ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်
''နင့်မှာ ဒီလောက် ယောကျာ်းရှားသလား ဖအေအရွယ်ကိုတောင် ယူရဲတယ်ပေါ့''
ပန်ထွာတေး ဒေါသထွက်လွန်းလို့ လက်တွေတဆတ်ဆတ်တုန်ကာ အော်ဟစ်ပစ်လိုက်သည်။ ရင်ခွင်းမြှားက လှေကားပေါ် ပြေးတက်လာ၍ ပန်ထွာတေးနဲ့ ပျိုယုသဒ္ဒါ အကြား ဝင်ရပ်ကာ
''သမီး အဲ့လို မလုပ်ရဘူးလေ''
''ဟင့်အင်း ဒယ်ဒီ သမီး လုံးဝ လက်မခံပေးနိုင်ဘူးနော်၊ ဒယ်ဒီ မိန်းမလိုချင်ရင်လည်း ဒယ်ဒီနဲ့ အဆင့်တူအတန်းတူ မိန်းမတွေမှ အများကြီးလေ၊ ဒီဘာမဟုတ်တဲ့ သမီးနဲ့ ရွယ်တူ မိန်းကလေးမျိုးကို ဒယ်ဒီ ရှာယူရလား''
ဒယ်ဒီက ပန်ထွာတေးနဲ့ နေဝန်းသစ်အတွက် အရမ်းကို ကောင်းတဲ့ ဖခင်တစ်ယောက်။ အမြဲတမ်း သားသမီးဘက်ကဆို ရှေ့ဆုံးကနေ ရပ်တည်ပေးခဲ့တာ။ ဒယ်ဒီကို အမြဲတမ်း တစ်ယောက်တည်းအနေနဲ့ အတွေ့များရာကနေ အခုလို ဗြုန်းစားကြီး မိန်းမတစ်ယောက်နဲ့ ယှဥ်တွဲမြင်ရတာ ပန်ထွာ လက်မခံနိုင်သေး။
''မဟုတ်ဘူး သမီး ဒယ်ဒီ ရှင်းပြမယ် ဒီကလေးမနဲ့ မထင်မှတ်ဘဲ ယူဖြစ်သွားတာပါ''
''နယ်ဘက်ကို အလုပ်ကိစ္စနဲ့ သွားတာပါဆို ၊ ဒီမိန်းမက ဒယ်ဒီကို ဘာတွေနဲ့ ဖြားယောင်းလိုက်သလဲမှ မသိတာ၊ ဒယ်ဒီ သမီး လက်မခံဘူးနော်၊ ဒီမိန်းမကို ဒီအိမ်မှာလည်း မမြင်ချင်ဘူး၊ ဒယ်ဒီဘေးနားမှာလည်း မမြင်ချင်ဘူး ၊ အခုချက်ချင်း မောင်းထုတ်ပေး''
ပန်ထွာ အရှေ့က ပြူးကြောင်ကြောင်လေး ကြည့်နေသည့် မိန်းမကို မုန်းလွန်းလို့ တစစီ လုပ်ပစ်လိုက်ချင်သည့် စိတ်ကို မနည်းထိန်းထားရသည်။ မျက်လုံးတွေက ဖြူစင်သလိုမျိုး ပုံဖမ်းထားပေမယ့် အဖေအရွယ်လောက် လူကြီးကို ယူထားကတည်းက ဒီမိန်းမ ဘာလိုချင်လဲ ဆိုတာ အသိအသာပင်။ ဒါကို ဒယ်ဒီက မရိပ်မိဘူးတဲ့လား။
''သမီး ပန်ထွာတေး စိတ်ကိုလျှော့မှပေါ့ကွယ်၊ သမီးဒယ်ဒီက အမြဲတမ်း တစ်ယောက်တည်း နေလာတာလေ အထီးကျန်တဲ့အချိန်ဆိုလည်း ရှိမှာပေါ့ ၊ ဆေးပေးမီးယူလေးတော့ ရှိထားသင့်တယ်လေ၊ မောင်ခွင်းက သမီးဒယ်ဒီ ဆိုပေမယ့် အခုမှ အသက်က ၃၆သာသာလေးပဲ ရှိသေးတာလေ၊ အိမ်နံဘေးက ဦးကျော်စွာဆို ၄၅မှ ကောက်ကာငင်ကာ မိန်းမထယူသေးတာပဲ''
ရုန်းရင်းဆန်ခတ် ဖြစ်နေတာကြောင့် အိမ်နောက်ဖေးက ကြီးပိုလည်း မနေသာတော့ဘဲ ပန်ထွာတေးကို နားချရသည်။
''ကြီးပို ဦးကျော်စွာက ၄၅မှ မိန်းမထယူလည်း သူယူတဲ့မိန်းမက ၄၀နီးနီးလေ၊ အသက်က မဆိုစလောက်လေးပဲ ကွာတာ ဘယ်သူက ဘယ်လို ကဲ့ရဲ့ရဲမှာလဲ၊ အခု..ဟင့် ဒယ်ဒီက သမီးအရွယ် မိန်းမကို ယူလာတာလေ၊ ပတ်ဝန်းကျင်က ဘယ်လို ပြောမလဲ၊ သမီး ရှက်တယ် ကြီးပို ''
ပန်ထွာတေး ပျိုယုသဒ္ဒါကို လက်မခံနိုင်ကြောင်း အပြတ်ပြောသည်။ ငွေမက်လို့ ဝင်လုံးတာ အသိအသာကြီးကို..။
''သမီး ဒယ်ဒီ ပြောမယ် ဒီကလေးမနဲ့ ဒယ်ဒီက မထင်မှတ်ဘဲ ညှိစွန်းသွားကြတာ၊ ညှိစွန်းသွားမှတော့ ဒယ်ဒီ တာဝန်ယူပေးရမှာပေါ့၊ ဘာလဲ သမီးက ဒယ်ဒီကို တာဝန်မယူဘဲ ခေါင်းရှောင်တတ်တဲ့လူ ဖြစ်စေချင်တာလား''
''ဟာ ညှိစွန်းသွားအောင်အထိ ဒီမိန်းမက ဒယ်ဒီကို မြူဆွယ်လိုက်တာမလား''
ရင်ခွင်းမြှား ပန်ထွာတေး နားဝင်အောင် ပြောပြနေပေမယ့် ငယ်ကတည်းက တဇွတ်ထိုးဆန်သည့် သမီးက ဘယ်လိုမှ နားမဝင်။
''ဒယ်ဒီ သမီးကို ဟိုးငယ်ငယ်ကတည်းက အရာအားလုံး ဖြည့်ဆည်းပေးပြီး ဖအေတစ်ယောက်ရဲ့ တာဝန်ကျေအောင် အပြည့်အဝ လုပ်ပေးခဲ့ပြီးပြီလေ၊ သမီးဘက်က ဒယ်ဒီကို ဒီတခုလေးပဲ လိုက်လျောပေးလို့ မရဘူးလား''
''ဒယ်ဒီ!..''
ပန်ထွာတေးဘက်က တလှမ်းတောင် မနောက်ဆုတ်ပေးသော်လည်း ဒယ်ဒီက လက်ခံပေးဖို့ အမျိုးမျိုး တောင်းဆိုသည်။ နောက်ဆုံး ပန်ထွာတေးမှာ မိထွေးတစ်ယောက် ရသွားပြီ ဆိုတဲ့ အမှန်တရားပဲ လက်ခံလိုက်ရတော့သည်။
*ဒီမိန်းမကို ဒယ်ဒီနဲ့ မရရအောင် ခွဲမှာ*
❤❤
''မင်း နာနေသေးလား''
အရိုက်ခံလိုက်ရတဲ့ ဘယ်ဘက်ပါးကို ပြောမှန်း ပျို သိလိုက်တာကြောင့် စပ်ဖျဥ်းဖျဥ်း နာကျင်မှုကို ခံစားမိပြီး ခေါင်းကို အတွင်တွင် ခါရမ်းလိုက်သည်။ သဘောက မနာပါဘူးပေါ့။ အားနဲ့ ရိုက်ချလိုက်တာက မနာဘူးလို့ ဖြေရင် ညာနေမှန်း အသိအသာပင်။ ဒါပေမယ့် နာကျင်ကြောင်း မပြချင်ပါဘူး ဒီဒဏ်ရာက ဒီလူရဲ့ သမီးကိုယ်တိုင် ပေးခဲ့တာလေ။
အစက ကြောက်ရွံနေပေမယ့် ဒီလောက်အထိ ကိုယ့်ကို ခါးခါးသီးသီး မလိုလားလိမ့်မယ်လို့ မထင်ခဲ့ရိုးအမှန်ပါ။ ဒီအိမ်မှာ ဦးသမီးနဲ့ ဘယ်လို ရှေ့ဆက်ရမလဲ ပျို စဥ်းစားရင်း ငိုချင်လာသည်။
''နီရဲနေတာပဲ ကြီးပို ခဏအကြာ ကြပ်ထုတ်လာထိုးပေးလိမ့်မယ်''
''ဟုတ် ဟုတ်ကဲ့ ''
''ပန်ထွာက ဒီလိုပဲ မိတဆိုးလေး ဆိုတော့ မင်းကပဲ နားလည်ပေးလိုက်ပါ ၊ ဒီအိမ်မှာ အတူတူ နေပြီး ရန်မဖြစ်ကြဖို့ ငါကပဲ တောင်းဆိုပါရစေ''
ဦးခွင်းက အပြင်ကုတ်ကို ချွတ်ကာ ပျိုကို လှည့်မကြည့်ဘဲ ပြောသည်။ သဘောက ပန်ထွာတေး ဘာလုပ်လုပ် ငြိမ်ခံနေရမယ်လို့ ဆိုပြီး တည့်ပြောရင် ဘာဖြစ်မှာမို့လဲ။
''ဟုတ် ''
ဦးခွင်းက ရေချိုးဖို့ အဝတ်တွေချွတ်ပြီး Bath towelပဲ ပတ်ထားသည်။ ထို့နောက် ဦးက အင်္ကျီအိတ်ထဲက တစ်စုံတခုကို ယူ၍ ပျိုအရှေ့ လာရပ်ကာ
''အင့် အခုသောက်ထားလိုက်''
ဆေးကတ်လိုမျိုး ဟာကို ပျိုလက်ထဲ လာထည့်ပေးတော့
''ဘာဆေးလဲဟင် ဦး ''
''အရေးပေါ်တားဆေး(Emergency Pills) သောက်ထားလိုက် မင်းအသက်က ငယ်သေးတယ် ကလေးမယူနဲ့အုံး၊ ငါလည်း ဒီအချိန် ကလေးမလိုချင်သေးဘူး''
ဦးခွင်းက ဘာကိုမှ အားမနာဘဲ ခပ်ပြတ်ပြတ်ပြော၍ Bathroomထဲ ဝင်သွားလေသည်။ ပျိုကတော့ လက်ထဲက ဆေးကတ်ကို ကိုင်၍ ယောင်နနလေး ကျန်ခဲ့သည်။ ဦး ပြောသွားတာ ဟုတ်တာပဲလေ အခုမှ အသက်ပြည့်ရုံလေးပဲ ရှိသေးတာ ကလေးယူဖို့ အဆင်သင့်မှ မဖြစ်သေးတာ။
ပျို အခန်းထဲက ရေဘူးကို ယူ၍ ဦး ပြောသလို ဆေးကို ချက်ချင်း ဖောက်၍ သောက်ချလိုက်သည်။
❤❤
"အဲ့ဒီ သံလုံးဟာလေ ဘယ်တွေသွားနေမှန်းလဲ မသိဘူး အမြဲ လိုက်ရှာနေရတယ်၊ ခြံထဲမှာ အေးအေးလူလူ ထားပါတယ် ၊ ဒင်းက တောပဲ ပြန်ချင်နေတယ် ဟဲ့ ငသံလုံး ထွက်ခဲ့စမ်း အေး ငါ ခေါ်နေတုန်းက ထွက်လာခဲ့နော် မဟုတ်ရင် ပိုနာမယ်မတ်''
ပျိုယုသဒ္ဒါ မနက်အစောကြီး သံလုံး ရှာပုံတော် ဖွင့်ရသည်။ သံလုံးရုပ်ကသာ မဲတူးချိတ်ပါနေတာ ကြိုက်တာကတော့ တကယ့်အကောင်းစား။ ဟိုဘက်လမ်းက အပျိုကြီးမပုံရဲ့ အလှမွှေးဖြူစင်ကိုမှ ကြိုက်ရှာသတဲ့။ ဒီအိမ်မှာ ၁ပတ်တိတိ နေရတာ ကြာပြီ ဆိုပေမယ့် ပျိုကတော့ ဟိုဘက်လမ်းထိပ်နဲ့ ဒီဘက်လမ်းထိပ်ပဲ သွားတတ်လာတတ်သည်။
ပျို သံလုံးကို မနက်အစောကြီး အစာကျွေးမလို့ လိုက်ရှာတာ ဘယ်နေရာမှာမှ မတွေ့။ တုတ်ကောက်တချောင်းယူ၍ အပျိုကြီးမပုံအိမ်အနား လာခဲ့လိုက်သည်။ ဒင်းက ခြံထဲ ရှိရင်ရှိ မရှိရင် အဲ့ဒီဖြူစင်အနား ဝဲနေတာ။ ဟိုက သူ့ကို မကြိုက်လို့ ပထမဆုံးရက်က မျက်နှာကို လက်သည်းဖြင့် ခြစ်လိုက်လို့ ကြီးပိုမေးပြိီး ဆေးတွေ ရှာဝယ်ထားပြီး လိမ်းပေးရပြီးပြီ။ အခုတခေါက် ဆော်ကြောင်နေပြန်ပါပြီ။
"သံလုံး ''
"ဗျာ..''
ဒေါနဲ့မောနဲ့ ခေါ်လိုက်တဲ့အသံက နည်းနည်း ကျယ်သွားတော့ အနီးအနားက ကောင်လေးတစ်ယောက်က လှမ်းထူးလေသည်။ ခေါ်တာက သံလုံးပါ ထူးတာက လူ ဖြစ်နေသည်။ သူ့နာမည်က သံလုံးမို့လား။
"ရှင့်နာမည်က သံလုံးမို့လား''
"မဟုတ်ဘူး ''
"ဟင် အဲ့ဆို ဘာလဲ ''
"ဆည်းဆာ! ..''
"အော် ကျွန်မ ခေါ်တာက သံလုံးပါ''
"ဟုတ်ပါတယ် ထူးချင်လို့ ထူးတာ''
ဒီလို မြို့ကြီးပြကြီးမှာလည်း ရူးရူးနှမ်းနှမ်းတွေ ရှိနေသေးတာပဲ။ ပျို ခေါင်းလေးခါ၍ သံလုံးကို အော်ရှာပြန်သည်။
"ဘာကို ရှာနေတာလဲ''
"သံလုံး ''
"ခင်ဗျား ညီလား''
"မဟုတ်ဘူး သား''
အရေးထဲ သံလုံးကို ရှာမတွေ့သေးပါဘူးဆိုမှ စပ်စပ်စုစု လာမေးနေတော့ ပျို ပေါက်ကရတွေ ပါးစပ်ထဲ ရှိရာ လျှောက်ဖြေလိုက်သည်။
"အော် အသက်က ငယ်သေးပုံပဲနော် ကလေးတွေဘာတွေနဲ့''
"ကျစ် ကြောင်ကို ပြောတာ ဒီမှာ အလုပ်ရှုပ်နေပါတယ် ဆိုမှ ဘာတွေ လာမေးနေမှန်းလဲ မသိဘူး ''
ပျို ဘုတောတော ပြောနေပုံက ဆည်းဆာ စိတ်ထဲ ချစ်စရာလေးလို မြင်မိသည်။
"ဟုတ်လား အဲ့ဆို ကျွန်တော်လည်း ရှာကူမယ်လေ၊ ခင်ဗျား ကြောင်က ဘယ်လိုပုံလဲ ပြောပြလေ အဖြူလေးလား''
"မဟုတ်ဘူး အမဲ မဲတာမှ တူးပါနေတာပဲ''
"အော် ချစ်စရာကောင်းမှာပဲနော်''
ဆည်းဆာ ရွဲ့ပြောတော့ ပျိုက ပြုံးစိစိနဲ့ ရယ်ချင်သည့် စိတ်ကို မနည်းထိန်းထားရပုံ။
"ခင်ဗျား နာမည် ဘယ်လိုခေါ်လဲ ''
"ငါ့နာမည်လား ပျိုလေ ''
"ဟမ်း အို ဟုတ်လား ''
"ဟာ ဒီနားနဲ့ ဒီနားတောင် တလွဲကြားသေးတယ် ပျို ပျို ငါ့နာမည် ပျိုယုသဒ္ဒါ သိပြီလား ''
ဆည်းဆာ ရှင်းရှင်းလင်းလင်း ကြားပေမဲ့ ဒီကောင်မလေးကို စနောက်ချင်လို့ တမင်ပြောလိုက်တာပင်။
"အော် ပျိုလား ကျွန်တော်က အအိုမှတ်လို့''
"ပေါက်ပေါက်ရှာရှာ အဲ ဟိုမှာ ဟိုမှာ တွေ့ပြီ မြင်လား ဆော်ကြောင်နေတာ အဲ့အကောင်''
ပျိုနဲ့ ဆည်းဆာ စကားပြောရင်း အပျိုကြီးမပုံအိမ်အနား ရောက်လာတော့ ထင်တဲ့အတိုင်း သံလုံး ဆော်ကြောင်နေပါတော့သည်။ ပျို သံလုံးအနား လစ်ခနဲ ရောက်သွားပြီး ဂုတ်ကနေ ဆွဲကာ ခေါင်းကို ၂ချက်ဆင့် တီးထည့်လိုက်သည်။ လူကို ရှာရအောင်လုပ်လို့ ငြိမ်ငြိမ်မနေလို့ ဆော်ပလော်တီးလိုက်တော့ ဒင်းက ကိုယ့်အပြစ်ကိုယ် သိသည့်နှယ် ငြိမ်ခံနေလေသည်။
"မှတ်ပလား လာ ပြန်မယ် အိမ်ကို''
သံလုံးကို တွေ့လည်း တွေ့ရော ဆည်းဆာကို မေ့သွားပြီး ပြန်သွားတော့ ဆည်းဆာမှာ အိမ်လည်း မေးမရပဲ ဒီတိုင်း ကျန်ခဲ့ရစ်ရသည်။
"အိမ်နံပါတ်တောင် မပြောသွားဘူး ဟွန့်''
❤❤
"ကြီးပို ပန်ထွာကို ထမင်းဝင်အောင် ကျွေးလိုက်ပါ ၊ ကျွန်တော် မျက်နှာ မြင်ရင် သူ စိတ်ဆိုးနေပါအုံးမယ်''
အခန်းအပြင်ကနေ ဦးခွင်းက ကြီးပိုကို လှမ်းပြောနေတာ ပျို အတိုင်းသား ကြားနေရသည်။ ဦးရဲ့သမီးက ပျိုကို မကျေနပ်လို့ ထမင်းမစားတာ ၁ပတ်တောင် ရှိပြီတဲ့။ အခန်းထဲမှာပဲ အောင်းနေတာ အပြင်လည်း မထွက်လာတော့ ပျိုနဲ့ ဆုံတဲ့အချိန် မရှိသေး။ ပန်ထွာတေး ဒီလို ကိုယ့်ကိုကိုယ် ငြင်းဆဲနေတာ တရားခံက ပျို ဖြစ်နေတော့ မလုံမလဲ နေမတတ် ဖြစ်ရသည်။
အခန်းတံခါးဖွင့်ပြီး ဦးခွင်းက ဝင်လာကာ
"မင်း ၁၀တန်းအောင်ပြီးပြီမလား''
"ဟုတ် ဦး''
"ကျောင်းတက်ဖို့ စီစဥ်ပေးမယ်''
"ဟို ရတယ် နေပါစေ ပျိုတို့ရွာမှာ ၁၀တန်းအောင်ပြီး တစ်ယောက်မှ တက္ကသိုလ် မတက်ကြတော့ဘူးလေ၊ ပျိုက မတက်လည်း ရတယ် ''
''မရဘူး တက်ဆိုတက်လိုက် ''
ဦးခွင်းက ခပ်မာမာ ဆိုလာတော့ ပျို အထွဋ်ထပ်မတက်ရဲတော့။ ဦးက ပျိုထက် အသက်လည်း ကြီးသလို ဂုဏ်အားဖြင့်ကြီးပြီး ပျိုရဲ့ ခင်ပွန်းသည်မို့ ကြောက်ရွံလေးစားရသည်။
ဦးက ထိုမျှသာ ပြော၍ ကုတင်တဖက်ပေါ် လှဲချကာ မျက်လုံးမှိတ်၍ အိပ်နေတာကြောင့် ပျို ဆက်မပြောတော့ဘဲ ဒီဘက်ခပ်ပါပါလေး အိပ်လိုက်သည်။ အလယ်မှာ ဖက်လုံးကြီးက ခြားလို့။
ရင်ခွင်းမြှား မျက်လုံးစုံမှိတ်ပြီး အိပ်နေပေမယ့် နှာခေါင်းထဲ ရနံ့သင်းသင်းလေးက တိုးဝင်လို့ လာလေသည်။ တရှုံရှုံ အနံ့ခံရင်း အနံ့လာရာ နေရာသို့ ကြည့်လိုက်ရာ ကုတင်ထောင့်စွန်းလေးအနား ကိုယ်ခန္ဓာ ကျုံ့ကွေး၍ ကလေးမဆီက ဖြစ်နေသည်။
လုပ်ငန်းနဲ့ ပတ်သက်ရာကနေ မိန်းမပေါင်းများစွာ ပတ်သက်ခဲ့ဖူးပြီး ရေမွှေးအနံ့အသက်ပေါင်းလည်း ရှုရှိုက်မိဖူးသည်။ ဒါပေမယ့် ဘာဆိုဘာမှ အထူးတလည် မခံစားရ။ အခုတော့ Baby mild အနံ့က ခွင်းစိတ်ကို ဆန်းပြားထွေဝေအောင် လုပ်နိုင်တာတော့ ခွင်း ကိုယ့်ကိုကိုယ် အံ့သြမိသည်။
''ကျစ် အနံ့ကကွာ ရာဇဝင်ရိုင်းလိုက်တာ''
ခွင်း ထိုအနံ့သင်းသင်းလေးကိုပဲ တဝကြီး ရှုရှိုက်ချင်တဲ့စိတ်ကို တားမရတော့။ ကုတင်ပေါ် ဝုန်းခနဲ ထလိုက်ပြီး တဖက်သို့ ခပ်ကျုံ့ကျုံ့လေး အိပ်နေသော ကလေးမအပေါ် အုပ်မိုးလိုက်လေရာ ပျိုက မျက်လုံး ပွင့်လာ၍ တအံ့တသြကြီး ကြည့်လာသည်။
'' ဘာပေါင်ဒါ လိမ်းထားတာလဲ''
''ဟင်.. Baby Mildလေ ဟို ဦးက လိမ်းချင်လို့လား၊ ပျို သွားယူပေးမယ်''
ကိုယ်အပေါ်ကနေ စူးရဲထက်ရှလှသည့် အကြည့်တွေကို မခံနိုင်လို့ ရုန်းထွက်လေရာ ဦးက အလွတ်မပေးဘဲ ပျိုခါးကျဥ်းကျဥ်းလေးကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး
''ရတယ် ငါ မလိမ်းဘူး မင်း လိမ်းထားတာမလား ငါ့ကို ပေးမွှေးစမ်း..''
အမိန့်ဆန်ဆန် စကားလုံးတွေနောက် ဦး မျက်နှာကြီးက ပျိုရဲ့ လည်ပင်းပေါ် အပ်ကျလာသည်။ ဒီအနေအထားကြီးက စိမ်းသက်နေတာမို့ ပျို ရှက်လွန်းလို့ ခန္ဓာကိုယ် တွန့်လိမ်နေလေသည်။ ဒါကို ဦးက အရေးမစိုက်ပဲ လည်ပင်းသားကို တရှုံရှုံ အနံ့ခံ၍ နမ်းနေလေတော့သည်။
''ရွှတ် မွှေးလိုက်တာ 💋💋..''
❤❤
ဆက်ရန်
Mone Pann Myau(Shin Hlwan Mal)
#ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်