ရွှေအိမ်စိုး
**********************
1940 katha
အဲ့ဒီနေ့ကထွန်းဟန်ရင်ထဲက အပူတွေငြိမ်းစေဖို့...ညနေစောင်းမှာပန်းပင်လေးတွေရေဖြန်းနေခဲ့တယ်....
မနက်ဖန်မင်္ဂလာပွဲမို့......
ထွန်းဟန်ချစ်ရတဲ့အမျိူးသမီးလေးကို သူမချစ်သူဟာ နေ့လည်လောက်ထဲက ဝူစလေကားနဲ့လာခေါ်သွားသတဲ့.....
နောက်ဆုံးအနေနဲ့ဖြစ်ဖြစ်....
မရိုးမသားစိတ်နဲ့......
တစ်ကြိမ်လောက်ငေးမောကြည့်ချင်လို့....
ဒီလိုအချိန်ဖြုန်းရင်းစောင့်နေခဲ့တာဆိုရင်မမှားပါဘူး....
တပါးသူ ရင်ခွင်မှာဇနီးမယားအဖြစ်ခိုဝင်တော့မဲ့မိန်းကလေးကို သူမေ့ပစ်ရတော့မယ်မဟုတ်လား....
ခြံထဲသို့ အနက်ရောင်ဝူစလေကားဟာခုန်ပေါက်ပြေးလွှားဝင်လာခဲ့သည်......
ကားပေါ်ကဆင်းလာသည့်သူမ.....
ဟင်...
သူပဲမျက်စိမှားသလား....
ရွှေအိမ်စိုးဝတ်နေကြဂါဝန်ခရမ်းရောင်ဖျော့ဖျော့ကလေးကားပေါ်ကဆင်းလာသူက...
" ငွေအိမ်စိုး "
"ဟေ့..ထွန်းဟန်ဘယ်သူ့ကိုကြည့်ပြီးငွေအိမ်စိုခေါ်နေသလဲ "
ဘယ်တုန်းကရောက်နေမှန်းမသိသည့်...မင်းကတော်ရဲ့ဟောက်ဟမ်းမှု့ကြောင့်သူခေါင်းငုံနေရသော်လည်း....
သူဘယ်တော့မှမမှားနိုင်ပါ....
ရွှေအိမ်စိုးနှင့်ငွေအိမ်စိုးဟာလူချင်းခွဲမရအောင်တူသည့်တိုင်အောင်....
ထွန်းဟန်ခွဲခြားတက်သည်....
အိမ်တော်ကလူအများစုဟာသူတို့ညီအမကို ဝတ်စားဆင်ယင်ပုံ နှင့်ခွဲကြသော်လည်း...
သူကတော့ မျက်လုံးတွေကိုကြည့်ပြီးခွဲသည်...
ရွှေအိမ်ရဲ့မျက်ဝန်းတွေဟာ.....အေးချမ်းသည်အလိုရမ္မာက်နည်းသည်အနက်ရောင်ရှိသည်...
ငွေအိမ်ရဲ့မျက်ဝန်းတွေဟာ..အေးချမ်းမှု့နည်းသည် အညိုရောင်ရှိသည်....
သဘောပေါက်လွယ်သည့်ထွန်းဟန်း....
ဘာကြောင့်ရွှေအိမ်စိုးဟာ သူမအမလိုမြန်မာဆန်ဆန်ဝတ်နေခဲ့သလဲ....သိလိုက်ချေပြီ
မင်းကတော်ဟာဘာကြောင့်မိုးကျရွှေကိုယ် ကိုပြုးပြာသလဲကြိုပြီးမင်္ဂလာပွဲအတွက်တက်ကြွနေသလဲ....
သူမခြယ်လှယ်လို့ရသည့်ငွေအိမ်နှင့်ရွှေအိမ်ကိုလူလဲထားတာကြောင့်ဖြစ်မည်...
သူ.....
ပျော်သင့်သလား.....
ဒါမှမဟုတ်...ကိုယ်တော်ကိုပြောပြရမလား.....
အတွေးတွေနယ်ချဲ့နေတုန်းခြံထဲကဝူစလေကားကလေးဟာတဖြေးဖြေးထွက်ခွားသွားသည်....
မင်းလဲဒီလူမိုးကျရွှေကိုယ်ကိုချစ်နေတယ်မဟုတ်လားရွှေအိမ်....
ဒါကြောင့်မို့ညတိုင်းလွမ်းဆွေးကြေကွဲဖွယ်ဆန္ဒယားသံထွက်ပေါ်နေတက်တာလား.......
ထွန်းဟန်တယောက်စိတ်နဲ့ကိုယ်နဲ့မကပ်စွာ....ခြံထဲမှာပန်းပင်တွေနဲ့အချိန်ဖြုန်းနေမိသည်....
စိတ်တွေရှုပ်နေသည်မို့.......
အလုပ်တွေပိုလုပ်နေတာဖြစ်ကာအစေခံများပင်တန်းလျားပြန်ကုန်ကြပြီထင်ပါရဲ့.....
မင်းကတော်နှင့်ငွေအိမ်ကလွဲရင်ဘယ်သူမှမရှိတော့ပါ.....
" ကျွန်တော်နားလိုက်ပါတော့မယ် မင်းကတော် "
သူ့ရဲ့စကားမဆုံးခင်ခြံထဲဝင်လာသည့်မြင်းခွာသံကြောင့်သူတို့၃ယောက်လုံးတပြိုင်နက်လှည့်ကြည့်မိသည်.........
မြင်းပေါ်မှာ......လှဲလျောင်းတင်ဆောင်လာသူမှာ
ရွှေအိမ်စိုး....
" အမလေး ဘာပုံစံဖြစ်လာတာလဲ "
" မယ်မယ် သူ့ပုံကမေ့နေတာလား "
" သူဘယ်တုန်းကအပြင်ထွက်သွားတာလဲထွန်းဟန် "
" ကျွန်တော်မသိလိုက်ဘူးမင်းကတော် "
" ဟဲ့..ဘာလုပ်နေတာလဲ ချပါအုန်း အမလေးဘုရားဘုရား သွေး...တွေလား"
သူပွေ့ချီခေါ်သွားတော့...
သူမကိုယ်လေးပျော့ဖတ်နေချေပြီ.....
တစ်ကိုယ်လုံးသွေးတွေနှင့်မို့......
သူ့မှာပြာယာခတ်နေသည်....
" သူ...အသက်မရှိတော့ဘူး မယ်မယ် "
သူတို့အကုန်တုန်လှုပ်သွားပေမဲ့......
အတ္တကြီးသည့်မင်းကတော်ဟာ.
" နေအုန်း...ဒါ...မင်္ဂလာပွဲမှာ ကိုယ်တော်ကိုလှည့်စားဖို့မလိုတော့တဲ့နည်းပဲ "
ရွှေအိမ်စိုးရဲ့သက်မဲ့ခန္ဓာကိုယ်နှင့်အာရုံမကပ်နေသည့်ထွန်းဟန်မကြားအောင်...
မင်းကတော်ဟာ ငွေအိမ်စိုးကိုတိုးတိုးကလေးကပ်ပြောသည်....
" ထွန်းဟန်က..သမီးကိုငွေအိမ်မှန်းသူခွဲတက်နေတယ် အခွင့်အရေးရတုန်း.....ခြိမ်းခြောက်ရမယ် "
" ဘယ်လို..မယ်မယ် "
" မိုးကျရွှေကိုယ်ကို အပိုင်ရချင်ရင်မယ်မယ်ပြောတဲ့အတိုင်းလုပ် "
သူမတို့တီးတိုးတိုင်ပင်ပြီးနောက်....
"ထွန်းဟန်....နင်ရွှေအိမ်စိုးကို သတ်ပစ်လိုက်တာမဟုတ်လား "
" ဟာ...ကျွန်တော်တချိန်လုံးမင်းကတော်မျက်စိရှေ့တင်ရှိနေတာ မ...မဟုတ်မှန်း.."
" ငါ့ပါးစပ်ထဲတင်မင်းဘဝရှိတယ်....ငါကသာ မင်းလုပ်တာပါလို့ပြောလိုက်ရင်ဘာဖြစ်မယ်ထင်လဲ "
သွေးပျက်ကြောက်လန့်ရမှန်းအခုမှအသိဝင်ပုံရသည့်ထွန်းဟန်ကိုကြည့်ရင်းပြုံးမိသည်.....
ညကအတော်မှောင်စပြုနေပြီး.....
ကိုယ်တော်ပြန်လာချိန်ဟာလဲနီးကပ်နေလေပြီ......
" ကိုယ်တော်ပြန်မလာခင်...ခြံအနောက်မှာ သူမအလောင်းကိုမင်းရှင်းပစ်လိုက် မဟုတ်ရင်မင်းဘဝလူသတ်သမားအဖြစ် မင်းအဘနဲ့ညီလေးပါဘဝပျက်သွားစေရမယ် "
ခြိမ်းခြောက်မှု့ရဲ့ထိချက်တွေဟာပြင်းသည်....
နောက်ဆုံးသူရဲ့ရွေးချယ်မှု့ဟာ.......
သူ့ဘဝနဲ့သူ့မိသားစုဘဝသာဖြစ်ကာ....
ဓာနရှင်အာဏာရှင်တွေရဲ့နှုတ်ထွက်စကားနဲ့တင်သူဘဝအဆုံးသတ်သွားမည်ဆိုတာ...
သူသိသည်မို့.....
ချစ်ရသူရဲ့အသက်မဲ့ခန္ဓာကို ကိုယ်တိုင်မြေမြှပ်ခြင်းအဖြစ်သို့ရောက်သည်.....
မင်းကသေဆုံးသွားတာတောင်လှပနေတုန်းပဲရွှေအိမ်....
မေမြို့ပန်းကလေးတပွင့်သူမနားမှာထိုးပေးလိုက်ရင်း.....
အခုမှပဲ သူမဝတ်ဆင်ထားသည့်အကျီနှင့်ပန်းကလေးလိုက်ဖက်သွားတော့သည်.....
အေးချမ်းရာဘုံဘဝကိုမင်းကိုတော့ရောက်စေချင်တယ်.....
အမွှာမဟုတ်တဲ့သူနဲ့ထွန်းစိန်တောင်ချစ်ခင်ကြင်နာကြပါရက်နဲ့......
သူ့ညီလေးဘဝအတွက်သူစွန့်လွတ်ရဲသည်အထိချစ်ကြပါရက်.....
အမွှာညီအမဖြစ်ကြသည့်ငွေအိမ်စိုးဟာဘယ်လိုစိတ်နှလုံးနဲ့ရက်စက်ရဲရသလဲ...............
ချစ်ရသူဟာသေဆုံးသွားခဲ့ပြီ......
သူကိုယ်တိုင်မြေမြှပ်အလောင်းဖျောက်ဖို့ကူညီနေရပြီ....
လူကြမ်းကြီးဖြစ်ပြီးဘဝကြမ်းခဲ့တဲ့သူ....
ပထမဆုံးအကြိမ်မျက်ရည်ကျခဲ့သည်......
ကျင်းဟာ သူ့တရက်စာမကနက်သွားသည့်အခါသူကျင်းပေါ်အသင့်ယူလာသည့်လှေကားနှင့်ပြန်တက်သည်....လှေကားကိုဖယ်ရင်း....
နောက်ဆုံးအဖြစ်သူမမျက်နှာလေးကိုကြည့်ရင်း...
" မင်းကိုကိုယ်သိပ်ချစ်တယ်ရွှေအိမ်စိုး "
မျက်ရည်တွေနဲ့နှုတ်ဆက်ရင်း....
နောက်က ထိတွေ့လာတဲ့ခံစားမှု့တခုနှင့်အတူသူမှောင်အတိကျသွားသည်.....
မျက်လုံးတွေကိုအားယူဖွင့်သည့်အခါအေးစက်မှု့ကိုခံစားရလေသည်....လူဟာမလှုပ်နိုင်ပဲခေါင်းကနာကျင်နေသည်....
ငါဘယ်ရောက်နေတာလဲ.....
အမြင်တွေသဲကွဲလာသည့်အခါ.....
သူတူးထားသည့်ကျင်းထဲမှာသူ့နံဘေးမှာအသက်မဲ့နေသည့်ရွှေအိမ်စိုး.....
မင်းကတော်ဟာရက်စက်ချေပြီ
သတိဝင်လာပေမဲ့အသိနောက်ကျခဲ့လေပြီ....
ကျင်းပေါ်ကနေလှမ်းကြည့်နေသည့်မင်းကတော်....
သဲတွေကျင်းထဲကော်ပြားနဲ့ပြန်ထည့်ကာမြေဖို့နေသည့်အိမ်တော်ကမင်းကတော်ရဲ့ဒါရိုက်ဘာ......
အရာရာနောက်ကျသွားပြီ....
နောက်ကခေါင်းကိုရိုက်ထားသည်မို့သွေးထွက်နေတာကြောင့်လူကအားကုန်နေသည်....
အတူတူမပေါင်းရပေမဲ့အတူသေဆုံးကြတာပေါ့....
သူ့ကိုယ်ပေါ်ကမြေတွေကိုကြည့်ရင်း....
သူ့အနားကချစ်ရသူကိုတင်းကြပ်စွာဖတ်ထားပြီး....
သူသစ္စာဆိုမည်...
ဘဝတလျှောက်လုံးရိုးသားစွာနေထိုင်ခဲ့သည်
ဘဝတလျှောက်လုံးမိဘအပေါ်လိမ္မာခဲ့သည်
ပြီးတော့ ဘဝတလျှောက်လုံးသူမအပေါ်သာအချစ်စစ်နှင့်ချစ်ခဲ့ဖူးသည်.။
ဤမှန်သောသစ္စာစကားကြောင့်....
သူ့ကိုအရှင်လတ်လတ်မြေမြှပ်သည့်မင်းကတော်ဟာ သက်တမ်းစေ့နေထိုင်ပြီး သက်တမ်းတလျှောက်လုံးနာကျင်မှု့ဝေဒနါအမျိူးမျိူးကို နာကျင်တာထက်ပိုပြီး
ခံစားရပြီးမှသာသေဆုံးပါစေ....
ညီမအရင်းထက် စံအိမ်နှင့်ဥစ္စာကို
မက်မောသူငွေအိမ်စိုးဟာ....
ဘဝအဆက်ဆက် ဤစံအိမ်ကိုဘယ်တော့မှမပိုင်ဆိုင်ရပါစေနဲ့....
ဒါဟာ သူချစ်ရသူနဲ့ရုပ်တူလို့သူပေးတဲ့အသက်ညှာဆုံးကျိန်စာပါ....