💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
"ညလေး.....မင်းဘယ်တွေသွားနေတာလဲကွာ..."
ကား စတီယာရင်ကို ဆုပ်ကိုင်ရင်း နှုတ်မှာ ဖွင့်ဟ
ငြီးတွားလျက် လက်သီးဖြင့် စတီယာရင်ကို ထု
ချပစ်လိုက်သည်။ ကိုယ့်ကို တမင်ရွဲ့နေမှန်းသိပေ
မယ့်...ညလေးကို စိတ်မချနိုင်။ သူ မတွေ့တွေ့အောင် ရှာရမည်။ ညလေး သွားတတ်သည့် နေရာ
တွေ လိုက်ရှာကြည့်ပေမယ့်...လူသာ ခြေကုန်လက်
ပန်းကျလာသည်.. ညလေးကိုဖြင့် အရိပ်အယောင်လေးတောင်မတွေ့။
မြို့ထဲမှာနှစ်နာရီလောက်ကားပတ်မောင်းနေတာ
..ဘာမှ မထူးခြား။ အာခေါင်တွေပါ ပူပြီး တစ်ကိုယ်
လုံး ကိုင်ရိုက်ထားသလိုဖြစ်နေပေမယ့်...သူ အိမ်ပြန်
ဖို့ အစီအစဥ်လုံးဝ မရှိ။
ညလေး.....မင်းကိုတွေ့မှ ကိုယ်အိမ်ပြန်မယ်။ မင်း
တကယ်ဆိုးတယ်....ညလေးရယ်....။ကိုယ့်ကိုနာ
ကြည်းနေမှန်းသိတယ်...။ မကြည့်ချင်လောက်
အောင်မုန်းတီးနေမှန်းလည်းသိတယ်။ ကိုယ့်ကို
ရွဲ့ချင်တဲ့ စိတ်တစ်ခုထဲနဲ့ မင်းကိုယ်မင်း အန္တရာယ်
ဖြစ်အောင်မ လုပ်သင့်ဘူး။ မစွန့်လွှတ်နိုင်လို့ ၊မင်း
ကိုချစ်လွန်းလို့ ကိုယ်ဗီလိန်ကြီးဖြစ်သွားတာ။ အချစ်မှာ စွန့်လွှတ်အနစ်နာခံခြင်းမရှိဘူး ညလေး။ ကိုယ်လိုချင်လို့ ကိုယ်ချစ်တဲ့သူကို အပိုင်
သိမ်းပြီးမှ နောက်ဆက်တွဲ အကျိုးဆက်တွေ ဘယ်
လောက်ဆိုးဝါးနေပါစေ ကိုယ်ရင်ဆိုင်ဖို့ ဆုံးဖြတ်
ထားပြီးသားပါ။
"ဟယ်လို.....ဒေါ်ညို.....ညလေးပြန်ရောက်ပြီလား"
မျှော်လင့်ချက်တွေ တပွေ့ကြီးနဲ့ မေးလိုက်ပေမယ့်
ဒေါ်ညိုဆီက တုံ့ပြန်မှုက၊
"မပြန်သေးဘူး မောင်ထောရယ်။ ခု...မောင်ထော
နဲ့လည်း မတွေ့ဘူးပေါ့...."
"ဟုတ်တယ် ဒေါ်ညို...။ ဒေါ်ညို တံခါးတွေသာ
သေချာပိတ်ထားပါ။ ကျွန်တော် ညလေးကို မတွေ့
တွေ့အောင် ရှာခဲ့မယ်...။ တကယ်လို့အိမ်ပြန်လာ
ရင်သာ ကျွန်တော့်ကို ဖုန်းဆက်ပါ"
"အေး...အေး"
စိတ်ဓာတ်ကျသွားရသည်။ သူတို့မပြေလည်တာကို
လူကြီးတွေ သိမှာလည်းဆိုးသည်။ တီလေးဆီ
ဖုန်းဆက်ကြည့်ရင်ကောင်းမယ်။
"ဟယ်လို....."
"တီလေး......"
"သား....ဘာဖြစ်လို့လဲ ။အသံကတမျိုးဖြစ်နေပါလား...သားနေကောင်းရဲ့လား"
"ကျွန်တော် ဘာမှ မဖြစ်ပါဘူး တီလေး။ နည်းနည်း
ပါးပါးနေမကောင်းချင်တာပါ။ ဒါနဲ့...တီလေး..
ညလေး တီလေးဆီလာသေးလား"
"ဘာဖြစ်ကြပြန်ပြီလဲ။ ညချမ်း...အိမ်မှာမရှိဘူးလား။ သူက ဒီအချိန်ကြီး ဘယ်တွေသွားနေတာ
လဲ။ သား...ညချမ်း သားကို အနိုင်ကျင့်နေတယ်
မို့လား...တီလေးကို ပြော။ အဲကောင်မလေးကို
တီလေး ဆုံးမမယ်"
"ဟာ!.....မဟုတ်ပါဘူး တီလေးရဲ့။ ကျွန်တော်က
ဒီနေ့အရေးကြီးတဲ့ meetingရှိနေလို့ အိမ်ပြန်မရောက်သေးတာ။ မနက်ထဲက ညလေးက တီလေး
တို့ဆီသူသွားနေမယ်ဆိုလို့ ကျွန်တော် လမ်းကနေ
ဖုန်းဆက်တာ။ တကယ်လို့ ညလေး..တီလေးတို့ဆီ
ရောက်နေရင် ကျွန်တော်တစ်ခါတည်း ဝင်ခေါ်မလို့"
တီလေး အကြောင်းကို သိနေသဖြင့် ညလေး အဆူ
ခံရမှာစိုးကာ သူကာပြောလိုက်ရသည်။
"ဟုတ်ရဲ့လား သား...။ညချမ်း အိမ်ကနေ ထွက်သွား
တာများလား...တီလေးကို မလိမ်နဲ့နော်"
ပြဿနာပဲ....တီလေးက လွယ်လွယ်နဲ့ယုံပုံမပေါ်။
"မဟုတ်ပါဘူး တီလေး။ ကျွန်တော်က ခုမှပြန်လာတာ...။ တီလေးဆီများရောက်နေလားလို့ ဖုန်းဆက်လိုက်တာ။ ညလေး..ဆီကျွန်တော်ဆက်လိုက်မယ်။
တီလေးကို စိတ်ပူအောင်လုပ်လိုက်မိပြီ..."
"ညချမ်းကို သိပ်အလိုမလိုက်နဲ့သား....။သူ ဆိုးတာ
ကိုလည်း ခွင့်လွှတ်မထားနဲ့ ကိုယ်က သူ့ခင်ပွန်း။
ပြီးတော့ ကိုယ်က အကြီးလည်းအကြီးဖြစ်တော့..
ဆုံးမစရာရှိရင် ညှာတာမနေနဲ့...ကြားလား။ ခုချိန်မှာ
တီလေးတို့က ဆိုင်သာဆိုင်သာ မပိုင်တော့ဘူး။
ဘာတွေဖြစ်လာလာ သားတို့နှစ်ယောက်ပဲ စံစားခံစားရမှာ။ ကိုယ့်မိန်းမကို ချစ်တယ်ဆိုပြီး
အရမ်းအလိုမလိုက်နဲ့....။သားလည်း နေမကောင်း
ဘူးမို့လား....ကားကိုဂရုစိုက်မောင်း။ပြန်ရောက်ရင်
သမီးကို ဆရာလေးဘာလေးခေါ်ခိုင်း....အလုပ်တွေ
ကြည့် ဖိလုပ်မနေနဲ့ဦး။ကျန်းမာရေးလည်းဂရုစိုက်"
"ဟုတ်ကဲ့....တီလေး....."
"အေး....သမီး မင်းကို အနိုင်ကျင့်ရင် တီလေးကိုပြော။ သူ့ကို တီလေးကိုယ်တိုင်လာဆုံးမမယ်...
ကဲ...ကဲ သားကားမောင်းနေတာမို့လား..တီလေး
ဖုန်းချလိုက်မယ်"
"ဟုတ်ကဲ့...."
တီလေးက သူ့လူ။ ဘာပဲဖြစ်ဖြစ် သူ့ရှေ့ကနေ
ရပ်တည်၏။ သူ တကယ်ကံကောင်းသည်။ တီလေး
က သူ့ကို သားအရင်းလေးလိုချစ်တာ။ မေမေကျပြန်တော့ ညလေးကို ချစ်လိုက်တာတုန်လို့...။ညလေးဘက်က အသင့်ရှိနေတတ်တာ မေမေ။မဖြစ်ဘူး..တော်ကြာ တီလေးက ဒေါ်ညို့ကို ဖုန်းဆက်မေးနေမှ အလိမ်တွေပေါ်နေမယ်။ ညလေး...သက်သက်အဆူခံနေရမယ်။ ဒေါ်ညို့ကို မှာထားရမယ်..။
သူ ဒေါ်ညို့ကို ဖုန်းပြန်ဆက်လိုက်သည်။ တီလေး
ဖုန်းဆက်ရင် ညလေး အိပ်နေပြီလို့ပြောပေးဖို့။
သူက အလုပ်ကိစ္စအရေးကြီးလို့အိမ်ပြန်မရောက်
သေးဘူးလို့ ပြောပေးဖို့.ဖုန်းဆက်ပြောထားရသည်။
ညလေးများ အိမ်ပြန်ရောက်ပြီလားလို့ မေးရတာ
လည်း အမော။ အဖြေကလည်း မထူးခြား...။
ညလေး...မင်း ဘယ်တွေများလျှောက်သွားနေတာ
လဲ။ကိုယ့်ကို ရွဲ့တာက ကိစ္စမရှိဘူး။ ညလေး..
ဒုက္ခရောက်မှာကို ကိုယ်စိုးရိမ်တာ။
ညဆယ်နာရီ ကျော်လာတော့ သူ... အကြံအိုက်လာ
သည်။ လွန်းခကို ဖုန်းဆက်မေးတော့လည်း လွန်းခ
က ကျိုက်ထီးရိုးရောက်နေတာ နှစ်ရက်ရှိနေပြီတဲ့။
ညလေးမှာ လွန်းခအပြင် ရင်းနှီးတဲ့သူငယ်ချင်းမရှိ
တာ သူသိသည်။ လွန်းခ ညာနေတာ မဖြစ်နိုင်။
ညလေး...မင်း ဘယ်တွေသွားနေလဲကွာ။ ကိုယ် စိတ်ပူရလွန်းလို့ သေတော့မယ်။
ဖုန်းဆက်တော့လည်းဖုန်းက စက်ပိတ်ထား၏။
သူမ သွားနိုင်မယ်လို့ ထင်တဲ့ နေရာတွေကိုလိုက်
ရှာရတာလည်း တစ်မြို့လုံးနှံ့တော့မယ်။ အချိန်ကလည်း ညတစ်နာရီရှိနေပြီ။ ညလေးများပြန်ရောက်
နေမလားလို့ အိမ်ဖုန်းကို ဆက်ရတာလည်း အမော
တသော။ ကားတစ်စီးနဲ့ အချိန်မဟုတ်... အရူးတစ်
ယောက်လို တစ်လမ်းဝင်တစ်လမ်းထွက်ဖြင့်အချိန်
တွေကုန်နေရသည်။
တစ်နေကုန် အလုပ်ပင်ပန်းတာရော ဖျားတာပါ
ပေါင်းက ခေါင်းတစ်ခုလုံးကို ဆယ်ပေါင်တူနဲ့ ထု
နေသလို ခံစားနေ၏။ ညစာလည်း စားဖို့ သတိ
မရ။ဗိုက်ဆာဖို့တောင်သတိမရတော့တဲ့ အထိ
သူ သောကဖိစီးနေသည်။ ကားဂိတ်တွေလည်း
နှံ့နေခဲ့ပြီ။ ညလေးကွာ.....ကျစ်။
စိတ်တွေ မတည်မငြိမ်ဖြစ်လာတော့ စုပ်ပဲသပ်နေ
မိသည်။ သန်လျင်ဘက်ကမ်းလည်း ရောက်ခဲ့
ပြီးပြီ။ သူမရဲ့ အရိပ်အယောင်လေးတောင် မတွေ့။
မိဘတွေသိကုန်ရင် အကျယ်တဝံ့ဖြစ်ကုန်မှာစိုးလို့.သူ တစ်ယောက်ထဲ ကြိတ်ရှာနေတာ။နှစ်ဖက်
မိဘတွေနား ပေါက်ကြားသွားရင် ညလေး အတွက်
မကောင်း။ခုချိန်မှာ သူကညလေးရဲ့ ခင်ပွန်းတစ်
ယောက်...သူမနဲ့ပက်သက်တဲ့ကောင်းခြင်းဆိုးခြင်း
အားလုံးဟာ သူနဲ့သာ တိုက်ရိုက်သက်ဆိုင်နေတာမို့
ညလေးကို သူ မထိခိုက်စေချင်ပါ။ ညလေး ပျော်
နေတာပဲ တွေ့ချင်သည်။ ညလေး စိတ်ချမ်း
သာရင် ပြီးရော...။
အရာရာကို နားလည်လို့ရပေမယ့် ခုလိုညကြီးမင်း
ကြီး တစ်ယောက်ထဲလျှောက်သွားတာတော့
သူ ကြည့်နေလို့မရ...။သူမ တစ်ခုခုဖြစ်မှာ သူစိုးရိမ်
နေရသည်။ လက်က နာရီ ကို အကြိမ်ကြိမ်ငုံ့ကြည့်
ရင်း ကားကို တစ်လမ်းဝင်တစ်လမ်းထွက်လျှောက်မောင်းနေမိသည်။
ဘယ်အချိန်များ ဖုန်းသံကြားရမလဲလို့ နားစွင့်
နေရတာလည်း အမော။ အာခေါင်တွေပူထူကာ
မျက်လုံးတွေစပ်ဖျင်းလာပေမယ့်.....သူ အိမ်ပြန်ဖို့
စိတ်ကူးလုံးဝမရှိ။ ညလေးသာ တစ်ခုခုဖြစ်သွားရင်
သူ ဘယ်လိုမှ ဖြေနိုင်မည်မဟုတ်။ သူမကို ဘာအကြောင်းနဲ့မှ အထိခိုက်မခံနိုင်ပါ။ တစ်ကိုယ်လုံး
ချမ်းတုန်နေချင်ပေမယ့်...ညလေးကိုပူပင်တဲ့ စိတ်က
ဆောင်နေသဖြင့် သူတစ်ညလုံးကားတစ်စီးနဲ့
ပြာယာခတ်နေသည်။
တစတစကားလမ်းမပေါ်မှာ ကားတွေရှင်းလာ၏။
သူ့မျက်လုံးတွေလည်း ဝေဝါးလာသည်။မြင်လွှာ
များက နှစ်ထပ်တွေဖြစ်လို့လာကာ စတီယာရင်ကို
ဆုပ်ကိုင်ထားသည့် လက်များက ထုံကျင်လာ၏။
လက်ပတ်နာရီကို ငုံ့ကြည့်တော့ မနက်လေးနာရီ
တိတိကိုပြနေ၏။
မနက်ရောက်တော့မည်...သူ ခုချိန်ထိညလေးကို
မတွေ့။ ဒေါ်ညိုဆီ ဖုန်းဆက်ကြည့်ဖို့ ဖုန်းကို
လှမ်းအယူ.....၊
"တီ......တီ......."
"ဟာ!........"
မျက်နှာချင်းလာနေသည့် ကားနဲ့တည့်တည့်တိုး
လေတော့သည်။ တစ်ဖက်ကားကလည်း တစ်လမ်း
လုံးပြည့်လာကာ...သူ့ကားဆီ တည့်တည့်ဝင်လာ
၏။
လျှပ်တပြက်မို့....ကားကိုဘေးသို့ ဝိုက်အချ၊
"ကျွီ.......ဒုန်း............"
ကား ဘရိတ်ဆွဲသံကြီးနဲ့ ဒုန်းခနဲအသံအဆုံးမှာ
ကားတစ်ခုလုံးတုန်ခါလျက် သူ့ခေါင်းထဲမီးပွင့်
သွားရသည်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ကိုထော!................"
".......ကိုထော........ဟင်"
လူက ဆက်ခနဲ ထထိုင်မိလျက်သား ဖြစ်သွား၏။
မျက်လုံးတွေပြူးကျယ်ကာ အမြင်အာရုံတွေရှင်း
လင်းလာတော့မှမျက်လုံးတွေက အခန်းပတ်လည်
ကိုဝေ့ကြည့်မိသွားသည်။ ဟင်......ငါ အိပ်မက်
မက်နေတာဘဲ။ ညလေး အခန်းကို သတိထား
လိုက်မိတော့ သူမအိပ်ပျော်နေတာကို သတိရ
သွားသည်။ ညလေး ရောက်နေတာက အိပ်ယာပေါ်မှာ.....။
အိပ်မက်မက်နေတဲ့ ကိုယ့်အဖြစ်ကို သတိထား
မိသွားတော့ သူမတစ်ကိုယ်လုံးချွေးများရွှဲနေလျက်။
"တော်သေးတာပေါ့ အိပ်မက်မို့......."
တစ်ယောက်ထဲရေရွတ်မိရင်း စားပွဲပေါ်ကနာရီကို
လှမ်းကြည့်လိုက်မိသည်။ နာရီလက်တံလေးက
မနက်လေးနာရီ နှစ်မိနစ်ကိုညွှန်ပြနေ၏။ အခန်းမီး
လေး ဖွင့်လိုက်ပြီး စောင်ကိုကိုယ်ကနေခွာလိုက်
ကာ အိပ်ယာပေါ်ကနေ ဆင်းလိုက်သည်။ဘေးစားပွဲ
ပေါ်ရှိ ရေချိုင့်ထဲက ရေကို ဖန်ခွက်ထဲသို့ လောင်း
ထည့်လိုက်ကာ တရှိန်ထိုးမော့သောက်မိ၏။
ဖန်ခွက်ကို စားပွဲပေါ်အသာပြန်ချရင်း အခန်းထဲ
ကိုဝေ့ဝဲကြည့်လိုက်မိပြန်၏။ လစ်ဟာနေသည့် ဒရင်းဘတ်နဲ့ အိပ်ယာလေးက... သူအခန်းထဲပြန်မလာဘူးလို့ပြောနေသလို.....။
ဟင်း.......။ညလေး သက်ပြင်းလေးခိုးချရင်းခုတင်
ပေါ် စိတ်မပါသလိုလေး ထိုင်ချလိုက်ကာ မျက်နှာ
ချင်းဆိုင်မှာ မြင်နေရသည့် ဓာတ်ပုံကို မမှိတ်မသုန်
စိုက်ကြည့်နေမိသည်။ ဓာတ်ပုံထဲမှာသတို့သားက
သတို့သမီး ပါးလေးကို နှာခေါင်းဖျားလေးဖြင့်
ဖိကပ်လျက်..ကြည်နူးစွာရယ်နေပုံတစ်စောင်းလေး။
အတည့်မြင်နေရသည့်သတို့သမီးမျက်နှာလေးက
မျက်လုံးလေးဝိုင်းကာ နှုတ်ခမ်းလေးခပ်ဟဟဖြင့်
အံသြမှင်တက်သွားပုံလေး။ ဒီပုံက သူတို့မဂ်လာ
ပွဲမှာ ကိုထောလူလည်ကျသွားပုံကို သူ့သူငယ်ချင်း
တွေကမိမိရရရိုက်ယူခဲ့တာ။ မဂ်လာဆောင်ပြီး
လေးရက်လောက်ကြာတော့ ဒီပုံကြီးကို သယ်လာပြီး ညလေးတို့အိပ်ခန်းထဲမှာသူကိုယ်တိုင်ချိတ်ခဲ့
တာ။
ဓာတ်ပုံထဲက ဘေးတစ်စောင်းမြင်နေရသည့်
ကိုထောပုံက ဆွဲဆောင်မှုအပြည့်ဖြင့် ကြည်စင်စွာ
ရယ်နေတာ တကယ့်လူချောတစ်ဦးပင်။ ကြည့်နေရင်း စောစောက အိပ်မက်ကို သတိရသွားတော့
ညလေး ရင်ထဲ အမည်မသိလှိုင်းလေးတွေရိုက်ခတ်
လာသည်။ သွေးတွေဖြာနေသည့် မျက်နှာကိုပြန်
မြင်ယောင်မိတော့ မတ်တပ်ရပ်မိလျက်သားဖြစ်
သွားကာတံခါးဆီပြေးခဲ့မိသည်။ တံခါးလော့ခ်ကို
ဖြုတ်ဖို့လက်တင်ရင်း...တုံ့ဆိုင်းသွားရ၏။
"ကိုကို......"
ရင်ထဲမှာ ပဲ့တင်ထပ်အောင်ခေါ်နေမိတဲ့နာမ်စားတစ်
ခုက နှုတ်ဖျားကနေ တိုးတိုးလေးထွက်ပေါ်လာ၏။
တည်ကြည်ချောမွေ့သည့် ကိုကို့မျက်နှာကိုမြင်
ယောင်လာတော့ စောစောက မျက်ရည်တွေနဲ့မျက်
လုံးက ချက်ချင်းစိမ်းတောက်သွားကာ မျက်နှာ
လေးကလည်း တင်းမာသွားသည်။
"ကိုကို......ညလေးလေ....ညလေး..ကိုကို့ကိုအရမ်း
ချစ်တယ်။ပြီးတော့ အရမ်းလည်းသတိရတယ်...
ကိုကို...။ကိုကိုရယ်...ဘယ်ဆီများရောက်နေပြီလဲ။
ညလေးကို...ညလေးကို အရမ်းနာကြည်းမုန်းတီး
နေမှာပေါ့နော်။ မုဆိုးတပိုင်းမိန်းမရိုင်းကြီးဆိုပြီး
နာကြည်းသွားပြီပေါ့..."
မဂ်လာပွဲပြီးတော့ နောက်တစ်နေ့မှာ ကိုကို့အိမ်ကို
ညလေးရောက်သွားခဲ့တယ်ကိုကို။ ကိုကိုနဲ့ကိုထော
ကညီအစ်ကိုတွေမှန်း ညလေး သိလိုက်ရတယ်။
ပြီးတော့ကိုကို...ကိုကိုတစ်ယောက်ညလေးကို
နာနာကြည်းကြည်းနဲ့ပြောဆိုလုပ်မလားလို့ ညလေး
တွေးထားတာ။ တကယ်လည်းရောက်သွားရော.ကိုကိုက ညလေးနဲ့ဝေးရာကိုရှောင်ထွက်သွားတယ်နော်။ ကိုကိုရယ်....ကိုကို့ရင်ထဲမှာ ဘာတွေ
ဖြစ်နေမလဲဆိုတာ ညလေးနားလည်နေတယ်။
ပြီးတော့ ကိုကို့ကို အရမ်းသနားတယ်။ ကိုကို
ရှောင်ထွက်သွားတာ...ညလေးကြောင့်ပါကိုကို။
ညလေး...ညလေးလေ...ကိုကို့ကိုပြောပြချင်တာ
တွေအများကြီးပဲ သိလား။ ညလေး သတ္တိရှိပါတယ်
ကိုကို...။ညလေး ကိုကို့နောက်လိုက်ဖို့ ထွက်လာခဲ့တာပါကိုကိုရယ်...။ညလေး..ကိုကို့ကိုဘယ်တုန်း
ကမှ ထားခဲ့ဖို့ မစဥ်းစားခဲ့ဖူးပါဘူး။
အားလုံးဟာ...ဟိုလူယုတ်မာကြောင့်....။သူ့ကြောင့်
ကိုကိုနဲ့ညလေးဝေးရတာ။မုန်းတယ်...ရှင့်ကို
အရမ်းမုန်းတယ်စည်းစိမ်ထော....။ ရှင်ကကျွန်မတို့
ချစ်သူနှစ်ယောက်ကို ရက်ရက်စက်စက်ခွဲခဲ့တဲ့
နတ်ဆိုးတစ်ကောင်ဘဲ။ ရှင့်ကိုအရမ်းမုန်းတယ်။
မုန်းတယ်....မုန်းတယ်....။
ညလေးတို့ချစ်ခြင်းကို ခွဲတဲ့ မိစ္ဆာနတ်ဆိုး...မုန်း
တယ်။ ညလေးချစ်တာ ကိုကို့ကိုပါ ကိုကိုရယ်။
စည်းစိမ်ထောဆိုတဲ့လူယုတ်မာကို ညလေးမုန်း
တယ်။ ကိုကို... ညလေးဆီပြန်လာခဲ့ပါ ကိုကိုရယ်။
ကိုကိုသာ အနားရှိရင် ညလေး ဘာကိုမှ ဂရုမစိုက်
ဘူး။ကိုကို့ဆီညလေး အပြေးလာချင်ခဲ့တာ။
ညက ကိုကို့အိမ်နားကို ညလေး လာခဲ့သေးတယ်
ကိုကို။ ကိုကို့ကိုများတွေ့မလားလို့လေ...။ ဒါပေမဲ့
ကိုကိုရဲ့အရိပ်အယောင်လေးတောင်မမြင်ခဲ့ရ
ပါဘူးကိုကိုရယ်။ အရမ်းလွမ်းတယ် .....အရမ်း
လည်းသတိရနေမိတယ်။ ညလေးလေ...လုံးဝ
မပျော်ဘူးသိလား။ ကိုကိုကလွဲပြီး ဘယ်ယောကျ်ား
ကိုမှ မချစ်နိုင်သလို... ကိုကိုမဟုတ်တဲ့တခြားတစ်
ယောက်ကို ညလေးခင်ပွန်းလို့ မသတ်မှတ်ဘူး။
စည်းစိမ်ထောက ညလေးခင်ပွန်းမဟုတ်ဘူး။
ညလေးကို မတရားသိမ်းပိုက်ထားတဲ့ အတ္တသမား
လူရမ်းကား....။သူကို သေလောက်တောင်မုန်း
တယ်။
စည်းစိမ်ထောကို တမင်စိတ်ဒုက္ခပေးချင်လို့ ညလေး
အိမ်မပြန်ဘဲ ကားလျှောက်မောင်းနေခဲ့တာ။
ရှစ်နာရီလောက်မှာ ကားပျက်လို့ ညလေးကားကို
ပို့နေကြဝက်ရှော့ခ်ကို ဖုန်းဆက်ပြီးကားလာဆွဲခိုင်း
လိုက်တယ်။ပြီးတော့ taxiငှားပြီး အိမ်ပြန်လာခဲ့တာ။အိမ်ထဲကိုဝင်လာတော့ တစ်ယောက်မှ မရှိကြ။
ညလေးလည်း စိတ်ရှုပ်ရှုပ်နဲ့ အခန်းတံခါးကိုလော့ခ်
ချပစ်ပြီး အခန်းမီးတွေပိတ်ကာ အိပ်ပစ်လိုက်၏။
ရုတ်တရက်..အိပ်မက်ဆိုးတွေမက်ပြီးလန့်နိုးလာတော့ မနက်လေးနာရီ။ ဟင်း...လူရမ်းကား...
လူယုတ်မာ...ရှင့်ဘာသာသေသေရှင်ရှင် ကျွန်မ
မသနားဘူး။ ရှင်သေသွားမှအေးမှာ သိရဲ့လား။
ပါးပြင်ပေါ် တစ်ပေါက်ချင်းကျနေတဲ့မျက်ရည်တွေ
ကိုလက်ဖြင့်ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး
ခုတင်ဆီပြန်လျှောက်ခဲ့သည်။ ခုတင်ပေါ်အသာ
လှဲချကာ စောင်ကို ဆွဲခြုံပစ်လိုက်ရင်း မျက်လုံး
တွေစုံမှိတ်ပစ်လိုက်သည်။ ခံလိုက်...အဲမှာ...။
သူများ ချစ်သူတွေကို ခွဲခဲ့တဲ့လူကြီး...။ရှင်...ကျွန်မ
တို့နာကျင်ခံစားရတာထက်ပိုခံစားစေရမယ်...။
အဲဒါ....ကျွန်မရဲ့ကျိန်စာ.......။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
သားပြန်မရောက်သေးတော့ မနက်မိုးလင်းတာနဲ့
သူမဆိုင်ရောက်နေတတ်ပြီး...မိုးချုပ်မှအိမ်ပြန်
သည်။ ခုလည်း...ဆိုင်သိမ်းတော့မှောင်နေပြီ။
ကိုယ့်လမ်းထဲက ကိစ္စမရှိ။ သူမကို မသိတဲ့လူမရှိ။
လမ်းထဲမရောက်ခင်တာ သူမစိုးရိမ်တာ။ခြေလှမ်း
တွေကို ပိုသွက်လိုက်မိသည်။ စိတ်ထဲက ဒီနေ့မှ
မသိုးမသန့်ဖြစ်နေလို့...ခြေလှမ်းတွေကပိုသွက်နေ
တာ။ နောင်ကိုတစ်ချက်မှလှည့်မကြည့်ဘဲ တစ်လမ်းကျော်ကနေကိုယ့်လမ်းထဲကို ရောက်ရန်
စိတ်စောနေသည်။
လမ်းဘေးမီးတိုင်က တစ်တိုင်နဲ့တစ်တိုင်အလှမ်း
ဝေးနေသလို လမ်းဘေးခွေးတွေရဲ့ ဟောင်သံက
သူမနားစည်ကိုလာရိုက်ခတ်၏။ ကိုယ့်လမ်းထဲ
ရောက်ရင် အမှောင်ရိပ်ကကိုကြီးစိုးမှာ..။သူမတို့
နေတာဆင်းရဲသားရပ်ကွက်။
မလုံမလဲနဲ့ကြောက်နေတဲ့ကိုယ့်စိတ်ကိုယ်လည်း
ဒေါသဖြစ်နေမိသည်။ ဒီနေ့မှ ဘာဖြစ်ရတာလဲ။
အခါတိုင်းလည်း ဒီနေ့လောက်နောက်မကျပေမယ့်
အခါတိုင်းလည်းသူမမိုးချုပ်တတ်တာဘဲ။
ကိုယ့်လမ်းကိုလှမ်းမြင်လိုက်ရချိန်...ရင်ထဲ စိုးရိမ်
စိတ်ကနည်းနည်းသက်သာသွား၏။ ခြေလှမ်းကို
အရှိန်နည်းနည်းပြန်ချကာ ပုံမှန်လေးလျှောက်
ဖြစ်သွားသည်။ အတွေးတွေက သားဆီပျံ့လွင့်သွား
ချိန်..ခြေလှမ်းများကပိုနှေးကျသွား၏။
ပါးပြင်ပေါ်စိုစွတ်လာသည့်မျက်ရည်တွေကိုပွတ်
သုတ်လိုက်စဥ်..သူမစိတ်ထဲတစုံတခုကိုခံစား
လိုက်ရသည်။ သူမနောက်က...တစ်ယောက်ယောက်
လိုက်နေတာ။ ဖျတ်ခနဲလှည့်ကြည့်လိုက်တော့
မီးတိုင်နဲ့အလှမ်းကွာနေတဲ့ မှောင်ရိပ်မှာမဲမဲသဏ္ဍာန်
တစ်ခု။သူမနောက်ကို ခြေလှမ်းမှန်မှန်နဲ့လိုက်နေတာ။လူလုံးမကွဲပေမယ့်...ယောကျ်ားတစ်ယောက်
ဆိုတာကိုသိလိုက်တော့ အန္တရာယ်ဆိုတဲ့အချက်ပေး
ခေါင်းလောင်းသံတွေခေါင်းထဲမြည်ဟီးသွားရ၏။
နောက်ကိုတစ်ချက်မှလှည့်မကြည့်တော့ဘဲ သူမ
သုတ်ခြေတင်တော့သည်။ နောက်ကခြေသံကို
မပျက်နားစွင့်မိတော့ သူမနောက်ကထပ်ချပ်မခွာ
လိုက်လာတာကို သိလိုက်သည်။ဘုရား.....။
ခပ်သွက်သွက်လှမ်းရင်းလမ်းထဲချိုးကွေ့အဝင်၊
"ဟိတ်!........."
"အမလေး.!..........."
အပိုင်း(၂၄)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း