book

Index 3

(အပိုင်း..၃)

ရွှေအိမ်စိုး

*********************


ပန်ကာမှ တဟူးဟူးထွက်ပေါ်နေသည့် လေသံနှင့်အတူ...


သူ ကြက်သီးတွေ ဖြန်းကနဲထလာသည်....


လူကနိုးနေသော်လည်း....


မျက်လုံးတွေကို မဖွင့်ရဲပါ တစ်စုံတယောက် သူ့နံဘေး ရောက်နေသလို ခံစားရကာ မျက်လုံးတွေ ဖွင့်ကြည့်သည်နှင့်...


သေချာပေါက်တစုံတခုတွေ့လိမ့်မည်ဟု အလိုလိုသိနေသည်..ခြေဖျားလက်ဖျားတွေ အေးစက်လာကာ..

အတော်ကို ခြောက်ခြားဖွယ်ဖြစ်နေသည်ပင်...


မိုးမြန်မြန်လင်းပါတော့.....


ကူကယ်ရာမဲ့နေသည့် အခြေနေမှာ....

ပန်ကာရှေ့မှာ ပစ်တင်ထားမိသည့် ဖုန်းကို သတိရသည်...

သို့သော် လှမ်းယူဖို့ရာ....


သူ လက်မလှမ်းရဲသလို မျက်လုံးလဲ ဖွင့်မကြည့်ရဲပါ...


နားထဲမှာ လေသံနှင့်ခပ်ရောရော စကားသံလိုလို မပီပြင် မကွဲတကွဲ ကြားနေရသည်...

စိတ်ကအလိုလို သိနေသည့်...


ထို တစုံတယောက်ဟာ...


သူ့ နံဘေးကုတင်စပ်မှာ ဝင်ထိုင်လိုက်သည်ဟု ခံစားမိနေသည်ထိုနောက် သူ့ကို ထိတွေ့ဖို့ကြိုးစားနေလေသလား...

ဖြန်းကနဲ့ ထလာသည့် ကြက်သီးတွေ...


လေသံလိုလို အသံသေးသေးလေးဟာလဲ ဆက်တိုက် တွတ်တွတ်နှင့်ကြားနေရသေးကား သူ့ကို စိုက်ကြည့်ပြီး စကားတွေပြောနေသည်ဟု ခံစားရသည်...

တခုခု လုပ်ချင်နေပုံရသည်....


သူ့ အပေါ် လှဲအိပ်ဖို့ လုပ်နေသလား.....


မသိတော့....


သူ ဘာမှ မတွေးနိုင်တော့ပါ....

နေရာစိမ်းမှာမို့ စိတ်ချောက်ခြားတာနေပါလိမ့်မယ်လို့ အကြိမ်ကြိမ် စိတ်ဖြေသော်လည်း...

ကြောက်ရွံ့မှု့က ပိုတိုးလာသည်....


သတိလွတ်မသွားစေရန်ထိန်းထားရင်း....


ဘုရားစာရွတ်ဖို့ ကြိုးစားသော်လည်း......


သူ့ ခေါင်းထဲမှာ ဗလာနတ္ထိ...

ဘာဆိုဘာမှတွေးမရ 


ဒီပုံစံအတိုင်း တညလုံး ဆိုလျှင်မလွယ်ပါ 


ကျယ်လောင်စွာ ထွက်ပေါ်လာသည့် ​ဖုန်းမြည်သံကြားပြီးနောက်


ခြေသံလိုလို အသံကြားလိုက်ရသည် 


ထွက်သွားပြီထင်ပါရဲ့ 


မကြာပါ ကြောက်စိတ်မျာ အလိုလို ပြေပျောက်သွားလေသည်..


မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ နေညိုကာစ ဖြစ်သည်...

ကြည့်ရတာ...သူရောက်ရောက်ခြင်း အိပ်ပျော်သွားတာ အခုမှ နိုးတာဖြစ်မည်ထင်ပါရဲ့...


ခုနက အိမ်မက်လား....


ကြောက်စိတ်လား.....


မျက်လူံးတွေကို ဖွင့်လိုက်တော့ ဘာဆိုဘာမှမကွဲပြား..


ခန အိပ်ပျော်သွားတုန်း အိမ်မက်တွေလျှောက်မက်နေတာနေမယ်...


ဆူညံစွာ ေအာ်မြည်ရင်း လည်နေသည့် ပန်ကာကို ပိတ်လိုက်ပြီးမှ

အဆက်မပြတ် မြည်နေသည့် ဖုန်းကို ကောက် ကိုင်လိုက်သည်...


" ပြော ရွှေအိမ် "


'' အိပ်ပျော်နေတာလား "


'' အင်း "


'' အဆင်ပြေရဲ့လားလို့ လှမ်းမေးတာ "


'' မေးဖော်ရသေးတာပဲ ကျေးဇူးတင်ရမလား "


သူ့နှုတ်ခမ်းတွေက ပြုံးလိုက်ကာ...


ရုတ်တရက် လေသံလိုလို နားထဲ ဖြတ်ခနဲ တိုးဝင်လာတာကြောင့် လန့်သွားသည်...

အခန်းထဲ ဘေးဘီလှည့်ပတ် ကြည့်သော်လည်း ဘာမှမရှိ..

ချမ်းစိမ့်စိမ့် လေတိုးလာတာကြောင့် စားပွဲပေါ်လှမ်းကြည့်လိုက်တော့..


ပန်ကာက လည်နေသည်...


ခုနက... သူ ပန်ကာပိတ်လိုက်တယ်မဟုတ်ဘူးလား.


" မာန်... မာန် "


'' ဟင်... အင်း ရွှေအိမ် "


'' ဘာဖြစ်တာလဲ "


စိုးရိမ်တကြီးမေးသံကြားမှ သူ အသိတို့ ဝင်လာကာ..


" အင်း ဘာမှမဟုတ်ပါဘူး အသံကြားသလိုလိုရှိလို့ နားစွင့်တာ.. စိတ်ခြောက်ခြားနေတာထင်တယ် နင်ရော ဟိုတယ်မှာ အဆင်ပြေလား "


'' အဲ့တာတွေကြောင့် ငါ အဲ့အိမ်တွေကို မကြိုက်တာ နင် မနေချင် ဟိုတယ်ပြောင်းခဲ့နော် "


'' ငါ..ယောက်ျားပါ ဟာ နင်သာ ဒီကောင်ကြီးကို အားကိုးချင်တယ်ဆိုရင် ဒီလာခဲ့ "


'' တော်တော် ဒီနေ့တော့ ခရီးပန်းထားလို့ နားတော့ စားဖို့သောက်ဖို့က ဖိုးစိန်အားလုံးစီစဥ်ပေးလိမ့်မယ် မနက်ဖန်မှ ငါလာခေါ်မယ် လည်စရာ ပတ်စရာသိပ်မရှိပေမဲ့ ကသာမှာ နင့်အကြိုက်တွေရှိတယ် "


'' ok လေ ပြီးရော See you ".


သူ့စကားမဆုံးခင်ကပင် ဖုန်းကချသွားခဲ့လေပြီ..

ဒီကောင်မလေးဟာ အမြဲ ဒီလိုပဲ...


သူ့ပြောချင်ရာပြောပြီး ဖုန်းချနေကျ..


ဖုန်းကို ကြည့်ရင်း သူမပုံရိပ်လေးမြင်ယောင်လာကာ ပြုံးလိုက်မိသည် ထိုနောက် ပန်ကာကို ပြန်ပိတ်ကာ ဖုန်းကို အားသွင်းလိုက်ပြီး..


ရေချိူးဖို့ပြင်ရသည်....


ရေချိူးခန်းကို လှည့်ပတ်ကြည့်ကာ


အဝတ်အစားတွေကို နေရာချသည်....


ဒီမှာ အာရုံရသည်အထိ ရက်အတော်ကြာနေဖို့ စဥ်းစားထား သည်မို့ ပစ္စည်းတွေက နဲနဲတော့များသည်...


ပြတင်းပေါက်အပြင်ကို တချက်လှမ်းကြည့်မိတော့ 

သဘာဝရဲ့နေဝင်ဆည်းဆာ အလှမှာ သူနစ်မျောသွားမိသည်..


" လှလိုက်တာ "


အိမ်ဟာ နေထွက်ရာ အရှေ့အရပ်ကို မျက်နှာမူထားပုံရကာ...

သူကြည့်နေသည့် ပြတင်းပေါက် အိမ်အနောက်ဘက်ဖြစ်ပုံရကာ...

ခပ်ဝေးဝေးက တောင်တန်းတွေကြား တ​ဖြေးဖြေး ဝင်နေသည့် နေလုံးကြီးဟာ..


ကဗျာ ဆန်ဆန် လှပနေသည်.....


အိမ်တန်းပြန်သည့် ငှက်အချိူ့ ရဲ့ အသံတွေနှင့် 

တကယ့်ကို လွမ်းမောဖွယ်ဖြစ်နေသည်....


လွမ်းဆွတ်ဆွတ် ခံစားချက်နှင့်အတူ ခုနကလို တစုံတယောက် ခြံအနောက်ကနေ စိုက်ကြည့်နေသလို ခံစားလိုက်ရသည်မို့ သူ ခံစားချက်လာရာဆီ မျက်လုံး အရွေ့...


'' ဒေါက် ဒေါက် ''


ရုတ်တရက် တံခါးခေါက်သည့် အသံကြောင့် မျက်လုံးတွေ တံခါးဆီပြန်အရွေ့မှာ ဖျက်ကနဲ့ မြင်လိုက်ရသည့်...


အရာ တစ်ခု....


လူလား.... သူပြန်ကြည့်တော့ ဘာမှမရှိပါ...


'' လာပြီ "


အသံပြုရင်း တံခါးဖွင့်လိုက်တော့...


သတ်လတ်ပိုင်းအရွယ် အမျိူးသားတစ်ဦး...


" ဖိုးစိန်က ညစာကို လာစားမလား အခန်းထဲပို့ပေးရမလား မေးခိုင်းလို့ပါ ဗျ ''


'' ခြံအနောက်မှာ လူရှိတာလားအကို "


'' ဗျာ "


သူ သိချင်စိတ်ကို ထိန်းချူပ်မရပဲ မေးလိုက်မိတာကြောင့် ထိုလူမှာ အံသြသွားပုံရကာ..


" ခြံအနောက်ကိုတော့ ကျွန်တော်သိပ်သွားလေ့မရှိဘူး အကို "


တော်ကြာ..သူ့ကို ငကြောင်ထင်သွားမည်စိုးတာကြောင့် စကားစဖြတ်လိုက်ရသည်..


" ကျွန်တော် ရေချိူးပြီးတာနဲ့ လာခဲ့လိုက်ပါ့မယ်ဗျ "


'' ဒါဆို ကျွန်တော် ခနနေရင် ပြန်လာခေါ်လိုက်ပါ့မယ် အကိုသုံးဖို့ သဘက်တွေပါ "


မျက်နှာသုတ်ပဝါရယ် ခပ်ကြီးကြီး သဘက်ပိုင်းရယ် လှမ်းပေးနေသည့် ထိုလူထံမှ သူလှမ်းယူလိုက်ကာ..

သဘက်တွေက အသစ်ဖြစ်ပုံရသည်....


ထို သူ ပြန်ထွက်သွားသည်အထိ အတွေးတွေက ပွားကျန်နေခဲ့လေသည်..

သူ.....


ခန မြင်လိုက်တာ ဘာလဲ.....


ဝီ.


​ပန်ကာ ရဲ့ လည်​ေနသည့်အသံကြောင့်...


သူ ပိတ်လိုက်ရင်း...


အခုတလော... သူ ခနခန မေ့တက်တယ်ထင်ပါရဲ့ ရေချိူးရမှာမို့ ပန်ကာပိတ်ဖို့ ပြင်ပေမဲ့ခုထိမပိတ်မိဘူးထင်ရဲ့....


ဟူး....


သက်ပြင်းချကာ... ရေချိူးခန်းဘက်ခြေဦးလှည့်ခဲ့သည် 


ခရီးပန်းလာလို့ဖြစ်မည်.....


ဒီနေ့တော့စောစော အိပ်မှပါလေ.


rate now: