book

Index 18

အပိုင်း(၁၈)

💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚


                  


🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃


"နှင်း......."


"ပြောလေမောင်......."


နက်တိုင်ကို ဖြုတ်ပေးနေရင်း နှင်းစက်အိမ်

ထူးလိုက်သည်။ အလုပ်သွားအလုပ်ပြန် နေ့စဥ်

ဝတ္တရားတွေမို့  သူမအတွက် ရိုးနေပြီ။ အလုပ်က

ပြန်လာတဲ့ ခင်ပွန်းသည်ကို အကျီ ကူလဲပေးနေတာ။

နက်တိုင်  ဖြုတ်ပစ်လိုက်ပြီး အပေါ်ဆုံးကြယ်သီး

ကိုဖြုတ်ပြီးသွားသည့်အထိ သူ့ဆီကအသံထွက်မလာ။


"ပြောလေ မောင်....ဘာပြောမလို့လဲ....."


နှင်း  ကြယ်သီးလေးတွေကို ကိုင်ရင်း မော့မေး

လိုက်တော့   နှင်းကို စူးစိုက်ကြည့်နေသည့် သူ့မျက်

ဝန်းများနဲ့လမ်းခုလတ်မှာဆုံသည်။ ခပ်နက်နက်

အကြည့်တွေထဲက လေးနက်တည်ကြည်တဲ့ အရိပ်

အယောင်တွေကြောင့် သူတစ်ခုခုကို အသဲအသန်

ဆုံးဖြတ်နေရပုံပေါ်နေ၏။ 


"မောင်......."


"ဟင်......"


ခေါ်လိုက်တော့လည်း  ထူးဖော်ရပေမယ့် သူ့

မျက်နှာ မကြည်မလင်ဖြစ်နေတာ အရမ်းသိသာ

နေတာမို့ သူ့မှာပြဿနာ တစ်ခုခုရှိနေပြီလို့ နှင်း

သိနေသည်။ 


"မောင်ဘာပြောမလို့လဲဟင်...။အဲလောက်ပြောရ

ခက်နေတာ မောင့်မှာ ဘာအခက်အခဲတွေရှိနေလို့

လဲမောင်။ နှင်းကို ပွင့်ပွင့်လင်းလင်းပြောပါ။

မောင့်အတွက်  အုတ်တစ်ချပ်၊သဲတစ်ပွင့်ဖြစ်ဖြစ်

နှင်းတတ်နိုင်တဲ့ နေရာလေးကနေ ကူညီပေးချင်

လို့ပါ မောင်...."


တဖွဖွမေးနေတဲ့ ချစ်ဇနီး  မျက်နှာလေးကို ငုံမိုး

စိုက်ကြည့်ရင်း  သူ  အကြင်နာပိုနေမိသည်။ အမြဲ

တမ်း   သူ့အတွက် အသင့်ရှိနေတဲ့ သူမ။ စည်းနှောင်

ချထားသဖြင့် ဆံစလေးတွေ ပြောင်ရှင်းနေတဲ့

နဖူးလေးကို တစ်ချက် ငုံ့မွှေးလိုက်ပြီး  စူးစူးနစ်နစ်

လေးပြန်ငေးနေသည့် သူမမျက်လုံးလေးတွေထဲ

စိုက်ကြည့်ကာ၊


"မောင် ညိုပြာညက်တို့ကိုတွေ့တယ်......"


"ဟင်.....ဟုတ်လားမောင်....။ သူ...သူ ခုအဆင်ပြေ

ရဲ့လား....."


အံသြတုန်ရီနေတဲ့ နှင်း အသံလေးနဲ့ နှင်းဟန်ပန်လေးတွေကိုသူငေးကြည့်ရင်း  သဘောကျကာ

ကပြုံး လိုက်မိသည်။ အဲဒါပါပဲ...နှင်းဆိုတဲ့  သူမရဲ့

ချစ်စရာ စိတ်သဘောထားလေးက။ ညိုပြာညက်

လည်း  နာကျင်ခံစားခဲ့ရသလို  နှင်းဆိုတဲ့ သူမလေး

ကရော  မနာကျင်ခဲ့ရလို့လား။ မိဘစကားနား

ထောင်ကာ  သူ့ကိုလက်ထပ်ခဲ့သဖြင့် သူမအညာမိ

ခဲ့ရတာတွေ။ ယောကျ်ားနှစ်ယောက်ရခဲ့သလိုမျိုး

ဖြစ်ခဲ့ရတာတွေက သူမအတွက် နာကျင်စရာ

အတိတ်ဆိုးတွေမဟုတ်လား။


"အင်း....သူတို့အဆင်မပြေဘူး   နှင်း။ သားအမိ

နှစ်ယောက်ထဲ ဘဝကိုရပ်တည်နေခဲ့ရတာ..."


"သူ...သူ ဘာလေးမွေးတာလဲမောင်....."


"သားပဲ.....။နာမည်က မင်းစည်းစိမ်တဲ့...."


"ဘယ်လို....မင်းစည်းစမ်ဟုတ်လား...။သား...သား

နာမည်နဲ့ ဆင်နေပါလား"


"နာမည်တင်ဆင်တာ မဟုတ်ဘူး  နှင်း။ သူ့သားက

သားနဲ့ ရုပ်ချင်းလည်းဆင်နေတယ်ကွ။ပြီးတော့

ကောင်လေးက guideလုပ်ပြီးကျောင်းတက်နေတာ။ဒီနှစ်ဘွဲ့ရပြီ...."


"ဟုတ်လားမောင်....။စိတ်မကောင်းစရာပဲ....။

သူတို့ အဆင်မပြေကြဘူးပေါ့နော်။ နှင်းတို့သွား

တွေ့ကြမယ်လေ...."


"မဖြစ်ဘူးနှင်း......"


"ဘာလို့လဲ မောင်....."


"သူက မောင့်ကို ဆောင်းလို့ထင်နေတာ။ သူ့စိတ်ထဲ

မှာဆောင်းက သူ့ကိုသစ္စာဖောက်ပြီး   နှင်းနဲ့

လက်ထပ်သွားတာလို့ ထင်နေတာ...."


"ဟုတ်လား.....အဖြစ်မှန်တွေကို သူ သိသင့်တယ်

မောင်။ နှင်းတို့သွားရှင်းပြကြမယ်လေ။ ချိန်တို့ခါ

တို့ကိုပါ ခေါ်သွားမယ်။ သူတို့ဘယ်မှာနေတယ်

ဆိုတာ မောင်သိတယ်မို့လား...."


"သိတယ်......"


"ဒါဆို သွားကြမယ်မောင်။ ဆောင်းရဲ့ ဇနီးနဲ့ သားကို  နှင်းတို့ ဒီအတိုင်းပစ်ထားလို့ မဖြစ်ဘူး...။

ဆောင်းမရှိပေမယ့်  သူ့ဇနီးနဲ့သူ့သားက ပိုင်ဆိုင်

ခွင့်တွေခံစားခွင့်ရှိတယ်။ ပြီးတော့ သူတို့သားအမိ

က မောင်တို့မိသားစုဝင်ပဲလေ မောင်။ သူတို့ဘဝ

အဆင်မပြေနေတာကို နှင်းတော့ပစ်မထားနိုင်ဘူး။

ဖြစ်ပျက်ခဲ့သမျှတွေကို  နှင်းတို့ သွားရှင်းပြမှဖြစ်

မယ်။ သူ ဘယ်လောက်ခံစားနေရမလဲမောင်။ 

နှင်းကိုယ်ချင်းစာတယ်သိလား....."


"သူက မောင့်ကိုဆောင်းလို့ထင်နေတာကွ။သူ့ပုံက

အတော်ခေါင်းမာမဲ့ပုံ...."


သူက တွေးတွေးပြောလိုက်ပုံကိုကြည့်ကာ နှင်း

ပြုံးလိုက်မိသည်။ 


"ဘာပြုံးတာလဲ။ မောင့်ကို အထင်လွဲနေတာကို

နှင်းကရယ်နိုင်သေးတယ်ပေါ့။ မသိရင် မောင်က

မိန်းမနှစ်ယောက်ရှိနေသလို သူကပြောနေတာကွ။

တကယ်ပဲ စိတ်လေတယ်...."


မျက်နှာကြီးရှုံ့မဲ့ကာ   ပြောနေသည့်မောင့်ကို

သူမမျက်စောင်းထိုးပစ်လိုက်ကာ၊


"အဲလိုတွေထင်စရာဖြစ်အောင် မောင်တို့ သားအမိ

ပဲဖန်တီးခဲ့တာလေ။ ဟင်း....မပြောချင်ဘူး....။

အစထဲက ငါက မိုးလေပြည်ပါလို့ ဝင်ခံလိုက်ရင်ပြီး

နေတာကို....."


"မလွဲသာမရှောင်သာမို့ပါ   နှင်းရာ။ မင်းလက်ထပ်

ခဲ့တာလည်း မိုးလေပြည်ဆိုတဲ့ ကောင်ပဲ မဟုတ်

လား။ ဆောင်းလေပြည်လို့ မေမေ ကတမင်ဖန်

တီးခဲ့ပေမယ့်   မင်းတကယ်လက်ထပ်ခဲ့ရတာ

မိုးလေပြည်ပဲလေ...."


ပုခုံးလေးက​နေ ဆုပ်ကိုင်ပြီး သူမမျက်ဝန်းကြည်ကြည်နက်နက်လေးထဲစိုက်ကြည့်ကာ၊


"မောင်တို့ မေမေ့ကျန်းမာရေးကြောင့် လိမ်သလို

ဖြစ်ခဲ့တာပါ။ တကယ်တော့  မင်းလက်ထပ်ခဲ့တာ

ဆောင်းလေပြည်အမည်ခံထားပေမယ့် မိုးလေပြည်

ကမိုးလေပြည်ပါပဲ။ အဲတုန်းက.  မောင်ရော

ဘာမှ မခံစားခဲ့ရဘူးလို့ နှင်းထင်နေသလား"


နှင်း သူ့မျက်နှာကို မော့ငေးကာ ဘာတစ်ခွန်းမှ

ပြန်မပြောပေ။ နှင်းရဲ့ မထုံတတေးပုံလေးကို 

အသည်းယားကာ ပါးပြင်လေးကို တရှိုက်မက်မက်

လေးနမ်းလိုက်မိသည်။


"မောင့်မဟုတ်ပဲ ဆောင်းနေရာကနေ မိန်းမ

တစ်ယောက်ကို မိခင်အလိုကျလက်ထပ်လိုက်ရတာ

။အဲတုန်းက မောင်လည်းအရမ်းကို ဒေါင်းနေတာ။

ဘာမှလည်း မပြောချင်တော့သလို။ ဘယ်သူ့စကား

မှလည်းနားမထောင်ချင်တော့ဘူး။ မေမေ ရောဂါ

ပုံမှန်ပြန်ဖြစ်ရင် မင်းကိုကွာရှင်းပြီး နိုင်ငံခြားပြန်

မယ်လို့ ဆုံးဖြတ်ထားတာ...."


"ကြည့်စမ်း.....မောင်နော်။မောင်တော်တော် အတ္တကြီးပါလားဟင်။ နှင်းကိုထားခဲ့ပြီး  မောင်က

ပြန်မလို့ ဆုံးဖြတ်ထားတာပေါ့...."


ကလေးမဟုတ်တော့ပေမယ့် ဆယ့်ခြောက်နှစ်သမီး

လေးလို နှုတ်ခမ်းလေးစူကာ နှင်းကရန်တွေ့၏။

သွားစွယ်လေးပေါ်အောင်ပြုံးလိုက်ရင်း နှင်းကလေး

ဆန်ပုံလေးကို သဘောကျကာ ပါးလေးကို မနာ

အောင်ဆွဲလိမ်ပစ်လိုက်သည်။


"ဟုတ်တယ်လေ...မောင်က နဂိုထဲက မြန်မာမှာမပျော်တဲ့ကောင်။ ခရီးတွေလျှောက်ထွက်ရင်း ကမ္ဘာကြီးကိုပတ်ရတာ စိတ်ဝင်စားတဲ့သူ။ ငယ်ငယ်ထဲက 

မောင့်ဦးလေးနောက်လိုက်နေပြီး နိုင်ငံပေါင်းစုံ

လျှောက်လည်နေတာ နှင်းကြားမှာပေါ့။ မြန်မာ

မှာ အခြေမချချင်တဲ့မောင့်ကို မေမေအသဲအသန်

ဖြစ်နေတုန်း လေးလေးနဲ့ပြန်လာရင်း  မထင်မှတ်ပဲ

မင်းနဲ့လက်ထပ်ဖြစ်သွားတာ။ တွေ့စက ငယ်သူငယ်

ချင်းပေမယ့် မင်းလို ပုံတုံးလေးကို မောင်သဘော

မကျခဲ့တာ အမှန်ပဲ...."


"သွား......မောင့်အကြောင်းသိသားပဲ။လူကို အမြဲ

တမ်းလှောင်ပြုံးပြုံးပြီး လာလာရိနေတာ....."


နှင်းက လက်ထပ်ပြီးစအချိန်တွေကို ပြန်သတိရကာ

မျက်စောင်းထိုးလျက် မကျေနပ်ခဲ့တာတွေကိုပြော

လိုက်သည်။သူက ခေါင်းမော့ရယ်လိုက်သဖြင့်

ချောမွေ့ကြည်လင်သွားကာ နုပျိုနေသည့် သူ့ပုံကို

နှင်းငေးမိလျက်သားဖြစ်နေ၏။ သူရယ်နေပုံက

ငယ်ငယ်ကအတိုင်း လုံးဝမပြောင်းလဲသလို၊ သူ့ရုပ်

သွင်က လူငယ်လေးတစ်ယောက်လို ချောမော

ခန့်ညားနေဆဲပင်။


"မင်းစဥ်းစားကြည့်လေမောင်..​ ငါးတန်းဖြေပြီး

ထဲက နိုင်ငံခြားသွားနေခဲ့တာ။ ဒီကိုတစ်ခေါက်မှ

ပြန်မလာခဲ့ဘူး။ မင်းကိုလည်း ငယ်ငယ်ကပဲ

ခင်တာလေ။ပြန်တွေ့ကြတော့ လုံးဝမမှတ်မိတော့

ဘူး။ ပုံစံတွေက ငယ်ငယ်ကလိုမဟုတ်တော့ဘူးလေ။ပြီးတော့ မင်းပုံစံက မောင်ရင်းနှီးနေတဲ့ ပတ်ဝန်းကျင်က ပုံတွေနဲ့လုံးဝဆန့်ကျင်နေတော့..."


"မောင်ဟားစရာဖြစ်ခဲ့တယ်မို့လား....."


"ဟားတာတော့မဟုတ်ဘူးကွာ...။မင်းပုံလေးက

မောင့်မျက်လုံးထဲမှာဆန်းနေတာ။ မေမေကျန်းမာ

ရင်ကွာရှင်းမယ်လို့ရည်ရွယ်ပေမယ့် မင်းကိုမောင်

အချိန်တိုအတွင်းမှာ ချစ်သွားတာကွ။ ပြီးတော့ 

မင်းက မောင့်ကို ဆောင်းလို့ပဲထင်နေတာလေ။

ဆောင်းလေပြည်ဖြစ်ပြီး ဘာလို့ မိုးလေပြည်နာမည်နဲ့လက်ထပ်ရလဲဆိုပြီးတောင် မောင့်ကို ကော

သေးတယ်မို့လား။ မင်းက ဘာမှ မသိပေမယ့်

မောင် မင်းကို သဝန်တိုပြီးဒေါသတွေ ခဏခဏ

ဖြစ်ခဲ့ရတာကွ။ မင်းပုံက ဆောင်းကိုပဲချစ်နေခဲ့

တာဆိုပြီး မောင်ခံစားခဲ့ရတဲ့လတွေမနည်းဘူး

နှင်း...."


အတိတ်ကိုပြန်သတိရသွားကာ သူ့မျက်ဝန်းတွေ

ဖျော့တော့ရီဝေနေတော့ နှင်း  သူ့ခါးကို ပြန်ဖက်

လိုက်ကာ၊


"အို....နှင်းချစ်တာ  နှင်းနဲ့လက်ထပ်လိုက်တဲ့မောင့်ကိုပါ မောင်။ နှင်းလက်ထပ်ခဲ့တဲ့နှင်းခင်ပွန်းကို

နှင်းချစ်တာပါ။ အဲတုန်းက နှင်းလက်ထပ်ထားတာ

ဆောင်းလို့သိထားတော့ ဆောင်းကိုချစ်တယ်လို့ 

မောင်ထင်နေတာလား။ ဆောင်းကို ချစ်တာ မဟုတ်

သလိုလေပြည်လို့သိလို့ချစ်တာလည်း မဟုတ်ဘူး။

နှင်းချစ်တာ နှင်းကို အမြဲလှောင်ပြောင်နေတဲ့ 

အမြဲတမ်းမာနကြီးတခွဲသားနဲ့ ဘယ်သူ့ကိုမှ

အောက်ကျို့မခံချင်တဲ့မောင့်ကိုပါ မောင်ရယ်"


"နှင်းရာ......"


သူမကို ရင်ချင်းဆွဲကပ်ဖြစ်လိုက်မိ၏။ထိုအခါ

ရင်ခုန်သံတွေက ဟိုးအရင်ကလို တဒုန်းဒုန်းဆောင့်

ခုန်လာကာ အနမ်းများကအရင်လိုနွေးထွေးနေ

လျက်....။အချစ်၊အနမ်းနဲ့ရင်ခုန်သံသည် အသက်အ

ရွယ်တွေ အချိန်ကာလတွေနဲ့ဆန့်ကျင်ကာနေ၏။


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


"ကျွန်တော်....ညလေးကို ခိုးသွားတာပါလေးလေးချိန်....."


"ဟာ!.........ကိုထော ဒါ နောက်စရာလားကွ။

မင်းတို့အပြင်မှာဆိုလည်း သိပ်ညဥ့်မနက်ကြနဲ့ဦး။

မင်းတီလေးကစိတ်ပူနေတာ...."


အနားမှာ ခါရောက်လာကာနားစွင့်နေတာမို့ အလင်းချိန်ထောကို သတိပေးလိုက်သည်။ ဒီကလေးတွေနဲ့တော့ ခက်တယ်။ အပြင်သွားတာများမိဘတွေပြော

သွားတော့ ဘာဖြစ်မှာမို့လဲ။ခုတော့ တစ်အိမ်လုံး

သူ့မိန်းမခါ့အသံကလွှမ်းခြုံနေသည်။


"ကို.....ကိုထောလား...ခါ့ကိုဖုန်းပေး...."


စိတ်မြန်လက်မြန်ရှိသည့်ခါက သူ့လက်ထဲကဖုန်း

ကိုဆွဲယူသွား၏။


"သားရေ...သမီးလေးကမင်းနဲ့အတူရှိနေတာ

သေချာရဲ့လားကွယ်။တီလေးရင်တွေပူနေပြီ။

မင်းဘေးမှာ သမီးရှိနေလား..."


ကိုယ့်သမီးအကြောင်း ကိုယ်သာအသိဆုံးမို့ စိတ်

ချထားလို့မဖြစ်။ကိုထောနဲ့ချက်ချင်း ထစီစဥ်

လိုက်ရတာလည်း  ကိုယ့်သမီးမလိမ်မိုးမလိမ်မာနဲ့

ယောင်းမမြင်းစီးထွက်နေလို့။ကိုယ့်ကလေးရည်း

စားထားနေတာကိုသိလိုက်ရလို့ မဂ်လာပွဲကိုအား

ချင်းစီစဥ်လိုက်တာ။ မဂ်လာပွဲနီးလာမှ အတိမ်း

စောင်းမခံနိုင်။


ခဏလေးလစ်သွားတာနဲ့ သမီးပျောက်သွားလို့

သူမဒေါင်းတောက်နေခဲ့ရတာ။တဖြည်းဖြည်းမိုး

ချုပ်လာတော့ ပိုစိတ်ပူသည်။ သမီးကောင်လေး

နောက်များလိုက်သွားသလားဆိုတဲ့အတွေးဝင်

လာတော့  ရင်တစ်ခုလုံးမီးကျွမ်း၏။ သမီးကို

အဲလိုအဖြစ်မခံနိုင်။ သမီးကို အတ္တကြီးကြီးနဲ့

တားမြစ်နေတာမျိုးမဟုတ်ပါ။ ကိုထောနဲ့ပဲသဘော

တူတာက ကိုထောသာသမီးရဲ့လက်တွဲဖော်ကောင်းလို့ယုံကြည်နေလို့။ ကိုထောပဲ သမီးရဲ့အနွံအနာကို

ခံနိုင်မယ်လို့ သူမသိနေလို့ပါ။ ပြီးတော့ မမြင်နိုင်

တဲ့သံယောဇဥ်တွေ။  ဒါတွေကို မြင်လာတဲ့တစ်နေ့

သမီး မေမေ့စေတနာတွေကိုနားလည်လာမှာပါ

သမီးရယ်။


"ကိုထော....တီလေးမေးနေတယ်လေ။ သမီးလေး 

မင်းအနားမှာရှိတာ သေချာရဲ့လား....။သမီးကို

ဖုန်းပေးလိုက်စမ်းပါကွယ်။ တီလေး သမီးနဲ့

ပြောမယ်"


သူမအသံက အလောသုံးဆယ်နိုင်နေမှန်းသိပါသည်။ဒါပေမယ့် ရင်ထဲပူနေတာ ဘယ်သူသိ

မှာလဲ။


"အဲဒါတီလေး....ခုတော့ ညလေးအနားမှာမရှိဘူး

တီလေး....."


"ဘာ!......."


အပူလုံးကြီးဆောင့်တက်လာသလိုပင်။အနားမှာ

ရပ်နားထောင်နေတဲ့ ချိန်ပင် သူမအသံကြောင့်

လန့်သွား၏။ တစ်ဖက်က ထောကတော့ ဘယ်လို

နေမည်မသိ။


"ဒါဆို...တီလေးသမီးကဘယ်မှာလဲ...မြန်မြန်ပြော

စမ်းပါ...."


"နားနဲ့မနာဖဝါးနဲ့နာပါတီလေး...ညလေးအိပ်နေတယ်။တီလေးတို့စိတ်မပူပါနဲ့။ကျွန်တော် သူ့ကို

ခိုးလာတာတီလေး။ ကျွန်တော့်ကိုနားလည်ပေးပါ

နော်။ကျွန်တော် ညလေးကို မခွဲနိုင်လို့ပါ"


ခုမှအလုံးကျသွာကာ၊


"မင်းတို့ကိုလက်ထပ်ပေးတော့မှာလေ ခိုးပြေး

စရာလိုလို့လား ကိုထော။မင်းတို့ပြန်လာခဲ့..."


"ကျွန်တော့်အတွက်တော့လိုတယ်တီလေး။ကျွန်တော်စတန့်ထွင်တာမဟုတ်ပါဘူး။ ကျွန်တော်

တို့နှစ်ရက်လောက်နေပြီးရင်ပြန်လာခဲ့ပါ့မယ်။

တီလေးတို့စိတ်မပူကြပါနဲ့..."


ပြောပြီးဖုန်းချသွားသဖြင့် ဖုန်းကိုကိုင်ပြီး ခါ

တစ်ခဏငိုင်နေမိသည်။ လက်ထပ်ပေးတော့မှာကို

ခိုးပြေးစရာလိုလို့လား။  အတွေးနဲ့ ကလေးတွေကို

အပြစ်တင်ချင်နေမိသည်။


"ဘာတဲ့လဲ ခါ....."


"ကိုထောက သမီးကိုခိုးသွားတာတဲ့ကို။သူတို့အတွက်စိတ်မပူပါနဲ့တဲ့လေ။နှစ်ရင်လောက်ကြာ

ရင်ပြန်လာခဲ့မယ်တဲ့..."


သူ့ကိုရှင်းပြနေရင်း  ခါတစ်စုံတစ်ခုကိုဖျတ်ခနဲတွေး

မိလိုက်သည်။ဟင်....ဒါ...ဒါ..ရိုးရိုးတန်းတန်းမဖြစ်

နိုင်ဘူး။သမီး...သမီးမိုက်။သူမထင်သလိုဖြစ်လာလို့

ကိုထောကခိုးသွားတာနေမှာ။ ကိုထောကလျင်မြန်

ဖျက်လတ်လို့တော်သေးသည်။ မဟုတ်ရင်..သူမတို့

နှစ်ဖက်မိဘတွေအရှက်တွေဗြန်းဗြန်းကွဲနေပြီ။


"ဘာတွေလဲ...ကလေးတွေက တယ်လည်းထွင်ပါ

လား။ မင်းသမီးက စောစောကတော့ ကိုထော

ကိုမလိုချင်လို့ခါးခါးသီးနေတာ။ခုမှဘာထဖြစ်ရ

တာလဲ...။သူတို့ကိုလက်ထပ်ပေးတော့မဲ့ဟာ ခိုးပြေး

စရာလား..."


"အိုရှင်...ဘယ်လိုပဲဖြစ်ဖြစ်...ခါတို့မျှော်လင့်သလို

ဖြစ်သွားတာ ခါတို့ဝမ်းသာရတာပေါ့။ ခါ..နှင်း

တို့ကိုသွားပြောလိုက်ဦးမယ်...."


"ခါ......."


ချိန်အသံက ဆောင့်ကြီးအောင့်ကြီးထွက်လာ၏။

ခါ  လှမ်းလက်စခြေလှမ်းများရပ်သွားကာသူ့ကို

လှည့်ကြည့်လိုက်သည်။


"ဘာလဲ....:"


ချိန်ကသူမကိုစိတ်ပျက်သလို  စူးစိုက်ကြည့်ရင်း၊


"ခုဟာကမင်းသမီးကိုလေပြည်တို့သားကခိုးသွားတာနော်။ကိုယ်ကသမီးရှင်ဆိုတာလည်းသတိရ

ဦး....."


"သမီးရှင်တော့ဘာဖြစ်သေးလဲ။ သူတို့ကိုလက်ထပ်

ပေးဖို့စီစဥ်ပြီးသားပဲ။ လေပြည်တို့နှင်းတို့ကိုသွား

ပြောတာဘာဖြစ်သေးလဲ။ သူတို့ကတခြား လူတွေလား ကို....။ဒါရှက်စရာမဟုတ်ဘူး ခါသွားမယ်"


သူနောက်ကနေ  အလိုမကျစွာကျန်ခဲ့မှန်းသိနေပေ

မယ့် သူမပြန်မလှည့်ဖြစ်။ကိုယ့်သမီးမိုက်တာကို

ရှင်မှမသိပဲကို။ လက်ဦးမှုရလိုက်လို့ ခါတို့အရှက်မ

ကွဲတာ ရှင်သိ။ကိုယ့်သမီးဘယ်ခြေလှမ်းနေမှန်း 

ကိုယ့်ထက် ကိုထောကပိုသိလို့ သမီးကိုမဆုံးရှုံး

လိုက်ရတာ။အတ္တကြီးတယ်ပဲဆိုဆို သမီးလေး

ကိုသားနဲ့ပဲလက်ထပ်စေချင်တာ မေမေ့ဆန္ဒပါ

သမီးရယ်....။


🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


"စည်းစိမ်ထော......."


လန့်နိုးလာသည်နှင့် အတင်းရုန်းအထ သိုင်းခြုံ

ထားတဲ့စောင်က ကွာကျသွားသည်။ထိုအခါ

သူမကိုယ်ပေါ်က သူ့ရှပ်အဖြူကိုသတိထားမိလိုက်၏။သူမအဝတ်တွေမဟုတ်တော့ပဲ

သူ့အကျီအဖြူလေးကသူမကိုယ်ပေါ်မှာနေရာယူ

နေသည်။


မျက်လုံးတွေ ပွင့်လာသည်နှင့် သူမလက်ရှိအခြေ

အနေကို သတိရသွားသည်။ အိပ်ပျော်သွားပြီး

လန့်နိုးလာတော့ကိုးနာရီခွဲ။ သူမဘဝ သွားပြီ

ဆိုတာသတိရသွားတော့ သူ့နာမည်ကိုတအား

ကြုံးခေါ်ပစ်လိုက်သည်။


"ကိုယ်ဒီမှာ......."


"ဟင်........"


အသံလာရာနောက်ဘက်ကိုချာခနဲလှည့်ကြည့်လိုက်

တော့ ဒရင်းဘတ်ပေါ်မှာသူက ခပ်လျောလျောမှီ

ထိုင်လျက် စီးကရက်ကိုဖွာရှိုက်နေသည်။


"တောက်..... လူယုတ်မာ......"


ညလေးကိုယ်မှာသူ့အကျီတစ်ထည်ထဲနဲ့ကိုယ့်ပုံက

ဖရိုဖရဲဖြစ်နေတာလဲ သတိမရ။ ဒေါသနဲ့ဘာမှမမြင်

နိုင်တော့ပဲ ခုတင်ပေါ်ကပြေးဆင်းကာ စားပွဲပေါ်

အလှတင်ထားတဲ့ပန်းအိုးကိုကောင်ကိုင်ပြီးသူ့ကို

ပြေးရိုက်ချလိုက်သည်။


"ဟ........"


ထော  အေးဆေးမနေနိုင်တော့ဘဲ ဖျတ်ခနဲထရပ်ကာ ညလေးတအားရိုက်ချလိုက်သည့် ပန်းအိုးလေး

ကိုမိမိရရဆွဲဖမ်းလိုက်ရသည်။


"လွှတ်....လွှတ်စမ်း။ရှင့်ကိုရိုက်မယ်.....လူယုတ်မာ"


"ညလေး........"


"မခေါ်နဲ့.....မကြားချင်ဘူး။ရှင့်ခေါင်းကိုရှစ်စိပ်

ကွဲအောင်ပဲရိုက်ချင်တာ......"


ညလေးဆီကပန်းအိုးကိုရအောင်လုပြီး ဘေးကို

လွှဲပေါက်ပစ်လိုက်တော့ ပန်းအိုးလေးအဖြစ်က

အစိပ်စိပ်အမွှာမွှာ။


"တောက်.....ရှင်လူယုတ်မာ....လွှတ်...ညလေးကို

လွှတ်.......။ရှင်ဘာလို့ညလေးကိုညာခေါ်ရတာလဲ"


"မင်းကိုမင်းစည်းစိမ်လက်ထဲအပါမခံနိုင်လို့ပေါ့...။

ပြီးတော့ကိုယ်ကလွဲပြီး မင်းဘယ်ယောကျ်ားမှ

မချစ်ရဘူး။စိတ်လည်းမဝင်စားရဘူး....."


"မဟုတ်ဘူး....ညလေးချစ်တာ ကိုကို့ကိုပဲ။ညလေး

နှလုံးသားက ကိိုကိုမင်းစည်းစိမ်အတွက်ပဲ။မချစ်

ဘူး...ရှင့်ကိုမချစ်ဘူး...သိလား."


"ခု မင်းပြန်ချစ်ဖို့ကိုယ်မမျှော်လင့်ဘူးညလေး။

မင်းကိုတခြားလူလက်ထဲအပါမခံနိုင်လို့ကိုယ်ပိုင်

အောင်အရင်လုပ်လိုက်တာ။မင်း သူ့ဆီပါမသွား

ရင်ပြီးပြီ...."


"ရှင်အတ္တသမား...တစ်ကိုယ်ကောင်းသမား...ရှင့်

ကိုမုန်းတယ်...အရမ်းမုန်းတယ်စည်းစိမ်ထော"


"ရတယ်...ချစ်လာအောင်ကိုယ်ကြိုးစားမယ်..."


ခပ်အေးအေးပြောလာတဲ့စကားကြောင့် ညလေး

ဒေါသတွေပိုဖြစ်လာကာ သူ့ကိုယ်ကြီးကိုတွန်းဖယ်

လျက် တံခါးဆီပြေးပြီးတံခါးကိုဖွင့်လိုက်သည်။

လော့ခ်ချထားသည့်တံခါးကဘယ်လိုမှပွင့်မလာ။


"စည်းစိမ်ထော...ရှင်လိုချင်တာရပြီဘဲ ညလေးကို

ပြန်ခွင့်ပေးပါ......"


တံခါးကိုဘယ်လိုမှဖွင့်မရတော့ သူ့ဘက်ပြန်လှည့်ကာပြောလိုက်သည်။ သူကခုတင်ပေါ်မှာ အေးဆေး

လက်ပိုက်ကြည့်နေ၏။


"ရှင်လိုချင်တာရပြီဘဲညလေးပြန်မယ်...."


"ဘာ...ကိုယ်လိုချင်တာဟုတ်လား။ဘာရတာလဲ။

ကိုယ်လိုချင်တာ၊ကိုယ့်အတွက်အလိုအပ်ဆုံးက

မင်းပဲ ညလေး။ မင်းကိုလိုချင်လို့ခိုးလာတာ။ပြန်ပို့

ဖို့မဟုတ်ဘူး....။အချိန်တန်ရင်ပြန်ရမယ်...ခုတော့

မင်းပြန်ဖို့စိတ်မကူးနဲ့"


"တောက်......ရှင်... ရှင်လူယုတ်မာကြီး...."


ညလေး စားပွဲဘေးကဆက်တီခုံပုလေးကိုပြေးဆွဲကာ သူ့ကိုပြေးရိုက်တော့သည်။


"ဟိတ်......"


ထော...အေးဆေးနေလို့မရတော့ပဲ ထထိုင်ကာ

သူမလွှဲရိုက်ချလိုက်တဲ့ခုံကိုဆွဲယူပြီး ဘေးကိုပစ်

ချလိုက်သည်။


"ဟင်အင်း..ရှင့်ကိုရိုက်ရမှကျေနပ်မယ်...."


ဒေါသကြီးနေသည့်ညလေးကိုယ်လေးကို ခါးမှ

သိမ်းဖက်ကာရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ထိုအခါ

ညလေးကလည်းတွန်းထိုးရုန်းကန်နေသဖြင့်နှစ်

ယောက်လုံးလုံးထွေးကာ အိပ်ယာပေါ်သို့ကျသွား

၏။


"စည်းစိမ်ထော...ရှင်လွှတ်နော်.....ရှင်...ရှင်..."


"ချစ်တယ် ညလေးရယ်။ကိုယ့်ကိုခွင့်လွှတ်ပါ....."


"ဟင်အင်း.....ဟင့်အင်း......."


ညလေးဘယ်လိုပဲ ငြင်းဆန်နေပါစေ အမြဲတမ်း

တစွတ်ထိုးဆန်စွာအနိုင်ယူတတ်သောသူ့အနမ်း

ရိုင်းများအောက်ဝယ်........နောက်တစ်ကြိမ်အရှုံး

ပေးလိုက်ရပြန်သည်။အကြိမ်ကြိမ် ကြွေလွင့်ခဲ့ရ

သောကိုယ့်အဖြစ်ကို ရွံ့ရှာလာမိသလို သူ့ကိုလည်း

နာကြည်း မုန်းတီးသည်။


"တဏှာရူး.........."


"ဘာ!........"


အပိုင်း(၁၉)ဆက်ရန်👈👈👈


ညလေးကပြောပြီနော်😁တဏှာရူးတဲ့😅


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: