book

Index 6

Thanks for giving back my doll

  • Author : JURIA
  • Genres : Romance, Comedy




 "အွန်း ငါရောပဲ ..အကုန်လုံးကိုပြန်တွေ့ရတာကောင်းလိုက်တာ .....သွားအိပ်တော့လေ တော်တော်တောင်နောက်ကျနေပြီ"


ဘာလို့မှန်းမသိ Sky ဆီကမစိမ်းသက်တဲ့ နွေးထွေးမှုကိုခံစားလို့ရတယ် သဘောကျလိုက်တာ အဲ့ခံစားချက်ကို. မပြောမဆိုနဲ့ ထွက်သွားတဲ့ သူ့ကိုကြည့်ပြီး ပြုံးမိတယ်..အော်သူတောင်အရွယ်ရောက်လာပြီပဲအရင်ဘ၀က မှတ်ဉာဏ် တွေထဲမှာ Sky အကြောင်းသိပ်မရှိခဲ့ဘူး ငယ်ငယ်တုန်းကအတူတူ ဆော့ခဲ့ဖူးတယ်ဆိုတာရယ် သူ့အပေါ်အကြွေးတင်နေခဲ့ဖူးတယ်ဆိုတာရယ်ကလွဲလို့ . ရယ်တော့ရယ်ရတယ် ငယ်ငယ်က Amy အိမ်ကိုအလည်လိုက်သွားရင်း Sky ကိုစတွေ့ဖူးတာ. အဲ့တုန်းကခြောက်နှစ် ခုနှစ်လောက်ပဲရှိဦးမယ်.ကိုကလည်းခလေးတွေနဲ့ အကြောတည့်တဲ့သူဆိုတော့ ဘယ်သူ့ပြောစကားမှနားမထောင်တဲ့ Sky က Moon စကားကိုတော့နားထောင်တယ်. အဲ့အချိန်ကစပြီး Moon ကတရားဝင်ကလေးထိန်းဖြစ်သွားတယ်.အိမ်ချင်းကလည်းရင်းနှီးသွားတော့ နောက်ပိုင်း Sky တစ်ယောက် Moon အိမ်မှာအနေများတယ်. ကျောင်းကလူတွေဆို Sky ကို Moon ရဲ့မောင်လို့ပဲထင်နေကြတာ.ဆယ်တန်းနှစ်အဆောင်သွားနေတဲ့အချိန် Sky တို့မိသားစု Singapore ကိုပြောင်းသွားတော့ အဲ့နောက်ပိုင်းအဆွက်အသွယ်မရှိတော့တာ. အခုတော့နောက်တစ်ခေါက်ပြန်တွေ့ရပြီ တကယ်ကောင်းတယ်.သူ့အပေါ်တင်နေတဲ့အကြွေးကို ဒီတခါတော့ဆပ်နိုင်ပြီ.


"Dave .. ငါအတွက်ကိုမှမပြင်လိုက်နိုင်ရင်တောင် Skyရဲ့ ဘဝကိုတော့ အကောင်းဆုံးဖြစ်အောင်ပြောင်းလဲပေးခဲ့ချင်တယ်"

"လူတစ်ယောက်ရဲ့ ဘဝကိုပြောင်းလဲပြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး.. ပြီးတော့အဲ့ကောင်လေးဘက်က ဆန္ဒရှိဦးမှ"

"ငါသူ့ကိုပြန်ပေးဆပ်ရမှာများတယ်."

"Moon... လောကကြီးမှာ ဘယ်အရာမှအလကားမရဘူး အရာအားလုံးကသူ့တန်ဖိုးနဲ့သူရှိတယ်"

"ဟဲ့...  စိတ်ကောင်းစေတနာလေးထားပြီး ငါ့ကိုကူညီလေဟယ်"

"ဘယ်နတ်ဆိုးကများ သဘောကောင်းတာတွေ့ဖူးလို့လဲ"

"နင်ဟာလေ..  ပြောဘာပေးရမှာလဲ"

"နောက်မှပေါ့ နင်ဘာလုပ်ချင်လဲဆိုတဲ့အပေါ်မူတည်ပြီးတန်ရတန်ကြေးတောင်းမယ်"

"လောဘကြီးတဲ့နတ်ဆိုး":/


-----------------------------------------------------


နေ့လည်လောက်မှ နိုးလာမဲ့ Amy ကိုထားခဲ့ပြီး မနက်စာစားဖို့ထွက်ခဲ့လိုက်တာအမှားကြီးမှားတာပဲ.ဆာနေတဲ့ဗိုက်ကိုပဲပြေးအပြစ်တင်ရမလား dining room ထဲမှာတည့်တည့်တိုးတဲ့ သူတို့သုံးယောက်ကိုပဲအပြစ်တင်ရမလား တကယ်လမ်းတွေပျောက်တယ်.

Moon တစ်ယောက် သူ့ကိုကြည့်နေတဲ့အကြည့်တွေကိုဂရုမစိုက်ဘဲ စားစရာယူပြီး သူတို့မြင်ကွင်းနဲ့ ကွယ်တဲ့တစ်နေရာမှာထိုင်လိုက်တယ်.


Moon ကိုတွေ့လိုက်တဲ့အချိန် မင်းခန့်ကို တစ်ယောက်နေရခက်သွားတယ်.သူဒီကောင်မလေးကို တကယ်ချစ်မိခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့ဘူး.တကယ်နာကျင်ရတယ်. အရာအားလုံးကိုစီစဉ်ထားသလိုဖြစ်လာပါရဲ့နဲ့ ဘာလို့မပျော်ရတာလဲ.တကယ်ဆိုသူအနိုင်နဲ့ပိုင်းခဲ့တာလေ. Moon ခံစားရလေလေ သူနိုင်လေပဲမဟုတ်လား. အဲ့တာကြောင့်လဲ Moon ရဲ့သူငယ်ချင်း Lynn ကိုအသုံးချခဲ့တာ.နဂိုထဲက ကွေးချင်ချင်ဖြစ်နေတဲ့ဒီကောင်လေးကိုသိပ်အပူပေးဖို့မလိုခဲ့ဘူး. ဒါပေမဲ့လည်း ဘာလို့မှန်းမသိ တဆစ်နဲ့နဲ့ခံစားနေရတယ်. Moonရောငါ့လိုပဲခံစားနေရလား?ငါအရာအားလုံးကိုလက်လျော့လိုက်သင့်လား? မေးခွန်းပေါင်းများစွာနဲ့ မင်းခန့်ကို တစ်ယောက်Moon ဆီသွားဖို့အထ Lynn ကသူ့လက်ကိုလှမ်းဆွဲပြီး တားမြစ်တဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ်.


Lynn သတိထားမိတယ် ကိုခန့် Moon ကိုမပြတ်နိုင်သေးဘူးဆိုတာ.ခံစားချက်တွေရှိနေသေးတယ်ဆိုတာ သိပေမဲ့လည်း သူတစ်ကိုယ်ကောင်းဆန်ကြည့်ချင်တယ်.တစ်သက်မှာ ပထမဆုံးအကြိမ်ဖြစ်ဖူးခဲ့တဲ့အချစ်ဆိုတဲ့အရာကနာကျင်ရမယ်ဆိုလဲ ရတယ်.ပထမဆုံးချစ်ဖူးတာမို့ သူအကောင်းဆုံးတွေကိုပဲပေးမယ်လို့ဆုံးဖြတ်ထားခဲ့တယ်.ဒါပေမဲ့လည်း အခု Moon ကိုတွေ့လိုက်လို့ဖြစ်သွားတဲ့ ကိုခန့်မျက်နှာကိုကြည့်ရတာ ရင်နာတယ်, ဟန်ဆောင်ပြီးတောင်သူမနေနိုင်ဘူး.Moon ဆီထသွားမယ်လုပ်တဲ့သူ့ကို တားလိုက်တဲ့အချိန် ပြန်ရလိုက်တဲ့အကြည့်က စိတ်ရှုပ်တဲ့အကြည့်တွေ.တကယ်ပဲငါကကိုခန့်အတွက်တကယ်ပဲစိတ်ရှုပ်စရာတစ်ခုလား? ရုတ်တရက် ကောင်လေးတစ်ယောက်ယောက်လာပြီး ကိုခန့်ကိုစကားပြောတဲ့အချိန် Lynn တစ်ယောက် အံ့သြသွားတယ် ပြီးတော့ကြောက်တယ်.

အံ့သြတာက စကားလာပြောတာကမAmy ရဲ့မောင်လေး သူကဘယ်လိုလုပ်ကိုခန့်နဲ့သိပြီး ကိုခန့်ကဘာလို့ကလေးအရုပ်ကိုယူထားတာလဲ? ပြီးတော့အဲ့ကောင်လေးအနားရောက်လာတုန်းက ကိုခန့်ရဲ့အကြည့်တွေကအရမ်းကိုမုန်းတီးနေတယ်ဆိုတဲ့အကြည့်တွေ တကယ်ကိုကြောက်ဖို့ကောင်းတယ်.


မင်းခန့်ကို သူ့ဆီထလာမလိုလုပ်နေတာတွေ့တော့ Moon တစ်ယောက်စိတ်ရှုပ်သွားတယ်.အမှန်ပြောရရင် မျက်နှာချင်းကိုမဆိုင်ချင်တော့ဘူး. သူ့အပေါ်ခံစားချက်ဆိုတာလဲ သေးသေးပုစိလေးတောင်မရှိတော့ဘူး.အခုဖြစ်နေတဲ့ခံစားချက်က ရှသွားလို့ ရှက်နေတာ.အဲ့အချိန် Sky ဝင်လာတာတွေ့တော့တကယ်ပျော်သွားတယ်.အနဲဆုံးဘေးမှာတစ်ယောက်ယောက်ရှိနေတော့တော်သေးတယ်.

" Sky..  ဒီကိုလာလေ"


လာမယ်ဆိုတဲ့အကြောင်းခေါင်းငြိမ့်ပြပြီး သူ့ကိုမဖိတ်ခေါ်တဲ့သူဆီအရင်သွားပြီးနှုတ်ဆက်လိုက်တယ်.

"ကိုမင်းခန့်...  ကျွန်တော်မရှိတုန်းယူသွားတဲ့ကျွန်တော့်ရဲ့အရုပ်လေးက ကျွန်တော့်ဆီပြန်ရောက်လာပြီ နောက်တစ်ခေါက်ထပ်ယူလို့မရအောင်သေချာသိမ်းထားမှာမို့ အဝေးကနေတောင်ကြည့်လို့ရဖို့မစဉ်းစားပါနဲ့" "အာ..ပြီးတော့ အကိုပြန်မပေးခဲ့ရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြန်အရယူမယ်လို့ဆုံးဖြတ်ခဲ့တာ အခုတော့အကိုက လိုလိုလားလားနဲ့ ကျွန်တော့်ကိုပြန်ပေးတော့ တကယ်ကိုကျေးဇူးတင်မိတယ်.တကယ်တော့ ကိုခန့်ကို ကျွန်တော်ကအရှုံးပေးလိုက်တာ အနိုင်ပေးတာမှမဟုတ်ပဲ.အဟက် ခွင့်ပြုပါဦး"

Sky သူ့ကိုရယ်ပြနေတဲ့ Moon ကိုကြည့်ပြီး ပြုံးမိတယ်. အသက်သာကြီးတာ တကယ်ခလေးလိုပဲ ချစ်ဖို့ကောင်းတယ်.နှုတ်ဆက်စရာရှိတာလဲ နှုတ်ဆက်ပြီးပြီဆိုတော့ Moon ဆီကိုဆက်သွားလိုက်တယ်.


 အရုပ်ကလေးက ကိုယ့်ကိုစောင့်နေပြီလေ.














Thanks 🌻🌻🌻


rate now:

2 Reviews
  • reader iPhyu 08.12.2019, 09:10 2.6

    a hak… I know a person, whose name is Lynn…. haha, simply a coincidence….

    reply

  • reader WintHtal 29.11.2019, 16:13 5

    ❤️❤️❤️

    reply