ရွှေအိမ်စိုး
************************
တကယ်ဆို....
မိုးကျရွှေကိုယ်ဟာသူမခင်ပွန်းလောင်း...
သူမနှင့်စေစပ်ထားသူ....
ဘယ်သူမှန်း မသိခင်ကတည်းက.....
သူမသဘောကျခဲ့သူမို့ဘဝမှာပထမဆုံးအကြိမ်အဖြစ်မက်မက်မောမောလိုချင်မိသည်....
တိုက်ဆိုင်စွာ သူနှင့်ပထမဆုံးအကြိမ်တွေ့မည့်နေ့မှသူမှန်းမသိသည်မို့စိတ်မပါသည့်စေ့စပ်ပွဲမှာ....
အမလတ်ဟာ နောက်ကွယ်ကစည်းစိမ်နဲ့တင်ကျေနပ်သည်မို့....
လူစားလဲပေးဖို့ပြောကာ.....
ငွေအိမ်စိုးက....ရွှေအိမ်စိုးအဖြစ်နှင့်
မိုးကျရွှေကိုယ်ရဲ့နှလုံးသားကိုတောင်ရယူပြီးပြီတဲ့လား...
နာကျင်ရပါတယ်...ချစ်သောမိုးကျရွှေကိုယ်
သူမ မိုးစက်တွေနဲ့အပြိုင်ငိုနေခဲ့တာကိုဘယ်သူသိပါ့မလဲ....
...................................
ခြေထောက်ကခေါက်ကာအဆစ်လွဲသွားသည်မို့သူ့အတွက်နာကျင်လှသလို.....
တနေရာနှင့်တနေရာပင်သွားဖို့ရာခက်ခဲလှသည်........
မာန်...ခြေထောက်ဖြစ်သွားတော့.....
" ဒီအိမ်ကြီးကို မုန်းပေမဲ့လဲပဲ နင်ကဒီလိုဖြစ်
နေတော့ ငါကပစ်မထားရက်ပြန်ဘူး..."
" ငါတို့ ဟိုတယ်ပဲရွေ့ကြမလား "
" မဖြစ်ပါဘူးဟာ...နင်ကဒဏ်ရာနဲ့တခုခုဆိုအိမ်မှာကပိုနေလို့ကောင်းတာပေါ့"
သူမသယ်လာသည့်ပစ္စည်းတွေနေရာချရင်း...
" ငါငယ်ငယ်ထဲက ဒီအိမ်ကိုလာရင်တခုမဟုတ်တခုဖြစ်တယ်...ဘာလဲတော့မသိဘူး တကယ်မုန်းစရာကြီး "
"ဟင် "
သူမဆီက ထိုစကားကြားပြီး အံသြသွားရသူမှာသူသာဖြစ်သည်....
ဒါ...ဟိုမိန်းကလေး နဲ့များသက်ဆိုင်မလား...
" ရွှေအိမ် ကိုယ်တို့...."
" ငါ နင့်ဘေးမှာပဲအိပ်မယ်နော် "
ပြောပြောဆိုဆိုနှင့် သူ့ဘေးဝင်အိပ်ကာ.....
လူနာစောင့်က မကြာခင်အိပ်ပျော်သွားတော့သည်....
မြတ်နိုးရသောဒ်ိီကောင်မလေးကို....
သူ...မကြာခင်ပိုင်ဆ်ုင်ခွင့်ရတော့မည်.......။
" ဟင်... အိပ်လေရွှေအိမ်ရဲ့ "
သူ့ရင်ခွင်ထဲမှာတိုးဝင်အိပ်ပျော်နေသည့်ကောင်မလေးရဲ့နဖူးလေးကိုနမ်းဖို့ပြင်တော့မျက်ထောင့်နီနှင့်မော့ကြည့်နေသည့်မျက်လုံးတွေဟာ...
ကြောက်စရာ.....
"ရွှေအိမ် ''
''ထွက်သွား...."
အော်လိုက်သည့်အသံသြသြကြောင့်...
သူလန့်ဖြန့်ကာနောက်ဆုပ်လိုက်တော့....
လူက ကုတင်ပေါ်ကပြုတ်ကျသည်.....
" ဖိုးစိန်...ဖိုးစိန်ရေ "
သူအားကုန်သုံးကာအော်လိုက်သော်လည်း...
တန်းလျားနှင့်စံအိမ်ဟာဝေးသည်မို့အသံကြားပါ့မလား....
" ထွက်သွား....သတ်မယ် သတ်မယ် "
သူမဟာ မျက်လုံးအကြည့်တွေမူမမှန်သည်မို့...တခုခုလွဲနေပြီမှန်းသူသိလိုက်သည်...
" ရွှေအိမ်...ရွှေအိမ်...သတိထားလေ "
သူမဟာ သူ့ပေါ်ရှိသမျှပစ္စည်းတွေနှင့်လှမ်းပေါက်သည်...
တခန်းလုံးအနားရှိသမျှနှင့်ပစ်ပေါက်သည်မို့သူ မှာခြေထောက်နာနေသည့်ကြားကရှောင်ရကာ...
" အကို"
" ရန်ပြေ မင့်အမကို ဆွဲပါအုန်း "
" ဟုတ်..ဟုတ် "
မုန့်ပန်းကန်ကို အမြန်ချကာ....ရန်ပြေဟာသူမလက်တွေကိုဝင်ဆွဲသည်...
" အမ...အမစိတ်ထိန်းလေ ရန်ဖြစ်ကြတာလား အကိုကဒဏ်ရာကြီးနဲ့လေ "
" မင်း..ထွက်သွား "
အသံသြသြနှင့်သူမဟာ အားကောင်းမောင်းသန်အမျိူးသားတစ်ဦးလို....ရန်ပြေကိုတွန်းပစ်သည်....
ဒေါသတကြီး မာန်ဆီဦးတည်တော့...
ရန်ပြေဟာ အနောက်ကနေချူပ်ထားကာ...
" အမ ပုံကမူ..မူမမှန်ဘူး အဘရေ အဘ "
အော်သံဟစ်သံတွေဆူညံ့နေသည်မို့ထင်ရဲ့ဖိုးစိန်ဟာမကြာခင်ရောက်ချလာကာ.....
" ဘာဖြစ်နေကြတာလဲ "
" အဘရေ ...အမ ကို တခုခု ပူးကပ်နေတယ်ထင်တယ် "
"မင်း..ဘယ်သူလဲ "
" ထွန်းစိန်..."
ဖိုးစိန်ကိုကြည့်ကာခေါ်လိုက်ပုံကကြင်ကြင်နာနာ.....
" အကိုကြီးလား ...အကိုကြီးဘာလို့ အိမ်ရှင်သခင်တွေကိုနှောက်ယှက်ရတာလဲ "
" ဒင်း...ဒင်းကြောင့် "
မာန့်ကိုသာ ဒေါသတကြီးလက်ညှိးထိုးနေခဲ့ကာ..ရေမန်းတွေပရိတ်ကြီးတွေနဲ့ရစ်ပတ်..
ပတ်ဖြန်းပြီးမကြာခင်ငြိမ်ကျသွားသည်....
ရန်ပြေက သူမကို အသာချပေးကာကုတင်ပေါ်ပွေ့တင်ပေးခဲ့သည်...
ဖိုးစိန်ဟာ သူ့ကိုဆွဲထူကာ...
" မင်းအကို...မျက်နှာခြစ်မိထားတယ် ဆေးသွားယူချေလူလေး "
ရန်ပြေတယောက်ခပ်မြန်မြန်လေးထွက်သွားပြီး....သူသာအံသြသလိုလန့်လဲလန့်သွားပေမဲ့
ဖိုးစိန်ကတော့ ဘာမှမထူးဆန်းသလို....
" အကိုကြီးဆိုတာ ဘယ်သူလဲဖိုးစိန် "
" အဘရဲ့ အကိုကြီး....ထွန်းဟန် အဘထက် ဆယ်နှစ်ကျော်ကြီးတဲ့အကို....အရေးပိုင်မင်းတို့ရှ်ိစဥ်က ဒီအိမ်တော်ရဲ့အားကိုးရတဲ့အလုပ်သမားပေါ့.... "
" သူက...မကျွတ်လွတ်သေးတာလား ဖိုးစိန်ဒီအိမ်မှာမကျွတ်လွတ်တဲ့သူတွေအများကြီးရှိနေသလား...ကျွန်တော်ရွှေအိမ်နဲ့ချွတ်စွတ်တူတဲ့ မိန်းကလေးတစ်ယောက်ကိုလဲ အမြဲတွေ့တယ် ပြီးတော့အမျိူးသမီးကြီးနှစ်ယောက်ရဲ့ရန်ဖစ်သံကိုလဲအမြဲကြားရတယ် "
" မြင်ကပ်မမြင်အပ်ပုဂ္ဂိုလ်ဆိုတာနေရာတိုင်းမှာရှိတက်ပါတယ် ဒီအိမ်တော်ရဲ့သခင်တွေအကြောင်းအဘတို့မှာသိခွင့်မရှိပါဘူး "
" ပြောပြပါဖိုးစိန် "
" ရွှေအိမ်... "
" ပြောပြပါ ရွှေအိမ်ကဒီအိမ်ကြီးရဲ့သခင်ပဲလေဖိုးစိန်ဖြေကိုဖြေရမယ် "
" ဖိုးစိန်ရဲ့အကိုကြီးဟာ အိမ်တော်ရဲ့အငယ်ဆုံးသခင်မလေးနဲ့ခိုးပြေးသွားကြပြီးနောက်ပိုင်း ဖိုးစိန်လဲတကယ်ဘာမှမသိတာပါ သူတို့သတင်းလိုက်စုံစမ်းပေမဲ့...ဘာမှမထူးခဲ့ပါဘူး "
"ဖိုးစိန်ရဲ့အကိုဟာ ထောင်ထောင်မောင်းမောင်းအသားညိုညိုနဲ့လား "
" ဟင်....ဟုတ်တယ် သခင်လေးကဘယ်လိုသိတာလဲ "
" ကျွန်တော အိမ်မက်တွေထဲမှာ မြင်ဖူးတယ် "
"ဖိုးစိန် ရွှေအိမ်ကို မကွယ်မဝှက်ပြောပြပေးပါ ဒီအိမ်ကြီးကိုလာတိုင်းတခုမဟုတ်တခုဖြစ်နေတာ တိုက်ဆိုင်မှု့လား "
" ဖိုးစိန်သိတာ ဒါအကုန်ပါပဲ ကိုယ်တော်ရှိစဥ်အခါကမှီလိုက်တဲ့သူဆိုလို့ ဖိုးစိန်ပဲရှိတာ အာ့အချိန်ကဖိုးစိန်ဟာ ကလေးသာသာအရွယ်မို့ အကိုကြီးပြန်ရောက်မလာတော့တာရယ်.
အဘမျက်နှာမကောင်းတာရယ် ကလွဲရင်ဘာမှမသိခဲ့တာအမှန်ပါ
အငယ်ဆုံးသခင်မလေးနဲ့ ခိုးပြေးသွားကြတယ်ဆိုတာပဲသိထားပေမဲ့ လွန်ခဲ့တဲ့နှစ်တွေကစပြီး အကိုကြီးအရိပ်ပြတာတွေ ဝင်ပူးတာတွေရှိလာတာ ဘာတွေကမှားယွင်းခဲ့သလဲမသိဘူး "
" ခိုးပြေးခဲ့တာမဟုတ်ဘဲ...."
"စာရေးဆရာပီပီအတွေးမလွန်ပါနဲ့သခင်လေးရယ်....အတိတ်တွေကို အတိတ်မှာသာချန်ခဲ့ပါစေ ပြီးဆူံးထားပြီးသားတွေကိုမတူးဖော်ပါနဲ့ ပြီးခဲ့တာတွေပြီးပါစေတော့..
သခင်လေးတို့ပြန်တဲ့အခါ မကျွတ်လွတ်သေးတဲ့အကိုအတွက် ဖိုးစိန်အမျှပေးဝေကုသိုလ်ပြုပါမယ် "
အားလုံးတိတ်ဆိတ်သွားကြပေမဲ့....
ရင်ထဲမှာအတွေးကိုယ်စီရှိကြမယ်ထင်ပါရဲ့.....
လျှိူ့ဝှက်ချက်တွေက ဘာတွေများလဲ.....
တခါတလေတချိူ့အမှန်တရားတွေဟာ...
ကာယကံရှင်တွေနဲ့အတူမြေမြှပ်ပျောက်ကွယ်သွားတက်သလား.....
ဒီလိုနဲ့ပဲမျက်ကွယ်ပြုလိုက်ဖို့တရားရဲ့လား.....