်ရသွားခဲ့ပါတယ်။ ဟုတ်တယ်…သူ သိချင်တယ်။
“အင်း… ငါ မေးကြည့်ကြည့်လိုက်မယ်လေ…”
“Go… Go ငါ့အစ်ကို…”
ဟန်နာကမဟုတ်တာလုပ်ဖို့အတွက် မြှောက်ပေးတဲ့လူတစ်ယောက်ရဲ့ အသံမျိုးနဲ့အော်တယ်။ ယွန်းချီ နည်းနည်းလေး စိတ်ညစ်နေရတဲ့ကြားထဲကနေ သူ ပြုံးမိသေးတယ်။ ဒီညီမလေးတစ်ယောက်က သူ့အတွက် မရှိမဖြစ်ပါဘဲ။ သူမက အမြဲတမ်း သူ့ဘေးနားမှာ ရှိတတ်တယ်။ သူဘာလုပ်လုပ် အမြဲတမ်း ထောက်ခံပေးတယ်။ အဲ့ဒါက သူ့ကို အားတက်စေတယ်။
ဟန်နာနဲ့ဖုန်းပြောပြီးတဲ့အချိန်မှာ ယွန်းချီ ခုတင်ပေါ်မှာ ခြေပစ်လက်ပစ်လှဲတယ်။ မမှီမကမ်းနဲ့ သူ့ခုတင်ပေါ် တက်ဖို့ကြိုးစားနေတဲ့ ဖင်တလှုပ်လှုပ်နဲ့ ပွန်းချိကိုကြည့်ပြီး သူရယ်တယ်။ ပွန်းချိရဲ့ မျက်နှာလေးက အနိုင်ကျင့်ခံရတဲ့ ခွေးကလေးလို ဖြစ်သွားတော့တယ်။ နောက်ဆုံးတော့ မနေသာတော့ဘဲ သူ ပွန်းချိကိုကောက်ချီတယ်။ ပွန်းချိနှာသီးထိပ်စုစုနဲ့ သူ့နှာခေါင်းကို တိုက်တော့ ပွန်းချိက သူ့ကို လျှာနဲ့လျက်လာလေရဲ့။
“ဟေ့ ဟေ့ ကြည့် ငါ မျက်နှာသစ်ရတော့မယ်…”
ယွန်းချီက ပွန်းချိကို ဆူတာလည်းမဟုတ်တဲ့အသံမျိုးနဲ့ ငေါက်ငမ်းချင်ယောင်ဆောင်တယ်။ ဒီအကောင်ပေါက်လေးက သူ့ အသည်းကျော်လေးပဲဟာ သူ ဘယ်လိုလုပ်ပြီး ဆူရက်မှာလဲ။ ပွန်းချိက သူ့ ခြေအိတ်တွေကို ကိုက်စုတ်ပစ်ရင်တောင် သူ မဆူပါဘူး။ အဲ့လောက်တောင် သူ ချစ်တာပါ။
“ငါ သူ့ကို ဘယ်လိုစမေးရင်ကောင်းမလဲ…”
ပွန်းချိကိုကြည့်ပြီး ယွန်းချီတိုးတိုးလေးမေးတယ်။ ပွန်းချိအဖြေက ဝုတ်ဝုတ်ဆိုတာအပြင်မရှိပါဘူး။ အဆစ်အနေနဲ့ သူ့ မျက်နှာကို လိုက်လျက်တာတောင် ပါသေးတယ်။
အဲ့ဒီအချိန်မှာ ဖုန်းသံမြည်လာတော့တယ်။ ဖုန်းခေါ်သူက ခန့်ဝေသော်ဖြစ်နေတာကြောင့် ပွန်းချိကို ချီမြှောက်ထားရင်းကနေ ရင်ထဲပိုက်လိုက်တယ်။
“ငြိမ်ငြိမ်နေနော်…” လို့ ပွန်းချိကို ပြောပြီးတော့မှ သူ ဖုန်းကို ကိုင်တယ်။
“ဟယ်လို…”
“ငါတို့ မနက်ဖြန်ရုပ်ရှင်သွားကြည့်ရအောင်…”
ခန့်ဝေသော်က အမြဲတမ်း ဖြစ်ချင်တာကိုပဲ တဲ့တိုးပြောတတ်သူပါ။
“အင်း… ဟေ့ ပွန်းချိ…”
ခန့်ဝေသော်ကို အင်း လို့ပြောနေရင်းနဲ့ သူ့မေးစေ့ကို လာလျက်တဲ့ ပွန်းချိကို ယွန်းချီမာန်မဲရတယ်။
“ဘာဖြစ်လို့လဲ…”
တစ်ခါတည်းလာဖူးပေမဲ့လည်း ပွန်းချိနဲ့ရင်းနှီးနေတဲ့ ခန့်ဝေသော်က မေးတော့တာပေါ့။
“မင်းဖုန်းလာတုန်း သူ့ကိုချီထားတာ… အဲ့ဒါ င့ါမေးစေ့ကို လာလျက်နေလို့…”
“သြော်…”
ခန့်ဝေသော် အသံတိတ်သွားတယ်။ တော်တော်ကြာတာကြောင့် ဖုန်းလိုင်းများ တစ်ခုခုဖြစ်တာလားဆိုပြီး ယွန်းချီ ဟယ်လို လုပ်ရပြန်တယ်။
“ဟယ်လို မကြားရဘူးလား?”
“ပွန်းချိနေရာမှာ ငါဖြစ်ရင် ကောင်းမှာပဲ…”
ခန့်ဝေသော်ရဲ့ စကားသံတိုးတိုးလေးထွက်လာတယ်။ ယွန်းချီမျက်နှာတစ်ခုလုံး ရဲသွားတယ်။
“ငါတို့ မနက်ဖြန်မှ တွေ့ရအောင်…”
ရှက်ရှက်နဲ့ယွန်းချီဖုန်းချလိုက်တယ်။ တစ်ဖက်ခန့်ဝေသော်က ဖုန်းကိုကိုင်ရင်း သူ့နှုတ်ခမ်းသူ မချင့်မရဲလျှာနဲ့သပ်နေခဲ့တယ်။ ယွန်းချီရဲ့ ချစ်ဖို့ကောင်းမှုက သူ့စိတ်ကို တကယ်မချင့်မရဲဖြစ်စေတယ်။ နောက်တစ်နေ့… ရုပ်ရှင်ရုံထဲမှာ အခွင့်အရေးပေးရင် ယွန်းချကို သူ နမ်းလို့ရမှာပါနော်။ အဲ့အချိန်ကျရင် သူ့ စိတ်က အရမ်းလှုပ်ရှားနေပြီး အလွဲလွဲအချော်ချော် မဖြစ်နေဖို့ကို ခန့်ဝေသော် မျှော်လင့်ပါတယ်။
>>>>><<<<<
ရာသီဥတုက နွေဦးဘက်ကို ရောက်နေပြီမို့ သူတို့တွေ ပေါ့ပေါ့ပါးပါးဝတ်လို့ရတယ်။ ယွန်းချီကိုတွေ့တဲ့အချိန်မှာ ခန့်ဝေသော်ရဲ့မျက်လုံးတွေက ကြယ်တွေတောက်နေတဲ့အလားပဲ။ ယွန်းချီက ဘောင်းဘီဒူးဖုံးလေးနဲ့ ပေါ့ပေါ့ပါးပါး ရှပ်လေးတစ်ထည် ဝတ်ထားတယ်။ ဘေးလွယ်အိတ်သေးလေးတစ်လုံးလွယ်လို့ပေါ့။ ဦးထုတ်ဝိုင်းလေးဆောင်းထားတဲ့ ပုံလေးက ယွန်းချီကို ချစ်စရာ ယုန်ငယ်လေးလို ဖြူစင်တဲ့ခံစားချက်ကို ပေးတယ်။
သူ ဒီယုန်လေးကို နမ်းချင်လိုက်တာ။ ခန့်ဝေသော် အကြံဆိုးကြီးနဲ့တွေးတယ်။
“အခုက ဘာကားပြနေတာလဲ?”
ရုပ်ရှင်သာကြည့်မှာ ရုံမှာ ဘာကားတင်နေမှန်း သူတို့နှစ်ယောက်လုံး မသိကြဘူး။ ခန့်ဝေသော်ကတော့ သူက အရင်ဖိတ်ခေါ်တဲ့သူမို့ ဘာကားတွေတင်နေတယ်ဆိုတာတော့ ကြည့်ထားခဲ့တယ်။
သူတို့ရဲ့ပထမဆုံးဒိတ်ကို သူ ကောင်းကောင်းလေး ဖြစ်စေချင်တယ်လေ။
“ဘာကားကြည့်မလဲ… သူတို့က သရဲကားတစ်ကား၊ အချစ်ကားတစ်ကား တင်ထားတယ်…”
သူတို့မြို့ရဲ့ Shopping Mall ထဲမှာ ရုပ်ရှင်ရုံနှစ်ခုရှိတယ်။
“သြော်…”
စက်လှေကားနဲ့တက်နေရင်းနဲ့ ယွန်းချီ ခပ်တိုးတိုးပြန်ပြောတယ်။ ဘာကားကြည့်မလဲ စဉ်းစားနေပုံပါပဲ။ ယွန်းချီရဲ့ လက်သွယ်လေးတွေက စက်လှေကားရဲ့ လက်ရမ်းပေါ်မှာ ရှိနေလို့ပေါ့။ ခန့်ဝေသော်ရဲ့အကြည့်တွေက ယွန်းချီရဲ့ လက်ချောင်းလေးတွေဆီရောက်သွားတယ်။ ရှည်ရှည်သွယ်သွယ်လက်သည်းခွံလေးတွေက သေချာထိန်းသိမ်းထားတာကြောင့် ပန်းသွေးရောင်လေးတွေ။ သူ အဲ့ဒီလက်ကလေးတွေကို ကိုင်ထားချင်တယ်။
“ဝေ့ ငါပြောနေတာကို မင်းမကြားဘူးလား…”
အဲ့ဒီလက်ကလေးတွေက သူ့မျက်လုံးရှေ့ကိုရောက်လာတယ်။ လက်ဖဝါးလေးကို ဟိုယမ်းဒီယမ်းလုပ်ပြီး ယွန်းချီ သူ့မေးခွန်းကို မဖြေလာတဲ့ခန့်ဝေသော်ကို မေးခွန်းထုတ်တာပါ။ တကယ်လို့ သူတို့က စက်လှေကားပေါ်မှာ မဟုတ်ဘူးဆိုရင် သူ အဲ့ဒီလက်ကလေးတွေကို ယူပြီးနမ်းမိလောက်တယ်လို့ ခန့်ဝေသော် တွေးတယ်။ မဟုတ်ဘူး အတိအကျပြောရင် ယွန်းချီကို သူ ငုံသာထားလိုက်ချင်တော့တယ်။ အသဲယားစရာကောင်းလွန်းလို့။
“အာဆောရီး ဘာမေးလိုက်တာလဲ…”
“မင်း ဘာတွေစဉ်းစားနေတာလဲ?”
“မင်း လက်ကို ငါ ကိုင်လို့ရမလား?”
ယွန်းချီကြောင်အပြီး ခန့်ဝေသော်ကို ကြည့်တယ်။ သူ့မျက်လုံးတွေအရင်ဝိုင်းသွားတယ်၊ နောက်တော့ သူ့မျက်နှာနီသွားတယ်၊ မျက်လွှာချပြီးတော့ ခေါင်းကိုဆက်ငုံ့တယ်။
ချစ်စရာကောင်းလိုက်တာ… ခန့်ဝေသော် တိတ်တိတ်လေးတွေးမိပြန်တယ်။
“အင်း…”
ခေါင်းလေးငုံ့ပြီး ကမ်းပေးလာတဲ့လက်ကလေးက သူ့လက်နဲ့အံဝင်ခွင်ကျပါပဲ။
လက်တွဲပြီးတော့ သူတို့လျှောက်လာဖြစ်ကြတယ်။ လူများတဲ့ Shopping Mall မှာ ကောင်လေးနှစ်ယောက် လက်တွဲတာကို အထူးတဆန်းကြည့်တဲ့လူလည်းရှိပေမဲ့ မကြည့်တဲ့လူဦးရေက ပိုများပါတယ်။ ဘာလို့ဆို လူတွေက ကိုယ့်အာရုံနဲ့ကိုယ်ပဲလေ။
“ဟာ ခန့်ဝေသော်!”
ယွန်းချီရဲ့တစ်ကိုယ်လုံး တုံ့ခနဲဖြစ်သွားတယ်။ သူတို့ကိုသိတဲ့လူတစ်ယောက်ယောက်လား? ထင်တဲ့အတိုင်းပါပဲ အနောက်ကိုလှည့်ကြည့်တဲ့အချိန်မှာ သူတို့တွေ့တာက ခန့်ဝေသော်ရဲ့ လူရမ်းကားလေးအုပ်စုပါပဲ။ သူ့လက်ကိုတွဲထားတဲ့ ခန့်ဝေသော်လက်ကို ဖြုတ်ချဖို့ သူ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ ခန့်ဝေသော်က သူ့လက်ကို တင်းတင်းဆုတ်ကိုင်ထားခဲ့တယ်။
“အိုး…”
အမြွှာနှစ်ကောင်ရဲ့မျက်နှာပေးက ညစ်ကျယ်ကျယ်ဖြစ်သွားတယ်။ ခန့်ဝေသော်က ယွန်းချီကို မရိုးသားမှန်း သူတို့သိပေမဲ့ အခုလောက်ထိ မျက်နှာပြောင်ရှင်းရဲတင်းလိမ့်မယ်လို့တော့ သူတို့မထင်မိဘူး။ ပိတ်ရက် လူတိုင်းလာနိုင်တဲ့ Shopping Mall ကို သူတို့က လက်ချင်းတွဲလျှောက်နေတယ်။ ဟဟဟ ဒါက သိပ်ကိုစိတ်ဝင်စားစရာကောင်းတာပဲ။
“ဒိတ်လာတာလား?”
“လက်ချင်းတွဲလာမှတော့ ဘာလို့ထင်နေတာလဲ?”
ယွန်းချီကိုမှ မဟုတ်ဘူးဆိုရင် ခန့်ဝေသော်ရဲ့အဘိဓာန်မှာ စိတ်ရှည်ခြင်းဆိုတဲ့ စကားလုံးမပါဝင်ပါဘူး။ ဒါကြောင့် အမြွှာနှစ်ကောင်ရဲ့အခုလိုမျိုးမေးခွန်းကို သူ တိုတိုတုတ်တုတ်ပဲဖြေတာပေါ့။
“မင်းက သူနဲ့ဒိတ်နေတာပေါ့…”
“အဲ့ဒီတော့?”
သူတို့တစ်ဖွဲ့လုံးတိတ်သွားတယ်။ အကုန်လုံးပါးစပ်အဟောင်းသားနဲ့ခန့်ဝေသော်ကို ကြည့်တယ်။ အမြွှာနှစ်ကောင်က လွဲလို့ပေါ့။ သူတု့ိကတော့ ခန့်ဝေသော်ကို ဘယ်လိုမျိုးကြပ်ရကောင်းမလဲစဉ်းစားနေခဲ့တယ်။ သူတို့စဉ်းစားနေတုန်းမှာပဲ အုပ်စုထဲက ကောင်တစ်ကောင်ရဲ့ အသံထထွက်လာတယ်။
“မင်း… မင်းက ယောကျာ်းလေးကို ကြိုက်တာလား!”
အသံနည်းနည်းကျယ်သွားတာကြောင့် ဘေးက လက်မြန်တဲ့ကောင်တွေက အဲ့ကောင်ရဲ့ပါးစပ်ကို အုပ်တယ်။ ခန့်ဝေသော်က ယွန်းချီကို ကစားနေတာလည်းဖြစ်နိုင်တာပဲ။
“ငါ ယွန်းချီကို သဘောကျတယ်…”
ခန့်ဝေသော်က ပွင့်ပွင့်လင်းလင်းဝန်ခံတယ်။
“ယွန်းချီက ယောကျာ်းလေးမို့ ငါ ယောကျာ်းလေးကိုကြိုက်တာပေါ့…”
သူ့အဖြေက ပွင့်ပွင့်လင်းလင်းပါပဲ။ ယွန်းချီ ခေါင်းလေးငုံ့နေရာကနေ ဆတ်ခနဲထောင်လာတယ်။ ခန့်ဝေသော်က ဘာဖြစ်တယ်?
“မင်း ပြောလိုက်တာက?”
ယွန်းချီရဲ့ ကြောင်တက်တက်စကားကြောင့် တစ်အုပ်စုလုံးရဲ့အကြည့်က ယွန်းချီဆီရောက်သွားတယ်။ အမ် သူတို့လက်တောင်တွဲနေပြီးမှ ခန့်ဝေသော်က သူ့ကိုသဘောကျတယ်ဆိုတာကို ဘာလို့ ဒီအုန်းမုတ်ခွက်လေးက ရှော့ခ်အကြီးကြီး ရနေသလိုမျိုးဖြစ်နေရတာလဲ။
“မင်းတို့တွဲနေတာမဟုတ်ဘူးလား…”
“ငါ မင်းကိုချစ်တယ်လေ…”
အမြွှာစကားကို ဖြတ်ပြီးတော့ ခန့်ဝေသော်ပြောတယ်။ ရုတ်တရက်ကောင်ကလေးတစ်သိုက်မှာ ခွေးစာတွေနဲ့အပက်ခံလိုက်ရသလိုပဲ။ ဟယ်လို တစ်တီတူးချစ်ရည်လူးစကားတွေပြောရမဲ့နေရာမဟုတ်ဘူးနော်! ဒါက ရှောပင်းမော လမ်းကြီး! လမ်းမကြီး!
“အာ… ငါ… ငါက…”
“ဘာလဲ…”
“ငါက မင်းငါ့ကို မချစ်ဘူးထင်နေတာ…”
“ဘာလို့လဲ?”
ခန့်ဝေသော် နားမလည်စွာမေးတယ်။ ဘာလို့ယွန်းချီက အဲ့လိုထင်နေရတာလဲ။ ယွန်းချီကြောင့်ပဲ သူ ရန်ပွဲတွေ နည်းလာတာလေ။ ယွန်းချီကြောင့်ပဲ သူ အတန်းမှန်လာတာလေ။
“မင်း တိတ်တိတ်နေပေးမယ်ဆိုတာလေ…”
“အာ…”
ခန့်ဝေသော် သူ့ခေါင်းသူကုတ်တယ်။ နောက်တော့ မျက်နှာနီနီနဲ့…
“ငါ လူတစ်ယောက်ကို တစ်ခါလေးတောင် ဖွင့်မပြောဖူးခဲ့ဘူး…”
လူတွေအနားမှာရှိနေတယ်ဆိုတာကု ခန့်ဝေသော်မေ့နေပုံပါပဲ။ ရန်ပွဲတိုင်း လက်ရဲလွန်းတဲ့ ခန့်ဝေသော်ရဲ့ အခုလိုပုံစံက သူရဲ့သူငယ်ချင်းတစ်အုပ်စုလုံးကို ဆွံ့အစေတယ်။
“ဒါကြောင့် ငါ ဘယ်လိုပြောရမလဲဆိုတာကို မသိဘူး… ဒါပေမဲ့ ငါ မင်းကိုချစ်တာပါ… မင်းက ငါ့ရဲ့အချစ်ဦးပါပဲ…”
မျက်နှာနီနေတဲ့ကောင်လေးနှစ်ယောက်နဲ့ မျက်နှာကိုဘယ်လိုထားရင်ကောင်းမလဲမသိတဲ့ရူးနှမ်းနှမ်းမျက်နှာထားနဲ့ ကောင်လေး လေးယောက်ရှိခဲ့တယ်။ ဘာများလဲဆိုပြီး စပ်စုချင်တဲ့လူတချို့ကလည်း ရပ်ကြည့်ကြလေရဲ့။
“ငါ… ငါတို့ဒီကသွားရအောင်…”
ယွန်းချီက ခန့်ဝေသော်လက်ကိုဆွဲပြီးတော့ အခုနေရာကနေထွက်လာတယ်။ ရှက်စရာကောင်းလိုက်တာ။ ဒီနားမှာ လူတွေကလည်းကြည့်နေပြီ။
“ဘာဖြစ်လို့လဲ…”
ခြေတိုတိုလေးတွေနဲ့ လမ်းမြန်မြန်လျှောက်နေတဲ့ ယွန်းချီကို ခန့်ဝေသော် နားမလည်စွာမေးတယ်။
“လူတွေအများကြီးပဲ…”
ယွန်းချီတိုးတိုးလေးပြောတယ်။
“ငါ မင်းကိုချစ်တာကို လူကြားထဲမှာ ဘယ်လိုလုပ်ပြီးတော့ ပြောရမှာလဲ?!”
မတိုးမကျယ်နဲ့ ခန့်ဝေသော်ကို သူ ငေါက်တယ်။ သူတို့ရဲ့ခြေလှမ်းတွေရပ်သွားခဲ့တယ်။ ယွန်းချီရဲ့လည်ကုတ်တွေက နမ်းပစ်ချင်လောက်အောင် နီရဲနေခဲ့တယ်။
“ငါတို့ သရဲကားကြည့်လို့ရမလား…”
ခန့်ဝေသော် တိုးတိုးလေးမေးတယ်။
“ငါ မင်းကို ဖက်ထားချင်လို့ မကြောက်တတ်ရင်တောင် ကြောက်ဟန်ဆောင်ပြီး ငါ့ရင်ထဲ ဝင်တိုးပေးပါလား…”
သူဖြစ်ချင်တာကို တိုးတိုးလေးတောင်းဆိုပြန်တယ်။
“အင်း သွားရအောင်…”
ယွန်းချီရဲ့လက်တွေကပိုပြီး တင်းကြပ်သွားတယ်။ ခန့်ဝေသော်ကပဲ ယွန်းချီကို အသဲယားတာတော့မဟုတ်ပါဘူး။ ယွန်းချီကလည်း ခန့်ဝေသော်ကို အသဲယားပါတယ်။ ဖြစ်နိုင်ရင် သူ ခန့်ဝေသော်ကို အတင်းဖက်ထားချင်တော့တယ။် တကယ်ပါပဲ။ ဒီလူသားလေးက သူ့ကို ရင်ခုန်အောင် တအားလုပ်တာပဲ။
ဒီလိုနဲ့ကောင်လေးနှစ်ယောက်ဟာ ပျော်စရာဇာတ်သိမ်းရှိတဲ့ ဇာတ်လမ်းလေးတွေအတိုင်းပဲ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြောင်းကို ဖွင့်ဟဖြစ်ခဲ့ကြပါတယ်။ သြော် သူတု့ိကြည့်တဲ့ ရုပ်ရှင်ကားကိုတော့ သူတို့က ဇာတ်လမ်းပြီးသွားတာတောင်မှ ဇာတ်လမ်းပြီးသွားလားဆိုပြီး ဖြစ်ခဲ့ကြပါတယ်တဲ့။
The End
20/12/19
3:00 PM
----------
Zawgyi
အပိုင္း - ၁၀ (ဇာတ္သိမ္း) ငါတို႔ကတစ္ေယာက္ကိုတစ္ေယာက္ခ်စ္ၾကတယ္။
ဒီလိုနဲ႔ခန္႔ေဝေသာ္နဲ႔ယြန္းခ်ီရဲ႕အေျခအေနက ပိုတိုးတက္လာေတာ့တယ္။ ေက်ာင္းမွာဆုိသူတုိ႔ႏွစ္ေယာက္က ခြဲမရေတာ့တဲ့ လူေတြအလားပဲ။ ယြန္းခ်ီရွိတဲ့ေနရာမွာခန္႔ေဝေသာ္က အၿမဲရွိေနတတ္တယ္။ ခန္႔ေဝေသာ္ရဲ႕ဆုိင္ကယ္ေနာက္က ပထမဆံုးနဲ႔ေနာက္ဆံုးလက္ခြင့္ရတဲ့လူကလည္း ယြန္းခ်ီပါပဲ။
ယြန္းခ်ီက ကိတ္မုန္႔ေတြကို ႀကိဳက္တယ္။ ယြန္းခ်ီအႏွစ္သက္ဆံုးက စေတာ္ဘယ္ရီသီးျဖစ္ၿပီးေတာ့၊ အသံုးအေဆာင္မွာဆုိ ယြန္းခ်ီက မာဖလာေတြႀကိဳက္တယ္။ သူတုိ႔ရဲ႕ေအးတတ္တဲ့ ေတာင္ေပၚၿမိဳ႕ေလးရဲ႕ ရာသီဥတုနဲ႔ဆုိ ယြန္းခ်ီႀကိဳက္တဲ့ မာဖလာေတြက အရမ္းကို အဆင္ေျပတာပါပဲ။ ယြန္းခ်ီက ျမစ္ကမ္းနားမွာလမ္းေလွ်ာက္ရတာကိုလည္း သေဘာက်ပါေသးတယ္။
“မင္း တစ္ေန႔ ဘယ္ကို အလည္သြားခ်င္လဲ…”
ခန္႔ေဝေသာ္ေမးတဲ့အခါမွာ ယြန္းခ်ီက ေပ်ာ္ေပ်ာ္ပဲ ေျဖခဲ့တယ္။
“ပင္လယ္” တဲ့။
“ငါ မ်က္စိတစ္ဆံုးမွာရွိေနမဲ့ ေရျပင္ကိုၾကည့္ခ်င္တယ္…”
“ျမစ္ကို ေဒါင္လုိက္ၾကည့္လည္း မင္း ေရကိုျမင္ရမွာပဲေလ…”
“ဒါေပမဲ့ ျမစ္က အနံတုိတုိေလးေလ!”
ၾကည့္… ယြန္းခ်ီနဲ႔သူက အခုလိုမ်ိဳးမဟုတ္တာေလးေတြနဲ႔လည္း ျငင္းခုန္တတ္တယ္။ ၿပီးေတာ့လည္း ရယ္ၾကတာပဲ။
“တစ္ခ်ိန္က်ရင္ မင္းကိုငါ ပင္လယ္ဆီကို ေခၚသြားေပးမယ္…”
ကိုယ့္နားထင္ကိုယ္အသာေလးကုတ္ၿပီးေတာ့ ခန္႔ေဝေသာ္ ရွက္ရွက္နဲ႔ေျပာရင္ ယြန္းခ်ီက အင္းဆုိၿပီး ေခါင္းေလးကို အားတက္သေရာဆတ္ခနဲညိတ္ၿပီး ျပန္ေျဖတတ္ပါတယ္။ အဲ့လိုအခ်ိန္မ်ိဳးဆုိရင္ ခန္႔ေဝေသာ္က ယြန္းခ်ီမ်က္ႏွာကို လက္ႏွစ္ဖက္လံုးနဲ႔အုပ္ကိုင္ ယြန္းခ်ီႏႈတ္ခမ္းေတြကို ငံု႔နမ္းလုိက္ခ်င္တာပါပဲ။ ဒါေပမဲ့ သူ မလုပ္ရဲဘူး။ တစ္သက္လံုးမွာ ယြန္းခ်ီက သူ႔ရဲ႕ပထမဦးဆံုး ရည္းစားေလ။ သူ ဘယ္လုိလုပ္ၿပီး အခုလိုေတြ စိတ္ရွိတုိင္းလုပ္ရဲမွာလဲ!
>>>>>><<<<<
“အဲ့ဒီေတာ့… နင္နဲ႔သူနဲ႔က ရည္းစားေတြမဟုတ္ၾကဘူးေပါ့!”
ဖုန္းထဲက ဟန္နာ့ေအာ္သံကက်ယ္က်ယ္ေလာင္ေလာင္ပါပဲ။ ယြန္းခ်ီအသံတုိးတုိးေလးနဲ႔ပဲျပန္ေျပာႏိုင္တယ္။
“တိုးတိုးေျပာပါဟ…”
“ငါ ေျပာမယ္ သူက နင့္ကို အခုထိ ဘာတစ္ခြန္းမွမေျပာဘူးလား?”
“ဘာကိုေျပာရမွာလဲ?”
ယြန္းခ်ီ ေၾကာင္တက္တက္ေလးျပန္ေမးတယ္။ ဟန္နာကေတာ့ သူ႔အစ္ကိုကို ငတံုးရယ္… ငတံုးရယ္…လုိ႔ ေအာ္ေအာ္ၿပီး ရိုက္လုိက္ခ်င္ေတာ့တာပါပဲ။
“ဘာမွမဟုတ္ဘူးဆိုရင္ နင္တုိ႔က ဘာကိစၥနဲ႔အဲ့ေလာက္ တပူးပူးတတြဲတြဲျဖစ္ေနရတာလဲ…”
“သူက ငါ့ကို…”
ယြန္းခ်ီအတိုခ်ံဳးၿပီးျပန္ေျပာလိုက္တယ္။ ခန္႔ေဝေသာ္က သူနဲ႔သာတြဲေနရင္ ယြန္းကသူဆုိတာကို တိတ္တိတ္ေလးေနေပးမယ္ဆိုတဲ့အေၾကာင္းကိုေပါ့။ ဖုန္းကိုကိုင္ၿပီး ဟန္နာ မ်က္လံုးေတြပဲ ထုိင္လွန္ေနလိုက္ေတာ့တယ္။ တကယ္လုိ႔ သူမသာ ခန္႔ေဝေသာ္က ဒီသူမရဲ႕အစ္ကိုကုိ ႀကိဳက္ေနေၾကာင္းမသိဘူးဆုိရင္ ယြန္းခ်ီအႏိုင္က်င့္ခံေနရတယ္လို႔ ေတြးလိုက္မိမွာပါပဲ။ ဒါေပမဲ့ ခန္႔ေဝေသာ္က ယြန္းခ်ီကို သေဘာက်ေနတယ္။ သေဘာက်တာမွ အရူးအမူးပဲ။ သူက မရွက္မေၾကာက္နဲ႔ ခ်စ္တာလုိ႔ေတာင္ သူမေရွ႕မွာ ေျပာသြားခဲ့ေသးတယ္။
“လူရမ္းကားေသာက္ထံုပဲ…”
ဟန္နာခပ္တိုးတိုးေရရြတ္တယ္။
“ဘာေျပာလုိက္တာလဲ…”
ဟန္နာရဲ႕အသံတိုးတုိးနဲ႔စိတ္ဆိုးဆိုးေရရြတ္ေနမႈက ယြန္းခ်ီဘက္မွာေတာ့ ဗလံုးဗေထြးေပါ့။
“ဟင့္အင္း… မဟုတ္ဘူး… ထားပါေတာ့ အ့ဲဒီေတာ့ နင္က သူနဲ႔တြဲေနတယ္ေပါ့…”
“ငါ သူ႔ကိုသေဘာက်တယ္…”
ယြန္းခ်ီရဲ႕အသံက တကယ္ကို ပိစိေလး။ ဟန္နာကေတာ့ သိေနၿပီးသားအေၾကာင္းအရာတစ္ခုမို႔ ေထြထူးၿပီး ေျပာမေနေတာ့ဘူး။ ယြန္းခ်ီက ခန္႔ေဝေသာ္ကို သေဘာက်တာ သိသာတယ္။ လံုးဝသိသိသာသာပဲ။ သူမ အတြက္ေျပာပါတယ္။
“ဒါေပမဲ့ ခန္႔ေဝေသာ္က ယြန္းကို သေဘာက်ေနတာ…”
စိတ္ပ်က္အားေလ်ာ့တဲ့အသံနဲ႔ ယြန္းခ်ီေျပာတယ္။ ဒီႏွစ္ေယာက္က ဘာလုိ႔မ်ား ကိုးရီးယားကားရိုက္ေနၾကတာလဲလုိ႔ ဟန္နာ စိတ္ပ်က္ပ်က္နဲ႔ေတြးတယ္။ တကယ္လုိ႔ ခန္႔ေဝေသာ္သာ သူမရဲ႕ ခပ္တံုးတုံးအစ္ကိုဝမ္းကြဲကို ငါ မင္းကိုခ်စ္လုိ႔ေဟးလုိ႔ ပြင့္ပြင့္လင္းလင္းေျပာလိုက္ရင္ အခုလုိျဖစ္စရာအေၾကာင္းကို မရွိဘူး။ ေနာက္ၿပီး ခန္႔ေဝေသာ္က တံုးတာနဲ႔ပဲ ယြန္းခ်ီကေရာ လုိက္တံုးစရာလိုလုိ႔လား။ ေျပာခ်င္တာက ႏွစ္ေယာက္လံုးက ေယာက်ာ္းေလးေတြေလေနာ္။ ဘာရွက္စရာလုိလုိ႔လဲ။ မင္း ငါ့ကိုႀကိဳက္လို႔တြဲခ်င္တာလားလို႔ ယြန္းခ်ီအေနနဲ႔လည္း ေမးလုိ႔ရေနတာပဲကို။
“သူက အဲ့လုိေျပာလုိ႔လား…”
“မေျပာေပမဲ့…”
“ေမးၾကည့္ေပါ့… ပါးစပ္ပါေနတာပဲမဟုတ္ဘူးလား…”
ဟန္နာရဲ႕ခပ္ရြဲ႕ရြဲ႕စကားကို ယြန္းခ်ီအေတာ္ၾကာၾကာစဥ္းစားေနလုိက္တယ္။ အင္း… အဲ့ဒါက… သဘာဝက်တယ္။
“သိခ်င္ရင္ ေမးလိုက္ေပါ့…”
ဟန္နာက ထပ္ေျပာျပန္တယ္။ ယြန္းခ်ီတစ္ေယာက္က ေနာက္ကလူတစ္ေယာက္ေယာက္က မတြန္းဘူးဆိုရင္ ဘာတစ္ခုမွလုပ္တတ္မဲ့လူတစ္ေယာက္မဟုတ္ဘူး။
“ဒါေပမဲ့…”
သူ ခပ္တိုးတိုးေျပာတယ္။ စိတ္ထဲကခ်ိတံုခ်တံုနဲ႔ေပါ့။ ဒါေပမဲ့လည္း ေနာက္ဆံုးေတာ့ သိခ်င္စိတ္က အႏိုင္ရသြားခဲ့ပါတယ္။ ဟုတ္တယ္…သူ သိခ်င္တယ္။
“အင္း… ငါ ေမးၾကည့္ၾကည့္လုိက္မယ္ေလ…”
“Go… Go ငါ့အစ္ကို…”
ဟန္နာကမဟုတ္တာလုပ္ဖို႔အတြက္ ေျမွာက္ေပးတဲ့လူတစ္ေယာက္ရဲ႕ အသံမ်ိဳးနဲ႔ေအာ္တယ္။ ယြန္းခ်ီ နည္းနည္းေလး စိတ္ညစ္ေနရတဲ့ၾကားထဲကေန သူ ျပံဳးမိေသးတယ္။ ဒီညီမေလးတစ္ေယာက္က သူ႔အတြက္ မရွိမျဖစ္ပါဘဲ။ သူမက အျမဲတမ္း သူ႔ေဘးနားမွာ ရွိတတ္တယ္။ သူဘာလုပ္လုပ္ အျမဲတမ္း ေထာက္ခံေပးတယ္။ အဲ့ဒါက သူ႔ကို အားတက္ေစတယ္။
ဟန္နာနဲ႔ဖုန္းေျပာၿပီးတဲ့အခ်ိန္မွာ ယြန္းခ်ီ ခုတင္ေပၚမွာ ေျခပစ္လက္ပစ္လွဲတယ္။ မမီွမကမ္းနဲ႔ သူ႔ခုတင္ေပၚ တက္ဖို႔ႀကိဳးစားေနတဲ့ ဖင္တလႈပ္လႈပ္နဲ႔ ပြန္းခ်ိကိုၾကည့္ၿပီး သူရယ္တယ္။ ပြန္းခ်ိရဲ႕ မ်က္ႏွာေလးက အႏိုင္က်င့္ခံရတဲ့ ေခြးကေလးလို ျဖစ္သြားေတာ့တယ္။ ေနာက္ဆံုးေတာ့ မေနသာေတာ့ဘဲ သူ ပြန္းခ်ိကိုေကာက္ခ်ီတယ္။ ပြန္းခ်ိႏွာသီးထိပ္စုစုနဲ႔ သူ႔ႏွာေခါင္းကို တုိက္ေတာ့ ပြန္းခ်ိက သူ႔ကို လွ်ာနဲ႔လ်က္လာေလရဲ႕။
“ေဟ့ ေဟ့ ၾကည့္ ငါ မ်က္ႏွာသစ္ရေတာ့မယ္…”
ယြန္းခ်ီက ပြန္းခ်ိကုိ ဆူတာလည္းမဟုတ္တဲ့အသံမ်ိဳးနဲ႔ ေငါက္ငမ္းခ်င္ေယာင္ေဆာင္တယ္။ ဒီအေကာင္ေပါက္ေလးက သူ႔ အသည္းေက်ာ္ေလးပဲဟာ သူ ဘယ္လုိလုပ္ၿပီး ဆူရက္မွာလဲ။ ပြန္းခ်ိက သူ႔ ေျခအိတ္ေတြကုိ ကိုက္စုတ္ပစ္ရင္ေတာင္ သူ မဆူပါဘူး။ အဲ့ေလာက္ေတာင္ သူ ခ်စ္တာပါ။
“ငါ သူ႔ကို ဘယ္လိုစေမးရင္ေကာင္းမလဲ…”
ပြန္းခ်ိကိုၾကည့္ၿပီး ယြန္းခ်ီတိုးတိုးေလးေမးတယ္။ ပြန္းခ်ိအေျဖက ဝုတ္ဝုတ္ဆိုတာအျပင္မရွိပါဘူး။ အဆစ္အေနနဲ႔ သူ႔ မ်က္ႏွာကို လုိက္လ်က္တာေတာင္ ပါေသးတယ္။
အဲ့ဒီအခ်ိန္မွာ ဖုန္းသံျမည္လာေတာ့တယ္။ ဖုန္းေခၚသူက ခန္႔ေဝေသာ္ျဖစ္ေနတာေၾကာင့္ ပြန္းခ်ိကို ခ်ီေျမွာက္ထားရင္းကေန ရင္ထဲပိုက္လိုက္တယ္။
“ၿငိမ္ၿငိမ္ေနေနာ္…” လို႔ ပြန္းခ်ိကုိ ေျပာၿပီးေတာ့မွ သူ ဖုန္းကို ကိုင္တယ္။
“ဟယ္လုိ…”
“ငါတုိ႔ မနက္ျဖန္ရုပ္ရွင္သြားၾကည့္ရေအာင္…”
ခန္႔ေဝေသာ္က အျမဲတမ္း ျဖစ္ခ်င္တာကိုပဲ တဲ့တိုးေျပာတတ္သူပါ။
“အင္း… ေဟ့ ပြန္းခ်ိ…”
ခန္႔ေဝေသာ္ကို အင္း လုိ႔ေျပာေနရင္းနဲ႔ သူ႔ေမးေစ့ကို လာလ်က္တဲ့ ပြန္းခ်ိကို ယြန္းခ်ီမာန္မဲရတယ္။
“ဘာျဖစ္လုိ႔လဲ…”
တစ္ခါတည္းလာဖူးေပမဲ့လည္း ပြန္းခ်ိနဲ႔ရင္းႏီွးေနတဲ့ ခန္႔ေဝေသာ္က ေမးေတာ့တာေပါ့။
“မင္းဖုန္းလာတုန္း သူ႔ကိုခ်ီထားတာ… အဲ့ဒါ င့ါေမးေစ့ကို လာလ်က္ေနလုိ႔…”
“ေၾသာ္…”
ခန္႔ေဝေသာ္ အသံတိတ္သြားတယ္။ ေတာ္ေတာ္ၾကာတာေၾကာင့္ ဖုန္းလိုင္းမ်ား တစ္ခုခုျဖစ္တာလားဆုိၿပီး ယြန္းခ်ီ ဟယ္လုိ လုပ္ရျပန္တယ္။
“ဟယ္လို မၾကားရဘူးလား?”
“ပြန္းခ်ိေနရာမွာ ငါျဖစ္ရင္ ေကာင္းမွာပဲ…”
ခန္႔ေဝေသာ္ရဲ႕ စကားသံတိုးတိုးေလးထြက္လာတယ္။ ယြန္းခ်ီမ်က္ႏွာတစ္ခုလံုး ရဲသြားတယ္။
“ငါတို႔ မနက္ျဖန္မွ ေတြ႔ရေအာင္…”
ရွက္ရွက္နဲ႔ယြန္းခ်ီဖုန္းခ်လုိက္တယ္။ တစ္ဖက္ခန္႔ေဝေသာ္က ဖုန္းကိုကိုင္ရင္း သူ႔ႏႈတ္ခမ္းသူ မခ်င့္မရဲလွ်ာနဲ႔သပ္ေနခဲ့တယ္။ ယြန္းခ်ီရဲ႕ ခ်စ္ဖို႔ေကာင္းမႈက သူ႔စိတ္ကုိ တကယ္မခ်င့္မရဲျဖစ္ေစတယ္။ ေနာက္တစ္ေန႔… ရုပ္ရွင္ရံုထဲမွာ အခြင့္အေရးေပးရင္ ယြန္းခ်ကို သူ နမ္းလုိ႔ရမွာပါေနာ္။ အဲ့အခ်ိန္က်ရင္ သူ႔ စိတ္က အရမ္းလႈပ္ရွားေနၿပီး အလြဲလြဲအေခ်ာ္ေခ်ာ္ မျဖစ္ေနဖုိ႔ကို ခန္႔ေဝေသာ္ ေမွ်ာ္လင့္ပါတယ္။
>>>>><<<<<
ရာသီဥတုက ေႏြဦးဘက္ကုိ ေရာက္ေနၿပီမုိ႔ သူတုိ႔ေတြ ေပါ့ေပါ့ပါးပါးဝတ္လုိ႔ရတယ္။ ယြန္းခ်ီကိုေတြ႔တဲ့အခ်ိန္မွာ ခန္႔ေဝေသာ္ရဲ႕မ်က္လံုးေတြက ၾကယ္ေတြေတာက္ေနတဲ့အလားပဲ။ ယြန္းခ်ီက ေဘာင္းဘီဒူးဖံုးေလးနဲ႔ ေပါ့ေပါ့ပါးပါး ရွပ္ေလးတစ္ထည္ ဝတ္ထားတယ္။ ေဘးလြယ္အိတ္ေသးေလးတစ္လံုးလြယ္လု႔ိေပါ့။ ဦးထုတ္ဝိုင္းေလးေဆာင္းထားတဲ့ ပံုေလးက ယြန္းခ်ီကို ခ်စ္စရာ ယုန္ငယ္ေလးလို ျဖဴစင္တဲ့ခံစားခ်က္ကို ေပးတယ္။
သူ ဒီယုန္ေလးကို နမ္းခ်င္လုိက္တာ။ ခန္႔ေဝေသာ္ အၾကံဆိုးႀကီးနဲ႔ေတြးတယ္။
“အခုက ဘာကားျပေနတာလဲ?”
ရုပ္ရွင္သာၾကည့္မွာ ရံုမွာ ဘာကားတင္ေနမွန္း သူတို႔ႏွစ္ေယာက္လံုး မသိၾကဘူး။ ခန္႔ေဝေသာ္ကေတာ့ သူက အရင္ဖိတ္ေခၚတဲ့သူမို႔ ဘာကားေတြတင္ေနတယ္ဆုိတာေတာ့ ၾကည့္ထားခ့ဲတယ္။
သူတုိ႔ရဲ႕ပထမဆံုးဒိတ္ကို သူ ေကာင္းေကာင္းေလး ျဖစ္ေစခ်င္တယ္ေလ။
“ဘာကားၾကည့္မလဲ… သူတုိ႔က သရဲကားတစ္ကား၊ အခ်စ္ကားတစ္ကား တင္ထားတယ္…”
သူတုိ႔ၿမိဳ႕ရဲ႕ Shopping Mall ထဲမွာ ရုပ္ရွင္ရံုႏွစ္ခုရွိတယ္။
“ေၾသာ္…”
စက္ေလွကားနဲ႔တက္ေနရင္းနဲ႔ ယြန္းခ်ီ ခပ္တိုးတိုးျပန္ေျပာတယ္။ ဘာကားၾကည့္မလဲ စဥ္းစားေနပံုပါပဲ။ ယြန္းခ်ီရဲ႕ လက္သြယ္ေလးေတြက စက္ေလွကားရဲ႕ လက္ရမ္းေပၚမွာ ရွိေနလုိ႔ေပါ့။ ခန္႔ေဝေသာ္ရဲ႕အၾကည့္ေတြက ယြန္းခ်ီရဲ႕ လက္ေခ်ာင္းေလးေတြဆီေရာက္သြားတယ္။ ရွည္ရွည္သြယ္သြယ္လက္သည္းခြံေလးေတြက ေသခ်ာထိန္းသိမ္းထားတာေၾကာင့္ ပန္းေသြးေရာင္ေလးေတြ။ သူ အဲ့ဒီလက္ကေလးေတြကို ကိုင္ထားခ်င္တယ္။
“ေဝ့ ငါေျပာေနတာကို မင္းမၾကားဘူးလား…”
အဲ့ဒီလက္ကေလးေတြက သူ႔မ်က္လံုးေရွ႕ကုိေရာက္လာတယ္။ လက္ဖဝါးေလးကို ဟိုယမ္းဒီယမ္းလုပ္ၿပီး ယြန္းခ်ီ သူ႔ေမးခြန္းကို မေျဖလာတဲ့ခန္႔ေဝေသာ္ကို ေမးခြန္းထုတ္တာပါ။ တကယ္လုိ႔ သူတုိ႔က စက္ေလွကားေပၚမွာ မဟုတ္ဘူးဆုိရင္ သူ အဲ့ဒီလက္ကေလးေတြကို ယူၿပီးနမ္းမိေလာက္တယ္လုိ႔ ခန္႔ေဝေသာ္ ေတြးတယ္။ မဟုတ္ဘူး အတိအက်ေျပာရင္ ယြန္းခ်ီကို သူ ငံုသာထားလုိက္ခ်င္ေတာ့တယ္။ အသဲယားစရာေကာင္းလြန္းလုိ႔။
“အာေဆာရီး ဘာေမးလုိက္တာလဲ…”
“မင္း ဘာေတြစဥ္းစားေနတာလဲ?”
“မင္း လက္ကို ငါ ကိုင္လုိ႔ရမလား?”
ယြန္းခ်ီေၾကာင္အၿပီး ခန္႔ေဝေသာ္ကို ၾကည့္တယ္။ သူ႔မ်က္လံုးေတြအရင္ဝိုင္းသြားတယ္၊ ေနာက္ေတာ့ သူ႔မ်က္ႏွာနီသြားတယ္၊ မ်က္လႊာခ်ၿပီးေတာ့ ေခါင္းကိုဆက္ငံု႔တယ္။
ခ်စ္စရာေကာင္းလုိက္တာ… ခန္႔ေဝေသာ္ တိတ္တိတ္ေလးေတြးမိျပန္တယ္။
“အင္း…”
ေခါင္းေလးငံု႔ၿပီး ကမ္းေပးလာတဲ့လက္ကေလးက သူ႔လက္နဲ႔အံဝင္ခြင္က်ပါပဲ။
လက္တြဲၿပီးေတာ့ သူတို႔ေလွ်ာက္လာျဖစ္ၾကတယ္။ လူမ်ားတဲ့ Shopping Mall မွာ ေကာင္ေလးႏွစ္ေယာက္ လက္တြဲတာကို အထူးတဆန္းၾကည့္တဲ့လူလည္းရွိေပမဲ့ မၾကည့္တဲ့လူဦးေရက ပိုမ်ားပါတယ္။ ဘာလို႔ဆုိ လူေတြက ကိုယ့္အာရံုနဲ႔ကိုယ္ပဲေလ။
“ဟာ ခန္႔ေဝေသာ္!”
ယြန္းခ်ီရဲ႕တစ္ကိုယ္လံုး တံု႔ခနဲျဖစ္သြားတယ္။ သူတုိ႔ကိုသိတဲ့လူတစ္ေယာက္ေယာက္လား? ထင္တဲ့အတုိင္းပါပဲ အေနာက္ကိုလွည့္ၾကည့္တဲ့အခ်ိန္မွာ သူတုိ႔ေတြ႔တာက ခန္႔ေဝေသာ္ရဲ႕ လူရမ္းကားေလးအုပ္စုပါပဲ။ သူ႔လက္ကုိတြဲထားတဲ့ ခန္႔ေဝေသာ္လက္ကို ျဖဳတ္ခ်ဖို႔ သူ ႀကိဳးစားေပမဲ့ မေအာင္ျမင္ခဲ့ဘူး။ ခန္႔ေဝေသာ္က သူ႔လက္ကို တင္းတင္းဆုတ္ကိုင္ထားခဲ့တယ္။
“အိုး…”
အျမႊာႏွစ္ေကာင္ရဲ႕မ်က္ႏွာေပးက ညစ္က်ယ္က်ယ္ျဖစ္သြားတယ္။ ခန္႔ေဝေသာ္က ယြန္းခ်ီကို မရိုးသားမွန္း သူတုိ႔သိေပမဲ့ အခုေလာက္ထိ မ်က္ႏွာေျပာင္ရွင္းရဲတင္းလိမ့္မယ္လို႔ေတာ့ သူတုိ႔မထင္မိဘူး။ ပိတ္ရက္ လူတုိင္းလာႏိုင္တဲ့ Shopping Mall ကို သူတုိ႔က လက္ခ်င္းတြဲေလွ်ာက္ေနတယ္။ ဟဟဟ ဒါက သိပ္ကိုစိတ္ဝင္စားစရာေကာင္းတာပဲ။
“ဒိတ္လာတာလား?”
“လက္ခ်င္းတြဲလာမွေတာ့ ဘာလုိ႔ထင္ေနတာလဲ?”
ယြန္းခ်ီကိုမွ မဟုတ္ဘူးဆုိရင္ ခန္႔ေဝေသာ္ရဲ႕အဘိဓာန္မွာ စိတ္ရွည္ျခင္းဆိုတဲ့ စကားလံုးမပါဝင္ပါဘူး။ ဒါေၾကာင့္ အျမႊာႏွစ္ေကာင္ရဲ႕အခုလိုမ်ိဳးေမးခြန္းကို သူ တိုတိုတုတ္တုတ္ပဲေျဖတာေပါ့။
“မင္းက သူနဲ႔ဒိတ္ေနတာေပါ့…”
“အဲ့ဒီေတာ့?”
သူတုိ႔တစ္ဖြဲ႔လံုးတိတ္သြားတယ္။ အကုန္လံုးပါးစပ္အေဟာင္းသားနဲ႔ခန္႔ေဝေသာ္ကို ၾကည့္တယ္။ အျမႊာႏွစ္ေကာင္က လြဲလို႔ေပါ့။ သူတု႔ိကေတာ့ ခန္႔ေဝေသာ္ကုိ ဘယ္လိုမ်ိဳးၾကပ္ရေကာင္းမလဲစဥ္းစားေနခဲ့တယ္။ သူတုိ႔စဥ္းစားေနတုန္းမွာပဲ အုပ္စုထဲက ေကာင္တစ္ေကာင္ရဲ႕ အသံထထြက္လာတယ္။
“မင္း… မင္းက ေယာက်ာ္းေလးကို ႀကိဳက္တာလား!”
အသံနည္းနည္းက်ယ္သြားတာေၾကာင့္ ေဘးက လက္ျမန္တဲ့ေကာင္ေတြက အဲ့ေကာင္ရဲ႕ပါးစပ္ကို အုပ္တယ္။ ခန္႔ေဝေသာ္က ယြန္းခ်ီကို ကစားေနတာလည္းျဖစ္ႏိုင္တာပဲ။
“ငါ ယြန္းခ်ီကို သေဘာက်တယ္…”
ခန္႔ေဝေသာ္က ပြင့္ပြင့္လင္းလင္းဝန္ခံတယ္။
“ယြန္းခ်ီက ေယာက်ာ္းေလးမုိ႔ ငါ ေယာက်ာ္းေလးကိုႀကိဳက္တာေပါ့…”
သူ႔အေျဖက ပြင့္ပြင့္လင္းလင္းပါပဲ။ ယြန္းခ်ီ ေခါင္းေလးငံု႔ေနရာကေန ဆတ္ခနဲေထာင္လာတယ္။ ခန္႔ေဝေသာ္က ဘာျဖစ္တယ္?
“မင္း ေျပာလုိက္တာက?”
ယြန္းခ်ီရဲ႕ ေၾကာင္တက္တက္စကားေၾကာင့္ တစ္အုပ္စုလံုးရဲ႕အၾကည့္က ယြန္းခ်ီဆီေရာက္သြားတယ္။ အမ္ သူတုိ႔လက္ေတာင္တြဲေနၿပီးမွ ခန္႔ေဝေသာ္က သူ႔ကိုသေဘာက်တယ္ဆိုတာကို ဘာလို႔ ဒီအုန္းမုတ္ခြက္ေလးက ေရွာ့ခ္အႀကီးႀကီး ရေနသလိုမ်ိဳးျဖစ္ေနရတာလဲ။
“မင္းတို႔တြဲေနတာမဟုတ္ဘူးလား…”
“ငါ မင္းကိုခ်စ္တယ္ေလ…”
အျမႊာစကားကို ျဖတ္ၿပီးေတာ့ ခန္႔ေဝေသာ္ေျပာတယ္။ ရုတ္တရက္ေကာင္ကေလးတစ္သုိက္မွာ ေခြးစာေတြနဲ႔အပက္ခံလုိက္ရသလုိပဲ။ ဟယ္လုိ တစ္တီတူးခ်စ္ရည္လူးစကားေတြေျပာရမဲ့ေနရာမဟုတ္ဘူးေနာ္! ဒါက ေရွာပင္းေမာ လမ္းႀကီး! လမ္းမႀကီး!
“အာ… ငါ… ငါက…”
“ဘာလဲ…”
“ငါက မင္းင့ါကုိ မခ်စ္ဘူးထင္ေနတာ…”
“ဘာလို႔လဲ?”
ခန္႔ေဝေသာ္ နားမလည္စြာေမးတယ္။ ဘာလုိ႔ယြန္းခ်ီက အဲ့လိုထင္ေနရတာလဲ။ ယြန္းခ်ီေၾကာင့္ပဲ သူ ရန္ပြဲေတြ နည္းလာတာေလ။ ယြန္းခ်ီေၾကာင့္ပဲ သူ အတန္းမွန္လာတာေလ။
“မင္း တိတ္တိတ္ေနေပးမယ္ဆိုတာေလ…”
“အာ…”
ခန္႔ေဝေသာ္ သူ႔ေခါင္းသူကုတ္တယ္။ ေနာက္ေတာ့ မ်က္ႏွာနီနီနဲ႔…
“ငါ လူတစ္ေယာက္ကို တစ္ခါေလးေတာင္ ဖြင့္မေျပာဖူးခဲ့ဘူး…”
လူေတြအနားမွာရွိေနတယ္ဆုိတာကု ခန္႔ေဝေသာ္ေမ့ေနပံုပါပဲ။ ရန္ပြဲတုိင္း လက္ရဲလြန္းတဲ့ ခန္႔ေဝေသာ္ရဲ႕ အခုလိုပံုစံက သူရဲ႕သူငယ္ခ်င္းတစ္အုပ္စုလံုးကို ဆြံ႔အေစတယ္။
“ဒါေၾကာင့္ ငါ ဘယ္လိုေျပာရမလဲဆိုတာကို မသိဘူး… ဒါေပမဲ့ ငါ မင္းကိုခ်စ္တာပါ… မင္းက ငါ့ရဲ႕အခ်စ္ဦးပါပဲ…”
မ်က္ႏွာနီေနတဲ့ေကာင္ေလးႏွစ္ေယာက္နဲ႔ မ်က္ႏွာကိုဘယ္လိုထားရင္ေကာင္းမလဲမသိတဲ့ရူးႏွမ္းႏွမ္းမ်က္ႏွာထားနဲ႔ ေကာင္ေလး ေလးေယာက္ရွိခဲ့တယ္။ ဘာမ်ားလဲဆုိၿပီး စပ္စုခ်င္တဲ့လူတခ်ိဳ႕ကလည္း ရပ္ၾကည့္ၾကေလရဲ႕။
“ငါ… ငါတုိ႔ဒီကသြားရေအာင္…”
ယြန္းခ်ီက ခန္႔ေဝေသာ္လက္ကိုဆြဲၿပီးေတာ့ အခုေနရာကေနထြက္လာတယ္။ ရွက္စရာေကာင္းလုိက္တာ။ ဒီနားမွာ လူေတြကလည္းၾကည့္ေနၿပီ။
“ဘာျဖစ္လုိ႔လဲ…”
ေျခတုိတိုေလးေတြနဲ႔ လမ္းျမန္ျမန္ေလွ်ာက္ေနတဲ့ ယြန္းခ်ီကို ခန္႔ေဝေသာ္ နားမလည္စြာေမးတယ္။
“လူေတြအမ်ားႀကီးပဲ…”
ယြန္းခ်ီတိုးတိုးေလးေျပာတယ္။
“ငါ မင္းကိုခ်စ္တာကို လူၾကားထဲမွာ ဘယ္လိုလုပ္ၿပီးေတာ့ ေျပာရမွာလဲ?!”
မတိုးမက်ယ္နဲ႔ ခန္႔ေဝေသာ္ကို သူ ေငါက္တယ္။ သူတုိ႔ရဲ႕ေျခလွမ္းေတြရပ္သြားခဲ့တယ္။ ယြန္းခ်ီရဲ႕လည္ကုတ္ေတြက နမ္းပစ္ခ်င္ေလာက္ေအာင္ နီရဲေနခဲ့တယ္။
“ငါတုိ႔ သရဲကားၾကည့္လုိ႔ရမလား…”
ခန္႔ေဝေသာ္ တိုးတိုးေလးေမးတယ္။
“ငါ မင္းကို ဖက္ထားခ်င္လုိ႔ မေၾကာက္တတ္ရင္ေတာင္ ေၾကာက္ဟန္ေဆာင္ၿပီး ငါ့ရင္ထဲ ဝင္တိုးေပးပါလား…”
သူျဖစ္ခ်င္တာကို တိုးတိုးေလးေတာင္းဆိုျပန္တယ္။
“အင္း သြားရေအာင္…”
ယြန္းခ်ီရဲ႕လက္ေတြကပိုၿပီး တင္းၾကပ္သြားတယ္။ ခန္႔ေဝေသာ္ကပဲ ယြန္းခ်ီကို အသဲယားတာေတာ့မဟုတ္ပါဘူး။ ယြန္းခ်ီကလည္း ခန္႔ေဝေသာ္ကို အသဲယားပါတယ္။ ျဖစ္ႏိုင္ရင္ သူ ခန္႔ေဝေသာ္ကို အတင္းဖက္ထားခ်င္ေတာ့တယ။္ တကယ္ပါပဲ။ ဒီလူသားေလးက သူ႔ကို ရင္ခုန္ေအာင္ တအားလုပ္တာပဲ။
ဒီလုိနဲ႔ေကာင္ေလးႏွစ္ေယာက္ဟာ ေပ်ာ္စရာဇာတ္သိမ္းရွိတဲ့ ဇာတ္လမ္းေလးေတြအတုိင္းပဲ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေၾကာင္းကို ဖြင့္ဟျဖစ္ခဲ့ၾကပါတယ္။ ေၾသာ္ သူတု႔ိၾကည့္တဲ့ ရုပ္ရွင္ကားကိုေတာ့ သူတုိ႔က ဇာတ္လမ္းၿပီးသြားတာေတာင္မွ ဇာတ္လမ္းၿပီးသြားလားဆုိၿပီး ျဖစ္ခဲ့ၾကပါတယ္တဲ့။
The End
20/12/19
3:00 PM
---------