💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
"ဆောင်းလား....."
"သူ...သူ....ခုဘယ်မှာလဲ...."
ပြာ့ စိတ်တွေ မတည်ငြိမ်တော့ပေ။ စကားသံတွေပါ
ထစ်ငေါ့နေလျက်....အလောသုံးဆယ်နိုင်နေသည်။
"ကိုယ်ရှင်းပြပါ့မယ်...ညိုပြာညက်။ တကယ်တော့
နှင်းနဲ့ ဆောင်းကို မေမေက လက်ထပ်စေချင်
တာ အမှန်ဘဲ။ လက်ထပ် ပွဲကိုလည်း အတင်းစီစဥ်
တယ်။ ဆောင်းက ညိုပြာညက်မှ ညိုပြာညက်ဖြစ်
နေတော့ မေမေနဲ့ပြဿနာတွေတက်ကြရော...။
မေမေ့မှာ နှလုံးရောဂါ အခံရှိနေတော့ မင်းနဲ့ဆောင်း
ရဲ့အဖြစ်မှန်လည်းကြားရော မေမေ ရောဂါပိုတိုးပြီး
ဆေးရုံတင်လိုက်ရတယ်။ မင်းမှာကိုယ်ဝန်ရှိနေမှန်း
သိနေတော့ ဆောင်းပို ခံစားရနေရပြီး ဘယ်လို
ဆုံးဖြတ်ရမှန်းမသိဖြစ်နေတယ်။ တစ်ဖက်ကလည်း
မေမေ့ အသက်။တစ်ဖက်ကလည်း သူချစ်တဲ့သူ။
ဆောင်းတွေဝေနေတာကို အခွင့်ကောင်းယူပြီး
မေမေက ဆောင်းနဲ့နှင်းရဲ့လက်ထပ်ပွဲကိုအားချင်း
စီစဥ်ပစ်လိုက်တယ်။ အဲမှာ ဆောင်းအရမ်းစိတ်ထိ
ခိုက်သွားပြီး အရက်တွေသောက် ဝုန်းဒိုင်းကျဲရော။
မေမေကတော့ သူစိတ်ကြိုက်လုပ်လိုက်ရလို့ ကျေ
နပ်နေတာပေါ့။ ဆောင်းမှာသာ မထွေးနိုင်မအန်နိုင်
ဖြစ်ပြီး မင်းဆီ အလာ လမ်းမှာ accidentဖြစ်ပြီး
ကိုမာဝင်သွားခဲ့ရတာ......"
"ရှင်......ဒါဆို....သူ...သူ...ခုရော....."
စကားလုံးများက နှုတ်ခမ်းဖျားမှ ထွက်ကျမလာ။
အာခေါင်တွေခြောက်သွေ့ကာ ရင်တွေ တဆက်ဆက်တုန်နေရ၏။
"ကိုယ် ပြောတာ သေချာနားထောင်ပါ ညိုပြာညက်။ သူ ကိုမာဝင်သွားတော့ လက်ထပ်ပွဲကလည်း
ကျင်းပဖို့နီးလာပြီ။ မေမေ အတော် ပြာနေတဲ့အချိန်။ကိုယ်ကလည်း ဘန်ကောက်လာရင်း ဆောင်း အကြောင်းကြားလို့ ခဏပြန်လာလိုက်တာ။
အဲမှာ မေမေ့အတွက် အဆင်ပြေသွားတယ်။ ကိုယ့်
ကို ဆောင်းနေရာခဏဝင်ခိုင်းတယ်။ ပထမတော့
မိန်းကလေးတစ်ယောက်ကို ဆောင်းမဟုတ်ဘဲ
ကိုယ်လက်မထပ်ချင်ဘူးလို့ငြင်းဆန်တယ်။အဲမှာ
မေမေ့ရောဂါကို ကိုယ်မျက်ဝါးထင်ထင်မြင်လိုက်
ရတော့တာဘဲ။မေမေက စိတ်သမားဆိုတာ ကိုယ်
သိလိုက်ရတော့ မေမေစိတ်ချမ်းသာဖို့ ကိုယ်လိုက်
လျောလိုက်ရတယ်။ ကိုယ် ဆောင်းအနေနဲ့ နှင်း
ကိုလက်ထပ်လိုက်ရတယ်ဆိုပါတော့ကွာ။ကိုယ်
ကဆောင်းပြန်ကောင်းလာရင် နိုင်ငံခြားပြန်မှာ။
မေမေ့ကိုလည်းတစ်ခါတည်း ပြောထားတာ။
ကိုယ်တို့လက်ထပ်ပြီးလေးလလောက်အထိဆောင်း
ပြန်ကောင်းမလာဘူး။ ဒါပေမယ့် ငါးလမြောက်ထဲ
ရောက်ရော ရုတ်တရက်ဆေးရုံကနေ ဆောင်း
ပျောက်သွားတယ်။ သူပြန်ကောင်းသွားပြီဆို
တာလည်း ကိုယ်တို့သိလိုက်ရတယ်။ အဲနေ့ကစပြီး
ကိုယ်တို့ဆောင်းကို မတွေ့ရတော့တာ ဒီနေ့အထိ
ပါဘဲ ညိုပြာညက်....."
"ရှင်!........."
မျှော်လင့်ချက်တွေလွင့်ပါးပျောက်ကွယ်လေပြီ။
သူ...သူ ဘယ်ရောက်နေလဲ။
"ကိုယ်တို့ပြောတာတွေက တကယ့်အဖြစ်မှန်တွေပါ။ကိုယ့်မေမေရဲ့အတ္တကြောင့် ခုလိုတွေဖြစ်ကုန်
တဲ့အတွက်လည်း ကိုယ်မေမေ့ကိုယ်စားတောင်းပန်
ပါတယ် ညိုပြာညက်။ ခု မင်းတို့က ကိုယ့်ညီလေး
ရဲ့မိသားစုဆိုတော့ ကိုယ်တို့ရဲ့မိသားစုပါဘဲ။
ဒါကြောင့် မင်းတို့သားအမိတွေ ကိုယ်တို့အိမ်မှာ
လိုက်နေပါညိုပြာညက်....."
"ဟုတ်ပါတယ် ညိုပြာညက်....နှင်းတို့နဲ့လိုက်ခဲ့ပါ
နော်။ဆောင်းရဲ့ဇနီးက ဒီလိုနေထိုင်နေတာ ဆောင်း
သိရင်လည်း စိတ်ကောင်းမှာ မဟုတ်ပါဘူး။
နှင်းတို့နဲ့လိုက်နေပါနော်...."
"ဟုတ်ပါတယ် ပြာ။ အရင်က လေပြည်တို့ကနင့်
ကိုမသိလို့ပစ်ထားသလိုဖြစ်သွားတာပါ။ သူက
နင့်ကိုသိသိချင်း ခုလိုလာရှင်းပြတာပါဟာ။
နင့်လိုအရွယ်ရှိတဲ့မိန်းမတစ်ယောက်ထဲနေလို့
မသင့်တော်ပါဘူး ပြာ။ နင် နှင်းတို့ဆီမှာ
ပြောင်းနေသင့်တယ်....."
"ငါ မနဘေူး ခါ...."
မျက်လုံးအိမ်မှာမျက်ရည်များရစ်သိုင်းလာကာ
ပြာက တစ်ခွန်းထဲ ထပြော၏။ ပြာ့စကားနဲ့ပြာ့
ပုံကိုကြည့်ကာ နှင်းအတော်စိတ်မကောင်းဖြစ်သွား
ရကာ၊
"ပြာရယ်....ဘာဖြစ်လို့လဲဟင်။နှင်းတို့ကိုစိတ်ဆိုး
နေတာလား။ဒါမှမဟုတ်....နှင်းတို့ပြောတာ မယုံ
လို့လားဟင်......"
"မဟုတ်ပါဘူး နှင်းစက်အိမ်။ပြာ... ပြာမလိုက်ပါရ
စေနဲ့။ သူတောင် ပြာတို့သားအမိကိုပစ်ထားနိုင်
သေးတာ။သူ သတိရနေမှ ပြာ့ဆီတစ်ခေါက်လေး
တောင်လာကြည့်ဖော်မရတာ။ ပြာကဘာကြောင့်
လိုက်ရမှာလဲ။ ပြာ လုံးဝမလိုက်နိုင်ပါဘူး နှင်း။
နှင်းတို့ကိုတော့ အားနာပါတယ်။ သူကပြတ်သား
နိုင်မှတော့ ပြာကဘာကြောင့်တွယ်ငြိနေစရာလို
သလဲ။ သူရဲ့ မိသားစုနဲ့လိုက်နေရအောင် ပြာနဲ့သူ
ကလက်ထပ်ထားတဲ့သူတွေမှ မဟုတ်တာ။
ဒီက ကိုမိုးလေပြည်နဲ့နှင်းတို့ ပြာ့ကိုနားလည်ပေး
ကြပါနော်...။ပြာ...ပြာမလိုက်နိုင်ပါဘူး"
"မဟုတ်တာ ပြာရယ်။ဆောင်းမှာလည်း ပြဿနာ
တစ်ခုခုရှိနေလို့နေမှာပါ။ ဘယ်လိုဖြစ်ဖြစ် ပြာက
သူ့ဇနီးလေ။ နှင်းတို့နဲ့လိုက်ခဲ့ပါနော်....."
"ဟုတ်သားပဲ ပြာရာ။ နင် ကလေးမဆန်သင့်ဘူး
နော်။ ဆောင်းမရှိပေမယ့် ဒီမိသားစုက နင့်မိသားစု
ပဲလေ....."
နှင်းနဲ့ခါကလိုလိုလားလားပြောနေ၏။ လေပြည်နဲ့
ချိန်ကတော့ ယောကျ်ားတွေဖြစ်တာမို့ လိုတာထက်
ပိုမပြော။ သူတို့မိန်းမချင်းပြောပါစေဆိုပြီး ဘေးက
ထိုင်ကြည့်နေ၏။
"ဟုတ်ပါတယ်....ဒါပေမယ့် သူမရှိဘဲ ပြာလိုက်မှာ
မဟုတ်ဘူး ခါ။ ပြာ့ကို ပြာ့ကိုနားလည်ပေးကြပါ။
သူတောင်နေနိုင်သေးတာ ပြာက...ပြာကဘာကြောင့် သူ့မိသားစုနဲ့ပက်သက်နေမှာလဲ။ ပြာ့ကို ခွင့်လွှတ်
ကြပါနော်...."
"ဒါပေမယ့်....နင် တစ်ယောက်နေလို့မဖြစ်ဘူးလေ"
"ခုမှမဟုတ်တာ ခါရယ်...ဟိုးအရင်ထဲက ပြာ
ဒီလိုပဲ နေလာတာပါ။ ပြာမှာ သားရှိနေပြီ။
ဘယ်သူ့အကူအညီမှ ပြာမလိုချင်ပါဘူး။ကိုမိုး
လေပြည်နဲ့နှင်းကိုတော့ အားနာပါတယ်နော်။
သူဘက်ကပြတ်သားနေတာကို ပြာက..ပြာက
သံယောဇဥ်အမျှင်မတန်းပါရစေနဲ့။ ပြာမလိုက်
ပါရစေနဲ့...."
"ပြာရယ်...နှင်းတို့စေတနာကိုနားလည်ပါနော်။
ဘာဖြစ်ဖြစ် ပြာလိုက်ခဲ့ဖို့ကောင်းတယ်"
"နှင်းတို့စေတနာကိုနားလည်ပေမယ့် ပြာ့မာန
လေးတော့ထားပါရစေ နှင်းရယ်။ ပြာ့ကိုတကယ်
စေတနာထားတာဆို ပြာ့ကိုနားလည်ပေးပါ..."
"ပြာရာ....ခေါင်းမာလိုက်တာ......"
ပြာခေါင်းမာတာမဟုတ်ဘူး နှင်း။ အဲဒါ ပြာ့မာနပါ။
သားတောင် ဘွဲ့ရနေပြီ...ပြာတို့ဆီတစ်ခေါက်လေး
တောင် ရောက်မလာတဲ့ ယောကျ်ားတစ်ယောက်ကို
ပြာမတွယ်တာသင့်ဘူး။ပြီးတော့ သူ့မိသားစုနဲ့ဆိုတာဘယ်နည်းနဲ့မှ မပက်သက်သင့်တော့တာ။
ပြာမှာ ငွေကြေးတာ ချို့တဲ့လိမ့်မယ်နှင်း...မာနတော့
မဆင်းရဲဘူးသိလား။ ကိုယ့်ကို အရေးမပါလို့
ပစ်ထားတဲ့ယောကျ်ားတစ်ယောက်ရဲ့မိသားစု
ထဲကိုဘယ်တော့မှ လိုက်နေမှာမဟုတ်ဘူး။အဲဒါ
ပြာ့မာနဘဲ.....။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
ဟင်.......။ အိမ်ထဲ လှမ်းဝင်လိုက်တာနဲ့ မဖွယ်ရာ
တာတွေကကြိုဆိုနေ၏။
"ညလေးကွာ......"
ကုမ္ပဏီက ပြန်ရောက်လာတဲ့ သူ့ကို ညလေးကြို
လိုက်ပုံက လှသည်။ မိဘတွေနဲ့မနေချင်ဘူးလို့
ညလေးဘဲ ပြောခဲ့တာ။ ဒါကြောင့် နှစ်ဖက်မိဘတွေက တစ်ဦးတည်းသော သားနဲ့သမီးအတွက် သူ
မိဘတွေက အင်းယားလမ်းထဲမှာ ခြံနဲ့နှစ်ထပ်တိုက်
လက်ဖွဲ့သလို သူစီးနေတဲ့ ကားပါပေးလိုက်သည်။
ညလေးဘက်က ညလေးစီးဖို့ ကားအပြင် နောက်ထပ် ကားတစ်စီးပါလက်ဖွဲ့လိုက်သေး၏။
တစ်ဦးတည်းသော သားသမီးတွေမို့ ခုလိုသီးသန့်
ခွဲနေကြတာကို မိဘတွေက ခွင့်မပြုချင်ပါ။ဒါပေမဲ့
ညလေးဆန္ဒကို လိုက်လျောပေးဖို့ သူမနည်းကြိုး
စားလိုက်ရတာ။ နှစ်ယောက်ထဲရှိနေတဲ့အိမ်မှာ
ညလေးက ထင်တိုင်းသောင်းကျန်းတော့သည်။
လက်ထပ်ပြီးတာ တစ်ပတ်သာသာရှိသေးတာ။ညလေး ပညာပြနည်းမျိုးစုံနေပြီ။ သူကလည်း
ညလေးအပေါ် အနိုင်ကြီးကြီးယူခဲ့တာမို့ သူမ
ကို အရာရာလိုက်လျောဖို့ဆုံးဖြတ်ကာ သူမကို
တစ်ချက်လေးတောင်မငြိုငြင်မိ။
အိမ်ထဲလှမ်းဝင်လိုက်တာနဲ့ မုန့်ထုပ်တွေက
ဧည့်ခန်းတစ်ခုလုံးပွထနေကာ မုန့်တွေက ဟိုတစ
ဒီတစပြန့်ကျဲနေ၏။ ဒါ...သူ အသန့်အပြန့်ကြိုက်တတ်မှန်းသိလို့ ညလေးတမင်လုပ်ထားတာ။
စည်းစနစ်ကြီးတဲ့ သူ့ကိုတမင်ပညာပြနေတာ။
သူမရဲ့ ကလေးဆန်ဆန်အပြုအမူလေးကို
သဘောကျကာ သူခေါင်းရမ်းလိုက်မိသည်။
"တကယ့်အဆိုးလေးဘဲ......"
မှောက်နေတဲ့ အချိုရည်တွေ တချို့တဝက်က
ကော်ဇောတွေပေါ် ဖိတ်ကျနေ၏။ဟင်း...ညလေး
ရယ်။ မင်းကြိုက်သလောက်ဆိုးစမ်းပါ။
"ညလေးရေ....ကိုယ်ပြန်လာပြီ....."
ဝတ္တရားမပျက် အသံပေးပြီး ပြန့်ကျဲနေတာတွေကို
ဖြတ်ကျော်ကာ အပေါ်ထပ်ကိုတက်ခဲ့သည်။
လှေကားအကွေ့လေးကိုအဖြတ်...အပေါ်က
အသံတွေ သူ့နားစည်ကိုရိုက်ခတ်လာသည်။
ရှက်ကီရာရဲ့ သီချင်းသံက တစ်အိမ်လုံးဆူနေ၏။
အောက်ထပ်မှာတုန်းကသတိမထားမိခဲ့တာ
အပေါ်တက်လာမှ အဲလောက်ကျယ်နေမှန်းသိလိုက်
သည်။ အင်း.....ဘာတွေမွှေနေပြီမသိ။
လှေကားထစ်တွေပေါ်ဖြတ်ကျော်နင်းလျှောက်
ကာ အခန်းတံခါးဝကိုဘယ်လိုရောက်သွားမှန်း
မသိလိုက်။ သူ့ကို ပညာပေါင်းစုံပေးနေတဲ့ကောင်
မလေး...ခုလည်း ဘာတွေလုပ်နေပြန်သလဲမသိ။
သိချင်စိတ်ကြောင့်...အခန်းတံခါးကို အသံမမည်
အောင် အသာလေးဖွင့်လိုက်ပြီး အခန်းထဲကို
အကြည့်.....၊
"အဟင်း........ဟွန်း......."
သူ တိုးတိုးကြိတ်ရယ်လိုက်မိသွား၏။ဘယ်နဲ့ကွာ..
ဒီကောင်မလေးအဲလောက်ကတတ်နေလိမ့်မယ်လို့
မထင်။ ရှက်ကီရာ သီချင်းကို ဖွင့်ထားပြီး
ရှက်ကီရာရဲ့ကကွက်တွေကိုမှီအောင်လိုက်ကနေတာ
တကယ်ရင်သပ်ရှူမောစေသည်။နိုင်ငံခြားမလေးတွေ အကကို မြန်မာမလေးကလိုက်ကနေတာမို့
ပိုကြည့်ကောင်းသည်။ ဒူးအတိဂါဝန်အကားလေးနဲ့
ခန္ဓာကိုယ်လေးကို ကကွက်အလိုက်ယိမ်းနွဲ့နေတာများ...တကယ်ရင်ထဲထိ၏။
သူ့ကိုကျောခိုင်းကာ ကနေတာမို့ တံခါးဘောင်ကို
မှီကာလက်ပိုက်လျက်...သူ ငေးကြည့်နေတာကို
သူမကမသိ။ သူပြန်ရောက်နေတာသာသိရင်
ခုလို လွတ်လွတ်လပ်လပ်ဘယ်ကမှာလဲ။သူမတစ်
ယောက်ထဲဆိုပြီး စိတ်လွှတ်ထားပုံ...။ဆံပင်တွေ
လွင့်ခါကာ ခပ်ပြည့်ပြည့်ခန္ဓာကိုယ်လေးက ယိမ်း
နွဲ့နေတာ တကယ်ကြည့်ကောင်း၏။
ကြည့်ကောင်းကောင်းနဲ့ရပ်ကြည့်နေတာသီချင်း
လည်းဆုံးရော၊
"အဟက်....ဘယ်ဆိုးလို့လဲ...ကိုယ့်မိန်းမကတကယ်
တော်တယ်..."
"ရှင်!........."
"တကယ်လှတယ်ကွာ...ရှက်ကီရာသာမင်းကတာ
မြင်ရင် အတော်စိတ်ဓာတ်ကျသွားမှာကွ။မင်း
တကယ်ကတတ်တယ်...."
ရယ်ကျဲကျဲပြောရင်း သူအခန်းထဲကိုလျှောက်ဝင်
သွားလိုက်သည်။ သူမက သူ့ကိုစိမ်းစိမ်းကြည့်ရပ်
ကြည့်နေကာ၊
"ရှင်ဘာလို့အသံမပေးလဲ...။သူများကနေတာကို
အရသာခံကြည့်နေရတာကိုအတော်ကျေနပ်နေပုံဘဲ"
ညလေးရှက်ဒေါသတွေဖြစ်ကာ သူမခံချင်အောင်
ပြောပစ်လိုက်၏။ ကိုယ့်ဘာသာတစ်ယောက်ထဲ
လို့ထင်ပြီး လွတ်လွတ်လပ်လပ်ကနေမိတာ။လက်
စသပ်တော့ သူကပြန်ရောက်လာပြီး နောက်ကနေ
ကြည့်၍မိန့်မိန့်ကြီးပြုံးနေတာ။မျက်နှာတစ်ပြင်လုံး
ရေနွေးငွေ့အဟပ်ခံလိုက်ရသလို ပူထူသွားရပြီး
ရှက်စိတ်ကြောင့် မျက်နှာလေးတွေနီနေတာကို
သူများသိသွားပြီလားမသိ။ ကိုယ်ရှက်သွားတာကို
ဖုံးဖိကာ သူ့ကိုရန်စွာပစ်လိုက်သည်။ သူက သွား
တွေပေါ်အောင်ရယ်လိုက်ပြီး၊
"အဟက်....အဲလိုကြည့်ချင်လာအောင် ကပြတဲ့သူကလည်းကပြတာကို.......။ကိုယ်ပြန်လာတော့မှာ
သိလို့ ကိုယ့်ကိုတမင်မြှူဆွယ်နေတာမို့လား..."
သူမ ခန္ဓာကိုယ်လေးကို စုံချည်ဆန်ချည်ကြည့်လျက်
သူကခပ်ရိရိပြောလာ၏။
"အာ......နှာဘူးကြီး......"
"ဟာ!......ဟေ့....မလုပ်နဲ့လေ......"
ခါးလေးကိုကိုင်းကာ အသားကုန်အော်ပစ်လိုက်ပြီး
တွေ့သမျှခေါင်းအုံးတွေနဲ့သူ့ကိုပစ်ပေါက်လိုက်
တော့သည်။ထိုအခါ...သူက သူမပစ်သမျှကို
ရှောင်တိမ်းရင်း သွားတွေပေါ်အောင်ရယ်နေ၏။
ညလေး...ဒေါသတွေပိုထွက်ကာ တွေ့သမျှနဲ့
ပေါက်နေမိသည်။
"ကဲဟယ်....အဲဒါ...ဘူးချင်ဦး....."
"ကိုယ့်မိန်းမကိုယ်ဘူးတာ ဘာဖြစ်သေးလဲကွာ။
တခြားကောင်မလေးတွေသွားမဘူးတာဘဲ
မင်းကျေးဇူးတင်...."
သူကရှောင်ရင်းတိမ်းရင်းနဲ့လှမ်းပြောနေ၏။
ညလေးကလည်း ခေါင်းအုံးတွေကုန်တော့ ဖက်ခွလုံးဆွဲယူပြီးပစ်လိုက်သည်။သူက ဖမ်းယူလိုက်ပြီး
လက်ထဲမှာကိုင်ထားကာ၊
"ကိုယ့်ယောကျ်ားအဲလောက်လိမ္မာတာကိုဂုဏ်ယူ
လိုက်...။တချို့မိန်းမတွေဆိုသူတို့ယောကျ်ားတွေ
မနိုင်လို့ဒူးနဲ့မျက်ရည်သုတ်နေရတာ။ကိုယ်ကတော့
ကိုယ့်မိန်းမကလွဲပြီး ကျန်တာ စိတ်ကိုမဝင်စားဘူး"
"သြော်...သြော်...ရှင့်ကို အုန်းပွဲ၊ငှက်ပျော်ပွဲနဲ့ထိုင်
ကန်တော့ရဦးမှာလား...တောက်...ရှင်..ရှင့်ကို
ကြည့်ရနေတယ်မထင်နဲ့...."
"ရော်...အဲလောက်တောင်ကိုယ့်ကိုချစ်ရသလား။
မိန်းမက အဲလောက်ချစ်နေတော့ ဒီကယောကျ်ား
ကဘယ်လိုနေရတော့မလဲ..."
ကြည့်စမ်း...ပြောလေကဲလေပါလား။စည်းစိမ်ထော
ရှင်နဲ့ညလေး...နေရတာတကယ့်ငရဲဘဲ။
"ရှင့်ကိုအဲလိုမခေါ်ဖို့ဘယ်နှစ်ခါပြောရမလဲ။
တကယ်ပဲ...အရှက်ကိုတစက်မှမရှိဘူး..."
"ကိုယ့်မိန်းမမို့မိန်းမခေါ်တာဘာရှက်စရာရှိလဲ။
မကျေနပ်ဘူးလား..."
ပြီတီတီနဲ့မေးလာတာမို့ ညလေးအသည်းတွေယားကာ နှုတ်ခမ်းကိုက်ပစ်လိုက်မိသည်။စည်းစိမ်ထော
ရှင့်ကိုအရမ်းမုန်းတယ်သိလား...။
"မကျေနပ်ရင် ကိုယ့်ကိုပြန်ခေါ်လိုက်လေ..
ယောကျ်ားလို့..အဟ..ဘယ်လောက်နားဝင်ချိုသလဲ"
"တောက်......."
"ဟာ!......ညလေးမလုပ်နဲ့နော်....."
ညလေး မှန်တင်ခုံပေါ်ကရေမွှေးပုလင်းကိုကောက်
ကိုင်လိုက်တော့ သူ့လက်ထဲကဖက်ခွလုံးကိုပစ်
ချကာ ရေချိုးခန်းဘက်ကိုပြေးတော့သည်။
"လုပ်မှာဘဲ...ရှင့်ကိုအသေသတ်ပစ်ချင်တာ...."
"ညလေးနော်......."
"ဒုန်း.....ခွမ်း......"
ရေချိုးခန်းတံခါးကိုဆွဲပိတ်လိုက်သဖြင့်...ရေမွှေးပုလင်းကတံခါးနဲ့ရိုက်ခတ်ကာ အစိပ်စိပ်အမွှာမွှာ
ကွဲသွား၏။
အပိုင်း(၂၂)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း