book

Index 7

အပိုင်း(၇)

💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚

                 

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃


"ညချမ်း•••••••နေပါဦး•••••"


        ပြေးလိုက်လာသည့်  လွန်းခကို  လှည့်ကြည့်

ဖို့   အားမရှိတော့သလို  လှည့်ကြည့်ရမှာကိုလည်း

ရှက်ရွံ့သိမ်ငယ်နေမိသည်။ရှက်လိုက်တာ•••••ရှက်

လိုက်တာ။ကိုကိုစည်းရှေ့မှ  လွဲရတယ်လို့။ငါ့ကို

ကိုကိုစည်း   ဘယ်လိုထင်သွားမလဲ မသိဘူး။ဒုက္ခပါ

ပဲ။မိညချမ်း••••နင်တော်တော်လျှပ်ပြာပြာနိုင်ပါ

လား။ဟင့်••••ဟင့်•••••ရှက်ဖို့ ကောင်းတာ•••

အခြောက်နဲ့မှ တိုးရတယ်လို့။


"ညချမ်း•••••နေပါဦး•••ငါ မောလာပြီ"


  

         မောဟိုက်သံဖြင့်  လွန်းခဆိုမှ  ညချမ်း••••

ရပ်လိုက်ကာ  နောက်လှည့်ကြည့်မိသည်။ဟင်••••

ညလေး   ဒီလောက်တောင်ပြေးခဲ့မိတာလား။

ကိုယ့်ကိုယ်ကို ပြန်အံ့သြမိနေစဥ်••••


"မာရသွန်ပြိုင်ပွဲများဝင်နေသလား  ညချမ်းရယ်။

ဟူး••••မောလိုက်တာ"


          ရင်ဘတ်ကိုဖိကာ အသက်ပြင်းပြင်းရှူနေ

သည့်  လွန်းခ•••မျက်နှာပြင်တစ်ခုလုံးမှာလဲ

ချွေးများသီးနေသည်။


"ဆော်ရီး•••••လွန်းခ။ငါ အရမ်းရှက်သွားလို့ပါ"


"အေးဟယ်•••ဘယ်လိုဖြစ်ပြီး  လွဲချော်သွားမှန်း

တောင်မသိဘူး••။ဟိုမလုံးမပြားက ဘယ်ကရောက်

လာတာလဲ"


"မသိဘူးလေ•••။အမလေး  ရှက်လိုက်တာ။မျက်နှာ

ဘယ်နေရာသွားထားရမလဲ  မသိတော့ဘူး"


"ခုမှ ရှက်မနေနဲ့  ••။ခပ်သာသာနေစမ်းပါ။ကိုကိုစည်းလည်း  ငါတို့ ဘာလုပ်တယ်ဆိုတာ မသိပါဘူး

ဟ။နင် မူပျက်နေမှ  ပိုဆိုးမယ်•••••"


"ဒါပေမယ့်••••••••"


"ဒါပေမယ့်  မနေနဲ့  လာအတန်းတက်ရအောင်"


"အင်း••••••ဒီဘက်က ကွေ့သွားမယ်"


"ဘာလို့လဲ•••••သွားရိုးသွားစဥ်ပဲ ကောင်းပါတယ်"


"လာစမ်းပါ•••••ဟိုဘက်ကဆို ကိုကိုစည်းနဲ့ တန်း

တိုးနေလိမ့်မယ်•••။လောလောဆယ်မှာ သူနဲ့မျက်

နှာချင်းမဆိုင်ရဲသေးဘူး"


"ဖြစ်ရပြန်ပြီ••••ရှင်ပဲ အမျိုးမျိုး••တတ်လည်းတတ်

နိုင်ပါ့"


"လွန်းခနော်••••ဘယ်မှာ အမျိုးမျိုးလဲ။ခုက ရှက်လို့

ပါဆို"


"အင်းပါ••••ညချမ်းရယ်။မြန်မြန်သွားစို့•••အတန်းချိန်

နောက်ကျလို့မဖြစ်ဘူး"


"Let's go•••••"


         လွန်းခလက်ကိုတွဲကာ  အတန်းဆီသို့ လာခဲ့

သည့် လမ်းတစ်လျှောက်လုံး  မလုံမလဲဖြင့် လှည့်

ပတ်ကြည့်နေမိသည်။ဟူး••••ကိုကိုစည်းကို ချစ်ရ

တာ တကယ်မလွယ်ပါလား။


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


"မောင်•••••"


"••••••••••••••••••••"


"မောင်•••••••••ယူမီ့ကို ခဏစောင့်ပါဦး"


"•••••••••••••••••••••••"


"မောင်•••••"


"မင်းဘယ်လိုဖြစ်နေတာလဲ  ယူမီ့။လူတွေကြည့်

နေတာ မင်းမရှက်ဘူးလား••••"


"ဘာကို ရှက်ရမှာလဲ  မောင်••••"


       မျက်လုံးလေးထောင့်ကပ်ကာ ပြန်မေးလိုက်

သည့် ပုံစံလေးက အများအမြင်မှာ ကလေးဆန်

တယ်လို့ ထင်ရပေမယ့် မာယာတစ်ခုပင်။


"မင်းကိုငါ ပြတ်ပြတ်သားသားပြောပြီးပြီ။ငါ့ကို

မနှောက်ယှက်ပါနဲ့  •••"


"ယူမီချစ်တာ  မောင့်အတွက်  အနှောက်အယှက်

ဖြစ်သွားသလား•••"


"ငါ့ကိုတကောက်ကောက်လိုက်ပြီး နှောက်ယှက်နေ

တာ  သိပ်စိတ်ရှုပ်ဖို့ကောင်းတယ်  ယူမီ••။စာမေးပွဲ

နီးနေပြီ  မင်းစာထဲပဲ စိတ်နှစ်ထား••ကျန်တာ မတွေး

နဲ့"


"ယူမီ  မောင့်ကိုမှ  မခွဲနိုင်တာ•••"


"ကျစ်•••••တော်ပါတော့  ယူမီ  ။ငါ မင်းကိုသူငယ်ချင်းတစ်ယောက်လိုပဲ ခင်တယ်••••"


"ဟင်အင်း•••ယူမီ လိုချင်တာ  အဲဒီလို ခင်မင်မှုမ

ဟုတ်ဘူး မောင်။ယူမီ•••ဘာလိုချင်တယ်ဆိုတာ

မောင် သိပါတယ်•••••"


       ပွင့်လင်းရဲတင်းလွန်းသည့် ယူမီ့ကို  ထောအတော် စိတ်ပျက်နေပြီ။စာဖြေဖို့ တစ်ပတ်သာ 

လိုတော့သည်မို့  ပျော်လည်း ပျော်နေရသည်။

မကြာခင်  မွေးရပ်မြေသို့ ပြန်ရတော့မည်မို့အချိန်

တိုင်းလွှမ်းမိုးနေသည့် မျက်နှာလေးကိုလည်း

မြင်တွေ့ခွင့် ရတော့မည်။


"မင်း လိုချင်တာကို ငါ့ဘက်က ဘယ်တော့မှ ပေး

နိုင်မှာ မဟုတ်ဘူး  ယူမီ••••ဆော်ရီး"


"ယူမီက လိုချင်လာရင်မရ ရအောင်ယူတတ်တယ်

မောင်••။မောင့်ကို ယူမီ  ပိုင်ဆိုင်စေရမယ်•••"


"လုပ်လိုက်လေ•••ကြည့်ရသေးတာပေါ့။မင်းကလို

ချင်တာကို မရရအောင်ယူတတ်သလို ငါကလည်း

ငါမကြိုက်တဲ့ အရာဆို ဘယ်လောက်ပဲ တန်ဖိုးကြီး

ပါစေ  လှည့်တောင်မကြည့်တတ်ဘူး•••"


"လမ်းကြုံခဲ့ရင်ရော  မောင်••••"


"အဟက်••••ဘယ်တော့မှ  မကြုံစေရဘူး။တကယ်လို့  ကြုံဆုံလာရင်တောင်  ရောက်တဲ့

နေရာကနေ လှည့်ပြန်မယ်။ဘယ်တော့မှ ဝယ်မှာ

မဟုတ်သလို  ဂရုတစိုက် အချိန်ကုန်ခံပြီးတောင်

မကြည့်ဘူး  ယူမီ"


"မောင့်  အိတ်ကပ်ထဲကို အလိုလို ရောက်လာ

ရင်ရော••••"


        ထော  ယူမီကို  ကြည့်လိုက်သည်။စူးလဲ့လဲ့

မျက်လုံးတွေက  ထောအဖြေကို စောင့်ဆိုင်းနေ

သလို  ဘာမဆိုမဖြစ်ဖြစ်အောင်လုပ်တတ်တယ်

လို့  ခြိမ်းခြောက်ပြောပြနေဟန်တွေကို ရှင်းရှင်း

လင်းလင်းမြင်တွေ့ရ၏။သွားစမ်းပါ။စည်းစိမ်ထော

ကို  ဒီလောက်နဲ့ ယှဥ်ဖို့ မစဥ်းစားစမ်းနဲ့။ရဲတင်းပွင့်

လင်းတာကို သဘောကျပေမယ့် မင်းလို စည်းမျဥ်း

ဘောင်တွေလွတ်နေတဲ့ မိန်းမမျိုးကို  ငါ ဘယ်တော့

မှ ဦးနှောက်ထဲ  မထည့်ဘူး။


"စည်းစိမ်ထောရဲ့ရာဇဝင်မှာ ကိုယ့်မနှစ်သက်ရင်

ဘယ်တော့မှ  အိတ်ကပ်ထဲ မရောက်စေရဘူး။

အိတ်ထဲ ရောက်တဲ့ အခြေအနေအထိလည်း ဘယ်

တော့မှ အဖြစ်မခံဘူး။အေး••ငါညံ့လို့ ရောက်လာ

ရင်တောင် တစစီချိုးဖဲ့ပြီး  အမှိုက်ပုံးထဲ ထည့်

လိုက်မယ်••••"


         သေချာသလား  မောင်။ဒီလောက်မာနကြီးတဲ့

မောင့်ကို  ယူမီ  ဘာလို့ ချစ်မိမှန်းမသိဘူး။ယူမီနား

မှာ ဝိုင်းနေသမျှကိုခါချပြီး  မောင့်လို  လူကိုမှ  ယူမီ

ချစ်မိတာ  ခုတော့ပိုကျေနပ်တယ်။မောင်နဲ့ယူမီ့

ဘယ်သူနိုင်မလဲ ကြည့်ကြသေးတာပေါ့။


"မောင်  အယူအဆတွေ မပြင်တော့ဘူးလား"


"စည်းစိမ်ထောက  ဆုံးဖြတ်ပြီးရင်  နောက်မလှည့်

တတ်ဘူး ယူမီ••••"


"ဒါဆို  မောင်နဲ့ယူမီ  ကစားပွဲတစ်ခုလုပ်ကြရအောင်

လား•••"


          လှပစွာပြုံးနေသည့်  ယူမီ။ခပ်တင်းတင်း

မျက်နှာနဲ့ ရှိနေသည့် ထော။မျက်လုံးချင်း စစ်ခင်း

နေပြီးမှ  ယူမီက••••


"ယူမီကလည်း  ယူမီ  အယူအဆအတိုင်း လျှောက်

မယ်။ဘယ်သူနိုင်မလဲ ကြည့်ကြသေးတာပေါ့••"


"ok  လေ•••••"


" I love  you  မောင်••••"


          နှုတ်ခမ်းမှာ လက်လေးကပ်ကာ  နမ်းပြီးမှ

လက်ဝါးလေးဖြန့်ကာ  fly kissလေးလုပ်ပြနေသည့်

ယူမီကြောင့် ထော ပုခုံးတွန့်ကာ ပြုံးလိုက်၏။

ငါ့ရင်ခုန်သံက မင်းမဟုတ်တာသေချာတယ်

ယူမီ။ငါ့နှလုံးသားမှာ  ထာဝရ ကမ္ဗည်းတင်ထား

တာ  သူမပဲ။လှည့်ထွက်သွားသည့် မောင့်ဟန်ပန်

က  တကယ်မိသည်ထက်ပိုပါသည်။အရပ်ကြီး

ရှည်ကာ ဖြူသော အသားရောင်ကြောင့် မောင့်

ပုံစံက နွဲ့ သလိုလို•••။ဂုတ်ထောက်နေသည့် မည်း

နက်နက် ဆံပင်များက နှာဖူးပေါ် ဖြာကျကာ 

သွယ်လျလျ မောင့်မျက်နှာနှင့် တကယ်လိုက်ဖက်

၏။မောင့်မျက်နှာမှာ သူမ အကြိုက်ဆုံး သဘော

အကျဆုံးကတော့  စူးရဲရဲ မျက်ဝန်းများပင်။

အမြဲတမ်းစူးရှတောက်ပနေသည့်မျက်ဝန်းများ

သည်  လူတစ်ယောက်ကိုကြည့်တိုင်း ထွင်းဖောက်

ကြည့်တတ်သည့် မျက်လုံးမျိုး။ထိုမျက်ဝန်းတို့ဖြင့်

ရင်ဆိုင်ကြုံလာရင်  လိမ်ညာဖို့  ဝန်လေးသွား

မည့်  မျက်လုံးမျိုးပါ။


         ယူမီ့ဘေးမှာ  တကယ့် သူဌေးသားတွေကြည့်

ဝိုင်းနေပေမယ့်  သာမန်လူတစ်ယောက်ဖြစ်တဲ့

မောင့်ကိုမှ  ယူမီ  သဘောကျမိတယ်  မောင်။

ဒါပေမယ့်  မောင့်ကိုလက်ထပ်ယူဖို့ အထိတော့

ယူမီ  တစ်ခါမှ မစဥ်းစားခဲ့ဖူးဘူး။ယူမီ  နှလုံးသား

အတွက် ခဏတာ အသုံးတော်ခံဖို့  မောင့်ကိုလို

အပ်တယ်။ဒါကြောင့် စာမေးပွဲ  ပြီးတာနဲ့  ယူမီ

လက်တွေ့ အကောင်အထည်ဖော်ပြမယ်။မောင့်

ရင်ခွင်ဟာ ယူမီ့ အတွက်ပဲဖြစ်စေရမယ်။မောင်

မနစ်နာစေရပါဘူး•••။မောင်နဲ့  ကုန်လွန်မဲ့ အခိုက်

အတန့်အတွက်  တန်ရာတန်ကြေးပေးမှာပါ။

ယူမီက  သူများမပေးချင်တာဆို  ပိုလိုချင်တယ်

သိလား•••မောင်။


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


"ဟိုင်း•••••မစ္စတာမိုး•••••••"


"ဟိုင်း••••မစ္စတာချီ•••••"


         ဂျပန်လုပ်ငန်းရှင်အဖွဲ့နှင့်လက်ဆွဲနှုတ်ဆက်

ကြရင်း  ဂျပန်သူဌေးကြီး ချီကာကိုမူချီက  လှိုက်

လှဲသော အပြုံးဖြင့်••••••


"မစ္စတာမိုးက  ပိုပိုနုပျိုလာတယ်ဗျာ••••"


"Thanks  youဗျာ•••••။ခရီးလမ်းတစ်လျှောက်လုံး

အဆင်ပြေရဲ့လား•••"


"အားလုံး ok  ပါတယ်။ တစ်ခုပဲ•••"


      သူတို့  KTNလုပ်ငန်းစုနှင့် ဂျပန်မှ  စီးပွားရေးလုပ်ငန်းရှင်ကြီး  ချီကာကိုမူချီနဲ့ပေါင်းကာ  ဂျပန်မြန်မာ ဖက်စပ်လုပ်ငန်းလုပ်ကိုင်ဖို့  ညှိနှိုင်းတိုင်ပင်

ရန်  ဂျပန်သူဌေးကြီးချီကာကိုမူချီ မြန်မာနိုင်ငံသို့

ရောက်လာခြင်းဖြစ်၏။


"ဘာများလဲ  မစ္စတာချီ•••ကျွန်တော်တို့ဘက်က

ဘာများလိုအပ်ချက်ရှိနေလို့လဲ••••"


         သူ ပြာပြာသလဲ မေးလိုက်တော့ မစ္စတာချီ

လက်တစ်ခါခါဖြင့် ငြင်းကာ••••


" no•••no  လုံးဝမဟုတ်ပါဘူး။မစ္စတာမိုးတို့ဘက်က လိုတာထက်တောင်ပိုပါသေးတယ်။ပြောချင်

တာက  လေဆိပ်က  ဆင်းလာတော့  ရာသီဥတု

အရမ်းပူလွန်းနေတယ်နော်"


"ဟုတ်တယ်•••မစ္စတာချီ••။မိုးရာသီဆိုပေမယ့်

နေပုရင်လည်း  တအားပူတတ်တယ်••ဒီက ရာသီ

ဥတုက ဒီလိုပဲ မစ္စတာချီ"


"မစ္စတာမိုးတို့  ဥတုနဲ့  မစ္စတာမိုးတို့ကတော့ ဟန်

ကျနေတာပဲ"


"meeting  roomထဲ  ကြွပါ  မစ္စတာချီ•••။အားလုံး

က မစ္စတာချီကို ကြိုဆိုနေကြတယ်"


"သွားကြတာပေါ့   မစ္စတာမိုး•••"


 

        လုပ်ငန်းရှင်အချင်းချင်းမို့   ဖက်စပ်လုပ်ငန်း

အတွက် ဆွေးနွေးတိုင်ပင်ကြပြီး  အကောင်အထည်

ဖော်ကြမည်ဖြစ်သည်။သူ  ခေါင်းထဲမှာ လုပ်ငန်း

ကိစ္စ အဆင်ပြေရန်သာ စိတ်စောနေမိသည်။


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


"လွန်းခစုတ်•••လာပါစေ•••ငါနဲ့ တွေ့မယ်။ကျောင်း

မတက်ဘူးဆိုလည်း အစောထဲက ပြောရောပေါ့။

ခုတော့  သူလာမယ်ထင်ပြီးတော့ တမျှော်မျှော်

နဲ့ လုပ်နေရတာ ••သွားပါပြီ Eng ချိန်လွတ်ပြီ"


          လက်က နာရီကို ငုံ့ကြည့်ကာ  ခပ်သွက်သွက်

လျှောက်နေမိသည်။လွန်းခတစ်ယောက် ကျောင်း

လာမယ် အထင်ဖြင့်  ညချမ်း  စောင့်နေတာ Eng

စာတစ်ချိန်လုံးကုန်တော့မည်။ဖုန်းဆက်တော့လဲ 

ဧရိယာပြင်ပရောက်နေသည်။လွန်းခကို စောင့်

ရင်း  မလာလှတဲ့  အဆုံး  ညချမ်း  တစ်ယောက်

ထဲ  အတန်းဘက်သို့ ထွက်လာခဲ့သည်။လွန်းခကို

လည်း  ပါးစပ်ကနေ ဆီမန်း မန်းလာ၏။


"ကျောင်းပြေးမ••။ဘယ် သဝေထိုးနေလဲ မသိဘူး။

လာမှ  တွေ့ဦးမယ်•••"


       ဘောက်စပ်စပ်ဖြင့် လျှောက်လာရင်း  ပုခုံးမှာ

အိတ်ကို  လက်တစ်ဖက်ဖြင့် ဆွဲတင်၍ ကျန်တစ်

ဖက်က  စာအုပ်တွေကို စုပိုက်ထားသည့် ညချမ်း

ပုံစံလေးက  ပြာပြာသလဲနိုင်နေ၏။


"ညချမ်း•••••ချိန်ခါ"


"မြတ်စွာဘုရား•••••ချဥ်ပေါင်ကြော်"


"ဘာ•••ဘာဖြစ်လို့လဲ •••ညချမ်းချိန်ခါ  ဘာလို့လဲ။

ချဥ်ပေါင်ကြော်စားချင်လို့လားဟင်"


           အူကြောင်ကြား  တင်မောင်ကျော်ပင်။

နောက်ကနေ  ခေါ်လိုက်တာမို့  မလန့်ပေမယ့် 

တင်မောင်ကျော်မှန်း သိလိုက်ထဲက  စိတ်ပျက်

သွားတာအမှန်ပါ။ချဥ်ပေါင်ကြော်နှင့်ကာရန်ညီ

သည့်  တင်မောင်ကျော်ဆိုတာ ဖလော်ကျောင်း

သားတစ်ယောက်ပါ။ဒုတိယနှစ်ထဲက ညချမ်းကို

အသည်းအသန်ကြိုက်နေသူဖြစ်ကာ  အူကြောင်

ကြောင်အနိုင်ဆုံး ကျောင်းသား။ညချမ်းနာမည်

ကို  နှစ်ပိုင်း ပိုင်းခေါ်တတ်တာ  သူရဲ့ ထူးခြားချက်

တစ်ခုလား။သူ့ကို ချဥ်ပေါင်ကြော်လို့ နာမည်ပြောင်

ပေးထားတာကိုမသိပဲ  ညချမ်းယောင်ခေါ်လိုက်မိ

တာကို ချဥ်ပေါင်ကြော်စားချင်လို့လားတဲ့လေ။


"မဟုတ်ပါဘူး••။ညလေး  စားချင်တယ်လို့ ပြော

မိလို့လား"


"စောစောက  ညချမ်း•••••ချိန်ခါပဲ  ချဥ်ပေါင်ကြော်

လို့ ပြောလိုက်သလားလို့"


"အမယ်လေး••••ကိုချဥ်ပေါင်•••အဲ•••ကိုတင်မောင်ကျော်ရယ်  ညလေးနာမည်ကို part 1 part2ခွဲ

ထားသလားဟင်••။တကယ်ထဲ  နာမည်တောင်

ပျင်းဖို့ကောင်းအောင်ခေါ်တယ်"


"ဟာ•••မဟုတ်ဘူးနော်•••ညချမ်း••••ချိန်ခါ"


"ကြည့်••••ခေါ်ပြန်ပြီ"


"အဲ•••••တောင်းပန်ပါတယ်။အဲလိုပဲ အကျင့်ပါနေလို့

ပါ။ဒါနဲ့ ညချမ်း   ချိန်ခါ တစ်ယောက်ထဲလား"


      ဟိုကြည့် ဒီကြည့်နဲ့ ပြူးကြောင်ကြောင်ပုံစံ

ကြောင့်  ညချမ်းစိတ်ပျက်မိသည်။


"ရှင် ဘယ်နှစ်ယောက်မြင်နေလို့လဲ•••••"


"တစ်ယောက်ထဲလေ•••••"


"အေးလေ•••တစ်ယောက်မို့ တစ်ယောက်မြင်တာ

ပေါ့   •••။ရှင်က ဘယ်နှစ်ယောက်မြင်ချင်လို့လား"


"ဟာ•••••ကျွန်တော်ပြောတာက•••ဟိုလေ••••ဟိုဟာ

ဗျာ••ကျွန်တော်ပြောချင်တာက  ဟို•••••"


"ရှင့်ဟိုတွေက များလှချည်လား••••။ဒီနေ့အဖို့ရော

ပြောလို့ပြီးပါဦးမလား။ညလေးမှာ အချိန်မရှိဘူး

ဖယ်•••••အတန်းတက်ရဦးမှာ••••••"


"နေ•••နေပါဦး••••ဒါနဲ့ လင်းလွန်းခမပါဘူးလား"


"ရှင်  မြင်လား••••••"


"ဟင်••••ဘာကိုလဲ••••"


     သေလိုက်ပါတော့။တကယ့်ဂေါက်သီးအစစ်ပဲ။

ညချမ်းပြောလိုက်တာကို နားမလည်သလိုဖြင့်

ပြန်မေးနေပုံက  ပါးစပ်ဟောင်းလောင်းနဲ့။


"လွန်းခကိုမြင်လား မေးတာ•••တကယ်ပဲနော်"


"ဟင့်အင်း•••••"


"မမြင်တာ   မပါလို့ပေါ့  •••။ဒါလေးတောင်မသိ

ဘူးလား"


"ဟို••••ကျွန်တော်မတွေ့လို့  မေးတာပါ"


"ဒါဆိုလဲရှေ့က ဖယ်••••။နောက်ကျနေပါတယ်ဆိုမှ"


          ရှေ့က ကိုးရို့ကားယားဖြင့်  ရပ်နေသည့်  

တင်မောင်ကျော်ကို တွန်းထုတ်ကာ  ထွက်လာတော့


"နေပါဦး••••••ဒါလေး တော့ ယူသွားပါဦး"


"ဘာလဲ••••••"


       ရှေ့ကနေ ပိတ်ကွယ်က  လက်ထဲက အထုပ်ကို

အတင်းပေးနေတော့  ညချမ်းကြည့်လိုက်သည်။


"ဟို••••ဂွေးသီး••••••"


"ဘာ•••••••••••••"


       ညချမ်း  စွတ်အော်လိုက်သဖြင့်  တင်မောင်ကျော်  အသားပင်တုန်တက်သွား၏။


"ဟို•••••ဟိုနေ့က  လင်းလွန်းခနဲ့ ပြောနေသံကြား

လို့  ကျွန်တော်  ရှာဖွေ  ဝယ်လာတာပါ။ညချမ်း•••

ချိန်ခါ•••စားချင်တယ်ဆိုလို့"


         မြတ်စွာဘုရား•••။ညလေးတို့ ပြောတာတွေ

ကိုကြားတယ်တဲ့။ဟိုနေ့က ညလေးနဲ့ လွန်းခ 

ဂွေးချိုသီး စားချင်တယ်လို့  ပြောလိုက်မိတာကို

အနောက်က  လိုက်လာတဲ့ တင်မောင်ကျော်

ကြားသွားတာပေါ့။ထင်တော့ထင်တယ်••အူကြောင်

ကြား နောက်က ပါလာထဲ  တစ်ခုခုတော့••တစ်ခုခု

ပဲလို့။


"ပေး••••••"


"ဗျာ••••"


"သြော်••ကဲ  ညလေးဖို့ဆို  ပေးလေ။သွားမယ်

ဘာမှန်းကို မသိဘူး  အောင်ကြူကြူနဲ့"


"ဗျာ••••••••အောင်ကြူကြူဟုတ်လား"


       အိတ်ကို ဇက်ခနဲဆွဲယူကာ  ထွက်လာရင်း

ပြောတာကို  ပါးစပ်အဟောင်းသားဖြင့် ထုံးစံ

မပျက်  ကြောင်နေပြန်ပြီ။ကျောက်ရုပ်ကြီးလို

ငြိမ်သက်ကျန်ခဲ့တာကို  လှည့်ကြည့်ကာ ပြုံးမိ

ရင်း  ပါးစပ်က အော်ခဲ့မိသေးသည်။


"အောင်ကြူကြူဆိုတာ  အူကြောင်ကြောင်လို့

ပြောတာ  သိပြီလား•••••••"


          ချဥ်ပေါင်ကြော်နဲ့ ကာရန်ညီသည့် အဲဒီလူက

တကယ်ကို ရယ်စရာပင်။ငံပြာရည်နဲ့ ဂွေးချိုသီးထုပ်ကို လက်တစ်ဖက်က ဆွဲရင်း  ဆက်လျှောက်

လာခဲ့သည်။Physics ဆောင်ရှေ့အဖြတ်မှာတော့••••


 "ဘယ်ညာ•••ဘယ်ညာ••••"


          တောက်•••။Phy  ဆောင်ရှေ့က မဖြတ်ချင်တာ အဲဒါတွေကြောင့်  ••။အုပ်စုလိုက်ကြီး ဝိုင်း

စနေကြတာ  အတော်ဆိုးသည့်  ကျောင်းသားတွေ

ပင်။


"ဟေ့••••ဘယ်ညာ••••ဘယ်ညာ"


"ဖြည်းဖြည်းလျှောက် ချော်လဲနေမယ်•••"


"ဘယ်ညာဟေ့•••ဘယ်ညာ•••"


           ညချမ်း  လှည့်ကြည့်လိုက်တော့ လေးငါး

ခြောက်ယောက်လောက်စုကာ ညချမ်းဘက်လှည့်

၍  ပြုံးဖြီးဖြီးနဲ့ စနေသည်။လှည့်ကြည့်လိုက်မှ

မချိုမချဥ်ရုပ်တွေနဲ့   စပ်ဖြဲဖြဲပုံစံက မုန်းစရာ။


"လှည့်ကြည့်တယ်ကွ••••အဟ•••ချစ်ချာလေး•••"


" ချစ်ချာလေးကွ•••••အားပါးပါး ကြွေတယ်ကွာ"


"ကြည့်နေတယ်•••ကြည့်နေတယ်••••မီးတောင်

ပေါက်ကွဲတော့မယ်ထင်တယ်••••"


"အား••••ပေါက်ကွဲပါစေကွာ။အချောလေး ဒေါသ

ပဲ  ခံနိုင်ရည်ရှိပါတယ်။တကယ်ကြွေတယ်ကွာ"


"အသည်းလေး••••••"


"တောက်••••••ချေးထုပ်တွေ  ကဲဟယ်•••"


      ဒေါသက ထောင်းခနဲထွက်ကာ  ဘာမှ မမြင်

တော့ပဲ  လက်ထဲက အိတ်နဲ့  လွှဲပေါက်ပစ်လိုက်

သည်။


"ဟာ•••••••ဟေ့••••••"


"ဖက်••••••"


"အမလေးတော်•••••ဘာကြီးလဲ  နံလိုက်တာ•••။

နံလိုက်တာ   •••ဟင်   ငံပြာရည်တွေ။ဘယ်သူလုပ်

တာလဲ•••••"


"ဟာ••••••ဖူးဖူး•••••"


"သူ•••သူ•••ပစ်တာ••••"


       ဟင်•••သွားပြီ။အနားကလူတွေ အားလုံးက

ညချမ်းကို ဝိုင်းလက်ညှိုးထိုးပြတော့  ကဆုန်စိုင်း

နေသည့်  ဖူးဖူး  ညချမ်းဘက်ကို ကြည့်ကာ••••


"ဟင်••••အမွေစိန်မ••••နင်ပဲပေါ့။ငါ့ကို  ပြဿနာ

အမျိုးမျိုးပေးနေတာ  တွေ့မယ်။နင့်ကိုလည်း

ငံပြာရည်နဲ့ ပြန်နယ်မယ်••••ဟေ့  မပြေးနဲ့"


"အမေ့••••"


"ဟား••••ဟား•••စွာတေးလန်လေး  အခြောက်မနဲ့

တွေ့ပြီကွ။ဟိုမှာ ပြေးတာတန်းနေတာပဲ ရယ်ရ

တယ်•••ဟား•••ဟား"


"ဟုတ်ပါ့  ဟို အခြောက်မကိုလည်းကြည့်ဦး•••

ထဘီကြီးမလို့ တကယ်ရယ်ရတယ်••••"


       နောက်ပါးက ကပ်ငြိပါလာသည့် ရယ်သံလှောင်သံတွေကို ဂရုမစိုက်အားပါ။နောက်ကနေ

လိုက်လာတာမို့  တအားပြေးနေရသလို တစ်လမ်း

လုံး  ဝိုင်းလှောင်သံတွေပါ ကြားနေရသည်။

ရှက်လည်း ရှက် ကြောက်လန့်သလိုဖြစ်လာကာ

ပြေးနေတဲ့ ခြေထောက်တွေက မခိုင်ချင်တော့ပါ။


"ပေါက်ကြော်မ•••မပြေးနဲ့  နင့်အလှည့်ကျကြောက်

သလား။တွေ့မယ် မိလို့ကတော့  ဖူးဖူးအကြောင်း

ကောင်းကောင်းသိစေရမယ်"


"ဟား•••ဟား•••အခြောက်မနဲ့ ဘာဖြစ်လာတာလဲ

မသိဘူး။ရင်ဘတ်မှာ ဘာဖက်တွေလဲ"


"ဟယ်•••မမဖူးရင်ဘတ်မှာ ဂွေးသီးကြီးတော့"


"ကြည့်စမ်း••••ညည်းတို့ အကြောင်းဘာပါသလဲ။

ဂျမ်းတောမတွေရဲ့•••"


     လိုက်ရင်းနဲ့တောင်  လမ်းတစ်လျှောက်ရန်ဖြစ်

လာနိုင်သေးသည်။တဖြည်းဖြည်းနဲ့ နီးလာသဖြင့်

ညချမ်း  ဇောချွေးတွေပင်ပျံလာ၏။


"အနှောက်မ  နေဦး•••မပြေးနဲ့•••••"


         လိုက်လာသည့် ဖူးဖူးကိုပြေးနေရင်း လှည့်

ကြည့်လိုက်စဥ်•••••


"ဟေ့••••••ညချမ်း•••••••"


"ဒုတ်••••••"


"အ•••••••"


"ဟာ•••••"


       အုတ်ခဲနဲ့ ခလုတ်တိုက်ကာ   ရှေ့သို့ ဟပ်ထိုး

ပစ်ကျသွားပေမယ့် ညချမ်းရောက်ရှိသွားခဲ့တာ

သံမံတလင်းပေါ်မဟုတ်ပဲ  နွေးထွေးသည့် ရင်

ခွင်တစ်ခုဖြစ်နေ၏။


"ကိုကို••••••••••••"


အပိုင်း(၈)ဆက်ရန်👉👉👉👉👉


စာဖတ်သူတစ်ဦးချင်းကို အမြဲလေးစားချစ်ခင်

လျက်ပါ😘😘😘

အမှားပါရင် ခွင့်လွှတ်ပါရှင့်

ဖက်ဖူးစိမ်းရဲ့ စိတ်ကူးဖြင့် ပုံဖော်ရေးသား

ထားခြင်းဖြစ်ပါသည်။copyမဟုတ်သလို သူတစ်ပါးဦးနှောက်ကို ဖောက်စားထားခြင်းမဟုတ်တာ

အာမခံပါ၏။တကယ်၍ စီနီယာ/ဂျူနီယာတွေ

ရဲ့ ဇာတ်လမ်းနဲ့ မတော်တဆတိုက်ဆိုင်မှုရှိခဲ့ရင်တောင်  ဖက်ဖူးစိမ်းကိုယ်တိုင်စိတ်ကူးဖန်တီး

ထားတာမို့ ဇာတ်လမ်းတစ်ခုလုံးတော့ တူမည်

မဟုတ်ပါ။


#ဖက်ဖူးစိမ်း


rate now: