ရွှေအိမ်စိုး
**********************
1940 KATHA
သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်နေသည့် စန္ဒာယားသံဟာ...
ရွှေနန်းစံအိမ် ရဲ့ အိမ်မကြီးဆီမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်..
တဖျောက်ဖျောကျဆင်းနေသည့် မိုးသံတွေနှင့် ရောထွေးနေသည့် စန္ဒာယားလက်သံဟာ..
အလွန်အမင်နားဝင်ချိူသကဲ့သို့ပင်...
ရာသီဥတုနှင့်အပြိုင်...
လွမ်းဆွေးဖွယ်ကောင်းလှသည်.....
အရေးပိုင်မင်း ၏ အိမ်တော်ပေါ်မှလာသည့်....
ထို ဂီတသံသည်....
ကြားရသူအဖို့ စွဲလမ်းနှစ်သက်ဖွယ်ဖြစ်သည်..
" ဒီနေ့..သူမ စိတ်ညစ်စရာများရှိနေသလား "
အိမ်တော်ပေါ်မှ..လာသည့် အသံကို နားဆင်ရင်း သူ ကောက်ချက်ချသည်
သူလို အလုပ်သမားတယောက်အတွက်...
သူ အလုပ်ကျွေးပြုရန် တာဝန်ရှိသော....
ကိုယ်တော်နှင့် မိသားစုတွေဟာ သူ့သခင်တွေသာဖြစ်သော်လည်း...
ထိုအိမ်တော်ပေါ်မှ ရံဖန်ရံခါ ထွက်လာလေ့ရှိသည့် စန္ဒယားသံကို သူစွဲလန်းသည်...
စန္ဒယားသံတွေရဲ့ ပိုင်ရှင် သခင်မလေးကို သူစွဲလန်းသည်...
စန္ဒယားသံ ကြားရသည့်နေ့ဟာ.....
သူ့အတွက် ပျော်ရွှင်ရသည့်နေ့ဖြစ်သည်....
ရွှေအိမ်စိုး...
သူ့ကို ပျော်ရွှင်စေသည့်.....သူမ
ကိုယ်တော် ( အရေးပိုင်မင်း )ရဲ့ အငယ်ဆုံးသမီး ..သူမဟာ ညီအမတွေထဲ အချောဆုံး အလှဆုံးဟု
သူ..ထင်သည်
အရောင်နုနု ဂါဝန် ကားကားကလေးတွေကို နှစ်သက်စွာဝတ်ဆင်တက်ပြီး..
ဗမာစစ်စစ် ဖြစ်သော်လည်း...
ဘိုမရုပ်ကလေးလို...
ကြွေရုပ်ကလေးလို လှပသည်....
သူ့အတွက်တော့.... မျှော်ကြည့်ခွင့်တောင်မရှိသည့် အရုပ်ကလေးပေါ့
ထွန်းဟန် ဆိုသည့် သူဟာ...
ဒီအိမ်တော်ရဲ့ အလုပ်သမား ဖြစ်သည်မို့..
ဘဝတွေဟာ မိုးနှင့်မြေကြီး ကွာခြားသည်...
တဖွဲဖွဲကျနေသည့် မိုးဟာ..
တဖြေးဖြေးသည်းလာသလို သူမရဲ့ ဂီတသံစည်းချက်ဟာလဲ မြန်မြန်နှင့် မြိုင်မြိုင် ထွက်လာပြီးနောက်...
သည်းထန်စွာရွာသွန်းလာတဲ့ မိုးသံတွေကြား
ပျောက်သွားသည်လား....
ရပ်သွားသည်လား သူ မသိပါ...
နားထောင်နေကြ ဖြစ်နေသည့် ဂီတသံထဲမှာ
သူမရဲ့ စိတ်ခံစားချက်တွေ ပါဝင်နေတက်တာ သူကလွဲပြီး တခြားသူတွေ သိပါ့မလား..
ဘာတွေကများ ဒီလောက်တောင် ဝမ်းနည်းစေသလဲ..
အတွေးတွေဟာ ပြတင်းတံခါးကတဆင့် သူ့ကိုယ်ပေါ်တိုးဝှေ့ဝင်ရောက်လာသည့် မိုးရေစက်တွေနှင့်ထိတွေ့မှ.... ရပ်တန့်သွားကာ
တံခါးကို ခပ်မြန်မြနိ ပိတ်ရင်း....
အိပ်ယာပေါ်လှဲချလိုက်သည်....
မိုးတွေနဲ့အပြိုင် ငိုနေသလား ကောင်မလေးရေ...
ပိုင်ဆိုင်ခွင့်တွေမရှိသည့် ဘဝမှာ...
ငေးကြည့်နေခွင့်တောင်မရနိုင်ပါဘူးတဲ့....
လောကဓံဟာ သိပ်ကိုခါးတယ်....
ဒီဇာတ်လမ်းမှာ သူဟာ....လူမသိ သူမသိ
ဗီလိန်တဦးသာသာလား
..................
နီဆွေဆွေနှင့် ရှေးဟောင်းအိမ်ကြီးရဲ့ အငွေ့အသက် တွေဟာ သိပ်ကို အထီးကျန်လှပါလား..
မာန်... စိတ်ထဲက တွေးလိုက်မိသည်....
အိမ်ထဲရောက်ပြီမို့.....
ခပ်ငိုက်ငိုက်ဆောင်းထားသည့် ဦးထုပ်ကိုရော....
ဦးထုပ်ပေါ်က ထပ်ဆောင်းထားသည့် Hoodie ခေါင်းစွပ်ကိုရော...
ချွတ်ချလိုက်တော့....
သူ့မျက်နှာကို သေချာမြင်လိုက်ပုံမရသည့်...ဖိုးစိန်က သေချာစိုက်ကြည့်သည်....
" မင်းက...သူနဲ့ သိပ်တူတာပဲ "
''ဗျာ "
ရုတ်တရက်...အဆက်စပ်မရှိစကားကြောင့် သူကြောင်သွားသည်...
ဖိုးစိန်ရဲ့ မျက်ဝန်းတွေဟာ...
လွမ်းဆွေးသလိုလို သတိရသလိုလို ထင်ရသည်..
"ဘယ်သူနဲ့တူတာလဲ အဘ "
'' အဘသိတဲ့ လူတစ်ယောက်နဲ့ပါ သားရယ် အသက် ၈၀ ကျော် သွားခါနီး အဖိုးအိုတယောက်ရဲ့စကား ကို စိတ်ထဲမထားပါနဲ့ "
အသိနဲ့တူလို့ဆို...
ပြီးနေတဲ့ စကားအကြောင်းအရာတွေမှာ.....
ဘာကြောင့်မလိုတာတွေ ထည့်ပြောသလဲ သူနားမလည်ပါ.. လူကြီးတွေ အသက်ရလာလျှင် ဒီလိုပါလား...
ဘာပြန်ပြောရမှန်း မသိအောင်ဖြစ်သွားပေမဲ့
မပြောပြန်လျှင်လဲ....
သူဟာ ဧည့်သည်မဟုတ်လား ရိုင်းရာကျမလား စိုးရိမ်ရသေးသည်....
" အဘက ၈၀ကေျာ်ပြီလား မထင်ရဘူးပဲ ကျွန်တော်က ၆၀ ကျော်လောက်ပဲထင်နေတာ ကျန်းမာသားပဲ "
သူ့စကားကြောင့် အဖိုးစိန်ဟာ ပြုံးလိုက်သော်လည်း အသက်မပါမှန်း သူသိနေသည်...
'' ဒါသားနေရမဲ့အခန်းပဲ "
ကျယ်ဝန်းသည့် ကုတင်တစ်လုံးရယ်...
ကျွန်းဗီရို တစ်လုံးရယ်အပြင် အခန်းဟာ ပြောင်ရှင်းနေသည်...
ကုတင်ဟာ ရှေးလက်ရာ ပန်းစွဲတွေနှင့် အနုစိတ် လှပနေသလောက် အပေါ်က မွေယာဟာ ယနေ့ခေတ် ပုံစံအပြင် အသစ်ပုံပေါက်နေသည်မို့..။
မသုံးတာကြာသည့် ကုတင်ကို မွေးယာအသစ်နှင့်တွဲဖတ်ကာ ဧည့်သည့်အတွက် ကြိုပြင်ထားပေးပုံရပြန်သည်...
'' ဖိုးစိန် တို့က အနောက်ဖက်က တန်းလျှားမှာ ရှိမယ် တခုခုလိုတာရှိရင် ပြောပေါ့ "
'' အဘက ဒီအိမ်ကြီးမှာမနေဘူးလား "
'' အိမ်တော်ကြီးဟာ သခင်တွေရဲ့ နေရာလေ ဖိုးစိန်တို့က အလုပ်သမားတွေဆိုတော့ အိမ်တော်ကြီးပေါ် သန့်ရှင်းရေး ကိစ္စကလွဲရင် မတက်ဘူးကွဲ ့ "
''အဘ အပြင် တခြား လူရှိသေးတာလား ..အဘက ဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ "
သူရဲ့ မေးခွန်းတွေကို ဖိုးစိန်ဟာ မေးသမျှ မမောနိုင်မပန်းနိုင် ဖြေကြားပေးရှာသည်..ညိုငြင်ပုံလဲမရပါ...
" တခြား အလုပ်သမား ၂ယောက်လောက်တော့ရှိပါတယ် အခုတော့ အဘခိုင်းထာလို့ ညနေကျ မိတ်ဆက်ပေးမယ် အဘကတော့ ဒီအိမ်ကြီးမှာ မွေးကထဲကနေလာတာ အခုထိဆိုပါတော့...ကဲကဲ.. လူလေးလဲ နားအုန်းဟုတ်ပြီလား "
ဖိုးစိန် ထွက်သွားတော့ သူလဲ ခရီးပန်းလာတာမို့ ဟိုဟို ဒီဒီကြည့်ရင်း ကုတင်ပေါ် ပစ်လှဲချလိုက်သည်..
ရေချိူးခန်း အိမ်သာဟာ ဒီအခန်းမှာ တွဲရက်မို့ အနည်းငယ်စိတ်သက်သာရာ ရသည်..
တယောက်ထဲမို့ထင်ရဲ့.....
စိတ်က ခြောက်ခြားချင်သေးသည်...
နေရာသစ်မို့နေပါလိမ့်မည်....
ရေချိူးခန်းနှင့် အိမ်သာ တွဲရက်ဟာ အခုမှ မွန်းမံရင်း ထပ်ထည့်ထားပုံရသည်...
အတော်ကို ပြည့်စုံအောင် မွမ်းမံထားတာကိုပဲ...
ဘာကြောင့် ရွှေအိမ် ဟာ ဒီအိမ်ကြီးမှာ မနေချင်ရသလဲမသိ..
သူမသာ ရှိနေရင်...သူ ပျင်းရမည်မဟုတ်
ဖုန်းကို တချက်ကြည့်လိုက်တော့...
သူမ ဘက်က ဖုန်းခေါ်ခြင်း စာပို့ခြင်းမရှိ...
အတော်ကို စိတ်ချလက်ချထားခဲ့ပုံရသည်...
ဟော်တယ်ကို သေချာမှရောက်ရဲ့လားမသိ..
Ph ဆက်ဖို့ပြင်ပြီးမှ...
တော်ကြာ ရှုပ်လိုက်တာဆိုပြီး ဆူနေအုန်းမလားမသိဘူးဆိုတဲ့အတွေးကြောင့် ဖုန်းကိုဘေးချရင်း...
ခရီးပန်းလာသည့် ဒဏ်ရယ်....
တဖြေးဖြေးချင်း အိပ်ပျော်သွားတော့သည်....
ဒီအိမ်ကြီးဟာ သူ့အတွက် ရင်းနှီးသလိုလို..
စိမ်းသက်သလိုလို...
ဘာရယ်မသိတဲ့ Feeling တွေနှင့် အိပ်ယာပြောင်းရင် အိပ်မပျော်သည့် သူ့ကို အိပ်ပျော် စေသည်......
ထူးခြားလှသည့် နေရာ.....
ရင်းနှီးသော်လည်း စိမ်းသက်နေသည့်နေရာ....