ရွှေအိမ်စိုး
**********************
မင်္ဂလာပွဲကို အမြန်ဆုံးစီစဥ်ချင်တယ်ဆိုသည့်မိုးကျရွှေကိုယ်ရဲ့ခွင့်တောင်းခြင်းတွေကို....ကိုယ်တော်ဟာသဘောကျနှစ်ခြိုက်တော်မူသတဲ့....
ဒီရက်ပိုင်းမှ......
ချစ်ရတဲ့မိန်းမလှကလေးဟာ မြန်မာဆန်ဆန်ဝတ်ပြီး မေမြို့ပန်းကလေးတပွင့်အမြဲပန်ထားတက်သည်...
အရင်လိုဂါဝန်ကလေးတွေနှင့်မတွေ့ရတက်တော့သော်လည်း ဒီလိုလေးလဲတမျိူးလှပါတယ်....
ဘာကြောင့်...သူမရဲ့အမလိုဝတ်ဆင်နေသလဲထွန်းဟန်မသိပေမဲ့...
ကြည့်ရတာသမီးတော်လေးဟာမကြာခင်အိမ်ရှင်မအဖြစ်ခံယူဖို့လေ့ကျင့်နေတာထင်ပါရဲ့....
သခင်တွေရဲ့အရေးကိစ္စကိုဘောင်ကျော်စည်းကျော်ပြီးတွေးနေရတယ်လို့...
ထွန်းဟန်သူ့ကိုယ်သူပြုံးမိသည်......
" ရွှေအိမ် "
တိုးရှရှနှင့်ကြည်လင်နေသည့်အသံကြောင့်.
မိုးကျရွှေကိုယ်မှန်းတန်းသိလိုက်သည်....
" ကိုမိုးကျရွှေကိုယ် "
" နှမကလေးဟာဒီနေ့တော့မနေ့ကနဲ့မတူ....ဒီမောင်ကိုတွေ့တာထွက်မပြေးတော့ပါလား"
" ဟို....အဲ့တာ "
" နောက်တာပါကွာ...ကိုယ့်ကိုအာ့လောက်ထိမကြောက်ပါနဲ့ရွှေအိမ်.... "
စိတ်သက်သာရာရသွားသလိုပင့်သက်ချသည့်ကောင်မလေးကိုအသည်းယားစွာမြတ်နိုးရပါသည်...
"ကိုယ်မနေ့ကပြောတာလေး ဘယ်လိုသဘောရသလဲ''
" ရှင် "
" ကိုယ်မင်းကိုနှစ်သက်တယ်....မဟုတ်ဘူး ဒီနေ့တွေ့လိုက်မှကိုယ်ပိုသိလာတယ် နှစ်သက်တာထက်ပိုတယ်...ကိုယ်..မင်းကိုချစ်တယ် "
" အို....."
"မင်းကရော "
" အကို နဲ့ကျမက စေ့စပ်ထားပြီးသားမကြာခင်လက်ထပ်ကြတော့မဲ့သူတွေပါ ကျမက သဘောမကျပဲခေါင်းညိမ့်ပါ့မလားရှင် "
" ရွှေအိမ်....တကယ်ပြောတာနော် "
သူ့ရင်ခွင်ထဲအလိုက်သင့်ဝင်ရင်း.....သူမရင်ခုန်နေမိသည်....မိန်းကလေးသိက္ခာဆိုတာတွေလဲမစဥ်းစားနိုင်ပါ.
သူကိုယ်တိုင်ကချစ်ရေးဆိုလာသည်မဟုတ်လား ဒီအခွင့်အရေးတွေကိုသူမလက်လွတ်မခံနိုင်ပါ....
" ကျမကို အိမ်စိုးလို့ပဲခေါ်ပေးပါလား မိသားစုတွေကအိမ်စိုးလို့ခေါ်ကြတော့...အကိုခေါ်တဲ့ရွှေအိမ်ဆိုတာကြီးနားထဲအသားမကျလို့ပါ "
"ဒါဖြင့်..သခင်မလေးသဘောတော်အတိုင်းပါခင်ဗျာ "
မိုးကျရွှေကိုယ်ရဲ့ရယ်သံတွေနှင့်ဝေဆာနေသည့်....အောက်ထပ်ကဧည့်ခန်းကျယ်ဟာချစ်သူနှစ်ဦးအချစ်တွေစတင်ရာနေရာဖြစ်သည်ဆိုသော်လည်း.....
တံခါးနောက်ကမျက်ဝန်းကလေးတစ်စုံကိုဘယ်သူမြင်နိုင်ပါ့မလဲ စိတ်ရှိတိုင်းဆိုအရေးပိုင်မင်းထံအပြေးသွားပစ်လိုက်ချင်သော်လည်း.......
ဘယ်သူမှမမြင်ခင်.....မျက်ဝန်းလေးဟာထိုနေရာမှ
ထွက်လာခဲ့တော့သည်......
ချစ်ရသူနဲ့ကွေကွင်းရတဲ့ဒုက္ခ.
ချစ်ရသူဟာကိုယ်မဟုတ်တဲ့တခြားသူလက်ထဲရောက်နေသည်ကိုထိုင်ကြည့်နေရသည်ပူလောင်မှု့
ပေါက်ကနဲကျတဲ့မျက်ရည်တွေကိုဘယ်သူကစာနာပါ့မလဲ..............
........................
" အကို "
မိုးကျရွှေကိုယ်ရောက်နေသည်ဆိုသည့် အသံကြောင့်ခြံထဲအမြန်ပြေးဆင်းခဲ့သည်...
" အရေးပိုင်မင်းဆီလာတာခရီးသွားတယ်ဆိုလို့....အိမ်စိုးကိုမတွေ့ရတော့ဘူးထင်နေတာ "
" ဘာလို့လဲအကိုရဲ့ "
" ရှေ့ရက်တွေက...ကိုယ်လာတိုင်းအိမ်စိုးလေးကျန်းမာရေးမကောင်းလို့ဆင်းမတွေ့တာကြီးပဲလေ..အရေးပိုင်မင်းနဲ့အတူဆေးရုံပြဖို့မြို့ပေါ်လိုက်သွားပြီလားလို့ "
" အိမ်စိုးသက်သာနေပါပြီ...ဖေဖေကလဲ အလုပ်ကိစ္စသက်သက်သွားတာပါ အကိုရဲ့ "
" မသိပါဘူးကွာ....ကိုယ်ကမင်းရဲ့ပန်းကလေးတွေကိုကြည့်ရင်းမင်းကိုလွမ်းနေခဲ့တာ "
" ဒါကြောင့် ဒီကလဲအမြန်ပြေးဆင်းလာခဲ့တာ "
" ကျန်းမာကာစကိုးကွာ "
" အကိုဆီလာရတာမို့မပင်ပန်းပါဘူး "
" ဒီကောင်မလေးကိုအင်မတန်ကိုမြတ်နိုးမိလာပြီအမြန်ခေါ်ထားမှဖြစ်မယ်ကွာ "
သူ့ပခုံးပေါ်ခေါင်းကလေးမှီရင်း.....
မကြာခင်ဒီအမျိူးသားကိုသူပိုင်ဆိုင်ခွင့်ရတော့မှာမို့ကျေနပ်မိသည်ပင်.....စိုးရိမ်နေတဲ့အကြည့်တွေကြင်နာတက်တဲ့အပြောတွေ....
တနေ့တခြားဒီအမျိူးသားကိုလောဘတက်လာမိတာကျမမှားခဲ့သလား......
သူမပါးလေးတွေဆီ...သူ့အနမ်းလေးတွေဖွဖွချွေတော့ရင်ခုန်သံတွေထိန်းမရနိုင်တော့ပါ......
" အကိုဟာ...ပိုပိုပြီးလောဘတက်စရာကောင်းတဲ့အမျိူးသားပဲ "
" ဟောကွာ....လူမမာမို့သည်းခံနေတာ ကိုယ့်ကိုအသည်းယားအောင်မလုပ်နဲ့ပါးကလေးတွေရန်ရှာပစ်လိုက်ရ "
"အကိုနော် "
ရှက်ပြုံးကလေးတွေပြုံးရင်းကြည်နူးနေရတဲ့ဒီအချိန်ကလေးကုန်ဆုံးသွားမှာသူကြောက်သည်.....
ဘယ်ဘဝကဘယ်လိုရေစက်ကြောင့်မှန်းမသိအောင်ချစ်နေမိတာခက်သည်...
ပိုင်ဆိုင်နေရတာတောင်ဆုံးရှုံးရမှာကြောက်နေသည်....
" နောက်လထဲမှာ ကိုယ့်အဖေ ပြန်ရောက်မယ်...ပြန်ရောက်တာနဲ့သမီးတောင်းလာတော့မယ်လို့ပြောနေတယ်...."
" ရှင် "
" ဟောဗျာ...ဘာတွေဒီလောက်လန့်နေတာလဲ...အရေးပိုင်မင်းသိပြီးသားလေ အိမ်စိုးတောင်သိနေပြီထင်တာ "
" မဟုတ်....ဟို.... အကိုဆီကထပ်ကြားရတော့ရင်ခုန်သွားလို့ "
" ဒီကောင်မလေးသိပ်ချွဲတာပဲ "
သူမနဖူးလေးတွေကိုမြတ်နိုးစွာနမ်းလာပြန်သည်မို့...ရင်တွေတုန်သည့်ကြားကရင်ခုန်ရပြန်ရဲ့...
"အကို...ကျမကိုဘယ်အခြေနေပဲ ဖြစ်ဖြစ်ချစ်ပေးမယ်မဟုတ်လားဟင် "
သူမလက်ကလေးတွေကိုကြင်နာစွာဆုပ်ပိုင်ရင်း...
" ချစ်မဝဖြစ်နေတဲ့ဒီလူကိုဘာတွေစိုးရိမ်နေတာလဲအချစ်ရယ် "
" အိမ်စိုးဟာကျန်းမာရေးချူချာသူမဟုတ်လား...အကိုစိတ်ကုန်သွားမှာ.."
" ရှူး.....ဒီလိုစကားတွေနောက်ထပ်မပြောနဲ့.ကိုယ်ကိုယုံပါ...ဒီကောင်မလေးကိုချစ်တာ
ရောဂါသည်မကလို့...ဘာပဲဖြစ်ဖြစ် အရေးပိုင်မင်းရဲ့သမီးရွှေအိမ်စိုးဆိုတဲ့ဂုရ့အမည်နာမတွေကိုချစ်တာမဟုတ်ဘူး....
ကိုယ့်ကိုယုံနော် "
" ဟုတ် "
" မင်းလက်ကလေးတွေ...အေးစက်နေတာပဲကွာ...ကိုယ်တို့အိမ်ထဲဝင်ရအောင်ပါ မဟုတ်ရင်ကို့အချစ်ကလေးပြန်ဖျားတော့မယ် "
သူ့လက်မောင်းကိုမှီတွဲလို့......
အိမ်ထဲအထိလမ်းလျှောက်သွားတဲ့အချိန်တွေဟာသိပ်ကျေနပ်စရာကောင်းသည်...
ဒီဂရုစိုက်မှု့ဒီနွေးထွေးမှု့တွေကိုထာဝရသူမသာပိုင်ဆိုင်ပါရစေ...ဘယ်လိုအခက်ခဲတွေရှိရှ်ိသူမရအောင်ကျော်ဖြတ်နိုင်သည်....
ငယ်စဥ်ကထဲကလိုတာရှိရင်ရအောင်ယူတက်ခဲ့တဲ့သူမ.....မဟုတ်လား....
မိုးကျရွှေကိုယ် ကိုရကိုးရမှဖြစ်မယ်....
ဒါကိုအတ္တကြီးတယ်ထင်ရင်ဒါဟာအချစ်ကြောင့်ဖြစ်တဲ့အတ္တပါ...
" နွေးနွေးထွေးထွေးလေး နေနော်....ကိုယ်မနက်ဖြန်လာခဲ့ပါ့မယ် "
သူမကိုနှုတ်ဆက်ပြီးပြန်သွားသည့်သူ့ကားလေးမျက်စိတစ်စုံးအထိကြည့်ရင်း...
သူသာအနားမှာရှိမယ်ဆိုတလောကလုံးနဲ့လဲရင်ဆိုင်ရဲတယ်...သူ့ကိုရဖို့ဆိုဘာနဲ့ပဲလဲယူရယူသူမကျေနပ်သည်.....
အဲ့သည့်လောက်ထိအတ္တကြီးစွာချစ်မိခဲ့သည်