book

Index 8

(Part 8)

ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်


အလုပ်ထဲ ဝင်တဲ့တလျှောက်လုံး ရင်ခွင်းမြှား မြောက်ကြွမြောက်ကြွနဲ့ ခြေ​တောက်က မြေကြီးနဲ့ ထိရဲ့လားမသိ။ 


လူတွေကလည်း ဒီနေ့ကျမှ ခွင်းကို အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေကြသည်။ တချို့ဆို ပြုံးဖြီးဖြီးနဲ့ တချို့ကလည်း တစ်ယောက်ကိုတစ်ယောက် လက်တို့ပြီး ပြောနေကြသည်။ 


ခွင်းက ရုပ်တည်ကြီးနဲ့ နေတဲ့သူမို့ အလုပ်ခွင်က အလုပ်သမားတိုင်းက သူ့ကိုဆို ရှိန်ကြသည်။ အခုတော့ လူက ဘာမှမလုပ်ရသေးဘဲ ပြုံးစိစိနဲ့ ဘာဖြစ်နေကြတာလဲ မသိဘူး။


"ကိုမင်း ကျုပ် အစည်းအဝေး ထိုင်လို့ ရပြီလား ''


"ဟင် ဟိုလေ ရ..ရပါပြီ ခစ်..  ''


ရပြီဆိုလည်း ရပြီပေါ့ ဘာကိစ္စ နောက်က ခစ် ဆိုတာကြီးက ပါလာရတာလဲ။ ကိုမင်းက အလုပ်လုပ်ရမှာ တိကျပြတ်သား ရေခဲကျောက်ရုပ်ကြီးပင်။ ခွင်းထက်တောင် အနေအေးပြီးတည်တံ့နေတတ်တဲ့ ကိုမင်းလို လူကအစ ပြုံးစိစိ လုပ်နေပုံက အချိုးမပြေစရာ။ 


"ဒီမှာ ကျွန်တော်ရုပ်က ဘာဖြစ်နေလို့လဲ''


"ဗျာ ဟိုလေ သူဠေး အိမ်က မှန်မကြည့်လာခဲ့ဘူးလား''


"ဘာ..''


ခွင်း ပြောတာတခြား ကိုမင်းက ဖြေလာတာတခြားမို့ မရှည်တော့တဲ့စိတ်က ငယ်ထိပ်ရောက်နေပြီ။ အလုပ်ရောက်ကတည်းက လူတွေ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတာ။


"အော် ခွင်း ရောက်နေပြီကို အစည်းအဝေးစလို့ရ.. ဟင်.. ''


ခါးသက်ချိုက နောက်ကျောကနေ ခွင်းကို လှမ်းမြင်ရတာကြောင့် အစည်းအဝေးစလို့ရပြီ ဖြစ်ကြောင်း ပြောမလို့ပြင်လိုက်ချိန် ကိုမင်းရဲ့ မချိုမချဥ်မျက်နှာဘေးနဲ့ ခွင်းရဲ့ ပါးပြင်ပေါ် နှုတ်ခမ်းနီရာက ခါးမျက်လုံးထဲ ဝင်လာသည်။


"ကဲ ပြော ကိုမင်း ကျုပ့်ကို အထူးအဆန်း ကြည့်နေရလဲ ဆိုတာ ''


"တော်တော့ ကိုမင်း လုပ်စရာရှိတာ သွားလုပ်လိုက်၊ ခါး ကြည့်ပြောလိုက် မယ်''


ကိုမင်းက ခါးသက်ချို ပြောတော့မှ အခန်းထဲက ထွက်သွားလေသည်။ ထွက်သွားတာတောင် ရိုးရိုးမသွားဘဲ ပြုံးရယ်ချင်တဲ့မျက်နှာကို နှုတ်ခမ်းကိုက်ပြီး ထွက်သွားတာ။ ဒီလူတွေ ဒီနေ့ကျမှ ဟာသတွေ ကြည့်လာတာလား။


ခါးသက်ချိုက ဖုန်းယူထုတ်လိုက်ပြီး camera ဖွင့်လိုက်ပြီး လက်တဖက်က စားပွဲပေါ်က တစ်ရှူးတရွက် ယူထုတ်ကာ


"ကြည့် ဘာတွေပေလာလဲ ဆိုတာ ''


ခါးသက်ချို ကမ်းပေးလာတဲ့ Cameraပေါ် ခွင်းပါးပြင်ပေါ်က နှုတ်ခမ်းနီအရာကြီးက ခွင်းကို ပြောင်ပြနေသယောင်။ ဟာ ဒီကလေးမ.. လုပ်ချလိုက်ပြီ..


"ခါး သုတ်ပေးမယ်''


တစ်ရှူးစလေးနဲ့ ခွင်းပါးပြင်ပေါ်က နှုတ်ခမ်းနီရာကို ခါးသက်ချိုကိုယ်တိုင် သုတ်ပေးနေရင်း


"ခွင်း အဲ့ဒါ အလုပ်နေရာနော် ပြီးတော့ နင် ယူထားတဲ့ ရာထူးက သူဠေးနေရာနော် အားလုံးက လေးစားရတဲ့လူ တချို့အပြုအမှုတွေ နင် ဆင်ခြင်သင့်တယ်၊ ပြီးတော့ အိမ်မှာ နင်တို့ ဘာပဲဖြစ်ဖြစ် ငါ ဘာမှ မပြောလိုဘူး၊ ဒီလို Publicကြီးမှာတော့ ပြူးပြူးပြဲပြဲ မဖြစ်သင့်ဘူးလေ''


ခါးသက်ချို ရုပ်တည်ကြီးနဲ့ ခွင်းပါးပြင်ပေါ်က နှုတ်ခမ်းနီအရာတွေ သုတ်ပေးပြီး ပြောင်စင်သွားတော့မှ 


"နားလည်လား ငါ ပြောတာ ''


"ကျစ် သိတယ် အခုက အလုပ်သွားခါနီး ပျိုက.. ''


"အစည်းအဝေး စလို့ ရပြီ လိုက်ခဲ့တော့ ''


ခါးသက်ချို တစ်ရှူးစကို အမှိုက်ပုံးထဲ ပစ်ထည့်၍ ထွက်လာခဲ့သည်။ မိန်းမပေးတဲ့ အနမ်းကို ကိုယ်ချစ်ရတဲ့ အမျိုးသားပါးပြင်ပေါ် ကိုယ်တိုင် သုတ်ပေးရတဲ့ ဝဋ်ကြွေးကလည်း ကြီးပါသည်။


ခွင်း ကိုယ့်ပါးကို ကိုယ်စမ်းကာ ပျိုဆီ စိတ်ရောက်သွားသည်။ ဒီမနက် ပျိုရဲ့ ထူးဆန်းနေတာကို သတိထားမိတော့ ခွင်း တမျိုးလေး တွေးမိသည်။ ပျို ကိုယ်တိုင် ပေးလာတဲ့ အနမ်းကို ခွင်းပါးပေါ် သူမ မြင်ရမှာပဲ။ မြင်လျက်သားနဲ့ ဘာမှမပြောဘဲ ဒီတိုင်း ဘာလို့ လွှတ်လိုက်တာလား။ သူမလည်း မမြင်လို့များလား။


ကိုယ့်မျက်နှာကို ဟာသလို ကြည့်ပြီး ရယ်မောနေတာတွေ ပြန်တွေးမိတော့ သိပ်အဆင်မပြေ။ ၁၉နှစ်သာသာ ကလေးမကို ယူထား​တော့လည်း ကလေးဆန်တာတွေ နားလည်ပေးရမှာပေါ့။


❤❤


တစ်သက်နဲ့တစ်ကိုယ် ဒီလို အရှက် မကွဲရဖူးတာကြောင့် အစည်းအဝေး ချက်ချင်း ဖျက်သိမ်းလိုက်ပြီး အိမ်ကို ဒေါနဲ့မောနဲ့ ရောက်ချလာသည်။


"ကြီးပို သူ ဘယ်မှာလဲ ''


"ဟင် ပျိုကို ပြောတာလား အပေါ်မှာပဲ ရှိတယ်''


"တောက်စ်..တွေ့မယ် ''


"ဟဲ့ မောင်ခွင်း စိတ်လိုက်မာန်ပါ မလုပ်နဲ့နော် အော် ဒီကလေးတွေ ရန်ဖြစ်ကြပြန်ပြီလားကွယ်''


ကြီးပိုက အော်ပြီး အောက်ထပ်တွင် ကျန်ရစ်ခဲ့သည်။ ခွင်းကတော့ တံခါးကို ဆောင့်ကန်၍ ဝင်လိုက်​တော့ ပျိုက အခုမှ ရေချိုးပြီး ထွက်လာသလို bath towelလေး ပတ်ထားပြီး စိုနေတဲ့ ဆံပင်လေးကို သုတ်နေလေသည်။


ဒီလို အရိုင်းဆန်ပုံစံလေးကို ခွင်း အကြည့်မလွှဲနိုင် ဖြစ်သွားရပြီး တဖန် အလုပ်မှာအရှက်ကွဲထားတာကြောင့် ဒေါသစိတ်က တဖန်ပြန်ထလာကာ အချီကြီး ပြောချပစ်မယ်လို့ မောင်းတင်ပြီး 


"မင်း ဘာလုပ်လိုက်သလဲ သိလား ''


ခွင်း ဒေါသတကြီး အော်ပြောတော့ ပျိုက မထုံတတ်တေးပုံစံနဲ့ အရှေ့ကို ဖြည်းဖြည်းချင်း လျှောက်လာ၍ လက်သည်းထိတ်လေးဖြင့် ခွင်းရင်ဘတ်ကို ပွတ်သီးပွတ်သပ်လုပ်ကာ


"ဘာလဲ မကြိုက်လို့လားဟင်''


အား ဒီကလေးမ ဘာလုပ်တာလဲ လူကို မြူဆွယ်နေတာလားကွာ..။


နားရွက်လေးထဲ လေလေးမှုတ်၍ ပြောလာတော့ တင်းထားသမျှ အရည်ပျော်ကျသူကတော့ ခွင်းပါ။ 


ချက်ချင်း သေးသွယ်ကျဥ်းမြောင်းတဲ့ ခါးလေးကို လက်နှစ်ဘက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ပြီး ရင်ချင်းအပ်ကာ


"ဘယ်က အတတ်ကောင်းတွေ တတ်လာတာလဲ ဟမ်း လူကို မြူဆွယ်တတ်နေပြီပေါ့''


"နိုးပါ ကိုယ့်ယောကျာ်းကို ဆွဲဆောင်တာ မြူဆွယ်တာလို့ မခေါ်ပါဘူး ဦး နော် ''


ညုတုတုစကားလေးအကြား ခွင်း ကျေနပ်သလို ပြုံးလိုက်ပြီး


"ကျားကို မစသင့်ဘူးနော် ကလေးမ''


"ဟင့် ယုံဘူး''


ဒီကလေးမနဲ့တော့ ခွင်း ရူးချင်သွားသည်။ ဒီနေ့ကျမှ ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ။ လူကို ချစ်ဖို့ကောင်းအောင် နှုတ်ခမ်းလုံးလေးကို ဆူထော်ပြနေသည်။ ဒီလူကလည်း ဒီနှုတ်ခမ်းတွေဆို အရူးအမူး စွဲမက် နေသူဆိုတော့ ခက်ပြီလေ။


နှာဖျားချင်း ထိလုမတတ်ဖြစ်နေပြီး အရောင်တမျိုးပြောင်းလာတဲ့ ခွင်းရဲ့ မျက်ဝန်းတွေကို ပျိုက သတိထားမိလို့ တူပါရဲ့။ ပါးအို့လေးက နီမြန်းလာသည်။ သူမ ကိုယ်တိုင် စတဲ့ ဇာတ်လမ်းကို အဆုံးထိမရောက်ခင် သူမပဲ ပြန်ရှက်နေလေသည်။ ဦးခွင်း သူများနောက်မပါအောင် လုပ်ချင်တာကသက်သက်။ ဒီလို မျက်နှာချင်းဆိုင် ညုတုတု စကားတွေနဲ့ တစ်ယောက် ဝင်သက်ကို တစ်ယောက်က ခံစားမိတဲ့ချိန်ရောက်တော့ ပျို ရှက်အားပိုလာသည်။


ရှက်တတ်တဲ့စိတ်က ပိုအားကြီးလာတော့ နောက်ဆုတ်ချင်လာတာကြောင့် အနောက်သို့ ဖြည်းဖြည်းချင်း ဆုတ်လိုက်ရာ ပျိုခါးပေါ် ရောက်နေတဲ့ ဦးလက်တွေက တင်းကြပ်သွားပြီး ပျိုကိုယ်လုံးပေါ် အုပ်မိုးကျလာတဲ့ ကိုယ်လုံးကြီးကြောင့် ရုန်းထွက်နေတဲ့ ပျိုခမျာ အချိန်နှောင်းသွားခဲ့ရသည်။ 


"ပြွတ်စ် ဦး.. ဟင့်အင်းလို့..''


ထိုနှုတ်ခမ်းလုံးလုံးလေးက အနမ်းဆိုတဲ့ဗိမ္မာန်ကြီးကို အစပျိုးသော လောင်စာဆီလေးပမာ။ ဦး ဆိုတဲ့နာမ်စားလေးတခွန်း ထွက်လာရင် ဝုန်းဒိုင်းကြဲချင်သော စိတ်ကို မနည်းထိန်းထားရသည်။ 


ခွင်း လုပ်နေကျအတိုင်း နှုတ်ခမ်းဖူးဖူးကို ယောင်ရမ်းသွားတဲ့အထိ ကိုက်ချလိုက်တော့ သွေးလေးစို့လာပြန်သည်။ ထိုသွေး​လေးများကို ခွင်းပဲ ကိုယ်တိုင် ပြန်သောက်သုံးပြီး လျှာနုနုလေးတွေက စိန်ပြေးတမ်း​ဆော့နေသလား မှတ်ရသည်။ 


မရပ်မနားနမ်းလာတာကြောင့် အသက်ရှုနှုန်းတို့ ခက်ခဲလာမှ ခေတ္တရပ်နားပေးချိန် အသက်ကို အလူးအလဲ ရှုနေပြီး ခွင်းကို မဝံမရဲလေး ကြည့်လာကာ


"နာသွားပြီ''


ခွင်း​ကြောင့် ပေါက်ပြဲသွားတဲ့ နှုတ်ခမ်းကို ထိကိုင်ကာ ဆိုလာတော့ ခွင်းမှာ အသည်းတယားယားနဲ့ နူးညံ့အိစက်နေသော နှုတ်ခမ်းလွှာလေးကို တို့ထိကာ


"အင်း ယောင်နေပြီ ဥုံဖွ ပြန်လုပ်ပေးမယ် လာခဲ့''


ပျိုတစ်ကိုယ်လုံးကို ပွေ့ချီကာ ကုတင်ပေါ် ပစ်တင်၍ စိတ်ရှိတိုင်းသာ ကြမ်းရမ်းနေပါတော့သည်။ အိမ်ကို ဒေါသတကြီး ရောက်လာပြီး မုန်တိုင်းတွေ ဝင်မယ်လို့ ထင်ခဲ့တာ ဝင်တာက မုန်တိုင်းတော့ မုန်တိုင်းပါပဲ ဒါပေမဲ့... 😁


❤❤


"ပန်ပန် အခုထိ ဒယ်ဒီ့ကို စိတ်ဆိုးတုန်းလား သမီး ''


"သမီးပြောလည်း ဒယ်ဒီ လက်ခံတာမှ မဟုတ်တာ ''


ပန်ထွာတေးက ဆူပုတ်ပုတ်လေး ပြောလာပြီး နှုတ်ခမ်းလေးက စူပုတ်နေသည်။ ရင်ခွင်းမြှား ပန်ထွာတေး ခေါင်းလုံးလုံးလေးကို ပွတ်သပ်ပေး၍


"ဒယ်ဒီဘဝမှာ သမီးနဲ့သားပဲ ရှိတာပါ၊ သမီးနဲ့ သားကို ဒယ်ဒီက အချစ်ဆုံးပဲ၊ ငါ့သမီးက စိတ်မကောင်းမဖြစ်နဲ့''


"ဟင့် ဒယ်ဒီ မိန်းမယူချင်ယူ ဟိုအန်တီခါးသက်ကိုပဲ ယူရင်တောင် သမီးက လက်ခံအုံးမှာ အခုက..''


"ကဲပါ မျက်နှာ ဆူပုတ်မနေနဲ့ ပထမဆုံး ကျောင်းဖွင့်ရက်ပဲ၊ ပျော်ပျော် နေကြပေါ့''


ခွင်း ပန်ထွာတေးကို အခုမှ အချိန်ရတုန်း ချော့ဖြစ်သည်။ ပျိုယုသဒ္ဒါ အိမ်စရောက်ကတည်းက ပန်ပန်က သူ့ကို စိတ်ဆိုးနေခဲ့တာလေ။


ထိုစဉ် အိမ်ရှေ့ ကားသစ်လေးတစီးက နားလိုက်ချိန် ပန်ထွာတေး မျက်လုံးတွေ ဝင့်ခနဲ ဖြစ်သွားသည်။ ကျောင်းအတူတူ သွားဖို့ လာခေါ်မယ်လို့ ဆည်းဆာက ကတိပေးထားတာမလား။


"ဟင် ဆည်းဆာ လာပြီ''


"ပန်ပန်က ဒယ်ဒီနဲ့ လိုက်မှာမဟုတ်ဘူးလား''


"မလိုက်ဘူး ဆည်းဆာနဲ့ သွားမှာ  ဟိုမိန်းမနဲ့ ကားအတူတူ မစီးချင်ဘူး ဒယ်ဒီနော် သူ့ကို ပန်နဲ့ တကျောင်းတည်း အတူတူ တက်ခိုင်းတာတောင် လွန်လှပြီ ဟွန်း ''


ဆည်းဆာက ကားထဲက ထွက်လာ၍ ပန်ထွာတေးကို လာခေါ်ချိန် အန်ကယ်လည်း ရှိနေတာကြောင့် ခေါင်းငုံ့အရိုအသေပေးလိုက်ပြီး


"အန်ကယ် မင်္ဂလာပါ''


"အင်း ကျောင်းကို ကားနဲ့ တက်မှာလား ဆည်းဆာ ၊ ကိုဘုန်းမြတ်တို့က ကားဝယ်ပေးလိုက်ပြီလား''


"ဟုတ်တယ် အန်ကယ် ကျွန်တော် အမှတ်​ကောင်းလို့  ဆုချတာတဲ့''


"ဟုတ်လား ကောင်းပါတယ် လူငယ်တွေ ကြိုးစားချင်စိတ် ရှိတာပေါ့၊ ကားလည်း ဖြည်းဖြည်း မောင်းအုံး၊ အပျော်ကနေ အပျက် မဖြစ်စေနဲ့ ''


"ဟုတ်ကဲ့ အန်ကယ် ''


ဆည်းဆာ ခွင်းကို ဖြေနေပေမယ့် မျက်လုံးတွေက အိမ်ထဲ ဝေ့ဝိုက်ရှာနေမိသည်။ တွေ့လို့တွေ့ငြားပေါ့..


"လာ ဆည်းဆာ သွားကြမယ် ''


ပန်ထွာတေးက ဆည်းဆာ လက်ကို ကောက်ဆွဲ၍ ထလိုက်တော့ ဆည်းဆာက ယောင်ယောင်အအလေး ပါသွားသည်။ အော် ဖအေတစ်ယောက်အရှေ့မှာတောင် မိပန်တို့ကလေ ထိန်းထိန်းသိမ်းသိမ်း နေမယ် မရှိဘူး.. ။


"ဦး ပျို ပြီးပြီ''


"အင်း ''


ကျောင်းတက်ရတော့မှာ ဆိုတော့ ပျိုအတွက် လိုအပ်တဲ့အသုံးအဆောင် ပစ္စည်းတွေ မနေ့က အားလုံး ဝယ်ပေးပြီးပြီ။ ပျိုက ပြင်ထားဆင်ထားတော့လည်း မြို့သူပုံလေး ထွက်လာတာပါပဲ။ 


မြန်မာရင်ဖုံးလေးက ပျိုခန္ဓာကိုယ်နဲ့ ကွက်တိ ချုပ်ထားတော့ သူမရဲ့ ကိုယ်လုံးအလှက ပိုပြီး ထင်ပေါ်နေသည်။ ကျစ် ဒီလိုပုံနဲ့လည်း လှနေတော့တာပဲ။ ခွင်းတို့များ မိန်းမငယ်ငယ်ချောချောလေး ယူထားပြီး စိတ်မချဖြစ်ရပြီ။


''ပျို''


''ရှင့် ဦး ''


''ကျောင်းမှာ မိန်းကလေးသူငယ်ချင်းပဲ ရွေးထား၊ ယောကျာ်းလေးတွေ စကားလာ​ပြောရင် အကပ်မခံနဲ့ ကြားလား ''


မနေနိုင်တဲ့ ခွင်းကပဲ ပျိုကို သတိပေးပြောရတော့ ပြုံးစိစိနဲ့ လူကို ကြည့်လာကာ


''ဘာလဲ ဦးက သဝန်တိုတယ်ပေါ့''


''ကျစ် ဘာ..ဘာကို သဝန်တိုရမှာလဲ မဟုတ်တာတွေ၊ ငါ ပြောတာ နားထောင်စမ်းပါ''


''ဟုတ်ကဲ့ပါ ''


သဝန်တိုရင် သဝန်တိုပါတယ်ပေါ့ ဝန်ခံရမှာ အပန်းကြီးတာလည်း မဟုတ်..။


❤❤


''ပန်ပန် လာပြီလား ငါတို့က နင့်ကို တွေ့ချင်နေတာ Social တွေ မသုံးတော့ နင်နဲ့ ငါတို့က အဆက်အသွယ် ပြတ်နေသလိုပဲ''


''မဟုတ်ပါဘူး ငါ မသုံးချင်လို့ ခဏနားထားတာ''


မြတ်နိုးနဲ့သူ့သူငယ်ချင်း လေးငါးယောက်က ပန်ထွာတေးဆီ လာပြီး သတင်းမေးသလိုလို ဘာလိုလိုနဲ့ လာပြောနေပေမယ့် ငယ်ကတည်းက ပန်ထွာတေးနဲ့ မြတ်နိုး ဆိုတာ ဘယ်တော့မှ မတည့်မှန်း ဆည်းဆာ သိသည်။ အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် ပြိုင်ဆိုင်နေကြတော့ သူတို့နှစ်ယောက် ထိတ်တိုက်တွေ့တာ ကောင်းတဲ့ လက္ခဏာ မဟုတ်မှန်း သဘောပေါက်တော့ ဆည်းဆာ ခေါင်းကျိန်းနေရသည်။ ဘယ်အချိန် ထရန်ဖြစ်မလဲမသိ။


''ဟုတ်လို့လား ငါတို့ သတင်းရတာက နင့်အဖေ နောက်မိန်းမ ယူလိုက်လို့ဆို၊ ကျွတ် ကျွတ် သနားလိုက်တာ ယူလိုက်တဲ့ မိန်းမကလည်း နင့်အရွယ်လေးဆို၊ ပန်ထွာတေးရယ် နင် ဘယ်လိုများ တောင့်ခံနိုင်တာလည်း မသိဘူးနော်၊ ငါသာ နင့်နေရာမှာဆိုရင် ရှက်လွန်းလို့ အိမ်အပြင်တောင် ထွက်ရဲမှာ မဟုတ်ဘူး သိလား ''


''ငါ့အဖေ နောက်မိန်းမယူတာ ဘာဖြစ်လဲ သူများမိန်းမ ကြောင်တောင်နိုက်တာလည်း မဟုတ်ဘူး၊ သူများတွေဆို ငါ့အဖေက တော်ကောက်ခံရအောင် အမျိုးမျိုး ကြိုးစားနေရတာ အဟက် သိတယ်မလား အဟက် ''


ပန်ထွာတေး မချိုမချဥ်လေး ပြန်ပြောတော့ မြတ်နိုး မျက်နှာပျက်သွားတဲ့ အမူအရာကို ထိန်းမနိုင်တော့။


''အဟင်း ကောင်းပါတယ် နင်နဲ့ အဖော်ရတာပေါ့ ကဲပါ ငါ သွားတော့မယ် အော် ဆည်းဆာ နောက်တပတ်ဆို မြတ်နိုး မွေးနေ့ရောက်တော့မယ် ဆည်းဆာ လာဖြစ်အောင် လာရမယ်နော်''


''အော် အင်း ''


မြတ်နိုးက မျက်လုံးတွေရွှန်းလဲ့နေသော မျက်ဝန်းလေးတွေ ပြောပြီး ထွက်သွားလေသည်။ ပန်ထွာတေး မြတ်နိုးဘာအကွက်ကို ရွေ့ချင်နေလဲ ဆိုတာ သိတော့ နံဘေးက ဆည်းဆာကိုပဲ အမြင်ကပ်ကပ်နဲ့ ကောက်ထုပစ်လိုက်သည်။


''ကဲဟယ် ကဲဟယ် ဘုန်း..ဘုန်း...''


''ဟာ ပန်ပန် နင်ငါ့ကို ဘာလို့ ရိုက်တာလဲ''


''နင် ဘာလို့ မြတ်နိုး ပြောတာ လက်ခံလဲ''


''ဟာ သူက တကူးတက ဖိတ်တာလေ ငါ ငြင်းလို့ ဘယ်ကောင်းမလဲဟ''


''နင်ကိုယ်တိုင်က သူ့မွေးနေ့ သွားချင်နေတာ အသိအသာကြီး အဟင်း ငါတော့ တခါတည်း ပြောထားမယ်နော် သူ့​မွေးနေ့ကို နင် သွားတယ်လို့ ငါသိလို့ကတော့ နင့်ကို တသက်လုံး မခေါ်တော့ဘူး ဒါပဲ ''


''ဟာ.. ''


ပန်ထွာတေး ဆည်းဆာကို အပြတ်ပြော၍ ဒေါနဲ့မောနဲ့ ထွက်သွားလေသည်။ ကျောင်းစတက်တဲ့ ပထမဆုံးရက်မှာတောင် ဒယ်ဒီကောင်းမှုနဲ့ မြတ်နိုးဆီက သနားသလို သရော်သလို အကြည့်တွေ အပြောတွေ ခံရသည်။ ကျစ် စိတ်ပျက်ဖို့ကောင်းလိုက်တာ...


❤❤


ဆက်ရန် 

Mone Pann Myau(Shin Hlwan Mal)


#ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်



rate now: