book

Index 10

(Part 10)

ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်


"ဆည်းဆာ ''


"ပြော ''


"ငါ အအေးသောက်ချင်တယ်''


"ပြော ဘာအအေးဝယ်ပေးရမှာလဲ''


"နင်ကလည်း ငါ ကြိုက်တတ်တာ မမှတ်ထားဘူး ထောပတ်သီးဖျော်ရည်လေ''


"အေးအေး ခဏစောင့် ငါ ဝယ်လာခဲ့မယ် ''


ခြေတောက်နာနေတော့ အပြင်လည်း ထွက်မဖြစ် စားချင်တာလေးတွေဆို ဆည်းဆာပဲ ဝယ်ခိုင်းတော့သည်။ ​ခြေတောက်ကအနာကြောင့် ဒယ်ဒီကလည်း ခဏခဏ လာကြည့်တော့ ပန်ထွာတေး ဒီဒဏ်ရာလေးရတာ ဝမ်းသာရမလို။ အားလုံးက ပန်ထွာတေးကို မေ့ထားကြတာမလား။ ဒီထဲ ဒယ်ဒီက အဆိုးဆုံးပဲ။ ပြောလိုက်တော့ ဒယ်ဒီမှာ သားနဲ့သမီးပဲ ရှိပါတယ်ဆိုပြီး ဟိုမိန်းမအနားမှာပဲ ကပ်နေတာ..


ဒေါက် ဒေါက်


တံခါးခေါက်သံကြားတော့ ကြီးပိုအမှတ်နဲ့ ပန်ထွာတေး ဝင်ဖို့ပြောလိုက်သည်။ ဒါပေမယ့် ဝင်လာသူကတော့ ကြီးပို မဟုတ်ဘဲ ပျိုယုသဒ္ဒါ ဖြစ်နေလေသည်။ 


"ကျစ် နင် ဘာလို့ ငါ့အခန်းထဲ ဝင်လာရတာလဲ''


"နင် ခြေတောက်နာနေလို့ အဝတ်တွေ လျှော်ပေးမလို့လေ၊ ကြီးပိုက အသက်ကြီးပြီ သူ့အသက်အရွယ်နဲ့ နင့်အဝတ်တွေ လျှော်ပေးဖို့ မသင့်တော့ဘူး၊ ငါ့ကို ပေးလိုက် လျှော်ပေးမယ် ''


ပန်ထွာတေး ပျို ပြောတဲ့ စကားတွေကို နားလည်ပါသည်။ ဒါပေမယ့် ဒီမိန်းမနဲ့ဆို စကားတွေက ချောချောမွေ့မွေ့ မထွက်တတ်တော့ နှုတ်ခမ်းလေးရွဲ့လိုက်ပြီး


"အော် အော် အင်းပေါ့ နင်က အခုချိန်မှာ ငါ့အမေနေရာ ယူထားတော့ မိခင်တာဝန် ကျေရမှာပေါ့လေ အဟင်း ဟောမှာ ဟိုခြင်းထဲမှာ ငါဝတ်ထားတဲ့ အဝတ်တွေချည်းပဲ ယူလျှော်လိုက် ဒါပေမယ့်  စက်နဲ့လျှော်ရင် မသန့်လို့ လက်နဲ့ပဲ လျှော်ပေးပါလား မာတာမိခင်ကြီးရဲ့''


"အင်း.. ''


ပျိုနဲ့ဆို ဘယ်တော့မှ စကားအ​ေကာင်းမထွက်လာတာကြောင့် ပျိုဘက်ကပဲ အလျော့ပေးဖို့ ဆုံးဖြစ်လိုက်သည်။ ခါးအလယ်လောက် ရှိတဲ့ ခြင်းတောင်းကြီးကိုမ၍ ပန်ထွာတေးအဝတ်တွေ လျှော်ဖို့ အခန်းထဲက ပြန်ထွက်ပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။


မနက်ပိုင်းတစ်ခုလုံး ဦးခွင်းအဝတ်တွေရယ် နေဝန်းအဝတ်တွေ အားလုံးလျှော်ပြီးခဲ့ပြီလေ။ ကြီးပို ခါးနာနေတာ သိတော့ အိမ်အလုပ်တွေ ဝိုင်းကူလုပ်ပေးဖြစ်သည်။ ကြီးပိုကတော့ ဦးကို အလုပ်သမားသစ် ထပ်ခေါ်စေချင်သည်။ ပျိုလည်း အားနေတာမို့ အိမ်အလုပ်တွေ နိုင်သလောက် လုပ်ပေးဖို့ ဆုံးဖြတ်ထားပြီးသား။


မိထွေးဇာတ်လမ်းတွေမှာ မိထွေးကပဲ အနိုင်ကျင့်ယုတ်မာနေကျ.. ငါကျတော့ လင်ပါသမီးလေးက ဒုက္ခပေးတယ် မိပျို ဒီနေ့ ကံမကောင်းပါ..


ပန်ထွာတေး အဝတ်တွေကို လက်ဖြင့် ​သေသေချာချာ လျှော်ဖွတ်နေလေတော့သည်။


❤❤


"ရော့ ''


"ဟီး ကျေးဇူးပဲ ငါ့မှာ နင်ပဲ ရှိတယ် ဆည်းဆာရာ''


"ဘာမှ လာဖားမနေနဲ့ ခိုင်းကောင်းရင် ကောင်းတယ်ပေါ့ ''


"နင်ကလည်း အဲလို မပြောပါနဲ့ ငါက ဒယ်ဒီကို ဝယ်ခိုင်းလိုက်လို့ ရတယ် ဒယ်ဒီက ညနေအလုပ်ပြီးမှ ပြန်မှာလေ၊ ငါက အဲ့လောက်ထိ မစောင့်နိုင်ဘူး၊ နင့်ကိုပဲ ပြေးမြင်မိလို့ ဟဲဟဲ ''


"အင်းပါ ဒါနဲ့ ခြေထောက်ကရော ကောင်းနေပြီလား''


"အင်း သိပ်မနာတော့ဘူး ဆေးထိုးဆေးသောက်ထားတယ်''


"အင်း ဂရုစိုက်အုံး ငါ သွားတော့မယ် ''


"အေးအေး ကျေးဇူးပဲ ''


ဆည်းဆာ အိမ်ပြန်ရန် ခြံလေးထဲအဖြတ် ခြံလေးထဲအဝတ်လေးကို ခါကာ ချိတ်လေးတွေနဲ့ လှမ်းနေတာ တွေ့တော့ ဘာရယ်မဟုတ် မျက်လုံးတွေက လှမ်းနေသော အကျီတွေဆီ အကြည့်က ရောက်သွားပြီး ပန်ထွာတေး ဝတ်နေတဲ့ အဝတ်တွေမှန်း သိလိုက်သည်။


လူက တွေးပြီးတာနဲ့ ခြေလှမ်းတွေက ပျိုဆီ သွားနှင့်ပြီးဖြစ်သည်။ 


"မပျို ဘာလုပ်နေတာလဲ ''


"ဟင်.. ''


ပျို အဝတ်တွေပေါ်မှာသာ အာရုံဝင်နေတုန်း အနောက်က ရုတ်တရက် လှမ်းခေါ်သံကြားတော့ လှည့်ကြည့်လိုက်ရာ ဆည်းဆာ ဖြစ်နေလေသည်။ ပန်ထွာတေး ပြောတဲ့ စကားတွေ နားထဲ ကြားယောင်လာတာကြောင့် ပျို ဆည်းဆာဆိုတဲ့ ကောင်လေးနဲ့ မပတ်သက်ဖို့ စဥ်းစားလိုက်သည်။


ဆည်းဆာ သူ့ကို ဘာစကားမှ ပြန်မ​ပြောတာကြောင့် ကြောင်အအလေး ဖြစ်သွားရပြီး အပြုံးမပျက်ဘဲ ပျိုနံဘေး လာရပ်၍


"အဲ့ဒါ ပန်ပန် အဝတ်တွေမလား''


..


"ပန်ပန်က ဆိုးတယ်မလား မပျိုက သည်းခံပေးပါနော်''


..


"ဟောဗျာ ကျွန်တော် ဘာလုပ်မိလို့ ကျွန်တော့်ကို ဘာစကားမှ ပြန်မပြောတာလဲဗျ''


ဆည်းဆာက ပျို စကားပြန်မပြောရင် ဒီတိုင်း လှည့်ထွက်လိုက်တာ မဟုတ်ပဲ ပျိုဘက်က စကားမပြောရင် ​ပြောထွက်လာအောင် လုပ်နေတော့ ညောင်းချိနေပြီ ဖြစ်တဲ့ ခါးကို တချက်ဆန့်ကာ လက်ထဲက အကျီကို ချိတ်နဲ့တွယ်လှမ်းလိုက်ပြီး


"ဒီမှာ ငါက တောသူ ဆိုတော့ စကားကို ဝေ့လည်းကြောင်ပတ် မပြောတတ်ဘူး၊ ဖြစ်နိုင်ရင် ငါ့ကို တွေ့လို့ စကားလာမပြောဘဲ နေလို့ရမလား''


ပျိုဘက်က ခပ်ပြတ်ပြတ် ပြောလာတော့ ဆည်းဆာ တချက်ကြောင်သွားပြီးမှ 


"အော် ဟုတ်..ဟုတ်ကဲ့ပါ ကျွန်တော်ကြောင့် နေရခက်တယ်ဆိုလို့ရှိရင် ကျွန်တော်ကပဲ တောင်းပန်ပါတယ် ''


ဆည်းဆာ ခပ်ယဲ့ယဲ့လေး ပြုံး၍ ပြန်သွားလေသည်။ တကယ်ဆို ဆည်းဆာနဲ့ ပျိုက ဘာရန်ငြိုးရန်စမှ မရှိပဲ ဒီလို စကားကြမ်းကြီး မပြောသင့်မှန်း သိပါသည်။ ဒါပေမဲ့ ဆည်းဆာသာ ဆက်စကားပြောနေရင် အိမ်ထဲမှာ ပန်ထွာတေး ရှိတယ်မလား။ သူ့သူငယ်ချင်းကို ဖြာယောင်းတယ်ဆိုပြီး ခေါင်းစဉ်အကြီးကြီးတွေ တက်လိုက်ရင် ဘယ်လိုလုပ်မလဲ။ 


❤❤


"အလုပ်က ပြန်ရောက်တာတောင် လာမကြိုနိုင်ဘူးနော်၊ ဘာတွေများ အလုပ်ရှုပ်နေတာလား''


"ဟင် မဟုတ်ပါဘူး ''


အခန်းထဲ ဝင်လာဆိုဝင်လာချင်း ဦးခွင်းက မျက်ခုံးတွေ တွန့်ချိုးပြီး ပြောလာတာကြောင့် ပျို ထိတ်ခနဲ ဖြစ်မိသည်။ ဘာကို အလိုမကျလာမှန်း မသိပဲ ပျို ကြောင်တောင်တောင်လေး ဖြစ်နေစဥ် ဦးခွင်းက အကျီကြယ်သီးတွေ တလုံးချင်းဖြုတ်ကာ


"အိမ်ကို ဆည်းဆာ လာတယ်ဆို ''


"ဟင် ဟုတ်တယ်လေ ''


အရင်က အမြဲတမ်း ဆည်းဆာက ပန်ထွာတေးဆီ လာနေကျပဲကို ပျိုကို တကူးတက လာမေးနေလေသည်။


"ဆည်းဆာက မင်းနဲ့ စကားတွေပြောနေတာဆို''


"ဟင် ..''


ဒီလို တိတိကျကျ သတင်းပေးလောက်တဲ့အထိ ဘယ်သူက ဦးကို တိုင်တောလိုက်တာလဲ။ ပန်ထွာတေးတော့ မဖြစ်နိုင်။ ပန်ထွာတေးသာဆို ဦးခွင်း မလာခင်ကတည်းက ပျိုကို ပြဿနာရှာပြီးလောက်သည်လေ။


"ကဲ ဖြေစမ်းပါ ဒီကောင်လေးက မင်းကို ဘာတွေပြောသွားတာလဲ''


"ဟင် ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး ဒီတိုင်း နှုတ်ဆက်တာပါ ဒါနဲ့ ဦးကို ဘယ်သူပြောလိုက်တာလဲ''


"နေဝန်း သားက မင်းနဲ့ ဆည်းဆာ စကားပြောနေတာ တွေ့တယ်တဲ့ ''


အော် နေဝန်းလက်ချက်ကိုး.. 


ရင်ခွင်းမြှား အလုပ်သွားချိန် ပျိုကို စောင့်ကြည့်ဖို့ နေဝန်းကို လိုချင်တာဝယ်ပေးပြီး ငှားထားရသည်။ နေဝန်းသာရှိရင် CCTVမလိုဘူး သူချည်းပဲ တအိမ်လုံးရဲ့ကိစ္စ ဒိုင်ခံတိုင်နေတာ။


ခွင်းမှာ ကိုယ့်ထက်အသက်တစ်ဝက်လောက်ငယ်တဲ့ မိန်းမချောချောလေး ယူထားတော့ ရတက်မအေးနိုင်။ ဘယ်အရာမဆို သူမနဲ့ ပတ်သက်ရင် သံသယစိတ်တွေ အမြဲဝင်နေခဲ့တာ။


"ဇစ်လာဖြုတ်ပေး''


ရေချိုးဖို့ အကျီမရှိတော့ပဲ ဘောင်းဘီပဲ ကျန်နေတော့ ပျိုကို အမိန့်ပေးသလိုပြောလာသည်။ အကျီဆို ကိစ္စမရှိပေမယ့် အခုက ဘောင်းဘီမလား။ ဘယ်လိုပဲလင်မယားအရာမြောက်ပြီပဲဆိုဆို ရှက်တာက ရှက်တာပါပဲ။


"ဟို ဦးကလည်း ''


"မြန်မြန်လာစမ်းပါ''


ရောက်ကတည်းက မျက်နှာကြီးသုန်မှုန်နေတာ အခုထိ မျက်နှာထား မလျော့သေးတော့ ပျို ကြောက်ရသည်။ ဦးခွင်း ဒေါသကြီးတတ်တာ ဒီနောက်ပိုင်း ပိုသိလာရသည်။


ကုတင်ပေါ်ကထ၍ ဇစ်လေး မြန်မြန်ဆွဲကာ တဖက်သို့ အမြန်လှည့်လိုက်တော့ ဦးခွင်းဆီက ခပ်သောသော ရယ်သံကို ကြားလိုက်သည်။ ပျိုက ဦးကို နောက်ကျောပေးထားတာကြောင့် ဦးရဲ့ မေးဖျားလေးက ပျိုပခုံးပေါ်တင်ကာ လက်တွေကလည်း ခါးသေးသေးလေးကို တင်းကြပ်နေအောင် ပွေ့ဖက်လာသည်။


ထို့နောက် ခွင်းက မျက်နှာကို နံဘေးစောင်းလိုက်တော့ ပျိုရဲ့ လည်တိုင်တွေကြား ခွင်းနှာဖျားက ကျရောက်လို့ လာပါသည်။


''ရွှတ်..''


''အင့် ဦးခွင်း ယားတယ်လို့''


ပျို ယားလွန်းလို့ လူးလွန့်နေပေမယ့် ခွင်းက အလွတ်မပေးဘဲ ဇွတ်တိုးဝေ့နမ်းလာပြီးမှ ပခုံးသားတွေဆီ အနမ်းက ရောက်သွားကာ နမ်းတာနဲ့ မတူတော့ဘဲ ဦးရဲ့ ချွန်မြမြ သွားစွယ်တို့ဖြင့် ကိုက်ဖောက်လာသည်။


ဦးခွင်းက နမ်းပြီးတိုင်း ပျိုရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတစ်ခုမဟုတ်တစ်ခု ချန်ထားရစ်မြဲ။ 


''ဦး နာတယ် ''


''ရေမချိုးရသေးဘူးမလား''


ပျို ပြောတာကတခြား ခွင်းပြောလာတာက တခြားဖြစ်နေသည်။ ခွင်း ပြောလာတဲ့စကားကြောင့် ပျို ရေများမချိုးရသေးလို့ ခန္ဓာကိုယ်ပေါ် အနံအသက်တစ်ခုခုများ ရှိနေလို့လားဆိုပြီး စိတ်ပူသွားရသည်။


''ဟင့်.. ဟင့်အင်း ဦး ''


''အဟွန်း.. ''


ပျို အမှန်တိုင်းလည်းဖြေရော ဦးဆီက ကျေနပ်သလို ရယ်သံ ထွက်လာပြီး


''အဟွန်း ဒါဆို အတော်ပဲ ကိုယ်တို့ ရေအတူတူချိုးလို့ ရတာပေါ့ ''


''ဟင်.. ''


ရုတ်တရက် ဦးပြောလာသော စကား​ကြောင့် ပျို မျက်လုံးအပြူးသား ဖြစ်သွားသော မျက်နှာကို ဦးက ပြုံးစိစိ ကြည့်လာ၍ နောက်ကျောအနေအထားကနေ အရှေ့ဆွဲလှည့်၍ မျက်နှာချင်းဆိုင်စေကာ 


''ဘာလို့ အံသြသွားရတာလဲ မသိတာလည်း မဟုတ်ပဲနဲ့''


''ဟင့် ဦးနော်''


ဦးဆီက ထွက်လာတဲ့ စကားတစ်လုံးချင်းစီက ပျိုကို ရှက်ရွံသွားဖို့အထိ လုံလောက်ပါသည်။ ရှက်လွန်းလို့ နီရဲနေသော နားရွက်ကို ဦးက ဆတ်ကနဲ ဆွဲကိုက်၍


''ဒါကဘာလဲ ရှက်တာလား ''


ဦး မေးတာကို ပျိုမှာ ပြန်ဖြေဖို့အချိန်တောင်မရှိ။ တဆက်တည်း ပျိုနှုတ်ခမ်းလုံးလုံးလေးက ဦးနှုတ်ခမ်းထဲ ရောက်သွားနှင့်ပြီ။ ပျို နှုတ်ခမ်းလေးက ဦးနှုတ်ခမ်းတွေအကြား ကူကယ်ရာမဲ့တဲ့အကျဥ်းသားလို။ 


နှုတ်ခမ်းလွှာ ရဲစွေးစွေးလေးများကို ထုံးစံအတိုင်း ဦးက သွားစွယ်ကြီးများဖြင့် ​ကိုက်ဖောက်ပြီး ထွက်လာသော သွေးတွေကို ဦးပဲ ထွေးငုံစုပ်ယူသွားလေသည်။ 


အွန့် 💋


အသက်ရှုကြပ်လာလို့ ဘယ်ယိမ်းညာယိမ်း ရှောင်ဖယ်မိတော့ ခေတ္တခဏ အနားပေးပေမယ့် ပျိုရဲ့ မျက်လုံး ပါးပြင် နဖူးလေး မေးဖျားလေးတွေကတော့ အငြိမ်မနေရပါ။ 


ပျို အသက်လုရှုပြီး အသက်ရှုဝပြီထင်လောက်မှ ပျိုနှုတ်ခမ်းလေးတွေကို အပိုင်သိမ်းယူပြန်သည်။  ဒီနူးနူးအိအိ ညက်ညက်ညောညော နှုတ်ခမ်းဖူးဖူးလေးက ခွင်းကို နမ်းလေရှိုက်လေ မဝလေ ဖြစ်ရလောက်အောင်အထိပင်။


နှုတ်ခမ်းလွှာ ထုံကျဥ်ယောင်ယမ်းသွားတဲ့အထိ ဦးက အလွတ်မပေးခဲ့။ နောက်ဆုံး ပျိုကိုယ်လုံးလေးကို ဆတ်ခနဲ ပွေ့ချီကာ ရေချိုးခန်းရှိရာသို့ ခေါ်သွားလေသည်။ 


..ဒီလူကြမ်းကြီးကတော့လေ...🖤


❤❤


ဆက်ရန်

Mone Pann Myau(Shin Hlwan Mal)


#ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်


😘


rate now: