book

Index 7

(Part 7)

ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်


ငိုရင်းရှိုက်ရင်း အိပ်ပျော်သွားပြီး တရေးနိုးတော့ ပျိုယုသဒ္ဒါ နံဘေးက လွတ်နေတဲ့ အိပ်ရာလေးကို ကြည့်ပြီး ဝမ်းနည်းရပြန်သည်။ ဦးခွင်းက ညက ပြန်မလာဘူးနဲ့ တူပါတယ်။ 


ပျိုယုသဒ္ဒါ မို့အစ်နေတဲ့ မျက်နှာကိုသစ်ပြီး အောက်ထပ် ကြီးပိုအား လုပ်ကူရန် ဆင်းလာခဲ့သည်။ အစက ကြီးပိုနဲ့ သိပ်မရင်းနှီးသေးတော့ မီးဖိုခန်းထဲ ဝင်မရဲ။ အခန်းကြီးပဲ အောင်းနေရသည်။ အခုတော့ ကြီးပိုနဲ့ နည်းနည်းပါးပါး ရင်းနှီးကျွမ်းဝင်လာပြီ ဆိုတော့ ကြီးပို လိုအပ်တာလေးတွေ နံဘေးက ဝိုင်းကူလုပ်ပေးသည်။


တီ တီ


ဟင် ကားသံကြားတယ် ဦးခွင်း ပြန်လာပြီနေမှာ.. ပျိုကို ဦးခွင်း ဒေါသထွက်နေတာတွေပါ မေ့ပြီး အိမ်အရှေ့ အပြေးထွက်လာခဲ့လိုက်သည်။ ဦးခွင်းပုံစံက ကြယ်သီးတောင် အနိုင်နိုင်မတက်ဘဲ ကုတ်အင်္ကျီကို ဖြစ်သလို ပခုံးပေါ် လွှဲတင်ထားသည်။ ပြီးတော့ ပျို မျက်လုံးတွေ ဝိုင်းခနဲ ဖြစ်သွားစေတဲ့ တရားခံက ဦးခွင်းနဲ့အတူတူ ပါလာတဲ့ လူနှစ်ယောက်ကြောင့်ပင်။ ဦးအသက်ရွယ်လောက် ရှိတဲ့ လူက ဦးကားကို မောင်းလာပြီး မိန်းမလှလှလေးက ဦးကို တွဲပြီး ဆင်းလာသည်။ ဒီမိန်းမက ဦးနဲ့ ဘယ်လို ပတ်သက်တာပါလိမ့်။


''ခွင်း အဲ့ဒါကြောင့် ပြောတာ မင်းကို ဇွတ်မသောက်ပါနဲ့လို့''


''ရတု နင်ကလည်း ခွင်းက အဲ့လောက်ထိ သောက်တာ မဟုတ်ပဲနဲ့''


ခါးသက်ချို ဆိုတဲ့ အမျိုးသမီးက ဦးခွင်းခါးကို ဖက်ထားပြီး အိမ်ထဲ ဝင်ပို့မလို့ လုပ်တော့ ပျိုလည်း ရှိသမျှ သတ္တိတွေ ညစ်ထုတ်ပြီး ထိုအမျိုးသမီးနဲ့ ဦးအရှေ့ သွားရပ်လိုက်၍


''ဟို ပျိုပဲ ဦးကို ခေါ်သွားလိုက်မယ်နော်''


''ဟင်..''


မဝံ့မရဲလေး ခပ်တိုးတိုးလေး ဆိုလာတဲ့ ပျိုကို အားလုံး အကြည့်က ဒိုင်းခနဲ ရောက်လာသည်။ အဆိုးဆုံးက မှုန်ကုတ်ကုတ် ကြည့်နေတဲ့ ဦးရဲ့ အကြည့်တွေပင်။


''ခါး အဲ့ဒါ ခွင်းရဲ့ ဇနီးလေ ငါတို့ ဒီအထိပဲ ပို့ကြတာပေါ့၊ သူ့မိန်းမ လက်ထဲ ထည့်လိုက်တော့''


''ဒါပေမယ့်.. ''


''ခါးရယ် နင် ဘာမှမစိုးရိမ်နဲ့ သူ့မိန်းမ တစ်ယောက်လုံး ရှိတယ် လာတော့''


ရတုပိုင် အတင်းပြောတော့မှ ခါးသက်ချိုက ပျိုလက်ထဲ ခွင်းကို မထည့်ချင်ထည့်ချင် ထည့်လာသည်။ ဦးခွင်းရဲ့ ခန္ဓာကိုယ်ကြီးကို ပျို မနိုင်မနင်း သယ်လာပြီး အပေါ်ခေါ်လာခဲ့သည်။ 


အခန်းထဲရောက်တော့ ဦးခွင်းကို ဆိုဖာပေါ် ခဏထိုင်ခိုင်းပြီး အောက်ထပ် ပြန်ပြေးရသည်။ ဦးအတွက် သံပုရာသီးကို လှီးကာ အရည်ညစ်၍ သကြားနည်းနည်းဖြင့် ဖျော်ကာ အပေါ်သို့ ပြေးရပြန်သည်။


''ဦး သောက်လိုက်နော် ''


ပျိုက သံပုရာခွက်ကို ဦးခွင်းထံ ကမ်းပေးလိုက်တော့ မယူသေးဘဲ ပျိုကို မကြည်သလို ကြည့်လာပေမယ့် လက်ကတော့ ယူပြီး သောက်နေတာကြောင့် ကျေနပ်ရပါသည်။


ပြီးနောက် နားထင်ကို နာနာဖိကာ မျက်ခုံးတွေ ရှုံ​တွန့်နေတာကြောင့် 


''ဦး အိပ်ရာပေါ် လှဲလိုက်ပါလား''


ဦးခွင်း ပြန်ရောက်ကတည်းက ပျိုကသာ တစ်ခွန်းပြီးတစ်ခွန်း ပြောနေပေမယ့် ဦးက ယောင်လို့တောင် တခွန်းတလေမှ မဟလာသေး။ ကြည့်ရတာ မနေ့က ကိစ္စကို မကျေနပ်သေးပုံရသည်။


ဦးခွင်း ထလို့အဆင်ပြေအောင် ပျို တွဲကူပြီး ကုတင်ပေါ် လှဲအိပ်စေသည်။ ပျိုလည်း ဦးခြေတောက်က ခြေအိတ်တွေ ချွတ်ပေးပြီး ရေနွေးလေးတွေ ဖြည့်ထားသော ဇလုံထဲ ခြေတောက်တွေထည့်ကာ ဆေးပေးသည်။ ပြီးတော့ လက်သေချာဆေးပြီးမှ ကုတင်ပေါ် ဦးနံဘေးကပ်လိုက်ပြီး တွန့်ချိုးနေသော မျက်ခုံးတန်းလေးကို လက်ဖြင့် အသာလေး နှိပ်ပေးလိုက်တော့ ဦးခွင်းက မှိတ်ထားသော မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာ၍ ပျိုကို စိုက်ကြည့်လာသည်။


''ဟို မကြိုက်လို့လားဟင်.. အဲ့ဆို ပျို မလုပ်ပေးတော့ဘူးနော်''


ပျို အဆူခံရမှာ စိုးတာကြောင့် အလိုက်တသိ ထမလိုပြင်တော့ ဦးက လက်မောင်းကြီးနဲ့ ပျိုကို သိမ်းကြုံးဖက်လိုက်ရာ ဦးရင်ခွင်ပေါ် ပျိုပါးလေး အပ်လျက်သား ဖြစ်သွားသည်။


''အင့် ဦး.. ''


''ငြိမ်ငြိမ်နေ ''


''ဟင်..''


ဦးနဲ့ အခုလို နီးနီးကပ်ကပ် မနေဖူးတာမို့ ပျို မနေတတ်လေး ဖြစ်ရသည်။ အခုက ဦးကိုယ်ပေါ်မှာ ပျိုက ဖားပျံလေးလို ကားယားကြီး ဖြစ်နေတာမလား။


''လိမ်လိမ်မာမာ နေစမ်းပါကွာ မဆိုးစမ်းနဲ့''


ဦးက ခပ်တိုးတိုးလေး ပြောလာပြီး ပျို မေးဖျားလေးကို မော့ယူပြီး မျက်နှာချင်းဆိုင်စေ၍


''ဦး.. ''


ခွင်းက ပျို ပါးလေးကို ဖျစ်ညစ်ထားတော့ ဆူထွက်နေတဲ့ နှုတ်ခမ်းလုံးလုံးလေးက ခွင်းကို စိန်ခေါ်နေသယောင်။


မနေနိုင်တော့ဘဲ ပန်းဆီရောင်နှုတ်ခမ်းလေးကို အငြိုးတကြီး စုတ်ယူနမ်းရှိုက်ပြစ်လိုက်သည်။ အသက်တောင်ပေးမရှုပဲ နမ်းနေတော့ ပျိုရဲ့ လက်လေးတွေက ခွင်းရင်ဘတ်ကို မထုရဲထုရဲ ထုလာသည်။ 


''အွန့်💋💋...''


''ဘယ်လိုဖြစ်လို့ အတင်းရုန်းနေတာလဲ ဇိမ်နဲ့ ငြိမ်ခံစမ်းပါ''


''ဦးကလည်း ပျို အသက်ရှုကြပ်လို့ပါ ဟို ဦးက ပျိုကို စိတ်ဆိုးပြေပြီလားဟင်''


ရင်ခွင်ထဲက မော့ကြည့်၍ မေးလာတော့ ခွင်း ခပ်ယဲ့ယဲ့လေး ပြုံး၍


''မင်းသာ လိမ္မာစမ်းပါ ''


''ပျို ဘာမှမလုပ်ဘူးလေ''


''ငါက အမြင်မတော်လို့ ပြောတာ နောက်ဆို မင်း ဆင်ခြင်ပေါ့''


''ဟုတ်''


''ဒါဆို ပြန်ဆက်လို့ ရပြီလား ''


''ဟင်.. ''


ခွင်းက ခပ်တည်တည် ဆိုလာတော့ ပျို ကြောင်အအလေး မျက်ဆံထောင့်ကပ်ပြီး ခေတ္တစဥ်းစားပြီးမှ အတွေးပေါက်လာသလို ပါးပြင်လေးက နီရဲလာသည်။


''ပြော ပြန်ဆက်လို့ ရပြီလား ''


''ဦးခွင်းနော်..''


''သိပ်မဆိုးစမ်းနဲ့ ကလေးမ သမာဓိနဲ့ မင်းနဲ့ တွေ့ရင် အရမ်းယိုင်ချင်တာ''


''အင့်.. ဦး ပြွတ်စ်💋.. ''


နှုတ်ခမ်းလုံးလုံးလေးကို အသည်းယာကာ ကိုက်ဖောက်လိုက်တော့ သွေးလေးစို့လာသည်။


''မလုပ်နဲ့လို့ နာတယ်.. ''


''အသည်းယားလို့လေကွာ ''


လူက အရှိန်ကောင်းကောင်းနဲ့ နမ်းနေတာကို ရုန်းကန်နေတော့ ခွင်းရဲ့ စိတ်မရှည်မှုတို့က ဇာတိပြလာသည်။ အစက နမ်းရုံလေးပဲ ဆိုပေမယ့် ဒီနှုတ်ခမ်းတွေနဲ့ ထိတွေ့မိတိုင်း အနက်ရှိုင်းဆုံးထိ ဇွတ်တိုးဝင်ချင်သည့် စိတ်က တားမရဆီးမရ။


''ငြိမ်ငြိမ်နေ ထပ်ရုန်းရင် သွေးထွက်အောင် ကိုက်ပြစ်မယ် ဘာမှတ်နေ..''


ဒီတခါ ခွင်းရဲ့ ခြိမ်း​ခြောက်မှုက အရာထင်သွားသလို ပျိုက ငြိမ်သက်သွားလေသည်။ ထိုတော့မှ ခွင်းက ကျေနပ်သလို နှုတ်ခမ်းကြီးပြုံးဖြဲလာကာ စိတ်တိုင်းကျသာ နမ်းရှိုက်ပြစ်လိုက်တော့သည်။


မြင်ချင်တယ် ဒီနှုတ်ခမ်းဖူးဖူးလေးဆီက သွေးလေးတွေစို့လာမှာကို...💋


❤❤


"ကြီးပို ဟိုလေ ပျို မေးစရာလေးရှိလို့ ''


"ဟင် ဘာမေးမို့လဲ ပြောလေ ''


"ဟိုလေ ဦးခွင်းရဲ့ အရင်မိန်းမအကြောင်း..''


ပျိုယုသဒ္ဒါ သိချင်လွန်းလို့ ကြီးပိုအား မနေနိုင်မထိုင်နိုင် မေးမိသည်။ ဟုတ်တယ်လေ ရောက်ကတည်းက ဦးခွင်းမိန်းမအကြောင်း ဘာတစ်ခုမှ ပျို မသိရသေး။


"အင်း ဆုံးသွားပြီလို့ပဲ မှတ်ထားလိုက်လေ ဘာအကြောင်းမှ ထွေထွေထူးထူး မရှိပါဘူး''


"ဟင် ပျိုကို ပြောပြလို့ မရလို့လားဟင် ''


"မဟုတ်ပါဘူး သမီး သိချင်ရင် မောင်ခွင်းကို မေးလေ၊ သူ ပြောပြပါလိမ့်မယ်''


"ပျိုမှ မမေးရဲတာ''


ကြီးပိုက ပျိုကို ပြုံးပြုံးလေး ကြည့်လာ၍


"သမီး သိချင်တယ်ဆိုရင်တော့ ကြီးပို တစ်ခု ပြောပြမယ် ''


"ဟင် ဘာလဲ ကြီးပို ''


"ပန်ထွာတေးနဲ့ နေဝန်းသစ်က အမေမတူကြဘူး''


"ရှင့်! ..''


ကြီးပို စကားတွေက ပျိုကို အံ့ဩတကြီး ဖြစ်စေသည်။ အမေ မတူကြဘူး ဆိုတော့ ဦးက..


"ဘာလဲ မောင်ခွင်းမှာ မိန်းမ အများကြီး ရှိတယ် ထင်လို့လား အဟက် သမီး နောက်တော့ သိရမှာပါ ကဲ ကြီးပို ဘုရားကန်တော့ချိန် ရောက်ပြီ သွားလိုက်အုံးမယ် ''


"ဟုတ်.. ''


ကြီးပိုက ထွက်သွားပြီးသည့်တိုင် ပျို ဒီနေရာလေးမှာ ရပ်ကျန်ခဲ့သည်။ အတွေးပေါင်းများစွာက ပျို ခေါင်းထဲ အလိုလိုဝင်လာသည်။ ဦးကို မမေးရဲလို့ ကြီးပိုကို လာမေးပါတယ်ဆိုမှ ကြီးပိုက မရှင်းတရှင်း ပြောသွားသေးသည်။


❤❤


မနေ့က ဦးကို လာပို့တဲ့ မိန်းမနာမည်က ခါးသက်ချိုလို့ ပျို သိထားသည်။ ဦးသူငယ်ချင်းက ပျိုအရှေ့မှာ ထိုအမျိုးသမီးနာမည် ခေါ်ခဲ့တာကိုး။ ဦးကို ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံပြီး ဦးကလည်း ဘာမှမပြောဘဲ လွှတ်ထားကတည်းက ဒီအမျိုးသမီးနဲ့ ဦးရဲ့ ဆက်ဆံရေးကို ပျို အနည်းငယ် သဘောပေါက်ပါသည်။ ပျို ဆိုတာ ဦးနဲ့ မထင်မှတ်ဘဲ လက်ထပ်လိုက်ရတာလေ ရွေးချယ်ခွင့်သာရှိရင် ဦးက သေချာပေါက် ပျိုကို ရွေးမှာ မဟုတ်ပေ။


မိန်းမတို့ရဲ့ သဘာဝအရင်းခံ သဝန်တိုစိတ်က လှိုက်တက်လာရာ ပျို ဦးခွင်းကို မဆုံးရှုံးဖို့ လုပ်သင့်တာတော့ လုပ်ရမည်မလား။ ပြီးတော့ ကြီးပို မေးကြည့်တာ ဦးခွင်း လုပ်နေတဲ့ ဆန်စက်ရုံ မှာ ခါးသက်ချိုက ရှယ်ယာဝင်ထားတာ ဆိုလားပဲ။ နေ့တိုင်း အလုပ်မှာ ဦးခွင်းနဲ့ ခါးသက်ချို ရင်းရင်းနှီးနှီး ဆက်ဆံပြောဆိုနေမှာ ပျို တွေးမိရုံနဲ့ လူက ရူးချင်လာသည်။


ပျို ပထမဆုံး တခါမှ နှုတ်ခမ်းနီ မဆိုးဖူးတဲ့ နှုတ်ခမ်းလေးကို နီရဲရဲနှုတ်ခမ်းနီ ကောက်ဆိုးလိုက်ပြီး အလုပ်သွားဖို့ ပြင်ဆင်နေတဲ့ ဦးအနားသို့ တိုးကပ်သွားသည်။


"ဦး ပျို ပြင်ပေးမယ် ''


အကျီ ကြယ်သီးလေးတွေ တလုံးချင်း သေချာတပ်ပေးနေတော့ ခွင်းရဲ့ မျက်လုံးတည့်တည့်မှာ ပျိုရဲ့ နဖူးလေး ဖြစ်နေသည်။ ဒီနေ့မှ ထူးထူးဆန်းဆန်း လာကပ်နေတဲ့ ကလေးမကို ခွင်း အံဩ သလို ကြည့်ပြီး နှုတ်ခမ်းဖူးဖူးလေးကလည်း အရောင်ထွက်နေသည်။ သေချာတာက ဒီကလေးမ ထူးဆန်းလွန်းနေတာပင်။


အကျီ ကြယ်သီးများ တပ်ပေးပြီးနောက် မျက်လုံးလေးက အရည်လဲ့နေသလို မြူနေသလို ခွင်းကို တည့်တည့် စိုက်ကြည့်ပြီး တဖြည်းဖြည်း အနားတိုးကပ်လာကာ 


ပြွတ်စ် 💋


"ဟင်.. ''


ရုတ်တရက် အနမ်းခံလိုက်ရသော ပါးတဖက်ကို စမ်းကာ ကြောင်အအလေး ဖြစ်သွားသူကတော့ ခွင်းရယ်ပါ။


"စောစောပြန်ခဲ့''


"ဟင် အင်း.. ''


ရင်ခွင်းမြှား တဒိတ်ဒိတ် ခုန်လာသော နှလုံးခုန်သံတွေကြောင့် ခြေလှမ်းတွေက အယောင်ယောင်အမှားမှား။ ကလေးမဆီက အနမ်းလေးရတာနဲ့ ဒီလောက် ရုပ်ပျက်သွားဖို့ လိုလို့လားကွာ။ ပုံမှန်ဆို ခွင်းပဲ သူမကို ဇွတ်တရွတ်နမ်းနေကျမလား။ အခု သူမဆီက လိုလိုလားလား ပေးလာတဲ့ အနမ်းလေးကြောင့် ခွင်း ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲနေတာ မဆန်းပေ။


အလုပ်အိတ်ကို ကမန်းကတမ်းဆွဲကာ ထွက်သွားတဲ့ ဦးရဲ့ နောက်ကျောကို ကြည့်ပြီး ပျို ကျေနပ်စွာ ပြုံးမိသည်။ ဦး ဘယ်ဘက်ပါးပေါ်မှာ ပျိုရဲ့ နှုတ်ခမ်းနီအရာက ထင်းနေသည်။ 


အဟက် ဒီလောက်ဆို ဦးမှာ သက်ဆိုင်သူရှိမှန်း သဘောပေါက်ကြမှာပါ..❤💋


❤❤


ဆက်ရန်

Mone Pann Myau(Shin Hlwan Mal)


#ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်


😘


rate now: