book

Index 5

(အပိုင်း...၅)

ရွှေအိမ်စိုး 

*********************


ကသာမြို့ဟာ ထင်ထားတာထက် ပိုလှတဲ့ မြို့လေးလို့ ဘုန်းမာန်ဝင့်ထည် ထင်သည်..

လေ့လာစရာ ရှေးလက်ရာ အိမ်ကြီးတွေ...

တကယ်ကို တန်ဖိုးမဖြတ်နိုင်အောင် လှပလွန်းသည်..


စာရေးဆရာ George Orwell....


Burmese Days ဆိုတဲ့ စာအုပ်ကို ဖန်တီးခဲ့တဲ့ ကမ္ဘာကျော်စာရေးဆရာ ကြီးပေါ့..

တချိန်က ကသာမြို့ မှာ တာဝန်ထမ်းဆောင်ရင်း...

ဒီ Burmese Days ဆိုတဲ့ စာအုပ်ကို ဖန်တီးခဲ့သလို...

စာအုပ်ထဲပါ ကျောက်တံတားမြို့ဆိုတာ...ရဲ့ မူလမြို့အမှန်ဟာ..

ဒီကသာမြို့ကလေးပါတဲ့....


သိပ်ကို ကြည်နူးလွမ်းဆွတ်ဖွယ်ကောင်းသလို..

သူ သဘောကျတဲ့ စာရေးဆရာကြီး နေသွားတဲ့ နေအိမ်ဟာလဲ သိပ်ကို လက်ရာမြောက်လွန်းရဲ့....


လွမ်းမောဖွယ် အငွေ့အသက်တွေ ရယ်...

ချစ်ရသူရဲ့ လက်ကိုဆွဲကာ လည်ပတ်ရတဲ့ ခံစားချက်ရယ်..


ပျော်ရွှင်ဖွယ်အတိနဲ့ပါပဲ.....


" မာန် "


ရွှေအိမ်စိုးရဲ့ အသံကြားမှ ငေးမောနေမိသည့်ကြားက...

သူမဆီ အာရုံရောက်လာသည်...


" အဲ့လောက်တောင်ပဲ သဘောကျရသလား "


'' အင်း... ကိုလိုနီခေတ် က အတိတ်တွေဆီရောက်သွားသလိုပဲ "


ဗိုလ်ချူပ်ကြေးရုပ်နားက..


တချိန်က စာရေးဆရာကြီး George Orwell နေထိုင်ခဲ့သည်ဆိုသော အိမ်ကို..

လာရောက် လည်ပတ်နေတာဖြစ်ပြီး...

ဘာမှ ကြည့်စရာ ေထွထွေထူးထူးမရှိသော်လည်း...


နေထိုင်ခဲ့ဖူးသည့် ပုဂ္ဂိုလ်အကြောင်းရယ်...

သူ့ရဲ့ လက်ရာမြောက် စာအုပ်တွေရယ်နဲ့..

ဒီအိမ်ကြီးကို ဆက်စပ်တွေးသည့်အခါ..


သိပ်ကို သဘောကျဖွယ်ကောင်းသည်မဟုတ်လား...


" တကယ်ဆို ဒီမြို့လေးဟာ သိပ်ကို ဖွံဖြိုးတိုးတက်ဖို့ကောင်းတယ် ကမ္ဘာလှည့်ခရီးသွားတွေ သဘောတွေ့မှာ အသေချာပဲ "


'' ခရီးသွားတွေကို ဆွဲဆောင်ဖို့.. တကယ်လုပ်သင့်တယ် ရွှေအိမ် .. ပြည်တွင်းမှာတောင် ကသာ ဆို လူတိုင်းသိပေမဲ့ အခုလို လည်ပတ်ဖွယ်ကောင်းပြီး လှပတဲ့ မြို့လေးမှန်း သိပ်မသိကြဘူး "


'' နှစ် ၁၀၀ ကျော် သက်တမ်းရှိတဲ့အဆောက်အဦးတွေ ကို သေချာထိန်းသိမ်းထားသင့်တယ် ငါ Tour company လုပ်ဖို့ စိတ်ဝင်စားနေတာ စ ဖြစ်ရင် 

ကသာခရီးစဥ်ကနေ စမလားလို့ "


မြေနီလမ်းကလေးနဲ့ ခြံဝန်းကျယ်ကျယ်ထဲ...

ရှေးဟောင်းအိမ်တွေ မုန်းတဲ့ကောင်မလေးရဲ့..

စိတ်ကူးလေးတွေဟာ သိပ်ကို နူးညံ့လှပလွန်းပြန်တယ်.


" လုပ်ကြည့်သင့်တယ် ရွှေအိမ် တကယ်ပြောတာ ငါလဲရှိနေတာပဲ "


'' ခက်တာ...ပါပါ တို့က ငါ့ Idea တွေကို လက်မခံဘူးဟ အားလဲမပေးဘူး "


'' ပြောကြည့်ပါလား မင်း ဘာတွေ တွေးထားလဲ "


'' ချောင်းသာ ငွေဆောင် ပုဂံ တို့ဆို Budget package တွေ ရှိတယ်ကွာ ကသာကိုကျတော့ Package မပြောနဲ့ Trip Review တောင် မရှိဘူး သေချာ Promote လုပ်ပြီး ရန်ကုန်_ကသာ Budget package တခု ငါလုပ်ချင်တယ် "


''အင်း မဆိုဘူးပဲ "


'' ငါ့သဘောကတော့ ဖေဖေတို့ ဒီတိုင်းပိတ်ထားရမဲ့ ရွှေနန်းစံအိမ်ကြီးကို သေချာလေး ရှေးလက်ရာမပျက် ပြင်မယ် အခန်းတွေဖွဲ့ပြီး လိုအပ်တဲ့ Facilities တွေထည့်မယ်..

ရန်ကုန်_ကသာ ခရီးစဥ် Package အတွက် တည်းဖို့နေရာလုပ်ချင်တယ်...

Hotel လောက်လဲ လူမရှုပ်ဘူး ငါ့ Tour နဲ့ ချိတ်ဆက်သွားတဲ့ သူပဲ တည်းခွင့်ရမယ် ..

Hotel တွေနဲ့ ချိတ်စရာမလိုတဲ့အတွက်...

အသက်သာဆုံးနှုန်းထားနဲ့ ခရီးစဥ် ဆွဲနိုင်မယ်...ဒါ အကြမ်းဖျင်း Idea ပေါ့ "


'' မဆိုးဘူးနော် ရွှေအိမ် ဒီတိုင်းထားပြီး အိမ်ကြီးပျက်စီးမှာထက် ပိုကောင်းသလားလို့...

စ လုပ်ချင်တယ်ဆိုရင် ရောက်တုန်း ကသာမြို့ အကြောင်းတွေ Social media မှာ Promote လုပ်ဖို့ လိုအပ်တာတွေ တခါထဲ လုပ်သွားမလား "


သူမ ဟာ... သူ မျက်နှာကို သေချာစွာ စိုက်ကြည့်ကာ အပြုံးတွေက သိပ်ကို အဓိပ္ပါယ်ပါလှသည် 


" နင်ဟာ တကယ့်ကို Supportive Boyfriend ပဲ ပါးပါ တို့သာ နင့်လိုနားထောင်ပေးရင်သိပ်ကောင်းမယ် "


''အဓိပ္ပါယ်မရှိတဲ့ အရာမှမဟုတ်ပဲ နင့်ရဲ့အတွေးတွေးဟာ သိပ်ကို လှပတယ် ရွှေအိမ် တကယ်လုပ်နိုင်ရင် အသစ်အဆန်းစိတ်ဝင်စားတဲ့ လူတွေကြား အောင်မြင်မှာသေချာတယ် အရင်းအနှီး အတွက်ဆို ငါ ထုတ်ချေးမယ် လူကြီးတွေမထုတ်ပေးလဲ..

အရေးပိုင်မင်းရဲ့ စံအိမ်မှာတည်းရင်း ကသာမြို့ကို လည်မယ် ဆိုတာနဲ့တင် ပေါက်မှာ တကယ်ပြောတာ "


'' ခက်တာ အရင်းနှီးထက် ပါးပါဟာ သူ့တို့မျိူးရိုးစဥ်ဆက်ထိန်းသိမ်းခ​ဲ့တ​ဲ့ စံအိမ်ကို လူရှုပ်မှာ မကြိုက်ဘူးတဲ့လေ "


'' နင့်ကို အမွေပေးထားတယ်ဆို "


'' အဟွန်း.... ငါ့စိတ်နဲ့သာဆို အမြင်ကပ်ကပ်နဲ့ ဖြိုပါချပစ်တယ် ကဲပါ လာ ငါနင့်ကို နောက်တနေရာ လိုက်ပို့မယ် "


သူမ ရှေ့က ဦးဆောင်ထွက်သွားသည့်နောက်လိုက်ရင်း...

ဘာကြောင့်...ဒီနှစ်တွေမှာ


သူမ အိမ်မှာ မပျော်သလဲ.....


သူသိသွားပြီထင်ပါရဲ့....


ကျန်တဲ့အချိန်တွေမှာ သူမအိမ်ဟာ တင်းကျပ်တဲ့ စည်းကမ်းတွေ ရှိမနေပါပဲ...


စီးပွားရေးမှာကျမှ...

လွတ်လပ်စွာ ဖောက်ထွက်ချင်တဲ့.....


လူငယ်တယောက်ရဲ့ အတွေးအခေါ်တွေကို...

ပိတ်လှောင်ပစ်ကြတာလဲ.....

သူမ စိတ်ကူးတွေကို 

သူ အကောင်ထည်ဖော်ပေးချင်မိတယ်.....


" ဒီမြို့မှာ ငါးချဥ်ပေါတယ်သိလား....

ငါးကြီးချဥ် နဲ့ ငါးလေးချဥ်ဆိုပြီး ငါးကို အကောင်လိုက် လုပ်ထားတာ တခြားငါးချဥ်တွေနဲ့မတူသလို...

ဒီက ငါးချဥ်စားပြီးရင် တခြား ငါးချဥ်မတိုးတော့ဘူး "


ဒေသခံလိုလို...

စိတ်ရှည် လက်ရှည် ရှင်းပြနေသည့် သူမကိုကြည့်ရင်း...သူပြုံးမိတယ်


ခရီးသွားရတာ ကြိုက်နှစ်သက်တဲ့ကောင်မလေးအတွက်.... .

ဒီလို အချိန်တွေဟာ အပျော်ဆုံး ဖြသ်နေလေမလား...


''ငါးကြီးချဥ် ကို ပါးပါ သိပ်ကြိုက်တာ အပြန်ကျမှ ဝယ်သွားရအုန်းမယ် "


'' ကိုယ်လဲ ကြိုက်တယ် "


'' အမယ် ကသာငါးကြီးချဥ်ကို နင်က မြင်တောင်မြင်ဖူးသေးလို့လား "


'' နင် ကြိုက်တယ်ဆို ငါလဲ ကြိုက်တယ် "


သူ တမင် ချွဲပြောလိုက်တော့...


ခနကထဲက ပျောက်ဆုံးနေသည့် အပြုံးလေးတွေချက်ချင်း မျက်နှာပေါ်ပြန်ရောက်လာကာ...

ဟက်ဟက်ပက်ပက် ထ ရယ်တော့သည်...


ရိုချင်လို့ဆိုတာထက်...


ဒီလို ရယ်သံလေး ကြားချင်လို့ရယ်ပါ....


ကမ်းသာတင်းနစ်ကလပ်


လွတ်လပ်ရေးမရခင်ထဲက ရှိခဲ့တဲ့ ကလပ်ဖြစ်ပြီး member ကို လူဖြူပဲဝင်ခွင့်ပေးခဲ့တဲ့ တင်းနစ်ကလပ်ပါတဲ့...


အဝင်ဝ မှာတင်....


ရေနံချေး ဝနေအောင်သုတ်ထားတဲ့ ရှေးလက်ရာ တံခါးမျိူးနဲ့ 


ကမ်းသာတင်းနစ်ကလပ် လို့ရေးထားသည့်အပြင်...


KATHA 1924 လို့ရေးထားသေးသည်...


နှစ်ပေါင်း ရာဂဏန်းနားပင် ကပ်လာပြီးဖြစ်သည့် တင်းနစ်ကလပ်....


တချိန်က လူဖြူတွေ ဒီထဲ ဝင်ထွက်သွားလာရင်း ခြေရှုပ်ခဲ့ ကြမလား...

တင်းနစ်ကလပ် ကို ခေတ်အဆက်ဆက် ဘယ်လို ဖက်ရှင်တွေနဲ့များလာကြမလဲ...

အာရှသားတွေကို member ပေးမဝင်သည့်..


ဒီနေရာမှာရော...


ဘယ်လို အမှတ်ရစရာတွေများရှိခဲ့မလဲ....


ရုပ်ရှင်တွေထဲကလို Time Travel လုပ်ပြီး ကြည့်လိုရလျှင် သူ ပြေးကြည့်ချက်မိသည်အထိ...


စိတ်ဝင်စားမိသည်......


ဒီမြို့ ဒီနေရာတွေမှာ...


ပုဂံမှာလိုပဲ ရာဇဝင်တွေ အတိတ်တွေ...


လွမ်းမောဖွယ် ဇာတ်လမ်းကလေးတွေ ရှိနေမှာ သေချာသည်...


သူမ လက်ကလေးကို ဆွဲရင်း...


ပထမဆုံးအတူတူ သူမနဲ့ထွက်ရသည့်ခရီး...


ပထမဆုံး လက်တွဲပြီး လည်ပတ်ခဲ့သည် ကိုလိုနီခေတ်အငွေ့အသက်နဲ့ ဒီမြို့ကလေး...


ရေးမည်ဆိုလျှင်...ရေးစရာတောင် ကုန်ပါအုန်းမလား...


စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ တည်ရှိနေပေမဲ့...


ချမ်းစိမ့်စိမ့် ရာသီဥတု ဟာ ကချင်ပြည်နယ် က မြို့ကလေးတွေကိုပင် အမှတ်ရစေပြန်သည်...


အနာဂတ်မှာ....


ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ရင်း....


ကိုယ်ပျော်ရာ ကိုယ်လုပ်ရင်း...

ခပ်တိုတို ဘဝကို ပျော်ပျော်ရွင်ရွင် ဖြတ်သန်းမည်...

ပြီးတော့...


သူမ လုပ်ချင်ရာတွေကို လုပ်နိုင်စေဖို့ Support လုပ်ရင်း...


နှစ်ယောက်စလုံး ဘဝကို ပျော်ပျော်ရွင်ရွင် နဲ့အိုမင်းသွားချင်သည်...


( ကသာမြို့ရဲ့ ဒေသထွက် အစားအစာ ငါးကြီးချဥ် နဲ့ငါးလေးချည်အကြောင်း ပြောပြပေးတဲ့ အမ ကိုလဲ ကျေးဇူးတင်ပါတယ်ရှင့် 😘😘)


rate now: