book

Index 12

Part 12

ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်


ထိုစဥ် ဒေါက်ဖိနပ်သံ တဂွမ်ဂွမ်နဲ့ ဘာမပြောညာမပြော လူကို လာတွန်းလိုက်တာကြောင့် အနောက်ကို ယိုင်သွားတဲ့ ခြေလှမ်းကို မနည်းပြန်ထိန်းလိုက်ရသည်။ တော်သေးတယ် ပလက်ဖောင်းပေါ် ကျရင်တော့ ခေါင်းပဲကွဲမလား ဒူးပဲပြဲမလားမသိ။


''ဟာ ပန်ပန် နင်ဘယ်လိုလုပ်လိုက်တာလဲ''


''မြင်တဲ့အတိုင်းပဲလေ ဒီမှာ ငါပြောထားတာ နင် နားမလည်ဘူးလား''


''ငါ ဘာလုပ်နေလို့လဲ သူနဲ့ ကင်းအောင်နေဆိုလို့ ငါ ကင်းနိုင်သမျှ ဝေးဝေးနေတယ် ဒါလည်း ငါ့အပြစ်ပဲလား''


ပျို ခြေတောက် နည်းနည်း နာသွားတော့ ဒေါသထွက်ထွက်နဲ့ ပြန်အော်မိသည်။ မဟုတ်ရင် ဒီအတိုင်း သည်းခံလိုက်မလို့ပါပဲ။ လူဆိုတာက သိတယ်မလား အသားနာရင်တော့ ဒေါသထွက်တတ်ကြတာပဲလေ။ 


ပန်ထွာတေးနဲ့ ပျို ပြောနေတာတွေ ဆည်းဆာက ကြားတော့ အံသြတကြီး ပန်ပန်ဘက်လှည့်၍


''မပျို ငါ့ကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတာ နင့်လက်ချက်လား ပန်ပန်၊ နေစမ်းပါအုံး ငါ့ကို စကားမပြောဖို့ တားရလောက်အောင် ငါတို့က ဘာဖြစ်နေလို့လဲ''


''ဆည်းဆာ ဘာလဲ နင်လည်း ငါ့ဒယ်ဒီလို မွှန်ပြီး ဒီမိန်းမဆီပါနေပြီမလား၊ အေး ဟုတ်တယ် နင်က ငါ့သူငယ်ချင်း၊ ငါ့သူငယ်ချင်းကို အဲ့ဒီ မကောင်းတဲ့ မိန်းမနဲ့ မပတ်သက်စေချင်လို့ ရှင်းပြီလား၊ ဒယ်ဒီကိုလည်း ငါ အမျိုးမျိုး ပြောပြီးပြီ လက်မခံလို့ ဒီမိန်းမ ဒီအချိန်ထိ ရှိနေတာ''


''ပန်ပန် ငါ နင့်သူငယ်ချင်း ဆိုပေမယ့် ဟိုလုပ်သည်လုပ် ဆိုပြီး ပြောပိုင်ခွင့် မရှိဘူးနော် ''


''ဘာလို့ မရှိရမှာလဲ နင်နဲ့ငါနဲ့က ဟိုးငယ်ငယ်လေးကတည်းက ပေါင်းလာတာ၊ အခုမှ သူစိမ်းမိန်းမတစ်ယောက်ကြောင့် သွေးကွဲချင်နေတာလား ဟမ်း ''


''သွေးကွဲအောင် လုပ်နေတာက နင်၊ မပျိုနဲ့ငါက ရိုးရိုးသားသားပဲ၊ အန်ကယ် လာမခေါ်သေးလို့ တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ ငါစောင့်ပေးနေတာလေ''


ဆည်းဆာ ပြောတဲ့ စကားကို ပန်ထွာတေး လှောင်သလို တချက်ရယ်လိုက်သည်။ ပြောတော့ ရိုးရိုးသားသားတဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတာကြောင့် အချိန်အကြာကြီး ရပ်စောင့်နေခဲ့ရတဲ့ ပန်ပန်က တစ်ယောက်တည်း မဟုတ်လို့လား။ အတူတူ ရပ်စောင့်နေကြခြင်းအတူတူကို ပျိုကျတော့ တစ်ယောက်တည်းဖြစ်နေမှာ စိုးလို့တဲ့။ ကိုယ်ကျတော့ ကားဘေးနား သူ့ကို စောင့်နေတာကျ မမှတ်မိတော့ဘူးနဲ့ တူပါတယ်။


ငယ်ငယ်ကတည်းက ခင်လာတဲ့ သူငယ်ချင်းမို့ ဘာအကွက်တွေ နင်းတော့မယ် ဆိုတာ ကြိုသိနေလို့ ဝေးဝေးနေခိုင်းတာ ဒီက မိန်းမပဲ မကောင်းတဲ့ မိန်းမကြီးကိုဖြစ်လို့။


ထိုစဥ် ရင်ခွင်းမြှား ကားလေးက လာရပ်လိုက်တော့မှ ပျိုလည်း ပွဲကြည့်နေရာက အသိဝင်လာကာ နာနေတဲ့ ခြေတောက်ကို အံကြိတ်၍ ကားပေါ် တက်လိုက်သည်။ တော်ကြာ ဘာဖြစ်လို့ ခြေတောက်က နာနေရတာလဲလို့မေးရင် ပြဿနာက ထပ်ဖြစ်အုံးမည်။


''ပန်ပန်ကရော ဆည်းဆာနောက် လိုက်မှာလား ရုပ်ရှင်ကြည့်ကြမှာဆို''


''ဟင့်အင်း ဒယ်ဒီ သမီး မကြည့်တော့ဘူး အိမ်ပြန်ချင်တယ် ဒယ်ဒီကားနဲ့ပဲ လိုက်တော့မယ် ''


ပန်ထွာတေး ဆည်းဆာကို တချက်တောင် လှည့်မကြည့်ဘဲ ဒယ်ဒီကားထဲ ဝင်ထိုင်လိုက်သည်။ ပုံမှန်ဆို ပန်ပန်က ဆည်းဆာကို သံယောဇဥ် ဘယ်လောက်ကြီးလဲ ဆိုတာ သိတော့ အားလုံး တိတ်ဆိတ်နေပုံထောက်ရင် တခုခု ဖြစ်ထားကြမှန်း ခွင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် ဘာမှ ဆက်မပြောတော့ဘဲ ကားထဲ ဝင်ထိုင်၍ မောင်းလာခဲ့လိုက်သည်။


ဆည်းဆာ ကိုယ့်ကားထဲ ဝင်ထိုင်လိုက်ပြီး ဘာကို သဘောမကျမှန်းမသိ စိတ်တိုတိုနဲ့ စတီယာတိုင်ကို ကောက်ထုပစ်လိုက်သည်။ နံဘေးက တချိန်လုံး စကားများနေတတ်တဲ့ သာလိကာမလေးလည်း မရှိတော့ ဆည်းဆာကားက ဒီနေ့ကျမှ တော်တော့်ကို တိတ်ဆိတ်နေသည်လေ။


''ကျစ် အရေးမပါတာကွာ ​တောက်စ်''


❤❤


အိမ်ထဲ ကားနားလိုက်တာနဲ့ ပန်ထွာတေးက ကားကို ဆောင့်ပိတ်ပြီး ထွက်သွားလေသည်။ 


''ပျို သမီးက ဘာဖြစ်တာလဲ ''


''ဆည်းဆာနဲ့ ရန်ဖြစ်တာ ဦး''


ပျိုကြောင့်လို့တော့ ထည့်မပြောတော့ တော်ကြာ ဘာမဟုတ်တဲ့ပြဿနာတွေထဲ ဦးပါ ပါလာရင် ကိစ္စတွေက ပိုခက်တော့မှာလေ။


''ဒီနှစ်ယောက်က ရန်ဖြစ်တာရှားတယ် ဘာကိစ္စနဲ့ ရန်ဖြစ်တာလည်း မသိဘူး ''


ရင်ခွင်းမြှားက ပျိုကို ပြောသလိုလို သူတစ်ယောက်တည်း ရေရွတ်သလိုလိုလေး ​​ပြောလာသည်။ 


အိမ်ထဲ ရောက်တော့ ကြီးပိုက ပျိုကို မြင်တော့


''သမီးရေ သမီးဆီ ဖုန်းဝင်နေတယ်''


''ဟင် ပျိုဆီလား ကြီးပို''


''ဟုတ်တယ် သမီးကျောင်းသွားနေတယ်လို့ ပြောလိုက်တယ် ပြန်ဆက်မလားမသိဘူး''


ရင်ခွင်းမြှားကတော့ ပန်ထွာတေး စိတ်ကောက်နေတာ သိလို့ သူမဆီ သွားနေသည်။ ထိုစဥ်


တီ တီ


ဖုန်းဝင်လာတာက အိမ်ဖုန်းဆိုတော့ ပျို သွားကိုင်လိုက်သည်။ 


''ဟဲလို ''


''ဟဲ့ မိပျို ငါဟဲ့ နင့်အမေ''


''ဟင် အမေ.. အမေလား အဟင့် ပျိုကို အခုမှ ဖုန်းဆက်တယ် ပျိုက အမေ့ကို လွမ်းနေတာ၊ အမေ နေကောင်းလားဟင်''


''အေး ကောင်းတယ်၊ အမလေးဟယ် ယောကျာ်းပဲ ရနေပြီ ကလေးလို ငိုတုန်းလား၊ မိပျို ငါ အကူအညီ တောင်းချင်လို့ ''


''ဟင် ဘာလဲ အမေ''


''အေးဟေ့ အောင်ကြီးလေ မနေ့က ဖဲဝိုင်းမှာ ရန်ဖြစ်ကြလို့ အဲဒါ မဲလုံးခေါင်းကို ရိုက်ခွဲလိုက်တာ လျှော်ရမယ်တဲ့အေ၊ နင်သိတဲ့အတိုင်းပဲ ငါတို့မှာ ဘာတစ်ခုမှ မရှိတာ ဘာကို ပေါင်ပြီး ဘာကိုရောင်းရမလဲ မသိပါဘူးအေ၊ ငါ့ကို ငွေသိန်း၁၀၀လောက် ပို့လိုက်စမ်းပါ''


''ဟင်..''


ငွေသိန်း၁၀၀ကြီးများတောင် ပျို ဘယ်ကသွားရှာရမလဲ။ အမှန်တိုင်းပြောရရင် ပျို သုံးသမျှ ဦးခွင်းကပဲ ပိုက်ဆံထုတ်ရှင်းတာ ကျောင်းသွားရင်တောင် တနေ့ မုန့်ဖိုးလေးပဲ ပေးတာ ငွေတောင် ကိုင်ခိုင်းတာမဟုတ်။ ဘယ်ကရတဲ့ သိန်း၁၀၀ကို ပို့ရမှာလဲ။ ကိုယ်က အမေ့ဆီက ဖုန်းလာလို့ ဝမ်းသာအားရ ပြောနေပေမယ့် ငွေတောင်းတာဆိုတော့ ပျို စိတ်ညစ်သွားရတာအမှန်။ 


''ဟဲ့ ဘာလို့ တိတ်သွားရတာလဲ နင့်လင်သူဠေးတစ်ယောက်လုံး ရှိတယ်လေ၊ ငါ့ကို တောင်းပေးစမ်းပါဟယ်၊ အမလေး သမီးတစ်ယောက် မွေးထားပါတယ် အားကိုးများရမလားလို့ အားကိုးမရတဲ့အပြင် လင်စောစောယူပြီး အမေ့ကိုတောင် မေ့နေပြီ''


''အာ မဟုတ်ပါဘူး အမေကလည်း ပျို ဦးဆီက တောင်းပေးပါ့မယ်''


''အေး တောင်းမယ်ဆိုလည်း မြန်မြန် တောင်းဟေ့၊ မဲလုံးက ငါ့ယောကျာ်းကို ထောင်ပို့မယ်တကဲကဲ လုပ်နေတာ၊ ငါ မနက်ဖြန် ဖုန်းပြန်ဆက်မှာနော် ငွေပို့ထား ကြားလား သူဠေးအတွက် ငွေသိန်း၁၀၀က ဘာမှမဖြစ်သွားပါဘူး အေးအေး ဒါပဲ ''


မသေးမျှင်က သူပြောချင်တာ ပြောပြီး ဖုန်းကို ချသွားလေသည်။ ပျို့ကို နေကောင်းရဲ့လား​တောင် တခွန်းမှ မမေးသွား။


ဖုန်းလေးကျသွားတော့ မိုင်တွေနေသည့် မျက်နှာဖြင့် လှေကားပေါ် အသက်မပါစွာ တက်လာလိုက်သည်။ စိတ်ထဲမှာ ဦးခွင်းကို ဘယ်လိုပြောရမလဲ ဆိုတာပဲ စိတ်အိုက်နေရသည်။ အဟင့် ဒုက္ခပါပဲ..


❤❤


''သမီး ဒယ်ဒီကိုပြော ဘာဖြစ်လာတာလဲ''


ပန်ထွာတေး သူမအခန်းတံခါးမပိတ်ခင် ရင်ခွင်းမြှားက အမှီလိုက်၍ အခန်းထဲ အမြန်ဝင်ပြီး မျက်နှာမကောင်းရှာသည့် သမီးကို မေးလိုက်တော့


''ဘာမှမဖြစ်ပါဘူး ဒယ်ဒီရာ ဒီလိုပဲ ဆည်းဆာနဲ့ စကားများတာ''


''သမီး ဒယ်ဒီကို မလိမ်နဲ့ ဆည်းဆာနဲ့သမီးက ဘယ်လောက် ခင်လဲ ဆိုတာ ဒယ်ဒီ သိတယ်၊ သူငယ်ချင်းအချင်းချင်း အခန့်မသင့်လို့ ရန်ဖြစ်စကားများကြတာ ရှိဖူးလို့လား ဟမ်း ''


''ဒယ်ဒီရာ ပန်ပန် တစ်ယောက်တည်း နေချင်လို့ပါ''


မြှား သူအရှေ့က ပန်ပန်ကို စိုက်ကြည့်ကာ နားလည်သလို ခေါင်းလေးညိတ်ပြသည်။ သူမလည်း ကလေးမှ မဟုတ်တော့တာ တစ်ယောက်တည်းနေချိန် လိုမှာပေါ့။


''ဟုတ်ပြီ ဒယ်ဒီ ထွက်သွားပေးမယ် ဒါပေမယ့် ပန်ပန်က အမြဲတမ်း ဒယ်ဒီရဲ့သမီးပဲ၊ သမီး ရင်ဖွင့်ချင် ဒယ်ဒီက အဆင်သင့်ပဲ''


ခွင်း သမီးခေါင်းလေးကို ပုတ်ပေးပြီး ထွက်လာခဲ့လိုက်သည်။ လူငယ်တွေကြား ပြဿနာတွေ ဆိုတာ  ရှိတတ်တာပဲမလား။


❤❤


''ဦး..''


''ဟင် ပြောလေ''


ညအချိန် ဦးသောက်နေကျ နွားနို့ပူပူလေးကို ပေးတော့ ဦးက ယူ၍ သောက်နေချိန် နေ့လည်က ကိစ္စကို ထုတ်ပြောဖို့ စဥ်းစားလိုက်သည်။


''ဟိုလေ ပျိုလေ ဟို..ဟိုလေ''


''ကလေးမ ဘာတွေတဟိုဟိုဖြစ်နေတာလဲ ပြောစရာရှိတာ ပြောတာ မဟုတ်ဘူး ''


''ပျိုကို ပိုက်ဆံလေး နည်းနည်း ပေးပါလားဟင်''


အိမ်ထောင်ကျတာ ၆လ ရှိပြီ။ ပိုက်ဆံစကားတခွန်းမှ ထွက်မလာခဲ့သေး။ ဒီနေ့ကျတော့ ထူးထူးဆန်းဆန်း ပျိုက အပြစ်လုပ်ထားသလို မျက်နှာလေး မဝံမရဲလေးဖြင့် အနားတိုးကာ အသံတိုးတိုးလေးဖြင့် ပြောလာသည်။


''ဘာလုပ်မို့လဲ ''


''ပျို အသုံးစရာလေး ရှိလို့ပါ''


ဦးက အမေတို့ကို အမြင်စောင်းနေတာမလား။ ဒီပိုက်ဆံတွေသာ အမေတို့ တောင်းခိုင်းတာသိရင် မပေးမှာလည်း စိုးသည်လေ။


''ဘယ်လောက်လဲ ''


''ဟို သိန်း၁၀၀ပါ ဦး ''


ခွင်း ဒီလောက်အများကြီး ပျို ဘယ်မှာသုံးမှာလဲ ဆိုတာ အရမ်းပဲ စိတ်ဝင်စားသွားသည်။ ဘာလို့ဆို အခုထိ ပျိုရဲ့ အသုံးစရိတ်အားလုံးက ခွင်းကိုယ်တိုင် ဝယ်ပေးခဲ့တာချည်းပင်။ ကျောင်းတက်တော့မှ မုန့်ဖိုးလိုမျိုး တနေ့၂သောင်း ပေးတာလေ။


အိမ်ထောင်ကျတည်းက ​သူမအတွက် ကြီးကြီးမားမား ဝယ်ပေးရတာမျိုး မရှိသလို သူမဘက်ကလည်း မတောင်း။ ဒီနေ့ကျတော့ နှုတ်က ဖွင့်ဟတောင်းလာတာကြောင့် ခွင်း အလိုလို ခေါင်းညိတ်လိုက်သည်။ ပိုက်ဆံလည်း သူမလက်ထဲ တခါမှ မအပ်ဖူးသေးဘူးလေ။ သူများလင်မယားတွေဆို လင်ယောကျာ်းရှာသမျှ မိန်းမကပဲ အကုန်သိမ်းဆည်းထားတာမလား။


''အင်း ဘဏ်ကတ်လုပ်ပေးရမလား ငွေသားပေးရမလား ''


''ဟို ငွေသားပဲပေးပါ''


ဦးဘက်က ချက်ချင်း လက်ခံလိုက်မယ်လို့ မထင်ခဲ့။ အလွယ်တကူ ပြောလို့ ရတော့လည်း ဦးက ချစ်ဖို့ကောင်းသား။ 


''ကျေးဇူးလေးတော့ ပြန်ဆပ်သင့်တယ်မလား''


''ဟင်''


ခွင်းက ပြုံးစိစိလေး ပြောတော့ ပျိုက မျက်လုံးအပြူးသားဖြင့် မနားလည်သလိုလေး ကြည့်လာသည်။ 


''ကျေးဇူးဆပ်လေ ဒီနေရာကို''


ဦးရဲ့ နှုတ်ခမ်းညိုညိုလေးကို ထိုးပြပြီး ပြောတော့မှ ပျို သဘောပေါက်သွားရသည်။ ဦးဟာလေ ကျေးဇူးတင်လို့ မဆုံးသေးဘူး တကယ်ပါပဲ။ 


ပျို မသိချင်ယောင်ဆောင်ပြီး အခန်းအပြင် တိတ်တိတ်လေး ထွက်သွားမယ်ပြင်တော့ ဦးရဲ့ ကျစ်လစ်တဲ့ လက်မောင်းသားတွေထဲ ပျိုကို ဆွဲချကာ ညှပ်ချထားသည်။


''ဦးနော် လွှတ်ပါဆို''


''ဘာလို့ မသိချင်ယောင်ဆောင်လဲ''


''ပျို ရှက်..ရှက်လို့လေ''


''ဟားဟား ဟိုတခါကတော့ မရှက်ဘူးပေါ့''


မခါးသက်ချိုနဲ့ အတူတူတွဲပြီး တွေ့တုန်းက သဝန်တိုစိတ်နဲ့ လုပ်ချင်တာ လုပ်မိပြီးမှ လူက ရှက်လို့မဆုံးပါဘူးဆို ဦးက အခွင့်ရရင် ရသလို သတိရရင်ရသလို အမြဲစနောက်တတ်သည်။ ဒီလို စနောက်တိုင်း ပျိုမှာ ရှက်စိတ်တွေက ဝဲခနဲ။


''ဦးနော်..''


''ကဲ ကြာတယ် ပေးတော့.. ''


ဦးက ပျိုနမ်းလို့ အဆင်​ပြေအောင် မျက်လုံးလေး မှိတ်ထားပေးသည်။ ပျိုလည်း ဦးမျက်နှာကို လက်နှစ်ဘက်ဖြင့် ဆွဲယူ၍ စုံမှိတ်ထားသော မျက်လုံးလေးကို ရွှတ်ခနဲ အရင်နမ်းလိုက်တော့ ဦးရဲ့ လည်ဇလုတ်က လှုပ်ရှားသွားသည်။ ထို့နောက် နှုတ်ခမ်းမွှေးတွေက ရိတ်သိမ်းပြီးစမို့ စိမ်းဖန့်ဖန့်လေးတွေက အသည်းယားဖို့ ကောင်းနေသလို ဦးရဲ့ ခန့်ညားခြင်းတွေမှာလည်း ဒီစိမ်းဖန့်ဖန့်နှုတ်ခမ်းမွှေးတွေက မပါမဖြစ်။


ပြွတ်စ်


အခြေချမိရင် လွယ်လွယ်နဲ့ နောက်မဆုတ်ပေးတာ သိပေမယ့် ပျိုကိုယ်တိုင် ရူးရူးမိုက်မိုက် ဇွတ်တိုးဝင်ချင်နေတာ ခက်သည်။


❤❤


ဆက်ရန် 

Mone Pann Myau(Shin Hlwan Mal)


#ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်

😘


rate now: