book

Index 13

( Final)

ရွှေအိမ်စိုး

****************


ရွှေအိမ်စိုးနှင့်ငွေအိမ်စိုးကို....


မင်းကတော်ဟာထာဝရနေရာလဲပေးလိုက်တော့သည်....


ထွန်းဟန်ရဲ့အဖေနဲ့အ​ရေးပိုင်မင်း

ကိုတော့ မင်္ဂလာပွဲနီးမှထွန်းဟန်နဲ့ရွှေအိမ်စိုးခိုးပြေးကြသည်ဟုအသိပေးပြီး....

မျက်နှာမပျက်ရစေဖို့ရုပ်တူသည့်ငွေအိမ်ကိုအစားထိုးလိုက်ကြရအောင်ဟု...

ဂရုဏာရှင်လိုလိုအကြံပေးသည်.....


ဒီလိုနှင့်ကိုယ်တော်ကိူအေးဆေးလှည့်စားနိုင်ခဲ့ကာ....


အပြင်မှာတော့ ငွေအိမ်စိုးနဲ့ထွန်းဟန်ထွက်ပြေးကြသည်မို့ ကိုယ်တော်အမွေဖြတ်စွန့်လွှတ်လိုက်သယောင်...


အားလုံးဟာအစီစဥ်တကျ အကွက်ကျကျ....

ပြီးဆုံးသွားခဲ့သည်....


အရေးပိုင်မင်း ရဲ့မိသားစုမှတ်တမ်းတွေမှာ...

ငွေအိမ်စိုးရဲ့ပုံဟာ...

ရွှေအိမ်စိုးအမည်တပ်ကာ.....


သေဆုံးသည်အထိရွှေအိမ်စိုးအဖြစ်တွင်ကျန်ခဲ့ရသည်.....


အရေးပိုင်မင်း ဟာသူ့သမီးငယ်ကိုအသက်သေဆုံးသည့်အချိန်အထိရှာဖွေနေဆဲဖြစ်သလို.....

ခေတ်တွေအဆက်ဆက်ပြောင်းလဲခဲ့သည့်အခါ.နောက်ထပ်မျိူးဆက်တွေဟာငွေအိမ်စိုးကိုသာရွှေအိမ်စိုးအဖြစ်သိသွားခဲ့ကြပြီး.......


ထွန်းဟန်သေဆုံးသွားသည့်အမှန်တရားတွေကိုမေ့ပျောက်ခံလိုက်ရသလို...

ဘယ်သူမှလဲမသိလိုက်ပါ......


....................................................................


မာန်ဟာ သူညတိုင်းအိမ်မက်လိုလိုမြင်ခဲ့ရသည့်အမှန်တရားတွေကိုဘယ်သူမှယုံမည်မဟုတ်မှန်းသိသည်မို့......

စေ့စပ်ပွဲအပြီး.....


အရေးပိုင်မင်းရဲ့သမီးအကြီး....


ရွှေအိမ်ရဲ့အဖွားနှင့်တွေ့ခွင့်ရသည့်အခါမှသာ.....

သတိလွတ်တချက်ရတချက်နှင့်....

အဘွားရတနာအိမ်စိုး ကိုသာမေးမြန်ခွင့်ရခဲ့သည်......


ရွှေအိမ်မေမေဟာသူမကိုယ်ဝန်မရခင်က....

အိမ်ရှေ့မှာချိတ်ထားသည့်ပုံထဲကမိန်းကလေးကသူမနှင့်လာနေချင်သည်ဟုအိမ်မက်မက်သည်တဲ့....

အိမ်မက်မက်ပြီးမကြာခင်ကိုယ်ဝန်ရကာ....


လူဝင်စားဟုယုံကြည်ကာ....


အရင်ဘဝကနာမည်အတိုင်းပဲပြန်ပေးမည်ဟုခေါင်းမာပြီး...


ရွှေအိမ်စိုးလို့ပေးခဲ့ခြင်းဖြစ်သည်တဲ့....


တကယ်တမ်းပြန်မွေးဖွားခဲ့တာငွေအိမ်စိုးကို


ဟုအဘွားကလွမ်းလွမ်းဆွေးဆွေးပြောသွားသေးရဲ့....

သူ့ညီမငွေအိမ်စိုးဟာမိုးကျရွှေကိုယ်နဲ့လက်ထပ်ပြီး...ကလေးမရခဲ့သလို....

၁၉၆၀ လက်ထပ်ပြီးနှစ်၂၀အကြာမှာသေဆူံးခဲ့သည်တဲ့....

မိုးကျရွှေကိုယ်ဟာသူသိပ်ချစ်တဲ့ဇနီးသည်သေဆုံးပြီးမကြာခင်နှလုံးရောဂါကြောင့်ပဲ.......

ငယ်ငယ်ရွယ်ရွယ်နဲ့ လင်မယားနှစ်ယောက်လုံးကွယ်လွနိခဲ့ကြသည်တဲ့.....


သက်တမ်းစေ့နေခဲ့ပေမဲ့မင်းကတော်ဟာရောဂါပေါင်းစုံရဲ့နာကျင်မှု့တွေကိုခံစားသွားရရှာသတဲ့


သူတို့အားလူံးသေဆုံးသွားကြပြီမို့....


သူတို့နဲ့အတူအမှန်တရားတွေကိုမြေမြှပ်ပစ်လိုက်ချင်သတဲ့...


အရင်ဘဝက ရွှေအိမ်စိုးဟာဘယ်သူပဲဖြစ်ခဲ့ပါစေ....သူ့အတွက်အရေးမကြီးသလို... 

သူ့ဘေးကရွှေအိမ်စိုးဟာ...ထာဝရသူချစ်ရတဲ့မိန်းကလေးသာ....


" မာန်....ငါတို့ wedding အမှတ်တရအနေနဲ့....ကသာက အိမ်ကြီးကိုရှေးဟောင်းအမွေအဖြစ်နိုင်ငံတော်ကိုလှူချင်တယ် "


" ကောင်းတာပေါ့ ဒီလိုရှေးဟောင်းအိမ်တွေကို နိုင်ငံတော်ကထိန်းသိမ်းတာပိုဖြစ်သင့်ပါတယ်...ဒီနှစ်တွေအတွင်းမှာ ယူနက်စကို က ရှေးဟောင်းအမွေအနှစ်တွေကို...ကမ္ဘာယဥ်ကျေးမှု့အမွေအနှစ်အဖြစ်ထိန်းသိမ်းစောင့်ရှောက်တာတွေလဲ ရှိလာပြီလေ...."


" အင်း....မသိဘူး ရွှေအိမ်သိတာ ဒီစံအိမ်ကြီးက ကို့အပိုင်မဟုတ်သလိုပဲမို့လှူလိုက်ချင်တာပဲသိတယ် "


" အင်းပါ..... နင့်သဘောငါအမြဲနင့်ဘက်ကပဲ ငါတို့မှာပြည့်စုံတဲ့စည်းစိမ်တွေအပြင်ချစ်ခြင်းမေတ္တာတွေပါရှိနေပြီးသာမို့ "


မင်္ဂလာပွဲရက်နီးလာလေ.....


သူတို့နှစ်ဦးလုံးအလုပ်တွေရှုပ်လေဖြစ်ကြသည်....


ထို့ကြောင့်....

အရာရာမေ့မေ့ပျောက်ပျောက်နှင့်ပင်...

ပုံမှန်ဘဝမှာပုံမှန်အတိုင်းသာရှင်ကျန်ရင်းရှင်သန်နေကြလေသည်....


နှစ်ဖက်မိဘတွေရဲ့....

မေတ္တာတွေနဲ့အတူ...


ဘုန်းမာန်ဝင့်ထည်နဲ့ရွှေအိမ်စိုး တို့ရဲ့မင်္ဂလာပွဲဟာခမ်းနားစွာပြီးဆုံးခဲ့လေသည်....


" မင်းဟာ မင်းပဲမို့ ကိုယ်သိပ်ချစ်တယ် "


ချစ်သူမိန်းကလေးလက်ကိုဆွဲရင်း...

မင်္ဂလာပွဲထဲဝင်ရတဲ့အချိန်ဟာ....


ရင်ခုန်စရာအကောင်းဆုံးအချိန်ပါပဲ....


အိပ်ယာထဲလဲနေခဲ့သည့်အဘွားရတနာအိမ်စိုးဟာ....


သူတို့လက်ထပ်ပြီးမကြာခင်မှာပင်အားလုံးကိုစွန့်ခွာသွားတော့သည်......

သူမ...မသေဆုံးခင်ညက 

အလှူလုပ်ပြီးအမျှဝေဖို့ပြင်နေသည့်ကသာကဖိုးစိန်ဆီ....


ဒီတခါအမျှဝေတဲ့အခါရွှေအိမ်စိုးအမည်ပါထည့်ဝေပေးပါ....


ဆိုသည့်နောက်ဆုံးဆန္ဒကိုပြောသွားသလို....


ကသာကစံအိမ်ကိုလှူမည့်အပေါ်လဲဝမ်းသာသွားပုံရလေသည်.....


အတိတ်တွေဟာ...


အတိတ်မှာသာရှင်ကျန်ပြီး......


ပစ္စုပ္ပန် မှာရှင်ကျန်သူတွေဟာလဲ....လက်ရှိအခြေနေအတွက်အကောင်းဆုံးစိတ်ထားနဲ့...

စာနာစိတ်ဂရုဏာအကြင်နာတရားတွေမခေါင်းပါးဖို့....

သူခေါင်းထဲအတွေးဝင်လာတာအမြတ်ပဲမဟုတ်လား....


စိတ်ကိုအရောင်ကင်းအောင်ထားတက်လာသလိူ....

ငါစွဲနဲ့အတ္တတွေကင်းအောင်နေတက်လာသည်စီးပွားရေးတွေကိုအားစိုက်ရင်း...

အလှူအတန်းတွေရက်ရောတက်လာသည်.......


ကသာက စံအိမ်ကြီးကိုမလှူခင်...


သူနဲ့သူမကိုယ်တိုင်ဆင်းသွားကာအလှူလုပ်တရားနာအမျှဝေဖြစ်ခဲ့ကြသည်...


ဘဝတလျှောက်လုံး....


သူမတို့မိသားစုအတွက်အလုပ်လုပ်ပေးခဲ့သည့်ဖိုးစိန်အတွက်...

အိမ်တစ်လုံးဝယ်ကာ...အလှဆုံးဆောက်ပေးခဲ့ကြသလို...,

ရန်ပြေကိုတော့ရန်ကုန်ခေါ်ကာ....


သူ့အလုပ်တွင်ဝန်ထမ်းခန့်ဖြစ်ခဲ့သည်.....


အိမ်ထောင်ဦးစီးဘုန်းမာန်ဝင့်ထည်အဖြစ်ပြောင်းသွားသော်လည်း....

ဇနီးဖြစ်သူနှင့်အတူ....

နှစ်ယောက်ထဲ ခရီးတွေထွက်ရင်း...


သူမကလဲသူမပုံစံအတိုင်း...

သူကလဲသူ့ပုံစံအတိုင်း....


လုပ်ချင်တာမှန်သမျှအချင်းချင်း support လုပ်ကြရင်း....


သူမလုပ်ချင်ခဲ့သည်....


ခရီးသွားလုပ်ငန်းကိုလဲ စတင်ခြေလှမ်းခဲ့ကြသည်....

ဘဝဟာအရှည်ကြီးလို့ထင်ရသော်လည်း....


သက်တမ်းတွေဟာကုန်မြန်သည်မို့....

အတ္တကင်းကင်းနဲ့ပျော်ပျော်နေဖို့အတွေ့အကြုံတွေကသင်ပေးခဲ့သည်.....


ဘဝဟာ...


နေတက်သွားတဲ့အခါနေပျော်သည်မို့.......


.........................The End...........................


ရင်ထဲတခုခုတော့ကျန်ဖို့မျှော်လင့်ပါတယ်...

ကိုယ်မပိူင်နိုင်တဲ့ခေတ်တခုကိုလှမ်းရေးထားတာမို့လိုအပ်ချက်တခုချင်းစီအတွက်အနူးညွန့်တောင်းပန်ချင်ပါတယ်....


rate now: