book

Index 20

အပိုင်း(၂၀)

💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚


                


🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃


ခုချိန်ဆို....ညချမ်းတစ်ယောက် သူမခင်ပွန်းရင်ခွင်

ထဲမှာ ပျော်ရွှင်နေပြီလား။ဒါမှမဟုတ် ငိုကြွေးနေ

မည်လား။ 


ရသေ့တောင်ပေါ်ကနေ  လှမ်းမြင်နေရသည့် ရှုမျှော်

ခင်းများကို ကြည့်ရင်း  သူ သက်ပြင်းတွေသာ အခါ

ခါချနေမိသည်။ မဆုံနိုင်တော့တဲ့မျဥ်းပြိုင်နှစ်ကြောင်းလို သူတို့အဖြစ်က ဝေးကွာခဲ့ပြီ။ ဝေးကွာ

ခြင်းဆိုတာကို ရုတ်တရက် ခံစားလိုက်ရချိန်မှာ

ဒီဝေးကွာခြင်းက ထာဝရအတွက်ဖြစ်လို့နေသည်။

ဘယ်တော့မှ  ပေါင်းစပ်လို့ မရတော့တဲ့ ဘဝတွေ

ဖြစ်သွားပါပြီ ညချမ်းရယ်။ ကိုကိုတို့သေလောက်

အောင်ချစ်နေလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ပါ

ဘူး။ စည်းခြားသွားတဲ့ ကိုကိုတို့ နှစ်ယောက်

နှလုံးသားချင်းလည်း မနီးသင့်တော့ပါဘူး။

မင်းလည်းဘဲ  စည်းစိမ်ထော ရင်ခွင်ထဲကနေ

ကိိုကို့ကို မတမ်းတပါနဲ့ညချမ်း။ ကိိုကိုတို့ရဲ့အချစ်

တွေကို ထာဝရအတွက် မြှုပ်နှံလိုက်ကြပါစို့။


"ကိုကိုတို့ အချစ်တွေထာဝရအတွက် သိမ်းဆည်း

လိုက်ကြတာပေါ့ ညချမ်းရယ်......"


ခုလို တမ်းတနေမိတာတောင် သူအတော် ငရဲကြီး

နေပြီ။ သူများသားမယား ကို သူတမ်းတမနေသင့်

မှန်းသိပေမဲ့  သည်လောက်အချိန်တိုလေးအတွင်း

မှာ မေ့ဖျောက်ဖို့မှ မလွယ်ဘဲ။ပြီးတော့ သူတို့ချစ်ခဲ့

ဖူးတာ အိမ်မက်မှ မဟုတ်တာ။ ညချမ်း...မင်းဘဝ

လေးသာယာပါစေကွာ။ ကိိုကို့အသည်းတွေကွဲနေ

ပြီ။ ဒါပေမယ့်....အသည်းကွဲလို့ အရက်သောက်

တယ်ဆိုတာ သူ့ရာဇဝင်မှာ မရှိ။ ညချမ်းလက်ထပ်

တဲ့နေ့ကပဲ သူ ကျိုက်ထီးရိုးကိုထွက်ခဲ့တာ။ဘုရား

ဖူးရင်း လည်ပတ်ခဲ့တာ ခုဆို သုံးရက်ရှိပြီ။ ညချမ်း

တစ်ယောက်ကတော့ အိမ်ထောင်သည် အသစ်စက်

စက်လေးဖြစ်နေပြီပေါ့။ 


ညချမ်း...ဘယ်လောက်များ ခံစားနေရှာမလဲ။ သူမ

လေး ငိုနေမလား။ သောင်းကျန်းနေမလား။ အတွေး

ဝင်လာတော့ သူမကို သနားနေမိသည်။ သူမ မချစ်

တဲ့ လူတစ်ယောက်ကို လက်ထပ်လိုက်ရလို့ ညချမ်း

ခံစားနေရမယ်ဆိုတာ သူနားလည်နေသည်။ ဒါပေမဲ့

သူကိုယ်တိုင်တောင် နာကျင်ခံစားနေရလို့ ရန်ကုန်မြေမှာ မနေနိုင်ဘဲ  ကျိုက်တိုနယ်ထဲရောက်နေရ

တာ။ မေမေ့ကို စိတ်မချပေမယ့် ခုချိန်မှာ သူ့အသည်းကွဲ ဝေဒနာ ကပိုဆိုးနေတာမို့ ခရီးထွက်

လာတာ။ ဘုရားမှ တပါးကိုးကွယ်ရာ မရှိဆိုသလို

သည်မြေ၊သည်ရေရောက်တော့ ရန်ကုန်မှာထက်

တော်သေးသည်။ သူမကို မမေ့နိုင်တော့ သူ ရန်ကုန်

မှာ ဆက်နေလို့မဖြစ်။ သူ့စိတ်တွေကို သူ ဘယ်လိုမှ

ထိန်းချုပ်နိုင်မည်မထင်။ ဒါ​ကြောင့် သူမနဲ့ အဝေး

ဆုံးကို ပြေးခဲ့ရတာ။ တကယ်တော့ သူက သူရဲဘော

ကြောင်တဲ့ကောင်ပါ။


အချစ်ရှုံးသမားတစ်ယောက်ဘဝနဲ့ ရန်ကုန်မှာ ဆက်နေရင် တနည်းနည်းနဲ့ ပက်သက်မိလိမ့်မည်။ဒါဆို

သူလည်း စိတ်ထိန်းလို့ရမည်မဟုတ်။ မဖြစ်သင့်

တော့ပါ။  စည်းစိမ်ထောဆိုတာ သူ့ညီလေး။

ဘယ်လိုမှ ပေါင်းစည်းမရတဲ့ ဘဝတွေဖြစ်နေပါပြီ

ညချမ်းရယ်။ အဆင့်အဆင့်နဲ့ စိမ်းမှောင်နေသည့်

တောင်တန်းကြီးကို ငေးကြည့်ရင်း မြင်လွှာတွေက

ညချမ်းပုံတွေဖြစ်နေ၏။ ဘယ်နေရာကြည့်ကြည့်

ညချမ်းမျက်နှာလေးသာ ဖြစ်နေသည်။ ညချမ်း

ရယ်....ကိုကို ရူးနေပြီ။


အဝေးဆီက တောင်စဥ်တောင်တန်းတွေနဲ့ ဘုရား

ဖူးများကို ငေးကြည့်ရင်း သူ သက်ပြင်းသာ ချနေမိ

သည်။ ရန်ကုန်လည်း မပြန်ချင်သေး။ ဒီမှာ လည်ပတ်နေလိုက်ဦးမည်။ အသက်မပါတဲ့ ခြေလှမ်းများက ကျီးပါးစပ်ဂူရှိရာဘက်သို့ လျှောက်လာခဲ့သည်။ တိုးကျိတ်နေတဲ့ ခရီးသည်တွေကြားကနေ ကကျီးပါးစပ်ဂူရောက်တော့

ကျောက်စက်ရေ ဝင်သောက်ဖြစ်သည်။ ပြီးတော့

အကြွေစေ့လေးတွေ ဝင်ပစ်လိုက်၏။ နောင်ဘဝ

တွေများရှိခဲ့ရင် ချစ်လျက်နဲ့ ကွေကွင်းရသော

ဒုက္ခဆိုးမှ ကင်းဝေးရပါလို၏ဟု အကြိမ်ကြိမ်အဖန်

ဖန်ဆုတောင်းနေမိသည်။


ကျိုက်ထီးရိုးကနေ သူ မပြန်ချင်။ သူမရှိရာ ရန်ကုန်

မြေကိုပြန်၍ခြေမချချင်။ နှလုံးသားက ဒဏ်ရာက

အပေါ်ယံမဟုတ်တော့ အထိနာကာ လူလည်း နလံ

မထူနိုင်သေးပေ။အချိန်က ကုစားသွားမယ်လို့

ကြားဖူးပေမယ့် သူအတွက်က ဒီနေ့နဲ့မှ သုံးဆယ့်

ခြောက်နာရီပဲ ရှိသေးတာ ဘယ်လို ကုစားမလဲ။


"ညချမ်းရယ်......."


မေ့ပျောက်ဖို့ကြိုးစားမှ ပိုလို့သတိရနေမိသည်။

မတမ်းတဘူးလို့ ဆုံးဖြတ်ထားပေမယ့် သူမနာမည်

လေးသာ အခါခါခေါ်နေမိ၏။အပေါ်ယံကျောလေး

ချစ်ခဲ့တာ မဟုတ်တော့ ကိုကို အသည်းတွေ ကွဲ

နေရပြီ။ လွမ်းတာကို နာတာနဲ့ ဖြေရအောင်လည်း

သူမက ကိုယ့်အပေါ် ဘယ်တုန်းကမှ မရက်စက်ခဲ့

ဘူးတော့ ​ဖြေစရာမရှိ။ ညချမ်းရယ်...ကိုကိုတို့

နှစ်ယောက်မှာ ပေါင်းဖက်ဖို့ ကံပါမလာဘူးထင်

ပါတယ်။ ဘယ်တော့မှ ပြန်မဆုံနိုင်တော့တာ။ကိုကို

တို့ သံယောဇဥ်တွေဖြတ်လိုက်တာပဲ ကောင်းပါ

တယ်။ လောလောဆယ် မင်းကို မမေ့နိုင်၊မမုန်းနိုင်

သေးသရွေ့ ကိုကို ရှောင်ပုန်းနေရဦးမယ် ညချမ်း။

ကိုကို ဘယ်လိုမှ မင်းရှေ့ကို ထွက်မလာရဲဘူး။

ကိိုကိုတို့လူ့စည်းဘောင်တွေကို မဖျက်သင့်ဘူး

ညချမ်း။ ဒီတော့ မင်းကို မမေ့သရွေ့ ကိုကို မင်းနဲ့

အဝေးဆုံးမှာပဲ နေတော့မယ်။ ကိုကို့စိတ်တွေတည်ငြိမ်လာတဲ့တစ်နေ့တော့ ကိုကို မင်းတို့ရှေ့ကို

ရောက်လာမှာပါ။ 


"ကိိုကိုအရမ်းခံစားနေရပြီ ညချမ်း......"


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


"ရှင်တို့......."


"ကိုယ်တို့ကို အိမ်ထဲဝင်ခွင့်ပြုပါ ပြာ...."


"ပြာ....ခါတို့ ခဏဝင်မယ်နော်......"


သားလေး ခရီးထွက်နေသဖြင့် အိမ်မှာ သူမတစ်ယောက်ထဲ ကျန်ခဲ့သည်။ တစ်ယောက်ထဲမို့

ဆိုင်သိမ်းပြီး အိမ်စောစော ပြန်ခဲ့တာ။ အိမ်ပေါ်

တက်ရုံရှိသေးတယ် အိမ်ရှေ့ကို ကားအကောင်း

စားကြီးနှစ်စီး ရှေ့ဆင့်နောက်ဆင့်လာရပ်၏။

ရှေ့ဆုံးက အနက်ရောင်ဖိတ်ဖိတ်လက်နေတဲ့ ကား

ကြီးကို သူမသိသည်။ အဟင်း...သူဌေးကြီးဦး

ဆောင်းလေပြည်ရဲ့ ကားပေါ့။ နောက်ကကားကို

တော့ သူမမသိ။ ရပ်ကြည့်နေမိစဥ် ရှေ့ကားထဲက

ဖြူရွရွအရိပ်လေးထွက်လာတာကိုမြင်လိုက်သည့်ခဏ လူက မူးမိုက်လဲချင်သွား၏။အဖြူရောင်

ဝမ်းဆက်လေးနဲ့ ဆံပင်အရှည်ကြီးကိုနောက်တွဲ

ဆံထုံးလေးထုံးလျက် အနက်ရောင် လက်ကိုင်

အိတ်လေးကို ချိတ်ပြီး ခပ်မိမိစတိုင်လေးနဲ့ ဆင်း

လာတဲ့ အမျိုးသမီးလေးက သူရဲ့ ချစ်လှစွာသော

ဇနီးချောလေးတဲ့လား။


ဘာလုပ်တာလဲ။သူမကို လာနှောက်ယှက်လို့မဝသေးဘူးလား...။ သူရဲ့ဇနီးကို ခေါ်လာပြီး အရှုံး

တွေကို လာလှောင်ဦးမလို့လား။ သူမလေးဆင်း

လာပြီး မကြာ တစ်ဖက်ကနေ သူဆင်းလာ၏။

အမြဲတမ်း  ဘောင်းဘီနဲ့ သူက ထုံးစံမပျက်

အနက်ရောင်ဘောင်းဘီကို ဖြူရွရွ ရှပ်လေးနဲ့တွဲ

ဝတ်ထားသဖြင့် ရှိရင်းအသက်ထက်ပိုနုပျိုကာ

နှစ်ဆယ်ကျော်လူငယ်လေးတစ်ယောက်လို

သွက်လက်နေ၏။ ကားပေါ်ကဆင်းတယ်ဆို 

ပြာ ရှိနေတဲ့ဆီကို တစ်ချက်လှမ်းကြည့်ကာ သူ့မိန်းမ

လက်ကို ဆွဲလိုက်တဲ့မြင်ကွင်းလေးကြောင့် ပြာ

နှုတ်ခမ်း မသိမသာကိုက်လိုက်မိသည်။သူတို့နောက်

ကနေ ဆင်းလာတဲ့စုံတွဲက. သူမအရင်းနှီးဆုံး

စုံတွဲပင်။အလင်းချိန်နဲ့...ခါဝဿန်....။


သူတို့လေးယောက်ကိုမြင်လိုက်တာနဲ့ တစ္ဆေ၊သရဲ

မြင်လိုက်ရသလို ဖြစ်သွားတဲ့ သူမကို ချိန်က

အိမ်ထဲဝင်ခွင့်တောင်းလာ၏။ သူမကြောင်ငေး

နေဆဲ ခါရဲ့အသံလေးပါကြားလိုက်ရသည်။


"ညိုပြာညက်....နှင်းတို့စကားပြောရအောင်လာတာ

ပါ။ အိမ်ထဲဝင်ခွင့်ပြုမယ်မို့လား....."


အေးဆေးတည်ငြိမ်သည့်အသံလေးကပင် ဆွဲဆောင်မှုအပြည့်...။ကြည်ညက်နေတဲ့ စကားသံ

လေးအဆုံးမှာ ပြောထွက်မဲ့စကားလုံးများက

လည်ပင်းဝတွင် ပျောက်ရှကာ အသာခေါင်းညိတ်

ပြီးသားဖြစ်နေသည်။ တကယ်ဆို သူတို့ကို

အိမ်ထဲဝင်ခွင့်မပေးသင့်ပါ။ မလာကြပါနဲ့လို့ပြော

တော့မဲ့ အချိန်မှာ သူမဆီက ခွင့်တောင်းသံလေး

ကြောင့် ခေါင်းညိတ်မိလျက်သားဖြစ်သွား၏။

သူ့ကို လှမ်းကြည့်မိတော့ သူက ပြာ့ကိုတစ်ချက်

ပြုံးပြ၏။ သူ့အပြုံးကြောင့် ပြာရင်ထဲနင့်သွားရ

သည်။ မိတ်ဆွေတစ်ဦးလို သာမန်နှုတ်ဆက်ပြုံး

ကြောင့်ပြာ ရင်ထဲ နင့်သွားရတာပါ။ကိုယ့်ကိုယ်ကို

အသည်းမာတယ်ထင်ခဲ့တာ။သူ့ကိုမမျှော်လင့်တော့

ပါဘူးလို့ ဆုံးဖြတ်ထားတာက ထိုအပြုံးတစ်ချက်

ကြောင့် ပြာမပြတ်သားနိုင်သေးတာကို မျက်ဝါး

ထင်ထင်မြင်လိုက်ရပြီ။ ဘုရားရေ...ပြာ သူ့ကို

မျှော်လင့်နေမိတာလား။ဟင်အင်း...မဖြစ်ဘူး။

သူက သူက တခြားတစ်ယောက်ရဲ့ခင်ပွန်း။သူ့ကို

ပြာမေ့ရမယ်။


"ပြာ.....သားရော......"


ခါရဲ့အမေးကြောင့် အတွေးလွန်နေရာမှ သူမ

ယောင်နနဖြင့်ပြန်ဖြေလိုက်ရသည်။


"သား ခရီးသွားတယ် ခါ...."


ခါကလည်း သဘောပေါက်သည်။ ပြာ...လေပြည်နဲ့

နှင်းကိုကြည့်ပြီးအရမ်းခံစားနေရတာကို။ ပြာကို

အဖြစ်မှန်တွေ ရှင်းပြဖို့ သူတို့ရောက်လာခဲ့တာ။

ပြာ အထင်မှားနေတာတွေကို သူတို့လေးယောက်

လာရှင်းပြကြတာပါ။


"သားကဘယ်ကိုသွားတာလဲ။ အိမ်မှာနင်တစ်ယောက်ထဲပေါ့..."


"ခဏနော်......"


"ရပါတယ် ညိုပြာညက်...နှင်းတို့ကိုအားမနာပါနဲ့"


"ပြာတို့အိမ်မှာထိုင်စရာတော့မရှိဘူးရှင့်။နေဦး

နော်..ဖျာခင်းလိုက်ဦးမယ်"


ကိုယ့်ဘဝက ဆင်းရဲနုံချာလွန်း၏။သူမလို သူဌေး

သမီးအချောအလှနဲ့ယှဥ်တော့ အရာရာသိမ်ငယ်

လွန်းနေတာအမှန်။


"ထိုင်ကြပါရှင်......"


ဖျာခင်းလို့ပြီးသွားတော့လည်း သူကအရင်ဝင်ထိုင်

၏။ပြီးတော့ ဓာတ်ပုံတွေကိုလိုက်ငေးနေတဲ့ သူ့

ဇနီးကို မျက်ရိပ်ပြလျက် သူ့ဘေးမှာထိုင်စေလိုက်၏။ ပြာ သူတို့ကိုပဲ လိုက်ကြည့်နေမိသည့်

ကိုယ့်ကိုယ်ကိုလည်း ဒေါသဖြစ်မိသည်။ ပြာ့

မျက်နှာပျက်နေတာကို ချိန်တို့သူတို့ကရိပ်မိနေ၏။

သူက ဘာတစ်ခုမှ မူမပျက်ပဲ ပြာသာမူပျက်နေရ

တာ။ ကိုယ့်စိတ်ကိုကိုယ်တင်းပြီး ခါဆွဲထိုင်လိုက်တဲ့

အတိုင်း ခါ့ဘေးမှာ ထိုင်မိလျက်သားဖြစ်သွား၏။


"ပြာ.....သူ့ကိုနင်သိတယ်မို့လား..."


"အင်း...နင်တို့လာရင်းကိစ္စက...."


ခါက..သူဌေးသမီးဘက်လှည့်ကာ မေးဆတ်မေး

တော့ သူမဝတ်ကျေတန်းကျေဖြေလျက် စကား

လွှဲပစ်သည်။အားလုံးက ပြာစကားလွှဲပစ်တာကို

သိလိုကျ၏။ထိုစဥျ....


"နှင်းက မိုးလေပြည်ရဲ့ဇနီးနှင်းစက်အိမ်ပါညိုပြာညက်။ခု နှင်းတို့လာတာက ညိုပြာညက်အထင်

လွဲနေတဲ့အ​ကြောင်းအရာတွေကို လာရှင်းပြတာ

ပါ။တကယ်တော့ ခုနှင်းနဲ့ပါလာတဲ့နှင်းခင်ပွန်းက

မိုးလေပြည်ပါ...ညိုပြာညက်ရဲ့ခင်ပွန်းဆောင်းလေပြည်မဟုတ်ပါဘူး။သူတို့က အမွှာညီအစ်ကို

တွေပါ...နှင်းပြောတာမယုံရင် ဒီကချိန်နဲ့ခါ့ကို

မေးလို့ရပါတယ်။ပြီးတော့...သူတို့အမွှာတွေဆိုတဲ့

သက်သေအထောက်အထားတွေလည်း နှင်းယူ

လာပါတယ်..."


နှင်းက သူမလက်ကိုင်အိတ်ထဲက ဓာတ်ပုံတွေကို

ထုတ်ကာ ပြာ့လက်ထဲထည့်ပေးလိုက်၏။သူတို့

မွေးကင်းစကနေစကာ ငါးနှစ်သားအထိရိုက်ထားတဲ့ပုံတွေအပြင်..လေပြည်နဲ့ဆောင်းတို့နှစ်ယောက်

ပုံတွေပါထည့်လာ၏။ဆောင်းပုံတွေက မြန်မာ့

ရေမြေကိုနောက်ခံထားလျက် သဘာဝကျကျလေး

တွေရိုက်ထားကာ လေပြည့်ပုံတွေက နိုင်ငံပေါင်းစုံ

ရဲ့ခေတ်မှီနေရာတွေကိုလိုကေးရှင်းထား၏။

ဓာတ်ပုံတွေကိုကြည့်နေရင်း ပြာ့လက်တွေတုန်နေ

ရသည်။ မယုံကြည်နိုင်ချင်းများစွာဖြင့် သူမခေါင်း

တွေမူးလာရ၏။ဖြစ်နိုင်လို့လား...နှင်းစက်အိမ်ပြော

နေတာက တကယ်လား။


"နှင်းပြောတာတွေက အမှန်တွေပါ ပြာ။နင် ငါ

ပြောတာတော့ယုံတယ်မို့လား။ ဒီကလေပြည်လို့

အားလုံးခေါ်ကြတဲ့မိုးလေပြည်ပါ ပြာ..."


ခါကလည်း ဝင်ပြော၏။ချိန်ကပါ...


"တကယ်တော့ ဆောင်းကနင့်ကိုသိပ်ချစ်ရှာတာပါ

ဟာ...။နင် ဆောင်းလို့ထင်နေတဲ့သူက လေပြည်ပါ။

ဆောင်းရဲ့အစ်ကိုလေပြည်ပါ..."


"ရှင်ကဘယ်ကနေဘယ်လိုပေါ်လာရတာလဲ

မိုးလေပြည်...။ပြီးတော့ဆောင်းကရောဘယ်

ရောက်သွားရတာလဲ..."


ပြာသိချင်တာကို အလောတကြီးမေးလိုက်မိသည်။

ထိုအခါ...တစ်ချိန်လုံးငြိမ်နေတဲ့ လေပြည်ဆီက

စကားသံထွက်လာ၏။


"ကိုယ်က ငါးတန်းဖြေပြီးထဲက ကိုယ်တို့ဖေဖေရဲ့

ညီ ကိုယ့်တို့ဦးလေးနဲ့ နိုင်ငံခြားကိုပါသွားတာ။

ကိုယ့်အဖေကလည်းကိုယ်တို့ငါးတန်းဖြေခါနီး

မှာဆုံးသွားခဲ့တာ။ ကိုယ်က ငယ်ငယ်ထဲကကိုယ့်

ညီ...ဆောင်းနဲ့စိတ်ဓာတ်ချင်းမတူဘူး။ဆောင်းက

မွေးရပ်မြေကိုချစ်တယ်။ကိုယ်က ကမ္ဘာကြီးကို

စိတ်ဝင်စားတော့ ငါးတန်းဖြေပြီးထဲက လေးလေး

နောက်ပါသွားတာ။ ကလေးပေမယ့် မေမေကမထည့်ဘူးပြောတော့ ကိုယ် အစာငတ်ခံပြီးရက်ပေါင်း

များစွာဆန္ဒပြခဲ့တယ်။ နောက်ဆုံးကိုယ်ဆေးရုံ

ရောက်ခဲ့ရတယ်။အဲကျတော့မှ မေမေကကိုယ့်ကို

ရင်နာနာနဲ့ခွင့်ပြုခဲ့တာ။ကိုယ့်ကို သူ့စကားနားမထောင်တဲ့သားဆိုပြီး ကိုယ့်လေးလေးနောက်ထည့်

လိုက်တယ်။ပြီးတော့ ပြောလိုက်သေးတယ်။

သားငယ်လေးက သူ့စကားနားထောင်တဲ့သား

လိမ္မာတဲ့။သားငယ်လေးကိုပဲချစ်တော့မယ်တဲ့။ကိုယ့်ကိုတော့ မင်းသတိရတဲ့အခါပြန်လာခဲ့ပါတဲ့။

သူ့ကိုသံယောဇဥ်ဖြတ်တဲ့သားမိုက်ဆိုပြီး ကိုယ့်ကို

မျက်ရည်တွေနဲ့ထည့်လိုက်တာ...။အဲနောက်တော့

ကိုယ်...အဂ်လန်မှာဘွဲ့ရခဲ့တယ်။ဆောင်းနဲ့တော့

အမြဲအဆက်အသွက်ရှိပေမယ့် ကိုယ်မြန်မာပြည်ကို

မပြန်ဖြစ်ခဲ့ဘူး။ ဒါကြောင့်...မင်းကိုယ့်ကိုမသိတာ။

ပြီးတော့..ငါးတန်းထဲကထွက်သွားတဲ့ကိုယ့်ကို 

အသိုင်းအဝိုင်းကမေ့ပျောက်သလိုဖြစ်ခဲ့လို့

ပတ်ဝန်းကျင်မှာဆောင်းတစ်ယောက်ထဲရှိတယ်

လို့ထင်ကုန်ကြတာပါ..."


"ဆောင်းကသူ့အမွှာအစ်ကိုအကြောင်းတစ်ခါမှ

မပြောခဲ့ဖူးဘူး...."


ပြာ...တိုးတိုးလေးဆိုမိသည်။


"ဟုတ်တယ်...လေပြည်ကနိုင်ငံပေါင်းစုံလှည့်နေပြီး

မြန်မာကိုတစ်ခေါက်လေးတောင်ပြန်မလာတော့

ငါတို့ဆောင်းတို့က မပြောဖြစ်တာပြာ။ဒီအကြောင်း

တွေကို ခါတောင် နှင်းနဲ့လေပြည်တို့ပြဿနာတက်

မှသိခဲ့ရတာ..."


"ဟုတ်တယ်ပြာ...သူတို့လက်ထပ်ပြီးတော့ ငါ

တောင်ဆောင်းလို့ထင်ပြီး လေပြည့်ကိုစိတ်ဆိုး

ခဲ့တာ။သမီး...ရှစ်နှစ်ရောက်မှ သူတို့ပြဿနာတွေ

ဖြစ်ပြီး ဆောင်းမဟုတ်မှန်းသိရတာ။နင့်လိုပဲ..

နှင်းကိုယ်တိုင်လည်း ဆောင်းကိုလက်ထပ်ခဲ့ရတယ်

ပဲထင်တာ။ နင်နဲ့ဆောင်းတို့ကိစ္စတွေကို နှင်းက

ဘာမှမသိခဲ့တော့ နှင်းလည်းခံစားခဲ့ရတာပါဘဲ..."


ပြာ...နှင်းစက်အိမ်ကိုစာနာသွားမိသည်။ သူလည်း

ကိုယ့်လိုဘာမှမသိခဲ့တဲ့သူပါလား။


"ခါတို့ပြောသလိုပါပဲ...ညိုပြာညက်။ နှင်းက

သူတို့ညီအစ်ကိုနဲ့ငယ်ငယ်ထဲကကစားဖော်တွေပါ။

လေပြည်ကငါးတန်းထဲကနိုင်ငံခြားထွက်သွားတော့

သူနဲ့အဆက်အသွက်ပြတ်သွားတယ်လေ။ဆောင်း

နဲ့ကတော့ အမြဲမဟုတ်တောင်တစ်နှစ်တစ်ခါလောက်တော့ဆုံဖြစ်တယ်လေ။နှင်းကမန္တလေးသူဆိုတော့ရန်ကုန်ကိုသိပ်မရောက်ဖြစ်ဘူး။ဆောင်းတို့သားအမိကသာမန္တလေးကိုခဏခဏရောက်တာ။

နှင်းကမန္တလေးမှာပဲဆေးကျောင်းတက်တော့

ဆောင်းကမိန်းထဲမှာ။ တစ်​နေရာစီဖြစ်တဲ့အပြင်

မေမေ့ကိုကြောက်ကြတော့ ဆောင်းနဲ့ချိန်က

ဆောင်းမှာချစ်သူရှိတယ်လို့ဘယ်သူမှမပြောကြဘူး။ဒါကြောင့်လူကြီးတွေက ဆောင်းနဲ့လက်ထပ်

ပေးဖို့စီစဥ်တော့နှင်းလက်ခံခဲ့တာပါ။ နှင်းတို့လက်ထပ်တော့ ဖိတ်စာကြိုမဖိတ်ပဲ ခြံထဲမှာပဲ

မဂ်လာပွဲကျင်းပတာ။ နှင်းအဖြစ်ကကိုယ့်ခင်ပွန်း

ဘယ်သူမှန်းမသိတဲ့အဖြစ်ပါ ညိုပြာညက်။သား

လေးမွေးပြီးဆယ်နှစ်လောက်ရောက်မှ မေမေနဲ့

လေပြည်တို့ပြောနေတာ တစွန်းတစကြားပြီး

ညိုပြာညက်အကြောင်းကြားလိုက်ရတာ။

သူ့ကိုအဲအချိန်အထိဆောင်းလို့ထင်နေတာလေ။

ညိုပြာညက်ရှိနေလျက်နဲ့နှင်းကိုညာယူရက်တယ်

ဆိုပြီး သူနဲ့နှင်းပြဿနာတက်ကြတော့တာဘဲ။

သူကတကယ်နှုတ်လုံတယ်သိလား.... "


ရှင်းပြနေရင်း နှင်းစက်အိမ်ကမိုးလေပြည်ကိုမျက်

စောင်းထိုးလိုက်၏။ပြီးတော့မှ စကားပြန်ဆက်

သည်။


"နှင်းကိုသာ နားလည်ပေးဖို့တွင်တွင်ပြောတာ။

သူကဆောင်းလေပြည်မဟုတ်ပါဘူးမိုးလေပြည်

ပါလို့ လုံးဝဝန်မခံဘူးသိလား....။နှင်းလည်း

ညိုပြာညက်ကို အရမ်းသနားသွားတာ။နှင်းကိုယ်နှင်းလည်းခွင့်မလွှတ်နိုင်ဘူး..ညိုပြာညက်တို့မိသား

စုကိုခွဲတဲ့သူလို့ကိုယ့်ကိုယ်ကိုသတ်မှတ်ပြီး အိမ်

ကထွက်မယ်ဆုံးဖြတ်လိုက်တာ။လေပြည်ကလုံးဝ

ကွာရှင်းမပေးတော့သူတို့အလစ်မှာသားကိုခေါ်ပြီး

ထွက်သွားတာ။ ဘယ်တော့မှ သူနဲ့ပြန်မပေါင်း

တော့ဘူးလို့လဲဆုံးဖြတ်ပြီး ထွက်လာခဲ့တာ။

နှင်းကြောင့် ညိုပြာညက်ဒုက္ခရောက်ရတယ်

ဆိုပြီးနှင်းကိုယ်နှင်းလည်းမုန်းတယ်။ပြီးတော့

သူ့ကိုလည်းအရမ်းမုန်းသွားတာ။ မိန်းမနဲ့ကလေး

ရှိနေလျက်နဲ့နှင်းကိုလက်ထပ်ရဲတယ်ဆိုပြီး

သူနဲ့အဝေးဆုံးကိုထွက်သွားမယ်လို့ဆုံးဖြတ်

ခဲ့တယ်။တကယ်လည်း ထွက်သွားဖို့အလုပ်သူ

ရောက်လာပြီး အဖြစ်မှန်တွေရှင်းပြမှသူက

ဆောင်းမဟုတ်ဘူးလေပြည်ဆိုတာသိလိုက်ရတာ"


"တော်သေးတာပေါ့...အဲတုန်းကမောင်အလိုက်မြန်

လို့..မဟုတ်ရင်နှင်းကသားကိုပါခေါ်ပြီးမောင့်ကို

တကယ်ထားခဲ့တော့မှာ။တကယ့်ရက်စက်တဲ့မိန်းမ"


လေပြည်က မကျေမနပ်ထ​ပြောလာ၏။နှင်းက

လေပြည့်လက်မောင်းကိုဆွဲဆိတ်ပစ်လိုက်ကာ၊


"မောင်တို့ညာတာကျတော့ရော...နှင်းဘယ်လောက်

ခံစားခဲ့ရတယ်မှတ်လဲ..."


"တော်ပြီ...မောင်ရှင်းပြပြီးပြီပဲကွာ။ပြီးတာတွေ

ပြန်မရစ်ကြေး..."


"မောင်နော်......."


နှင်းက အများရှေ့မှာမို့ထိန်းလိုက်ကာ သူ့ကိုရန်

မတွေ့တော့။ညိုပြာညက်က သူတို့နှစ်ယောက်ကို

တွေတွေလေးငေးကြည့်နေပြီး၊


"ဒါဆို....ဆောင်းရောဟင်...ဆောင်းကဘယ်ရောက်

သွားရတာလဲ။သူ...သူ...ခုဘယ်မှာလဲ....."


သိချင်စိတ်နဲ့အတူ မေးခွန်းများက ဆက်တိုက်

ထွက်လာ၏။သူမထင်နေတဲ့သူကမိုးလေပြည်ဆို

ဆောင်းကဘယ်ရောက်နေလဲ။ဆောင်းဘယ်မှာလဲ။

သူမအရမ်းသိချင်နေမိသည်။


"ဆောင်းလား........."


အပိုင်း(၂၁)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: