book

Index 7

(အပိုင်း....၇)

ရွှေအိမ်စိုး

**********************


အိမ်ကြီးထဲမှာ တိတ်ဆိတ်ခြောက်ကပ်လွန်းနေပေမဲ့...

ဘုန်းမာန်ဝင့်ထည် တစ်ယောက်...

Laptop ပေါ်လက်ချောင်းကလေးတွေရွေ့လျှားရင်း....


ပတ်ဝန်းကျင်ကို မေ့လျှော့သည်အထိပင်...


စာ... စရေးနေပြီဆိုတာ သိကတည်းက ရွှေအိမ်စိုးဟာသူ့ဆီ ဖုန်းသိပ်မခေါ်တော့သလို...


သူကိုယ်တိုင်လဲဖုန်းပိတ်ထားသည်ကများသည်...


ကသာမြို့အကြောင်း....

အရေးပိုင်မင်း စံအိမ်အကြောင်း....

ကိုလိုနီခေတ်အကြောင်း....


ပိုသိရလေ စိတ်ဝင်စားနေမိလေဖြစ်လာကာ...


အိမ်မက်ထဲမှာမြင်တွေ့ခဲ့သည့်...

အမျိူးသမီးလေးဟာ ဘယ်သူလဲ...

စကားများနေသည့်အမျိူးသမီးတွေကရော....


ဘယ်သူတွေလဲ......


ဒီအိမ်ကြီးမှာတကယ်ပဲ....မမြင်အပ်တဲ့အရာတွေရှိနေလေသလား

မသိစိတ်ကတွေးမိသော်လည်း...

သိစိတ်ကသိပ်မယုံချင်ပါ...


" ကိုမာန် ထမင်းစားလို့ရပါပြီ "


အတွေးတွေ ဟိုဒီဝဲပျံရင်း...

နားထဲတိုးဝင်လာသည့်ရန်ပြေခေါ်သံကြောင့်...


အချိန်တောင်....နေ့လည်ရောက်ပါရော့လား..


''ကိုယ်လိုက်ခဲ့မယ် ရန်ပြေ "


အိပ်ယာနိုးထဲက စာထိုင်ရေးနေခဲ့မိတာ....

အမြန်ဆန်ရေချိူးဖို့ပြင်ရကာ...

အချစ်ဇာတ်လမ်းရေးဖို့စိတ်ကူးထားသည့်Story Line ဟာ...

Horror အ​ဖြစ်ပြောင်းလဲခဲ့တာ.....


သူကိုယ်တိုင် ပင် နားမလည်နိုင်တော့ပေ.....


...............................................................


1940

Katha


လွမ်းဆွေဖွယ် တီးလုံးသံတွေ မကြာမကြာကြားရလေ့ရှိသလို....

အရေးပိုင်မင်းရဲ့ စံအိမ်တော်သို့..

မိုးကျရွှေကိုယ် ဆိုသည့်အမျိူးသားငယ်ဟာလဲမကြာမကြာဝင်ထွက်လာခဲ့သည်ပင်...


ထွန်းစိန်လက်ထဲက....


မုန့်အချိူ့ရယ် စံအိမ်ကြီးရှေ့မယ်ခန့်ညားစွာရပ်ထားသည့် ဝူစလေကားရယ်ကို မြင်တည်းက...

ထွန်းဟန် သိပ်မုန်းသည့်ထိုအမျိူးသားရောက်နေပြီဖြစ်ကြောင်းအလိုလိုသိလိုက်သည်...


တခါတလေကိုယ့်အဆင့်အတန်းကိုမေ့မိတယ်ရွှေအိမ်စိုးရေ....


နာနာကျင်ကျင်အော်ဟစ်ချင်သော်လည်း...

ကိုယ့်စိတ့ကိုယ်တောင်မပိုင်သည့်အစေခံမဟုတ်လား...


ထူးဆန်းသည်က...


ရွှေအိမ်စိုးရဲ့မျက်နှာဟာ အရင်လိုမဟုတ်..အမြဲလိုလိုဝမ်းနည်းနေတက်ကာ...

သူမ လက်သံကိုနားဆင်ရင်း...

သူမ စိတ်အခြေနေကိုနားလည်သည်အထိအလွတ်ရခဲ့သည်မို့...


ဝမ်းနည်းဖွယ်ငိုရှိုက်သံတွေပါဝင်နေသည့်...


စန္ဒယားသံဟာရင်ထဲစိုးရိမ်မိစေသည်ပင်...


မင်းကိုဘာတွေကများဝမ်းနည်နေစေသလဲ


စံအိမ်တော်ကိုကျောခိုင်းကာသူ့နေရာဖြစ်သည့်...

အစေခံအိမ်တန်းဘက်လျှောက်သွားရင်းဘာကိုမကျေနပ်လို့မကျေနပ်ဖြစ်နေခဲ့မှန်း...


သူ...မသိပါ


ချစ်မိတာဟာအပြစ်များဖြစ်ခဲ့လေသလား...


စန္ဒယားလက်သံချိူချိူကလေးအဆုံးမှာ...

မိုးကျရွှေကိုယ် လက်ခုတ်တီးလိုက်ကာမှသူရောက်နေမှန်းမသိအောင်အထိ...

အာရုံစိုက်တီးခတ်နေသည့်မိန်းမပျိူလေးဟာလှည့်ကြည့်သည်...


'' ဟင် "


''Sorry ကိုယ်ခွင့်မတောင်းပဲ မင်းဂီတကိုနားဆင်မိတယ် "


လက်ခုတ်တီးရင်း...

သူမအနီးလျှောက်လာနေသည့်သူ့ကို တအံတသြပြူးကြောင်ကာကြည့်နေပုံလေးဟာ...


ပထမနေ့ကတွေ့သည့် ရွှေအိမ်စိုးနှင့်ဘာမှမဆိုင်ချေ


ဒီနေ့ကျမှ ပန်းကလေးပန်ကာ...

မြန်မာဆန်ဆန်အဝတ်အစားနှင့်တမျိူးလှနေပြန်သည်...


သူမအနားသူရောက်ခါနီးတော့မှ...

အသိဝင်လာသူနှယ့် လှည့်ပြေးဖို့ပြင်သည်မို့...


" ဟ်ိတ်..ဘယ်လဲ "


'' ဟို...ဟို "


ရုတ်တရက်မို့...သူမ ဘာပြန်ဖြေရမှန်းမသိသလို 

သူမလက်ကို ရုတ်တရက်လှမ်းဆွဲပစ်လိုက်တာမို့ သူ့ရင်ခွင်နားတိုးကပ်သွားကာ

ရင်ခုန်သံတွေဟာ ထိန်းချူပ်ရခက်အောင်ခုန်လွန်းလှသည်...

မိုးကျရွှေက်ိုယ်ဟာ...အနီးကပ်ကြည့်လေ ပိုချောလေလို့...

သူမတွေးမိလေ ရင်ခုန်ရလေပါပဲ...


သူမလက်ကို ညင်သာစွာဆုပ်ကိုင်ထားသည့်သူ့လက်တွေဟာ..

နူးညံ့လွန်းလှသည်...


" လွှတ်ပါ အိမ်စိုး...အိမ်စိုး မနေတက်လို့ပါ "


'' ဒါဖြင့် ကိုယ် မေးတာဖြေပေါ့ "


ဘာများလဲဟူသောအကြည့်နှင့်...

သူမ မော့ကြည့်လာတော့...

နူးညံ့ကာ ပကတိဖြူစင်သည့် မျက်ဝန်းလေးတွေကို သူနှစ်သက်မိကာ ရင်ခွင်ထဲမှာထွေးပွေ့ထားချင်မိသည်..


ရွှေအိမ်စိုး ဆိုသည့်နာမည်ကလေးကြားထဲကရင်ထဲမှာထူးဆန်းသလိုခံစားနေမိကာ

ပထမဆုံးလူချင်းတွေ့တော့...

သူစိတ်ဝင်စားမိသည်....


အခုတော့ ရင်ပါခုန်မိသည်ထင်ပါရဲ့....


" ကိုယ် မင်းကိုနှစ်သက်တယ် ဆိုရင်မင်းလက်ခံနိုင်မလားရွှေအိမ်စိုး "


တအံ့တသြမော့ကြည့်လာသည့်မျက်ဝန်းလေးကို ကြည့်ရင်းသဘောကျစွာသူရယ်ဖြစ်သည်

ကဗျာမဆန်သည့် သူ့ရဲ့စကားတွေကို...

ဒီအမျိူးသမီးငယ် အံ့သြနေတာဆန်းတော့မဆန်ပါဘူးလေ.....


မိဘခြင်းလက်ဆက်ပေးလို့တည်ဆောက်ရမဲ့အိမ်ထောင်ရေးဆိုပေမဲ့...

အချစ်တွေပါနေတော့ပိုမကောင်းချေဘူးလား...အနုပညာကိုချစ်တက်တဲ့ ဒီအမျိူးသမီးလေးရဲ့....

မျက်ဝန်းတွေကို သူဖတ်တာမမှာဘူးဆိုရင်..သူ့အတွက်အချစ်တွေရှိနေတာတွေ့ရသလိုအတိုင်းသားကြားနေရတဲ့သူမရဲ့ရင်ခုန်သံတွေကြောင့် သူပြုံးလိုက်မိသည်...


" ဟို..."

တုံဆိုင်းနေသည့်ကောင်မလေးကို...


စိတ်ရှိတိုင်းသာဆို ပါးလေးတွေကိုနမ်းပစ်ချင်သည်....


ဆွဲပစ်ချင်သည်


အခုတောင်အရှက်သည်းနေတာ စိတ်ထင်တိုင်းတကယ်လုပ်ပစ်လိုက်လျှင်ငိုသွားနိုင်သည်...

မဖြစ်ချေ....


ရည်းစားမထားဖူးခဲ့သည့် သူ့အတွက် သူမကိုချော့ဖို့သင်ယူရအုန်းမည်မဟုတ်ပါလား...


'' မင်းမဖြေလဲ ကိုယ်မင်းရင်ခုန်သံတွေကြားနေရတယ်နော် "


'' အို "


ရဲတက်လာသည့်..ပါးမို့မို့ကလေးတွေကို သဘောကျမိသလို...

သူ့လက်ကနေရုန်းကာ လှည့်ပြေးသွားသည့်ပုံစံလေးဟာသိပ်ကိုအဖြူထည်ဆန်သည်...


တကယ်ဆို...


သူတို့နှစ်ဦးဟာ မကြာခင်အကြင်လင်မယားဖြစ်တော့မည်မဟုတ်လား...


ပြေးထားနှင့်အုန်းကောင်မလေး...


အခန်းထဲ..ဝင်ပြေးမိကာ

နံရံတွေကိုမှ်ိိိီထားရင်းရင်ခုန်သံတွေဟာ အလိုက်ကမ်းဆိုးမသိခုန်နေသေးသတဲ့လား.....


ဘယ်လိုအပြစ်မျိူးပြုလိုက်မိသလဲ....


မစဥ်းစားနိုင်တော့ပါ....


ရင်ခုန်ခဲ့သမျှ ပိုင်ဆိုင်နိုင်ရင်အကောင်းသားမဟုတ်လား


သူ..ဆိုတာ မိုးကျရွေကိုယ်ပါလို့မသိခင်လမ်းပေါ်မှာ မြင်လိုက်ကတည်းက..

သူမ သဘောကျမိသူပါ


ရင်ခုန်မိသူပါ...


သူမမှာ ဖခင်စီစဥ်ထားသည့်သူရှိနေမှန်းသိရသည့်နေ့က ကြေကွဲခံရသလို...

သူမခင်ပွန်းလောင်းဟာ...

သူရယ်ပါလို့သိရပြန်တော့လဲနာကျင်ရပြန်တာပါပဲ....


သူမမှာ ချစ်ခွင့်ရှိပါ့မလား...။


သူမတကယ်မသိတော့ပါ........


မိုးကျရွှေကိုယ်ဆိုသည့်ထိုအမျိူးသားနှင့်သူမ...


ပေါင်းဖက်ခွင့်ရပါ့မလား.....


ဘာဆိုဘာမှမသေချာခဲ့သည့်သူမဘဝအလှည့်အပြောင်းတွေမှာသေချာတာတော့...


သူမ...

သူ့ကိုချစ်သည်..........။


rate now: