book

Index 6

အပိုင်း(၆)

💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚

      

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃


"သားရေ°°°°လေးနာရီခွဲပြီနော်°°°°"


"ဟုတ်ကဲ့  မေမေ°°°°°ကျွန်တော်ချိုးလို့ပြီးတော့မှာပါ°°°"


"အေး  အေး   မေမေ ထမင်းခူးလိုက်ရမလား°°°"


"မခူးနဲ့တော့  မေမေ  ကျွန်တော်ပြန်မှပဲ စားတော့မယ်"


"ဒါဆိုလဲ°°°မြန်မြန်ချိုးသားရေ  နောက်ကျနေမယ်°°°°"


"ဟုတ်ကဲ့ပါ°°°°"


"ဗွမ်း°°°°°°ဗွမ်း°°°°°"


        ကျောက်ကန်ထဲက ရေကို ခပ်ချိုးကာ ဆပ်ပြာတိုက်နေသည့် အထိ ဒေါ်ညိုပြာညက်   သဘတ်တစ်ထည်ကိုင်ကာ ရပ်စောင့်နေသည်။


"ဗွမ်း°°°°°ဗွမ်း°°°°°"


        ချမ်းသာကြွယ်ဝသူတွေလို ရေချိုးခန်းသီးသန့်နဲ့ မဟုတ်ဘဲ  အိမ်နောက်ဖေးတွင်  ရေကန်လုပ်ကာ ထိုနေရာတွင်  ရေချိုးကြသည်။ကျောက်ကန်ဘေးတွင်  မတ်တပ်ရပ်ကာကန်ထဲကနေ  ဖလားဖြင့်  ခပ်ချိုးရတာ  စည်းအတွက်  အရသာတစ်မျိုးထူးခြား၏။အေးစက်စက် ရေ၏အထိအတွေနှင့်  ရေခပ်ချိုးရတာ  စည်းသဘောအကျဆုံးပါ။


"ဗွမ်း°°°°°ဗွမ်း°°°°°°"


"အအေးတွေပတ်နေမယ်နော်  သား°°

ခပ်သွက်သွက်ချိုး°°°°"


"ဟုတ်°°°°°မေမေ"


         အနားမှာ ရပ်ကာ ကလေးလိုလိုက်ကာသတိပေးနေသည့်  မိခင်ဖြစ်သူ​ကြောင့်  စည်းပြုံးချင်ချင်ဖြစ်နေ၏။

ကလေးငယ်လေးလို  စိတ်မချစွာ အရာရာလိုက်လုပ်ပေးတတ်သည့် မိခင်ကို စည်း ချစ်သည်။သားအမိနှစ်ယောက်ထဲ ကမ္ဘာမှာ သူတို့ ပျော်အောင်နေတတ်ခဲ့ပြီ။


   

          ဖခင်ဆိုသည့် ဝေါဟာရက သူနဲ့ စိမ်းသက်ခဲ့ပြီး   နေသားတကျဖြစ်နေ၏။အရင်ကဆို  ရွယ်တူအပေါင်းအသင်တွေရဲ့  ဖခင်တွေကိုမြင်တိုင်း  မိခင်ကိုပြန်ပူဆာခဲ့ဖူးသည်။သား ဖေဖေက မေမေတို့သားအမိအတွက်အလုပ်လုပ်နေတာတဲ့°°°။ထိုသို့သောစကားလေးနဲ့ သူရဲ့ မသိတတ်သည့် ငယ်ဘဝမှာ မျှော်လင့်ချက်လေးဖြင့်ရှင်သန်ဖူးခဲ့၏။ငါ့ဖေဖေက အလုပ်လုပ်နေတာ   တစ်နေ့ငါတို့ဆီပြန်လာမည်ဟု သူငယ်ချင်းတွေကို ကြွားဝါကာ မျှော်လင့်ချက်ရောင်ခြည်တွေ ယှက်သန်းခဲ့

သည်။တစတစအရွယ်ရောက်လာကာသိတတ်လာတော့ နားလည်လာခဲ့ကာမိခင်ဖြစ်သူနှစ်သိမ့်ခဲ့တာကို သိလာခဲ့၏။ပတ်ဝန်းကျင်၏ပြောစကားတွေကြားဖန်များလာတော့ စိတ်မနာပေမယ့် ဖခင်ဆိုတဲ့  ကွက်လပ်ကို မတောင်းတမိတော့။မိခင်နဲ့ ဖခင်အကြောင်းကို မေးဖို့စကားစတိုင်း  နင့်နဲစွာခံစားသွားခဲ့သည့်မိခင်ပုံစံကြောင့် စကားလုံးတွေဟာ လည်ချောင်းဝတွင် ပျောက်ဆုံးခဲ့ရတာ အကြိမ်ပေါင်းမနည်းတော့ပြီ။ခုဆို  ဖခင်ကို  လိုချင်တောင်း

တစိတ်  လျော့ပါးသွားခဲ့၏။


"တီ°°°°°°တီ°°°°°°°တီ°°°°°°"


        ကားဟွန်းသံရှည်ကြီးက သူတို့ ဆင်းရဲသား

ရပ်ကွက်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ကိုယ်

ပိုင်ကားတွေလာခဲသည့် သည်ရပ်ကွက်မှာ ခုလို

အသံက အဆန်းတကြယ်ပင်။ရေချိုးနေရင်းဖြင့်

စည်း ခေါင်းမတ်သွားသလို ဒေါ်ညိုပြာညက်သည်

လည်း  အိမ်ရှေ့သို့ လည်ပင်းလိမ်ကြည့်နေသည်။


"တီ°°°°°"


"ဟော°°°°°မေမေတို့ အိမ်ရှေ့ကဘဲ။ဘယ်သူများ

လဲ မသိဘူး°°°°°"


       မိမိတို့အိမ်ရှေ့ကအသံမှန်းသိလိုက်တော့

သားအမိနှစ်ယောက်မျက်လုံးချင်းဆုံသွား၏။


"သား တပည့်တွေများလား°°°°နေ  မေမေကြည့်

လိုက်မယ်°°°°သားရေပြီးအောင်ချိုးထား°°°°"


"ဟုတ်ကဲ့ °°°°"


        တစ်ခါတစ်လေ  စည်း၏တပည့်တွေ ကား

နဲ့လာတတ်သလို မိဘတွေကလည်း လာတတ်

သဖြင့်  မေမေထွက်သွားတာကို အမှုမဲ့ အမှတ်မဲ့

နေလိုက်သည်။အပြင်ကို စိတ်မဝင်စားဘဲ ရေချိုး

ခြင်းအလုပ်မှာသာ အာရုံရောက်သွား၏။


"အိမ်ရှင်တို့°°°°°တီငယ်°°°°°"


"ဘယ်သူလဲကွဲ့°°°°°"


         မာစီဒီးပေါ်ကနေ ချစ်စရာ မိန်းကလေးတစ်ဦး

ဆင်းလာကာ တကျော်​ကျော်ခေါ်နေ၏။


"ဟို°°°°အန်တီက တီငယ်ညိုပြာညက်မို့လား°°°"


          ကိုယ့်နာမည်ကို  ခေါ်လိုက်သည့် မိန်းကလေး

ကိုကြည့်ကာ သူမခဏတွေတွေသွားရသည်။


"ဟုတ်ပါတယ်°°°°အန်တီက ညိုပြာညက်ပါ°°°။

သမီးက ဘယ်သူလဲကွဲ့°°°°"


           သူဌေးသမီးနုနုထွဋ်ထွဋ်လေးက ကိုယ့်ကို

တရင်းတနှီးမို့ အံ့သြရသည်။


"ညလေးလေ  တီငယ်ရဲ့  ဦးအလင်းချိန်ရဲ့ သမီးလေ°°°°"


"ဟယ်°°°°သမီးလေးဘာဘီ  ကြည့်စမ်းပါဦးကွယ်°°°ထွားလာလိုက်တာ တီငယ်ဖြင့် 

လုံးဝ ကိုမမှတ်မိဘူး သိလား°°°°"


"တီငယ်ကို ဖေဖေက လက်ဆောင်ပို့ခိုင်းလိုက်လို့

°°°°ညလေး လာပို့တာ°°°°"


"ဘာဘီလေးက  ငယ်ငယ်ကလိုပဲ ချစ်ဖို့ကောင်း

တုန်း°°°ကြည့်စမ်းပါဦး  လှလာလိုက်တာ°°°"


"ဟီး°°°°တီငယ်ကလည်း  °°°ညလေးက မလှ

ပါဘူးနော်။တီငယ်သာ  ကျက်သရေရှိပြီး ချော

နေတာ°°°°"


"သမီးကတော့လေ°°°ငယ်ငယ်တုန်းကအတိုင်းပဲ။

စကားတွေ တအားတတ်နေတယ်။အိမ်ထဲဝင်ဦး

လေ  သမီး°°°°"


"ညလေး မဝင်တော့ဘူး  တီငယ်°°°°မေမေကို

လိုက်ပို့စရာလေးရှိသေးလို့ သွားလိုက်ပါဦးမယ်။

နောက်မှ အေးဆေးလာလည်မယ်နော်°°°"


"အေးပါကွယ်°°°°အားရင်လာလည်ဦးနော်°°

တီငယ်မျှော်နေမယ်°°°°"


"ဟုတ်°°°°သွားလိုက်ပါဦးမယ်  တီငယ်°°°"


"အေးပါကွယ်°°°အေးပါ"


    

       ကားပေါ်တက်ကာ သွက်သွက်လက်လက်

မောင်းထွက်သွားသည့်  သူမလေးက ခါငယ်ငယ်

ကနှင့်တစ်ပုံစံတည်းပါ။ခါဆိုသည့် ခါဝဿန်နဲ့

သူမတို့က ငယ်ပေါင်းကြီးတွေပါ။ခါနဲ့ ချိန်ကြိုက်

ကြတော့  သူမက ကြားက အောင်သွယ်တော်

ဖြစ်ခဲ့ရသည်။မရှိအတူ ရှိအတူပေါင်းလာသည့်

ခါနဲ့ သူမက သာမန်ဆင်းရဲသားမိဘတွေက ဆင်းသက်လာသူတွေပါ။သူဌေးသားအလင်းချိန်

နဲ့ သူငယ်ချင်းမလေးကြား ဝင်ပါရင်းဖြင့် 

ကိုနဲ့ ဆုံခဲ့တာ။ကိုနဲ့ချိန်ကလည်း ငယ်သူငယ်ချင်း

တွေမို့ နောက်တော့ ကိိုနဲ့ သူမချစ်သူတွေဖြစ်ခဲ့

သည်။ခုတော့°°°°°ကိုရယ်။


        အတိတ်ကိုတစ်စွန်းတစ်စပြန်မြင်ယောင်မိ

တော့ မျက်ရည်က အလိုလိုဝဲလာ၏။ခါက တကယ်

ကိုကံကောင်းပါသည်။ချိန်ရဲ့  မိဘတွေက အဆင့်

အတန်းမခွဲခြားဘဲလိမ္မာရေခြားရှိသည့်  ခါ့ကို

သမီးအရင်းလေးလို ချစ်ကြ၏။သူမကတော့°°°

။ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်တော့ပါ။

သူမ ကိုယ့်ဘဝလေးနဲ့ကိုယ်ပျော်အောင်နေတတ်

ခဲ့ပြီ။


       ကန်ဘောင်တွင်တင်ထားသည့်  ပုဆိုးကိုယူကာ

ခေါင်းကနေစွပ်ချလိုက်ပြီး  ရေလဲလိုက်သည်။

အပြင်မှာ  ကားပြန်ထွက်သွားသံကြားရပြီး°°°

ခဏအကြာမှာ မေမေအိမ်ပေါ်ပြန်တက်လာသည်။

ပုဆိုးကို လျှော်လိုက်၍ ကန်ဘေးရှိ တန်းမှာ 

ရေခါပြီး  လှမ်းလိုက်ကာ  အိမ်ပေါ်တက်ခဲ့သည်။

အရှေ့မှာ အထုတ်တစ်ထုတ်ကိုချကာ  မေမေငိုင်

နေတာမို့ စည်း  မျက်မှောင်ကျုံ့မိသွား၏။


         ဘယ်သူလာသွားတာလဲ။အတွေးဖြင့်  အခန်း

ထဲဝင်ကာ  ရှပ်ပန်းရောင်တစ်ထည်​ကောက်ဝတ်

ကာ  ပုဆိုးကွက်စိပ်တစ်ထည်ကို ခေါင်းကနေစွပ်

ချ၍ ရေလဲပုဆိုးနဲ့လဲဝတ်လိုက်ပြီး°°°°°ရှပ်ကို

တတောင်ဆစ်နားအထိလက်ခေါက်ဝတ်လိုက်၏။

ခပ်အုပ်အုပ်ဆံပင်ကို ဖီးနဲ့ သေချာဖီးကာ စပရေး

ဖျန်း၍ မှန်ရှေ့မှာတစ်ချက်ရပ်ကြည့်ပြီး  ထွက်

လာခဲ့သည်။


        guideဆရာတစ်ယောက်မို့ တပည့်တွေရှေ့မှာ

စံပြတစ်ယောက်ဖြစ်အောင် သူအမြဲကြိုးစားသည်။

သဘော​ကောင်းသလောက်စာနဲ့ပက်သက်ရင်

ပြတ်သားသည့် သူ့ကို တပည့်တွေအားလုံးချစ်

ကြောက်ရိုသေကြ၏။


"မေမေ°°°°°ဘယ်သူလာသွားတာလဲ°°°°"


"သား°°°°°သွားတော့မှာ လား°°°"


       မေမေရဲ့ ကိုယ်လေးတွန့်ခနဲဖြစ်သွားတာကို

စည်းသတိထားလိုက်မိသည်။ပါးပြင်ကိုလက်နဲ့ပွတ်

ချပြီးမှ  သူ့ကို  လှည့်ကြည့်လာသည့် မေမေရဲ့မျက်

ဝန်းမှာ မျက်ရည်စလေးတွေ  လက်ဖြာလျက်°°°။

မိခင်၏မျက်ရည်တွေဟာသူ့အတွက်  နာကြင်စရာ

တွေမို့  မေးဖို့ပြင်ဆင်ထားသည့်မေးခွန်းတွေက

ကြက်ပျောက်ငှက်ပျောက်သလို ပျောက်ကွယ်

ရပြီ။


"ဟုတ်ကဲ့  မေမေ။ကျွန်တော်သွားမယ်  တံခါးတွေလည်းသေချာပိတ်ထားဦး°°°°"


"အင်းပါ  သားရယ်°°°°မေမေ့အတွက်  စိတ်ချပါ။

သားလေးသာ ဂရုစိုက်နော်°°°"


"ဟုတ်  မေမေ°°°°ကျွန်တော်သွားပြီ"


"အေး  အေး  သား"


     သားရဲ့ ကျောပြင်ကိုကြည့်ကာ  မျက်ရည်

တစ်စက်က  ပေါက်ခနဲကျလာ၏။တကယ်ဆို

°°°°သားရှေ့မှာ  သူမဟန်မပျက်သင့်ပါ။

သားလေး  နာကြင်ခံစားရမှာ  မလိုလားပေမယ့်

သူမကိုယ်တိုင်တောင်  ဒဏ်ရာတွေမှ  အနယ်

မထိုင်ဘဲ။သေချာတာကတော့ သူမရင်ထဲကဒဏ်ရာ

 တွေက  သေရာပါ ဒဏ်ရာတွေ  သာ°°°။


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


"မောင်°°°°°"


"ဗျာ့°°°°°°"


"မောင်°°°ဘယ်လောက်ကြာမှာလဲ°°°°"


"အများဆုံးနှစ်ပတ်ပေါ့ကွာ°°°°နှင်းရော  ဘာမှာ

ဦးမလဲ°°°°"


"ဟင်အင်း°°°°မောင်°°°°မောင်သာကျန်းမာရေး

ဂရုစိုက်ပါနော်°°°°ရာသီဥတုက  အေးနေပြီ"


"နှင်း°°°°°°"


        ခုတင်ပေါ်မှာ ကျကျနနထိုင်၍ သူ့အတွက်

အဝတ်တွေထည့်နေရင်း  နှင်းတစ်ယောက်  သူ့

ခေါ်သံကြောင့် ဖြတ်ခနဲလှည့်ကြည့်လာ၏။

ဝိုင်းစက်နေသည့်  မျက်ဝန်းတွေက ငယ်ငယ်ကလို

ပင်  အရည်ကြည်တွေလဲ့ကာ ရွှန်းတောက်နေဆဲ။

သူ့ရင်ခုန်သံတွေကို ဖြားယောင်းနေဆဲပင်။

သူမဘေးမှာ တင်ပါးလွှဲ  ဝင်ထိုင်လိုက်ကာ°°•

ပြေးလွှားလှုပ်ရှားနေသည့်  လက်ချောင်းလေးတွေ

ပေါ်  အကြည့်တွေ ရောက်သွားရသည်။ဖောင်းအိ

နေသော လက်တွေက  ဇရာ၏အရိပ်အယောင်တို့

မရှိဘဲ ငယ်ငယ်တုန်းကလို  ဖွေးနုလှပနေဆဲပါ။


           တစ်ချက်သာမော့ကြည့်ပြီး လုပ်လက်စအလုပ်ကိုချက်ချင်းပြန်လုပ်နေသည့်  ဇနီးဖြစ်သူ

ကြောင့်  သူ  နှုတ်ခမ်းမှာပြုံးရိပ်ထင်သွားရ၏။

မပြောင်းမလဲရှိနေသည့်  သူမရဲ့မြတ်နိုးစရာအချက်

တွေထဲမှာ  ခုလို  အလုပ်နဲ့လက်မပျက်တာလည်း

တစ်ခုအပါအဝင်ပါ။လက်ဂေ့ချ်ထဲအပြည့်ထည့်နေ

ရင်း  ဖြတ်ခနဲထသွားကာ  ဗီရိုကြီးကိုဖွင့်၍အထဲက

အနွေးထည်တွေ  ထုတ်ပြီး  ဒီဘက်ကိုပြန်လျှောက်

လာပြန်ကာ  အိတ်ထဲထည့်နေသည်။လေးဆယ်

ကျော်မိန်းမတစ်ယောက်ဖြစ်သော်ငြား°°°လှုပ်

ရှားသမျှက  ဆယ့်ခြောက်နှစ်သမီးလေးအလားပင်။


           ခေါင်းအုံးနှစ်ခုကိုဆင့်ခံကာ  ပက်လက်လှဲ

ချ၍  လက်ပိုက်ကာ  သူမလှုပ်ရှားသမျှကိုလိုက်

ငေးနေမိသည်။နှင်းစက်အိမ်ဆိုသည့် သူမကို

အစက ဒီလောက်လှတယ်လို  သူမထင်ခဲ့။သူ

မမြင်ခဲ့တာ နေမည်။ငယ်သူငယ်ချင်းဆိုသည့်

အဖြူရောင်သံယောဇဥ်ကို  မိခင်ရဲ့ သဘောအတိုင်း ကာလာပြောင်းကြည့်တော့ အလွယ်တကူ

ပဲ  ပြောင်းလဲလို့ရခဲ့သည်။ဒါဟာ°°°သူမကိုနဂိုထဲက

သံယောဇဥ်ရှိနေပြီးသားမို့ထင်၏။


  

           သွယ်လျလျပါးလျပ်လျပ်ကိုယ်လေးက

ခုချိန်ထိ  မပြောင်းလဲသလို  ရှည်လျားနက်မှောင်

သည့် ဆံပင်တွေက သူမရဲ့လှုပ်ရှားမှုတွေအတိုင်း နောက်မှာစည်းချက်ညီညီ ကခုန်မြဲပင်။မိဘစကား

ကို နားထောင်သည့် သားတစ်ယောက်မို့  သူကံ

ကောင်းတာနေမည်။နှင်းလို ဇနီးအလိမ္မာမျိုး

ရှိပါဦးမလား။ရှိနေရင်တောင်  နှင်းလောက်သူ့

အပေါ်ကောင်းနိုင်မည်မဟုတ်ပါ။


              စကားသံပျောက်ကာ ငြိမ်နေပါလားမှတ်

တယ်  ကိုတော်ချောက  ဘာတွေသဘောကျပြီး

ပြုံးနေသည်မသိပါ။


"မောင်°°°°ဘာလုပ်နေတာလဲ°°°°"


"ကြည့်နေတာလေ°°°°°"


"ဘာ°°°°°°ဘာကြည့်တာလဲ°°°°မမြင်ဖူးဘူး

လား°°°°"


"ဟုတ်တယ်°°°°မြင်ဖူးနေကြ  မင်းမျက်နှာ

လေးက  အမြဲတမ်းကြည့်မဝဖြစ်နေတာ°°°°"


"တော်°°°°ကလေးကလားစကားတွေပြောမနေ

နဲ့တော့ ကိုယ့်အသက်လည်း ကိုယ်ပြန်ကြည့်ဦး

အဘိုးကြီးဖြစ်နေပြီ°°°°"


"ဘာအဘိုးကြီးလဲ°°°°နှင်းနော် ခုမှ လေးဆယ့်သုံးရှိသေးတာ အဘိုးကြီးဖြစ်စရာလား°°°°"


"သားတောင် လူပျိုဖြစ်နေပြီဟာ°°°ရှင်အဘိုးကြီး

ဖြစ်တာဆန်းသလား°°°°°"


"သားလူပျိုဖြစ်တာ ဘာဖြစ်လဲ°°°"


"ရှင် သတိထားဖို့ ပြောတာလေ°°°။ဟင်း°°°

မပြောချင်ဘူး°°°ခုချိန်ထိ  ပြင်ဆင်နေတာ

သားနဲ့အပြိုင်°°°°"


      မဲ့ရွဲ့ပြောလိုက်သည့် နှင်းကြောင့်  သူသဘော

ကျကာ°°°°


"ဘာဖြစ်လဲ°°°°မိန်းမဂရုစိုက်အောင်  ကိုယ့်ကိုယ်ကိုပြင်တာ  တော်ကြာမိန်းမက  ထားသွားရင်

ဘယ်လိုလုပ်မလဲ°°°°"


"အောင်မာ°°°သူကများပြောရတယ်ရှိသေး°°။

သားနဲ့အပြင်သွားရင်တောင် ညီအစ်ကိုထင်ပြီး

ကိုယ့်သမီးလောက်တွေက ရေလာမြောင်းပေး

လုပ်နေတာ  နှင်းမသိဘူးများထင်နေသလား°°"


"အဟ°°°°°ကိုယ့်ကုသိုလ်နဲ့ကိုယ်ဖြစ်လာတာ

မနာလိုမရှိနဲ့လေ "


"မောင်နော်°°°°အပြင်မှာခြေရှုပ်လို့ကတော့

နှင်းနဲ့အပြတ်ဘဲ°°°°"


"ဟာ°°°°°တကယ်လား°°°°ဝမ်းသာစရာပဲ။

က်ိုယ်လည်း ဟိုင်းနေတာကြီးကိုစိတ်ကုန်နေတာ

°°°"


"မောင့်•°°°"


        ချက်ချင်းပျက်ယွင်းကာ ငိုမဲ့မဲ့လေးဖြစ်လာ

သည့် နှင်းကိုကြည့်ကာ ရယ်ချင်စိတ်ကိုမြိုသိပ်

နေရ၏။စလို့စမှန်းမသိတဲ့  ဒီမိန်းမ°°သူဘယ်လောက်ချစ်မှန်းသိရဲ့နဲ့°°။


"နှင်း°°°°°°"


       ကျောခိုင်းကာ  မွေ့ယာသိမ့်ခနဲဖြစ်သည့်အထိ

ထိုင်ချလိုက်သော  သူမနောက်ကျောအလှကိုငေး

ကြည့်ကာ  ကျိတ်ပြုံးလိုက်သည်။


"ဒေါ်နှင်းစက်အိမ်°°°°°"


     တစ်ချက်မှ လှည့်မလာတော့သည့်  သူမရဲ့

ကျောပြင်လေးကိုကြည့်ကာ  စနေမိသည်။


"နှင်း°°°°°"


"ဟာ°°°°လေပြည်နော်°°°°"


"ဘာလေပြည်လဲ°°°°ပြန်ခေါ်စမ်း°°°ခင်ဗျားတော့

နာချင်နေပြီ°°°"


      ဆက်ခနဲထထိုင်ကာ  သူ့ဘက်ကိုဆွဲလှည့်

လိုက်သဖြင့်   လေပြည်ဟုခေါ်လိုက်တော့  သူ လက်သီးဆုပ်ကာ သူမမျက်နှာရှေ့တွန်းရင်း

ကပ်ကြိမ်းလိုက်၏။


"မောင်နော်°°°°သွား°°°°လာမစနဲ့°°°"


"သြော်°°°°ခင်ဗျားကို ဘယ်သူက စနေလို့လဲ။

ချစ်လို့ချစ်မှန်းမသိတဲ့မိန်းမ°°°"


"ဟုတ်တယ်°°°ဟုတ်တယ် အဲတော့ ဘာဖြစ်လဲ

နှင်းက ရှင်တို့ရဲ့ကကြိုးရုပ်ပါ။ရှင်တို့ကြိုးဆွဲရာ

ကနေရတဲ့  မိန်းမ°°။ဘာလဲ စိတ်ကုန်နေပြီလား

ရှင်တို့သားအမိတွေ မျက်လှည့်ပြသမျှခံခဲ့ရတဲ့

အတတမိန်းမပါ°°"


"နှင်း°°°°ပြီးခဲ့တာတွေကို အစပြန်ဆွဲမထုတ်နဲ့"


"ပြီးခဲ့တာတွေဟုတ်ပါတယ်°°°ဒါပေမယ့် မောင်

ကသားလိမ္မာပါ။နှင်းကသာ ကိုယ့်ကိုယ်ကို ဘယ်

ဘဝရောက်လို့ရောက်မှန်းမသိခဲ့ရတာ°°°"


"မောင်  အားလုံးရှင်းပြပြီးပြီပဲကွာ°°°ခုချိန်ထိ

မင်းရင်ထဲမှာ  ဒီအတွက်ိနဲ့ နာကြည်းနေတုန်းလား

မောင်တောင်းပန်ပါတယ် နှင်းရယ်°°တကယ်ဆို

မင်းကို မောင်မညာခဲ့သင့်မှန်း  သိပါတယ်။

မေမေရဲ့ ရောဂါအခြေအနေကြောင့် ခုလိုတွေ

ဖြစ်ကုန်တာပါ°°°မောင့်ကိုခွင့်လွှတ်ပါနော်°°°"


"နှင်းကို  မောင် ပွင့်ပွင့်လင်းလင်းပြောခဲ့ဖို့ကောင်း

ပါတယ်°°°ဘာမှမသိဘဲ နှင်းက အရူးလုပ်ခံခဲ့ရ

တာ°°°နှင်းဝမ်းနည်းလို့မဆုံးဘူး  သိလား"


"တိတ်ပါကွာ°°°*မောင်တောင်းပန်ပါတယ်။နှင်း

ကျေနပ်တဲ့အထိလည်း  မောင်တောင်းပန်ဖို့ အသင့်

ပါကွာ°°°"


 

   နူးညံ့စွာထွေးဖက်လာသည့် လက်တွေကြားမှာ

နှင်းငြိမ်သက်နေမိပြန်သည်။ဒီရင်ခွင်သည်မှာနှင်း

အတွက် အားကိုးရာမို့ နာကြည်းလို့လည်းမရသလို

မောင့်ကိုမုန်းဖို့လည်းမဖြစ်နိုင်ပါ။


"သူရောဟင်°°°°°"


        ရင်ခွင်ထဲကနေ  မော့ကာမေးလာသည့်

ချစ်ဇနီးကြောင့် သူ ငြိမ်သက်သွားရ၏။


"အဲနေ့ကစပြီးပျောက်သွားတာ°°ခုချိန်ထိဆိုပါ

တော့°°°°တော်ပြီကွာ°°°ဒီအကြောင်းတွေကို

ခေါင်းထဲကနေထုတ်လိုက်ကြစို့°°°နှင်းလည်း

စိတ်ထဲမထားနဲ့တော့°°°°"


        လွယ်လွယ်နဲ့ထုတ်လို့ရရင်တော့ အကောင်း

သားမောင်°°°။မိန်းကလေးချင်း မိခင်ချင်းမို့

နှင်း စာနာသနားနေမိတယ်။နှင်းကြောင့်ဖြစ်ပျက်

ခဲ့တာမို့ နှင်းကိုယ်နှင်းလည်း ခွင့်မလွှတ်နိုင်ဘူး။

မေမေရဲ့ ကြီးမားတဲ့အတ္တတွေကြောင့် မိန်းမနှစ်ဦး

နာကြင်ခဲ့ရတာ  မေမေမှ သိပါလေစ။


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


"ကိုကိုစည်းလာပြီ°°°°လွန်းခမမြန်မြန်လုပ်°°°"


"ဘယ််မှာလဲ   °°°ညချမ်း°°။ငါတော့ မမြင်ပါ

ဘူး°°°°"


"ပြဿနာပါလား°°°အရေးအကြောင်းဆို နင့်

မျက်လုံးတွေက အလုပ်မလုပ်တော့ဘူး။ဟိုမှာလေ

ဟိုကော်ရစ်တာထောင့်ချိုးမှာ°°°°"


         အားလုံးထဲမှာမားခနဲဖြစ်နေသည့် အရပ်ကြီး

နဲ့ ကိုကိုစည်းကို မမြင်တဲ့လွန်းခမကတော့လေ။

နှစ်ယောက်သား ကိုယ့်အကြံအစည်နဲ့ကိုယ်ပြာ

လောင်ခတ်နေ၏။သွက်လက်ရဲတင်းသည့်

နှစ်ယောက် ခုမှ ဘာကိုကြောက်နေမှန်းမသိတော့။


"လွန်းခ°°သေချာလုပ်နော်°°°"


"အေးပါဟ°°°ငါသိပါတယ် ညချမ်းရဲ့°°°°"


"ကိုကိုစည်းအနားရောက်လာတာနဲ့ သူ့ရင်ခွင်ထဲ  တန်းရောက်အောင်တွန်းနော်°°။ဟိ°°°ရင်တွေ

တောင်အတော်ခုန်နေပြီ°°°"


      ပြောင်စပ်စပ်လေးလုပ်နေသည့် ညချမ်းကို

ဖက်ခနဲ  တစ်ချက်တော့ လွန်းခရိုက်လိုက်သည်။


"ရင်ခွင်ထဲရောက်ပါတော့မယ် ဆိုမှ  ဘာဖြစ်ရပြန်

တာလဲ°°°°"


"ဟဲ့°°°လွန်းခ  စမ်းကြည့်စမ်း°°°ငါ့နှလုံးသားလေး

အပြင်ကိုခုန်ထွက်လာတော့မလားဘဲ°°°"


"သေလိုက်လေ°°°°တကယ်ပါဘဲ။ရောဂါက

အတော်ရင့်နေပြီ။ဆေးမမှီတော့ဘူး  ကျွတ်°°°

ကျွတ်°°°"


      အားရပါးရမျက်စောင်း ထိုးပြီးမှ  သနားစရာ

သတ္တဝါလေးလို လွန်းခက လှောင်နေပေမယ့် 

ညချမ်း စိတ်ဆိုးဖို့ သတိမရပါ။ခုချိန်မှာရင်ခုန်

နေတာပဲ သိသည်။


"တကယ်ပါဆို    ငါ့နှလုံးသားလေးက အရမ်း

ခုန်နေပြီ°°°°"


"ခုန်°°°ခုန်ပဲခုန်နိုင်လွန်းတယ်  အလကားနေခုန်

နေတာ°°°°"


           ကော်ရစ်တာ ထောင့်ချိုးအကွယ်လေးကနေ

နှစ်ယောက်သားကြိတ်ကြံနေကြတာ။စသလိုလို

နောက်သလိုလိုနှင့်  ကိုကိုစည်းရင်ခွင်ထဲ ရောက်ရေး မဟာစီမံကိန်းကြီးကို  လက်တွေ့အကောင်

အထည် ဖော်ဖို့ ကြိုးပမ်းနေကြခြင်းရယ်ပါ။


"အို°°°°°"


"ဟာ°°°°အမေ့°°°°°"


        နောက်သို့ လန်ကျသွားကာ လျှောက်လာ

သည့်  စည်းရင်ခွင်ထဲသို့ ညချမ်းပြုတ်ကျသွားကာ

စည်းမှာလည်း မထင်မှတ်ပါဘဲ လဲကျလာသည့်

ညချမ်းကိုယ်လေးကို  ပွေ့ဖက်ထားမိလိုက်သည်။

အလန့်တကြားဖြင့် မော့ကြည့်လာသည့် ညချမ်း

မျက်ဝန်းလေးတွေနဲ့ စည်းရဲ့ ညှို့မျက်ဝန်းတွေ

လမ်းခုလပ်မှာ တွယ်ငြိလျက်°°°။ဖက်တွယ်ထား

သည့်လက်တွေက တင်းကျပ်လျက် ချစ်မျက်ဝန်း

တွေမှာ အချစ်ရဲ့ဒဿနတွေဖော်ကျူးလျက်°°°။

နွေးထွေးသောနှလုံးသား နှစ်ခုက စည်းချက်ညီညီ

ခုန်ပေါက်လျက်°°°°။တဖြည်းဖြည်း°°°တဖြည်း

ဖြည်း°°°မျက်နှာနှစ်ခုက  နီးကပ်လာကာ ဝင်သက်

ထွက်သက်တွေပါ ပေါင်းစုံကာ°°°°နီရဲစိုစွတ်နေ

သည့် နှုတ်ခမ်းနှစ်ခုက ထိလုထိခင်°°°°°°။


"ညချမ်း°°°°ဟဲ့°°°°°"


"အမလေး°°°°"


       လွန်းခစုတ်။စိတ်ကူးယဥ်နေတာလေးတောင်

ဘယ်ရောက်သွားမှန်းမသိတော့။အချိန်ကိုက်ခေါ်

တတ်တယ်°°°°။


"ဟိုမှာ လာနေပြီ°°°ဘာငိုင်နေတာလဲ°°°"


"ငိုင်နေတာမဟုတ်ဘူး°°စိတ်ကူးယဥ်နေတာ°°°

ဟိ°°°ကိုကိုစည်းက ငါ့ကိုပွေ့ပြီးတော့  နမ်း°°"


"နှာဘူးမ°°°စိတ်ကူးထဲတောင်°°°နှာကမသေး

ဘူး"


"ဘာဖြစ်လဲ°°°ငါဘူးတာ ကိုကိုစည်းတစ်ယောက်

ထဲ°°°"


"ဟွန်း°°°°မပြောကိုမပြောချင်ဘူး°°"


"ဟဲ့°°°°လွန်းခ°°°လွန်းခ°°°ကိုကိုစည်းလာပြီ°°

မြန်မြန်°°°မြန်မြန်°°°"


     နှစ်ယောက် စကားများနေစဥ်  ကော်ရစ်တာ

ထောင့်ချိုးနားရောက်ကိုလျှောက်လာသည့် 

ကိုကိုစည်းကို  မြင်တော့  အသင့်အနေအထား

ပြင်လိုက်ကာ  လွန်းခက  အစီအစဥ်အတိုင်းတွန်း

ဖို့ အသင့်ဖြစ်နေကာ  ညချမ်းလည်း လမ်းကိုကျော

ခိုင်းကာ  ရင်တွေတသိမ့်သိမ့်ခုန်နေ၏။


"လာပြီ°°°လာပြီ°°°°°ငါ 3ဆိုတွန်းမယ်နော်"


"ok°°°°°"


"1°°°°°2°°°°°°"


"°°°°°°°°"


      ဟိ°°°°ကိုကိုစည်းရေ  အရမ်းချစ်တယ်°°°။


"3°°°°°°"


"အမလေးတော်°°°°°ဘာကြီးလဲ"


"ဟယ်°°°°ညချမ်း°°°°"


"ဟင်°°°°°ကိုဖူးဖူး°°°°°"


"ဘာ°°°°ဘာကိုဖူးဖူးလဲ°°°အမလေးတော်

အစစ်မ   ပြာကလက်စိန် မကများ  ရာရာစစ

ငါ့များ  ကိုဖူးဖူးတဲ့°°°°"


"ဆော်ရီး°°°ဆော်ရီး°°°°ကိုဖူး°°°°အဲ°°°မမဖူး

ကန်တော့်နော်°°°ညလေးမမြင်လိုက်လို့°°°"


"ဟင်း°°°အစစ်မတွေ  ငံပြာရည်ဆော်နံတယ်

ဘယ်လိုဟာတွေမှန်းကိုမသိဘူး°°°°"


"အဲ°°°°°"


      ညချမ်းရောက်သွားတာ မေဂျာအခြောက်မ

ဖူးဖူးရဲ့ရင်ခွင်ထဲကိုပါ။ရွံ့ရှာသလိုတွန်းထုတ်ခံရ

ပြီး  ရန်တွေ့ပင်ခံလိုက်ရသည်။ပုခုံးတစ်ခြမ်းကို

တိုက်ချကာ မျက်စောင်းထိုး၍ထွက်သွားသည့်

ဖူးဖူးကိုကြည့်ပြီး°°°အနောက်ကိုပြန်အလှည့်°°°။


"ညချမ်း°°°°°"


        မားမားကြီးရပ်နေသည့်ကိုကိုစည်းမျက်နှာ

ကို ဖွားခနဲမြင်လိုက်ရကာ°°ရှက်စိတ်တွေ အထွဋ်

အထိပ်ရောက်ကုန်ကာ  ညလေး  နေရာကနေ

ပြေးထွက်လာခဲ့သည်။


"ညချမ်း°°°°ညချမ်း°°°နေပါဦး°°°°ညချမ်း"


 "ညချမ်း°°°"


      နောက်ပါးကနေ ပြေးလိုက်လာသည့်ခြေသံ

ကြားနေပေမယ့် လှည့်မကြည့်ရဲတော့။မျက်နှာ

တစ်ခုလုံးပူပူကာ သူ့ကိုမျက်နှာချင်းမဆိုင်ရဲတော့

တာသာသိသည်။ရှက်လိုက်တာ°°°°ကိုကိုစည်း

ရှေ့မှ  လွဲရတယ်လို့   °°°°။


အပိုင်း(၇)ဆက်ရန်👉👉👉


စာဖတ်သူများကိုအစဥ်လေးစားလျက်


#ဖက်ဖူးစိမ်း


rate now: