book

Index 3

To The Bad Past (1)

  • Author : JURIA
  • Genres : Romance, Comedy

အသိပြန်ကပ်လာချိန်မှာ မရင်းနှီးတဲ့ ဘာသာစကားတွေကြောင့် Moonတစ်ယောက် ရုတ်တရက်ကြောင်သွားတယ်.


ဘာလား ...ငါခုန်ချလိုက်တာ နဝဒေးတံတားပေါ်ကနေ ဧရာဝတီမြစ်ထဲလေ ဘယ်လိုဖြစ်လို့ ထိုင်းရောက်သွားတာလဲ.မဟုတ်မှ ဟိုမသာကောင်နဲ့ ပြတ်မဲ့ အချိန်ကိုပြန်ရောက်လာတာလို့တော့မပြောနဲ့နော်.

"သဲ.. နိုးလာပြီလား.သက်သာလား"

သေချာပါတယ်...ဟိုနတ်ဆိုးကလည်း ပို့မယ်ဆိုလည်း နဲနဲပါးပါးသွားချင်လားမသွားချင်လားမေးမယ်မြန်းမယ်မရှိဘူး စွတ်စက်ကို လုပ်တော့တာပဲ.

"သဲ...သဲ"

"အွန်း သက်သာပါတယ်"

"တော်သေးတာပေါ့ ... အာ့ကြောင့်ပြောတာ မတည့်တာတွေမစားပါနဲ့ဆိုတာကိုကွာ"

"အွန်းပါ ... နောက်မဖြစ်စေရဘူး ဟုတ်ပြီလား"

ဒီကပြန်ရင်လဲ နင်နဲ့ငါနဲ့ ဆက်ကို ပတ်သတ်စရာမရှိတော့ဘူး ... ဟွန့် .

"အာ့ဆို နားလိုက်ဦးနော် ကို ဟိုတယ်ခဏပြန်ပြီး ရေမိုးချိုးလိုက်ဦးမယ်"

"အွန်းးး"

ဟူးးး ဟိုနတ်ဆိုးကို ဘယ်လိုဆက်သွယ်ရမလဲ ဒီမှာမနေချင်ဘူး ပြောင်းလို့ရလားးး ဝါးးးးးးးး

နတ်ဆိုးရေ နတ်ဆိုးရဲ့ အမလေးးး နတ်ဆိုးရဲ့

"ဘာလဲ "

"အော် ... အဲ့လိုခေါ်ရင်လာတယ်ပေါ့"

"နားငြီးတယ်".

အော် ငါလေးသနားစရာ

"မင်း နဲနဲလေးအာရုံစိုက်ပြီး တွေးလိုက်တာနဲ့ ငါကြားနိုင်တယ် ပြီးတော့ နတ်ဆိုး လို့ခေါ်တာမကြိုက်ဘူး"

"အင်း ဆောရီး. နင်ကနာမည်မပြောတော့ ငါလည်းကြုံသလိုခေါ်ရတာပေါ့"

"မသိဘူး.."

"ဘာကိုလဲ "

"ထားပါ .. ခုခေါ်တာဘာလဲ"

"ငါဒီအချိန်ကို ပြန်မရောက်ချင်ဘူးလေ ပြောင်းလို့ရသေးလား " ငိုမဲ့မဲ့အသံလေးနဲ့အသနားခံပါသော်လည်း ဟိုကိုတော်က ပြတ်တယ်

"မရဘူး"

"ဒါက မင်းကျဆုံးခြင်းရဲ့အစ မင်းရဲ့ ဆုံးရှုံးမှုတွေကိုပြင်ချင်ရင် ဒီကပဲစပြင်လို့ရမှာ"

ပြောဆိုပြီး ဖျတ်ကနဲ့ပျောက်သွားတဲ့ ဟိုကိုတော်ကို နင်ကမကောင်းဆိုးဝါးသာဆိုတယ် ချောသားပဲလို့တောင်မပြောလိုက်ရဘူး ... 

ဟုတ်တယ် ဒီအချိန်က ငါ့ရဲ့ကျဆုံးမှုရဲ့အစပဲ. အကယ်၍သာ မင်းခန့်ကိုနဲ့သာ မပြတ်ခဲ့ဘူးဆိုရင် ငါနာကျင်ထိခိုက်ရမဲ့အရာတွေကိုလုပ်ခဲ့မိမှာမဟုတ်ဘူး.

သူတို့နဲ့ပတ်သတ်ပြီး လုပ်ခဲ့မိတဲ့အရာတွေကအနာဂတ်မှာ ငါ့အတွက်မကောင်းတာတွေပဲ ဖြစ်လာမယ်လို့ဘယ်သူထင်မှာလဲ.

"ဒါနဲ့ မင်းကဘယ်လိုလုပ် သူနဲ့ကြိုက်သွားတာလဲ ငါမင်းရဲ့ ကံကြမ္မာ ကိုဖတ်လိုက်တုန်းက မင်းရဲ့ လက်တွဲဖော်က ဒီကောင်လေးမဟုတ်ဘူး စာစဉ်အရဆို မင်းကသူတစ်ယောက်ထဲနဲ့ပဲတွဲခဲ့တာ လက်ရှိမှာမင်းမှာရည်းစားရှိမနေရဘူး"

"အမ် ... အဲ့လိုလဲ ကံကြမ္မာဖတ်လို့ရတယ်လား"

"ငါမေးတာသာဖြေ"

"အာ.. ဘယ်လိုပြောရမလဲ ဆယ်တန်းနှစ်ဘော်ဒါမှာ သူနဲ့တွေ့တယ် သူငယ်ချင်းတွေကဘေးကလှော်တယ် အဲ့တာနဲ့ပဲကြိုက်သွားရော "

"စာစဉ်ထဲဒါတွေမပါဘူး"မျက်မှောင်ကြုတ်ပြီး ရုပ်တည်ကြီးဖြစ်နေတဲ့သူ့ကို ကြည့်ရင်း မေးချင်တာတွေက ထိန်းမရတော့ဘူး.

"ဟိုလေ စာစဉ်ဆိုတာဘာလဲ"

"အဲ့တာက မင်းတို့လူသားတစ်ဦးစီတိုင်းမှာ ကံကြမ္မာမှတ်တမ်းဆိုတာရှိတယ် အလွယ်ပြောရင်စာစဉ်ပေါ့ .အဲ့ထဲမှာ မင်းတို့ဖြစ်ရမဲ့ အကြောင်းအရာတွေကိုရေးထားပြီးသား ပြောင်းလဲလို့မရဘူး"

"ဒါဆို ငါကရော နင်ပြောတော့ ပြောင်းလို့မရဘူးဆို"

"အွန်း ... ငါလဲအဲ့တာပဲစဉ်းစားနေတာ. မင်းဟာက နဲနဲလောက်ပြောင်းတာမဟုတ်ဘူး အရမ်းကိုသွေဖီနေတာ"

"ကောင်းတာလား မကောင်းတာလား"

"မသိဘူး .. အဟက် ဟိုလူကြီးလာပြောထဲက နဲနဲလောက်ဖြစ်ဖြစ်ရိပ်မိခဲ့သင့်တာ "ရွဲ့မဲ့မဲ့ လုပ်နေတဲ့သူပုံစံက Moonရဲ့သိချင်စိတ်ကို အရမ်းအရမ်းဖြစ်စေနေတော့

"ဘယ်သူတုန်း"

"မင်းနဲ့မဆိုင်ဘူး....   မင်းကစိတ်ဝင်စားဖို့တော့ကောင်းသား ....အခုဘယ်လိုဆက်လုပ်မှာလဲ"

"သူနဲ့လား ငါ့ရဲ့လက်တွဲဖော်မဟုတ်ဘူးဆိုမှတော့ ဖြတ်ရုံပေါ့ "နာနာကျင်ကျင်နဲ့ပဲပြုံးလိုက်မိတယ် .သူနဲ့ပတ်သတ်ပြီး ကိုအခုထိခံစားလွယ်နေတုန်းပဲ.

"မဟုတ်လည်း သူကငါ့ကိုထားခဲ့တော့မှာပဲကို"

"ဘာလို့လဲ"

"နောက်တစ်ယောက်နဲ့တွဲသွားတာ"

ဟုတ်တယ် ခြောက်နှစ်လောက်တွဲလာတဲ့ 

သံယောဇဉ်ကိုမထောက်ပဲ လုပ်ရက်သွားတာ.

"ဘယ်သူနဲ့လဲ"သူ့ရဲ့အေးစက်စက်အမေးကို လဝန်းတစ်ယောက်မဖြေနိုင်လောက်အောင်ကိုပဲ နှုတ်ဆိတ်နေမိတယ်.

"နင်သိလာပါလိမ့်မယ်"

ရုတ်တရက်အတွေးတွေက အရင်ကအကြောင်းတွေကို ပြန်သတိရမိသွားတယ် တကယ်တော့ ဒီဘန်ကောက်ကိုအလည်လာဖို့ စခဲ့တဲ့ Moon ကပဲ အလွန်းလေသလား ဒါမှမဟုတ် Moon ကို မသွားသွားချင်အောင် Postတိုင်းကို ထိုင် Shareနေတဲ့သူတို့ကပဲလည်လွန်းခဲ့တာလားတော့ မသိဘူး အရာအားလုံးက ကမောက်ကမနဲ့ .


အရင်ဘဝတုန်းက Moonတို့အတွဲရယ် Moonသူငယ်ချင်းတို့အတွဲရယ် ဘန်ကောက်ကို အလည်လာရင်း မမျှော်လင့်ပဲ Moonအစာအိမ်ရောင်ပြီးဆေးရုံတတ်ခဲ့ရတာ .ငတုံးမက အားနာလွန်းပြီး သူ့တို့ဘာသာလည်ပါတော့လို့ ခွင့်ပြုမိတာက သူတို့ကို စူဠလိပ်ရေထဲလွတ်ပေးလိုက်မိသလိုပဲ.အေးလေ Moonတုံးတယ်လဲပြောမရဘူး စနှိုက်ကျော်နဲ့ ခြံခုန်နွားဆိုတာ ချိုပါတာမှမဟုတ်တာ.တော်ပါပြီ မတွေးတော့ဘူး.ခုလောလောဆယ် ရှေ့ဘယ်လိုဆက်ရမလဲပဲ တွေးရမယ်.သူတို့က ပေါကားဆန်နေချင်မှတော့ ကို့ဘက်ကလည်း ဇာတ်လမ်းချပေးရမှာပေါ့.

"Dave (သူ့ဘာသာသူပေးလိုက်သောနာမည်) ... သူတို့ဘာလုပ်နေလဲဆိုတာ နင်ကြည့်လို့ရလား"

"အွန်းး... ရတယ်"

"အာ့တာဆိုကြည့်ပေး.."

ကြည့်သာကြည့်ခိုင်းရတာ ဘာဖြစ်မယ်ဆိုတာ သိပြီးသားဆိုတော့ နဲနဲတော့ရယ်ချင်မိတယ်.Daveကိုကြည့်ခိုင်းရတယ်ဆိုတာလဲ Moonတက်နေတဲ့ ဆေးရုံရှေ့က ဟိုတယ်မှာတည်းနေတဲ့ သူတို့ဆီကို အချိန်ကိုက်လေးရောက်သွားချင်လို့ပါ.

"မင်း ....ဟားဟားဟား"

ဘာမပြောညာမပြောရယ်နေတဲ့ Daveကိုဘေးနားရှိတာနဲ့သာကောက်ပေါက်လိုက်ချင်တော့တယ်.

"မရယ်နဲ့... ငါ ငတုံးမ မှန်းငါသိတယ်"

"ခုဘာလုပ်နေပြီလဲ သူတို့"

"မင်းကောင်လေးအခန်းထဲ .. ဟိုတစ်ယောက်ဝင်သွားပြီ"

"အွန်း ... သူတို့ အချိန်ကောင်းရောက်မှသွားမယ်"

"မင်း ... တော်တော်ခံစားခဲ့ရလား"

အော်မေးရက်လေခြင်း Daveရယ် လို့သာပြောလိုက်ချင်တော့တယ်.

"အွန်း ... တစ်ယောက်ကငါချစ်ရတဲ့ချစ်သူ တစ်ယောက်က ငါအားကိုးရတဲ့သူငယ်ချင်း အဟွန်းး ဘယ်သူထင်မှာလဲ ငါရှလိမ့်မယ်လို့ အီးးးး" ပြောလည်းပြော ငိုလည်းချလိုက်ကော Daveတစ်ယောက် မျက်လုံးပြူးသွားတယ်. သူစိတ်အညစ်ဆုံးက လူသားတွေငိုတာပဲ အရမ်းနားငြီးလို့.

"ငါ.. ငါလေ နေခြည်နဲ့ ဖြစ်တယ်ဆိုရင်တောင် ငါမပြောလိုပါဘူးဟာ ခု ခုဟာက....အီးးး"

"နေခြည်မက  Lynn ငါ့ဘဲကိုကြိတ်ကြံနေတာကို ကူညီပေးနေလိမ့်မယ်လို့ ဘယ်ထင်မှာလဲ အီးးး"

"ခု...ခုဟာက ငါလည်းး LGBT ကို Supportပါတယ် ဒါပေမဲ့ အဟင့် ကို့ဘဲကိုထိုးကျွေးရလောက်အောင်တော့ အသဲမမာဘူးလေဟာ အီးးး"

"တော်ပါတော့ဟာ နာငြီးတယ်"

"နင်ပဲမေးပြီးတော့ " 

အရင်ဘဝက Lynn ဆိုတဲ့ သူငယ်ချင်းအကောင်းစားကြီးက Moon ရဲ့ ချစ်လှစွာသော ဘဲ မင်းခန့်ကို ကို စနှိုက်ကျော်သွားတာ. ကြံရာပါကတော့ Lynnရဲ့ အယောင်ဆောင်စော်လေး နေခြည်ပေါ့. လင်းထက် မဖြောင့်မှန်းသိပေမဲ့ နေခြည်နဲ့တွဲနေတယ်ဆိုတော့ အော် ငါအထင်မှားတာနေမှာပါဆိုပြီး စွတ်စပ်တွေတောင်းပန်ခဲ့တာ ခုကြတော့ ဘဲပါသွားမှမဖြောင့်မှန်းသိဆိုသလိုပဲ. ကို့အကောင်ကလည်း ကိုနဲ့တွဲနေတုန်းကတော့ ဖြောင့်သလိုလိုနဲ့ ဘယ်အချိန်ဘယ်လိုကွေးသွားမှန်းမသိလိုက်ဘူးရယ်. အရင်ဘဝက ဘန်ကောက်က ပြန်ရောက်ပြီးသိပ်မကြာခင်မှာပဲ Lynn မှားပို့လိုက်တယ်ဆိုတဲ့ပုံတွေကြောင့်သာ သူတို့ရဲ့အရှုပ်ကိုသိခဲ့တာ.အဲ့မှာဒေါသတွေထွက် FB ပေါ်တင်ဘာတင်ဖြစ်ကုန်တော့ နောက်ဆုံးအပြောခံလိုက်ရတာ ကိုပဲလေ .သူတို့ခင်းသွားတဲ့ဇာတ်လေးကအရမ်းလှတာ.

"မင်းဆီမှာ သူတို့ကို မုန်းတဲ့အရိပ်အယောင်လဲမရှိဘူး"

"ငါမှမုန်းလို့မရတာ"

"လုပ်ရက်လေခြင်းဆိုတဲ့ ခံပြင်းတဲ့ဒေါသပဲရှိတာ"

"ပြီးတော့ ဒီပြဿနာက နောက်ပိုင်းမှာ ငါ့ကိုတော်တော်ဒုက္ခပေးခဲ့တာ နင်နဲ့တွေ့တဲ့ထိရောက်အောင်ပဲ"

"အင်းး" 

ကိုယ့်ဘာသာကိုယ်အားတင်းပြီး မျက်ရည်တွေဘာတွေသုတ် ငိုတာကိုရပ်ပြီးတော့ ဘာမှမပြောတော့ပဲ တိတ်ဆိတ်သွားတဲ့ Daveကိုတစ်ချက်ကြည့်ပြီး မေးစရာရှိတာမေးလိုက်တယ်

"ငါအခု ငါ့ကံကြမ္မာကိုပြောင်းလဲလိုက်မယ်ဆိုရင် သူတို့ကံကြမ္မာရောပြောင်းသွားမှာလား"

"အင်း"

"တကယ်လို့ငါအခု မပြောင်းလိုက်ဘူးဆိုရင် အရင်ကလိုပဲ ငါ့ဘဝပြန်ဖြစ်သွားမှာပေါ့"

"အင်း"

စိတ်တော့မကောင်းပေမဲ့ ငါရဲ့နာကျင်မှုတွေကို နင်တို့ခံစားကြည့်ဖူးသင့်ပါတယ်.

"ငါ သူတို့ရဲ့ ကံကြမ္မာကို အရမ်းကြီးမပြောင်းသွားစေချင်ဘူး"

"အဲ့တာဆိုရင် နင်ဘောင်ထဲကလုပ်"

"ဘယ်လိုလဲ"

"သူတို့နှစ်ယောက်က လူသိများလာပြီး အောင်မြင်လာမှာ နင်သာအဲ့ Flow ကိုမဖျက်စီးလိုက်ရင် သူတို့ကံကြမ္မာကို သိပ်မထိခိုက်ဘူး ဒါပေမဲ့ နင့်စာစဉ်ကတော့ပြောင်းမှကိုဖြစ်မှာ"

"အင်း... ငါသိပြီ"

သူတို့ကို ရှေ့ဆက်အသုံးချဖို့ရှိသေးတယ် .ငါကောင်းဖို့အတွက် နင်တို့ကိုခဏပေးအောင်မြင်ထားမယ်.တစ်နေ့ကြရင်တော့... ငါ့နာကျင်မှုတွေကိုသိစေချင်တယ်.












Thank You 🌻.


rate now:

1 Reviews
  • reader WintHtal 23.11.2019, 13:12 5

    Whatစနှိုက်က..

    reply