book

Index 1

(1)

  • Author : AnnaLynn
  • Genres : Romance, Comedy

Zawgyi


အပိုင္း - ၁ : ေကာင္ေလးေတြၾကားေရပန္းစားတဲ့ ေကာင္မေလး။ 


ဘယ္လုိကေနစလဲေတာ့ မသိေပမဲ့ ေက်ာင္းသားေတြၾကားထဲမွာ ယြန္းဆိုတဲ့ ေကာင္မေလးတစ္ေယာက္အေၾကာင္းက နာမည္ႀကီးေနခဲ့တယ္။ 


"ေဟ့ ပံုအသစ္တင္တယ္!"


"အာ... ငါ့ရဲ႕နတ္ဘုရားမေလးက တကယ္ကို ခ်စ္စရာေကာင္းေနတာပဲ..."


ဓာတ္ပံုထဲက ေကာင္မေလးတစ္ေယာက္ကေတာ့ လွလွပပျပံဳးေနလုိ႔ေပါ့။ ေကာင္မေလးက ခံုေလးတစ္လံုးေပၚမွာ ထုိင္ေနၿပီး ေခါင္းမွာပန္းလွလွေလးတစ္ပြင့္ပန္ထားတယ္။ ဆံပင္ညိဳညိဳေကာင္ေကာက္ေလးေတြက ေလမွာလြင့္ေနခဲ့ၿပီးေတာ့ သူမရဲ႕ ေျခေထာက္နားမွာ ေခြးေလးတစ္ေကာင္က ခုန္ေနခဲ့တယ္။ 


ေနာက္တစ္ပံုကို ထပ္ေရႊ႕လိုက္မယ္ဆုိရင္ေတာ့ ေခြးေလးက ေကာင္မေလးလက္ထဲကို ေရာက္လာၿပီးေတာ့ ေကာင္မေလးက မ်က္လံုးေလးေတြကို လျခမ္းေလးေတြလုိေကြးေကြးေလးျဖစ္ေလာက္တဲ့အထိ ရယ္ေနတာကို ေတြ႔ရလိမ့္မယ္။ 


"ေဟ့ေကာင္ေတြ ငါ့ဖုန္းကို ျပန္ေပးစမ္း!"


အတန္းထဲကေကာင္ေလးေတြ ေအာ္ဟစ္ေနၾကတာကို ေကာင္မေလးတခ်ိဳ႕ကေတာ့ မၾကည္သလုိၾကည့္ၾကတယ္။ ဘာလို႔ဒီေကာင္မေလးနဲ႔ပတ္သက္လာရင္ အေကာင္စုတ္ေတြက သဲသဲလႈပ္မွန္းသူတုိ႔မသိပါဘူး။ ဒါေပမဲ့လည္း ဒီေကာင္စုတ္ေတြ လုပ္ခ်င္တာလုပ္ေနတာကို သူတုိ႔လည္း ေျပာမေနခ်င္ေတာ့ဘူး။ ဘာလုိ႔ဆုိ Photo Model ေတြဆိုတာလည္း မိႈလိုေပါက္တဲ့ ေခတ္ႀကီးပဲဟာ။ တစ္ခ်ိန္က်ရင္ ေပ်ာက္သြားမွာေပါ့။ 


"အ!"


ေကာင္ေလးအခ်ိဳ႕ျငင္းခုန္ေနရင္းကေန ဝင္လာသူကို တုိက္မိလာတာေၾကာင့္ အေနာက္ကိုပ်ာပ်ာသလဲ လွည့္ၾကည့္ေတာ့ တစ္ေခါင္းလံုး နီရဲေနၿပီးနားမွာလည္း နားေပါက္ေပါင္းမ်ားစြာနဲ႔ ေကာင္ေလးတစ္ေယာက္။ ရုတ္တရက္ ေကာင္ေလးေတြအကုန္လံုး တိတ္သြားေတာ့တယ္။ တုိက္မိလိုက္တဲ့ေကာင္ေလးကေတာ့ ေခြ်းသီးေခြ်းေပါက္ေတြေတာင္ က်ခ်င္လာတယ္။ ဘာလုိ႔ တစ္ေက်ာင္းလံုးရဲ႕ ေအာ့ေၾကာလန္၊ အျခားေက်ာင္းေတြကလည္း ေၾကာက္ရတဲ့ လူဆိုးေကာင္ကို သူ ဝင္တုိက္လုိက္ရတာလဲ။ သူက အေတာ္ကံဆုိးတာပဲ။ 


"ခန္႔... ေဆာ... ေဆာရီး..."


မီးလုိရဲရဲေတာက္ေနတဲ့ ဆံပင္ေထာင္ေတြနဲ႔ ေကာင္ေလးရဲ႕ မ်က္လံုးေတြက သူ႔ကို ဝင္တုိက္တဲ့ ေကာင္ေလးရဲ႕ လက္ထဲက်စ္က်စ္ပါေအာင္ ဆုတ္ထားတဲ့ ဖုန္းကိုေရာက္သြားခဲ့တယ္။ က်စ္က်စ္ပါေအာင္ဆုတ္ထားတာေၾကာင့္ ဖုန္းကလင္းလာၿပီး lock screen wallpaper မွာ ေကာင္မေလးတစ္ေယာက္ပံုေလးပံုလာေတာ့တယ္။ ေကာင္မေလးတစ္ေယာက္ လက္ေလးႏွစ္ေခ်ာင္းေထာင္ၿပီး shoulder off အက်ီ ၤ၊ ေပါင္လည္ေလာက္ရွိတဲ့ ေဘာင္းဘီေလးနဲ႔ မ်က္လံုးတစ္ဖက္မိွတ္၊ မ်က္လံုးမိွတ္တဲ့ဘက္က လက္ကို လက္ႏွစ္ေခ်ာင္းေထာင္ထားတဲ့ ပံုေလးေပါ့။ 


ရဲရဲေတာက္ေနတဲ့ ဆံပင္ေထာင္ေတြနဲ႔ေကာင္ေလးရဲ႕ မ်က္လံုးက မဆိုစေလာက္ေလး ေပ်ာ့သြားတာကိုေတာ့ ဘယ္သူမွ မသိလုိက္ပါဘူး။ တဒဂၤေလး မ်က္လံုးေတြက ခ်စ္ရိပ္ေတြနဲ႔ ႏူးည့ံသြားၿပီး ခ်က္ခ်င္းကို မ်က္ခံုးေတြ တြန္႔ခ်ိဳးသြားေတာ့တယ္။ ရပ္ၾကည့္ေနတဲ့ အတန္းထဲက ေကာင္ေလးေတြကေတာ့ ရဲရဲေတာင္အသက္မရွဴရေတာ့ဘူး။ ေကာင္မေလးေတြကေတာ့ ေကာင္ေလးေတြရဲ႕ ကံဆိုးမႈကို ႀကိတ္ရယ္ေနခဲ့ၾကတယ္။ ေကာင္းတယ္ ဘယ္သူက Photo Model တစ္ေယာက္ေၾကာင့္ သူတုိ႔ကိုယ္သူတုိ႔ ေမ်ာက္ငပိကိုင္ထားသလို ျဖစ္ေနခုိင္းလုိ႔လဲ။ 


"ေတာင္း... ေတာင္းပန္ပါတယ္..."


ေတာင္းပန္တာကို တစ္ခြန္းမွမေျပာဘဲ သူ ေဆာင့္ေအာင့္ဝင္ခ်လာလုိက္တယ္။ ခန္႔ေဝေသာ္ရဲ႕ စိတ္ထဲမွာေတာ့ မေက်မလည္ျဖစ္ေနေသးဆဲ။ တစ္တန္းလံုးကလည္း ခန္႔ေဝေသာ္ရဲ႕အရိပ္ကိုျမင္တာနဲ႔ တိတ္ဆိတ္သြားၾကတယ္။ မိန္းကေလးေတြကေတာ့ သူတုိ႔ရဲ႕လုပ္ေနၾကအလုပ္ေတြကို ဆက္လုပ္ေနၾကတာေပါ့။ 


ေျပာစရာရွိလာတာက ခန္႔ေဝေသာ္က ေက်ာင္းရဲ႕ လူဆိုးေလးတစ္ေယာက္ျဖစ္တယ္။ သူ႔မွာ မီးေတာက္ေတြလုိ ဆံပင္နီနီေတြရိွတယ္။ မ်က္လံုးေတြစူးစူးေတြရွိတယ္။ ေနာက္ၿပီး သူက ေကာင္ေခ်ာေလးတစ္ေယာက္ေပါ့။ အမ်ားႀကိဳက္ေလာက္တဲ့ ေကာင္ေလးေတာ့မဟုတ္ေပမဲ့ ခပ္ဆိုးဆုိးေကာင္ေလးေတြကို သေဘာက်တဲ့ေကာင္မေလးေတြဆုိရင္ေတာ့ ခန္႔ေဝေသာ္ကို အမွတ္ျပည့္ေပးလိမ့္မယ္။ ဒါကေတာ့ ေသခ်ာေပါက္ၿပီး။ ထပ္ၿပီး... ေျပာရမွာကေတာ့ ခန္႔ေဝေသာ္က ရံုးခန္းကို ဘယ္ႏွစ္ခါပဲဝင္ရဝင္ရ သူ႔ဆံပင္အေရာင္ကို ေျပာင္းဖို႔ဘယ္သူမွ ေျပာလုိ႔မရဘူး။ ေက်ာင္းအုပ္ႀကီးကိုယ္တိုင္ကေပါ့။ ေၾသာ္... ေျပာရဦးမယ္... ေက်ာင္းအုပ္ႀကီးက သူ႔ဦးေလးေလ။ ဒီတူေလးတစ္ေယာက္ကို ေက်ာင္းအုပ္ကလည္း ႏိုင္ပံုမရပါဘူး။


ခန္႔ေဝေသာ္ရဲ႕မိဘေတြက အေဝးမွာေနၾကၿပီး သူတုိ႔နဲ႔ေဝးေနတဲ့သားေလးကို လုိေလးေသးမရွိထားတယ္။ ဦးေလးေက်ာင္းအုပ္ရဲ႕မိန္းမကလည္း ကေလးမရႏိုင္တာေၾကာင့္ ခန္႔ေဝေသာ္ကို တုန္ေနေအာင္ခ်စ္တယ္။ ဦးေလးက ဆူမယ္ဆုိရင္လည္း ခန္႔ေဝေသာ္ေရွ႕က ကာဆီးကာဆီးနဲ႔။ ဒီေတာ့ ခန္႔ေဝေသာ္ကို ေျပာႏိုင္တာက တေလာကလံုးမွာ ဘုရားပဲ ရွိလိမ့္မယ္လုိ႔ေတာင္ ေျပာလုိ႔ရတယ္။ ဒါေတာင္ ေသခ်ာလွတယ္လည္း မဟုတ္ပါဘူး။


ေနာက္ၿပီး ခန္႔ေဝေသာ္က လူပ်ိဳေဖာ္ဝင္ေနၿပီမို႔ သူ႔ရဲ႕ ကလန္ကဆန္လုပ္ခ်င္တဲ့စရိုက္ရယ္၊ ထစ္ခနဲရွိေသြးဆူလြယ္တာက အက်င့္ႀကီးလိုပါပဲ။ ဒါေၾကာင့္ ရန္ပြဲေဟ့လုိ႔ ေျပာလုိက္ရင္ ခန္႔ေဝေသာ္နဲ႔ ဘယ္သူနဲ႔လဲလုိ႔ပဲ ေျပာလုိက္လို႔ရတယ္။ 


ခန္႔ေဝေသာ္ရဲ႕ ရန္ျဖစ္တာေတြက အေၾကာင္းမဲ့ေတာ့မဟုတ္ျပန္ဘူး။ သူ လူဆိုးေလးျဖစ္တဲ့ အေၾကာင္းရင္းေတြကလည္း ခပ္မ်ားမ်ားေတာ့ ခပ္မ်ားမ်ားရယ္။


ဥပမာ သူ လမ္းေလွ်ာက္လာမယ္။ ကေလးေတြက ေၾကာင္ေလးတစ္ေကာင္၊ ေခြးေလးတစ္ေကာင္ကို အႏိုင္က်င့္ၿပီး ေဆာ့ေနၾကမယ္။ အဲ့ဒါမ်ိဳးဆုိ သူက ျဖဲေျခာက္ၿပီး ေၾကာင္ေလး၊ေခြးေလးေတြကို ကာကြယ္မယ္။ 


ေဟာ... မိန္းကေလးေတြကို ေႏွာင့္ယွက္တဲ့ သူတခ်ိဳ႕နဲ႔ၾကံဳလည္း ခန္႔ေဝေသာ္က ဝင္ကူညီတတ္ေသးတယ္။ အဲ ကံမေကာင္းတာက သူ႔ရဲ႕ နီနီေထာင္ေထာင္ ဆံပင္ေတြရယ္၊ နားမွာ သံုးေလးကြင္းေလာက္ရွိေနတဲ့ နားကြင္းေတြရယ္ေၾကာင့္ ေခြးေလးေၾကာင္ေလးေတြကလြဲရင္ သူ ကယ္တဲ့လူေတြကေတာ့ သူ႔ကို ေက်းဇူးတင္ေလ့မရွိၾကဘူး။ 


အဲ့လုိအေၾကာင္းအရာကေန ပလိန္းႀကီး သူ ၾကည့္မရတာေၾကာင့္ဆုိၿပီး ခန္႔ေဝေသာ္က ထိုးႀကိတ္ခ်င္ထိုးႀကိတ္ေသးတာ။ တစ္ခါဆုိ သူ မႀကိဳက္တဲ့အေရာင္ဝတ္လာလုိ႔ဆုိၿပီး ခန္႔ေဝေသာ္က ေကာင္ေလးတစ္ေယာက္ကို ထိုးဖူးေသးတယ္။ ဒီလုိေတြေၾကာင့္ ခန္႔ေဝေသာ္က လူဆိုးေလးဆုိတဲ့ သတင္းက ပိုပိုေမႊးလာတယ္။


ကူညီတာေတြနဲ႔ပတ္သက္ၿပီးေတာ့ ခန္႔ေဝေသာ္ကို ၾကည့္ရတာလည္း ဘယ္လိုမွ ေနပံုမေပၚပါဘူး။ သူ ကူညီခ်င္လုိ႔ ကူညီလုိက္တာပဲဟာ။ ေက်းဇူးတင္တယ္ မတင္ဘူးဆိုတာကို သူ ေတြးလည္း မေနပါဘူး။ မ်က္စိေရွ႕ေတြ႔လုိ႔ ကူညီလုိက္တာ။ သူက ဘုရားမဟုတ္တာေၾကာင့္ မ်က္စိေရွ႕မေတြ႕တာေတြကို ေတြးပူၿပီး စိတ္လည္းဆင္းရဲမေနပါဘူး။ ဒီေတာ့ ခန္႔ေဝေသာ္ရဲ႕ကူညီတယ္ဆိုတဲ့ ကိစၥက သူ႔ေရွ႕မွာ ျဖစ္ေနတာေၾကာင့္လုိ႔ပဲ ေျပာလုိ႔ရတယ္။ လမ္းၾကံဳသူရဲေကာင္းေလးလုိ႔ သူ႔ကို ကြ်န္ေတာ္တုိ႔ ေခၚၾကမလား? 


ဒီလိုနဲ႔ ခန္႔ေဝေသာ္တစ္ေယာက္က ခန္႔မွန္းလုိ႔မရတဲ့ အေၾကာင္းရင္းေတြအကုန္စုၿပီး လူဆိုးဗိုလ္ေလးျဖစ္လာေတာ့တာေပါ့။ ရန္ျဖစ္ေတာ္တယ္၊ ေက်ာင္းအုပ္ဦးေလးရဲ႕အရိွန္ရွိတယ္၊ ခက္ထန္တဲ့မ်က္ႏွာေပးရွိတယ္။ ေနာက္ၿပီး သူ႔ကို လူေတြထင္ခ်င္သလုိထင္ လူတုိင္းရဲ႕ အထင္ေတြကို လုိက္ေျဖရွင္းဖို႔ မႀကိဳးစားဘူး။ ဒီေတာ့ သူ လူဆိုးဗိုလ္တစ္ေယာက္ျဖစ္မွန္းမသိကုိျဖစ္လာေတာ့တယ္။


ရြယ္တူေက်ာင္းသားေလးေတြ အျမင္မွာေတာ့ ခန္႔ေဝေသာ္က အရမ္းမိုက္တဲ့ေကာင္ကေလး၊ ထိကိုမထိရဲတဲ့ ေကာင္ကေလးျဖစ္ၿပီး၊ သူ႔ထက္အတန္းႀကီးေက်ာင္းသားေတြ အျမင္မွာေတာ့ ခန္႔ေဝေသာ္က ေနာက္ခံအားကိုးနဲ႔ မိုက္ေနတဲ့ မိုက္တိမိုက္ကန္းတဇြတ္ထိုးေကာင္ေလး၊ အတန္းငယ္တဲ့ေက်ာင္းသားေတြအတြက္ေတာ့ အရမ္းမုိက္ၿပီး ဆုိးဖို႔ဆုိရင္ Ideal ထားရမဲ့ ပံုစံမ်ိဳးေပါ့။ 


ခန္႔ေဝေသာ္ကေတာ့ သူ႔ကိုဘယ္သူက ဘယ္လုိပဲ ထင္ေနထင္ေန အဖက္မလုပ္ပါဘူး။ အရင္ကဆိုရင္ နည္းနည္းေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္ရေပမဲ့ အခုေနာက္ပိုင္းေတာ့ သူ စိတ္အေႏွာင့္အယွက္ မျဖစ္ေတာ့ဘူး။ 


ဘာလုိ႔လဲဆုိေတာ့... ခန္႔ေဝေသာ္မွာ တိတ္တခိုးခ်စ္ရတဲ့ ေကာင္မေလးတစ္ေယာက္ရွိတယ္။ သူ အဲ့ဒီေကာင္မေလး အေၾကာင္းကိုပဲ အခ်ိန္ျပည့္ေတြးေနတတ္တယ္။ ဒီေတာ့ တျခားသူေတြရဲ႕ထင္ေၾကးျမင္ေၾကး ဘာညာသာရကာေတြကို သူ႔မွာ အာရံုစိုက္ဖို႔အခ်ိန္မရွိဘူး။ သူ သေဘာက်ေနတဲ့ နတ္ဘုရားမေလးကို အျပင္မွာ သူ ဘယ္လုိေတြ႔ရေအာင္ လုပ္ရမလဲေလာက္ပဲ သူ႔မွာ အာရံုရွိတယ္။ သူက ငယ္ရြယ္တဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္ေလ။ တစ္ခါမွ မခ်စ္ဖူးတာမုိ႔ ခ်စ္ၿပီဆုိလည္း သူ အားသြန္ခြန္စိုက္ကိုပဲ ခ်စ္ေတာ့တာေပါ့။ သူ႔ရဲ႕အရာရာကုိပံုေအာၿပီးေတာ့။ သူ စိတ္ကူးထားတာ ဒီေကာင္မေလးက သူ႔ရဲ႕ ပထမဆံုး ဆုိတဲ့အရာအားလံုးကို ပိုင္ဆုိင္ရမယ္။


သူ႔ရဲ႕ပထမဆံုးလက္ကိုင္မႈ၊ ပထမဆံုးပခုံးဖက္မႈ၊ ပထမဆံုးခါးဖက္မႈ၊ ပထမဆံုးအနမ္း... 


ပထမဆံုးေတြတင္မဟုတ္ပါဘူး သူ ေကာင္မေလးကို ဒုတိယ၊ တတိယနဲ႔ ေနာင္အႀကိမ္ေတြအကုန္လံုးကိုလည္း ေပးဦးမွာပါ။ သူ ဒီေလာက္ထိ ဒီေကာင္မေလးကို သေဘာက်တယ္။


အဲ့ဒီမိန္းကေလးကေတာ့ အေစာပိုင္းသူ႔ကို ဝင္တုိက္တဲ့ ေက်ာင္းသားရဲ႕ ဖုန္းမွာေနရာယူထားတဲ့ ေကာင္မေလးပါပဲ။ ယြန္းဆုိတဲ့ ID Name နဲ႔ ဒီမိန္းကေလးဟာ သူတုိ႔ေကာင္ေလးေတြၾကားမွာ ေရပန္းစားတဲ့ Photo Model တစ္ေယာက္ေပါ့။ 


သူမမွာ နတ္သမီးေလးလုိ ျဖဴစင္တဲ့မ်က္ႏွာေလးရွိတယ္။ သူမရဲ႕ မ်က္လံုးၾကည္ၾကည္ေတာက္ေတာက္ေလးေတြက သူတုိ႔ရဲ႕ ႏွလံုးသားကို ၾကည္လင္ေစႏိုင္တယ္။ သူမရဲ႕ ႏႈတ္ခမ္းေလးေကြးညႊတ္သြားရင္ သူတုိ႔ ဒူးေထာက္က်မတတ္ပဲ။ သူမရဲ႕ သြားညီညီေလးေတြ ေပၚေအာင္ရယ္ဖို႔အတြက္ဆုိရင္ သူတုိ႔ တတိယကမၻာစစ္ကို စေပးရဲတယ္။ သူမသာ ဒူးေထာက္ပါဆုိရင္ သူတုိ႔ ဝန္ေလးမွာ မဟုတ္ဘူး။ အဲ့ဒီေလာက္ေတာင္ပဲ ယြန္း ကို သူတုိ႔သေဘာက်ၾကတယ္။ 


"မင္းတုိ႔တြဲခ်င္တဲ့ မိန္းကေလးပံုစံမ်ိဳးက ဘယ္လိုမ်ိဳးလဲ" ဆုိတဲ့ေမးခြန္းမ်ိဳး ေမးလုိက္ရင္ သူတုိ႔အတန္းရဲ႕ ေယာက်ာ္းေလး ဆယ္ေယာက္မွာ ကိုးေယာက္ရဲ႕အေျဖက "ယြန္း" လုိ႔ေျဖလိမ့္မယ္။ က်န္တဲ့တစ္ေယာက္ကေတာ့ သူက ယြန္း ျဖစ္ခ်င္တာလုိ႔ ေျပာမဲ့သူေပါ့။ 


"အားလံုးထ... ဆရာမကို ႏႈတ္ဆက္..."


ေက်ာင္းတက္ေခါင္းေလာင္းထိုးသံနဲ႔အတူ အခန္းတံခါးပြင့္လာၿပီး ဆရာနဲ႔အတူတူ စာအုပ္ေတြအတူသယ္လာတဲ့ ေကာင္ေလးတစ္ေယာက္ကို ခန္႔ေဝေသာ္ ေနာက္ဆံုးတန္းကေနျမင္လုိက္ရတယ္။


"ေဟ့ေကာင္ အုန္းမႈတ္ခြက္ေကနဲ႔ဟိုက္ပါေလးလာၿပီ..."


မ်က္မွန္ဝိုင္း အုန္းမႈတ္ခြက္ေက၊ အကြက္ေတြပါတဲ့ ရွပ္အပြကို ဖရိုဖရဲဝတ္ထားတ့ဲ ေကာင္ေလးက အတန္းရဲ႕ ခံုနံပတ္တစ္လည္း ျဖစ္တယ္။ သူတုိ႔လို ေကာင္ဆိုးေလးေတြသေဘာမက်တဲ့ ပံုမ်ိဳးေပါ့။ ဘယ္ေကာင္ကစၿပီး စည္းကမ္းသတ္မွတ္လိုက္လဲေတာ့မသိဘူး။ သူတုိ႔ကို ဟိုက္ပါဂ်ပိုးေလးေတြက ၾကည့္မရသလုိ လူဆိုးေလးေတြကလည္း ဟိုက္ပါေလးေတြကို ၾကည့္မရတတ္ပါဘူး။ ဒါေပမဲ့ လူေျပာေတြေၾကာင့္ေရာ သူလုပ္ခ်င္တာလုပ္တာေၾကာင့္ပါ လူဆိုးေလးျဖစ္ေနတဲ့ ခန္႔ေဝေသာ္ကေတာ့ ဟိုက္ပါေကာင္ေလးကို ေပ်ာ့တိေပ်ာ့ဖတ္ေလးဆိုၿပီး သိပ္ၾကည့္မရပါဘူး။ 


ဟိုက္ပါေကာင္ေလးနာမည္က ယြန္းခ်ီတ့ဲ။ ဟုတ္သား ဟိုက္ပါေကာင္ေလးမွာ သူ႔နတ္ဘုရားမေလးရဲ႕ နာမည္တစ္လံုး ပါတယ္။ ေယာက်ာ္းေလးနာမည္ကလည္း ယြန္းခ်ီတဲ့ အံ့ၾသပ။ ဟိုက္ပါေကာင္ေလးနဲ႔ သူ ေတ့ေတ့ဆုိင္ဆုိင္ေတြ႔ဖူးတာေတာ့ ဟိုက္ပါေကာင္ေလးက အတန္းတစ္ခုလံုးအတြက္ Practical စာအုပ္ေတြသြားသယ္ေပးတာပါပဲ။ ဗလာစာအုပ္ေလး နည္းနည္းေလးကိုေတာင္ ဒီေကာင္ေလးက မႏိုင္မနင္းနဲ႔။ သူ ဝင္ကူျဖစ္လုိက္တယ္။ ခပ္ေပ်ာ့ေပ်ာ့ေကာင္ေလးက ေခါင္းကိုပဲ တြင္တြင္ငံု႔ေနေတာ့တယ္။ ဒါေၾကာင့္ သူ ဒီေကာင္ေလးရဲ႕ ရုပ္ကိုေတာင္ ေသခ်ာမျမင္လုိက္ရပါဘူး။ 


ဘယ္သူ သူ႔ကိုၾကည့္မွာမုိ႔ သူက အဲ့ေလာက္ေတာင္ အျဖစ္သည္းေနရတာလဲ။ ခန္႔ေဝေသာ္ေတြးၿပီး ႏႈတ္ခမ္းကို မဲ့မိေသးတယ္။ ေယာက်ာ္းေလးတစ္ေယာက္က အဲ့ေလာက္ႀကီး ရွက္ျပေနစရာမလုိပါဘူး။ အပိုေတြ။ တကယ္တမ္း ရွက္လုိ႔လွမွာက သူ႔နတ္ဘုရားမေလးပဲရွိတယ္။ ဟုတ္တယ္... ယြန္းေလးမွ မဟုတ္ရင္ တျခားသူ ဘာလုပ္လုပ္က လွမေနဘူး။ ေလာကႀကီး လွတာဟာ ယြန္းေလးေၾကာင့္ပဲ။ 


ခန္႔ေဝေသာ္တစ္ေယာက္ သူ႔ နတ္ဘုရားမေလးအေၾကာင္းကို ေတြးမိၿပီး ျပံဳးၿဖီးၿဖီးျဖစ္သြားတယ္။ သူ ယြန္း ကိုသေဘာက်တာက အားလံုးသိေနတာမို႔ ေပၚေပၚတင္တင္ပဲ ဖုန္းထဲကေန ယြန္းပံုေတြကို ထုိင္ save ေနလုိက္တယ္။ ယြန္းရဲ႕ အသစ္တင္ထားတဲ့ပံုေတြက တအားကိုလွေနတာပါပဲ။ တကယ္ပဲ သူ ဒီညေတာ့ ေကာင္းေကာင္းအိပ္ေပ်ာ္ေတာ့မယ္။ ေသခ်ာေပါက္ပဲ! 


"ခန္႔... မင္းကို ဟိုက္ပါေလးလွမ္းၾကည့္ေနတယ္..."


ဆရာစာသင္တာကုိ အာရံုမစိုက္ဘဲ ခန္႔ေဝေသာ္ ဖုန္းၾကည့္ေနရာကေန သူ႔ကို လွမ္းတို႔ေျပာတဲ့ ေဘးကငနဲသားေၾကာင့္ သူ အေရွ႕ကိုၾကည့္ေတာ့ သူ႔ဘက္ကို လွည့္ေနတဲ့ စားပြဲခင္းကြက္ကို ဖက္ရွင္လုပ္ထားတဲ့ ဂ်ပိုးေလး။ ေဘးကငနဲသား ေသာ္ဇင္ကို ခန္႔ေဝေသာ္ ေစာင္းငန္းငန္းၾကည့္တယ္။ ဒီေကာင္က ဘယ္လုိမ်ားေျပာလုိက္တာလဲ။ ဟိုက္ပါေလးက သူ႔ကိုၾကည့္တယ္? မ်က္ခြက္ကို ဆံပင္ေတြအုပ္ေနတာေၾကာင့္ သူ႔ကိုၾကည့္ေနလား ၾကည္မေနလားကို ဘယ္လိုလုပ္ခြဲမွာလဲ?


"ေဟာ...ေဟာ... ျပန္လွည့္သြားၿပီ... ခန္႔ မင္းကို သူ ဘာေျပာစရာရွိေနလဲမွမသိတာ..."


"ဘယ္သိမွာလဲ ငါ ယြန္းေလးပံု ၾကည့္ေနတယ္... ငါ feel က်ဲသြားေအာင္ အာရံုမေနာက္စမ္းပါနဲ႔..."


ခန္႔ေဝေသာ္ ႀကိမ္းၿပီးေတာ့ သူ႔ ဖုန္းကိုပဲ သူ ဆက္ၾကည့္ေနတယ္။ ယြန္းေလးရဲ႕ပံုေလးေတြက သူ႔ရဲ႕ ခဏတာရႈပ္သြားတဲ့ စိတ္ကုိ ေကာင္းေကာင္းၾကည္လင္ေစတာပါပဲ။ သူ တကယ္ပဲ ယြန္းေလးကို သေဘာက်တယ္။ ယြန္းေလးက သူ႔အတြက္ေတာ့ နံနက္ခင္းအလင္းေရာင္ေလးလိုပဲ ၾကည္ၾကည္လင္လင္နဲ႔ သူ႔စိတ္ကုိ လန္းဆန္းေစတယ္။ ယြန္းေလးဟာ သူ႔အပိုင္ပဲ ျဖစ္ရင္ ဘယ္ေလာက္မ်ားေကာင္းလုိက္မလဲ။ ခန္႔ေဝေသာ္တစ္ေယာက္ သူ႔အေတြးနဲ႔သူ ေက်နပ္သြားေတာ့တယ္။ သိပ္မၾကာပါဘူး တျခားေကာင္ေတြလည္း သူ႔လိုပဲေတြးလိမ့္မယ္ဆုိတာကို ေတြးမိၿပီး သူ႔စိတ္ထဲ မေက်မခ်မ္းျဖစ္သြားရျပန္တယ္။ 


ေၾသာ္... သူ႔ဘဝကလည္း ဆုိးရွာတာပဲ။ ဟိုက သူရွိမွန္းေတာင္ မသိတာကို သူက အသည္းအသန္ crush ေနရရွာတယ္။ သူ႔အျဖစ္က မ်က္ကန္းအိပ္မက္မက္ေနသလုိပါပဲ။ ဒါေပမဲ့လည္း အိပ္မက္ဆိုတာ တစ္ခ်ိန္က်ရင္ တကယ္ျဖစ္ႏိုင္မွာပါ။ သူ႔ဘက္က သူမနဲ႔ပတ္သက္တဲ့ အိပ္မက္ေတြကို လက္မေလွ်ာ့ဖို႔ပဲလုိတာပါ။ ခန္႔ေဝေသာ္ စိတ္ထဲမွာ အခုလုိမ်ိဳးယံုၾကည္ထားခဲ့တယ္။ သူ တစ္ေန႔ ယြန္းကို အျပင္မွာ ျမင္ေတြ႔ခြင့္ရမယ္။ ေသခ်ာေပါက္ကို ျမင္ေတြ႔ႏုိင္မယ္ဆုိတာေပါ့။


----------


Unicode


အပိုင်း - ၁ : ကောင်လေးတွေကြားရေပန်းစားတဲ့ ကောင်မလေး။ 


ဘယ်လိုကနေစလဲတော့ မသိပေမဲ့ ကျောင်းသားတွေကြားထဲမှာ ယွန်းဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းက နာမည်ကြီးနေခဲ့တယ်။ 


"ဟေ့ ပုံအသစ်တင်တယ်!"


"အာ... ငါ့ရဲ့နတ်ဘုရားမလေးက တကယ်ကို ချစ်စရာကောင်းနေတာပဲ..."


ဓာတ်ပုံထဲက ကောင်မလေးတစ်ယောက်ကတော့ လှလှပပပြုံးနေလို့ပေါ့။ ကောင်မလေးက ခုံလေးတစ်လုံးပေါ်မှာ ထိုင်နေပြီး ခေါင်းမှာပန်းလှလှလေးတစ်ပွင့်ပန်ထားတယ်။ ဆံပင်ညိုညိုကောင်ကောက်လေးတွေက လေမှာလွင့်နေခဲ့ပြီးတော့ သူမရဲ့ ခြေထောက်နားမှာ ခွေးလေးတစ်ကောင်က ခုန်နေခဲ့တယ်။ 


နောက်တစ်ပုံကို ထပ်ရွှေ့လိုက်မယ်ဆိုရင်တော့ ခွေးလေးက ကောင်မလေးလက်ထဲကို ရောက်လာပြီးတော့ ကောင်မလေးက မျက်လုံးလေးတွေကို လခြမ်းလေးတွေလိုကွေးကွေးလေးဖြစ်လောက်တဲ့အထိ ရယ်နေတာကို တွေ့ရလိမ့်မယ်။ 


"ဟေ့ကောင်တွေ ငါ့ဖုန်းကို ပြန်ပေးစမ်း!"


အတန်းထဲကကောင်လေးတွေ အော်ဟစ်နေကြတာကို ကောင်မလေးတချို့ကတော့ မကြည်သလိုကြည့်ကြတယ်။ ဘာလို့ဒီကောင်မလေးနဲ့ပတ်သက်လာရင် အကောင်စုတ်တွေက သဲသဲလှုပ်မှန်းသူတို့မသိပါဘူး။ ဒါပေမဲ့လည်း ဒီကောင်စုတ်တွေ လုပ်ချင်တာလုပ်နေတာကို သူတို့လည်း ပြောမနေချင်တော့ဘူး။ ဘာလို့ဆို Photo Model တွေဆိုတာလည်း မှိုလိုပေါက်တဲ့ ခေတ်ကြီးပဲဟာ။ တစ်ချိန်ကျရင် ပျောက်သွားမှာပေါ့။ 


"အ!"


ကောင်လေးအချို့ငြင်းခုန်နေရင်းကနေ ဝင်လာသူကို တိုက်မိလာတာကြောင့် အနောက်ကိုပျာပျာသလဲ လှည့်ကြည့်တော့ တစ်ခေါင်းလုံး နီရဲနေပြီးနားမှာလည်း နားပေါက်ပေါင်းများစွာနဲ့ ကောင်လေးတစ်ယောက်။ ရုတ်တရက် ကောင်လေးတွေအကုန်လုံး တိတ်သွားတော့တယ်။ တိုက်မိလိုက်တဲ့ကောင်လေးကတော့ ချွေးသီးချွေးပေါက်တွေတောင် ကျချင်လာတယ်။ ဘာလို့ တစ်ကျောင်းလုံးရဲ့ အော့ကြောလန်၊ အခြားကျောင်းတွေကလည်း ကြောက်ရတဲ့ လူဆိုးကောင်ကို သူ ဝင်တိုက်လိုက်ရတာလဲ။ သူက အတော်ကံဆိုးတာပဲ။ 


"ခန့်... ဆော... ဆောရီး..."


မီးလိုရဲရဲတောက်နေတဲ့ ဆံပင်ထောင်တွေနဲ့ ကောင်လေးရဲ့ မျက်လုံးတွေက သူ့ကို ဝင်တိုက်တဲ့ ကောင်လေးရဲ့ လက်ထဲကျစ်ကျစ်ပါအောင် ဆုတ်ထားတဲ့ ဖုန်းကိုရောက်သွားခဲ့တယ်။ ကျစ်ကျစ်ပါအောင်ဆုတ်ထားတာကြောင့် ဖုန်းကလင်းလာပြီး lock screen wallpaper မှာ ကောင်မလေးတစ်ယောက်ပုံလေးပုံလာတော့တယ်။ ကောင်မလေးတစ်ယောက် လက်လေးနှစ်ချောင်းထောင်ပြီး shoulder off အကျီ ၤ၊ ပေါင်လည်လောက်ရှိတဲ့ ဘောင်းဘီလေးနဲ့ မျက်လုံးတစ်ဖက်မှိတ်၊ မျက်လုံးမှိတ်တဲ့ဘက်က လက်ကို လက်နှစ်ချောင်းထောင်ထားတဲ့ ပုံလေးပေါ့။ 


ရဲရဲတောက်နေတဲ့ ဆံပင်ထောင်တွေနဲ့ကောင်လေးရဲ့ မျက်လုံးက မဆိုစလောက်လေး ပျော့သွားတာကိုတော့ ဘယ်သူမှ မသိလိုက်ပါဘူး။ တဒင်္ဂလေး မျက်လုံးတွေက ချစ်ရိပ်တွေနဲ့ နူးညံ့သွားပြီး ချက်ချင်းကို မျက်ခုံးတွေ တွန့်ချိုးသွားတော့တယ်။ ရပ်ကြည့်နေတဲ့ အတန်းထဲက ကောင်လေးတွေကတော့ ရဲရဲတောင်အသက်မရှူရတော့ဘူး။ ကောင်မလေးတွေကတော့ ကောင်လေးတွေရဲ့ ကံဆိုးမှုကို ကြိတ်ရယ်နေခဲ့ကြတယ်။ ကောင်းတယ် ဘယ်သူက Photo Model တစ်ယောက်ကြောင့် သူတို့ကိုယ်သူတို့ မျောက်ငပိကိုင်ထားသလို ဖြစ်နေခိုင်းလို့လဲ။ 


"တောင်း... တောင်းပန်ပါတယ်..."


တောင်းပန်တာကို တစ်ခွန်းမှမပြောဘဲ သူ ဆောင့်အောင့်ဝင်ချလာလိုက်တယ်။ ခန့်ဝေသော်ရဲ့ စိတ်ထဲမှာတော့ မကျေမလည်ဖြစ်နေသေးဆဲ။ တစ်တန်းလုံးကလည်း ခန့်ဝေသော်ရဲ့အရိပ်ကိုမြင်တာနဲ့ တိတ်ဆိတ်သွားကြတယ်။ မိန်းကလေးတွေကတော့ သူတို့ရဲ့လုပ်နေကြအလုပ်တွေကို ဆက်လုပ်နေကြတာပေါ့။ 


ပြောစရာရှိလာတာက ခန့်ဝေသော်က ကျောင်းရဲ့ လူဆိုးလေးတစ်ယောက်ဖြစ်တယ်။ သူ့မှာ မီးတောက်တွေလို ဆံပင်နီနီတွေရှိတယ်။ မျက်လုံးတွေစူးစူးတွေရှိတယ်။ နောက်ပြီး သူက ကောင်ချောလေးတစ်ယောက်ပေါ့။ အများကြိုက်လောက်တဲ့ ကောင်လေးတော့မဟုတ်ပေမဲ့ ခပ်ဆိုးဆိုးကောင်လေးတွေကို သဘောကျတဲ့ကောင်မလေးတွေဆိုရင်တော့ ခန့်ဝေသော်ကို အမှတ်ပြည့်ပေးလိမ့်မယ်။ ဒါကတော့ သေချာပေါက်ပြီး။ ထပ်ပြီး... ပြောရမှာကတော့ ခန့်ဝေသော်က ရုံးခန်းကို ဘယ်နှစ်ခါပဲဝင်ရဝင်ရ သူ့ဆံပင်အရောင်ကို ပြောင်းဖို့ဘယ်သူမှ ပြောလို့မရဘူး။ ကျောင်းအုပ်ကြီးကိုယ်တိုင်ကပေါ့။ သြော်... ပြောရဦးမယ်... ကျောင်းအုပ်ကြီးက သူ့ဦးလေးလေ။ ဒီတူလေးတစ်ယောက်ကို ကျောင်းအုပ်ကလည်း နိုင်ပုံမရပါဘူး။


ခန့်ဝေသော်ရဲ့မိဘတွေက အဝေးမှာနေကြပြီး သူတို့နဲ့ဝေးနေတဲ့သားလေးကို လိုလေးသေးမရှိထားတယ်။ ဦးလေးကျောင်းအုပ်ရဲ့မိန်းမကလည်း ကလေးမရနိုင်တာကြောင့် ခန့်ဝေသော်ကို တုန်နေအောင်ချစ်တယ်။ ဦးလေးက ဆူမယ်ဆိုရင်လည်း ခန့်ဝေသော်ရှေ့က ကာဆီးကာဆီးနဲ့။ ဒီတော့ ခန့်ဝေသော်ကို ပြောနိုင်တာက တလောကလုံးမှာ ဘုရားပဲ ရှိလိမ့်မယ်လို့တောင် ပြောလို့ရတယ်။ ဒါတောင် သေချာလှတယ်လည်း မဟုတ်ပါဘူး။


နောက်ပြီး ခန့်ဝေသော်က လူပျိုဖော်ဝင်နေပြီမို့ သူ့ရဲ့ ကလန်ကဆန်လုပ်ချင်တဲ့စရိုက်ရယ်၊ ထစ်ခနဲရှိသွေးဆူလွယ်တာက အကျင့်ကြီးလိုပါပဲ။ ဒါကြောင့် ရန်ပွဲဟေ့လို့ ပြောလိုက်ရင် ခန့်ဝေသော်နဲ့ ဘယ်သူနဲ့လဲလို့ပဲ ပြောလိုက်လို့ရတယ်။ 


ခန့်ဝေသော်ရဲ့ ရန်ဖြစ်တာတွေက အကြောင်းမဲ့တော့မဟုတ်ပြန်ဘူး။ သူ လူဆိုးလေးဖြစ်တဲ့ အကြောင်းရင်းတွေကလည်း ခပ်များများတော့ ခပ်များများရယ်။


ဥပမာ သူ လမ်းလျှောက်လာမယ်။ ကလေးတွေက ကြောင်လေးတစ်ကောင်၊ ခွေးလေးတစ်ကောင်ကို အနိုင်ကျင့်ပြီး ဆော့နေကြမယ်။ အဲ့ဒါမျိုးဆို သူက ဖြဲခြောက်ပြီး ကြောင်လေး၊ခွေးလေးတွေကို ကာကွယ်မယ်။ 


ဟော... မိန်းကလေးတွေကို နှောင့်ယှက်တဲ့ သူတချို့နဲ့ကြုံလည်း ခန့်ဝေသော်က ဝင်ကူညီတတ်သေးတယ်။ အဲ ကံမကောင်းတာက သူ့ရဲ့ နီနီထောင်ထောင် ဆံပင်တွေရယ်၊ နားမှာ သုံးလေးကွင်းလောက်ရှိနေတဲ့ နားကွင်းတွေရယ်ကြောင့် ခွေးလေးကြောင်လေးတွေကလွဲရင် သူ ကယ်တဲ့လူတွေကတော့ သူ့ကို ကျေးဇူးတင်လေ့မရှိကြဘူး။ 


အဲ့လိုအကြောင်းအရာကနေ ပလိန်းကြီး သူ ကြည့်မရတာကြောင့်ဆိုပြီး ခန့်ဝေသော်က ထိုးကြိတ်ချင်ထိုးကြိတ်သေးတာ။ တစ်ခါဆို သူ မကြိုက်တဲ့အရောင်ဝတ်လာလို့ဆိုပြီး ခန့်ဝေသော်က ကောင်လေးတစ်ယောက်ကို ထိုးဖူးသေးတယ်။ ဒီလိုတွေကြောင့် ခန့်ဝေသော်က လူဆိုးလေးဆိုတဲ့ သတင်းက ပိုပိုမွှေးလာတယ်။


ကူညီတာတွေနဲ့ပတ်သက်ပြီးတော့ ခန့်ဝေသော်ကို ကြည့်ရတာလည်း ဘယ်လိုမှ နေပုံမပေါ်ပါဘူး။ သူ ကူညီချင်လို့ ကူညီလိုက်တာပဲဟာ။ ကျေးဇူးတင်တယ် မတင်ဘူးဆိုတာကို သူ တွေးလည်း မနေပါဘူး။ မျက်စိရှေ့တွေ့လို့ ကူညီလိုက်တာ။ သူက ဘုရားမဟုတ်တာကြောင့် မျက်စိရှေ့မတွေ့တာတွေကို တွေးပူပြီး စိတ်လည်းဆင်းရဲမနေပါဘူး။ ဒီတော့ ခန့်ဝေသော်ရဲ့ကူညီတယ်ဆိုတဲ့ ကိစ္စက သူ့ရှေ့မှာ ဖြစ်နေတာကြောင့်လို့ပဲ ပြောလို့ရတယ်။ လမ်းကြုံသူရဲကောင်းလေးလို့ သူ့ကို ကျွန်တော်တို့ ခေါ်ကြမလား? 


ဒီလိုနဲ့ ခန့်ဝေသော်တစ်ယောက်က ခန့်မှန်းလို့မရတဲ့ အကြောင်းရင်းတွေအကုန်စုပြီး လူဆိုးဗိုလ်လေးဖြစ်လာတော့တာပေါ့။ ရန်ဖြစ်တော်တယ်၊ ကျောင်းအုပ်ဦးလေးရဲ့အရှိန်ရှိတယ်၊ ခက်ထန်တဲ့မျက်နှာပေးရှိတယ်။ နောက်ပြီး သူ့ကို လူတွေထင်ချင်သလိုထင် လူတိုင်းရဲ့ အထင်တွေကို လိုက်ဖြေရှင်းဖို့ မကြိုးစားဘူး။ ဒီတော့ သူ လူဆိုးဗိုလ်တစ်ယောက်ဖြစ်မှန်းမသိကိုဖြစ်လာတော့တယ်။


ရွယ်တူကျောင်းသားလေးတွေ အမြင်မှာတော့ ခန့်ဝေသော်က အရမ်းမိုက်တဲ့ကောင်ကလေး၊ ထိကိုမထိရဲတဲ့ ကောင်ကလေးဖြစ်ပြီး၊ သူ့ထက်အတန်းကြီးကျောင်းသားတွေ အမြင်မှာတော့ ခန့်ဝေသော်က နောက်ခံအားကိုးနဲ့ မိုက်နေတဲ့ မိုက်တိမိုက်ကန်းတဇွတ်ထိုးကောင်လေး၊ အတန်းငယ်တဲ့ကျောင်းသားတွေအတွက်တော့ အရမ်းမိုက်ပြီး ဆိုးဖို့ဆိုရင် Ideal ထားရမဲ့ ပုံစံမျိုးပေါ့။ 


ခန့်ဝေသော်ကတော့ သူ့ကိုဘယ်သူက ဘယ်လိုပဲ ထင်နေထင်နေ အဖက်မလုပ်ပါဘူး။ အရင်ကဆိုရင် နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်ရပေမဲ့ အခုနောက်ပိုင်းတော့ သူ စိတ်အနှောင့်အယှက် မဖြစ်တော့ဘူး။ 


ဘာလို့လဲဆိုတော့... ခန့်ဝေသော်မှာ တိတ်တခိုးချစ်ရတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ အဲ့ဒီကောင်မလေး အကြောင်းကိုပဲ အချိန်ပြည့်တွေးနေတတ်တယ်။ ဒီတော့ တခြားသူတွေရဲ့ထင်ကြေးမြင်ကြေး ဘာညာသာရကာတွေကို သူ့မှာ အာရုံစိုက်ဖို့အချိန်မရှိဘူး။ သူ သဘောကျနေတဲ့ နတ်ဘုရားမလေးကို အပြင်မှာ သူ ဘယ်လိုတွေ့ရအောင် လုပ်ရမလဲလောက်ပဲ သူ့မှာ အာရုံရှိတယ်။ သူက ငယ်ရွယ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်လေ။ တစ်ခါမှ မချစ်ဖူးတာမို့ ချစ်ပြီဆိုလည်း သူ အားသွန်ခွန်စိုက်ကိုပဲ ချစ်တော့တာပေါ့။ သူ့ရဲ့အရာရာကိုပုံအောပြီးတော့။ သူ စိတ်ကူးထားတာ ဒီကောင်မလေးက သူ့ရဲ့ ပထမဆုံး ဆိုတဲ့အရာအားလုံးကို ပိုင်ဆိုင်ရမယ်။


သူ့ရဲ့ပထမဆုံးလက်ကိုင်မှု၊ ပထမဆုံးပခုံးဖက်မှု၊ ပထမဆုံးခါးဖက်မှု၊ ပထမဆုံးအနမ်း... 


ပထမဆုံးတွေတင်မဟုတ်ပါဘူး သူ ကောင်မလေးကို ဒုတိယ၊ တတိယနဲ့ နောင်အကြိမ်တွေအကုန်လုံးကိုလည်း ပေးဦးမှာပါ။ သူ ဒီလောက်ထိ ဒီကောင်မလေးကို သဘောကျတယ်။


အဲ့ဒီမိန်းကလေးကတော့ အစောပိုင်းသူ့ကို ဝင်တိုက်တဲ့ ကျောင်းသားရဲ့ ဖုန်းမှာနေရာယူထားတဲ့ ကောင်မလေးပါပဲ။ ယွန်းဆိုတဲ့ ID Name နဲ့ ဒီမိန်းကလေးဟာ သူတို့ကောင်လေးတွေကြားမှာ ရေပန်းစားတဲ့ Photo Model တစ်ယောက်ပေါ့။ 


သူမမှာ နတ်သမီးလေးလို ဖြူစင်တဲ့မျက်နှာလေးရှိတယ်။ သူမရဲ့ မျက်လုံးကြည်ကြည်တောက်တောက်လေးတွေက သူတို့ရဲ့ နှလုံးသားကို ကြည်လင်စေနိုင်တယ်။ သူမရဲ့ နှုတ်ခမ်းလေးကွေးညွှတ်သွားရင် သူတို့ ဒူးထောက်ကျမတတ်ပဲ။ သူမရဲ့ သွားညီညီလေးတွေ ပေါ်အောင်ရယ်ဖို့အတွက်ဆိုရင် သူတို့ တတိယကမ္ဘာစစ်ကို စပေးရဲတယ်။ သူမသာ ဒူးထောက်ပါဆိုရင် သူတို့ ဝန်လေးမှာ မဟုတ်ဘူး။ အဲ့ဒီလောက်တောင်ပဲ ယွန်း ကို သူတို့သဘောကျကြတယ်။ 


"မင်းတို့တွဲချင်တဲ့ မိန်းကလေးပုံစံမျိုးက ဘယ်လိုမျိုးလဲ" ဆိုတဲ့မေးခွန်းမျိုး မေးလိုက်ရင် သူတို့အတန်းရဲ့ ယောကျာ်းလေး ဆယ်ယောက်မှာ ကိုးယောက်ရဲ့အဖြေက "ယွန်း" လို့ဖြေလိမ့်မယ်။ ကျန်တဲ့တစ်ယောက်ကတော့ သူက ယွန်း ဖြစ်ချင်တာလို့ ပြောမဲ့သူပေါ့။ 


"အားလုံးထ... ဆရာမကို နှုတ်ဆက်..."


ကျောင်းတက်ခေါင်းလောင်းထိုးသံနဲ့အတူ အခန်းတံခါးပွင့်လာပြီး ဆရာနဲ့အတူတူ စာအုပ်တွေအတူသယ်လာတဲ့ ကောင်လေးတစ်ယောက်ကို ခန့်ဝေသော် နောက်ဆုံးတန်းကနေမြင်လိုက်ရတယ်။


"ဟေ့ကောင် အုန်းမှုတ်ခွက်ကေနဲ့ဟိုက်ပါလေးလာပြီ..."


မျက်မှန်ဝိုင်း အုန်းမှုတ်ခွက်ကေ၊ အကွက်တွေပါတဲ့ ရှပ်အပွကို ဖရိုဖရဲဝတ်ထားတဲ့ ကောင်လေးက အတန်းရဲ့ ခုံနံပတ်တစ်လည်း ဖြစ်တယ်။ သူတို့လို ကောင်ဆိုးလေးတွေသဘောမကျတဲ့ ပုံမျိုးပေါ့။ ဘယ်ကောင်ကစပြီး စည်းကမ်းသတ်မှတ်လိုက်လဲတော့မသိဘူး။ သူတို့ကို ဟိုက်ပါဂျပိုးလေးတွေက ကြည့်မရသလို လူဆိုးလေးတွေကလည်း ဟိုက်ပါလေးတွေကို ကြည့်မရတတ်ပါဘူး။ ဒါပေမဲ့ လူပြောတွေကြောင့်ရော သူလုပ်ချင်တာလုပ်တာကြောင့်ပါ လူဆိုးလေးဖြစ်နေတဲ့ ခန့်ဝေသော်ကတော့ ဟိုက်ပါကောင်လေးကို ပျော့တိပျော့ဖတ်လေးဆိုပြီး သိပ်ကြည့်မရပါဘူး။ 


ဟိုက်ပါကောင်လေးနာမည်က ယွန်းချီတဲ့။ ဟုတ်သား ဟိုက်ပါကောင်လေးမှာ သူ့နတ်ဘုရားမလေးရဲ့ နာမည်တစ်လုံး ပါတယ်။ ယောကျာ်းလေးနာမည်ကလည်း ယွန်းချီတဲ့ အံ့သြပ။ ဟိုက်ပါကောင်လေးနဲ့ သူ တေ့တေ့ဆိုင်ဆိုင်တွေ့ဖူးတာတော့ ဟိုက်ပါကောင်လေးက အတန်းတစ်ခုလုံးအတွက် Practical စာအုပ်တွေသွားသယ်ပေးတာပါပဲ။ ဗလာစာအုပ်လေး နည်းနည်းလေးကိုတောင် ဒီကောင်လေးက မနိုင်မနင်းနဲ့။ သူ ဝင်ကူဖြစ်လိုက်တယ်။ ခပ်ပျော့ပျော့ကောင်လေးက ခေါင်းကိုပဲ တွင်တွင်ငုံ့နေတော့တယ်။ ဒါကြောင့် သူ ဒီကောင်လေးရဲ့ ရုပ်ကိုတောင် သေချာမမြင်လိုက်ရပါဘူး။ 


ဘယ်သူ သူ့ကိုကြည့်မှာမို့ သူက အဲ့လောက်တောင် အဖြစ်သည်းနေရတာလဲ။ ခန့်ဝေသော်တွေးပြီး နှုတ်ခမ်းကို မဲ့မိသေးတယ်။ ယောကျာ်းလေးတစ်ယောက်က အဲ့လောက်ကြီး ရှက်ပြနေစရာမလိုပါဘူး။ အပိုတွေ။ တကယ်တမ်း ရှက်လို့လှမှာက သူ့နတ်ဘုရားမလေးပဲရှိတယ်။ ဟုတ်တယ်... ယွန်းလေးမှ မဟုတ်ရင် တခြားသူ ဘာလုပ်လုပ်က လှမနေဘူး။ လောကကြီး လှတာဟာ ယွန်းလေးကြောင့်ပဲ။ 


ခန့်ဝေသော်တစ်ယောက် သူ့ နတ်ဘုရားမလေးအကြောင်းကို တွေးမိပြီး ပြုံးဖြီးဖြီးဖြစ်သွားတယ်။ သူ ယွန်း ကိုသဘောကျတာက အားလုံးသိနေတာမို့ ပေါ်ပေါ်တင်တင်ပဲ ဖုန်းထဲကနေ ယွန်းပုံတွေကို ထိုင် save နေလိုက်တယ်။ ယွန်းရဲ့ အသစ်တင်ထားတဲ့ပုံတွေက တအားကိုလှနေတာပါပဲ။ တကယ်ပဲ သူ ဒီညတော့ ကောင်းကောင်းအိပ်ပျော်တော့မယ်။ သေချာပေါက်ပဲ! 


"ခန့်... မင်းကို ဟိုက်ပါလေးလှမ်းကြည့်နေတယ်..."


ဆရာစာသင်တာကို အာရုံမစိုက်ဘဲ ခန့်ဝေသော် ဖုန်းကြည့်နေရာကနေ သူ့ကို လှမ်းတို့ပြောတဲ့ ဘေးကငနဲသားကြောင့် သူ အရှေ့ကိုကြည့်တော့ သူ့ဘက်ကို လှည့်နေတဲ့ စားပွဲခင်းကွက်ကို ဖက်ရှင်လုပ်ထားတဲ့ ဂျပိုးလေး။ ဘေးကငနဲသား သော်ဇင်ကို ခန့်ဝေသော် စောင်းငန်းငန်းကြည့်တယ်။ ဒီကောင်က ဘယ်လိုများပြောလိုက်တာလဲ။ ဟိုက်ပါလေးက သူ့ကိုကြည့်တယ်? မျက်ခွက်ကို ဆံပင်တွေအုပ်နေတာကြောင့် သူ့ကိုကြည့်နေလား ကြည်မနေလားကို ဘယ်လိုလုပ်ခွဲမှာလဲ?


"ဟော...ဟော... ပြန်လှည့်သွားပြီ... ခန့် မင်းကို သူ ဘာပြောစရာရှိနေလဲမှမသိတာ..."


"ဘယ်သိမှာလဲ ငါ ယွန်းလေးပုံ ကြည့်နေတယ်... ငါ feel ကျဲသွားအောင် အာရုံမနောက်စမ်းပါနဲ့..."


ခန့်ဝေသော် ကြိမ်းပြီးတော့ သူ့ ဖုန်းကိုပဲ သူ ဆက်ကြည့်နေတယ်။ ယွန်းလေးရဲ့ပုံလေးတွေက သူ့ရဲ့ ခဏတာရှုပ်သွားတဲ့ စိတ်ကို ကောင်းကောင်းကြည်လင်စေတာပါပဲ။ သူ တကယ်ပဲ ယွန်းလေးကို သဘောကျတယ်။ ယွန်းလေးက သူ့အတွက်တော့ နံနက်ခင်းအလင်းရောင်လေးလိုပဲ ကြည်ကြည်လင်လင်နဲ့ သူ့စိတ်ကို လန်းဆန်းစေတယ်။ ယွန်းလေးဟာ သူ့အပိုင်ပဲ ဖြစ်ရင် ဘယ်လောက်များကောင်းလိုက်မလဲ။ ခန့်ဝေသော်တစ်ယောက် သူ့အတွေးနဲ့သူ ကျေနပ်သွားတော့တယ်။ သိပ်မကြာပါဘူး တခြားကောင်တွေလည်း သူ့လိုပဲတွေးလိမ့်မယ်ဆိုတာကို တွေးမိပြီး သူ့စိတ်ထဲ မကျေမချမ်းဖြစ်သွားရပြန်တယ်။ 


သြော်... သူ့ဘဝကလည်း ဆိုးရှာတာပဲ။ ဟိုက သူရှိမှန်းတောင် မသိတာကို သူက အသည်းအသန် crush နေရရှာတယ်။ သူ့အဖြစ်က မျက်ကန်းအိပ်မက်မက်နေသလိုပါပဲ။ ဒါပေမဲ့လည်း အိပ်မက်ဆိုတာ တစ်ချိန်ကျရင် တကယ်ဖြစ်နိုင်မှာပါ။ သူ့ဘက်က သူမနဲ့ပတ်သက်တဲ့ အိပ်မက်တွေကို လက်မလျှော့ဖို့ပဲလိုတာပါ။ ခန့်ဝေသော် စိတ်ထဲမှာ အခုလိုမျိုးယုံကြည်ထားခဲ့တယ်။ သူ တစ်နေ့ ယွန်းကို အပြင်မှာ မြင်တွေ့ခွင့်ရမယ်။ သေချာပေါက်ကို မြင်တွေ့နိုင်မယ်ဆိုတာပေါ့။


----------



rate now:

10 Reviews
  • reader Cho Zin Win 18.05.2021, 18:11 5

    nice

    reply

  • reader Eries 24.11.2019, 10:12 4.9

    Wow

    reply

  • reader KimYooHyun 24.11.2019, 09:58 5

    Hi

    reply

  • reader MaskMelon 24.11.2019, 02:02 5

    🥔

    reply

  • reader Chue (MiKhoon) 23.11.2019, 13:58 5

    အောင်သော်အောင်မော်ကြာစိမျောက်ရှုံးကျင်ဝှက်ပါနော်🙄

    reply

  • reader TintThiriWin 23.11.2019, 10:25 4.6

    ျကိုက္တယ္❤

    reply

  • reader MeMo227 23.11.2019, 08:44 4.9

    😱

    reply

  • reader RaiseRen 23.11.2019, 07:22 4.9

    I love itt 💙💙💙

    reply

  • reader Myat ThiRi 23.11.2019, 06:26 5

    Hi 😂

    reply

  • reader Nyo Lae 23.11.2019, 06:21 5

    Love it ArrLuu 😙

    reply