book

Index 4

အပိုင်း(၄)

💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚


              

"အို°°°°°°"


"ဟာ°°°°°°°ဆော်ရီးဗျာ°°°°°°°°°"


      ဟင်°°°°°သူ°°°°°°°°သူပါလား။စိတ်ထဲကနေ တိုးတိုးဖွဖွရေရွတ်မိသွား၏။သူဆိုတဲ့ စီနီယာကိုကို့ကိုသိနေတာ နှစ်နှစ်ပြည့်ပြီ။ခုတော့ မင်းစည်းစိမ်ဆိုသောစီနီယာကိုကိုက နောက်ဆုံးနှစ်ရောက်နေပြီ။


     ညလေး ပထမနှစ်စတက်တော့ စီနီယာကိုကိုက တတိယနှစ်။ခုဆို ညလေးက ဒုတိယနှစ်ကျောင်းသူကြီးဖြစ်နေကာ သူကနောက်ဆုံးနှစ်ရောက်ပြီ။


"ဆော်ရီးနော်°°°°°ညီမလေး°°°°ကိုယ်မမြင်မိလိုက်လို့ပါ°°°°°"


"ဟုတ်°°°°°ရပါတယ်ရှင့်°°°°°"


"အားနာလိုက်တာဗျာ°°°°ကိုယ်တကယ်တောင်းပန်ပါတယ်°°°°"


     

      အနီးကပ်မြင်ရမှ ချောမောလွန်းသည့် သူ့မျက်နှာက ညလေး အကြည့်တွေကိုဖမ်းစားလွန်းနေ၏။


"အကိုက finalက ကိုမင်းစည်းစိမ်မို့လားဟင်°°°°"


         အနားမှာ ရပ်ကြည့်နေသည့် ညလေး ၏သူငယ်ချင်း လင်းလွန်းခ ကသူ့ကိုကြည့်ကာ မေးလိုက်၏။သူ့မျက်နှာမှာ အံ့သြသည့် အရိပ်အယောင်တွေ ဖြတ်ပြေးသွားပြီးမှ ရှက်ပြုံးလေးပြုံးသည်။


    °°°°°အိုး°°°°°°ချောလိုက်တာ°°°°°။ကြည်စင်သွားသည့် မျက်နှာက ဘယ်လို ကောင်ချောမျိုးမှ လိုက်မီမှာ မဟုတ်ပါ။ထူထဲသည့် မျက်ခုံးတန်းတွေနှင့် ဖြောင့်စင်းနေသည့် နှာတံ။ပိရိသေသပ်သည့် နှုတ်ခမ်းပါးများနှင့် ကြည်တောက်တောက်မျက်ဝန်းအစုံ။

ထူထဲသည့်မျက်ခုံးတွေကို အကြည့် စိတ်မှာ တစ်စုံတစ်ယောက်ကို သတိရမိသည်။


        လေးနှစ်ဆိုတဲ့ အချိန်ကာလတစ်ခုမှာ သူလည်း ​ပြောင်းလဲနေမှာ သေချာသည်။ကိုစည်းစိမ်ထော ခုဆို ညလေးမှာချစ်ရမယ့် သူရှိနေပြီ သိလား။


"ညီမတို့က ကိုယ့်ကို သိနေတာလား°°°°"


       သူ့လို ကျောင်းမှာ နာမည်ကြီးတစ်ယောက်က ခုလို ရှက်တတ်လိမ့်မယ်လို့ မထင်မိပါ။အားကစားတွင်ထူးချွန်ရုံမကစာပါတော်သော် ကိုကို မင်းစည်းစိမ်ကို ညလေးတို့ ပထမနှစ်ထဲက သိနေတာ။မေဂျာတူ စီနီယာ ကိုကိုလူချောသည် ညလေးတို့ မိန်းကလေးများ၏စိတ်ကူးယဥ်ကမ္ဘာထဲက နတ်သားတစ်ပါးမဟုတ်လား။


          ခုလို တစ်ကျောင်းလုံးhotဖြစ်သည့် ကိုကိုလူချောနှင့် ဆုံရတာ ညလေးအတွက် တကယ်ကို ကံကောင်းခြင်းဆုလဒ်ပင်။


"ဟုတ်°°°°°°°ကိုကိုမင်းစည်းစိမ်က နာမည်ကြီးဘဲ။သိတာပေါ့ နော့်°°°°ညချမ်း"


          

"အယ်°°°°°°°ဟုတ်°°°°°ဟုတ်တယ်"


        ကိုယ်က သူ့ကို ငေးနေတာမို့ လွန်းခရဲ့ စစ်ကူခေါ်သလို အမေးကြောင့် ညလေး လန့်ကာ စကားတွေပါ ထစ်ငေါ့ကုန်၏။ညလေး ဖြစ်ပျက်သွားသည့် ပုံကို သဘောကျသလို သူက သွားတွေပေါ်အောင်ရယ်နေသည်။ချောလိုက်တာနော်°°°°°°°°°။ညလေး နောက်ထပ် ငေးမိပြန်၏။


        အို°°°°°°°°°။ရှက်လိုက်တာနော်°°°°°°°°။သူက အရယ်ရပ်ကာ အကြည့်°°°°°ညလေး ငေးနေတာနဲ့ ကွက်တိမိသွားသည်။ကြည်လင်သည့် အကြည့်တွေက အပြုံးရိပ်လေးပါခိုတွဲလျက် ဆွဲဆောင်မှုတစ်မျိုးမျိုး ပါဝင်နေသလိုပင်။


           

         ဟင်°°°°°°°°°°°ရင်တွေခုန်နေပါလား°°°°°°°°°°။ဘုရားရေ°°°°°°°°°။ငါ့ရင်ခုန်သံတွေကို သူကြားသွားမှ ဒုက္ခ။ရှက်ရွံ့စွာ ခေါင်းကို ငုံ့ထားပစ်လိုက်မိသည်။ခေါင်းငုံ့ကာ အကြည့်လွဲလိုက်ပေမယ့် မျက်ဝန်းထဲမှာ သူ့ရဲ့ အပြုံးမျက်နှာက ကပ်ပါလာသလို ငုံ့ချထားသည့် ကော်ရစ်တာမှာ ထင်ဟပ်လျက်°°°°°°°°°°°။


        အို°°°°°°°ငါ ဘာတွေဖြစ်နေပါလိမ့်။ရှက်ရွံ့စွာ ငုံ့ထားမိသည့် ခေါင်းက တစ်ဖန်မော့ကာ ခိုးကြည့်မိပြန်သည်။အို°°°°°°°°သူ °°°°°°သူ°°°°°°°ကြည့်နေတုန်းပါလား။မျက်လွှာလေးမေးစင်းကာ ပြုံးကြည့်နေဆဲမို့ ကပြာကယာ မျက်နှာလွဲလိုက်ရသည်။


"ညီမနာမည်က  လင်းလွန်းခပါ။သူက ညချမ်းချိန်ခါတဲ့ °°°°°°အကို မှတ်ထားပေါ့။ညီမတို့က နောက်တွေ့လဲ ခေါ်မှာနော်°°°°°°°°"


"ခေါ်ပါဗျာ°°°°°°ခေါ်ပါ ကိုယ်လည်း ခေါ်မှာနော်°°°°°°°"


"ဟုတ်°°°°°°နောက်မှ လွန်းခတို့ကို မနိုင်စိန်တွေလို့ မပြောနဲ့နော် °°°°°°ညီမတို့က နည်းနည်းဆိုးတယ်°°°°°°နော်°°°°ညချမ်း"


"ညချမ်းတဲ့လား°°°°°°°°°°"


         သူ့ဆီက အသံလေးကြောင့် ညလေး  အကြည့်တွေ သူ့ဆီ အရွေ့။နောက်ထပ်တစ်ကြိမ် အကြည့်ချင်းဆုံမိပြန်၏။သေလိုက်ပါတော့  ညလေးရယ်။ရှက်ပါတယ်ဆိုနေမှ  °°°°°°°သူ့အကြည့်တွေနဲ့ဘဲ ခဏခဏဆုံနေတယ်လို့။အယ်°°°°°°°°°။ညလေး ကို သူပြုံးပြနေတယ်။ဘုရားရေ°°°°°ငါ့ကိုပြုံးပြနေတာလား°°°°°°°°°°°။


          မယုံကြည်နိုင်သလို ကိုယ့် အသားလေးကို ဆိတ်လိုက်မိ၏။


"အ°°°°°°°နာတယ်ဟ°°°°°°°°°"


"ညချမ်း°°°°°°°°°°°ဘာဖြစ်တာလဲ°°°°°°ဘာ​ကောင်ကိုက်လို့လဲဟင်"


          အသားနာသွားတာမို့ အော်လိုက်မိစဥ်°°°°°°°°ပြာယာခတ်အောင် စိုးရိမ်တကြီး မေးလာသည့် သူ့ကြောင့် ညလေး အပျော်မြစ်တွေ ဖြတ်ပြေးကုန်၏။


"ဟို°°°°ဟို°°°°°ဘာကောင်မှ မကိုက်ပါဘူး°°°°°ကိုကိုမင်းစည်းစိမ်က ညချမ်းလို့ ခေါ်လိုက်တော့ အိပ်မက်များမက်နေသလားလို့ ညလေး အသားကို ပြန်ဆိတ်လိုက်တာ°°°°°°ဟဲ°°°ဟဲ°°°°°"


"ဖြစ်ရလေ°°°ညချမ်းရယ်°°°°တကယ့်ကလေးလေးလိုပဲကွာ°°°°°°°°"


"ကလေးမဟုတ်ပါဘူးနော်°°°°°°°"


      ကလေးလို့ ပြောတာမကြိုက်သလို နှုတ်ခမ်းလေးဆူကာ ပြန်ပြောလိုက်သည့် ညချမ်းကြောင့် သူနောက်တစ်ကြိမ်ထပ်ပြုံးမိပြန်၏။သူမလေးနဲ့ကျမှ သူလည်း ခဏခဏပြုံးနေမိပါလား°°°°°°။


"ဟုတ်ပါတယ်ဗျာ°°°°°°°ကလေးမဟုတ်ပါဘူး°°°°°°နှုတ်ခမ်းကြီး ဆူမထားနဲ့နော် ရုပ်ဆိုးနေတယ်°°°°°°"


"ဟယ်°°°°°°°°"


       လူမှုဆက်ဆံရေး ပြေပြစ်သည့် ကိုကိုမင်းစည်းစိမ်နဲ့ ညလေးတို့ ခဏအတွင်းမှာ ရင်းနှီးခင်မင်သွားခဲ့သည်။ကိုကိုမင်းစည်းစိမ်နှင့် ခင်မင်ခွင့်ရတာ ညလေးအတွက် ကံကောင်းခြင်း လက်ဆောင်တစ်ခုပင်။


"ညချမ်းတို့က တကယ်ခင်စရာကောင်းတယ်နော်°°°°°"


"ဟုတ်တယ်°°°°°ညလေးတို့က ခုလိုပဲ ပျော်ပျော်နေရတာ ကြိုက်တယ်°°°°°။ကိုကိုမင်းစည်းစိမ်ကို သိနေတာကြာပြီ။မခေါ်ရဲလို့သာ°°°°°°"


"ဟင်°°°°°°°°ဘာလို့ မခေါ်ရဲရတာလဲ°°°°ကိုယ်က လူဆိုးမို့လား°°°°°°"


"အာ°°°°°°မဟုတ်ပါဘူးနော်°°°°°ကိုကိုမင်းစည်းစိမ်က အရမ်းတည်တော့ မခေါ်ရဲတာပါ°°°°°°"


       သူက ပွင့်လင်းသူမို့ထင်သည် ခဏချင်းမှာ ညလေးလည်းသွက်လက်ကာ ပြောရဲဆိုရဲရှိလာ၏။ခင်စရာ အလွန်ကောင်းပြီး ချောမောလွန်းတဲ့ ကိုကိုနဲ့ ဆုံတွေ့ခွင့်ရတာ တကယ်ကံကောင်းသည်။


"သြော်°°°°°°°°ကိုယ်က ဒီလိုပဲနေတတ်လို့ပါ °°°°°°ခု ဘယ်လိုနေလဲ°°°°ကိုယ်ကခင်စရာကောင်းတယ်မို့လား°°°°°°°°"


"ဟုတ်°°°°°°°°°ကိုကိုမင်းစည်းစိမ်ကတကယ်ပွင့်လင်းတယ်နော်  ဒီလိုသာသိရင် အစောထဲက ခေါ်ပါတယ်°°°°°"


"ခုလဲ°°°°°°ခေါ်လို့ရပါတယ်ဗျာ°°°°°"


"ရပေမယ့် အချိန်တွေနှမျောစရာကောင်းတာပေါ့လို့°°°°°°ဒီနှစ်ဆို ကိုကိုမင်းစည်းစိမ်က ကျောင်းပြီးပြီလေ°°°°°"


" ဟား°°°°°°ညချမ်းကတော့ကွာ တကယ်ပြောတတ်တယ်°°°°°°°°တော်တော်စကားတတ်တဲ့

ကောင်မလေးဘဲ°°°°°"


          သူဆီက ရယ်မြူးသံစွတ်သည့်  စကား​

ကြောင့် ညလေးရှက်ရယ်လေးရယ်လိုက်သည်။


"ကိုကိုမင်းစည်းစိမ်လောက်မတတ်ပါဘူးနော်°°°°°

သူကသာ ကျောင်းမှာ ဘာပွဲရှိရှိ ဆရာကြီး°°°"


"မဟုတ်ပါဘူး  ညချမ်းရယ်°°°°°ဒါနဲ့ ညချမ်းတို့

ပြန်တော့မှာလား°°°°°"


"ဟုတ်တယ်°°°°°°°°နောက်အချိန်တွေမရှိတော့

ပြန်မယ်လေ°°°°°ဒါနဲ့ ကိုကိုမင်းစည်းစိမ်ရော 

မပြန်သေးဘူးလား°°°°°°"


            သူက ညလေးကို ပြုံးပြကာ အသာခေါင်း

ခါ၏။


"တစ်နာရီမှာ °°°ကိုယ် Cheနဲ့ ပြိုင်ရမှာ °°°°"


"ဟယ်°°°°°ဟုတ်ပါရဲ့°°°°ငါမေ့နေတာ ညချမ်း

ကိုကိုမင်းစည်းစိမ် ဒီနေ့ ကြက်တောင်ပြိုင်ပွဲရှိတာ

ပဲဟ°°°°°ကိုကိုမင်းစည်းစိမ် လွန်းခတို့ပါလိုက်

အားပေးမယ်လေ°°°°°"


"ဟုတ်တယ်°°°°°ကိုကိုမင်းစည်းစိမ်°°°°°ညလေး

တို့လိုက်အားပေးမယ်လေနော်°°°°°ခု အားကစား

ရုံကို သွားမှာမို့လား°°°°"


"ကိုယ်°°°အဝတ်မလဲရသေးဘူး ကွ။ခု အဝတ်လာ

လဲတုန်း ညီမလေးတို့နဲ့ တိုက်မိတာ°°°°။ခဏစောင့်

နော် ကိုယ် အဝတ်လဲလိုက်ဦးမယ်°°°°"


"ဟုတ်ကဲ့°°°°°°ညလေးတို့ ဒီနားကပဲ စောင့်နေ

မယ်နော်"


"ok°°°°°°°°°"


         ချောလိုက်တာ  ကိုကိုရယ်°°°°°။လမ်း

လျှောက်ပုံက အစ စမတ်ကျလိုက်တာ။


"အဟမ်း°°°°°°အဟမ်း°°°°မိန်းမ သတိလေး

ဘာလေးလည်း ထားပါဟယ်°°°°ငေးနေလိုက်

တာ မျက်လုံးပါ ကျွတ်ကျနေမယ် ကြည့်လုပ်"


"ကျွတ်ကျပါစေ    ငေးမှာဘဲ။လွန်းခ ကိုကိုက 

အနီးကပ်ကြည့်မှ တော်တော်ချောတာဘဲနော်။

မျက်နှာလေးက ဝင်းမွတ်ပြီး ဘာအဖုအပိန့်မှာ

မရှိဘူးဟ°°°°°။


"ဟုတ်တယ်နော် ကိုကိုမင်းစည်းစိမ်က တော်တော်

ချောတယ်နော်။ဒါကြောင့် ​ကောင်မလေးတွေ

ကြွေတာနေမှာ°°°°°°ဟိ°°°°°°ငါတောင်ကြွေ

တယ် သိလား°°°°°ကိုကိုမင်းစည်းစိမ်နဲ့သာ 

ချစ်သူဖြစ်ခွင့်ရရင်°°°°°ဟောဒီကျောင်းတစ်ခု

လုံးကို ပတ်ကြွားပစ်မှာ°°°°°"


"အမလေး°°°°°လွန်းခမ°°°°°ကိုကိုက ငါ့အတွက်

ပါ။ငါ့ကိုကို့ကို လုမယ် အကြံနဲ့နော်°°°ဟင်း°°°

အသက်ချင်းလဲပြစ််မှာ ဘာမှတ်နေလဲ°°°°°"


         သူ့ကို စောင့်နေရင်း ညလေးနှင့် လွန်းခကြိတ်

ရန်ဖြစ်နေသည်။ကိုကိုဆိုတဲ့ လူကြီးက အဲ့လို

ပေါ်ပြူလာဖြစ်တာ။


"လဲပေါ့°°°°°လွန်းခတို့ကလည်း အချစ်အတွက်

ဆို ဒဿလို လူမျိုး°°°°လုံးဝ အလျော့မပေးနိုင်

ဘူး °°°°°။မကျေနပ်ရင် မတတ်နိုင်ဘူးဟေ့"


"မကျေနပ်ပါဘူးနော်°°°°ကြည့်နေလိုက် ကိုကိုက

ဘယ်သူ့ကို ချစ်မလဲ ဆိုတာ°°°°°°"


"​​ကောင်စုတ်မ°°°°°ဟိုက နင့်ကို ခေါ်တော ငါးရာ

အားနဲ့ကြည့်နေမှတော့ နင့်ကို ကြွေလို့ပေါ့°°°°°"


"ဟယ်°°°°°°ဘာပြောတယ်°°°°ပြန်ပြောစမ်းပါ"


        ညလေး မျက်နှာကို လွန်းခနားအတင်းတိုး

ကပ်လျက် မေးလိုက်သည်။လွန်းခက မျက်လုံးကို

ပြူးနိုင်သမျှပြူးပြကာ°°°°°မျက်စောင်းပါထိုး

လိုက်သေး၏။


"သီးခံပါရှင်°°°ကျွန််မတို့ မြန်မာ့အသံက တစ်ကြိမ်ဘဲ ထုတ်လွှင့်ပါတယ်ရှင်°°°°"


            ပြောင်စပ်စပ် မျက်နှာပေးနှင့်အပြော

ကြောင့်  ညလေး°°°°လွန်းခလက်မောင်းကို လှမ်း

ရိုက်ပြစ်လိုက်သည်။လွန်းခကလည်း မခေပါ။

ညလေး ရိုက်လိုက်တာကိုရှောင်ရင်း လျှာထုတ်

ကာ ပြောင်ပြနေပြန်၏။


"လွန်းခစုတ် အဖိုးကြီးနဲ့ရပါစေ°°°°"


             ညလေး မကျေနပ်တိုင်း ခုလို တစ်နည်း

မဟုတ်တစ်နည်းဖြင့် ပေးစားနေကြပါ။ခုလည်း

လွန်းခက အရယ်ပင်မပျက်။


"ဟား°°°°အဖိုးကြီးမဟုတ်ဘူးဟေ့°°°°°ကိုကို

မင်းစည်းစိမ်နဲ့ရမှာ°°°°°ကောင်မ  အဲကျမှ 

မျက်ရည်ခံမထိုးနဲ့ မရဘူးမှတ်°°°°°°"


"ကိုကိုက နင့်ကိုကြိုက်ပါလိမ့်မယ်°°°°*အားကြီး

ကြီး°°°°°ဆုတောင်း°°°°°"


"ဘုရားရှီခိုးတိုင်းဆုတောင်းနေကြပါဟယ်°°°°

လင်းလွန်းခလေးနဲ့ ကိုကိုမင်းစည်းစိမ် အသက်ထက်ဆုံးပျော် ရွှင်စွာဖြင့် အိုအောင်မင်း

အောင်ပေါင်းရပါစေလို့°°°°°°"


"ကောင်စုတ်မ°°°°°ငါ့ကိုကို့ကိုစနိုက်ကြော်ချင်

နေတယ်ပေါ့လေ°°°°°မရဘူးနော် ကိုကိုက ငါ့

အတွက်°°°°°"


"ဘာတွေ ပြောနေကြတာလဲ°°°°°"


"အယ်°°°°°°ကိုကို"


"ဟို°°°°ဟို°°°°ကိုကိုမင်းစည်းစိမ်ပြီးပြီလား"


      ရုတ်တရက် အနားရောက်လာကာ မေးလိုက်

သဖြင့် ညလေးရော လွန်းခပါ အထစ်ထစ်အငေါ့

ငေါ့ အယောင်ယောင်အမှားမှားတွေဖြစ်ကုန်၏။

ညလေး  လည်ပင်းလေးကို ပြန်ပွတ်ရင်း သူ့ကို

မချိသွားဖြဲဟန်ဖြင့် ပြုံးပြလိုက်သည်။


"ကိုကိုမင်းစည်းစိမ်ပြီးရင် သွားမယ်လေ°°°°"


"အင်း°°°°°သွားမယ်°°°°°။ကိုယ့်ကို တမင်စောင့်

နေတာ အားနာလိုက်တာ°°°°°"


"ရပါတယ်°°°°°ညလေးတို့က ကိုကိုမင်းစည်းစိမ်

ကို စောင့်ပေးရတာဘဲ။ဘာမှမဖြစ်ပါဘူးနော်။

အမှန်ဆို ညလေးတို့ကတောင်ကျေးဇူးတင်

ရမှာ°°°°°°°"


"ဘာလို့လဲ°°°°°ညချမ်းရဲ့°°°°°°"


           သူ့အကြည့်တွေ ညလေးရဲ့ မျက်ဝန်းထက်

ကျရောက်လာတော့ ညလေးမျက််နှာလွှဲလိုက်ကာ

ခြေဖဝါးထိပ်မှာ အကြည့်တွေရပ်တန့်ကုန်၏။


"ကိုကိုမင်းစည်းစိမ်ပွဲကိုလိုက်ကြည့်ခွင့်ရလို့ပေါ့°°°°"


           ပြောပြီး မျက်နှာအမော့ ကိုယ့်ကိုစိုက်

ကြည့်နေသည့်မျက်ဝန်းတစ်စုံနှင့် စက္ကန့်များစွာ

ဆုံဆည်းနေမိသည်။


~~~~~~~~~~~~~~~~           ~~~~~~~~~~~~~~~


           ညချမ်းမ°°°°°နင်က သိပ်ကံကောင်းတာ

ဘဲဟာ°°°°°။နင်က ငါ့လောက်မလှပေမယ့်°°°

နင်ရဲ့ ဖူးစင်စင်ဝိုင်းစက်စက်မျက်နှာလေးက 

တကယ်ချစ်ဖို့ကောင်းတယ်သိလား°°°°°°။


            နင်က ဆုတောင်းကောင်းနဲ့လာတဲ့သူပါ

ညချမ်းရယ်။စည်းစိမ်ဥစ္စာဆိုလည်း အတူတူ

ပေမယ့် နင့်မိဘတွေက တကယ်နင့်ကို ချစ်ကြ

တယ်။ငါ့မိဘတွေလည်း ငါ့ကိုချစ်ပေမယ့် နင့်

လောက် ငါ အလိုလိုက်မခံခဲ့ရပါဘူး။


            မေဂျာကွင်းဖြစ်တဲ့ ငါက နင့်လောက်လညိး

လူချစ်လူခင်မများခဲ့ပါဘူး ညချမ်း။နင့်ထက်ငါ

အစစအရာရာသာပေမယ့် လူတွေရဲ့ အမြင်မှာတော့

နင်က အမြဲသာနေတယ်။နင့်ကို ချစ်ကြတဲ့ ကောင်

လေးတွေ ။နင့်ကိုကြိုက်ကြတဲ့ အကိုကြီးအားလုံး

ဟာ°°°°နင်မှ နင်ဖြစ်နေတာ။


              နင်နဲ့ငါက ပထမနှစ်ကမှစသိပေမယ့်

တကယ့်ညီအစ်မတွေပါဘဲ။ငါတို့ တိုင်တိုင်ပင်ပင်

နဲ့ ဖေးမကာ လျှောက်လှမ်းကြတာ နင်လည်း အသိ

ပါ။အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက်းစကား

တွေနဲ့ အနိုင်မခံ အရှုံးမပေးပြိုင်ဆိုင်ကြပေမယ့်

အပြင်မှတော့ တစ်ယောက်ကို တစ်ယောက်က

အလျော့ပေးကြမြဲပါဟာ°°°°°။


*******ညချမ်းရယ်*****ဒီတစ်ခါတော့ ငါအလံဖြူ

ပြရတော့မယ်ထင့်ပါတယ်*****။ကိုကိုစည်းရဲ့

အကြည့်တွေ က နင့်ဆီမှာချည်းဘဲ။


*******ငါလေ နှလုံးသားရေးမှာ တရားမျှတစွာနဲ့ သူနိုင်ကိုယ်နိုင်တိုက်ချင်ပါတယ်။ပွဲက မျှနေရင်

စီးချင်းဘဲထိုးရထိုးရ***ဘယ်လိုနည်းနဲ့ပြိုင်ပြိုင်

ငါ ပြိုင်ချင်ပါတယ်*****


********ခုတော့ဟာ******ပွဲမစခင်ထဲက ငါက

အထုတ်ခံလိုက်ရတာပါ ညချမ်းရယ်။ကိုကိုစည်း

မျက်လုံးထဲမှာ နင်ဘဲရှိနေတာ ငါမြင်နေတယ်။


********တကယ်တော့လေ*****ကိုကိုစည်းကို ငါ

သိနေတာ ကြာနေပြီ သိလား ညချမ်း။ငါ ရှစ်တန်း

နှစ်မှာ ငါ့အကိုတစ်ယောက်ကို guideလုပ်ပေးထဲ

က ငါလေ ကိုကိုစည်းကို စကြွေခဲ့ရတာ။ခုဆို****

ငါးနှစ်ကျော်နေပြီဟ*****။ငါ့အကိုကို စာလာသင်ပေးတိုင်း ချောင်းရတာ အမောသိလား။


*********ကိုကိုစည်းကလေ*****ငါ့ကို ရှိတယ်လို့

တောင်သိခဲ့တာမဟုတ်ဘူးဟ******။အချိန်တွေ

ကြာလာလေ ကိုကိုစည်းကို ငါပိုချစ်လာလေဘဲ

ညချမ်း။သူ  guideလုပ်တဲ့ နေရာတိုင်း ငါလိုက်

ချောင်းတာအမြဲဘဲ သိလား။


*********နောက်ထပ် လျှို့ဝှက်ချက်တစ်ခုရှိသေး

တယ် သိလား*****။ငါလေ  ကိုကိုစည်းရဲ့ မွေးနေ့

တိုင်း****သူ့ဆီကို birthday present အမြဲပို့

ပေးနေကြဟ****။ခုထိ ငါဆိုတာ သူမသိဘူး။

နင်ရော  ညချမ်း****ဒီအကြောင်းတွေသိရင်

ငါ့ကို မိန်းမနောက်ပိုးဆိုပြီးပြောမှာလား။


*********ကိုကိုစည်းကရော ငါကို အမြင်ကြည််မှာ

တဲ့လား။ဟင့်အင်း****သူ ငါ့ကို အထင်သေးသွား

မှာ သေချာတယ်*****။သူက နင့်ကို စိတ်ဝင်စား

ချင်နေပြီ  နင်သိလား ညချမ်း*****။ငါ့အချစ်ဆုံး

သူတစ်ယောက်ကို ငါ့အချစ်ဆုံး သူငယ်ချင်းလက်

ထဲ ပေးလိုက်ရမှာ ငါတကယ်ကျေနပ်ပါတယ်****။


*******ကိုကိုစည်းကမှ ငါမချစ်တာ။ငါဘယ်လို

ရှေ့ဆက်မလဲ။စစ်မထွက်ခင်ထဲက မြှားကုန်နေတာ

ဟာ ငါပါ  ****လင်းလွန်းခပါ*****ညချမ်းရယ်။

        


********တကယ်လို့ ကိုကိုစည်းကသာ နင့်ကို

မချစ်သေးရင် ငါတို့ တရားမျှတစွာ ပြိုင်ကြပါစို့

ညချမ်းရယ်။ကိုကိုစည်းကို ငါလည်း နင်ချစ်သ

လောက်ချစ်ပါတယ်ဟာ။နင့်ထက်တောင်ပိုချင်

ပိုသာဦးမှာ။ငါက ရှစ်တန်းထဲက တစ်ဖက်သတ်

ချစ်ခဲ့ရတဲ့ ကောင်မလေးပါ။


*********နင်နဲ့ ကိုကိုစည်း အဆင်ပြေနေတော့

ငါ့ရင်မှာ မီးစနဲ့ ထိုးနေသလိုပါဘဲ ညချမ်းရယ်။

ဖြစ်နိုင်ရင် တာနောယက္ခလို ကိုကို့ကို ငါက 

ရွှေကြုတ်ထဲထည့်ကာ အာခံတွင်းမှာ ငုံထားချင်

တာ။


*********ကိုကိုကိုဖြစ်နိုင်ရင် ဘယ်မိန်းမမှ မပက်

သက်စေချင်ဘူး။ဒါပေမယ့် လွန်းခမှ ကိုကို့ကို

မပိုင်တာ ဘာလုပ်ခွင့်ရှိမှာလဲ။


*******ကိုကိုနဲ့ပက်သက်ရင်သဝန်တိုတတ်တဲ့

ကောင်မလေး*****ခုဘာလုပ်ရမလဲ ကိုကို။

ကိုယ့်အချစ်ဆုံးသူငယ်ချင်းနဲ့မှ လာဆုံနေတယ်။


******ကိုကိုရေ*****လွန်းခ ဘုရားမှာ အမြဲ

ဆုတောင်းနေမယ် သိလား*****ကိုကို ညချမ်း

ကို မချစ်ပါစေနဲ့လို့ လွန်းခ ဆုတောင်းနေပါ့မယ်။


******ကိုကိုအချစ်ကို လွန်းခမပိုင်ဆိုင်ခဲ့ရရင်

တောင်****လွန်းခအနီးဆုံးက ညချမ်းလည်း

မပိုင်ရပါစေနဲ့********


*****ကိုကို့ကို လွန်းခအရမ်းချစ်တယ်*******


အပိုင်း(၅)ဆက်ရန်


rate now: