💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
မြင်နေကြ လမ်းမကြီးနှင့် ရောင်စုံကားတွေ၊ဆိုင်ခန်းတွေ၊ဦးတဟိုသွားလာနေသည့်လူတွေက ယနေ့မှ ပိုကာ အသက်ဝင်နေသည့်ပန်းချီကားတစ်ချက်လို°°°°ညလေး မြင်မြင်သမျှတွေက လှပနေသည်။ကမ္ဘာကြီးမှာညလေးရှင်သန်နေထိုင်ရတာက ခုမှပိုကာ အဓိပ္ပါယ်ရှိနေသည်။ဒါတွေအားလုံးရဲ့ဖန်ဆင်းရှင်ဟာ သူပါပဲ။
သူနဲ့ ခင်မင်ခွင့်ရပြီးမှ ညလေးရဲ့ဘဝက ပိုလှပကာပြည့်စုံလာ၏။ကျောင်းသွားရသည့်နေ့တွေမှာ အရင်လို မပျင်းတော့ဘဲ တက်ကြွနေပြီ။
ကျောင်းမှာ သူနဲ့ စကားတွေပြောပြီးမှ ပြန်တတ်သည့် ညလေးရဲ့ အပြန်လမ်းဟာ သွက်လက်တက်ကြွကာနေတော့သည်။
"သမီး°°°°°°"
"ရှင်°°°°°°°°"
"ခဏ°°°°°°°°°°°"
အိမ်ထဲကိုလှမ်းဝင်ကာ ဧည့်ခန်းမှ အဖြတ်
မေမေက လှမ်းခေါ်သည်။ညလေး ကြည့်လိုက်
တော့ laptopတစ်လုံးနဲ့ စကားပြောနေသည့်
မေမေ့ကို တွေ့ရသည်။ဟူး°°°°ဂွမ်းပါပြီ။သူနဲ့
စကားမပြောချင်ပါဘူး ဆို°°°မေမေကတော့°°°။
"မေမေ°°°ဘာလုပ်မလို့လဲ°°°"
"ထိုင်°°°° ကိုထောနဲ့ စကားလေးဘာလေးပြော
လိုကပြါဦး°°°°"
စောစောကကြည်လင်နေသည့်မျက်နှာလေး
သည် ချက်ချင်း ရှုံ့မဲ့ကာပျက်ယွင်းသွားရပြီး
မလှမ်းချင်လှမ်းချင်ဖြင့် မိခင်ဖြစ်သူနားကို တိုး
သွားမိသည်။
"ဒီမှာ°°°°ကိုကိုနဲ့ ပြောလိုက်ဦး°°°°°"
မျက်နှာပြင်မှာပေါ်နေသည့် မျက်နှာကိုကြည့်
မည်အလုပ်မှာ°°°°°။
"သမီးရေ°°°°°ညချမ်း°°°°°ဖေဖေ့ဆီ ခဏလာ
ပါဦးကွယ်°°°°°"
"လာပြီ ဖေဖေ°°°°°"
"ဟဲ့ °°°°°သမီး နေပါဦး°°°°°သြော် °°°°
ဒီသားအဖနဲ့တော့လေ°°°°°"
ဒေါ်ဝဿန်ခါ°°°ငြူးငြူရင်း ကျန်ရစ်ခဲ့သည်။
ညလေးကတော့ အနားကနေသုတ်ခနဲ့ ပြေးထွက်
လာခဲ့သည်။အချိန်ခိုက်ခေါ်သည့် ဖေဖေ့ကိုပဲ
ကြိတ်ကာ ကျေးဇူးတင်နေမိ၏။
"ဖေဖေ့ကို တစ်ခုလောက်ကူညီပါလား သမီးရယ်"
အထုပ်တစ်ခုကို ကိုင်လျက်ဖြင့် ပြောလာ
သည့် ဖေဖေစကားကြောင့် ညလေး နည်းနည်းလန့်
သွားရသည်။ဘာတွေများရှာကျန်ခိုင်းဦးမည်မသိ။
"ဘာလဲ ဖေဖေ°°°°°"
"သမီး တီငယ်တို့ဆီ ဒါလေးသွားပို့ပေးပါ
လား သမီးရယ်°°°°။ဖေဖေ မအားလို့ ပါ°°°"
"ဘာတွေလဲဟင်°°°°°°"
ထုံးစံအတိုင်း နည်းနည်းတော့စပ်စုလိုက်
ရမှ ညလေး နေသာထိုင်သာရှိတာမို့ အိတ်ကို
ယူလိုက်ကာ ငုံ့ကြည့်ရင်းမေးလိုက်မိသည်။
"သမီးလေးလေးဆောင်းဆီကပေါ့°°°°။သွားရင်လည်း
ဖေဖေပို့ခိုင်းတယ်ဘဲ ပြောနော် သမီး°°°°°"
"ဟာ°°°°ဖေဖေကလည်း သမီး တီငယ့်အိမ်ကို
တစ်ခါမှ မရောက်ဖူးတာ ဘယ်လို သွားရမလဲ°°"
"ဖေဖေလိပ်စာပြောမှာပေါ့ကွ°°°°။ကားယူသွား
သမီး°°°°ကိုစိုးကိုမောင်းခိုင်းမလား°°°"
"နေပါစေ°°°°သမီးကိုယ့်ဘာသာကိုယ်ပဲ မောင်း
လိုက်မယ်°°°°"
"အေးအေး°°°°°သေချာပေးခဲ့ဦးနော်။ကားကို
လည်း သတိထားမောင်း°°°"
"ဖေဖေလိပ်စာပေးဦးလေး°°°"
"သြော်°°°°°ဟုတ်သားပဲ °°°°"
ဖေဖေပြောတာကိုနားထောင်ရင်း ညလေး
နှုတ်ခမ်းလေးစူသွားရသည်။
"ဟာ°°°°မြောက်ဥက္ကလာမှာလား°°°လေးလေး
ဆောင်းကတော့လေ တကယ်ပါပဲ°°°။ကိုယ့်ကိစ္စ
ကိုယ်မရှင်းဘူး°°°°"
"သမီး°°°*ဘယ်လိုပြောလိုက်တာလဲ°°°°ဖေဖေ
မကြိုက်ဘူးနော်°°°။ဆောင်းနဲ့ ဖေဖေတို့ဟာ
အတွင်းသိအဆင်းသိ သူငယ်ချင်းအရင်းကြီးတွေ
ဒီလောက်လုပ်ပေးရတာ ဖေဖေတို့မှာ ဘာမှ
အပန်းမကြဘူး°°°°နောက်ကို ဒီလိုစကားတွေ
ဘယ်တော့မှ မပြောမိစေနဲ့ ဖေဖေမကြိုက်ဘူး"
"ဟုတ်ကဲ့°°°°"
"ကားကို ဂရုစိုက်မောင်းဦး°°°°ကြားလား
ညချမ်း°°°°°"
"ဟုတ်°°°°°ကြားတယ် ဖေဖေ°°°°"
လှမ်းမှာနေသေးသည့် ဖေဖေ့ကို ပြန်ပြောကာ
ထွက်လာရင်း ပါးစပ်က ပွစိပွစိရေရွတ်လာသည်။
"ဒါ°°°ဘယ်လဲ°°°°°"
ဧည့်ခန်းမှ အဖြတ် °°°°ထိုင်နေသည့်မေမေ့
ဆီက အသံထွက်လာပြန်သည်။
"ဖေဖေ°°°°ခိုင်းတာ°°°အဲဒါသွားမလို့°°°"
"အေး°°°°°မြန်မြန်ပြန်ခဲ့°°°°°ပြန်လာရင် သမီး
နဲ့ မေမေပြောစရာတွေရှိတယ်°°°°°"
"ဟုတ်°°°°မေမေ"
မေမေ့မျက်နှာက အလိုမကျရိပ်တွေကို
ညလေးမြင်နေရသည်။ပြန်လာရင် အပွမ်ခံရတော့
မှာ မလွဲ°°°°။
"ဟင်း°°°°°°ဟိုလူကြီးကိုစကားမပြောလို့စိတ်တို
နေတာများ°°°°မသိရင်ခက်မယ်°°°°။မပြော
ဘူး လုံးဝမပြောဘူး°°°°သူ့လို စိတ်ပုတ်နဲ့ ပြော
မယ့်အစား ကိုကိုစည်းနဲ့ပဲပြောမှာပေါ့°°°°။
ဦးစည်းစိမ်ထော ရှင့်ကိုတော့ လုံးဝ လုံးဝကို
စေတနာမရှိဘူး သိရဲ့လား°°°°°"
မဲ့ရွဲ့ကာရေရွတ်ရင်း ကားပေါ်တက်ကာ
မောင်းထွက်လာခဲ့သည်။
သူ့ကို ဒီက မသိပဲ နေပါ့မလား°°°°။
လေးလေးတို့အိမ်မှာဆို သူ့ဓာတ်ပုံတွေချိတ်ထား
တာမမြင်ချင်မှ အဆုံး°°°°°။မုန်းစရာကောင်း
သည့် တစ်ဖက်သားကိုအမိန့်ပေးနိုင်သော
အတ္တကြီးသော မျက်ခုံးကြီးတွေက အရင်ထက်
ပင်ပိုထူလာကာ အမြဲတမ်းလှောင်ပြုံးတွေနဲ့
ဆင်ယင်ထားသော နှုတ်ခမ်းပါးများက ခုတော့
ညှို့ပြုံးတွေနဲ့°°°°°°။
ပိုချောလာတာကို ညလေးမညင်းပါဘူး။
ဒါပေမယ့်°°°°°အမြဲတမ်းစနောက်ကာ ညလေး
ကိုဆို ရယ်စရာတစ်ခုလိုမြင်နေသည့် သူ့ကို
ညလေးမုန်းပါသည်။
ဟင်း°°°°ဒီလောက်ချောနေတာ ဟိုမှာ
ကောင်မလေးတွေ ဘယ်လောက်များရှိနေပြီလဲ
မှ မသိတာ°°°°။ပြန်လာရင်တောင် အဖြူမ
တစ်ယောက်ပါလာချင်လာမှာ°°°°။
ဒီတစ်ခါတော့ ရှင် ညလေးကို စဖို့
လှောင်ဖို့မကြိုးစားနဲ့တော့ အရင်လို ရှင်စရာ
အရုပ်တစ်ရုပ်မဟုတ်တော့ဘူး စည်းစိမ်ထော။
ကားမောင်းရင်း စိတ်ထဲကပြောနေမိတာ•°°
မေမေသာကြားရင် ခေါင်းကိုဒေါက်ခနဲနေအောင်
ခေါက်မှာမြင်ယောင်မိသည်။ဒီလူကြီးကို မေမေတို့
ဘာကြောင့်ချစ်သလဲဆိုတာကို ညလေးစဥ်းစား
မရခဲ့°°°°။
ဖေဖေတစ်ယောက်ကြတော့တစ်မျိုးပင်။
လေးလေးဆောင်းနဲ့ပက်သက်ပြီး တီငယ့်ကို
အမြဲကူညီနေရသည်။ဒါတွေသာ ဘွားဘွားကြီး
သိရင်တကယ်မလွယ်ပါ။လေးလေးဆောင်းနဲ့
ပက်သက်သည့် အတိတ်ကို ညလေးသိချင်ပါသည်။မေးလိုက်တိုင်း ဖေဖေက ဘယ်တုန်းကမှ
မဖြေခဲ့။အမြဲရှောင်ထွက်သွားတတ်သဖြင့်
ညလေးလည်း မမေးဖြစ်တော့ပါ။
အကျင့်ပုပ်လူဆိုးကြီးမိသားစုမှာ လျှို့ဝှက်
ချက်ကြီးကြီးမားမားရှိနေမှန်းသိနေပေမယ့် ညလေးလည်းမစပ်စုတော့။ဟိုလူကြီးကရော ဒါတွေ
ကို သိရဲ့လားပင်မသိပါ။
ဟင်း°°°သိမှာလဲ မဟုတ်ပါဘူးလေ°°°
ငါဘာလို့ သူ့အကြောင်းတွေပဲစဥ်းစားနေတာလဲ။
ညချမ်းချိန်ခါ°°°°နင်ရူးနေတာလား°°°။နင်
စဥ်းစားရမှာက ကိုကိုစည်းအကြောင်းလေ°°°
စည်းစိမ်ထောအကြောင်းမဟုတ်ဘူး°°°°°
ထုတ်စမ်း°°°°°ခေါင်းထဲကနေ ဒီလူကြီးအကြောင်း
တွေ ထုတ်လိုက်စမ်း°°°°။နင်ရူးနေလို့ တွေးနေတာ
ညချမ်းချိန်ခါ°°°°°မတွေးနဲ့။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"မောင်°°°°°°"
"ကျွတ်°°°°°°"
ထော စိတ်ပျက်လက်ပျက်နဲ့စုပ်သပ်လိုက်
မိရင်း°°°အနားမှာ ဝင်ထိုင်လိုက်သည့် ယူမီ့ကြောင့်
စိတ်တိုသွားရသည်။
"မင်းကို အဲလိုမခေါ်ပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ
ယူမီ့°°°°"
"ခစ်°°°°ခစ်°°°°မောင်ကလည်း ယူမီ့ကချစ်လို့
ခေါ်တဲ့ဟာ°°°°°"
"ကျွတ်°°°°"
ဒုတိယအကြိမ် စုပ်သုပ်မိပြန်ပြီ။ပြောမရ
ဆိုမရတဲ့ ဂျပန်ကပြားမလေး ယူမီ့ကို ထောကြည့်
လိုက်ရင်း°°°°
"ခုလိုပြောတာမကြိုက်ပါဘူးလို့လဲ°°°ငါ°°°"
"မောင်•°°ခဏ ခဏ ပြောပါတယ်°°°ဒါပေမယ့်
ယူမီ့နားထဲ မစွဲဘူး မောင်°°°°ယူမီသိတာ မောင့်
ကိုချစ်တယ် မောင်နဲ့အတူတူနေချင်တယ်°°°"
အသားဖြူဖြူ မျက်နှာသွယ်သွယ်လေးနဲ့
ချောမောပြေပြစ်လွန်းသည့် ယူမီသည် အမေ
မြန်မာနဲ့ ဂျပန်လူမျိုး တို့မှ မွေးဖွားလာသော
ဂျပန်မြန်မာကပြားမလေးတစ်ယောက်ပင်°°။
ဂျပန်မှာမွေးဂျပန်မှာကြီးကာ ယဥ်ကျေးမှုတွေကပါ
နိုင်ငံခြားသွေးအပြည့်နဲ့။
တစ်ခန်းထဲအတူစာသင်ကြရကာ°°°
မြန်မာလူမျိုး သူ့ကို ယူမီ့သဘောကျခဲ့တာလေးနှစ်
ပြည့်တော့မည်။စာတော်သလောက်မိန်းမများနဲ့
ကင်းကင်းနေတတ်သည့် မြန်မာလူမျိုးစည်းစိမ်ထောဆိုသည့် နာမည်စမ်းနဲ့သူ့ကို တစ်ဖက်သက်
ချစ်ခဲ့ရတာ။
ယူမီ့ဘက်က ဘယ်လိုပဲဖြားယောင်းနေပါစေ
တစ်ချက်မှလှုပ်မလာသည့် ကျောက်ဆစ်ရုပ်ကြီး။
ဒီနှစ်ဆို ကျောင်းတွေ ပြီးပြီ။သူကတော့ ခုချိန်ထိ
ချစ်သူမရှိသလို ယူမီ့အပေါ်လည်း ခပ်ပြတ်ပြတ်
ဆက်ဆံတတ်တာ တစ်စက်ကလေးမှ မပြင်ပါ။
"မောင်က တအားချောတာပဲ သိလား°°°°°°
ယူမီ့ဆို မောင့်ကို စမြင်ကတည်းက သဘောကျ
ခဲ့တာ°°°။မောင်က တကယ်နေနိုင်တယ်နော်"
"မခေါ်ပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ°°°"
မျက်နှာတည်တည်တင်းတင်းဖြင့်ပြောလိုက်
တာတောင် ယူမီ့ဆိုတဲ့ ကပြားမလေးက တစ်ချက်
အပြုံးမပျက်°°°။ဖြူဖွေးနေသည့် သွားတန်းလေး
တွေ ပေါ်အောင်ပြုံးလိုက်ကာ°°°°
"မာမီကပြောတယ် သိလား°°°မောင်ဆိုတာ
သူတို့ မြန်မာလူမျိုးတွေမှာ မိန်းကလေးက
ကိုယ့်ချစ်တဲ့ ယောကျ်ားလေးကို တင်စားပြီး
ချစ်မြတ်နိုးစွာခေါ်ဝေါ်တဲ့ ဘာဆိုလား°°°°ဟို
°°°ဟို မောင်တဲ့ စကားအရပြောတာလေ
ဘာတဲ့ လွယ်လွယ်လေးပါ°°။ယူမီ့ သိတယ်
မေ့နေလို့°°°°ဟိုလေ အဂ်လိပ်မှာတော့
pronounလို့ခေါ်တာလေ°°°°"
"နာမ်စားပါကွာ°°°°"
နီရဲပါးလွှာသည့်နှုတ်ခမ်းလေးကို အားပါးတရ
ကွေးညွှတ်ကာ ပြုံးလိုက် ရင်း သူထောက်ပေးလိုက်လို့ ယူမီ့ဆီက ဝမ်းသာအားရအသံလေးထွက်
လာ၏။
"ဟိုက်°°°°°ဟိုက်°°°°မောင်ပြောတဲ့ နာမ်စား
ဟုတ်တယ် ဟုတ်တယ် မာမီပြောဖူးတယ်°°
ခုမှ ယူမီ သတိရတာ°°°"
ကလေးတစ်ယောက်လို ဝမ်းသာအားရဖြစ်
သွားတာကိုကြည့်ရင်း ညလေးကိုသတိရမိပြန်
သည်။လေးလေးချိန်နဲ့ တီလေးတို့စကားပြောလည်း
ညလေး အရိပ်အယောင်ပင်မမြင်ရပါ။
အနားမှာ ဖြတ်ခနဲ သွားလာနေတာကို ရိုးတိုး
ရိပ်တိတ်သာ မြင်ရကာ သေချာမမြင်ရ။
သူနဲ့ စကားပြောဖို့ဆို အကြောင်းအမျိုးမျိုးပြ
ကာရှောင်ထွက်တတ်သည့် ညလေး°°°။
လေးနှစ်ကြာခဲ့ပေမယ့် မျက်လုံးထဲမှာယနေ့ထိ
စွဲထင်နေတာ သူမပုံရိပ်တွေသာ။
တီလေး ပို့ပေးလို့ ညလေးရဲ့ ပုံတွေ
သူ့ဆီမှာ အဲလ်ဘမ်နှစ်ခုပြည့်လုပြီ။အရင်က
ထက်ပိုကြည့်ကောင်းကာ ချစ်စရာကောင်း
လာခဲ့တာအမှန်ပင်။
"မောင်°°°°°ဘာတွေစဥ်းစားနေတာလဲ°°°"
"ဘာမှ မဟုတ်ပါဘူး°°°°°မင်းမသွားသေးဘူး
လားယူမီ"
"မောင်ကိုယူမီ ချစ်တယ်°°°°မောင်နဲ့ တူတူ
ပျော်ချင်တယ် ယူမီ့ကို တစ်ခါလောက်အခွင့်
အရေးပေးပါလား မောင်°°°°"
သူ နားမလည်စွာ မျက်မှောင်ကျုံ့မိသည်။
သူ ဖြစ်ပျက်သွားတာကို ယူမီကကြည့်ကာ
"မောင်ဆီက ချစ်ခြင်းကို တစ်ခါလောက်ပိုင်ဆိုင်
ခွင့်ရရင် ယူမီ ကျေနပ်ပါပြီ မောင်°°°°။
မောင်က ယောကျ်ားပဲ ဘာနစ်နာစရာမှမရှိပါဘူး
နော်°°°°"
သူ့ရင်ဘတ်ကိုလက်ချောင်းသွယ်သွယ်လေး
ဖြင့် တို့ထိကစားကာ ညှို့မျက်လုံးလေးတွေမှာ
အချစ်ရည်တို့ဖြင့်ရွှန်းတောက်ကာ ယူမီကဆို
လာတော့°°°ထော စိတ်ကထိန်းမရတော့°°°°။
ရင်ဘတ်မှာပြေးလွှားနေသော လက်ကိုပုတ်ထုတ်
လိုက်ကာ°°°°စိမ်းတောက်နေသော ဒေါသမျက်ဝန်း
တို့ဖြင့်°°°ယူမီ့မျက်နှာကိုကြည့်ကာတစ်လုံးချင်း
ပြောချပြစ်လိုက်သည်က°°°°
"စည်းစိမ်ထောဆိုတဲ့ကောင်က သွေးသားသောင်း
ကျန်းတဲ့ကောင်မဟုတ်သလို မြှူဆွယ်တိုင်း
ငမ်းငမ်းတက်ပါတတ်တဲ့ လူမျိုးမဟုတ်ဘူးယူမီ။
ငါတို့လူမျိုးငါတို့ယဥ်ကျေးမှုမှာ လက်မထပ်ရသေး
ဘဲယောကျ်ားနဲ့မိန်းမဟာ စည်းမကျော်ကြဘူး။
အထူးသဖြင့် ဘာမှ မဆိုင်တဲ့ယောကျ်ားနဲ့မိန်းမ
ဆိုပိုဆိုးတာပေါ့°°°°"
သူ့စကားကို နားထောင်ရင်း ယူမီ ခဏငြိမ်
သွားသည်။ဝိုင်းစက်နေသည့်မျက်လုံးလေးတွေဖြင့်
သူ့ကို အတန်ကြာကြည့်နေပြီးမှ°°°°
"မောင်တို့လူမျိုးတွေက စည်းတွေဘောင်တွေ
အရမ်းများတာပဲနော်။ယူမီ့တို့ဆို အေးဆေးပဲ။
နှစ်ဦးနှစ်ဖက်ပြေလည်ရင် အတူနေလိုက်တာပဲ။
နားလည်မှုမရှိတော့ရင် သဘောထားမတိုက်ဆိုင်
ရင် လမ်းခွဲလိုက်ရုံပဲ အေးဆေး°°°°ဘာပြဿနာမှ
မရှိဘူး°°°°°"
"ဟုတ်တယ်°°°°မင်းပြောသလိုပဲ စည်းတွေဘောင်
တွေနဲ့ ငါတို့က ခန့်ထည်စွာနေထိုင်ကြတာ။သူများ
သားမျိုးသမီးပျိုကို စော်ကားဖို့ဝန်လေးသလို
သူတစ်ပါးသားမယားကိုလည်းဝေးဝေးရှောင်ကြ
တယ်။ဘုရားရှင်က ဟော်ကြားခဲ့တယ် သူတစ်ပါးသားမယားကိုပစ်မှားစော်ကားခြင်းဟာ
ကံငါးပါးထဲမှာတစ်ပါးအပါအဝင်ဖြစ်တယ်။
ဒါကြောင့်ငါတို့လူမျိုးတွေဟာ သူတစ်ပါးသား
မယားကိုရှောင်ကြဥ်ကြသလို လက်မထပ်ကြဘဲ
သွေးသားကိစ္စကိုကျူးလွန်ခြင်းမရှိကြဘူး°°°"
"ကံငါးပါးဆိုတာ ဘာလဲ မောင်°°°°"
"ဗုဒ္ဓဘာသာဝင်တွေတိုင်းကံငါးပါးဆိုတဲ့ငါးပါးသီလကိုစောင့်ထိန်းကျတယ်ကွ°°°။
ငါးပါးသီလဆိုတာ သူတစ်ပါးအသက်သတ်ခြင်း၊
သူများပစ္စည်းကိုခိုးယူခြင်း၊သူတစ်ပါးအိပ်ယာကို
ကျူးခြင်း°°မင်းနားလည်အောင်ဆိုရင်တော့
စောစောက ငါပြောသလိုသူတစ်ပါးရဲ့သားမယား
ကိုပြစ်မှားခြင်းမှ ရှောင်ကြဥ်တာပေါ့ကွာ°°
နောက်တစ်ခုက မုသားစကားပြောခြင်းတဲ့°°°"
"မုသားစကားဆိုတာ ဘာလဲဟင်°°°°"
"မဟုတ်မမှန်လိမ်လည်ပြောဆိုတာပေါ့°°°။
ညာတာကိုပြော°°°နောက်ဆုံးတစ်ခုက
အရက်သေစာသောက်စားခြင်းတဲ့°°°°"
"အားလုံးရှောင်နိုင်လို့လား မောင်°°°°"
"အင်း°°°°°တော်တော်များများကတော့ ဒီကံငါးပါးကိုလုံအောင်စောင့်ထိိန်းကြတယ်။အားလုံးမလုံ
တောင်သုံးပါးတော့လုံအောင်ထိန်းကြတယ်°°°°"
စိတ်ဝင်တစားနားထောင်နေရင်း°°°°ယူမီက
သူ့ကိုမျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ°°°
"မောင်ရော°°°°°"
"အနည်းဆုံးသုံးပါးတော့လုံအောင်ထိန်းတယ်"
"လုံတယ်ဆိုတာ°°°°°"
"မလုပ်တာကွာ°°°ဥပမာ°°°°သူတစ်ပါးပစ္စည်း
ကိုခိုးတာမလုပ်တာကွာ°°°°°"
"အရက်သောက်တာလည်းရှောင်ရသတဲ့လားဟင်"
"ဟုတ်တယ်°°°°°°"
"မောင်ရော ရှောင်လား°°°°°"
"ဟင့်အင်း°°°°°°တစ်ခါတစ်ခါမလွှဲသာမရှောင်သာရင် အဲတစ်ပါးကျိုးတယ်°°°°"
ထော အဖြေကြောင့်ယူမီနှုတ်ခမ်းလေး
ပြုံးသွားရသည်။မောင့်ကိုပိုင်ဆိုင်ဖို့ ယူမီ့မှာ
ကြိုးစားချိန်သိပ်မရှိတော့ဘူးမောင်°°°။
မောင်ဟာ ယူမီ့အတွက်ပဲဖြစ်ရမယ်။မောင့်ကို
တစ်ခါလောက်တော့ ပိုင်ဆိုင်ချင်တယ် မောင်။
မောင့်ဆီက အချစ်ကိုမရင်ရင်တောင်
ကြင်နာမှုကိုတော့ တောင်းတမိတယ်။
မောင့်ရင်ခွင်ကျယ်ထဲမှာ ယူမီ့တစ်ခါလောက်
တော့ ခိုဝင်ချင်တယ် မောင်။
မောင်တို့ဘုရားကသိပ်ကွက်ကျော်မြင်တတ်
တာပဲနော်။အရက်ဆိုတာ လူတွေရဲ့ သွေးသားကို
လှုံ့ဆော်နိုင်ဆုံးအရာပါ။မလွှဲသာမရှောင်သာ
တဲ့လား မောင်။ဟင်း°°°ဟင်း°°°အဲဒီမလွှဲသာ
မရှောင်သာဆိုတဲ့ မောင်ရဲ့စကားလုံးဆန်းဆန်း
လေးအတိုင်း ယူမီတို့ မလွှဲသာမရှောင်သာ
နီးစပ်စေရမယ်°°°။မောင့်ကို ယူမီပိုင်ချင်တယ်°°°
°°°°°°။
အပိုင်း(၆)ဆက်ရန်👉👉👉
စာဖတ်သူများကိုအစဥ်လေးစားလျက်
#ဖက်ဖူးစိမ်း