book

Index 1

(အပိုင်း... ၁)

ရွှေအိမ်စိုး 


ကသာ

KATHA


မြို့အဝင်ဆိုင်းပုဒ်လေးကို မြင်လိုက်ရသည်နှင့် ပူနွေးသည့်လေတချိူ့ကို အလိုလို ခံစားမိသည်...


စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းတွင်တည်ရှိသော...


ဒီမြို့ကလေးကို....


ဒါပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သည်မို့ စိတ်လှုပ်ရှားနေမိသည်...


ကသာမြို့ဆိုသည်မှာ ခရိုင်ရုံးဆိုက်ရာမြို့ဖြစ်သလို...


ရှေးဟောင်းအဆောက်ဦးတွေ အများပြားရှိသည်ဟု သူသိထားခြင်းကြောင့် ဒီမြို့လေးဆီလာဖို့ တက်ကြွနေခဲ့တာဖြစ်သည်...


ငါကရှေးဟောင်းအိမ်တွေဆို သိပ်မုန်းတယ်


ဒီလိုတဖွဖွပြောရင်းနဲ့ပဲ သူသွားချင်သည့်နောက်လိုက်ခဲ့ပေးရှာသည့်...

ချစ်ရတဲ့.....ချစ်သူ ရွှေအိမ်စိုး

ရှေးဆန်သလိုလို နန်းဆန်သလိုလိုနာမည်နှင့်


ရှေးဟောင်းအငွေ့အသက်တွေကိုမုန်းသူ....


ရွှေနန်း စံအိမ် ဆိုသည့် အမွေဆက်ဆံသူဆိုလဲမမှားပါ...

သူမ အဘွားရဲ့ အဖိုးဟာ တချိန်က ဒီကသာမြို့ရဲ့ အရှိန်အဝါကြီး သည့် အရေးပိုင်မင်းဖြစ်ခဲ့ဖူးသည်ဟု ကြားခဲ့ဖူးသည်..


ရွှေအိမ်စိုးဟာ....


သွက်လက်ထက်မြက်သည်....

သူနှင့် ငယ်သူငယ်ချင်းအဖြစ်မှ ချစ်သူအဖြစ် ပြောင်းလဲ ခဲ့ကြတာမို့..


ထူးထွေပြောင်းလဲသွားတာမရှိ...


နင်နှင့်ငါ ဟုသာ သုံးနှုန်းကြသည်....


သူမ အဘွားရှိစဥ်က ဒီစံအိမ်ကြီးကိုအတော်မြတ်နိုးခဲ့ဖူးသည်တဲ့ ဒါကြောင့် သူမ အဖေဟာ ဒီစံအိမ်ကြီးကို စနစ်တကျ ထိန်းသိမ်းထားခဲ့ကာ..

မကြာမကြာ လာရောက်လေ့ရှိသည်....


သူမကတော့ စကားထဲပင်ထည့်မပြောခဲ့...


နင်ဘာကြောင့် ရှေးဟောင်းအဆောက်ဦးတွေမုန်းသလဲဟု မေးခဲ့ဖူးသော်လည်း...


နင်ကရော ဘာကြောင့် ရှေးဟောင်းအဆောက်ဦးတွေကို သဘောကျသလဲတဲ့..


ဒီအတိုင်း သဘောကျတာ လို့ဖြေတော့ 


ငါလဲ ဒီအတိုင်း မုန်းတာ တဲ့လေ...


နားလည်ရခက်တဲ့ ဒီကောင်မလေးကို သူ နားလည်ဖို့မကြိုးစားပါ..


နားလည်ရခက်သည့်ပုံစံအတိုင်း သူလက်ခံသည်...


'' မာန် "


'' အင်း ''


''နင်ဘာတွေတွေးနေတာလဲ "


'' နင့်အကြောင်း "


သူမ ချစ်သူ မာန်ရဲ့ အပြောကြောင့် သူမ ဟက်ဟက်ပက်ပက်ထရယ်မိသည်..

Romance ဆိုတာ dictionary ထဲတွင်သာ မြင်ဖူးသည်ဟု ပြောရမလိုအထိ...

သူမတို့ကြားမှာ သိပ်ရိုတာမျိူးမရှိကြပါ...


ဒါကြောင့် တခါတရံ သူ ထပြောတက်တဲ့ ခပ်ရိုရိုစကားတွေဟာ သူမတို့အတွက် ဟာသတစ်ခုသာသာ..


ဘုန်းမာန်ဝင့်ထည် ဆိုသည့်သူဟာ..

သူမအတွက်...

အကိုတစ်ယောက်လို....

သူငယ်ချင်းလို...

ချစ်သူမျိူး...


မျက်လုံးအိမ်မကျဥ်းမကျယ်...

မျက်တောင်ကော့ကော့ မျက်ခုံးထူထူနှင့် သူဟာ..

ကပြားရုပ်မျိူးပေါက်သည်....

သူမ သဘောကျသည့် ပါးသိုင်းမွှေးရေးရေးတွေနှင့်..

အရပ်ရှည်ရှည် ဒေါင်ကောင်းသည့်သူဟာ..

လုံးဝ ဗမာရုပ်မျိူးမထွက်ပါ...


'' အေးနင်ရ်ီနေလိုက်နော် "


'' နင်ကရီစရာတွေမပြောနဲ့ပေါ့ဟာ "


တကယ်ဆို သူမတို့စုံတွဲ ရည်းစားဖြစ်ပုံက ပိုတောင် ရီရသေးသည်...


နင်သာရီးစားရသွားရင် နင့်ကောင်မကသဝန်တွေတိုလို့ ငါနင့်ကို ခေါ်ဖြစ်ပါတော့မလား..


သူမထိုသို့ပြောသည့်နေ့ကပင်...


ဒါဖြင့် နင့်ငါ့ရည်းစားလုပ်ပေါ့ ငါလဲရှာမနေရတော့ဘူး 


ဒီလိုကနေပဲ...Ok တခွန်းနှင့် သူမတို့ချစ်သူဖြစ်ခဲ့ကြတာဖြစ်သည်...


ရွှေနန်း စံအိမ်


ခြံတံခါးက ဆိုင်းပုဒ်မြင်သည်နှင့်...

ဆက်ဝင်မသွားချင်တော့အောင် မုန်းသည်...


" ငါ Hotel KATHA မှာ booking လုပ်ထားတယ် "


'' ဟင် နင်ပြောတော့ အိမ်က တည်းလို့ရပါတယ်ဆို "


'' တည်းလို့ရတယ်ပဲ ပြောတာ ငါတည်းမယ်မပြောဘူး မပူပါနဲ့ နင်ကတော့ ဒီမှာပဲ တည်းရမှာ ငါစီစဥ်ထားပေးပြီးသား "


''နင်ကလဲဟာ ရောက်လက်စနဲ့ တူတူတည်းကြတာမဟုတ်ဘူး ကိုယ့်ချစ်သူနဲ့ အတူခရီးထွက်တုန်းလေး "


'' အမလေး တော်တော် ကိုယ်တော် နင့်ကိုရော ဒီအိမ်ကြီးကိုရော အလွတ်ရတာထက်ကျော်အောင် ကြည့်ခဲ့ ပြီးပြီ "


''တော်တော် ဧည့်ဝတ်ကြေသော အိမ်ရှင်ပဲ "


''ဝါသနာပါရင် အိမ်ရှင် နင်ပဲလုပ်လိုက် ငါအပိုင်ပေးတယ် အထဲက သရဲမလေးပါယူလိုက် ".


အယုံအကြည်မရှိသော သူမက လူခေါ်ဘဲလ်ကို အဆက်မပြတ်နှိပ်ရင်း စနောက်တာပေမဲ့...


တစုံတယောက် စိုက်ကြည့်နေသကဲ့သို့ပင်...


ကျောထဲစိမ့်ကနဲ ရှိလှသည်...


" ပေါက်ကရတွေ စပြီရွှေအိမ်ရာ.. "


'' အတည်ပြောတာ ပါးပါက တခုခုပဲ ဒီအိမ်ကြီးကို သွားတည်းမယ်ဆိုတော့ ပြူးတူးတူးနဲ့...တခုခုထူးတယ်သိလား ငါ့ကိုအမွေပေးထားပြီး ငါ့ကို မလာစေချင်ဘူးဟဲ့ "


'' တစ်ယောက်ထဲတကယ်နေခဲ့ရမှာလား "


'' ဘာလဲ သရဲကြောက်လို့လား "


'' ကြောက်စရာလား ငါနဲ့ စိမ်းနေတဲ့မြို့လေ "


'' ယောက်ျားပဲဟာ ငါတောင် တယောက်ထဲ Hotel သွားနေမှာပဲကိုး ကြောက်ရင်လဲ hotel ပဲလိုက်တည်း ငါကိုတော့ ဒီမှာနေဖို့မခေါ်နဲ့ "


'' နေနေ လိုက်မနေဘူး အေးနော်ပြီးမှ ငါ သရဲမချောချောလေးနဲ့ကြိုက်သွားရင် သဝန်မတိုနဲ့ "


'' ဟားးဟားးး "


သူမ ဟားတိုက်ရယ်နေစဥ်...


ခြံထဲမှ ပိန်ပိန် သွယ်သွယ် နဲ့ အဖိုးအိုတယောက် အပြေးထွက်လာကာ..


" သမီးလေး ဖိုးစိန် မကြားမိလို့ကွယ် "


အဘိုးအရွယ်ဆိုသော်လည်း...


ပေါ့ပါးသွက်လက်နေသေးသည်.....


" ဖိုးစိန် ဒါ သမီး သတိုးသားလောင်း ဒီအိမ်ကြီးကို စာရေးဖို့ လာတာ အစစအရာရာ လိုအပ်တာ ကူညီပေးလိုက်ပါ သမီးကတော့ မြို့ထဲက ကသာမှာရှိမယ် သွားပြီ ဖိုးစိန်...

မာန် တခုခုဆို ဖုန်းဆက်နော် See you "


'' ဟ နင်က အထဲတောင် မဝင်တော့ဘူးလား "


သူပြောတာ ကြားပုံမရ....


နီးစပ်ရာ သုံးဘီပေါ်တက် လက်ပြကာ ထွက်ခွာသွားချေပြီ..


သူမဟာ ငှက်တကောင်လို......

လွတ်လပ်စွာ ပျံသန်းနေရမှ ကြိုက်သူ......

မိန်းမ မဆန်စွာ....

 တယောက်ထဲ ခရီးတွေထွက်နေရတာကို သဘောကျသည်..


ဂါဝန်တွေ Dress တွေ မပြောနှင့်...


မြန်မာဝတ်စုံကိုတောင် ဝတ်သည်မဟုတ်..


ကျောင်းတုန်းက ဆို T.shirt တွေနှင့် စကဒ်ထဘ်ီတွေ ဝတ်သည်...


အဆောင်က ထွက်သည်နှင့်...


စကဒ်ထဘီကိုချွတ်ချကာ...


အောက်မှာ ဘောင်းဘီရှည်တွေ အမြဲ ပါတက်သေးသည်..


ရှက်ရကောင်းမှန်းမသိ....


ကျောင်းပိတ်သည့်လတွေဆ်ို...

သူမ ဆီကအဆက်သွယ်ရလိုက်တိုင်း..

မြန်မာပြည်အနှံ တနေရာမဟုတ် တနေရာ ရောက်နေတက်သည်..


သူမ ကိုယ်သူမ...


လေလွင့်ငှက်ငယ်ကလေး ပါဟု ပြောတက်သေးသည်...


Brandedဘောင်းဘီရှည် တွေနဲ့ Tshirt ပွပွတွေကို မရိုးရအောင် ဝတ်ဆင်တက်ပြီး...

Free style တွေနှင့်...

လေလွင့်နေရတာ ကြိုက်သည့်....


သူရဲ့ သူမ..........


" လာ သားလေး ဖိုးစိန် က သခင်လေးက အကြောင်းကြားပြီးသာမို့ အကုန်ပြင်ပေးထားပါတယ် "


ခြံထဲ ဝင်လိုက်သည်နှင့်....

သစ်ရိပ် ဝါးရိပ်နှင့် အေးချမ်းလှသည်....


ခြံဝန်းကျယ်ကျယ်ကြီးထဲမှာ ထီးထီးကြီးနှင့်...လှလှပပရှိနေသည်က 

သစ်သားတွေနှင့် အခိုင်အမာဝန်းရံဆောက်လုပ်ထားကာ...အုတ်နီန်ီတွေဖြင့် အကျအန တည်ဆောက်ထားသည့်..


ရှေးဆန်ဆန် အဆောက်အဦးဟာ...


လှပ သေသပ်ကျနာစွာ ဆီးကြိုနေသည်....


နှစ်ပေါင်း ရာကျော် ရှိလောက်ပြီဟု သူသိထားသည့်အတိုင်း...


တကယ်ကိုရှေ့ကျ လှပသည်...


ရှေးခေတ်လက်ရာတွေကို ပြန်လည်ထိန်းသိမ်းကာ ပုံမပျက်မွမ်းမံထားသည်..

ရွှေအိမ့်ဖေဖေကို စိတ်ထဲက ကြိပ်ကျေးဇူးတင်မိရဲ့...


ဘာကြောင့်များ သူ ကသာ ကိုစောစော မလာခဲ့မိပါလိမ့်.....


( ဒီ Fic ဟာ စာရေးသူကိုယ်တိုင်ရေးသားထားသော စိတ်ကူးယဥ် Fic တခုဖြစ်ပါတယ် သမိုင်းကို အခြေမခံပါ....

ဖြစ်ရပ်မှန် မဟုတ်သောကြောင့်....

မူလ ၁၉၄၀ လောက်က အခြေနေများနှင့် ကွဲပြားနိုင်ပါသည်...အမှားအယွင်းရှိခဲ့ရင် စာရေးသူရဲ့ လိုအပ်ချက်သာဖြစ်ပါသည်..

ကသာမြို့ကို ဇာတ်အိမ်တည်ရခြင်းမှာ..


အများစု ဇာတ်လမ်းတွေဟာ...

ရှေးဟောင်း အိမ်ကြီးတွေမကြောင်းပါလျှင် ပြင်ဦးလွင်ကိုသာ အများစု ဇာတ်အိမ်တည်သောကြောင့်...

လူသိနည်းသည်ဟု မိမိ အထင်ပါ..

ထင်သော ကသာ မြို့ကလေးအကြောင်း...

ကသာဆိုလူတိုင်းသိသော်လည်း သေချာမသိကြတာကြောင့် ...

လှပသော ကသာမြို့ကလေးအကြောင်း သိစေချင်တာကြောင့်ဖြစ်ပါသည်..

စာရေးသူ ကိုယ်တိုင် ကသာမြို့လေးသို မရောက်ဖူးပါ...

လိုအပ်ချက်မျာ သည်းခံပြီး စိတ်ကူးယဥ် ဇာတ်လမ်းကို စိတ်ကူးယဥ်ဇာတ်လမ်းအနေနဲ့သာဖတ်ပေးကြဖို့မေတ္တာရပ်ခံပါသည်..


                      SAWMSTARS)


rate now: