book

Index 4

(အပိုင်း...၄)

ရွှေအိမ်စိုး 

**********************


1940

KATHA

အရေးပိုင်မင်း စံအိမ်....


ထွန်းဟန်တစ်ယောက် အလုပ်သမား တန်းလျှားဘက်မှ စံအိမ်တော်ဘက် ခပ်သွက်သွက်လျှောက်လာခဲ့သည်


အရေးပိုင်မင်းက အခေါ်တော်ရှိတယ် ထွန်းဟန်


အဘရဲ့ မျက်ဝန်းတွေဟာ တခုခုကို စိုးရိမ်နေခဲ့လေသလား..

သူ့ထက် ဆယ်နှစ်ငယ်သည့်...

ညီလေး ထွန်းစိန် ဟာ သူနှင့် အဘကို တလှည့်စီကြည့်သည် ဒီကောင်လေးဟာ ကလေးဆိုပေမဲ့ အရာရာကို နားလည်မြန်သည်....


အိမ်တော်ဆီ ခပ်မြန်မြန် လျှောက်ရင်း....


ဘာများ ထူးလို့ အခေါ်ရှိသလဲဟုသာ တွေးနေမိသည်...


'' ကိုယ်တော် ခေါ်တယ်ဆိုလို့ပါ "


အနောက်တိုင်းဝတ်စုံကို သေသပ်စွာဝတ်ထားသည့် အရေးပိုင်မင်း ဦးအိမ်စိုး ဟာ သူ့ကို မြင်တော့ ခပ်တည်တည်နှင့်စိုက်ကြည့်သည်..


ကိုယ်တော်ဟာ အမြဲလိုလို ခပ်တည်တည်နေတက်သော်လည်း စိတ်သဘောထားဆိုးလှသူမဟုတ်ချေ..


''မနက်ဖန် သမီးငယ်ဆီ ဧည့်သည်လာလိမ့်မယ် ကိုယ်တော်ဟာ ဒီညနေပဲ တိုင်းမင်းကြီး အခေါ်ရှိလို့ ခရီးသွားရလိမ့်မယ် မောင်မင်းက လိုအပ်တာ အစစ စီစဥ်ပေးရလိမ့်မယ် "


'' ဟုတ်ကဲ့ပါ ကိုယ်တော် "


ဘာကြောင့်....


ကိုယ်တော်ဟာ ဒီတာဝန်တွေ သူ့ကိုမှ ပေးရသလဲ...


ရွှေအိမ်စိုး အပေါ် သူ့ရဲ့ စိတ်ဝင်စားမှု့တွေကို... ကိုယ်တော်သိမြင်နေလေသလား..

ချစ်ရသူရဲ့ သက်ဆိုင်တော့မည့်သူ...

လာလည်မည့်အရေးကို...


စီစဥ်ပေးရမှာတဲ့လား.................


အိမ်တော်ကပြန်ထွက်မှာ ကောင်းကင်ကြီးဆီ ဘာရယ်မဟုတ် မော့ကြည့်မိသည်...


မှောင်မဲ ညှို့မှိုင်းလာသည့် ကောင်းကင်ကြီးဟာ သူ့ရင်ထဲကအတိုင်းပါပဲလား


မင်းကရော ငါနဲ့ အပြိုင် ငိုအုန်းမလို့လား


ရင်ထဲမှာ ပြိုတော့မည့်မိုးလို အုပ်မှိုင်းနေကာ ဝေါကနဲ ရွာကျလာသည့် မိုးရေစက်တွေကြားကနေ ပေါက်ခနဲကျသည့် မျက်ရည်တွေကို ဘယ်သူမှမြင်မည်မထင်ပါ...

အစထဲက ပိုင်ဆိုင်ခွင့်မရှိသည့် အချစ်မဟုတ်လား...


သခင်နဲ့ကျွန်ဟာ မျဥ်းပြိုင်တွေလို ဆုံစရာအကြောင်းမှမရှိပဲ


မျက်ရည်တောင်ကျခွင့်မရနိုင်သည့်ဘဝမှာ..


မိုးရေတွေနှင့်အတူ တိတ်တိတ်ကလေး ငိုခွင့်ရတာကိုပဲ....


ကျေးဇူးတင်သင့်သလား...


'' ဘာတဲ့လဲ ထွန်းဟန် "


လှမ်းမေးတဲ့ အဘဟာ မျက်နှာမကောင်းရှာပါ..


'' ဧည့်သည်လာမှာမို့ လုပ်စရာရှိတာလုပ်ထားဖို့ ခေါ်ပြောတာပါ ကိုယ်တော်က သူမရှိရင် လစ်ဟင်းမှာစိုးလို့ထင်ပါရဲ့ "


'' အိမ်တော်ပေါ်ထိ တကူးတက ခေါ်ပြောရအောင် ထူးခြားတဲ့ အရေးကြီး ဧည့်သည်ထင်ပါရဲ့ အမှားမရှိအောင်သတိထားရမယ်ကွဲ့ "


'' မမလေး နဲ့စေ့စပ်ထားတဲ့ ပုဂ္ဂိုလ်ပါ အဘ''


အားတင်းပြောလိုက်ရတဲ့ စကားသံထဲမှာ လွမ်းဆွတ်မှု့တွေပါတယ်...


ရွှေအိမ်စိုးဟာ နဂို ကျန်းမာရေးအခံကြောင့် အိမ်ထဲမှာသာ အနေများသူ ဖြစ်သည်မဟုတ်လား...


ကိုယ်တော်ရဲ့ ချစ်ခင်မှု့နဲ့ မျက်နှာသာရတဲ့ အငယ်ဆုံးသမီးဆိုသော်ငြား သိမ်မွေ့သည့်စိတ်ထားရှိသည်...

အနေအေးကာ... မိဘစကားနားထောင်တက်သူဖြစ်သည်မို့


စေ့စပ်ထားသည့် အမျိူးသားကို ငြင်းမည်မဟုတ်တာ သေချာသည်...

ကိုယ်တော်အမှာရှိသည့်အတိုင်း... အိမ်တော် ဝန်းကို သန့်ရှင်းရေး လုပ်ရန် ပြင်ဆင်ရသည်

.

သူ မရောက်ချင်သည့် နေ့....


ကိုယ်တော်မရှိ​ေသာ်လည်း အရေးပိုင်မင်းကတော် နှင့် သမီးများသည်..စိတ်လှုပ်ရှားနေကြဟန်တူသည်...


သူ ထင်သည်...


ခါတိုင်းဆိုလျှင် အရေးပိုင်မင်းကတော်ဟာ ရွှေအိမ်စိုးနှင့် ပတ်သတ်လျှင် ထိုသို့ တက်ကြွခြင်းမရှိပါချေ

ထို့အပြင်...


အရေးပိုင်မင်း အထူး ချစ်ခင်သော သမီးငယ် ရွှေအိမ်စိုးကို...

မင်းကတော်ဟာ မုန်းသည်....


တခြားသူတွေ မည်သို့ပင် တက်ကြွနေပါသော်လည်း..

ကာယကံရှင် အမျိူးသမီးလေးကို မူ မတွေ့ရသေးပါ..


တမနက်ခင်းလုံး အလုပ်ရှုပ်နေရင်း..


လေသာဆောင်မှာ...


ခါတိုင်းနှင့်မတူ အနီရောင်နိုင်လွန်အကျီနှင့်အမရပူရ ပိုးချိတ်ထဘီ အနီကိုတွဲဖတ်ဝတ်ဆင်ထားကာ

ထူးထူးဆန်းဆန်း မေမြို့ပန်း ဖြူဖြူကလေးတစ်ပွင့် ပန်ထားသည့် သူမကို ဖျက်ကနဲ မြင်လိုက်ရသည်...


ဝမ််းနည်းနေသည့် မျက်နှာကလေးကို ဖျက်ကနဲ မြင်ရတော့ သူ့ရင်ထဲ ငြိမ်းချမ်းမနေတော့...


ကိုယ်တော်က အထူးတလည်မှာကြားခြင်းခံရသည်မို့ ထွန်းဟန်တစ်ယောက် ဧည့်သည်လာမည့်နေ့တွင် အိမ်တော်ပေါ်တွင်..

တာဝန်ထမ်းဆောင်ရသည်.....

အရင်ကဆို..


အိမ်တော် ဆီလာရတိုင်း တက်ကြွနေတက်သော်လည်း...

ယနေ့တော့ သူ ပျော်မနေပါ


ခြံဝန်းရှေ့မှာ ထိုးရပ်လာသည့် ဝူစလေ (Wolseley)စလွန်ကား အနက်ရောင်တစ်စီးထိုးရပ်လာသည်မို့..


အားလုံးမျှော်နေသည့် ဧည့်သည်ဖြစ်မည်ဟု အလိုလို သိလိုက်သည်..


အင်္ဂလန်ထုတ် ကားကို စီးနှင်းနိုင်သည် ထိုသူဟာ ခေသူ မဟုတ်နိုင်ချေ ဒါကြောင့်လဲ ကိုယ်တော်ဟာ ​သမီးငယ်နှင့် စေ့စပ်သည်မဟုတ်ပါလား...


ထွန်းဟယ် ပြာပြာသလဲ ကြိုဆိုရန် ပြေးရသည်ကိုပင်မုန်းလှသည်..


'' မောင်မိုးကျရွှေကိုယ် ဟုတ်ပါတယ်နော် "


ဖော်ရွှေစွာဖြင့် မင်းကတော်က စကားဦးကြိုပြုသည်...


'' ဟုတ်ပါတယ် ခင်ဗျာ "


အနည်းငယ် ဝဲတဲတဲ လေသံနှင့် မြန်မာရုပ်သိပ်မပေါက်သည့် ထိုပုဂ္ဂိုလ်ဟာ ဟန်ဆောင်မှု့ကင်းစွာနှုတ်ဆက်သည်...


မိုးကျရွှေကိုယ် ဆိုသည့်နာမည်နှင့်လိုက်အောင်ပင် .

​မြဧရာ ကား ကုမ္ပဏီ ကိုယ်စားလှယ်ကြီး မစ္စတာ ဝေါကာ ၏သား.... အင်္ဂလိပ်-မြန်မာ ကပြားဖြစ်သည်..


ပါးသိုင်းမွှေး ရေးရေးနှင့်...


ကပြားပီပီ ခန့်ညားပြီး ကြည့်ကောင်းသော ရုပ်သွင်ရှိသည်..


ရည်ရည်မွန်မွန်နှင့် ထိုအမျိူးသားဟာ...


ထွန်းဟန်အပါအဝင် အလုပ်သမားတွေအားလုံးကို ဖော်ရွေစွာပြုံးပြနှုတ်ဆက်သလို..


သူ့အား ငေးမောနေလေသော ကလေးငယ်..

ထွန်းစိန်ကိုပင် ချောကလပ်တွေ ပေးခဲ့သေးသည်..


မနာလို ဖြစ်ရသလို...


ထွန်းဟန် အားလဲကျမိသည်...


ဧည့်ခန်းထဲတွင်...


ရွှေအိမ်စိုးနှင့် စကားတွေ ပြောနေသည့် ထိုပုဂ္ဂိုလ်ရဲ့မျက်နှာဟာ ပြုံးချိူနေလေသည်


ခုနက မြန်မာဆန်ဆန် တွေ့လိုက်ရသည့်ရွှေအိမ်စိုးဟာ...


ထွန်းဟန်ကိုကျောပေးထားကာ...


အဖြူရောင် ဖဲပြားကလေး နှင့် ဆံပင်ကို စည်းနှောင်ထားပြီး..


ပိတ်ဖောက်ဇာ နှင့်ချူပ်ထားသည့်...


သူမ ဝတ်နေကျ ဂါဝန်ကားကားကလေးနှင့်...


နောက်ကျောကလေးပဲ မြင်ရတာတောင် ချစ်စရာကောင်းသလို သူမ မျက်နှာပေါ်က အပြုံးတွေကို မှန်းကြည့်လို့ရသည်...


ရွှေ ရွှေခြင်း ထပ် မြတ်ပါပေတယ်....


မင်းတို့နှစ်ယောက်ဟာနေနဲ့လ ရွှေနဲ့မြလို့ လိုက်ဖက်လွန်းပါတယ်ချစ်ရပါသော ရွှေ..


( ဝူစလေ Wolseley ဆိုတာ ဗိုလ်ချူပ်အောင်ဆန်း စီးခဲ့တဲ့ကားလေးပါ...  ၁၉၄၀ ဝန်းကျင် ဆိုတော့ ဒီနေရာမှာ အဲ့ဒီအချိန်က လူတွေစီးလေ့ရှိတာကို ရှာဖွေရင်း အနီးစပ်ဆုံးကာလဖြစ်လောက်တဲ့ ဗ်ိုလ်ချူပ်ရဲ့ကားကို ထည့်သွင်းရေးထားခြင်းဖြစ်ပါတယ်...ဗိုလ်ချူပ်စီးခဲ့တာ Wolseley 18/85 ဖြစ်ပြီး ၁၉၃၈ ကနေ ၁၉၄၈ ခုနှစ်အတွင်းမှာ ထုတ်လုပ်ခဲ့တဲ့အမျိူးအစားပါတဲ့....

ရွှေအိမ်စိုးလေသာဆောင်မှာ ဝတ်တဲ့ မြန်မာဝတ်စုံရဲ့ ဝတ်စားဆင်ယင်ပုံ ဟာ သာသာ Fb မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ၁၉၄၀ က ဝတ်စားဆင်ယင်ပုံပါ..

ကားရော...  အကျီပုံရော သာသာ ပုံလေးတွေထည့်ပေးပါ့မယ်ရှင့်...

ရွှေအိမ်စိုးအတွက် ၁၉၄၀နောက်ခံ ကျောရိုးကို သာသာ Google နဲ့ Fb တို့ကနေရှာဖွေခဲ့ပြီး သာသာစိတ်ကူးတွေနဲ့ ပေါင်းစပ်ဖန်တီးခဲ့တာမို့ 

အမှားအယွင်းတစုံတရာရှိခဲ့ရင် သာသာရဲ့လိုအပ်ချက်တွေဖြစ်ပါတယ်...

ဒီထဲက ဇာတ်ကောင်တွေဟာ သာသာ သိတ်ကူးယဥ်ဖန်တီးခဲ့တာဖြစ်ပေမဲ့ မိုးကျရွှေကိုယ် ကတော့  အင်္ဂလိပ်-မြန်မာ ကပြား အာဇာနည် ဦးအုန်းမောင်ရဲ့ Profile တွေကို Inspired လုပ်ထားတာပါ လူသိနည်းတဲ့ ဦးအုန်းမောင် ရဲ့ဇနီးဟာလဲ သိပ်လှတဲ့ အရေးပိုင်မင်း ရဲ့သမီးဖြစ်ပြီး သိပ်ထက်မြက်တဲ့အမျိူးသမီးပါ... ဦးအုန်းမောင်ဟာ လဲ သိပ်တော်တဲ့ လူတော်တဦးပါ ကပြားပေမဲ့ မြန်မာပြည်ကိုတကယ်ချစ်သူပါ Google မှာ ရှာကြည့်လို့ရပါတယ်ရှင့် ရွှေအိမ်စိုးကတော့ ဦးအုန်းမောင်ဇနီးနဲ့ လုံးဝကိုမတူပါဘူးနော် 😍😍😍

အမှားတွေကို ခွင့်လွှတ်ပြီး သည်းခံဖတ်ပေးသူတိုင်းကို ကျေးဇူးအထူးပါ...


ချစ်တဲ့

Sawmstars)



rate now: