ရွှေအိမ်စိုး
*********************
လမိုက်ညသန်းခေါင်ယံ....
အေးချမ်းတဲ့ညအချိန်မှာ ပေါက်တူးတစ်လက်နှင့်မြေတူးနေသောထွန်းဟန်....
လူသားတွေအေးချမ်းစွာအိပ်မောကျနေသည့်သန်းခေါင်ချိန်ဖြစ်သော်လည်းထွန်းဟန်ရင်ထဲမအေးချမ်းနိုင်ပါ
ဘယ်သူကထင်မလဲ ချစ်သောရွှေအိမ်....
ကိုယ်ချစ်တဲ့သူရဲ့ ခန္ဓာကိုယ်ကို ကိုယ်တိုင်မြေမြှပ်ပေးရလိမ့်မယ်လို့....
ဘယ်နှလုံးမျိူးနဲ့ ဒီကျွန်ရက်စက်နိုင်ပါ့မလဲ...
မျက်ရည်တွေနဲ့အတူရောမြှပ်ခဲ့ရသည့်...
သူမရဲ့အသက်မဲ့ခန္ဓာကိုယ်လေးဟာ....
ဒီနေရာမှာအေးချမ်းစွာအနားယူနိုင်ပါ့မလား...
ခွင့်လွှတ်ပါချစ်ရသူ........
မာန်သူ့မျက်လုံးပင်သူမယုံနိုင်...
ညကြီးအချိန်မတော်ပေါက်တူးတလက်နှင့်ကျင်းတူးနေပုံက စိတ္တဇဆန်လှသည်....
ဟေ့လူ...သူခေါ်နေသော်လည်းထောင်ထောင်မောင်းမောင်အသားညိုညိုနှင့် ဒီလူဟာဘယ်သူလဲ....
အရေးပိုင်မင်းရဲ့ခြံထဲမှာဒီပုံစံမျိူးအလုပ်သမားမရှိပါ...
မျက်ရည်တွေနှင့်ကျင်းတူးနေပုံကစိတ္တဆန်သလို...
ဟင်ဘေးမှာအဝတ်နှင့်ပတ်ထားတာ....လူသေကြီးလားဘုရားရေ....
ထိုလူဟာသူရှိနေတာကိုသိပုံမပေါ်သလိုမြင်ပုံမရပါ...
သူဘယ်ရောက်နေတာလဲ....
ဒါဟာအိမ်မက်လား
" အကို...အကို "
နားထဲကြားနေရသည့်အသံသေးသေးခေါ်သံကလေးကြောင့်မာန်မျက်လုံးတွေဖွင့်ကြည့်လိုက်မိသည်....
ပန်းတပွင့်ပန်ကာ....
မြန်မာဆန်ဆန်ဝတ်စားထားသည့်မိန်းမငယ်လေး....
ဟိုနေ့ကအမျိူးသမီးလေး....
သူအိမ်မက်မက်နေပြန်ပြီလား....
" မင်း...ဘယ်သူလဲ "
" ကျမ ရွှေအိမ်စိုးပါအကိုရယ် "
ရွှေအိမ်နှင့်ချွတ်စွတ်တူသည့်မိန်းကလေး.....
ပြီးတော့....
" ကျင်းတူးပြီးအမြှပ်ခံရတာမင်းလား "
သူထိုအမျိူးသားရှေ့ကသေချာစွာကြည့်နေခဲ့တာ..လေအတိုးမှာဟ သွားသည့်အဝတ်ပတ်ထဲမှာ
မေမြို့ပန်းကလေးပန်ထားသည့်ရွှေအိမ်...မဟုတ်ဘူးရွှေအိမ်နှင့်တူသည့်မိန်းကလေး...
အခုသူ့ရှေ့မှာရပ်နေသည့်မိန်းကလေးဖြစ်လိမ့်မည်....သူသေချာစွာလပြည့်ညရဲ့အလင်းကနေတဆင့်မြင်တွေ့ခဲ့တာဖြစ်သည်...
သူ့စကားကြောင့်နောက်သို့အနည်းငယ်ဆုပ်သွားသည့်မိန်းကလေး...
" အဲ့တာ...အကိုကြောင့် အဲ့တာတွေအားလုံးအကိုကြောင့်စတင်ခဲ့တာ အဟင့်...."
အသံသေးသေးလေးနှင့်စူးစူးဝါးဝါးအော်ရင်းလှေကားတွေပေါ်ပြေးတက်ကာပျောက်ကွယ်သွားတော့သည်....
အိမ်မက်ပဲလား....
ဒီအိမ်ကြီးမှာဘာတွေဖြစ်ခဲ့တာလဲ....
သူမြင်ခဲ့သည့် ဒီအိမ်ကြီးဟာယခုထက်ပိုပြီးသစ်လွင်နေသည်ကိုသတိပြုမိသည်မို့...အတိတ်ကာလကဖြစ်ပျက်ခဲ့တာတွေများလား...ရွှေအိမ်နှင့်တူသည့်မိန်းကလေးဟာလူသတ်အလောင်းဖျောက်ခံရတာများလား.....
ဆက်စပ်ပြီးသိချင်စိတ်နှင့်စဥ်းစားနေခဲ့မိသည်....တကယ်ပဲလျိူ့ဝှက်ချက်တွေရှိနေခဲ့လေသလား
" အကိုမာန်...အဘကထမင်းစားမယ်တဲ့ "
ဖိုးစိန်မြေး...ရန်ပြေကိုမြင်မှအတွေးတို့ပြတ်ကာရန်ပြေနှင့်အတူလိုက်သွားတော့သည်...
" ဖိုးစိန် ဒီခြံထဲမှာ..အသားညိုညိုထောင်ထောင်မောင်းမောင်းနဲ့အလုပ်သမားရှိလား "
" အသားည်ိုညိုနဲ့ဟုတ်လား"
" ဟုတ်တယ်ဖိုးစိန်...မျက်လုံးမျက်ခုံးကောင်းကောင်း...သြော်ပြီးတော့ ရင်ဘက်မှာ ကြက်ခြေခတ်ရာလိုလို အမာရွတ်နဲ့"
ဖိုးစိန်ရဲ့မျက်လုံးတွေဟာတခုခုကိုတွေးမိဟန်နှင့်အံသြနေဟန်ရှိလေသည်....
" ဘယ်မှာတွေ့လာတာလဲ လူလေးရဲ့ ဖိုးစိန်တို့ခြံထဲမှာ အာ့လိုပုံမရှိပါဘူးကွယ် ကဲကဲသားတို့လူငယ်တွေစကားပြောချည်အုန်းကွဲ ဖိုးစိန်ခြံထဲဆင်းအုန်းမယ် "
အဖြေမရသည့်အတွေးတွေနှင့်ဘုန်းမန်ဝင့်ထည်သိချင်စိတ်တွေက ပိုမိုကြီးဆိုးနေလေသည်...ဖုန်းဆီကအသံကြားမှအတွေးတွေပြတ်ကာ....
ဒီကောင်မလေး... လူကိုအိမ်ကြီးထဲမှာပစ်ထားပြီးမှဖုန်းခေါ်ဖော်ရသေးသား...
ရွှေအိမ်စိုးဆီက ဖုန်းကို ကိုင်လိုက်ပြီး.....
ချစ်ရသူနဲ့ဖုန်းပြောနေသည့်အခိုက်တန့်မှာလွမ်းမိနေတာတွေကြောင့်ထင်ပါရဲ့အရာရာအားလုံးမေ့မေ့ပျောက်ပျောက်......
...................................
ညကစာရေးနေရတာနှင့်လူကအိပ်ရာဝင်နောက်ကျလေသည်...
တံခါးခေါက်သံကြောင့်လူကနိုးတဝတ်ပျော်တဝက်နှင့်တံခါးဖွင့်ပေးတော့...စံအိမ်ကြီးကိုမုန်းပါသည်ဆိုသည့်ရွှေအိမ်
" နေမြင့်နေပြီ မာန် အိပ်ပုပ် "
ဟိုမိန်းကလေးနှင့်မှားမည်စိုး၍သေချာကြည့်မှသူချစ်ရသောမိန်းကလေး...
စာရေးနေတည်းက သူမဘက်ကလဲအလိုက်တသိမဆက်သွယ်သူကလဲအာရုံရနေရင်အကုန်မေ့နေတက်သူမို့
အခုသူမကိုမြင်လိုက်ရတော့...လွမ်းသည့်စိတ်တွေပြေသလိုလို...
သူမကိုယ်လေးကိုဆွဲဖက်ထားမိရင်း...
" ကိုယ်..ညကအိပ်ယာဝင်နောက်ကျလို့ပါရွှေအိမ်ရဲ့ လွမ်းလိုက်ရတာကွာ "
" တော်ပါ...အခုမှလွမ်းပြနေတယ် "
မျက်စောင်းလှလှကလေးတွေပစ်ဝင်လာတော့အသည်းယားစွာပါးကလေးဆွဲရင်းနှစ်ဦးသားပျော်ရွှင်ကြည်နူးနေမိသည်...
ဟင်...
တံခါးဝမှာသူတို့နှစ်ဦးကို နာနာကျည်းကျည်းကြည့်နေသော သူမ
ပန်းတစ်ပွင့်ပန်ထားရင်း....ရုပ်တူသော်လည်းကွဲပြားသည့်အသွင်ပြင်နှင့်သူမ....
ရွှေအိမ်ကိုထူးဆန်းသည့်အကြည့်တွေနှင့်ကြည့်နေသည်...
တဖြေးဖြေးနှင့်အနားတိူးကပ်လာကာ......
မလာနဲ့....ငါချစ်ရတဲ့မိန်းကလေးကိုလက်ဖျားနဲ့တောင်ထိဖို့မကြိုးစားနဲ့....သွား....
" မာန်...မာန် "
ဟင်....လှုပ်နိုးနေသောအသိကြောင့်မျက်လုံးတွေကိုဖွင့်ကြည့်မိတော့...
" မာန် အိမ်မက်စိုးတွေမက်နေတာလား "
" ရွှေ...ရွှေအိမ်..."
" ဟုတ်တယ်မာန် ငါပဲ ထ ထ မျက်နှာသစ်ရေချိူး အရေးကြီးကိစ္စရှိလို့ "
" ဟင်...ဘာကိစ္စလဲ "
" ပြီးရင်အေးဆေးပြောပြပါ့မယ်မာန်ရယ် ချွေးတွေကြီးပဲရေမိူးချိူးတော့နော်နင့်ခေါ်မရလို့အိမ်ထဲဝင်ခဲ့ရတာ...ငါဒ်ိအိမ်ကြီးပေါ်ရောက်ရင်ကျောချမ်းတယ်ဟ ဖိုးစိန်တို့အိမ်ကနေလူကြီးတွေနဲ့စကားပြောရင်းစောင့်နေမယ်နော် "
" inn "
သူမအိမ်ပြင်ရောက်သည့်အထိ ကြည့်နေပြီးမှသက်ပြင်းချကာရေချိူးခန်းထဲဝင်ခဲ့သည်...သူမဒီအိမ်ကြီးကိုမုန်းသည့်အကြောင်းက...သက်သက်ရှိကိုရှိသည်ထင်ရဲ့...
ကျောချမ်းသလိုခံစားရတာကြောင့်မုန်းလာတာနေလိမ့်မည်...
ကျောချမ်းတာကရော.....
အိမ်မက်ထဲကလိုဟိုအမျိူးသမီးလေးမျက်ထောင့်နီနဲ့ကြည့်နေလို့များလား....
ငါချစ်ရတဲ့မိန်းကလေးကို လက်ဖျားနဲ့တောင်မထိနဲ့
အသံထွက်အော်ပြောပစ်ရင်းရေချိူးရန်ပြင်လိုက်စဥ်...
လေမတိုက်ပါပဲ....
ဘေစင်ပေါ်မှာတင်ထားခဲ့သည့် ရေခွက်ဟာအသံကျယ်ကျယ်ပြုတ်ကျလေသည်....
ချစ်ရသူမိန်းကလေးကိုမနှောက်ယှက်ဖို့သာအဓိက........