💚💚 အစိမ်းရောင်ကမ္ဘာငယ်လေး💚💚
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
``အဟမ်း°°°မျက်စိဖွင့်လို့ရပြီ´´
ထော စကားအဆုံး°°°သိချင်စိတ်ဖြင့် အလော
တကြီးဖွင့်ကြည့်လိုက်စဥ်°°°°°။
``အား°°°°°°´´
``ဟား°°°ဟား°°°°´`
လက်ထဲမှာပျော့စိစိဖြင့် တွန့်လိမ်နေသည့်
တီကောင်°°°။ညလေး အော်လိုက်က ကြောက်လန့်တကြားထခုန်၍လက်ထဲကအကောင်ကိုခါချလိုက်
မိသည်။ရင်တွေတုန်ကာ စွေ့စွေ့ခုန်နေသည့် ညလေးကိုကြည့်ကာ ထောရယ်လို့မပြီးတော့။အမှတ်မထင်
လန့်ကာ လက်တွေခါယမ်း၍ ကိုယ်လေးပါ တုန်ကာ
အသည်းယားသလိုဖြစ်နေသည့် ပုံလေးက တကယ့်ကို ချစ်ဖွယ်အတိ။
``ဟား°°°°°ဟား°°°°°မျောက်မီးခဲကိုင်မိတယ်ဆို
တာ ဒါမျိုးနေမှာ°°°°°။အဲ°°°မှားလို့ မျောက်မဟုတ်ဘူး ဝက်°°°ဝက်´´
အုတ်တံတိုင်းပေါ် လက်နှစ်ဖက်ကို ပိုက်သလို
တင်ကာ ရယ်နေရာမှ°°°°ညလေး၏ကြောက်နေ
သည့် ပုံစံကြောင့် လက်ခုပ်လက်ဝါးတီးကာရယ်
ပြန်သည်။
ထော ရယ်လိုက်တိုင်း ငေးမောရလောက်
သည့်အထိကြည့်ကောင်းပါသည်။ဒါပေမယ့်
ညလေးကတော့ ထိုမျက်နှာကြီးကိုဘဲ ကုတ်ဆွဲချင်
နေတာ။
``ညလေးရာ°°°°တီကောင်ဘဲ ကြောက်ရတယ်လို့
နော်။ဘာကြောက်စရာရှိလဲ°°°°ကိုယ့်ဆွေမျိုးတွေ
ချင်းဘဲ´´
``စည်းစိမ်ထော´´
``ဘာလဲ°°°နောက်တစ်ကောင်လိုချင်လို့လား°°°
မရတော့ဘူးနော်°°°°ဒါတောင်မနည်းရှာလာရတာ
သြော်°°°°ဒါပေမယ့်°°°°ကြော်စားချင်ရင်တော့
ပြောနော်°°°°ဘကြီး မြေဆွတဲ့အခါ ကိုကိုဖမ်းပေး
မယ်°°°°°ခေါက်ဆွဲကြော်ပေါ့°°°´´
``လူယုတ်မာကြီး°°°°ညစ်ပတ်တုံးကြီး°°°°°ဟီး°°
အဲဒါ ကိုယ့်ဘာသာကိုယ်စား°°°°´´
ငိုနေရင်း ရန်ပြန်လုပ်နေသည့် ညလေး၏ပုံစံ
လေးက တကယ့် ကလေးလေးလိုပါ။ငိုရင်အမြဲ
အော်ငိုကာ နှပ်တွေပါ ထွက်၏။
``ဟာကွာ°°°°တီကောင်ကြော်မစားခင် နို့ဆီတွေ
အရင်စားနေတာလား°°°°°´´
``အယုတ်တမာကြီး°°°°ရော့ °°°°နင်စား°°°°´´
``ဟာ°°°°°ညစ်ပတ်တယ်°°°ကြည့်စမ်း°°°´´
ထွက်လာသည့် နှပ်တွေကို လက်နှင့်ညှစ်ကာ
ထောဘက်ကို လှမ်းပြစ်တော့သူက ရွံ့ရှာသလို ပြော၍ခုန်ရှောင်သွားသည်။
``စည်းစိမ်ထော°°°နင်သာစား°°°°ငါ မစားဘူး´´
``သြော်°°°°ဝနေတာကို°°°°စားပါစား°°°°ဟဲ°°
ဟဲ`°°°°ကိုကို တီကောင်ပြန်ရှာဦးမယ်နော်°°°°´´
``သေလိုက်ပါလား°°°°°အစုတ်ပလုတ်ကြီး°°°´´
``မိန်းမမှ မရသေးတာ သေလို့ဘယ်ဖြစ်မလဲကွ°°။
ဒါနဲ့°°°°ညလေးရော ယောကျ်ားယူဦးမှာလားဟင်
သြော်°°°°မေ့လို့°°°မေ့လို့°°°ဒီလိုဝက်ခန္ဓာကိုယ်
ကို ဘယ်ကောင်လေးက ကြိုက်မှာလဲ°°°°။
ဝက်°°ဝက်ချင်းဆို တစ်မျိုးပေါ့နော်´´
လှည့်သွားပြီးမှ သမင်လည်ပြန် ပြန်ပြန်ကြည့်
ကာ စဖြစ်အောင် စသွားသေးသည်။
``အယုတ်တမာကြီး°°°°°လမ်းသွားရင် သူများမှား
ရိုက်ပါစေ။သူများကို စတဲ့ ပါးစပ် ဝဲပေါက်ပါစေ။
ရယ်တဲ့အတွက် ရယ်နေရင်း အံလွဲလို့ ဆေးရုံတက်
ရပါစေ°°°°´´
ညလေး°°°°ဒေါသတွေ ထွက်လာရင် ဒီလို အမြဲကျိန်နေကြ။ထောက ပြုံး၍ကြည့်နေရင်း°°°°။
``ကျိန်စရာကုန်ပြီလား°°°°တီကောင်တွေများများ
လှူနိုင်ပါစေရော မပါဘူးလားဟင်°°°°´´
``ဟီး°°°°°°အယုတ်တမာကြီး°°°°°မေမေရေ°°°
မေမေ´´
``ဟား°°°°°ဟား°°°°°အငိုသန်တဲ့ ကောင်မလေး
ကိုကို လာပို့်မယ်နော်°°°°စောင့်နေ°°°´´
မေမေ့ကို တိုင်ဖို့ ပြေးထွက်လာသည် အထိ
ထော၏ အသံက နောက်ကနေ ကပ်ပါလာ၏။
°°°°တွေ့မယ် လေးလေးတို့နဲ့ပါ တိုင်ပြောမယ်။
အယုတ်တမာ°°°°စည်းစိမ်ထော°°°ဒီ တစ်သက်
မိန်းမ မရပါစေနဲ့°°°°
``မေမေ°°°°ဟီး°°°°မေမေ´´
``ဟဲ့°°°°သြော်°°°ဘာဖြစ်လာပြန်တာလဲ°°°´´
မီးဖိုထဲတွင် ချက်ပြုတ်နေသည့် ဒေါ်ခါဝဿန်
သမီး အသံကြောင့် °°°လုပ်လက်စတွေ ရပ်ကာ
မေးလိုက်သည်။
``ဟီး°°°°ဟီး°°°°°စည်း°°°°စည်းစိမ်ထော°°°´´
ငိုရှိုက်ရင်းပြောလိုက်တော့ စကားက တစ်ဝက်
သာ°°°။
``ဟဲ့°°°°သား°°°ကိုထော ဘာဖြစ်လို့လဲ°°။ဘာ
ဖြစ်တာလဲ°°°°မြန်မြန်ပြောစမ်းပါ´´
ဒေါ်ခါဝဿန် သမီး စကားကြောင့် ထိတ်လန့်
သွားရသည်။
``မေမေကလည်း°°°°ဟီး°°°°သူစ လိုက်တာကို°°
ဟီး°°°°ညလေးကျ စိတ်မပူဘူး သူ့ကျစိတ်ပူနေ
တယ်°°°°အင့်°°°°မေမေလည်း မကောင်းဘူး´´
ကလေးလေးလို မနာလိုနေသည့် သမီးကို
ဒေါ်ခါဝဿာန် ရယ်ချင်နေသည်။သူမတို့ကလည်း
ဒီ သမီးလေးတစ်ယောက်ထဲ ရှိသလို နှင်တို့က
လည်း ကိုထောတစ်ယောက်ထဲသာ မွေးထား
သဖြင့် အားလုံးက ကိုယ့်ကလေးသူ့ကလေးခွဲခြား
မနေဘဲ တန်းတူ ချစ်ကြတာ ကလေးတွေ မွေးထဲ
ကပါ။
ကိုထောကို သူမတို့ သားအရင်းလေးလိုချစ်
သလို နှင်းဆို သမီးလေးငယ်ငယ်ထဲက သူ့မှာ
သားနှင့်သမီး နှစ်ယောက်ရှိတယ် သမီးကပါ နှင်း
သမီးလေးလို့ ပြောခဲ့တာ။
နှစ်အိမ်စလုံးက သားနှင့် သမီးကိုတန်းတူချစ်
ကြသလို ကြီးကြီးဒေါ်စိန်မြကြီးဆို သမီးလေးကို
ချစ်လိုက်တာ တုန်နေတာပင်။ချမ်းသာသလောက်
မျိုးရိုးမာန်ကြီးသည့် ကြီးကြီးဒေါ်စိန်မြကြီးသည်
ခုချိန်ထိ ကျန်းမာကာ ဖျတ်လတ်နေဆဲပါ။
ကိုထောဆိုတဲ့ သူတို့ရဲ့တစ်ဦးတည်းသော
မြေးလေးကို ထားစရာပင်နေရာမရှိ။ကိုထော
ကလည်း သူတို့ချစ်ကြသလို လိမ္မာရေးခြားရှိသည့်
ကလေးပါ။ဆယ်တန်းကို လေးဘာသာနှင့် အောင်
မြင်ကာ ဆယ်တန်းဖြေပြီးထဲက သူ့အဖေရဲ့လုပ်
ငန်းတွေကို ကူညီလုပ်ကိုင်ပေးနေပြီ။
``မေမေ°°°°မေမေ့လို့ဆို°°°°ဟင်း°°°မေမေလည်း
မကောင်းဘူး။သူ့ဘက်တော်သားဘဲ။ဖေဖေပြန်လာ
မှ ပြန်တိုင်ပြောရမယ်°°°°မေမေကပါ စည်းစိမ်ထော ဘက်တော်သားလို့°°´´
``ဟဲ့°°°သမီး ဘယ်လိုခေါ်လိုက်တယ်°°°°´´
ဒေါ်ခါဝဿန်°°°သမီး ခေါ်လိုက်တဲ့ နာမည်
ကြောင့် °°°°မျက်စိမျက်နှာပျက်ကာ ပြန်မေး
သည်။
``စည်းစိမ်ထောလို့လေ°°°°´´
``ဒေါက်°°°°°°´´
``အ°°°°°မေမေ´´
လက်သံပြောင်သည့် ဒေါ်ခါဝဿန်၏ လက်ချက်ကြောင့် ညလေး ထိပ်ကိုပြန်ပွတ်ကာ
ငိုမဲ့မဲ့လေးပြန်ဖြစ်သွား၏။
``အဲဒါ အကြီးကို °°°စည်းစိမ်ထောလို့ခေါ်ချင်ဦး။
ညချမ်းချိန်ခါ °°°°သမီး မရိုင်းရဘူးနော်။ကိုကို
လို့ခေါ်နေရာက °°°´´
``မခေါ်ချင်ပါဘူး°°°°သူ့ကို ညလေးမုန်းတယ်°°°´´
``ဟဲ့°°°°ဘာကိစ္စမုန်းရတာလဲ။ကိုထောလိုကလေး
မျိုးကိုတောင် ညည်းတည့်အောင်မနေတာ°°°
ညည်း ဘယ်သူနဲ့ တည့်မလဲ´´
``ဟီး°°°°°ညလေး အကုန်လုံးနဲ့တည့်ပါတယ်။သူနဲ့
သာ မတည့်တာ။ညလေးကိုဆို အမြဲစနေတာ
မုန်းတယ်°°°။ညလေးကို တီကောင်နဲ့တို့တာ
မကျေနပ်ဘူး°°°°°မေမေလည်း အားကိုးလို့မရ
ဘူး မေလေးနဲ့ဘွားဘွားကိုဘဲ သွားတိုင်တော့မယ်´´
အနားကနေ ပြေးထွက်သွားသည့် သမီးဖြစ်
သူကိုကြည့်ကာ သူမ ခေါင်းခါမိသည်။ဆိုးလို့ရလို့
ဆိုးနေသည့် သမီးနှင့် သမီးကိုမှ ရွေးစတတ်သည့်
ကိုထောတို့ကြား°°°သူမ ဘာလုပ်ရမှန်းမသိတော့။
အရွယ်နှင့်မလိုက်အောင် ထက်မြက်ကာ တည်ကြည်ပါသည်ဆိုသော သား°°ကိုထော
ကလည်း သမီးနှင့်ကျမှ ကြံဖန်ကာ စနောက်သည်။
အိမ်က သမီးဖြစ်သူကလည်း စလွန်းလို့ စိတ်ဆိုး
စိတ်ကောက်တာ မနည်းတော့။ဒီနှစ်ယောက်ကြား
မှာ ဘယ်လိုစေ့စပ်ပေးရမလဲ။
ချစ်လို့စတယ်ဆိုတဲ့ စကားကို သမီးလေး
နားလည်လာတဲ့ တစ်နေ့မှာ°°°°ဒီပြဿနာတွေ
ငြိမ်းသွားမယ်လို့ သူမ ထင်ပါသည်။ထိုနေ့ကို
သူမတို့စောင့်မျှော်ရုံပေါ့°°°°°°°။
ဒါပေမယ့် မမြင်နိုင်တဲ့ အမုန်းတရားတွေ
ရင်မှာ မကိန်းအောင်းစေချင်ပါ။တစ်နေ့နေ့မှာ
သူမတို့ ဖြစ်စေချင်သည့် အတိုင်းဖြစ်မလာခဲ့ရင်
သူမ ဖြေဆည်နိုင်ပါ့မလား°°°°။ဟင့်အင်း°°°
သားကိုထောဟာ သူမတို့ရဲ့ အပိုင်ဘဲ ဖြစ်ရမယ်။
ကိုထောကလွဲပြီး ဘယ်ကောင်လေးမျိုးနဲ့မှ သမီး
ကို စိတ်မချဘူး။
°°°°အို°°°ငါ ဘာတွေလုပ်နေပါလိမ့်နော်°°°°
ကိုပြန်လာတော့မှာ ဟင်းအမြန်ချက််မှ°°°°°
ခါဝဿန်ဆိုသည့် သူမသည် ခင်ပွန်းသည်
အလင်းချိန်အတွက် ကိုယ်တိုင်မီးဖိုချောင်ဝင်ကာ
ချက်ပြုတ်ပေးရမှ ကျေနပ်တတ်သူပါ°°°°။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
ညလေးတစ်ယောက် သူမတို့ခြံရှေ့ကနေ
လမ်းကိုပတ်ကာ တစ်ဖက်လမ်းထဲဝင်၍ ထောတို့
ခြံကို တစ်ပတ်ကြီးပြေးလာခဲ့သည်။ခြံချင်းက
ကျောကပ်နေပေမယ့် မျက်နှာချင်းက တစ်ခြားစီ
မို့ ညလေး မောအောင်ပြေးရသည်။
သူ့ကိုတိုင်ဖို့ လောလောဆယ် ကိုယ်ပင်ပန်း
နေတာလဲ သတိမပြုမိ။စိတ်ထဲမှာ°°°မေမေကပါ
သူ့ဘက် ခပ်ပါပါမို့ ညလေးဘက်ပါမဲ့သူတွေဆီ
ပြေးခဲ့တာ။
ဘွားဘွားနှင့် မေလေးကတော့ ညလေးဘက်ပါမှာ သေချာသည်။ဟင်း°°°°ဟင်း°°°
စည်းစိမ်ဆင်းရဲ°°°°ရှင်ကြီး °°°မကြီးမငယ်နဲ့
အရိုက်ခံရအောင်ကိုတိုင်လိုက်မယ်°°°°။
``မေလေးရေ°°°°°မေလေး°°°°°´´
အိမ်ထဲဝင်သည်ဆိုထဲက ဒေါ်နှင်းစက်အိမ်
ကိုအော်ခေါ်လာသည်။
``မေလေးရေ°°°°°ဘွားဘွားရေ°°°´´
``သမီး°°°°ညချမ်း ဘာဖြစ်လာတာလဲကွယ်°°°
မထိတ်သာမလန့်သာရှိလိုက်တာနော်°°°´´
ဧည့်ခန်းမှာ ထိုင်ကာ ဘွားဘွားဒေါ်စိန်မြကြီး
ကို တရားစာအုပ်ဖတ်ပြနေသည့် မေလေး
ဒေါ်နှင်းစက်အိမ်က စီးမေးလိုက်၏။ညလေး
မေလေးနှင့်ဘွားဘွားဘေးဝင်ထိုင်ကာ နှုတ်ခမ်း
ဆူ၍°°°°။
``မေလေးနဲ့ ဘွားဘွား°°°°စည်းစိမ်ထောကြီးလေ
ညလေးကို တီကောင်ကြီးနဲ့တို့လိုက်တယ်သိလား
ဟင့်°°°°°ညလေး လက်ထဲကို ဟော့လို°°ဟော့လို
ထည့်ပေးပြီး သူက ညလေးလန့်သွားတာကို အားရ
အောင်ရယ်နေတာ သိလား မေလေးနဲ့ ဘွားဘွား°°
သူ့ကို ပြန်ဆုံးမပေးနော်°°°°နော်လို့´´
ကိုယ့်သားကို စည်းစိမ်ထောလို့ ခေါ်နေတာ
ရော°°°အမေနဲ့ အဘွားရှေ့မှာ ဆုံးမပေးပါလို့
ပြောင်ပြောရဲသော ညချမ်းချိန်ခါဆိုသည့် ကောင်
မလေးကို အပြစ်မမြင်နိုင်ခဲ့အပြင် ဒေါ်စိန်မြကြီး
နှင့်ဒေါ်နှင်းစက်အိမ် တို့ သားမီးယောက္ခမနှစ်ယောက် သဘောကျနေသည်။
``ဟယ်°°°°°သားကတော့လေ။မေလေး သမီးလေး
ကို စလိုက်ပြန်ပြီ။နေပါစေ°°°°ပြန်လာမှ မေလေး
နဲ့တွေ့မယ်။မေလေး သမီးလေး အတော်လန့်သွား
တာလား´´
``ဘွားမြေးမလေး°°°°မငိုနဲ့တော့ သားလေးပြန်
လာမှ ဘွားကိုယ်တိုင် ရိုက်မယ်နော်။ဒါနဲ့ မြေးမလေး မေမေရော အိမ်ဘက်မလာတာကြာတော့
ဘွားကမျှော်နေတာ နေထိုင်ရော ကောင်းရဲ့လား
ဒီအဘွားကြီးက သတင်းမေးတယ်လို့ပြောလိုက်
စမ်းပါ´´
ညလေး°°°°ပြုံးချင်မိသည်။အဘွားက ငယ်
ရွယ်တဲ့ မေမေ့ကို သတင်းမေးနေသည်လေ။
ပြောလည်း ပြောချင်စရာပါ။မေမေသည် ဖေဖေ
ရဲ့တာဝန်တွေနဲ့ ဘယ်တော့မှ အားတယ်မရှိ။
သူမကိုယ်တိုင်ဝင်လုပ်ပေးရမှ ကျေနပ်တတ်သူ။
ဒါကို ဘွားဘွားက အမြဲ ပြောတတ်သည်က°°°
°°°မြေးမလေး မေမေက ပင်ပန်းဖို့ ကံပါလာတာပါ
အေ°°။အိမ်မှာလည်း အလုပ်သမားတွေရှိနေတာ
ဘဲ။ယောကျ်ားတာဝန် မိန်းမမလုပ်ရဘူးလို့ ဘွား
မပြောဘူးနော်။ဒါပေမယ့်°°°°မြေးမလေးမေမေ
ကနည်းနည်းများတယ်။ကိုယ့်မှာလည်း ဆိုင်တစ်
ဖက်နဲ့ကိုကွယ်°°°°။
``သမီး°°°°°°ထမင်းရော စားပြီးပြီလား´´
မေလေးက မေးလိုက်မှ ညလေး ဗိုက်စာ
လာသလိုပါ။ဗိုက်ကလေးကို ပွတ်ရင်း°°°°
``မေလေးမေးမှ ဗိုက်တောင်ဆာလာသလိုဘဲ။
မနက်ထဲက စာကျက်နေတာ ဘာမှ မစားရသေး
ဘူး။စာကျက်နေတုန်း စည်းစိမ်ထော လာစတာနဲ့
ထမင်းစားဖို့တောင် မေ့နေတယ်။အဟဲ°°°°ခုမှ
ဆာလာသလိုဘဲ´´
``လာ°°°°မေလေး လိုက်ခူးကျွေးမယ်။မေမေ
နှင်း သမီးကိုထမင်း ခဏသွားကျွေးလိုက်ဦးမယ်
နော်°°°°ပြန်လာမှဆက်ဖတ်ပြမယ် မေမေ´´
``အေးအေး°°°°°မြေးမလေးကြိုက်တာတွေ
အားလုံးကျွေးလိုက်°°°°။မြေးမလေး စား°°°
အများကြီးစား ကြားလား´`
``ဟိ°°°°ညလေးတို့က ဆွဲပြီးသားဘဲ ဘွားဘွားရေ
စားပြီးမှ ညလေး ဇက်ကျောဆွဲပေးမယ်´´
``အမလေး°°°°ပြောတာနဲ့တောင် ဒီအဘွားကြီး
ပီတိတွေ အတော်ဖြစ်နေပါပြီကွယ်´´
``ညလေးက အပြောမဟုတ်ပါဘူးနော်°°°°စားပြီး
ရင်တကယ်လုပ်ပေးမှာပါ´´
``မေမေတော့ ဒီအပြောလေးတွေနဲ့ ကြွေနေပြီ´´
မေလေးကပါ ပြုံးစစဖြင့် လှမ်းစနေသေး
သည်မို့ ညလေး နှုတ်ခမ်းလေးဆူမိပြန်သည်။
``မေလေးနော် ညလေးက တကယ်ပြောတာပါ
အလကား အာပလာမဟုတ်ပါဘူး°°°°´´
``ဟုတ်ပါတယ်ရှင့် မေလေး သမီးလေးက
လိမ္မာပြီးသားပါကွယ်°°°°လာ°°°လာ°°°
ထမင်းသွားစားရအောင်°°°°နောက်ကျနေရင်
အစာလွန်ပြီး ဗိုက်အောင့်နေလိမ့်မယ်´´
``ဟုတ်ကဲ့မေလေး°°°°´´
တကယ်ပါ°°°°အဟုတ်ကို ချစ်ကြတာပါ။
ဘယ်ဆုတောင်းကြောင့်လည်း ညလေးမသိ။
ညလေးကိုဆို တစ်မိသားစုလုံး ဝိုင်းချစ်ကြတာ။
``လေးလေးလေပြည်ရော°°°မေလေး°°°°´´
မေလေး ခူးခပ်ပေးနေတာကို ကူလုပ်ပေးရင်း
ညလေးမေးလိုက်တော့°°°°°။
``သမီး လေးလေးကဒီနေ့ UKက ဧည့်သည်တွေနဲ့
တွေ့ဖို့ချိန်းထားလို့ ပြန်မလာဘူး သမီး°°°´´
``လေးလေးလေပြည်က တကယ်တော်တယ်နော်။
စီးပွားရေးလုပ်ငန်းတွေ အများကြီးကိုတစ်ယောက်
ထဲနိုင်အောင်လုပ်နေတာ´´
``ဟုတ်တယ် သမီးရေ°°°°သားကလည်း ခုထဲက
အဖေကိုကူရှာပါတယ်ကွယ်°°°°။သမီးလေး°°°
စားနော်´´
``ဟုတ်ကဲ့°°°°မေလေး´´
မေလေး ထည့်ကျွေးတာစားပြီး စိတ်ထဲကနေ
မေလေး သားကို ကျိန်ဆဲကာ အတင်းတုတ်နေတယ်
ဆို မေလေးဘာပြောမလဲဟင်°°°°°။မေလေးကို
တော့ ညလေး အရမ်းချစ်တယ်။ဒါပေမယ့် °°°°
မေလေးသား ဟို အယုတ်တမာကြီးကိုတော့အရမ်း
မုန်းတယ် °°°°°။
အမြဲတမ်း အစအနောက်သန်ကာ ညလေး
ကိုဆို တစ်စက်ကလေးမှ အကောင်းမမြင်တဲ့
ရှင်ကြီးကို ကြည့်မရဘူး သိလား စည်းစိမ်ထော။
ရှင်ကြီးကို ရုပ်ဆိုးဆိုးမိန်းမကြီးတွေနဲ့ကို အောင်
သွယ်ပြစ််မယ်°°°။ရှင်ကြီး°°°ဗိုက်ပူပူ၊နှုတ်ခမ်း
ထော်ထော်၊သွားကျဲကျဲ၊ရုပ်ဆိုးဆိုး၊အသားမည်း
မည်းမိန်းမကြီးနဲ့ရပါစေ°°°°။ဟင်း°°°°အဲကျမှ
ရှင့်ကို အားပါးတရလှောင်ပြစ်လိုက်မယ်°°°။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
``ကိုထော°°°°°´´
``ဘာလဲ °°°°အဖိုးရာ°°°°°´´
``မင်းကိစ္စပြီးရင် ငါ့နောက်လိုက်ခဲ့စမ်းပါဦးကွာ°°´´
``ကွန်း°°°°မင်းရော လိုက်မှာလား°°°°´´
ဗီဇာကိစ္စအတွက်လာခဲ့တာပါ။ထော°°°°
နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ဗီဇာလာလုပ်
ခြင်းဖြစ်သည်။သူငယ်ချင်းတွေကို ထော အဖော်
ခေါ်လာတာပါ။ဒါမျိုး ကားတစ်စီးနှင့် သွားဖို့ဆို
အဖိုးရော ကွန်းပါ နှစ်ခါမခေါ်ရ။အဖိုးဆိုတာ
ဖိုးလပြည့်ပါ။သူငယ်ချင်းတွေက အဖိုးဟု ကင်ပွန်း
တပ်ခေါ်နေတာ။ကွန်းဆိုတာ ကွန်းနိုင်သော်ပါ။
အဖျားစွတ်၍ ကွန်းဟုခေါ်သည်။
နှစ်ယောက်လုံး ချမ်းသာသည့် မိဘများက
ဆင်းသက်လာသူတွေပါ။ဒါပေမယ့်°°°သူတို့
နှစ်ယောက်လုံး ထောလောက်မချမ်းသာပါ။
KTN Group၏တစ်ဦးတည်းသော အမွေဆက်ခံ
သူမြေးလေး ထောကိုတော့ သူတို့ဘယ်ယှဥ်နိုင်
ပါ့မလဲ။
ချမ်းသာသလောက်မာန်မာနကြီးသည့်
မိသားစုမှ ပေါက်ဖွားလာသူပေမယ့် ထောက
စိတ်ရင်းစေတနာအလွန်ကောင်း၏။ကူညီရိုင်း
ပင်းလိုစိတ်ရှိသည်။အဆင့်အတန်းခွဲခြားတာကို
မလိုလား မနှစ်သက်သူပါ။
သူငယ်ချင်းတွေ အားလုံးက ထောကို ခင်
ကြသည်။အဖိုးနဲ့ကွန်းဆို ကိုယ်ပိုင်ကားစီးနိုင်ပါ
လျက် ထောမောင်းသည့် ကားကို အမြဲလိုက်စီး
သည်။
ကားစီးလျှင်အိပ်ငိုက်တတ်သည့် ကွန်းသည်
နောက်ခန်းကနေ အမြဲအိပ်ငိုက်လာသည်။
အဖိုးကတော့ ထောဘေးမှာထိုင်ကာ စကားစ
မြည်ပြောရင်းလိုက်ပါလာ၏။
ခုလည်း သူ့ကိစ္စပြီးလို့ အဖိုးက တစ်စခန်း
ထလာကာသူ့ကောင်မလေးဆီ သွားတွေ့ဖို့အဖော်
စပ်နေတာ။
``ငါက အေးဆေးဘဲနော် အဖိုး°°°နောက်ကနေငိုက်
ပြီးလိုက်မယ်။ဟေ့ကောင်°°°ကိုထော ဒါမျိုးဆို
တာ ကူညီကောင်းပါတယ်ကွာ°°°°တော်ကြာကိုယ့်
အလှည့်ကျတော့ နမူနာယူထားပေါ့ကွ´´
ကွန်းစကားကြောင့် ထော နောက်ကြည့်မှန်
ထဲကနေ လက်သီးပြလိုက်၏။ဒါကိုမြင်တော့°°°
အဖိုးက °°°ကွန်းကိုလှည့်ကြည့်၍°°°။
``ဒီကောင်က ဘယ်ဝဋ်လည်ပါ့မလဲကွာ°°°အိတ်ထဲ
ကောက်ထည့်ရုံဘဲကို°°°°´´
``အေးပါ°°ကြည့်လုပ်°°°။တော်ကြာ°°°မင်းဟို
ရောက်နေတုန်း နောက်ကပါသွားမှ°°°ဟုတ်ပေ့
ဖြစ်နေမယ်°°°°´´
``မင်းတို့ကလည်းကွာ°°°°ဘာတွေပြောနေမှန်းမသိ
ဘူး။ကိုယ့်ကိစ္စကိုယ်တွေးစမ်းပါ°°°´´
``လုပ်မနေစမ်းပါနဲ့ ကိုထောရာ°°°ကောင်မလေး
ကချစ်စရာလေးပါကွ။နောက်ပြီးတော့ မင်းတို့
တစ်အိမ်သားလုံးကလည်း လိုလားနေတာ°°°
သေချာတယ်ကွန်း°°°°သူတို့ကြီးလာရင် ရကြမှာ´´
``ဟေ့ကောင်°°°°အဖိုး°°°မင်းစကားကြီးက ဘာ
လဲကွ°°°°´´
``ဟ°°°°ဘာမရှင်းစရာလဲကွ။ခု သူတို့အရွယ်မ
ရောက်သေးတော့ ဘယ်လက်ထပ်ပေးမလဲ။
အေး°°°သူတို့ အရွယ်ရောက်ရင်တော့°°°´´
``အဖိုး°°°တော်စမ်းပါ°°°°။မဟုတ်တာတွေ
ပြောမနေနဲ့။မင်း ကောင်မလေးက မြောက်ဥက္ကလာ
ကမို့လား°°°´´
``အေး°°°°°´´
အဖိုးဆိုသည့် ဖိုးလပြည့်သည်မြောက်ဥက္ကလာ
က ကောင်မလေးနှင့်ကြိုက်တာဆယ်ရက်ပင်မပြည့်
သေး။ပထမဆုံး ကောင်မလေးရပ်ကွက်ကိုသွား
ခြင်းပါ။
``ငါ°°°°မျက်ခုံးလှုပ်နေတယ်နော်°°°°အဖိုး´´
ထော စကားကြောင့် အဖိုးမျက်နှာမှာ ရယ်ချင်
ပက်ကျိဖြစ်သွား၏။
``လုပ်မနေနဲ့°°°ငါ့ကောင်မလေးကို ဖုန်းဆက်ပြီး
သား°°°°မင်းသာ မောင်းစရာရှိတာမောင်း´´
``ကိုထောရာ°°°°ဒီကောင့်ကိုပြောမနေနဲ့ ဒီကောင်
က ရည်းစားအရင်ရသွားတယ်ဆိုပြီး မာန်တက်နေ
တာ´´
``အောင်မာ°°°မင်းတို့တောင် ငါ့လို အစွမ်းအစရှိလို့
လား°°°ပြောစမ်းပါဦး´´
``အဖိုး°°°°ဒီ ရပ်ကွက်လား`°°°´´
``အေး°°°°°ဟုတ်တယ်°°°°ငါ့ကောင်မလေးက
သာမန်မိသားစုကကွ°°°°ကိုထောလိုတော့
ရွှေ°°ရွှေချင်းမထပ်ဘူးပေါ့ကွာ°°°´´
ပါလာပြန်ပြီ°°°°ဒီဘူတာကိုဘဲ ဆိုက်နေတာ။
``ဟုတ်တယ်နော်°°°°ကိုထောတို့က ရေကန်အသင့်
ကြာအတင့်ဘဲကွ°°°´´
``မဟုတ်ပါဘူးကွာ°°°ပညာလည်းစုံ ကြင်ယာလည်းစုံကွ°°°°°။ကိုထောကို အားကျလိုက်တာ
ကွာ ညချမ်းချိန်ခါက တကယ်ချစ်စရာလေးကွ°°´´
``ဟုတ်တယ်°°°ဟုတ်တယ် ငါလည်းထောက်ခံ
တယ် ညချမ်းချိန်ခါက ချောတာထက်ချစ်စရာ
ကောင်းတာကွ။ငါဆို°°°တစ်သက် ဘယ်တော့မှ
လှတဲ့မိန်းမကိုမရွေးဘူး°°။ချစ်စရာကောင်းတဲ့
ညချမ်းချိန်ခါလို မိန်းကလေးမျိုးကိုဘဲ ရှာမှာ°°။
ဒါတောင် °°°ဒီကောင်က ဝက်ကလေး°°°ဘာလေး
လုပ်နေသေးတာ°°°။ဘယ်မှာဝက်လဲ´´
``ငါ့ မျက်လုံးထဲမှာတော့ ညလေးက ချစ်စရာ
ဝက်ပေါက်လေးအဖြစ်ပဲရှိနေတာကွ´´
ထော ပြောလိုက်တဲ့စကားကြောင့် အဖိုးမျက်နှာ
မှာ မချိုမချဥ်ဖြစ်သွားကာ နောက်က ကွန်းကိုလှမ်း
မျက်စပြစ်ပြနေ၏။
``အေးပါကွာ°°°ကိုယ့် ငါးချဥ်ကိုယ်ချဥ်ပေါ့ကွာ°°´´
`` အဖိုး°°°°မင်းဟာက မရောက်သေးဘူးလား
ကွာ°°°´´
ထော ကားမောင်းနေရင်း စိတ်မရှိန်သံဖြင့်
မေးလိုက်သည်။
``ရောက်တော့မှာပါကွာ°°°ဟိုမှာ°°°°ဟိုကွေ့ကိုကွေ့ပြီးရင် ရောက်တော့မှာ°°°°´´
အဖိုး ပြသည့် ကွေ့ကို ဖြတ်အကွေ့မှာတော့°°°။
``အမလေး°°°°°°´´
``ကျွီ°°°°°ဟာ°°°တိုက်မိသွားပြီလားမသိဘူး°°°´´
``ကိုထော°°°ဘယ်လိုလုပ်မလဲ°°°°°သေသွားပြီ
လားမသိဘူးကွာ°°°°°။ငါတို့ ဘာလုပ်ကြမလဲ´´
``ဟုတ်တယ်°°°ကိုထော°°°ငါ့ကောင်မလေးနဲ့လည်းမတွေ့တော့ဘူး°°°။သေသွားရင် ငါတို့
အမှုပတ်နေမယ်°°°°ငါတို့ လစ်စို့ ကိုထော°°°°´´
အဖိုးနှင့်ကွန်း ထိတ်လန့်ကာ စကားတွေပါထစ်
ငေါ့နေကြသည်။
``မင်းတို့ကလည်းက ပွတ်မိသွားတာပါ။မသေနိုင်
ပါဘူး°°°လာဆင်းကြည့်ကြမယ်°°°°´´
``မင်း°°°မင်း°°°အရင်ဆင်း´´
ထောအကြောက်လွန်နေသည့် သူငယ်ချင်းတွေ
ကို မခေါ်တော့ဘဲ သူဘာသာဆင်းခဲ့သည်။
ကားရှေ့တွင် လဲကျနေသော အန်တီကြီးတစ်
ယောက်°°°လက်က ခြေထောက်ကိုပြန်ဖိကာ
ရှုံ့မဲ့နေသလို°°°ဘေးနားမှာလည်း အနက်ရောင်
ကြွပ်ကြွပ်အိတ်လေး။
``အန်တီ°°°°ဘာဖြစ်သွားသေးလဲ ခင်ဗျာ°°°။
ကျွန်တော်တောင်းပန်ပါတယ် အန်တီ။ကျွန်တော်
လည်း မထင်မှတ်ဘဲ ကွေ့မိလို့ ဖြစ်ရတာပါ°°°။
ကျွန်တော် ဆေးခန်းလိုက်ပို့ပါ့မယ်°°°°ထကြည့်
ပါဦးအန်တီ°°°°°´´
ထော လဲနေသည့် အန်တီကြီးကိုထူမဖို့ပြင်
တော့°°°°°။
``ဟင်°°°°`မင်း°°°°°မင်း°°°°°°´´
ပြူးကျယ်ဝိုင်းစက်သွားသည့် မျက်လုံးတွေ
ဖြင့် သူ့မျက်နှာကိုကြည့်ကာ အံ့သြနေသည့်
အန်တီကြီးကြောင့်°°°°ထော မေးလိုက်သည်။
``အန်တီ°°°°ကျွန်တော့်ကိုသိလို့လား°°°°´´
``ညိုပြာညက်°°°°°ဘာဖြစ်တာလဲ။ကားတိုက်မိ
တာလား°°°။ဘာဖြစ်သွားသေးလဲ°°°°´´
အပိုင်း(၃)ဆက်ရန်👉👉👉
စာဖတ်သူများကိုအစဥ်လေးစားလျက်
#ဖက်ဖူးစိမ်း