💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
"မေမေ......"
"သားသား...လာလေ...."
ဒေါ်စိန်မြကြီးက..သူမဘေးဘက် ဆိုဖာကိုညွှန်ပြ
လိုက်တာမို့ သူ.. မိခင် ညွှန်ပြတဲ့ ဆိုဖာပေါ်ဝင်ထိုင်
လိုက်သည်။
"မေမေ့ကို ကျွန်တော် ပြောစရာရှိလို့..."
"ပြောလေ သား...."
မိခင်ရဲ့ ဖျတ်လက် တဲ့ဟန်ပန်ကိုကြည့်ပြီး သူ
ခဏငြိမ်နေမိသည်။ ဒီကိစ္စက မိခင်ကို မပြောလို့
မဖြစ်။ ဆောင်းရဲ့ ဇနီးကို သူဒီအတိုင်းပစ်မထား
နိုင်..။ KTN groupရဲ့ ချွေးမဖြစ်ပြီး သာမန်ဆင်းရဲ
သားရပ်ကွက်လေးမှာ ဘဝရပ်တည်နေတာ ဘယ်လိုမှ မဖြစ်သင့်...။
"မေမေနေလို့ကောင်းတယ်ထင်တယ် မျက်နှာလေး
ကိုကြည်နေတာပဲနော်....။မေမေ့သမီးက အတော်
အပြုအစုကောင်းပုံဘဲ..."
သူ ရယ်ရယ်မောမောနဲ့ပြောလိုက်တော့ မေမေက
မဲ့လိုက်ကာ၊
"ကောင်းတာပေါ့..အဲလို သမီးလေးမျိုးကို ကျုပ်
စိတ်ကြိုက်ရှာထားရတာ။မင်းသာ ဟိုက အဖြူမ
တွေ ယူရင် ခုလို ဘယ်နေရပါ့မလဲနော်။ ဒီအမေကို
ကျေးဇူးတင်...."
"ဟုတ်ကဲ့....တင်ပါတယ်ဗျာ။ အဲလို ချွေးမမျိုး မေမေနောက်တစ်ယောက် မလိုချင်ဘူးလား..."
"ကြည့်စမ်း....။သားသား...မင်း ဘာပြောလိုက်တယ်။ မင်းက...မင်းက နောက်ထပ် အငယ်အနှောင်းထားဖို့ စိတ်ကူးနေတာလား။
အေး...မေမေတစ်ခါထဲ ပြောလိုက်မယ်။ မေမေတို့
မျိုးရိုးမှာ အဲလို တစ်ယောက်မှ မရှိဘူး သားသား။
မေမေ ဘယ်လိုမှ လက်သင့်ခံမှာ မဟုတ်ဘူး။
မင်းကွယ်....ကိုယ်က မြေးတောင်ရတော့မယ်။
ဒါမျိုးလုပ်စရာလား:..."
"ဟား........."
မေမေထင်ရာတွေ ပြောနေတာမို့ သူ ခေါင်းမော့
ကာ ရယ်ပစ်လိုက်သည်။ မေမေနဲ့တော့ တမျိုး..။
သူက. နောက်တစ်ယောက်ယူစရာလား။
"ရယ်မနေနဲ့ လေပြည် မေမေ တကယ်ပြောနေတာ။
အေး..မင်း လိုချင်လို့ ယူရင်တော့ ငါ့ကို အမေလို့
လည်း မသတ်မှတ်နဲ့။ ပြီးတော့ ငါ့သမီးနဲ့လည်း
လုံးဝလာမပက်သက်နဲ့တော့။ ငါ့သမီးနဲ့ ငါ့မြေးက
မင်းနဲ့ ဘာမှ မဆိုင်တော့ဘူးမှတ်။ နောက်ထပ်
ရှိသေးတယ်..မင်း ငါ့အိမ်ရိပ်တောင် လာမနင်းနဲ့
တော့..."
ဒေါ်စိန်မြကြီး ဒေါနဲ့ မောနဲ့ ပြောနေသည်။ မျက်နှာ
တစ်ခုလုံးလည်း တင်းမာနေ၏။
"ဟာဗျာ.....မေမေကလဲ....။ တလွဲတွေဖြစ်ကုန်ပြီ။
ကျွန်တော် က ဘာကြောင့် နောက်မိန်းမယူရမှာ
လဲ မေမေရာ။ ကျစ်.....ကျွန်တော် ပြောမှာက
တခြားပါ...။ မေမေ ပြောနေတာနဲ့ ရှုပ်ကုန်ပြီ.."
"ဘာရှုပ်တာလဲ...သားသားနော် မင်း ဒီအရွယ်ကြီး
ရောက်နေမှ....."
မေမေက တကယ်ထင်ကာ သူ့ကို မဲနေတော့သည်။
သူ ဆံပင်တွေထဲ လက်ထိုးထည့်တော့မလို ပြင်ပြီးမှ လက်ပြန်ရုတ်လိုက်၏။ အမြဲတမ်းသေသေသပ်
သပ်နေတတ်တဲ့ သူ့အကျင့်က စိတ်ရှုပ်ရင်တောင်
ခေါင်းထဲ လက်မထည့်။ သူ့ခေါင်းတွေ ရှုပ်ပွသွား
မှာ အရမ်းဆိုးသည်။စည်းစနစ် ကြီးပြီး အသန့်
အပြန့်ကြိုက်တာ သူ့ဗီဇ။
"ကျွန်တော် ပြောမှာက အဲလို မဟုတ်ဘူး။ကျွန်တော် က ဘာလို့ နောက်တစ်ယောက်ယူရမှာလဲ မေမေရာ။ ဆောင်းမိန်းမအကြာင်း ပြောမလို့။
ခု..သူတို့သားအမိနှစ်ယောက်ထဲ ဒုက္ခရောက်နေတာ။ကျွန်တော့ သဘောကတော့ သူတို့ကို ခေါ်
ထားချင်တယ် မေမေ"
"ဘာ!......ဘာပြောတယ် လေပြည်....."
မေမေ့ဒေါသတွေလည်း သူ ဂရုမစိုက်ချင်တော့။
သူ ငြိမ်နေရင် ဆောင်းရဲ့ ဇနီးနဲ့ သားအဖြစ်က..။
သူ ..ဒီအတိုင်းလက်ပိုက်ကြည့်မနေနိုင်ပါ။
"ဟုတ်တယ် မေမေ။ မေမေ သဘောကျတဲ့ နှင်း
ကိုလည်း ကျွန်တော်လက်ထပ်ခဲ့ပြီးပြီ။ ကျွန်တော်
က သာယာတဲ့ အိမ်ထောင်ရှိနေပြီး ဆောင်းတို့ကျ
တကွဲတပြားဖြစ်နေတာ ကျွန်တော် ဘယ်လိုမှစိတ်
မကောင်းနိုင်ဘူး မေမေ။ မေမေ့သားငယ်လေး
က အဲဒီ ညိုပြာညက်ဆိုတဲ့ သူ့ဇနီးကို ဘယ်လောက်ချစ်တာ မေမေ သိပါတယ် မေမေ။ သူတို့ကို ဆောင်းကိုယ်စား..စောင့်ရှောက်သင့်ပါတယ်"
"မင်း...မင်း...ဘာတွေ လာပြောနေတာလဲ လေပြည်။ ငါ့သားငယ် ငါ့ကို ပြစ်သွားတာ
အဲဒီ မိန်းမကြောင့်။ ဘာကလေးလည်း..ဒင်းက
ဘယ်က ဟာနဲ့ ရမှန်းမသိတဲ့ ကလေးကို ငါ့မြေး
လို့ သတ်မှတ်စရာလား..."
"ကျွတ်......မေမေရာ....."
သူ မေမေ့ကို ဘယ်လိုပြောရမှန်းမသိတော့။ ငယ်ငယ်ထဲက ခွဲနေခဲ့လို့ မေမေအဲလောက် အတ္တမာန
တွေကြီးထွားနေမှန်းမသိခဲ့ရတာ အမှန်ပါ။ ဆောင်း
အစား..သူ နားလည်ပေးလို့ရနေသည်။ ဆောင်း
ဘယ်လောက်များ နာကျင်ခံစားရလို့ ဒီလောက်
နှစ်တွေ အများကြီး ရှောင်တိမ်းနေသလဲ မသိ။
မေမေရယ်...မေမေရဲ့ မာန်မာနတွေကို တစ်ထစ်
လောက်လျော့သင့်ပြီ။
"မဟုတ်တာ မေမေရယ်....။ မေမေ သေချာပြန်
စဥ်းစားပါဦး။ ဆောင်းက ညိုပြာညက်ကြောင့်
မေမေဘေးက ထွက်သွားတာလား။ မေမေ့
ကြောင့် ထွက်သွားတာလား ဆိုတာ..."
"တော်စမ်း....လေပြည်....မင်း..မင်း..မင်းအကျင့်
တွေလုံးဝမပြောင်းပါလား။ မင်းက ငါ့ကို လာဝေဖန်
နေတာလား။ ဒီမှာ ငါ့စကားနားထောင်တဲ့ သားငယ်
လေး ငါ့နားက ထွက်သွားတာ အဲဒီကောင်မကြောင့်
ဘဲ။ ဘယ်တုန်းကမှ ငါ့စကားဆို မင်းက နား
ထောင်ခဲ့တာမှ မဟုတ်တာ။ ငယ်ငယ်ထဲက မင်းက.မင်းအဖေလို ကိုယ်ထင်ရာကိုယ်စိုင်းချင်တဲ့
ကလေး။ ငါ့သားငယ်လေးကသာ ငါ့စကားနားထောင်တာ။ အဲလို လိမ္မာတဲ့ကလေးက ငါ့ကို
ပစ်သွားတဲ့အထိ ဖြစ်ရတာ ညိုပြာညက်ကြောင့်
ဘဲ"
"မဆိုင်တာ....။ဟုတ်ပါတယ်...ဆောင်းက မေမေ့
စကားနားထောင်တဲ့ မေမေချစ်တဲ့ သားငယ်လေးပါ။ကျွန်တော်ကတော့ မေမေ့စကားကို အမြဲဆန့်ကျင့်တဲ့ သားမိုက်။ ဒါကလည်း...အမှန်တရားပါဘဲ။
ဆောင်းခုလို မေမေဘေးကထွက်သွားရတာ
မေမေရဲ့ ငါစွဲအတ္တကြောင့်ဘဲ မေမေ။ ကန်တော့ပါ
မေမေ။ သားသမီးတစ်ယောက်အနေနဲ့ မပြောသင့်
မှန်းသိပေမယ့် ကျွန်တော်ပြောမှ ဖြစ်တော့မှာမို့ပါ။
ဆောင်းက...မေမေ့ကိုချစ်လွန်းလို့ မေမေ့စကားဆို
မပယ်ရှားဝံ့လို့ သူ အဝေးဆုံးကိုထွက်ပြေးသွားတာ။ဆောင်း..မေမေဘေးက ထွက်သွားအောင်
ညိုပြာညက်လုပ်တာ မဟုတ်ဘူး။မေမေကိုယ်တိုင်
ပဲ လုပ်ခဲ့တာ..."
"မင်း!......မိုးလေပြည်....မင်းဆက်မပြောနဲ့...."
မေမေက လက်ညှိုးထိုးလျက် သူ့ကို တားဆီး
သည်။ သူ ပြောမှ ဖြစ်မယ်။ အနှစ်နှစ်အလလ
ဆောင်း ဘယ်လောက်များနာကျင်ခဲ့ရမလဲ။
ပြီးတော့ ညိုပြာညက်....။
"ဆောင်းက သူ့အချစ်ဆုံးလူနှစ်ယောက်ကြားမှာ
သောကများပြီးနောက်ဆုံး သူ..မေမေတို့နှစ်ယောက်လုံးကို စွန့်ခွာသွားတာ။ အဲဒါ သူမေမေ
ကိုချစ်လို့။ပြီးတော့ မေမေ့လိုပဲ သူ့ဇနီးကို သူ
အရမ်းချစ်လို့။ ဆောင်းက မေမေ့စကားကို မပယ်
ရှားရက်သလို သူ့ဇနီးနဲ့ရင်သွေးကိုလည်း မထား
ခဲ့နိုင်တာ။ နောက်ဆုံးအထိ..သူမေမေ့ကျန်းမာရေး
နဲ့မေမေ့ကိုညှာတာခဲ့ရှာတာ။ သူ မေမေ့အတွက်စဥ်းစားပေးလို့ ...သူမေမေ့ကိုညှာတာလို့ မေမေစီစဥ်
သမျှထဲမျောပါနေခဲ့ရတာ။မေမေ့ကိုမချစ်ရင်
သူ့ချစ်သူလက်ကို ဆွဲပြီး အဝေးဆုံးကိုပြေး
ထွက်သွားတာကြာပြီ။ သူတို့ မိသားစု..ခုလိုတောင်
တကွဲတပြားဖြစ်နေစရာမလိုဘူး...."
"တော်စမ်း...မိုးလေပြည်။ဘယ်မှာ ငါ့ကိုညှာတာ
မှာလဲ။ ငါ့ကိုညှာတာရင် ငါ့ကို ထားခဲ့စရာ ဘာ
အကြောင်းရှိမှာလဲ။ ဆောင်းလေပြည်က မဘက်လိုက်လို့မိုက်ဘက်ပါတာ။ သူသာ ငါ့ကို
ညှာတာရင်..ဒီလောက်နှစ်တွေအကြာပြီးထွက်
သွားစရာ အကြောင်းကိုမရှိဘူး"
"ဆောင်းက မေမေ့ကိုမညှာတာ တာ မဟုတ်ပါဘူး
မေမေ။မေမေကသာ ဆောင်းအပေါ်တစ်ချက်လေး
တောင် ငဲ့ညှာမပေးခဲ့တာပါ...။ဆောင်းက မေမေ့
ကို ငဲ့ညှာလို့..သူ့ရင်သွေးနဲ့ သူအချစ်ဆုံး မိန်းမဆီ
မသွားခဲ့ဘဲ သူ့ရင်အကွဲခံပြီး အားလုံးနဲ့ ဝေးရာဆီ
ကို ထွက်ပြေးတိမ်းရှောင်သွားတာ။မေမေ့သား
ငယ်လေး မေမေ့ကိုစွန့်ခွာသွားတာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး...မေမေရဲ့ငါစွဲအတ္တကြောင့်ဘဲ..."
"ဗြန်း........"
"မေမေ...အို...မောင့်....."
နှင်း အတင်းပြေးဝင်လာကာ သူနဲ့ မေမေ့ကြား
ဝင်ရပ်လာ၏။ အသက်အရွယ်ကြီးနေတဲ့ အဖွားကြီး
ဆိုပေမယ့် မေမေရဲ့ရိုက်ချက်က သူ့ခေါင်းတစ်ခုလုံး
မီးပွင့်သွားသည်။ လည်ထွက်သွားသည့် ခေါင်း
ကိုပြန်မတ်လိုက်ရင်း နှင်း ဆွဲနေသည့်ကြားက မေမေ့ရှေ့ကို သွားရပ်ပစ်လိုက်ပြီး၊
"ရိုက်ပါ မေမေ...မေမေ့စိတ်ကြိုက် ရိုက်ပစ်လိုက်
ပါ။ သားသမီးကို မေမေ ကြိုက်သလိုရိုက်နှက်
ဆုံးမပစ်လိုက်ပါ။ ဒါပေမယ့်...အဲဒီ သားသမီး
တွေကိုတော့ ငါမွေးထားတယ်ဆိုပြီး မေမေရဲ့
ရုပ်သေးရုပ်တွေလို စိတ်ထင်တိုင်းကြိုးဆွဲပစ်ဖို့
မသင့်ပါဘူး။ အဲဒီ ရုပ်သေးလေးတွေက ခံစားတတ်
တဲ့ နှလုံးသားရှိတယ်မေမေ..."
"မောင်....မပြောပါနဲ့တော့မောင်ရယ်...."
သူ ရင်ထဲရှိရာတွေ ဆက်တိုက်ပြောပစ်လိုက်တော့
နှင်းက သူ့ခါးကို သိမ်းဖက်ကာ အတင်းတား၏။
မေမေ့မျက်လုံးတွေထဲမှာလည်း မီးတောက်မီးလျှံတွေ အပြည့်။
"မင်းက... ဘယ်တုန်းကမှ ငါ့ကို မတွယ်တာတဲ့
သား။ မင်းလို သားက.. ဒီလိုစကားတွေပြော
ထွက်တာ ရယ်စရာကောင်းလွန်းတယ် မိုးလေပြည်။
မင်း ငါ့ကို ဘာမှ လာဝေဖန်စရာမလိုဘူး။ နောက်ထပ်..ပြောကြည့်...."
မေမေကလည်း မတ်တပ်ရပ်လျက်..သူ့ကို အစိမ်း
လိုက်ကြည့်ကာ ပြောလာ၏။ကြားထဲကနေ
တဖြည်းဖြည်း တင်းမာလာတဲ့ သူတို့သားအမိ
ကြား နှင်း စိတ်ပူနေရသည်။မေမေကလည်း
ဘယ်တုန်းကမှ မလျှော့ခဲ့ဘူးသလို မောင်ကလည်း
ခေါင်းမာတဲ့နေရာမှာ နှစ်ယောက်မရှိ။
"ကျွန်တော် မေမေ့အပေါ်ပြောမှားဆိုမှားရှိရင်
ကန်တော့ပါတယ် မေမေ။ ဒါပေမယ့်...ကျွန်တော်
ပြောခဲ့သမျှက မမှားဘူးမေမေ။ မေမေရဲ့ အတ္တတွေ
ကိုလျော့လိုက်ပါတော့ဗျာ။ မေမေရဲ့ အတ္တတွေ
ကို လျော့လိုက်ရင် မေမေ့သားငယ်လေး မေမေ့နား
ပြန်ရောက်လာမှာပါ...."
"လုံးဝမလျော့နိုင်ဘူး...မိုးလေပြည်။ မိဘက
ကောင်းတဲ့လမ်းကို ညွှန်ပြတာ မင်းတို့ကမနာ
ခံကြဘူး။ အေး...ကိုယ်ကောင်းတယ်ထင်လို့
လုပ်ကြတာ ကိုယ့်လမ်းကိုယ်လျှောက်။ဒါပေမယ့်
ငါညိုပြာညက်ကို ချွေးမအဖြစ်လက်သင့်မခံနိုင်
ဘူး။ငါသေမှ မင်းတို့ ခေါ်ချင်ရင်ခေါ်ထားကြ..."
"မေမေ......"
"မင်းနဲ့ ဆက်ပြောနေလည်း မေမေတို့အဆင်ပြေ
မှာမဟုတ်ဘူး သားသား။ မင်း အဲဒီအကြောင်း
တွေ မေမေ့ကို နောက်ထပ်လာမပြောနဲ့......။ညိုပြာ
ညက်ဆိုတာ မေမေတို့မိသားစုထဲ လုံးဝမရှိ
တဲ့သူ။သူ့ကို မေမေလက်သင့်မခံနိုင်ဘူး"
မေမေရာ....။မေမေ့သားငယ်လေးဘက်ကိုတစ်ချက်
လောက်ငဲ့ကြည့်သင့်ပါတယ်။ မေမေရဲ့အတ္တတွေ
ငို ဖက်တွယ်ထားသရွေ့ မေမေ့သားငယ်မေမေနား
ကိုပြန်လာမှာမဟုတ်ဘူး။
အတ္တနဲ့ခြယ်မှုန်းတဲ့စကားဝိုင်းက တိတ်ဆိတ်ခြောက်
ကပ်ကာ အဆုံးသတ်၏။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"အို......."
"ဟာ!......ဆော်ရီးပါဗျာ......"
စည်း...တစ်ယောက်တည်း ယောင်နနဖြင့်လျှောက်လာရင်း...မျက်နှာချင်း က မိန်းကလေးနဲ့ ဝင်တိုက်
မိသွားတာမို့...တောင်းပန်လိုက်မိသည်။
"ဟင်!.....ကိုကို......"
တစ်ဖက်က မိန်းကလေးဆီက အသံလေးကြောင့်
သူ့မျက်လုံးတွေ သူမဆီရောက်သွားရ၏။
"လွန်းခ......."
ကော်ဖီရောင် ပြေးနေသည့် ဆံပင်လေးတွေကို
လွင့်ခါသွားအောင် ရယ်နေသည့် ကောင်မလေး
ကလင်းလွန်းခတဲ့လား။ မထင်ထားပါ...သူမနဲ့
ဒီမှာလာဆုံနေမယ်လို့ လုံးဝမထင်ထား။
"ဟယ်....ကိုကိုက ကျိုက်ထီးရိုးရောက်နေတာ"
"ဟုတ်တယ် လွန်းခ...ကိုကို ဒီရောက်နေတာ
တစ်ပတ်ကျော်ပြီ"
"သြော်....ဟုတ်လား...လွန်းခက မနေ့ကမှရောက်
တာ။ ကိုကို မပြန်သေးနဲ့ဦးနော်...."
"ဒါနဲ့ လွန်းခ...ဘယ်သူနဲ့လာတာလဲ"
သူ ဘေးဘီဝဲယာကိုကြည့်ပြီး မေးလိုက်၏။
လွန်းခက... သွားတန်းလေးတွေပေါ်အောင်ရယ်
လိုက်ရင်း....၊
"အိမ်ကမသိအောင်ခိုးထွက်လာတာ။ လွန်းခ
ဒီရောက်မှ အိမ်ကို သတင်းပေးလိုက်တာလေ။
ဘယ်သူမှ မပါဘူး။ ကိုကိုမပြန်သေးနဲ့ဦးနော်။
လွန်းခနဲ့မှ အတူတူပြန်ကြမယ်..။ ခုတော့ ကိုကို
ရှိနေတော့ အဖော်ရပြီကွ....."
ကလေးတစ်ယောက်လို ခုန်ပေါက်ကာပျော်နေတဲ့
လွန်းခကိုကြည့်ကာ စည်းပါလိုက်ပါရယ်မော
လိုက်မိသည်။
"လွန်းခ...တစ်ယောက်ထဲ...လာတာ အိမ်ကဘာမှ
မပြောဘူးလား။ ကိုယ်က ကိစ္စမရှိပါဘူး..."
"အင်း....အဲကြောင့်ပြောတာပေါ့ အဖော်ရပြီလို့။
ကိုကိုနဲ့ လွန်းခလျှောက်လည်လို့ရပြီ"
"လွန်းခ...ရန်ကုန်မှာက ကိုကို့မေမေတစ်ယောက်
ထဲကျန်ခဲ့တာ။ကိုကိုအကြာကြီး နေလို့မရဘူး"
"ဟုတ်ပါတယ်ကိုကို...လွန်းခလည်း နှစ်ရက်လောက်ပဲနေမှာပါ။ ကိုကို အဲဒီနှစ်ရက်လောက်တော့
စောင့်ပေးပါဦးနော်...နော်ကိုကို....."
သူ့လက်ကို ဆွဲကိုင်လှုပ်ယမ်းကာ ပူဆာနေတဲ့
ကောင်မလေးကိုကြည့်ရင်း..ညချမ်းမျက်နှာလေး
ကဖျတ်ခနဲပေါ်လာရ၏။ ညချမ်းရယ်....။
"ကိိုကို...နေမယ်မို့လားဟင်....နေလိုက်ပါနော်"
ခဏတာပျံ့လွင့်သွားတဲ့စိတ်တွေက လွန်းခအသံ
စူးစူးလေးကြောင့် ပြန်သတိရသွားရသည်။
သူလည်းရန်ကုန်မပြန်ချင်သေးတော့.. သူမလေး
တောင်းဆိုတာကိုလက်ခံလိုက်သည်။
"အင်းပါ......ကိုယ်နေပေးပါ့မယ်..."
"ယေး!.......ဒါမှ လွန်းခကိုကိုကွ....."
"ဟာ!........."
သူ့ကို ခါးကနေသိုင်းဖက်ပစ်ကာ ခုန်ဆွခုန်ဆွလုပ်
လိုက်သည့်လွန်းခကြောင့် သူအနေခက်သွားရသည်။ဟူး.....မလွယ်ပါဘူး...။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ဒေါ်ညို.......ဒေါ်ညို....."
Meetingရှိနေလို့ နောက်ကျမှ ပြန်ရောက်လာသည့်
ထောအသံက တစ်အိမ်လုံးဟိန်းထွက်သွားသည်။
ခုနစ်နာရီကျော်မှ ပြန်ရောက်လာသည့်ထော။
အပေါ်ထပ်တက်သွားပြီး မကြာလိုက်...ဒေါ်ညိုလို့
ခေါ်ပြီးလှေကားပေါ်ကတဒိုင်းဒိုင်းနေအောင်ပြေး
ဆင်းလာ၏။
"ဒေါ်ညို...ညလေး...ဘယ်သွားလဲ..."
"ဟို...ဟို....မောင်ထောပြန်မလာခင်လေးကဘဲ
အပြင်ထွက်သွားတာ"
"ဗျာ!.....သူက ဒီအချိန်ကြီးမှ ဘယ်သွားတာလဲ။
ဒေါ်ညို့ကိုဘာပြောသွားသေးလဲ။သူဘယ်သွား
မယ်လို့ပြောသေးလား..."
ထောအသံက အလောတကြီးနိုင်နေသည်။ညလေး
ကွာ....မိုးချုပ်နေမှ မင်းဘယ်တွေသွားပြန်တာလဲ။
တစ်နေကုန်ပင်ပန်းလာသမျှ...သူမ အိမ်မှာရှိမနေ
တော့ပိုဆိုးသွားသည်။ meetingမှာစိတ်မကြည်လာရတဲ့အထဲ...ညလေးက အိမ်ကစီးပြီးတမျိုးမွှေ
ပြန်သည်။ တစ်ကိုယ်လုံးမလှုပ်ချင်အောင်ပင်ပန်း
နေပေမယ့်...ထိုင်မနေနိုင်ပြန်။သူမကိုပူပင်နေရတာ
နဲ့ လူကပြာယာခတ်နေ၏။
"အဲဒါတော့...ပြောမသွားဘူး... ။ဒေါ်ညို့ကိုသာ
ခြံတံခါးတွေသေချာပိတ်ဖို့မှာသွားတာ..."
"ညလေးကကွာ......ဟတ်ချိုး.......ဟတ်ချိုး...."
မချင့်မရဲဖြင့် နက်တိုင်ကိုဆွဲဖြုတ်ရင်း လူကဟတ်ချိုးထဖြစ်၏။ မနက်ထဲက ကိုယ်တွေပူကာ
ခေါင်းတွေကိုက်နေခဲ့တာ။ အရေးတကြီး
meetingလည်းရှိနေလို့ ကုမ္ပဏီကိုမသွားမဖြစ်
သွားခဲ့ရပြီးတစ်နေကုန် အလုပ်တွေပိနေခဲ့တာ။
ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လည်းသတိမရ။ပြန်လာ
တော့ညလေးက အိမ်မှာမရှိ။
"မောင်ထော...နေမကောင်းဘူးထင်တယ်..."
"ဒေါ်ညို...တံခါးတွေသေချာပိတ်ထားပါ။
ကျွန်တော်ညလေးကိုလိုက်ရှာဦးမယ်။တကယ်လို့
ကျွန်တော်သွားနေတုန်းညလေးပြန်လာရင်
ကျွန်တော့်ကိုဖုန်းဆက်ပါ...."
ပါးစပ်ကမှာကြားရင်း လက်ကဖုန်းခေါ်နေမိသည်။
"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်
ထားပါတယ်ရှင်!....."
အကြိမ်ကြိမ်ခေါ်နေပေမယ့်...ဖုန်းကိုစက်ပိတ်
ထားသဖြင့်သူဘယ်လိုမှခေါ်မရ။
"ကျစ်!........."
ခေါ်မရတဲ့အဆုံးကားသော့ဆွဲကာ ပြန်ထွက်ခဲ့ရ၏။
တဆစ်ဆစ်တိုးကိုက်နေသည့် ခေါင်းနဲ့ သူမအတွက်စိုးရိမ်နေသည့်အပူတို့...အားပြိုင်လျက်......။
အပိုင်း(၂၃)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း