💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
"ညချမ်း••••••ဘာဖြစ်လာပြန်တာလဲ"
ရင်ခွင်ထဲကို အရှိန်နဲ့ ပြိုကျလာသည့်
ညချမ်းကို စီးဖမ်းရင်း စည်း မေးလိုက်၏။
နောက်ကပါလာသော ဖူးဖူးလည်း စည်းကိုမြင်
တော့ကိုယ်ရှိန်သတ်သွားသည်။
"ဟို••••ဟိုလေ•••••ကိုကိုစည်း•••"
စကားလုံးများထစ်ငေါ့ကာ ချွေးလေး
တွေ သီးနေသည့် ညချမ်းပုံစံကြောင့် စည်း သဘောပေါက်လိုက်သည်။ညချမ်းရဲ့ နောက်က
ဖူးဖူးပုံစံကလည်း ရယ်စရာကောင်းလွန်းနေ၏။
ရင်ဘတ်မှာ ငံပြာရည်များရွှဲလျက် အဖတ်အပိုင်း
အစလေးများပင် ကပ်နေသေးသည်။ရယ်ချင်သွား
ပေမယ့် ခပ်တည်တည်ဟန်လုပ်၍•••••••
"ဖူးဖူး••••••ဘာဖြစ်လို့လဲ"
စည်း မေးလိုက်မှ မူနွဲ့နွဲ့ဟန်ဖြင့်
"သူပေါ့•••••ဖူးဖူးကို ငံပြာရည်ထုတ်နဲ့ ပက်တာ"
"အယ်•••••မဟုတ်ဘူးနော် ကိုကိုစည်း။မတော်တဆ
မှန်သွားတာပါ။ညလေး တမင်လုပ်တာ မဟုတ်ရယ
ပါဘူး•••••••"
စည်းကို တိုင်နေသည့် ဖူးဖူး•••
ညချမ်းဝင်ပြောလိုက်သည်နှင့် မျက်နှာက ရှုံ့မဲ့
သွားရကာ•••••••••
"ဘာမဟုတ်ရမှာလဲ။ကိုစည်းရယ်••••သူပေါ့။
အဲဒီ အစစ်မ ဖူးကို ဒုက္ခပေးတာများပြီ"
"မဟုတ်ဘူးနော်•••••ကို••••အဲ ဖူးဖူး•••••"
"ကြည့်ပါလား••••••သူလိမ်နေတာ ကိုစည်း•••။
မပြောလိုက်ချင်ဘူး••••ခုထိ ရင်ခွင်ထဲကနေ
မထွက်တော့ဘူးနော်••••••"
မျက်စောင်းထိုးကာ မဲ့ရွဲ့ပြောလာသည့်
ဖူးဖူးကြောင့် ညချမ်း ကပြာကယာ ရုန်းထွက်
လိုက်ရသည်။စည်းကိုလည်း အားနာသွားရ၏။
စည်းသည်လည်း ယောင်ယောင်မှားမှားဖြင့်
ဖက်ထားလိုက်မိပြီး•••••ဖူးဖူးပြောမှ သတိရကာ
ညချမ်းကို လွှတ်ပေးလိုက်သည်။
"ကျွန်တော်ကပဲ ကြားထဲကနေ တောင်းပန်ပါ
တယ်ခင်ဗျာ့•••••။ကျေနပ်ပေးပါနော်။ညချမ်းက
လည်း တမင်ရည်ရွယ်လုပ်တာမှ မဟုတ်တာ"
"ညလေးတောင်းပန်ပါတယ် ဖူးဖူး။တမင်ရည်ရွယ်လုပ်တာမဟုတ်ပါဘူး။နောက်က ကောင်လေးတွေ
ကစနေလို့လုပ်မိလုပ်ရာလုပ်လိုက်မိတာပါ"
"တောင်းပန်နေပြီပဲကျေနပ်လိုက် ••••"
"ကိုစည်းမျက်နှာကြောင့်နော်•••••။ဟင်း•••••
သူကိုတော့ကြည်တာမဟုတ်ဘူး••••သွားမယ်"
"ဟုတ်•••••••••"
"သွားမယ်နော်ကိုစည်း•••••ဘိုင့်ဘိုင်•••••မွ"
"ဟယ်တော်•••••••"
သွားခါနီး စည်းကို ကြောင်သွား
သေးတာမို့ ညချမ်း တအံ့တသြဖြစ်သွားရသည်။
"ကဲ•••••ကျေနပ်သွားပြီလား"
ဖူးဖူးကိုလိုက်ငေးနေတုန်း စည်းဆီ
ကအသံကြောင့် ညချမ်းလန့်သွားရကာ စည်း
ကိုလီည့်ကြည့်မိသွားရ၏။
"ဘာကိုကျေနပ်ရမှာလဲ ••••••ကိုကိုစည်း"
"သြော်•••••••စောစောကတော့ ပြေးလာလိုက်
တာ မာရသွန်ပြိုင်ပွဲဝင်နေသလားထင်ရတယ်
လေ။ခု ကျေအေးသွားတော့ ညချမ်း စိတ်ချမ်း
သာသွားပြီလားလို့ပါ"
"ကိုကိုစည်းနော်••••••"
"ဟောဗျာ•••••အကောင်းပြောတာကို ဘာဖြစ်
သွားရပြန်တာလဲ•••••"
နှုတ်ခမ်းလေးစူကာ မျက်နှာတစ်ဖက်လှည့်
သွားသဖြင့် စည်း မေးလိုက်သည်။
"ညလေး ဒုက္ခရောက်လာတာကို ကိုကိုစည်းက
ရယ်နေတာပေါ့။သွား••••သူများကတော့••••သူ
ကူညီလို့ ကျေးဇူးတင်နေတာ။သူကကျတော့
ညလေးကိုဟားနေတာပေါ့••••"
"မဟုတ်ရပါဘူး ညချမ်းရယ်။ကိုယ်မဟားပါဘူး။
ညချမ်း•••ပြေးလာတာကို ဒီနားမှ မြင်တာကွ။
ဘာလဲ••••စိတ်ဆိုးတာလား•••••"
လွှဲနေသည့် မျက်နှာကိုမြင်ရအောင်
တမင် ရေ့မှာလာရပ်၍ မေးလိုက်သဖြင့် ညချမ်း
မျက်စောင်းထိုးကာ ဆက်ခနဲ မျက်နှာလွှဲလိုက်ပြီး
•••••••••••••။
"ဟုတ်တယ်••••••စိတ်မဆိုးပါဘူး။စိတ်မကောင်း
ဖြစ်သွားတာပါ။ညလေး တကယ်ဝမ်းနည်းတယ်
သိလား•••••ကိုကိုစည်းက ညလေးခင်သလို ညလေး
ကိုမခင်ဘူး•••။ရပါတယ်••••ကိုကိုစည်းက ကျောင်း
မှာ porpular ဆိုတော့ ညလေးတို့ကို ဘယ်အရေး
လုပ်ပါ့မလဲ••။ကိုကိုစည်း မခင်ချင်လည်းနေပါ
ရပါတယ်••••"
"ဖြစ်ရပြန်ပြီကွာ•••••••အဲဒါကြောင့် မင်းကိုလေ
ကိုယ်••••••"
ခေါင်းကိုပုတ်လိုက်ကာ ပြောလိုက်သဖြင့်
ညချမ်းမော့ကြည့်တော့ စည်းက စကားကိုတစ်ဝက်
တစ်ပျက်မှာရပ်ကာ နေသည်။
"ဘာဖြစ်လဲ•••••"
ညချမ်းမေးလိုက်မှ မျက်နှာကိုစိုက်
ကြည့်ကာ ငြိမ်သက်သွားသဖြင့် စည်းရဲ့ အကြည့်
စူးစူးများကြောင့် ညချမ်းပါ မှင်တက်သွားရ၏။
"ဘာလို့လဲဟင်•••••ကိုကိုစည်း•••••••"
ညချမ်း ထပ်မေးတော့ စည်းမျက်နှာလွှဲသွားကာ •••••။
"ဘာမှ မဟုတ်တော့ပါဘူး•••••ညချမ်း စာသင်ခန်း
ထဲ သွားမှာမို့လား••••လာလေ•••ကိုယ်လိုက်ပို့မယ်"
ညချမ်းတို့ အဆောင်ဖက်ကို ခြေဦး
ပြန်လှည့် နေသဖြင့် ညချမ်း•••စည်းကိုဆွဲထား
လိုက်ကာ•••••
"ကိုကိုစည်း••••ညလေး မေးတာကိုဖြေသွားဦး
လေ"
"ကိုယ်က ဘာဖြေရမှာလဲ••••••"
"စောစောက ကိုကိုစည်း ဘာပြောလိုက်တာလဲ
ဟင်••••••"
သိချင်စိတ်ဖြင့် ဝိုင်းစက်စက်မျက်ဝန်း
များက အရောင်တစ်မျိုးရွှန်းတောက်နေ၏။
"ဘာမှ မဟုတ်တော့ပါဘူးကွာ••••။ဘာလေ အတန်း
တက်မှာမို့လား•••။စာဖြေရတော့မှာ စာတွေပိုင်နေ
ပြီလား••••"
"အဟီး•••••မရသေးဘူး"
"ဟောဗျာ•••••••စာဖြေရတော့မှာကို စာကမရသေး
ဘူးတဲ့လား•••••"
"ဟုတ်တယ်။လွန်းခဆို ကျောင်းတောင်လာမတက်
တော့ဘူး။ကိုကိုစည်း••••အတန်းပြီးပြီလား"
"အင်း•••••တန်းပေပါအတွက်လာတာလေ"
"ခု••••ပြန်သွားရဦးမှာလား"
"ဟင်အင်း•••••ကိုယ်အိမ်ပြန်တော့မလို့ပဲ။ညချမ်း
ဘာလုပ်မလို့လဲ"
"ဟိုလေ•••••ညချမ်းကို စာလေးရှင်းပြပါလား"
"အင်း•••••ရပါတယ်။ဒါပေမယ့် စာတွေက ဝေးနေ
တော့ မှတ်မိသလောက်ရှင်းပြပါ့မယ်"
"ရပါတယ်နော်••••ကိုကိုစည်းက တော်ပြီးသား
ကိုပဲ••••"
"မမြှောက်ပါနဲ့ကွာ•••။နဂိုထဲက လူကမိုးပေါ်ရောက်
ချင်ချင်ရယ်။ညချမ်းမြှောက်မှ တန်းရောက်တော့
မယ်ထင်တယ်•••••"
"အမယ်••••••ညလေးကမမြှောက်ပါဘူးနော်။တကယ်ပြောတာပါ ကိုကိုက တော်ပြီးသား"
"စာရှင်းပြမှာပါ ညချမ်းရယ်"
"ဒါဆို တစ်နေရာရာသွားစို့"
"အင်း•••••••••"
လက်ကိုဖြတ်ခနဲ ဆွဲလိုက်ကာ ရှေ့
ကနေလျှောက်သွားသည့် ညချမ်းကြောင့် စည်း
ဆွဲခေါ်ရာလိုက်ပါရင်း ရင်ခုန်သံများမူမမှန်ချင်
တော့ပါ။ဒီကောင်မလေးကြောင့် ပျော်ရွှင်ခဲ့ရ
သလို•••ဒီကောင်မလေးကပဲ သူ့ရင်ခုန်သံတွေကို
မွေးဖွားရှင်သန်ခွင့်ပြုခဲ့တာ။ကျွန်တော်သူမလေး
ကို သူမလေးမသိခင်ထဲက ကြိုသိကာ ကြိတ်
ချစ်ခဲ့တယ်ဆိုရင် ခင်ဗျားတို့ အံ့သြကြမလား
ဟင်။ဘယ်လိုပဲဖြစ်ဖြစ်•••ကျွန်တော် သူမကိုချစ်
တာတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်
တဲ့ အမှန်တရားတစ်ခုပင်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"သားသားပြန်ရောက်နေပြီလား သမီး••••"
"ဟုတ်ကဲ့••••••စောစောကပဲ ရောက်တာ မေမေ။
ခဏနားပြီး ရေချိုးနေတယ်"
"ခဏနေရင် သားသားကို မေမေ့ဆီ လွှတ်လိုက်
စမျးပါဦး••••"
"ဟုတ်ကဲ့ပါ••••••သမီး ပြောလိုက်ပါ့မယ်"
"ဒီနေ့ ဂျပန်တွေနဲ့ လုပ်ငန်းက အဆင်ပြေရဲ့လား
သမီး••••"
"ဟုတ်•••••ပြေပါတယ်••••မေမေ။မောင်ကနဂို
ထဲက တိကျပြတ်သားပြီးထက်မြက်သူဆိုတော့
မပြေစရာမရှိပါဘူး••••"
"အေး•••အေး•••ခုလိုကြားရတာ မေမေတကယ်
စိတ်ချမ်းသာတယ်။မေမေတို့KTN groupက
သားသားကြောင့် ထိပ်တန်းရောက်လာတာ။
သားသားက မေမေအတွက် အကောင်းဆုံး
သားတစ်ယောက်ပဲ။မွေးရကျိုးတကယ်နပ်တယ်"
ရေမိုးချိုးပြီးတိုင်း ဒေါ်စိန်မြကြီးကို
နံ့သာဖြူတွေ သွေးလိမ်းပေးရသည့် တာဝန်ကို
ဟိုး အရင်ထဲက ဒေါ်နှင်းစက်အိမ်ယူထားသည်။
ကိုယ့်အပေါ် ဘယ်လို လှည့်စား အနိုင်ယူခဲ့ပါစေ
နဂိုထဲက မိခင်ရင်းလို ချစ်ခဲ့ရသူမို့ ဒေါ်စိန်မြကြီး
ကို သူမကြာကြာစိတ်ဆိုးမရခဲ့ပါ။အတ္တကြီးသော
ဒေါ်စိန်မြကြီးကြောင့် မိသားစုထဲမှာ ဘယ်လို
ပြဿနာတြွေဖစ်ခဲ့ပါစေ•••ခုချိန်မှာ သူမနား
လည်နိုင်နေပါပြီ။သစ္စာရှိကာ ကိုယ့်အပေါ်အသက်
ထက်ပိုချစ်သည့် ခင်ပွန်းသည်အပေါ်လည်း
စိတ်မနာရက်တော့ပါ။
"တော်ပါပြီ သမီးရယ်။သွား••••သားသားကို
ခေါ်ပြီး မေမေ့ဆီ ပြန်လာခဲ့ကြဦး"
"ဟုတ်ကဲ့•••••မေမေ"
နံသာဖြူခွက်ကိုသိမ်းကာ အခန်းထဲက
ပြန်ထွက်လာခဲ့သည်။မိဘတွေစီစဉ်ခဲ့သည့်
ကိစ္စကြောင့် သူမ အမျိုးမျိုးခံစားခဲ့ရပြီးပြီ။
ပြင်ဆင်မရတဲ့ အရာတွေကြောင့် ရူးမတတ်ခံစား
ခဲ့ရသလို အားလုံးကိုနားလည်နိုင်သွားတော့
အညှိုးအတေးတွေ ဘာမှ မရှိတော့ပါ။
အခန်းထဲ ဝင်လိုက်သည်နှင့် ရေချိုးခန်းထဲက ရေသံကိုကြားလိုက်ရသည်မို့ သူ ရေချိုး
နေပြီမှန်းသိရသည်။ရေချိုးတိုင်းကြာတတ်သော
သူ ထုံးစံမပျက် ချွတ်ချခဲ့သော အဝတ်တွေက
ခုတင်ပေါ်မှာ အပုံလိုက်။
"ဟင်း•••••မောင်ကတော့နော်။ဒီအရွယ်ရှိနေပြီ•••
အကျင့်ကမပျောက်ဘူး ကြည့်•••••"
တစ်ခန်းလုံး ရှုပ်ပွနေသဖြင့် လိုက်
သိမ်းနေရင်း ပါးစပ်ကလည်း ပွစိပွစိရေရွတ်နေမိ၏။တမင်သက်သက် သူမကို ရန်စတာ။
မွှတာမကြိုက်မှန်းသိလို့ တမင်လုပ်သွားတာ။
သူမစိတ်ဆိုးတိုင်း အမြဲတမ်း သူလုပ်နေကြ•••။
"နှင်း••••••"
"မောင့်ကို မေမေက လာခဲ့ပါဦးတဲ့•••••"
အဝတ်ကိုကမ်းပေးတော့ သူကခေါင်း
သုတ်နေရင်း လှမ်းယူလိုက်ကာ•••
"ဘာဖြစ်လို့လဲ ••••••"
"နှင်းလည်း ဘယ်သိပါ့မလဲ။မေမေကခေါ်ခိုင်းလို့
ပြောတာ"
"အင်းပါ••••မောင်လည်း ရေချိုးပြီးရင် သွားမလို့
ပဲ။ဒါနဲ့ နှင်း•••မောင်တို့သားတောင်ပြန်လာတော့
မယ်နော်။နှင်းရော သားကို အရမ်းတွေ့ချင်နေလား"
"တွေ့ချင်တာပေါ့ မောင်••••။နှင်းရဲ့ သားလေးကို
လွမ်းနေတာ။အလွှဲသာလို့တာလွှတ်လိုက်ရတာ
နှင်းလေ သားကိုဘယ်လိုမှ မခွဲနိုင်ဘူးသိလား"
"ဟာကွာ••••ဖြစ်ရပြန်ပြီ။စမိတာ မှားပါတယ်။
နှင်း•••မငိုနဲ့လေ"
"မငိုပါဘူး••••မျက်ရည်က သူ့ဘာသာသူကျလာ
တာ••••"
မျက်ရည်စက်တွေကို ပွတ်သုတ်ရင်း
ကလေးဆန်ဆန်အပြောကြောင့် သူ အသည်း
ယားသွားရကာ•••••။
"မျက်ရည်က အလိုလိုကျလာတာ ဟုတ်လား။
အင်း•••ဒီမျက်ရည်က အတော်ထူးဆန်းတယ်နော်။
မောင့်မိန်းမကျမှ အလိုလိုကျလာရတယ်လို့။
ဒီမျက်ရည်တွေကိုစိန်ခေါ်ပြီး တစ်ယောက်ချင်း
ဖိုက်ပြစ်လိုက်မယ်ကွ•••••"
"ပေါက်တက်ကရ•••••••••••"
"ဟိုးတုန်းကလို ပေါက်ကရလေးဆယ်လို့မပြော
တော့ဘူးလား•••••"
အဝတ်မလဲသေးပဲ သူက စနေသလို
နှင်းကလည်း အဝတ်တွေ သိမ်းနေရင်း စကား
ပြောနေ၏။
"မပြောပါဘူး••••ပြောရင်လည်း မောင်ကပြောဦး
မယ်။မသိတာကျလို့•••••"
"မောင်ပြောတာ မှတ်မိတယ်ပေါ့လေ•••••"
"မမှတ်မိစရာလား•••••"
"တကယ်ကွာ••••မောင့်မိန်းမလောက်ချစ်ဖို့ကောင်း
တဲ့သူမရှိဘူး•••"
နှာခေါင်းကို ဆွဲလိမ်လိုက်တာမို့ နှင်းနာသွား
ကာ သူ့လက်ကို ဖြတ်ရိုက်ချလိုက်တော့ သူက
အရယ်မပျက်။
"ဟား•••••ဟား•••••ငယ်ငယ်ကအတိုင်းပဲ။နှင်းက
ဘာမှ မပြောင်းလဲဘူး သိလား"
"တော်ပြီ•••••အဝတ်လဲတော့•••"
သူ့လက်ထဲက အဝတ်ကို ဆွဲယူကာ ကြယ်သီးဖြုတ်ပေးလိုက်တော့ သူက အသာ
လျှိုဝတ်လိုက်သဖြင့် ကြယ်သီးတွေကို စုံ
အောင်တပ်ပေးလိုက်သည်။
"မောင်••••မေမေ့ဆီ သွားလိုက်ဦး••••"
"အင်းပါ•••••"
ပုဆိုးကိုခေါင်းကနေ စွပ်ချကာ ဝတ်နေသ
ဖြင့် နှင်းတစ်ဖက်လှည့်လာရင်း•••
"ခိုင်အောင်လည်း ဝတ်ဦးနော်••••"
"မကျွတ်ကျတော့ပါဘူးကွာ။ကိုယ်ပုဆိုးဝတ်တတ်
နေပါပြီ။ရိုးရိုးကြိုက်တဲ့မိန်းမကိုယူထားတော့
ဒီလိုပဲ ပုဆိုးဝတ်တတ်ရမှာပေါ့"
"ဟုတ်ပါတယ်••••အရင်ကဆိုပုဆိုးမမြဲတော့
နှင်းက သတိပေးတာပါ"
"ဟုတ်တယ်ကွ••••နိုင်ငံခြားမှာ အနေကြာတော့
ကိုယ်ငယ်ငယ်ထဲကလည်းမဝတ်ဘူးလေ။
နှင်းနဲ့ရမှ နှင်းကြောင့် ဝတ်ဖြစ်သွားတာ"
"ဟုတ်ပါ့••••နှင်း မှတ်မိသေးတယ်။ပုဆိုးတွေ ဝယ်
လာပြီး စဝတ်တော့ မောင် ပုဆိုးဝတ်တဲ့ပုံလေ
တကယ်ရယ်ရတယ် သိလား••••"
"လှောင်နေတယ်ပေါ့လေ••••"
"မဟုတ်ပါဘူး မောင်ကလည်း သတိရသွားလို့
ပြောပြတာ"
"ကဲ•••ရယ်မနေနဲ့ မေမေ့ဆီ သွားကြမယ်•••နှင်း"
"အို••••ဘာလုပ်တာလဲ"
"ဖက်တာလေ••••ကိုယ့်မိန်းမကိုယ်တောင်မဖက်ရ
ဘူးလား"
"ဒီအရွယ်ရောက်မှ ရှက်စရာကြီး•••••"
"အသက်က မိုင်နာပါကွာ••••ထာဝရရှင်သန်နေ
မဲ့မောင်တို့အချစ်ကသာ ••••အား"
"အဲဒါ အရှက်မရှိပြောဦး•••••"
ဗိုက်ခေါက်ကို ဆွဲလိမ်လိုက်သဖြင့်
ဗိုက်ကိုလက်ဖြင့်ဖိကာနာကျင်စွာအော်ရင်း
"တကယ် လက်သံပြောင်တယ်ကွာ••••"
"မောင် •••••တကယ်နာသွားတာလား ကန်တော့
ကန်တော့•••••"
"အား•••••နာတာပေါ့ကွ•••••"
"ဆော်ရီးပါ မောင်ရယ် နှင်းတမင်လုပ်တာမဟုတ်
ပါဘူး•••••"
"တကယ်ရက်စက်တယ်ကွာ•••••"
"ကန်တော့••••ကန်တော့ပါ မောင်•••တော်တော်နာ
ဟင်•••••"
"ဟား••••ဟား•••••အညာမိသွားပြီ"
တကယ်နာသွားသည်ထင်ကာ သူမ
ပြာယာခတ်နေတုန်းသူကအော်ရယ်လိုက်တာမို့
အညာမိသွားမှန်းသိကာ သူမမျက်စောင်းထိုးလိုက်
မိသည်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
နေ့လည်ကအကြောင်းကိုပြန်သတိရမိ
တော့ ရင်ခုန်သံမြန်လာပြန်၏။မဖြစ်သင့်မှန်းသိ
ပေမယ့် ညချမ်းကိုမှ သူရွေးချစ်ခဲ့မိတာ အပြစ်
လား။Wellcomeမှာ စမြင်ဖူးထဲက ညချမ်းကို
သတိထားမိခဲ့တာ။ချမ်းသာကြွယ်ဝသည့်မိသားစု
ကမှန်း သိသာနေတာမို့ ကိုယ့်ဘဝကိုယ်နားလည်
ကာ ခပ်ကင်းကင်းနေခဲ့ရသည်။သူမရဲ့ အကြောင်း
တွေကို စုံစမ်းကာ သူမနဲ့ပက်သက်သူမှန်သမျှပါ
သိနေသည့် အထိ သူ မလုပ်ဖူးတာတွေလုပ်မိခဲ့၏။
ခု နောက်ဆုံးနှစ်ရောက်မှ မထင်မှတ်ပဲ သူမနဲ့
ခင်မင်ခွင့်ရခဲ့သည်။
"ကိုကိုစည်းက တကယ်တော်တယ်နော် ခုချိန်ထိ
စာတွေမှတ်မိနေတာ••။ဘာလို့ ဂုဏ်ထူးတန်း
မတက်တာလဲ"
"ကိုယ့်အခြေအနေက ဂုဏ်ထူးတန်းတက်ဖို့ မဖြစ်
နိုင်ဘူး ညချမ်း။ခု ကျောင်းတက်တာတောင်
မေမေရဲ့ စျေးရောင်းလို့ရတာလေးနဲ့ကိုယ်ဂိုက်
လုပ်ပြီး တက်ရတာ"
"ကိုကို့ ဖေဖေကရော••••••"
ညချမ်းအမေးကြောင့် သူ ပြုံးမိသွားသည်။
အဖေဆိုတာ သူတောင်မသိတဲ့ မရင်းနှီးခဲ့တဲ့
သူပါ။
"ကိုယ် မွေးထဲက အဖေဆိုတာ မရှိဘူး ညချမ်း"
"အို•••••ကိုကိုစည်းရယ်"
စိတ်မကောင်းဖြစ်သွားကာ သူ့လက်လေးကို
ဆုပ်ကိုင်၍အားပေးနှစ်သိမ့်လာသည့် ညချမ်း
ကို သူကြည့်လိုက်တော့ ဆွဲအားတစ်မျိုးမျိုးနှင့်
ငြိတွယ်သွားသည့် မျက်ဝန်းနှစ်ခုကလွှဲဖယ်မရ
တော့။တစ်ယောက်ကိုတစ်ယောက်ငေးကြည့်ရင်း
မျက်ဝန်းတို့ဖြင့် ကိုယ်စီတောင်းတနေသည့်အဖြေ
ကိုရှာဖွေနေမိသည်။နောက်တော့ နှလုံးသားချင်း
စကားပြောကာ မျက်လုံးမှတဆင့် အသံမဲ့ဘာသာ
ဖြင့် ကိုယ်စီအချစ်ကိုဖော်ကျူးမိပါတော့သည်။
မထင်မှတ်ပါပဲ ညချမ်းကို သူချစ်ခွင့်ရ
ခဲ့တာ ကံအကောင်းဆုံး လူသားအဖြစ်ပျော်ရွှင်
ရပါသည်။မနက်ဖြန်ဆို ကျောင်းတွေ နားထား
လိုက်ကာ စာကျက်ကျတော့မှာမို့ တွေ့ခွင့်မရတော့
ပေမယ့် ညချမ်းဆီက အချစ်ကို ပိုင်ဆိုင်လိုက်
ရသဖြင့် လွမ်းပေမယ့်ဖြေသာပါသည်။
စာတွေဖြေပြီးရင် အရင်လို ကျောင်းအတူတူတက်
ခွင့်မရတော့။
"သားရေ•••••"
"ဗျာ••••••မေမေ••••••"
"မနက်ဖြန်• မေမေတို့ ဘုရားသွားရအောင်။မွေးနံ
ထောင့်မှာကုသိုလ်လေးယူချင်လို့"
"ဘာဖြစ်လို့လဲ မေမေ။မနက်ဖြန်က မေမေ့မွေးနေ့
မဟုတ်ပါဘူး•••••"
"ဟုတ်တယ် မနက်ဖြန်က မေမေ့မွေးနေ့မဟုတ်
သလို သားရဲ့ မွေးနေ့လည်းမဟုတ်ဘူး"
"ဒါဆို ဘယ်သူ့မွေးနေ့လဲ•••"
မိခင်ဖြစ်သူစက်ချုပ်နေသည့် ဘေးက
ခုံမှာထိုင်ကာ အတွေးလွန်နေစဉ် မိခင်စကား
ကြောင့် ပျံ့လွင့်နေသည့် အာရုံများစုစည်းကာ
မိခင်နဲ့ စကားပြောလိုက်သည်။စည်း မေးလိုက်တော့ ဒေါ်ညိုပြာညက် လက်ချုပ်လိုက်နေတာ
ရပ်လိုက်ကာ အိမ်ရှေ့ဖက်လမ်းဆီသို့ ရီဝေစွာ
လှမ်းကြည့်လိုက်ကာ••••
"သားအဖေရဲ့ မွေးနေ့•••••••"
"ဗျာ•••••••••"
စောစောက သာယာနေသည့် လောကကြီး
ကချက်ချင်းမှောင်မိုက်ကာ နှစ်ယောက်ထဲရှိသည့်
အိမ်လေးက ကြောက်စရာကောင်းလောက်အောင်
တိတ်ဆိတ်ငြိမ်သက်သွား၏။သြော်••••ကံကြမ္မာရယ်
ဘယ်လိုအငြိုးတွေနဲ့များညှင်းရက်လေသလဲကွယ်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"မေမေ••••ဒီနေ့ရော နေလို့ကောင်းတယ်မို့လား"
"ကောင်းပါ့တော်••••ကောင်းပါ့။ဒီအဖွားကြီးက
ကျန်းမာပြီးသားပါ။မြစ်တွေနဲ့ တစ်ပျော်တစ်ပါး
ကြီးနေဦးမှာ••။မြေးလေးပြန်လာရင် မိန်းမ
အရင်ပေးစားရမယ်။ဒါမှ မြစ်မြန်မြန်ချီရမှာ"
"မေမေက သားကို ဘယ်သူနဲ့ တွေ့ထားလို့လဲ"
"ဒါကတော့ မင်းတို့လည် နောက်တော့သိမှာပါ။
ဒါနဲ့ မြေးလေး စာဖြေတော့မှာ။ဖြေပြီးရင်သားသားတို့တွေလိုက်သွားပြီး ခေါ်ကြားလား။တော်
ကြာ ဟိုက အဖြူမတွေနဲ့ မြေးလေးတွေ့နေမယ်။
အဖြူမတွေက နဂိုထဲက လက်သွက်ခြေသွက်တွေ
ကျုပ်မြေးနဲ့တော့ ဒင်းတို့ကိုဘယ်လိုမှ သဘော
မတူဘူး။ဘွဲ့ရတာနဲ့ ပြန်ခေါ်လာခဲ့ ကြားလား"
"မေမေကတော့လေ••••သားကို တော်တော်ချစ်ရှာ
တာပဲ။တော်ကြာဟိုက ချစ်သူရည်းစားရှာလာရင်
ဘယ်နဲ့လုပ်မလဲ"
"မရပါဘူး••••မေမေ သဘောတူတဲ့ သူပဲ သူယူ
ရမယ်"
မိခင်စကားကြောင့် လေပြည်နဲ့နှင်းမျက်လုံး
ချင်းဆုံသွားရသည်။
"ဒါနဲ့ မနက်ဖြန်•••သားသားမွေးနေ့လေ••ပွဲတွေ
ဘာတွေ မလုပ်ဘူးလား"
"ဟင်အင်း••••မေမေ။ကျွန်တော် ဘာပွဲမှ ဝါသနာ
မပါဘူး။မနက်ဖြန်•••ဘုရားသွားမယ်။မိသားစု
ထမင်းလက်ဆုံစားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့တစ်နေ့
တာကို ကုန်ဆုံးကြမယ်••••"
"အင်း••••ကောင်းပါတယ်။သားသားအတွက်မွေးနေ့
လက်ဆောင်ကို မေမေအထူးစီစဉ်ထားတယ်"
"ရပါတယ် မေမေ။ကျွန်တော်ဘဝမှာ အရေးကြီး
ဆုံးက မေမေနဲ့ သားနဲ့မိန်းမပဲ။ကျန်တာမလိုအပ်ပါ
ဘူး။မေမေသာ ကျန်းကျန်းမာမာနဲ့ကျွန်တော်တို့နဲ့
ရှိနေပေးပါနော်"
"မေမေက ကျန်းမာပြီးသားပါ သားသားရယ်။
မနက်ဖြန် ဘုရားသွားရင် မေမေပါလိုက်မယ်"
"ခေါ်မှာပေါ့ မေမေ့ကိုချန်ခဲ့စရာလား"
"ဒီအဖွားကြီးကိုချန်ခဲ့မှာ စိုးလို့ပါနော် ဟား••
ဟား•••"
"မေမေကတော့လေ•••••"
ပျော်ရွှင်ချမ်းမြေ့နေသည့်မိခင်ကိုကြည့်ကာ
သူတို့ပါ အပျော်တွေကူးစပ်လာ၏။ဘဝဆိုတာ
အကောင်းနဲ့အဆုံး ဒွန်တွဲနေသလို ပျော်တလှည့်
ဝမ်းနည်းနာကျင်တလှည့်ဖြင့် ရှိနေတတ်လေသည်။
အပိုင်း(၉)ဆက်ရန်👉👉👉👉👉
စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျက်
#ဖက်ဖူးစိမ်း