💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
"မေမေ ပြီးရင်သွားကြမယ်ဗျို့•••••"
"ပြီးပါပြီ သားရယ်။ခဏ•••ခဏ"
"မေမေကလည်း•••ဘာတွေဒီလောက်ပြင်ဆင်နေ
တာလဲ။မေမေက မပြင်လည်း လှပြီးသားပါနော်"
"မပြင်ပါဘူးကွယ်။လာပါပြီ•••အမယ်လေး•••
မောလိုက်တာ သားနဲ့တော့လေ•••••"
"အားပါးပါး•••••ကျွန်တော်မေမေက ကမ္ဘာပေါ်မှာ
အလှဆုံးပဲ"
အခန်းထဲက ထွက်လာသည်နှင့် စည်းက
အခန်းဝကနေ စီး၍စနေသည်။ချည်သားဝတ်ဆုံ
လေးပြာလဲ့လဲ့လေးနှင့်နောက်တွဲဆံထုံးလေးထုံး
ထားသည့်စည်း မိခင်က ကျက်သရေအရှိဆုံးနှင့်
အလှဆုံးပါ။
"သွားကြမယ် သား••••"
"ဟုတ်••••မေမေ။သွားကြမယ်လေ"
မိခင်နှင့် အတူတူယှဥ်တွဲလာရင်း ဖခင်
အကြောင်းတွေကိုသိချင်စိတ် တဖွားဖွားဖြစ်ပေါ်
လာ၏။သူများတွေပြောစကားအရ မိခင်က
သနားစရာဖြစ်ကာ ဖခင်ဆိုတာ တစ်ကိုယ်ကောင်း
သမားတစ်ယောက်သာဖြစ်နေလေသည်။
"မေမေ••••"
"ဟင်••••••ဘာလဲ သား"
"ဖေဖေ့ကိုစိတ်မနာဘူးလားဟင်"
စည်းမေးလိုက်တော့ ဒေါ်ညိုပြာညက်
မျက်နှာတွင် ဝေခွဲရခက်သည့် အပြုံးများဖြင့်••••
"မနာပါဘူး••••ဘာလို့ နာရမှာလဲ သားရယ်။
သားလေးလည်း သားဖေဖေကိုဘယ်တော့မှ
စိတ်မနာရဘူးနော် ကြားလား"
"ဟုတ်••••မေမေ"
မနာပေမယ့် စိတ်တော့မကောင်းဘူး
မေမေ။ကျွန်တော် ဒီအရွယ်ရှိနေတာတောင်
တစ်ချက်ပေါ်မလာတဲ့ ဖေဖေ့ကို ကျွန်တော်
ဘယ်လိုနားလည်ရမလဲဗျာ။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ကျွန်တော် ပန်းဝယ်ပြီး လိုက်ခဲ့မယ် မေမေ။
မေမေနဲ့ နှင်း ဟိုဘက်က စောင့်နေနော်••••"
"အေးပါကွယ်••••••သမီးလေးနဲ့ ဟိုဘက်နားက
စောင့်မယ်။ဆီမီးကပ်ဖို့ပါ ဝယ်လာဦးနော်
သားသား"
"ဟုတ်•••••ကျွန်တော် အားလုံးဝယ်လာခဲ့ပါ့မယ်။
နှင်း မေမေ့ကို သေချာခေါ်သွားနော်"
"အင်းပါ မောင်ရယ်။နှင်း မေမေနဲ့နေလာတာ
ဒီလောက်တောင်ကြာနေပြီ။ခုထိ နှင်းကို မယုံ
ဘူးလား"
"မဟုတ်ပါဘူးကွာ••••မေမေက အပြင်ထွက်ခဲတော့
နှင်းတစ်ယောက်ထဲနဲ့ အဆင်မပြေမှာစိုးလို့ပါ။
မောင်က မောင့်မိန်းမကို မယုံစရာလား"
"ဟင်း••••သူပဲ အပြောကောင်း•••••"
"အဟွန်း•••••သားသားကလည်း သမီးကိုမစပါနဲ့
တော့ ။ သွား•••ဝယ်စရာရှိတာဝယ်"
"ဟုတ်ကဲ့ မေမေ။နှင်း မောင်သွားမယ်နော်"
"ဟုတ်••••••မောင်"
ရွှေအိုရောင်ဝမ်းဆက်လေးကို ပုံဆန်းဆန်း
ချုပ်ကာ ရှည်လျားနက်မှောင်နေသည့် ဆံပင်
တစ်ထွေကြီးကို နောက်မှာ ချထားကာ လက်ကိုင်
အိတ် အသားရောင်လေးနှင့် အလှကြီးလှနေသည့်
နှင်းကို တစ်ချက်ကြည့်ကာ ကျေနပ်စွာပြုံး၍
ထွက်လာခဲ့သည်။နဂိုထဲက ရိုးရိုးယဥ်ယဥ်လေးနေ
တတ်သည့် နှင်းကို သူငယ်ချင်းသံယောဇဥ်နဲ့
ခင်မင်ရုံအပြင်မရှိခဲ့။နိုင်ငံခြားမှာအနေများကာ
ခေတ်မှီလှပသည့် မိန်းမတွေ လေပြည့်နားမှာ
ဝိုင်းနေခဲ့တာ။နှင်းကို ပုံတုံးကြီးလို့ အမြဲပြောကာ
စခဲ့တာလည်း သူကိုယ်တိုင်ပါ။ဒါပေမယ့်••••••
မေမေစီစဥ်တော့လည်း ထောက်ထားစရာအနစ်
နာခံစရာတွေရှိနေခဲ့တော့ နှင်းကို လက်ထပ်ခဲ့ရ
ပေမယ့် ဝန်ထုပ်ဝန်ပိုးလုံးဝမဖြစ်ခဲ့တာ နဂိုထဲ
က နှင်းအပေါ် သူ့အချစ်တွေပျံ့လွင့်နေခဲ့လို့
လား မသိပါ။အချိန်တိုအတွင်းမှာပဲ နှင်းကို
ထားစရာမရှိအောင်ချစ်ခဲ့သည်။
လေးဆယ့်နှစ်နှစ်ပြည့် မွေးနေ့မှာ
သားလေးစည်းစိမ်ထောအနားမှာ မရှိပေမယ့်
မိခင်နဲ့ ဇနီးတို့နဲ့အတူတူပျော်ပျော်ရွှင်ရွှင်ဖြတ်
သန်းသွားမည်။ဇနီးရဲ့ အစိုင်အခဲတွေ သူ့အပေါ်
မပြယ်နိုင်သေးမှန်းသိပေမယ့် အရာရာနားလည်မှု
ရှိသည့် ဇနီးကြောင့် သူ ကျေနပ်ရ၏။ခုလည်း
သူမကိုယ်တိုင်ဆင်ပေးသည့် အဝါရောင်ရှပ်
လည်ကတုံးလေးနှင့် ချည်ပုဆိုးကိုတွဲဖက်ဝတ်
ဆင်ထား၏။ဇနီးအလိမ်မာလေးကို ရထားသဖြင့်
ကျေနပ်ပျော်ရွှင်မိသည်။ဖယောင်းတိုင်နဲ့ အမွှေး
တိုင်တွေဝယ်ပြီးတော့ ပန်းရောင်းသည့် နေရာ
ကိုရောက်လာခဲ့သည်။ပန်းသည်ဘေးမှာ ဝယ်နေ
သည့် အမျိုးသမီးတစ်ယောက်နဲ့ လူငယ်လေး
တစ်ယောက်ရှိနေပြီး အခြားဘယ်သူမှ မတွေ့ရ။
"အစ်ကို••••••ပန်းလေးတွေလှတယ် အားပေးပါဦး
လား။လာ••••လာ ဘယ်ပန်းယူမလဲ"
ကိုယ့်သမီးအရွယ်လောက်လေးက
အစ်ကိုလို့ခေါ်လိုက်တော့ ရယ်ချင်သွားရသည်။
သူ နုနေမှန်းသိပေမယ့် ဒီလိုကြုံဖန်များတော့
အဆန်းမဟုတ်တော့။
"သစ္စာပန်းအနီလေးတွေ သုံးစည်းနဲ့ သပြေလေး
သုံးစည်းယူမယ်"
ဟင်•••••••။နှလုံးသားမှာ စွဲထင်နေ
သည့် အသံ။ဘယ်လောက်ပဲ နှစ်တွေကြာသွား
သွား အမြဲတမ်းအသစ်ဖြစ်နေမည့် သြရှရှနဲ့
သြဇာသံတွေပြည့်နေသည့်အသံ။ဒီအသံကို နှစ်
ဆယ့်တစ်နှစ်နီးပါး မျှော်လင့်တောင်းတနေမိခဲ့တာ။ပြာ့ဘေးမှာ အရိပ်လာထိုးနေသည့် သူ့ခြေ
တောက်ဖွေးဖွေးလေးက မွှေးညင်းစိမ်းတို့ယှက်
သန်းကာ အရင်အတိုင်း မပြောင်းလဲ။ထိုခြေ
တောက်တွေရဲ့ အပေါ် ခြေကျင်းဝတ်ထိခပ်တိတိ
ဝတ်ထားသည့် အနက်ရောင်ပုဆိုးလေး။ပုဆိုးက
နေ သူ့ရဲ့ရှပ်အဝါလေးကို သေသပ်စွာမြင်လိုက်
ရ၏။ကျစ်လျစ်တောင့်တင်းနေဆဲ ခန္ဓာကိုယ်က
ဟိုးအရင်ငယ်ငယ်ကလို ကြည့်ကောင်းဆဲပါ။
ရင်တွေတလှပ်လှပ်ခုန်လာကာ ရပ်နေရင်းနဲ့
ကမ္ဘာကြီးချာချာလည်လာသလိုလိုဖြင့် ချွေးတွေ
ပင် သီးလာ၏။
မျက်နှာဆီသို့ မော့အကြည့်••••••။အို•••••
ကိုရယ်။လုံးဝကို မပြောင်းလဲပါလား။ကိုက ပို
တောင်ကြည့်ကောင်းလာတယ်။ထူထဲနေသည့်
မျက်ခုံးများက အလယ်မှာဆက်လုလု••••။ထိုမျက်ခုံးများ၏အောက်က တိုစိပ်စိပ်မျက်တောင်များပတ်ဝိုင်းနေသည့် မျက်လုံးများက စူးရဲ
ကာနေဆဲပါလား။လုံးစင်းနေသော နှာခေါင်းရဲ့
အောက်က ပိရိသေသပ်သည့် နှုတ်ခမ်းများက
လေးကိုင်းသဏ္ဍာန်ဖြင့် တင်းတင်းစေ့ပိတ်ကာ
ပန်းရောင်းသည့်ကောင်မလေး ပန်းစည်းတွေရွေး
နေတာကို ခပ်တည်တည်စိုက်ကြည့်နေ၏။
သြော်••••••ကိုယ့်သမီးအရွယ်လောက်လေးက အစ်ကိုလို့ခေါ်တာ မလွန်ပါလား ကိုရယ်။ရှင်••••
ရှင်အရမ်းချောတာကို။အသက်လေးဆယ့်နှစ်နှစ်
ဆိုတာ ဘယ်သူယုံချင်မှာလဲ။
"ကို•••••••••"
ဒီဘက်ဘေးမှာပြာတို့သားအစ်မိရှိနေ
တာကို ကိုမှ သိပါလေစ။မသိရင် သူနဲ့ ပန်းသည်
သာရှိသလိုလိုဖြင့် ခပ်တည်တည်ရပ်နေတာပြာ
တို့ဘက်ကို တစ်ချက်တောင်လှည့်မလာခဲ့။ဘေး
တိုက်မြင်နေရသည့် ကို့ကို ကြည့်ကာ ပြာ့နှုတ်ဖျား
က ခေါ်သံလေးထွက်သွားရ၏။ဖြတ်ခနဲ ကိုက
လှည့်ကြည့်လာ၏။ဘယ်လိုကြည့်လိုက်တာလဲ ကို
ရယ်။တစ်စိမ်းတစ်ယောက်ကို ကြည့်သလိုခပ်စူးစူးကြည့်ကာ ချက်ချင်းမျက်နှာပြန်လွှဲသွားတာ
ခဏလေးပေမယ့် ပြာ့ရင်မှာ ပြာကျသွားရ၏။
ရက်စက်လိုက်တာ မြင်နေတာတောင် ••••ကိုက
မသိဟန်ဆောင်ရက်တယ်။တစ်စိမ်းပြင်ပြင်အကြည့်လွှဲသွားပြီး•••ကောင်မလေး ကမ်းပေးသည့်
ပန်ူကိုယူကာပိုက်ဆံရှင်းနေစဥ်••••••••။
🎼🎼ညနေခင်းရဲ့လေပြည်ထဲမှာ မင်းဆံနွယ်တွေ
တောင်ပံဖြန့်တဲ့အခါ~~ပန်းပွင့်လေးတွေရှက်သွေး
ဖြာ ကျေးငှက်ကလေးတွေ တေးမဆိုတော့ပါ🎼
ဟိုမှာမြက်ခင်းစိမ်းများဦးညွတ်လို့ မေလာရာလမ်း
ခင်းပေးကြမှာ စမ်းချောင်းလေးတွေတောင်ငိုနေပြီကွာ မင်းဆံပင်လေးတွေ သိပ်လှတဲ့ အရှိန်အဝါ🎼
ပိုက်ဆံပေးနေစဥ်•••သူ့ခါးမှာထိုး
ထားသည့် ဖုန်းက သီချင်းသံတွေပျံ့လွင့်လာတာ
မို့ သူက ဖုန်းကို ထုတ်လိုက်ကာ ဖုန်းစခရင်ကို
ကြည့်ကာ ဖြစ်သွားသည့်သူ့မျက်နှာက တကယ်ကို
ကြည်လင်ကာ ပီတိဖြစ်နေကာ ••••။
"သား•••••••"
သူ့နှုတ်ဖျားက ချစ်ခြင်းများစွာ
ဖြင့်တယုတယခေါ်သံလေးက သားတဲ့လား။ပြာ
မျက်လုံးတွေပါ ပြာကာ လူက မဟန်နိုင်တော့
ပေမယ့် သူ့စကားသံတွေကိုတော့ နားစိုက်နေမိ၏။
"ရပါတယ်ကွာ••••သားအဖချင်းတွေပဲ မလိုပါဘူး။
သားလေးရော စာဖြေနိုင်လား"
"••••••••••••••••••••••••••••"
"သားလည်းသိသားနဲ့ ဘာပွဲမှ မလုပ်ပါဘူး။
ဟုတ်တယ်••••သားဘွားဘွားရော သားမေမေရာ
ပါတာပေါ့"
"အစ်ကို•••••ပိုက်ဆံ"
"သြော်••••••အင်း"
ကောင်မလေးကမ်းပေးသည့် ပြန်အမ်း
ငွေကိုယူကာ တစ်ဖက်က ပန်းစည်းတွေနဲ့ဖယောင်း
တိုင်တွေ အမွှေးတိုင်တွေစုထည့်ထားသည့် အထုပ်ကိုရောကိုင်ကာ တစ်ဖက်က ဖုန်းကိုင်၍ဖုန်းပြော
နေရင်းလှည့်ထွက်သွားသည့် သူ့နောက်ကျောကို
လိုက်ကြည့်ရင်း သူပြောသွားတာတွေကိုကြားနေ
ရ၏။
"သားအမေလား•••••နေကောင်းပါတယ်။စိတ်ချ
သားရေ••••မင်းအမေကို ဖေဖေသေချာဂရုစိုက်
ထားတယ်"
"•••••••••••••••••••••••••"
"ဟုတ်တယ်••••သားရေ ဒီလိုပဲပေါ့ ချစ်တော့
အ လိုလိုက်ရတာပေါ့ကွာ။ခွေးကောင်လေး•••
အဖေကို ဒါတွေလိုက်မေးစရာလား•••"
သားလေးတဲ့။ကိုရယ်•••ရှင်တကယ်
ရက်စက်တယ်။သူများတွေပြောစကားကိုမယုံကြည်ပဲ မျက်လုံးစုံမှိတ်ကာ ကို့ကိုယုံကြည်ခဲ့
ရတဲ့ ပြာ့ဘက်ကို ရှင်နည်းနည်းမှ ထည့်မတွက်
တော့ဘူးလား။သားလေးဆိုတော့ ရှင်မှာ ကလေး
တွေ ဘယ်နှစ်ယောက်တောင်ရှိနေပြီလဲ။ပြာ့ရဲ့
သားလေးကို ရှင် ထည့်မတွက်တော့ဘူးလား။
ပြာ့မှာ ရှင်သားလေးရှိနေတာကို ရှင်နည်းနည်း
တောင်မတွေးကြည့်ခဲ့ဘူးလား။ရှင့်မိန်းမနဲ့ ကလေး
ကို တော်တော်ချစ်တာပဲလား ကိုရယ်။အတိတ်က
ပြာဆိုတဲ့ အညတရမလေးကို ရှင်တကယ်မေ့လိုက်
ပြီပေါ့။ကို ••••ရှင့်ကို ရှင့်ကို ပြာ့ချစ်တယ်။ဘာ
ကြောင့်••••ဘာကြောင့် ပြာ့ကိုမမှတ်မိရတာလဲ
ကိုရယ်။
"မေမေ••••••သွားကြမယ်လေ••••"
"ဟင်••••အင်း•••••"
"မေမေဘာဖြစ်လို့လဲ။နေမကောင်းဘူးလား••••"
"ကောင်းပါတယ် သားရယ်။သွားကြမယ်လေ"
ကျလာသည့်မျက်ရည်ကို သားမမြင်
အောင်ပွတ်သုတ်ရင်း သားနဲ့အတူတူ လျှောက်
လာခဲ့ရပေမယ့် သူ့မျက်နှာကိုသာတစ်ရစ်ဝဲဝဲဖြင့်
မြင်ယောင်ကာ ရှက်ရွံ့သိမ်ငယ်စိတ်တို့နှင့်ဝမ်းနည်း
နာကျင်စိတ်တွေက ရောပြွမ်းကာ လူတစ်ကိုယ်
လုံးကို မလှုပ်ချင်အောင်ဒုက္ခပေးနေ၏။
"မေမေ•••••ဘယ်လိုနေလို့လဲဟင်••••။မကောင်းရင်
ပြန်ကြမယ်လေ"
"မေမေဘာမှ မဖြစ်ပါဘူးသားရယ်။လာ သား
မွေးနံထောင့်ကိုအရင်သွားကြမယ်"
"ဟုတ်•••••••••"
ကို•••••ရှင့်မွေးနေ့မှာပြာတို့သားအမိကုသိုလ်
လာလုပ်တာ။ဒါပေမယ့် ရှင်ကို အနီးကပ်ယုယ
ခွင့်ရှိနေတဲ့ မိန်းမရော ရင့်မေမေ ရောပါလာတယ်
ဆိုတော့ ပြာ့လို သူဆင်းရဲမက ရှင့်အတွက်
ဘယ်လိုမှ မအပ်စပ်တဲ့ သူမို့ ရင်မလိုအပ်တာ
မဆန်းပါဘူး ကိုရယ်။ပြာ အနှစ်နှစ်အလလ
မျှော်လင့်ခဲ့ရတဲ့ အိမ်မက်လေး ပျက်ပြယ်သွား
ပါပြီ။ပြာ ယုံကြည်ရတော့မှာပေါ့။ပြာတကယ်
ယုံလိုက်ရတော့မယ် ကို။ရှင် အရမ်းရက်စက်
တယ် ။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"မောင်ကလည်း ကြာလိုက်တာ"
"ဟုတ်တယ်•••••မေမေညောင်းနေပြီလား"
သူ့ကိုမြင်သည်နှင့်နှင်းက ခပ်စူစူလေး
ပြောလာသည်မို့ အနားမှာရပ်နေသည့် မိခင်ကို
မေးလိုက်သည်။
"မညောင်းပါဘူး သားသားရယ်။သားသား အကုန်
ဝယ်ပြီးရင် သွားကြမယ်လေ"
"ဟုတ်••••••မေမေ"
"ဘုရားရိပ်တရားရိပ်က တကယ်ကိုအေးချမ်း
တာပဲနော် နှင်း"
"ဟုတ်တယ် မောင်•••••"
"မောင့်မွေးနေ့မှာ ခုလိုဖြတ်သန်းရတာ တကယ်ကို
ကျေနပ်တယ် နှင်းရယ်"
"မောင့်အတွက် လက်ဆောင်ကို နှင်းသေချာပြင်ဆင်ထားတယ် သိလား"
"ဟင်••••ဘာလက်ဆောင်လဲ နှင်းရဲ့"
"နောက်တော့ သိရမှာပေါ့"
"လျှိုပြီ••••••"
"မေမေလည်း ရှယ်စီစဥ်ထားတယ်"
"ဟာ••••တကယ်ပျော်စရာကွာ"
တစ်ခါတစ်ခါကျတော့ ကိုယ့်အသက်ကို
မေ့ကာ နေပြီ။မိခင်ရဲ့ ဂရုစိုက်မှုတွေကြောင့် ကလေးလိုဖြစ်နေပြီ။ဖြတ်ခနဲမြင်လိုက်သည့်
မျက်ရည်တွေပြည့်အိုင်နေသည့် မျက်ဝန်းတစ်စုံက
အလိုလိုမြင်ယောင်လာမိ၏။တစ်ခုခုကိုနားလည်
လိုက်ပေမယ့် မေမေနဲ့ နှင်းရှေ့မှာ သူဟန်ပျက်လို့
မဖြစ်။ကိုလို့ သူမတိုးတိုးလေးခေါ်လိုက်သံလည်း
ကြားလိုက်ပါသည်။ဒါပေမယ့်•••••သူမှာစကားလုံး
တွေရှားပါးနေ၏။ဘယ်လိုကြောင့် သူတို့မိသားစု
မှ ခုလိုဆိုးဝါးသည့် ကံကြမ္မာကြီးနဲ့ကြုံခဲ့ရတာလဲ။
မွေးနေ့ထောင့်မှာ ထိုင်လိုက်ချိန်မှာ
မျက်ဝန်းတွေက သူမကို ရှာနေသည်။
"မောင်•••••••••"
"ဟင်••••••••"
"မောင်••ဘာရှာနေတာလဲဟင်။ဘုရားရှိခိုးရအောင်
လေ•••••"
"အင်း••••••"
မျက်လုံးကို ရှေ့ပြန်လှည့်ကာ အာရုံစူးစိုက်
ရင်း ဘုရားဝတ်ပြုလိုက်သည်။ဒီလောက်နှစ်တွေ
ကြာမှကွာ•••••။
ဘုရားဝတ်ပြုပြီးတော့ ပန်းတွေလှူကာ ရေ သက်စေ့ကို နှင်းနဲ့အတူတူပူဇော်ဖြစ်ကြ
တော့ ကြည်နူးစိတ်တွေဖြစ်မိသည်။ဘယ်လောက်
နှစ်တွေကြာကြာနှင်းနဲ့ ဖြတ်သန်းရသည့် ပျော်ရွှင်
မှုက ဘာနဲ့မှ လဲမရပါ။ဘုရားရှေ့မှာလည်း အကြိမ်
ကြိမ်အဖန်ဖန် ဆုတောင်းမိသည်။ချစ်ရတဲ့ ဒီဇနီး
ဒီသားနဲ့ အတူတူ မြေးတစ်ရာမြစ်တစ်ဖျာအထိ
ပျော်ရွှင်စွာ ဖြတ်သန်းရပါစေလို့။
"မောင်••••ဘာတွေဆုတောင်းလဲ"
"နှင်းရော ဘာဆုတောင်းလဲဟင်"
"မောင် ချမ်းသာကျန်းသာစေဖို့ပေါ့ "
"ဟင်••••ဒါပဲလား••••မောင်ကတော့ နှင်းနဲ့အတူတူ
မြေးတစ်ရာမြစ်တစ်ဖျာရတဲ့အထိ ပျော်ရွှင်စွာ
ပေါင်းဖက်ရပါစေလို့ ဆုတောင်းလိုက်တယ်"
"ဟယ်•••••မောင်ကတော့••"
ရေလှူရင်း တိုးတိုး တိုးတိုးဖြင့် ကပ်ကာ
ပြောနေကြခြင်းပါ။သူ့ဆုတောင်းကြောင့် နှင်း
လက်က သူ့လက်မောင်းကို ဖွဖွလေးရိုက်ကာ
ဟန့်လိုက်တော့ သူသဘောကျကာပြုံးလိုက်မိ၏။
နေပါစေ••••အိမ်ရောက်မှ လက်ဆောင်ကောင်း
ကောင်းတောင်းပြစ်လိုက်မယ်။
သူတို့ နှစ်ဦးကို ထိုင်ကြည့်ကာ ပီတိဖြစ်နေ
သူက ဒေါ်စိန်မြကြီးပါ။သူမရဲ့ လုပ်ခဲ့တဲ့လုပ်ရပ်
က မှန်ကြောင်း ပိုသေချာသွား၏။သို့သော်••••
တစ်နေရာက လှမ်းကြည့်ကာ မျက်ရည်ဝဲရသူက
ညိုပြာညက်ပင်။သူ့ဖုန်းringtoneထည့်ထားသည့်
Rဇာနည်ရဲ့ ဂန္ဓဝင်ဆည်းဆာဆိုတဲ့ သီးချင်းထဲက
အတိုင်း သူမိန်းမက ဆံပင်အရှည်ကြီးနဲ့ တကယ်ကို
ချောမောလှပပါသည်။ပြာနဲ့ရွယ်တူလောက်ပေ
မယ့် သူနဲ့အပြိုင်နုပျိုလှပကာ မိန်းကလေးချင်းပင်
မနာလိုစရာပါ။ကိုယ့်အရှုံးကိုမျက်ဝါးထင်ထင်မြင်
လိုက်ရကာ ကြီးမားသည့် ဆုံးရှုံးမှုကြီးကိုရရှိလိုက်
တာ။ဟုတ်မှာပေါ့•••သူချစ်သွားတာ ဆန်းသလား။
ဆံပင်အရှည်ကြီးနဲ့ ဖြူဖွေးဖွေးလေး•••ရိုးရိုးယဥ်
ယဥ်နဲ့ကိုလှနေတာ။ရေလှူနေရင်းတောင် ပြုံးရွှင်
ကာစနောက်နေသည်မှာ လူငယ်လေးတွေအတိုင်း။
ရှင် သူ့ကိုတော်တော်ချစ်ပုံပဲနော် ကို။ရှင့်ကို ပြာ
မုန်းတယ်။အရမ်းမုန်းတယ် ကို။ဒီနေ့လာတာ ရှင့်
အတွက် ကုသိုလ်ပြုဖို့ပါ။ဒါပေမယ့် လိုမှ မလိုအပ်
တော့တာ။ရှင်အရမ်းရက်စက်တယ် ဆောင်းလေပြည်။ရှင့်ကို ပြာအရမ်းမုန်းတယ်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
နှုတ်ဆက်ပွဲ•••••••••။အများသူငါတွေက ပျော်
ရွှင်စွာကခုန်နေပေမယ့် ထောကတော့ ထောင့်ကျ
ကျစားပွဲမှာ ရပ်ကာ ဝိုင်ကိုဖြည်းဖြည်းချင်းအရ
သာခံကာသောက်နေမိသည်။ကတဲ့သူက ကနေ
သလို ကိုယ့်အတွဲနဲ့ကိုယ်ရှိနေကြ၏။ထောကတော့
သူငယ်ချင်းသုံးယောက်နဲ့ထိုင်ကာ စကားပြောလိုက်
သောက်လိုက်ဖြင့် ကနေသည့် အတွဲများဖက်ငေး
နေမိသည်။
"ထော••••••"
"ဘာလဲ•••••ပီတ••••"
ပီတက ထောလိုပင် မြန်မာတစ်ယောက်ပါ။
တောင်ကြီးဇာတိဖွားတစ်ယောက်။ထက်မင်းက
လည်း မန္တလေးသားပင်။နောက်တစ်ယောက်က
အဂ်လန်မှ အဲလစ်ပင်။အဲလစ်က သူတို့သုံးယောက်ကိုအတော်လေးခင်ရှာသည်။
"ယူမီ့ကိုကြည့်စမ်း••••။မင်း ဘာမှ မလှုပ်ရှား
ဖူးလား ထော"
"ငါ စိတ်မဝင်စားဘူး ပီတ"
"သူက တော်တော်ကြွေနေတာနော်"
"ခေါက်ထားလိုက်စမ်းပါကွာ•••••"
ထိုစဥ်သူတို့ဖက်သို့ ယူမီလျှောက်လာနေ
၏။ခြေဖျားတိုက်ကာ နေသောကိုယ်ကျပ်ဝတ်ဆုံ
က အပေါ်ပိုင်းမှာ ဟင်းလင်းဖြစ်လျက် ရင်ဘတ်
ကအသားဆိုင်တွေက သုံးပုံတစ်ပုံလောက်ပေါ်နေ
ကာ အောက်ပိုင်းကလည်း ခွဲထားသဖြင့် လမ်း
လျှောက်တိုင်း ပေါင်လုံးဖွေးဖွေးကထင်းနေသည်။
ထော အကြည့်လွှဲလိုက်ကာ လက်ထဲက ဝိုင်သာ
မော့နေ၏။
"မောင်••••••ယူမီ့ကို တွဲကခွင့်ပေးပါလား"
"ဟုတ်ပါ့ ထောရယ်••••နောက်ဆုံးနှုတ်ဆက်ပွဲပဲ
ကလိုက်ပါကွာ"
"ကလိုက်ပါ ထောရာ•••ဟဲ•••ဟဲ မင်းကလဲ•••"
"သွားကကြ•••မင်းတို့အတွဲက ရှေ့သွားနောက်လိုက်
ညီတယ်ကွ•••••"
"ထက်မင်း•••••မင်းတို့••••••"
"လာပါ မောင်ရယ် သူငယ်ချင်းတွေက ချစ်လို့စ
တာကို နာစရာ••••"
ယူမီနဲ့ အတူတူကသည့်နေရာကို ပါလာ
ရသည့် အထိ ထောမျက်နှာက ခပ်တည်တည်ဖြင့်
"မောင်•••••"
ယူမီ ခေါ်လိုက်တာကို ထောကမျက်လုံး
ဖြင့် ထူးလိုက်သည်။
"ယူမီတို့ ခွဲရတော့မှာပေါ့နော်"
"ကျောင်းပိတ်ရင် အိမ်ပြန်ရမှာ သဘာဝပဲ ယူမီ"
ကကွက်တစ်ကွက်ပြောင်းတိုင်း ယူမီအသားဆိုင်များက ထောရင်ဘတ်မှာလာလာထိနေ
သလို••••တစ်ခါတစ်ခါ ယူမီ ခြေတောက်က ခြေ
ခြေတောက်ကို မထိတထိဖြင့်လာထိနေ၏။
ထော ကနေရင်း ပါးနပ်စွာရှောင်ရှားနေမိ၏။
"ယူမီတော့လွမ်းနေတော့မှာပဲ မောင်ရယ်"
ညှို့ချက်ပြင်းပြင်းဖြင့်ကြည့်နေကြည့် မျက်
လုံးများကိုရှောင်ရှားကာ ထောပြုံးလိုက်၏။
"မောင် ဘယ်တော့ပြန်မှာလဲ"
"မသိသေးဘူး•••••"
"လွမ်းရမဲ့ သူမရှိဘူးလား မောင်"
ခပ်ထေ့ထေ့အပြုံးဖြင့်မေးလာတာမို့ ထော
ကလည်း ••••
"လွမ်းတာထက်ပိုတာပေါ့။ဖြစ်နိုင်ရင် အမြန်တောင်
ပြေးတွေ့လိုက်ချင်တာ။ဒါပေမယ်••••အမြဲတမ်းမြင်
တွေ့ရတော့မှာပဲ။ခဏခွဲနေရတာကိုဖြေနိုင်ပါတယ်"
စမေးလိုက်ကေမယ့် ထောအဖြေကြောင့်
ယူမီ မျက်နှာပျက်သွား၏။
"မောင်မှာချစ်ရမဲ့သူရှိနေတာလား"
အကြိမ်ကြိမ်ဆုတောင်းပြီးမေးလိုက်ပေ
မယ့် အပြုံးကိုနားလည်လိုက်၏။ယူမီ ဆုတောင်း
မပြည့်ပါလား မောင်ရယ်။မောင့်မျက်လုံးထဲက
လေးနက်ခြင်းများအဲဒီကောင်မလေးအပေါ်ဘယ်
လောက်ချစ်မှန်းသိသာနေတယ်။
"မောင်တော်တော်ချစ်တာပဲလား"
မေးလိုက်ပေမယ့် တီးလုံးဆုံးသွားသ
ဖြင့် ထောက ရှေ့က ထွက်သွားသည်။မောင်
ရှင်က ယူမီ အတွက်ပဒ။ဒီည ရှင့်ကို ယူမီ ရအောင် ယူပြမယ်။
"ထော••••ရော့••••"
"ကျေးဇူး ပီတ•••••"
ယူမီ ပီတ ကမ်းပေးသည့် ဝိုင်ခွက်ကိုကြည့်
ကာပြုံးလိုက်ပြီး သူတို့နားကိုလျှောက်လာခဲ့ကာ
"ယူမီ သွားနားတော့မယ် "
"သွားလေ ယူမီ••••"
"မောင် ယူမီ နားလိုက်ဦးမယ်"
ယူမီ နောက်ကျောကိုကြည့်ကာ ဝိုင်ခွက်ကို မော့ချလိုက်၏။တစ်ခွက် နောက်တစ်ခွက်။
တဖြည်းဖြည်းနဲ့ လူက ယိုင်နဲ့လာသည်။
ဒါဟာ မရိုးသားမှုမှန်းသိလိုက်ချိန်မှာတော့•••။
"ဟေ့ကောင်တွေ အခြေအနေထူးပြီးကွ"
"ယူမီ အကြံက မဆိုးဘူးပဲ"
သွားပြီ။သူမှားပြီ။ ယူမီနဲ့ ပေါင်းကြံကြ
တာပေါ့။သိလိုက်ချိန်မှာ လူကမဟန်နိုင်တော့။
သူငယ်ချင်းတွေရဲ့ရယ်သံတိုးဖွဖွကိုကြားနေရတာ
ရွံ့ရှာဖွယ်အတိ။သူ•••သူတို့ရဲ့ ထောင်ချောက်ထဲ
တိုးမိပြီ။
အပိုင်း(၁၀)ဆက်ရန်👉👉👉👉👉👉
စာဖတ်သူများကို အစဥ်လေးစားလျက်
#ဖက်ဖူးစိမ်း