ရွှေအိမ်စိုး
**********************
'' ဖိုးစိန်က ဒီခြံကြီးထဲမှာ ငယ်ငယ်ထဲကရှိခဲ့တာ နာမည်အရင်းက ထွန်းစိန်တဲ့ ကျွန်တော်ကတော့သူ့မြေး ရန်ပြေ ပါ"
ထမင်းဝိုင်းမှာ သွက်လက်သည့် ကောင်လေးဟာ သူ့ကိုယ်သူရော သူ့မိသားစုတွေအကြောင်းပါမိတ်ဆက်ပေးရင်း...
မာန်နဲ့ ရင်းနှီးသွားသည်....
မာန့်အပေါ်ရင်းနှီးစွာပြောနေသည်ကို ဖိုးစိန်ကတော့ အားနာဟန်ရှိပေမဲ့...
သူကတော့မနေ့ကထမင်းဝိုင်းထက်ပိုပြီးသက်တောင့်သက်သာရှိလှသည်...
''ဒါဖြင့် ဖိုးစိန်က အရေးပိုင်မင်းရှိစဥ်အချိန်တွေကိုမှီလိုက်မှာပေါ့ "
''ဖိုးစိန်ကငယ်သေးတော့ သိပ်မမှတ်မိပါဘူး သားရယ် "
'' မှတ်မိသလောက်ဖြစ်ဖြစ် ပြောပြပါလား...အရေးပိုင်မင်း ဟာ ဘယ်လိုပုံမျိူးလဲ ဘာတွေလုပ်တက်လဲ ''
'' သမီးရွှေအိမ်က ဘာမှမပြောပြဘူးလား"
'' မျိူးဆက်ဝေးလို့ သူမသိဘူးတဲ့ "
''အင်းပေါ့ မမကြီး အိမ်ထောင်ကျပြီးပြောင်းရွေ့သွားတော့ သမီးရွှေအိမ်ရဲ့ဖွားဖွားတောင် ရင်ခွင်ပိုက်ကလေးရှိသေးတာ "
အတိတ်တွေကို....
လွမ်းသလိုလို သူ ပြောချင်ရာဆို ခပ်ဆွေးဆွေးမျက်လုံးတွေနဲ့ပြောတက်ပေမဲ့...
တခြားအရာတွေဘာမှမေးမရ....
" ကိုယ်တော်ဟာ တည်တည်ကြည်ကြည်နဲ့သိပ်ကိုခန့်ညားတဲ့ပုဂ္ဂိုလ်.....ခပ်တည်တည်နဲ့နေတက်ပေမဲ့ မာန်မာမရှိဘူး ဘက်မလိုက်ဘူး "
စိတ်လိုလက်ရပြောပြနေတဲ့ ဖိုးစိန်ရဲ့စကားတွေကို သူရောရန်ပြေပါ ငြိမ်သက်စွာ...
စိတ်ဝင်တစားနားထောင်မိကြသည်...
" ကိုယ်တော်ဆိုတာ အရေးပိုင်မင်းကိုခေါ်တာလား "
သူ့ရဲ့အမေးကို အဘဟာ အသာခေါင်းညိမ့်ပြကာ...
ရှေ့ကရေနွေးကြမ်းကို သောက်သည်...
ထို့နောက်...
'' အဘ..အတိတ်ကာလတွေတွေးတိုင်း ဘယ်တော့မှ မမေ့တာ မိုးကျရွှေကိုယ်ဆိုတဲ့သခင်လေးပဲ "
'' မိုးကျရွှေကိုယ် "
သူ့အတွက်ထူးဆန်းလွန်းသည့်နာမည်ကိုနောက်ကလိုက်ကာရေရွတ်မိသည်...
'' နာမည်ကတော့အမိုက်စားပဲ ဟေ့ "
ရန်ပြေဟာ...လူငယ်ပီပီ အားရပါးရ ထအော်လေသည်မို့သူပြုံးမိသေးရဲ့....
" အင်္ဂလိပ်-မြန်မာ ကပြားဖြစ်တဲ့ သခင်လေးဟာ နာမည်နဲ့လိုက်အောင်တကယ့်ကိုမိုးကျရွှေကိုယ်ပါပဲ..အဲဒီအချိန်ကပုံဟာ ပြန်တွေးတိုင်းမနေတနေ့ကလိုပါပဲ ဖိုးစိန်တို့လိုကလေးတွေငေးမောရတဲ့အထိ ချောမောတယ် သဘောကောင်းတယ် "
'' သူကဘယ်သူလဲဟင်အဘ "
'' ကိုယ်တော်မိတ်ဆွေရဲ့သား အငယ်ဆုံးမမလေးနဲ့စေ့စပ်ထားတဲ့သူပေါ့ကွယ် အဲ့ခေတ်အခါက ဝူစလေဆိုတာ လူတိုင်းစီးနိုင်တဲ့ကားမဟုတ်ဘူးကွဲ့ "
'' ဘဲကြီးအလန်းပဲ ဝူစလေနဲ့စော်လာရှိတ်တာပေါ့ "
ရန်ပြေရဲ့ ပေါ့ပေါ့ပါးပါး စကားတွေကြောင့်...
အဆွေးဓာတ်ခံရှိနေပေမဲ့လဲ သူတို့အားလုံးပွဲကျကာ ရယ်မောဖြစ်ကြသေးရဲ့...
မိဘသဘောမတူသည့်ချစ်သူကိုသတ္တိရှိရှိလက်တွဲခဲ့သည့် ရွှေအိမ်အဖွားအကြောင်းမကြာမကြာ...
ရွှေအိမ်ဟာပြောလေ့ရှိတာမို့....
အသစ်ကြားရသည့် ဒီအမျိူးသားဟာဘယ်သူပါလိမ့်...
လွမ်းလွမ်းဆွေးဆွေးဖိုးစိန်မျက်ဝန်းတွေကိုသူဖတ်မိသလိူ
ကြေကွဲဖွယ်အဆုံးသတ်တွေ ကြုံတွေ့ခဲ့လေသလား......
" မြေးငယ် ဧည့်သည်ကို အိမ်တော်ကြီးဆီ ပြန်ပို့ပေးလိုက်ပါအုန်းကွယ် မိုးလဲချူပ်နေပြီ "
စိတ်ကူးပေါက်သလိုထ ထပြောတဲ့ ဇာတ်လမ်းလေးတွေကြားရဖို့ သူညတိုင်းထမင်းလာစားရအုန်းမှာပါလားလို့တွေးမိသေးသည်...
အလုပ်သမားအိမ်တန်းနှင့်...အိမ်မကြီးဟာ အတော်ကိုလှမ်းပေမဲ့လဲ
လိုက်ပို့ရအောင်အထိလိုအပ်ပါရဲ့လား...
'' အိမ်မှာကျွန်တော်အမြဲရှိနေမယ်အကိုအပြင်သွားဖို့ရှိရင်ပြောနော်ကျွန်တော်လိုက်ပို့မယ် "
'' အကိုကစာရေးဖို့လာတာကွ အပြင်သိပ်ထွက်ဖြစ်ပါ့မလားမသိပေမဲ့မင်းရှိနေတော့လဲအကိုအားကိုးရတာပေါ့ "
ရန်ပြေနှင့်အတော်ပင်စကားပြောရအဆင်ပြေသလိုရှိကာ...
အိမ်မကြီးဆီပြန်ရောက်တော့အတွေးတွေထဲ
မိုးကျရွှေကိုယ်ဆိုသည့်ပုဂ္ဂိုလ်ကစိုးမိုးထားသည်...
ကပြားဆိုတော့ ခန့်ညားပြီးချောနေမှာသေချာတယ်
အတွေးထဲပေါ်လာသည့် အတိုင်း Laptopပေါ်တွင်အစီအရီချရေးကာမထင်မှတ်စွာပဲစာရေးကောင်းနေခဲ့ကာ
ရေးစရာတွေမကုန်အောင်စျာန်ဝင်နေခဲ့သည်...
ဘယ်အချိန်ထိရှိပြီမသိချေ...
တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်ကနေ အသံအချိူ့ခပ်သဲ့သဲ့ကြားရသည်မို့နားစိုက်ထောင်လိုက်မိသည်
အသံတွေဟာဝေးသွားလိုက်နီးလာလိုက်နှင့်....
မိန်းမနှစ်ယောက်ရန်ဖြစ်သံနဲ့တူတယ်
စိတ်ထဲကပြောလိုက်ပြီးမှ...
ကြက်သီးတွေဖျန်းကနဲထလာမိသည်....
ဒီအိမ်ကြီးမှာ သူတစ်ယောက်ပဲရှိနေတာမဟုတ်လား....
တန်းလျှားကအသံလို့ပြောရအောင်လဲ တန်းလျှားမှာ ယောက်ျားလေးတွေသာရှိတာဖြစ်ပြီး..
အိမ်မကြီးနှင့်အတော်ကိုဝေးသည်မို့....
ရန်ဖြစ်နေလဲ သူကြားစရာမရှိပါ...
သူ့ရဲ့ ဉာဥ်အရ...
အသံလာရာဆီလိုက်နားစွင့်ရင်းအခန်းထဲကထွက်လာတော့
ရန်ဖြစ်သံတွေဟာသဲကွဲစွာကြားရချေပြီဖြစ်သည်...အသံလာရာကအပေါ်ထပ်ကဖြစ်သည်
သူကလွဲ ပြီး ဘယ်သူမှမရှိတဲ့ဒီအိမ်ကြီးအပေါ်ထပ်ကထွက်ပေါ်လာသည့်အသံတွေဟာသိပ်တော့အဓိပ္ပါယ်မရှိချေ.
'' ငါ ကမှ စံအိမ်ကြီးနဲ့ဆိုင်တာ "
'' ဘာပဲဖြစ်ဖြစ် ကျမလဲဆိုင်ခဲ့တာပါနော် "
ခပ်သဲ့သဲ့ကြားနေရတဲ့အသံတွေဟာ အမျိူးသမီးနှစ်ယောက်ငြင်းခုန်နေကြသည့်ပုံမျိူးရှိကာ...
'' အနည်းဆုံးတော့ ငါက အစိမ်းသေမဟုတ်ဘူး "
'' အို...သေပြီးသားကသေပြီးသားပဲ အတူတူချင်းပဲ"
ရုတ်တရက်ကြားလိုက်ရသည့်အသံတွေကြောင့်လူကခေါင်းနပန်းကြီးသွားသည်....
ငါ...သရဲခြောက်ခံနေရတာလား....
" အကို "
လှေကားနားကနေ ဆက်တက်သွားရကောင်းမလား...
စဥ်းစားရကြပ်နေတုန်း အနောက်ကမဝံ့မရဲခေါ်သံလေးကြောင့်လှည့်ကြည့်တော့....
" ဟင်...ရွှေအိမ်စိုး "
သူမျက်လုံးတွေကိုပင်မယုံချင်ဖြစ်သွားမိသည်...
ဖျော့တော့တော့နိုင်လွန်အကျီနှင့်ပိုးချိတ်ထဘီကိုဝတ်ဆင်ထားကာ ထူးခြားစွာမေမြို့ပန်းတပွင့်ပန်ဆင်ထားသေးသည်....
သူသိသည့်...ရွှေအိမ်စိုးကမိန်းမ မဆန်ပါ
ပန်းမကြိုက်သည့်ကောင်မလေးဟာ..
ပန်းပန်ဖို့မပြောနှင့်....
မြန်မာဆန်ဆန်ပင်ဝတ်မည့်သူမဟုတ်ပါ..
မျက်နှာဟာချွတ်စွတ်တူနေသော်လည်း...
အားငယ်သလိုမျက်လုံးအကြည့်နှင့်...သူမဟာသူချစ်ရတဲ့ရွှေအိမ်မဟုတ်နိုင်ပါ
သူမှတ်မိသည်...
မျက်နှာသာတူမည်ရွှေအိမ်မဟုတ်ပါ...
" ဟုတ်ပါတယ် ရွှေအိမ်စိုးပါအကိုရဲ့ကျမ ရွှေအိမ်စိုးမှ ရွှေအိမ်စိုးအစစ်ပါ "
သူ့အတွေးတွေကိုသိနေသည့်အလား...
ယုံကြည်မှု့မရှိသည့်မျက်ဝန်းတွေကဝမ်းနည်းရိပ်သန်းသည့်လေသံမျိူးနှင့်တိုးလျစွာပြောလာသည့်..
သူမကရောဘယ်သူလဲ.....
'' မဟုတ်ဘူး..မင်းကရွှေအိမ်စိုးမဟုတ်ဘူး "
ခိုင်မာစွာထွက်ပေါ်လာသည့်သူ့အသံတွေဟာ...ဒေါသ သံအလိုလိုရောစွတ်နေလေသည်...
အားငယ်စိတ်ပျက်သွားသည့်မျက်ဝန်းတွေနှင့်ခေတ္တမျှစိုက်ကြည့်ပြီး...
သူမဟာနောက်သို့ချာကနဲလှည့်ကာ...
သူ့အခန်းထဲဝင်ပြေးသည်
'' ဟိတ်..မင်းဘယ်သူလဲ "
သူဟာအသည်းအသန်အော်ရင်း...
အခန်းထဲဝင်ပြေးသည့်သူမနောက်လိုက်သည်...
ဒီထဲဝင်ပြေးတာသူ့မျက်လုံးနှင့်သေချာစွာမြင်လိုက်သော်လည်း...
အခန်းထဲမှာရှင်းလင်းစွာ....
အလိုလိုမောပန်းလာသည့်စိတ်ကြောင့်...
Laptop ရှေ့ကခုနသူထိုင်သည့်ခုံတွင်ဝင်ထိုင်ကာမှောက်အိပ်ပစ်လိုက်မိတာဘာကြောင့်ရယ်မသိ....
စူးကနဲအလင်းရောင်ကြောင့်...
ပိတ်ထားသည့်မျက်ဝန်းတွေအလိုလိုပွင့်လာခဲ့သည်....
Laptop ပေါ်တွင်မှောက်ကာအိပ်ပျော်နေသွားခဲ့တာလား...
အိပ်ချင်မူးတူမျက်ဝန်းတွေကိုအတင်းဖွင့်ကြည့်တော့ မိုးပင်လင်းနေချေပြီ....
ခုနရှင်းလင်းစွာတွေ့လိုက်ရသည့်မြင်ကွင်းတွေဟာ...
အိမ်မက်ဖြစ်နေခဲ့သည်လား...
အိမ်မက်မို့သာတော်တော့သည်...မဟုတ်ရင်တွေးတောင်မတွေးရဲပါချေ...
ဟူး....
လူကနုံးချိချိဖြင့်....အားမရှိသလိုပင်ပန်းနေသည်...
ညကဘယ်အချိန်ထိစာတွေရေးနေခဲ့ပါလိမ့်...