💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
"မငိုပါနဲ့ ညလေးရယ်။ မင်းကို ကိုယ် သူများနောက်
အပါမခံနိုင်လို့ မရရအောင်လုပ်ယူလိုက်ရတာပါ။
မင်းကို တကယ်ပိုင်ဆိုင်ထိုက်တဲ့ သူက ကိုယ်ပါပဲ။
ချစ်လို့ ....ကိုယ်ချစ်တဲ့မိန်းမကို ရအောင်ယူလိုက်တာ ကိုယ်တဏှာရူးတစ်ယောက်မဟုတ်ဘူး ညလေး။ ကိုယ်သာ အဲလိုကောင်ဆို မင်းကို ခုလို
တောင်ခိုးလာဖို့မလိုဘူး... ။ကိုယ်တကယ်ချစ်တဲ့မိန်း
မကို ချစ်တဲ့စိတ်ကြောင့် ပွေ့ပိုက်ယုယမိတာကို
မင်းက တဏှာရူးလို့ ခေါင်းစဥ်တပ်လိုက်တာလား။
ကိုယ့်ချစ်တဲ့မိန်းမကို ရင်ခုန်သံတွေနဲ့ ယုယကြင်နာ
ချင်တာ ချစ်တတ်တဲ့ယောကျ်ားတိုင်းရဲ့ အားနည်း
ချက်ပဲ ညလေး....."
မျက်လွှာပိတ်ချထားပေမယ့် သူ့အနမ်းများက
မျက်တောင်ဖျားလေးတွေ၊မျက်ဝန်းအိမ်လေးတွေ၊
နှာခေါင်းဖျားလေးတွေနဲ့ နှုတ်ခမ်းလေးတွေပေါ်
နူးညံ့စွာကျရောက်နေ၏။မျက်တောင်ဖျားလေးတွေ
မှာ ခိုတွယ်ကာစိုစွတ်လာသည့် မျက်ရည်စလေးများကို ပါးပြင်ထက်သို့ စီးမျောခွင့်မပြုဘဲ သူ့နှာ
ခေါင်းဖြင့် တိုက်ဖျက်ကာပွတ်တိုက်ပစ်နေသည်။
ဖက်တွယ်ထားတဲ့လက်တွေကို ဖယ်ချပြစ်ကာ
ညလေး ကိုယ်လေးကို တစ်ဖက်စောင်းပစ်လိုက်
သည်။ သူ့ကို ဘာစကားမှလည်းပြောချင်စိတ်မရှိ။
ဖြစ်နိုင်ရင်သတ်ပစ်ချင် ၏။ ကိုယ် ယုံကြည်ခဲ့တဲ့
သူကကိုယ့်အပေါ်အလိမ်အညာတွေနဲ့ အချိုသတ်
နေသူတဲ့။ ညလေးအဖြစ်က ဖွတ်ထွက်မှ တောင်ပို့
မှန်းသိရသူလို။
ညလေးဘဝက ...။အင့်......။ တွေးလိုက်မိတိုင်းမျက်
ရည်များက အတားအဆီးမဲ့နေ၏။ ကိုကို.....ခုချိန်
ဆို ကိုကိုဘာတွေလုပ်နေလဲ။ ကိုကို့ချစ်သူ တခြား
တပါး လူယုတ်မာလက်ထဲမှာဘဝပျက်ခဲ့ရတာကို
ကိုကို ဘယ်သိပါ့မလဲ။ ကိုကိုရယ်.....ညလေးတို့
တကယ်ဝေးရပြီပေါ့နော်။ ကိုကို့ကို ညလေးအရမ်း
ချစ်တယ်။ ကိုကိုနဲ့လုံးဝမခွဲနိုင်ဘူး။ ညလေး ချစ်တာကိုကို့လေ...။ သူ့ကို မုန်းတယ်...စည်းစိမ်ထော
ဆိုတဲ့ အတ္တသမားကြီးကို အရမ်းမုန်းတယ်။
"ညလေး"
သူက. ညလေးကိုယ်လေးကို သူ့ဘက်ပြန်ဆွဲယူ၏။
ညလေး အတင်းတောင့်ထားကာ ပေနေတော့
သူက တံတောင်တစ်ဖက်ထောက်ကာ သူမပုခုံးလေးကနေဆွဲလှည့်ပစ်လိုက်သည်။ ညလေး ပက်
လက်လေးဖြစ်သွားတော့ သူမပေါ်ကနေအုပ်မိုး
စိုက်ကြည့်ကာ ညလေးလှုပ်မရအောင် ဖက်ထား
၏။
"ညလေးရာ...."
ရုန်းထွက်မရတော့မှန်းသိနေသဖြင့် ညလေး မျက်
လုံးစုံမှိတ်ကာ နှုတ်ခမ်းသားလေးတွေကို ဖိကိုက်
ပြီး ခေါင်းလေးကို စောင်းငဲ့လိုက်၏။သူမပုံလေး
ကြောင့် သူ ဆက်ဆက်ခါနာသွားကာ သူမအမည်
လေးကို မချင့်မရဲရေရွတ်သည်။
"ကိုယ် မင်းအပေါ်အနိုင်ယူသလိုဖြစ်သွားတာ
ဟုတ်ပါတယ်။ဒါကလည်း မင်းကိုချစ်လို့ပါ
ညလေးရယ်...ချစ်လွန်းလို့ပါ။ အသည်းကွဲခံပြီး
တပါးသူ ရင်ခွင်ထဲမှာ ပျော်နေတာ ကိုယ် ဘယ်လို
မှ ကြည့်မနေနိုင်ဘူး။ တကယ်ချစ်ရင် ရအောင်
ယူရမှာပဲ။ ကိုယ် အသုံးမကျလို့ မရလိုက်တာကို
သဘောထားကြီးသလိုလိုနဲ့ အလျော့ပေးလိုက်တဲ့
ခပ်ညံ့ညံ့ယောကျ်ားထဲမှာ ကိုယ်မပါဘူးညလေး။
ကိုယ့်ဘဝမှာ မင်းတစ်ယောက်ထဲဘဲ ချစ်ခဲ့ဖူးတယ်။ ဘယ်မိန်းမမှ မင်းလို မချစ်နိုင်လို့ ကိုယ်
ဘာ ရည်းစားမှ မထားခဲ့တာ။ညလေးရာ ကိုယ့်ကို
ဒေါသလေးနည်းနည်းပြေပါနော်။ ကိုယ် မင်းစိတ်
တိုင်းကြ ထားပါ့မယ်....."
သူ့ကို မပြောချင်သလို လုပ်နေတဲ့ ပုံလေးကို သူ
အသည်းယားလာသည်။ တမင် မျက်လုံးစုံမှိတ်ထား
ပုံလေးက ချစ်စရာ။ မင်းနဲ့ပက်သက်ရင် ချစ်စရာ
လို့ပဲ မြင်နေတယ် ညလေး။
"ညလေး"
သူ ဘယ်လိုခေါ်ခေါ် မထူးသလို မျက်လုံးလေးမှိတ်
ကာ နှုတ်ခမ်းကိုက်ထားသည့် ညလေးက တကယ့်
ကလေးဆိုးလေး။ အနီးကပ်မြင်နေရသည့် မတိုမစိပ် မျက်တောင်လေးတွေနဲ့ မျက်ခွံမို့မို့လေးက
မျက်ရည်လေးတွေ ခိုတွဲနေ၏။ ကော့ဆင်းနေတဲ့
နှာတံလေးနဲ့ အထူအပါးညီပြီး စုလုံးနေတဲ့
နှုတ်ခမ်းလေးက ရင်ခုန်စရာ။ ဝိုင်းနေတဲ့ မျက်နှာ
လေးနဲ့ ပါးဖောင်းဖောင်းလေးကြောင့် သူမလေးက
ချစ်စရာ အလွန်ကောင်းနေ၏။ သူများတွေလို
ငေးကြည့်ရအောင်လှတာမျိုးမဟုတ်ပေမယ့် သူမ
ချစ်စရာကောင်းတာလေးက သူ့ရင်ထဲမှာ နက်နက်
ရှိုင်းရှိုင်းကို တွယ်ငြိနေသည်။
စွဲမက်စရာကောင်းအောင် ထိရက်စရာမရှိအောင်
လှတဲ့မိန်းကလေးတွေ သူ့နားမှာ ဝိုင်းနေခဲ့တာ။
ဒါတွေအားလုံးကို မမြင်နိုင်တဲ့အထိ သူ့မသိစိတ်
ထဲကနေ ရူးသွပ်စွာ စွဲလမ်းခဲ့ရတာက သူမလေးသာ။ခုလို ချစ်စရာကောင်းတဲ့ကောင်မလေးကို
ကလေးသာသာထဲက စွဲလမ်းစွာချစ်ခဲ့ရတာက
သူ။ သူများတွေချစ်တယ် ဆိုတာတွေထက်ပိုသည်။
မင်းစည်းစိမ်သာ ညလေးရဲ့ ရည်းစားမဟုတ်ခဲ့ရင်
စိန်ခေါ်ပြီး အချစ်ချင်းပြိုင်လိုက်မည်။ သူ့အချစ်ကို မှီမှာတဲ့လား။ ကိုယ့်လိုပဲ သူမရဲ့ ချစ်စရာ ဟန်ပန်လေးကို မြင်တဲ့သူ မရှိပါစေနဲ့လို့ ဆုတောင်းလည်း
မပြည့်။ ကိုယ့်လို မြင်တတ်သူရှိလာတော့ ကိုယ်က
ဗီလိန်ကြီးဖြစ်ခဲ့ပြီ။
ခုပဲကြည့်....သူမလေးပုံက သူ့ကို ရွံ့ရှာစရာ သတ္တဝါ
လို လည်ပင်းလေးပင်လိမ်ထားသေးသည်။ သူ့ကို
မတူသလို မတန်သလို လုပ်နေတဲ့ သူမလေးကို
ကြည့်နေရင်း ရင်ခုန်သံက မြန်လာကာ နှာသီးဖျား
လေးကို ခပ်စပ်စပ်လေး ငုံ့ကိုက်ပစ်လိုက်မိတော့သည်။
"အ......ရှင်......"
"အသည်းယားလို့..."
ဖျတ်ခနဲ မျက်လုံးတွေပွင့်လာကာ အော်လိုက်တဲ့
သူမပုံလေးက ကြောင်လေး နှုတ်ခမ်းမွှေး အနှုတ်
ခံလိုက်ရပုံနဲ့ တစ်ပုံတည်း။သူမ မျက်လုံးလေးတွေပွင့်လာမှ ပါးဖောင်းဖောင်းလေးနဲ့ နဖူးလေးကို
နမ်းရှိုက်ပစ်လိုက်သည်။ ညလေးက အတင်းလည်ပင်းလိမ်ပစ်တော့ အနမ်းများက နားရွက်
ဖျားလေးတွေနဲ့ ဆံစတွေထဲပဲ တိုးတိုက်နေ၏။
သူ ရယ်လိုက်ပြီး သူမ မျက်နှာလေးကို အတင်းဖိကပ်ပစ်လိုက်သည်။ တချပ်ချပ်ပြေးလွှားနေတဲ့
စက္ကန့်တွေကြား အနမ်းများက အငြိုးကြီးကြီး
ရွာသွန်းနေတဲ့ မိုးလို ဝုန်းဒိုင်းကြဲနေ၏။
"မုန်းတယ်....။စည်းစိမ်ထော ရှင့်ကို အရမ်းမုန်း
တယ်။မကျေဘူး...လုံးဝမကျေဘူးသိလား။
ဟီး....."
"ဟာကွာ....မငိုနဲ့လေ...ချစ်လို့နမ်းတာလေးကို...။
ငိုစရာလားကွာ...."
သူမျက်နှာ ဖယ်လိုက်တာနဲ့ သူမက စူးစူးဝါးဝါး
ထငိုတော့သည်။ရင်ခွင်ထဲ ဆွဲသွင်းကာ ချော့လည်း
မရ။ ကျလာသမျှ မျက်ရည်များကို နှုတ်ခမ်းနဲ့
ပွတ်တိုက်ဖယ်ရှားနေမိသည်။
"ငိုမှာပဲ...ဖယ် ရှင့်ကို မုန်းတယ်သိလား။ညလေးချစ်
တာ ကိုကို။ ကိုကို ကလွဲပြီး ဘယ်ယောကျ်ားမှ
မချစ်ဘူး။ ရှင့်ကို အရမ်းမုန်းတယ်စည်းစိမ်ထော"
"ဟာကွာ......."
ဘယ်လိုမှ ချော့မရတော့ သူမလေးကို ပွေ့ကာ
တစ်ပတ်လှိမ့်ပစ်လိုက်သည်။ ထိုအခါ သူ့ကျော
ပြင်က မွေ့ယာနဲ့ ထိကပ်သွားက ညလေးကိုယ်လေး
က သူ့ရင်ဘတ်ပေါ်ဝမ်းလျားလေးအတိုင်း ပါလာ
၏။သူမကအတင်းတွန်းဖယ်နေတော့ သူမခါးလေး
ကနေ တင်းနေအောင်ဖက်ပစ်လိုက်သည်။ သူမကလည်း ငြိမ်မနေပဲ သူ့ရင်ဘတ်ကို ထုရိုက်နေသဖြင့်
သူငြိမ်ခံနေပေးလိုက်သည်။ သူမ စိတ်ချမ်းသာဖို့
လုပ်ချင်တာ လုပ်ခွင့် ပေးထားလိုက်သည်။ သူမ
လက်သီးဆုပ်လေးတွေက သူ့ရင်ဘတ်တလျှောက်
ဆက်တိုက်ကျရောက်နေ၏။
"ဟီး.....လူယုတ်မာကြီး....မုန်းတယ်"
သူမစိတ်ရှိတိုင်းထုရိုက်နေပေမယ့် သူက ဘာမှ
မဖြစ်။ ကြာတော့ သူမလက်လေးတွေနာလာကာ
မရိုက်နိုင်တော့ တာမို့ ငိုချလိုက်ကာ မုန်းစကား
တွင်တွင်ဆိုပစ်လိုက်သည်။
"မုန်းကွာ....ကြိုက်သလောက် မုန်းလိုက်။တစ်
ယောက်နဲ့တစ်ယောက်ချစ်နေရင် ပျင်းစရာ
ကောင်းနေမှာ။ မုန်း...အေး ဒါပေမယ့် မင်း ကိုယ့်
ဆီက ထွက်ပြေးမယ်တော့ စိတ်မကူးနဲ့။ လုံးဝမရ
ဘူး။ တစ်သက်လုံး ကိုယ်ဘေးမှာဘဲမင်းနေရမယ်။
သေတဲ့အထိ ကိုယ်နားမှာ မင်းရှိနေရမယ်။ မင်း
ကို ထွက်သွားခွင့်မပြုဘူး။ စည်းစိမ်ထောရဲ့
ရာဇဝင်မှာ စွန့်လွှတ်တယ်ဆိုတာ မရှိဘူးညလေး..."
"အတ္တသမား...တစ်ကိုယ်ကောင်းသမားကြီး။
ရှင့်ကို မချစ်ဘူး။ ညလေးချစ်တာ ကိုကို့ကို။
ရှင့်ကိုတော့ မုန်းတယ်။တူးတူးခါးခါးကိုမုန်းတာ
သိလား...။စည်းစိမ်ထောဆိုတဲ့ လူယုတ်မာကို
အရမ်းမုန်းတယ်.....ဟင့်...ဟင့်...ဟီး..."
ရင်ဘတ်ပေါ်ကနေ သူ့မျက်နှာကိုစိုက်ကြည့်လျက်
သူ မကြားချင်ဆုံးစကားတွေကို ရွေးပြော
နေတဲ့ ညလေး။
"မုန်းကွာ...ကြိုက်သလောက်မုန်း။အေး...ချစ်တာက
ကိုယ့်တာဝန်။ မင်းလည်း ကိုယ့်ကို အကြိုက်မုန်း။
ကိုယ်ကတော့ ချစ်မှာဘဲ....."
"ရှင်နော်.....စည်းစိမ်ထော......"
ပြောတုန်းကပြောပြီး သူတကယ်ဆိုးလာတော့
ညလေး မနိုင်ပေ။ သူ့အကျင့်အတိုင်း သူအနိုင်
ယူ၏။ မုန်းတယ်...စည်းစိမ်ထော။ရှင့်ကိုမုန်းတယ်။
ညလေးချစ်တာ ကိုကိုဘဲ။ ရှင်မဟုတ်ဘူး...။ညလေး ကိုကိုကလွဲပြီး ဘယ်ယောကျ်ားမှ မချစ်နိုင်ဘူး။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ကိုကိုစည်း....အရမ်းခံစားနေရပြီပေါ့နော်....."
လက်ထဲက ဖိတ်စာလေးကို ဆုပ်ကိုင်ရင်း ယောကျ်ားတန်မဲ့လက်တွေတုန်နေသည်။ ရွှေရွှေချင်း
ထပ်တော့မြတ်သတဲ့။သူ့လိုအညတရအဖြစ်က
ကွယ်ရာမှာမျက်ရည်ကျရတော့မည့်ကိန်းဆိုက်နေ
ပြီ။
"ကိုကိုစည်း......"
အနားမှာထိုင်ကာ သူ့ပုခုံးလေးပေါ်လက်လေးတင်
လျက် တိုးဖွဖွခေါ်နေတဲ့ လွန်းခကိုလည်း သတိမရ။
သူ့မျက်လုံးလေးတွေမှာ မြင်ယောင်နေတာက
ညချမ်းရဲ့ ချစ်စရာတီတီတာတာပုံလေးတွေနဲ့ စကားသံလေးများသာ။ ဆုံးရှုံးဖို့ချစ်ခဲ့တာ မဟုတ်
ပေမယ့် ခု ဆုံးရှုံးလိုက်ရပြီ။
"မနက်ဖြန် မဂ်လာပွဲ...။လွန်းခဆီ ဖိတ်စာ မနေ့
ကမှ ရောက်လာတာ။ညချမ်းကိုတော့ ဘယ်လိုမှ
ဆက်သွယ်မရဘူး။ ဒီကိစ္စကညချမ်းသဘောနဲ့
ဘယ်လိုမှ မဖြစ်နိုင်ဘူး ကိုကိုစည်း။ လူကြီးတွေ
စီစဥ်တာပဲ နေမှာ...."
လွန်းခ ပြောနေတာတွေလည်းကြားတစ်ချက်၊
မကြားတစ်ချက်။ တစ်ကြိမ်တစ်ခါဘဲ ကြည့်ပြီး
နောက်ထပ် ထပ်မကြည့်ဘဲ ဖိတ်စာလေးကို
လက်ထဲမှာကိုင်ထားပေမယ့် အထဲက နာမည်တွေ
အားလုံးက မျက်လုံးမှာ စွဲ ထင်နေသည်။
ဦးမိုးလေပြည်နဲ့ ဒေါ်နှင်းစက်အိမ်တို့ရဲ့ သားတဲ့။
ဘယ်လို သဘောမျိုးနဲ့ကြည်ဖြူပေးရမလဲ။ညီလေး
လို့သဘောထားကြည့်ပေမယ့် သူ့နှလုံးသားက လက်သင့်မခံ။ ညချမ်းရယ် စချစ်ခဲ့ထဲကစွန့်လွှတ်
ဖို့မှ မဟုတ်ဘဲ။ မနက်ဖြန်တဲ့...မဂ်လာပွဲက မနက်ဖြန် ကျင်းပတော့မှာ ကိုကို့မှာ ဘာမှကြိုးစား
ခွင့်မရှိတော့ဘူးလား။ ချစ်သူကို ပေးပြီးကြင်နာပြ
တဲ့အထိ ကိုကို့နှလုံးသားက မမာဘူး ညလေး။
"ကိုကိုစည်းရယ်....ခု ကိုကိုစည်း ဘာဖြစ်ချင်လဲ
ပြော လွန်းခတတ်နိုင်တာ ဘာမဆို လုပ်ပေးမယ်"
ခေါက်းငိုက်စိုက်ချကာ ငြိမ်သက်နေတဲ့ သူ့ပုခုံးကို
လှုပ်ကိုင်ပြီး လွန်းခပြောနေပေမယ့် သူက တစ်ချက်လေးတောင်မော့မလာ။ ထိုင်ခုံပေါ် ခြေချထိုင်
လျက် ဒူးနှစ်ဖက်ပေါ် တံတောင်ကွေးတင်ကာ
ခေါင်းငုံ့ပြီးမျက်လုံးတွေ မှေးမှိန်ထား၏။လက်ထဲ
မှာတော့ ဖိတ်စာလေးက တုန်ခါနေသည်။သူ့ကို
သိရအောင် ဒီနေရာခေါ်လိုက်မိတာ လွန်းခမှား
သွားပြီလား။ ခုလို ရုပ်ပျက်ဆင်းပျက်ခံစားနေပုံ
ကြောင့် သူမခေါ်ပြမိတာကို နောင်တရချင်၏။
ညချမ်းနဲ့ သူမ အဆက်အသွက်မရတဲ့ အတောအ
တွင်း ဖြစ်ပျက်သွားသမျှကယုံနိုင်စရာမရှိ။
ကိုကိုစည်းကို လွန်းခ ကြိတ်ချစ်နေရတာ။ခုလို
ညချမ်းလက်ထပ်သွားတော့ လွန်းခဝမ်းတောင်
သာရဦးမှာ။ ဒါပေမယ့် လွန်းခ ဝမ်းမသာပါ။
အစထဲကသူမ တစ်ဖက်သတ်ချစ်နေပေမယ့် ကိုယ့်
အချစ်ဆုံးသူငယ်ချင်းနဲ့ ချစ်သူဖြစ်သွားတော့လည်း
ကြည်ဖြူနိုင်ခဲ့သည်။ သူမအချစ်က ရယူပိုင်ဆိုင်
ချင်းမျိုးမဟုတ်။ သူ ဘာလိုသလဲ၊ သူ့အတွက်ပေး
ဆပ်ဖို့လူဖြစ်လာသူ။ ကိုကိုစည်း မသိတဲ့နောက်ကွယ်ကနေ ကိုကိုစည်းအတွက် သူမပေးဆပ်
ခဲ့တာတွေ အကြိမ်ကြိမ်။ ဒါတွေ သူ့မှ မမြင်နိုင်ဘဲ။
သူ့လိုအင်တွေဖြည့်ဆည်းပေးနေရတာနဲ့ ပျော်နေတဲ့
လွန်းခဆိုတဲ့ ကောင်မလေးကို ကိုကိုစည်းက
သတိတောင်ထားမိခဲ့တာမဟုတ်။ သူမကတော့
ကိုကိုစည်းအတွက် ကိုကိုစည်းနောက်ကနေ
အရိပ်လေးလို လိုက်ဖြည့်ဆည်းနေခဲ့ရတာ။guide
လုပ်ပြီးကျောင်းတက်ရသူမို့ သူမ ပတ်ဝန်းကျင်မှာ
ကိုကိုစည်းတော်ကြောင်း၊တတ်ကြောင်းကြွားပြီး
ကိုကိုစည်းကိုသာငှားဖို့ လိုက်ပြောရတာလည်း
အာပေါက်မတတ်။ကိိုကိုစည်းရဲ့ အရည်အချင်း
ကြောင့် တစ်ခါငှားလိုက်တာနဲ့နာမည်ကြီးသွား၏။
သူ့မွေးနေ့တိုင်း သူ့အတွက်လက်ဆောင်တွေပို့နေတဲ့
သူက သူမမှန်း သူသိသေးပုံမပေါ်။
"သူတကယ်လက်ထပ်တော့မှာပေါ့......"
သူ့ဆီက ပထမဆုံးထွက်လာတဲ့ အသံလေးက
အက်ကွဲတိုးလျနေ၏။ လွန်းခ နားထောင်နေရင်း
မျက်ရည်တွေရစ်ဝဲလာသည်။ ကိုကိုစည်း နာကျင်
ရင် လွန်းခလည်းနာကျင်ရတာပါပဲ ကိုကိုစည်း။
ကိုယ့်ချစ်နေရသူက ခုလို ဖရိုဖရဲနဲ့ အလဲလဲအကွဲကွဲ
ဖြစ်နေတော့ လွန်းခနှလုံးသားလေးလည်း အဆမတန်နာကျင်ရသည်။
"ခုချိန်မှာ ကိုကိုစည်း ဘယ်လိုခံစားနေရမလဲဆိုတာ
လွန်းခ ကိုယ်ချင်းစာပါတယ်။ ညချမ်းလည်း ကိုကို
စည်းလို ခံစားနေရမယ်ဆိုတာ လွန်းခသိနေတယ်။
ဒါကြောင့် ကိုယ့်စိတ်ကို ကိုယ်ဖြေပါနော်....."
"လွန်းခရယ်......ကိိုကိုဘယ်လိုဖြေရမလဲ"
အက်ကွဲဆို့နစ်သံရဲ့ အဆုံးမှာ ဖိတ်စာထက်သို့
မျက်ရည်တစ်စက်လာရောက်မိတ်ဆက်၏။
ယောကျ်ားတန်မဲ့ ပထမဆုံးကျခဲ့ရတဲ့ မျက်ရည်
က မင်းကြောင့်ဘဲ ညချမ်း။
"လွန်းခလည်း ကိုကိုနဲ့ထပ်တူခံစားရပါတယ်
ကိုကို။ ကိုကိုဘာလုပ်မယ်ဆုံးဖြတ်ထားလဲ..."
လွန်းခ အမေးကြောင့် ရီဝေနေတဲ့ မျက်လုံးလေးများ ပင့်တက်လာကာ အဝေးကြီးကိုလှမ်းငေး
နေ၏။ ကန်တော်ကြီးထဲမှာ စကားပြောနေရင်
သူ့စိတ်တွေက အဝေးကိုလွင့်မျောနေသည်။
ဘယ်နေရာကိုကြည့်ကြည့် သူမအကြည့်တွေသာ
စိုးမိုးနေ၏။ သူတကယ်အသည်းကွဲနေပြီ။ သူမနဲ့
အတူတူလာဘူးတဲ့နေရာလေးတွေကို လှမ်းကြည့်မိမှ ဝေဒနာ ပိုတိုးလာမိသည်။ညချမ်းရေ...ကိုကို
အရမ်းခံစားနေရပြီ။
"လွန်းခရော ညချမ်းနဲ့အဆက်အသွက်ရလား.."
ဖြစ်ရလေ ကိုကိုရယ်။စောစောကပဲ လွန်းခနဲ့အဆက်အသွက်မရှိဘူးလို့ပြောပြီးပြီ။ဒါတွေကို
ကိုကိုမကြားဘူးပေါ့။ ကိုကို စိတ်နဲ့ကိုယ်ရောကပ်
သေးရဲ့လားကွယ်။
"ဟင့်အင်း...အဆက်အသွယ်မရဘူးကိုကို။မနေ့က
ဖိတ်စာရပြီးပြီး ဖုန်းဆက်တော့လည်း ဖုန်းကို
ညချမ်းမေမေကိုင်တယ်လေ။ညချမ်း အလုပ်ရှုပ်နေတယ်လို့ပြောပြီးဖုန်းချသွားတာ။ဝတ်စုံတွေသွား
ရွေးနေတယ်တဲ့လေ။ လွန်းခထင်တာတော့ ညချမ်း
ဖုန်းကိုသိမ်းလိုက်တာနေမှာ။ခု ကိုကိုဘာလုပ်မလဲ
ဟင်......"
သူ့မျက်နှာမှာ ပြိုတော့မဲ့မိုးလို ပျက်ယွင်းကာ
အဝေးဆီငေးနေတဲ့ မျက်ဝန်းတွေက အောက်သို့
ပြန်စိုက်ချကာ လေးပင်သောအသံဖြင့် ဆိုလာ၏။
"ဟင်း......ကိုယ်ဘာတတ်နိုင်မှာလဲ လွန်းခရယ်။
အားလုံးပြီးဆုံးနေပြီပဲ"
ပြီးတော့ နေရာမှ ထရပ်ကာ လေးပင်ချိနဲ့သော
ခြေလှမ်းများဖြင့် နှုတ်ဆက်ဖို့တောင်သတိမရ
တော့ဘဲ သူမနားကထွက်သွားသည်။ခေါင်းငိုက်
စိုက်ကျကာ လျှောက်သွားနေတဲ့ ကိုကို့ကိုလှမ်း
ကြည့်ရင်း လွန်းခမျက်ရည်တွေအပြိုင်ပြိုင်ကျလာ
ရသည်။ကိုကိုလက်ခံမယ်ဆိုရင်...ကိုကို့ကိုအနီးကပ်
နှစ်သိမ့်မှုတွေပေးလိုက်ချင်၏။ကိုကို့ကိုပြေးဖက်
ပြီးအားပါးတရနှစ်သိမ့်လိုက်ချင်တယ်။ဒါပေမဲ့
ကိုကိုရယ်...လွန်းခက မိန်းကလေးလေ။
"ကိုကို...လွန်းခလည်းညချမ်းထက်မလျော့တဲ့
အချစ်တွေနဲ့ကိုကို့ကို ချစ်တာပါကိုကို။ကိုကို
ခံစားနေရတာထက် လွန်းခပိုခံစားရတယ်ဆိုတာ
ယုံပါ။ပိုချစ်တဲ့သူကပိုနာကျင်ရတယ်ဆိုတဲ့စကား
ကသိပ်မှန်တယ်သိလား။ ချစ်သူကို စွန့်လွှတ်ရလို့
ခံစားရတဲ့ ဝေဒနာအပြင် နောက်ထပ်ကိုယ်ချစ်ရတဲ့
သူခံစားနေရလို့ကိုယ်လည်းထပ်တူနာကျင်ရတယ်။
လွန်းခရဲ့ ခံစားချက်ကို ကိုကိုတစ်ချက်လောက်
စာနာပါ......"
ချစ်လို့ရူးကြသတဲ့။သူမကတော့... ကိုကို့ကိုချစ်
လွန်းလို့ရူးခဲ့ရတာကြာပြီ။ ကိုကို့ဆီကချစ်ချင်း
တွေမပိုင်ဆိုင်ရရင်တောင် သနားသဖြင့် ညှာတာ
မှုလေးတစ်ချက်လောက်တော့လိုချင်မိတယ်
ကိုကိုရယ်....။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ဒါတွေကိုဘယ်သူပြင်ခိုင်းတာလဲ....."
မဂ်လာပွဲ အပြင်အဆင်များကိုကြည့်ပြီး ညလေး
ခပ်ဆက်ဆက်လေးမေးလိုက်သည်။ဟိုတယ်အထိ
လိုက်လာဖြစ်တာက ထောအတင်းခေါ်လို့။
သူ့ကို ဆန့်ကျင်ပြီးမလိုက်ဘူးလုပ်နေတာ မေမေရဲ့
တစ်ချက်လွှတ်အမိန့်ကြောင့် သူနဲ့ဒီအထိပါလာခဲ့ရ
တာ။ပန်းနုရောင်အပြင်အဆင်များနဲ့ထုံမွှမ်းထား
တာတွေကိုလက်ညှိုးထိုးလျက်မေးလိုက်တော့
ပွဲစီစဥ်ပေးတဲ့ အလုပ်သမားလေးအနားရောက်
လာကာ၊
"ဟို...အဲဒါက ဟိုအစ်ကိုပြင်ခိုင်းတာပါ မမလေး"
ကောင်လေးလက်ညှိုးထိုးပြတဲ့ သူက တာဝန်ရှိတဲ့
သူနဲ့စကားပြောနေတဲ့စည်းစိမ်ထော။နို့စိမ်းရောင်
ရှပ်အကျီလက်ရှည်ကိုလက်ချဝတ်ကာ လည်ပင်း
အောက်ကကြယ်သီးနှစ်လုံးကိုတမင်မတပ်ဘဲ
ထား၏။အောက်က အနက်ရောင်ဘောင်းဘီနဲ့
တွဲဖက်ဝတ်လျက်...အနက်ရောင်ရှူးကိုဝတ်ကာ
ဆံပင်တွေကိုဂျယ်နဲ့အပြောင်သိမ်းထားသဖြင့်
ချောမွေ့ရှင်းလင်းနေတဲ့ ထောမျက်နှာကအရှင်း
သားပေါ်နေသည်။ဘောင်းဘီအိတ်ထဲလက်ထည့်
လျက်အပြင်အဆင်တွေကိုလိုက်ကြည့်ပြီးညွှန်
ကြားနေ၏။သူ့ပုံကိုကြည့်ပြီး ညလေးနာကြည်း
မုန်းတီးခြင်းတွေတဖွားဖွားဖြစ်ပေါ်နေသည်။
"သွား....အဲဒီပန်းရောင်တွေမမြင်ချင်ဘူး။ခုချက်ချင်း အစိမ်းရောင်ပြောင်းပေးကြ...."
"ခင်ဗျာ......"
"ပြောနေတာမကြားဘူးလား...။သွား...မင်းတို့
သွားလဲကျ။အစိမ်းရောင်နော်။ခုချက်ချင်း...အစိမ်း
ရောင်ပြောင်းပြင်ပေး..."
ညလေးအော်လိုက်တော့ ကောင်လေးကြောက်
ကြောက်နဲ့ ထောတို့ဘက်လျှောက်သွား၏။
"အစ်မ သတို့သမီးကအပြင်အဆင်တွေကိုအစိမ်း
ရောင်ပြောင်းပေးပါနဲ့။ခုချက်ချင်းပြန်လဲပေးတဲ့"
"ဟင်......"
သူ ညလေးဘက်ကိုလှမ်းကြည့်လိုက်မိသည်။
ညလေးကသူ့ကိုဖျတ်ခနဲမျက်စောင်းထိုးကာ
တစ်ဖက်လှည့်သွား၏။ ညလေးရဲ့နာကြည်းမုန်း
တီးခြင်းများကသူမမျက်လုံးအိမ်လေးမှာအထင်
အရှားမြင်လိုက်ရသည်။
"အစ်ကို...ချောလို့ဘာလုပ်ပေးရမလဲ..."
သူ ခေါင်းညိတ်ပြလိုက်ကာ သူ့ကိုကျောခိုင်းထား
တဲ့ကျောပြင်လေးကိုငေးကြည့်သည်။ပြီးတော့...
"သူပြောတဲ့အတိုင်းအစိမ်းရောင်လေးပဲပြောင်းပေး
လိုက်ပါ မချော...."
"ဟုတ်ကဲ့အစ်ကို။ကဲ....ကဲ....ခုပြင်ဆင်ထားတာတွေ
ပြန်ဖျက်ကြ။အစိမ်းရောင် ချိန်းမယ်..."
အလုပ်သမားတွေ အားလုံးအလုပ်ရှုပ်ကုန်ကြ၏။
အားလုံးအလျှိုအလျှိုနဲ့ပြင်ဆင်ထားသမျှတွေကို
သိမ်းနေကြပြီ။ တကယ်တော့ပန်းနုရောင်ဆိုတာ
ညလေးအနှစ်သက်ဆုံးအရောင်မို့လားညလေးရာ။
မင်းကြိုက်တဲ့အရောင်လေးကို ကိုယ်ပြင်ခိုင်းလိုက်
မိတာ ဘာမှားနေလို့လဲ။ခုတော့ အစိမ်းရောင်တဲ့
လား။ ကိုယ့်အပေါ်နာကြည်းချက်တွေအဲလောက်ပြင်းထန်နေမှန်းကိုယ်သိလိုက်ပါပြီ ညလေးရယ်။
ကိုယ့်အတွက် မင်းရဲ့အမုန်းတွေအစိမ်းရောင်ရင့်
နေပြီပေါ့။သူ့စိတ်ထဲအတော်မကောင်းဖြစ်သွား
ရသည်။နာကြည်းမုန်းတီးနေတဲ့သူမမျက်လုံးက
အရိပ်အငွေ့လေးတွေနဲ့ စိမ်းတောက်တဲ့ဆက်ဆံရေး
တွေ။အားလုံးကသူ့အပေါ် မုန်းတီးနေပါတယ်
ဆိုတဲ့ပြယုဂ်တွေပင်။
ညလေးရယ်....မင်းစိတ်ချမ်းသာမယ်ဆို ဘာမဆို
လုပ်လိုက်ပါ။ကိုယ်ကျေနပ်စွာကြည်ဖြူနေမှာ...။
စိတ်မကောင်းခြင်းများစွာဖြင့်သူမကျောပြင်လေး
ကိုတွေတွေလေးငေးကြည့်နေလိုက်မိ၏။
^^.....ချစ်သူ မင်းဘက်ကအစိမ်းရောင်
တံတိုင်းကာထားပေမယ့်...အစိမ်းရောင်
ဆိုတာ ကိုယ့်အတွက်တော့ အိုအေစစ်မို့....^^
အပိုင်း(၂၀)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း