ရွှေအိမ်စိုး
***********************
" လူကြီးတွေက ရန်ကုန်ပြန်လာဖို့အတင်းလောနေပြီမာန် "
" ဘာလို့လဲ "
" မသိဘူး မာမီတို့က ပြန်လာခဲ့တဲ့ မာန်မိဘတွေနဲ့မိသားစုခြင်းတွေ့ပြီး..လက်ထပ်ဖို့စီစဥ်ကြတော့တဲ့ "
" မိဘခြင်းတွေ့ရမယ်? ဒါဆို ကိုယ်တို့ကိုသဘောတူလိုက်တာလား "
" ထင်တာပဲ "
ရွှေအိမ်မိဘတွေဟာ....
သူ့ကိုသဘောကျတယ်လဲမဟုတ်သဘောမကျတယ်လဲမဟုတ်သည့်အခြေနေမို့
သဘောမတူဘူးထင်ခဲ့တာအခုလိုမိသားစုခြင်းတွေ့ဖို့အထိစီစဥ်ခိုင်းတာဟာကောင်းတဲ့ဘက်ကပဲမို့သူရူးလောက်အောင်ပျော်ရသည်
တကယ်ဆိုသူတို့အသက်တွေကမငယ်ကြတော့ဘူးမဟုတ်လား...
" ကျွတ် "
" ဟင် "
ရုတ်တရက်ကြားလိုက်သည့်အသံကြောင့်သူအပေါ်ကိုမော့ကြည့်မိတာစိတ်ကသိနေသည့်အတိုင်း
လေမတိုက်ပါပဲ ကြိုးကျလာသည့်သရက်ကိုင်းကြီးကြီးဟာရွှေအိမ်ရှိရာဆီသို့တန်းတန်းမတ်မတ်.....
"ရွှေအိမ် ."
ရုတ်တရက်အခြေအနေမှာ သူမကိုတွန်းလိုက်နိုင်ပေမဲ့,...လူဟာသစ်ကိုင်းနှင့်တိုက်မိပြီး...
မြေပြင်ပေါ်သို့အရှိန်နှင့်ကျသည်...
" မာန် "
သူမစိုးရိမ်တကြီးအော်သံကြားမှာကြီးကြီးမားမားမထိခိုက်သော်လည်းခြေထောက်ခေါက်သွားသည်မို့ထင်ပါရဲ့...လူကထမရတော့ပေ...
" ဖိုးစိန်လာပါအုန်း "
သူမအော်သံဆူးဆူးကလေးနောက်မှာဖိုးစိန်တို့မြေးအဖိုးရောက်လာခဲ့ကြသည်...
ရှုပ်ရှက်ခတ်နေသည့်အခြေနေတွေကြားမှာ...
ပန်းကလေးတစ်ပွင့်နှင့်....အမျိူးသမီးက အိမ်ပေါ်က နေစူးစိုက်ကြည့်နေသည်
ဆေးရုံတက်ရအောင်အခြေနေမဆိုးသော်လည်း......
ခြေထောက်တဖက်ကထောက်မရသည်မို့...
ရန်ကုန်ပြန်ဖို့ရက်ကိုသူ သက်သာမှစီစဥ်မည်ဟုသာဆုံးဖြတ်လိုက်ကြရတော့သည်......
.....................................................................
1940
KATHA
ဆွတ်ပျံ့လွမ်းမောဖွယ်စန္ဒာယားသံဟာ...
ယနေ့မှထူးထူးဆန်းဆန်း...မနက်ခင်းပိုင်းမှာထွက်၍လာသည်...
တကယ်ဆို ထွန်းဟန်မြင်လိုက်တိုင်း
ကျယ်ဝန်းတဲ့ခြံကြီးရဲ့တနေရာမှာ...
မိုးကျရွှေကိုယ်နှင့်ရွှေအိမ်စိုးဟာအမြဲလိုလိုရယ်မောနေတက်သည်
နီးကပ်နေတက်သည်အဆင်ပြေနေကြတာသေချာသည်မဟုတ်လား
ဘာကြောင့်အသည်းကွဲနေသည့်အသံလို့သူခံစားနေရတာပါလိမ့်....
" တော်တော့ရွှေအိမ် "
စူးစူးအသံနှင့်အမလတ်....
" မမ "
" ဒီအချိန်မိုးကျရွှေကိုယ်လာမယ်မှန်းသိလို့အရှေ့ထွက်လာတာပေါ့ဟုတ်လား...
မယ်မယ်နင့်ကိုဘာမှာထားလဲ "
" ရွှေအိမ်က...."
" ဖြန်း......."
" တိတ်စမ်းဘာရွှေအိမ်လဲ "
အကြင်နာမဲ့စွာရိုက်ချပစ်လိုက်တာ....
နဂိုကမှနုနယ်သည့်ပါးကလေးဟာချက်ချင်းရဲတက်သွားသည်....
တကယ်ဆို အမလတ်ဆိုပေမဲ့...
သူမနှင့်၅မိနစ်သာခြားသည့်အမွှာညီမဖြစ်ကာ.....
မင်းကတော်ဟာ သူမတို့နှစ်ယောက်ရဲ့မိထွေးတော်စပ်သည်မဟုတ်ပါလား....
သူမဆယ့်ငါးနှစ်သမီးအရွယ်မှာဒီအိမ်ကြီးကိုရောက်လာကာ....
မေမေဟာအရေးပိုင်မင်းကိုတောင်းပန်သည်
အရေးပိုင်မင်းဟာသူမဖေဖေတဲ့....
မေမေဟာ အရေးပိုင်မင်းအိမ်တော်ကစန္ဒာယားသင်ပေးသည့်ဆရာမဖြစ်ကာ....
အရေးပိုင်မင်းညီမကိုစန္ဒာယားလာသင်ရင်း....အရေးပိုင်မင်းနှင့်ချစ်ကျွမ်းဝင်ခဲ့ကြသည်....
မင်းကတော်ရှိနေရက်နဲ့ချစ်ကြိုက်ကြသည်မို့
နောက်ပိုင်းမင်းကတော်သိသွားသည့်အခါ....
အရေးပိုင်မင်းမသိအောင်....
မေမေကိုအဝေးပို့ပစ်ခဲ့သည်.....
ထိုအချိန်က မမကြီးဟာ ၅နှစ်သမီးသာရှိသေးသည်...
အရေးပိုင်မင်းအိမ်ကထွက်မသွားခင်ကတည်းကရင်သွေးလေးရှိနေခဲ့တာဖြစ်ကာ...
ခရီးလွန်နေသည့်ဖေဖေပြန်ရောက်တော့ဒေါသပုံထကာ မေမေကိုလိုက်ရှာခဲ့ကာပြန်တွေ့တော့...
သူမတို့မွေးကာစအချိန်သာဖြစ်သည်.....
မင်းကတော်ရဲ့အတ္တတွေကြောင့်...
မေမေကိုပြန်မခေါ်ခဲသော်လည်းမွေးသည့်ကလေးကိုတောင်းသည့်အခါ
အမွှာညီအမထဲက ငွေအိမ်စိုးကိုသာပေးလိုက်ပြီး သူမဟာမေမေနဲ့ကျန်နေခဲ့တာဖြစ်သည်....
အမွှာမွေးတာမသိသည့်ဖေဖေကို.....
ကျန်းမာရေး မကောင်းသည့်အခါမှမေမေဟာလိုက်တွေ့ပြီးသူမကိုလာပေးသည်.....
မေမေဟာအပြန်မှာလှေကားပေါ်ကပြုတ်ကျပြီးဒီအိမ်ကြီးထဲမှာပဲသေဆုံးသွားခဲ့သည်...
ဒါဟာ ဘယ်သူလက်ချက်ဆိုတာသိသော်လည်း....
ဘယ်သူကမှမပြောရဲကြပါ...
အသက်ကြီးမှပြန်တွေ့သည့်သမီးမို့ဖေဖေဟာအချစ်ပိုသော်လည်း....
အမွှာအမက....
ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ငါ့မျက်နှာကိုတောင်ပုံစံတူနောက်တယောက်ရှိတော့နှစ်ယောက်ခွဲသုံးရသလိုပဲ
ဟုဆိုကာ...
သူမအပေါ်မုန်းတီးခဲ့သည်......
သံယောဇဥ်မဲ့လွန်းသည်.။.
ငယ်ငယ်ထဲကအတူနေလာသည့်မင်းကတော်ကိုသာပိုချစ်ပြသလို....
မင်းကတော်ကလဲသူမရောက်လာမှငွေအိမ်စိုးကိုသိသိသာသာမြှောက်စားပြတော့သည်....
အသက်ကြီးမှရောက်လာတာမို့အိမ်ထဲသာအနေများသည့်သူမကို....
ပတ်ဝန်းကျင် မှာမမြင်ဖူးသူများသည်မို့...
အများစုကညီအမ၃ယောက်ဟုသာသိထားကြကာအမွှာဟုမသိကြပါ....
အမွှာဟုပြောလျှင်ထူးထူးဆန်းဆန်းစပ်စုကြမည်ကိုစိုးရိမ်သည်မို့လဲပါသည်
သူမ ဒီအိမ်ကြီးကို စရောက်ထဲက အမွှာအမငွေအိမ်ဟာအနိုင်အကျင့်ဆုံးဖြစ်သည်.....
" အခုချိန်မှာ ငါကရွှေအိမ်ပဲ...မကြာခင်သူရောက်တော့မှာမို့နင်အခန်းပြန်တော့...မှတ်ထားသူဟာငါ့ချစ်သူပဲ နင်စိတ်ကူးယဥ်ဖို့မကြိုးစားနဲ့ "
ဒီအိမ်မှာသူမဟာ...
အနိုင်ကျင့်ခံသက်သက်သာဖြစ်ကာ...
ဘယ်လိုသြဇာအာဏာမှမရှိသည့်သူမဟုတ်လား.....
တဦးတည်းသောသွေးသားအရင်းကရိုက်နှက်သည်မို့...
ဝမ်းနည်းမှု့ကပိုသည်.....
မေမေများရှိနေသေးရင်မမငွေအိမ်အခုလိုသူမကိုမုန်းနေပါ့မလား....
မေမေ.....စိတ်ချပါမမငွေအိမ်ကို ရွှေအိမ်ဘယ်တော့မှမမုန်းဘူး
မနာကျည်းပါဘူး...
မျက်ရည်တွေကိုသုတ်အခန်းထဲပြေးဝင်ခဲ့မိသည်....
အိမ်ပေါ်ကနေခြံထဲဝင်လာသည့်သူ့ကားလေးမြင်တော့ငေးမောနေယုံမျှအပ........