💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
"အန်တီ°°°°°°ကျွန်တော့်ကို သိလို့လား°°°"
"ညိုပြာညက်°°°°ဘာဖြစ်တာလဲ။ကားတိုက်မိတာ
လား°°°° ။ဘာဖြစ်သွားသေးလဲ°°°°"
အနားကို အဒေါ်ကြီးတစ်ဦးရောက်လာကာ
ထောကို ဘုကြည့်ကြည့်ရင်း မေးလာ၏။
"ဟို°°°°ကျွန်တော့်ကားကို လန့်ပြီး လဲသွားတာပါ
ခင်ဗျာ°°°°။ကျွန်တော် ဆေးခန်းလိုက်ပို့ပေးပါ့
မယ်°°°°အားလုံးကို ကျွန်တော် တာဝန်ယူပါတယ်"
ထော အဒေါ်ကြီး နှစ်ယောက်လုံးကို ကြည့်
ကာ ပြောလိုက်တော့ လဲကျနေသည့် အဒေါ်ကြီးက
ထလာကာ ပျံ့ကျဲနေသော အထုတ်လေးကိုပါယူ
ရင်း°°°°။
"ရပါတယ် °°°°°သားရယ် အန်တီ ဘာမှ မဖြစ်ပါ
ဘူး`°°။အန်တီ အတွေးလွန်သွားတာလည်း ပါ ပါတယ်။အန်တီ ဒူးလေးနည်းနည်းနာသွားတာပါ
ဘာမှ မဖြစ်ပါဘူးကွယ်°°°°"
"မဟုတ်တာ အန်တီရယ်°°°°။ကျွန်တော်တို့
မဟုတ်လို့ အန်တီ ခုလို ဖြစ်ရတာ လာပါ ကျွန်တော်
ဆေးခန်းလိုက်ပို့ ပေးပါ့မယ်°°°°"
ထော°°°အန်တီကြီးကို ဆွဲလိုက်ကာ°°°ကား
ပေါ်အတင်းခေါ်၏။အန်တီကြီးက အတင်းငြင်း
ဆန်နေသည်။
"နေဆို သားရယ်°°°မမမြ ပြာ့ကို လက်ချုပ်ထည်
လေးပို့ပေးပါလား။ဒီနေ့ချိန်းထားတာ ပြာဒူးနာ
သွား လို့ မမမြလည်း အဲဘက်ပြန်မှာ ဆိုတော့
လမ်းတည့်နေတာဘဲ"
အန်တီညိုပြာညက်ပေးသည့် အထုတ်ကို
ယူလိုက်ကာမမမြဆိုသည့် အဒေါ်ကြီးက မဲ့ရွဲ့နေသောမျက်နှာဖြင့် ထောကိုပါမျက်စောင်းထိုးလိုက်သေးသည်။
"အမလေးတော်°°°°ဒူးနာသွားတာများ ကာယကံ
ရှင်ကို ဆေးဖိုးတောင်းလိုက်ပါတော့လား ။
ညည်းမလဲ ညံ့လိုက်နုံလိုက်တာအေ°°°"
"ကျွန်တော် အားလုံး တာဝန်ယူပါတယ် အန်တီ°°°။
လာပါ°°°°ကျွန်တော် ဆေးခန်းပို့ပေးပါ့မယ်"
အန်တီ ညိုပြာညက်ဆိုသူကို အတင်းခေါ်ကာ
နီးရာဆေးခန်းမှာ ပြပေး၍°°°အိမ်ပြန်ပို့ခဲ့ရသည်။
ဆေးဖိုးဝါးခကိုလည်း အတင်းပေးခဲ့ရသည်။
သုံးပင် သစ်အိမ်လေးနှင့်အတော်ပင်ဆင်းရဲ
ပုံရသည့် အန်တီကို ထော အလွန်သနားမိသွားသည်။ဘာကြောင့် မှန်းမသိပါ။အိမ်ပြန်လာသည့်
လမ်းတစ်လျှောက်လုံး သူမရဲ့ ပုံစံနှင့် ဆင်းရဲလွန်း
သည့် နေထိုင်ရပုံကို မြင်ယောင်ကာ ရင်ထဲ မကောင်းဖြစ်နေရ၏။
သဘောမနောကောင်း၍အရွယ်ကလည်း
မေမေနဲ့မှ မတိမ်းမယိမ်းလောက်ပါ။ဒါပေမယ့်
ဘဝအခြေအနေကြောင့် မေမေလောက်အရွယ်
မတင်သလို ထင်ရသည်။
ဖြူနုသော အသားအရည်နှင့် မျက်နှာသွင်
ပြင်သည် သူမ ငယ်စဥ်က ဘယ်လောက်များလှ
မည်ဆိုတာ ခန့်မှန်းစရာမလိုပါ။ခုချိန်ထိတောင်
ကြည့်ကောင်းနေသည်။ထောတို့ လိုက်ပို့တော့
အိမ်မှာ ဘယ်သူမှ မတွေ့။
ဘာကြောင့်မှန်း မသိပါဘဲ°°°°°ထော°°°
ထို အန်တီရဲ့ မျက်နှာကို မျက်လုံးထဲက မထွက်
သလို သနားသလိုလိုစိတ်ကလည်း နှလုံးသားဆီ
သို့ ဗဟိုပြုကာ နေသည်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"မေမေ°°°°°မေမေဘာဖြစ်သွားသေးလဲ°°°။
ဘယ်လို နေသေးလဲ"
စည်းတစ်ယောက် အိမ်ပေါ်သို့ ဒရောသောပါး
ပြေးထက်လာကာ အူယားဖားယားဖြင့်မိခင်ဖြစ်သူ
ဒေါ်ညိုပြာညက်ကို မေးလိုက်သည်။အိမ်ရှေ့တွင်ထိုင်ကာ အပ်ထည်များကို လက်ချုပ်လိုက်နေရင်း
သားဖြစ်သူ မင်းစည်းစိမ်အမေးကြောင့် လုပ်လက်
စတွေကို အသာဘေးချထားလိုက်ကာ °°°°။
"မေမေ ဘာမှ မဖြစ်ပါဘူး သားရယ်°°°°။သားလေး မောလာတာ°°°သွား°°°ရေအရင်သွားချိုး
ရေချိုးပြီး မေမေတို့ ထမင်းစားရအောင်။ဒီနေ့
သားကြိုက်တဲ့ မှိုကန်စွန်းကြော်နဲ့ဘဲဥချဥ်ဟင်း
ချက်ထားတယ်°°°°သားအကြိုက်တွေဘဲ"
"မေမေ°°°°မေမေ ဘာဖြစ်သွားလေးလဲ။ဟိုကား
သမားက ဘာမှ တာဝန်မယူဘူးလား°°°°။
မေမေသာ တစ်ခုခုဖြစ်ရင် သားရင်ကျိုးရမှာ"
ဒေါ်ညိုပြာညက် သားဖြစ်သူရဲ့ ဆံပင်လေး
တွေကို ဖွဖွလေး သပ်တင်ရင်း°°°°သားမျက်နှာ
ချောချောလေးကို ငေးကြည့်ကာ°°°°။
"မေမေ ဘာမှ မဖြစ်ပါဘူးကွယ်။ဟိုဘက်ကလည်း
မမှားပါဘူး။လမ်းကွေ့ဆိုတော့ မေမေလည်း
သတိမမူမိလို့ပါ။ကလေးတွေလည်း အသက်ငယ်
ပေမယ့် တကယ်ကိုတော်ရှာပါတယ်။မေမေ့ကို
ဆေးခန်းလိုက်ပို့ပေး တာနဲ့ အိမ်တိုင်ရာရောက်
ပြန်ပို့ ပေးရတာနဲ့ အစစအရာရာအကုန် လုပ်ပေး
ကြရှာပါတယ်°°°°"
"မလုပ်ပေးလို့ ရမလားမေမေရာ။သူတို့ကြောင့်
မေမေသာ တစ်ခုခုဖြစ်သွားရင်°°°ဟာဗျာ°°°°
တကယ်ကို မတွေးရဲစရာပါဘဲ။သားဘဝမှာ
တွယ်တာစရာဆိုလို့ မေမေဘဲရှိတာ။မေမေသာ
တစ်ခုခုဖြစ်သွားရင် သားဘယ်လိုနေရမလဲ။
မေမေရယ်°°°°သားရှာကျွေးပါ့မယ်နော်။
မေမေ ဘာမှ မလုပ်ပါနဲ့တော့°°°°။သားလုပ်အား
ခနဲ့ သားတို့ သားအမိနှစ်ယောက် စားလို့ရပါတယ်
မေမေ့ကို သား ရှာကျွေးနိုင်ပါတယ်°°°"
သိတတ်လိမ္မာသည့် သားကိုကြည့်ကာ
သူမ ဝမ်းနည်းရသည်။ကို°°°ကို့သားက တကယ့်
သားလိမ္မာလေးပါ။မိဘကို သိတတ်လိမ္မာတဲ့သား
ကို မွေးခွင့်ရခဲ့တဲ့အတွက် ပြာဘယ်တော့မှ
နောင်တမရဘူး ကို°°°°။
"မဟုတ်တာ သားရယ်။သားလေးကို ပညာတတ်
တစ်ယောက်ဖြစ်အောင်မေမေ ထားပေးနိုင်ပါတယ်။ဒီအရွယ်ထိရောက်အောင် ကျွေးမွေးခဲ့
ပြီးပြီ။နောက်လည်း မေမေရှာကျွေးနိုင်ပါသေး
တယ်ကွယ်°°°°"
"မဟုတ်တာ မေမေရာ°°°°သား guideလုပ်တာ
လည်း မေမေအတွက်ပါ°°°°။သားကျောင်းကို
လည်း အဝေးသင်ဘဲ တက်မယ်°°°"
"အို°°°°ဘယ်ဖြစ်မလဲ°°°°မေမေ့သားလေးကို
မေမေပညာတတ်တစ်ယောက်ဖြစ်အောင် မေမေ
ထားပေးနိုင်ပါတယ်။သား ဒေးဘဲ တက်ရမယ်။
သားကျောင်းစရိတ်တော့ မေမေ ရှာနိုင်ပါတယ်"
"မဟုတ်တာ မေမေရာ။မေမေ နားနားနေနေ နေပါတော့။သား ရှာကျွေးပါ့မယ်နော်"
"သားက မေမေ့ကို အထင်သေးတာလား။ဒီမိန်းမ
ကြီး အသက်ကြီးပြီ။ဘာမှ မလုပ်နိုင်တော့ဘူးလို့
မင်းထင်နေတာလားမင်းစည်းစိမ်°°°။မင်းက
ငါ ဝင်ငွေရှာနိုင်ပြီဆိုပြီးတော့ ငါ့ကို ချောင်ထိုး
ထားချင်နေပြီပေါ့လေ°°°°"
သူမ ရဲ့ စကားကြောင့် စည်းပြာပြာသလဲ
ဖြစ်သွားကာ°°°°°။
"ဟာ°°°°အဲလို မဟုတ်ဘူးနော် မေမေ။သား
က မေမေ့ကို မပင်ပန်းစေချင်လို့ပါ။တခြား
ဘာမှ မဟုတ်ပါဘူး မေမေရာ°°°°"
"ဟုတ်တယ်°°°°မင်းက ငါ ပိုက်ဆံရှာနိုင်နေပြီ
ဆိုပြီးတော့ မေမေ့စကားကို ပယ်ရှားချင်နေပြီ
ပေါ့လေ"
"မဟုတ်ပါဘူး ဆို မေမေရယ်။သားတောင်းပန်ပါ
တယ်။သား အဲ သဘောနဲ့ ပြောတာမဟုတ်ပါဘူး။
သား မေမေတက်စေချင်တဲ့ ကျောင်းလည်းတက်
ပါ့မယ်°°°°။သားပြောမိတာတွေအတွက်လည်း
တောင်းပန်ပါတယ်ဗျာ°°နော် မေမေ°°°°"
သူမရဲ့ပါးပြင်ကိုနမ်းရှိုက်ရင်း ပြောလာသည့်
စည်းကြောင့် သူမ ကြာကြာစိတ်မဆိုးနိုင်ပါ။
"သွား°°°°ရေချိုး°°°°မေမေတို့ ထမင်းစားကြရ
အောင် မေမေ ထမင်းခူးထားလိုက်မယ်"
"ဟုတ်ကဲ့ပါ မေမေ°°°"
"မြန်မြန်ချိုးနော် သား။တော်ကြာ ဖျားနာနေမယ်"
"ဟုတ်ကဲ့ မေမေ"
ရေချိုးဖို့ ထွက်သွားသည့် သားဖြစ်သူ
နောက်ကျော ကိုငေးကြည့်နေမိ၏။
ဆယ်တန်းမှာ သုံးဘာသာဂုဏ်ထူးဖြင့်
အောင်ကာ guideလုပ်နေသည့် သားလေး။
အဖေနဲ့ တစ်ထေရာထဲ တူသည့် သား။
ဒီသားအတွက် သူမ အသက်ရှင်နေရတာ။
သားလေးသာ သူမနားမှာ ရှိမနေခဲ့ရင် ဒီလောက
ကြီးမှာ ဘယ်လိုမှ အသက်ရှင်စရာမရှိပါ။
အပ်ထည်တွေချုပ်ကာ စျေးထဲမှာ
ဆိုင်ခန်းဖွင့်ထားသဖြင့် သူမတို့ စားဝတ်နေရေး
ချောင်လည်နေသည်။သားလေးကိုတော့ ကျောင်း
ကောင်းကောင်းထားပေးနိုင်ပါတယ်။
သားနဲ့သူမတို့ရဲ့ တည်ငြိမ်နေတဲ့ ဘဝ
လေးဟာ ဒီနေ့အဖြစ်အပျက်ကြောင့် သူမသွေး
ပျက်ချင်သွား၏။
မေ့ပျောက်ကာ ထားသည့် အတိတ်တွေ
က ဒီနေ့ကိစ္စကြောင့် အသက်ဝင်လာသလိုပါ။
မထင်မှတ်ဘဲတွေ့ခဲ့ရသည့် ကလေးလေးကြောင့်
သူမ အံ့သြရသည်။မပက်သက်ချင်ပါသော
မိသားစုက သွေးသားအပြင် ဘယ်သူမှ မဖြစ်နိုင်ပါ။ ဒီအပြုံး၊ဒီနှုတ်ခမ်း၊ဒီမျက်ဝန်းတွေအားလုံးဟာ သူမဘယ်တော့မှ မေ့မှာမဟုတ်သောပြယုဂ်တွေပါ။
မေ့ပျောက်ထားသည့် အတိတ်ရဲ့ အရိပ်တွေ
က ခုချိန်ထိ သူမနောက်လိုက်နေပါလား။သားဟာ
သူမနဲ့ တူနေတာမို့ နှုတ်ခမ်းတွေမျက်လုံးတွေ
မျက်ခုံးတွေ က ကွဲပြားနေခဲ့တာ။
သူလေးကတော့ တကယ့်တစ်ထေရာထဲပါ
လား။အေးလေ°°°°ဒီအဖေရဲ့ သားဘဲ။ဒီရုပ်ဘဲ
ထွက်လာမှာပေါ့။
ကိုနဲ့ ကွဲပြားတာဆို ထိုကလေးနှာဖျားက
မှဲ့လေးနဲ့ နှာတံပါ။အပြစ်ပြောစရာမရှိအောင်
ချောတာကတော့ တူပါသည်။
စိတ်ဓာတ်လေးကလည်း ကောင်းတယ်။
ကူညီရိုင်းပင်းစိတ်အပြည့်နဲ့။ခွဲခြားဆက်ဆံတတ်
တဲ့ စိတ် လုံးဝမရှိဘူး။ဒေါ်စိန်မြကြီးရဲ့ သွေးမပါ
ကြပါလား။
ကို°°°°°ဒီနေ့ဟာ ရှင့်ကိုပြာပို သတိရစေ
တဲ့ နေ့ပဲ သိလား။ဖြစ်ပျက်ခဲ့သမျှအကြောင်း ကို
အကောင်းလို့သာ ပြာသက်မှတ်ထားတယ်။
ဘယ်သူ့ပရောဂ ကြောင့်ဖြစ်ဖြစ်°°°ပြာ ဘယ်သူ့
ကိုမှ အပြစ်မတင်ချင်တော့ဘူး။
ပြာလေ ကို့ကို အရမ်းချစ်တယ် ကို°°°°။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ဝက်ပေါက်လေး ကိုကိုမရှိတုန်း လိမ်လိမ်မာမာ
နေနော်။နှစ်အိမ်ခွစားပြီး မနေနဲ့"
"သိတယ်°°°°°"
လာနှုတ်ဆက်သည့် သူကလည်း ဆူပုတ်
ပုတ်၊နှုတ်ဆက်သူကလည်း မချိုမချဥ်ဖြင့်°°°°။
ထို နှစ်ယောက်ကိုကြည့်ကာ လူကြီးတွေ ပြုံးနေ၏။
"ကိုထော°°°°သားဟိုမှာ လေးနှစ်ဘဲကြာမှာမို့
လား°°°°°"
"ဟုတ် တီလေး°°°°°ကျောင်းတက်ရင်း စီးပွားရေး
ဒီပလိုမာပါ တက်မယ်။ဒါမှ ကျောင်းလည်း ပြီး
ဒီပလိုမာလည်း ရပေါ့°°°°"
"ဟာ°°°°လေပြည် မင်းသားကတော့ တကယ့်
စီးပွားရေးသမားပါလား။မင်းထက် လက်ဇောင်း
ထက်မှာ သေချာတယ်နော်°°°°"
"ဟုတ်တယ် ချိန်ရေ°°°°။သားက တကယ်အားကိုး
ရမယ့် သားကွ။ခုထဲက ငါ့အလုပ်တွေကို ကူနိုင်
နေတာ°°°°"
"သား°°°ကိုထော ဟိုမှာ ကျန်းမာရေးလည်း
ဂရုစိုက်နော်။တီလေးတို့ဆီလည်း ဆက်သွယ်ဖို့
မမေ့နဲ့°°°"
ဖေဖေနဲ့မေမေ အသည်းပိုနေတာကိုကြည့်ကာ
ညလေး စိတ်ပျက်လာ၏။
ဟင်း°°°°သူ့မိဘတွေထက်ဘဲ ပိုနေတာ။ဒင်းက
ဘာချစ်စရာရှိလဲ။အလကား°°°°စိတ်ပုတ်ကြီး။
ညလေး မျက်စောင်းထိုးလိုက်သည်။ဟယ်°°
ထောကြည့်လိုက်တာနဲ့ ကွက်တိ။မျက်စောင်းကို
ကပြာကယာသိမ်းကာ မသိသလိုနေပြစ်လိုက်၏။
ထော ညလေး ဖြစ်ပျက်သွားပုံကိုကြည့်ကာ
ရယ်ချင်သွားရသည်။တကယ့် ကလေးလေးပါဘဲ။
ညလေး°°°°မင်း ကိုကိုပြန်လာချိန်အထိ ခုလို
ဖြူဖြူစင်စင်လေးဘဲ ရှိနေပါနော်။
ကိုကို စိတ်ချပါရစေ။ကိုကို့ ဝက်ပေါက်လေးလိမ်လိမ်မာမာနေနော်။
"သား ကို မျက်စောင်းတွေထိုးနေပြီဗျ°°°°။သွားမှ
ဖြစ်မယ်°°°°"
ကြည့်စမ်း။လူညစ်°°°°စိတ်ပုတ်။လူကြီးတွေ
ရှေ့မှာ ပြောစရာလား°°°°။
"အဟင်း°°°°ဟင်း သားနဲ့ သမီးကတော့လေ°°°"
လူကြီးတွေက ဓာတ်သိမို့ ရယ်နေကြသည်။
ရယ်လေ ညလေးစိတ်ဆိုးလေပေါ့။
"ကြောက်စရာပါလား နဂါးမျက်စောင်း ပြာကျ
တော့မယ်မေမေရေ။ သားလစ်ပြီ"
"ကိုကိုနော်°°°°°"
နှုတ်ခမ်းဆူကာ ညလေး ပြောတော့
ထောက အရယ်မပျက်ပါ။
"လေးလေးချိန်တို့ အိမ်ပေါက်ချဲ့ထားဗျ°°°°။
ဒီဝက်က နောက်လေးနှစ်ဆို အပေါက်ဆန့်မှာ
မဟုတ်တော့ဘူး ဟား ဟား"
"စည်းစိမ်ထော°°°°လူယုတ်မာ°°°"
"ဒေါက်°°°°°°°°°°"
"အ°°°°°°မေမေနော်°°°°°°နာတယ်°°°°°°°°"
ထောကို ထိ ဓားကြည့်ဆိုတာ တကယ့်
မေမေ အစစ်ပါ။ထောကို ပြောလိုက်တာနဲ့ ညလေး
ခေါင်းပေါ်ဒေါက်ခနဲ ခေါက်ချလိုက်သည်။
"ညချမ်းချိန်ခါ °°°°°မရိုင်းနဲ့ ကိုကိုလို့ခေါ်°°°°"
"ခါကလည်း°°°°°သမီးလေးကို မဆူပါနဲ့တော့။
သားကလည်း သမီးကို ဆို အရမ်းစတာဘဲ°°°
ကဲ°°°°သားလည်း လေယာဥ်ချိန်နီးနေပြီ သွားရ
အောင်°°°°"
မေမေ ၊ဖေဖေ၊လေးလေးချိန်၊တီလေးနဲ့
ဘွားဘွားပါ လိုက်ပို့ကြသည်။ရှေ့ကနေ လူကြီးတွေ
ထွက်သွားသည့် အထိ ညလေး နေရာမှ မရွေ့သေး။
သူကလည်း ရပ်နေရာက ညလေးဘက်တဖြည်းဖြည်း လှမ်းလာ၏။
တံခါးက ညလေးကို ကျော်သွားရမှာမို့ပါ။
ညလေး နှုတ်ခမ်းဆူကာ တစ်ဖက်လှည့်နေမိသည်။
သူ့ကြောင့် ညလေး ခေါင်းခေါက်ခံရတာ။မုန်းတယ်။
မျက်နှာ တစ်ဖက်လှည့်ကာ ပွစိပွစိ လုပ်
နေသည့် ကောင်မလေး°°°°တကယ် ချစ်စရာ အ
သည်းယားစရာပါ။
အနားကနေ ဖြတ်အလျှောက် စိတ်က
ဘယ်လို ညံ့သက်သွားမှန်းမသိပါ။
"အို°°°°°°"
ညလေး နှာဖူးမှာ°°°နွေးသွားရသည်။
မျက်လုံးလေး အဝိုင်းသားဖြင့် ပြူးကြောင်နေမိ
သလို°°°°°နှာဖူးလေးထက် လက်လေးစမ်းကာ
ထောမျက်နှာကို ငေးနေမိသည်။
တကယ်ကို မထင်မှတ်ပါ။နှာဖူးပေါ်ဖွဖွလေး
နမ်းရှိုက်သွားသည့် လူကြီး။ရင်မှာ တလှပ်လှပ်ဖြင့်
ခြေလက်တွေပါ အေးစက်ထုန်ကျင်နေသလို၊
ရင်တွေတုန်နေတာ °°°°။
"လိမ်လိမ်မာမာနေနော် ညလေး°°°°ကိုကိုသွား
မယ်°°°°°"
ဘာကြောင့်မှန်းမသိပါဘဲလေယာဥ်ကွင်းရောက်တော့လည်း°°°°°°°°°°°°°ထွက်သွား
သည့် လေယာဥ်ကြီးကို ကြည့်ကာ လွမ်းသလို
ဆွေးသလိုဖြင့် တစ်ခုခုကို တမ်းတနေမိသည်။
အမြဲတမ်းစနောက်နေသည့် ကိုကို့ဆီက ပထမဆုံး
နွေးထွေးမှုလေးကြောင့် ညလေး တစ်ညလုံး
ငုတ်တုတ်မိုးလင်းခဲ့ရတာ ကိုကို သိရဲ့လား°°°°°°။
မုန်းတယ်°°°°°။ညလေး ကို စိတ်ထဲမတင်မကျနဲ့ နေမရအောင် လုပ်သွားတဲ့ ကိုကို့ကို
မုန်းတယ်°°°°°။ကိုကို့ကြောင့် ညလေးရဲ့ ရင်မှာ
ဘာတွေဖြစ်နေမှန်း မသိဘူး°°°°။
တမ်းတလွမ်းဆွတ်သလို ပူပူလောင်လောင်
ကြီး ခံစားနေ တဲ့ အရာကြီးကို ညလေး မုန်းတယ်
ကိုကို°°°°°။ဒီလိုဖြစ်အောင်လုပ်သွားတဲ့ ကိုကို့ကို
လည်း အရမ်းမုန်းတယ်°°°°°°။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"အို°°°°°°°°"
"ဟာ°°°°°°°°°ဆော်ရီးဗျာ°°°°"
ဟင်°°°°°°°သူ°°°°°သူပါလား°°°°°။
အပိုင်း(၄)ဆက်ရန်👉👉👉
စာဖတ်သူများကို အစဥ်လေးစားလျက်
#ဖက်ဖူးစိမ်း