book

Index 11

Part 11

ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်-


''ဦး အလုပ်နောက်ကျတော့မယ် ထတော့နော်၊ ပျိုကို ကျောင်းပို့ရအုံးမယ်လေ''


''အင့်.. အိပ်ချင်သေးတယ် ''


ဦးခွင်းဆိုတာ ပျိုနဲ့ လက်ထပ်ပြီး၁လလောက်အထိ အိပ်ရာထတာကအစ သူ့ဘာသာ လုပ်နိုင်လုပ်တတ်သော အမျိုးသားတစ်ယောက်။ ဒီ၂လ၃လအတွင်းမှာတော့ ဦးဟာ စည်းကမ်းပျက်လာသလို။ ဘာမဆို ပျိုလုပ်ပေးမှ ပျိုနိုးမှ ပျိုပါမှ အားလုံး ပြီးမြောက်ဖြစ်ထွန်းနေတော့သည်။


''ဦး ထတော့ဆို မနက် ၈နာရီ ရှိနေပြီ သိလား ''


ရင်ခွင်းမြှားက အိပ်ရာတစ်ခုလုံး သူ့အပိုင်လို လူးလွန့်နေပြီး အိပ်မှုန်စုံဖွားဖြင့် မျက်လုံးလေး မေးစင်းကြည့်ကာ


''ဘယ်တုန်းက အိပ်ရာထသွားတာလဲ''


''ကြာပြီလေ အောက်မှာ နေဝန်းကိုတောင် မနက်စာကျွေးပြီးပြီ''


''ယောကျာ်းမသိအောင် ဘယ်တုန်းက အောက်ဆင်းသွားရတာတုန်း''


အခုတလော ဦးက ပျိုကို လိုအပ်တာထက် စကားတွေ အများကြီးပြောလာသည်။ အရင်ကဆို အမြဲလိုလို အေးစက်တည်ငြိမ်နေသည့် ဦးခွင်းနဲ့ အခုဦးခွင်းက လားလားမှမတူ မသိရင် လူစားထိုးခံရသလားလို့ အောက်မေ့ရသည်။


''ဦးနော် မနက်အစောကြီး မရစ်နဲ့တော့ ထလို့ ''


ဦးကိုယ်လုံးကြီးကို ပျို မနိုင်မနင်း ထူတော့ ဦးက ခပ်ယဲ့ယဲ့လေး ရယ်၍ ပျိုလက်မောင်းကနေ ဆွဲချတော့ ဦးရင်ဘတ်ပေါ် ဗုန်းခနဲ ပါးလေးအပ်သွားသည်။


''ယောကျာ်းကို ပေးတောင်မအိပ်တော့ဘူးလား ညက အားကုန်သွားတာ ဘယ်သူ့ကြောင့်ဆိုတာ မသိလို့လား''


''အင့် ဦးနော်''


ရင်ခွင်းမြှားဆိုတာ မသိတဲ့သူစိမ်းတွေကတော့ အေးစက်ခက်ထန်တဲ့ လူကြီးလို့သာ အများက သိကြတာ။ ပျို ဒီလိုကလူကျီစယ်နေတဲ့အချိန် လူတွေ ဦးခွင်းကို ပြလိုက်ချင်တော့တယ်။ လူကို မရှက်ရင်ရှက်အောင် အမျိုးမျိုး စနောက်နေသေးတာ။


''ဟားဟား ဒါက ဘာလဲ ရှက်တဲ့မျက်နှာကကွာ အဟွန်း ''


ခရမ်းချဉ်သီးလေးလို နီရဲနေတဲ့ မျက်နှာကို ပြုံးစစလေးကြည့်ပြီးဆိုတော့ ပျို ရှက်လွန်းလို့ ခေါင်းတောင်မဖော်နိုင်တော့။


ပျိုရဲ့ နီရဲစွေးနေသော မျက်နှာလေးကို ခွင်း အကြာကြီး စိုက်ကြည့်ကာ နဖူးလေးကို မြတ်မြတ်နိုးနိုး နမ်းရှိုက်လိုက်သည်။


ဒီမိန်းကလေး လှတာ သိပေမယ့် ဒီလောက်ကြီး ပက်ပက်စက်စက် လှလိမ့်မယ်လို့ မထင်ထားခဲ့။ အကြည့်မလွဲနိုင်လောက်တဲ့အထိ လှသည်။ တခါညှိဖူးရင် ထပ်ခါထပ်ခါ ကြွေဆင်းချင်စရာကောင်းတဲ့အထိ ဒီမိန်းကလေးက ညို့ငင်တတ်သည်။ အမြဲတမ်း အသက်ကွာဟနေတဲ့အ​ကြောင်းတွေ စဥ်းစားမိတိုင်း အခြားတစ်ယောက်အနား ပါသွားမှာ တွေးကြောက်နေရတဲ့အထိ။


ဒီမိန်းကလေးကို ကိုယ်သာလျှင် မြတ်နိုးချင်သည်။ 


လုပ်ဖော်ကိုင်ဖက်တွေကြားထဲ ခွင်းလိုပဲ မိန်းမငယ်ငယ်ချောချော ယူထားကြပြီး ဒီမိန်းကလေးတွေက အခြားသူနောက်လိုက်ပြေးတဲ့ သတင်းတွေက ဒုနဲ့ဒေး။ ကိုယ်က အမြင်ကျယ်ကျယ်လောကကြီးမှာ ကျင်လည်နေတဲ့သူမို့ အဖြစ်အပျက်ပေါင်းများစွာကို ကြုံရ ဆုံရ ကြားရဖူးပြီးပြီ။


အမြဲလိုလို ဒီကလေးမလေးအပေါ် သံသယစိတ်တွေ လွန်ကဲနေတာကြောင့် ပူလောင်ရပေါင်းလည်း များပြီလေ။ မပူလောင်ဘဲ ရမလား ကိုယ်က ကလေးနှစ်ယောက်အဖေ သူမကတော့ အခုမှ ၁၉နှစ်သာသာ ကလေးလေး နုငယ်ပျိုမျစ်တဲ့အလှက လူတကာကို ဆွဲဆောင်နေသေးသည်။ ဘယ်သူက ဒီလိုလှရက်တဲ့ ကလေးမကို စိတ်ချပါ့မလဲ။ 


ခွင်း ပျိုမျက်နှာလေးကို တစိမ့်စိမ့် ကြည့်ရင်း နှုတ်ခမ်းပါးလေးဆီသို့ ရောက်တော့ တစ်စုံတယောက်ရဲ့ ကိုက်ခဲထားမှုကြောင့် နှုတ်ခမ်းပါးလေးက သွေးစို့လျက် ယောင်ယမ်းနေသည်။ ခွင်းရဲ့အကျင့်က အသည်းယားရင် သွေးစို့အောင်အထိ ကိုက်ဖောက်ချင်တာက အကျင့်လို ဖြစ်နေသည်။ 


''ပျို''


''ရှင့်..''


သဘောရိုးခေါ်တယ်အမှတ်နဲ့ ​မော့ကြည့်တော့ အကြည့်တို့ဆုံရာ တစ်စုံတခုကို သဘောပေါက်သွားသလို မျက်နှာလေးက ချက်ချင်း ရှက်သွေးဖြာ၍ ဇက်ကျိုးမတတ် ခေါင်းကို ငုပ်ထားရသည်။ သိနေတယ် ဦးခွင်း ဘာအကွက်တွေ နင်းတော့မယ် ဆိုတာ.. 


''ဘာလို့ ဟိုဘက်ပဲ အတင်းလှည့်ထားတာလဲ ဒီဘက်လှည့်ပါအုံး''


ပါးပြင်အိအိလေးကို တို့ထိရင်း ဆိုလာတော့လည်း ပျိုက လှည့်မလာတာကြောင့် ခွင်း တချက်ရယ်၍ လက်ဖြင့် ပျိုမျက်နှာလေးကို ဆွဲယူကာ ပါးပြင်လေးကို နူးနူးညံ့ညံ့ နမ်းလိုက်ပြီး


''ရွှတ် အဟွန်း ဘာအနံ့လဲကွာ BabyMildပဲလား အင်း မင်းအတွက် BabyMild Company ထောင်ပေးထားမှနဲ့ တူတယ် အဟား''


ကလေးဆန်ဆန်အနံ့လေးက ခွင်းကို ရီဝေအောင် ပြုစားနိုင်တယ်ဆိုတာသာ အားလုံးကို ပြောပြရင် အားလုံးက ဝိုင်းရယ်မယ့်အဖြစ်။ ခွင်း​တော့ ရာဇဝင်ရိုင်းလိုက်တာ..


''ဦးကလည်း...''


ရှက်ဝဲဝဲလေး ဆိုလာတော့ အသည်းယားပြန်သူက ခွင်းပါပဲ။ ​ပျို ဘာလုပ်လုပ် သူ့မှာ အသည်းယားပြီးရင်း ယားနေတော့သည်။ ပျို မျက်တောင်ခတ်တာတောင်မှ အသည်းယားနေတာလေ။


လည်ပင်းသားနုနုလေးတွေဆီ အကြည့်ရောက်တော့ သွားကယားလာပြန်သည်။ ဒီကလေးမ ခွင်းလက်ထဲရောက်ရင် တစ်ကိုယ်လုံး ဒဏ်ရာဗရပွနဲ့ ဖြစ်တော့မှာပဲ။


''အင့်.. ''


ကိုက်ပြန်ပြီ ကိုက်တဲ့နေရာက လည်ပင်းလေးတွေ ဖြစ်တာကြောင့် ကျောင်းသွားရအုံးမယ် ဆိုတဲ့ အသိက ဝင်လာကာ လက်ဖြင့် တားဆီးမိသည်။ မတော်လို့ လည်ပင်းမှာ Markingတွေကို လူတွေ တွေ့သွားရင် ဘယ်လိုလုပ်မလဲ။


''ကျောင်းသွားရအုံးမယ်လေ ဦးရယ်''


''မသွားနဲ့ နမ်းလို့မဝသေးဘူး''


ပြွတ်စ် အွန့်..💋


စိတ်ကြိုက်နမ်းလို့ဝသွားတော့ မျက်နှာနုနုလေးဆီက နှုတ်ခမ်းလေးများကို ရန်ရှာရန်အပြု အပြင်က ရုတ်တရက် တံခါးခေါက်သံကြားလိုက်တော့ နှစ်ယောက်လုံး တုံ့ခနဲ ဖြစ်သွားရသည်။


''ဒယ်ဒီရေ သား ဝင်လာမယ်နော်''


နေဝန်းသစ်လေးဆီက အသံထွက်လာတာနဲ့ ပျို ရှက်အားပိုကာ ဦးရင်ဘတ်ကိုတွန်းလွှတ်တော့ ဦးက အလွတ်မပေးဘဲ ပျိုနှုတ်ခမ်းလေးတွေကို တချက်အားပြင်းပြင်းနမ်းရှိုက်ပြီးမှ လွတ်ပေးလာသည်။


ကံကောင်းတာက ဦး လွှတ်ပေးလိုက်တဲ့အချိန်နဲ့ နေဝန်းက အခန်းထဲ ဝင်လာတာပင်။ မတော်လို့ ဦးနဲ့လက်ပွန်းတတီး နေတဲ့ အချိန်မှာသာ နေဝန်း ဝင်လာခဲ့ရင် ပျို ရှက်လွန်းလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း သိမှာမဟုတ်တော့။ 


''ဒယ်ဒီက အိပ်ရာထသေးဘူးလား''


''အခု ထတော့မှာ''


''အော် မာမီ''


''ဟင်.. ''


''သံလုံး သားမုန့်တွေ ခိုးစားသွားတယ်''


''ဟုတ်လား ငါ ရိုက်ပေးမယ် သိလား သံလုံးက အဝကျွေးထားပြီးသား သက်သက် အကျင့်ယုတ်တာ နေပါအုံး တွေ့ရင်တော့လေ ဖင်ကို နာနာရိုက်မှာ''


''ကောင်းတယ် ကောင်းတယ် ရိုက်ရိုက် နော် မာမီ ''


ခွင်း ရေချိုးဖို့ ပြင်ဆင်နေသည့်တိုင် ကုတင်ပေါ်မှာ ပျိုနဲ့ နေဝန်းက စကားပြောမပျက်။ နေဝန်းတို့က အခုမှ ဆော်ဖော်ရသွားလို့ ဝမ်းသာ​နေတာ။ 


ပျိုကလည်း သူ့ကို လှည့်တောင်မကြည့်တော့ အရင်က ရေချိုးဖို့ သူမပဲ ပြင်ပေးဆင်ပေးနဲ့။ ဆော့ဖော်လေး လာတော့ ဒီလူကို ရှိတယ်လို့တောင် မထင်တော့။ တကယ့်ဟာလေးတွေ..


ခွင်း ပျို လှည့်ကြည့်အောင် ရေချိုးခန်းတံခါး ကြမ်းကြမ်းပိတ်ပြလည်း လှည့်မကြည့်ဘဲ သူတို့ဘာသာ စကားကို အလုအယက်ပြောနေကြသည်။ 


❤❤


''ဆည်းဆာ ''


''ဟင်.. ''


''ငါ့ကို ရုပ်ရှင်လိုက်ပြပါလားဟင်''


''ပန်ပန် နင်ကလည်း အမျိုးမျိုးနော် မိန်းကလေးတွေများ တနေ့တမျိုး မရိုးရဘူး''


''နင်ကလည်း ငါ့ကို စိတ်မရှည်သလို မ​ပြောပါနဲ့ အခုကျောင်းဆင်းချိန် သွားကြမယ်လေ''


''အန်ကယ်က နင့်ကို ထည့်မှာမို့လား''


''ဒယ်ဒီက ပွစိပွစိနိုင်ပေမယ့် ငါ ပြောရင် ရပါတယ်ဟ၊ နော် ငါ့ခြေတောက်နာနေတဲ့တလျှောက်လုံး အပြင်မထွက်ရဘူးလေဟာ နော် ငါ့မှာ သူငယ်ချင်းဆိုလို့ နင်ပဲ ရှိတာကိုဟာ''


''ကျစ် အေးဟာ လိုက်ပြပေးမယ် ဟုတ်ပြီလားကျောင်းဆင်းတာနဲ့ ငါ့ကို စောင့်နေ''


''ယေး ဝမ်းသာလိုက်တာ ဟီး''


ပန်ထွာတေး လိုချင်တာရတော့ စိတ်လိုလက်ရ ရယ်မောမိသည်။ ဒီကမ္ဘာမှာ အလိုလိုက်ဆုံးလူက ဒယ်ဒီနဲ့ ဆည်းဆာပဲ ရှိတာလေ။ အင်း ဒယ်ဒီက ပန်မကြိုက်တာတော့ လုပ်ထားတာမို့ ဒယ်ဒီကိုဆို သိပ်မမြင်မကြည်ချင်သေး။ တဆက်တည်း ဟိုမိန်းမကို တနေ့​တနေ့ အိမ်ကနေ ဘယ်လို မောင်းထုတ်ရမလဲဆိုတာပဲ စဥ်းစားနေရသည်။


တီချယ်အခန်းထဲ ပြန်ရောက်လာတော့ စာပဲသေချာ အာရုံစိုက်ကာ သင်နေလိုက်သည်။ အနောက်တန်းဘက်သို့ မျက်လုံးမသိမသာ ရောက်သွားချိန် ပျို ဆိုတဲ့မိန်းမနဲ့ ဖူးငုံဆိုတဲ့ မိန်းမက စကားတပြောပြောနဲ့ နေလေသည်။ ဒီမိန်းမကို လူတွေ ဘာကိုကြည့်ပြီး ပေါင်းတာလဲမသိ။ ပန်ထွာတေး မသိသလို နှာခေါင်းလေးရှုံ၍ စာပဲ ပြန်အာရုံစိုက်နေလိုက်သည်။


တအောင့်လောက်ကြာတော့ ကျောင်းဆင်းချိန် ဆည်းဆာက Toiletဝင်အုံးမယ် ပန်ထွာတေးကို ကားအနားမှာ သွားစောင့်နေ ဆိုတော့ ပန် ဆည်းဆာကားအနား လာစောင့်နေလိုက်သည်။


ဆည်းဆာ ပန်ထွာတေးက ရုပ်ရှင်ကြည့်ချင်တယ်ဆိုလို့ Lineပေါ်ကနေ ရုပ်ရှင်လက်မှတ် ဝယ်ထားလိုက်ပြီး Toiletကထွက်လာပြီး ကားဆီသို့အသွား ပျိုယုသဒ္ဒါနဲ့နံဘေးက မိန်းကလေးတစ်ယောက်ကိုပါ တွေ့လိုက်ရသည်။


မျက်လုံးက မြင်တာနဲ့ ချက်ချင်း ခြေလှမ်းတွေက ပျိုဆီ ရောက်နှင့်နေပြီ။


''မပျို အန်ကယ်ကို စောင့်နေတာလား''


''ဟင် အင်း ဟုတ်တယ် ''


မနေ့ကပဲ ပျိုကို စကားမလာမပြောဖို့ ဆည်းဆာကို ပြောထားနှင့်ပြီးသား။ ဒါကို အမှတ်မရှိဘဲ ပျိုကပဲ ဘာမှမပြောထားသလို စကားလာပြောနေတာကြောင့် စိတ်ရှုပ်သလိုလို စိတ်ညစ်သလိုလို ဖြစ်သွားရသည်။ မျက်လုံးတွေက အော်တို ပန်ထွားတေးက ရှာနေပြီးသား။ တော်ပါသေး မတွေ့လို့..


''ပျိုရေ ငါတော့ မစောင့်ပေးနိုင်တော့ဘူး အိမ်ကဖေဖေ လာကြိုနေပြီ''


''အော် အင်း ရတယ် ဖူးငုံ ငါ့ဘာသာပဲ စောင့်နေလိုက်တော့မယ်နော်''


''အေးအေး ဒါဆို သွားပြီနော် ''


ဖူးငုံနဲ့ ပျိုက ခင်တာသိပ်မကြာသေးဘဲ ပွင့်လင်းတာကြောင့်ရော ရိုးရှင်းတာ​ကြောင့်ပါ ငယ်သူငယ်ချင်းအရင်းကြီးတွေလို ခင်မင်သွားခဲ့သည်။ 


အခုလည်း သူ့အဖေ လာကြိုလာကြောင့် ပျိုကို အတူတူ မစောင့်ပေးနိုင်တော့တာ။ ဦးကလည်း ဒီနေ့ကျမှ ကြာလိုက်တာနော်..


''ကျွန်တော် စောင့်နေပေးရမလား''


''ရတယ် ခဏဆို ဦး လာတော့မှာ''


''ရပါတယ် အန်ကယ်လာတဲ့ထိ စောင့်ပေးမယ်လေ၊ မဟုတ်ရင် တစ်ယောက်တည်း ကြောင်တောင်တောင်လေး ဖြစ်နေမှာ ''


''ရတယ် မလိုဘူးလို့ ''


''ကျွန်တော်က မပျိုကို သဘောရိုးနဲ့ ကူညီတာပါဗျာ''


နင်ဘာသာ သဘောရိုးနဲ့ကူညီတယ်ဆိုလည်း ပန်ထွာတေး အပြောက လွတ်အောင် ငါ မနည်းရှောင်နေရတာဟ.. 


ပျို ဆည်းဆာကို အင်တင်တင်ကြည့်ပြီး စိတ်ထဲမှာ စကားတွေ ပြောနေသည်။ လူတွေကလည်းနော် အကူအညီ မလိုပါဘူးဆိုမှ အတင်းတွေ..


''ဟိုလေ ကျွန်တော့်ကို စပ်စုတယ်လို့ မထင်ပါနဲ့ မပျိုနဲ့ အန်ကယ်က အဆင်ပြေလားဟင်''


စပ်စုတာလား တကယ်ပဲသိချင်လို့ မေးတာလား မသိတဲ့ မေးခွန်းကို ပျို ဝတ်ထားတဲ့ လည်ပတ်ကြီးသာချွတ်၍ ပြချင်သည်။ အဆင်ပြေလား မပြေလား သိချင် ရော့ ကြည့် ဆိုပြီး..


''အင်း ''


စကားကို အပိုအလိုမရှိ ဖြေနေပေမယ့် ဆည်းဆာမှာ မေးစရာ မေးခွန်း မကုန်နိုင်မခမ်းနိုင် ရှိနေသလားမသိ။ ရပ်နေတဲ့တောက်လျှောက် အပြောနိုင်ဆုံးသူကတော့ ဆည်းဆာပါ။ ပျိုကတော့ သူ ဘာမေးလို့ မေးနေမှန်း မသိ ဦးလာရာလမ်းကိုပဲ မျှော်နေသည်။ ထိုစဉ် ဒေါက်ဖိနပ်သံ အကျယ်ကြီးက သူတို့ဆီ ရောက်လာလေသည်။ ဒီဖိနပ်သံရဲ့ ပိုင်ရှင်ကတော့....


❤❤


ဆက်ရန်

Mone Pann Myau(Shin Hlwan Mal)


#ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်

😘😙


rate now: